ကြွေငယ်( Complete ❤)

By appplon

125K 5.3K 87

"တော်ဝင်" ကိုယ့်ဆီမှာ ကလေးလိုချင်တာ အကုန်ရှိတယ် ကလေးသာ ကိုယ့်နားကထွက်မသွားနဲ့" "ကြွေ" "အာ့ဆို Daddyပိုက်ဆံတေ... More

အသိပေးစာ
Part 1+2
Part 3 /4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
အသိပေးစာ
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Birthday 🎂🎁
Part 32
Part 33(final)
Announcements
Announcements
part 1+2 (For zawgyi)
part 3+4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
part 30
part 31
part 32
part 33 (final)
Birthday 😘
bl

part 14

168 10 0
By appplon

ပြာလဲ့နေသော ကောင်းကင်  မနက်ခင်း နေရောင်ခြည်မှာ ကမ္ဘာလောကတစ်ခွင်သို့ ဖြန့်ကျက်ထားလေသည် 
လူတော်တော်များများက မနက်ခင်းနေရောင်ခြည်ကို လမ်းလျှောက်ဖို့ ကျန်းမာရေးအတွက် သုံးကြသလို
တစ်ချို့ကတော့ နေရောင်ကို မမြင်နိုင်စွာမခံစားနိုင်စွာ ပင်ပန်းစွာ ဘဝကိုဖြတ်သန်းနေကြသူတွေလည်းရှိကြသည် သို့သော် မဟူရာစံအိမ်အတွင်းမှာတော့

"ကလေးငယ် ထတော့လေကွယ် "

တော်ဝင့်ရဲ့ကလေးငယ်မှာ အအိပ်မက် အစားမက်ကလေးပင် ပါးစပ်ထဲကို တစ်ခုမဟုတ် တစ်ခု ထည့်လိုက်ရမှကျေနပ်နေတာ တစ်ခါတစ်ခါကျပြန်လဲ ဖုန်းထဲက လိမ္မော်ရောင် appထဲဝင်ပြီး ဘာတွေဖတ်နေလဲမသိ ရီလိုက်ငိုလိုက်နဲ့ အခုဆို အပြင်သွားတာတောင်မဟုတ်သေးဘူး စံအိမ်ထဲက ယောကျာ်းလေးနှစ်ယောက် အတူတူဘေးချင်းကပ်ပြောနေရင်တောင် တိုးတိုးနဲ့ရီနေတာ တစ်ခါတစ်ခါဆို
ရှိုင်းကတောင်ပါလိုက်သေးတယ်  ပြီးရင်လည်း တော်ဝင့် tabletကြီးယူပြီး ဘာတဲ့Don't say no နဲ့ ဘာ ပွန်းဆိုလား ကြည့်နေသေးတာ ကြည့်လည်း ရိုးရိုးမကြည့်ဖူး ခင် ခင်နဲ့ ပြီးရင် လေအို .....
ဆိုတာကပါသေး ဒီကြားထဲ ဟိုကောင် ရှိုင်းအသံပါ ပါသေး တော်ဝင်နဲ့ စိုင်းမှာတော့ ရှိုင်းအား ကလေးငယ်ရဲ့ ကိုယ်ရံတော် လုပ်ခိုင်းလိုက်တာ မှားတယ်လို့တောင် တွေးနေကြသေးတာ အခုလဲ တော်ဝင် အိပ်ခိုင်းတဲ့ကြားက မအိပ်ပဲ ည12ကျော်ထိ တအားအားနဲ့ကြည့်နေသေးတာ တကယ် တကယ် အာ့လိုတွေမကြည့်နဲ့ လို့ပြောပြန်ရင်လည်း မကြိုက် ကောင်လေးနှစ်ယောက်မြင်ပြီ‌‌ဆိုလဲမကြိုက်  အခုဆို ပိုဆိုး စိုင်းရှိုင်း ဂရုထဲထည့်ထားသေးတယ် တစ်ခြားဂရုတွေထဲလည်း ထည့်ထားသေးတာ အခုဆို 4 5ခုလောက်ရှိနေပြီ ဟူးးးးး ပြောသေးတာက သူ့ကိုယ်သူ fudanshi‌‌ခေါင်း‌ဆောင် ပါတဲ့

"အင်းး ဟင့်    "

ဟော ဟော အသံပေးလာပြီ အသံပဲပေးတာ မနိုးလာဘူးဗျ  ပါးလေးတွေကလည်းတော်ဝင်ကျွေးလွန်းလို့ ဖောင်းကားနေပြီ တအား ကိုက်ပစ်ချင်တာ စကားပြောရင်လည်း နှုတ်ခမ်းလေးတွေက ဆူထွက်လာသေးတာ နမ်းဖို့လုပ်ပြန်ရင်လည်း မရ  အမြဲရှောင်ထွက်နေတုန်း နဖူးပဲနမ်းရင်း ဖြေဖျောက် ရစမြဲ ကိုယ်လည်းအသွေးနဲ့အသားနဲ့ဆိုသော်ငြား ကလေးလေးက ကြောက်နေစမြဲ ကိုယ်ကလဲ ချစ်ရသူဆိုတော့ ကလေးအလိုသာလိုက်ရင်း  လက်သမားလုပ်နေရတာပါပဲ

အခုတော့ နိုးရအုံးမယ် မနက်10နာရီထိုးတာတောင် မထသေးဘူး ဟူးး တကယ့်အဆိုးကလေး

"ကလေးရေ daddyကလေးရေ ထတော့လေကွယ် မွ မွ မွ "

"အားး ယားတယ် daddy ခစ် ဟင့် ‌က‌လေး အိပ်နေတာကိုကွာ "

အာ့ဒါပါပဲ သူ လေးများ လိုချင်ပြီ‌ဆို သူ့ကိုသူ ကလေး ကလေးနဲ့ ချွဲတော့တာ တော်ဝင့်ခမျာလဲ အာ့လိုကြားတိုင်း  မငြင်းရက်နိုင်  စွာ အလိုလိုက်နေမိတုန်း နဂိုထဲက ချစ်ရသူဆိုတော့

"ထမလား မထဖူးလား daddyထပ်ပြီ နမ်းရမလားဟင် ဒါမှမဟုတ် ကလေးလေးက daddyနမ်းတာများခံချင်လို့မထဘဲနေတာလား ဟင်"

"ဟွန့် ဘယ်သူက နမ်းခံချင်နေလို့လဲ ဟွန့်  ထပြီ ထပြီ ဂယ်ပဲ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ ဟွန့် လူတွေက ခက်လိုက်တာ ဖီးယက်ရယ် "

ကြည့်ကြပါအုံး အရပ်ကတို့ရယ် အာ့တာပဲ အာ့တာပဲ မသိရင် ကိုယ်ကပဲ အရမ်းခိုင်းစားနေသလို အစားမကျွေးဘဲအလုပ်အရမ်းခိုင်းနေသလို တကယ်ပါ ပြောသွားလိုက်တာ ရင်တွေဘာတွေကို နာတယ် ဆိုးလိုက်တာလို့ပြောပြန်ရင်လည်း ဆိုးရင် မချစ်ဖူးလားဆိုပြီး ရစ်ဉီးမယ် ကိုယ့်ကိုချစ်နေမှန်းတော့ ထုတ်မပြော သူလေးကိုချစ်တယ် လို့ ပြောလိုက်ရင်တော့ အရမ်းသဘောကျတာ မျက်လုံးလေးကိုလက်လို့ ကိုယ့် ကိုချစ်ကြောင်းတော့ ဘယ်နေ့ထုတ်ပြောမလဲမသိ ချစ်သည်ဆိုတာ ခံစားမိပါသော်လည်း ကလေးငယ်လေး နှုတ်ခမ်းက ဖွင့်ဟလာမည့် နေ့ကို ရောက်ချင်ပါရဲ့ 


ကြွေ daddyအား စိတ်ဆိုးပြီးသာ ထွက်လာတာ ရေချိုးခန်းရောက်တော့ ရေနွေးနွေးလေးက အသင့် သွားတ်ုက်တံကအစ အသင့် daddyက အရမ်း ဂရုစိုက်ပါသော်ငြားလည်း ကြွေက daddyရှေ့ရောက်ရင်ကို ဆိုးချင်နေတာ  တစ်ခါတစ်ခါဆိုလဲ ကြွေက daddyအားကိုက်သေးတာ တစ်ချိန်ကျရင် ကြွေ့အား မငြီးငွေ့အောင် နည်းလမ်းပေါင်းစုံဖြင့် မြူဆွယ်ထားရမည်တဲ့  ကိုရှိုင်းကပြောတယ်  တစ်ခါကျရင်လည်း ကြွေ မြူဆွယ်လွန်းပြီ daddyက အိမ်သာထဲ အလိုလိုရောက်သွားရော daddyအားမပေးချင်တာမဟုတ် ကြွေ နာမည်ကိုကြောက်သောကြောင့်  ဝက်ပတ်ထဲက အုကဲတွေတောင် သုံးရက်လောက် နာနေတာ ကြွေ့‌daddyဆို ကြွေသေသွားမလားတောင်မသိ အူးး အားးးး ဘာတွေတွေးနေပြန်ပါလိမ့် ဟူးးး

"ဒေါကါ ဒေါက် ကလေးလေး အကြာကြီးရေချိုးမနေနဲ့နော် ဖျားမယ် ကြားလား"

ကြွေ အတွေးလွန်နေရာ daddyအသံကြားမှပဲ သတိဝင်တော့တယ်

"ဟုတ်ကဲ့ပါ daddyရ"

ကြွေ daddyအား တစ်နေ့ကျလျှင်တော့ ဖွင့်ပြောမည် ချစ်သည့်အကြောင်းများအား စီကာကုံး၍ပြောပြမည်  အခုတော့ ရေချိုးအုံးမယ်

Time skip

ရေချိုးပြီးထွက်လာတော့လည်း ကုတင်ပေါ်မှာ အဝတ်စားကစ အသင့် ‌အဝတ်လဲပြီး လိုးရှင်းတွေ လိမ်းရန် ပြင်လိုက်လေသည် လိုးရှင်းသည်လဲ baby mindပင် ကြွေ့အသားက နုလွန်းတော့ တခြားသူတေလိုကြုံရာကြပန်းမလိမ်း တတ်ဖူးလေ daddyကလဲ ကြွေ့အတွက် အကုန် ပြင်ပေးထားသည် လိမ်းပြီးသည်နှင့် အောက်ထပ်သို့ဆင်းလာပါတော့သည်

ကြွေ ထမင်းစားခန်းထဲရောက်တော့ စားပွဲတွင် အကိုစိုင်းနဲ့အကိုရှိုင်းကိုသာတွေ့ရပြီး daddyပျောက်နေသည်မို့ အကိုရှိုင်းအားမေးကြည့်တော့ ဖုန်းလာလို့ သွားပြောနေသည်တဲ့ ဘယ်သူမို့လို့ အပြင်ထွက်‌ပြောလည်း မသိ သေချာတာက ကြွေ စုံစမ်းရေးမှူးရာထူးရတော့မည် ‌ဆိုတာပဲ

တော်ဝငါ ထမင်းစားမည့်အချိန် ကလေးငယ်အား စောင့်နေရင်း  ဖုန်းလာသည်မို့ ခဏထွက်သွား၍ ပြန်လာတော့ မိမိအား အပြစ်သားလို စစ်ဆေးနေသော အကြည့်များနှင့် ကလေးငယ်
ဟက် သဝန်တိုနေတာ ချစ်စရာလေးပါကွာ သို့သော် ကလေးပင်ပန်းမည်ဆိုသည်ကြောင့် တော်ဝင် ရှင်းပြဖို့လုပ်လိုက်လေသည်

"ကလေးလေးရဲ့ အလုပ်က ဖိုင်တွေက စာကြည့်ခန်းထဲမှာမို့ပါ "

"ဘယ်သူက ဘာပြောလို့လဲ"

"ကိုယ်က ပြောပြတာပါ ဗျာ"

တော်ဝင် ဖြေရှင်းလိုက်တော့ ကျေနပ်သွားတဲ့ အရိပ်အယောင်လေးအား မြင်လိုက်လေတော့ စိတ်ချမ်းသာရပါသည် 

စားပြီးသည်နှင့် အလုပ်သွားဖို့ပြင်ရလေသည်  ကလေးငယ် ရောက်လာထဲက တော်ဝင်အလုပ်အား 11 or 12မှ သွားရသည် အကြောင်ရင်းမှာ အိပ်ပုတ်လေးကြောင့်ပင် 

အလုပ်သွားရန်ပြင်ပြီး အောက်ဆင်းလာတော့ ကလေးလေးက ရှိုင်းနဲ့ ဘာတွေကြည့်နေပြန်ပြီလဲမသိ  နီးနီးကပ်ကပ် မနေနဲ့ဟု ပြောချင်ပါသော်လည်း ‌ကလေးငယ်လေးက ချွဲပြန်အုံးမယ် အာ့လိုသာချွဲရင် တော်ဝင် အလုပ်သွားရတော့မှာမဟုတ်

"ကလေးလေး daddyအလုပ်သွားတော့မယ်နော် "

"ဟုတ် daddy အာဘွားးး"

လာနမ်းတယ် ထင်မနေပါနဲ့ မဟုတ်ပါ လက်နဲ့ သူ့နှုတ်ခမ်းအား ကပ်ပြီး ‌ပေးလိုက်ခြင်း ကလေးငယ် ပြောသလိုမျိုးဆိုရင်တော့ BTS JIN ရဲ့ Fly Kissပါတဲ့ ဗျာ  တော်ဝင်လဲ ပြန်ပေးပြီး ရှိုင်းအား ကလေးငယ် ကို ဂရုစိုက်ရန် စိုင်းနှင့် အလုပ်လုပ်ရန် သွားရလေသည် အိမ်ပေါက်ဝမှ လူနှစ်ယောက်အားလည်း အထဲမှ လူသားနှစ်ယောက်အား စောင့်ရှောက်ရန် ပြောရလေသည် ထိုအထဲမှ ကလေးနှစ်ယောက်မှ သူတို့ကိစ္စပဲ သူတို့စိတ်ဝင်စားမှာ သိနေသည်ကြောင့်ပင်

#သာသာရဲ့ ကြွေငယ်လေးအား ကြိုက်နှစ်သက်လျှင် vote or comment ❤️❤️❤️❤️❤️#


Continue Reading

You'll Also Like

370K 9.1K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
294K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...