Keep Your Eyes On Me [Complet...

Od VictoryKimTae

44.2K 4.6K 711

start: March 31, 2023 end: May 30, 2023 Více

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Final

Part 12

1.2K 164 13
Od VictoryKimTae

အခုဆို Taehyung နဲ့ Jungkook က တစ်အိမ်တည်း အတူနေကြပြီး သူစိမ်းသာသာရယ်

ကျောင်းအတူသွားသည့်ကိစ္စ၊ အတူပြန်လာသည့် ကိစ္စတွေဆိုတာက မမြင်ရတော့သည်မှာ သိပ်ကို ကြာနေခဲ့ပြီ။

စာအတူတူမလုပ်ကြတော့ဘဲ မဖြစ်မနေ အတူစားရသည့် မနက်စာနဲ့ ညစာကြောင့်သာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ဖြစ်နေရ၏။

မေမေလေးက ကလေးတွေကိစ္စကို သူတို့ အဖေနဲ့ ဆွေးနွေးပြီး အကဲခတ်သည်။

ဒီနေ့မနက်တော့ အကြီးဖြစ်သူ Taehyung ကို ခေါ်ကာ အကြောင်းအရာကို အဖြေရှာတော့သည်။

"Taehyung နဲ့ Jungkook ဘယ်လိုဖြစ်ကြတာလဲ... အရင်ကဆိုရင် သိပ်ခင်ကြတယ်လေ ဘယ်သွားသွားနှစ်ယောက်အတူ မဟုတ်လား"

မေမေလေးက ရိပ်မိနေကြောင်း Taehyung သိထားသည်။

အခုလို အတည်တကျ မေးမြန်းလာတော့လည်း သူ့အတွက် ဖြေစရာ အဖြေက ခပ်ရှင်းရှင်းရယ်

"ကျွန်တော် ဂါရမ်ဆိုတဲ့ ကောင်မလေးနဲ့ တွဲနေတာ လအနည်းငယ် ရှိပါပြီ။ Jungkook လေးက မကြိုက်လို့ ဖျက်ဖို့ ပြောခဲ့ပေမယ့် ဆက်ပြီး တွဲနေတာမို့..."

"အင်း အဖေ သိပြီ"

လူကြီးတွေပီပီ ဒီအခြေအနေကို နားလည်လိုက်ကြသည်။

"လအနည်းငယ်ဆိုတော့ မင်းက ရက်အတိအကျမှတ်မထားဘူးလား။ မိန်းကလေးတစ်ယောက်နဲ့ တွဲနေပြီး ဒီလောက်လေးတောင် မှတ်မထားနိုင်တာ ဘယ်လို ချစ်သူမျိုးလဲ တကယ်မချစ်ရင် ဖျက်ရမယ် မဟုတ်လား။ အခုတော့ ညီအစ်ကိုတွေ အချင်းများရတယ်"

အဖေ့စကားကြားတော့ သူ့မှာ စဉ်းစားရခက်ချေပြီ။

လအနည်းငယ်ဆိုသည့် ကိစ္စကို သူတကယ် သတိမထားမိလိုက်တာဖြစ်၏။

လက်ချောင်းတွေကို ချိုးကာ ရေတွက်သည့် အလုပ်ကို သူစတင်ရသည်။

သူတို့ စ‌တွဲတုန်းက Jungkook မွေးနေ့ September မှာမို့ အခု February အထိဆိုရင် ၆ လလောက်တော့ ရှိမည်။

ခက်တာက တွဲလာသည့် သက်တမ်းမဟုတ်

အဖေပြောလိုက်သည့် တကယ်မချစ်ရင် ဆိုသည့် စကားက အခန်းထဲမှာ နှဖူးပေါ်လက်တင်ပြီး စဉ်းစားရသည်အထိ ဖြစ်လာပြီ။

သူ့အနေနဲ့ ဂါရမ်နဲ့အတူ ကျောင်းသွားသည်။ ဂရုလည်းစိုက်ပေးပြီး အနမ်းတွေလည်း ချွေရင်း သာယာလှသည်။ တစ်ခါတစ်လေ သူမ ဆံပင်ရှည်တွေကို စည်းပေးရင်း တခစ်ခစ်ရယ်မောနေသည့် သူမနဲ့ စကားတိုးတိုးပြောကြသည်။

လက်ကလေးတွဲကာ ပင်လယ်ပြင်မှာ လမ်းလျှောက်သည်။ တစ်ခါတစ်ရံ ဆိုဂျူတွေအတူသောက်ရင်း ပျော်ပါးဖူးသည်။

ဒါက သိပ်ချစ်လို့ လုပ်သည့် အမူအရာတွေ မဟုတ်ပါလား...

အမှန်တကယ်ဆိုရင် "အချစ်" အကြောင်း တစ်စွန်းတစ်စတောင် သူသိသည် မဟုတ်...

နှလုံးသားက ရင်ခုန်လာရင် ဒါကို အချစ် ဟု သူ ခေါင်းစဉ်တပ်ထားပြီးသား ဖြစ်သည်။

ဒီလိုနဲ့ စာမေးပွဲတွေ ပြီးလို့ နွေရာသီကို တစ်ဖန် ပြန်ရောက်ခဲ့သည်။ ဂါရမ်က သူမရဲ့ မိဘတွေရှိသည့် အင်ချွန်းဘက်ကို သွားရသည်။

အခုတော့ နွေရာသီမှာ သူတစ်ယောက်တည်းရယ်

ဂါရမ့်ဘက်ကနေ နေ့စဉ်မပျက် လွမ်းနေပါကြောင်း၊ သတိရနေကြောင်း စာတွေ အထပ်လိုက် ပို့လာလို့ သူလည်း ပြန်စာရေးရင်း အလုပ်များရသည်။

သို့သော် အမှန်တကယ် လွမ်းဆွတ်နေသည် မဟုတ်ကြောင်းတော့ Taehyung သူ့ကိုယ်သူ သိပ်သိပါသည်။

သူ လွမ်းဆွတ်နေသည်က မ‌နှစ်က နွေရာသီမှာ ဘူဆန်ပင်လယ်ဘက် နေပူဆာ‌လှုံနေသည့် ကောင်လေးတစ်ယောက်ရယ်...

ပင်လယ်ဘက်ကို စက်ဘီးစီးရင်း၊ လမ်းအတူ လျှောက်ရင်း၊ မိုးရေထဲ အတူတူ အချိန်ကုန်ဆုံးခဲ့ကြသည့် အချိန်တွေ...

သူ့ကို အေးစက်စက်ကြည့်လာသည့် စိုးရိမ်မှုအပြည့်နဲ့ မျက်ဝန်း အနီရဲရဲတွေ...

သူ့စိတ်ကို ဖတ်ပေးရင်း ဘေးမှာ ရှိပေးခဲ့သည့် တစ်စုံတစ်ယောက်ကို သူ သိပ်လွမ်းဆွတ်တမ်းတနေမိ၏။

ဆပ်ပြာနံ့ကလေး ရောယှက်နေသည့် ကိုယ်သင်းနံ့ကလေး၊ ဆူပုတ်ပုတ်မျက်နှာကလေး၊ တွန့်ချိုးနေသည့် မျက်ခုံးကလေးတွေ၊ ရယ်လိုက်လို့ ပေါ်လာသည့် သွားအကြီးကြီးတွေ၊ အဆုံးမှာ သူသိပ်သဘောကျရပါသည့် မျက်ဝန်းအနီရဲရဲတွေ...

အရာရာကို လွမ်းဆွတ်နေရင်း သူ့မှာ အထီးကျန်နေရပါသည်။ အမှန်အတိုင်းဆိုရင် သူ့ရဲ့ ညီလေးကို ပွေ့ဖက်ချင်ပြီး ‌စနောက်ကာ သူ့အနားပဲ ရှိနေစေချင်၏။

Jungkook နဲ့ သူ အဆင်ပြေဖို့ ဘယ်နေရာက စပြီး ကြိုးစားရမလဲ သူ သေချာ မသိခဲ့ပါ။

ကြိုးစားဖို့ အ‌ခွင့်အရေးတွေ ရှာဖွေနေရင်း ကျောင်းဖွင့်သည့် နေ့ရက်တွေဆီ ရောက်လာတော့သည်။

ဂါရမ်က အင်ချွန်းမှာ ကျောင်းဆက်တက်ရမည်မို့ ကျောင်းပြောင်းသွားခဲ့သည်။

အခုတော့ သူတို့ ဆက်ဆံရေးက LDRS ဘဝကို ရောက်တော့သည်။

Online က website တစ်ချို့မှာ ရှာဖွေပြီး သူတို့လို ဆက်ဆံရေးနဲ့ လူတွေအကြောင်း ရှာဖတ်တော့ သူနဲ့ နည်းနည်းလေးတောင် မကိုက်ညီ။

သူ့မှာ ဂါရမ်ကို လွမ်းတာ၊ သတိရတာတွေ မရှိခဲ့ပါဘူး။

ဒါက အဖေပြောသည့် " တကယ်မချစ်ရင်" ဆိုသည့် အရာများ ဖြစ်ခဲ့ပါလျှင် မိန်းကလေးကို သူ သိပ်အားနာနေမိတော့သည်။

ဒီနောက်ပိုင်း သူတို့ ဆက်ဆံရေးက အေးစက်စက်ရယ်

အစတုန်းက ‌ပျော်စရာနေ့ရက်တွေ ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်း အေးစက်လာသည့် ဆက်ဆံရေးတစ်ခုကို သူ မလိုချင်ခဲ့ပါဘူး။

ယနေ့တော့ ဂါရမ်ဆီက ဖုန်းလာသည်။

"Taehyung မွေးနေ့ရောက်ရင် ဘူဆန်ကို လာခဲ့မယ်"

ဖျက်ပစ်ဖို့ ကိစ္စ၊ ရပ်တန့်ပစ်ဖို့ ကိစ္စကို ဖွင့်ပြောရန် ကြံစည်ထားပေမယ့် တကယ်လည်း ဘူဆန်ကို ရောက်လာတော့ လွမ်းဆွတ်ကာ ပြေးဖက်လာသည့် သူမကိုယ်လေးက ကျွန်တော့် ရင်ခွင်ထဲမှာ...

လမ်းခွဲဖို့ ကိစ္စထက် သူမရဲ့ ချစ်မြတ်နိုးကြောင်း တတွတ်တွတ်ပြောသံတွေကိုသာ နားထောင်ရင်း ဒီတစ်နေ့လည်း ကုန်ဆုံးရပြန်၏။

မွေးနေ့ပြီးတော့ New year ည...

ဂါရမ်က အချိန်မရတာကြောင့် အင်ချွန်းကို ပြန်သွားတော့သည်။ အခုထိ နှုတ်ဆိတ်နေဆဲ ကျွန်တော်က နောက်တစ်ခေါက်မှ လမ်းခွဲစကားပြောဖို့ ကြံရွယ်ထားရတော့သည်။

ဒီညမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်ရင်း ဘေးအိမ်မှ အိမ်နီးချင်းအချို့ ရောက်လာကြသည်။

ကျွန်တော်က လူသိပ်ရှုပ်တာကို သဘောကျရသည်ရယ်လို့ မဟုတ်ပါဘူး။

အခန်းထဲမှ ပြတင်းပေါက်မှာ ခေါင်းထွက်ရင်း ကြယ်တွေကို ရေတွက်နေတော့လည်း အဲ့ဒီကလေးကို သတိရမိပြန်သည်။

ဒီတစ်ညတော့ ကြိုးစားဦးမည်မို့ သူ့အခန်းဆီသွားကာ တံခါးခေါက်မိသည်။

သုံးခါမြောက်မှ တံခါးလာဖွင့်ပေးပြီး ကျွန်တော့်ကို မြင်တော့ မျက်လုံးတွေ ဝိုင်းစက်သွား၏။

ဘာမှတော့ မပြောပေမယ့် အခန်းတံခါးဖွင့်ပေးထားရင်း သူ့အခန်းထဲ ဝင်သွားသည်မို့ ကျွန်တော်လည်း အနောက်က လိုက်ဝင်ရသည်။

"အထက်တန်းပြီရင် ဘာဆက်လုပ်မှာလဲ"

စကားမပြောဖြစ်တာ လပေါင်းများစွာကြာမှ ပထမဆုံးပြောသည့် စကားက မဆီမဆိုင် အနာဂတ်အကြောင်းပေါ့

"KSD ကို ဝင်မယ်"

သူ့အခန်းရဲ့ပြတင်းပေါက်မှာ ခေါင်းထွက်ရင်း ညဘက် မှောင်‌မည်းနေသည့် ပင်လယ်ပြင်ကို ကြည့်နေရင်း ပြန်‌ေြဖလာသည့် စကားကလည်း ခပ်ပြတ်ပြတ်ရယ်

"ကိုကိုကတော့ ဘာမှ ရေရေရာရာ မရှိပါဘူး"

‌သူ့ဘေးနားမှာ ယှဉ်ရပ်လိုက်တော့ မသိလိုက်သည့် လပေါင်းများစွာအတွင်း သူ့အရပ်က သိပ်ကို ရှည်လာပြီ။

ကျွန်တော့်ထက် အနည်းငယ်တောင် မြင့်ချငိ မြင့်နိုင်ပါသေးသည်။ အရင်ကလို လုံးဝိုင်းနေသည့် ဆံပင်လေးမဟုတ်တော့ဘဲ ဆံပင်တစ်ချို့က အနားသတ်မှာ အနည်းငယ် ရှည်ထွက်ပြီး ကောက်ကွေးနေ၏။

ဘေးတစ်ဘက်မှ မြင်နေရသည့် သူ့ရဲ့ မေးရိုးကားကားကြီးတွေ၊ နှာခေါင်းချွန်ချွန်ရယ်

မသိလိုက်သည့် ကာလအတွင်း သေချာကြီးပြင်းခဲ့ပုံရပါသည်။

အခန်းထဲမှာ တည်ငြိမ်နေသည့် သီချင်းသံလေးလည်း ပျံ့လွင့်နေသည်ကြောင့် ကျွန်တော့် မျက်လုံးတွေက သူ့ဖုန်းဆီ ရောက်သွားရသည်။

"Passenger ရဲ့ let her go "

ကျွန်တော့် စိတ်ပါဝင်စားမှုကို သိနေသည့်အလား ချက်ချင်းဖြေပေးလာသည့် အဖြေတစ်ခုရယ်...

ကျွန်တော့်အကြိုက်က ဒီလို အေးငြိမ့်ငြိမ့်သီချင်းတွေ မဟုတ်ဘူးပေါ့။ သို့ပေမယ့် ဒီသီချင်းကို လိုက်ညည်းနေသည့် သူ့ နှုတ်ခမ်းပါးတွေကြောင့် အခုတော့ သဘောကျသွားပုံရပါသည်။

သီခ်င္းတွေ ပြီးတော့ သူက တစ်ချက်ပြုံးသည်။

"နှင်းဆီပြာတွေရဲ့ အဓိပ္ပာယ်တွေကို Taehyung သိသလား"

ကျွန်တော့်အတွက် အရင်ကရော၊ အခုရော မရှိသည့် အဖြေတစ်ခုရယ်...

ဒီအတိုင်း နှုတ်ဆိတ်နေမ‌ိတော့ သူက တစ်ချက် ပြုံးရယ်ပြလာသည်။

"ငေးကြည့်နေရုံနဲ့သာ အေးချမ်းရပါသော တစ်ဖက်သတ် အချစ်"

သူ့အဖြေကြောင့် ကျွန်တော့် နှလုံးသားက စူးနစ်လာရသည်။ ဘယ်လိုကြောင့် ဒီလိုဖြစ်လာသည်လဲ ကျွန်တော်ကိုယ်တိုင် မသိပေမယ့် ဒီအတိုင်း ဒီစကားကို ကြားတော့ သူ့ရဲ့ မျက်ဝန်း အနီရဲရဲတွေမှာ အရည်လဲ့နေတာတွေကို မြင်လိုက်ရသည်။

"ကျွန်တော်က လောဘမကြီးတတ်ပါဘူး... ဒီအတိုင်း အဝေးကနေလည်း တခြားသူရဲ့ ရင်ခွင်ထဲက Taehyung ကို ငေးကြည့်နေပေးနိုင်တယ်။ တစ်ဖက်သတ်အချစ်က ပူဆွေးရပြီး နာကျင်ရပေမယ့် Taehyung ကြောင့်သာဆိုရင် ကျွန်တော့်အတွက် အေးချမ်းနိုင်ပါတယ်"

ကျွန်တော့် တစ်ကိုယ်လုံးက တုန်လှုပ်နေရပြီး နှလုံးသားက နာကျင်လာရသည်။
မဖြစ်သင့်တာကို ကျွန်တော်တို့ စတင်ဖို့ ခြေလှမ်းပြင်နေခဲ့ကြပြီ ထင်ပါ၏။

ကျွန်တော်က အကြီးဖြစ်တာကြောင့် ဒီအရာက ကျွန်တော့်ဘက်က စတင်ခဲ့ခြင်း ဖြစ်လောက်မည်။

ခေါင်းတွေကို ခါယမ်းကာ အခန်းအပြင်ကို ထွက်ဖို့ ကြိုးစားတော့ ကျွန်တော့်လက်ကို ဆွဲကာ ‌အနောက်ဖက်က သိုင်းဖက်လာတော့သည်။

"ကျွန်တော် အကြိုက်ဆုံးအရာက တခြားသူကြောင့် ရယ်မောလာတဲ့ အပြုံးတွေပဲ။ ဂါရမ်နဲ့ တွဲလို့ စိတ်မဆိုးသလို၊ ဒေါသမထွက်ပါဘူး။ ဂါရမ်ကိုလည်း မကြိုက်ဘူး။ Taehyung ကိုသာ တစ်ခြားလူအနား ရှိနေရရင် ကျွန်တော့် ရင်တွေ နာကျင်ရလွန်းလို့ပါ။
ဒီအတိုင်း မြိုသိပ်ထားပေမယ့် ဒီနေ့တစ်ရက်တော့ ပြောပြခွင့်ပြုပါ။ ကျွန်တော့် စကားတွေ နားထောင်ပေးပါ။ Taehyung ကို သိပ်ချစ်တဲ့ အကြောင်းတွေ ဒီည ၁၂ မကျော်ခင် အထိ ပြောမယ်။ ကျော်သွားရင် ဒါကို မေ့ပစ်လိုက်ပြီး ဂါရမ်ဆီမှာ နေလို့ရပါတယ်"

ကျွန်တော့် ပုခုံးပေါ် ရောက်ရှိလာသည့် အရည်ကြည်တွေ...

"မဟုတ်ဘူး ကိုကိုတို့က ညီအစ်ကိုဆိုတဲ့ ဘောင်ထဲမှာ ‌ရှိနေကြတာ။ Jungkook အတွက် ဘာက အထင်မှားစေခဲ့သလဲ မသိပေမယ့် ကိုကို့ကြောင့် ဖြစ်ရတာမို့ ကိုကိုကပဲ တောင်းပန်ပါ့မယ်။ မဟုတ်ဘူး အစ်ကိုပေါ့... အစ်ကိုဆိုတဲ့ အသုံးအနှုန်းနဲ့ အရင်တည်းက စည်းတားခဲ့သင့်တာ။ အစ်ကို့အမှားပါ"

သိုင်းဖက်လာသည့် သူ့လက်တွေကို ဖြုတ်ချပစ်ကာ အခန်းထဲမှ ထွက်ဖို့ ပြင်ရ‌တော့သည်။

"ကျွန်တော် ကိုကို့ကို သိပ်ချစ်မိသွားတာပါ။ တုန့်ပြန်မှုတွေမပါတဲ့ တစ်ဖက်သတ်အချစ်ဖြစ်နေလည်း ကိုကို့ကို ချစ်နေရတာမို့ ကျွန်တော် သိပ်ပျော်တယ်။ ကိုကို့ကို ယုံကြည်ပေးဖို့ ပြောခဲ့တယ် မဟုတ်လား.. ကိုကိုလည်း ကျွန်တော့်အချစ်တွေကို ယုံကြည်ပေးပါ။ ဒီအတိုင်း ကျွန်တော် ချစ်နေခဲ့တာကို ဒီတစ်ခဏတာလေး၊ နှစ်သစ်တစ်နှစ်ကို မရောက်ခင်လေး သိနေခဲ့ပေးပါ"

သူ့အခန်းထဲမှ ပြေးထွက်လာခဲ့သည့် ကျွန်တော့် ခြေထောက်တွေက တုန်ရီနေဆဲ

ရင်ဘတ်ကို ဖိကိုင်ထားပြီး ကျဆင်းလာသည့် မျက်ရည်စတွေကို ဖိသုတ်လိုက်မိသည်။

ကျွန်တော် လိမ်ညာခဲ့တာ... မသိခဲ့သလို ဟန်ဆောင်ခဲ့တာ

Jungkook ရဲ့ အကြည့်တွေ၊ ချစ်ခြင်းမေတ္တာတွေကို မြင်နေလျှက်နဲ့ ဒီအတိုင်း ရှေ့ဆက်ခဲ့မိတာ...

ဂါရမ်နဲ့ တွဲခဲ့ပြီး မဖျက်ပစ်ဘဲ သူ့အပေါ် စိတ်မရောက်အောင် တွန်းအားပေးခဲ့တာ..

Jungkook က ကျွန်တော့်ကို ချစ်လာအောင် ဒီလူကပဲ လုပ်ခဲ့တာ။ အခုလည်း သူ့ကို ငိုနေအောင်၊ နာကျင်ရအောင် ဒီလူကပဲ လုပ်နေခဲ့တာ...

မဖြစ်နိုင်တာကို သိနေပေမယ့် မတားခဲ့ဘဲ ရှေ့ဆက်တိုးဖို့ အခွင့်အရေးတွေ ပေးခဲ့မိပြီ ထင်ပါရဲ့...

အဆုံးသတ်က ဒီလို နာကျင်စရာကောင်းမည်ဆိုရင် ဒီကို‌စရောက်ကတည်းက ညီလေးတစ်ယောက်အနေနဲ့တောင် အနားကပ်ခဲ့မည် မဟုတ်ပါ။

အခုတော့ မဖြစ်နိုင်တဲ့ ဒီအနေအထားကြောင့် ကျွန်တော့်ထက် နာကျင်ရမည့် အဲ့ဒီကလေး...

.

.

ဖတ်ရှုပေးသူတစ်ဦးချင်းဆီကို ကျေးဇူးတင်ပါတယ်

ဒီနေ့ double update ပေးခဲ့တာရယ်... စာလုံးပေါင်းလည်း မစစ်ရသေးပါဘူး။

VictoryKimTae

April 27, 2023



Zawgyi

အခုဆို Taehyung နဲ႔ Jungkook က တစ္အိမ္တည္း အတူေနၾကၿပီး သူစိမ္းသာသာရယ္

ေက်ာင္းအတူသြားသည့္ကိစၥ၊ အတူျပန္လာသည့္ ကိစၥေတြဆိုတာက မျမင္ရေတာ့သည္မွာ သိပ္ကို ၾကာေနခဲ့ၿပီ။

စာအတူတူမလုပ္ၾကေတာ့ဘဲ မျဖစ္မေန အတူစားရသည့္ မနက္စာနဲ႔ ညစာေၾကာင့္သာ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနရ၏။

ေမေမေလးက ကေလးေတြကိစၥကို သူတို႔ အေဖနဲ႔ ေဆြးေႏြးၿပီး အကဲခတ္သည္။

ဒီေန႔မနက္ေတာ့ အႀကီးျဖစ္သူ Taehyung ကို ေခၚကာ အေၾကာင္းအရာကို အေျဖရွာေတာ့သည္။

"Taehyung နဲ႔ Jungkook ဘယ္လိုျဖစ္ၾကတာလဲ... အရင္ကဆိုရင္ သိပ္ခင္ၾကတယ္ေလ ဘယ္သြားသြားႏွစ္ေယာက္အတူ မဟုတ္လား"

ေမေမေလးက ရိပ္မိေနေၾကာင္း Taehyung သိထားသည္။

အခုလို အတည္တက် ေမးျမန္းလာေတာ့လည္း သူ့အတြက္ ေျဖစရာ အေျဖက ခပ္ရွင္းရွင္းရယ္

"ကြၽန္ေတာ္ ဂါရမ္ဆိုတဲ့ ေကာင္မေလးနဲ႔ တြဲေနတာ လအနည္းငယ္ ရွိပါၿပီ။ Jungkook ေလးက မႀကိဳက္လို႔ ဖ်က္ဖို႔ ေျပာခဲ့ေပမယ့္ ဆက္ၿပီး တြဲေနတာမို႔..."

"အင္း အေဖ သိၿပီ"

လူႀကီးေတြပီပီ ဒီအေျခအေနကို နားလည္လိုက္ၾကသည္။

"လအနည္းငယ္ဆိုေတာ့ မင္းက ရက္အတိအက်မွတ္မထားဘူးလား။ မိန္းကေလးတစ္ေယာက္နဲ႔ တြဲေနၿပီး ဒီေလာက္ေလးေတာင္ မွတ္မထားႏိုင္တာ ဘယ္လို ခ်စ္သူမ်ိဳးလဲ တကယ္မခ်စ္ရင္ ဖ်က္ရမယ္ မဟုတ္လား။ အခုေတာ့ ညီအစ္ကိုေတြ အခ်င္းမ်ားရတယ္"

အေဖ့စကားၾကားေတာ့ သူ့မွာ စဉ္းစားရခက္ေခ်ၿပီ။

လအနည္းငယ္ဆိုသည့္ ကိစၥကို သူတကယ္ သတိမထားမိလိုက္တာျဖစ္၏။

လက္ေခ်ာင္းေတြကို ခ်ိဳးကာ ေရတြက္သည့္ အလုပ္ကို သူစတင္ရသည္။

သူတို႔ စ‌တြဲတုန္းက Jungkook ေမြးေန႔ September မွာမို႔ အခု February အထိဆိုရင္ ၆ လေလာက္ေတာ့ ရွိမည္။

ခက္တာက တြဲလာသည့္ သက္တမ္းမဟုတ္

အေဖေျပာလိုက္သည့္ တကယ္မခ်စ္ရင္ ဆိုသည့္ စကားက အခန္းထဲမွာ ႏွဖူးေပၚလက္တင္ၿပီး စဉ္းစားရသည္အထိ ျဖစ္လာၿပီ။

သူ့အေနနဲ႔ ဂါရမ္နဲ႔အတူ ေက်ာင္းသြားသည္။ ဂ႐ုလည္းစိုက္ေပးၿပီး အနမ္းေတြလည္း ေခြၽရင္း သာယာလွသည္။ တစ္ခါတစ္ေလ သူမ ဆံပင္ရွည္ေတြကို စည္းေပးရင္း တခစ္ခစ္ရယ္ေမာေနသည့္ သူမနဲ႔ စကားတိုးတိုးေျပာၾကသည္။

လက္ကေလးတြဲကာ ပင္လယ္ျပင္မွာ လမ္းေလွ်ာက္သည္။ တစ္ခါတစ္ရံ ဆိုဂ်ဴေတြအတူေသာက္ရင္း ေပ်ာ္ပါးဖူးသည္။

ဒါက သိပ္ခ်စ္လို႔ လုပ္သည့္ အမူအရာေတြ မဟုတ္ပါလား...

အမွန္တကယ္ဆိုရင္ "အခ်စ္" အေၾကာင္း တစ္စြန္းတစ္စေတာင္ သူသိသည္ မဟုတ္...

ႏွလုံးသားက ရင္ခုန္လာရင္ ဒါကို အခ်စ္ ဟု သူ ေခါင္းစဉ္တပ္ထားၿပီးသား ျဖစ္သည္။

ဒီလိုနဲ႔ စာေမးပြဲေတြ ၿပီးလို႔ ေႏြရာသီကို တစ္ဖန္ ျပန္ေရာက္ခဲ့သည္။ ဂါရမ္က သူမရဲ႕ မိဘေတြရွိသည့္ အင္ခြၽန္းဘက္ကို သြားရသည္။

အခုေတာ့ ေႏြရာသီမွာ သူတစ္ေယာက္တည္းရယ္

ဂါရမ့္ဘက္ကေန ေန႔စဉ္မပ်က္ လြမ္းေနပါေၾကာင္း၊ သတိရေနေၾကာင္း စာေတြ အထပ္လိုက္ ပို႔လာလို႔ သူလည္း ျပန္စာေရးရင္း အလုပ္မ်ားရသည္။

သို႔ေသာ္ အမွန္တကယ္ လြမ္းဆြတ္ေနသည္ မဟုတ္ေၾကာင္းေတာ့ Taehyung သူ့ကိုယ္သူ သိပ္သိပါသည္။

သူ လြမ္းဆြတ္ေနသည္က မ‌ႏွစ္က ေႏြရာသီမွာ ဘူဆန္ပင္လယ္ဘက္ ေနပူဆာ‌လႈံေနသည့္ ေကာင္ေလးတစ္ေယာက္ရယ္...

ပင္လယ္ဘက္ကို စက္ဘီးစီးရင္း၊ လမ္းအတူ ေလွ်ာက္ရင္း၊ မိုးေရထဲ အတူတူ အခ်ိန္ကုန္ဆုံးခဲ့ၾကသည့္ အခ်ိန္ေတြ...

သူ့ကို ေအးစက္စက္ၾကည့္လာသည့္ စိုးရိမ္မႈအျပည့္နဲ႔ မ်က္ဝန္း အနီရဲရဲေတြ...

သူ့စိတ္ကို ဖတ္ေပးရင္း ေဘးမွာ ရွိေပးခဲ့သည့္ တစ္စုံတစ္ေယာက္ကို သူ သိပ္လြမ္းဆြတ္တမ္းတေနမိ၏။

ဆပ္ျပာနံ႔ကေလး ေရာယွက္ေနသည့္ ကိုယ္သင္းနံ႔ကေလး၊ ဆူပုတ္ပုတ္မ်က္ႏွာကေလး၊ တြန္႔ခ်ိဳးေနသည့္ မ်က္ခုံးကေလးေတြ၊ ရယ္လိုက္လို႔ ေပၚလာသည့္ သြားအႀကီးႀကီးေတြ၊ အဆုံးမွာ သူသိပ္သေဘာက်ရပါသည့္ မ်က္ဝန္းအနီရဲရဲေတြ...

အရာရာကို လြမ္းဆြတ္ေနရင္း သူ့မွာ အထီးက်န္ေနရပါသည္။ အမွန္အတိုင္းဆိုရင္ သူ့ရဲ႕ ညီေလးကို ေပြ႕ဖက္ခ်င္ၿပီး ‌စေနာက္ကာ သူ့အနားပဲ ရွိေနေစခ်င္၏။

Jungkook နဲ႔ သူ အဆင္ေျပဖို႔ ဘယ္ေနရာက စၿပီး ႀကိဳးစားရမလဲ သူ ေသခ်ာ မသိခဲ့ပါ။

ႀကိဳးစားဖို႔ အ‌ခြင့္အေရးေတြ ရွာေဖြေနရင္း ေက်ာင္းဖြင့္သည့္ ေန႔ရက္ေတြဆီ ေရာက္လာေတာ့သည္။

ဂါရမ္က အင္ခြၽန္းမွာ ေက်ာင္းဆက္တက္ရမည္မို႔ ေက်ာင္းေျပာင္းသြားခဲ့သည္။

အခုေတာ့ သူတို႔ ဆက္ဆံေရးက LDRS ဘဝကို ေရာက္ေတာ့သည္။

Online က website တစ္ခ်ိဳ႕မွာ ရွာေဖြၿပီး သူတို႔လို ဆက္ဆံေရးနဲ႔ လူေတြအေၾကာင္း ရွာဖတ္ေတာ့ သူနဲ႔ နည္းနည္းေလးေတာင္ မကိုက္ညီ။

သူ့မွာ ဂါရမ္ကို လြမ္းတာ၊ သတိရတာေတြ မရွိခဲ့ပါဘူး။

ဒါက အေဖေျပာသည့္ " တကယ္မခ်စ္ရင္" ဆိုသည့္ အရာမ်ား ျဖစ္ခဲ့ပါလွ်င္ မိန္းကေလးကို သူ သိပ္အားနာေနမိေတာ့သည္။

ဒီေနာက္ပိုင္း သူတို႔ ဆက္ဆံေရးက ေအးစက္စက္ရယ္

အစတုန္းက ‌ေပ်ာ္စရာေန႔ရက္ေတြ ျဖစ္ခဲ့ေပမယ့္ တျဖည္းျဖည္း ေအးစက္လာသည့္ ဆက္ဆံေရးတစ္ခုကို သူ မလိုခ်င္ခဲ့ပါဘူး။

ယေန႔ေတာ့ ဂါရမ္ဆီက ဖုန္းလာသည္။

"Taehyung ေမြးေန႔ေရာက္ရင္ ဘူဆန္ကို လာခဲ့မယ္"

ဖ်က္ပစ္ဖို႔ ကိစၥ၊ ရပ္တန္႔ပစ္ဖို႔ ကိစၥကို ဖြင့္ေျပာရန္ ႀကံစည္ထားေပမယ့္ တကယ္လည္း ဘူဆန္ကို ေရာက္လာေတာ့ လြမ္းဆြတ္ကာ ေျပးဖက္လာသည့္ သူမကိုယ္ေလးက ကြၽန္ေတာ့္ ရင္ခြင္ထဲမွာ...

လမ္းခြဲဖို႔ ကိစၥထက္ သူမရဲ႕ ခ်စ္ျမတ္ႏိုးေၾကာင္း တတြတ္တြတ္ေျပာသံေတြကိုသာ နားေထာင္ရင္း ဒီတစ္ေန႔လည္း ကုန္ဆုံးရျပန္၏။

ေမြးေန႔ၿပီးေတာ့ New year ည...

ဂါရမ္က အခ်ိန္မရတာေၾကာင့္ အင္ခြၽန္းကို ျပန္သြားေတာ့သည္။ အခုထိ ႏႈတ္ဆိတ္ေနဆဲ ကြၽန္ေတာ္က ေနာက္တစ္ေခါက္မွ လမ္းခြဲစကားေျပာဖို႔ ႀကံရြယ္ထားရေတာ့သည္။

ဒီညမွာ ေပ်ာ္ပြဲရႊင္ပြဲေတြ လုပ္ရင္း ေဘးအိမ္မွ အိမ္နီးခ်င္းအခ်ိဳ႕ ေရာက္လာၾကသည္။

ကြၽန္ေတာ္က လူသိပ္ရႈပ္တာကို သေဘာက်ရသည္ရယ္လို႔ မဟုတ္ပါဘူး။

အခန္းထဲမွ ျပတင္းေပါက္မွာ ေခါင္းထြက္ရင္း ၾကယ္ေတြကို ေရတြက္ေနေတာ့လည္း အဲ့ဒီကေလးကို သတိရမိျပန္သည္။

ဒီတစ္ညေတာ့ ႀကိဳးစားဦးမည္မို႔ သူ့အခန္းဆီသြားကာ တံခါးေခါက္မိသည္။

သုံးခါေျမာက္မွ တံခါးလာဖြင့္ေပးၿပီး ကြၽန္ေတာ့္ကို ျမင္ေတာ့ မ်က္လုံးေတြ ဝိုင္းစက္သြား၏။

ဘာမွေတာ့ မေျပာေပမယ့္ အခန္းတံခါးဖြင့္ေပးထားရင္း သူ့အခန္းထဲ ဝင္သြားသည္မို႔ ကြၽန္ေတာ္လည္း အေနာက္က လိုက္ဝင္ရသည္။

"အထက္တန္းၿပီရင္ ဘာဆက္လုပ္မွာလဲ"

စကားမေျပာျဖစ္တာ လေပါင္းမ်ားစြာၾကာမွ ပထမဆုံးေျပာသည့္ စကားက မဆီမဆိုင္ အနာဂတ္အေၾကာင္းေပါ႔

"KSD ကို ဝင္မယ္"

သူ့အခန္းရဲ႕ျပတင္းေပါက္မွာ ေခါင္းထြက္ရင္း ညဘက္ ေမွာင္‌မည္းေနသည့္ ပင္လယ္ျပင္ကို ၾကည့္ေနရင္း ေျပန္‌ြဖလာသည့္ စကားကလည္း ခပ္ျပတ္ျပတ္ရယ္

"ကိုကိုကေတာ့ ဘာမွ ေရေရရာရာ မရွိပါဘူး"

‌သူ့ေဘးနားမွာ ယွဉ္ရပ္လိုက္ေတာ့ မသိလိုက္သည့္ လေပါင္းမ်ားစြာအတြင္း သူ့အရပ္က သိပ္ကို ရွည္လာၿပီ။

ကြၽန္ေတာ့္ထက္ အနည္းငယ္ေတာင္ ျမင့္ခ်ငိ ျမင့္ႏိုင္ပါေသးသည္။ အရင္ကလို လုံးဝိုင္းေနသည့္ ဆံပင္ေလးမဟုတ္ေတာ့ဘဲ ဆံပင္တစ္ခ်ိဳ႕က အနားသတ္မွာ အနည္းငယ္ ရွည္ထြက္ၿပီး ေကာက္ေကြးေန၏။

ေဘးတစ္ဘက္မွ ျမင္ေနရသည့္ သူ့ရဲ႕ ေမး႐ိုးကားကားႀကီးေတြ၊ ႏွာေခါင္းခြၽန္ခြၽန္ရယ္

မသိလိုက္သည့္ ကာလအတြင္း ေသခ်ာႀကီးျပင္းခဲ့ပုံရပါသည္။

အခန္းထဲမွာ တည္ၿငိမ္ေနသည့္ သီခ်င္းသံေလးလည္း ပ်ံ႕လြင့္ေနသည္ေၾကာင့္ ကြၽန္ေတာ့္ မ်က္လုံးေတြက သူ့ဖုန္းဆီ ေရာက္သြားရသည္။

"Passenger ရဲ႕ let her go "

ကြၽန္ေတာ့္ စိတ္ပါဝင္စားမႈကို သိေနသည့္အလား ခ်က္ခ်င္းေျဖေပးလာသည့္ အေျဖတစ္ခုရယ္...

ကြၽန္ေတာ့္အႀကိဳက္က ဒီလို ေအးၿငိမ့္ၿငိမ့္သီခ်င္းေတြ မဟုတ္ဘူးေပါ႔။ သို႔ေပမယ့္ ဒီသီခ်င္းကို လိုက္ညည္းေနသည့္ သူ့ ႏႈတ္ခမ္းပါးေတြေၾကာင့္ အခုေတာ့ သေဘာက်သြားပုံရပါသည္။

သီခ္ငးေတြ ၿပီးေတာ့ သူက တစ္ခ်က္ၿပဳံးသည္။

"ႏွင္းဆီျပာေတြရဲ႕ အဓိပၸာယ္ေတြကို Taehyung သိသလား"

ကြၽန္ေတာ့္အတြက္ အရင္ကေရာ၊ အခုေရာ မရွိသည့္ အေျဖတစ္ခုရယ္...

ဒီအတိုင္း ႏႈတ္ဆိတ္ေနမ‌ိေတာ့ သူက တစ္ခ်က္ ၿပဳံးရယ္ျပလာသည္။

"ေငးၾကည့္ေန႐ုံနဲ႔သာ ေအးခ်မ္းရပါေသာ တစ္ဖက္သတ္ အခ်စ္"

သူ့အေျဖေၾကာင့္ ကြၽန္ေတာ့္ ႏွလုံးသားက စူးနစ္လာရသည္။ ဘယ္လိုေၾကာင့္ ဒီလိုျဖစ္လာသည္လဲ ကြၽန္ေတာ္ကိုယ္တိုင္ မသိေပမယ့္ ဒီအတိုင္း ဒီစကားကို ၾကားေတာ့ သူ့ရဲ႕ မ်က္ဝန္း အနီရဲရဲေတြမွာ အရည္လဲ့ေနတာေတြကို ျမင္လိုက္ရသည္။

"ကြၽန္ေတာ္က ေလာဘမႀကီးတတ္ပါဘူး... ဒီအတိုင္း အေဝးကေနလည္း တျခားသူရဲ႕ ရင္ခြင္ထဲက Taehyung ကို ေငးၾကည့္ေနေပးႏိုင္တယ္။ တစ္ဖက္သတ္အခ်စ္က ပူေဆြးရၿပီး နာက်င္ရေပမယ့္ Taehyung ေၾကာင့္သာဆိုရင္ ကြၽန္ေတာ့္အတြက္ ေအးခ်မ္းႏိုင္ပါတယ္"

ကြၽန္ေတာ့္ တစ္ကိုယ္လုံးက တုန္လႈပ္ေနရၿပီး ႏွလုံးသားက နာက်င္လာရသည္။
မျဖစ္သင့္တာကို ကြၽန္ေတာ္တို႔ စတင္ဖို႔ ေျခလွမ္းျပင္ေနခဲ့ၾကၿပီ ထင္ပါ၏။

ကြၽန္ေတာ္က အႀကီးျဖစ္တာေၾကာင့္ ဒီအရာက ကြၽန္ေတာ့္ဘက္က စတင္ခဲ့ျခင္း ျဖစ္ေလာက္မည္။

ေခါင္းေတြကို ခါယမ္းကာ အခန္းအျပင္ကို ထြက္ဖို႔ ႀကိဳးစားေတာ့ ကြၽန္ေတာ့္လက္ကို ဆြဲကာ ‌အေနာက္ဖက္က သိုင္းဖက္လာေတာ့သည္။

"ကြၽန္ေတာ္ အႀကိဳက္ဆုံးအရာက တျခားသူေၾကာင့္ ရယ္ေမာလာတဲ့ အၿပဳံးေတြပဲ။ ဂါရမ္နဲ႔ တြဲလို႔ စိတ္မဆိုးသလို၊ ေဒါသမထြက္ပါဘူး။ ဂါရမ္ကိုလည္း မႀကိဳက္ဘူး။ Taehyung ကိုသာ တစ္ျခားလူအနား ရွိေနရရင္ ကြၽန္ေတာ့္ ရင္ေတြ နာက်င္ရလြန္းလို႔ပါ။
ဒီအတိုင္း ၿမိဳသိပ္ထားေပမယ့္ ဒီေန႔တစ္ရက္ေတာ့ ေျပာျပခြင့္ျပဳပါ။ ကြၽန္ေတာ့္ စကားေတြ နားေထာင္ေပးပါ။ Taehyung ကို သိပ္ခ်စ္တဲ့ အေၾကာင္းေတြ ဒီည ၁၂ မေက်ာ္ခင္ အထိ ေျပာမယ္။ ေက်ာ္သြားရင္ ဒါကို ေမ့ပစ္လိုက္ၿပီး ဂါရမ္ဆီမွာ ေနလို႔ရပါတယ္"

ကြၽန္ေတာ့္ ပုခုံးေပၚ ေရာက္ရွိလာသည့္ အရည္ၾကည္ေတြ...

"မဟုတ္ဘူး ကိုကိုတို႔က ညီအစ္ကိုဆိုတဲ့ ေဘာင္ထဲမွာ ‌ရွိေနၾကတာ။ Jungkook အတြက္ ဘာက အထင္မွားေစခဲ့သလဲ မသိေပမယ့္ ကိုကို႔ေၾကာင့္ ျဖစ္ရတာမို႔ ကိုကိုကပဲ ေတာင္းပန္ပါ႔မယ္။ မဟုတ္ဘူး အစ္ကိုေပါ႔... အစ္ကိုဆိုတဲ့ အသုံးအႏႈန္းနဲ႔ အရင္တည္းက စည္းတားခဲ့သင့္တာ။ အစ္ကို႔အမွားပါ"

သိုင္းဖက္လာသည့္ သူ့လက္ေတြကို ျဖဳတ္ခ်ပစ္ကာ အခန္းထဲမွ ထြက္ဖို႔ ျပင္ရ‌ေတာ့သည္။

"ကြၽန္ေတာ္ ကိုကို႔ကို သိပ္ခ်စ္မိသြားတာပါ။ တုန္႔ျပန္မႈေတြမပါတဲ့ တစ္ဖက္သတ္အခ်စ္ျဖစ္ေနလည္း ကိုကို႔ကို ခ်စ္ေနရတာမို႔ ကြၽန္ေတာ္ သိပ္ေပ်ာ္တယ္။ ကိုကို႔ကို ယုံၾကည္ေပးဖို႔ ေျပာခဲ့တယ္ မဟုတ္လား.. ကိုကိုလည္း ကြၽန္ေတာ့္အခ်စ္ေတြကို ယုံၾကည္ေပးပါ။ ဒီအတိုင္း ကြၽန္ေတာ္ ခ်စ္ေနခဲ့တာကို ဒီတစ္ခဏတာေလး၊ ႏွစ္သစ္တစ္ႏွစ္ကို မေရာက္ခင္ေလး သိေနခဲ့ေပးပါ"

သူ့အခန္းထဲမွ ေျပးထြက္လာခဲ့သည့္ ကြၽန္ေတာ့္ ေျခေထာက္ေတြက တုန္ရီေနဆဲ

ရင္ဘတ္ကို ဖိကိုင္ထားၿပီး က်ဆင္းလာသည့္ မ်က္ရည္စေတြကို ဖိသုတ္လိုက္မိသည္။

ကြၽန္ေတာ္ လိမ္ညာခဲ့တာ... မသိခဲ့သလို ဟန္ေဆာင္ခဲ့တာ

Jungkook ရဲ႕ အၾကည့္ေတြ၊ ခ်စ္ျခင္းေမတၱာေတြကို ျမင္ေနလွ်က္နဲ႔ ဒီအတိုင္း ေရွ႕ဆက္ခဲ့မိတာ...

ဂါရမ္နဲ႔ တြဲခဲ့ၿပီး မဖ်က္ပစ္ဘဲ သူ့အေပၚ စိတ္မေရာက္ေအာင္ တြန္းအားေပးခဲ့တာ..

Jungkook က ကြၽန္ေတာ့္ကို ခ်စ္လာေအာင္ ဒီလူကပဲ လုပ္ခဲ့တာ။ အခုလည္း သူ့ကို ငိုေနေအာင္၊ နာက်င္ရေအာင္ ဒီလူကပဲ လုပ္ေနခဲ့တာ...

မျဖစ္ႏိုင္တာကို သိေနေပမယ့္ မတားခဲ့ဘဲ ေရွ႕ဆက္တိုးဖို႔ အခြင့္အေရးေတြ ေပးခဲ့မိၿပီ ထင္ပါရဲ႕...

အဆုံးသတ္က ဒီလို နာက်င္စရာေကာင္းမည္ဆိုရင္ ဒီကို‌စေရာက္ကတည္းက ညီေလးတစ္ေယာက္အေနနဲ႔ေတာင္ အနားကပ္ခဲ့မည္ မဟုတ္ပါ။

အခုေတာ့ မျဖစ္ႏိုင္တဲ့ ဒီအေနအထားေၾကာင့္ ကြၽန္ေတာ့္ထက္ နာက်င္ရမည့္ အဲ့ဒီကေလး...

.

.

ဖတ္ရႈေပးသူတစ္ဦးခ်င္းဆီကို ေက်းဇူးတင္ပါတယ္

ဒီေန႔ double update ေပးခဲ့တာရယ္... စာလုံးေပါင္းလည္း မစစ္ရေသးပါဘူး။

VictoryKimTae

April 27, 2023

Pokračovat ve čtení

Mohlo by se ti líbit

1M 38K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
2.3M 119K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
519K 18.6K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
46.4K 4K 52
[Taekook] Started Date: 10 Oct, 2020 Ended Date: 11 Apr, 2021 Total Chapters = 44 + 5 Extras 💜💜💜 Unicode & Zawgyi