part 33 (final)

1.2K 13 0
                                    

နာရီအတော်ကြာ မောင်းနှင်ပြီးနောက်

စတော်ဘယ်ရီခြံကို ရောက်လာလေသည်

အကိုရှိုင်းက ကားထဲဖုန်းကျန်ခဲ့လို့ ဟူ၍ သွားပြန်ယူလေသည်

ကြွေ့ဘေး ပတ်ပတ်လည်တွင် စတော်ဘယ်ရီ အပင်များနှင့် နီရဲနေသော စတော်ဘယ်ရီသီးများ 

သို့သော် အနီရောင် စတော်ဘယ်ရီများကြား

အဖြူရောင် လျောက်လမ်းတစ်ဖွယ် တည်ရှိလေသည်

ကြွေ  ထို အဖြူရောင်လမ်းကြားလေးထဲ ဝင်သွားမိတော့ .

ထိုသီချင်းက ထွက်ပေါ်လာလေသည်

I've heard of a love that comes once in a life time ❤️❤️❤️

And I'm pretty sure that you are love of mine .......

Cause I'm in a  field of dandelion......

Wishing on every one that you'd be mine........

Mine.......

I see forever in your eyes ...

I feel ok when I see your smile.........

Wishing on dandelion of all the time

Praying to God that one day you'll be mine.....

Wishing on dandelions of all that time ...

ကြွေရှိနေသည့် နေရာသည် လျှောက်လမ်းတစ်ဖွယ် ဖြစ်နေပြီး ဘေးတွင်တော့ အဖြူရောင် စားပွဲနှင့် ထိုင်ခုံလေးများ  ကြွေရဲ့ ရှေ့တည့်တည့်မှာတော့ လေးကိုင်းသဏ္ဍန် ဖြစ်နေသော အဖြူရောင် တံခါးကဲ့သို့

ထိုအရာတွေရဲ့ ရှေ့တည့်တည့်မှာတော့ ကြွေ့ရဲ့ အချစ်ရဆုံးသူ  ဘဝရဲ့ အချစ်ဦး လိုလေသေးမရှိ ထားပေးခဲ့သူ ကြွေ နေမကောင်းဖြစ်ရင် အမြဲ ဘေးမှာ ရှိနေတတ်တဲ့သူ ကြွေ့ရဲ့ အရာရာ ကြွေ့ဘဝရဲ့ အရှင်သခင် က ကြွေနဲ့ အရောင်ဆင်တူစွာ  အဖြူရောင် အကျီများကြား နှင်းဆီနီလေးအား တပ်ထားလေသည်

ကြွေ ချစ်ရသူဆီ ခြေလှမ်းမိတော့ 

‌လျှောက်လမ်းတစ်လျှောက်တွင်  အပေါ်မှ ဝဲကျလာသော နှင်းဆီရောင်စုံများ ကြောင့် ပန်းခင်းထားသော လမ်း ဖြစ်၍နေလေတော့သည်

သီချင်းလေး တငြိမ့်ငြိမ့်ရယ် ချစ်ရသူ‌ဆီ ရဲဝင့်စွာ ခြေလှမ်းနေတဲ့ ကောင်လေးရယ် အချစ်စစ်တို့၏ ပံ့ပိုးရာ ဖြစ်သော နှင်းဆီရောင်စုံများ မြေခပေးလျက်ရှိသည်

ကြွေငယ်( Complete ❤)Where stories live. Discover now