part 32

375 6 0
                                    

မနက်ဖြန်ဆို တစ်နှစ်ပြည့်ပြီ daddyနဲ့ ကြွေတို့ရဲ့ အချစ်သက်တမ်းက

" Daddy မနက်ဖြန် ဘာနေ့ယဲသိယား"

" အင်း မနက်ဖြန် ကလေးငယ် ဖေဖေတို့အိမ် သွားအိပ်မဲ့ရက်လား"

"ဗျာ မသိဖူးလား တကယ် မသိတာလား"

"ဘာကြီးလဲ အသက်ကလေးရဲ့ မနက်ဖြန် သွားအိပ်မယ်‌ဆို သွားအိပ်လေ daddyမနက်ဖြန် အလုပ်ခရီးသွားရမှာမို့ "

"အင်းပါ"

ဘယ်လောက်မေးမေး မသိဖူးဘဲ ဖြေနေသော Daddyကိုကြည့်မိတော့ ရုပ်တည်နဲ့ပဲ အလုပ်လုပ်နေလေရဲ့ ကြည့်ရတာ အလုပ်များလို့ မေ့နေတာများလား

"အင်း ခရီးက ဘယ်ကိုလဲ daddy"

"China"

"ဟင်း အာ့လောက် အဝေးကြီး ဂရုစိုက်သွားရမယ်နော်" ပုံမှန်ဆို လိုက်ချင်တယ် ပူဆာမည်ဆိုပေမယ့် သူလိုက်သွားရင် daddyက အလုပ်ပိုရှုပ်မှာ အာ့‌ဆို ပိုပင်ပန်းလိမ့်မယ်

တော်ဝင့်အား ဖက်တွယ်ရင်း  မျက်နှာလေးညိုးနေသော ကလေးကို မချော့နိုင် ကိုယ့်အကြံ ကိုယ်သိသည်မို့



"ဝါး အင့် "
ပုံမှန် ‌နွေးထွေးနေကြ နေရာလေးက အေးစက်နေတော့ Daddy ထသွားပြီ ဆိုတာ သိလိုက်ရသည် ခရီးထွက်ရမှာ သိပေမယ့် ဒီလို နှုတ်မဆက်ပဲ သွားလိမ့်မည်ဟု မထင်ထား တွေ့ချင်တဲ့သူကို မတွေ့လိုက်ရသည်မို့ စိတ်က မကြည်တော့ ဝမ်းနည်းစိတ်တွေလဲ အလုံးလိုက် အရင်းလိုက်  ထွက်ပေါ်လာ၏

ဘယ်ချိန်ထဲက အမြစ်တွယ်တာသွားပြီမှန်း မသိတဲ့ အချစ်တွေက  အခုလို Daddyမရှိတဲ့အချိန်ကျမှ ထွက်ပေါ်လာလေရဲ့  သူမရှိတော့ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တဲ့ ကိုယ့်ကိုကိုယ်လည်း အားမရဖြစ်မိသည် အမြဲ မိမိအလိုလိုက်ထားတဲ့ Daddyက အနားမှာ ရှိမနေပေးနိုင်တော့သည်ကြောင့် အတွေးပဲ လွန်နေသလား 

တစ်ကိုယ်ရေ ကိစ္စအဝဝ ပြီးတော့မှ အောက်ထပ်ဆင်းလာ၍ မနက်စာစားတော့လည်း စားချင်စိတ်က မရှိ  တွေးလေတွေးလေ ဝမ်းနည်းလေမို့ ငိုသာ ချမိတော့သည်

"သားရယ် မငိုရဖူးလေ သားငယ်ကလည်း တော်ဝင်လေးက အမြန်ပြန်လာမှာပါ သားဒီလို လုပ်နေရင် သားတော်ဝင် က စိတ်မချဘဲ နေမှာပေါ့"

ကြွေငယ်( Complete ❤)Tempat cerita menjadi hidup. Temukan sekarang