ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချ...

By Raven25Aunn

5.8K 558 21

Credited to original Author and eng translaters MM translation Of A Filthy Rich Hamster In The Apocalypse S... More

Summary
ဝူယီဟာဟမ်းစတားလေးတစ်ကောင်ပါ(1)
Chapter1.2
chapter 1.3
Chapter 1.4
ဝူယီငါးစားလို့မရဘူး
Chapter 2.2
Chapter2.3
ဝူယီကအထီးကျန်တဲ့ဟမ်းစတားလေးပါ
Chapter-3. 2
Chapter 3.3
ဝူယီရဲ့နောက်ဆုံးဖုန်းခေါ်ဆိုမှု
chapter 4.2
Chapter 4.3
ဝူယီကနက်ရှိုင်းစွာအိပ်မောကျသွားပြီ
Chapter 5.3
Chapter 5.4
Chapter 5.5
ဝူယီခြေနှစ်ချောင်းသတ္တဝါဖြစ်သွားပြီ
Chapter 6.2

Chapter 5.2

173 25 1
By Raven25Aunn

Unicode
Duan Wenyu  -ဒွမ်ဝမ်ယူ
Ning Feng       -နင်းဖုန်
Wu wenqi        -ဝူဝမ်ချီ
Xiao Yan         -ရှောင်ယန်

နင်းဖုန် သည် ယခုအချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး လူတိုင်း၏ စကားဝိုင်း၏ အစိတ်အပိုင်းများကိုသာ ကြားနေရသော်လည်း တစ်ခုခုဖြစ်နေတယ်ဆိုတာကို ခံစားနိုင်ပါသေးတယ်။ ဖုန်းထဲမှ ဝူဝမ်ချီ၏ အော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခြမ်းကို ထောက်ကာ ထလာပြီး စိုးရိမ်သောမျက်နှာဖြင့် မေးလိုက်တယ်။
"ဒွမ်-ကော ယန်Jieဘာဖြစ်တာလဲ၊သူတို့?”
(Jie= အစ်မ,ကော= အစ်ကို)
"မင်း ကိုယ့်ကိုကိုယ်သာ ဂရုစိုက်စမ်းပါ!"

ဒွမ်ဝမ်ယူ သည် တခဏချင်း ပြိုပျက်သွားမယ့်ပုံပေါ်နေတဲ့ နင်းဖုန် ၏ နီမြန်းနေသော ပါးပြင်တွေကိုမြင်သွားသည်။ သူသည် လက်ပ်တော့ကို ချက်ချင်းဘေးသို့ရွှေ့လိုက်ပြီး အကူအညီပေးရန် လျင်မြန်စွာ လှမ်းလိုက်သော်လည်း သူ့လက်ဖဝါးမှ ပူကျစ်နေသော အပူချိန်ကြောင့် တုန်လှုပ်သွားခဲ့သည်။

"ဘာလို့ အရင်ကထက် ပိုပူနေတာလဲ"

နျွဲ့ရှောင်သည် ဒွမ်ဝမ်ယူ ၏ စကားကိုကြားပြီး အခြေအနေပိုဆိုးသွားခဲ့တယ် ။ သူက ဖုန်းကို အဖွဲ့ရဲ့နားကြပ်ထဲကို တိုက်ရိုက်ချိတ်ဆက်ပြီး
"ဝမ်ယူ၊ နင်းဖုန် လည်း နေမကောင်းဘူးလား?"

“အင်း၊ ငါတို့ လေယာဉ်မတက်ခင်မှာ သူ ရုတ်တရက် အဖျားကြီးလာလို့ ငါတို့ လေယာဉ်ကို လွတ်သွားတယ်။ သူက လေဆိပ်ဆေးရုံမှာ IV ချိတ်ထားပြီး ရေတစ်ပုလင်းလုံးနီးပါးကို သောက်လိုက်ပေမယ့် သူ့ကိုယ်အပူချိန်က ပြန်တက်လာနေတာ။”

ဒွမ်ဝမ်ယူ က နင်းဖုန် ကို လှဲအိပ်ခိုင်းပြီး ပြန်ပြောလိုက်တယ် ။ နင်းဖုန် ၏နဖူးပေါ်ကျနေသောဆံပင်ကို ပြန်တင်ပြီး အနည်းငယ်စိတ်ပူနေကာ နင်းဖုန်အား စိတ်အေးစေရန်အရက်ပြန်သုတ်ပေးသည်။ ပုံမှန်ဆိုရင်မြှောက်တက်နေတတ်တဲ့ သူ့ပါးစပ်ထောင့်တွေဟာ အခု မြေကြီးထဲကိုနစ်ဝင်နေပြီဖြစ်တယ်။

ဝူဝမ်ချီ သည် နားကြပ်ထဲတွင် ဒွမ်ဝမ်ယူ ၏ အဖြေကို ကြားပြီး တံခါးကို ကျယ်လောင်စွာ ထုရင်း မဆဲဘဲမနေနိုင်ချေ "ေ*က်ငရဲဘဲ၊ ဒီဟာက သာမန်နေ့သာဆိုရင် ဘာမှဖြစ်မှာ မဟုတ်ပေမယ့် ငါတို့ထဲကနှစ်ယောက်တောင် ရုတ်တရက် အဖျားကြီးလာတာကတော့!"

"A-Yan မင်းငါ့ကိုစကားပြောပါဦး!"

နက်မှောင်သောလေထုနှင့်တိမ်တိုက်များသည် ကျန်းမာသန်စွမ်းသော အမျိုးသားသုံးဦး၏ ဦးခေါင်းများပေါ်တွင်အုပ်မိုးနေကာ သူတို့၏စိတ်ထဲတွင် တစ်စုံတစ်ခုကို တားဆီးထားသည့် ခံစားချက်ကြောင့် လေထုထဲတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေစေသည်။
ဇွန်ဘီးတွေအကြောင်း သူတို့ရဲ့ ခန့်မှန်းချက်တွေဟာ ဘယ်တော့မှ အခြေအမြစ်မရှိတာမဟုတ်ခဲ့ပါဘူး။

အန္တရာယ်ကို ကြိုတင်သိမြင်ခြင်းက သူတို့၏ ထက်သန်သော သားရဲကဲ့သို့ ထိုးထွင်းသိမြင်ခြင်းမှ လာတာပါ၊

ဒီထိုးထွင်းသိမြင်မှုသည် ဘယ်သောအခါမှ မမှားဘဲ သူတို့ကို သေခြင်းမှ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လွတ်မြောက်စေခဲ့ဖူးတယ်။

ဒီတစ်ချိန်မှာတော့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေဟာ ထူးဆန်းလွန်းတဲ့အတွက် မယုံချင်သလို ယုံလဲ မယုံရဲကြပေ။

ဒါပေမယ့် ဒီထင်ကြေးကို အတည်ပြုနိုင်ဖို့ သိပ်မကြာလိုက်ပါ။
မိုးကုပ်စက်ဝိုင်းမှ ရုတ်တရက် ကြီးမားသော ပေါက်ကွဲသံက သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့ခြေထောက်အောက်က မြေကြီးတောင် လှုပ်သွားသလိုပဲ။
နျွဲ့ရှောင်သည် ပြတင်းပေါက်အပြင်ဘက်ရှိ အဝေးမှညကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ဧည့်ခန်းရှိ တီဗီဖွင့်ရန် ရှေ့သို့ခြေနှစ်လှမ်း လှမ်းလိုက်တယ်။ ထူးထူးခြားခြား သတင်းတစ်ပုဒ်အား ထုတ်လွှင့်နေတာကြောင့် လက်ရှိအစီအစဉ်ကို ဖြတ်တောက်ထားတယ်။

Note
ဒီနေ့က တို့ရဲ့ မတွေ့ရတာကြာသော ဟမ်းစတားလေး ဝူယီရဲ့နေ့လေးပါနော်။ (*≧∀≦*)ရှေ့မှာတုန်းက နင်းဖုန် က ဝူယီ ကို အလုပ်သမနေ့လို့ ခေါ်ပြီး စနေတာကိုမှတ်မိကြမှာပါ။ တရုတ်မှာ မေ ၁ ရက်နေ့က အလုပ်သမနေ့ပါ။ ပြီးတော့ ဝူယီလေး ရဲ့ နာမည်ကို ဘာသာပြန်မယ်ဆိုရင် မေ ၁ လို့အဓိပ္ပါယ်ရတဲ့အတွက်ကြောင့်ပါ။ (>∀<)






Zawgyi
Duan Wenyu  -ဒြမ္ဝမ္ယူ
Ning Feng       -နင္းဖုန္
Wu wenqi        -ဝူဝမ္ခ်ီ
Xiao Yan         -ေရွာင္ယန္

နင္းဖုန္ သည္ ယခုအခ်ိန္တြင္ အနည္းငယ္ စိတ္ရႈပ္ေထြးေနၿပီး လူတိုင္း၏ စကားဝိုင္း၏ အစိတ္အပိုင္းမ်ားကိုသာ ၾကားေနရေသာ္လည္း တစ္ခုခုျဖစ္ေနတယ္ဆိုတာကို ခံစားႏိုင္ပါေသးတယ္။ ဖုန္းထဲမွ ဝူဝမ္ခ်ီ၏ ေအာ္ဟစ္သံကို ၾကားလိုက္ရသည္ႏွင့္ ခ်က္ခ်င္းပင္ သူ႔ခႏၶာကိုယ္အေပၚပိုင္းတစ္ျခမ္းကို ေထာက္ကာ ထလာၿပီး စိုးရိမ္ေသာမ်က္ႏွာျဖင့္ ေမးလိုက္တယ္။
"ဒြမ္-ေကာ ယန္Jieဘာျဖစ္တာလဲ၊သူတို႔?”
(Jie= အစ္မ,ေကာ= အစ္ကို)
"မင္း ကိုယ့္ကိုကိုယ္သာ ဂ႐ုစိုက္စမ္းပါ!"

ဒြမ္ဝမ္ယူ သည္ တခဏခ်င္း ၿပိဳပ်က္သြားမယ့္ပုံေပၚေနတဲ့ နင္းဖုန္ ၏ နီျမန္းေနေသာ ပါးျပင္ေတြကိုျမင္သြားသည္။ သူသည္ လက္ပ္ေတာ့ကို ခ်က္ခ်င္းေဘးသို႔ေ႐ႊ႕လိုက္ၿပီး အကူအညီေပးရန္ လ်င္ျမန္စြာ လွမ္းလိုက္ေသာ္လည္း သူ႔လက္ဖဝါးမွ ပူက်စ္ေနေသာ အပူခ်ိန္ေၾကာင့္ တုန္လႈပ္သြားခဲ့သည္။

"ဘာလို႔ အရင္ကထက္ ပိုပူေနတာလဲ"

နြၽဲ႕ေရွာင္သည္ ဒြမ္ဝမ္ယူ ၏ စကားကိုၾကားၿပီး အေျခအေနပိုဆိုးသြားခဲ့တယ္ ။ သူက ဖုန္းကို အဖြဲ႕ရဲ႕နားၾကပ္ထဲကို တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး
"ဝမ္ယူ၊ နင္းဖုန္ လည္း ေနမေကာင္းဘူးလား?"

“အင္း၊ ငါတို႔ ေလယာဥ္မတက္ခင္မွာ သူ ႐ုတ္တရက္ အဖ်ားႀကီးလာလို႔ ငါတို႔ ေလယာဥ္ကို လြတ္သြားတယ္။ သူက ေလဆိပ္ေဆး႐ုံမွာ IV ခ်ိတ္ထားၿပီး ေရတစ္ပုလင္းလုံးနီးပါးကို ေသာက္လိုက္ေပမယ့္ သူ႔ကိုယ္အပူခ်ိန္က ျပန္တက္လာေနတာ။”

ဒြမ္ဝမ္ယူ က နင္းဖုန္ ကို လွဲအိပ္ခိုင္းၿပီး ျပန္ေျပာလိုက္တယ္ ။ နင္းဖုန္ ၏နဖူးေပၚက်ေနေသာဆံပင္ကို ျပန္တင္ၿပီး အနည္းငယ္စိတ္ပူေနကာ နင္းဖုန္အား စိတ္ေအးေစရန္အရက္ျပန္သုတ္ေပးသည္။ ပုံမွန္ဆိုရင္ေျမႇာက္တက္ေနတတ္တဲ့ သူ႔ပါးစပ္ေထာင့္ေတြဟာ အခု ေျမႀကီးထဲကိုနစ္ဝင္ေနၿပီျဖစ္တယ္။

ဝူဝမ္ခ်ီ သည္ နားၾကပ္ထဲတြင္ ဒြမ္ဝမ္ယူ ၏ အေျဖကို ၾကားၿပီး တံခါးကို က်ယ္ေလာင္စြာ ထုရင္း မဆဲဘဲမေနႏိုင္ေခ် "ေ*က္ငရဲဘဲ၊ ဒီဟာက သာမန္ေန႔သာဆိုရင္ ဘာမွျဖစ္မွာ မဟုတ္ေပမယ့္ ငါတို႔ထဲကႏွစ္ေယာက္ေတာင္ ႐ုတ္တရက္ အဖ်ားႀကီးလာတာကေတာ့!"

"A-Yan မင္းငါ့ကိုစကားေျပာပါဦး!"

နက္ေမွာင္ေသာေလထုႏွင့္တိမ္တိုက္မ်ားသည္ က်န္းမာသန္စြမ္းေသာ အမ်ိဳးသားသုံးဦး၏ ဦးေခါင္းမ်ားေပၚတြင္အုပ္မိုးေနကာ သူတို႔၏စိတ္ထဲတြင္ တစ္စုံတစ္ခုကို တားဆီးထားသည့္ ခံစားခ်က္ေၾကာင့္ ေလထုထဲတြင္ စိုးရိမ္ပူပန္မႈမ်ားႏွင့္ ျပည့္ႏွက္ေနေစသည္။
ဇြန္ဘီးေတြအေၾကာင္း သူတို႔ရဲ႕ ခန႔္မွန္းခ်က္ေတြဟာ ဘယ္ေတာ့မွ အေျခအျမစ္မရွိတာမဟုတ္ခဲ့ပါဘူး။

အႏၲရာယ္ကို ႀကိဳတင္သိျမင္ျခင္းက သူတို႔၏ ထက္သန္ေသာ သားရဲကဲ့သို႔ ထိုးထြင္းသိျမင္ျခင္းမွ လာတာပါ၊

ဒီထိုးထြင္းသိျမင္မႈသည္ ဘယ္ေသာအခါမွ မမွားဘဲ သူတို႔ကို ေသျခင္းမွ အႀကိမ္ေပါင္း မေရမတြက္ႏိုင္ေအာင္ လြတ္ေျမာက္ေစခဲ့ဖူးတယ္။

ဒီတစ္ခ်ိန္မွာေတာ့ သူတို႔ရဲ႕ ထင္ျမင္ယူဆခ်က္ေတြဟာ ထူးဆန္းလြန္းတဲ့အတြက္ မယုံခ်င္သလို ယုံလဲ မယုံရဲၾကေပ။

ဒါေပမယ့္ ဒီထင္ေၾကးကို အတည္ျပဳႏိုင္ဖို႔ သိပ္မၾကာလိုက္ပါ။
မိုးကုပ္စက္ဝိုင္းမွ ႐ုတ္တရက္ ႀကီးမားေသာ ေပါက္ကြဲသံက သူတို႔အားလုံးကို တုန္လႈပ္သြားေစခဲ့သည္။ သူတို႔ေျခေထာက္ေအာက္က ေျမႀကီးေတာင္ လႈပ္သြားသလိုပဲ။
နြၽဲ႕ေရွာင္သည္ ျပတင္းေပါက္အျပင္ဘက္ရွိ အေဝးမွညေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၿပီးေနာက္ ဧည့္ခန္းရွိ တီဗီဖြင့္ရန္ ေရွ႕သို႔ေျခႏွစ္လွမ္း လွမ္းလိုက္တယ္။ ထူးထူးျခားျခား သတင္းတစ္ပုဒ္အား ထုတ္လႊင့္ေနတာေၾကာင့္ လက္ရွိအစီအစဥ္ကို ျဖတ္ေတာက္ထားတယ္။

Note
ဒီေန႔က တို႔ရဲ႕ မေတြ႕ရတာၾကာေသာ ဟမ္းစတားေလး ဝူယီရဲ႕ေန႔ေလးပါေနာ္။ (*≧∀≦*)ေရွ႕မွာတုန္းက နင္းဖုန္ က ဝူယီ ကို အလုပ္သမေန႔လို႔ ေခၚၿပီး စေနတာကိုမွတ္မိၾကမွာပါ။ တ႐ုတ္မွာ ေမ ၁ ရက္ေန႔က အလုပ္သမေန႔ပါ။ ၿပီးေတာ့ ဝူယီေလး ရဲ႕ နာမည္ကို ဘာသာျပန္မယ္ဆိုရင္ ေမ ၁ လို႔အဓိပၸါယ္ရတဲ့အတြက္ေၾကာင့္ပါ။ (>∀<)

Continue Reading

You'll Also Like

35.2K 568 10
This story is based on village story with lots of smut...
1M 42.9K 90
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was reincarnated in a novel that he has yet to finish. He is the ill second...
115K 428 32
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
71.7K 1.8K 68
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...