(Unicode)
"ဝုန်း"
"အ"
"မင်း...ဘာကိစ္စလိုက်လာတာလဲ"
ဂျီမင်သည် အိမ်ထဲရောက်ရောက်ချင်း ထယ်ယောင်းအင်္ကျီရင်ဘက်စကိုဆွဲကာနံရံနှင့်ဖိကပ်မေးလာသည်။ဒေါသထွက်နေပုံက မျက်လုံးများနီရဲနေ၏။ထယ်ယောင်း ဘာကစပြောရမှန်းမသိ စိတ်ပျက်လက်ပျက်ဖြင့် ဆောင်းထားသောဉီးထုပ်နှင့်maskကိုချွတ်ကာ တနေရာပစ်ထုတ်လိုက်သည်။
"မင်း...ငါ့စကားကိုနားထောင်လိုက်လို့မရဘူးလား...ဟမ်
ငါရေးထားတဲ့စာကိုမင်းနားမလည်ဘူးလား ကင်ထယ်ယောင်း!!"
"နားလည်တယ်...အရမ်းကိုနားလည်တယ် ဒါပေမဲ့ ဘာလို့လဲ...မင်းရောဘာလို့ ခုလိုလုပ်ရတာလဲ!!"
ဒေါသတကြီးအော်လာသော ဂျီမင်ကို ထယ်ယောင်းစိတ်ပေါက်ပေါက်ဖြင့်ပြန်အော်မေးလိုက်သည်။
"ဂျွန်ကြောင့်လား...ဟမ် ငါက အာ့လူတဝက်တောင် စောက်ရေးမပါဘူးလား!!"
ထယ်ယောင်းဝမ်းနည်းဒေါသထွက်ကာ ဂျွန်ဆိုသောလူကိုမနာလိုစိတ်တွေ တဖွားဖွားတိုးဝင်လာရသည်။ထို့ကြောင့် သူ့ရှေ့တွေရှိနေသော ဂျီမင်ကို လက်မောင်းကနေဆွဲကာမေးမိသည်။
"မင်းသူ့ကို အရမ်းပဲချစ်သလား"
ဂျီမင်သူ့အား အဓိပ္ပါယ်ဖော်မရသော အကြည့်တမျိုးဖြင့်ကြည့်လာကာ သူ့လက်များကိုဖြည်ချ၍ ဆိုဖာထက် ခေါင်းငိုက်စိုက်ချ၍ သွားထိုင်လေသည်။
"ဂျွန်ကိုငါ ချစ်လားမချစ်လား မသိပေမဲ့ ဂျွန်ကိုအမြဲငါ့လူအဖြစ် သတ်မှတ်ထားခဲ့တာ မင်းသိလား"
ဂျီမင်ပြောလာသောစကားများကို ထယ်ယောင်းတုံ့ပြန်သံမပေး ငေးကြည့်ရင်းသာနားထောင်နေမိသည်။ဂျီမင်စိတ့ထဲမှာ သူ့အတွက်နေရာရောရှိပါ့မလား။
"ငါ ငါခုနေတဲ့ တိုက်ခန်းက ဂျွန်ငှားပေးထားတာ...ဘာကရီရလဲ မင်းသိလား ခုအာ့တိုက်ခန်းကို ငါ့နာမည်နဲ့ဝယ်ပေးမလို့တဲ့လေ"
"ဟင်"
ဂျီမင်စကားကြောင့် ထယ်ယောင်းအံ့သြသွားရသည်။ဒါဆို စောစောကလူက အရောင်းအဝယ်အတွက်ရောက်နေတာပေါ့။ ဂျွန်က ဘာသဘောလဲ။စိတ်ဖြတ်ရန်ခက်နေတဲ့ဂျီမင်ကို ဒီလူဘာတွေလုပ်ဖို့ကြံနေတာလဲ။
"သူအတွက်ငါဟာ ညီတယောက်လိုအနေအထားမှာရှိသေးတဲ့အတွက် လမ်းခွဲလိုက်ရတာကိုသူလိပ်ပြာလုံချင်လို့ဝယ်ပေးတာတဲ့"
"........"
"အဟင်း..မင်းသိလား...ငါကယောက်ျား ရည်းစားတယောက်နဲ့ကွဲတာကို လျော်ကြေးယူရလောက်အောင် ငါသိက္ခာမမဲ့ဘူး...ငါ့နားကလူတွေကပဲ ငါ့အကြောင်းသိတဲ့လူတွေကပဲ ငါ့ကိုစွန့်ပစ်ပြီး သိမ်ငယ်အောင်လုပ်ကြတာ"
ပြောရင်းမျက်ရည်ကျလာသော ဂျီမင်က တဖက်သို့မျက်နှာလွှဲကာ မျက်ရည်များသုတ်၍ ထိုင်ရာမှထကာ ရေခဲသေတ္တာနားသွားကာ ဆွဲဖွင့်လိုက်သည်။ထို့နောက် ထယ်ယောင်းအိမ်မှာရှိစဉ် သောက်နေကျဝိုင်းပုလင်းကိုယူကာ တရှိန်ထိုးမော့သောက်ချပစ်လေသည်။
"ဟာ...မင်း...ဖြည်းဖြည်းသောက်မှပေါ့"
ထယ်ယောင်းပြာပြာသလဲပြေးကာ ဝိုင်ပုလင်းကိုလုယူ၍ ပြောလိုက်သည်။
"ငါမူးချင်လို့ ထယ်ယောင်းရ"
ဂျီမင်ကပြောပြီး ဝိုင်ခွကလှမ်းယူကာ နောက်တခွက်ထပ်ငှဲ့ထည့်နေလေသည်။အခန်းထဲလဲရောက်နေပြီဆိုတော့ ထယ်ယောင်းလဲထပ်မပြောတော့ ဂျီမင်လုပ်ချင်တာလုပ်လွှတ်ထားလိုက်သည်။ထို့ကြောင့် ဂျီမင်က တခွက်ပြီးတခွက်ငှဲ့သောက်တော့သည်။
"မင်း အဆင်ပြေရဲ့လား သောက်တာတော်လိုက်တော့"
ဝိုင်ကြောင့်နီလာတာလား စိတ်ခံစားချက်ကြောင့်နီလာတာလား မသိသည့် ဂျီမင်မျက်နှာက မူန်ကုတ်ကုတ်ဖြင့် ခန့်မှန်းမရ။ထို့နောက် သူ့မျက်နှာနားနီးကပ်လာကာ သူ့စကားကိုဆက်လာလေသည်။
"ဂျွန်ကိုလေ....အနည်းဆုံး ငါ ရင်ဖွင့်နိုင်မဲ့အနီးဆုံးလူတယောက်အဖြစ်ရှိခဲ့မယ်ထင်တာ..."
ဂျီမင်ပြောရင်း အသံများတိမ်ဝင်ကာ မျက်လုံးများကနီလာပြန်လေသည်။ဘယ်ချိန်ထိ အာ့လူအတွက် ငိုကြွေးနေမှာလဲ ဂျီမင်ရာ...။
"တဖက်မှာလဲ ငါ့အပေါ်သူတာဝန်ကျေချင်စိတ်ဖြစ်ပြီး တဖက်မှာလဲ မင်းဟျောင်းကိုချစ်မိသွားတဲ့စိတ်က လွန်ဆွဲနေပုံပဲ...သူမင်းဟျောင်းတော့ တကယ်ချစ်ပုံပဲ"
ဂျီမင်ပြောရင်း ခေါင်းငုံ့သွားသဖြင့် ထပ်ငိုတော့မည်ထင်၍ နှစ်သိမ့်စကားဖြစ်လောက်မည့် စကားကိုခပ်မြန်မြန်စဉ်းစားကာ ပြောလိုက်သည်။
"ဖောက်ပြန်တတ်တဲ့သူကို ဟျောင်းကပြန်ကြိုက်မှာမဟုတ်ဘူး ဂျီမင်"
"အဟွန့်"
ထယ်ယောင်းစကားကို ဂျီမင်နူတ်ခမ်းကွေးရုံမျှကွေးကာ
ရီလေသည်။
"ဟိုနေ့ညတုန်းက ငါဖုန်းပြောတဲ့အချိန် ဂျွန်နဲ့မင်းမန်နေဂျာအကိုက အတူရှိနေတာ...သူနဲ့ဂျွန် အကြီးအကျယ်ပြဿနာတတ်တယ်လေ...ဘာကထပ်ရီရလဲ မင်းသိလား"
ဂျီမင်က သူ့မျက်နှာကိုခံစားချက်မဲ့သော မျက်လုံးများနှင့်ငေးကြည့်ရင်းပြန်မေးလေသည်။
"ဂျွန်က ငိုတယ်လေ...ဂျွန်လို လူကြီးက ငိုတယ်လေ...ရင့်ကျက်ပြီး ငါ့ကိုတောင်လမ်းပြပေးနိုင်တဲ့သူက အချစ်အတွက်နဲ့ငိုတယ်"
"......."
"ငါ့အကြောင်းတော်တော်များများသိနေတဲ့ ဂျွန်ကငါ့ကိုဖြတ်ပစ်ဖို့အားနာနေခဲ့ပုံပဲ... သူဘာလုပ်ရမလဲ မသိတော့ဘူးလို့ ငါနဲ့မင်းရဲ့ဟျောင်းကို ပြောတယ်လေ"
"......"
"ငါ ဘာတတ်နိုင်မှာလဲ...ငါနဲ့နေရင် သူပျော်မှာလား ပျော်လဲအတိုင်းအတာတခုထိပဲလေ ...ဒါကို ငါသိနေတာပဲ ဒါကြောင့် ငါ့ကိုအားမနာပဲ ဂျွန့်ကိုလက်ခံပေးဖို့ ဂျွန်မသိအောင် မင်းဟျောင်းကို ငါပြောလိုက်တယ်..."
"ဟင်"
ထယ်ယောင်း ထင်မထားခဲ့ ဂျီမင်က ဂျွန်ကိုအရမ်းချစ်သည်ဟုထင်မိသည်။ခုလိုချစ်လို့လဲ စွန့်လွှတ်ပေးနိုင်တာ မဟုတ်လား။ထိုလူကို အားကျစိတ်ဝင်လာရသည်။
"မင်းသိလား ခုငါ့နားမှာ ဘယ်သူမှမရှိတော့ဘူး တကယ်တမ်းကြတော့ ငါလိုအပ်တဲ့သူက ငါ့ကိုစွန့်ပစ်ခဲ့ကြတာချည်းပဲ အဟွန့်"
"ဂျီမင်ရာ"
ထယ်ယောင်း ဘာပြောရမှန်းမသိတော့။နီရဲနေသောမျက်လုံးနှင့် အံကြိတ်ပြောနေသောဂျီမင်ကို သူခပ်သာသာလေးလှမ်းဆွဲကာ ရင်ခွင်ထဲထည့်ဖက်ထားလိုက်သည်။
"ငါရှိတယ်လေ မင်းနားက ငါရှိသေးတယ်လေ"
"ဟင့်!"
သူ့စကားကြားတော့ ဂျီမင်ကဟင့်ခနဲငိုချလာကာ သူ့ရင်ခွင်ထဲမျက်နှာအပ်၍ ငိုလာလေသည်။
"ငါမခံစားမိဘူး.."
"ဘယ်လို..."
ပလုံးပထွေးပြောလာသော ဂျီမင်စကားများကြောင့် ရင်ခွင်ထဲကဂျီမင်ကိုဆွဲထုတ်၍ မျက်နှာဆွဲမော့ကြည့်လိုက်သည်။
"ငါနားမလည်ဘူး"
"မင်းငါ့ကို တခါပစ်ထားပြီးပြီလေ.."
ဂျီမင်ပြောတာကို ထယ်ယောင်းတကယ် နားမလည်။သူဘာမှားခဲ့တာရှိလဲ။
"မင်း မေမေက ငါ့ကိုသူ့ရှေ့နေအဖြစ်ခန့်ခဲ့တာ စာတွေထဲက အကြောင်းတွေကြောင့်လို့ထင်လား"
"သူတခါမှငါ့ကိုမမုန်းခဲ့ဘူး ထယ်ယောင်းရ ဘာမှမသိတဲ့ငါက ကလေးမလို့ ငါ့အပြစ်မရှိခဲ့လို့ မင်းမေမေက ငါ့ကိုချစ်မြဲတိုင်းချစ်ပေးခဲ့တယ်"
မေမေက ဂျီမင်ကိုမုန်းခဲ့သည်မဟုတ်ပါလား။သူမှတ်မိသည်က ဂျီမင်အကြောင်း နည်းနည်းလေးမှစကားအစမခံခဲ့။
" ငါခုလိုထိဖြစ်လာအောင် မားတယောက်တည်း ထောက်ပံ့ပေးခဲ့နိုင်မယ်ထင်လို့လား နောက်ကွယ်ကနေ မားကတဆင့် မင်းမေမေပါထောက်ပံ့ပေးခဲ့တာ"
"ဟင်"
ဒီဟာတွေထယ်ယောင်း ဘာတခုမှမသိ။ဂျီမင်မျက်နှာကို အူကြောင်ကြောင့်ဖြင့်ငေးကြည့်ကာ အံ့သြနေမိသည်။
"အဲ့ဒီလို တခါမှမင်းမေမေက ငါ့ကိုပစ်မထားပေမဲ့ မင်းက မင်းကတော့ငါ့ကိုပစ်ထားခဲ့တယ်လေ"
ဂျီမင်ကပြောပြီး ထယ်ယောင်းရင်ခွင်ထဲက ထွက်ကာဝိုင်တခွက်ထပ်ငှဲ့နေလေသည်။ထယ်ယောင်းမှာ ပြောစရာစကားများပျောက်ဆုံးလျက် ငူငူငိုင်ငိုင်နှင့် ဂျီမင်လုပ်သမျှကြည့်နေမိသည်။
"မင်းခံစားချက်တွေအကြောင်း ငါဘာမှမပြောလိုပေမဲ့ တချိန်ချိန်တော့ မင်း ငါ့ကိုနားလည်လာပြီး ငါ့ကိုဆက်သွယ်လာမယ်ထင်ခဲ့တာ"
ထယ်ယောင်း ခေါင်းငိုက်စိုက်ချထားမိသည်။တသတ်လုံး သူဟာသူ့ခံစားချက်သူ့ကမ္ဘာထဲမှာ လည်နေခဲ့သည်။တခြားသူတွေရဲ့ ခံစားချက်အတွေးတွေကို သူမြင်အောင်မကြည့်တတ်ခဲ့။
"ဖြစ်ခဲ့တဲ့ကိစ္စတွေက ငါနဲ့မဆိုင်ဘူးမလား...ငါနဲ့မဆိုင်ဘူးလို့ မင်းမထင်ခဲ့ဘူးလား"
ထပ်ငိုတော့မလိုနီရဲလာနေသော ဂျီမင်မျက်နှာက စုပြုံနေသော ခံစားချက်တွေပွင့်ထွက်လာသလို ထယ်ယောင်းအင်္ကျီကိုဆွဲဆုတ်၍ မေးလာသည်။ထို့ကြောင့် ဂျီမင်ကိုခါးကနေဆွဲကာ ထပ်ဖက်လိုက်မိသည်။ထိုခဏ ထိုကောင်လေးခန္ဓာကိုယ် တသိမ့်သိမ့်တုန်လာတော့သည်။
"တောင်းပန်ပါတယ်...ငါ့ခံစားချက်တွေကိုပဲ ရှေ့တန်းတင်နေမိတဲ့အတွက် တောင်းပန်ပါတယ် ငါ ငါ မင်းစိတ်အဆင်ပြေအောင် ဘာလုပ်ပေးရမလဲ"
ထယ်ယောင်းတတွတ်တွတ်မေးကာ ဂျီမင်ခေါင်းကိုနမ်းရိူက်ရင်း ချော့နေမိသည်။မရည်ရွယ်တဲ့ သူ့ရဲ့အပြုအမူတွေက ဂျီမင်စိတ်ထဲဒဏ်ရာဖြစ်စေခဲ့ပြီ။
"မင်းရက်စက်တယ် မင်းအရမ်းရက်စက်တယ် ငါ့ဘဝမှာ မေမေပြီးရင် မင်းဉီးဆုံးဖြစ်ခဲ့တာလေ ဟင့်!ငါ ငါမသိ ငါမလုပ်တဲ့ကိစ္စတွေအတွက် ငါစွန့်ပစ်ခံရဖို့သင့်ရဲ့လား ဟင့်!"
ရိူက်ကြိးတငင်ငိုကာ ပြောနေသော ဂျီမင်ကို ထယ်ယောင်းတင်းနေအောင်ဖက်ကာ ကျောကိုအသာသပ်ရင်း သူပါငိုမိတော့သည်။
"ငါ့ကိုစွန့်ပစ်တုန်းက စွန့်ပစ်ခဲ့ပြီးမှ မင်းကငါ့ကိုချစ်တယ်တဲ့လား ငါ ဘယ်လိုလုပ်ရမလဲ ငါဘယ်လိုလုပ်ရမလဲ အရူးကောင်ရဲ့ ငါ့ကိုစိတ်ဆိုးခွင့်တောင်မပေးတော့ဘူးလား"
"တောင်းပန်ပါတယ်...စိတ်ဆိုးပါ ငါ့ကိုကြိုက်သလောက်စိတ်ဆိုးပါ ဒါပေမဲ့ ငါ့နားမှာနေပြီးပဲ စိတ်ဆိုးပေးပါ..."
ရင်ခွင်ထဲက ငိုရိူက်နေသော ကောင်လေးကိုဆွဲထုတ်၍ မျက်ရည်စများကိုပွတ်သုတ်ပေးမိသည်။သူပါးပြင်ထက်တွင်လဲ မျက်ရည်များဖြင့်စိုလူးနေသည်။
"ငါမှားခဲ့တဲ့အမှားအတွက် ငါတောင်းပန်ဖို့အခွင်ရေးပေးပါ ဂျီမင်ရာ"
"ငါအခုခံစားနေရတာတွေက ဂျွန်ကြောင့်နည့်နည်းဆိုရင်တောင် ငါမပြောပြမချင်းတုံးအနေတဲ့ မင်းကြောင့်ဆိုတာ တကယ်မသိဘူးလား"
"တောင်းပန်ပါတယ် ငါအခုသိပြီမို့ ငါ့ကိုတာဝန်ယူခွင့်ပေးပါ"
"ငါမင်းကို မုန်းပစ်ချင်လိုက်တာ"
ဂျီမင်ထယ်ယောင်းကို ကြည့်ကာခပ်တိုးတိုးပြောလေသည်။ထိုအခါထယ်ယောင်းက မျက်ရည်များထပ်မံ ကျလာကာခေါင်းသွင်သွင်ငြိမ့်ပြလေသည်။
"အင်းးးမုန်းပါ မင်းအလိုရှိသလောက်မုန်းပါ...မင်းမုန်းသလောက်ငါပြန်ချစ်ပေးပါ့မယ်...ငါ့နားကသာထွက်မသွားပါနဲ့"
ထယ်ယောင်းပြောရင်းရိူက်ငိုလာကာ ဒီတခါ သူဂျီမင်ခါးကိုဖက်၍ ရင်ခွင်ထဲတိုးဝင်မိတော့သည်။တကယ် သူဘာမှမသိခဲ့ပုံများ ဂျီမင်ခံစားချက်တွေကို သူကိုယ်တိုင်ပြောမှသိရသည်။တုံးအလွန်းတဲ့သူက ပစ်ထားခံရရန်တကယ်ကို ထိုက်တန်ပါသည်။သို့သော် တစ်ကိုယ်ကောင်းဆန်စွာ ဂျီမင်ကိုသူမရမက ဆွဲထားရအုန်းမည်။
"ငါမင်းကို အရမ်းချစ်လို့ပါ ဂျီမင်"
သူ့စကားကြားလျှင် ဂျီမင်က သက်ပြင်းချကာ စိတ်ထဲကနေ စကားတွေအများကြီးပြောနေမိတော့သည်။
*အရင်ကတည်းက ငါ့ကိုပြုစားတတ်တဲ့မင်းက ခုထိပြုစားနေတုန်းပါပဲလား...အရင်ထဲက တကိုယ်ကောင်းဆန်တဲ့မင်းက ခုထိလဲတကိုယ်ကောင်းဆန်နေတုန်းပါပဲလား ထယ်ယောင်းရ*
ရင်ခွင်ထဲအတင်းတိုးဝင်နေသောထယ်ယောင်းကို ဆွဲကာမျက်နှာကိုမော့ယူကြည့်လိုက်သည်။ငိုနေသောမျက်လုံးများကရဲ၍ ကလေးတယောက်လိုငိုရိူက်နေပုံက သူမုန်းပစ်ရန်ကြိုးစားလို့ရမည်လား။ထို့ကြောင့် ထယ်ယောင်းမျက်နှာကို စိုက်ကြည့်ကာသူတလုံးချင်းပြောလိုက်သည်။
"နောင်တချိန် ငါ့အချစ်ကော ငါ့အမုန်းကိုပါ နှစ်မျိုးလုံးခံစားစေရမယ်လို့ ကတိပြုတယ် ကင်ထယ်ယောင်း"
ထိုအခါ ထယ်ယောင်းက ခေါင်းသွင်သွင်ငြိမ့်ပြလေသည်။ထို့နောက် အထက်စီးမှငေးကြည့်နေသော ဂျီမင်မျက်နှာကို ဆွဲချ၍ အမုန်းတွေကြောင့်ခါးသက်မည်လား အချစ်ကြောင့်ချိုမြမည်လား သေချာမသိသည့် နူတ်ခမ်းဖူးကို စူးစမ်းရန် ငုံထွေးလိုက်လေတော့သည်။
*ပတ်ဂျီမင်ပေးသမျှအရာရာကို သူလက်ခံဖို့အသင့်ပါပဲလို့ ပြန်ကတိပြုပါရစေ*
+++++++
ပြီးပါပြီ။ficနဲ့ပတ်သတ်ပြီး မရှင်းတဲ့နေရာရှိရင်မေးကြပါ။တို့လဲတခုပြန်မေးချင်ပါတယ်။ဂျီမင် ထယ်ယောင်းနားက ထွက်သွားဖို့ကြိုးစားတဲ့ အကြောင်းအရင်းမှန်က ဘာလဲ?ဂျွန်ကြောင့်လား?ထယ်ယောင်း ကြောင့်လား?
ဘာဖြစ်ဖြစ် သင်္ကြန်အကြိုကနေ ရေးတင်ပေးလိုက်တာ 10ရက်လောက်ကြာခဲ့တယ်ပေါ့နော်။စာရေးစာဖတ်နှေးတဲ့အကျင့်ရှိတဲ့တို့က ဒီကာလလေးအတွင်းမှာ ရေးနိုင်ခဲ့တဲ့ကိုယ့်ကိုအပြင် စောင့်ဖတ်ပေးကြတဲ့ သူလေးတွေကို တကယ်ကျေးဇူးအများကြီးတင်ပါတယ်။
🍀🍀🍀🍀🍀🍀🍀
(Zawgyi)
"ဝုန္း"
"အ"
"မင္း...ဘာကိစၥလိုက္လာတာလဲ"
ဂ်ီမင္သည္ အိမ္ထဲေရာက္ေရာက္ခ်င္း ထယ္ေယာင္းအကၤ်ီရင္ဘက္စကိုဆြဲကာနံရံႏွင့္ဖိကပ္ေမးလာသည္။ေဒါသထြက္ေနပုံက မ်က္လုံးမ်ားနီရဲေန၏။ထယ္ေယာင္း ဘာကစေျပာရမွန္းမသိ စိတ္ပ်က္လက္ပ်က္ျဖင့္ ေဆာင္းထားေသာဉီးထုပ္ႏွင့္maskကိုခြၽတ္ကာ တေနရာပစ္ထုတ္လိုက္သည္။
"မင္း...ငါ့စကားကိုနားေထာင္လိုက္လို႔မရဘူးလား...ဟမ္
ငါေရးထားတဲ့စာကိုမင္းနားမလည္ဘူးလား ကင္ထယ္ေယာင္း!!"
"နားလည္တယ္...အရမ္းကိုနားလည္တယ္ ဒါေပမဲ့ ဘာလို႔လဲ...မင္းေရာဘာလို႔ ခုလိုလုပ္ရတာလဲ!!"
ေဒါသတႀကီးေအာ္လာေသာ ဂ်ီမင္ကို ထယ္ေယာင္းစိတ္ေပါက္ေပါက္ျဖင့္ျပန္ေအာ္ေမးလိုက္သည္။
"ဂြၽန္ေၾကာင့္လား...ဟမ္ ငါက အာ့လူတဝက္ေတာင္ ေစာက္ေရးမပါဘူးလား!!"
ထယ္ေယာင္းဝမ္းနည္းေဒါသထြက္ကာ ဂြၽန္ဆိုေသာလူကိုမနာလိုစိတ္ေတြ တဖြားဖြားတိုးဝင္လာရသည္။ထို႔ေၾကာင့္ သူ႕ေရွ႕ေတြရွိေနေသာ ဂ်ီမင္ကို လက္ေမာင္းကေနဆြဲကာေမးမိသည္။
"မင္းသူ႕ကို အရမ္းပဲခ်စ္သလား"
ဂ်ီမင္သူ႕အား အဓိပ္ပါယ်ဖော်မရသော အၾကည့္တမ်ိဳးျဖင့္ၾကည့္လာကာ သူ႕လက္မ်ားကိုျဖည္ခ်၍ ဆိုဖာထက္ ေခါင္းငိုက္စိုက္ခ်၍ သြားထိုင္ေလသည္။
"ဂြၽန္ကိုငါ ခ်စ္လားမခ်စ္လား မသိေပမဲ့ ဂြၽန္ကိုအၿမဲငါ့လူအျဖစ္ သတ္မွတ္ထားခဲ့တာ မင္းသိလား"
ဂ်ီမင္ေျပာလာေသာစကားမ်ားကို ထယ္ေယာင္းတုံ႕ျပန္သံမေပး ေငးၾကည့္ရင္းသာနားေထာင္ေနမိသည္။ဂ်ီမင္စိတ့ထဲမွာ သူ႕အတြက္ေနရာေရာရွိပါ့မလား။
"ငါ ငါခုေနတဲ့ တိုက္ခန္းက ဂြၽန္ငွားေပးထားတာ...ဘာကရီရလဲ မင္းသိလား ခုအာ့တိုက္ခန္းကို ငါ့နာမည္နဲ႕ဝယ္ေပးမလို႔တဲ့ေလ"
"ဟင္"
ဂ်ီမင္စကားေၾကာင့္ ထယ္ေယာင္းအံ့ၾသသြားရသည္။ဒါဆို ေစာေစာကလူက အေရာင္းအဝယ္အတြက္ေရာက္ေနတာေပါ့။ ဂြၽန္က ဘာသေဘာလဲ။စိတ္ျဖတ္ရန္ခက္ေနတဲ့ဂ်ီမင္ကို ဒီလူဘာေတြလုပ္ဖို႔ႀကံေနတာလဲ။
"သူအတြက္ငါဟာ ညီတေယာက္လိုအေနအထားမွာရွိေသးတဲ့အတြက္ လမ္းခြဲလိုက္ရတာကိုသူလိပ္ျပာလုံခ်င္လို႔ဝယ္ေပးတာတဲ့"
"........"
"အဟင္း..မင္းသိလား...ငါကေယာက္်ား ရည္းစားတေယာက္နဲ႕ကြဲတာကို ေလ်ာ္ေၾကးယူရေလာက္ေအာင္ ငါသိကၡာမမဲ့ဘူး...ငါ့နားကလူေတြကပဲ ငါ့အေၾကာင္းသိတဲ့လူေတြကပဲ ငါ့ကိုစြန့္ပစ္ၿပီး သိမ္ငယ္ေအာင္လုပ္ၾကတာ"
ေျပာရင္းမ်က္ရည္က်လာေသာ ဂ်ီမင္က တဖက္သို႔မ်က္ႏွာလႊဲကာ မ်က္ရည္မ်ားသုတ္၍ ထိုင္ရာမွထကာ ေရခဲေသတၱာနားသြားကာ ဆြဲဖြင့္လိုက္သည္။ထို႔ေနာက္ ထယ္ေယာင္းအိမ္မွာရွိစဥ္ ေသာက္ေနက်ဝိဳင္းပုလင္းကိုယူကာ တရွိန္ထိုးေမာ့ေသာက္ခ်ပစ္ေလသည္။
"ဟာ...မင္း...ျဖည္းျဖည္းေသာက္မွေပါ့"
ထယ္ေယာင္းျပာျပာသလဲေျပးကာ ဝိုင္ပုလင္းကိုလုယူ၍ ေျပာလိုက္သည္။
"ငါမူးခ်င္လို႔ ထယ္ေယာင္းရ"
ဂ်ီမင္ကေျပာၿပီး ဝိုင္ခြကလွမ္းယူကာ ေနာက္တခြက္ထပ္ငွဲ႕ထည့္ေနေလသည္။အခန္းထဲလဲေရာက္ေနၿပီဆိုေတာ့ ထယ္ေယာင္းလဲထပ္မေျပာေတာ့ ဂ်ီမင္လုပ္ခ်င္တာလုပ္လႊတ္ထားလိုက္သည္။ထို႔ေၾကာင့္ ဂ်ီမင္က တခြက္ၿပီးတခြက္ငွဲ႕ေသာက္ေတာ့သည္။
"မင္း အဆင္ေျပရဲ႕လား ေသာက္တာေတာ္လိုက္ေတာ့"
ဝိုင္ေၾကာင့္နီလာတာလား စိတ္ခံစားခ်က္ေၾကာင့္နီလာတာလား မသိသည့္ ဂ်ီမင္မ်က္ႏွာက မူန္ကုတ္ကုတ္ျဖင့္ ခန့္မွန္းမရ။ထို႔ေနာက္ သူ႕မ်က္ႏွာနားနီးကပ္လာကာ သူ႕စကားကိုဆက္လာေလသည္။
"ဂြၽန္ကိုေလ....အနည္းဆုံး ငါ ရင္ဖြင့္နိုင္မဲ့အနီးဆုံးလူတေယာက္အျဖစ္ရွိခဲ့မယ္ထင္တာ..."
ဂ်ီမင္ေျပာရင္း အသံမ်ားတိမ္ဝင္ကာ မ်က္လုံးမ်ားကနီလာျပန္ေလသည္။ဘယ္ခ်ိန္ထိ အာ့လူအတြက္ ငိုေႂကြးေနမွာလဲ ဂ်ီမင္ရာ...။
"တဖက္မွာလဲ ငါ့အေပၚသူတာဝန္ေက်ခ်င္စိတ္ျဖစ္ၿပီး တဖက္မွာလဲ မင္းေဟ်ာင္းကိုခ်စ္မိသြားတဲ့စိတ္က လြန္ဆြဲေနပုံပဲ...သူမင္းေဟ်ာင္းေတာ့ တကယ္ခ်စ္ပုံပဲ"
ဂ်ီမင္ေျပာရင္း ေခါင္းငုံ႕သြားသျဖင့္ ထပ္ငိုေတာ့မည္ထင္၍ ႏွစ္သိမ့္စကားျဖစ္ေလာက္မည့္ စကားကိုခပ္ျမန္ျမန္စဥ္းစားကာ ေျပာလိုက္သည္။
"ေဖာက္ျပန္တတ္တဲ့သူကို ေဟ်ာင္းကျပန္ႀကိဳက္မွာမဟုတ္ဘူး ဂ်ီမင္"
"အဟြန့္"
ထယ္ေယာင္းစကားကို ဂ်ီမင္ႏူတ္ခမ္းေကြး႐ုံမွ်ေကြးကာ
ရီေလသည္။
"ဟိုေန႕ညတုန္းက ငါဖုန္းေျပာတဲ့အခ်ိန္ ဂြၽန္နဲ႕မင္းမန္ေနဂ်ာအကိုက အတူရွိေနတာ...သူနဲ႕ဂြၽန္ အႀကီးအက်ယ္ျပႆနာတတ္တယ္ေလ...ဘာကထပ္ရီရလဲ မင္းသိလား"
ဂ်ီမင္က သူ႕မ်က္ႏွာကိုခံစားခ်က္မဲ့ေသာ မ်က္လုံးမ်ားႏွင့္ေငးၾကည့္ရင္းျပန္ေမးေလသည္။
"ဂြၽန္က ငိုတယ္ေလ...ဂြၽန္လို လူႀကီးက ငိုတယ္ေလ...ရင့္က်က္ၿပီး ငါ့ကိုေတာင္လမ္းျပေပးနိုင္တဲ့သူက အခ်စ္အတြက္နဲ႕ငိုတယ္"
"......."
"ငါ့အေၾကာင္းေတာ္ေတာ္မ်ားမ်ားသိေနတဲ့ ဂြၽန္ကငါ့ကိုျဖတ္ပစ္ဖို႔အားနာေနခဲ့ပုံပဲ... သူဘာလုပ္ရမလဲ မသိေတာ့ဘူးလို႔ ငါနဲ႕မင္းရဲ႕ေဟ်ာင္းကို ေျပာတယ္ေလ"
"......"
"ငါ ဘာတတ္နိုင္မွာလဲ...ငါနဲ႕ေနရင္ သူေပ်ာ္မွာလား ေပ်ာ္လဲအတိုင္းအတာတခုထိပဲေလ ...ဒါကို ငါသိေနတာပဲ ဒါေၾကာင့္ ငါ့ကိုအားမနာပဲ ဂြၽန့္ကိုလက္ခံေပးဖို႔ ဂြၽန္မသိေအာင္ မင္းေဟ်ာင္းကို ငါေျပာလိုက္တယ္..."
"ဟင္"
ထယ္ေယာင္း ထင္မထားခဲ့ ဂ်ီမင္က ဂြၽန္ကိုအရမ္းခ်စ္သည္ဟုထင္မိသည္။ခုလိုခ်စ္လို႔လဲ စြန့္လႊတ္ေပးနိုင္တာ မဟုတ္လား။ထိုလူကို အားက်စိတ္ဝင္လာရသည္။
"မင္းသိလား ခုငါ့နားမွာ ဘယ္သူမွမရွိေတာ့ဘူး တကယ္တမ္းၾကေတာ့ ငါလိုအပ္တဲ့သူက ငါ့ကိုစြန့္ပစ္ခဲ့ၾကတာခ်ည္းပဲ အဟြန့္"
"ဂ်ီမင္ရာ"
ထယ္ေယာင္း ဘာေျပာရမွန္းမသိေတာ့။နီရဲေနေသာမ်က္လုံးႏွင့္ အံႀကိတ္ေျပာေနေသာဂ်ီမင္ကို သူခပ္သာသာေလးလွမ္းဆြဲကာ ရင္ခြင္ထဲထည့္ဖက္ထားလိုက္သည္။
"ငါရွိတယ္ေလ မင္းနားက ငါရွိေသးတယ္ေလ"
"ဟင့္!"
သူ႕စကားၾကားေတာ့ ဂ်ီမင္ကဟင့္ခနဲငိုခ်လာကာ သူ႕ရင္ခြင္ထဲမ်က္ႏွာအပ္၍ ငိုလာေလသည္။
"ငါမခံစားမိဘူး.."
"ဘယ္လို..."
ပလုံးပေထြးေျပာလာေသာ ဂ်ီမင္စကားမ်ားေၾကာင့္ ရင္ခြင္ထဲကဂ်ီမင္ကိုဆြဲထုတ္၍ မ်က္ႏွာဆြဲေမာ့ၾကည့္လိုက္သည္။
"ငါနားမလည္ဘူး"
"မင္းငါ့ကို တခါပစ္ထားၿပီးၿပီေလ.."
ဂ်ီမင္ေျပာတာကို ထယ္ေယာင္းတကယ္ နားမလည္။သူဘာမွားခဲ့တာရွိလဲ။
"မင္း ေမေမက ငါ့ကိုသူ႕ေရွ႕ေနအျဖစ္ခန့္ခဲ့တာ စာေတြထဲက အေၾကာင္းေတြေၾကာင့္လို႔ထင္လား"
"သူတခါမွငါ့ကိုမမုန္းခဲ့ဘူး ထယ္ေယာင္းရ ဘာမွမသိတဲ့ငါက ကေလးမလို႔ ငါ့အျပစ္မရွိခဲ့လို႔ မင္းေမေမက ငါ့ကိုခ်စ္ၿမဲတိုင္းခ်စ္ေပးခဲ့တယ္"
ေမေမက ဂ်ီမင္ကိုမုန္းခဲ့သည္မဟုတ္ပါလား။သူမွတ္မိသည္က ဂ်ီမင္အေၾကာင္း နည္းနည္းေလးမွစကားအစမခံခဲ့။
" ငါခုလိုထိျဖစ္လာေအာင္ မားတေယာက္တည္း ေထာက္ပံ့ေပးခဲ့နိုင္မယ္ထင္လို႔လား ေနာက္ကြယ္ကေန မားကတဆင့္ မင္းေမေမပါေထာက္ပံ့ေပးခဲ့တာ"
"ဟင္"
ဒီဟာေတြထယ္ေယာင္း ဘာတခုမွမသိ။ဂ်ီမင္မ်က္ႏွာကို အူေၾကာင္ေၾကာင့္ျဖင့္ေငးၾကည့္ကာ အံ့ၾသေနမိသည္။
"အဲ့ဒီလို တခါမွမင္းေမေမက ငါ့ကိုပစ္မထားေပမဲ့ မင္းက မင္းကေတာ့ငါ့ကိုပစ္ထားခဲ့တယ္ေလ"
ဂ်ီမင္ကေျပာၿပီး ထယ္ေယာင္းရင္ခြင္ထဲက ထြက္ကာဝိုင္တခြက္ထပ္ငွဲ႕ေနေလသည္။ထယ္ေယာင္းမွာ ေျပာစရာစကားမ်ားေပ်ာက္ဆုံးလ်က္ ငူငူငိုင္ငိုင္ႏွင့္ ဂ်ီမင္လုပ္သမွ်ၾကည့္ေနမိသည္။
"မင္းခံစားခ်က္ေတြအေၾကာင္း ငါဘာမွမေျပာလိုေပမဲ့ တခ်ိန္ခ်ိန္ေတာ့ မင္း ငါ့ကိုနားလည္လာၿပီး ငါ့ကိုဆက္သြယ္လာမယ္ထင္ခဲ့တာ"
ထယ္ေယာင္း ေခါင္းငိုက္စိုက္ခ်ထားမိသည္။တသတ္လုံး သူဟာသူ႕ခံစားခ်က္သူ႕ကမၻာထဲမွာ လည္ေနခဲ့သည္။တျခားသူေတြရဲ႕ ခံစားခ်က္အေတြးေတြကို သူျမင္ေအာင္မၾကည့္တတ္ခဲ့။
"ျဖစ္ခဲ့တဲ့ကိစၥေတြက ငါနဲ႕မဆိုင္ဘူးမလား...ငါနဲ႕မဆိုင္ဘူးလို႔ မင္းမထင္ခဲ့ဘူးလား"
ထပ္ငိုေတာ့မလိုနီရဲလာေနေသာ ဂ်ီမင္မ်က္ႏွာက စုၿပဳံေနေသာ ခံစားခ်က္ေတြပြင့္ထြက္လာသလို ထယ္ေယာင္းအကၤ်ီကိုဆြဲဆုတ္၍ ေမးလာသည္။ထို႔ေၾကာင့္ ဂ်ီမင္ကိုခါးကေနဆြဲကာ ထပ္ဖက္လိုက္မိသည္။ထိုခဏ ထိုေကာင္ေလးခႏၶာကိုယ္ တသိမ့္သိမ့္တုန္လာေတာ့သည္။
"ေတာင္းပန္ပါတယ္...ငါ့ခံစားခ်က္ေတြကိုပဲ ေရွ႕တန္းတင္ေနမိတဲ့အတြက္ ေတာင္းပန္ပါတယ္ ငါ ငါ မင္းစိတ္အဆင္ေျပေအာင္ ဘာလုပ္ေပးရမလဲ"
ထယ္ေယာင္းတတြတ္တြတ္ေမးကာ ဂ်ီမင္ေခါင္းကိုနမ္းရိူက္ရင္း ေခ်ာ့ေနမိသည္။မရည္႐ြယ္တဲ့ သူ႕ရဲ႕အျပဳအမူေတြက ဂ်ီမင္စိတ္ထဲဒဏ္ရာျဖစ္ေစခဲ့ၿပီ။
"မင္းရက္စက္တယ္ မင္းအရမ္းရက္စက္တယ္ ငါ့ဘဝမွာ ေမေမၿပီးရင္ မင္းဉီးဆုံးျဖစ္ခဲ့တာေလ ဟင့္!ငါ ငါမသိ ငါမလုပ္တဲ့ကိစၥေတြအတြက္ ငါစြန့္ပစ္ခံရဖို႔သင့္ရဲ႕လား ဟင့္!"
ရိူက္ႀကိးတငင္ငိုကာ ေျပာေနေသာ ဂ်ီမင္ကို ထယ္ေယာင္းတင္းေနေအာင္ဖက္ကာ ေက်ာကိုအသာသပ္ရင္း သူပါငိုမိေတာ့သည္။
"ငါ့ကိုစြန့္ပစ္တုန္းက စြန့္ပစ္ခဲ့ၿပီးမွ မင္းကငါ့ကိုခ်စ္တယ္တဲ့လား ငါ ဘယ္လိုလုပ္ရမလဲ ငါဘယ္လိုလုပ္ရမလဲ အ႐ူးေကာင္ရဲ႕ ငါ့ကိုစိတ္ဆိုးခြင့္ေတာင္မေပးေတာ့ဘူးလား"
"ေတာင္းပန္ပါတယ္...စိတ္ဆိုးပါ ငါ့ကိုႀကိဳက္သေလာက္စိတ္ဆိုးပါ ဒါေပမဲ့ ငါ့နားမွာေနၿပီးပဲ စိတ္ဆိုးေပးပါ..."
ရင္ခြင္ထဲက ငိုရိူက္ေနေသာ ေကာင္ေလးကိုဆြဲထုတ္၍ မ်က္ရည္စမ်ားကိုပြတ္သုတ္ေပးမိသည္။သူပါးျပင္ထက္တြင္လဲ မ်က္ရည္မ်ားျဖင့္စိုလူးေနသည္။
"ငါမွားခဲ့တဲ့အမွားအတြက္ ငါေတာင္းပန္ဖို႔အခြင္ေရးေပးပါ ဂ်ီမင္ရာ"
"ငါအခုခံစားေနရတာေတြက ဂြၽန္ေၾကာင့္နည့္နည္းဆိုရင္ေတာင္ ငါမေျပာျပမခ်င္းတုံးအေနတဲ့ မင္းေၾကာင့္ဆိုတာ တကယ္မသိဘူးလား"
"ေတာင္းပန္ပါတယ္ ငါအခုသိၿပီမို႔ ငါ့ကိုတာဝန္ယူခြင့္ေပးပါ"
"ငါမင္းကို မုန္းပစ္ခ်င္လိုက္တာ"
ဂ်ီမင္ထယ္ေယာင္းကို ၾကည့္ကာခပ္တိုးတိုးေျပာေလသည္။ထိုအခါထယ္ေယာင္းက မ်က္ရည္မ်ားထပ္မံ က်လာကာေခါင္းသြင္သြင္ၿငိမ့္ျပေလသည္။
"အင္းးးမုန္းပါ မင္းအလိုရွိသေလာက္မုန္းပါ...မင္းမုန္းသေလာက္ငါျပန္ခ်စ္ေပးပါ့မယ္...ငါ့နားကသာထြက္မသြားပါနဲ႕"
ထယ္ေယာင္းေျပာရင္းရိူက္ငိုလာကာ ဒီတခါ သူဂ်ီမင္ခါးကိုဖက္၍ ရင္ခြင္ထဲတိုးဝင္မိေတာ့သည္။တကယ္ သူဘာမွမသိခဲ့ပုံမ်ား ဂ်ီမင္ခံစားခ်က္ေတြကို သူကိုယ္တိုင္ေျပာမွသိရသည္။တုံးအလြန္းတဲ့သူက ပစ္ထားခံရရန္တကယ္ကို ထိုက္တန္ပါသည္။သို႔ေသာ္ တစ္ကိုယ္ေကာင္းဆန္စြာ ဂ်ီမင္ကိုသူမရမက ဆြဲထားရအုန္းမည္။
"ငါမင္းကို အရမ္းခ်စ္လို႔ပါ ဂ်ီမင္"
သူ႕စကားၾကားလွ်င္ ဂ်ီမင္က သက္ျပင္းခ်ကာ စိတ္ထဲကေန စကားေတြအမ်ားႀကီးေျပာေနမိေတာ့သည္။
*အရင္ကတည္းက ငါ့ကိုျပဳစားတတ္တဲ့မင္းက ခုထိျပဳစားေနတုန္းပါပဲလား...အရင္ထဲက တကိုယ္ေကာင္းဆန္တဲ့မင္းက ခုထိလဲတကိုယ္ေကာင္းဆန္ေနတုန္းပါပဲလား ထယ္ေယာင္းရ*
ရင္ခြင္ထဲအတင္းတိုးဝင္ေနေသာထယ္ေယာင္းကို ဆြဲကာမ်က္ႏွာကိုေမာ့ယူၾကည့္လိုက္သည္။ငိုေနေသာမ်က္လုံးမ်ားကရဲ၍ ကေလးတေယာက္လိုငိုရိူက္ေနပုံက သူမုန္းပစ္ရန္ႀကိဳးစားလို႔ရမည္လား။ထို႔ေၾကာင့္ ထယ္ေယာင္းမ်က္ႏွာကို စိုက္ၾကည့္ကာသူတလုံးခ်င္းေျပာလိုက္သည္။
"ေနာင္တခ်ိန္ ငါ့အခ်စ္ေကာ ငါ့အမုန္းကိုပါ ႏွစ္မ်ိဳးလုံးခံစားေစရမယ္လို႔ ကတိျပဳတယ္ ကင္ထယ္ေယာင္း"
ထိုအခါ ထယ္ေယာင္းက ေခါင္းသြင္သြင္ၿငိမ့္ျပေလသည္။ထို႔ေနာက္ အထက္စီးမွေငးၾကည့္ေနေသာ ဂ်ီမင္မ်က္ႏွာကို ဆြဲခ်၍ အမုန္းေတြေၾကာင့္ခါးသက္မည္လား အခ်စ္ေၾကာင့္ခ်ိဳျမမည္လား ေသခ်ာမသိသည့္ ႏူတ္ခမ္းဖူးကို စူးစမ္းရန္ ငုံေထြးလိုက္ေလေတာ့သည္။
*ပတ္ဂ်ီမင္ေပးသမွ်အရာရာကို သူလက္ခံဖို႔အသင့္ပါပဲလို႔ ျပန္ကတိျပဳပါရေစ*
+++++++
ၿပီးပါၿပီ။ficနဲ႕ပတ္သတ္ၿပီး မရွင္းတဲ့ေနရာရွိရင္ေမးၾကပါ။တို႔လဲတခုျပန္ေမးခ်င္ပါတယ္။ဂ်ီမင္ ထယ္ေယာင္းနားက ထြက္သြားဖို႔ႀကိဳးစားတဲ့ အေၾကာင္းအရင္းမွန္က ဘာလဲ?ဂြၽန္ေၾကာင့္လား?ထယ္ေယာင္း ေၾကာင့္လား?
ဘာျဖစ္ျဖစ္ သၾကၤန္အႀကိဳကေန ေရးတင္ေပးလိုက္တာ 10ရက္ေလာက္ၾကာခဲ့တယ္ေပါ့ေနာ္။စာေရးစာဖတ္ႏွေးတဲ့အက်င့္ရွိတဲ့တို႔က ဒီကာလေလးအတြင္းမွာ ေရးနိုင္ခဲ့တဲ့ကိုယ့္ကိုအျပင္ ေစာင့္ဖတ္ေပးၾကတဲ့ သူေလးေတြကို တကယ္ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
🍀🍀🍀🍀🍀🍀🍀