ရောင်နီထွန်းလာတဲ့နံနက်ခင်းနေမင်းကြီးက နွေးထွေးနေတယ်။ကျေးငှက်လေးတွေကလည်း ကောင်းကင်ယံတခွင်မှာ လွတ်လပ်စွာပျံသန်းနေကြတယ်။ကြည်လင်ပြာရီနေတဲ့ ကောင်းကင်ကို တချက်မော့ကြည့်လိုက်ပြီး ဂျီမင် နှစ်ခြိုက်စွာပြုံးလိုက်သည်
လက်ဆတ်တဲ့သဘာဝလေနုအေးကိုလည်း တစ်ဝကြီးရှုရှုက်လိုက်သေးသည်။ ဒီလိုနံနက်ခင်းမျိုး သူ သိပ်သဘောကျတာဘဲ ...
*သားငယ်လေး..အဆင်သင့်ဖြစ်ရင်သွားကြမယ် နော်..*
*ဟုတ်ကဲ့ ဖေကြီး...*
ဒီနေ့က မြို့တော်ဝန်ရွေးပွဲလေ။ဒါကြောင့် အလုပ်သမားတွေကလည်း နံနက်မိုးမလင်းခင်ကတည်းက တယောက်တပေါက်နဲ့ ဆူညံနေကြတာ။မဲ အရေတွက်နေရွေးတာဖြစ်လို့ ကိုကို့ကို နိုင်စေချင်တဲ့ သူတွေက ညကတည်းအိပ်မပျော်ဘဲဖြစ်နေတယ်တဲ့လေ ..
ဖေကြီးက မြို့စားမင်းဖြစ်နေတာနဲ့တင် အဆင်ပြေနေပြီကို။ဘာလို့ စိတ်ပူနေကြလဲမသိဘူး။နောက်ပြီး အခုအနားယူတော့မယ့် မြို့တော်ဝန်ကလဲ ကိုကို့ကို သေချာပေါက်နိုင်အောင်လုပ်ပေးမယ်ဆိုတာ သူသိသည်
ဂျီမင် အတွေးကရိုးရှင်းတယ်။လူတွေကို အကောင်းမြင်စိတ်နဲ့ဘဲကြည့်တယ်။စေတနာထားပြီး စိတ်ရင်းအမှန်နဲ့ဆက်ဆံတယ်။ဒါပေမယ့် လှည့်ကွက်များတဲ့ လောကမာယာကြားထဲမှာ ဂျီမင် တို့လိုနူးညံ့တဲ့စိတ်ထားပိုင်ရှင်တွေအတွက် သိပ်ပြီးနေရာမရှိဘူး။
သူ့ထက်ငါအပြိုင်ကြိုးစားပြီး သူများထက်ခြေတလှမ်းသာနေမှ တော်ကာကြမှာ။ဒါတွေကို ဂျီမင် မကြာခင်သိလာတော့မှာပါ...
*ကိုကိုက ချောလိုက်တာ...*
*ဟုတ်လား...*
ကိုကို နဲ့အတူလိုက်ပြီးဂျီမင် လည်းပန်းချီဆရာ မိုရ် ဆီသွားရမှာဖြစ်လို့ ပိုပြီးတက်ကြွနေသည်။မြို့ထဲမသွားရတာဘယ်လောက်ကြာပြီလဲ။ဘာတွေပြောင်းလဲလို့ ဘယ်လိုတွေစည်ကားနေသလဲဆိုတာ ဂျီမင် မှတ်တောင်မမှတ်မိတော့ဘူး။ထိုမျှလောက်ထိ သူအပြင်ကိုမထွက်မှန်းသိသာတယ်။
အိမ်ရှေ့မှာ အသင့်ရပ်ထားတဲ့ဂျစ်ကားစိမ်းလေးပေါ်ကိုမတက်ခင် ကိုကို့ကို ရပ်စောင့်နေလိုက်သည် ။ဖေကြီးကတော့ ကားခေါင်းပိုင်းမှာဝင်ထိုင်နေသည်။သူငယ်ငယ်တုန်းက ဒီကားလေးနဲ့ဘဲ ဖေကြီးလာခေါ်တာလေ။အခုထိလည်း စီးနေတုန်းဘဲ...
မိနစ်ပိုင်းလောက်ကြာတော့ ကိုကိုက အိမ်ထဲကနေ တရောသောပါးပြေးထွက်လာခဲ့တယ်။ဆံပင်နက်နက်တွေကို နှဖူးအပြောင်သိမ်းထားပြီး အင်္ကျီလက်ရှည်အဖြူကိုမှဂျင်းဘောင်ဘီအနက်လေးနဲ့တွဲဝတ်ထားသည်။
အရပ်မြင့်တဲ့ကိုကိုကအခုလိုလေးဝတ်ထားတော့ ဂျီမင် မျက်လုံးအဝိုင်းသားဖြင့်ငေးနေမိသည်။ထို
နောက် သွားတန်းလေးတွေပေါ်သည်အထိ ရယ်ပြလိုက်ရင်း ကိုကို့, ကိုစကားဆိုလိုက်သည်။
*အင်း..ဒီနေ့ပိုပြီးချောတယ်. မဟုတ်ဘူး..ခန့်ညားတယ်လို့ပြောရမယ်....*
*ကိုကို့,ကို ေမြှာက်နေပြန်ပါ ပီ..ဘာလိုချင်လဲ ပြော..*
မျက်ခုံးတဖက်ပင့်ပြကာ ပြုံးစစနဲ့ ကိုကို ကပြောလာတော့ ဂျီမင် နှုတ်ခမ်းဆူမိသည်။သူ ကအမှန်တိုင်းပြောတာကို။တကယ်လည်း ခန့်ညားနေတာ။ဒီလိုသာဆို မိန်းမပျိုလေးတွေဝိုင်းငေးကြည့်ကုန်တော့မှာဘဲ။သဝန်တိုလိုက်တာ....
*ဟာ..ကိုကိုကလည်း မင်ကလိုချင်တာရှိမှ ဒီလိုပြောတယ်ထင်လို့လား။စိတ်မကောင်းဖြစ်အောင်လို့....*
*အယ်..ကိုကိုက စတာပါ မင် ရယ် .စိတ်မဆိုးနဲ့နော်...*
*မသိဘူး.!*
ဂျောင်ဂု ကိုမကြည့်ဘဲတဖက်သို့မျက်နှာလွဲလိုက်တဲ့ ဂျီမင်ကိုကြည့်ပြီး ကားပေါ်ကဖေဖေကလည်းပြုံးစိစိလုပ်နေသည် ။ဒီလိုဘုဆက်ဆက် ပြန်ဖြေပုံထောက်ရင် ဂျီမင် စိတ်ဆိုးသွားပြီဆိုတာ သိတယ်လေ...
*အပြင်သွားမှာကို စိတ်ဆိုးနေလို့ဖြစ်မလား။ နှုတ်ခမ်းကို ဆူမထားနဲ့ ရုပ်ဆိုးတယ်..*
*ကိုကို.!*
ဂျောင်ဂုက ထပ်မံစ,လိုက်တော့ ချက်ချင်းဘဲမျက်နှာကြီးမဲ့ကျလာကာ သူ့လက်မောင်းကိုလက်သီးသေးသေးလေးဖြင့် ထုရိုက်တော့သည်။မနာတဲ့အပြင် အသည်းယားနေလို့ ဂျောင်ဂု ကတော့ တခစ်ခစ်နဲ့ရယ်နေတော့သည်။
အူယားစရာလေး.....
*တကယ်ပြောတာ..ကြက်ပေါက်နဲ့တူတယ်....*
*ကိုကို နော်.!မဟုတ်တာမပြောနဲ့..မင် ငိုလိုက်မှာ .!*
*ငိုပေါ့...ကလေးလည်းမဟုတ်ဘဲနဲ့ ငိုရင် သူများတွေလှောင်လိမ့်မယ်. မရှက်ဘူးလား..*
*မရှက်ဘူး.!ကိုယ့်ဘာသာငိုတာ ရှက်စရာလား..!*
ပြောနေရင်း မျက်ရည်ကြည်တွေဝဲလာတာကြောင့် ဂျောင်ဂုလည်းမစတော့ဘဲ အရှုံးပေးလိုက်သည် ။ကလေးငယ်ရဲ့ မျက်ရည်တွေက သူ့အားနည်းချက်ဘဲ။ .
ဂျီမင်ကပြောပြီး ခြံရှေ့ကိုတယောက်ထဲထွက်သွားလေရဲ့။ခြေထောက်သေးသေးလေးကိုလည်း ဆောင့်သွားသေးတာ။သူ စိတ်ဆိုးနေကြောင်းပြသသွားတဲ့သဘော ....
*တော်ပြီ..ကိုကို့ ကိုမခေါ်တော့ဘူး.!*
*ဟေ့..ကားနဲ့သွားမှာနော်...*
*သိတယ်.!ဟွန့်.!....*
ခြံတံခါးကိုအတင်းဆွဲဖွင့်နေတာကြောင့် ဂျောင်ဂုကဘဲ အလျင်မြန်တားလိုက်ရသည်။ကေလးငယ်က စိတ်အရမ်းကြီးတာဘဲ ..သူပြောလိုက်တော့ ဂျီမင်ကမျက်စောင်းတချက်ဝံ့ပြကာ နှုတ်ခမ်းကိုလည်းမဲ့ပြသေးသည်။ကြည့်နေရင်း အသည်းယားလာလို့ ဆွဲပြီးဖျစ်ညှစ်ပစ်ချင်လိုက်တဲ့အထိ ဖြစ်နေသည်။
*စနေပြန်ပြီလား .ပြီးရင် နေနိုင်တာလည်းမဟုတ်ဘဲနဲ့...*
*ကလေးငယ် စိတ်ဆိုးရင်ချစ်ဖို့ကောင်းလို့ပါ မေမေကလည်း. *
ရွှေရောင်လက်ကိုင်အိတ်တလုံးနဲ့ နှုတ်ခမ်းနီကိုလည်းရဲနေအောင်ဆိုးထားတဲ့မေမေက သူ့ကျောပြင်ကိုအသာရိုက်ပြီးပြောလာသည်။
မေမေကအရမ်းလှတဲ့အမျိုးသမီးတယောက်။အရပ်မြင့်ပြီးအသားကလည်းဖြူဖွေးနေတော့ မသိရင် နိုင်ငံခြားနဲ့သွေးနှောထားသလိုဘဲ။
သူကမေမေနဲ့တူတယ်။မျက်လုံးဝိုင်းဝိုင်းနဲ့နှုတ်ခမ်းပါးပါးလေးကမေမေ့ရဲ့အမွေနှစ်ဘဲ။
*အေး....ဟိုကမခေါ်ဘဲပစ်ထားမှ စစ်ကူလာမတောင်းနဲ့...*
*ဖေဖေကလည်း......*
ကားစက်နိုးနေတဲ့ဖေဖေကပါ သူ့ကိုပြောလာသည်။သူ မပြောဘူးလား။ဂျီမင်ကိုထိရင် အားလုံးကင်ြမ်မခံကြပါဘူးလို့။သူ စလိုက်လို့များ ဂျီမင် ငိုသွားလို့ကတော့ တနေ့လုံးဆူလို့မပြီးဘူး။ဒါကိုသိတဲ့ ကလေးငယ်ကလည်း မထွက်တဲ့ မျက်ရည်ကို အတင်းညှစ်ချပြီးတအီအီ ငိုနေတက်တာ။အရမ်းလည်တဲ့ ကလေးဆိုးလေး....
*ကိုကို့အနားမှာလာထိုင်လေ..ဘာလို့ ဟိုဘက်ကိုအတင်းတိုးနေရတာလဲ....*
*......*
ကားထွက်သွားတဲ့အထိ ဂျီမင်ကသူ့ကိုစကားမပြောချေ။ကားမှန်ပြတင်းေပါက်နားကို အတင်းတိုးကပ်သွားပြီး အပြင်ကိုဘဲလိုက်ကြည့်နေသည် ။တကယ်ကြီး စိတ်ဆိုးသွားတာဘဲ. ..
အရင်ကလည်း စနေကြကို။အခုမှ ဘာဖြစ်သွားတာလဲ...မျောက်စိတ်နဲ့ကလေးကြီးကို နောက်ဆုံး ဂျောင်ဂုကဘဲ ချော့ရတော့မှာပေါ့။မတက်နိုင်ဘူးလေ.....
*မင်....*
*ကလေးငယ်...ကိုကို ခေါ်နေတယ်လေ....*
*......*
*တကယ်ကြီး ကိုကို့ ကိုစကားမပြောဘူးပေါ့.....*
*......*
*ဟင်း.....ရပါတယ်။ ကလေးက မခေါ်တော့လည်း ညနေကြရင် ပန်းပင်တွေဝယ်ပြီး ဘေးအိမ်က,ကလေးတွေကိုပေးလိုက်တော့မယ်....*
တခွန်းလည်းမထူး နှစ်ခွန်းလည်းမထူးတာမို့ နောက်ဆုံးအကြံကို ထုတ်သုံးလိုက်တော့ ချက်ချင်းလှည့်ကြည့်လာတယ်။ကလေးအကြိုက်ကိုသိနေတော့လည်း ပြန်ချော့ဖို့နည်းလမ်းကမခတ်ပါဘူး။
ဂျောင်ဂုက သက်ပြင်းတချက်ချပြီး ဂျီမင်အကြည့်ကို မသိချင်ယောင်ဆောင်လိုက်တယ်။နှုတ်ခမ်းပါးလေးကတော့ ရယ်ချင်နေတော့ ပြုံးစိစိ ဖြစ်နေတာပေါ့...
*အဟမ်း..!*
*ဘာလဲ...*
သူစိတ်ဆိုးနေမှန်းသိရက်နဲ့ မချော့ဘဲပစ်ထားတဲ့ ကိုကို့ ,ကိုလျစ်လျူရှုလိုက်ပေမယ့် ပန်းပင် ဆိုတဲ့အသံကြားရော သူ မနေနိုင်တော့ဘူး။ဒါပေမယ့် သူ့ကိုတချက်ဘဲကြည့်ပြီး ဘာမှထပ်မပြောတဲ့ ကိုကိုကြောင့် ဂျီမင်လည်း ချောင်းတချက်ဟန့်ကာ အသံပြုလိုက်သည်။
*ပေးလိုက်ရမှာလား...*
*မပေးနဲ့.!*
*ဒါဆို စိတ်ဆိုးပြေမှာလား..*
*.......*
*မေးနေရင် ဖြေလေ..စိတ်ဆိုးပြေမှာလားလို့။မဟုတ်ရင် ပေးလိုက်မှာနော်..*
ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ ဂျီမင် ကိုကြည့်ပြီး ဂျောင်ဂု ခမျာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည် ။စိတ်ဆိုးပြေချင်နေတာကို မူနေသေးတာ။
*မပေးနဲ့ဆို.!*
*စိတ်မဆိုးတော့ဘူး...*
*တကယ်နော်....*
*အင်း..*
*ဘာ အင်းလဲ..ဟုတ်ကဲ့ ကိုကို လို့ဖြေ...*
ကလေးလိုမျိုးတခွန်းမကျန်သင်ပေးနေတဲ့ ကိုကို ကြောင့်ဂျီမင် မျက်မှောင်ကြုံ့မိသည်။တမင် သက်သက် လိုက် စနေတာ။
*ကိုကို နော်။မင့်ကို အနိုင်မကျင့်နဲ့. ၊တကယ်ငိုလိုက်မှာ...*
*ဂျောင်ဂု ရေ..မ စပါနဲ့ဆိုတာကို..ဘယ်လိုဖြစ်နေတာလဲ။ဂျီမင် အကြောင်းမသိတာလဲမဟုတ်ဘဲနဲ့..*
*မငိုနဲ့ မငိုနဲ့..ကိုကိုက စတာ...*
*နော်....ချစ်လို့ ကလေးငယ်ကို ,ကိုကိုကချစ်လို့ စတာ...*
*ပြီးရော..*
ဂျောင်ဂုကလည်း စတာကိုမရပ်သလို ဂျီမင်မျက်နှာသည်လည်း ရွာသွန်းတော့မယ့်မိုးလိုမှောင်မိုက်လာသည် ။မကြာခင် ငိုတော့မယ်ဆိုတာသိလို့ ဂျောင်ဂု မေမေကဘဲ ဝင်တားရတော့သည်။ကလေးတွေလည်းမဟုတ်ဘဲနဲ့ အရမ်းပြောရတာဘဲ။နှစ်ယောက်ထဲရှိလို့သာပေါ့။မဟုတ်ရင် သူတို့လည်း ပြောရလွန်းလို့ အာပေါက်မယ်။
မေမေ ပြောလာတော့မှ ဂျောင်ဂုလည်း စိတ်လွတ်ကိုယ်လွတ်အော်ရယ်လိုက်ပြီး ကောက်စိန်လေးရဲ့လက်ကိုဆွဲကာ သူ့အနားတိုးစေလိုက်သည်
*လာ..ကိုကို့ အနားလာထိုင်..*
*ဟုတ်..*
လေသံအေးအေးနဲ့ချော့မြူလိုက်တော့မှဘဲ ဂျီမင်က နှာရည်တချက်ရှုံ့ပြကာ သူ့လက်ဖဝါးကိုပြန်လည်ဆုတ်ကိုင်လာသည် ။အရွယ်စားကွာခြားတဲ့ လက်လေးကိုကြည့်ပြီး ဂျောင်ဂု ကြိတ်ရယ်လိုက်သည်။ဖောင်းအစ်ပြီးတိုတုတ်နေတဲ့ လက်ချောင်းတွေက သူဆုတ်ကိုင်လိုက်တာနဲ့ ပျောက်သွားတာ။ချစ်စရာလေး.....
______
*ရောက်လာကြပြီလား...*
*ဟုတ်ကဲ့....*
*ဟိုမှာ တွေ့လား ဂျောင်ဂု မင်းကိုမဲပေးမယ့်ပြည်သူတွေက နည်းတာမဟုတ်ဘူး....*
ကြိုတင်ကြော်ငြာထားတဲ့ အတိုင်းဘဲ မြို့တော်ဝန်အသစ်ရွေးပွဲမှာ ဂျောင်ဂု နာမည်ပါနေတော့ မြို့စားမင်းဖြစ်တဲ့ ဂျွန်ဆော့ ရဲ့သားဆိုပြီးသိထားကြသူတွေကတော့ ဂျောင်ဂု ကိုမဲပေးဖို့တက်ကြွနေတာပေါ့။သို့ပေမယ့် ဂျောင်ဂု လိုလူငယ်ကိုဒီတာဝန်ပေးအပ်ဖို့ကို သဘောမကျတဲ့လူတွေလည်းရှိနေပြန်တယ်။
မြို့တော်ဝန် ညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ သူ့နာမည်ကိုရေးပြီးထောင်ထားတဲ့ ဆိုင်းပုဒ်တွေကမနည်းမနောဘဲ။အိမ်ကထွက်လာကတည်းက သူ မြင်ပါတယ်။ဒီလောက်ထိ များမယ်မှန်းတော့မသိဘူးပေါ့
*ကိုကိုဘဲနိုင်မှာသိလား..*
*မင်ကယုံကြည်တယ်ပေ့ါ.*
*ဒါပေါ့..ကိုကို့,ကို မင် ယုံတယ်...*
သူ့အင်္ကျီလက်မောင်းကိုဆွဲကာ တီးတိုးဆိုလာတဲ့ ကလေးငယ်ကြောင့် ဂျောင်ဂု ပြုံးလိုက်သည်။သူ့ထက် ကလေးငယ်က ပိုပြီးစိတ်အားထက်သန်နေသလိုဘဲ။
*အပေါ်မှာ နေရာယူတော့ ဂျောင်ဂု....*
*ဟုတ်ကဲ့...*
ဝင်ရောက်အရွေးခံကြတဲ့သူတွေက လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေကြီးဘဲ။လူငယ်ဆိုတော့ ဂျောင်ဂု တယောက်ထဲပါတယ်။နောက်ပြီး ထိုလူတွေက အရင်ကတည်းက နိုင်ငံရေးကို တစိတ်တပိုင်းပါဝင် လုပ်ကိုင်နေတဲ့သူတွေ။
ဂျောင်ဂုကအခုမှ မူကြိုတက်မယ့်ကလေးလို ဖြစ်နေတယ်။ဘယ်သူနဲ့မှလည်းမသိသလို ဘာလုပ်ရမှန်းလဲမသိဘူး ။မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အားလုံးကိုလိုက်ကြည့်နေသည်။ မေမေ တို့က တနေရာမှထိုင်နေတာ ဆိုတော့ သူပိုပြီး နေမထိ ထိုင်မထိဖြစ်လာသည်။
*အားလုံးဘဲ သိထားကြတဲ့အတိုင်း ကျွန်တော်ကမြို့တော်ဝန်ရာထူးကနေ အနားယူတော့မှာပါ။ကျွန်တော် တာဝန်ယူလာတဲ့သက်တမ်းတလျှောက်မှာ မြို့တော်စည်ပင်သာယာ စေဖို့ လူအားရော ငွေအားပါ ကူညီပံ့ပိုးပေးခဲ့ပါတယ်....*
နာရီဝက်လောက်ကြာတော့ မြို့တော်ဝန်က မိန့်ခွန်းပြောကြားတော့သည်။ဂျောင်ဂု လည်းစိတ်လှုပ်ရှားတာကို ထိန်းချုပ်ဖို့ မြို့တော်ဝန်ရဲ့စကားတွေက်ုဘဲ အာရုံစိုက်နားထောင်နေလိုက်သည်
*ကျွန်တော့်ကို ထောက်ပံ့ပေးကြတဲ့ တာဝန်ရှိလူကြီးမင်းတို့နဲ့ကျွန်တော်လုပ်သမျှကို ထောက်ခံပေးကြတဲ့ ပြည်သူပြည်သားအားလုံးကို ကျေးဇူးတင်ပါတယ်။တကယ် စိတ်ရင်းအမှန်နဲ့ပါ....*
*ဆယ်စုနှစ်ကြာတဲ့အထိ မြို့တော်ဝန်ရာထူးကိုကျွန်တော် ထမ်းဆောင်ပြီးပြီဆိုတော့ ကျွန်တော့လိုဘဲ ဒီမြို့လေးကို ချစ်ပေးပြီး အစစအရာရာ တိုးတက်အောင် လုပ်ပေးမယ့် မြို့တော်ဝန် အသစ်ကိုထပ်မံပြီးရွေးချယ်သွားမှာပါ...*
*ဒါကြောင့် မိဘပြည်သူများအနေနဲ့ မိမိတို့နှစ်သက်ရာ လူကို မဲပေးပိုင်ခွင့်ရှိပါတယ် ....ရိုးသားတဲ့နည်းနဲ့ဘဲ ယှဉ်ပြိုင်တာဖြစ်လို့ မဲများတဲ့ လူကအနိုင်ရခဲ့ရင် အားလုံးလက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်...ကျေးဇူးတင်ပါတယ်...*
မြို့တော်ဝန်စကားဆုံးတာနဲ့ အားလုံးက လက်ခုတ်လက်ဝါးတီးကြတယ်။လေချွန်တဲ့သူကချွန် ။အရွေးခံစေချင်တဲ့ လူရဲ့နာမည်ကိုခေါ်တဲ့သူကခေါ်လို့ပေါ့။
မကြာပါ ကြိတ်ကြိတ်တိုးလာတဲ့လူအုပ်ကြီးက သူတို့သဘောကျတဲ့သူကို မဲပေးဖို့ ပွစိထိုးလာကြတော့တယ်။ဒီနေ့ တရက်ထဲအပြီးပေးရမှာလေ
ရလဒ်ကိုတော့ နောက်တပတ်လောက်မှသိရမယ်ထင်တယ်။သူလည်း အများကြီးမသိဘူး။ဒါတောင် ဖေဖေ ပြောတာတွေ သူ ခဏခဏ ကြားနေရလို့ မှတ်မိနေတာ
*ဂျွန်ဆော့ သားလား ဒါက..*
*ဟုတ်ပါတယ်..*
*ကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာတာဘဲ ..*
*သားငယ်ကလည်း လိမ္မာလို့ပါ.....*
*ဂျောင်ဂု ကရောနိုင်ငံရေးကိုစိတ်ဝင်စားလို့လား....*
*လူငယ်ဆိုတော့ ဘယ်စိတ်ဝင်စားမလဲ။စိတ်မပူပါနဲ့ လုပ်ရင်းနဲ့ အဆင်ပြေသွားလိုက်မယ်....*
*ကောင်းပါပြီ....*
ဂျွန်ဆော့အနားကိုလာပြီးတမျိူးတမည်လာမေးကြတဲ့လူတချို့။ သေချာပေါက် ဂျောင်ဂုကို မလိုလားတဲ့သူတွေပေါ့
ဂျီမင်ကတော့ ဘာမှမသိသူမို့ ငြိမ်ငြိမ်လေးဘဲထိုင်နေလိုက်တယ် ။ဖေကြီး အသိမိတ်ဆွေတွေက သူ့ကိုလာနှုတ်ဆက်ကြပေမယ့် မည်သူနဲ့မှမသိတာကြောင့် ရယ်ပြရင်းသာ ခေါင်းငြိမ့်ပြလိုက်တယ်။
လူတွေတအားရှုပ်တာကို သူမကြိုက်ဘူး။အရမ်းမွန်းကျပ်သလိုခံစားရတယ်။ချွေးစအနည်းငယ် စိုစွတ်လာေတာ့ ဦးခေါင်းကမူးဝေပြုလာတယ်။
သူပြန်ချင်လာပြီ။ဆက်ထိုင်နေရင် မူးလဲတော့မှာ။ဒါပေမယ့် တယောက်ထဲပြန်လို့ကလည်းမရဘူး။ကိုကို့ကို စောင့်ရအုန်းမှာ။
*သားငယ် ခေါင်းမူးလို့လား..*
*ဟုတ်ကဲ့....*
နားထင်ကြောက်ု နှိပ်နယ်နေတာကို ဖေကြီးက မြင်သွားလိူ့ထင်၏သူ့အနားကိုကပ်ပြီးမေးလာတော့ ဂျီမင်လည်းအမှန်တိုင်းဖြေလိုက်တယ်။
*ခဏလေးသည်းခံထားနော်..ပြီးတော့မှာ..*
*ဟုတ်..*
မထက်နိုင်ဘူး ။နေဆိုတော့လည်းနေရုံဘဲပေါ့ ။
ဖေကြီးကို အပြုံးလေးနဲ့ပြန်ဖြေလိုက်ပေမယ့် သူ့စိတ်ထဲ အတော်လေးနေရခက်နေသည်။
*ပြန်ကြမယ် ဖေဖေ..*
*ပြန်လို့ရပြီတဲ့လား .*
*ဟုတ်..အကြာကြီးမနေလည်းရတယ်တဲ့ .*
*ဒါဆို ဖေဖေ မြို့တော်ဝန်ကို နှုတ်ဆက်လိုက်အုန်းမယ်.*
ခဏအကြာတော့ ကိုကို,ကသူ့အနားကိုရောက်လာပြီး နဖူးကိုလာစမ်းသည် ။ကိုကို ရိပ်မိသွားတာလား။
ဖေကြီးကို ထိုမျှသာပြောပြီး ကိုကိုက သူ့လက်ကိုဆွဲကာ အပြင်ခေါ်ထုတ်လာသည် ။
*ခေါင်းမူးနေတယ်မလား..*
*ဟုတ်....*
နွမ်းလျနေတဲ့ဂျီမင် မျက်နှာကို သူအဝေးကထဲက လှမ်းတွေ့နေရတယ်။လက်နဲ့ မျက်နှာကိုယက်ခတ်နေတာကြောင့် တခုခုဖြစ်နေပြီဆိုတာ သိလို့ မြို့တော်ဝန်ကို နှုတ်ဆက်ကာ အလျင်မြန်ဘဲပြေးလာခဲ့ရတာ။
ဒီအတိုင်းဆိုကလေးငယ်က မူးလဲတော့မှာလေ။မေမေနဲ့ ဖေဖေကတော့ သူတို့အာရုံနဲ့သူတို့ ဆိုတော့ ကလေးငယ်ကို မကြည့်အားဘူးထင်တယ်။တော်သေးတာပေါ့ သူ လာတာမြန်လိူ့
*အဲတာကြောင့် မခေါ်လာချင်တာ သိလား.....မင် ကလိုက်ချင်တယ်ဆိုလို့သာ ..*
*ကိုကို ကခေါ်ချင်တာမဟုတ်ဘူး။ဒီလိုမှန်းသိရင် ဆရာ မိုရ် ဆီမှာဝင်ထားခဲ့ပါတယ်....*
တယောက်ထဲတီးတိုးရေရွတ်သလိုနဲ့ သူ့ကိုကြည့်ပြီးပြာယာခတ်နေတဲ့ကိုကို ကြောင့် ဂျီမင် ပြုံးလိုက်သည် ။ဘာနေနေ ကိုကို ကတော့ သူ့ကိုမပစ်ထားဘူးလေ။သူအားထားရာက ကိုကိုဆိုတာ မပြောလဲသိနေတာဘဲကို....
*ချွေးတအားထွက်လာလို့ပါ..အခု အဆင်ပြေသွားပြီ နော်..*
*စိတ်မပူနဲ့တော့...*
*စိတ်မပူလို့ရမလား..မင် တခုခုဖြစ်သွားရင် ကိုကိုဘဲ ရင်ကျိုးရမှာ...*
*မင်က ,ကလေးမဟုတ်တော့ဘူးလေ။ဒီလောက်ထိ ဂရုစိုက်ပေးဖို့လိုလို့လား..*
*လိုတာပေါ့ မင်ကဘယ်အသက်ရွယ်ဘဲရောက်ရောက် ကိုကို့ မျက်လုံးထဲမှာတော့ ကလေးပေါက်စလေးလိုဘဲ....*
*အင်း .ကိုကို့ရဲ့ တဦးတည်းသော ကလေးလေးပေါ့ .နော်....*
*စကား တက်လေး..!*
ဂျီမင် နှာတံလေးကိုအသာဆွဲလိုက်တော့ ရယ်သည်။ကာကွယ်ပေးပါ့မယ်၊သက်ဆုံးတိုင်အတူတူရှိနေပေးပါ့မယ်လို့ သူကတိပေးထားခဲ့တယ်မဟုတ်လား ။အဲ ကတိကိုသူတည်ချင်တယ်။
*မတွေ့တာကြာပြီ နော် မြို့စားမင်း..*
*ဟုတ်တာပေါ့ .ဆရာမိုရ်လည်း အလုပ်ရှုပ်နေတယ်မလား...*
*အချင်းချင်းတွေကို တလေးတစားခေါ်နေရလား....*
သူတို့အိမ်လိုဘဲ ပန်းချီဆရာ မိုရ် ရဲ့အိမ်ကလည်း ကျွန်းတွေနဲ့ဆောက်ထားတဲ့ ခြေတံရှည်အိမ်ကြီး။ခြံဝန်းကလည်း အတော်လေးကျယ်ဝန်းတယ်။ပန်းပင်တွေနဲ့ တခြားသီးပင်တွေကလည်း တခြံလုံးအပြည့်ဘဲ။
အပြင်ပိုင်းကိုကြည့်တာနဲ့ တင် ဂျီမင် ပျော်နေရပြီ။ဒီလို အေးဆေးတဲ့နေရာမှာ သူ ပန်းချီသင်ရမှာလား။နေချင်စရာလေး
ဆရာမိုရ်က ခြံထဲကလက်ဖက်ရည်သောက်ဖို့ဆောက်ထားတဲ့ တဲလေးမှာ သူတို့ကိုဧည့်ခံတယ်။လာရင်းအကြောင်းကိုတော့ ဖေကြီးကကြိုပြီးပြောထားပြီးပြီတဲ့လေ
*ဒါက မြို့စားမင်းရဲ့ သားငယ်လေးလား..*
*ဟုတ်ပါတယ် ဗျာ့....*
ဂျီမင်ကို ကြည့်ပြီးမေးလာတာကြောင့် ဖေကြီးမဖြေခင်မှာဘဲ သူကဦးစွာဖြေပေးလိုက်တယ်။သူ့အဖြေကြောင့် အားလုံးကပြုံးစိစိဖြစ်ကုန်ကြတယ်
*အခုမှဘဲမြင်ဖူးတော့တယ်...ငယ်ရုပ်လေးအတိုင်းဘဲနော် ..*
*တနေ့တနေ့ ပန်းချီဆွဲ အပင်စိုက်နေတာနဲ့ ဘယ်မှခေါ်လို့မရဘူး ဆရာရယ်..*
*အခုလည်း အမှုစစ် ဝင်ဖြေပါဆိုတာကို ပန်းချီဆရာဘဲဖြစ်ချင်တယ်တဲ့လေ...*
မေကြီးကတော့ ကြုံရင်ကြုံသလို သူ့ကိုအပြစ်ဖို့ချင်နေတယ်။ဒါက မထူးဆန်းတော့တဲ့စကားတွေမို့ ဂျီမင် လည်းနားယဉ်နေပါပြီ။ခဏခဏကြားရလွန်းလို့ အပ်ကြောင်းထပ်နေပြီ။
*ကလေးတွေဖြစ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပါ လူငယ်တွေမှာ စိတ်ကူးအိမ်မက်တွေရှိတယ်။အမြင့်ကို ဘယ်လိူပျံသန်းရမလဲ သူတို့သိတယ်။ဒါကို မိဘတွေအနေနဲ့ မချုပ်တည်းထားဘဲ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရမှာ.....*
*လမ်းမှားမရောက်အောင် အနောက်ကနေ တည့်မတ်ပေးရုံကလွဲရင် သူတို့ဆန္ဒကို ဦးစားပေးလိုက်တာက အကောင်းဆုံးပါ...*
ဆရာမိုရ်က လက်ဖက်ရည်ကြမ်းတခွက်ကိုမော့သောက်လိုက်ရင်း လေသံအေးအေးနဲ့ပြောလာတယ်။ပညာရှိဆိုတဲ့အတိုင်း စကားပြောတာတိကျပြတ်သားပြီး ပညာသားပါတယ်။နားဝင်လွယ်အောင် ပြောတက်တယ်။
မေကြီးသည်လည်း ဆရာမိုရ် စကားကြောင့် မချိတင်ကဲပြုံးပြရင်းသာ တဖက်ကိုမျက်နှာလွဲသွားးတယ်။စိတ်ထဲမှာတော့ သူ့ကို ဒေါသထွက်နေမှာ သေချာတယ်
*ကျွန်တော်လည်း ဒီလိုဘဲစိတ်ကူးမိလို့ သားငယ်သဘောအတိုင်းလုပ်ပေးချင်တာပါ..*
*သားငယ်ကို ဆရာမိုရ် ဆီအပ်ပါတယ် နော်...*
*စိတ်ချပါ ကျွန်တော်ထက်တော်အောင် သင်ပေးပါ့မယ်...*
*ဒါဆို သားငယ်လေးက နေခဲ့တော့နော်။ညနေကျမှ ဖေကြီးလာကြိုမယ်။မဟုတ်ရင်လည်း ကိုကို့ လာကြိုလိုက်မယ်...*
*ဟုတ်ကဲ့...ဖေကြီး..*
*ကောင်းကောင်းသင်ခဲ့နော်..*
*စိတ်ချပါ ကိုကိုကလည်း ..*
ဂျီမင်ကို ဆရာမိုရ် အိမ်မှာထားခဲ့လိုက်ပြီး ဂျောင်ဂုတို့လည်းပြန်လာလိုက်တော့တယ်။ဖြစ်နိုင်ရင် ဂျောင်ဂု ကတော့ ကလေးငယ်ကို စောင့်ပြီးအတူတူပြန်ချင်တာပေါ့။ဒါပေမယ့် သူ့မှာလုပ်စရာတွေ ရှိသေးတယ်။
*ဂျီမင်ရဲ့ လက်ရည်ကို ဆရာသိချင်တယ်။တပုံလောက်ဆွဲပြပါလား...*
*ဟုတ်ကဲ့....*
ပုတ်သင်ညိုလေးလို ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြလာပြီး ပြုံးပြလာပုံက ချစ်စရာတော့ကောင်းသား။မျက်ဝန်းကျဉ်းကျဉ်းလေးနဲ့ နှုတ်ခမ်းဖူးဖူးလေးက သူ့အမေရဲ့ အမွေထင်တယ်
ပတ်ခ်ချွဲမင်နဲ့တော့ သိပ်ပြီးမခင်ပေမယ့် စိတ်ထားကောင်းတဲ့သူမို့ အရင်ကမြို့စားမင်းဖြစ်ခဲ့တုန်းက သူနဲ့နှစ်ကြိမ်သူံးကြိမ်လား မသိဘူးဆုံဖူးတယ်။စကားပြောကောင်းပြီ ဇနီးဖြစ်သူကလည်း အလွန့်ကို စိတ်ထားလှတယ်။ဒါပေမယ်ါ ကံအကျိုးပေးမကောင်းတော့ အသက်ငယ်ငယ်နဲ့ လူ့လောကကြီးကို ကျောခိုင်းထွက်သွားရရှာတယ်။
အဲဒီအမှုက သူသိရသလောက်တော့ လုပ်ကြံခံရတာတဲ့ ။ဒါပေမယ့် ဘယ်သူကမှ စုံစမ်းခြင်းမလုပ်ကြဘူး။သာမန်လိုဘဲ ပြီးသွားခဲ့တာ။
စိတ်မကောင်းစရာကတော့ တယောက်ထဲ ကျန်ခဲ့တဲ့ ဒီကလေးပါဘဲ။ဂျွန်ဆော့ ခေါ်လာခဲ့တုန်းက ၄နှစ်လား၅နှစ်လား မသိဘူး။ငယ်ငယ်လေးဘဲ ရှိသေးတာ။အခုတော့ ကောင်းကောင်းမွန်မွန်နဲ့ ကြီးပျင်းလာခဲ့တာဘဲ။
ရုပ်ရည်နဲ့ စကားပြောပုံတွေက ပတ်ခ်ချွဲမင် တို့လင်မယားနဲ့တစ်ပုံစံထဲ။ကြည့်တာနဲ့တင် အောင်မြင်ကျော်ကြားမယ့် ကလေးဆိုတာ သူတပ်အပ်ပြောရဲတယ်
*ပြီးသွားပြီ ဆရာ...*
နာရီဝက်လောက်ကြာတော့ ရှုခင်းပုံတပုံပြီးသွားခဲ့တယ်။အကြမ်းဖျင်းဆွဲတာနဲ့တင် တော်တော်လေးသေသပ်နေပြိီ။လက်ရာမြောက်လွန်းတာဘဲ...
*တော်တယ်..*
*ဗျာ..!*
*ဒီလိုအနေထားက တော်တယ်လို့ပြောရမယ် ။အခြေခံအဆငိ့ထက်အများကြီး ဆွဲတက်တာဘဲ ..*
*အခုလိုချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ..*
*နာမည်ကြီးတဲ့ ပန်းချိိီဆရာ ဖြစ်အောင်သင်ပေးမယ်။ဟုတ်ပြီလား.....*
*ဟုတ်ကဲ့..အစွမ်းကုန်သင်ယူပါ့မယ့် ဆရာ...*
ပထမဆုံးအကြိမ် သူစိမ်းတယောက်ဆီက ချီးကျူးခြင်းခံလိုက်ရတာဘဲ ။နောက်ပြီး သူလေးစားရတဲ့ ဆရာဆီကဖြစ်လို့ ပြောမပြတက်အောင် ပျော်မိတယ်။
အိမ်ရောက်ရင် ကိုကို့ ,ကိုကြွားရမယ်။သူ လုပ်နိုင်တယ်လို့......
(ဒါလေးကလေ အပိုင်းမများဘဲခပ်အေးအေးလေးဘဲသွားမှာပါ။ဒီပုံစံကိုမရေးဖူးလို့ tryကြည့်ပေမယ့် ဖတ်ရတာအဆင်မေပြဖြစ်နေရင် ပြောခဲ့ပေးပါ။)
_______
၄.၅.၂၃
Kelly
Thankful my readers 🤍
____
Zawgyi
*ဟုတ်ကဲ့ ဖေကြီး...*
*ကိုကိုက ချောလိုက်တာ...*
*ဟုတ်လား...*
*ကိုကို့,ကို မြှောက်နေပြန်ပါ ပီ..ဘာလိုချင်လဲ ပြော..*
*မသိဘူး.!*
*ကိုကို.!*
အူယားစရာလေး.....
*သိတယ်.!ဟွန့်.!....*
*ဖေဖေကလည်း......*
*......*
*မင်....*
*......*
*......*
*အဟမ်း..!*
*ဘာလဲ...*
*ပေးလိုက်ရမှာလား...*
*မပေးနဲ့.!*
*.......*
*မပေးနဲ့ဆို.!*
*စိတ်မဆိုးတော့ဘူး...*
*တကယ်နော်....*
*အင်း..*
*ပြီးရော...*
*ဟုတ်..*
______
*ရောက်လာကြပြီလား...*
*ဟုတ်ကဲ့....*
*မင်ကယုံကြည်တယ်ပေါ့.*
*ဟုတ်ကဲ့...*
*ဂျွန်ဆော့ သားလား ဒါက..*
*ဟုတ်ပါတယ်..*
*ကောင်းပါပြီ....*
*ဟုတ်ကဲ့....*
နားထင်ကြောက်ု နှိပ်နယ်နေတာကို ဖေကြီးက မြင်သွားလို့ထင်၏သူ့အနားကိုကပ်ပြီးမေးလာတော့ ဂျီမင်လည်းအမှန်တိုင်းဖြေလိုက်တယ်။
*ဟုတ်..*
*ပြန်ကြမယ် ဖေဖေ..*
*ပြန်လို့ရပြီတဲ့လား .*
*ခေါင်းမူးနေတယ်မလား..*
*ဟုတ်....*
*စိတ်မပူနဲ့တော့...*
*စကား တက်လေး..!*
*ဟုတ်ပါတယ် ဗျာ့....*
*ဟုတ်ကဲ့...ဖေကြီး..*
*စိတ်ချပါ ကိုကိုကလည်း ..*
*ဟုတ်ကဲ့....*
*ပြီးသွားပြီ ဆရာ...*
*တော်တယ်..*
*ဗျာ..!*
*နာမည်ကြီးတဲ့ ပန်းချိီဆရာ ဖြစ်အောင်သင်ပေးမယ်။ဟုတ်ပြီလား.....*
_______
၎.၅.၂၃
Kelly
Thankful my readers 🤍
_