အပိုင်း - ၂၉
ဆေးပိုက်မှ တစ်စက်ချင်းကျနေသည့်ဆေးစက်လေးများကြောင့် ထက်ကိုရှိန်း သက်ပြင်းချနေရသည်မှာ ဘယ်နှစ်ခေါက်ရှိနေပြီမသိတော့ပေ။ ဆရာဝန်က စိတ်ပူစရာမရှိတော့ပါဟု ပြောခဲ့သည့်တိုင်အောင် ထက်ကိုရှိန်းကတော့ စိတ်မအေးနိုင်ပေ။ ပြည်သာရဲထက်က ဆေးအရှိန်ဖြင့် အိပ်ပျော်နေသော်လည်း ထက်ကိုရှိန်းကတော့ အသက်ရှူရသည်မှာပင် ဖြောင့်ဖြောင့်မရှိလှ။ ဒေါ်သီတာက ထက်ကိုရှိန်းဘေးတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် ထက်ကိုရှိန်း၏ ဆံပင်လေးများကို ခပ်ဖွဖွထိလိုက်သည့်အခါ ထက်ကိုရှိန်းက ခေါင်းကိုရှောင်လိုက်သည်။
"ရှိန်း.. သား.."
ထက်ကိုရှိန်းက ကိုင်ထားသည့် ပြည်သာ၏ လက်လေးကို ရင်ဘတ်ပေါ်တင်ပေးလိုက်ပြီး ဒေါ်သီတာကို လှည့်ကြည့်လာခဲ့သည်။
"မေမေ"
"အင်း တောင်းပန်ပါတယ် မေမေမှားသွားတယ် အဲ့လောက်ထိဖြစ်သွားမယ်မထင်လို့ပါ သားရယ်"
"မေမေ သားကိုချစ်တာ တကယ်ရော ဟုတ်ရဲ့လား"
"အို ဘယ်လိုမေးလိုက်တာလဲ သားရယ်.. မေမေက ရှိန်းကို ဘယ်လောက်တောင်ချစ်လိုက်ရလဲ ရှိန်းက မေမေရဲ့ ကမ္ဘာကြီးပဲရှိန်းရယ်"
"အဲဒါဆိုရင် သားချစ်တဲ့သူကိုလည်း မေမေချစ်ပေးရမှာ မဟုတ်ဘူးလား"
ဒေါ်သီတာက မျက်ရည်ဝဲနေသည့် ထက်ကိုရှိန်း၏ လက်လေးများကို ဆွဲယူလိုက်သည်။
"မေမေ ပြင်ပါ့မယ် သားလည်း နေကောင်းတာမဟုတ်ဘဲနဲ့ကွယ် ခေါင်းတွေကိုက်မယ်လေ မငိုနဲ့နော်"
"မေမေက အရမ်းရက်စက်တာပဲ"
"ဟုတ်ပါတယ် မေမေ မှားသွားတယ်ကွယ် အပြစ်မရှိတဲ့ ကလေးကို တမင်ဒုက္ခပေးသလို ဖြစ်သွားရတယ်"
ထိုအချိန်တွင်ပင် ပြည်သာရဲထက်က လူးလွန့်ကာနိုးလာလေသည်။ ထို့နောက် ထက်ကိုရှိန်းကို အသံတိုးတိုးလေးဖြင့်ခေါ်သည်။
"ကိုကို"
"ကလေး"
ထက်ကိုရှိန်းက ပြည်သာရဲထက်၏ လက်လေးကို ဆုပ်ကိုင်လိုက်မိသည်။
"သက်သာရဲ့လား ကလေး.. မောနေသေးလား.. ဘယ်လိုနေသေးလဲ"
"ကိုကို ... ကျွန်တော်ရေသောက်ချင်တယ်"
"အင်း... ကိုကို ခပ်ပေးမယ်"
ထက်ကိုရှိန်းက ရေယူရန်ထလိုက်ချိန် ဒေါ်သီတာက ဖန်ခွက်ထဲရေထည့်ကာ ကမ်းပေးလိုက်သည်။
"မေမေ"
"အင်း .. ပြည်သာလေး သက်သာရဲ့လား.. စားချင်တာရှိလား မေမေ ချက်ခိုင်းလိုက်မယ်လေ"
ရုတ်တရက်ပြောင်းလဲသွားသည့် ဒေါသီတာကြောင့် ပြည်သာရဲထက် ပြုံးလိုက်မိသည်။
"ဝက်နံရိုးလေးစားချင်တာ မေမေ"
"အေး အေး .. ဒါဆို မေမေပဲချက်ပေးမယ်.. နေ့လည်စာစားမှ မေမေ ခေါ်ခိုင်းလိုက်မယ် သားတို့ နားကြဦး"
ဒေါ်သီတာက ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်ကို အခန်းထဲတွင်ထားခဲ့ပြီး ထွက်သွားသည်။
ထက်ကိုရှိန်းက ပြည်သာရဲထက်ကို ကြည့်လိုက်သည်။ ပြည်သာရဲထက်က အနည်းငယ်ဖျော့တော့နေသော်လည်း အသက်ရှူနေပုံကတော့ မောနေဟန်မရှိတော့ချေ။ သို့မှသာ ထက်ကိုရှိန်းလည်း သက်ပြင်းချနိုင်လေတော့သည်။
"ကိုကို.. မေမေက ဘာလို့ ပြောင်းလဲသွားတာလဲဟင်"
"ကလေးက ချစ်စရာကောင်းလွန်းလို့နေမှာပေါ့"
"ဟီး..ဟီး... ကိုကိုကလည်း"
"တကယ်ပြောတာကလေးရဲ့ ... ကလေးက ချစ်စရာကောင်းတာကိုး"
"ကိုကိုသိလား"
"အင်း ဘာကိုသိလားမေးတာလဲ"
"တကယ်ဆိုရင် ညက ကိုကို သောင်းကျန်းထားလို့ ကျွန်တော်ပင်ပန်းနေတာလေ"
"ဟင်"
"ဟုတ်တယ်လေ ကိုကို့ကြောင့် မနက်က ပိုမောတာ တကယ်ဆိုရင် ကျွန်တော်က ဒီလောက်တော့ ပြေးနိုင်ပါတယ်"
"ကိုကို့အပြစ်တွေပေါ့လေ"
"အွန်းပေါ့ ကိုကိုက နသိုးကြိုးပြတ်ဖြစ်နေတာလေ ဒါတောင် ကလေးကို ကိုကို မမှတ်မိသေးလို့ မှတ်များ မှတ်မိရင် ဘယ်လိုနေမလဲမသိဘူး"
"ဟား ဟား.. ကလေးပြောမှ ကိုကိုတို့ မင်္ဂလာဦးညကို ပြန်မှတ်မိချင်သွားပြီ"
"အာ ကိုကိုကလည်း"
"ဟား ဟား ဟား ဟား"
ထက်ကိုရှိန်းက ရယ်ရင်း ပြည်သာရဲထက်၏ နဖူးကို ခပ်ဖွဖွနမ်းလိုက်သည်။ ပြည်သာရဲထက်က အမှန်ပင်ချစ်စရာကောင်းသည်။ ထက်ကိုရှိန်းအတွက် အဖိုးတန်လူသားလေးဖြစ်သည်။ ထက်ကိုရှိန်းက အတိတ်ကို မမှတ်မိသော်လည်း ပြည်သာရဲထက်နှင့် ပတ်သက်သမျှခံစားချက်တို့က နွေးထွေးကြောင်းတော့ သိနေလေသည်။ ထိုကောင်လေးနှင့် အတူရှိရသည်က ထက်ကိုရှိန်း၏ ကံကောင်းမှုကြီးတစ်ခုပင်။
"ကလေးက ချစ်စရာကောင်းအောင်မနေနဲ့ပေါ့ ကိုကိုက ကလေးချစ်စရာကောင်းတော့ အသည်းယားတယ်လေ"
"ဪ ဦးဦးထက်ကိုရှိန်းရယ် ကျွန်တော်ချစ်စရာကောင်းတာကပဲ အပြစ်ဖြစ်သွားရပြန်တာလားဗျာ"
"ဟုတ်တာပေါ့ ကလေးက ချစ်စရာတကယ်ကောင်းတယ်"
"ကိုကိုကတော့ ချောတာသိလား"
"မှန်ကြည့်ရင်တော့ ကိုယ်ချောမှန်း ရိပ်မိပါတယ်"
"ကိုကိုကလေ လိပ်ကလေး ဒီလိုလည်း တတ်တယ်နော်"
"ကလေးက ချစ်စရာကောင်းလိုက်တာကွာ"
"ချစ်တယ် ကိုကို"
"ကိုကိုက ကလေးကို ပိုချစ်တယ်ဆိုတာထက် ပိုပိုပြီးတော့ကိုချစ်တယ်"
…………………………………………………………………………………..
နောက်ပိုင်းရက်များသည် အိမ်တွင် ထက်ကိုရှိန်း၏နေ့ရက်များမှ ပြည်သာရဲထက်၏ နေ့ရက်များသို့ ပြောင်းလဲသွားကြလေသည်။ ဒေါ်သီတာက ပြည်သာရဲထက်ကို သားလေးဟုခေါ်ကာ စားချင်သမျှချက်ကျွေး၊ ကျောင်းတက်လျှင်လည်း ထမင်းဘူးထည့်ပေးရ၊ ပိတ်ရက်ရောက်လျှင် ဈေးဝယ်ထွက်ကာ လိုချင်တာဝယ်ပေးရနှင့် အလုပ်များနေတော့သည်။ ထက်ကိုရှိန်းကိုပင် မေ့နေပြီလားဟု မေးယူရတော့မလိုဖြစ်နေသည်။
ထက်ကိုရှိန်းက အနေအေးကာ တီတီတာတာများမလုပ်တတ်ပေ။ ထို့ကြောင့် ဒေါ်သီတာအတွက် အချွဲပိုကာ တီတီတာတာလုပ်တတ်သည့် ပြည်သာရဲထက်က ချစ်စရာဖြစ်နေသည်ကတော့ မထူးဆန်းတော့ပါလေ။
"မေမေ သား ဝက်သားပေါင်းစားချင်တယ်"
"မရဘူး ရှိန်း.."
"ဟင် ဘာလို့လဲ မေမေရဲ့ ဝက်သားမရောင်းလို့လား"
"သားလေးပြည်သာက ဝက်ခြေထောက်စွပ်ပြုတ်စားမယ်ပြောလို့ ဝက်ခြေထောက်စွပ်ပြုတ်ပဲလုပ်မယ်"
"ဟင်"
"ရှိန်းရယ်.. သားက အကြီးလေ အငယ်ကို ဦးစားပေးလိုက်နော် လိမ္မာပါတယ်"
"ဝက်သားပေါင်းကရော"
"အင်း မနက်ဖန် ပြည်သာလေးဘာစားချင်လဲ မေးလိုက်မယ်လေ.. သူစားချင်တာမရှိရင်တော့ ရှိန်းစားချင်တဲ့ ဝက်သားပေါင်းလုပ်ကျွေးပါ့မယ်"
"အမ်"
"သွား သွား ပြည်သာလေးကို သွားကြည့်လိုက်ဦး ရေအကြာကြီးချိုးနေလို့ ဖျားနေမယ်"
"ဟုတ် ဟုတ် မေမေ"
ရှိန်းပြုံးလိုက်မိသည်။ ပြည်သာရဲထက်၏ အစွမ်းတို့က မသေးလှပေ။ မေမေ့၏ အချစ်တို့ကိုပင် ထက်ကိုရှိန်းထံမှ လုယူသွားနိုင်သည်။ သို့သော် ထိုအရာကိုပင် ထက်ကိုရှိန်း ကျေနပ်မိသည်လေ။
ထက်ကိုရှိန်းက ပြည်သာရဲထက်ကို ကျောင်းကြိုရန် ရောက်ရှိနေသည်။ ပြည်သာရဲထက်က ကားမမောင်းချင်ဟုဆိုသည့်အတွက် ထက်ကိုရှိန်းကပင် အကြိုပို့လုပ်ပေးရသည်။
ကျောင်းဝန်းထဲရှိ ကားပါကင်တွင် ကားရပ်ထားပြီး ထက်ကိုရှိန်းက ကျောင်းကို ဝေ့ဝဲကြည့်နေမိသည်။ အရင်ကိစ္စများကို မမှတ်မိလှသော်လည်း ကျောင်းကတော့ ထက်ကိုရှိန်းအတွက် စိမ်းသက်မနေခဲ့ပေ။
…………………………………………………………………………………….
ပြည်သာရဲထက်က စာအုပ်များကို သိမ်းကာ ဖုန်း Message လေးကို ကြည့်လိုက်သည်။
စာလေးတစ်စောင်ဝင်နေသည့်အတွက် ပြည်သာရဲထက်ပြုံးလိုက်မိတော့သည်။
ထိုအချိန်တွင် ပြည်သာရှေ့သို့ရောက်လာသည့် အအေးဘူးလေးတစ်ဘူး။
"အကို့အတွက် မိုးက ဝယ်တိုက်ချင်လို့"
ကမ်းပေးနေသည့်ကောင်မလေးက ပထမနှစ်မှဖြစ်ဟန်ရှိလေသည်။
"နာမည်က မိုး လား"
"ဟုတ်ပါတယ်"
ထိုကောင်မလေးက အမှန်ပင် သတ္တိကောင်းလှသည်။ အဖော်မပါဘဲ တစ်ယောက်တည်း ပြည်သာရဲထက်ဆီရောက်လာခြင်းဖြစ်လေသည်။ ဖြူဖြူဖွေးဖွေးလေးနှင့် ဆံပင်ဂုတ်ထောက်လောက်ညှပ်ထားကာ ပါးဖောင်းဖောင်းလေးများနှင့် ချစ်စရာကောင်းလှသည်။ ဒီနေ့က ဇော်ထက်ကျောင်းမလာသည့်အတွက် ပြည်သာတစ်ယောက်တည်း ဖြစ်လို့နေသည်။ ထိုအရာကပင် ထိုကောင်မလေးအတွက် ကံကောင်းလှသည်ဟု ဆိုရလေမည်။ မဟုတ်ပါက ဇော်ထက်၏ သတင်းပေးမှုဖြင့် ပြည်သာရဲထက်တွင် ယောကျာ်းရှိကြောင်း ထိုကောင်မလေးသိသွားကာ ကျူကျူပါအောင် ထိုင်ငိုလောက်ပေမည်။
"ဘာလို့ အကို့ကို အအေးတိုက်ချင်တာလဲ အကို့ပုံစံက အအေးဝယ်မသောက်နိုင်တဲ့ပုံစံဖြစ်နေလို့လား"
ပြည်သာရဲထက် စလိုက်သည့်အခါ ကောင်မလေးက ပြာပြာသလဲခေါင်းခါသည်။
"မိုး ဝယ်တိုက်တဲ့ အအေးကဈေးမကြီးပါဘူး အကို ဝယ်သောက်နိုင်တာလည်းသိပါတယ် ဒါပေမယ့် မိုးက အကို့ကို ရင်းနီးချင်လို့ပါ"
"အွန်း... ဒါနဲ့ ပထမနှစ်ကမဟုတ်လား"
"ဟုတ်ပါတယ်"
"ပထမနှစ်ဆိုရင် သူငယ်ချင်းတွေနဲ့ အစုလိုက်လေးနေကြတာများတယ်လေ ဘာလို့ မင်းကတစ်ယောက်တည်းဖြစ်နေရတာလဲ"
"ဟို.. မိုး သူငယ်ချင်းတွေ ခေါ်လာရင် အကို့ကို သဘောကျသွားမှာပေါ့"
"ဟင်"
"ဟုတ်တယ်လေ အကိုက ဒီလောက်ချစ်စရာကောင်းတာ"
"ဟေ"
"အကို့မှာ ကောင်မလေးတော့ မရှိဘူးမဟုတ်လား"
ထိုကောင်မလေးစကားကြောင့် ပြည်သာရဲထက်ရယ်မိသွားသည်။
"ဟား ဟား ဟား ဟား"
"အကို ဘာလို့ရယ်တာလဲဟင် မိုးပြောတာ ရယ်ရလို့လားဟင်"
ပြည်သာရဲထက် ပြန်ဖြေခါနီး ပခုံးပေါ်ရောက်လာသည့်လက်ကြောင့် လှည့်ကြည့်လိုက်မိသည်။
"ကိုကို"
"ကိုကို... တဲ့... သူက ဘယ်.. ဘယ်သူ အဲ သူလည်း ချောလိုက်တာ အကို့ရဲ့ အကိုကြီးလားဟင်"
"ကလေးက ကြာနေလို့ ကိုကိုလိုက်လာတာ ကလေးက ဘာလုပ်နေတာလဲ"
"မိတ်လာဖွဲ့နေလို့ စကားပြန်ပြောနေတာလေ ကိုကို"
ထက်ကိုရှိန်းက ထိုကောင်မလေးကို ကြည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် ပြည်သာရဲ၏ ဘယ်ဖက်လက်သန်းကြွယ်နှင့် ထက်ကိုရှိန်း၏ ဘယ်ဖက်လက်သန်းကြွယ်ကို ထောင်ပြလိုက်ကြသည်။
"ဟာ... အကိုတို့က"
"ဟုတ်တယ် ကလေးမ ကိုယ်က ပြည်သာရဲ့ အမျိုးသားပါ"
"ရှင်"
ပြေးထွက်သွားသည့်ကောင်မလေးကို ကြည့်ကာ ပြည်သာရဲထက်စိတ်တော့မကောင်းလှပေ။
"ကလေးက ဘာတွေ ငေးနေတာလဲ"
"အဲ့ကောင်မလေး သနားပါတယ်နော်"
"ဟင် ဘာလို့ သူ့ကို သနားရမှာလဲ"
"ဟီး"
"ကလေးနော် အနေထိုင်ဆင်ခြင်"
"ကိုကိုကလည်း ကျွန်တော်ဘာလုပ်လို့လဲ"
"ဘာလုပ်လဲ ကိုယ့်ကိုယ်ကို မသိဘူးလား"
"အဲ ကိုကို သဝန်တိုနေတာကြီးက ချစ်စရာကြီးဗျာ"
"ဟမ် ဘယ်သူက သဝန်တိုလို့လဲ"
"ဒါကြီးက သဝန်တိုနေတာလေ ကိုကိုရဲ့ .. ကိုကို့ မျက်နှာကြီးက လငပုတ်ဖမ်းနေပြီ"
………………………………………………………………………………….
ပြည်သာရဲထက်က ပုလင်းထဲတွင်စာရေးပြီး ဖူးခက်တွင် မျှောခဲ့ကြကြောင်း မမောနိုင်မပမ်းနိုင်ရှင်းပြနေလေသည်။ ထက်ကိုရှိန်းက ခေါင်းအုံးပေါ်မေးထောက်ကာ နားထောင်နေပြီး ပြည်သာရဲထက်က ထိုင်ကာ လက်ဟန်ခြေဟန်များဖြင့် အားရပါးရ ပြောနေရှာသည်။
"အင်း ကလေးက အဲ့ပုလင်းလေးတွေကို ဘယ်မှာသွားပြန်ရှာမှာလဲ"
"အာ ကိုကိုကလည်း အဲ့တာ ပြန်ရှာစရာမလိုဘူးလေ"
"ပြန်မရှာတော့ ကလေးဘာရေးလိုက်လဲ ကိုကိုမသိရတော့ဘူးပေါ့"
"မပူနဲ့ ကိုကိုရဲ့"
"အဲ့ဒါဆိုလည်း ကလေးဘာရေးလိုက်လဲ ပြောပြလေ"
"အားယို ပုလင်းလေးတွေက ပြန်ရောက်လာမှာပါဆိုနေ ကိုကိုကလည်း"
"ဟူး.."
ထက်ကိုရှိန်းက ဆက်မမေးတော့ဘဲ သက်ပြင်းချကာ အိပ်ယာပေါ်လှဲချလိုက်မိသည်။
"ကိုကို စိတ်ကောက်သွားတာလား"
"မဟုတ်ပါဘူး"
"ဒါဆို ရုပ်ကြီးက ဘာဖြစ်သွားတာလဲဟင်"
"လာစမ်း .. ဒီကို"
"အင့်.. အ.. ကိုကို"
အနားသို့ရောက်လာသည့် ပြည်သာရဲထက်ကို ဆွဲလှဲချကာ ထက်ကိုရှိန်းက အပေါ်မှ အုပ်မိုးထားလိုက်သည်။
"ကိုကို ဘာလုပ်.. မှာလဲ"
"ဘာလုပ်မယ်ဆိုတာ ပြောပြရဦးမှာလား"
"မရဘူးနော် ကိုကို.. ကျွန်တော်မနက်ဖန် Tuto ဖြေရမှာ စာကြည့်ရမယ်"
"ဟင်"
"ဟုတ်တယ် ဖယ်.. ဖယ် ကိုကို အိပ်တော့"
ထက်ကိုရှိန်းကို တွန်းထုတ်က ကုတင်မှ ဆင်းပြေးသွားသည့် ပြည်သာကို ထက်ကိုရှိန်းကြည့်ရင်း ရီလိုက်မိသည်။
'မင်းနဲ့အကြောင်းတွေကို ပြန်မှတ်မိချင်လိုက်တာ ပေါက်စရယ်'
(အကိုနီယွန်ပြောသလိုပါပဲ ဒီဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါးလို့ ရည်ရွယ်ခဲ့ပေမယ့် ဇာတ်ကောင်တွေက စာရေးသူရဲ့စိတ်ကို အတော်လေးစိုးမိုးလာခဲ့ပါတယ်။ ဇာတ်ကောင်တစ်ခုဆိုတာထက် ချစ်ရတဲ့ နမ်လေးတွေဖြစ်လာတာပါ။ ဖတ်ရှုပေးကြ ချစ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။)
Mahuyar
Collab with Author Nion.
အပိုင္း - ၂၉
ေဆးပိုက္မွ တစ္စက္ခ်င္းက်ေနသည့္ေဆးစက္ေလးမ်ားေၾကာင့္ ထက္ကိုရွိန္း သက္ျပင္းခ်ေနရသည္မွာ ဘယ္ႏွစ္ေခါက္ရွိေနၿပီမသိေတာ့ေပ။ ဆရာဝန္က စိတ္ပူစရာမရွိေတာ့ပါဟု ေျပာခဲ့သည့္တိုင္ေအာင္ ထက္ကိုရွိန္းကေတာ့ စိတ္မေအးႏိုင္ေပ။ ျပည္သာရဲထက္က ေဆးအရွိန္ျဖင့္ အိပ္ေပ်ာ္ေနေသာ္လည္း ထက္ကိုရွိန္းကေတာ့ အသက္ရႉရသည္မွာပင္ ေျဖာင့္ေျဖာင့္မရွိလွ။ ေဒၚသီတာက ထက္ကိုရွိန္းေဘးတြင္ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ထက္ကိုရွိန္း၏ ဆံပင္ေလးမ်ားကို ခပ္ဖြဖြထိလိုက္သည့္အခါ ထက္ကိုရွိန္းက ေခါင္းကိုေရွာင္လိုက္သည္။
"ရွိန္း.. သား.."
ထက္ကိုရွိန္းက ကိုင္ထားသည့္ ျပည္သာ၏ လက္ေလးကို ရင္ဘတ္ေပၚတင္ေပးလိုက္ၿပီး ေဒၚသီတာကို လွည့္ၾကည့္လာခဲ့သည္။
"ေမေမ"
"အင္း ေတာင္းပန္ပါတယ္ ေမေမမွားသြားတယ္ အဲ့ေလာက္ထိျဖစ္သြားမယ္မထင္လို႔ပါ သားရယ္"
"ေမေမ သားကိုခ်စ္တာ တကယ္ေရာ ဟုတ္ရဲ႕လား"
"အို ဘယ္လိုေမးလိုက္တာလဲ သားရယ္.. ေမေမက ရွိန္းကို ဘယ္ေလာက္ေတာင္ခ်စ္လိုက္ရလဲ ရွိန္းက ေမေမရဲ႕ ကမာၻႀကီးပဲရွိန္းရယ္"
"အဲဒါဆိုရင္ သားခ်စ္တဲ့သူကိုလည္း ေမေမခ်စ္ေပးရမွာ မဟုတ္ဘူးလား"
ေဒၚသီတာက မ်က္ရည္ဝဲေနသည့္ ထက္ကိုရွိန္း၏ လက္ေလးမ်ားကို ဆြဲယူလိုက္သည္။
"ေမေမ ျပင္ပါ့မယ္ သားလည္း ေနေကာင္းတာမဟုတ္ဘဲနဲ႔ကြယ္ ေခါင္းေတြကိုက္မယ္ေလ မငိုနဲ႔ေနာ္"
"ေမေမက အရမ္းရက္စက္တာပဲ"
"ဟုတ္ပါတယ္ ေမေမ မွားသြားတယ္ကြယ္ အျပစ္မရွိတဲ့ ကေလးကို တမင္ဒုကၡေပးသလို ျဖစ္သြားရတယ္"
ထိုအခ်ိန္တြင္ပင္ ျပည္သာရဲထက္က လူးလြန႔္ကာႏိုးလာေလသည္။ ထို႔ေနာက္ ထက္ကိုရွိန္းကို အသံတိုးတိုးေလးျဖင့္ေခၚသည္။
"ကိုကို"
"ကေလး"
ထက္ကိုရွိန္းက ျပည္သာရဲထက္၏ လက္ေလးကို ဆုပ္ကိုင္လိုက္မိသည္။
"သက္သာရဲ႕လား ကေလး.. ေမာေနေသးလား.. ဘယ္လိုေနေသးလဲ"
"ကိုကို ... ကြၽန္ေတာ္ေရေသာက္ခ်င္တယ္"
"အင္း... ကိုကို ခပ္ေပးမယ္"
ထက္ကိုရွိန္းက ေရယူရန္ထလိုက္ခ်ိန္ ေဒၚသီတာက ဖန္ခြက္ထဲေရထည့္ကာ ကမ္းေပးလိုက္သည္။
"ေမေမ"
"အင္း .. ျပည္သာေလး သက္သာရဲ႕လား.. စားခ်င္တာရွိလား ေမေမ ခ်က္ခိုင္းလိုက္မယ္ေလ"
႐ုတ္တရက္ေျပာင္းလဲသြားသည့္ ေဒါသီတာေၾကာင့္ ျပည္သာရဲထက္ ၿပဳံးလိုက္မိသည္။
"ဝက္နံ႐ိုးေလးစားခ်င္တာ ေမေမ"
"ေအး ေအး .. ဒါဆို ေမေမပဲခ်က္ေပးမယ္.. ေန႔လည္စာစားမွ ေမေမ ေခၚခိုင္းလိုက္မယ္ သားတို႔ နားၾကဦး"
ေဒၚသီတာက ထက္ကိုရွိန္းႏွင့္ ျပည္သာရဲထက္ကို အခန္းထဲတြင္ထားခဲ့ၿပီး ထြက္သြားသည္။
ထက္ကိုရွိန္းက ျပည္သာရဲထက္ကို ၾကည့္လိုက္သည္။ ျပည္သာရဲထက္က အနည္းငယ္ေဖ်ာ့ေတာ့ေနေသာ္လည္း အသက္ရႉေနပုံကေတာ့ ေမာေနဟန္မရွိေတာ့ေခ်။ သို႔မွသာ ထက္ကိုရွိန္းလည္း သက္ျပင္းခ်ႏိုင္ေလေတာ့သည္။
"ကိုကို.. ေမေမက ဘာလို႔ ေျပာင္းလဲသြားတာလဲဟင္"
"ကေလးက ခ်စ္စရာေကာင္းလြန္းလို႔ေနမွာေပါ့"
"ဟီး..ဟီး... ကိုကိုကလည္း"
"တကယ္ေျပာတာကေလးရဲ႕ ... ကေလးက ခ်စ္စရာေကာင္းတာကိုး"
"ကိုကိုသိလား"
"အင္း ဘာကိုသိလားေမးတာလဲ"
"တကယ္ဆိုရင္ ညက ကိုကို ေသာင္းက်န္းထားလို႔ ကြၽန္ေတာ္ပင္ပန္းေနတာေလ"
"ဟင္"
"ဟုတ္တယ္ေလ ကိုကို႔ေၾကာင့္ မနက္က ပိုေမာတာ တကယ္ဆိုရင္ ကြၽန္ေတာ္က ဒီေလာက္ေတာ့ ေျပးႏိုင္ပါတယ္"
"ကိုကို႔အျပစ္ေတြေပါ့ေလ"
"အြန္းေပါ့ ကိုကိုက နသိုးႀကိဳးျပတ္ျဖစ္ေနတာေလ ဒါေတာင္ ကေလးကို ကိုကို မမွတ္မိေသးလို႔ မွတ္မ်ား မွတ္မိရင္ ဘယ္လိုေနမလဲမသိဘူး"
"ဟား ဟား.. ကေလးေျပာမွ ကိုကိုတို႔ မဂၤလာဦးညကို ျပန္မွတ္မိခ်င္သြားၿပီ"
"အာ ကိုကိုကလည္း"
"ဟား ဟား ဟား ဟား"
ထက္ကိုရွိန္းက ရယ္ရင္း ျပည္သာရဲထက္၏ နဖူးကို ခပ္ဖြဖြနမ္းလိုက္သည္။ ျပည္သာရဲထက္က အမွန္ပင္ခ်စ္စရာေကာင္းသည္။ ထက္ကိုရွိန္းအတြက္ အဖိုးတန္လူသားေလးျဖစ္သည္။ ထက္ကိုရွိန္းက အတိတ္ကို မမွတ္မိေသာ္လည္း ျပည္သာရဲထက္ႏွင့္ ပတ္သက္သမွ်ခံစားခ်က္တို႔က ေႏြးေထြးေၾကာင္းေတာ့ သိေနေလသည္။ ထိုေကာင္ေလးႏွင့္ အတူရွိရသည္က ထက္ကိုရွိန္း၏ ကံေကာင္းမႈႀကီးတစ္ခုပင္။
"ကေလးက ခ်စ္စရာေကာင္းေအာင္မေနနဲ႔ေပါ့ ကိုကိုက ကေလးခ်စ္စရာေကာင္းေတာ့ အသည္းယားတယ္ေလ"
"ဪ ဦးဦးထက္ကိုရွိန္းရယ္ ကြၽန္ေတာ္ခ်စ္စရာေကာင္းတာကပဲ အျပစ္ျဖစ္သြားရျပန္တာလားဗ်ာ"
"ဟုတ္တာေပါ့ ကေလးက ခ်စ္စရာတကယ္ေကာင္းတယ္"
"ကိုကိုကေတာ့ ေခ်ာတာသိလား"
"မွန္ၾကည့္ရင္ေတာ့ ကိုယ္ေခ်ာမွန္း ရိပ္မိပါတယ္"
"ကိုကိုကေလ လိပ္ကေလး ဒီလိုလည္း တတ္တယ္ေနာ္"
"ကေလးက ခ်စ္စရာေကာင္းလိုက္တာကြာ"
"ခ်စ္တယ္ ကိုကို"
"ကိုကိုက ကေလးကို ပိုခ်စ္တယ္ဆိုတာထက္ ပိုပိုၿပီးေတာ့ကိုခ်စ္တယ္"
…………………………………………………………………………………..
ေနာက္ပိုင္းရက္မ်ားသည္ အိမ္တြင္ ထက္ကိုရွိန္း၏ေန႔ရက္မ်ားမွ ျပည္သာရဲထက္၏ ေန႔ရက္မ်ားသို႔ ေျပာင္းလဲသြားၾကေလသည္။ ေဒၚသီတာက ျပည္သာရဲထက္ကို သားေလးဟုေခၚကာ စားခ်င္သမွ်ခ်က္ေကြၽး၊ ေက်ာင္းတက္လွ်င္လည္း ထမင္းဘူးထည့္ေပးရ၊ ပိတ္ရက္ေရာက္လွ်င္ ေဈးဝယ္ထြက္ကာ လိုခ်င္တာဝယ္ေပးရႏွင့္ အလုပ္မ်ားေနေတာ့သည္။ ထက္ကိုရွိန္းကိုပင္ ေမ့ေနၿပီလားဟု ေမးယူရေတာ့မလိုျဖစ္ေနသည္။
ထက္ကိုရွိန္းက အေနေအးကာ တီတီတာတာမ်ားမလုပ္တတ္ေပ။ ထို႔ေၾကာင့္ ေဒၚသီတာအတြက္ အခြၽဲပိုကာ တီတီတာတာလုပ္တတ္သည့္ ျပည္သာရဲထက္က ခ်စ္စရာျဖစ္ေနသည္ကေတာ့ မထူးဆန္းေတာ့ပါေလ။
"ေမေမ သား ဝက္သားေပါင္းစားခ်င္တယ္"
"မရဘူး ရွိန္း.."
"ဟင္ ဘာလို႔လဲ ေမေမရဲ႕ ဝက္သားမေရာင္းလို႔လား"
"သားေလးျပည္သာက ဝက္ေျခေထာက္စြပ္ျပဳတ္စားမယ္ေျပာလို႔ ဝက္ေျခေထာက္စြပ္ျပဳတ္ပဲလုပ္မယ္"
"ဟင္"
"ရွိန္းရယ္.. သားက အႀကီးေလ အငယ္ကို ဦးစားေပးလိုက္ေနာ္ လိမၼာပါတယ္"
"ဝက္သားေပါင္းကေရာ"
"အင္း မနက္ဖန္ ျပည္သာေလးဘာစားခ်င္လဲ ေမးလိုက္မယ္ေလ.. သူစားခ်င္တာမရွိရင္ေတာ့ ရွိန္းစားခ်င္တဲ့ ဝက္သားေပါင္းလုပ္ေကြၽးပါ့မယ္"
"အမ္"
"သြား သြား ျပည္သာေလးကို သြားၾကည့္လိုက္ဦး ေရအၾကာႀကီးခ်ိဳးေနလို႔ ဖ်ားေနမယ္"
"ဟုတ္ ဟုတ္ ေမေမ"
ရွိန္းၿပဳံးလိုက္မိသည္။ ျပည္သာရဲထက္၏ အစြမ္းတို႔က မေသးလွေပ။ ေမေမ့၏ အခ်စ္တို႔ကိုပင္ ထက္ကိုရွိန္းထံမွ လုယူသြားႏိုင္သည္။ သို႔ေသာ္ ထိုအရာကိုပင္ ထက္ကိုရွိန္း ေက်နပ္မိသည္ေလ။
ထက္ကိုရွိန္းက ျပည္သာရဲထက္ကို ေက်ာင္းႀကိဳရန္ ေရာက္ရွိေနသည္။ ျပည္သာရဲထက္က ကားမေမာင္းခ်င္ဟုဆိုသည့္အတြက္ ထက္ကိုရွိန္းကပင္ အႀကိဳပို႔လုပ္ေပးရသည္။
ေက်ာင္းဝန္းထဲရွိ ကားပါကင္တြင္ ကားရပ္ထားၿပီး ထက္ကိုရွိန္းက ေက်ာင္းကို ေဝ့ဝဲၾကည့္ေနမိသည္။ အရင္ကိစၥမ်ားကို မမွတ္မိလွေသာ္လည္း ေက်ာင္းကေတာ့ ထက္ကိုရွိန္းအတြက္ စိမ္းသက္မေနခဲ့ေပ။
…………………………………………………………………………………….
ျပည္သာရဲထက္က စာအုပ္မ်ားကို သိမ္းကာ ဖုန္း Message ေလးကို ၾကည့္လိုက္သည္။
စာေလးတစ္ေစာင္ဝင္ေနသည့္အတြက္ ျပည္သာရဲထက္ၿပဳံးလိုက္မိေတာ့သည္။
ထိုအခ်ိန္တြင္ ျပည္သာေရွ႕သို႔ေရာက္လာသည့္ အေအးဘူးေလးတစ္ဘူး။
"အကို႔အတြက္ မိုးက ဝယ္တိုက္ခ်င္လို႔"
ကမ္းေပးေနသည့္ေကာင္မေလးက ပထမႏွစ္မွျဖစ္ဟန္ရွိေလသည္။
"နာမည္က မိုး လား"
"ဟုတ္ပါတယ္"
ထိုေကာင္မေလးက အမွန္ပင္ သတၱိေကာင္းလွသည္။ အေဖာ္မပါဘဲ တစ္ေယာက္တည္း ျပည္သာရဲထက္ဆီေရာက္လာျခင္းျဖစ္ေလသည္။ ျဖဴျဖဴေဖြးေဖြးေလးႏွင့္ ဆံပင္ဂုတ္ေထာက္ေလာက္ညႇပ္ထားကာ ပါးေဖာင္းေဖာင္းေလးမ်ားႏွင့္ ခ်စ္စရာေကာင္းလွသည္။ ဒီေန႔က ေဇာ္ထက္ေက်ာင္းမလာသည့္အတြက္ ျပည္သာတစ္ေယာက္တည္း ျဖစ္လို႔ေနသည္။ ထိုအရာကပင္ ထိုေကာင္မေလးအတြက္ ကံေကာင္းလွသည္ဟု ဆိုရေလမည္။ မဟုတ္ပါက ေဇာ္ထက္၏ သတင္းေပးမႈျဖင့္ ျပည္သာရဲထက္တြင္ ေယာက်ာ္းရွိေၾကာင္း ထိုေကာင္မေလးသိသြားကာ က်ဴက်ဴပါေအာင္ ထိုင္ငိုေလာက္ေပမည္။
"ဘာလို႔ အကို႔ကို အေအးတိုက္ခ်င္တာလဲ အကို႔ပုံစံက အေအးဝယ္မေသာက္ႏိုင္တဲ့ပုံစံျဖစ္ေနလို႔လား"
ျပည္သာရဲထက္ စလိုက္သည့္အခါ ေကာင္မေလးက ျပာျပာသလဲေခါင္းခါသည္။
"မိုး ဝယ္တိုက္တဲ့ အေအးကေဈးမႀကီးပါဘူး အကို ဝယ္ေသာက္ႏိုင္တာလည္းသိပါတယ္ ဒါေပမယ့္ မိုးက အကို႔ကို ရင္းနီးခ်င္လို႔ပါ"
"အြန္း... ဒါနဲ႔ ပထမႏွစ္ကမဟုတ္လား"
"ဟုတ္ပါတယ္"
"ပထမႏွစ္ဆိုရင္ သူငယ္ခ်င္းေတြနဲ႔ အစုလိုက္ေလးေနၾကတာမ်ားတယ္ေလ ဘာလို႔ မင္းကတစ္ေယာက္တည္းျဖစ္ေနရတာလဲ"
"ဟို.. မိုး သူငယ္ခ်င္းေတြ ေခၚလာရင္ အကို႔ကို သေဘာက်သြားမွာေပါ့"
"ဟင္"
"ဟုတ္တယ္ေလ အကိုက ဒီေလာက္ခ်စ္စရာေကာင္းတာ"
"ေဟ"
"အကို႔မွာ ေကာင္မေလးေတာ့ မရွိဘူးမဟုတ္လား"
ထိုေကာင္မေလးစကားေၾကာင့္ ျပည္သာရဲထက္ရယ္မိသြားသည္။
"ဟား ဟား ဟား ဟား"
"အကို ဘာလို႔ရယ္တာလဲဟင္ မိုးေျပာတာ ရယ္ရလို႔လားဟင္"
ျပည္သာရဲထက္ ျပန္ေျဖခါနီး ပခုံးေပၚေရာက္လာသည့္လက္ေၾကာင့္ လွည့္ၾကည့္လိုက္မိသည္။
"ကိုကို"
"ကိုကို... တဲ့... သူက ဘယ္.. ဘယ္သူ အဲ သူလည္း ေခ်ာလိုက္တာ အကို႔ရဲ႕ အကိုႀကီးလားဟင္"
"ကေလးက ၾကာေနလို႔ ကိုကိုလိုက္လာတာ ကေလးက ဘာလုပ္ေနတာလဲ"
"မိတ္လာဖြဲ႕ေနလို႔ စကားျပန္ေျပာေနတာေလ ကိုကို"
ထက္ကိုရွိန္းက ထိုေကာင္မေလးကို ၾကည့္ၿပီး ၿပဳံးျပလိုက္သည္။ ထို႔ေနာက္ ျပည္သာရဲ၏ ဘယ္ဖက္လက္သန္းႂကြယ္ႏွင့္ ထက္ကိုရွိန္း၏ ဘယ္ဖက္လက္သန္းႂကြယ္ကို ေထာင္ျပလိုက္ၾကသည္။
"ဟာ... အကိုတို႔က"
"ဟုတ္တယ္ ကေလးမ ကိုယ္က ျပည္သာရဲ အမ်ိဳးသားပါ"
"ရွင္"
ေျပးထြက္သြားသည့္ေကာင္မေလးကို ၾကည့္ကာ ျပည္သာရဲထက္စိတ္ေတာ့မေကာင္းလွေပ။
"ကေလးက ဘာေတြ ေငးေနတာလဲ"
"အဲ့ေကာင္မေလး သနားပါတယ္ေနာ္"
"ဟင္ ဘာလို႔ သူ႔ကို သနားရမွာလဲ"
"ဟီး"
"ကေလးေနာ္ အေနထိုင္ဆင္ျခင္"
"ကိုကိုကလည္း ကြၽန္ေတာ္ဘာလုပ္လို႔လဲ"
"ဘာလုပ္လဲ ကိုယ့္ကိုယ္ကို မသိဘူးလား"
"အဲ ကိုကို သဝန္တိုေနတာႀကီးက ခ်စ္စရာႀကီးဗ်ာ"
"ဟမ္ ဘယ္သူက သဝန္တိုလို႔လဲ"
"ဒါႀကီးက သဝန္တိုေနတာေလ ကိုကိုရဲ႕ .. ကိုကို႔ မ်က္ႏွာႀကီးက လငပုတ္ဖမ္းေနၿပီ"
………………………………………………………………………………….
ျပည္သာရဲထက္က ပုလင္းထဲတြင္စာေရးၿပီး ဖူးခက္တြင္ ေမွ်ာခဲ့ၾကေၾကာင္း မေမာႏိုင္မပမ္းႏိုင္ရွင္းျပေနေလသည္။ ထက္ကိုရွိန္းက ေခါင္းအုံးေပၚေမးေထာက္ကာ နားေထာင္ေနၿပီး ျပည္သာရဲထက္က ထိုင္ကာ လက္ဟန္ေျခဟန္မ်ားျဖင့္ အားရပါးရ ေျပာေနရွာသည္။
"အင္း ကေလးက အဲ့ပုလင္းေလးေတြကို ဘယ္မွာသြားျပန္ရွာမွာလဲ"
"အာ ကိုကိုကလည္း အဲ့တာ ျပန္ရွာစရာမလိုဘူးေလ"
"ျပန္မရွာေတာ့ ကေလးဘာေရးလိုက္လဲ ကိုကိုမသိရေတာ့ဘူးေပါ့"
"မပူနဲ႔ ကိုကိုရဲ႕"
"အဲ့ဒါဆိုလည္း ကေလးဘာေရးလိုက္လဲ ေျပာျပေလ"
"အားယို ပုလင္းေလးေတြက ျပန္ေရာက္လာမွာပါဆိုေန ကိုကိုကလည္း"
"ဟူး.."
ထက္ကိုရွိန္းက ဆက္မေမးေတာ့ဘဲ သက္ျပင္းခ်ကာ အိပ္ယာေပၚလွဲခ်လိုက္မိသည္။
"ကိုကို စိတ္ေကာက္သြားတာလား"
"မဟုတ္ပါဘူး"
"ဒါဆို ႐ုပ္ႀကီးက ဘာျဖစ္သြားတာလဲဟင္"
"လာစမ္း .. ဒီကို"
"အင့္.. အ.. ကိုကို"
အနားသို႔ေရာက္လာသည့္ ျပည္သာရဲထက္ကို ဆြဲလွဲခ်ကာ ထက္ကိုရွိန္းက အေပၚမွ အုပ္မိုးထားလိုက္သည္။
"ကိုကို ဘာလုပ္.. မွာလဲ"
"ဘာလုပ္မယ္ဆိုတာ ေျပာျပရဦးမွာလား"
"မရဘူးေနာ္ ကိုကို.. ကြၽန္ေတာ္မနက္ဖန္ Tuto ေျဖရမွာ စာၾကည့္ရမယ္"
"ဟင္"
"ဟုတ္တယ္ ဖယ္.. ဖယ္ ကိုကို အိပ္ေတာ့"
ထက္ကိုရွိန္းကို တြန္းထုတ္က ကုတင္မွ ဆင္းေျပးသြားသည့္ ျပည္သာကို ထက္ကိုရွိန္းၾကည့္ရင္း ရီလိုက္မိသည္။
'မင္းနဲ႔အေၾကာင္းေတြကို ျပန္မွတ္မိခ်င္လိုက္တာ ေပါက္စရယ္'
(အကိုနီယြန္ေျပာသလိုပါပဲ ဒီဇာတ္လမ္းေလးကို ေပါ့ေပါ့ပါးပါးလို႔ ရည္႐ြယ္ခဲ့ေပမယ့္ ဇာတ္ေကာင္ေတြက စာေရးသူရဲ႕စိတ္ကို အေတာ္ေလးစိုးမိုးလာခဲ့ပါတယ္။ ဇာတ္ေကာင္တစ္ခုဆိုတာထက္ ခ်စ္ရတဲ့ နမ္ေလးေတြျဖစ္လာတာပါ။ ဖတ္ရႈေပးၾက ခ်စ္ေပးၾကလို႔ ေက်းဇူးတင္ပါတယ္။)
Mahuyar
Collab with Author Nion.