ဇနီးချောလေး (Completed)

By Ah_Moon_2024

28.1K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... More

Description
1-5
6-10
16-20
21-25
26-30
31-35
36-40
41-45
46-50
51-55
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6 (End)

11-15

1.1K 48 0
By Ah_Moon_2024

Part 11

“ဒယ်ဒီ...”

ရှောင်ကျိုး၏ မျက်လုံးများက တလက်လက်တောက်ပသွားတယ်။ သူက လက်ထဲကခရင်းပစ်ချလိုက်ပြီး ထိုင်ခုံပေါ်မှာခုန်ချလိုက်ကာ ကျိယန်ဆီသို့ ကျည်ဆံလိုအရှိန်နဲ့ ပြေး၀င်သွားတော့တယ်။

ကျိယန် မျက်နှာပေါ်က တင်းမာနေတဲ့အမူအယာက ပျော့ပြောင်းသွားပြီး ပြေး၀င်လာတဲ့ ကျည်ဆံသေးသေးလေးကို ဖမ်းပြီးပွေ့ထားလိုက်တယ် ။ ထို့နောက် ရှောင်ကျိုးရဲ့ ခေါင်းကိုပွတ်လိုက်ပြီး

“ဒက်ဒီပြန်လာပြီ...”

ကျိယန် အသေးလေးရဲ့ နဖူးကိုနမ်းလိုက်ပြီးပြောလိုက်တယ်

“တောင်းပန်ပါတယ်...”

အသေးလေးက ခဏလောက်စဥ◌်းစားလိုက်ပြီး

“ဟုတ် ဒယ်ဒီ့ကိုခွင့်လွှတ်တယ်၊ သားက အရမ်းသဘောထားကြီးလို့...’’

ကျိယန် ရယ်လိုက်တယ်။ သူကဖိနပ်ချွတ်ဖို့ပြင်ရင်း အသေးလေးကို လက်တစ်ဖက်တည်းနဲ့ချီလိုက်တယ်။ထန်ထန် တစ်ယောက်အေးခဲနေတာကို သူ သတိမထားမိလိုက်ဘူး။

ကျိယန်ကိုမြင်လိုက်တဲ့အခိုက်မှာပဲ ထန်ထန် က သူမလက်ထဲကတူကိုပစ်ချလိုက်ပြီး ချက်ချင်းပဲမတ်တပ်ရပ်လိုက်တယ်။ သူမရဲ့လက်တွေကို ဘယ်နားထားရမှန်းမသိတော့ဘူးဖြစ်နေတယ်။ သူမမှာ ခင်ပွန်းရှိတယ်ဆိုတာသိပေမယ့်လဲ ဒါကပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲလေ။ အဲ့ဒါကြောင့် သူမရဲ့တုန်လှုပ်မှုက အတော်လေးပြင်းထန်တယ်။

သူမဘာလုပ်သင့်လဲ...

ပြီးတော့ ပေါင်ပေါင့်ဒယ်ဒီက တကယ်ကိုခန့်ညားချောမောတာပဲ။ သူက သူမရဲ့အကြီးဆုံးအစ်မနဲ့ ဒုတိယအစ်မတို့ရဲ့ ခင်ပွန်းတွေထက်ကို ကြည့်ကောင်းနေတာ။

အစတုန်းကတော့ ဒီနေရာက အမျိုးသားတွေရဲ့ အ၀တ်အစား ဆံပင်ပုံစံတွေကို ထူးဆန်းနေပေမယ့်လဲ ရက်အတော်ကြာနေထိုင်ပြီးတဲ့အတွက် သူမအသားကျနေပြီဖြစ်တယ်။ သူမလဲပဲ ဒီက၀တ်စားပုံတွေနဲ့ အလျင်အမြန်အသားကျပြီးဖြစ်တယ်။ သို့သော်လဲပဲ, သူမက ကျိယန် ရဲ့ချောမောနေမှုကိုတော့ သူမအသားမကျသေးဘူးလေ။ အဲ့ဒီတော့ သူမမျက်နှာက ချက်ချင်းပဲအနီရောင်သန်းလာပြီး သူမနှလုံးဟာလဲ အခုန်မြန်လာတော့တယ်။

“မာမီ, မာမီ, ဒက်ဒီပြန်လာပြီ...”

အသေးလေးက ကျိယန်လက်ထဲမှနေ စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်နေတော့တယ်။ သူက ထန်ထန်မျက်နှာနီမြန်းနေတာကို သတိမထားမိဘူး။

ထန်ထန် ကျိယန်ကိုကြည့်ရင်း သူမရဲ့စိတ်လှုပ်ရှားမှုတွေကိုဖုံးကွယ်ဖို့ ကြိုးစားနေတယ်။ သူမက အားတင်းပြုံးလိုက်ပြီး

“သ…ယောကျာ်း ရှင်ပြန်လာပြီလား...”

သူမက သူ့ကို သခင်ကြီးလို့ ခေါ်လုနီးပါးပဲ, ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ သူမကိုယ်သူမ အချိန်မီသတိထားလိုက်မိလို့ပဲ။

နီရဲနေတဲ့သူမမျက်နှာမှာ မျှော်လင့်ချက်တွေအပြည့်ဖြစ်နေတဲ့မျက်လုံးနဲ့ ဘာလုပ်ရမှန်းမသိပဲ ရှက်နေတဲ့သူမကို ကျိယန် အံ့ဩပြီးစိုက်ကြည့်နေမိတယ်။ သူ့မှတ်ညဏ်ထဲက ထန်ထန် ဆိုတာ သူ့ကိုမြင်တာနဲ့ ကျိန်ဆဲနေတဲ့သူပဲဖြစ်တယ်။ ပြီးတော့ ဒီလိုအမူအယာမျိုးနဲ့ ဘယ်တုန်းက သူ့ကိုယောကျာ်းလို့ ခေါ်ခဲ့ဖူးလို့လဲ... သူသိခဲ့တဲ့ ထန်ထန်မှ ဟုတ်သေးရဲ့လား...

ထန်ထန် က သူမရဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ကြိုးစားနေတာနဲ့ပဲ ကျိယန် သူမအပေါ်သံသယဝင်နေမှန်း သတိမထားမိလေဘူး။ ဒါက သူမရဲ့နှစ်ဘ၀လုံးမှာ ယောကျာ်းရှိတာ ပထမဆုံးအကြိမ်လေ။ ဘာလုပ်လို့ လုပ်ရမှန်း သူမ မသိဘူးဖြစ်နေတယ်။ သူမလုပ်နိုင်တာဆိုလို့ သူမကိုထိန်းခဲ့တဲ့ ကလေးထိန်းပြောဖူးတဲ့ ဇနီးမယားတစ်ယောက်ရဲ့ လုပ်သင့်တဲ့ သင်ခန်းစာတွေကိုသာ စဉ်းစားလိုက်မိတယ်။

ထိုကလေးထိန်း တစ်ခါကပြောဖူးတာက ခင်ပွန်းဖြစ်သူက အလုပ်မှာပင်ပန်းလာပြီးရင် သူတို့က သာယာပြီးနွေးထွေးတဲ့ သူတို့မိသားစုဆီကို ပြန်ချင်လာလိမ့်မယ်။ ဇနီးကောင်းတစ်ယောက်အနေနဲ့ သူတို့ရဲ့ခင်ပွန်းကို အိမ်မှာသက်သောင့်သက်သာဖြစ်စေတဲ့ခံစားမှုရအောင် အကောင်းဆုံးဂရုစိုက်ပေးရမယ် အဲ့ဒါဆိုရင် သူကအပြင်မှာ တခြားမိန်းမထပ်ရှာမှာ မဟုတ်တော့ဘူး။ ဆိုလိုတာက ကိုယ်လုပ်တော်တွေ ပိုနည်းသွားနိုင်တယ်ပေါ့။

အဲ့ဒါဆို သူမရဲ့ခင်ပွန်းကို ဘယ်လိုကောင်းကောင်းမွန်မွန် ဆက်ဆံရမလဲ...

ကျိယန် ထမင်းစားပွဲမှာ ထိုင်နေတဲ့အချိန်မှာပဲ ထန်ထန်က ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားတယ်။ သူမရဲ့ချိုင်းထောက်ကို အမြန်ယူလိုက်ပြီး မီးဖိုချောင်ထဲဝင်သွားကာ သူ့အတွက် ပန်းကန်လုံးတစ်လုံးနဲ့ တူတစ်စုံသွားယူလိုက်တယ်

“ ယောကျာ်း ဘာမှမစားရသေးဘူး မဟုတ်လား ကျွန်မတို့လဲ အခုမှစစားနေတာ, ဟင်းတွေပူတုန်းလေး စားလိုက်ရအောင်လေ...”

‘’မင်း…”

ဘယ်လိုအခြေအနေတွေပဲရောက်နေပါစေ လုံး၀အမူအရာမပျက်တတ်တဲ့ကျိယန်က အခုအချိန်မှာတော့ ရုတ်တရက် ပြောစရာစကားပျောက်ရှသွားပါတော့တယ်။

‘’ရှင်နဲ့ပေါင်ပေါင် အရင်စားလိုက်ပါ, ကျွန်မနောက်ထပ် ဟင်းပွဲနှစ်ပွဲလောက်သွားပြင်လိုက်မယ် မဟုတ်ရင် လောက်မှာမဟုတ်ဘူး...”

ယောကျာ်းလေးတွေရဲ့အစာစားချင်စိတ်က အတော်လေးများတယ်လေ။ အထူးသဖြင့် စစ်တပ်ကအမျိုးသားတွေဆို ပုံမှန်ထက်ပိုစားနိုင်ကြတယ်။ ထန်ထန် က ထမင်းနဲ့ဟင်းတွေ မလောက်မှန်းခံစားလိုက်မိပြီး နောက်ထပ်ချက်ဖို့အတွက် စဉ်းစားပြီးပြောလိုက်တယ်။

ကျိယန်  က သတိပြန်ဝင်လာပြီး မီးဖိုချောင်ဆီသွားဖို့ပြင်နေတဲ့ ထန်ထန့်ကိုပြောလိုက်တယ်

“ မသွားနဲ့တော့ ဒီမှာလောက်နေပါပြီ, ထိုင်ပြီးတော့ စားကြရအောင်...”

သူ ထန်ထန့် ကိုဂရုမစိုက်ပေမယ့်လဲ ဒဏ်ရာရနေတဲ့သူတစ်ယောက်က သူ့အတွက်လုပ်ပေးမှာကိုတော့ မလိုချင်ဘူး။ ပူနွေးနေတဲ့အစားအစာ နည်းနည်းကိုစားရရုံနဲ့တင် သူကျေနပ်ပါပြီ. ပြီးတော့ စားပွဲပေါ်ကဟင်းတွေကလဲ တော်တော်စားချင်စရာကောင်းတယ်။

ဒါပေမယ့် ဒါတွေအားလုံး သူမ လုပ်ထားတာတွေလား...

ကျိရှောင်ကျိုးက မိဘနှစ်ယောက်လုံးကို ဂရုစိုက်တတ်တဲ့ကလေးဖြစ်ပြီး ထန်ထန်ဟင်းချက်ရတာမလွယ်ကူမှန်းလဲ သူသိတယ်။ အဲ့ဒါကြောင့် သူ ကလဲ ထန်ထန့် ကိုလှမ်းတားလိုက်တယ်

“ ဒီမှာရနေပါပြီ မာမီရဲ့မလောက်ရင်လဲ သားလျော့စားပြီး ဒယ်ဒီ့ အတွက်ပိုချန်ထားပေးလိုက်မယ်လေ...”

ကျိယန် ပေါ့ပါးစွာရယ်လိုက် ပြီးတော့ အသေးလေးရဲ့ခေါင်းကိုပွတ်လိုက်တယ်။

ထန်ထန်က.ဆက်ပြီးတုန့်ဆိုင်းနေတုန်းပင်။ သူမခင်ပွန်းအိမ်ပြန်လာတယ်ဆိုတာ ရှားတယ်လေ။ ရှားရှားပါးပါး သူအိမ်ပြန်လာတဲ့အချိန်မှာ ၀၀လင်လင်မစားရဘူးဆိုရင် အဲ့ဒါကမကောင်းဘူးထင်တယ်။

ကျိယန် တူကိုကောက်ယူလိုက်ပြီး စတင်စားသောက်တော့တယ်

“ထိုင်ပြီးစားတော့လေ, တကယ်လောက်ပါတယ်...”

တကယ်လို့မလောက်ရင်တောင် သူ့ဘာသာ ခေါက်ဆွဲတစ်ချို့ပြုတ်စားလို့ရတယ်လေ။

‘’ကောင်းပါပြီ...”

သူမ ထိုင်ရင်းပြောလိုက်တော့တယ်။ သို့သော်လဲ သူမအရင်မစားသေးပဲ ကျိယန်နဲ့ ရှောင်ကျိုး အတွက် ဟင်းချိုပန်းကန်ကိုပြင်လိုက်ပြီး

“ဟင်းချိုလေးအရင်သောက်လိုက် အဲ့ဒါက အစာအိမ်ကိုနွေးစေတယ်...”

‘’ဟုတ်ကဲ့ မာမီ...”

အသေးလေးက ဟင်းချိုကိုအဆင်သင့်ပဲသောက်လိုက်တယ်။ သူက ပျော်ရွှင်မှုတွေအပြည့်နဲ့ဖြစ်နေတယ်။ အဲ့ဒါက ကျိယန် အတွက် မသက်မသာခံစားလိုက်ရတယ်။ သူမက သူ့ကိုဘယ်တုန်းကမှ ဒီလိုမပြုမူဖူးဘူးဖြစ်တယ်။ ဒါက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် သူကအခြေခံကျတဲ့အမူအကျင့်နဲ့သာ တုန့်ပြန်လိုက်နိုင်တယ်

“ ကျေးဇူးတင်ပါတယ်...”

ထန်ထန် ဆီမှာအပြုံးသေးလေးတစ်ခုပေါ်လာပြီး ခေါင်းငုံ့ကာ စတင်စားသောက်တော့တယ်။

အမှန်အတိုင်းဆိုရင် ကျိယန်က လေ့ကျင့်ေ ပြီးတာနဲ့ အလောတကြီးတန်းပြန်လာတာဖြစ်တယ်။ သူက ကားကိုလုံး၀မရပ်နားပဲ နာရီပေါင်းများစွာဆက်တိုက်မောင်းလာတာကြောင့် သူ့ရဲ့ဆာလောင်မှုက ကျောက်ခေတ်လောက် ကတည်းကလိုပဲဖြစ်နေတယ်။ အဲ့ဒါကြောင့် အရသာရှိတဲ့အစားအစာတွေ မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ဘယ်လိုများသူမ ရဲ့ချက်ပြုတ်တဲ့အရည်အချင်းက ဒီလောက်ကောင်းနေတာလဲဆိုတာကို မရပ်တန့်ပဲစဉ်းစားနေမိတော့တယ်။

ထို့ကြောင့် ထန်ထန် နဲ့ ရှောင်ကျိုး ဗိုက်၀သွားပြီဆိုတာသေချာမှ သူကကျန်တဲ့အစားအစားတွေအကုန်လုံးကို စားပစ်လိုက်တော့တယ်။ ဗိုက်မပြည့်သေးပေမယ့်လဲ သူ့ရဲ့ဆာလောင်မှုတွေက အနည်းငယ်တော့ နေသာထိုင်သာရှိသွားတယ်။

ထန်ထန် ပြောင်ရှင်းနေတဲ့ ပန်းကန်တွေအားလုံးကိုကြည့်ပြီး ပျော်ရွှင်နေတယ်။ ကြည့်ရတာ သူမချက်ပြုတ်တဲ့အရသာကို သူခံတွင်းတွေ့ပုံပဲ။ အဲ့ဒါကကောင်းတာပေါ့, သူမကအသုံးဝင်သေးကြောင်း သူ့ကိုပြလိုက်သလိုပဲလေ။

သူမခံစားနေရတဲ့ ပျော်ရွှင်မူတွေကိုထိန်းသိမ်းပြီး  မီးဖိုချောင်ထဲဝင်သွားကာ သူတို့သားအဖအတွက် အသီးတစ်ချို့ပြင်ဆင်လိုက်တယ်။ ထို့နောက် စားပွဲခုံကိုရှင်းလင်းလိုက်ပြီး ပန်းကန်တွေကိုဆေးဖို့အတွက် မီးဖိုချောင်၀င်လိုက်တဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူမရှေ့ကိုကြိုရောက်နေပြီဖြစ်တယ်။ ကြီးမားပြီးကြမ်းတမ်းတဲ့လက်နှစ်ဖက်နဲ့ ပန်းကန်တွေကိုဆွဲယူလိုက်ပြီး သူမကိုပြောလိုက်တယ်

“ သွားပြီးအနားယူလိုက်, ငါဒါတွေဆေးလိုက်မယ်...”

ကျိယန် က အမျိုးသမီးဆိုတာ အိမ်အလုပ်တွေအကုန်လုပ်ရမယ်ဆိုတဲ့အချက်ကို သဘောမကျတဲ့သူဖြစ်တယ်။ ထန်ထန် ကငွေမရှာနိုင်ပေမယ့်လဲ သူမကအစားအစာတွေပြင်ဆင်ပေးတဲ့အတွက် ပုံမှန်အားဖြင့် သူကပန်းကန်တွေဆေးသင့်တယ်လေ။ အထူးသဖြင့် သူမခြေထောက်ဒဏ်ရာဖြစ်နေတဲ့အချိန်ပေါ့။ ဒါကအချစ်ဆိုတာနဲ့မဆိုင်ဘူး သူကသူ့စည်းမျဉ်းတွေအတိုင်းပဲသွားနေတာဖြစ်တယ်။

ထန်ထန် မျက်လုံးများပြူးကျယ်သွားပြီး အလျင်အမြန်ပြောလိုက်တယ်

“မဟုတ်သေးဘူး မဟုတ်သေးဘူး , ဒီနေ့က ရှင်ပင်ပန်းလာတာပဲ, ဒါတွေကို ကျွန်မနဲ့ပဲထားခဲ့လိုက်ပါ ရှင်သွားပြီး အနားယူသင့်တယ်...”

ဘယ်လိုလုပ်ပြီး သူမခင်ပွန်းကို ပန်ကန်းဆေးခိုင်းနိုင်မှာလဲ သူက သူ့အလုပ်တွေနဲ့သေချာပေါက် ပင်ပန်းနေမှာပဲ။

“ မင်းခြေထောက်က ဒဏ်ရာရထားတယ်၊ အချိန်အကြာကြီးရပ်နေဖို့ မသင့်တော်ဘူး...’’

ထို့နောက် သူ ပန်းကန်တွေကို ဘေစင်ထဲထည့်လိုက်ကာ ဆပ်ပြာရည်တစ်ချို့ကိုလောင်းထည့်လိုက်ပြီး လျင်မြန်စွာနဲ့ပဲစတင်ဆေးကြောတော့တယ်။ ပန်းကန်ဆေးပြီးတဲ့နောက် သူက မီးဖိုချောင်ကိုပါ သန့်ရှင်းရေးလုပ်လိုက်တယ်။ အရာအားလုံးပြီးဖို့အတွက် ဆယ်မိနစ်သာ ကြာသွားတယ်။ အဆုံးမှာတော့ ထန်ထန် ဘာမှမလုပ်လိုက်ရပေ။

သူမက ဘေးမှကြည့်နေပြီးတွေးနေမိတယ်

‘ဒါဆို အမျိုးသားတွေလဲ အိမ်မှုကိစ္စတွေလုပ်နိုင်တယ်ပေါ့... ပြီးတော့ သူတို့လုပ်သွားတာက ပိုတောင်မြန်နေသေးတယ်, သူကဒါတွေကိုလုပ်ဖူးတဲ့အတွေ့အကြုံလဲရှိပုံပဲ ပြီးတော့ အဲ့ဒါက မမျှော်လင့်ပဲ ဆွဲဆောင်မှုရှိနေတယ်။

ဘုရားရေ ပေါင်ပေါင့်ဒယ်ဒီက အရမ်းကိုကောင်းတာပဲ။ သူက တိုင်းပြည်ကိုကာကွယ်တဲ့ လူစွမ်းကောင်းတစ်ယောက်, သူကခန့်ညားချောမောတဲ့ရုပ်ရည်ရှိပြီး သူ့မိသားစုကိုလဲငွေကြေးထောက်ပံ့ပေးတယ် ပြီးတော့ သူ့မှာတခြားမိန်းမလဲမရှိဘူး။ သူက အိမ်မှုကိစ္စတွေတောင်လုပ်နိုင်သေးတယ်။ ဘာလို့များ မူလပိုင်ရှင်က ဒီလောက်ကောင်းတဲ့ ယောကျာ်းကို သဘောမကျရတာလဲ? မူလပိုင်ရှင်က ရူးများနေတာလား...

မီးဖိုချောင် သန့်ရှင်းပြီးတဲ့အခါမှာတော့ ကျိယန် ကတခြားလုပ်စရာများကိုမတွေ့တော့တဲ့အတွက် ဆိုဖာပေါ်မှာလှဲနေတဲ့ ပေါင်ပေါင့်ကိုချီလိုက်ပြီး

“ ဒယ်ဒီနဲ့ရေချိုးကြမယ်, အိပ်ချိန်ရောက်နေပြီ...”

အသေးလေးက သူ့ရဲ့ဂိမ်းနဲ့မခွဲချင်သေးဘူး။  သူ့ဒက်ဒီနဲ့ ဂိမ်းကြား ရွေးရခက်တဲ့ရင်ရွေးချယ်မှုကို ရင်ဆိုင်ရင်း သူကဂိမ်းကိုစွန့်လွှတ်လိုက်ကာ ကျိယန် ရဲ့လည်ပင်းကိုဖက်လိုက်တယ်။ ထို့နောက် ထန်ထန့်ဘက်လှည့်ပြီးပြောလိုက်တယ်

“မာမီ သားသွားအိပ်တော့မယ်နော်, ဂွတ်နိုက်..."

ပြောပြီးနောက် သူတို့နှစ်ယောက်အခန်းထဲ၀င်သွားတော့တယ်။

သူမ လက်ယမ်းပြရင်းပြန်ပြောလိုက်တယ် “ ဂွတ်နိုက် ပေါင်ပေါင်..”

ကျိယန် သူတို့စကားပြောပြီးတာကို စောင့်ပြီးနောက် တံခါးပိတ်လိုက်တယ်။ သူက အသေးလေးရဲ့အ၀တ်အစားတွေကို အလွယ်တကူချွတ်လိုက်ပြီး

“သားထပ်ပြီး ကိုယ်အလေးချိန်တွေ တိုးလာပြန်ပြီလား....”

အသေးလေးက သူ့ဒက်ဒီပြောတာကိုလက်ခံတဲ့အမူအယာနဲ့ သူ့ဗိုက်က အသားလေးကိုညှစ်လိုက်တယ်။ သူ့ကိုယ်အလေးချိန်တွေတိုးလာတယ် ဒါပေမယ့် အဲ့ဒါသူ့အမှားမှမဟုတ်တာ။ အဲ့ဒါကြောင့်သူကရှင်းပြလိုက်တယ်

“ အဲ့ဒါ မာမီဟင်းချက်တာ အရမ်းအရသာရှိနေလို့ပေါ့, ဒက်ဒီဆိုရင်လဲ အဲ့လိုပဲဝိတ်တက်လာမှာ...”

ကျိယန်လဲ ဒီနေ့သူစားခဲ့တဲ့ညစာကို ပြန်တွေးပြီး တိတ်ဆိတ်သွားတယ်။ ထို့နောက် သူ့ရဲ့ယူနီဖောင်းကိုချွတ်ပြီး အသေးလေးကိုချီကာ ရေချိုးကန်ထဲ၀င်သွားပြီးနောက် သားအဖ နှစ်ယောက်လုံးအတူတကွ ရေချိုးနေကြတယ်။

သူတို့ရေချိုးပြီးတဲ့အခါမှာတော့ နှစ်ယောက်လုံးဘောင်းဘီတိုလေးတွေ၀တ်ထားကြပြီး အဖေနဲ့သားက လူကြီးဗားရှင်းနဲ့ကလေးဗားရှင်း ဆင်တူလေးဖြစ်နေတော့တယ်။

အသေးလေး က ကျိယန် အပေါ်တွားသွားတက်ပြီး ဗိုက်ပေါ်မှာထိုင်နေလိုက်တယ်။ အဲ့ဒါက ရှောင်ကျိုး လုပ်ရတာကြိုက်တဲ့အထဲက တစ်ခုဖြစ်တဲ့ သူ့အဖေရဲ့ကြွက်သားတွေနဲ့ကစားခြင်းပဲဖြစ်တယ်။

အသေးလေးက စပြီး သူ့အတွေးတွေကို သူ့အဖေကိုပြောလိုက်တယ်

“ဒယ်ဒီ, သားမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုရှိတယ်။ သားမာမီကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ယောကျာ်းလေးဆိုတာ သဘောထားကြီးရတယ်မဟုတ်လား ဒယ်ဒီ..."

ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။

‘’ဒါဆို ဒယ်ဒီလဲ မာမီကိုစိတ်မဆိုးသင့်တော့ဘူး။ မာမီကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်ပါ မာမီက အခုအရမ်းကောင်းနေပါပြီ...”

ကျိယန် ခဏလောက်တိတ်ဆိတ်သွားပြီး ပြန်မဖြေဘူး ပြီးမှ သူမေးလိုက်တယ်

“ မာမီက အရင်ရက်တွေတုန်းကကော သားအတွက်နေ့တိုင်း ချက်ပြုတ်ပေးတာလား...’

အသေးလေးရဲ့ စိတ်၀င်စားမှုက လမ်းကြောင်းပြောင်းသွားတယ်

“ အဲ့ဒါဟုတ်တာပေါ့, မာမီက သားစားဖို့အတွက် နေ့တိုင်းချက်ပေးတယ် ပြီးတော့ မုန့်လေးတွေတောင်ပါသေးတယ် အဲ့ဒါတွေက အရမ်းစားကောင်းတာပဲ...”

ကြည့်ရတာ သူ့သားတော့ သူမရဲ့အချက်အပြုတ်စကေးတွေကြောင့် အနိုင်ယူခံလိုက်ရပုံပဲ။

သူ က အန်တီလီဆီမှတဆင့် ဘာတွေဖြစ်ခဲ့လဲဆိုတာ သိပြီးဖြစ်တယ်။ ထန်ထန် က ခါတိုင်းလိုပဲ ဘားမှာအရက်မူးပြီး အပြန်မှာ ကားမောင်းပြီး မတော်တဆမှု ဖြစ်ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ကြီးကြီးမားမား ဒဏ်ရာမရခဲ့ဘူး။ ပြီးတော့ ဒရိုင်ဘာက သူမကိုနီးစပ်ရာဆေးရုံကိုပို့ခဲ့ပြီး ထန်ထန် နဲ့အရက်တူတူသွားသောက်ခဲ့တဲ့သူငယ်ချင်းတွေက အန်တီလီကိုဆက်သွယ်ခဲ့ပြီးတာနဲ့တပြိုင်နက် အားလုံးပျောက်သွားကြတယ်။ 

အန်တီလီပြောပြချက်အရ ထန်ထန် က သတိပြန်ရလာတဲ့အခါမှာ မှတ်ညဏ်အားလုံးကိုဆုံးရှုံးသွားခဲ့တယ်။

.အတိတ်မေ့တာ...

ဘယ်လိုပဲဖြစ်ဖြစ် သူမကလုံး၀ကို တခြားသူတစ်ယောက်ဖြစ်သွားတာပဲ။ ကလေးကတောင် သူမ ပိုကောင်းလာတယ်လို့ပြောခဲ့တယ်။ နဂိုက သူ သူမအပေါ်သံသယရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ သူမကိုသူမြင်ပြီးတဲ့နောက် သူမတကယ်ပြောင်းလဲသွားတယ်ဆိုတာ သိလိုက်တယ်။ အဲ့ဒါက အတုအယောင်မဟုတ်ဘူး။

ကျိယန် ကများပြားလှတဲ့မစ်ရှင်တွေလုပ်ခဲ့ဖူးပြီး လူပေါင်းစုံကိုတွေ့ခဲ့ဖူးတယ်။ အဲ့ဒါကြောင့် သူ့မျက်လုံးက လေ့ကျင့်ပြီးသားဖြစ်နေပြီ။ သူက လူတစ်ယောက်လိမ်နေတာကိုသိနိုင်တယ် အဲ့ဒါကြောင့် သူအသေအချာသိလိုက်တာက ထန်ထန် က သရုပ်ဆောင်နေတာမဟုတ်ဘူး အဲ့ဒါသူမကိုယ်တိုင်ပဲဖြစ်တယ်။

အဲ့ဒီတော့, သူမရဲ့မှတ်ညဏ်တွေကဆုံးရှုံးသွားပြီး အရင်ကသူမနဲ့ယှဉ်ရင် အကျင့်စရိုက်ကအစ လုံးဝပြောင်းလဲသွားတယ်လို့ပဲ သူကောက်ချက်ချလို့ရလိုက်တယ်။

ဒီလိုမထင်မှတ်ထားတဲ့အခြေအနေတွေက တကယ်ဖြစ်ပျက်ခဲ့တာပဲ။

လတ်တလောအခြေအနေကို သုံးသပ်ရင်, အဲ့ဒါက ဆိုးတဲ့ကိစ္စမဟုတ်ဘူး။ သူမက ရှောင်ကျိုးကိုကောင်းကောင်းဆက်ဆံမှတော့ ကလေး လဲ မိခင်မေတ္တာကိုခံစားရတာပေါ့။

မိခင်မေတ္တာဆိုတာ သူ မပေးနိုင်တဲ့အရာပဲ။ ဘာပဲဖြစ်ဖြစ်, သူမက ကလေးကို ဂရုစိုက်နေသရွေ့ သူကလဲ လက်ထပ်ထားတဲ့စုံတွဲအဖြစ်ထိန်းသိမ်းထားဖို့ ဆန္ဒရှိတယ်။ သူတို့တွေ တစ်ယောက်ဘ၀ကို တစ်ယောက်ဝင်မစွက်ဖက်ကြဘူး ပြီးတော့ သူတို့တွေအတူတကွ ရှောင်ကျိုး ကိုကြီးပြင်းလာအောင်ပျိုးထောင်ကြမယ်။

Part 12

သူ့ ဒယ်ဒီကစဉ်းစားနေပြီး ဘာမှပြန်မပြောပဲ သူ့ကိုလျစ်လျူရှုထားသည့်အတွက် သူရဲ့ခန္ဓာကိုယ်ကို ကျိယန် ရဲ့ ရင်ဘတ်ပေါ်သို့ရွေ့လိုက်တယ်။ သူ့ရဲ့လက်သေးသေးလေးနဲ့ ကျိယန် ရဲ့မေးစေ့ကိုကိုင်ပြီး မေးလိုက်တယ်

“ ဒယ်ဒီ ဘယ်နှစ်ရက်နေမှာလဲ...’’

ကျိယန် က ကလေး ကိုပြုတ်မကျအောင် ထိန်းထားရင်း

“ဒယ်ဒီက ဒီတခါတော့ ငါးရက်နေမှာ...”

‘’ဝါး..ငါးရက်တောင်...”

အသေးလေး ရဲ့မျက်လုံးတွေက တောက်ပလို့သွားတယ်။

ကျိယန် အတွက် ငါးရက်ဆိုတာ ခွင့်ရက်ရှည်အဖြစ် သတ်မှတ်လို့ရတယ်။ သူ ဘယ်တုန်းကမှ သူ့ဒယ်ဒီနဲ့ အခုလိုရက်အများကြီး အတူတူမနေဖူးပေ။ရှောင်ကျိုး အရမ်းပျော်ရွှင်နေပြီး သူ့ရဲ့အရေးအကြီးဆုံးမေးခွန်းကို မေးလိုက်တော့တယ်...

“ဒယ်ဒီ ဒယ်ဒီ, သားကို ကစားဖို့ဘယ်နေရာခေါ်သွားမှာလဲ...’’

ကျိယန် က ပေါ့ပေါ့ပါးပါးရယ်လိုက်တယ်။ တခြားသူများတွေ့မြင်ရန်ခက်ခဲတဲ့ နူးညံ့နေတဲ့သူ့အမူအယာကို ဖော်ပြလို့နေတယ်

“ကောင်းပြီ ဒယ်ဒီက သားကစားဖို့ခေါ်သွားမယ် ကျောင်းပိတ်ရက်ရောက်တော့မှာမဟုတ်လား...ဒယ်ဒီက ဒီပိတ်ရက်မှာခေါ်သွားပေးမယ်...”

‘’အဲ့ဒါ အရမ်းကောင်းတာပဲ ပန်းခြံနဲ့ငါးပြတိုက်ကို သားသွားချင်တယ်.. သားသူငယ်ချင်းတွေက အဲ့ကိုရောက်ဖူးနေပြီ...”

သူ့အမူအယာက မနာလိုခြင်းအလျဉ်းမရှိပေမယ့်လဲ အဲ့လိုနေရာတွေကို သူ့မိဘတွေနဲ့ တူတူသွားချင်နေတာဖြစ်တယ်။

‘’အိုကေ, ဒက်ဒီတို့သွားကြမယ်...”

ဘာ့ကြောင့်လဲဆိုတော့ သူ့မှာလဲအချိန်မရှိခဲ့သလို့ ထန်ထန် က လဲဂရုမစိုက်ခဲ့တဲ့အတွက် အသေးလေးက ကလေးတိုင်းသွားဆော့ဖူးတဲ့နေရာတွေကို မရောက်ဖူးဘူး။ အခုလိုမျိုး သူ့မှာအချိန်တွေအားနေမှတော့ ဘာလို့များမသွားရမှာလဲ...

‘’အွန်း…’’

အသေးလေးက တကယ်ကိုပဲပျော်ရွှင်နေပြီး ခူကောင်ပေါက်စလေးလို အိပ်ယာပေါ်မှာ လှိမ့်နေတော့တယ်။ သူကလျောက်လှိမ့်နေပြီး

“ဒါဆို, မနက်ဖြန်မူကြိုကိုကော လိုက်ပို့မှာလား, ဒယ်ဒီ... ’’

“ဒါပေါ့...မနက်ဖြန်ကျရင် ဒယ်ဒီ ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးမှာ...”

ရှောင်ကျိုးက လှိမ့်နေတာကိုရပ်လိုက်ပြီးကျိယန်နဲ့မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်လိုက်ကာပြောလိုက်တယ်

“ ပြီးတော့ မာမီကောပဲ၊ မနက်ဖြန်ကျရင် ဒယ်ဒီနဲ့မာမီအတူတူ သားကိုလိုက်ပို့ပေးတာလိုချင်တာနော်, အပြန်လာကြိုရင်လဲ အတူတူလာကြိုပေးနော် သားတို့က မာမီ့ကိုအိမ်မှာ တစ်ယောက်တည်းထားခဲ့လို့မရဘူး, မာမီက သားကိုမတွေ့ရင် ငိုလိမ့်မယ် မာမီက သားကိုမခွဲနိုင်ဘူး...’’

‘’….."

"အိုကေ...”

ကျိယန် က ပြန်ဖြေလိုက်တယ်။

အသေးလေးက မနက်ဖြန်သူ့မိဘနှစ်ယောက်စလုံး သူ့ကိုကျောင်းလိုက်ပို့မယ့်အရေးကိုတွေးပြီး အရမ်းစိတ်လှုပ်ရှားလာတယ်။ သူ့ခံစားချက်တွေကိုဖော်ပြဖို့အတွက် မလုံလောက်ဘူးလို့ခံစားလိုက်ပြီး ကျိယန် ပေါ်ကနေဆင်းလိုက်ကာ အိပ်ယာပေါ်လှိမ့်နေပြန်တယ်။ သူပင်ပန်းလာတဲ့အခါမှပဲ လှိမ့်နေတာကိုရပ်လိုက်တယ်။ နောက်တော့ သူ့ရဲ့ခြေထောက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကို လေပေါ်မြှောက်လိုက်ပြီး ဘယ်သူမှနားမလည်နိုင်တဲ့သီချင်းတစ်ပုဒ်ကိုဆိုနေတော့တယ်။

ကလေးလေးက သူပြန်လာတဲ့အချိန်တိုင်းပျော်ရွှင်နေတတ်ပေမယ့် အခုက ပိုပြီးပျော်နေတာကို တွေ့လိုက်တယ်။ အဲ့ဒါ ထန်ထန် ပြောင်းလဲသွားတာနဲ့ ဆိုင်နေလား..."

လွန်ခဲ့တဲ့နှစ်တွေကတည်းက သူမ ကို မကွာရှင်းခဲ့မိတာ မှန်တယ်လို့  ရုတ်တရက်တွေးလိုက်မိတယ်။ ရှောင်ကျိုး က နောက်ဆုံးတော့ သူအမြဲမျှော်လင့်ခဲ့တဲ့ မိခင်မေတ္တာကိုရခဲ့ပြီလေ။

-  - - - - - - - - - - - - - - -

နောက်တစ်နေ့ရောက်တဲ့အခါ...

ကျိယန် က ခါတိုင်းလိုပဲ မနက် ၆ နာရီမှာ နိုးလာတယ်။ သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရှောင်ကျိုးကို လှမ်းကြည့်လိုက်ပြီး ဗိုက်ပေါ်ကို စောင်ခြုံပေးလိုက်တယ်...ထို့နောက် တိတ်ဆိတ်စွာနဲ့ ရေချိုးခန်းထဲမှာ မျက်နှာသစ် သွားတိုက်လိုက်တယ်။

ကျိယန် ကိုမြင်လိုက်တော့ ထန်ထန်  အံ့ဩသွားတယ်

“ ရှင်…ဘာလို့အစောကြီးနိုးနေတာလဲ...’’

ကျိယန်လဲ သူမအစောကြီးနိုးနေမယ်လို့မထင်မိဘူး။ သူကခေါင်းငြိမ့်ပြလိုက်ပြီး

“အပြေးလေးကျင့်မလို့...”

‘’အိုး... ကောင်းပာပြီ ကျွန်မ မနက်စာလုပ်တော့မလို့ ရှင်စားချင်တာများရှိလား. ကျွန်မလုပ်ပေးမယ်လေ...”

အစက သူ အပြင်ကနေ မနက်စာ၀ယ်လာမယ်လို့ပြောဖို့ပဲ ဒါပေမယ့်သူ့စကားတွေကို ပြန်မျိုချလိုက်ပြီး...

“ ဘာပဲဖြစ်ဖြစ်ပါ သား နဲ့ကိုယ်က အစားမရွေးပါဘူး...”

‘’အင်း…ကောင်းပြီလေ ကျွန်မ ဆန်ပြုတ်ရယ် ပေါက်စီနဲ့ ဖက်ထုပ်ကြော် လုပ်ထားပေးမယ် ပေါင်ပေါင်က ဖက်ထုပ်ကြော်ကြိုက်တယ်လေ...”

ကျိယန်ခေါင်းငြိမ့်လိုက်တယ်။ ရုတ်တရက် သူဘာပြောရမှန်းမသိဘူးဖြစ်သွားတဲ့အတွက် အိမ်ရှေ့တံခါးကိုသာတွန်းဖွင့်လိုက်ပြီး မနက်ခင်းအပြေးလေ့ကျင့်ဖို့ ထွက်သွားတော့တယ်။

‘’ဟူး...”

အိမ်ရှေ့တံခါးပိတ်သွားတော့မှပဲ ထန်ထန်ရင်ဘတ်ကိုဖိလိုက်ပြီး အသက်ပြင်းပြင်းရှုရဲတော့တယ်။ အရိုးသားဆုံးပြောရရင်, သူနဲ့စကားပြောတဲ့အချိန်တိုင်း သူမကိုယ်သူမ တည်ငြိမ်နေအောင် မနည်းလုပ်ထားရတာဖြစ်တယ်။ သူ့နားမှာရှိတိုင်း သူမ စိတ်လှုပ်ရှားနေတာကို သူ မသိအောင် တည်ငြိမ်အောင်ထိန်းထားပြီး အမြဲဟန်ဆောင်နေရတယ်။

အကြောင်းတစ်ချို့ကြောင့် သူ့အရှေ့ရောက်တိုင်း သူမအနည်းငယ်ရှက်သလို ခံစားနေရတယ်။

ထန်ထန် သူမမျက်နှာကိုကိုင်လိုက်ပြီး အခန်းထဲသို့ဝင်သွားတော့တယ်။ ထို့နောက် သူမရဲ့ရုပ်သွင်ကို မှန်မှာကြည့်လိုက်မိတယ်။

သူမရဲ့ လောလောလတ်လတ်မျက်နှာက ရုပ်ဆိုးတာကိုသိပေမယ့်လဲ, သူမမျက်နှာက ပထမဆုံးစတွေတုန်းကနဲ့ယှဉ်လိုက်ရင် အခုကပိုရုပ်ဆိုးလာတယ်လို့ ခံစားလိုက်ရတယ်။

သူမ မျက်နှာပေါ်က ခရမ်းရောက်ဒဏ်ရာတွေက ပျောက်ကွယ်သွားပြီဖြစ်တယ်။ သူမရဲ့ခြောက်သွေ့နေတဲ့အဝါရောင်အသားအရေပေါ်က အမာရွတ်တွေက သူမကိုပိုပြီးကြောက်လန့်စေတယ်။ ပြီးတော့ ရက်ပေါင်းများစွာအစားများစွာကိုစားသော်လဲ သူမရဲ့အရိုးစုပုံစံက ရှိနေတုန်းပဲဖြစ်တယ်။ အဆိုးဆုံးကတော့ သူမရဲ့ခြောက်သွေ့နေတဲ့ ဆံပင်ရှည်တွေပဲဖြစ်တယ်။ အဲ့ဒါတွေက မီးကျွမ်းထားတဲ့မြက်ခြောက်ရှည်တွေလိုပဲ။ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အသွင်အပြင်ကြီးလဲ, ဘာလို့များ မူလပိုင်ရှင်က သူ့ကိုယ်သူဒီလိုဖြစ်အောင်လုပ်ရလဲဆိုတာ သူမနားမလည်နိုင်ဘူး။(သူလေး မတအားချောမောနေရှာတာ)

ပြီးတော့ သူမကစိတ်အားထက်သန်စွာနဲ့ မျက်နှာကိုအစိုဓါတ်ရအောင် ဆေးကြောပေမယ့်လဲ ဘာလို့ မတိုးတက်လာတာလဲ...

ပေါင်ပေါင်ရဲ့ဒယ်ဒီက သူမရဲ့ရုပ်ဆိုးနေတဲ့ပုံစံကိုကြည့်တဲ့အခါမျိုးဆို သူမကိုယ်သူမ တစ်ခုခုနဲ့တောင် ကာထားလိုက်ချင်တယ်။ အဲ့ဒါကို ပေါင်ပေါင့်ဒယ်ဒီက မျက်နှာတစ်ချက်မပျက်ပဲ သူမကိုကြည့်ပြီးစကားပြောနိုင်တာကလဲ အံ့ဩဖို့ကောင်းတယ်။ သူမ သက်ပြင်းချလိုက်မိတယ် ။ သူ့ဇနီးကအရမ်းရုပ်ဆိုးတာပဲ။ အဲ့ဒါက သူကံမကောင်းတာပဲ။

သူမအနေနဲ့ ပိုလှအောင်လုပ်ဖို့ နည်းများရှိနိုင်မလား...ဒါမှမဟုတ်လဲ ရုပ်ဆိုးတာကို နည်းနည်းလျော့စေမယ့်နည်းကော...

အဲ့ဒီအကြောင်းကို သူမနေ့တစ်ဝက်လောက်စဉ်းစားနေမိပြီး ညှိုးငယ်စွာနဲ့သက်ပြင်းချလိုက်မိတယ်။ သူမဘာမှမစဉ်းစားနိုင်တော့ဘူး။ သူမက မီးဖိုချောင်ကိုသာပြန်သွားပြီး ချက်ပြုတ်နေတော့တယ်။ သူမဆီမှာ အလှတရားမရှိမှတော့ သူမရဲ့သီလကိုသာအရည်အချင်းပြည့်ကြောင်း ပြသဖို့ပဲရှိတော့တယ်။

ကျိယန် က အစားကြီးတယ်။ သူမက သူစားနိုင်တာတွေကို အကြမ်းဖျင်းခန့်မှန်းကြည့်လိုက်ပြီး မနက်စာကို ပုံမှန်ထက်နှစ်ဆလုပ်လိုက်တယ်။ အစားအစာတွေပိုနေရင်တောင်ကိစ္စမရှိပါဘူး သူမအနေနဲ့ ပေါင်ပေါင့်ဒယ်ဒီကိုတော့ အဆာခံခိုင်းလို့မဖြစ်ဘူးလေ။

သူမချက်ပြုတ်ပြီးတဲ့အချိန်က သူအပြေးလေ့ကျင့်ပြီးပြန်လာတာနဲ့ အချိန်ကိုက်ပဲ။ သူမလှမ်းကြည့်လိုက်တော့ ချွေးတွေအပြည့်နဲ့ ကျိယန် ကိုမြင်တွေ့လိုက်တယ်။ သူ့ဆံပင်မှ ချွေးတွေက အကျီပေါ်ကိုစီးကျနေပြီး အဲ့ဒါက သူ့ရဲ့ရင်အုပ်နဲ့ ကြွက်သားတွေကို သိသာစွာမြင်နေရတယ်။ သူ့ဆီက သန်မာမှုတွေကထွက်ပေါ်နေပြီး အဲ့ဒါက အကြောင်းတစ်ချို့ကြောင့် လူတွေကို ရှက်သွေးဖြာအောင်လုပ်နေသလိုပဲ။

သူမ အလျင်အမြန်အကြည့်ကိုလွှဲလိုက်တယ်။ သူမ သူ့ကိုဆက်မကြည့်ရဲတော့ဘူး။ သူမရဲ့နှလုံးခုန်သံကို ထိန်းလိုက်ပြီး

“ရှင်...ရှင် ပြန်လာပြီလား, ကျွန်မ အခုပဲချက်ပြီးတာ, ခဏနေစားလို့ရပါပြီ...”

ကျိယန် က “အင်း” တစ်လုံးသာပြန်ဖြေလိုက်ပြီး အခန်းဆီကိုဦးတည်လိုက်တယ်

“ကိုယ်ရေချိုးပြီး ကလေး ကိုနှိုးလိုက်မယ်...”

‘’အင်း..."

ထန်ထန် သူမပါးကိုပုတ်လိုက်ပြီး တည်ငြိမ်အောင်လုပ်လိုက်တယ်။ သူမ မနက်စာတွေကို စားပွဲပေါ်ယူလာတယ်။ ဆန်ပြုတ်သုံးပွဲရယ် ဇွန်းရယ် တူရယ် ကို စားပွဲပေါ်တင်လိုက်တယ်။ အားလုံးနေရာချပြီးတဲ့နောက် သူမကထိုင်လိုက်ပြီး သားအဖနှစ်ယောက်ကိုစောင့်နေလိုက်တယ်။

ကျိယန် က လျင်မြန်စွာပဲပြီးစီးသွားတယ်။ မကြာခင်မှာပဲ အိပ်ငိုက်နေတဲ့ ရှောင်ကျိုး ကိုချီပြီးထွက်လာလိုက်တယ်။ အသေးလေးက စိတ်လှုပ်ရှားလွန်းပြီး ညကကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ အဲ့ဒါကြောင့် သူက အိပ်ယာကထချင်ပုံမရဘူးဖြစ်နေလို့ ချီလာရတယ်။

ဒါပေမယ့် ထန်ထန့် ရဲ့အချက်အပြုတ်စွမ်းရည်ကြောင့် အစားအစာတွေရဲ့အနံ့တွေကိုရလိုက်ပြီး အသေးလေးက မျက်လုံးပွင့်လာတယ်။ သူ့အရှေ့က အရသာရှိတဲအစားကိုတွေ့လိုက်တဲ့နောက် သူ့ရဲ့အိပ်ငိုက်မှုတွေက အဝေးကိုထွက်ပြေးသွားပြီဖြစ်တယ်။

‘’ဝါး…မာမီ ပေါက်ဆီနဲ့ ဖက်ထုပ်ကြော်လဲပါတယ် သားအကြိုက်တွေ...”

အသေးလေးက သူ့ထိုင်ခုံပေါ်ကိုတက်လိုက်ပြီး စားစရာတွေကိုကြည့်ရင်းပြောလိုက်တယ်။

သူမက သူကြိုက်မှန်းသိတဲ့အတွက် ဖက်ထုပ်ကြော်ပန်းကန်ကို ရှောင်ကျိုးအနားပို့လိုက်ပြီး ပြောလိုက်တယ်

“ဒါဆို အများကြီးစားဖို့ပဲလိုတော့တယ်...”

“နိုးပလော်ပလန်...”

အသေးလေးက အဂ်လိပ်လိုပြောလိုက်ပြီး ဖက်ထုပ်ကြော်ကိုယူကာ ပါးစပ်ထဲသို့ထည့်လိုက်တော့တယ်။ သူရဲ့ပုံက အစားအသောက်ကြေငြာတွေထဲကလိုမျိုး မျက်လုံးတွေပါပြုံးနေတယ်။ သူက ထန်ထန့်ကိုကြည့်လိုက်ပြီး လက်မကိုထောင်လိုက်ကာချီးကျူးလိုက်တယ်

“မာမီ, အရမ်းစားကောင်းတာပဲ...”

ထန်ထန အသေးလေးရဲ့မြှောက်ပင့်ပြောတာကို သဘောကျပြီး အားရပါးရပြုံးလိုက်မိတယ်။

ကျိယန်က ခေါင်းငုံ့နေပြီး မနက်စာကိုတိတ်ဆိတ်စွာစားနေတယ်။ သူမရဲ့ဟင်းချက်စွမ်းရည်ကောင်းတာကိုတော့ သူ၀န်ခံရမယ်, တကယ်လဲ အဲ့ဒါတွေကကောင်းတယ်လေ။ သူကအစားနဲ့ပတ်သတ်ပြီး သိပ်ဂရုမစိုက်တတ်ပေမယ့်လဲ စားတာကိုမရပ်နိုင်ဘူးဖြစ်နေတယ်။

မနက်စာအတွက်, သူမက ဆန်ပြုတ်တစ်ခွက် ပေါက်စီတစ်လုံးနဲ့ ဖက်ထုပ်ကြော်တစ်ခုစားလိုက်တယ်။

ရှောင်ကျိုးလေးက ဆန်ပြုတ်တစ်ခွက် ပေါက်စီတစ်လုံးနဲ့ ဖက်ထုပ်ကြော်နှစ်ခုပေါ့။

ကျန်တာတွေအားလုံးကို ကျိယန်ကအဆုံးသတ်စားလိုက်ပြီး စားပွဲပေါ်မှာ ဘာမှမကျန်တော့ဘူး။

ရှောင်ကျိုး စားနေရာမှရပ်လိုက်တဲ့အချိန်၌ ဗိုက်ပြည့်လွန်းလို့လေတက်တဲ့အသံတွေပါ ထွက်လာတော့တယ်။ အလွန်အကျွံစားလိုက်တဲ့သူက သူတစ်ယောက်တည်းတော့မဟုတ်ပေ။ ကျိယန် လဲ သူ့ကိုယ်သူမထိန်းနိုင်ပဲ အများကြီးစားလိုက်မိတာဖြစ်တယ်။

အသေးလေးက ထန်ထန်  တစ်ယောက် သူတို့အနားမှာမရှိကြောင်းသေချာတာနဲ့ ကျိယန် ကို လေသံတိုးလေးနဲ့ပြောလိုက်တယ်

“ ဒယ်ဒီ, မာမီချက်တာစားကောင်းတယ်မဟုတ်လား ဟင်...’’

.သူ့လေသံက ဂုဏ်ယူနေဟန်ရှိတယ်။

“အင်း...’’

ထိုအချက်ကိုတော့ သူလဲ မငြင်းနိုင်ဘူး။

‘’မာမီက အကောင်းဆုံးပဲ...”

အသေးလေး က ဂုဏ်ယူစွာနဲ့ ဆက်ပြောတယ်...“

ဒါဆို ဒယ်ဒီသာ ခဏခဏအိမ်ပြန်လာရင် မာမီချက်တဲ့ စားကောင်းတာတွေကို ခဏခဏစားရတော့မှာ...”

အသေးလေးက အစားအစာတွေကိုအသုံးချပြီး သူ့ဒယ်ဒီအိမ်ကို မကြာခဏပြန်လာစေဖို့ ကြိုးစားနေတယ်။

သူ့ရည်ရွယ်ချက်ကို ကျိယန် မသိပဲဘယ်နေပါ့မလဲ။သူ့ နှလုံးသားကပျော့ပြောင်းသွားပြီး အသေးလေးရဲ့ခေါင်းကိုပွတ်ပေးလိုက်တယ်။

“အိုကေ... ဒက်ဒီ အိမ်ကိုခဏခဏပြန်လာဖို့ ကြိုးစားပါ့မယ်...”

အသေးလေးက သူကိုမကြာခဏတွေ့ချင်နေမှန်း သူသိနေတယ်။ ဒါပေမယ့် သူကစစ်သားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တာဝန်ကိုမေ့ထားလို့မရပေ။ ပုံမှန်ဖခင်တွေလို ကလေးနားမှာ အမြဲမနေနိုင်ဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး သူအမြဲအပြစ်ရှိသလို ခံစားရတယ်။

သူ တပ်ထဲကထွက်လိုက်ရင်ကော...

ကျိယန်. သူ့အတွေးကို လက်လျော့လိုက်တယ်။

မနက်စာစားပြီးတဲ့နောက် အသေးလေးက ကျောပိုးအိတ်ကိုလွယ်ပြီး ထန်ထန့် ကိုခေါ်လိုက်တယ်

“ မာမီ မြန်မြန်လေး ဒီနေ့ ဒယ်ဒီကသားကို ကျောင်းလိုက်ပို့မှာ သားတို့ ဒယ်ဒီ့ .ကားပေါ်မှာထိုင်ကြမယ် ဒယ်ဒီ့ကားက အကြီးကြီးပဲ...”

ပြောရင်း အသေးလေးက သူ့လက်မောင်းနဲ့ ကြီးမားတဲ့စက်ဝိုင်းပုံစံကိုလုပ်ပြနေတယ်။

သူမ  ကျိယန် ကို မရေရာစွာ ကြည့်လိုက်တယ်။

သူက သူမကိုကောလိုက်စေချင်ရဲ့လားမသိဘူး...သူမ ခြေထောက်ဒဏ်ရာကြောင့် သူတို့တွေကိုနှောင့်နှေးစေနိုင်မလား...

ကျိယန် က သူမကိုခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်တယ်

“အားလုံးတူတူသွားကြရအောင်...”

ထန်ထန် စိတ်ထဲမှကြိတ်ပျော်သွားပြီး... ကျိယန် စိတ်ပြောင်းသွားမှာကြောက်တာကြောင့် ဖိနပ်အမြန်လဲလိုက်တာ အသေးလေးထက်တောင် အရင်ပြီးသွားတော့တယ်။

ကျိယန် က SUV အမျိုးအစားဖြစ်တဲ့ကားကိုမောင်းလာတယ်။ အဲဒါက ကျယ်၀န်းပေမယ့်လဲ အားနည်းချက်တစ်ခုရှိသည်။ ခြေနင်းခုံက အရမ်းမြင့်လွန်းတာပဲဖြစ်တယ်။ ဒဏ်ရာရထားတဲ့ သူမလိုလူအတွက်အဲ့ဒါက ခြေထောက်လှမ်းလို့မရအောင်မြင့်လွန်းနေတယ်။

သူမငိုချင်ရင်တောင် မျက်ရည်မကျနိုင်ဘူးဖြစ်နေတယ်။ နှစ်ကြိမ်လောက်ကြိုးစားပြီးနောက် သူမ မတက်နိုင်သေးပဲဖြစ်နေပြီး သူမမျက်နှာကအနီရောင်ပြောင်းလာတော့တယ်။

ရှောင်ကျိုး ကို ကားပေါ်တင်ပေးပြီးနောက် ကားပေါ်တက်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ သူမကို ကျိယန် သတိထားလိုက်မိတယ်။ အကြောင်းတစ်ချို့ကြောင့် သူမကိုကြည့်ရင်း သူရယ်ချင်စိတ်ဖြစ်ပေါ်လာတယ်။

သူမကို နှစ်စက္ကန့်လောက်ကြည့်ပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူမနားကိုလျောက်သွားလိုက်ကာ ခါးကနေပွေ့၍ ကားပေါ်ကိုတင်ပေးလိုက်တယ်။ အဲ့ဒါက ရှောင်ကျိုး ကိုချီရသလိုပဲ အရမ်းလွယ်တယ်။

ထန်ထန် ထိတ်လန့်သွားပြီးနောက် မျက်နှာကထိန်းမရပဲ နီရဲလာတယ်။ သူမ တကိုယ်လုံးပူလောင်နေသလိုခံစားလိုက်ရတယ်။ အဲ့ဒါက ယောကျာ်းတစ်ယောက်က သူမကိုပွေ့ချီတဲ့ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။ သူမက အတတ်နိုင်ဆုံးကြိုးစားပြီး တည်ငြိမ်အောင်ထိန်းထားပေမယ့်လဲ သူမနှလုံးသားက အပြင်ကိုခုန်ထွက်လာမတတ်ခံစားနေရတယ်။

ကျိရှောင်ကျိုး သူမနဖူးကိုစမ်းလိုက်ပြီး စိုးရိမ်စွာနဲ့ပြောလာတော့တယ်

“မာမီ, နေမကောင်းဘူးလား ဘာလို့မျက်နှာက အရမ်းနီနေတာလဲ...”

ထန်ထန်ရဲ့ကိုယ်အပူချိန်ပြန်မြင့်တက်လာပြီး သူမပါးကိုလက်နဲ့အုပ်လိုက်ကာ

“ မာမီမဖျားပါဘူး မာမီက ပူလို့ပါ...”

‘’တကယ်လား အဲ့ဒါဆို သားယပ်ခပ်ပေးမယ်...”

အသေးလေးက သူ့လက်လေးတွေဖြင့် ကြိုးစားပမ်းစား ယပ်ခတ်ပေးနေတယ်...

သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ကားမောင်းသူနေရာက ကျိယန် ကိုလှမ်းကြည့်လိုက်တယ်။ သူမနဲ့အသေးလေးပြောနေတာတွေကို သူသတိမထားမိဟန်ရှိတဲ့အတွက် သူမတိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်။ သူမ ရှောင်ကျိုးရဲ့ လက်လေးတွေကိုတားလိုက်ပြီး

“ ရပါပြီ... ရပါပြီ မာမီမပူတော့ပါဘူး ပေါင်ပေါင်လေးကို ကျေးဇူးတင်ပါတယ်...”

အသေးလေးက သူမအဆင်ပြေတာ သေချာမှ သူ့လက်လေးကိုရပ်လိုက်တော့တယ်။

-  - - - - - - - - - - - - - - - - - -

မူကြိုကိုရောက်တဲ့အခါ အသေးလေးအထဲထိဝင်သွားတာကို သူမတို့နှစ်ယောက်သားကြည့်ပြီးတဲ့နောက် အိမ်အပြန်လမ်းတွင် ကျိယန်က မေးလိုက်တယ်

“ မင်း၀ယ်ချင်တာတစ်ခုခုရှိလား... မပြန်ခင်ဝင်ဝယ်သွားလို့ရတယ်....”

မနေ့ညက အသေးလေးက သူမနဲ့စျေးဝယ်ထွက်တုန်း အဆင်မပြေဖြစ်တာတွေကို သူ့အားပြောပြထားတယ်။ သူပြန်ရောက်နေမှတော့ သူမစျေးဝယ်တာကိုကူညီပေးနိုင်တယ်လေ။

" ရေခဲသေတ္တာထဲမှာ စားစရာတွေသိပ်မရှိတော့ဘူး။ ကျွန်မတို့နည်းနည်းလောက်ထပ်ဝယ်သင့်တယ်...”

ထန်ထန် သူပြောတာကိုလက်ခံလိုက်တယ်။ ဘာလို့လဲဆိုတော့ သူမတစ်ယောက်ထဲဆိုအဆင်မပြေနိုင်ဘူးလေ။

ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး စူပါမားကတ် ကားပါကင်နေရာကို မောင်းသွားလိုက်တယ်။ သူက စူပါမားကတ်ထဲကိုဝင်တဲ့အခါမှာ သူမရဲ့အရှိန်အတိုင်းလိုက်လျောညီထွေဖြစ်အောင် ဖြေးငြင်းစွာလျောက်ပေးနေတယ်။ သူခြေတံရှည်တွေနဲ့ ခရုအရှိန်ပေါ့။

ထန်ထန်က သူ့လုပ်ရပ်ကိုသတိပြုမိလိုက်ပြီး ကျိယန်  ကအရမ်းကောင်းတဲ့သူပဲလို့ တွေးနေမိတယ်။ ဆွဲဆောင်မှုရှိပြီး နားလည်ပေးတတ်တဲ့  ဒီအမျိုးသားက သူမခင်ပွန်းပေါ့။ သူမစိတ်ထဲ ချိုမြိန်မှုတွေနဲ့ပြည့်နှက်နေတယ်။

ဒီတစ်ကြိမ်တော့ သူကအသားတွေအများကြီးဝယ်လိုက်တယ်။ ကြက်သား, ဘဲသား, ငါး, အမဲသား ပြီးတော့ ၀က်သား စတာတွေပေါ့။ သူမက ကျိယန် အသားစားရတာကြိုက်တာကိုသတိထားမိတယ်။ ဒီအပိုင်းကတော့ သူတို့သားအဖနှစ်ယောက်လုံး တစ်ပုံစံတည်းပဲဖြစ်တယ်။

သူမ အသားတွေဝယ်ပြီးတဲ့အခါမှာတော့ နေ့စဉ်သုံးပစ္စည်းတွေဘက်ကို သွားလိုက်တယ်။ သတိမထားမိပဲ စျေးဝယ်တွန်းလှည်းက ပြည့်နေပြီဖြစ်တယ်။ သူမတို့က အိတ်ကြီးနှစ်အိတ်နဲ့ဆန့်အောင်ထည့်လိုက်တယ်။

သူမက တစ်အိတ်ကိုသယ်ပေးဖို့ပြင်လိုက်ချိန်မှာပဲ ကျိယန်ပြောတာကိုကြားလိုက်ရတယ်

“ မင်းအဲ့ဒါတွေကို သယ်နိုင်မှာမဟုတ်ဘူး, ကိုယ်အိတ်တွေကိုသယ်လိုက်မယ်...”

ထို့နောက် သူ အိတ်တွေကိုပေါ့ပါးစွာနဲ့ ထွက်ပေါက်ဆီကိုသယ်သွားတယ်။

မထင်မှတ်ပဲ, သူမအရင်တစ်ခေါက်က စူပါမားကပ်ကိုလာတုန်းကအချိန်ကို သတိရသွားမိတယ်။ အဲ့ဒီတုန်းကဆိုရင် သူမနဲ့အသေးလေးအတွက် တစ်အိတ်ကိုအတူတူသယ်ဖို့တောင် တော်တော်ခက်ခဲခဲ့တာပဲ။ သူမတို့နှစ်ယောက်လုံး အိမ်ကိုပြန်ရောက်တဲ့အခါမှာ ချွေးအပြည့်ဖြစ်နေခဲ့ကြတာ။ ပြီးတော့ အသေးလေးက သူ့ဒယ်ဒီပါလာရင်ကောင်းမှာပဲလို့ပြောခဲ့သေးတယ်။ အသေးလေးပြောတဲ့ အဲ့ဒီစကားကို သူမလုံး၀သဘောတူတယ်။

“အကို ကျိယန်…”

သူမတိတ်တဆိတ်ပြုံးလိုက်ချိန်မှာပဲ အမျိုးသမီးတစ်ယောက်အသံက သူမအတွေးတွေကို ဖြတ်တောက်လိုက်တယ်။

Part 13

ထန်ထန်. ကြည့်လိုက်တဲ့အခါမှာ အကျီဆိုင်တစ်ခုမှထွက်လာတဲ့ လှပတဲ့အမျိုးသမီးနှစ်ယောက်ကို တွေ့လိုက်တယ်။ သူတို့ထဲက တစ်ယောက်က သူမတို့ဆီကိုဦးတည်ပြီး လမ်းလျောက်လာတာကိုတွေ့လိုက်တယ်။

ကျိယန် ကသူ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး အဲ့ဒီအမျိုးသမီးကိုအသာလေးပြုံးပြကာ

“ ယန်ရန်...”

လို့ခေါ်လိုက်တာကို ကြည့်ခြင်းအားဖြင့် သူနဲ့သိတယ်ဆိုတာ သူမသေချာသွားတယ်။

‘’အကို ကျိယန် ...ရှင်…’’

ယန်ရန် က ကျိယန် နောက်မှာရပ်နေတဲ့ ထန်ထန် ကိုတွေ့သွားပြီးနောက် စကားပြောတာရပ်သွားတယ်။

သူမလာတဲ့ဘက်ခြမ်းကဆိုရင်ကွယ်နေတာကြောင့် ထန်ထန် ကိုချက်ချင်းမတွေ့နိုင်ဘူး။ သူမ အမူအရာကတွန့်ဆုတ်သွားပြီးနောက် ကျိယန် ကိုချက်ချင်းပြုံးပြလိုက်ကာ

“ ဒီနေ့က အကို့အားလပ်ရက်လား စူပါမားကပ်မှာ စျေးလာဝယ်တာလား...”

“အင်း... အားလပ်ရက်လေ...”

ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်။ သူ ထန်ထန့် ရဲ့လက်ထဲက အထုတ်တွေကိုကြည့်လိုက်ပြီး ထွက်ခွာသွားဖို့ပြင်လိုက်တယ်။

“ မင်းအလုပ်များနေတယ် မဟုတ်လား ငါတို့လဲသွားလိုက်ဦးမယ်...”

“အာ…မသွားပါနဲ့ဦး..."

စကားဆုံးတာနဲ့ သူထွက်သွားမယ်လို့ ယန်ရန် မထင်မိပေ။ သူမကချက်ချင်းပဲ သူ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်။ ဒါပေမယ့် ကျိယန် မျက်မှောင်ကြုတ်လိုက်တာကို မြင်လိုက်ပြီး ချက်ချင်းပဲ လက်ကို သူမပြန်လွှတ်လိုက်ရတယ်။

သူမဆံပင်တွေကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း ပြုံးလိုက်ကာ...

“ တိုက်ဆိုင်လိုက်တာနော်, ကျွန်မလဲဒီနေ့ အားလပ်ရက်လေ, ကျွန်မတို့တွေ တွေ့နေမှတော့ နေ့လည်စာအတူတူသွားစားကြရင်ကောင်းမလား...ကျွန်မတို့နှစ်ယောက်လုံး အတူတူမစားဖြစ်တာကြာပြီလေ...”

ကျိယန် က ထန်ထန် ကိုကြည့်လိုက်ပြီး ခေါင်းကိုယမ်းကာ ငြင်းလိုက်တယ်

“ တော်ပြီ နောက်တစ်ခေါက်မှပေါ ငါတို့နေ့လည်ပိုင်းတခြားလုပ်စရာတွေရှိသေးလို့...”

“အိုး…ကိစ္စမရှိပါဘူး...”

ကုယန်ရန် က ထန်ထန် ကိုကြည့်လိုက်ပြီးနောက်

“ ဒါဆို နောက်တစ်ခါ အကို့ကျန်းမာရေးစစ်တဲ့အချိန်ကျမှပဲ အတူတူစားကြတာပေါ့၊ အခွင့်အရေးတွေရှိပါသေးတယ်...”

ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်

“ ကောင်းပြီ ငါတို့သွားလိုက်ဦးမယ်...”

ပြောပြီးသည်နှင့် ထန်ထန်နဲ့ အတူ ထွက် သွားတော့တယ်။

- - - - - - -

ကားထဲမှာထိုင်ပြီးနောက် ထန်ထန် က သူမတို့ဆုံခဲ့တဲ့ အမျိုးသမီးအကြောင်းကိုတွေးနေမိတယ်။ သူမရဲ့မသိစိတ်မှ ဒီအမျိုးသမီးက နည်းနည်းထူးဆန်းမှန်း ခံစားမိတယ်။ သူမအတိအကျ မပြောတတ်ပေမယ်လဲ အဲ့လိုပဲခံစားနေရတာဖြစ်တယ်။

ဒါပေမယ့် အဲ့အမျိုးသမီးက အတော်လေးတော့လှတယ်, သူမက အရပ်ရှည်ပြီး ကြည့်ကောင်းတဲ့ရုပ်ရည်ရှိတယ်။ သူမအသားကနူးညံ့ပြီးဖြူဖွေးနေသလို ဆံပင်ကလဲနက်မှောင်ပြီးလှပတယ်။ သူမက တော်၀င်မင်းသမီးနဲ့တောင်တူနေသေးတယ်။ သူမနဲ့ယှဉ်လိုက်ပြီး သူမကိုယ်သူမ ရွှံ့တုံးတစ်တုံးနဲ့တူတယ်လို့တောင် ခံစားလိုက်မိတယ်။

သူမ သက်ပြင်းချလိုက်မိတယ်။ ကွာခြားချက်က အရမ်းကြီးမားတာပဲ။

မသိစိတ်ဖြင့်  သူမမျက်နှာကိုကိုင်လိုက်မိတဲ့ အချိန်မှာပဲ ကမ္ဘာကြီးကအရမ်းရက်စက်တာပဲလို့ သူမထင်လိုက်မိတယ်။ သူမနှလုံးသားလေး အရမ်းနာကျင်လိုက်တာ။

ပေါင်ပေါင့်ဒယ်ဒီ ဘာတွေးခဲ့လဲဆိုတာ သူမတကယ်ကိုအံ့ဩမိတယ်။ ဘာလို့သူက ရုပ်ဆိုးတဲ့သူကိုလက်ထပ်ရတာလဲ... ဖော်ပြလို့မရတဲ့ ရောဂါတွေများရှိလို့လား...

သူမအနေနဲ့ ကျိယန် ဘက်က အကျိုးအမြတ်ကို ဘယ်လိုမှစဉ်းစားလို့မရဘူး ဖြစ်နေတယ်။ သူ့ပုံစံကနေ သူမဘာမှခန့်မှန်းလို့မရတဲ့အတွက် သူမခေါင်းကိုသာနှိပ်လိုက်မိပြီး ဒီအကြာင်းကိုဆက်မစဉ်းစားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုနည်းနဲ့မှ သူမနားမလည်နိုင်ဘူး။ ပြီးတော့ သူမထုတ်မေးလို့ရတဲ့ မေးခွန်းလဲမဟုတ်ဘူး။

ကိစ္စမရှိပါဘူး။ သူမအဲ့ဒီအကြောင်းကို မေ့လိုက်သင့်တယ်။ သူမက ဇနီးတစ်ယောက်ဖြစ်နေမှတော့ ဇနီးကောင်းတစ်ယောက်လုပ်ရမှာတွေကိုပဲ အာရုံစိုက်သင့်တယ်။ အရာအားလုံးအတွက် ဖြစ်လာတော့မှပဲ သူမဆုံးဖြတ်ချက်ချလိုက်တော့မယ်။

ရုတ်တရက်ပဲ မနက်ဖြန် အသေးလေးရဲ့မူကြိုမှာ ပွဲရှိတာသူမသတိရသွားတယ်။ သူမမှတ်ထားတာ မမှားဘူးဆိုရင် အသေးလေးက အဲ့မှာဖျော်ဖြေမှာဖြစ်တယ်။ ပြီးတော့ ကျိယန် ပြန်ရောက်နေပြီဆိုတော့ သူကအဲ့ပွဲကိုတက်ပြီး အသေးလေးကိုအားပေးလို့ရတယ်လေ။

“ယောကျာ်း ...မနက်ဖြန် ပေါင်ပေါင့် မူကြိုမှာပွဲရှိတယ်, ဆရာမက ကျွန်မတို့ကိုအရင်ကတည်းက လာဖို့ဖိတ်ထားပြီးသား, ရှင်သွားဖို့အချိန်ရှိလား...’’

ကျိယန်က စဉ်းစားမနေပဲ ချက်ချင်းခေါင်းငြိမ့်လိုက်တယ်

“ ကိုယ့်မှာ အချိန်ရှိတယ်...”

သူဒီနှစ်ဒီမှာရှိနေတဲ့အတွက် သွားပြီးကြည့်ရမှာပေါ့။

“အဲ့ဒါကောင်းတယ်, ကောင်းတယ်, ပေါင်ပေါင်တော့ အသေအချာကြီးကို ပျော်နေတော့မှာပဲ...”

သူမက ပေါင်ပေါင့်ပုံစံလေးကို စိတ်ထဲပုံဖော်မိရင်း ပြုံးလိုက်မိတယ်။ သူမက ကလေးတစ်ယောက်လို ပြုံးနေတာပဲဖြစ်တယ်။

ကျိယန် သူမ ရဲ့အပြုံးကို ရုတ်တရက်ကြည့်လိုက်မိတယ်။ သူ့နှလုံးသားထဲ ထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်သွားပြီး သူနှုတ်ခမ်းတွေကိုစေ့လိုက်မိတယ်။

သူတို့အိမ်ပြန်ရောက်တဲ့အခါ နေ့လည်ခင်းရောက်နေပြီဖြစ်တယ်။ ကျိယန် ဗိုက်ဆာနေမှာကို သူမစိုးရိမ်နေမိတယ်။ အဲ့ဒါကြောင့် သူမကချက်ချင်းပဲ မီးဖိုချောင်ထဲ၀င်သွားကာ သူမတို့၀ယ်လာတာတွေနဲ့ စတင်ချက်ပြုတ်တော့တယ်

“ ယောကျာ်း, နေ့လည်စာအတွက် ကျွန်မဟင်းပွဲနှစ်ပွဲနဲ့ စွပ်ပြုတ်တစ်ပွဲလုပ်လိုက်မယ်, အဲ့ဒါလောက်တယ်မဟုတ်လား..."

‘’အင်း...” 

ကျိယန်က သူ့အတွက်အစားအသောက်ကို အထူးတလည်မတောင်းဆိုဘူး။ သူ့အကျီလက်ကိုခေါက်တင်လိုက်ပြီး ထန်ထန့် နောက်ကနေလိုက်ခဲ့တယ်

“ ကိုယ်မင်းကို ကူညီပေးမယ် ဘာလုပ်ရမလဲပဲပြော...”

ထန်ထန် သူမကိုယ်လုံးလေးနဲ့ မီးဖိုချောင်၀င်ပေါက်မှာ ပိတ်ရပ်လိုက်ပြီး လက်ကိုယမ်းလိုက်တယ်

“ မလိုပါဘူး ရှင့်အလုပ်ကပင်ပန်းတာကို, အခုက ရှင့်အားလပ်ရက်မို့လို့ သွားပြီးတော့သာ အနားယူလိုက်ပါ အဲ့ဒါကမကြာပါဘူး, အားလုံးအဆင်သင့်ဖြစ်ရင် ကျွန်မရှင့်ကိုခေါ်လိုက်ပါမယ်...”

သူကအပြင်မှာအလုပ်လုပ်နေရတာဖြစ်တယ်။ အဲ့ဒါကို ဘယ်လိုလုပ်ပြီးတော့များ သူ့ကိုအိမ်အလုပ်တွေလုပ်စေနိုင်မှာလဲ။ မဟုတ်ရင် ဘာမှမလုပ်လို့ အသုံးမ၀င်တဲ့သူက သူမပဲဖြစ်လိမ့်မယ်

သူက လမ်းပိတ်ခံလိုက်ရပြီး သူ့အနေနဲ့ကူညီရမလား ထွက်သွားရမလား မသိတော့ဘူးဖြစ်နေတယ်။ သူမရဲ့ဒီလိုအပြုအမူတွေက သူ့ကိုဘာလုပ်ရမှန်းမသိဖြစ်စေတယ်။ သူက ဆိုးသွမ်းပြီးအဆင်မပြေဖြစ်နေရာမှ ရုတ်တရက်ကြီး လိမ်မာ နူးညံ့ ကောင်းမွန်တဲ့ဇနီးဖြစ်လာတဲ့ သူမကိုအသားမကျဘူးဖြစ်နေတယ်။

ကျိယန် ခံစားချက်မရှိပဲ ရပ်နေတာကိုမြင်လိုက်ပြီး သူမ ဗျာများသွားတယ်။ သူ မီးဖိုချောင်ထဲကို တကယ်ကြီးဝင်လာမှာကိုကြောက်ပြီး သူမက သူ့လက်မောင်းကိုအသာတွန်းလိုက်ရင်း

“ သွားပြီးအနားယူလိုက်ပါ ယောကျာ်းရယ် ကျွန်မတစ်ယောက်တည်းအဆင်ပြေပါတယ်...”

နူးညံ့တဲ့လက်တွေကလာထိလိုက်တဲ့အခါ ကျိယန် တောင့်တင်းသွားတော့တယ်။ သူကချက်ချင်းပဲအနောက်ကိုဆုတ်လိုက်ပြီး သူမလာထိတာကိုရှောင်လိုက်တယ်။ သူမက သူ့ကိုမီးဖိုချောင်ထဲမဝင်ဖို့ အတင်းအကျပ်ပြောနေတာကြောင့် သူကလှည့်လိုက်ပြီး ဧည့်ခန်းထဲကိုသာသွားလိုက်တော့တယ်။

ထန်ထန် သူထွက်သွားတာကိုတွေ့လိုက်ပြီးမှ အသာလေးသက်ပြင်းချလိုက်တယ်။ သူမက မီးဖိုချောင်ထဲကို၀င်လိုက်ပြီး ပေါင်ပေါင့် ဒယ်ဒီအတွက် အရသာရှိတာတွေလုပ်ဖို့ကိုသာ အာရုံစိုက်လိုက်တယ်။

သူမစပြီးချက်ပြုတ်လိုက်တာနဲ့တပြိုင်နက် အရာအားလုံးကိုမေ့သွားပြီး သူမရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲကို၀င်ရောက်သွားတော့တယ်။ အဲ့ဒါကြောင့် သူမက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကျိယန်ကိုမေ့သွားတော့တယ်။ အဲ့ဒါကြောင့်ပဲ သူမကိုစိုက်ကြည့်နေတာကို သတိမထားမိတော့ပေ။

ကျိယန် က မီးဖိုချောင်ထဲမှ သူမရဲ့လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေတယ်။ မရင်းနှီးတဲ့ခံစားချက်တွေက သူ့နှလုံးသားထဲကိုဝင်ရောက်လာတယ်။ ရုတ်တရက်ပဲ အခုဖြစ်နေတာတွေက အိမ်မက်တွေလိုပဲလို့ သူခံစားမိနေတယ်။ မဟုတ်ရင်, သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ပြီးတော့များ အေးအေးချမ်းချမ်းနဲ့ ဖြစ်နေမှာလဲ အဲ့ဒါက အရမ်းကိုငြိမ်သက်နေပြီး သာမန်ဇနီးမောင်နှံတွေလိုဖြစ်နေပုံရတယ်။

သူ့မှတ်ညဏ်ထဲမှာ, သူတို့တွေက အမြဲတမ်းတစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုထားခဲ့ကြတာ။ သူတို့တွေက အတူတူနေကြတဲ့ သူစိမ်းတွေလိုပါပဲ။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုတဲ့အချိန်က... သူမမူးလာရင် ရှောင်ကျိုး ကိုမခြောက်လန့်မိအောင် သူမကိုထိန်းသိမ်းရတဲ့အချိန်ပဲဖြစ်တယ်။

သူမကိုကွာရှင်းဖို့သူတွေးခဲ့ဖူးပါတယ်။ သူမလိုမိခင်မျိုးနဲ့ရှိနေမယ့်အစား သူမမရှိတာက ကလေးအတွက်ပိုကောင်းနိုင်မယ်။ ဒါပေမယ့်လဲ အသေးလေး က အမြဲတမ်းသူကိုပေးလာမယ့် မိခင်မေတ္တာကို မျှော်လင့်နေခဲ့တာကြောင့် သူ တွန့်ဆုတ်နေခဲ့တာဖြစ်တယ်။ သူ  ကလေးကိုမနာကျင်စေလိုတဲ့အတွက် သူမကိုစိတ်ရှည်ပေးခဲ့တာဖြစ်တယ်။

ရှောင်ကျိုး အသက်ကြီးလာတဲ့အထိစောင့်ပြီးမှ သူမကိုကွာရှင်းဖို့သူစီစဉ်နေခဲ့တာဖြစ်တယ် ဒါမှလဲ ဘာကြောင့်မိဘတွေ ကွာရှင်းရလဲဆိုတာကို ကလေးက နားလည်နိုင်လိမ့်မယ်

ဒါပေမယ့် ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့ ဘယ်သူသိမှာလဲ, သူမကရုတ်တရက်ကြီးပြောင်းလဲသွားပြီး ပိုကောင်းမွန်လာတယ်။ ဘယ်လိုမျိုးပြောင်းလဲလာသလဲဆိုတာ သူမသိပေမယ့်လဲ သူမသာအနာဂတ်မှာဒီအတိုင်းပဲဆိုရင် သူတို့လက်ထပ်ထားတာလဲပြောင်းလဲမှာမဟုတ်တော့ဘူး။ ရှောင်ကျိုး က မိဘနှစ်ပါးလုံးရဲ့မေတ္တာနဲ့ ကြီးပြင်းနိုင်မှာပဲ...အဲ့ဒါက ကလေးလေး အတွက်အကောင်းဆုံးပဲဖြစ်တယ်။

ထိုအချိန်၌ သူ့ ရဲ့အတွေးများကို ဖုန်းမြည်သံကဖြတ်တောက်လိုက်ပါတယ်။ သူက ဖုန်းပေါ်ကနာမည်ကိုတွေ့လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေအပေါ်ကိုကော့တက်သွားတယ်။

“ဟဲလို ကုကျန်းအန်း...”

“ လောင်ဆန်း မင်းအားလပ်ရက်ရတယ်လို့ငါကြားထားတယ် ငါ့ဆီလာလည်ပါဦး မင်းပြန်ရောက်တာတောင် ဖုန်းမဆက်ဘူး ယန်ရန် သာမပြောရင် ငါသိမှာတောင်မဟုတ်ဘူး...”

ကျိယန် က ပေါ့ပါးစွာနဲ့ရယ်လိုက်ပြီး

“ ငါမနေ့ညကမှပြန်ရောက်တာ, အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ ဖုန်းမခေါ်ရသေးဘူး...”

“ ကိစ္စမရှိပါဘူး, မင်းပြန်လာပြီဆိုမှတော့ ငါတို့တွေဆုံရအောင်လေ...”

‘’ကောင်းပြီလေ, သန်ဘက်ခါတွေ့ကြတာပေါ့, မနက်ဖြန် ရှောင်ကျိုး ကျောင်းမှာပွဲရှိလို့....”

“ အိုကေ နောက်တနေ့မှအားမယ်ဆိုတော့ သူ့ကိုပါခေါ်လာဖို့မမေ့နဲဦး ငါ့မိန်းမကလဲ မင်းရဲ့သားလေးကို သတိရနေတာ, သူနဲ့တူတူမကစားရတာကြာပြီလေ...”

ဖုန်းဆက်ပြီးသွားတဲ့အခါမှာတော့ ရှောင်ကျိူး ကျော်ကြားမှုကတော့ အတော်လေးရယ်စရာကောင်းတယ်လို့ထင်မိတယ်။ သူက အကူအညီမဲ့စွာနဲ့ နဖူးကိုနှိပ်နယ်လိုက်ပြီး

“ကောင်းပြီ ငါ့သူ့ကိုခေါ်သွားလိုက်ပါမယ်လေ...”

သူတို့တွေဆုံလိုက်တိုင်း သူ့ရဲ့သွေးသောက်ညီအကိုတွေက ရှောင်ကျိုးကိုခေါ်လာဖို့အမြဲတောင်းဆိုကြတယ်။ အသေးလေးရဲ့လူကြိုက်များမှုကလဲ တော်ရုံကျော်ကြားတာမဟုတ်လေဘူး။

အဲ့ဒီလိုဖြစ်တာကလဲ နားလည်လို့ရပါတယ်။ သူတို့တွေအားလုံးက အသက် ၃၀ နားနီးနေကြပြီဖြစ်ပြီး သူနဲ့ ယွမ်လန် မှာပဲ ကလေးရှိကြတာဖြစ်တယ်။

ဒါပေမယ့်လဲ ယွမ်လန်  ရဲ့အမျိုးသမီးက သူ့ကလေး တုတု ကိုသူတို့တွေတွေ့ဆုံတဲ့အခါတိုင်း ခေါ်လာလေ့မရှိဘူး။ အဲ့ဒါနဲ့ပဲ သူတို့တွေရဲ့အဖိုးတန်လေးက ရှောင်ကျိုး ဖြစ်သွားတော့တာပါပဲ။ သူ့ညီအစ်ကိုတွေရဲ့ အမျိုးသမီးတွေကလဲ ရှောင်ကျိုး ကိုချစ်ကြတယ်။ အဲ့ဒါကြောင့် သူတို့နဲ့တွေ့တိုင်း ကလေးကို ကစားဖို့ခေါ်သွားဖြစ်တယ်။

သူကအသေးလေးကို သန်ဘက်ခါကျရင်ကစားဖို့ခေါ်သွားမှာနဲ့က အချိန်ကိုက်ပဲဖြစ်နေတယ်။

“ယောကျာ်း  နေ့လည်စာအဆင်သင့်ဖြစ်ပြီ, ကျွန်မတို့စားကြရအောင်...”

မီးဖိုချောင်ကနေ ထန်ထန်ရဲ့ခောင်းလေး.ထွက်လာပြီး ဆိုဖာပေါ်မှာထိုင်နေတဲ့ သူ့ကိုလှမ်းပြောလိုက်တယ်။

ကျိယန် အတွေးတွေ ရပ်တန့်သွားပြီး သူ့ဖုန်းကိုချလိုက်ကာ ဟင်းပွဲတွေကိုကူသယ်ပေးဖို့ မီးဖိုချောင်ထဲကိုဝင်သွားလိုက်တယ်။ မွှေးပျံ့နေတဲ့အနံ့တွေက သူနှာခေါင်းထဲကိုတိုးဝင်လာကြတယ်။ စားပွဲပေါ်ကဟင်းပွဲသုံးပွဲကိုကြည့်ရင်း သူ့ရဲ့အစာစားချင်တွေစိတ်တိုးလာပြီး ရှောင်ကျိုး ပြောတဲ့ သူမချက်တာတွေက အရမ်းအရသာရှိတာပဲဆိုတဲ့စကားက အံ့ဩစရာမရှိဘူးဆိုတာ ပြန်တွေးမိသွားတယ်။ အဲ့ဒါကအမှန်ပဲဆိုတာ သူ၀န်ခံရမယ်။

ထန်ထန် သူ့အတွက်ဟင်းချိုပန်းကန်တစ်ခွက်လုပ်ပေးပြီး

“ စွပ်ပြုတ်အရင်သောက်လိုက်, ယောကျာ်း, ဒီစွပ်ပြုတ်က ခန္ဓာကိုယ်အတွက်ကောင်းတယ်”

‘’…ကျေးဇူးတင်ပါတယ်...”

ကျိယန် သူမဆီကနေ စွပ်ပြုတ်ပန်းကန်နဲ့ဇွန်းကိုယူလိုက်ပြီး တစ်ဇွန်းမြည်းကြည့်လိုက်တော့ အဲ့ဒါကအရသာရှိရုံသာမက အနံ့လဲကောင်းမွန်နေတယ်။

ဒီလိုအရည်အချင်းနဲ့ စားသောက်ဆိုင်က စားဖိုမှုးနဲ့တောင် ယှဉ်လို့ရတယ်။

သူ ထန်ထန့်ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ကြည့်လိုက်မိတယ်။

ထန်ထန် က ကျိယန် ရဲ့အမူအရာကို သတိမထားမိပေ။ သူမက သူ့အတွက် ထမင်းတစ်ပန်ကန်ဖြည့်ပေးနေတယ်။ နောက်ပြီး သူမကထမင်းပေါင်းအိုးကိုကိုင်ကာ စောင်းပြလိုက်ပြီး

“ ဒီမှာကြည့်ပါဦးယောကျာ်း, ကျွန်မထမင်းအများကြီးချက်ထားတယ်, တစ်ပန်းကန်ဆို ကျွန်မကတော်ပြီ ကျန်တာအကုန်ရှင်စားလို့ရတယ်, အဲ့ဒါကြောင့်စားမလောက်မှာမပူနဲ့တော့... ရှင်ကြိုက်သလောက်သာစား...”

နောက်ဆုံးတကြိမ်တုန်းက သူဗိုက်ပြည်အောင်မစားခဲ့ရဘူး အဲ့ဒါကြောင့် ဒီနေ့သူ့အတွက်လောက်အောင် သူမကပိုချက်ထားတာဖြစ်တယ်။

ကျိယန် ထမင်းအပြည့်နဲ့ ထမင်းပေါင်းအိုးကိုမြင်လိုက်ရတဲ့အခါ သူ့နှုတ်ခမ်းက တွန့်ကွေးသွားတယ်။ သူမကသူ့ကို မတရားစားတတ်တဲ့အစားပုတ်များထင်နေတာလား...

ဒါပေမယ့်လဲ ဟင်းပွဲတွေကိုသူအရသာတွေ့နေတာဖြစ်တယ်, အဲ့ဒါကြောင့်မထင်မှတ်ပဲ သူက ပန်းကန်လုံးကြီး ၃ လုံးနဲ့အပြည့်စားလိုက်မိတယ်။  ဟင်းပွဲအကုန်လုံးနီးပါးလဲ သူ့ဗိုက်ထဲသာရောက်ကုန်တော့တယ်။ အဲ့အချိန်မှာ ထန်ထန် က သူ့ပန်းကန်ထဲကို ထမင်းထပ်ထည့်ပေးလိုက်တယ်။ ထမင်းအိုးထဲမှာ ထမင်းသိပ်မကျန်တော့တာကို ရုတ်တရက်တွေ့လိုက်ပြီး သူလန့်သွားတော့တယ်။ သူအဲလောက်တောင်စားလိုက်တာလား?

ကျိယန် ပြောစရာစကားပျောက်ရှသွားတယ်။

ပေါင်ပေ့ ၀လာတာကို မအံ့ဩတော့ပါဘူးလေ။ သူမရဲ့ ချက်ပြုတ်မှုနဲ့ ဂရုစိုက်မှုတွေအောက်မှာ ကိုယ်အလေးချိန်မတက်ဖို့ဆိုတာ တော်တော်လေးခဲယဉ်းလိမ့်မယ်။ ကံကောင်းစွာနဲ့ သူကနေ့တိုင်းလေ့ကျင့်ခန်းလုပ်နေလို့ပေါ့ မဟုတ်ရင် အသေးလေး လိုပဲ သူလဲကိုယ်အလေးချိန်တွေတက်လာနိုင်တယ်။

သူ ရှောင်ကျိုး အတွက် ကိုယ်ကာယလေ့ကျင့်ခန်း အချိန်ဇယားတွေဆွဲပေးသင့်ပြီလား.... သူမသာ အဲ့လိုသာဆက်တိုက်ကျွေးနေမယ်ဆိုရင် ရှောင်ကျိုး တစ်ယောက် မကြာခင်မှာ အသားဘောလုံးဖြစ်လာလိမ့်မယ်။

မူကြိုကျောင်းမှာ...

ကျိရှောင်ကျိုးတစ်ယောက် ရုတ်တရက်နှာချေလိုက်မိပါတယ်။ သူ့မာမီတော့ သူ့အကြောင်းတွေးနေတာဖြစ်မယ်လို့ တဖက်သတ်အတွေးတွေဝင်နေပါတော့တယ်။

-  - - - - - - - - - - - - - - - - - -

မူကြိုဆင်းချိန်၌

ကျိရှောင်ကျိုး က အပြေးအလွှားဖြစ်နေပြီး ပျော်နေတဲ့ငှက်ပေါက်လေးနဲ့တူနေပါတယ်။ ကျောင်းဂိတ်၀မှာရပ်နေတဲ့ မိဘနှစ်ယောက်လုံးကို မြင်ပြီးနောက် သူ့အပြုံးကအရမ်းကြီးမားလို့နေတယ်။

“ဒယ်ဒီ-မာမီ...“

အသေးလေးက ခါတိုင်းလိုရုပ်တည်လေးနဲ့မဟုတ်တော့ပေ။ သူက ကျိယန်နဲ့ ထန်ထန်ရဲ့ လက်ကို တစ်ဖက်စီမှာတွဲထားလိုက်တယ်။

ဒါက အသေးလေး အရမ်းပျော်နေတာကို သူမ မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ အသေးလေးက သူ့အဖေသူ့ကိုမူကြိုမှာလာခေါ်တာကို အရမ်းသဘာကျပုံပေါ်တယ်။ မဖြစ်နိုင်မှန်းသိပေမယ့်လဲ သူသာနေ့တိုင်းလာကြိုနိုင်ရင် အရမ်းကောင်းမှာပဲလို့တွေးမိတယ်

ကျိယန် က စစ်သားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အားလပ်ရက်တွေက အကန့်အသတ်နဲ့ဖြစ်တယ်။ သိပ်မကြာခင်ရက်တွေမှာ သူကပြန်သွားရမှာပဲဖြစ်တယ်။ သူမသက်ပြင်းချလိုက်မိတယ်။ အဲ့အချိန်ရောက်လာရင် အသေးလေးတော့ သူ့အဖေနဲ့ခွဲရဖို့အတွက် ခက်ခဲဦးမှာပဲ။

“မာမီ သားတို့ဒီညအတွက် ဘာတွေရှိလဲ...’’

ရှောင်ကျိုး က ကားထဲရောက်ရောက်ချင်း ညစာအကြောင်းကိုတွေးနေပြီဖြစ်တယ်။

“ပောင်ပောင် ဘာကြိုက်လဲ... မာမီ သားအတွက်လုပ်ပေးမယ်လေ... "

ရှောင်ကျိုး  က ဒီစကားကိုစောင့်နေတာပဲဖြစ်တယ်။ သူက သူလက်ချောင်းတွေကိုရေတွက်ရင်း

“မာမီ, သားစားချင်တာတွေက ကြက်တောင်ပံရယ်, ၀က်နံရိုးရယ်, ပြီးတော့ ..."

သူ့ရဲ့ စာရင်းတွေကမပြီးသေးခင်မှာပဲ ကျိယန်က ကြားဖြတ်ပြီးပြောလိုက်တယ်

“ ပေါင်ပေ့ ဒယ်ဒီတို့ ဒီည အိမ်မှာမစားကြဘူး...”

‘’ဟင်...’

ထန်ထန် နားမလည်ဘူးဖြစ်သွားတယ်။ ရုတ်တရက်ပဲ သူမတို့ကအိမ်ပြန်တဲ့လမ်းပေါ်မှာ မဟုတ်ဘူးဆိုတာ သတိပြုမိသွားပြီး စိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်တယ်

“ ယောကျာ်း, ကျွန်မတို့ဘယ်သွားနေကြတာလဲဒါကအိမ်ပြန်တဲ့လမ်းမဟုတ်ဘူးလား...’’

ရှောင်ကျိုး ကလဲ အတူတူပဲ သတိပြုမိသွားတယ်။ သူက မီးလုံးလေးလင်းသွားသလိုနဲ့ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်တယ်။ သူ အမြန်ပဲ ကျိယန် ကိုမေးလိုက်တယ်

“ ဒယ်ဒီ, သားတို့ကို စားလို့ကောင်းတဲ့နေရာကိုခေါ်သွားမလို့လား ရေခဲမုန့်တွေပါရှိတဲ့နေရာလား...”

“အင်း...”

ကျိယန် အဖြေပေးလိုက်တယ်။

‘’ဝါး..."

အသေးလေး က အံ့ဩတကြီးနဲ့အော်လိုက်တယ်။ သူကချက်ချင်းပဲ သူ့အစားအသောက်စာရင်းကိုမေးသွားကာ

“မာမီ ဒယ်ဒီက သားတို့ကိုစားလို့ကောင်းတဲ့နေရာကို ခေါ်သွားမှာတဲ့, အဲ့ကရေခဲမုန့်ကအရမ်းစားကောင်းတာပဲ...’’

သူမ ဒီကမ္ဘာကိုရောက်ကတည်းက အပြင်မှာတစ်ခါမှမစားဖူးတာကြောင့် အနည်းငယ်စိတ်ဝင်စားသွားတယ်။

“မာမီ ရေခဲမုန့်က အရမ်းကောင်းတာ သားအဲ့ဒါကို ခဏခဏစားဖူးတယ်..."

“ နောက်ပြီးတော့ အရသာနှစ်ခုစားလို့ရတယ်, မာမီ သားတို့နှစ်ယောက်လုံး အရသာမတူတာစားကြမယ်လေ, အဲ့မှာ စတော်ဘယ်ရီရယ် ဗနီလာရယ် ပြီးတော့ ချောကလက်အရသာရယ်ရှိတယ်...”

ထန်ထန် က သူ့သဘောအတိုင်းလက်ခံဖို့ပြင်လိုက်ချိန်မှာပဲ အရှေ့ခန်းမှ ကျိယန်က တည်ငြိမ်စွာ့ပြောလိုက်တယ်

“ကျိရှောင်ကျိုး...သားက ရေခဲမုန့်နှစ်ဇွန်းစာ စားချင်တာလား...’’

သူ့ဒယ်ဒီက သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်တာကိုကြားလိုက်တာနဲ့  လိမ်မာပါးနပ်စွာနဲ့ သူ့လက်တွေကိုအနောက်သို့ပို့လိုက်ပြီး သူ့မျက်လုံးထဲ သနားစရာအလင်းတန်းလေးဖြတ်သွားလေတယ်။

“ ဒယ်ဒီ သားပြောတာမှားသွားလို့ပါ သားက ကလေးပဲရှိသေးတယ်, အဲ့ဒါကြောင့် ရေခဲမုန့်တစ်ဇွန်းစာပဲစားလို့ရတယ်, အများကြီးစားရင် သားအတွက်မကောင်းဘူးလေနော် ဒါပေမယ့် မာမီကျတော့ အရွယ်ရောက်နေပြီလေ သူမက နှစ်ဇွန်းအပြည့်စားလို့ရတယ်လေ...”

ကျိယန်မျက်၀န်းထဲ ကျေနပ်ပျော်ရွှင်တဲ့အမူအယာဖြစ်သွားပြီး

“ သားနဲ့ မာမီ နှစ်ယောက်လုံး တစ်ယောက်တစ်ခုပဲရမယ်....”

အသေးလေးရဲ့ ရေခဲမုန့်နည်းနည်းလောက်ပိုစားချင်တဲ့စိတ်က ရပ်တန့်လို့သွားပါတော့တယ်။ သူ နှုတ်ခမ်းဆူလိုက်ပြီး သက်ပြင်းချလိုက်ကာ

.“ မာမီ, ရေခဲမုန့်တွေ အများကြီးစားတာက မကောင်းဘူး, သားတို့တစ်ယောက်တစ်ခုပဲစားရအောင်, မာမီက ဗနီလာအရသာယူလိုက်, သားကစတော်ဘယ်ရီ ယူလိုက်မယ်, အိုကေ...’’

ထန်ထန်  ကအသေးလေးရဲ့  လျှို့ဝှက်တဲ့အဓိပ္ပာယ်ကိုနားလည်ပြီး သဘောတူလိုက်တယ်

“ကောင်းပြီ ဒါဆို မာမီတို့ရဲ့ရေခဲမုန့်ကို အပြန်အလှန်လဲစားလို့ရတာပေါ့ ပြီးတော့ အရသာနှစ်မျိုးလုံးလဲစားရမယ်လေ...”

အဲ့ဒါကရှောင်ကျိုး  လိုချင်တာအတိအကျပဲဖြစ်တယ်။ သူကရယ်လိုက်ပြီး ထန်ထန်နဲ့ high five လုပ်လိုက်တော့တယ်။

အနောက်က သားအမိနှစ်ယောက်ရဲ့ ကလေးဆန်တဲ့စကားတွေကို တိတ်တဆိတ်နားထောင်ရင်း ကျိယန်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ မြင့်တက်လာတော့တယ်။

Part 14

စားသောက်ဆိုင်အပြင်အဆင်က သူမခန့်မှန်းထားတာထက် ပိုကောင်းမွန်နေတယ်။ စားသောက်ဆိုင်အတွင်းမှ တောက်ပနေတဲ့စကျင်ကျောက်ကြမ်းခင်းများက လူတိုင်းရဲ့အရိပ်ကိုရောင်ပြန်ဟပ်နေစေတယ်။ လူတိုင်းကလဲ သစ်လွင်တောက်ပနေသလို လှပတဲ့အမျိုးသမီးတစ်ယောက်ကလဲ အလယ်မှာထိုင်ပြီး ပီယာနိုတီးနေတယ်။ ဒီစားသောက်ဆိုင်က သာမာန်စားသောက်ဆိုင်မဟုတ်မှန်း သူမ ကြည့်ရုံနဲ့ ခန်းမှန်းမိလိုက်တယ်။

သူမအံ့ဩသွားရပြီး ဒီစားသောက်ဆိုင်မှာစားမယ်ဆိုရင် စျေးကြီးမယ်ဆိုတာ မေးကြည့်စရာမလိုအောင် သိနိုင်တယ်။

သူမ ကျိယန်ရဲ့လက်ကိုအမြန်ဆွဲလိုက်တယ်။

“ဘာဖြစ်လို့လဲ...”

ကျိယန် သူမကိုနားမလည်နိုင်စွာနဲ့ကြည့်လိုက်တယ်။

သူမက ၀န်ထမ်းတွေကြားသွားမှာကိုစိုးရိမ်ပြီး အနားတိုးသွားကာ  သူ့နားကိုကပ်၍ တိုးတိုးလေးပြောလိုက်တယ်

“ ဒီနေရာကစျေးကြီးမယ့်ပုံပဲ အထဲမဝင်ပါနဲ့တော့ အဲ့ဒါက အလဟသဖြစ်နေလိမ့်မယ် ကျွန်မ ရှင်နဲ့ပေါင်ပေါင်အတွက် အိမ်မှာချက်ပေးနိုင်ပါတယ် ကျွန်မတို့ဒီနည်းလမ်းနဲ့ ပိုက်ဆံအကုန်အကျ သက်အောင်လုပ်လို့ရပါတယ်...’’

အခုအချိန်က ကျိယန် တစ်ယောက်တည်းကသာ အိမ်အတွက်ပိုက်ဆံရှာနေရတာဖြစ်တယ်။ ပေါင်ပေါင်နဲ့သူမရဲ့ဘ၀က သူ့အပေါ်မှီခိုနေရတာဖြစ်ပြီး အန်တီလီရဲ့လုပ်အားခကလဲရှိသေးတယ်လေ။ သူ့လစာကအများကြီးမဟုတ်ဘူး, အဲ့ဒါကြောင့် သူမတို့ပိုက်ဆံကို အလွယ်တကူမဖြုန်းသင့်ဘူး။

ထန်ထန် ကသူ့ကိုအဲ့လိုပြောမယ်လို့လုံးဝမျှော်လင့်မထားတဲ့အတွက် ကျိယန်အေးခဲသွားတယ်။ သူမက ပိုက်ဆံတွေစုဖို့နဲ့ မဖြုန်းဖို့အတွက်ကို တကယ်ကြီးတွေးနေတာပဲ။

အရင်တုန်းကဆိုရင် သူမလက်ကိုဖြန့်ပြီး သူ့ဆီကပိုက်ဆံအမြဲတောင်းနေကျ။ လစဉ်အသုံးငွေတောင် သူမကဘယ်တုန်းကမှ လုံလောက်ခဲ့တာမဟုတ်ဘူး အခုတော့သူမက…

လတ်တလောသူ့ခံစားချက်ကိုဖော်ပြဖို့က အတော်လေးခက်ခဲသွားတယ်။ ကျိယန် ပြန်ဖြေလိုက်တယ်

“ အဲ့ဒါကိစ္စမရှိပါဘူး, ဒီမှာမကြာခဏလာစားဖို့လောက်တော့ ကိုယ်တတ်နိုင်ပါသေးတယ်, ပြီးတော့ ရှောင်ကျိုးကလဲ ဒီကအစားအစာတွေကိုကြိုက်တယ်လေ...”

ရှောင်ကျိုး  နာမည်ပြောလိုက်တာနှင့် သူမကတုံ့ဆိုင်းသွားပြီး

“ဒါ…ဒါဆိုရင်တော့ အဆင်ပြေပါတယ်, ကျွန်မကရေခဲမုန့်မစားတော့ပါဘူး, ရှင် ပေါင်ပေါင် အတွက်တစ်ခုပဲဝယ်လိုက်ပါ...”

ကျိယန် က ငိုရခက် ရယ်ရခက်တွေဖြစ်ကုန်တော့တယ်။ သူက ရေခဲမုန့်လောက်တော့ ၀ယ်ကျွေးနိုင်ပါသေးတယ်။ သူမက သူ့အတွက် အဲ့လောက်ကြီးပိုက်ဆံချွေတာဖို့မလိုပါဘူး။

သူတို့တွေက အဓိကစားစရာတွေကိုမှာလိုက်ပြီး ရေခဲမုန့်တွေကိုတော့ ထန်ထန် နဲ့ အသေးလေးအတွက် မှာလိုက်တယ်။

သူမ ကျိယန်လက်ကိုထပ်ဆွဲပြီး စိုးရိမ်တကြီးနဲ့ပြောလိုက်ပြန်တယ်

“ ရှင်ဘာလို့ရေခဲမုန့်နှစ်ခုတောင်မှာလိုက်တာလဲ ကျွန်မ မစားတော့ဘူးလို့ပြောထားတယ်လေ, ရေခဲမုန့်တစ်ခုစျေးက နည်းတာမဟုတ်ဘူး, အဲ့ပိုက်ဆံနဲ့ ကျွန်မဟင်းနှစ်ပွဲတောင်ချက်လို့ရတယ်...”

“…အဲ့ဒါက ဘာမှမဖြစ်ပါဘူး, ကိုယ်တတ်နိုင်ပါသေးတယ်, စိတ်မပူပဲနဲ့စားလိုက်ပါ...”

သူ့အနေနဲ့ သူမရဲ့ငွေကိုချွေတာတတ်တဲ့ ဒီလိုမမျှော်လင့်တဲ့အပြောင်းအလဲတွေကို နေသားမကျဘူးဖြစ်နေတယ်။ သူနဲ့ရှိနေတဲ့သူမက သူသိခဲ့တဲ့ ထန်ထန် မဟုတ်ဘူးဆိုတဲ့ခံစားချက်သာ ရှိနေတော့တယ်။

အသေးလေး က သူ့မာမီရဲ့အပြုအမူတွေကိုမြင်တဲ့အခါ ခဏစဉ်းစားလိုက်ပြီး သူမအကျီကိုဆွဲလိုက်ကာ

“ မာမီ, စိတ်မပူပါနဲ့, ဒီမှာစားပြီးသွားလို့ အိမ်ရောက်တဲ့အခါကျရင် ဒယ်ဒီပိုက်ဆံတွေအကုန်အကျသက်သာအောင် သားကလျော့စားပေးပါ့မယ်”

သားအဖနှစ်ယောက်လုံးက သူမကိုစားစေချင်မှတော့ သူမကသက်ပြင်းသာချလိုက်ပြီး

“ ကောင်းပါပြီ, ဒါပေမယ့် မာမီတို့အိမ်ပြန်ရောက်တာနဲ့ ရေခဲမုန့်လုပ်နည်းကိုသင်လိုက်တော့မယ်, ဒါမှ နောက်ဆိုရင်သားအတွက်လုပ်ပေးနိုင်ပြီး ပိုက်ဆံလဲသက်သာမှာ...”

သူမကြည့်ဖူးတဲ့ တီဗီအစီအစဉ်ကိုသတိရသွားတယ်။ အဲ့ဒီမှာ ဒီလိုရေခဲမုန့်လုပ်နည်းတွေကိုသူမမြင်ဖူးတဲ့အတွက် အဲ့ကနေသင်ဖို့ဆုံးဖြတ်လိုက်တော့တယ်။

ကျိရှောင်ကျိုး  ခေါင်းငြိမ့်လိုက်ပြီး

“ အိုကေ မာမီ, သားအခုကစပြီး ဒယ်ဒီပိုက်ဆံတွေကိုချွေတာဖို့ ရေခဲမုန့်၀ယ်မစားတော့ဘူး...”

ကျိယန်ပြောစရာစကားတွေပျောက်ရှသွားတော့တယ်။ သူတို့စားဖို့ရေခဲမုန့်ကို အိမ်မှာလုပ်စားရတဲ့အထိ သူဘယ်လိုများဆင်းရဲသွားတာလဲ...

သားအမိနှစ်ယောက်လုံး ငွေချွေတာရေးနည်းလမ်းတွေ ဆက်ဆွေးနွေးမှာကို မခံစားနိုင်တော့တဲ့ သူ က စကားခေါင်းစဉ်ပြောင်းအောင် ရေခဲမုန့်တွေကိုသူတို့ဘက်သို့ တွန်းပို့လိုက်တော့တယ်

“ဟုတ်ပါပြီ, အရင်ဆုံးတော့စားကြရအောင်, မဟုတ်ရင် မုန့်တွေအရည်ပျော်ကုန်လိမ့်မယ်...”

ရေခဲမုန့်အရည်ပျော်မယ်ဆိုတဲ့ စကားကြားလိုက်ရတဲ့ သားအစ်မိနှစ်ယောက်လုံးက အမြန်ပဲ ကိုယ်စီဇွန်းကိုကောက်ကိုင်ကာ စတင်စားကြတော့တယ်။

ဒါက ထန်ထန် ပထမဆုံး ရေခဲမုန့်စားဖူးတာဖြစ်တယ်။ သူမတီဗီမှာမြင်ဖူးသော်လဲ အရသာကဒီလိုမျိုးဆိုတာ မသိခဲ့ဘူး။ အရသာကအဲ့လောက်ပြင်းမယ်လို့ သူမမထင်ခဲ့မိဘူး။ သူမပါးစပ်တစ်ခုလုံး အချိုတွေနဲ့ပြည့်နှက်နေပြီး ရှောင်ကျိုး ဘာလို့ဒီလောက်တောင်ကြိုက်လဲဆိုတာ သူမအံ့ဩနေမိတယ်...

အသေးလေးကရေခဲမုန့်ကို ဇွန်းအပြည့်ခပ်ယူလိုက်ပြီး Tang Tang နှုတ်ခမ်းနားကပ်လိုက်ကာ

“မာမီ, သားရဲ့စတော်ဘယ်ရီကိုစားကြည့် အဲ့ဒါကအရမ်းအရသာရှိတာ...”

သူမ စားလိုက်ပြီးတဲ့နောက် အသေးလေးအတွက် သူမရဲ့ရေခဲမုန့်ကို တစ်ဇွန်းအပြည့်ခပ်ပြီး ခွံ့ကျွေးလိုက်ပြန်တယ်, အဲ့အတိုင်းပဲ သားအမိနှစ်ယောက် အပြန်အလှန်ကျွေးနေကြတော့တယ်။

“ကျိယန်...”

အဲ့အချိန်မှာပဲ အမျိုးသမီးတစ်ယောက်အသံက သက်သောင့်သက်သာဖြစ်နေတဲ့လေထုကို နှောက်ယှက်လိုက်တော့တယ်။ ကျိယန် အနားကို လူလေးယောက်ရောက်လာတော့တယ်။

သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ရယ်, အသက်ငယ်ငယ် အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ရယ်ပေါ့။ သူတို့ရဲ့၀တ်စားပုံနဲ့ အရှိန်အဝါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ကသာမန်လူတွေမဟုတ်မှန်း သိနိုင်တယ်။

ကျိယန် က ထိုလူအုပ်ကိုတချက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲက ပျော်ရွှင်မှုတွေက ချက်ချင်းပဲ ပျောက်ရှသွားတော့တယ်။ သူရဲ့ခံစားချက်မရှိတဲ့မျက်နှာက သူတို့ကို ပြန်တုံ့ပြန်မယ့် အရိပ်အယောင်တောင်မရှိတော့ဘူး။

သက်လတ်ပိုင်းအမျိုးသမီးက ကျက်သရေရှိစွာ၀တ်ဆင်ထားပြီး ကျိယန် ရဲ့ အေးစက်တဲ့မျက်၀န်းတွေကို စိတ်ထဲမထားပေါ်နေတယ်။ အဲ့ဒီအစား သူမက ပတ်၀န်းကျင်ကိုကြည့်ပြီး ပြုံးလိုက်ကာ

“ ရှောင်ကျိုး ကိုပါခေါ်လာတာပဲ, ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ, အားလုံးအတူတူစားကြမလား တို့တွေဆုံဖို့ဆိုတာ ရှားတယ်လေ...”

ကျိယန် မျက်မှောင်ကျုတ်ပြီး အေးစက်စွာနဲ့ပြောလိုက်တယ်

“ ကျွန်တော်တို့က အဲလောက်မရင်းနှီးဘူးလို့ထင်တယ်, ကျေးဇူးပြုပြီး ကျွန်တော်တို့စားနေတာကို မနှောက်ယှက်ပါနဲ့...”

သက်လတ်ပိုင်းအမျိုးသမီးက အေးခဲသွားပြီး သူမကအနည်းငယ်ရှက်သလိုဖြစ်သွားတယ်။

ဒါကိုကြည့်ပြီး သူမဘေးမှာရပ်နေတဲ့ သက်လတ်ပိုင်းလူက ဒေါသထွက်လာတယ်။ သူက ကျိယန် ရဲ့မကောင်းတဲ့အမူအရာကို အပြစ်တင်လိုက်ပြီး

“ ဒါကိုယ့်ထက်အကြီးတွေကို ပြောတဲ့ပုံစံလား မင်းရဲ့အပြုအမူကောင်းတွေက ဘယ်မှာလဲ...’’

ကျိယန်ရဲ့ မျက်လုံးထဲ အေးခဲမှုတွေဖြတ်သွားပြီး သူ့နားကအပူချိန်တွေကလဲကျဆင်းကုန်တယ်

“ အကြီး...ခများက ဘယ်သူ့အတွက်အကြီးလဲ...ကျေးဇူးပြုပြီး စကားကိုသတိထားပြောပေးပါ တစိမ်းတွေကို ဆွေမျိုးတွေလို့အလွယ်တကူ လိုက်မသတ်မှတ်ပါနဲ့...”

“မင်း…”

သက်လတ်ပိုင်းအမျိုးသားက မျက်လုံးတွေပြူးကျယ်လာပြီး ဒေါသထွက်နေတော့တယ်။ သူ့ကိုဘယ်သူမှ ဒီလိုမျိုးမပြောရဲဘူး။

သက်လတ်ပိုင်းအမျိုးသမီးက ချက်ခင်းပဲ အဲ့ဒီအမျိုးသားကိုနှစ်သိမ့်ရန် ကျောကိုပုတ်လိုက်ပြီး

“လာပါတော့ လောင်ကျိ ကလေးကိုစိတ်ဆိုးမနေပါနဲ့တော့ အပြင်မှာပြောတာပဲ ပိုကောင်းပါတယ်...”

သူတို့အတွဲနောက်မှာရပ်နေတဲ့ အသက်ငယ်ငယ်အမျိုးသားက ကျိယန်နဲ့ထန်ထန်ကိုရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး သက်လတ်ပိုင်းအမျိုးသားကိုပြောလိုက်တယ်

“ အဖေ သူ့တို့စားနေတာကို မနှောက်ယှက်ပဲ အရင်သွားစားရအောင်...”

သက်လတ်ပိုင်းအမျိုးသားက သူ့ရင်ကိုဖိလိုက်ပြီး တစ်ချက် ဟမ့် လိုက်ကာအဝေးသို့ လျောက်သွားတော့သည်။ ကျန်တဲ့သူတွေကလဲ သူ့နောက်ကလိုက်သွားကြသည်။

အသက်ငယ်ငယ် အမျိုးသမီးကတော့ ထန်ထန် ကို အကြည့်စိမ်းတွေနဲ့တောက်လျောက် ကြည့်နေခဲ့တာဖြစ်ပြီး သူမက ထန်ထန်ကို သိနေတဲ့ပုံပေါ်တယ်။

သူမက အဲ့အကြောင်းကိုမေးကြည့်ဖို့ ခေါင်းမော့လိုက်စဉ်မှာပဲ ကျိယန် က သူမကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေတာကို မြင်လိုက်ရတော့တယ်။ အဲ့ဒါက သူမကို သူကစုံစမ်းနေသလိုပဲ။

“ယောကျာ်း, ဘာဖြစ်လို့လဲ...”

သူမ စိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်တယ်။

ကျိယန် ကအဝေးသို့ အကြည့်လွှဲလိုက်ပြီး

" ဘာမှမဟုတ်ပါဘူး...”

အသေးလေးက ကျိယန် ရဲ့စိတ်အခြေအနေ မကောင်းတာကို သတိပြုလိုက်မိပြီး ရေခဲမုန့်စားနေရာမှရပ်လိုက်ကာ

“ ဒယ်ဒီ မပျော်တော့ဘူးလား... စောနကလူတွေက မကောင်းတဲ့သူတွေလား...”

ကျိယန် ကခေါင်းကိုယမ်းလိုက်ပြီး

“ ဒက်ဒီ အဲ့လူတွေကိုမသိပါဘူး ပြီးတော့ ပျော်လဲမပျော်တော့ဘူး, မြန်မြန်စားပြီး အိမ်ပြန်ကြရအောင်...”

ကလေးက ရေခဲမုန့်အပြည့်တစ်ဇွန်းခပ်လိုက်ကာ ကျိယန် နှုတ်ခမ်းနားသို့ကပ်လိုက်ပြီး

“ ဒယ်ဒီ ရေခဲမုန့်နည်းနည်းစားလိုက်, အဲ့ဒါဆို ဒယ်ဒီ့စိတ်က နေလို့ပိုကောင်းသွားလိမ့်မယ်...”

ကျိယန် စိတ်လျော့ချလိုက်တယ်။ သူ ရှောင်ကျိုး ရဲ့အပြုအမူကောင်းလေးကို မဖျက်စီးချင်တဲ့အတွက် ပါးစပ်ဟလိုက်ပြီး ရေခဲမုန့်ကိုစားလိုက်တယ်။ သူကရေခဲမုန့်တွေကို မျိုချလိုက်ပြီး အသေးလေးခေါင်းကိုပွတ်လိုက်ကာ

“ အိုကေ ဒယ်ဒီစိတ်အခြေအနေက အခုပိုကောင်းသွားပြီ, သားဘာသာစားလိုက်ဦး..."

အသေးလေးက သူ့ရေခဲမုန့်ကို ပျော်ရွှင်စွာဆက်စားနေတော့တယ်။

ထန်ထန် ကတော့ အသေးလေးလို့မဟုတ်ပေ။ ကျိယန်ကအစောကတွေ့ခဲတဲ့လူစုကိုသိမှန်း သူမခံစားမိနေတယ်။ သူတို့က သူ့ရဲ့ရန်သူတွေဖြစ်နိုင်တယ်။ မဟုတ်ရင် သူ့ ရဲ့စိတ်အခြေအနေက ဒီလောက်ဆိုးပါ့မလား။ ဒါပေမယ့် သက်လတ်ပိုင်းအမျိုးသားက အကြီးတွေလို့ ပြောသွားတဲ့အတွက် သူတို့ကတစ်ကယ်ပတ်သတ်နေမလားဆိုတာတော့ သူမမသိဘူး။

သူမရဲ့မေးခွန်းတွေကို စိတ်ထဲမှာပဲထားလိုက်တော့တယ်။ သူတို့က သူမခင်ပွန်းသဘောမကျတဲ့သူတွေ ဖြစ်နေမှတော့ သူမကလဲ သူတို့ကိုသိဖို့မလိုတော့ဘူး။ ပြီးတော့ ကျိယန် က သူတို့ကိမသိဘူးပြောတဲ့အတွက် သူမကလဲမမေးတော့ဘူး။

- - - - - - - - - - - - - - - - -

သူတိုအိမ်ပြန်ရောက်တော့ အချိန်က ည ကိုးနာရီရှိပြီဖြစ်တယ်။ ကျိယန်က ကလေးကို ရေချိုးခန်းထဲ တခါတည်းခေါ်သွားတော့တယ်။ ရေချိုးပြီးတဲ့အခါ သူတို့ကအိပ်ယာထဲဝင်ဖို့အဆင်သင့်ဖြစ်နေကြပြီး အသေးလေးက မေးလိုက်တယ်

“ ဒယ်ဒီ, သားတို့အခုလုပ်နေတဲ့ နည်းလမ်းက မကောင်းဘူးလို့ထင်တယ်...”

“ဟင်...ဘာကိုမကောင်းတာလဲ...”

သူ ရှောင်ကျိုးရဲ့  ဆံပင်ကိုလေမှုတ်ရင်းမေးလိုက်တယ်။

“သားတို့ကနှစ်ယောက်အတူတူနေပြီး မာမီကတစ်ယောက်တည်းဆိုတော့ မာမီကြောက်နေလိမ့်မယ်...”

အသေးလေးကပြောလိုက်တယ်။

“အာ...”

ကျိယန် အသေးလေးဘာလို့ ဒီလိုပြောလဲဆိုတာ နားမလည်ဘူးဖြစ်သွားတယ်။

ရှောင်ကျိုးက သက်ပြင်းချလိုက်ပြီး သူ့ခြေထောက်သေးသေးလေးတွေကို သူ့ဒယ်ဒီဗိုက်ပေါ်တင်လိုက်တယ်။

“သားတို့ကအတူတူအိပ်ကြပြီး မာမီကတစ်ယောက်တည်းအိပ်ရတာလေ, မာမီမကြောက်ပဲနေပါ့မလား...”

သူ အသေးလေးပြောတဲ့အဓိပ္ပာယ်ကို သိပေမယ့် ဘယ်လိုဖြေရမှန်းမသိလေဘူး။

ရှောုကျိုး က သူအဖေစကားပြန်တာကိုစောင့်မနေတော့ဘူး။ သူ့အဖေက ဒါကိုနားမလည်ဘူးလို့ယူဆလိုက်ပြီး

“ ဒယ်ဒီ သားတော့ မာမီကြောက်နေမယ်လို့ထင်တာပဲ ဘာလို့လဲဆိုတော့ ကျိုးရန် က သားကိုပြောဖူးတယ်။ သူ့မာမီက ညဆိုတစ်ယောက်တည်းအိပ်ရမှာကြောက်တယ်တဲ။ သူ့မာမီက သူ့ဒက်ဒီကာကွယ်ပေးတာကို လိုအပ်တယ်တဲ့။ အဲ့ဒါကြောင့် ညတိုင်းသူ့ဒက်ဒီက သူ့မာမီကိုကာကွယ်ပေးဖို့ တူတူအိပ်ပေးရတယ်တဲ့။ ပြီးတော့ အခန်းထဲမှာအိပ်ယာမလောက်လို့ ကျိုးရန် က တခြားအခန်းမှာ သူ့ဘာသာအိပ်ရတယ်တဲ့....”

သူ့မာမီဆိုရင် ကျိုးရန် ရဲ့မာမီထက်ပိုပြီးပိန်နေတာဆိုတော့ သူ့မာမီကပိုပြီးတော့ကာကွယ်ဖို့လိုမှာပဲ

ကျိုးရန် က ကျိရှောင်ကျိုးရဲ့အတန်းဖော်ပဲဖြစ်တယ်။

ကျိယန် ပြောစရာစကားပျောက်သွားတယ်။ အဲ့ကလေးရဲ့မိဘတွေက ကလေးကိုလှည့်စားတဲ့နေရာမှာတော်တာပဲ။

“ဒယ်ဒီ မာမီကမိန်းကလေးလေ, ပြီးတော့ ယောကျာ်းတွေဖြစ်တဲ့သားတို့က မာမီကိုကာကွယ်ပေးမယ်ဆိုရင် မကောင်းဘူးလား...”

သူ ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်သွားပြီး သူက စကားတစ်ခွန်းပဲပြောလိုက်နိုင်တော့တယ်

“ ဒါဆို သားမာမီနဲ့အဖော်သွားလုပ်ပေးမလား...”

အသေးလေးက လေးလေးနက်နက်နဲ့ ခဏစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ်

" ဒယ်ဒီ, သားတို့နှစ်ယောက်လုံးမာမီကို အဖော်လုပ်ပေးသင့်တယ်, သားက ကလေးပဲရှိသေးလို့ မသန်မာသေးဘူး, ဒယ်ဒီက အရွယ်ရောက်နေပြီဆိုတော့ မာမီကိုပိုကာကွယ်ပေးနိုင်တာပေါ့....”

ကျိယန်မျှော်လင့်ချက်မဲ့စွာနဲ့ နားထင်ကိုနှိပ်လိုက်မိတယ်။ အမှန်ကိုမပြောနိုင်တဲ့အတွက် သူထပ်ပြောလိုက်တယ်

“ ဒါပေမယ့် ဒယ်ဒီက ဒီအခန်းထဲကထွက်ရင်အိပ်ပျော်မှာမဟုတ်ဘူး, အဲ့ဒါကြောင့် သားပဲသွားပြီး မာမီကိုအဖော်လုပ်ပေးလိုက်ပါလား, ဒါဆိုသားမာမီ ကြောက်တော့မှာမဟုတ်ဘူးလေ...”

“အာ... ဒါဆို…”

အသေးလေးက ခေါင်းကိုကုတ်နေပြီးနောက် ရုတ်တရက်အကြံရသွားပြီး

“ ဒါဆို မာမီကိုဒီမှာပဲ အိပ်ဖို့ခေါ်လိုက်ရအောင် အဲ့လိုဆိုရင် ဒယ်ဒီလဲအိပ်ပျော်ပြီလေ, ပြီးတော့ မာမီ့ကိုလဲ သားတို့တူတူကာကွယ်လို့ရတာပေါ့...”

ဒါက ကျိယန် သူ့သားရဲ့လိမ်မာပါးနပ်မှုကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရတဲ့ ပထမဆုံးအကြိမ်ပဲ။ ဒါကြောင့် သူကတခြားဆင်ခြေတစ်ခုထပ်ပေးလိုက်တယ်

“ မရဘူး မာမီကလဲ တခြားအခန်းထဲမှာဆိုရင် အိပ်ပျော်မှာမဟုတ်ဘူးလေ, အဲ့ဒါကြောင့် သားပဲသွားပြီး မာမီနဲ့အဖော်လုပ်ပေးလိုက်ပါ...”

“တကယ်လား... အဲဒါဆို သားမာမီကိုသွားမေးလိုက်ဦးမယ်...”

ထို့နောက်, အသေးလေးက အိပ်ယာပေါ်ကနေခုန်ချကာ ထန်ထန် အခန်းဆီသို့ပြေးသွားတော့တယ်။ သူကအရမ်းအလျင်လိုနေတာကြောင့် သူ့ဖိနပ်အပါးလေးကိုစီးဖို့တောင် မေ့သွားတော့တယ်။

ထန်ထန် က မအိပ်သေးပေ.အဲ့ဒါကြောင် ဘောင်းဘီပဲဝတ်ထားတဲ့အသေးလေးက တံခါးခေါက်သံနှင့်အတူ ပြေး၀င်လာတာကို တွေ့လိုက်ရတဲ့အတွက် ရုတ်တရက်သူမလန့်သွားပြီး

“ပေါင်ပေါင် ဘာဖြစ်လို့လဲ...”

ပောင်ပောင်က အိပ်ယာပေါ်ကို အလောတကြီးတက်လိုက်ပြီး သူမ ရဲ့လက်ကိုကိုင်ရင်း

“ မာမီ, ဒီအခန်းမှာ အိပ်မှဖြစ်မှာလား...”

“ဟမ်...ဘာလို့မေးတာလဲ...”

“မာမီက ဒီအခန်းထဲမှာပဲအိပ်လို့ပျော်တယ်လို့ ဒယ်ဒီကပြောတယ်, အဲ့ဒါကြောင့် သားတို့တူတူ ဒယ်ဒီအခန်းမှာအိပ်လို့မရဘူးတဲ့, အဲ့ဒါဟုတ်လား မာမီ...”

သူမ မျက်နှာက အနီရောင်သို့ပြောင်းသွားပြီး ဘာတွေဖြစ်လဲဆိုတာကို သူမခန်းမှန်းနိုင်လိုက်တယ်

“ အမ်း…မာမီကဒီအခန်းထဲမှာပဲ အိပ်လို့ပျော်တာ...”

“အိုး... အဲ့လိုလား”

ကျိရှောင်ကျိုး စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်မိတယ်။ သူ့မိဘတွေနဲ့အတူတူအိပ်ချင်တဲ့ သူ့အိမ်မက်လေးကပျက်စီးသွားပါပြီ။ သူကခံစားသွားရပြီး

“ အဲ့ဒါဆို သားမာမီနဲ့ပဲအိပ်တော့မယ်, သားကယောကျာ်းတစ်ယောက်ပါ, သားမာမီကိုကာကွယ်နိုင်တယ်...”

သူမရှောင်ကျိုးပြောတဲ့စကားတွေကို နားလည်ဖို့ကြိုးစားနေတုန်း သူကအခန်းထဲက ပြေးထွက်သွားပြန်တယ်။ ထို့နောက် ခဏအကြာမှာ သူ့ရဲ့ခေါင်းအုံးသေးသေးလေးကိုသယ်လာပြီး သူမအိပ်ယာပေါ်ကို တက်လာတော့တယ်။

သူမ ခေါင်းအုံးတစ်ဖက်နဲ့ ကုတင်ပေါ်သို့ တက်ဖို့ခက်ခဲစွာကြိုးစားနေတဲ့ အသေးလေးကို ကူညီလိုက်တယ်။

အသေးလေးက သက်ပြင်းချရင်းနဲ့ သူ့ခေါင်းအုံးကို ထန်ထန့် ခေါင်းအုံးဘေးနားမှာ နေရာချလိုက်တယ်။ စိတ်ကျေနပ်စွာနေရာချပြီးတဲ့နောက် သူ့ရင်ဘတ်ကိုပုတ်လိုက်ရင်း

“မာမီအတွက်သားက ဒီနေ့ညအဖော်လုပ်ပေးမယ်, မာမီကြောက်ဖို့မလိုတော့ဘူး...”

သူမဘယ်တုန်းက တစ်ယောက်တည်းအိပ်ရတာ ကြောက်ဖူးလို့လဲ...

“သားဒယ်ဒီနဲ့ ဒီညတူတူမအိပ်တော့ဘူးလား...”

ရှောင်ကျိုး အနည်းငယ်၀မ်းနည်းစွာနဲ့ ပြန်ဖြေလိုက်တယ်

“ဒယ်ဒီက ယောကျာ်းတစ်ယောက်ပါ, သူတစ်ယောက်တည်းအိပ်ရလို့ ကြောက်မှာမဟုတ်ပါဘူး, ဒါပေမယ့် မာမီကျတော့မိန်းကလေးလေ, မာမီကြောက်မှာစိုးလို့ သားကမာမီကိုကာကွယ်ပေးရမှာ...”

သူမ ချိုမြိန်မှုတွေနဲ့ပြည့်နှက်သွားတော့တယ်။ သူမက အသေးလေးကိုဖက်လိုက်ပြီး နဖူးလေးကိုနှစ်ကြိမ်နမ်းလိုက်ကာ

“မာမီရဲ့အဖိုးတန်လေးက တကယ်ကိုကောင်းတာပဲ, မာမီသားကိုချစ်တယ်...”

အမှန်တကယ်တော့, သူမ ပေါင်ပေါင် နဲ့အိပ်ချင်နေတာပဲဖြစ်တယ်။ နောက်ပြီးတော့ ကလေးက လေးနှစ်တောင်မပြည့်သေးတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်းအိပ်တာက သူမကိုစိုးရိမ်စိတ်ဖြစ်စေတယ်။ ညဘက်တွေဆို စောင်ကိုကန်ထုတ်ပစ်ပြီး အအေးမိမှာ, အိပ်ယာပေါ်ကပြုတ်ကျမှာတွေကို စိုးရိမ်မိတဲ့အတွက် ညဘက်တွေဆို သူမခဏခဏသွားကြည့်ရတယ်။ သူမကလဲ သူ့ကိုသူမနဲ့လာအိပ်ဖို့မပြောရဲတဲ့အတွက် အခုလိုသူ့ဘာသာ လာအိပ်တဲ့အတွက်အရမ်းကိုပျော်နေမိတယ်။ အသေးလေးနားလည်မှုလွဲပြီး သူမတစ်ယောက်တည်းအိပ်ရမှာ ကြောက်တယ်ဆိုတာကိုလဲ သူမအနေနဲ့ဘာမှမဖြစ်လေဘူး။

အသေးလေးက သူမကိုပြန်နမ်းပြီး ရှက်သံလေးနဲ့

“သားလဲ မာမီကိုချစ်တယ်...”

“ဘယ်လိုတောင် ချစ်ဖို့ကောင်းနေတာလဲ..
.”

သူမ သူ့ကိုထပ်ဖက်ထားလိုက်မိတယ်။ သူကအရမ်းနူးညံ့ပြီး နို့နံ့လေးသင်းနေတာပဲ။ သူမ သူ့ရဲ့အသားပြည့်နေတဲ့ကိုယ်လုံးလေးကို မဖျစ်ညှစ်ပဲ မနေနိုင်ဘူးဖြစ်နေတယ်။

ရှောင်ကျိူး က ရယ်လိုက်ပြီး သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့

“မာမီ, တော်ပါတော့ ဆက်ပြီးဖက်ထားရင် သားပိန်သွားတော့မယ်...”

“ဟား..ဟား... အဲ့ဒါဆို ဝိတ်ချပြီးသားဖြစ်သွားတာပေါ့, သားဒယ်ဒီက သားကို၀လာတယ်လို ပြောနေတာနော်...”

ထန်ထန် ထပ်ပြီး သူ့အသားတွေကို ဖျစ်ညှစ်ဖို့ကြိုးစားနေပြန်တယ်။ သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။

“ခိခိ...သားဝိတ်ချဖို့မလိုပါဘူး, သားရဲ့ ပြည့်ပြည့်ဖောင်းဖောင်းပုံစံလေးက ချစ်ဖို့ကောင်းတာကို...”

သူကမ၀ပါဘူး သူကချစ်ဖို့ကောင်းတာပါနော်...ဟုတ်ပြီလား...

“ဟားဟား... ဟုတ်တာပေါ့, သားက အရမ်းချစ်ဖို့ကောင်းတာ...”

သူမ သဘောတူလိုက်တယ်။

မျက်နှာသာပြန်ပေးတဲ့အနေနဲ့ ကလေး ကလဲ သူမကိုမြှောက်ပြောလိုက်ပြန်တယ်

“ မာမီ မာမီလဲ အရမ်းချစ်ဖို့ကောင်းတာပဲ...”

အသေးလေးက အမှန်အတိုင်းပြောတာ မဟုတ်မှန်း သူမသိပေမယ့်လဲ အပြုံးတွေနဲ့တုန့်ပြန်လိုက်တယ်။

အလောတကြီးနဲ့ အခန်းထဲပြန်ဝင်လာတဲ့ အသေးလေးက တံခါးကိုပိတ်ဖို့မေ့ခဲ့တဲ့အတွက် ရေခပ်ဖို့ထွက်လာတဲ့ ကျိယန်က သူတို့သားအမိတွေ အရှက်မရှိ အပြန်အလှန်မြှောက်ပင့်ပြောဆိုနေတာကို အတိုင်းသားကြားလိုက်ရပြီး နှုတ်ခမ်းတွေကော့တက်သည်အထိ သူပြုံးလိုက်မိတယ်။

Part 15

ဒီနေ့ ကျိရှောင်ကျိုးရဲ့ ပွဲနေ့ဖြစ်သည်။

မနက်ခင်းစောစောမှာ ထန်ထန် က အသေးလေးကို စောင်ထဲမှဆွဲထုတ်လိုက်ပြီး သူ့အတွက် ချစ်စရာကောင်းတဲ့ဝတ်စုံကိုရွေးဝတ်ပေးလိုက်သည်။ သူမအလှည့်ရောက်တဲ့အခါမှာတော့ ရပ်တန့်သွားရတော့တယ်။ သူမကိုယ်သူမ ကြည့်ကောင်းအောင် ဘယ်လို၀တ်ရမလဲ မသိဘူးဖြစ်နေတယ်။ တခြားကလေးမိဘ အများအပြားလဲ တက်ရောက်ကြမှာ ဖြစ်တဲ့အတွက် သူမသာလှလှပပဖြစ်မနေဘူးဆိုရင် ရှောင်ကျိုး နဲ့ သူ့ဒယ်ဒီကို အရှက်ရစေနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူမအနေနဲ့ သူတို့ကိုအရှက်မကွဲစေချင်တဲ့အတွက် တစ်ခုခုတော့လုပ်ချင်မိတယ်။

“ပေါင်ပေါင် ဒီနေ့ မာမီဘာ၀တ်ရင်ကောင်းမလဲ..."

သူမ ကဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတဲ့အတွက် ပေါင်ပေါင့်ဆီက အကူအညီကို လှည့်တောင်းလိုက်တယ်။

တုန့်ပြန်မှုကတော့ ရှောင်ကျိူး တစ်ယောက် အ၀တ်ဗီရိုဆီကိုသွားကာ စိတ်အားထက်သန်စွာနဲ့ သူမအတွက်အကျီရွေးပေးနေပါတော့တယ်။ အဆုံးမှာတော့ သူမအတွက် အဖြူရောင်တီရှပ်နဲ့ ဂျင်းစကတ်ကိုရွေးချယ်ပေးလိုက်ပါတယ်။

“မာမီ, ဒါကို၀တ်...”

သူမ ကအ၀တ်တွေကိုလှမ်းယူလိုက်ပြီး စိတ်၀င်စားစွာနဲ့မေးလိုက်တယ်

“ ဒါတွေနဲ့ မာမီကြည့်ကောင်းပါ့မလား...’’

ဒါတွေကရိုးတယ်လို့သူမခံစားလိုက်မိတယ်။

ကလေး ကစိတ်အားထက်သန်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး

“ ဒါနဲ့ဆို လုံးဝြကည့်ကောင်းနေမှာ, သားကိုယုံလိုက် မာမီ...”

ယုံကြည်မှုအပြည့်ဖြစ်နေတဲ့ အသေးလေးကိုကြည့်ပြီး သူမကစပ်စုလိုက်တယ်

“မာမီက ဒီဝတ်စုံနဲ့ဆို ကြည့်ကောင်းနေမယ်လို့ ပေါင်ပေါင်က ဘာလို့ထင်တာလဲ...’

ရှောင်ကျိုး က သူ့ရဲ့အကျီကိုလက်ညှိုးထိုးပြလိုက်ပြီး ရှင်းပြလိုက်တယ်

“ ဘာလို့လဲဆိုတော့ သားနဲ့အရောင်တူတူပဲလေ သားကအရမ်းကြည့်ကောင်းနေတာဆိုတော့ မာမီလဲအဲ့လို၀တ်ရင်ကြည့်ကောင်းနေမှာပေါ့...”

ရုတ်တရက်ပဲ အသေးလေးရွေးချယ်ပေးတဲ့အကျီက သူ၀တ်ထားတဲ့အကျီနဲ့ အတူတူပဲဆိုတာကို သတိထားလိုက်မိတယ်။ သူက ရှပ်အကျီအဖြူရောင်နဲ့ ဂျင်းကိုပဲ၀တ်ထားတာဖြစ်တယ်။ ဒါကြောင့် ဒီ၀တ်စုံကိုသူမအတွက် ရွေးချယ်ပေးတာအံ့ဩစရာမရှိပါဘူး။

အသေးလေးရဲ့အကြောင်းပြချက်က စိတ်မချရပေမယ့်လဲ သူ့အကြံကမဆိုးဘူးလို့ သူမထင်တယ်။ အဲ့ဒါကြောင့် သူပြောတဲ့အတိုင်း၀တ်လိုက်ဖို့ သူမဆုံးဖြတ်လိုက်တယ်။

ရေချိုးခန်းထဲ၀င်ကာ အ၀တ်လဲပြီးနောက် ပြန်ထွက်လာတဲ့အခါ သူမက ရှောင်ကျိုးကိုထပ်မေးလိုက်တယ်

“ ဘယ်လိုထင်လဲ သားလေး  ကြည့်ကောင်းရဲ့လား...’

ပေါင်ပေါင် က သေချာအောင် ခေါင်းငြိမ်ပြလိုက်ပြီး

“ အဲ့ဒါကြည့်ကောင်းတယ်, မာမီက ကြည့်အကောင်းဆုံးပဲ...”

အမှန်တရားမဟုတ်ပေမယ့်လဲ အသေးလေး ရဲ့စကားချိုချိုလေးတွေအောက်မှာ ထန်ထန်တစ်ယောက်အရည်ပျော်ကျမတတ်ခံစားလိုက်ရတယ်။ သူမက အမြန်ပဲ အသေးလေးရဲ့နဖူးကိုနမ်းလိုက်တယ်။ ထို့နောက် သူ့လက်အားတွဲကာ ထွက်လာလိုက်တယ်

“ ကောင်းပြီ, သွားကြရအောင်, မာမီတို့ မနက်စာလုပ်ရဦးမယ်...”

သားအမိနှစ်ယောက် အခန်းထဲကထွက်လာတဲ့အခါ ကျိယန်က အပြေးလေ့ကျင့်ရာမှအိမ်သို့ ပြန်ရောက်နေပြီဖြစ်တယ်။ အကျီဆင်တူ၀တ်ထားတဲ့ သားအမိကိုမြင်လိုက်ပြီး သူရပ်တန့်သွားတယ်။

အသေးလေး က အလျင်အမြန်ပဲ ကျိယန် ရဲ့အကျီကိုဆွဲကာ ပြောလိုက်တယ်

“ ဒယ်ဒီ မြန်မြန်ကြည့်ပါဦး, မာမီအတွက်အကျီ သားရွေးပေးထားတာ ကြည့်မကောင်းဘူးလား...’

သူတို့တွေ၀တ်စုံဆင်တူ၀တ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် အသေးလေးရဲ့ပြင်ဆင်မှုကို လက်မခံလို့မရပဲ ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်

“ အင်း... ကြည့်ကောင်းပါတယ်...”

ရှောင်ကျိုး ရဲ့ယုံကြည်မှုကမြင့်တက်လာပြီး  ကျိယန်ကို အိပ်ခန်းထဲသို့ဆွဲခေါ်သွားကာ

“ ဒါဆို ဒယ်ဒီလဲရေသွားချိုးလိုက်တော့, သားက ဒယ်ဒီထွက်လာတဲ့အခါ ၀တ်လို့ရအောင် အကျီရွေးထားပေးမယ်...’’

ကျိယန် မကောင်းတဲ့နမိတ်တစ်ခုရလိုက်မိတယ်။ ဒါပေမယ့် အသေးလေးရဲ့ စိတ်အားထက်သန်မှုကို မငြင်းဆန်လိုသောကြောင့် သူစိတ်ချမ်းသာအောင်လုပ်ဖို့ ခွင့်ပြုလိုက်တယ်။

သူ ရေချိုးခန်းထဲက ထွက်လာတဲ့အခါ အသေးလေးက တကယ်ကြီးကို အကျီအဖြူနဲ့ ဂျင်းဘောင်းဘီရွေးထားပေးတာဖြစ်တယ်။ ရှောင်ကျိူး က အကျီတွေကို ကျိယန် အား ရတနာတစ်ခုလိုပေးလိုက်ပြီး

“ ဒါကို၀တ် ဒယ်ဒီ, အဲ့ဒါဆို သားနဲ့ မာမီလို အတူတူဖြစ်သွားပြီ, ဒက်ဒီက အရမ်းခန့်ညားနေမှာပဲ...”

သူ တိတ်ဆိတ်သွားပြီး အကူအညီမဲ့စွာနဲ့ အ၀တ်အစားတွေလဲလိုက်တော့တယ်။ မိသားစုသုံးယောက်လုံး အကျီဆင်တူ၀တ်သွားရတော့မှာပေါ့။ အသေးလေးကလွဲလို့ သူတို့ နှစ်ယောက်လုံး အတော်လေးအဆင်မပြေသလို ခံစားနေရတော့တယ်။

ဒီမိသားစုလေးက မူကြိုမှ လူတော်တော်များများရဲ့ အကြည့်တွေကိုဆွဲဆောင်ထားနိုင်တယ်။ အကျီဆင်တူ၀တ်ထားတာကြောင့် သာမကပဲ သားအဖနှစ်ယောက် ရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်တွေကြောင့်လဲ ဖြစ်တယ် ။ တကယ်လို့ ထန်ထန် ကိုသာဖယ်ထုတ်လိုက်မယ်ဆိုရင် သားအဖနှစ်ယောက်လုံးက မော်ဒယ်တွေလိုပဲဖြစ်နေတဲ့အတွက် အသက်ငယ်ငယ် ကလေးအမေတွေနဲ့ မိန်းကလေးတော်တော်များများက ငေးကြည့်နေကြတယ်။

ဒါပေမယ့် ဘေးနားမှာရှိတဲ့ Tang Tang ကိုတွေ့သွားတဲ့အခါမှာတော့ အားလုံးရဲ့အမူအယာက အတူတူပဲဖြစ်သွားတယ်။ သူတို့ရဲ့အမူအရာတွေကတော့ နွားချေးပုံထဲက ပန်းပွင့်ကိုမြင်နေရသလိုပဲ။

“…..”

သူတို့ရဲ့အကြည့်တွေက ဒီလောက်ထိသိသာနေဖို့မလိုပါဘူးနော်, အဲ့ဒါကအရမ်း နာကျင်ရတာပဲ။

သူမ မျက်နှာထူထူနဲ့ပဲ အဲ့ဒီအကြည့်တွေကို မမြင်ချင်ယောင်ဆောင်လိုက်တော့တယ်။

ရှောင်ကျိုး က ဒီနေသရုပ်ဆောင်မှာဖြစ်တယ်။ သူက အကအဖွဲ့ထဲမှာ အကခေါင်းဆောင်အဖြစ် ပါ၀င်မှာဖြစ်တယ်။

သူမ ပျော်ရွှင်စွာနဲ့ ကျိယန် ရဲ့လက်မောင်းကိုဆွဲလိုက်ပြီး

“ အချစ်... အချစ်... အမြန်ကြည့်ပါဦး, ပေါင်ပေ့ က အရှေ့မှာရပ်နေတယ်, သူက ကတဲ့နေရာမှာ အတော်ဆုံးဖြစ်မှာပဲ...”

နောက်ဆုံးတော့ ဆရာမတွေက အတော်ဆုံးကျောင်းသားကိုပဲ ရှေ့ဆုံးမှာထားမှာ အသေအချာပဲလေ။

မျှော်လင့်ထားသလိုပဲ သီချင်းသံစတဲ့အချိန်မှာ ကလေးအုပ်စုက စတင်ကခုန်ကြတော့တယ် ပြီးတော့ . . .

တခြားကလေးတွေနဲ့မတူပဲ ရှေ့ဆုံးမှ ကွဲပြားစွာကနေတဲ့ ရှောင်ကျိုး ကိုတွေ့လိုက်ရတဲ့အခါ သူမထိတ်လန့်သွားတယ်။ သူက သီချင်းသံထက် ကခုန်တာနှေးနေပြီး တခြားကလေးတွေနဲ့ကွာခြားနေတယ်။ ပြီးတော့ တခါတရံမှာ သူ့လက်နဲ့ခြေထောက်နှစ်ဖက်လုံးကို မြှောက်နေတယ်။ သို့သော်လဲ, အသေး‌လေးက တည်ငြိမ်စွာနဲ့ဆက် ကခုန်နေဆဲဖြစ်တယ်။ အဲ့ဒါက လူကြီးတွေကိုရယ်မောစေပြီး တချို့က သူတို့အသိတွေဆီကိုပို့ဖို့အတွက် ဓါတ်ပုံရိုက်နေကြတယ်။

သူမခေါင်းကိုကုတ်လိုက်မိပြီး ရှောင်ကျိုး အတွက်ဆင်ခြေတစ်ချို့ကိုပြောလိုက်တယ်

“ …ပေါင်ပေါင်က စင်ပေါ်မှာ နည်းနည်းအာရုံများနေပုံရတယ်...”

ကျိယန် ရုတ်တရက်ပြုံးလိုက်ပြီး သူ့လက်ကိုနှုတ်ခမ်းနားကပ်လိုက်ကာ

“ တကယ်တော့ ပေါင်ပေ့ က ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အမြဲလိုလိုဆိုးတယ် အထူးသဖြင့်အကမှာပေါ့...”

“အိုး…”

သူမ ပြောစရာစကားပျောက်ရှသွားတယ်, အဲ့ဒါကြောင့်သူမက ရှုပ်ထွေးစွာနဲ့မေးလိုက်တယ်

“ ဒါဆို, ဘာလို့ ဆရာမက ပေါင်ပေါင်ကိုရှေ့ဆုံးမှာထားရတာလဲ....”

ကျိယန် ချောင်းတစ်ချက်ဟန့်လိုက်ပြီး အသံနိမ့်နဲ့ပြန်ဖြေလိုက်တယ်

“ ဖြစ်နိုင်တာကတော့ သူ့အသွင်အပြင်ကြောင့်နေမယ်...”

“အာ...”

ထန်ထန် ငြိမ်သက်သွားပြီး ချက်ချင်းပဲသူမက စင်ပေါ်မှ ကလေးအုပ်စုကို လေ့လာနေတော့တယ်။ အဲ့ဒါအမှန်ပဲဆိုတာ သူမသိလိုက်တယ်။ ရှေ့ဆုံးမှာ ကနေတဲ့ ကလေးသုံးယောက်လုံးက ချစ်ဖို့ကောင်းပြီး လှပကြတာဖြစ်တယ်။

ဒါဆို ဆရာမက ကလေးတွေရဲ့စွမ်းရည်ကြောင့်မဟုတ်ပဲ သူတို့ရဲ့ရုပ်ရည်သွင့်ပြင်ကြောင့်ပေါ့လေ, အဲ့ဒါက တကယ်ကောအဆင်ပြေပါ့မလား

ဖျော်ဖြေပွဲပြီးသွားတဲ့အခါ မိတ်ကပ်တွေနှင့်အသေးလေးက စင်အနောက်ဘက်ကိုပြေးလာပြီး ချက်ချင်းပဲမေးလိုက်တယ်

“ ဒယ်ဒီ, မာမီ, သားဘယ်လိုနေလဲ’’

ကျိယန် က ချောင်းဟမ့်လိုက်ပြီး တိတ်ဆိတ်နေကာ ပြန်မဖြေလေဘူး။

ထန်ထန်က သူမရဲ့စည်းမျဉ်းတွေကို မေ့လိုက်ကာ ခေါင်းကိုငြိမ့်ပြီး မြှောက်ပြောလိုက်တယ်

“ အဲ့ဒါအရမ်းကောင်းတာပဲ ပေါင်ပေါင်, သား ကတာ အံ့ဩဖို့ကောင်းလိုက်တာ...’’

‘’ဟီးဟီးဟီး..အဲ့ဒါက ဒီအတိုင်းပါပဲ..."

အသေးလေးက ရှက်ကိုးရှက်ကန်နဲ့ ပြန်ဖြေလိုက်တယ်။

ကျိယန် မရယ်ပဲမနေနိုင်တော့ပေ။

အနားမှာရှိတဲ့ ကလေးမိဘတွေအကုန်လုံးက ကခုန်ပြီးသွားတဲ့ သူတို့ကလေးတွေနဲ့ အမှတ်တရ ဓါတ်ပုံရိုက်နေကြတယ်။ အဲ့ဒါကိုကြည့်ပြီး ရှောင်ကျိုးက သူ့မိဘအကျီကိုဆွဲလိုက်ကာ

“ ဒယ်ဒီ, မာမီ, သားနဲ့တူတူဓါတ်ပုံရိုက်ချင်ကြသေးလား ဒီနေ့ သားကမိတ်ကပ်ပါပြင်ထားတာနော်...”

ကျိယန် အသေးလေးရဲ့ပါးပေါ်က အနီရောင်အဝိုင်းလေးနဲ့ နဖူးပေါ်က မှဲ့ကိုကြည့်လိုက်ပြီး အနာဂါတ်မှာ ဒီပုံကို သူ သာ ပြန်ကြည့်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ သူ မသိတော့ဘူး။ ကျိယန်ဖုန်းကိုထုတ်လိုက်ပြီး

“ လာ, ဓါတ်ပုံရိုက်ဖို့ နေရာရှာရအောင်...”

ရှောင်ကျိုး က သူတို့ကို စီးလျောနားက ကစားကွင်းဆီကိုခေါ်သွားပြီး

“ ဒီမှာရိုက်ရအောင်”

ပထမဆုံး ကလေး တစ်ယောက်တည်းပုံကိုရိုက်လိုက်တယ်။ ထိုနောက် သားအမိပုံ ရိုက်ပေးလိုက်တယ် ပြီးသွားတဲ့အခါ သူဖုန်းကိုသိမ်းဖို့ပြင်နေတုန်း ရှောင်ကျိုး က ရုတ်တရက်ပြောလိုက်တယ်

“ ဒယ်ဒီ...သားရယ် မာမီရယ် ဒယ်ဒီရယ် သုံးယောက်တူတူမရိုက်ရသေးဘူးလေ, ဒီကိုလာပါ..."

သူ့ရဲ့စကားကိုကြားလိုက်ရတဲ့ အနားမှာဓါတ်ပုံရိုက်နေသော တခြားမိဘတစ်ဦးက

“ ကျွန်တော် ရိုက်ပေးမယ်လေ”

အကူအညီမဲ့စွာနဲ့ ကျိယန် ဖုန်းကိုပေးလိုက်တယ်။ သူ ရှောင်ကျိုး ရဲ့ မျှော်လင့်နေတဲ့အကြည့်အောက်မှနေ၍ သူ့နားကိုလျောက်သွားလိုက်တယ်။ အသေးလေးက ပျော်ရွှင်တောက်ပစွာနဲ့ပြုံးနေပြီး မိဘနှစ်ယောက်ရဲ့ကြားထဲမှနေ၍ လက်တွေကိုတွဲထားလိုက်တယ်။

ထန်ထန် ရဲ့မျက်နှာက ပူနွေးသွားပြီး တိတ်တဆိတ်နဲ့ သူမဆံပင်နဲ့ အကျီကိုဖြောင့်တန်းသွားအောင် ပြုပြင်လိုက်တယ်။ သူမက အရမ်းရုပ်မဆိုးအောင် မျှော်လင့်ပြီး ကြိုးစားပြုံးနေလိုက်တယ်။ ဒါပေမယ့် ခန့်ညားချောမောနေတဲ့ လူနှစ်ယောက်နားမှာ ရပ်နေကတည်းက သူတို့ထက်သူမက ရုပ်ဆိုးနေမှာ ပုံမှန်ပဲဖြစ်တယ်။

ကျိရှောင်ကျိုး မိသားစုဓါတ်ပုံကိုကြည့်ပြီး ပျော်ရွှင်ကျေနပ်စွာနဲ့ ပြောလိုက်တယ်

“ သားတို့အကုန်လုံးအရမ်းမိုက်တယ်, ဒယ်ဒီ, သားရဲ့ ပရိုဖိုင်ပုံကို ဒီပုံသုံးချင်တယ်, ဒယ်ဒီလဲ ပရိုဖိုင်ပုံ ကိုဒီပုံပဲသုံးလို့ရလား...’’

ကျိယန် ခဏလောက်တိတ်ဆိတ်သွားပြီး နောက်ဆုံးသဘောတူလိုက်တယ်

“ အိုကေ”

ထို့နောက် ကလေးက ထန်ထန့်ဘင်သို့လှည့်ကာပြောလိုက်တယ်

“ မာမီ, မာမီလဲ ဒီပုံကို ပရိုဖိုင်ပုံ အဖြစ်သုံးနော်, ဒါဆို သားတို့အားလုံး ပုံတွေအတူတူပဲဖြစ်ပြီ”

ထန်ထန် ခေါင်းကုတ်လိုက်မိပြီး နောင်တရစွာနဲ့ပြောလိုက်တယ်

“ ပေါင်ပေါင်, မာမီ့ဖုန်းကပျောက်နေတယ် ပြီးတော့ မာမီ့ဆီမှာ WeChat မရှိဘူး။ ဒီပုံကို သားနဲ့ သားဒက်ဒီသုံးတာ ပိုကောင်းတာပေါ့...”

“ မာမီ, မာမီ့ဖုန်းပျောက်နေတာလား...’’

သူ ဒယ်ဒီ့ကိုအကူအညီတောင်းတဲ့ အကြည့်နဲ့လှမ်းကြည့်လိုက်ပြီး

“ ဒယ်ဒီ, မာမီဖုန်းပျောက်သွားလို့ , မာမီအတွက် အသစ်တစ်လုံး၀ယ်ပေးလို့ရမလား...’’

ကျိယန်က ထန်ထန်ကိုလှမ်းကြည့်လိုက်ပြီး ဘာမှမပြောပေ။

ဖုန်းကအရမ်းစျေးကြီးတဲ့အတွက် သူ့ဒက်ဒီက၀ယ်ပေးဖို့ တွန့်ဆုတ်နေတယ်လို့ ကယူဆလိုက်ပြီး အလျင်အမြန်ပဲ ပြောလိုက်တယ်

“ ဒယ်ဒီ, မာမီအတွက်ဖုန်း၀ယ်ဖို့ ပိုက်ဆံကို သားရဲ့နှစ်သစ်ကူးမုန့်ဖိုးထဲက သုံးလိုက်လို့ရပါတယ်, သားရဲ့ နှစ်သစ်ကူးမုန့်ဖိုးက လုံလောက်ရဲ့လားဟင်...’’

ငယ်ငယ်ကတည်းက ရှောင်ကျိုး ရဲ့မုန့်ဖိုးတွေကို  ၀က်စုဘူးလေးထဲမှာ ထည့်ပေးထားတာဖြစ်တယ်။ ဒာမှသာ ရှောင်ကျိုး က သူ့မုန့်ဖိုးကို သူ့ဘာသာစောင့်ရှောက်တတ်မှာဖြစ်တယ်။ သို့သော်လဲ သူက ပိုက်ဆံစုထားတာသိသော်လဲ ဘယ်လောက်ရှိမှန်းသူမသိပေ။

ကျိယန် ဘယ်လိုပြန်ဖြေရမှန်း မသိဘူးဖြစ်သွားတယ်။

အခြေအနေကိုကြည့်ပြီး ထန်ထန်က ချက်ချင်းပဲ လက်ကိုယမ်းလိုက်ကာ

“ ပေါင်ပေါင်, မာမီဖုန်းမလိုပါဘူး, သားနဲ့အတူတူ တက်ဘလက် ကိုမျှသုံးလို့ရတယ်လေ။ ဖုန်းကပျော်ဖို့မကောင်းပါဘူး, အဲ့ဒါကြောင့် ၀ယ်ဖို့မလိုပါဘူး”

ရှောင်ကျိုး တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းစေ့ထားကာ ဘာမှမပြောဘူး။

အဲ့အချိန်မှာပဲ, စင်ပေါ်က ဖျော်ဖြေပွဲပြီးဆုံးသွားပြီးနောက် ကျောင်းအုပ်က စင်ပေါ်မှာစကားပြောနေတယ်။ ပွဲပြီးသွားတဲ့အခါမှာ ကလေးတိုင်းရဲ့အားလပ်ရက်ကစတင်ပြီး အဲ့ဒါက နှစ်လကြာမှာဖြစ်တယ်။

အသေးလေး ကအရမ်းစိတ်လှုပ်ရှားနေပြီး ထန်ထန် နဲ့အတူတူ မနက်ဖြန်သွားမယ့်နေရာတွေကို ဆွေးနွေးနေတယ်။

ကျိယန်က ကြားဖြတ်လိုက်ကာ

“ ဒယ်ဒီက မနက်ဖြန်ကျရင် သားရဲ့ အန်ကယ်ကျန်းနဲ့ အန်တီ ကျိုးကျိ ဆီသွားမလို့, သူတို့က သားကိုတွေ့ချင်နေကြတယ်, ဒယ်ဒီနဲ့သားလိုက်ချင်လား...’’

ရှောင်ကျိုး မျက်လုံးတွေတောက်ပသွားပြီး ခေါင်းငြိမ့်လိုက်ကာ

“ သားသွားချင်တယ်, သားသွားချင်တယ် သားက အန်ကယ်ကျန်းတို့ကိုတွေ့ချင်နေတာ”

သူတို့ပြော အန်ကယ်ကျန်းနဲ့အန်တီကျိုးက ဘယ်သူမှန်း သူမ မသိပေမယ့် သူတို့နှစ်ယောက်က သူမ ခင်ပွန်းနဲ့ အတော်ကောင်းတဲ့ဆက်ဆံရေးရှိမှန်း ခန့်မှန်းမိတယ်။ သူတို့တွေက သူငယ်ချင်းကောင်းတွေပဲ ဖြစ်ရမယ်။ မဟုတ်ရင် အသေးလေး က သူတို့ကိုဘယ်လိုလုပ် သဘောကျပါ့မလဲ။

ဒါဆို ပေါင်ပေါင်နဲ့သူ့ဒက်ဒီက မနက်ဖြန်အပြင်သွားကြမယ်ဆိုရင် အိမ်မှာသူမ တစ်ယောက်တည်း ဖြစ်နေတော့မှာလား ဒါဆိုရင် အသေးလေးအတွက် မနက်စာလုပ်မယ့် ဖက်ထုတ်တွေကိုကြိုလုပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး အိမ်ကိုရှင်းသင့်လား။

ထန်ထန် က မနက်ဖြန်သူမလုပ်ရမယ့် အလုပ်တွေကို စိတ်ထဲအစီအစဉ်တွေချနေပြီဖြစ်တယ်။  ဒါပေမယ့် အသေးလေးက သူမအကျီကိုဆွဲကာ ပြောလိုက်တယ်

" မာမီ, မနက်ဖြန် သားတို့နဲ့အတူတူလိုက်သင့်တယ်...”

“အာ...’’

သူမ ကျိယန်.ကို အမြန်လှမ်းကြည့်လိုက်ပြီး သူမလက်ကိုယမ်းကာ

“ ဟင့်အင်း... မာမီမသွားတော့ဘူး, မာမီခြေထောက်က သွားဖို့အဆင်မပြေဘူးလေ, သားတို့ကို အိမ်ကနေပဲစောင့်နေပါမယ်”

ပေါင်ပေါင့်ဒယ်ဒီနဲ့ သူမရဲ့ဆက်ဆံရေးကို ကြည့်ပြီး ကျိယန် က သူမကိုခေါ်သွားဖို့ ဆန္ဒမရှိကြောင်းယူဆထားတယ်။ သူ့အတွက်မခက်ခဲစေဖို့ သူမကပဲစတင်ပြီး ငြင်းလိုက်သင့်တယ်။

ရှောင်ကျိုး က နှုတ်ခမ်းဆူလိုက်ပြီး

“ ဘာလို့လဲ, အာ.. မာမီ, မာမီက သားတို့နဲ့အတူတူမလိုက်ချင်ဘူးလား...’’

‘’အဲ့လိုမဟုတ်ပါဘူး, မာမီခြေထောက်က သားတို့နဲ့ အတူတူလိုက်ကစားပေးဖို့ အဆင်မပြေလို့ပါ။ အဲ့ဒါကြောင် မနက်ဖြန်သားဒယ်ဒီနဲ့ပဲသွားလိုက်နော် ဟုတ်ပြီလား... သားတို့ ပြန်လာရင် စားဖို့အရသာရှိတဲ့မုန့်တွေ အများကြီးလုပ်ထားပေမယ်လေ...”

ရှောင်ကျိုး မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မာမီကို သူတို့နဲ့အတူတူကစားစေချင်တာကို....

သူ ညရောက်တဲ့အထိ မပျော်ရွှင်ဘူးဖြစ်နေတယ်။ ရေချိုးပြီးတဲ့နောက် မာမီ့ အခန်းထဲကိုမသွားတော့ပဲ...ကျိယန်ပေါ်ကိုတွယ်တက်လိုက်ပြီး စိုးရိမ်စွာနဲ့ သက်ပြင်းချနေတော့တယ်။

ကျိယန်အတွက်ကတော့ ရယ်ချင်စရာကောင်းနေပြီး မေးလိုက်တယ်

“ ဘာတွေမှားနေလို့လဲ ဘာလို့သက်ပြင်းတွေချနေတာလဲ...’’

ရှောင်ကျိုး က မေးစေ့ကိုထောက်လိုက်ရင်း မေးလိုက်တယ်

“ ဒယ်ဒီ, သားတို့နဲ့အတူတူ မာမီကိုခေါ်သွားလို့မရဘူးလား အိမ်မှာတစ်ယောက်တည်းဆိုရင် မာမီကြောက်နေမှာပေါ့, သူမတစ်ယောက်ထဲ သားတို့ထားခဲ့လိုမဖြစ်ဘူးလေ...”

ကျိယန် တိတ်ဆိတ်သွားတယ်။

ရှောင်ကျိုးက သူ့ရဲ့ လက်ကိုကိုင်ကာ လှုပ်ယမ်းလိုက်ပြီး

“ ဒယ်ဒီ, မာမီကဖြေးဖြေးလေးပဲ သွားနိုင်လို့ သဘောမကျပဲမနေပါနဲ့, မာမီခြေထောက်က ကောင်းလာမှာပါ, ပြီးတော့ ချိုင်းထောက်သုံးတာကိုလဲ နောက်ဆိုမလိုတော့ပါဘူး’’

သူ သူတို့ရဲ့ဆက်ဆံရေးကို ရှောင်ကျိုး ကိုရှင်းမပြတတ်ဘူးဖြစ်နေတယ်။ ထန်ထန် ကို သူ့ညီအစ်ကိုတွေနဲ့တွေ့ဖို့ တစ်ခါမှခေါ်မသွားဖူးတဲ့အပြင် ကလေးကလဲ ခေါ်သွားဖို့မပြောဖူးဘူးဖြစ်တယ်။ ဒါက  ပထမဆုံးအကြိမ် ခေါ်သွားဖို့ပြောတာဖြစ်တယ်။

ကျိယန် တုံ့ဆိုင်းနေမိတယ်။

မနက်ဖြန် သူမကိုခေါ်သွားသင့်ရဲ့လား...

Continue Reading

You'll Also Like

1.6K 129 9
ပထမအကြိမ်အချစ်ကိုဆုံးရှုံးပြီး ဒုတိယအကြိမ်အခွင်ရေးရလာတဲ့အခါ လက်လွှတ်ပြီး သူပျော်နေတာကိုကြည့်နေမလား သူကိုနောက်တခါမရရတဲ့နည်းနဲ့အနားမှာခေါ်ထားမလား...? ချန...
1.1M 28.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
13.7K 473 24
Beyonce and Shawn are a happily married couple trying to raise a family in the bustling city of New York. They have their teenage son and another chi...
1.6M 98.4K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...