FLASHBACK

By Park_Vanna

9.3K 992 76

ဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ? More

အမှာစာ
🍀1🍀
🍀2🍀
🍀3🍀
🍀4🍀
🍀5🍀
🍀6🍀
🍀7🍀
🍀8🍀
🍀9🍀
🍀10🍀
🍀11🍀
🍀12🍀
🍀13🍀
🍀14🍀
🍀16 (END)🍀
အခန်းပို(1)
အခန်းပို (2)

🍀15🍀

352 44 0
By Park_Vanna

(Unicode)

"မား...ဂျီမင်ပြန်ရောက်ပြီလား"

"ဟင့်အင်း...ဘာဖြစ်လို့လဲ"

ဂျီမင်အိမ်ရှေ့သို့ ကားတရစပ်မောင်းသွားကာ ကားစက်သတ်သည်နှင့် သူအိမ်ထဲတဟုန်ထိုးပြေးဝင်၍ ရှာမိသည်။

"မား...ကျနော့ကိုမလိမ်ပါနဲ့ ဂျီမင်ဘယ်မှာလဲ"

"မား...ဘယ်သိမှာလဲ သားနဲ့ခရီးသွားခဲ့တာလေ မဟုတ်ဘူးလား"

"မဟုတ်ဘူး မားရဲ့သားက ကျနော့်ကိုထားခဲ့တယ်လေ အာ့အရူးကောင်က ကျနော့်ကိုထားခဲ့တယ်"

ခုပြန်စဉ်းစားမိလျှင် ဂျီမင်အကြောင်းသူဘာမှမသိ။ထို့ကြောင့် ဘာလုပ်ရမည်မှန်းတကယ်ကိုမသိပေ။ သူပူထူလာသည်။ကြံရာမရသည့်အဆုံး လက်မှိုင်ချကာ သူငိုချင်လာသည်။လမ်းတ​လျှောက်လုံးလဲ ဂျီမင်ဆီဖုန်းခေါ်ခဲ့ပေမဲ့ စက်ပိတ်ထားကြောင်းသာပြောသည်။

"ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ မားကိုပြော"

နီရဲနေသောမျက်လုံးများက မည်မျှကြေကွဲနေသည်မသိ မားမေးသံကြားလျှင် မျက်ရည်များအလိုလိုကျလာသည်။သူအားကိုးစရာဘယ်လိုက်ရှာရမည်နည်း။မားအား နီရဲနေသောမျက်လုံးများဖြင့်မော့ကြည့်၍ သူနဲ့ဂျီမင်သွားခဲ့သော ခရီးစဉ်အကြောင်းနှင့် ဂျီမင်သူ့အားထားခဲ့ပုံတွေကိုရှင်းပြမိသည်။

"မား...ကျနော် ဘာဆက်လုပ်ရမလဲဟင်"

မားလက်မောင်းကိုဆွဲကာ မျက်ရည်တတွေကြီးနဲ့မေးမိသည်။မားသူအားကြည့်ကာ စိတ်မကောင်းဟန်ဖြင့် ခေါင်းကိုအသာသတ်ပေးလာသည်။ထို့နောက် ဖုန်းတလုံးထုတ်လာ၍ ဂျီမင်ဆီခေါ်လေသည်။သို့​သော် စက်က ပိတ်ထားဆဲပင်ဖြစ်သည်။

"ဒီကလေးဟာ နားလည်ရခက်လိုက်တာ...တအားစိတ်မပူပါနဲ့ မားစုံစမ်းပေးပါ့မယ်"

မားလည်း စိတ်ပူနေမည်ဆိုတာသူသိသည်။သို့သော် ဘာတတ်နိုင်မည်နည်း။ ထယ်ယောင်း ကြမ်းပြင်ထက်အရုပ်ကြိုးပျက်ထိုင်နေရာမှ ထလိုက်သည်။ထို့နောက် မားကိုနူတ်ဆက်ကာ သူ့အိမ်ဆီသို့သာခေါင်းငိုက်စိုက်၍ပြန်လာခဲ့ရသည်။

🍀🍀🍀🍀🍀🍀🍀

"ဟျောင်း...ဟင့်!"

"ထယ်ယောင်းရ...ငိုနေတာလား ဘာဖြစ်တာလဲ"

"သူ..သူကျနော့်ကို ထားခဲ့ပြီ ဟျောင်း"

"ဘယ်သူလဲ...ဘာဖြစ်တာလဲ သေချာပြော ထယ်ယောင်းရ"

ဟိုဘီဟျောင်းက သူ့အားစိတ်ပူ၍ ချော့မေးလေသည်။ဂျီမင်အကြောင်းကိုပြောပြရင်း သူမရှက်နိုင် ငိုမိတော့သည်။နောက်ဆုံး သူ့ငိုသံကြောင့် ဟျောင်းပင်မနေသာတော့ ဂျွန်ထံစုံစမ်းပေးမည့်အကြောင်း ပြောလာလေသည်။

"အင်း စိတ်အရမ်းမပူနဲ့ ငါခုပဲဂျွန်ကိုမေးကြည့်လိုက်မယ်"

ဟိုဘီဟျောင်းက သူ့အားနှစ်သိမ့်ကာ ဖုန်းချသွားသည်။ဂျီမင်နှင့်သူငယ်ငယ်ထဲက သူငယ်ချင်းတွေဖြစ်ခဲ့ကြပေမဲ့ အချိန်တခုမှ သူတို့ဝေးကွာခဲ့ရသည်။ဂျီမင် ကြီးပြင်းလာပုံကိုသူမသိခဲ့။သိရန်မကြိုးစားခဲ့တာဆိုလျှင် ပိုမှန်မည်ထင်သည်။သူလျစ်လျူရူ့ခဲ့မိတာတွေများခဲ့ပြီထင်သည်။

"ဝုတ်!"

ဧည့်ခန်းကြမ်းပြင်မှာပင် ဖြစ်သလိုထိုင်နေသောသူနားကို ယွန်တန်ပြေးလာလေသည်။ထို့ကြောင့် ပွေ့ယူကာပေါင်ပေါ်ကောက်တင်လိုက်သည်။ယွန်တန်က သူ့ဝမ်းနည်းမူကို ခံစားရသည်ထင်၏။သူ့မျက်နှာကို လျှာဖြင့်လိုက်လျက်လေသည်။

"မင်းကို နိုင်တဲ့သခင်ကမရှိတော့ဘူး မင်းနဲ့ငါ့ကိုပစ်ထားခဲ့ပြီ မင်းသိလား"

ထယ်ယောင်းပြောကာ ယွန်တန်အားကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားမိသည်။ခုချိန် ဂျီမင်နဲ့တွေ့ရဖို့ သူဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ဝန်မလေးပေ။

"တူ...တူ"

ထယ်ယောင်း ယွန်တန်ပွေ့ကာ ငူငူငိုင်ငိုင်ထိုင်နေရာမှ ဖုန်းမြည်လာ၍ ကောက်ကိုင်လိုက်သည်။

"ထယ်ယောင်းရ...ခုမြန်မြန်ပြန်လာခဲ့ မနက်ဖြန်ဂျီမင်က တိုက်ခန်းအပ်ပြီး ထွက်သွားတော့မယ်လို့ကြားတယ်တဲ့"

"ဘာ!"

ထယ်ယောင်း တကိုယ်လုံးတုန်ကာထိတ်လန့်သွားသည်။ ဂျီမင်ဘာတွေတွေးနေသနည်း။လက်လွှတ်လိုက်ရမည်စိုးသောစိတ်ကတဖတ် မဟုတ်မဟက်အတွေးတွေဖြင့် လျှောက်လုပ်နေသော ဂျီမင်ကိုစိတ်တိုလာသည်က တဖက်လွန်ဆွဲလာသည်။

"ဟျောင်း...လိပ်စာပို့ထားပေး...ကျနော် ခုပြန်လာမယ်"

ထယ်ယောင်း ခုပဲခရီးရောက်ရောက်ချင်းအိတ်ကိုဆွဲကာ ကားထဲပစ်ထည့်လိုက်သည်။ထို့နောက် ခြံစည်းရိုးနားကပ်ကာ မားကိုအော်ခေါ်လိုက်သည်။မားက သူ့အသံကြောင့် ပြာပြာသလဲထွက်လာသည်အားမြင်လျှင် ဂျီမင်ကိုတွေ့ပြီဖြစ်​ကြောင်းပြောလိုက်သည်။ထိုအခါ မားက မျက်ရည်စမ်းစမ်းဖြင့် ဝမ်းသာစွာ ကောင်ဆိုးလေးကိုသူ့နားပြန်ခေါ်လာရန်မှာလေသည်။

"စိတ်ချမား...သား ပြန်ခေါ်လာခဲ့မယ် ဒါနဲ့ ယွန်တန်ကို မား ခဏခေါ်ထားပေးပါ"

"အေးအေး ပေးခဲ့ ပေးခဲ့"

သူခေါင်းငြိမ့်ကာ ယွန်တန်ကိုပွေ့၍ တဖက်ခြံစည်းရိုးကနေကျော်ကာ မားလက်အပ်လိုက်သည်။ထို့နောက် ကားပေါ်တတ်၍ သူ့မြို့သို့အမြန်ထွက်ခွာခဲ့တော့သည်။စိတ်အလွန်လှုပ်ရှားနေမိသည်။ထို့ကြောင့် ဂျီမင်နံမည်နှင့်မှတ်ထားသော နံပါတ်ကိုဆက်ရလိုရငြား ထပ်ခေါ်ကြည့်လိုက်သည်။ထုံးစံအတိုင်းပင်ဖြစ်သည်။

"ကျစ်...ဂျီမင်ရာ ကျေးဇူးပြုပြီးတော့ ငါ့ကိုစောင့်ပေးပါ"

🍀🍀🍀🍀🍀🍀🍀

ဟျောင်းပို့လိုက်သော လိပ်စာအတိုင်းသူ တောက်လျှောက်မောင်းလာခဲ့သည်။တိုက်တန်းတွေရှိရာ မိန်းပေါက်ကနေ ဝင်ချလာ၍ တိုက်နံပါတ်တွေကို ​ကားနှင့်တပတ်ပတ်ကာ ရှာမိသည်။

*တွေ့ပါပြီ*

ဂျီမင်နေသော တိုက်နံပါတ်ကိုတွေ့လျှင် ထိုတိုက်အောက်ဘက်သို့ဝင်လာကာ ကားပါကင်ကျယ်ဆီသွား၍ ကားသွားထိုးလိုက်သည်။ထို့နောက် ကားထဲမှအမြန်ထွက်ကာ ဂျီမင်အခန်းရှိရာသို့အမြန်တက်လာခဲ့သည်။

*ဂျီမင်နှင့်တွေ့ရင် သူဘာပြောရမည်နည်း။ဂျီမင်ကရော သူ့ကိုတွေ့လျှင် မည်သို့ဆက်ဆံမည်နည်း။အတိုင်းအတာတခုထိ ရင်းနှီးပြီးတဲ့နောက် ဂျီမင်သည် သေချာပေါက်သူ့အပိုင်ဟုသာ မှတ်ယူထားခဲ့သည်။*

"တင်း"

ဂျီမင်အခန်းသို့သွားရာ ဓာတ်လှေကားပွင့်လာလျှင် အမြန်ပြေးထွက်ကာ အခန်းနံပါတ်များကိုလိုက်ကြည့်၍ ရှာမိသည်။ထိုချိန် ဂျီမင်အခန်းဟုယူဆရသော အခန်းတခုဆီမှ လူတယောက်ထွက်လာလေသည်။

"ဒီမှာဗျ...ဒီမှာ ဒါပတ်ဂျီမင်အခန်းဟုတ်သလားဗျ"

"အေး...ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

"သူ..သူအထဲမှာရှိလားဗျ"

ဂျီမင်အခန်းမှန်သည်နှင့် ထယ်ယောင်းစိတ်လောစွာ အခန်းတံခါးဆွဲဖွင့်ရန်အပြု ထိုလူက ဟန့်တားလာသည်။

"ခဏ..ခဏ..ပတ်ဂျီမင်အခန်းဆိုပေမဲ့ ခုသူဒီမှာမရှိတော့ဘူး အခန်းအပ်သွားပြီ"

"ဗျာ...ဘယ် ဘယ်တုန်းကလဲ"

"ခုပဲ အပ်ပြီးဆင်းသွားတယ်လေ"

ထိုလူစကားက ထယ်ယောင်းခေါင်းကို ဆယ်ပေါင်တူနှင့်ထုချလိုက်သလို ခံစားရသည်။ဟာခနဲဖြစ်သွားသော ခံစားချက်နှင့်ထိုနေရာမှ ပြေးထွက်လာမိသည်။ဓာတ်လှေကားလဲမစောင့်မိ။အရေးပေါ်လှေကားကနေသာ တောက်လျောက်ပြေးဆင်းခဲ့မိသည်။ထို့ပြင် သူ့ကိုယ်သူသာအပြစ်ဖို့လိုက်ချင်သည်။သူသာကားကို ဒီထက်မြန်မြန်မောင်းခဲ့မယ်ဆိုပါလျှင်...။

"ဂျီမင်!!!"

ကားပါကင်နားအရောက် လူတပတ်လှည်သည်ထိ ဂျီမင်နံမည်အော်ကာ ခေါ်မိသည်။သို့သော် လူရိပ်လူချေမတွေ့။ ဘယ်ထွက်သွားခဲ့သနည်း။သူအော်ငိုပစ်ချင်လာသည်။ထို့နောက် ကားထဲအမြန်ဝင်ကာ ထိုနေရာမှထွက်ခွာလာခဲ့လိုက်သည်။

*ကျေးဇူးပြုပြီး ငါ့ကိုအခွင့်အရေးပေးပါ*

ထိုတိုက်တန်းဝန်းကနေ ပြန်ထွက်လာကာလမ်းမတလျှောက်သွားလာနေသော လူများကြား ကားမောင်းရင်း လိုက်ရှာကြည့်မိသည်။

"တီ...တီ"

"ဟေ့လူ ကားဘယ်လိုမောင်းနေတာလဲ"

သူ့ကိုဘယ်သူတွေဘာပြောပြော ဂရုမစိုက်အား ဂျီမင်ကိုရှာတွေ့ရန်သာကြိုးစားနေမိသည်။သို့သော် သွားလာနေကြသောလူများကြား ဂျီမင်အရိပ်အယောင်ပင်မတွေ့။သူတဖြည်းဖြည်း စိတ်ဓာတ်ကျလာရသည်။ထိုစဉ်...

"ဟင်..ဂျီမင်"

ဘတ်စ်ကား မှတ်တိုင်တခုနှင့်မလှမ်းမကမ်းအရောက် ခရီးဆောင်အိတ်တလုံးနှင့်မတ်တပ်ရပ်နေသော ဂျီမင်ကိုတွေ့လိုက်ရသည်။ဒိန်းခနဲသူ့နှလုံးသွေးတို့ဆောင့်ခုန်လာသည်။ထို့နောက် ကားပေါ်မှမြန်မြန်ဆင်းကာ ဂျီမင်ရှိရာသို့​ပြေးသွားမိသည်။

"ဂျီမင်"

သူ့အသံကြား၍ လှည့်ကြည့်လာသောဂျီမင်က အံသြကာ မျက်လုံးများဝိုင်းခနဲဖြစ်ပြီး အလန့်တကြားနောက်ဆုတ်လေသည်။တိုက်ဆိုင်စွာပင် ဘတ်စ်ကားတစီးဆိုက်လာသဖြင့် ဂျီမင်သူ့အထုတ်သူဆွဲကာ ကားပေါ်ပြေးတတ်ရန်ပြင်လေသည်။

"လွှတ်စမ်း!"

"မလွှတ်ဘူး!"

"ကင်ထယ်ယောင်း ငါပြောနေတယ် လွှတ်လိုက်စမ်း"

"မလွှတ်ဘူး...ငါလွှတ်ရင်မင်းထွက်ပြေးမှာပေါ့"

ပလပ်ဖောင်းပေါ်တွင် ခရီးဆောင်အိတ်ကိုတယောက်တဖက်လုနေကြသဖြင့် လူအများကဝိုင်းကြည့်လာသည်။

" မင်းမရှက်ဘူးလား မင်းမရှက်ပေမဲ့ ငါရှက်တယ် လွှတ် ကင်ထယ်ယောင်း"

"ကျစ်"

သူ့အားကတ်ကတ်လန်အောင် ရန်တွေ့နေသောဂျီမင်ကြောင့် သူဆုတ်သတ်မိသည်။ဒီတိုင်းပြောနေရုံနဲ့မရတော့...။ထို့ကြောင့် တယောက်တဖက်ဆွဲနေသော ခရီးဆောင်အိတ်ကို ဘေးတွန်းထုတ်၍ ဂျီမင်လက်ကိုဆက်ခနဲဆွဲကာ ပေါ့ပါးသောခန္ဓာကိုယ်ကို ပခုံးထက်ကောက်တင်လိုက်သည်။

"ကင်ထယ်ယောင်း...ခုပြန်ချပေး...ငါပြောနေတယ်နော် ခုပြန်ချပေးလို့"

ပခုံးထက်ဇောက်ထိုးဖြစ်နေသော ဂျီမင်က ထယ်ယောင်းနောက်ကျောကိုတအုန်းအုန်းချကာ အော်ဟစ်နေလေသည်။ဂျီမင်ဘယ်လောက်အော်အော် ထယ်ယောင်းမမှု ပေါ့ပါးသောကောင်လေးကိုထမ်းကာ လက်တဖက်ကခရီးဆောင်အိတ်ဆွဲ၍ ကားဆီသို့မရမက ပြန်ခေါ်လာခဲ့တော့သည်။

April 23,2023.

🍀🍀🍀🍀🍀🍀🍀

(Zawgyi)

"မား...ဂ်ီမင္ျပန္ေရာက္ၿပီလား"

"ဟင့္အင္း...ဘာျဖစ္လို႔လဲ"

ဂ်ီမင္အိမ္ေရွ႕သို႔ ကားတရစပ္ေမာင္းသြားကာ ကားစက္သတ္သည္ႏွင့္ သူအိမ္ထဲတဟုန္ထိုးေျပးဝင္၍ ရွာမိသည္။

"မား...က်ေနာ့ကိုမလိမ္ပါနဲ႕ ဂ်ီမင္ဘယ္မွာလဲ"

"မား...ဘယ္သိမွာလဲ သားနဲ႕ခရီးသြားခဲ့တာေလ မဟုတ္ဘူးလား"

"မဟုတ္ဘူး မားရဲ႕သားက က်ေနာ့္ကိုထားခဲ့တယ္ေလ အာ့အ႐ူးေကာင္က က်ေနာ့္ကိုထားခဲ့တယ္"

ခုျပန္စဥ္းစားမိလွ်င္ ဂ်ီမင္အေၾကာင္းသူဘာမွမသိ။ထို႔ေၾကာင့္ ဘာလုပ္ရမည္မွန္းတကယ္ကိုမသိေပ။ သူပူထူလာသည္။ႀကံရာမရသည့္အဆုံး လက္မွိုင္ခ်ကာ သူငိုခ်င္လာသည္။လမ္းတေလွ်ာက္လုံးလဲ ဂ်ီမင္ဆီဖုန္းေခၚခဲ့ေပမဲ့ စက္ပိတ္ထားေၾကာင္းသာေျပာသည္။

"ဘာျဖစ္တာလဲ ဘယ္လိုျဖစ္တာလဲ မားကိုေျပာ"

နီရဲေနေသာမ်က္လုံးမ်ားက မည္မွ်ေၾကကြဲေနသည္မသိ မားေမးသံၾကားလွ်င္ မ်က္ရည္မ်ားအလိုလိုက်လာသည္။သူအားကိုးစရာဘယ္လိုက္ရွာရမည္နည္း။မားအား နီရဲေနေသာမ်က္လုံးမ်ားျဖင့္ေမာ့ၾကည့္၍ သူနဲ႕ဂ်ီမင္သြားခဲ့ေသာ ခရီးစဥ္အေၾကာင္းႏွင့္ ဂ်ီမင္သူ႕အားထားခဲ့ပုံေတြကိုရွင္းျပမိသည္။

"မား...က်ေနာ္ ဘာဆက္လုပ္ရမလဲဟင္"

မားလက္ေမာင္းကိုဆြဲကာ မ်က္ရည္တေတြႀကီးနဲ႕ေမးမိသည္။မားသူအားၾကည့္ကာ စိတ္မေကာင္းဟန္ျဖင့္ ေခါင္းကိုအသာသတ္ေပးလာသည္။ထို႔ေနာက္ ဖုန္းတလုံးထုတ္လာ၍ ဂ်ီမင္ဆီေခၚေလသည္။သို႔ေသာ္ စက္က ပိတ္ထားဆဲပင္ျဖစ္သည္။

"ဒီကေလးဟာ နားလည္ရခက္လိုက္တာ...တအားစိတ္မပူပါနဲ႕ မားစုံစမ္းေပးပါ့မယ္"

မားလည္း စိတ္ပူေနမည္ဆိုတာသူသိသည္။သို႔ေသာ္ ဘာတတ္နိုင္မည္နည္း။ ထယ္ေယာင္း ၾကမ္းျပင္ထက္အ႐ုပ္ႀကိဳးပ်က္ထိုင္ေနရာမွ ထလိုက္သည္။ထို႔ေနာက္ မားကိုႏူတ္ဆက္ကာ သူ႕အိမ္ဆီသို႔သာေခါင္းငိုက္စိုက္၍ျပန္လာခဲ့ရသည္။

🍀🍀🍀🍀🍀🍀🍀

"ေဟ်ာင္း...ဟင့္!"

"ထယ္ေယာင္းရ...ငိုေနတာလား ဘာျဖစ္တာလဲ"

"သူ..သူက်ေနာ့္ကို ထားခဲ့ၿပီ ေဟ်ာင္း"

"ဘယ္သူလဲ...ဘာျဖစ္တာလဲ ေသခ်ာေျပာ ထယ္ေယာင္းရ"

ဟိုဘီေဟ်ာင္းက သူ႕အားစိတ္ပူ၍ ေခ်ာ့ေမးေလသည္။ဂ်ီမင္အေၾကာင္းကိုေျပာျပရင္း သူမရွက္နိုင္ ငိုမိေတာ့သည္။ေနာက္ဆုံး သူ႕ငိုသံေၾကာင့္ ေဟ်ာင္းပင္မေနသာေတာ့ ဂြၽန္ထံစုံစမ္းေပးမည့္အေၾကာင္း ေျပာလာေလသည္။

"အင္း စိတ္အရမ္းမပူနဲ႕ ငါခုပဲဂြၽန္ကိုေမးၾကည့္လိုက္မယ္"

ဟိုဘီေဟ်ာင္းက သူ႕အားႏွစ္သိမ့္ကာ ဖုန္းခ်သြားသည္။ဂ်ီမင္ႏွင့္သူငယ္ငယ္ထဲက သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကေပမဲ့ အခ်ိန္တခုမွ သူတို႔ေဝးကြာခဲ့ရသည္။ဂ်ီမင္ ႀကီးျပင္းလာပုံကိုသူမသိခဲ့။သိရန္မႀကိဳးစားခဲ့တာဆိုလွ်င္ ပိုမွန္မည္ထင္သည္။သူလ်စ္လ်ဴ႐ူ႕ခဲ့မိတာေတြမ်ားခဲ့ၿပီထင္သည္။

"ဝုတ္!"

ဧည့္ခန္းၾကမ္းျပင္မွာပင္ ျဖစ္သလိုထိုင္ေနေသာသူနားကို ယြန္တန္ေျပးလာေလသည္။ထို႔ေၾကာင့္ ေပြ႕ယူကာေပါင္ေပၚေကာက္တင္လိုက္သည္။ယြန္တန္က သူ႕ဝမ္းနည္းမူကို ခံစားရသည္ထင္၏။သူ႕မ်က္ႏွာကို လွ်ာျဖင့္လိုက္လ်က္ေလသည္။

"မင္းကို နိုင္တဲ့သခင္ကမရွိေတာ့ဘူး မင္းနဲ႕ငါ့ကိုပစ္ထားခဲ့ၿပီ မင္းသိလား"

ထယ္ေယာင္းေျပာကာ ယြန္တန္အားက်စ္က်စ္ပါေအာင္ ေပြ႕ဖက္ထားမိသည္။ခုခ်ိန္ ဂ်ီမင္နဲ႕ေတြ႕ရဖို႔ သူဘာပဲလုပ္ရလုပ္ရ လုပ္ဖို႔ဝန္မေလးေပ။

"တူ...တူ"

ထယ္ေယာင္း ယြန္တန္ေပြ႕ကာ ငူငူငိုင္ငိုင္ထိုင္ေနရာမွ ဖုန္းျမည္လာ၍ ေကာက္ကိုင္လိုက္သည္။

"ထယ္ေယာင္းရ...ခုျမန္ျမန္ျပန္လာခဲ့ မနက္ျဖန္ဂ်ီမင္က တိုက္ခန္းအပ္ၿပီး ထြက္သြားေတာ့မယ္လို႔ၾကားတယ္တဲ့"

"ဘာ!"

ထယ္ေယာင္း တကိုယ္လုံးတုန္ကာထိတ္လန့္သြားသည္။ ဂ်ီမင္ဘာေတြေတြးေနသနည္း။လက္လႊတ္လိုက္ရမည္စိုးေသာစိတ္ကတဖတ္ မဟုတ္မဟက္အေတြးေတြျဖင့္ ေလွ်ာက္လုပ္ေနေသာ ဂ်ီမင္ကိုစိတ္တိုလာသည္က တဖက္လြန္ဆြဲလာသည္။

"ေဟ်ာင္း...လိပ္စာပို႔ထားေပး...က်ေနာ္ ခုျပန္လာမယ္"

ထယ္ေယာင္း ခုပဲခရီးေရာက္ေရာက္ခ်င္းအိတ္ကိုဆြဲကာ ကားထဲပစ္ထည့္လိုက္သည္။ထို႔ေနာက္ ၿခံစည္းရိုးနားကပ္ကာ မားကိုေအာ္ေခၚလိုက္သည္။မားက သူ႕အသံေၾကာင့္ ျပာျပာသလဲထြက္လာသည္အားျမင္လွ်င္ ဂ်ီမင္ကိုေတြ႕ၿပီျဖစ္ေၾကာင္းေျပာလိုက္သည္။ထိုအခါ မားက မ်က္ရည္စမ္းစမ္းျဖင့္ ဝမ္းသာစြာ ေကာင္ဆိုးေလးကိုသူ႕နားျပန္ေခၚလာရန္မွာေလသည္။

"စိတ္ခ်မား...သား ျပန္ေခၚလာခဲ့မယ္ ဒါနဲ႕ ယြန္တန္ကို မား ခဏေခၚထားေပးပါ"

"ေအးေအး ေပးခဲ့ ေပးခဲ့"

သူေခါင္းၿငိမ့္ကာ ယြန္တန္ကိုေပြ႕၍ တဖက္ၿခံစည္းရိုးကေနေက်ာ္ကာ မားလက္အပ္လိုက္သည္။ထို႔ေနာက္ ကားေပၚတတ္၍ သူ႕ၿမိဳ႕သို႔အျမန္ထြက္ခြာခဲ့ေတာ့သည္။စိတ္အလြန္လႈပ္ရွားေနမိသည္။ထို႔ေၾကာင့္ ဂ်ီမင္နံမည္ႏွင့္မွတ္ထားေသာ နံပါတ္ကိုဆက္ရလိုရျငား ထပ္ေခၚၾကည့္လိုက္သည္။ထုံးစံအတိုင္းပင္ျဖစ္သည္။

"က်စ္...ဂ်ီမင္ရာ ေက်းဇူးျပဳၿပီးေတာ့ ငါ့ကိုေစာင့္ေပးပါ"

🍀🍀🍀🍀🍀🍀🍀

ေဟ်ာင္းပို႔လိုက္ေသာ လိပ္စာအတိုင္းသူ ေတာက္ေလွ်ာက္ေမာင္းလာခဲ့သည္။တိုက္တန္းေတြရွိရာ မိန္းေပါက္ကေန ဝင္ခ်လာ၍ တိုက္နံပါတ္ေတြကို ကားႏွင့္တပတ္ပတ္ကာ ရွာမိသည္။

*ေတြ႕ပါၿပီ*

ဂ်ီမင္ေနေသာ တိုက္နံပါတ္ကိုေတြ႕လွ်င္ ထိုတိုက္ေအာက္ဘက္သို႔ဝင္လာကာ ကားပါကင္က်ယ္ဆီသြား၍ ကားသြားထိုးလိုက္သည္။ထို႔ေနာက္ ကားထဲမွအျမန္ထြက္ကာ ဂ်ီမင္အခန္းရွိရာသို႔အျမန္တက္လာခဲ့သည္။

*ဂ်ီမင္ႏွင့္ေတြ႕ရင္ သူဘာေျပာရမည္နည္း။ဂ်ီမင္ကေရာ သူ႕ကိုေတြ႕လွ်င္ မည္သို႔ဆက္ဆံမည္နည္း။အတိုင္းအတာတခုထိ ရင္းႏွီးၿပီးတဲ့ေနာက္ ဂ်ီမင္သည္ ေသခ်ာေပါက္သူ႕အပိုင္ဟုသာ မွတ္ယူထားခဲ့သည္။*

"တင္း"

ဂ်ီမင္အခန္းသို႔သြားရာ ဓာတ္ေလွကားပြင့္လာလွ်င္ အျမန္ေျပးထြက္ကာ အခန္းနံပါတ္မ်ားကိုလိုက္ၾကည့္၍ ရွာမိသည္။ထိုခ်ိန္ ဂ်ီမင္အခန္းဟုယူဆရေသာ အခန္းတခုဆီမွ လူတေယာက္ထြက္လာေလသည္။

"ဒီမွာဗ်...ဒီမွာ ဒါပတ္ဂ်ီမင္အခန္းဟုတ္သလားဗ်"

"ေအး...ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ"

"သူ..သူအထဲမွာရွိလားဗ်"

ဂ်ီမင္အခန္းမွန္သည္ႏွင့္ ထယ္ေယာင္းစိတ္ေလာစြာ အခန္းတံခါးဆြဲဖြင့္ရန္အျပဳ ထိုလူက ဟန့္တားလာသည္။

"ခဏ..ခဏ..ပတ္ဂ်ီမင္အခန္းဆိုေပမဲ့ ခုသူဒီမွာမရွိေတာ့ဘူး အခန္းအပ္သြားၿပီ"

"ဗ်ာ...ဘယ္ ဘယ္တုန္းကလဲ"

"ခုပဲ အပ္ၿပီးဆင္းသြားတယ္ေလ"

ထိုလူစကားက ထယ္ေယာင္းေခါင္းကို ဆယ္ေပါင္တူႏွင့္ထုခ်လိဳက္သလို ခံစားရသည္။ဟာခနဲျဖစ္သြားေသာ ခံစားခ်က္ႏွင့္ထိုေနရာမွ ေျပးထြက္လာမိသည္။ဓာတ္ေလွကားလဲမေစာင့္မိ။အေရးေပၚေလွကားကေနသာ ေတာက္ေလ်ာက္ေျပးဆင္းခဲ့မိသည္။ထို႔ျပင္ သူ႕ကိုယ္သူသာအျပစ္ဖို႔လိုက္ခ်င္သည္။သူသာကားကို ဒီထက္ျမန္ျမန္ေမာင္းခဲ့မယ္ဆိုပါလွ်င္...။

"ဂ်ီမင္!!!"

ကားပါကင္နားအေရာက္ လူတပတ္လွည္သည္ထိ ဂ်ီမင္နံမည္ေအာ္ကာ ေခၚမိသည္။သို႔ေသာ္ လူရိပ္လူေခ်မေတြ႕။ ဘယ္ထြက္သြားခဲ့သနည္း။သူေအာ္ငိုပစ္ခ်င္လာသည္။ထို႔ေနာက္ ကားထဲအျမန္ဝင္ကာ ထိုေနရာမွထြက္ခြာလာခဲ့လိုက္သည္။

*ေက်းဇူးျပဳၿပီး ငါ့ကိုအခြင့္အေရးေပးပါ*

ထိုတိုက္တန္းဝန္းကေန ျပန္ထြက္လာကာလမ္းမတေလွ်ာက္သြားလာေနေသာ လူမ်ားၾကား ကားေမာင္းရင္း လိုက္ရွာၾကည့္မိသည္။

"တီ...တီ"

"ေဟ့လူ ကားဘယ္လိုေမာင္းေနတာလဲ"

သူ႕ကိုဘယ္သူေတြဘာေျပာေျပာ ဂ႐ုမစိုက္အား ဂ်ီမင္ကိုရွာေတြ႕ရန္သာႀကိဳးစားေနမိသည္။သို႔ေသာ္ သြားလာေနၾကေသာလူမ်ားၾကား ဂ်ီမင္အရိပ္အေယာင္ပင္မေတြ႕။သူတျဖည္းျဖည္း စိတ္ဓာတ္က်လာရသည္။ထိုစဥ္...

"ဟင္..ဂ်ီမင္"

ဘတ္စ္ကား မွတ္တိုင္တခုႏွင့္မလွမ္းမကမ္းအေရာက္ ခရီးေဆာင္အိတ္တလုံးႏွင့္မတ္တပ္ရပ္ေနေသာ ဂ်ီမင္ကိုေတြ႕လိုက္ရသည္။ဒိန္းခနဲသူ႕ႏွလုံးေသြးတို႔ေဆာင့္ခုန္လာသည္။ထို႔ေနာက္ ကားေပၚမွျမန္ျမန္ဆင္းကာ ဂ်ီမင္ရွိရာသို႔ေျပးသြားမိသည္။

"ဂ်ီမင္"

သူ႕အသံၾကား၍ လွည့္ၾကည့္လာေသာဂ်ီမင္က အံၾသကာ မ်က္လုံးမ်ားဝိုင္းခနဲျဖစ္ၿပီး အလန့္တၾကားေနာက္ဆုတ္ေလသည္။တိုက္ဆိုင္စြာပင္ ဘတ္စ္ကားတစီးဆိုက္လာသျဖင့္ ဂ်ီမင္သူ႕အထုတ္သူဆြဲကာ ကားေပၚေျပးတတ္ရန္ျပင္ေလသည္။

"လႊတ္စမ္း!"

"မလႊတ္ဘူး!"

"ကင္ထယ္ေယာင္း ငါေျပာေနတယ္ လႊတ္လိုက္စမ္း"

"မလႊတ္ဘူး...ငါလႊတ္ရင္မင္းထြက္ေျပးမွာေပါ့"

ပလပ္ေဖာင္းေပၚတြင္ ခရီးေဆာင္အိတ္ကိုတေယာက္တဖက္လုေနၾကသျဖင့္ လူအမ်ားကဝိုင္းၾကည့္လာသည္။

" မင္းမရွက္ဘူးလား မင္းမရွက္ေပမဲ့ ငါရွက္တယ္ လႊတ္ ကင္ထယ္ေယာင္း"

"က်စ္"

သူ႕အားကတ္ကတ္လန္ေအာင္ ရန္ေတြ႕ေနေသာဂ်ီမင္ေၾကာင့္ သူဆုတ္သတ္မိသည္။ဒီတိုင္းေျပာေန႐ုံနဲ႕မရေတာ့...။ထို႔ေၾကာင့္ တေယာက္တဖက္ဆြဲေနေသာ ခရီးေဆာင္အိတ္ကို ေဘးတြန္းထုတ္၍ ဂ်ီမင္လက္ကိုဆက္ခနဲဆြဲကာ ေပါ့ပါးေသာခႏၶာကိုယ္ကို ပခုံးထက္ေကာက္တင္လိုက္သည္။

"ကင္ထယ္ေယာင္း...ခုျပန္ခ်ေပး...ငါေျပာေနတယ္ေနာ္ ခုျပန္ခ်ေပးလို႔"

ပခုံးထက္ေဇာက္ထိုးျဖစ္ေနေသာ ဂ်ီမင္က ထယ္ေယာင္းေနာက္ေက်ာကိုတအုန္းအုန္းခ်ကာ ေအာ္ဟစ္ေနေလသည္။ဂ်ီမင္ဘယ္ေလာက္ေအာ္ေအာ္ ထယ္ေယာင္းမမႈ ေပါ့ပါးေသာေကာင္ေလးကိုထမ္းကာ လက္တဖက္ကခရီးေဆာင္အိတ္ဆြဲ၍ ကားဆီသို႔မရမက ျပန္ေခၚလာခဲ့ေတာ့သည္။

April 23,2023.

🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

11.7K 850 5
အမှန်တိုင်းပြောရရင် အချစ်ကို ဦးနဲ့စသိခဲ့တာ♥️ အမွန္တိုင္းေျပာရရင္ အခ်စ္ကို ဦးနဲ႔စသိခဲ့တာ♥️ ! My First Yoonkook Fic ! #September- 1 -2021 #November- 1...
285K 49.3K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
3.1K 142 6
သစ်ခက်စိမ်း ဖန်တီးသော အချစ်ရဲ့သံစဥ်လေးတွေကို အသင်နားဆင်ပေးနိုင်မလား 🌿 သစ္ခက္စိမ္း ဖန္တီးေသာ အခ်စ္ရဲ႕သံစဥ္ေလးေတြကို အသင္နားဆင္ေပးနိုင္မလား 🌿
6.7K 400 17
one shortပါဖက္ၾကည့္ုပါတစ္ဗုဒ္ကိုတစ္ပိုင္းပဲတင္မွာပါမဖက္မိရင္မွားမယ္အေမွာင္ေတြပါတယ္🌚🌚 one shortပါဖက်ကြည့်ုပါတစ်ဗုဒ်ကိုတစ်ပိုင်းပဲတင်မှာပါမဖက်မိရင်မှ...