ဇနီးချောလေး (Completed)

By Ah_Moon_2024

28.1K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... More

Description
6-10
11-15
16-20
21-25
26-30
31-35
36-40
41-45
46-50
51-55
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6 (End)

1-5

2.4K 71 0
By Ah_Moon_2024

Part 1

''ဒေါက်တာ ကျွန်တော့် ဇနီးအဆင်ပြေရဲ့လား... ဘာလိုသူမ မနိုးသေးတာလဲ...''

'' အပြင်ဘက်ဒဏ်ရာတွေကြည့်ပြီး ဆေးစစ်ချက်ရလဒ်တွေအရ ပြောရမယ်ဆိုရင် သူမခြေထောက်ကပျက်စီးသွားတဲ့တစ်သျှူးတွေကပဲ ပြဿနာနည်းနည်းရှိတော့တာပါ... တခြားအရာတွေကတော့ အဆင်ပြေပါတယ်...သူမ မကြာခင်နိုးလာတော့မှာပါ...''

''ဒါဆို ကျွန်တော်တို့ သူမနိုးလာတာနဲ့ ပြန်လို့ရနိုင်မလား... သူမကိုဆေးရုံမှာ မထားချင်လို့ပါ...''

''ဒါက...အိမ်မှာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆင်ပြေပါတယ်...သူမခြေထောက်ကိုတော့ဖိအားမများစေဖို သတိထားပေးပါ၊ လုံလောက်တဲ့ ကုသမှုလဲလိုပါသေးတယ်'...'

''ဟုတ်တာပေါ့... ကျေးဇူးတင်ပါတယ်‌ ဒေါက်တာ...''

စကားဝိုင်းကို ထန်ထန် နားစွင့်နေလိုက်တယ်။ သူမ မျက်လုံးကိုမဖွင့်ရဲသေးဘူး။ သူမနိုးနေတာကိုသိသွားမှာစိုးလို့ ...သူမရဲ့အသက်ရှုသံကို တောင် တိုးတိုးလေးနဲ့ဖြည်းဖြည်းချင်းရှုနေမိတယ်။

စကားဝိုင်းပြီးသွားတဲ့အချိန်မှာ ခြေသံတွေတဖြေးဖြေး‌ဝေးသွားတာကို သိလိုက်တယ်။ ယောကျာ်းကအခန်းထဲမှထွက်သွားပြီး စကားပြောနေတဲ့ အမျိုးသမီးတစ်ယောက်သာကျန်ခဲ့တယ်။

''တကယ်ပါပဲ...ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရတယ်ကိုမရှိပါဘူး... ဒီမိန်းမကိုလက်ထက်လိုက်တာက တကယ်ကိုကံမကောင်းတာပဲ... အဲ့အချိန်က သူဘာတွေတွေးနေလဲဆိုတာ စဉ်းစားမရဘူး...ပြီးတော့ သူက ထက်မြက်တဲ့သူတစ်ယောက်ပါ...အာ...''

အမျိုးသမီးက တခုခုကိုသတိရသွားဟန်ရှိပြီး အခန်းထဲကထွက်ခွာသွားတယ်။ အခန်းက တဖန်တိတ်ဆိတ်သွားပြန်တယ်။

အခန်းထဲဘယ်သူမှမရှိတာ သူမသေချာသိပြီးတဲ့နောက် သူမမျက်လုံးကိုဖြေးငြင်းစွာဖွင့်လိုက်တယ်။ ပထမဆုံးမြင်လိုက်ရတာက အဖြူရောင်မျက်နှာကျက်ဖြစ်ပြီး အလယ်မှာလေးထောင့်ပုံစံတစ်ခုရှိနေတယ်။

ထန်ထန် တိတ်တဆိတ်အသက်ရှုထုတ်လိုက်တယ်။ ထိုနောက်သူမဘေးပတ်လည်ကို တဖြည်းဖြည်းကြည့်လိုက်တယ်။ သူမကြည့်လေလေ သူမပိုစိုးရိမ်လေဖြစ်လာတယ်။

ဘယ်လိုတောင် နေရာစိမ်းကြီးလဲ၊ သူမ မမြင်ဖူးတဲ့ အရာ၀တ္ထုတွေ အများကြီးကိုသူမတွေ့လိုက်ရတယ်။ သူမအခန်းရှေ့ကဖြတ်လျောက်သွားတဲ့သူတွေကိုကြည့်ပြီး သူတို့အဝတ်အစားတွေကထူးဆန်းနေတာကိုသိလိုက်တယ်။ သူမဘယ်လိုပဲကြည့်ကြည့် ဒီနေရာကသူမအတွက် အသစ်အဆန်းဖြစ်တယ်ဆိုတာကိုငြင်းမရဘူး။

'သူမဘယ်ရောက်နေတာလဲ...'

သူမ အစ်မတစ်ဝမ်းကွဲက သူမကိုရေထဲတွန်းချပြီးနောက် သူမသေသွားပြီဖြစ်တယ်။ အဲ့မှာ မျက်မြင်သက်သေ လူတွေအများကြီးရှိကြပေမယ့် ဘယ်သူမှသူမကိုလာမကယ်ကြဘူး။ သူမကိုချစ်တဲ့ သူမရဲ့အစေခံတစ်ယောက်ကိုလဲ အိမ်ကနေသူတိုကမောင်းထုတ်လိုက်ကြတယ်။ ဘယ်သူမှသူမကို လာကယ်မှာမဟုတ်ဘူး။ အဲ့ဒီအချက်ကပဲ သူမကိုယ်သူမလက်လျော့စေပြီး ရေနစ်တာကိုလက်သင့်ခံနိုင်လိုက်တယ်။ တနည်းနည်းနဲ့ တခြားကမ္ဘာမှာ သူမအမေကိုတွေ့နိုင်ပြီး မိခင်မေတ္တာကိုလဲခံစားနိုင်လောက်တယ်။ အဲ့ဒါကြောင့် သူမအနေနဲ့ ဝိညဏ်လောကကိုရောက်နေသင့်တယ်မဟုတ်ဘူးလား....ဘာလိုသူမဒီကိုရောက်နေရတာလဲ...

ဒါမှမဟုတ် ဒါကပဲ ဝိညဏ်လောကပဲလား... မဟုတ်သေးပါဘူး အဲ့ဒါမဖြစ်နိုင်ဘူး။ အဲ့ဒါက ဘယ်လိုလဲဆိုတာ သူမမသိပေမယ့် သေချာတာကတော့ ဒီနေရာကတော့မဟုတ်သေးဘူးလေ။ ဘာလိုလဲဆိုတော့ ဒီမှာရှိနေတဲ့သူတွေအကုန်လုံးက အသက်ရှိနေကြတာပဲ။

ထန်ထန် တဖြည်းဖြည်းနဲ့ ပိုရှုပ်ထွေးလာတယ်။ သူမလက်မောင်းကို အားကုန်သုံးပြီး ဆွဲလိမ်လိုက်တယ်။ နာလွန်းလို့ အသက်ထွက်အော်မိမလိုတောင်ဖြစ်သွားတယ်။ အဲဒါကပဲ အိမ်မက်မဟုတ်ပဲ အားလုံးကအစစ်ဆိုတာ သေချာသွားစေတယ်။

သူမဘာတွေဖြစ်နေလဲဆိုတာ ပုံဖော်ပြီးတဲ့နောက် မသိလိုက်ဘာသာပဲ ငုံကြည့်လိုက်မိတယ်။ သူမကိုယ်သူမ မြင်မြင်ချင်းမှာပဲ နောက်တစ်ကြိမ် အထိတ်တလန့်ဖြစ်သွားပြန်တယ်။

သူမက အရမ်းပိန်တာပဲ၊ မယုံကြည်နိုင်လောက်အောင်ကိုပိန်နေတာ။ သူမလက်ကောက်ဝတ်လေးကလဲ လိမ်လိုက်တာနဲ့ကျိုးလောက်တယ်။ လက်တွေကလဲ ကြက်လက်သည်းတွေလိုပဲ အရေးပြားနဲ့အရိုးပဲရှိတယ်။ အရိုးတွေတစ်ချောင်းချင်းစီကိုမြင်နေရပြီး အချိန်မရွေးအရေပြားအောက်ကထိုးဖောက်ထွက်လာမလားပဲ။ သူမရဲ့အရေးပြားကလဲ ပါးလွန်းလို့ အပြာရောင်သွေးကြောတွေကိုပါ မြင်နေရတယ်။ သူမ ခန္ဓာကိုယ်က နဂိုခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင် လုံး၀ကိုကွဲပြားနေတာဖြစ်တယ်။

ဒါက သူမမဟုတ်ဘူးဆိုတာ သူမသေချာသွားပြီ။ဒီခန္ဓာကိုယ်က သူမဟာမဟုတ်ဘူး။ သူမက တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်နေတာပဲ။

ဒီအတွေးက သူမနှလုံးကို အကြိမ်များစွာ အခုန်မြန်စေတယ်။ အဲ့ဒါကိုနားမလည်နိုင်ဘူး။ ဒါကမဖြစ်နိုင်ပေမယ့်လဲ သူမမျက်စိရှေ့ရောက်နေပြီလေ။ သူမဖတ်ဖူးတဲ့ ဝိညာဉ်ကူးပြောင်းတဲ့ဇတ်လမ်းတွေထဲကလိုပေါ့။

ထန်ထန် သူမကိုယ်သူမ အကြိမ်တစ်ချိုလက်သီးနဲ့ထိုးလိုက်မိတယ်။ အဲ့ဒါအရမ်းနာတာပဲ။ သူမမျက်ရည်တွေကျလာပေမယ့်လဲ ဘာမှပြောင်းလဲမသွားပါဘူး။ သူမတကယ်ကိုပဲ ဝိညာဉ်ကူးပြောင်းလာတာပဲ။

သူမနှလုံးခုန်သံတွေ ပိုမြန်လာတယ်။ သူမ ဘာလုပ်ရမှန်းမသိတာကြောင့် လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ပြီး မျက်စိမှိတ်ကာ ဖြစ်လာတာကိုလက်ခံဖို့ကြိုးစားနေလိုက်တယ်။

အတိတ်တုန်းက, သူမမှာ အများကြီးမရှိပေမယ့် သူမရဲ့ဝါသနာက စာဖတ်တာပဲ။ အထူးသဖြင့် စိတ်ကူးယဉ်၀တ္ထုတွေပေါ့။ သူမအနေနဲ့ ဝိညာဉ်ကူးပြောင်းခြင်းတွေနဲ့ ပြန်လည်၀င်စားခြင်းတွေပါတဲ့စာအုပ်တွေ အများကြီးဖတ်ဖူးတယ်။ ပုံမှန်အားဖြင့် ဇာတ်ကောင်က မတရားသဖြင့်သေဆုံးသွားပြီး လက်စားချေဖို့ တခြားတစ်ယောက်ရဲ ခနာကိုယ်မှာ ပြန်လည်၀င်စားတာမျိုးပေါ့။ သူမလဲ အဲလိုမျိုးသူများခန္ဓာကိုယ်မှာဝင်စားပြီး ဘ၀ကိုပျော်ပျော်ရွှင်ရွှင်နေမယ်လို့ စိတ်ကူးယဉ်ဖူးတယ်။ ဒါပေမယ့်လဲ သူမအစေခံက အဲ့ဒါတွေက သူမအတွက်မကောင်းဘူးဆိုပြီး စာအုပ်တွေကိုသိမ်းလိုက်တဲ့အတွက် သူမထပ်ဖတ်လို့မရတော့ဘူး။

သူမအနေနဲ့လဲ  ဒီလိုဝိညာဉ်ကူးပြောင်းတယ်ဆိုတာ သူမဆီမှာတကယ်ဖြစ်လာမယ်လို့ တစ်ခါမှမတွေးမိဖူးဘူး။

တစ်ခုတည်းသောပြဿနာက သူမအခုဘယ်ရောက်နေလဲဆိုတာပါပဲ။ ဒါမှမဟုတ်လဲ သူမ မဖတ်ဖူးတဲ့ မင်းဆက်တစ်ခုခုကိုရောက်နေတာများလား...

သူမက အခုဘယ်သူဖြစ်နေမှာလဲ...ဘယ်လိုလုပ်ရမလဲ သူမ မသိတော့ဘူး။ သူမဘယ်လိုကိုင်တွယ်ရမှာလဲ။ သူမဘာလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးခင် တံခါးနားကအသံတချို့ကိုကြားလိုက်ရတယ်။ အဲ့ဒါကစောနကထွက်သွားတဲ့အမျိုးသမီးပဲ, သူမကအခန်းထဲကိုပြန်လာပြီး စကားတချို့ရေရွတ်နေတယ်။

"ကံကောင်းလို့ ကလေးထိန်းကျောင်းကနီးနေတာ မဟုတ်ရင် အချိန်လောက်မှာမဟုတ်ဘူး အာ...ငါတကယ်ကိုအလုပ်တွေများနေပြီ..."

ဒီတစ်ကြိမ်မှာတော့ ထန်ထန် အိပ်ချင်ယောင်မဆောင်တော့ပါဘူး။ ထန်ထန် မျက်လုံးကိုဖွင့်လိုက်ပြီး အမျိုးသမီးကို ကြည့်နေလိုက်တယ်။ သူမက ကျန်းမာတဲ့အသက်လတ်အရွယ်ရှိနေပြီး သဘောကောင်းပုံပေါ်တယ်။ ဒါပေမယ့် သူမက သူ နိုးနေတာကို မြင်လိုက်တဲ့အချိန်မှာပဲ မရင်းနှီးတဲ့မျက်နှာကိုပြောင်းသွားပြီး စိတ်မရှည်တဲ့ပုံအနည်းငယ်တောင်ပေါက်နေတယ်။ သူမလေသံကလဲ ရင်းနှီးမှုမရှိပြန်ဘူး။

"မဒမ် နောက်ဆုံးတော့နိုးလာပြီပေါ့"

ထန်ထန် တခုခုမှားပြောမိမှာကြောက်လို့ သူမနှုတ်ခမ်းကိုစေ့ထားပြီး တိတ်တဆိတ်နေလိုက်တယ်။

အမျိုးသမီးက သူမ တိတ်တဆိတ်နေနေတာကို သတိမပြုမိပုံပေါ်တယ်။ အဲ့အစား သူမက ထန်ထန် ဘေးနားက ပစ္စည်းတွေကိုရှင်းလင်းနေတယ်။

" မဒမ် နိုးလာပြီဆိုတော့ ဆေးရုံကနေဆင်းရအောင်၊ ခြေထောက်ကတော့ လမ်းလျောက်လို့မရသေးပေမယ့် သိပ်မကြာခင်ကောင်းသွားမှာမို့ ဆေးရုံမှာနေဖို့မလိုတော့ပါဘူး...ပိုက်ဆံအပိုကုန်တယ်လို့ပြောချင်တာမဟုတ်ပါဘူး ကျွန်မမှာ မဒမ်ကိုစောင့်ရှောက်ဖို့အချိန်မရှိလို့ပါ၊ ဆရာက ရှောင်ကျိုး ကိုစောင့်ရှောက်ဖို့ငှားထားတာမို့ သူ့ကိုဂရုစိုက်ဖို့လိုတယ်...''

မဒမ်... သူမကို မဒမ်လို့ခေါ်လိုက်တာလား... ဒီကမ္ဘာမှာ သူမကဘယ်သူလဲ...

ထန်ထန် တိတ်တဆိတ်ငြိမ်နေဆက်နေလိုက်တယ်။ အမျိုးသမီးကမျက်မှောင်ကြတ်လိုက်ပြီး

'' မဒမ် ကျွန်မကိုအပြစ်မတင်ပါနဲ့ ဆရာက ရှောင်ကျိုး ကိုကြည့်ပေးဖို့ ကျွန်မကိုငှားထားတဲ့အတွက် သူ့ကိုဂရုစိုက်ဖို့ကဦးစားပေးပါ၊ တကယ်လို့ကျွန်မဒီမှာနေရင် ရှောင်ကျိုး ကိုဂရုမစိုက်ပေးနိုင်ဘူးလေ၊ ပြီးတော့ ဆရာလဲ သဘောကျမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အိမ်မှာပဲ အနားယူပေးပါ။ ဒေါက်တာကလဲ အိမ်မှာအနားယူလို့ရတယ်ပြောပါတယ်။

ဆရာ... ရှောင်ကျိုး...မဒမ် ...သူတို့ကဘယ်သူတွေလဲ ....

သူမ မှာ မေးခွန်းတွေအများကြီးရှိပေမယ့်လဲ အလောတကြီးမမေးရဲဘူး။ သူမ တိတ်တဆိတ်လေ့လာပြီး နောက်ထပ်ဘာလုပ်သင့်လဲဆိုတာပဲ ဆုံးဖြတ်ချက်ချနိုင်တယ်။ အဆုံးမှာတော့ ထန်ထန်က အမျိုးသမီးကို ခေါင်းငြိမ့်ပြလိုက်တယ်။

အများသမီးက သူမကို အံ့ဩစွာကြည့်လိုက်တာကိုခံလိုက်ရတဲ့အတွက် အနည်းငယ်မသက်မသာဖြစ်သွားတယ်။ သူမချွေးအနည်းငယ်ပြန်လာပြီး သူမအကြည့်ကို တခြားတနေရာကိုပြောင်းကြည့်လိုက်တယ်။ သူမကိုယ်သူမ ဖော်ထုတ်မိမှာကိုကြောက်နေမိတယ်။ ဘယ်လောက်ပဲ သူမမိုက်မဲနေပါစေ သူမက တခြားကမ္ဘာကလာတယ်ဆိုတာ တစ်ယောက်ယောက်ကို ပုံမှန်လိုမျိုးပြောပြလို့မရဘူးဆိုတာကို  သူမသိနေတယ်။

ထိုအချိန်တွင် အမျိုးသမီးက သူမဘာတွေမှားနေတယ်ဆိုတာကိုမမြင်နိုင်သဖြင့် တဖက်သို့လှည့်ပြီး ပစ္စည်းများကိုထုပ်ပိုးနေတယ်။ နဂိုကတည်းကအများကြီးမရှိတဲ့အတွက် သိမ်းဆည်းတာလဲသိပ်မကြာခဲ့ဘူး။ ထို့နောက် အမျိုးသမီးသည် သူမကိုဖြတ်ကျော်ပြီး ၀ယ်လာတဲ့ ချိုင်းထောက်ကို ထန်ထန်အားပေးလိုက်ပြီး တံခါးဆီသို့ဦးတည်လိုက်တယ်။

"လာ အိမ်ပြန်ကြရအောင်''

ထန်ထန်သည် အိပ်ယာမှဖြေးငြင်းစွာမထခင် စောင်ကိုဖယ်လိုက်ပြီး ချိုင်းထောက်ကိုယူလိုက်တယ်။ ထို့နောက်ပတ်တီးအဖွေးသားဖြစ်နေတဲ့ သူမခြေထောက်ကိုမြင်လိုက်တယ်။ ပတ်တီးတွေက တော်တော်ကိုထူနေတာပဲ။ ဒါဆို ထိခိုက်မိတာဒီခြေထောက်ပေါ့။

ချိုင်းထောက်ကိုအမှီပြုပြီး အိပ်ယာကထပြီးနောက် သူမလမ်းလျောက်လို့ရသေးမှန်းသိလိုက်တယ်။ သူမ က တိတ်ဆိတ်စွာနဲ့ အမျိုးသမီးနောက်ကနေ ခပ်ခွာခွာလိုက်လာတယ်။ တချိန်တည်းမှာပဲ သူမက ပတ်၀န်းကျင်ကိုလေ့လာနေတယ်။ သူမတွေ့တဲ့အရာအားလုံးက သူမကိုအံ့ဩနေစေတယ်။ သူမ မရင်းနှီးတဲ့အရာတွေကအရမ်းများလွန်းတာကိုတွေ့လိုက်တယ်။ အထူးသဖြင့် သတ္ထုနဲ့ပြုလုပ်ထားတဲ့သေတ္တာပုံးကြီးပေါ်မှာ လူတချို့ကထိုင်နေပြီး အဲ့ဒါကအလျင်အမြန်ရွေ့နိုင်တယ်။ အဲ့ဒါက ရထားလုံးထက်ပိုမြန်တယ်။ အဲ့လိုအရာမျိုးတည်ရှိနေတယ်လို့ သူမ မသိခဲ့ဘူး။ သူမရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုသာ မကြောက်ရရင် ခဏရပ်ပြီးအဲ့အရာကိုစိုက်ကြည့်နေမိမှာဖြစ်တယ်။

သတ္ထုသေတ္တာပုံးကြီး က နောက်ဆုံးတော့ရပ်သွားတယ်။ သူမ အရမ်းမြင့်တဲ့အဆောက်အဦးတွေကိုတွေ့လိုက်ရတယ်၊ သူမ မျက်လုံးနဲ့လှမ်းကြည့်လို မမြင်ရလောက်တဲအထိမြင့်တဲ့ အဆောက်အဦးတွေပေါ့။ ထန်ထန် သူမရင်ဘတ်ကို တိတ်တိတ်လေးဖိထားလိုက်တယ်။ သူမ အကောင်းဆုံးကြိုးစားပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ အမျိုးသမီးနောက်ကနေ လမ်းလျောက်လိုက်လာတယ်။

အန်တီလီ တံခါးကိုဖွင့်လိုက်ပြီး သူမကိုလဲမနှောက်ယှက်ပဲနဲ့ သယ်လာတဲ့ပစည်းတွေကို စားပွဲပေါ်တင်လိုက်တယ်။ သူမ အော်ပြောလိုက်တယ်

" ရှောင်ကျိုး ဗိုက်ဆာနေပြီလား... အဖွားလီ အခုချက်ပေးမယ်နော် , သိပ်မကြာပါဘူး..."

"သားမဆာသေးပါဘူး အဖွားလီ..."

ကလေးဆန်တဲ့အသံလေးနဲ့ပြန်ပြောလိုက်တယ်။

အဲ့ဒါက ကော်ဇော်ပေါ်မှာလှဲနေတဲ့ ကောင်လေးကို ထန်ထန်သတိထားလိုက်မိစေတယ်။ သူမမျက်လုံးမြင့်တက်သွားသည်။

ဘယ်လောက်တောင်ချစ်ဖိုကောင်းတဲ့ကလေးလေးလဲ... ကြည့်ရတာ သုံးနှစ် လေးနှစ်လောက်ပဲရှိဦးမယ် သူ့အသားအရေလေးက နူးညံ့ချောမွေ့နေပြီး ပါးလေးတွေကဖောင်းနေကာ စပျစ်သီးလိုမည်းနက်နေတဲ့ မျက်လုံးလေးတွေနဲ့။ သူက မိုချီလေးလိုပဲ အရမ်းချစ်ဖိုကောင်းတယ်။ သူမ မှတ်မိသလောက် ဒီလောက်ချစ်ဖိုကောင်းတဲ့ကလေးမျိုး သူမ တစ်ခါမှ မတွေ့ဖူးဘူး'...သူမအကြည့်တွေကမရွေ့ပဲ ကလေးလေးကိုစိုက်ကြည့်နေမိတယ်။

ကံမကောင်းစွာနဲ့ပဲ ကလေးက သူမကိုသဘောကျတဲ့ပုံမပေါ်ဘူး။ သူမကိုတွေ့လိုက်တဲ့အခါ ကလေးကသူမအားဂရုမစိုက်ဟန်ဖြင့်ကြည့်လိုက်ပြီး တဖက်သို့လှည့်ကာ ဆက်ကစားနေသည်။ ကလေးကသူမနဲ့ စကားပြောချင်ပုံမပေါ်ပေ။

ထန်ထန် အကူညီမဲ့သလိုခံစားလိုက်ရတယ်။ ဘာလို့ လူတိုင်းကသူမကိုသဘောကျဘူးဖြစ်နေလဲဆိုတာ နားမလည်ဘူးဖြစ်နေတယ်။ နဂိုခနွာကိုယ်ပိုင်ရှင်က မကောင်းတဲ့သူလား...

ထန်ထန် တံခါးနားမှာဆက်ပြီးရပ်နေတဲ့အတွက် အန်တီလီက သံသယဖြစ်စွာတစ်ချက်ကြည့်လိုက်တယ်။ သူမ၀င်မပါချင်ပေမယ့်လဲ တစ်ခုခုသာဖြစ်ခဲ့ရင်သူမအတွက်လဲကောင်းမှာမဟုတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီး ပြောလိုက်တယ် ...

"မဒမ် အခန်းထဲမှာသွားပြီးအနားယူပါတော့၊ ကျေးဇူးပြုပြီး မလိုအပ်ပဲအလုပ်ရှုပ်မခံပါနဲ့တော့၊ မဒမ် ခြေထောက်တစ်ခုခုဖြစ်သွားရင် ဘယ်သူမှတာဝန်မယူနိုင်လို့ပါ...''

သူမအခန်းဘယ်နားလဲဆို သူမဘယ်လိုသိမှာလဲ...တချက်လှမ်းကြည့်လိုက်ပြီး အခန်းလေးခန်းတွေ့ပေမယ့် ' ဘယ်ဟာသူမအခန်းလဲ...

အချိန်ခဏလောက်သူမတွေးပြီးနောက် ထန်ထန်ပြောလိုက်တယ်

'' ဒီ..ကျွန်မခြေထောက်ကနည်းနည်းနာနေလို့ လမ်းကောင်းကောင်းမလျောက်နိုင်ဘူးဖြစ်နေတယ်၊ အခန်းထဲကိုလိုက်ပို့ပေးလို့ရမလား...''

အန်တီလီ ခဏရပ်လိုက်တယ်။ သူမ အတော်လေးစိတ်မရှည်ဖြစ်နေပေမယ့် ...ထန်ထန်ကို သူမအခန်းထဲလိုက်ပို့ပေးလိုက်တယ်။

သူမရဲ့ခံစားချက်တွေကို တနေလုံးသည်းခံပြီးတဲ့နောက်

" မဒမ် ကျွန်မက အပြင်လူဖြစ်ပြီး ဒီလိုမပြောသင့်ပေမယ့်လဲ ရှောင်ကျိုးကို အကြာကြီးဂရုစိုက်လာတဲ့အတွက် သူက ကျွန်မကို အဖွားလီလို့ခေါ်တယ်...ကျွန်မပြောချင်တာက ဘယ်လိုပဲဖြစ်ဖြစ် မဒမ်က ဆရာရဲ့့ဇနီးဖြစ်ပြီး ရှောင်ကျိုး ရဲ့အမေပါ... သူတို့ကို မဒမ်သဘောမကျပေမယ့်လဲ ဇနီးမယားတစ်ယောက်လို အမေတစ်ယောက်လိုတော့ အနည်းဆုံးပြုမူပေးသင့်ပါတယ်...သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ မတောင်းဆိုချင်ပေမယ့် အနည်းဆုံးတော့ သူ့ကိုဒုက္ခမဖြစ်ပါစေနဲ့... ဒီတောင်းဆိုမှုက အရမ်းကြီးအလွန်အကျွံမဖြစ်ဘူး မဟုတ်လား...ဆရာက အလုပ်လုပ်ပြီး မိသားစုကိုတစ်ယောက်တည်းထောက်ပံ့နေရတာပါ.... စစ်သားတစ်ယောက်ဖြစ်ဖို့က အရမ်းခက်ပါတယ်...မဒမ် သူ့ကိုစာနာဖို့ကြိုးစားသင့်တယ်..."

ထန်ထန် ဘာမှ မတုန့်ပြန်လိုက်ပါဘူး။ အန်တီလီ စကားတွေကြောင့် သူမစိတ်တွေရှုပ်ထွေးနေတယ်။ သူမ...သူမက လက်ထပ်ပြီးသားလား... အမေတစ်ယောက်ဖြစ်နေပြီလား... အဲ့ဒီကလေးသေးသေးလေးက သူမကလေးလား...

ထန်ထန် သူမစကားကို စိတ်မဝင်စားတာကိုတွေ့တော့ အန်တီလီက စိတ်ပျက်သွားပြီး သူမကိုကယ်တင်လို့မရတော့မှန်း နားလည်လိုက်တယ်။ သူမကိုထပ်မနှောက်ယှက်ချင်တော့ပဲ အခန်းထဲမှာထားခဲ့လိုက်တော့တယ်....

"ကျွန်မ သွားပြီးချက်ပြုတ်လိုက်ပါဦးမယ်..."

Part 2

မကြာခင်မှာပဲ ထန်ထန် တစ်ယောက်တည်းသာ အခန်းထဲမှာကျန်ခဲ့တော့တယ်။ သူမ သက်ပြင်းချလိုက်တယ်။ သူမအခန်းကို ဖြည်းငြင်းစွာလှည်ကြည့်ပြီး လေ့လာလိုက်တယ်။ အရာအားလုံးက သူမအတွက်မရင်းနှီးပေမယ့်လဲ အခုတော့နည်းနည်းပိုပြီး တည်ငြိမ်လာပြီဖြစ်တယ်။ အရင်ဘ၀တုန်းက ပင်လယ်ရပ်ခြားကလူတွေဆိုတာ သူမတို့နဲ့မတူဘူးလို့ သူမကြားခဲ့ဖူးသလိုပဲ အခုမရင်းနှီးတဲ့အရာတွေကိုလဲ အဲ့လိုအတွေးနဲ့ သူမလက်ခံလာနိုင်ပြီဖြစ်တယ်။ ဒါက တကယ်ကို‌ဝေးတဲ့နေရာတခုပဲ။

သိပ်မကြာခင်မှာပဲ ထန်ထန်က အခန်းသေးလေးနောက်တစ်ခုကိုတွေ့လိုက်ပြီး နံရံမှာ မှန်အကြီးကြီးတစ်ချပ်ကိုလဲတွေ့လိုက်တယ်။ သူမရဲ့အသွင်အပြင်ကိုသိလိုစိတ်နဲ့ မှန်နားကို ချိုင်းထောက်နဲ့အမြန်သွားကြည့်လိုက်တယ်။

"အာ__''

သူမရဲ့အသွင်အပြင်ကိုမြင်ပြီး အထိတ်တလန့်ဖြစ်သွားကာ ချိုင်းထောက်မှာပြုတ်ကျတော့မလိုဖြစ်သွားတယ်။

မှန်ထဲကအမျိုးသမီးက အသက်မဲ့တဲ့ပုံပေါ်နေသည်။ သူမရဲ့ဆံပင်တွေက ခြောက်သွေ့နေပြီး နှုတ်ခမ်းကကွဲအက်နေ၏။ ပြီးတော့ သူမရဲ့အသားအရောင်ကလဲ အဝါရောင်ဖြစ်နေပြီး ကြမ်းတမ်းနေသည်။ သူမရဲ့ပါးနှစ်ဖက်ကလဲ ချိုင့်၀င်နေပြီး အသားရှိတဲ့နေရာဆိုတာ မရှိသလောက်ပဲ။ သူမက အရိုးပေါ်အရေတင်ပဲဖြစ်နေတယ်။ ပြီးတော့ သူမမျက်နှာပေါ်က ဒဏ်ရာတွေကလဲ အနီရောင်နဲ့ခရမ်းရောင်တွေဖြစ်နေပြီး သူမအသွင်အပြင်က ကြောက်မက်ဖွယ်ကောင်းနေတော့တယ်။

'သူမတကယ်ရုပ်ဆိုးတာပဲ။ ဘာလို့ဒီလောက်တောင်ရုပ်ဆိုးနေရတာလဲ... ဒီလောက်ရုပ်ဆိုးတဲ့မိန်းမက ဘယ်လိုများအိမ်ထောင်ကျနိုင်ရတာလဲ... နောက်ပြီး သူမတွေ့ခဲ့တဲ့ကလေးကလဲ အရမ်းကြည့်လို့ကောင်းနေတယ်...သူမသားမှဟုတ်ရဲ့လား...ဘယ်လိုပဲ သူမကြည့်နေပါစေ အဲ့လိုဆိုတာမဖြစ်နိုင်ဘူး... ကလေးအဖေက အရမ်းပဲကြည့်ကောင်းနေလို့လား...ဒါပေမယ့် သူကအရမ်းပဲဆွဲဆောင်မှုရှိတယ်ဆိုရင် သူမလိုလူမျိုးကို ဘာလို့လက်ထပ်ရတာလဲ...

ထန်ထန် နားမလည်နိုင်ဖြစ်နေသည်။ သူမ မှန်ကိုနောက်တကြိမ်ကြည့်လိုက်တယ်။ ဒါပေမယ့် အကြည့်ကိုအမြန်လွှဲလိုက်တယ်။ သူမက ရုပ်ဆိုးလိုက်တာ။ သူမကိုယ်သူမ ထပ်မကြည့်ရဲတော့ဘူး။ သူမနောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာတွေးဖို့အတွက် ချိုင်းထောက်အကူအညီနဲ့ အိပ်ယာဆီကိုပြန်လှည့်လိုက်တယ်။

သူမရဲ့ အရင်ကမ္ဘာနဲ့ပတ်သတ်ပြီး သူမမှာဘာခံစားချက်မှမရှိဘူး။ နောက်ဆုံးတော့လဲ သူမကိုဘယ်သူမှဂရုမစိုက်ကြဘူး၊ ဒါကြောင့် သူမပြန်မသွားချင်ဘူး။ နဂိုက သူမ ဝိဥာဉ်လောကကိုရောက်ပြီး သူမမိခင်နဲ့တွေမယ်ထင်ခဲ့ပေမယ့် သူမ မမျှော်လင့်ပဲ တစုံတယောက်ဖြစ်လာခဲ့တယ်။ သူမအသက်ရှင်နေမှတော့ သေဖို့အတွက်ဆန္ဒမရှိတော့ဘူး။ ဘုရားသခင်က သူမအသက်ရှင်ဖို့အတွက် အခွင့်အရေးပေးတာပဲ ဒါကြောင့် အဲ့ဒီအခွင့်အရေးကိုရတနာလိုတန်ဖိုးထားသင့်တယ်။

အခုလောလာဆယ် အကြီးမားဆုံးပြဿနာကတော့ သူမရဲ့ခန္ဒာကိုယ်ရဲ့အခြေအနေကိုသူမ မသိတာပဲ။ သူမ သိတာဆိုလို့ သူမမှာ ယောကျာ်းနဲ့ကလေးတစ်ယောက်ရှိတယ်ဆိုတာပဲ။ သူမတစ်ယောက်တည်းမဟုတ်တော့ဘူး။ ဒါပေမယ့် ဒီခန္ဒာကိုယ်ပိုင်ရှင်က ကောင်းတဲ့သူတစ်ယောက်ဖြစ်ပုံမရသလို ဒီအိမ်ကလူတိုင်းကလဲ သူမကိုသဘာမကျကြဘူး။ သူမမွေးထားတဲ့ သူမရဲသားဖြစ်သူကိုယ်တိုင်ကတောင် သူ့အမေဖြစ်သူကိုသဘောကျပုံမရဘူး။ မူလခန္ဒာကိုယ်ပိုင်ရှင်က ဘာလို့ဒီလိုတွေဖြစ်နေခဲ့လဲဆိုတာ သူမ မသိဘူး။

သူမ အများကြီးဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအရ ဇာတ်ကောင် ကူးပြောင်းသွားတဲ့အခါမှာ မူလခန္ဒာကိုယ်ရဲ့မှတ်ညဏ်တွေကိုရရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုမျိုးသူမမှာ မရှိဘူး။ အဲ့ဒီမှတ်ညဏ်တွေမရှိရင် မူလပိုင်ရှင်အတိုင်းတုပလို့မရတဲ့အတွက် အဲ့ဒါကပြသနာဖြစ်စေနိုင်တယ်။ သူမကတော့ အရင်သူမအတိုင်းပဲဖြစ်လာနိုင်တယ်။

အဲ့ဒါက ပိုပြီးပြဿနာတက်စေနိုင်လောက်တယ် မဟုတ်ဘူးလား...

ထန်ထန် စိတ်ပျက်ပြီး နည်းလမ်းတခုခုရဖို့ သူမခေါင်းကိုထုလိုက်တယ်။ အဆုံးမှာတော့ သူမ စိတ်ကူးတစ်ခုရလိုက်တယ်။ သူမ အတိတ်မေ့သလိုဟန်ဆောင်လိုက်မယ်။ ဒီနည်းလမ်းပဲရှိတယ်။ သူမဘာမှမမှတ်မိဘူးလို့ အခိုင်အမာပြောရင် ဘယ်သူမှ သံသယ၀င်မှာမဟုတ်ဘူးလေ။

သူမတွေးမိလေလေ အဲ့ဒီအကြံကအကောင်းဆုံးလို့ထင်လေလေပဲ။ သူမ အဲ့ဒီအကြံကြောင့် အတော်လေးပျော်နေမိတယ်။ သူမရဲ့ပါးပြင်ကို ခေါင်းအုံးမှာပွတ်နေမိပြီး ခေါင်းအုံးကအရမ်းနူးညံ့တာပဲလို့တွေးနေမိတယ်။ အဲ့ဒါက သူမလာခဲ့တဲ့နေရာထက် ပိုကောင်းနေတယ်လေ။ စောင်တွေကလဲသက်သောင့်သက်တာရှိတယ်။ ထို့အပြင် တိုက်ခန်းကလဲ အရမ်းသန့်ရှင်းနေပြီး လှပနေတယ်။ ဒီနေရာကတကယ်ကို ဆန်းကြယ်တာပဲ။

ဒါကြောင့် သူမ ဆန်းကြယ်တဲ့ဒီနေရာမှာပဲနေတော့မယ်...

ထန်ထန် လှည့်ပတ်ကြည့်လိုက်ပြီးနောက် တခါးကိုကျော်ကာ ဧည့်ခန်းကိုလှမ်းကြည့်လိုက်တယ်။ သူမကိုလှမ်းကြည့်နေတဲ့ကလေးကိုတွေ့လိုက်ရတယ်။ သူမကြည့်လိုက်တဲ့အခါမှာတော့ ကလေးကချက်ချင်းအကြည့်လွှဲလိုက်ပြီး သူမကိုတခါမှမကြည့်လိုက်သလိုနဲ့  သူ့ရဲ့ကစားစရာတွေနဲ့ပြန်ဆော့နေတယ်...

သူမ မတ်တပ်ရပ်လိုက်ပြီး ကလေးကိုစိုက်ကြည့်လိုက်တယ်။ ကလေးက သူမရဲ့သားလေးဆိုတဲ့အတွေးကိုတွေးလိုက်မိတဲ့ခဏ သူမနှလုံးသားကနူးညံ့သွားတယ်။ သူမ က ကလေးတွေကိုအရမ်းချစ်တတ်သူဖြစ်တယ်။ သူမက ကလေးတွေကိုတွေ့တိုင်း သူတို့ကိုပွေ့ဖက်ပြီး နမ်းချင်တယ်။ ကံမကောင်းစွာနဲ့ပဲ သူမအရင်ဘ၀တုန်းက ကလေးတွေနားကို သူမအားအကပ်မခံခဲ့ကြသလို လူကြီးတွေကလဲ ခြံ၀င်းအနားကို ပေးမသွားကြဘူး။ ထို့ကြောင့် သူမက အဲ့ဒီချစ်ဖို့ကောင်းတဲ့ကလေးတွေကို တခါး၀ကနေသာ ရပ်ပြီးငေးကြည့်နေခဲ့ရတယ်။

သူမရဲ့အထိန်းတော်က သူမရဲ့အဖြစ်ကိုမြင်တိုင်း သက်ပြင်းချပြီး သူမကိုနှစ်သိမ့်ပေးလေ့ရှိတယ်။ အနာဂတ်မှာ သူမမှာအိမ်ထောင်ကျပြီးသူမကလွပ်လပ်သွားတဲ့အခါ သူမရဲ့ကိုယ်ပိုင်ကလေးလဲရှိလာလိမ့်မယ်ဆိုပြီးတော့ပေါ့။

ထန်ထန် သူမရဲ့ကိုယ်ပိုင်မိသားစုလေးကိုလိုချင်ပေမယ့်လဲ တိအမေ (တရားဝင်ဇနီး/မယားကြီး)ကတော့ သူမရဲ့လက်ထပ်ပွဲကိုတခါမှမစဉ်းစားပေးခဲ့ဘူး။ သူမအဖေကတော့ သူမရဲ့တည်ရှိမှုကိုမေ့နေပြီး သူမနည်းလမ်းနဲ့သူမအသက်ရှင်အောင်နေခဲ့ရတယ်။ သူမ အသက် ၁၈နှစ်ပြည့်တဲ့အခါမှာတော့ သူမကိုလက်ထပ်မယ့်သူမရှိတော့ဘူး။ အဆုံးမှာတော့ သူမအစ်မတစ်ဝမ်းကွဲရဲ့ရေထဲတွန်းချခြင်းကိုခံလိုက်ရပြီး ဒီကိုရောက်လာရတဲ့အတွက် လက်ထပ်ဖို့အခွင့်အလမ်းမရှိခဲ့ဘူး။

ဒါပေမယ့် ဘယ်သူထင်မှာလဲ လက်ထပ်ဖို့အတွက်အခွင့်အရေးမရှိခဲ့တဲ့သူမက တစ်စုံတစ်ယောက်ရဲဇနီးဖြစ်လာမယ်လို့ပေါ့။ သူမဆီမှာ ကလေးတောင်ရှိလိုက်သေးတယ်။ တခြားသူတွေအတွက် အိမ်မက်ဆိုးဖြစ်နေနိုင်ပေမယ့် သူမအတွက်ကတော့ ကြီးမားတဲ့လက်ဆောင်တစ်ခုပါပဲ။ နောက်ထပ်သူမတစ်ယောက်တည်းမဖြစ်တော့ဘူး။ သူမမှာ မိသားစုရှိနေပြီး သူမယောကျာ်းက သူမကိုကာကွယ်လိမ့်မယ်။

အဲ့ဒါက အမြဲတမ်းသူမရဲအိမ်မက်ပဲ...

မရင်းနီးတဲ့နေရာဆိုတဲ့ သူမရဲ့ခံစားချက်တွေကိုစွန့်ပစ်ပြီးနောက် သူမတိတ်တဆိတ်ပျော်နေခဲ့တယ်။

၀၀ကစ်ကစ်လေးဖြစ်နေတဲ့ ကလေးလေးကိုသူမကြည့်လိုက်ပြီး အိပ်ယာထဲကထွက်ပြီး သူမရဲ့ချိုင်းထောက်နဲ့ အဲ့ဒီမိုချီလုံးလေးဆီကိုသွားဖို့ မရပ်တန့်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီမိုချီလုံးလေးက အနီရောင်နဲ့အစိမ်းရောင်ရှိတဲ့အတုံးလေးတွေနဲ့ဆော့နေတယ်။ သူ့ရဲ့လက်ဖောင်းဖောင်းသေးသေးလေးတွေနဲ့ အတုံးလေးတွေကိုကောက်ကိုင်လိုက်ပြီး အဆောက်အဦးပုံစံတစ်ခုကိုဆောက်နေတယ်။

''ပေါင်ပေါင် က ဒါကစားတာအရမ်းတော်တာပဲ''

သူမက ကလေးကိုမြှောက်ပင့်ပြောလိုက်တယ်။

အတုံးလေးတွေကို ကိုင်ထားတဲ့ ကျိရှောင်ကျိုး လက်တွေရပ်တန့်သွားတယ်။ သူက အထိတ်တလန့်ကြည့်လိုက်ပြီး ခဏအကြာမှာပဲ အတုံးလေးတွေကိုတွန်းလိုက်တယ်။ ထို့နောက် အတုံးလေးတွေအားလုံးကို ပုံးထဲစုထည့်ကာ သူအခန်းထဲကိုဝင်သွားတယ်။ တံခါးပိတ်ပြီးနောက် သူက အတုံးလေးတွေကိုနောက်တစ်ခါအောက်မှခင်းလိုက်ပြန်တယ်။

ထန်ထန် ခေါင်းကိုကုတ်လိုက်ပြီး အကူအညီမဲ့သလိုခံစားလိုက်ရတယ်။ ကြည့်ရတာ သူမကလေးကလဲ သူမကိုသဘောကျပုံမရဘူး။

သူမ ဘာမှမလုပ်ပဲဒီတိုင်းနေတာမကောင်းဘူးလို့ ခံစားမိသောကြောင့် တခုခုလုပ်ဖို့ သူမရှာလိုက်တယ်။ အန်တီလီက မီးဖိုချောင်မှာ အရမ်းအလုပ်ရှုပ်နေတာကိုတွေ့လိုက်ပြီး ချိုင်းထောက်နဲ့မီးဖိုချောင်ဘက်ကို သူမလျောက်ခဲ့တယ်။ သူမက တဖက်မှာရှိတဲ့ အသီးအရွက်တွေကိုယူပြီး အန်တီလီကို ပြောလိုက်တယ်

'' ကျွန်မကူညီပေးမယ်လေ...''

အန်တီလီ အံ့ဩသွားတယ်။ သူမ ထန်ထန်ကို အံ့ဩတကြီးကြည့်လိုက်ပြီး

'' မဒမ် က ကူညီချင်တယ်...''

ထန်ထန် ခေါင်းငြိမ့်ပြလိုက်တယ်

'' ကျွန်မ အသီးအရွက်တွေကိုလှီးပေးမယ်, အန်တီလီက ချက်ပေါ့...''

အန်တီလီ မျက်လုံးများ ပြူးကျယ်သွားတယ် ။ အံ့ဩမှုက သူမမျက်လုံးထဲမှာ အထင်းသားမြင်တွေနေရတယ်။ ဒီအပြုအမူက မူလခန္ဒာကိုယ်ရဲ့ အပြုအမူနဲ့ယှဉ်ရင် အများကြီးကွာနေမယ်ဆိုတာ သူမသိတယ်။ မူလပိုင်ရှင်ရဲ မှတ်ညဏ်တွေမရှိပဲနဲ့ သူမနဲ့တူအောင်လိုက်မလုပ်နိုင်ဘူးလေ။

ထန်ထန် အန်တီလီကို ပြုံးပြလိုက်ပြီး ပြောလိုက်တယ်...

"တကယ်တော့ ကျွန်မပြောချင်တာတစ်ခုရှိတယ်"

"ဘာများလဲ...."

"တကယ်... တကယ်တော့ ကျွန်မ ဘာမှမမှတ်မိတော့ဘူး...ကျွန်မစိတ်ထဲမှာ ဘာမှမရှိသလို ဘာလုပ်ရမှန်းလဲမသိဘူး... အန်တီလီ..."

"ဘယ်လို... မဒမ် ဘာမှမမှတ်မိတော့ဘူး ဟုတ်လား..."

အန်တီလီ အလန့်တကြားနဲ့ ဓါးကိုလွှတ်ချလိုက်တယ်။

" မဒမ် ကျွန်မကို နောက်နေတာမဟုတ်လား..."

ထန်ထန် လက်ကို‌ဝှေ့ယမ်းလိုက်ပြီး

'' မဟုတ်ဘူး မဟုတ်ပါဘူး၊ ကျွန်မ တကယ်ကိုမမှတ်မိတာပါ။ ကျွန်မနာမည်ကိုတောင် ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မနိုးလာကတည်းကဒီလိုဖြစ်နေတာပါ ကျွန်မကိုယ်တိုင်လဲ ဘာဖြစ်နေမှန်းမသိဘူးဖြစ်နေတယ်...''

အန်တီလီ ထန်ထန်ရဲ့အမူအယာကို သတိပြုလိုက်မိတယ်။ ကြည့်ရတာ သူမတကယ်ကိုဘာမှမသိတဲ့ပုံဖြစ်နေပြီး သူမမျက်ဝန်းတွေကလဲ အရင်ကထက်ပိုတည်ငြိမ်နေပြီး နူးညံ့နေတယ်။ အတိတ်ကလို ရက်စက်တတ်တဲ့သူမနဲ့ မတူဘူး။ သူမတကယ်ပဲပြောင်းလဲသွားတာဖြစ်နိုင်တယ်။ ဆေးရုံမှာတောင် အရင်လိုစိတ်ဆိုးပြီး ပစ္စည်းတွေပစ်ပေါက်မနေပဲ တိတ်တိတ်လေး နေနေခဲ့တာပဲ။

အန်တီလီက သူမကိုအပြည့်အ၀မယုံသေးတာကြောင့်  မေးခွန်းထုတ်လိုက်တယ်...

'' ဒါဆို ကားမတော်တဆမှုဖြစ်တာကိုကော မှတ်မိသေးလား...'

ကားမတော်တဆဖြစ်တာ... ဒါဆို သူမဒီကိုရောက်လာရတာက မူလပိုင်ရှင်ကသေသွားလို့များလား...ထန်ထန် က အန်တီလီကို ခေါင်းခါပြလိုက်တယ်

"ကျွန်မမမှတ်မိဘူး..."

"ဒါဆို ဘာတွေကိုမှတ်မိသေးလဲ..."

ထန်ထန် ခေါင်းကိုယမ်းလိုက်ပြီး

'' ကျွန်မ ဘာမှကိုမမှတ်မိတော့ဘူး၊ ရှင့်ရဲ့နာမည်ကိုတောင်မေ့သွားတာ၊ ရှင့်နာမည် နောက်တစ်ခါထပ်ပြောပါဦး..."

အန်တီလီက ထန်ထန်ကို သံသယဖြစ်စွာနဲ့ စိုက်ကြည့်လိုက်တယ်။ သူမလိမ်နေတာမဟုတ်မှန်းသေချာသွားတဲ့နောက် သူမရဲ့သံသယတွေကိုဖိနှိပ်လိုက်ပြီး ဟင်းသီးဟင်းရွက်တွေကိုဆက်လှီးလိုက်တယ် ...

"ဆရာခေါ်သလိုပဲ အန်တီလီ လို့ခေါ်နိုင်ပါတယ်"

"အန္တီလီ..."

ထန်ထန်ခေါင်းငြိမ့်လိုက်ကာ အန်တီလီကိုနှုတ်ဆက်လိုက်တယ်။ ပြီးတော့ သူမဒီအခွင့်အရေးကိုယူပြီးမေးလိုက်တယ်

"အန်တီလီ အပြင်ကကလေးက ကျွန်မကလေးလား..."

" အင်း..."

အန်တီလီက အတည်ပြုလိုက်တယ်။

" အဲ့ဒါ မဒမ်ရဲ့သားပါ ဒါပေမယ့် သူ့ကိုတစ်ခါမှ မဒမ်ရဲ့ကလေးလို့သဘောထားတာမဟုတ်ဘူး..."

" ဘာလို့လဲ..."

ထန်ထန် ဒေါသတကြီးမေးလိုက်တယ်။

အန်တီလီ စိတ်မရှည်စွာနဲ့ပြောလိုက်တယ်..

''ကျွန်မဘယ်လိုသိမှာလဲ... ကျွန်မက ရှောင်ကျိုး ကိုစောင့်ရှောက်ဖို့ငှားထားတာပဲလေ...ကျွန်မ မဒမ်ရဲ့မိသားစုအကြောင်းကိုဘာမှမသိပါဘူး''

တန်တန် အနည်းငယ်စိတ်ပျက်သွားပြီး ထိုအကြောင်းကိုမေးရန် လက်လျော့လိုက်တယ်။ သူမက တခြားမေးခွန်းတစ်ခုကိုထပ်မေးလိုက်တယ်

''ဒါဆို ကျွန်မ ခင်ပွန်းကော...သူဘယ်မှာလဲ...''

အန်တီလီက ထန်ထန်ကို လှည့်ကြည့်လိုက်တယ်။ သူမ တစ်ခဏတိတ်သွားပြီးတော့ ဖြေလိုက်တယ်

''ဆရာက စစ်တပ်မှာ အမှုထမ်းတယ်... သူက အရမ်းအလုပ်များပြီး အားလပ်ရက်တွေမှသာ အိမ်ကိုပြန်လာတာမို့ သူက အိမ်မှာအမြဲမရှိဘူး..."

"အို... အဲ့လိုပေါ့"

ဒါဆို သူမခင်ပွန်းက စစ်တပ်ကပေါ့။ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့သူလဲ။ တိုင်းပြည်ကို ကာကွယ်တဲ့ သူရဲကောင်းတစ်ယောက်။ အဲ့လိုလူမျိုးက အရမ်းကောင်းမှာပဲ အဲ့ဒါကို ဒီမူလပိုင်ရှင်နဲ့ ဘာကြောင့်များလက်ထပ်လိုက်ရတာလဲ...

သူမ အနေနဲ့ သူမခင်ပွန်းအကြောင်း မေးခွန်းတွေထပ်မေးချင်ပေမယ့်လဲ အန်တီလီက ဒီကိစ္စကိုဆက်မပြောတော့ဘူး။ ဟင်းသီးဟင်းရွက်တွေကို အိုးထဲထည့်ပြီးကြော်နေရင်းနဲ့ အန်တီလီက

"ထပ်မမေးပါနဲ့တော့...ကျွန်မဟင်းချက်တော့မှာမို့၊ တကယ်လိုထပ်မေးချင်သေးရင်လဲ ဆရာပြန်လာတာကိုစောင့်ပြီး သူ့ကိုပဲမေးလိုက်ပါ"

သူမအတိတ်မေ့သွားတာ တကယ်လားဆိုတာ သူမမသိဘူးလေ။ အိမ်အကူအနေတစ်ယောက်နဲ့ စကားကိုရမ်းပြောလို့မရဘူး။ အထူးသဖြင့် မိသားစုအကြောင်းတွေကိုပေါ့။

ဒါကြောင့် ထန်ထန် ပါးစပ်ကိုပိတ်ပြီး နောက်ထပ်ဘာမှမမေးတော့ဘူး။ သူမ အသံတိတ်ပြီး ချက်ပြုတ်တာကို ဆက်ကူညီပေးလိုက်တယ်။

ညစာအတွက် ဟင်းပွဲသုံးပွဲနဲ့ ဟင်းချိုတစ်ပွဲဖြစ်ပြီး ဟင်းပွဲထဲမှာ အသားနဲ့အသီးအရွက်တွေပါတယ်။ ဟင်းပွဲတွေက ထန်ထန် အမြဲတမ်းစားဖူးတာတွေထက် ပိုကောင်းတယ်။ မူလခန္ဒာကိုယ်ပိုင်ရှင်မှာ တကယ်ကောင်းတဲ့ဘ၀ရှိတာပဲ။ သူမကူကယ်ရာမဲ့စွာနဲ့ မိုချိလုံးလေးက သူ့ဇွန်းလေးနဲ့စားနေတာကိုကြည့်နေမိတယ်။ သူက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူက ကလေးလေးတစ်ယာက်ဖြစ်နေပေမယ့် အဖိုးအိုလေးလိုပြုမူနေတယ်။ သူ့ပါးစပ်လေးထဲ အစာထည့်စားလိုက်တဲ့အခါ ပါးလေးကဖောင်းသွားပြီး ဝါးလိုက်တဲ့အချိန်မှာသူ့ပါးလေးကတုန်သွားတယ် ။ သူက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ။

တကယ်ကိုပဲ သူ့ပါးလေးကို သူမလက်နဲ့တို့ချင်နေမိတယ်။ ဒါပေမယ့် သူလက်ခံမှာမဟုတ်မှန်း သူမသိနေတဲ့အတွက် သူမစိတ်ကိုထိန်းထားရတယ်။

အဲ့ဒီအချိန်မှာပဲ မိုချီလုံးလေးက ပန်းကန်ထဲကအာလူးတုံးလေးတွေကို သူဇွန်းနဲ့လှမ်းယူဖို့ကြိုးစားနေတာကို မြင်နေရတယ်။ အချိန်တချို့ကြာပြီးနောက် သူမအောင်မြင်ဖြစ်နေတာကို သူမတွေ့နေရတယ်။ အန်တီလီကလဲ ဘာမှလုပ်မပေးဘူး။ နောက်ဆုံးတော့ သူမ မနေနိုင်ပဲ တူနဲ့လှမ်းယူပြီး အသေးလေးရဲ့ပန်းကန်ထဲကိုထည့်ပေးလိုက်တယ်။

ကျိရှောင်ကျိုးရပ်တန့်သွားတယ်။ သူ့ပန်းကန်လုံးထဲက အာလူးတုံးတစ်ချို့ကိုကြည့်ပြီး ထန်ထန်ကိုလှမ်းကြည့်နေတယ်။ သူ့မျက်လုံးများကျယ်လာပြီး အနီရောင်သန်းလာတယ်။ သူ့နှုတ်ခမ်းကတုန်နေတယ်၊  အဆုံးမှာတော့ နှာတစ်ချက်မှုတ်လိုက်ကာ ပန်းကန်ထဲကအာလူးအားလုံးကိုထုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်တယ်

''ကျွန်တော် ခများရဲ့အကူအညီမလိုဘူး...''
(ကလေးက သူအမေဆီကဂရုစိုက်တာမခံရတော့ အံ့ဩပြီးစိတ်ကောက်နေတာပါ)

သူမ ကူရာမဲ့သလိုခံစားလိုက်ရတယ်

'' ပေါင်ပေါင်...''

ကျိရှောင်ကျိုး က သူမကိုပြန်မဖြေပဲ ခေါင်းကိုငုံပြီးထမင်းပိုစားကာ အာလူးတွေကိုထပ်မထိတော့ဘူး။

သူမ အသေးလေးရဲ့ပန်းကန်ထဲကို ဟင်းထပ်မထည့်ပေးရဲတော့သလို အနည်းငယ်လည်းစိတ်ပျက်သွားမိသည်။ အသေးလေးက သူမကိုအဲ့လောက်တောင် မကြိုက်မှန်းသူမ မသိလိုက်ဘူး။ မဟုတ်သေးဘူး အသေးလေးမကြိုက်တာ မူလပိုင်ရှင်ကိုလေ ဒါပေမယ့် အခုသူမက ဒီကိုယ်ထဲကိုရောက်လာပြီဆိုတော့ အသေးလေးက သူမသားလေးပဲပေါ့။ သူမ အမြဲတမ်းတော့ သဘောမကျပဲမနေလောက်ဘူး မဟုတ်လား... သူမကို အသေးလေးသဘောကျလာဖို့မျှော်လင့်နေမိတယ်...

Part 3

ညစာစားပြီးနောက် အန်တီလီက ပန်းကန်များဆေးကြောပြီး ဇာတ်လမ်းတွဲကြည့်နေလေသည်။ သူမ အပိုင်း ၂ ပိုင်းကြည့်ပြီးတဲ့အခါမှာ ည ၉ နာရီခွဲနေပြီဖြစ်သည်။

အချိန်ကရှောင်ကျိုး  အိပ်သင့်တဲ့အချိန်ရောက်နေပေမယ့်လဲ ကလေးက ဆိုဖာပေါ်တွင်ဆော့နေဆဲဖြစ်သည်။ အန်တီလီက နောက်ကျောကိုပုတ်လိုက်ရင်း

" ရှောင်ကျိုး, ၉ နာရီခွဲနေပြီ သားအိပ်ရမယ့်အချိန်ရောက်နေပြီလေ..."

ပေါက်စီလုံးလေး က အချိန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းလေးကိုပွတ်လိုက်ကာ သူ့လက်ထဲက Tablet ကိုမခွဲချင်သည့်သေးပုံနှင့် ညင်သာစွာပြောလိုက်တယ်

'' အန်တီလီ သားအိပ်ယာထဲမဝင်ခင်ခဏလောက် စောင့်ချင်သေးတယ်...''

အန်တီလီက ရှောင်ကျိုးလက်ထဲက Tablet ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်ရင်း...

" ရှောင်ကျိုး... ကိုးနာရီခွဲနေပြီဆိုတော့ သားအဖေ Video call ခေါ်တော့မှာမဟုတ်တော့ဘူး၊ သူ မစ်ရှင်တစ်ခုခုရှိနေတာဖြစ်နိုင်တယ်၊ သူအားတဲ့အချိန်ကျရင် သားကိုခေါ်မှာပါ အဲ့ဒါကြောင့် သွားအိပ်လိုက်တော့နော်..."

ရှောင်ကျိုး တိတ်ဆိတ်သွားပြီး ခေါင်းကိုငုံ့လိုက်တယ်။ သူက tablet ကိုထိလိုက်ပြီး ခေါင်းလေးကိုမော့ကာ

" နည်းနည်းလောက်ပဲထပ်စောင့်ပါရစေ ဒက်ဒီကအချိန်မရွေးဖုန်းခေါ်လာနိုင်တယ်လေ နော်..."

အန်တီလီ အကူအညီမဲ့စွာနဲ့ ပြန်ဖြေလိုက်တယ်

" ကောင်းပြီလေ နောက်ထပ် မိနစ် ၃၀ ပဲနော်၊ ပြီးတာနဲ့သွားအိပ်ရမယ်..."

ရှောင်ကျိုး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် Tablet ကိုဆက်ပြီး စိုက်ကြည့်နေတယ်။

ထန်ထန် ဆိုဖာပေါ်ကနေ တိတ်ဆိတ်စွာနဲ့ထိုင်ပြီးကြည့်နေလိုက်သည်။ သူမလဲပဲ Tablet ကိုစိုက်ကြည့်လိုက်မိသည်။ ဘာလို့ မိုချီလုံးလေးက အဲ့ဒါကို စိုက်ကြည့်နေလဲဆိုတာ နားမလည်ပေ။

ဘယ်လို video call မျိုးမို့လို့ပါလိမ့်...

နောက်ထပ် မိနစ်သုံးဆယ်ကြာပြီးတဲ့နောက် အန်တီလီက ရှောင်ကျိုးကိုထပ်မစောင့်ခိုင်းတော့ပါဘူး။ သူမက Tablet ကိုယူပြီးပြောလိုက်တယ်

" ရှောင်ကျိုး, ၁၀ နာရီထိုးပြီဆိုတော့ တော်ပြီနော်၊ သားအဖေလဲဖုန်းခေါ်တော့မှာမဟုတ်လောက်တော့ဘူး၊ အခု ရေချိုးဖို့လိုက်ခဲ့တော့နော် အိပ်ချိန်ရောက်ပြီလေ..."

ကလေးလေးက ခေါင်းငုံ့လိုက်ပြီး တိတ်တဆိတ်နေနေပြန်တယ်။ ခဏကြာပြီးနောက် ဆိုဖာပေါ်ကဆင်းသွားပြီး အန်တီလီနဲ့အတူ အခန်းထဲလိုက်သွားတော့တယ်။ ထန်ထန်က မျက်စိလျင်တဲ့သူဖြစ်တဲ့အတွက် အဲ့ဒီကလေးလေးရဲ့ မျက်၀န်းတွေ နီနေတာကိုသတိထားလိုက်မိတယ်။ သူ့ပုံစံလေးက ငိုတော့မယ့်ပုံလေးဖြစ်နေတယ်။

ပေါင်ပေ့ ပုံစံက အတော်လေးစိတ်ဓါတ်ကျနေပုံပေါ်သည်။

သူ့အဖေအကြောင်းသိချင်လို့စောင့်နေတာများလား... သူထပ်မစောင့်နိုင်တော့လို့ပဲစိတ်ညစ်သွားတာလား... ဒါပေမယ့် စစ်တပ်စည်းမျဉ်းတွေက တင်းကြပ်ပြီး သူတို့မိသားစုဆီကို သူတို့သဘောနဲ့ ပြန်လာချင်သလို ပြန်လာလို့မရဘူး။ ဒီမိုချီလုံးလေးက သူ့အဖေကိုလွမ်းနေတာပဲ။

ထို့နောက် ရေချိုးရန် သူမအခန်းသို့ပြန်လာလိုက်သည်။ အချိန်တချို့ကုန်ဆုံးပြီးနောက် ရေချိုးခန်းထဲကအရာတွေကို ဘယ်လိုအသုံးပြုရလဲဆိုတာ သူမသိသွားသည်။ သူမရေချိုးပြီးတဲ့နောက် စိတ်ကောလူပါပင်ပန်းသွားတော့တယ်။ အိပ်ယာထဲရောက်နေတာတောင်မှ သူမအလွယ်တကူ အိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။ အတွေးများစွာကိုတွေးနေလိုက်ပြီး နောက်ဆုံး မိုချီလုံးလေးရဲ့ နီရဲနေတဲ့မျက်လုံးတွေကိုပြန်မြင်ယောင်နေမိပြီး အိပ်မပျော်နိုင်ဘူးဖြစ်နေတယ်။ ခဏကြာတဲ့အခါ သူမအိပ်ယာထဲကထလိုက်ပြီး ကောင်လေးရဲ့တံခါးကိုတိတ်တဆိတ်ဖွင့်လိုက်တယ်။

မီးအိမ်လေးကလင်းနေတယ်။ သူမက ဒီကလေးညဘက်အိမ်သာသွားတဲ့အခါ ပိုလွယ်ကူအောင်ဖွင့်ထားတယ်လို့ ယူဆလိုက်တယ်။ အသေးလေးက အိပ်ယာထဲမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ သူက အတွင်းခံလေးဝတ်ထားပြီး ပါးစပ်လေးကဟနေတယ်။ ပြီးတော့ သူ့ရဲ့လက်ဖောင်းဖောင်း ခြေဖောင်းဖောင်းလေးတွေက ဘေးနှစ်ဖက်ကိုပြန့်ကားနေတယ် (ခြေကားယား လက်ကားယားပုံစံကိုပြောတာပါ) သူ့အစာအိမ်(ဗိုက်)လေးကလဲ အသက်ရှုလိုက်တိုင်းလှုပ်နေတယ်။ သေချာနားထောင်ကြည့်ရင် သူဟောက်နေတဲ့ အသံသေးသေးလေးကိုပါကြားရတယ်။

ထန်ထန် မသိစိတ်ကနေ ပြုံးလိုက်မိတယ်။ သူမ မိုချီလုံးလေးရဲ့ လက်ကိုအသာလေးတို့လိုက်မိပြီး သူမနှလုံးသားလေးဟာလဲ ပျော့ပြောင်းသွားလေတယ်။

သူမက သူ့ရဲ့ တကယ့်အမေမဟုတ်ပေမယ့်လဲ အမေတစ်ယောက်ဖြစ်လာတာပဲ။ သူမကိုယ်တိုင်ကလဲ သူ့အမေဖြစ်ဖို့ဆန္ဒရှိနေတယ်။ ဒါကြောင့် နောက်ဆို သူ့ကိုသေချာဂရုစိုက်ရမယ်။ အဲ့လိုမှမဟုတ်ရင် သူမကဘာလို့ ဒီအခန်းထဲလာရမှာလဲ...သူမ မိသားစုတစ်ခုရဖို့ အမြဲတမ်းအိမ်မက်မက်နေခဲ့တာ နောက်ဆုံးတော့သူမရခဲ့ပြီလေ။ ဒီမိသားစုက သူမရဲ့အရာအားလုံးပဲ။ တကယ်လို့သာ မိသားစုဆိုတာမရှိရင် သူမဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။

သူမ ကလေးကိုအချိန်အတော်ကြာကြည့်နေမိသည်။ နောက်ဆုံး အသေးလေးရဲ့နဖူးကိုနမ်းလိုက်ပြီး သူမအခန်းကိုမပြန်ခင် စောင်ခြုံပေးလိုက်တယ်။

နောက်တစ်နေ့ သူမနိုးတဲ့အခါ အန်တီလီက မီးဖိုချောင်ထဲမှာ ဟင်းချက်နေပြီဖြစ်တယ်။ အသေးလေးကတော့ ထမင်းစားပွဲမှာ ခြေထောက်လွဲပြီးဆော့ရင်း မနက်စာစားဖို့စောင့်နေတယ်

ထန်ထန်က အသေးလေးကိုစတင် ပြုံးပြလိုက်ပြီး နှုတ်ဆက်လိုက်တယ်

'' မောနင်း အချစ်လေး...''

ကျိရှောင်ကျိုး ကသူမကို မသိမသာကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်ကာ သူမကိုအကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့နေလိုက်တယ်။

ထန်ထန် စိတ်မဆိုးပဲ ပြုံးလိုက်ကာ မီးဖိုချောင်ထဲကိုလျောက်သွားပြီး ကူညီပေးနေတယ်။ အန်တီလီက သူမကို မီးဖိုချောင်မှာမြင်ရသောကြောင့် တအံ့တဩဖြစ်နေတယ်။

ထန်ထန် မီးဖိုချောင်ထဲကိုဝင်လာပြီး ကူညီတာကိုတခါမှမမြင်ဖူးပေ။

အန်တီလီက သူမရဲ့သံသယတွေကို ဖိနှိပ်လိုက်ပြီး ရှောင်ကျိုးအတွက် နို့တစ်ခွက်ပြင်ပေးလိုက်တယ်။ ကလေး စားပြီးတဲ့နောက် အန်တီလီက ဆန်ပြုတ်တခွက် သူမပန်းကန်ထဲကိုထည့်ပြီး စတင်စားနေတယ်။

ထန်ထန်လဲ သူမအတွက် ဆန်ပြုတ်ကို သူမဘာသာပြင်ပြီး သူတိုနဲ့အတူတူစားနေတယ်။ သူမဘာမှမစားရသေးခင်မှာပဲ သူတိုရဲ့အကြည့်တွေကိုခံစားလိုက်မိတယ်။ အဲ့ဒါကြောင့် သူမက အသေးလေးရဲ့ စိတ်၀င်တစားနဲ့ စပ်စုတဲ့အကြည့်တွေကိုမြင်လိုက်ရတယ်။ သူမကြည့်နေတာကိုသိလိုက်တဲ့အချိန်မှာပဲ အသေးလေးက ချက်ချင်းအကြည့်လွဲလိုက်ကာ သူမကိုဘယ်တုန်းမမှ မကြည့်လိုက်သလိုဟန်ဆောင်နေတယ်။

သူမ အန်တီလီဘက်ကိုလှည့်လိုက်တယ်။ အန်တီလီကလဲ သူမကိုအံ့ဩတဲ့အကြည့်နဲ့ကြည့်နေတာကိုတွေလိုက်တယ်။ ထန်ထန် စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်တယ်

'' အန်တီလီ ရှင်တိုနှစ်ယောက်လုံး ဘာလို ကျွန်မကိုကြည့်နေရတာလဲ ကျွန်မ တစ်ခုခုအမှားလုပ်မိလိုလား...''

အန်တီလီက မျက်မှောင်ကြုတ်ပြီး သူမရှေ့က ဆန်ပြုတ်ခွက်ကိုကြည့်လိုက်ကာပြောလိုက်တယ်

"မဒမ် ရှင်ကမနက်စာကို ဘယ်တုန်းကမှ ဆန်ပြုတ်မစားဘူးလေ ဒီနေ့မှ ဘယ်လိုဖြစ်ပြီး..."

အမှန်တော့ သူမက မနက်စာအစား အရက်ကိုတနေကုန်သောက်နေခဲ့တာ၊ အဲ့ဒါကြောင့် သူမက အရိုးခြောက်လို အရမ်းပိန်နေတာဖြစ်တယ်။ ဘာလိုသူမက ဒီနေမှ မနက်စာကိုရုတ်တရက်စားရတာလဲ...

"အာ..."

သူမခေါင်းကိုကုတ်လိုက်မိတယ်။ သူမဘယ်လိုတုန့်ပြန်ပြီး ပြောရမလဲမသိဘူးဖြစ်နေတယ်

" ကျွန်မမေ့နေတာ ဒါပေမယ့် မနက်စာမစားတာက မကောင်းဘူးလေ အဲ့ဒါကြောင့် ကျွန်မ ပေါင်ပေါင်လေးနဲ့အတူတူ အခုကစပြီးစားတော့မယ်၊ အဲ့ဒါ ကောင်းတယ်မဟုတ်လား ပေါင်ပေါင်..."

"ဟွန့်... "

အသေးလေးရဲ့မျက်တောင်တွေက အလျင်အမြန်ပဲလှုပ်ခတ်သွားတယ်။ ဒါပေမယ့် ကြည့်ရတာ သူမကိုကြည့်လိုစိတ်ရှိပုံမရပဲ သူသဘောမကျကြောင်းကိုသာ တိတ်တဆိတ်နဲ့ဖော်ပြနေတယ်။

ထန်ထန် ရယ်လိုက်မိသည်။

ဘာလို့များ ဒီအသေးလေးက သူမကိုတချိန်လုံး ဟွန့် ပြီးစိတ်ကောက်နေတဲ့ပုံပြနေရတာလဲ... ဒါပေမယ့် သူမအနေနဲ့ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်လို့ ဆုံးဖြတ်ပြီးဖြစ်တယ်။ အဲ့ဒါကြောင့် သူမဒီအတိုင်းဆက်မသွားချင်ဘူး။ သူမအနေနဲ့ သူတို့ကြားက အကွာအဝေးကိုပိုနီးစေဖို တစ်ခုခုစဉ်းစားမှဖြစ်မယ်။

ခဏလောက်တွေးပြီးနောက် ထန်ထန် မေးလိုက်တယ်

"ပေါင်ပေါင်, ပြီးရင်သားလေးက ဘာလုပ်မှာလဲ... သားနဲ့အတူတူလုပ်ပေးမယ်လေ မကောင်းဘူးလား..."

ရှောင်ကျိုး ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားပြီး တစ်စက္ကန့်လောက်အကြာမှာ သူမပြောတာကိုမကြားခဲ့သလိုနဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုး သူရဲ့အစားကိုသာဆက်စားနေတယ်။

ဒီအသေးလေးက သူမကိုစကားမပြောချင်ဘူးဆိုတာကို ထန်ထန်ကသိပြီးဖြစ်တယ်။ အဲ့ဒါကြောင့် သူမရဲ့နိုထိန်း ကို သူမအသုံးပြုနေကျဖြစ်တဲ့နည်းလမ်းနဲ့ အသုံးပြုလိုက်တယ်။ မျက်နှာပြောင်တိုက်ပြီးတော့ပဲ သူမပြောလိုက်တယ်

"လူလိမ်မာလေး ပေါင်ပေါင်, ချစ်ဖိုကောင်းတဲ့ပေါင်ပေါင်, အချစ်ကလေး, ရတနာလေး, အိုကေ လို့ပြောပေးပါ. သိချင်လို့ပါနော်, ပေါင်ပေါင်နဲ့တူတူရှိနေချင်လို့ပါနော်... ''

အဲ့ဒီနည်းလမ်းက သူမရဲ့နိုထိန်းနဲ့ဆို အမြဲအလုပ်ဖြစ်ခဲ့တာပဲလေ, ကြည့်ရတာအဲ့ဒီနည်းလမ်းက အသေးလေးအပေါ်မှာလဲ အလုပ်ဖြစ်ပုံပဲ၊ ဘာလိုလဲဆိုတော့ သူကချက်ချင်းပဲ သူမကိုလှမ်းကြည့်ပြီး ကလေးသံလေးနဲ့ ဒေါသတကြီးပြောလိုက်တယ်...

"ဘာလို့အရမ်းဆူညံနေရတာလဲ နားငြီးလို့သေတော့မှာပဲ..."

အသေးလေးက ဒေါသထွက်နေချိန်မှာတောင် အရမ်းချစ်ဖို့ကောင်းနေတယ်။ အထူးသဖြင့် သူ့ရဲ့ကလေးသံလေးက လူကိုအရည်ပျော်အောင်လုပ်နေသလိုပဲ။ ထန်ထန် စိတ်ထဲမှ ကျိတ်ရယ်လိုက်မိပြီး မျက်နှာပြောင်တိုက်ပြီးဆက်ပြောလိုက်တယ်

" အာယာ..ပြောပြရင် ဆက်ပြီးမဆူညံတော့ဘူးလေ ...တစ်ကယ်သားကိုသဘောကျတာပါနော်... သားနဲ့အတူတူနေချင်လို့ပါ "

အသေးလေးရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီးတော့ သူရဲ့ဇွန်းကိုချလိုက်တယ်။ ပြီးတော့ သူရဲ့လက်မောင်း ဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့  ကြက်ခြေခတ်ပုံစံလုပ်ပြီး

" ကျွန်တော့ကို လှည့်စားလို့ရမယ်လိုထင်မနေနဲ့ ကျွန်တော်ခများကို လုံး၀ခွင့်မလွှတ်ဘူး...''

ကလေးကဘာလို့ သူမကိုအရမ်းစိတ်ဆိုးနေလဲဆိုတာ သူမနားလည်ပါတယ်။ အဲ့ဒါက မူလပိုင်ရှင်က သူ့ကိုကောင်းကောင်းမဆက်ဆံခဲ့လို့ပဲ။ အဲ့ဒါကြောင့် အသေးလေးက သူမကိုခွင့်မလွတ်နိုင်ဘူးဆိုတာကို သူမနားလည်တယ်။ ပြီးတော့ စကားအနည်းငယ်နဲ့ ဒီပြဿနာကိုဖြေရှင်းလို့မရမှန်း သူမသိတယ်။ သူမ အနေနဲ့ ဒီအသေးလေးကိုအရိုးသားဆုံးဆက်ဆံမယ်ဆိုရင် တနေ့တော့ သူမကိုသူ ခွင့်လွှတ်နိုင်မှာပါ။

ထိုကြောင့် သူမ အသေးလေးကို ကြည့်လိုက်ပြီး မူလပိုင်ရှင်အစား တောင်းပန်လိုက်တယ်

"ပေါင်ပေါင် မာမားတောင်းပန်ပါတယ်နော်၊ အခုကစပြီးပြောင်းလဲပါ့မယ် အဲ့ဒါကြောင့် မာမား ကိုစောင့်ကြည့်နေပေးပါ ဟုတ်ပြီလား... မားမား ပိုကောင်းအောင်လုပ်ရင် ခွင့်လွတ်ပေးနိုင်လာမှာပါ..."

ထန်ထန်က ဒီလိုတွေပြောမယ်လို ရှောင်ကျိုး မထင်မိဘူး။ သူသီးမတတ်ဖြစ်သွားတယ် ပြီးတော့ သူ့ရင်ထဲဆိုနင့်သွားပြီး သူမကိုမယုံကြည်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။

ထန်ထန် သူ့မျက်လုံးတွေကိုမြင်လိုက်ပြီး သူမနားလည်လိုက်တာက သူမအပြုအမူတွေက မူလပိုင်ရှင်နဲ့မတူဘူးဆိုတာကိုပဲ။ ဒါပေမယ့်လဲ သူမအနေနဲ့ အသေးလေးနဲ့အတူတူ အဆင်ပြေပြေနေချင်မိတယ်။ ဒါကြောင့် သူမအပြောင်းအလုပ်လုပ်ရမယ်, ပြီးတော့ ပထမဆုံးအနေနဲ့ အရိုးသားဆုံးတောင်းပန်ရမယ်။ ပြီးရင် သူမအပြုအမူတွေနဲ့သက်သေပြရမယ်၊ အန်တီလီနဲ့ အသေးလေးက သူမကိုသံသယဝင်နေပေမယ့်လဲပေါ့။

တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာကြည့်ပြီးတဲ့နောက် ကျိရှောင်ကျိုး အရင်အရှုံးပေးလိုက်ပြီး အကြည့်လွှဲလိုက်တယ်။ သူ့နားရွက်လေးတွေကရဲနေပြီး ထိုင်ခုံပေါ်ကနေဆင်းလိုက်တယ်။ ထိုနောက် ဆိုဖာပေါ်ကသူ့လွယ်အိတ်လေးကိုယူပြီး တံခါးဆီကိုဦးတည်လိုက်ကာ

'' အဖွားလီ... အခုသားကျောင်းသွားတော့မယ်...'

အန်တီလီက သူမလက်ထဲမှာရှိတဲ တူနဲ့ပန်းကန်လုံးကိုအလျင်အမြန်ချလိုက်ပြီး  သူဆီကိုအမြန်သွားလိုက်တယ်

" အရမ်းမလောပါနဲ့ ကျောင်းကားတောင်မလာသေးဘူးလေ သားနဲ့အတူတူအောက်ကိုလိုက်ပေးမယ် မပြေးနဲ့နော်..."

အသေးလေးက ခါးကုန်းလိုက်ပြီး သူ့ရဲ့ဖိနပ်ကိုဝတ်နေတယ်။ ဒါပေမယ့် ဒီနေ့ကတစ်ခုခုမှားနေသလိုပဲ၊ ဖိနပ်တွေကိုအဆင်ပြေပြေဝတ်နိုင်ဖို သူအကြိမ်တချို့ ပိုကြိုးစားလိုက်ရတယ်။ သူအဲ့ဒါကိုလုပ်နေချိန်မှာပဲ အန်တီလီက သူ့ကိုစောင့်နေပြီဖြစ်တယ်။ သူမက သူ့လက်ကိုတွဲလိုက်ပြီးပြောလိုက်တယ်

" သားအောက်ဆင်းတာကို အဖွားလီလိုက်ပို့ပေးမယ်၊ တစ်ယောက်တည်းမသွားရဘူး... "

"ဟုတ်ကဲ့..."

အသေးလေးက နာခံစွာနားထောင်ပြီး အန်တီလီနဲ့ ထွက်လာတယ်။ ဒါပေမယ့် တံခါးမပိတ်ခင်လေးမှာ သူက ဧည့်ခန်းထဲမှာကျန်နေခဲ့တဲ့ ထန်ထန်ကိုတချက်လှမ်းကြည့်လိုက်တယ်။

ထန်ထန် သူတို့နဲ့အတူတူလိုက်ထွက်ချင်သော်လည်း ဒဏ်ရာရထားတဲ့ သူမခြေထောက်ကြောင့် လမ်းလျောက်ရတာခက်နေတဲ့အတွက် ကြည့်ရုံသာတတ်နိုင်တယ်။ သူတို့ကိုအမှီမလိုက်နိုင်တဲ့အတွက် သူမ သက်ပြင်းသာချလိုက်တယ်။ ထန်ထန်က ပြတင်းပေါက်နားသို့သွားကာ အောက်ကိုငုံကြည့်နေလိုက်တယ်။ မကြာခင်မှပဲ အန်တီလီနဲ့ အသေးလေးက ၀င်ပေါက်ကနေထွက်သွားတာကိုတွေ့လိုက်ရတယ်။

၀င်ပေါက်နားမှာတော့ အရွယ်တူ အသေးလေးတွေအများကြီးက မတ်တပ်ရပ်နေကြတယ်။ အသေးလေးက ကျောင်းသွားတော့မယ်လို့ပြောသွားတဲ့အတွက် ဒီအသေးလေးတွေအကုန်လုံးကလဲ တနေရာတည်းမှာအတူတူသင်ကြားကြတာ ဖြစ်လောက်မယ်လို့ သူမယူဆလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ အမြဲတမ်းခေါင်းငုံ့နေတတ်တဲ့ အသေးလေးက ထန်ထန်ကိုလှမ်းကြည့်လိုက်သောကြောင့် သူမတို့ နှစ်ယောက်လုံးအကြည့်ချင်းဆုံသွားတယ်။

ထန်ထန် အံ့ဩသွားပြီး ပျော်သွားတယ် အဲ့ဒါကြောင့်သူမ အားရပါးရပြုံးပြီး သူ့ကို လက်‌ဝှေ့ယမ်းပြလိုက်တယ်...

''ပေါင်ပေါင်...ပေါင်ပေါင်...''

ကျိရှောင်ကျိူး က ထိတ်လန့်သွားပြီး ထန်ထန်နဲ့မျက်နှာချင်းဆိုင်နေရာမှ ချက်ချင်းတဖက်သို့လှည့်သွားတယ်။

'အသေးလေးက တကယ်မလွယ်တဲ့ ကလေးလေးပဲ..."

အချိန်တချို့ကြာပြီးနောက် အဝါရောင်ကျောင်းကားရောက်လာပြီး ကလေးတွေက ကားပေါ်တက်ပြီးတာနဲ့ မောင်းထွက်သွားတော့တယ်။

ကား တဖြေးဖြေး‌ဝေးသွားတာကို သူမကြည့်နေလိုက်တယ်။ ဒီတစ်ခါတော့ သူမ မထိတ်လန့်တော့ဘူး။ အခုတော့ ရထားလုံးနဲ့တူတဲ့ အဲ့ဒီသတ္ထုသေတ္တာကြီးဆိုတာက သွားလာဖို့အတွက်လုပ်ထားတာမှန်း သူမနားလည်သွားပြီဖြစ်တယ်။ ဒါပေမယ့်လဲ ၀န်ခံရရင် အဲ့ဒါက တကယ့်ကိုပဲဆန်းကြယ်လွန်းတယ်။  သွားလာဖို့အတွက် ရထားလုံးလိုမျိုးဟာတွေတင်မကဘူး အဲ့ဒီမှာ television လိုခေါ်တဲ့ သေတ္တာထဲမှာလဲ လူတွေက စကားပြောနေတာတွေကိုတွေ့ရတယ်။

မနေ့ညက အန်တီလီက television လို့ခေါ်တဲ့အရာကိုဖွင့်လိုက်တာတွေ့တယ်။ အဲ့ဒီမှာလူတွေအများကြီးပေါ်လာပြီး သူတို့တွေက စကားပြောနေကြတယ်။ အဲ့ဒါက သူမကို သေမတတ်လန့်သွားစေတယ်။ အဲ့ဒီလိုအရာမျိုးရှိတယ်ဆိုတာကို လက်ခံနိုင်ဖို့ သူမအနေနဲ့ တစ်နာရီလောက်အချိန်ယူလိုက်ရတယ်။ နောက်ဆုံးကျ television ဆိုတာစိတ်ဝင်စားဖို့ကောင်းမှန်းသိလိုက်တယ်။ ဒါပေမယ့် အန်တီလီကအဲ့ဒါကိုပိတ်လိုက်လို့ သူမထပ်မကြည့်ရတော့ဘူး။

သူမအနေနဲ့ ဘာမှလုပ်စရာလဲမရှိတာကြောင့် မနေ့က အန်တီလီလုပ်တာကို အတုခိုးပြီး တီဗီထဲက လူတွေကိုကြည့်ဖိုဆုံးဖြတ်လိုက်တယ်။

တီဗီမှာက မနေ့ညက အန်တီလီကြည့်တဲ့ဇတ်လမ်းပဲပြသနေတယ်။ ထန်ထန်မနေ့ညက နည်းနည်းကြည့်ပြီးကတည်းက အဲ့ဒါက ပျော်ဖို့ကောင်းမှန်းသိလိုက်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အဲ့ဒီကနေ သူမအရေးတကြီးလိုအပ်တဲ့ ဒီကမ္ဘာပေါ်က သတင်းအချက်အလက်တွေ ရရှိဖို့အကူအညီဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် သူမလိုအပ်တဲ့အသိပညာတွေရဖို အဲ့ဒါကိုကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

အန်တီလီတစ်ယောက် ထန်ထန်က တိတ်တဆိတ် တီဗီထိုင်ကြည့်နေတာမြင်သွားပြီး နေရာမှာတင်အေးခဲပြီးရပ်တန့်သွားတယ်။ ထန်ထန် မှတ်ညဏ်တွေပျောက်သွားတယ်ဆိုတာကို သူမယုံစပြုလာပြီ။ အန်တီလီက ရှောင်ကျိုး ကိုစောင့်ရှောက်လာတာ နှစ်နှစ်ကြာပြီဖြစ်တယ်။ အဲ့ဒါကြောင့် သူ့ရဲ့အပြုအမူကို ရှင်းရှင်းလင်းလင်းသိပြီးဖြစ်တယ်။ တကယ်လို့ ထန်ထန်က မှတ်ညဏ်မဆုံးရှုံးဘူးဆိုရင် အခုလိုမျိုး ကောင်းကောင်းပြုမူနေမှာမဟုတ်ဘူး။ ပြီးတော့ သူမအနေနဲ့ အန်တီလီရှေ့မှာဟန်ဆောင်ပြစရာ အကြောင်းပြချက်မလိုဘူးလေ။

အဲ့ဒါက ကားမတော်တဆမှုကြောင့် ထန်ထန် တကယ်မှတ်ညဏ်ဆုံးရှုးသွားတာဖြစ်နိုင်တယ်။

အခုအခြေအနေကိုကြည့်ခြင်းအားဖြင့် မှတ်ညဏ်ဆုံးရှုးသွားတာက ကောင်းတဲ့အရာပဲ။ အနည်းဆုံးတော့ သူမပြဿနာတွေကြားထဲ မညပ်တော့ဘူးလေ။ သူမက စကားအကောင်းတွေပြောပြီး ကလေးကိုစောင့်ရှောက်ရုံပဲ။ တကယ်လို့ တန်တန်က အမြဲတမ်းဒီလိုသာဆိုရင် ရှောင်ကျိုး က မိခင်မေတ္တာကိုခံစားရလိမ့်မယ်။ ပြီးတော့ ဆရာလဲ စိတ်ပူသက်သာသွားနိုင်တယ်။

အရင်ဆုံးတော့ သူမအနေနဲ့ဆရာ့ကို ဒီအကြောင်းပြောပြရမယ်။

Part 4

မွန်းလွဲပိုင်းရောက်တဲ့အချိန်မှာ အန်တီလီက ရှောင်ကျိုး ကို ကလေးထိန်းကျောင်းကနေသွားကြိုဖိုပြင်လိုက်တယ်။ TV ဆက်ကြည့်နေသေးတဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ သူမ ခက်ခက်ခဲခဲစဉ်းစားပြီးနောက် ထန်ထန် နားကိုလျောက်သွားလိုက်ပြီး ပြောလိုက်တယ် ။

" မဒမ် ကျွန်မ အခု ရှောင်ကျိုး ကိုသွားကြိုမလို"

ထန်ထန် က ဒရမ်မာကြည့်နေရင်းမှ အကြည့်လွှဲပြီး အလျင်အမြန်ထရပ်လိုက်ကာ...

" အန်တီလီ ပေါင်ပေါင်ကို သွားကြိုတော့မလိုလား... ကျွန်မ လိုက်လို့ရမလား..."

အန်တီလီက အံ့ဩသွားပြီး အလျင်အမြန်ပဲ ငြင်းဆိုလိုက်တယ်

"မဒမ် မသွားတာပိုကောင်းပါတယ်၊ ဂျိုင်းထောက်တစ်ဖက်နဲ့ဆိုတော့ သွားလာရတာ သက်တောင့်သက်သာဖြစ်မှာမဟုတ်ဘူး... ကျွန်မသွားတာကပဲ ပိုမြန်ပါလိမ့်မယ်..."

ထန်ထန် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်တယ်။ သူမတကယ်ကိုပဲ အသေးလေးကိုသွားကြိုချင်မိတယ်။ ကလေးတိုင်းက သူတိုမိခင်တွေ အကြိုအပို လုပ်တာကိုလိုချင်ကြတာ အသေအချာပဲလေ။ လာကြိုတဲ့မိခင်ကိုမတွေ့ဘူးဆိုရင် သူတိုစိတ်ဓါတ်ကျဖိုဖြစ်လာနိုင်တယ်။ သူမ TV ထဲမှာမြင်ရတဲ့ ကလေးမလေးကလဲ အဲ့ဒီလိုပဲ သူမမိခင်လာကြိုဖို့ မကြာခဏစောင့်ပေမယ့်လဲ သူမမိခင်ကမလာတဲ့အခါ ငိုမလိုဖြစ်သွားတာကို သူမကြည့်ဖူးတယ်။ ရှောင်ကျိုး လဲ သူအမေလာကြိုဖို့ကိုမျှော်လင့်နေမှာပဲ မဟုတ်ဘူးလား...

"အန်တီလီ ကျွန်မ ရှောင်ကျိုး ကိုတကယ်သွားကြိုချင်တာပါ... သူလဲ ကျွန်မကိုတွေ့ချင်နေမယ်ဆိုတာ သေချာပါတယ်၊ အဲ့ဒါကြောင့်ရှင်နဲ့လိုက်ပါရစေ၊ ကျွန်မ ခြေထောက်ကလဲအဆင်ပြေပါတယ်၊ ကျွန်မ မြန်မြန်လျောက်နိုင်ပါတယ်..."

အရင်ကဆိုရင် ထန်ထန် ဆူပူသောင်းကျန်းနေရင်တောင်မှ အန်တီလီက အေးအေးဆေးဆေးနဲ့ ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် အခုတော့ သူမက ရှောင်ကျိုး အတွက် သူမကိုနူးညံ့စွာတောင်းပန်နေတာကြောင့် သူမ မငြင်းဆိုနိုင်ဘူး။

ရှောင်ကျိုး က သူ့မိခင်ကို မုန်းချင်ယောင်ဆောင်နေပေမယ့်လဲ တကယ်တမ်းတော့ ဘယ်ကလေးက မိခင်မေတ္တာကိုမလိုချင်ပဲနေပါ့မလဲ။ ရှောင်ကျိုး ရဲ့အတွင်းစိတ်ထဲမှာတော့ သူ့ကိုအမေဖြစ်သူက ကောင်းကောင်းမွန်မွန်နဲ့ ဂရုစိုက်တာမှာကို မျှော်လင့်နေတာပဲ။ ဒါပေမယ့် မျှော်လင့်ချက်တွေကို တကြိမ်ပြီးတစ်ကြိမ်ရိုက်ချိုးပြီး စိတ်ပျက်စေခဲ့တာက ကလေး ရဲ့ခံစားချက်ကိုတွေ ဖုံးကွယ်ဖို့အတွက် ဖြစ်စေခဲ့တယ်။

တကယ်လို့ ထန်ထန်သာ သူ့ကိုသွားကြိုပေးမယ်ဆိုရင် အန်တီလီအနေနဲ့ အာမခံနိုင်တာကတော့ အဲ့ဒီကောင်လေးရဲ့အတွင်းစိတ်ထဲမှာ ပျော်နေမယ်ဆိုတာ အသေအချာပဲ။

အဲ့ဒီအချက်ကိုတွေးလိုက်မိပြီး အန်တီလီခေါင်းငြိမ့်လိုက်တယ်

" အဲ့ဒါဆိုလဲ ကျွန်မနဲ့အတူတူ ရှောင်ကျိုး ကိုသွားကြိုကြတာပေါ့..."

ထန်ထန် မျက်နှာက ချက်ချင်းပြုံးဖြဲသွားပြီး သူမဂျိုင်းထောက်နဲ့အတူ အလျင်အမြန်ပဲ တံခါးဆီကိုဦးတည်သွားလိုက်တယ်။ သူမရဲ့ ခြေထောက်က ဒဏ်ရာကြောင့် လှုပ်ရှားဖို့ မလွယ်ကူတဲ့အတွက် ဖိနပ်ကိုငုံ့ပြီးအချိန်ယူကာ စီးဖို့ပြင်နေရတယ်။

'လှုပ်ရှားရတာအရမ်းခက်တာပဲ'

အန်တီလီက စိတ်မရှည်တော့ပဲ ငုံ့ကာ သူမအတွက်ဖိနပ်ကူစီးပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ် အန်တီလီ ရှင်ကအရမ်းကောင်းတာပဲ..."

ထန်ထန် သူမကိုအပြုံးချိုလေးနဲ့ပြောလိုက်တယ်။ သူမနဲ့မျက်နှာချင်းဆိုင်တိုင်း ကောင်းမွန်တဲ့မျက်နှာထားမပြပေမယ့် အန်တီလီက လူကောင်းတစ်ယောက်ပါ။

အန်တီလီက ထန်ထန်ရဲ့ ကောင်းမွန်တဲ့အပြုအမူတွေနဲ့ နေသားမကျတာကြောင့် သူမလက်ကို မသက်မသာယမ်းလိုက်ပြီး

" သွားကြမယ်..."

ထန်ထန်ပြုံးရင်း အန်တီလီနောက်ကနေလျောက်လာလိုက်တယ်။ သူမရဲ့ထိခိုက်ထားတဲ့ခြေထောက်ကို ဝန်မပိအောင် ဂရုတစိုက်လျောက်ရင်းနဲ့ပေါ့။ သူမအနေနဲ့ နဖူးမှာချွေးတွေထွက်လောက်တဲ့အထိ ကြိုးစားပြီးလမ်းလျောက်နေတာကို အန်တီလီမြင်သွားပြီး သူမနှလုံးသားက ပျော့ပျောင်းသွားတယ်။ မူကြိုအထိလမ်းလျောက်သွားမယ့် အစီအစဉ်ကိုလက်လျော့လိုက်ပြီး သူမကားငှားလိုက်တယ်။

သူတို မူကြိုကိုရောက်တဲ့အခါ ကလေးတွေကထွက်မလာသေးဘူး။ ဒါပေမယ့် တခြားမိဘတွေအများအပြားက ကြိုရောက်နေကြပြီဖြစ်တယ်။ ထန်ထန်က သူမလည်ပင်းကိုဆန့်လိုက်ပြီး ခြံစည်းရိုးကိုလှမ်းကြည့်လိုက်တယ်။ သိပ်မကြာခင်မှာပဲ စာသင်ခန်းထဲက ကလေးတစ်သိုက်ကိုဦးဆောင်လာတဲ့ ဆရာမတစ်ယောက်ကိုတွေ့လိုက်တယ်။ ကလေးတွေက လက်ဝေ့ယမ်းပြနေတဲ့ သူတိုမိဘတွေဆီကို အလျင်အမြန်ပဲ ခုန်ပေါက်ပြေးလွှားသွားကြတယ်။

ဒါပေမယ့် ရှောင်ကျိုး တစ်ယောက်ကတော့အဲ့ထဲမှာမပါပါဘူး။ သူ့ခေါင်းလေးလေးက အောက်ကိုငိုက်စိုက်ကျကာ စိတ်ဓါတ်ကျစွာနဲ့ မြေကြီးကိုကြည့်နေတယ်။ သူက တခြားကလေးတွေလို ကျောင်းဆင်းတာကို ပျော်နေပုံမရဘူး။ တခြားကလေးတွေနဲ့ မတူပဲကွဲပြားနေတာကြောင့် Tang Tang က တစ်ချက်ပဲကြည့်လိုက်တာနဲ့ သူကိုတန်းတွေ့နေရတယ်။

ဘာကြောင့်မှန်းမသိပေမယ့် အသေးလေးကိုအဲ့လိုမြင်ရတာ သူမနှလုံးသားကနာလာတယ်။ သူ မပျော်မရွှင်ဖြစ်နေတာကို မကြည့်ရက်တော့ပဲ သူမတတ်နိုင်သလောက် အကျယ်ကြီးအော်လိုက်တယ်။

" ပေါင်ပေါင် ...အချစ်လေး ..."

သူမ ရဲ့အသံက အတော်လေးကျယ်သွားတာကြောင့် တခြားကလေးအနည်းငယ်က သူမကိုလှမ်းကြည့်လိုက်ကြတယ်။ သဘာဝကျစွာပဲ ရှောင်ကျိုးရဲ့ အာရုံကိုရရှိလိုက်တယ်... ခြံစည်းနားမှာရပ်နေတဲ့သူမကို မြင်လိုက်တယ်ဆိုရင်ပဲ သူ့မျက်လုံးအစုံပြူးကျယ်သွားပြီး အံ့ဩနေလေတယ်။

ထန်ထန် က လက်ကိုဝေ့ယမ်းလိုက်ပြီး

" ပောင်ပေ့ အချစ်လေး မာမား သားကိုလာကြိုတာ..."

ရှောင်ကျိုး နားမှာရပ်နေတဲ့ ကောင်လေးက မျက်လုံးပြူးသွားပြီး သူရဲ့လက်မောင်းကိုပုတ်လိုက်ကာ ...

" အဲ့ဒါ မင်းအမေလား ရှောင်ကျိုး ငါက မင်းမှာမရှိဘူးထင်နေတာ..."

ရှောင်ကျိုး က နှုတ်ခမ်းစေ့ထားပြီး ထန်ထန်ကိုသာ စူးစိုင်ကြညည့်နေသည်။

ရှောင်ကျိူး ရဲ့ အတန်းဖော်မိန်းကလေးတစ်ယောက်က ထန်ထန်ကို အချိန်အတော်ကြာကြည့်ပြီး ပြောလိုက်တယ်

'' သူက ကျိရှောင်ကျိုး ရဲ့အမေ မဖြစ်နိုင်ဘူး, ဘာလို့လဲဆိုတော့ သူမက အရမ်းရုပ်ဆိုးပြီး လမ်းတောင်ကောင်းကောင်းမလျောက်နိုင်ဘူး။ သူနဲ့ ကျိရှောင်ကျိုးက နည်းနည်းလေးတောင်မတူဘူး ပြီးတော့ ကျိရှောင်ကျိုး ရဲ့ ခြေထောက်ကောင်းတယ်လေ အဲ့ဒါကြောင့် သူ့အမေလုံး၀မဖြစ်နိုင်ဘူး...''
(အနာဂတ်ရဲ့စုံထောက် အလျောင်းအလျာလေးတွေ :'D)

ကောင်လေးက ထန်ထန်ရဲ့အသွင်အပြင်ကိုကြည့်ပြီး ကလေးမလေးပြောတာကိုလက်ခံတဲ့ပုံစံနဲ့ ခေါင်းငြိမ့်လိုက်တယ်

''အဲ့ဒါဟုတ်တယ် သူက ရှောင်ကျိုးရဲ့ အမေ မဖြစ်နိုင်ဘူး  အရမ်းရုပ်ဆိုးလွန်းတယ်...''

ခြံစည်းရိုးကိုကျော်ပြီး ငေးကြည့်နေတဲ့ ရှောင်ကျိုး က သူ့အမေအကြောင်းကိုပြောနေတဲ့ ကလေးနှစ်ယောက်ကို မည်းမှောင်နေတဲ့မျက်နှာထားနဲ့ ကြည့်လိုက်ပြီး...

'' အဲ့ဒါ ငါ့အမေပဲ, ပြီးတော့ ငါ့အမေက ရုပ်မဆိုးဘူး, နင်တို့ကသာ ရုပ်ဆိုးနေကြတာ...'

ကျိရှောင်ကျိုး စိတ်ဆိုးနေပြီး အသက်ကိုခပ်ကြမ်းကြမ်းရှုသွင်းလိုက်ကာ သူ့ရဲ့လက်သီးသေးသေးလေးကို ကောင်မလေးရှေ့မြှောက်ပြလိုက်ပြီး

'' ဘာမှာ ယှဉ်စရာမလိုဘူး, ငါ့အမေက ရုပ်မဆိုးဘူး, ငါ့အမေကိုရုပ်ဆိုးတယ်လို့ ထပ်မပြောနဲ့ မဟုတ်ရင် ငါက ကောင်းပြနေတော့မှာမဟုတ်ဘူး...''

ရှောင်ကျိုးရဲ့ လက်သီးနဲ့ ဒေါသသံကြောင့် ကောင်မလေးကလန့်သွားပြီး စတင်ငိုကြွေးတော့တယ်

''ဝါး....မာမီ....မာမီ''

ကောင်လေးနဲ့ကောင်မလေးက သူငယ်ချင်းတွေဖြစ်တာကြောင့် သူ့သူငယ်ချင်းအနိုင်ကျင့်ခံရတာကိုမြင်ရတဲ့အခါ သူကဒေါသထွက်သွားပြီး ရှောင်ကျိုး ကိုတွန်းလိုက်တယ်။

ရှောင်ကျိုးကအနည်းငယ်ယိမ်းယိုင်သွားပြီးနောက် ပြင်းပြင်းထန်ထန် ပြန်တွန်းထုတ်လိုက်တယ်။ တခြားကလေးက အတော်လေးပိန်တာမို့ တွန်းခံလိုက်ရတာနဲ့ ချက်ချင်းပဲလဲကျသွားတယ်။ သူကနာကျင်သွားပြီး ချက်ချင်းအော်ငိုတော့တယ်။

အော်ငိုသံတွေကကျယ်သွားတာမို့ ဆရာမတွေကသတိထားလိုက်မိတယ်။ ကလေးနှစ်ယောက်က ဝမ်းနည်းစွာငိုနေကြတာကိုဆရာမကတွေ့သွားပြီး သူတို့ကိုချော့နေလိုက်တယ်

'' ထျန်ထျန် ...နန်နန် ဘာဖြစ်လို့လဲ... ဘာလို့ငိုနေကြတာလဲ...ကောင်းပြီ အခုမငိုနဲ့တော့နော် ဆရာမကိုပြော ဘာဖြစ်လို့လဲ...''

ကလေးမလေးက အရမ်းငိုထားတာကြောင့်ပြန်မဖြေနိုင်ပဲဖြစ်နေတယ်။ ကောင်လေးက ငိုပြီး

'' ကျိရှောင်ကျိုး ကသားကိုရိုက်တယ်... မာမီကိုခေါ်ပေး...''

ဆရာမက ရှောင်ကျိုးကို စိုးရိမ်တကြီးကြည့်လိုက်ပြီး

'' ရှောင်ကျိုး သား သူတို့ကိုအနိုင်ကျင့်လိုက်တာလား...''

ကျိရှောင်ကျိုးက ခေါင်းမာစွာနဲ့ ပါးစပ်ပိတ်ထားတယ်။

ဆရာမ ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားလေတယ်။ ရှောင်ကျိုး က စကားသိပ်မပြောပေမယ့်လဲ တခြားသူကို ပြဿနာရှာတာ အနိုင်ကျင့်တာမျိုးမလုပ်ဘူး။ ဒါဆို အခုဘာလို့အဲ့လိုလုပ်ရတာလဲ...

အဲ့ဒီမြင်ကွင်းက မိဘတွေရဲ အာရုံစိုက်မှုကိုရရှိလိုက်သည်။ ထျန်ထျန် နဲ့ နန်နန် ရဲ့အမေတွေက သူတို့ကလေးငိုသံကြောင့်စိတ်ပူသွားကြတယ်။ သူတို့နှစ်ယောက်လုံးက ကလေးတွေဆီကို ပြေးသွားလိုက်ပြီးဖက်ထားလိုက်တယ်

'' မငိုနဲ့ မငိုနဲ့ ဘာဖြစ်တာလဲ မာမီကိုပြော...''

ထန်ထန်လဲ ရှောင်ကျိုး အနိုင်ကျင့်ခံရမှာစိုးပြီး အလျင်အမြန်ပဲပြေးသွားလိုက်တယ်။ သူမက အောက်ကိုငုတ်တုတ်ထိုင်လိုက်ပြီး သူမရဲ့အသေးလေးကိုဖက်ထားကာ သူ့နောက်ကျောလေးကိုပုတ်ပေးရင်း...

''ပေါင်ပေါင် မကြောက်နဲ့နော်...မာမီကိုပြော, ဘာဖြစ်သွားတာလဲ...''

ရှောင်ကျိုးက  စကားပြောရန်ဆန္ဒမရှိသလို သူမပွေ့ဖက်ထားတာကိုလဲ ခံလိုစိတ်မရှိတာကြောင့် ရုန်းကန်လိုက်တယ်။

ထန်ထန်က ပိုမိုပွေ့ဖက်လိုက်ပြီး ခေါင်းလေးကိုကိုင်ကာ

''လိမ်မာပါပေါင်ပေါင်ရယ်... မာမီကိုပေးဖက်ပါဦး...ဟုတ်ပြီလား မာမီကတကယ်ဖက်ချင်လို့ပါ... လိမ်လိမ်မာမာနေနော်''

ရှောင်ကျိုး ကတဖြည်းဖြည်း ခုခံတာကိုရပ်လိုက်တယ်။ တန်တန်ရဲ့ပုခုံးပေါ်မှာ သူ့ခေါင်းကိုတင်ထားပေမယ့်လဲ သူမကို ကြည့်ချင်စိတ်မရှိသေးဘူးဖြစ်တယ်။

ထျန်ထျန်နဲ့ နန်နန်ရဲ့မိဘတွေက ဆရာမကိုမေးလိုက်တယ်

" ဘာဖြစ်တာလဲ... ကလေးတွေက ဘာလို့ရုတ်တရက်ငိုကြတာလဲ...''

ကလေးမိဘတွေအလောတကြီးဖြစ်နေတာကိုတွေ့လိုက်ရတဲ့အတွက် ဆရာမကချက်ချင်းပဲရှင်းပြလိုက်တယ်...

'' သူတို့တွေ စကားများကြတာနဲ့တူတယ်, ပြီးတော့ ကလေးနှစ်ယောက်က စငိုတော့တာပဲ...ကလေးတွေက ကျွန်မကို ဘာဖြစ်လဲဆိုတာမပြောပြဘူး..."

"နန်နန် ဆရာမကို ဘာဖြစ်လဲဆိုတာပြောပြနော် ...''

နန်နန် ဆိုတဲ့ကောင်လေးက အငိုတိတ်နေရာမှ ရှိုက်လိုက်ပြီး ...

''အဲ့ဒါ ထျန်ထျန်ကိုအနိုင်ကျင့်ပြီး ငိုအောင်လုပ်တဲ့ ကျိရှောင်ကျိုး ကြောင့်ပါ ပြီးတော့ သူကသားကိုတွန်းတယ်...''

ကလေးနှစ်ယောက်လုံးရဲ့မိဘတွေက ချက်ချင်းစိတ်ဆိုးသွားပြီး ရှောင်ကျိုး ကိုသဘောမကျတဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်။ ထျန်ထျန်ရဲ့အဖွားက အပြစ်တင်တဲ့လေသံနဲ့ ...

"နင်က သူ့အမေလား... ကလေးကိုဘယ်လိုသွန်သင်ထားတာလဲ အခုတောင် အတန်းဖော်တွေကိုအနိုင်ကျင့်နေရင် ကြီးလာတဲ့အခါဘယ်လိုနေမလဲ မသိဘူး..."

ထန်ထန်ရဲ့နူးညံ့တဲ့အမူအရာကနေ လေးနက်တဲ့ပုံစံပြောင်းလဲသွားပြီး ...ကလေးမလေး ရဲ့အဖွားကိုပြောလိုက်တယ်

" အခြေအနေတွေ သေချာမသိသေးပဲ ဒီလိုမပြောပါနဲ့ဦး... ကျွန်မကလေးက အတန်းဖော်ကိုအနိုင်ကျင့်တယ်ဆိုတာ ကျွန်မ မယုံဘူး။ အကြောင်းအရင်းတခုခုတော့ရှိလိမ့်မယ် ကျွန်မတို့ အကြောင်းအရင်းကို အရင်သိအောင်လုပ်သင့်တယ်..."

ထန်ထန်ရဲ့ အမူအရာက တည်ငြိမ်နေပြီး သူမပြောတာတွေက အကျိုးအကြောင်းသင့်တယ် ။ ကလေးရဲ့ အမေက  အဖွားဖြစ်သူကိုပြောလိုက်တယ်

"အမေ...ကျွန်မတို့ ဘယ်လိုဖြစ်လဲဆိုတာကို အရင်နားထောင်ရအောင်"

အဖွားက ဆက်ပြီးရန်စကားမပြောတော့ပေမယ့်လဲ အဖက်မလုပ်ဟန်ဖြင့်နေနေလေသည်။

ထန်ထန် က သူမလက်မောင်းထဲမှာပွေ့ထားတဲ့ ရှောင်ကျိုး ကို ခေါင်းငုံ့ပြီးမေးလိုက်တယ်...

" ပေါင်ပေါင် မာမီကိုဘာဖြစ်တာလဲဆိုတာပြောပြနော်... ပေါင်ပေါင်က သူများကိုအနိုင်မကျင့်ဘူးဆိုတာ မာမီယုံတယ် ဟုတ်တယ်မဟုတ်လား..."

နှုတ်ခမ်းကိုက်နေတဲ့ ရှောင်ကျိုးလေး က ထန်ထန် ရဲ့လေသံအောက်မှာ သက်တောင့်သက်သာဖြစ်သွားတယ်။ ထို့နောက် Tang Tang ကိုတချက်ကြည့်လိုက်ပြီး ခေါင်းကိုငုံ့ကာ လေသံတိုးလေးနဲ့ရေရွတ်ပြောဆိုလိုက်တယ်...

" သူတို့တွေက သားမာမီကိုရုပ်ဆိုးတယ်တဲ့ ပြီးတော့ လမ်းလဲကောင်းကောင်းမလျောက်နိုင်ဘူးတဲ့..."

အခုတော့အခြေအနေက ရှင်းလင်းသွားပြီဖြစ်တယ်။ ကလေးနှစ်ယောက်ရဲ့ မိဘတွေက ချိုင်းထောက်နဲ့ဖြစ်နေတဲ့ ထန်ထန် ကိုကြည့်လိုက်ကြတယ်။ လေထုက အလျင်အမြန်ပဲ ကို့ယို့ကားယားဖြစ်ကုန်တယ်။ အပြစ်ဖို့ရန်အတွက်ပြောနေတဲ့ ကလေးနှစ်ယောက်ရဲ့မိဘတွေလဲ ပြောစရာစကားပျောက်သွားတယ်။ နောက်ဆုံးတော့လဲ ကလေးသဘာဝအရ ဘယ်ကလေးကမှ သူတို့ရဲ့့အမေကို မကောင်းဘူးလို့ ပြောရင်သဘောကျကြမှာ မဟုတ်ဘူးလေ။

အဲ့ဒီအချိန်မှာပဲ ဆရာမရဲ့စကားသံက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပြီး အကြောင်းအရာတွေကိုအဆုံးသတ်စေလိုက်တယ်..

" ကောင်းပြီ ကောင်းပြီ အဲ့ဒါက ကလေးတွေကြားက စကားများတာလေးပါပဲ  ကလေးတွေအားလုံးလဲအဆင်ပြေနေမှတော့ ဒီကိစ္စကိုအဆုံးသတ်လိုက်ကြတာပေါ့...နောက်တစ်ခါကျရင် ထျန်ထျန် နဲ့ နန်နန် က အဲ့လိုထပ်မပြောရတော့ဘူးနော်... ပြီးတော့ ရှောင်ကျိုး ကလဲ အဲ့လိုထပ်မတွန်းရဘူး ဟုတ်ပြီလား ....အားလုံးကလိမ်မာတဲ့ကလေးတွေပဲ...."

ကလေးနှစ်ယောက်လုံးရဲ့မိဘတွေက ပြိုင်တူခေါင်းငြိမ့်လိုက်တယ်။ သူတို့က ပြဿနာကို အစထပ်မဆွဲထုတ်ကြတော့ဘူး။

ထန်ထန်က အသေးလေးရဲ့ခေါင်းကိုပွတ်သပ်လိုက်ပြီး လက်ကိုဆွဲလိုက်ကာ

" ပေါင်ပေါင် သွားကြစို့, အိမ်ပြန်ရအောင်"

ကျိရှောင်ကျိုး က နှုတ်ခမ်းဆူလိုက်ပြီး ထန်ထန် လက်ကိုလွှတ်ချလိုက်ကာ ကျောပိုးအိတ်လေးနဲ့ လျောက်ထွက်သွားတယ်။

ထန်ထန် ဗလာဖြစ်သွားတဲ့ သူမလက်ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ အခုလေးတင်ပဲ သူ့ကိုပွေ့ဖက်ခွင့် ပေးထားမဟုတ်ဘူးလား။ ဒါဆိုဘာလို့ သူမကိုထပ်ပြီး လစ်လျုရှုနေတာလဲ....

ကလေးတွေရဲ့ နှလုံးသားက သမုဒ္ဒရာအောက်ခြေက အပ်တချောင်းလိုပါပဲလား

အန်တီလီက ထန်ထန် ရဲ့ အပြုအမူကိုအစကတည်းကကြည့်နေပြီးနောက် အနည်းငယ်လှုပ်ရှားသွားတယ်။ သူမ ဝင်ရောက် ပြောလိုက်တယ်

" မဒမ် အရင်ကသူ့အပေါ်ဆက်ဆံခဲ့တာတွေကြောင့် သူကမှားသလိုခံစားနေရလို့ပါ သူကိုကောင်းကောင်းမွန်မွန်သာ ဆက်ပြီးဆက်ဆံပေးလိုက်ရင် တနေနေ့တော့ သူမဒမ်ကိုခွင့်လွှတ်ပြီး လက်ခံပေးမှာပါ"

ထန်ထန် က ခေါင်းငြိမ့်လိုက်ပြီး

" ကျွန်မနားလည်ပါတယ် အန်တီလီ...ကျွန်မ လက်မလျော့ပါဘူး..."

သူမတို့အိမ်ပြန်ရောက်တဲ့အခါမှာ အချိန်လဲမစောတော့တာမို့ အန်တီလီက မီးဖိုချောင်ထဲဝင်ပြီး ညစာပြင်ဆင်နေတော့တယ်။

ရှောင်ကျိုး က ကျောပိုးအိပ်ကိုတောင်မချသေးပဲနဲ့ ဆိုဖာဆီကို ခြေထောက်တိုတိုလေးတွေနဲ့ပြေးသွားတယ်။ သူက ဆိုဖာပေါ်က တက်ဘလက် ကိုယူကာ ဖွင့်လိုက်ပြီး လှဲအိပ်ချလိုက်တယ်။

ထန်ထန် က သူဘာလုပ်မလဲဆိုတာကို စိတ်ဝင်စားသွားပြီး သူနဲ့မနီးမဝေးမှာ ထိုင်ကြည့်နေလိုက်တယ်။ သူက စကားမပြောခင် မျက်နှာပြင် ပေါ်က အစိမ်းရောင်ခလုပ်လေးကိုနှိပ်ပြီး ...

" မစ်ရှင် ကပြန်လာပြီလား ဒယ်ဒီ ပြန်လာရင် သားကို video call ခေါ်ဖို့မမေ့နဲ့နော်"

"ဒယ်ဒီ မြန်မြန်ပြန်လာပါတော့၊ သားပြောချင်တဲ့ကိစ္စတစ်ခုရှိတယ်..."

Part 5

အသေးလေးက စကားပြောပြီးတဲ့အခါ တစ်စုံတစ်ခုကိုစောင့်နေသကဲ့သို့ တက်ဘလက်ကို တိတ်တဆိတ်ကြည့်နေတယ်။ ဒါပေမယ့် အချိန်အတော်ကြာ တုံပြန်မှုမရတဲ့အခါမှာတော့ မျက်လုံးထဲမှာစိတ်ပျက်မှုတွေပေါ်လာပြီး နှုတ်ခမ်းကတဖြည်းဖြည်းအောက်ကိုကွေးကျလာကာ သူ့ရုပ်လေးက အထီးကျန်ပြီး သနားစရာကောင်းနေတယ်။

သူ သူ့အဖေနဲ့စကားပြောနေတာလား... သူ့အဖေဆီကပြန်မပြောလို သူစိတ်ပျက်သွားတာလား...

ထန်ထန် သူ့ကိုဒီလိုမြင်ရတာမခံစားနိုင်တော့ပေ... သူမက တစ်ခဏစဉ်းစားလိုက်ပြီး ရှောင်ကျိုးနားတိုးကပ်လိုက်ကာ မေးလိုက်တယ်...

'' ပေါင်ပေါင်... သားရဲ့ပါပါး...ဒက်ဒီကို ဘာတွေပြောနေတာလဲ...''

ကျိရှောင်ကျိုးက တဖက်သိုလှည့်လိုက်သောကြောင့် သူ့ရဲ့ကျောပြင်လေးကိုသာ သူမရင်ဆိုင်လိုက်ရတယ်။ သူက ဘာမှမတုန့်ပြန်ဘူး။

ထန်ထန် က တခြားတစ်ဘက်ကိုလိုက်ရွေ့ပြီး ဆက်ပြောလိုက်တယ်...

" ပေါင်ပေါင်, သားကအရမ်း အံ့ဩဖိုကောင်းတာပဲ... သားက တက်ဘလက် ကိုဘယ်လိုသုံးရမလဲသိနေတယ်...မာမားကတော့ မသုံးတတ်ဘူး... မာမားကိုသင်ပေးနိုင်မလား... သင်ချင်လို့ပါနော်..."

ရှောင်ကျိုး က ဟမ့် တချက်လုပ်ကာ သူမကိုမကြည့်မိဖို သူကိုယ်သူတိုက်တွန်းရင်း တခြားတစ်ဖက်ကိုလှည့်သွားပြန်တယ်။

သူမ ခပ်ပြုံးပြုံးလေးလုပ်လိုက်မိပြီး စိတ်ရှည်စွာနဲ့ တခြားတစ်ဘက်ကိုလိုက်ရွေ့လိုက်ကာ စကားချိုချိုလေးတွေကိုဆက်ပြောလိုက်တယ်

"ချစ်ဖိုကောင်းလိုက်တဲ့ ပေါင်ပေါင်လေး, ရတနာတုံးလေး, မာမားကို ဘယ်လိုသုံးရလဲဆိုတာသင်ပေးပါနော်...ဘယ်လိုသုံးရတယ်ဆိုတာသိသွားတာနဲ့ အဲ့ဒါကိုသုံးပြီးသားနဲ့ပြောလို့ရပြီလေ...အဲ့ဒါမကောင်းဘူးလား, ကျေးဇူးပြုပြီးသင်ပေးပါနော်...လူလိမ်မာလေးပေါင်ပေါင်.... "

ထန်ထန် ရဲ့နှိမ့်ချလွန်းတဲ့ လေသံကြောင့်ပဲလားမသိဘူး ပါးစပ်ထဲမှာလေအပြည့်နဲ့ ပါးဖောင်းဖောင်းလေးဖြစ်နေတဲ့ အသေးလေးက သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

" ခများလိမ်နေတာ, ဘယ်လိုသုံးရမလဲဆိုတာသိရဲ့သားနဲ့, ခများရဲ မိုဘိုင်းဖုန်းကို အမြဲလိုလိုသုံးနေပြီးတော့..."

သူမအပြင်ထွက်ပြီးအရက်သောက်ဖို့အတွက် တစ်ယောက်ယောက်ကို သူမ အသံမက်ဆေ့ပို့နေတာကို မကြာခဏသူမြင်ဖူးတယ်လေ။

မိုဘိုင်း... မိုဘိုင်းဆိုတာဘာကြီးလဲ...  သူမရှုးနိမ့်သွားပြီး ရှင်းပြလိုက်တယ်...

" ပေါင်ပေါင်...မာမီမလိမ်ပါဘူး, ဘယ်လိုလုပ်ရလဲဆိုတာ မာမီတကယ်မသိတာပါ, မာမီက ဒဏ်ရာရခဲ့ပြီး အားလုံးကိုမေ့သွားလို့ပါ... မာမီ့ဒဏ်ရာကိုကြည့်ပါဦး..."

သူမပြောလိုက်တဲ့စကားက ရှောင်ကျိုး ကိုထိတ်လန့်သွားစေပြီး သူက သူမကိုသံသယရှိစွာနဲ့ကြည့်လိုက်တယ်။

ထန်ထန်က သူမခြေထောက်နဲ့ ခရမ်းရောင်ဖြစ်ပြီးအတွင်းကြေနေတဲ့ သူမမျက်နှာကို လက်ညှိးထိုးပြလိုက်တယ်။ သူ သူမကိုယုံလာအောင် သူမအရမ်းကြိုးစားလိုက်တယ်

" ဒီမှာကြည့်ပါဦး ပေါင်ပေါင် မာမီ့တကယ်ဒဏ်ရာရထားတာ, မာမီက အားလုံးကိုလဲမေ့သွားတယ်, အဲ့ဒါကြောင့် ပေါင်ပေါင့်လို မာမီကမထက်မြက်တော့ဘူး"

ပေါင်ပေါင်က လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်ပြီး သူမဒဏ်ရာတွေကိုကြည့်လိုက်တယ်။ အချိန်တချို့ကုန်လွန်ပြီးနောက် သူကပြောလိုက်တယ်

" ကျွန်တော်တစ်ကြိမ်ပဲသင်ပေးမယ်၊ သင်ပေးပြီးလို့မမှတ်မိဘူးဆိုရင် ဒီအတိုင်းပဲထားခဲ့လိုက်မှာနော်..."

ထန်ထန်က ပျော်ရွှင်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်

'ကောင်းပါပြီ, ကျေးဇူးပါ ပေါင်ပေါင်လေး...'

ရှောင်ကျိုး က တဖက်သိုလှည့်ကာ တက်ဘလက်ကိုယူလိုက်ပြီး သူမဆီကိုထိုးပေးလိုက်တယ်။ သူ့ပုံစံကမလိုလားတဲ့ပုံစံကိုပြနေတယ်။ ထိုနောက် စပီကာ ခလုတ်ကိုညွှန်ပြပြီးပြောလိုက်တယ်

''အဲ့ဒါကိုဖိပြီးစကားပြောလိုက်ရုံပဲ, အဲ့ဒါဆို ဒယ်ဒီက ခများအသံကိုကြားရလိမ့်မယ်...''

ထန်ထန် က စကားပြောလို့ရတဲ့အရာ၀တ္ထုလေးနဲ့ပတ်သတ်ပြီး တကယ်ကိုပဲစပ်စုချင်တာကြောင့် ဘယ်လိုသုံးရမလဲဆိုတာကိုသိချင်နေသည်။ သူမအနေနဲ့ ဒီကမ္ဘာမှာ အခုကစပြီးနေရတော့မှာဖြစ်တာကြောင့် ဒီလိုအရာမျိုးကိုသင်ယူဖို့လိုအပ်တယ်။ အဲ့ဒါကြောင့် သူမက အသေးလေးကိုဂရုတစိုက်ကြည့်နေတယ်။

သူမ အသေးလေးရဲ့ပုံကိုအဲ့ဒီထဲမှာတွေ့လိုက်တယ်။ တစ်ပုံမှာတော့ အသေးလေးက ကြက်ပေါင်ကိုကိုက်နေတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံထဲမှာက သူကအရမ်းချစ်ဖို့ကောင်းစွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်။

"အာ...ပေါင်ပေါင် အဲ့ဒါသားလား...သားနဲ့တကယ်တူတာပဲ..."

ရှောင်ကျိုး က ဟမ့် တစ်ချက်လုပ်လိုက်တယ် ပြီးတော့ သူ့ကိုယ်သူအတော်လေးဂုဏ်ယူပုံ ပေါက်နေပြီး

" နှစ်ခုလုံးကကျွန်တော်ပဲ ပြီးတော့ ဒယ်ဒီ့ ပရိုဖိုင်  ပုံကလဲ ကျွန်တော့်ပုံပဲ၊ ဒက်ဒီရိုက်ထားပေးတာလေ..."

ထန်ထန် က ပုံတွေကို အံ့ဩတကြီးနဲ့ကြည့်နေတယ်။ သူမကြည့်လေလေ ပိုချစ်ဖို့ကောင်းလေပဲ။ ပြီးတော့ ဒီကလူတွေရဲ့ပုံဆွဲတဲ့ကျွမ်းကျင်မှုတွေက အရမ်းကိုဆန်းကြယ်လွန်းတယ်၊ ပုံထဲကလူဆိုပေမယ့် တကယ့်ကိုအပြင်ကလူအတိုင်းပဲ။

ကျိရှောင်ကျိုး က ထန်ထန် တစ်ယောက် သူ့ပုံတွေကို ဆက်ပြီးစိုက်ကြည့်နေတာကိုမြင်လိုက်တဲ့အတွက် သူ့မျက်နှာလေးနီရဲလာတယ်။ သူ့ကိုယ်သူ ရုပ်တည်လေးဖြစ်အောင် အတင်းလုပ်ယူပြီး ဆက်ပြောလိုက်တယ်...

" ခင်များဆက်သင်ချင်သေးရဲ့လား... ကျွန်တော့အချိန်ကိုလာမဖြန်းနဲ့, ကျွန်တော်ကအလုပ်တွေအရမ်းများနေတာနော်...''
(T/N: အေးပါဟယ် ကလေးဆိုတော့ အလုပ်တွေများမှာပေါ့)

ထန်ထန် က သေချာအာရုံစိုက်ပြီး ပြောလိုက်တယ်...

'' သင်ချင်တာပေါ့...အခုသင်ချင်တာ, အဲ့ဒီတော့ ဒါကိုဖိထားပြီး စကားပြောရမှာလား...''

အသေးလေးက ခေါင်းငြိမ့်ပြလိုက်ပြီး သရုပ်ပြဖို့ စပီကာကိုဖိလိုက်တယ်...

" ဒယ်ဒီ...ဒယ်ဒီ...သားပါ...ရှောင်ကျိုး... "

စကားပြောပြီးတဲ့အခါ သူကလက်ကိုလွှတ်လိုက်တယ်။ ထို့နောက် ထန်ထန် ဘက်ကိုလှည့်လိုက်ကာ ...

" အဲ့လိုသုံးရတာ, ဒယ်ဒီမြင်တဲ့အခါကျရင် ကျွန်တော်တို့ဘာပြောလဲဆိုတာ သူကြားလိမ့်မယ်, ခများလုပ်ကြည့်လိုက်... "

"အာ... မာမီလုပ်ရမှာလား..."

ထန်ထန်  လက်ကိုပွတ်လိုက်တယ်။ ဘယ်လိုလုပ်ရမလဲ သူမ မသိဘူး။ နောက်ပြီး သူမဘာပြောသင့်လဲ 'ယောကျာ်း...'ဘယ်စကားကပြောဖို့အဆင်ပြေဆုံးဖြစ်နိုင်မလဲ... သူမအနေနဲ့ နှုတ်ဆက်စကားကို အရင်ပြောလိုက်သင့်လား...

သူမတစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားနေသလို စိတ်လဲရှုပ်ထွေးနေတယ်။ သူမခေါင်းထဲမှာ သူမပြောချင်တဲ့အရာကို ထပ်တလဲလဲပြောနေတယ်။ သူမအတွေးတွေကိုသေချာစေပြီးတဲ့နောက် သူမလက်ကို ခလုတ်ဆီကိုဖြေးငြင်းစွာရွေ့လိုက်တယ်။ ဒါပေမယ့် လက်ဖောင်းဖောင်းလေးတစ်ခုက သူမကိုလှမ်းတားလိုက်တယ်။

သူမ စိတ်ရှုပ်ထွေးသွားပြီး အသေးလေးကိုကြည့်လိုက်တယ်။

ကျိရှောင်ကျိုးက ပါးလေးကိုဖောင်းထားပြီး သူမကိုနောက်တစ်ကြိမ်ကြည့်လိုက်ကာ

" ခများ ကောင်းကောင်းမွန်မွန်ပြောဖို့လိုတယ်...ဒယ်ဒီကို မကျိန်ဆဲရဘူး, သူနဲ့လဲစကားမများရဘူး မဟုတ်ရင်...မဟုတ်ရင်..."

အသေးလေးက ဘာဆက်ပြောရမှန်းမသိတော့ဘူး ဖြစ်နေတယ် အဲ့ဒါကြောင့် သူ့ရဲ့ခြေထောက်ဖောင်းဖောင်းလေးတွေကိုသာ မတတ်သာပဲ လွှဲယမ်းနေတော့တယ်။

"အယ်..."

ထန်ထန် မျက်တောင်ခတ်လိုက်ပြီး အသေးလေးဆိုလိုချင်တဲ့ အဓိပါယ်ကိုနားလည်ဖို့ အချိန်ခဏလောက်ယူလိုက်တယ်။ မူလပိုင်ရှင်က သူမရဲ့ခင်ပွန်းကို ဆိုးဆိုးရွားရွားပြုမူပြီး မကြာခဏကျိန်ဆဲကာ စကားများတတ်ကြသလား... အဲ့ဒါက ပေါင်ပေါင်ဒီလိုပြောရတဲ့ အကြောင်းအရင်းများလား...

ဒါပေမယ့် မူလပိုင်ရှင်က ဘာလို့သူမယောကျာ်းကိုကျိန်ဆဲရတာလဲ... သူမအိမ်ထောင်ကျကတည်းက သူမယောကျာ်းကိုထောက်ပံ့ပေးရမယ်, ကလေးကိုသင်ကြားပေးရမယ်, သူတို့ကိုကောင်းကောင်းဆက်ဆံ ရမှာမဟုတ်ဘူးလား... အဲ့ဒါက ဇနီးကောင်းတွေလုပ်ရမှာတွေပဲလေ။ ထန်ထန် ရဲ့ နို့ထိန်းက သူမကိုငယ်စဉ်ကတည်းက ဒီလိုအရာတွေကိုသင်ကြားပေးပြီးဖြစ်တယ်။ အဲ့ဒါဆို မူလပိုင်ရှင်က သူမခင်ပွန်းနဲ့ ကလေးကို ဘာလို့ဆိုးဆိုးရွားရွားဆက်ဆံရတာလဲ... ဒါမှမဟုတ် သူမခင်ပွန်းက မကောင်းတဲ့သူလား...

သူမ  ကလေး ကို သတိထားပြီးမေးလိုက်တယ် ...

"ပေါင်ပေါင်, သားလေးရဲ့ဒယ်ဒီက လူကောင်းတစ်ယောက်လား..."

ကျိရှောင်ကျိုး က စဉ်းစားမနေပဲ ချက်ချင်းပြန်ဖြေလိုက်တယ်...

" ဟုတ်တာပေါ့...ဒက်ဒီက ကောင်းတယ်, သူက လူဆိုးတွေကိုဖမ်းတယ် ပိုက်ဆံရှာပြီး ကျွန်တော်နဲ ခင်များကို ပြုစုပျိုးထောင်ပေးတယ်... ပိုက်ဆံရှာရတာ အရမ်းခက်တာ ပြီးတော့ ခင်များကလဲငွေမရှာပဲ ခင်များလုပ်တာဆိုလို့ အရက်သောက်တာရယ်, ပစည်းတွေပေါက်ခွဲတာရယ် ဒယ်ဒီကိုကျိန်ဆဲတာရယ်ပဲရှိတယ်... ခင်များကဆိုးတယ်... ခင်များလိုအမေမျိုးမလိုချင်ဘူး...''

ရှောင်ကျိုး က ပြောနေရင်း အတိတ်ကအကြောင်းအရာတွေကိုပြန်သတိရလာပုံရတယ်။ သူက တခြားမိခင်တွေက သူတို့ကလေးတွေကိုချစ်တာမြင်ရတဲ့အခါ သူခံစားခဲ့ရတဲ့ ၀မ်းနည်းမှုနဲ့ မကျေနပ်ချက်တွေကို သူတွေးမိလာတယ်။ သူ့မျက်လုံးတွေနီရဲလာပြီး သူ သူမကိုမျက်နှာချင်း ထပ်မဆိုင်ချင်တော့ဘူး။ အဲ့ဒါကြောင့် ဆိုဖာပေါ်ကနေဆင်းလိုက်ပြီး သူအခန်းဆီသို့ပြေးသွားကာ အခန်းတံခါးကိုဆောင့်ပိတ်လိုက်တယ်။

" ပေါင်ပေါင်..."

ထန်ထန် ကူရာမဲ့သလိုခံစားလိုက်မိတယ်။ သူမချိုင်းထောက်ကိုတောင်မေ့သွားပြီး တံခါးဆီကိုပြေးသွားလိုက်တယ်။ တံခါးက လောခ့်ချထားသောကြောင့် သူမ တံခါးကိုခေါက်လိုက်တယ်...

"ပေါင်ပေါင် ထွက်လာပါဦး အဲ့ဒီအကြောင်းကိုဆက်ပြောကြမယ်လေ..."

အခန်းအတွင်းကလှုပ်ရှားမှုရှိမလာပဲ အသေးလေးက သူမကို လစ်လျူရှုထားတုန်းပဲဖြစ်တယ်။

ထန်ထန် နှုတ်ခမ်းစေ့ပိတ်လိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်တယ်။ မူလပိုင်ရှင်က တကယ်ကိုပဲဆိုးသွမ်းလွန်းတဲ့ အမျိုးသမီးလား...

မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ အန်တီလီက တံခါးပိတ်သံကြားလိုက်လို့ ချက်ချင်းထွက်လာပြီးမေးလိုက်တယ် ...

'' ဘာဖြစ်ကြတာလဲဟင်...''

ထန်ထန် တံခါးကိုညွှန်ပြလိုက်ပြီး ...

" အဲ့ဒါ ဘာမှမဟုတ်ပါဘူး, ပေါင်ပေါင်က ကျွန်မကိုစိတ်ဆိုးသွားရုံပါ, ပြီးတော့ သူအပြင်ကိုထွက်မလာချင်ဘူးလေ..."

အန်တီလီက လောခ့်ချထားတဲ့အခန်းတံခါးကိုကြည့်လိုက်ပြီး နှုတ်ခမ်းလှုပ်လိုက်ပေမယ့် ဘာမှဆက်မပြောပဲ ချက်ပြုတ်ဖို့အတွက် မီးဖိုချောင်ထဲကိုပြန်သွားလေတယ်။

အဆုံးမှာတော့ ထန်ထန် က ဆိုဖာဆီသွားပြီး သူမချိုင်းထောက်ကိုမယူခင် အခန်းကိုနောက်တကြိမ်ကြည့်လိုက်တယ်။ ထို့နောက် ချိုင်းထောက်အကူအညီနဲ့ မီးဖိုချောင်ထဲမှာ အန်တီလီရဲ့ အသီးအရွက်တွေရေဆေးတာကို ကူညီဖို့ဦးတည်လိုက်တယ်။

သူမရဲ့အကူအညီအတွက် အန်တီလီက အရမ်းမထူးဆန်းတော့ဘူး။ ဖြစ်နိုင်တာက ဒီရက်ပိုင်းသူမကူညီနေကျဖြစ်လို့ နေသားကျသွားပုံပေါ်တယ်။

ထန်ထန် စိတ်အတွင်းမှာတော့ စောနကဖြစ်ခဲ့တဲ့အကြောင်းအရာကို တွေးနေတုန်းဖြစ်တယ်။ နောက်ပြီး အန်တီလီတစ်ယောက်တည်းကသာလျင် မူလပိုင်ရှင်ရဲ့အကြောင်းတွေကို သူမကိုပြောပြနိုင်သူဖြစ်တယ်။

''အန်တီလီ, ကျွန်မ မေးစရာနည်းနည်းရှိတယ် ကျွန်မကို အမှန်အတိုင်းဖြေပေးနိုင်မလား...''

အန်တီလီက မျက်တောင်ခတ်လိုက်တယ်။ နောက်တော့ သူမခေါင်းငြိမ့်ပြလိုက်ပြီး

''မေးပါ...''

''အန်တီလီ ကျွန်မအရင်ကအကြောင်းအရာတွေအကုန်လုံးကို မမှတ်မိတော့ဘူးဆိုတာ ရှင်သိတယ်နော်...အရင်တုန်းက ကျွန်မကဘယ်လိုမျိုးလဲဆိုတာပြောပြလို့ရနိုင်မလား...''

တိတ်ဆိတ်ခြင်းကလွမ်းမိုးသွားတယ်။ အန်တီလီအနေနဲ့ ထန်ထန်က ဒီလိုမျိုးမေးလိမ့်မယ်လို့ မထင်ထားဘူး။

"အန်တီလီ အရင်အကြောင်းကိုကျွန်မတကယ်ကို မမှတ်မိတော့တာပါ, ကျွန်မ မကောင်းခဲ့ဘူးဆိုတာလဲ သိပါတယ်, အဲ့ဒါကြောင့်ပြောပြပေးပါ ကျွန်မပြောင်းလဲမှာပါ. ပေါင်ပေါင်နဲ့ ပေါင်ပေါင့်အဖေကိုလဲ ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ..."

လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ထန်ထန်ရဲ့ အပြုအမူတွေကိုကြည့်ပြီး အန်တီလီအနေနဲ့ သူမအတိတ်မေ့နေတယ်ဆိုတာကို ယုံကြည်လာတယ်။ သူမ ခေါင်းမငြိမ့်ခင်ခဏ တုံ့ဆိုင်းနေပြီးမှ

"ကောင်းပြီလေ...ကျွန်မပြောပြပါမယ်...''

သူမအတိတ်မေ့နေတယ်ဆိုတာတကယ်ဖြစ်နိုင်တယ်...ပြီးတော့ သူမပြောင်းလဲလာပြီး လူကောင်းတစ်လောက်လဲဖြစ်လာနိုင်တယ်။

"ဘာလို့ မဒမ်နဲ့ဆရာ လက်ထပ်လိုက်လဲဆိုတာတော့ ကျွန်မ မသိဘူး, ဒါပေမယ့် ကျွန်မဒီမှာအလုပ်စလုပ်ကတည်းက မဒမ်က ဘယ်တုန်းကမှအေးအေးဆေးဆေးမရှိဘူး... နေ့တိုင်းအရက်မူးပြီး ရူးသွပ်နေသလိုပဲ...ရှောင်ကျိုး လေးငယ်ငယ်တုန်းကဆို ကြောက်လန့်ပြီး ခဏခဏ ငိုရတယ်... ဆရာက စစ်တပ်ထဲမှာပဲအလုပ်များနေတဲ့အတွက် ကလေးကိုစောင့်ရှောက်ဖို့လူမရှိမှာစိုးရိမ်ပြီး ကျွန်မကိုငှားခဲ့တာပါ..."

"ကျွန်မအဲ့ဒီလိုလုပ်နေတာတောင် ပေါင်ပေါင်ရဲ့ဒယ်ဒီက ကျွန်မကို မကွာရှင်းပစ်ဘူးလား..."

ဒီလိုဇနီးမျိုးကို စောစောစီးစီး ကွာရှင်းသင့်တယ်လေ။

အန်တီလီလဲ ထန်ထန်မေးတဲ့မေးခွန်းမျိုးကိုသူမကိုယ်သူမ မေးပြီးဖြစ်တယ်။ ဒါပေမယ့် သူမကအဲ့ဒီအကြောင်းကို ဆက်ပြီးအရမ်းမတွေးပဲ ပြောလိုက်တယ်...

''ကျွန်မ မသိဘူး, ဒါပေမယ့် ကလေးဆိုတာမိခင်နဲ့ရှိသင့်တယ်ထင်လို့ ဆရာက ရှောင်ကျိုး အတွက်တွေးထားလို့များလား... ရှောင်ကျိုး လေးက ငယ်သေးပြီး မိခင်မေတ္တာကို လိုအပ်နေတယ်...သူက အမေလုပ်သူကိုမုန်းတဲ့ အမူအယာပြနေပေမယ့်လဲ တကယ်တော့ သူ့ကို ချစ်ပေး၊ ဂရုစိုက်ပေးတာကို လိုချင်နေတာပါ...''

တခြားကလေးတွေ သူတို့အမေနဲ့ ကစားနေတာကို အ‌ဝးကနေအမြဲငေးစိုက်ကြည့်နေတတ်တဲ့ ရှောင်ကျိုးလေး ကို အကြိမ်များစွာ အန်တီလီမြင်ဖူးပြီးဖြစ်တယ်။ သူ့မျက်လုံးထဲက မနာလိုတဲ့အကြည့်လေးကိုပါ သူမမြင်နိုင်ခဲ့တယ်။ သူမတောင်မြင်ဖူးတာဆိုရင် ဆရာအနေနဲ့လဲ အဲ့ဒီမြင်ကွင်းမျိုးကို မြင်ဖူးပြီးဖြစ်လိမ့်မယ်။ သူအမေက မကောင်းဘူးဆိုရင်တောင် ရှောင်ကျိုး  တော့ သူ့အမေသူ့ကိုချစ်လိမ့်မယ်လို့ မျှော်လင့်တုန်းပဲ... သူကြီးပြင်းလာမှသာ သူ့မျှော်လင့်ချက်ဆုံးရှုံးသွားခဲ့တာပဲ။

အဖေဖြစ်သူကလဲ ကလေး ကြောင့် သည်းခံခဲ့တာလို့ပဲ သူမထင်မြင်မိတယ်။

ထန်ထန် ကခေါင်းငြိမ့်လိုက်ပြီး သူမနှလုံးသားထဲမှာတော့ ကျောက်ခဲဆွဲထားသလိုလေးလံနေတော့သည်။

အန်တီလီက စကားပြောနေတာကို မရပ်တန့်နိုင်တော့ပဲ သူမအတွေးတွေအားလုံးကို ထုတ်ဖော်ပြောနေမိတယ်။ အတိတ်တုန်းက သူမ ထန်ထန်ကိုစကားပြောဖို့လုပ်လိုက်တိုင်း သူက နားမထောင်ခဲ့ဘူး ကြည့်ရတာ အခုအချိန်မှာတော့ ပြောဖို့လိုအပ်တာတချို့ကို သူမပြောသင့်တယ်ထင်တယ်။

''မဒမ်... ကျွန်မက ဆရာငှားထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့်လဲ ဒီတစ်ခုတော့ပြောမှဖြစ်မယ် အဲ့ဒါကနားထောင်လို့မကောင်းပေမယ့်လဲပေါ့...''

"မဒမ်, ရှင်ဘယ်လောက်ကံကောင်းတယ်ဆိုတာ မသိပါဘူး, မဒမ်အလုပ်လုပ်စရာမလိုဘူး, ပြီးတော့ ဖိအားတွေလဲမရှိဘူး။ အရာအားလုံးကို ဆရာတစ်ယောက်တည်းကပဲ ကိုင်တွယ်သွားတာ...ဆရာက အရည်အချင်းရှိပြီး ရိုးသားတယ် တာ၀န်ယူမှုလဲရှိတယ်... မဒမ်မှာ ချစ်ဖို့ကောင်းတဲ့သားလေးနဲ့ မှီခိုအားထားစရာ ယောကျာ်းရှိတယ်... ဘာကိုမကျေမနပ်ဖြစ်နေတာလဲ...မဒမ်က ဆူဆူညံညံနဲ့ပြသနာတွေရှာနေတုန်းမှာ မဒမ်မှာရှိနေတာကို လိုချင်နေတဲ့သူတွေအများကြီးရှိနေတယ်။ မဒမ်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မနားမလည်ဘူး..."

ထန်ထန်တိတ်ဆိတ်စွာနဲ့ နားထောင်နေပြီး မူလပိုင်ရှင်ကို ကောက်ချက်ချနေတယ်။ မူလပိုင်ရှင်က ဇနီးကောင်းတစ်ယောက်မဟုတ်သလို မိခင်ကောင်းတစ်ယောက်လဲမဟုတ်ခဲ့ဘူး။

ဘယ်လိုတောင်ဆိုးဝါးတဲ့အမျိုးသမီးလဲ ပြီးတော့ ပေါင်ပေါင့်ဒယ်ဒီကလဲ မကွာပစ်ဘူး။ သူက တကယ်ကိုကောင်းတဲ့သူပဲ။ တကယ်လို့ တခြားယောက်ကျားသာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက ကွာရှင်းပြီးနေလောက်ပြီပေါ့။ ဒါပေမယ့် သူက သူ့ကလေးအတွက်ကြည့်ခဲ့တာပဲ။ ပေါင်ပေါင်ဒကယ်ဒီက လူကောင်းတစ်ယောက် ပြီးတော့ အဖေကောင်းတစ်ယောက်ပေါ့။

အန်တီလီက စကားပြောပြီးတဲ့အခါ ထန်ထန်ကိုပြောလိုက်တယ် ...

" မဒမ်, ဘာမှမမှတ်မိတော့ဘူးလို့ပြောခဲ့မှတော့ အရာအားလုံးကိုအစကနေပြန်စသင့်တယ်။ အနာဂတ်မှာ ဆရာနဲ့ကောင်းကောင်းမွန်မွန်နေပြီးတော့ ကလေးအတွက်လဲပိုကောင်းအောင်ပြုမူသင့်တယ်၊ မိသားစုအားလုံးပျော်ရွှင်နေတာက မကောင်းဘူးလား...''

ထန်ထန်ခေါင်းငြိမ့်ပြလိုက်ပြီး...

" အန်တီလီ စိတ်မပူပါနဲ့, ကျွန်မအခုကနေစပြီး အိမ်ထောင်ရှင်မကောင်းနဲ့ မိခင်ကောင်းဖြစ်လာမှာပါ..."

သူမအနေနဲ့ ယောကျာ်းတစ်ယာက်နဲ့ ကလေးတစ်ယောက်ကို ရုတ်တရက်ရလိုက်သော်လည်း ဒါကသူမဘဝြဖစ်နေပြီ။ အခုကစပြီး ပေါင်ပေါင်လေးနဲ့ သူ့ဒယ်ဒီက သူမမိသားစုပဲ။ သူတို့က ဒီကမ္ဘာမှာ သူမမီခိုလို့ရမယ်သူတွေဖြစ်ပြီး သူတို့ကိုမှ ကောင်းကောင်းမွန်မွန်မဆက်ဆံရင် ဘယ်သူ့ကိုသွားဆက်ဆံရမှာလဲ... အဲ့ဒါကပဲ သူမဒီကမ္ဘာမှာရှိနေရတဲ့ အကြောင်းအရင်းပဲ။

ပေါင်ပေါင်ရဲ့အဖေက သူမကိုသဘောမကျဘူးဆိုပေမယ့်လဲ သူမအလုပ်ကြိုးကြိုးစားစားလုပ်မယ်။ အဲ့ဒါဆို ပေါင်ပေါင်နဲ့ သူ့ဒကယ်ဒီက သူမကိုသဘောကျလာမှာပါ။

Continue Reading

You'll Also Like

3.1M 253K 95
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.7M 95.2K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.5M 146K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...