👑မောင့် အရှင်
By NanNwelTher
196K 5.1K 94
👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ... More
part- 1
part - 2
Part-3
part - 4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part -14
part-15
part -16
part -17
part -18
part -19
part -20
part -21
part -22
part -23
Part 24
part 25
party 26
party 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 39
part 40
part 41
part 42
part 43
Part 44
Part 45
part 46
part - 47
Part - 48
Part 49
Part - 50
Part -51
Part -52
Part - 53
Part - 54
Final part ❤️
Extra -1
part 1(Zawgi)
Part -2(Zawgi)
Part 3 (Zawgi)
Part 4(zawgi)
Part 5 (Zawgi)
Part 6(Zawgi)
Part 7(Zawgi)
part 8(Zawgi)
Part 9(Zawgi)
Part -10(Zawgi)
Part -11 (Zawgi )
Part -12 (Zawgi )
Part -14 (Zawgi )
Part -15 (Zawgi )
Part -16 (Zawgi )
Part -17 (Zawgi )
Part -18 (Zawgi )
Part -19 (Zawgi )
Part -20 (Zawgi )
Part 21 (Zawgi )
Part - 22(Zawgi )
Part-23 (Zawgi )
Part -24(Zawgi)
Part -25(Zawgi)
Part -26(Zawgi)
Part -27(Zawgi )
Part - 28(Zawgi)
Part-29(Zawgi)
Part-30(Zawgi)
Part -13 (Zawgi )
77 4 0
By NanNwelTher
မောင့်အရှင်
#အပိုင်း (၁၃)
ဟွန်း..သူ အရင်က မင်းကုမ္မဏီမှာ လုပ်ဖူးတယ်..ပြောတယ် သိလား..
ဟုတ်လား..ငါမသိလိုက်ဘူးနော်..ဝန်ထမ်းနာမည်တွေ သိပ်မမှတ်မိလို့..
ဟားဟား..ဖြစ်မယ်လေ မင်းပုံစံက နဂိုကတည်းက ဒီလိုဘဲကိုး..
သူရ၏ သဘောရိုးရီသံက သူ့ကို လှောင်ပြောင်နေသလို ခံစားနေစေမိတာ ဘာကြောင့်မှန်းမသိ..။
နာမည်က ဘယ်လို ..
မောင်မောင်တဲ့..သူ TU ကျောင်းဆင်းလေ ဒီဇိုင်းနဲ့ ..ငါတို့ ကုမ္မဏီအတွက် အဖိုးတန်လေး ဖြစ်လာမှာ မောင်မောင် နုတ်ဆက်လိုက်အုံးလေ..
တဖက်က မသိဟန်ဆောင်တာ မောင်မောင်တို့အတွက် ပိုလို့တောင် ကောင်းသေး..။ သူဌေး သူရက မိတ်ဆက်ပေး မဲ့သူ ရှိတယ်ဆိုပြီး ခေါ်လာခဲ့တာ ဒီလူမှန်းမသိခဲ့ပေ။
ဝတ်စားသည့် ပုံစံက စမတ်ကျပြီး သန့်ပြန့်နေပေမဲ့ အတွင်းစိတ်ကို သိပြီးသားဖြစ်တဲ့ မောင်မောင်အတွက်တော့ အထင်ကြီးစရာ ဘာတစ်ခုမှ မရှိချေ..။
မင်္ဂလာပါ..
ပခုံးပေါ်ကို ရောက်လာသည့် ထိုလူ၏ လက်ကြောင့် မောင်မောင် အရှေ့ကို မသိမသာတိုးပြီး ခေါင်းငုံ့ နုတ်ဆက်လိုက်လျှင် လွတ်သွားမည်ထင်ခဲ့ပေမဲ့ ထိုလက်အစုံက ပခုံးပေါ်ရောက်လာခဲ့သည်။
ယတိပြတ် နုတ်ဆက်စကားသံကို ခေတ်လူ မျက်နှာလွဲရင်း ဝိုင်တစ်ခွက်လုံးကို သတိလက်လွတ် မော့သောက် ပစ်လိုက်သည်။
သူဌေး ကျွန်တော် သူငယ်ချင်းတွေ ခေါ်နေလို့ သွားလိုက်အုံးမယ်..
အိုကေ..ကောင်လေး..ပျော်ခဲ့..
မောင်မောင် ဆံပင်အချို့ကို ဖွပေးပြီး ပြုံးနေသည့် သူရ၏ မူအရာကအစ ခေတ်လူ ရင်ထဲ နည်းနည်းမှ ဘဝင်မကျ။
ပိုဆိုးသည်က ဒါကို ပြုံးပြီး လက်ခံနေသည့် ဒီကာလနဂါးကို ပိုပြီး ဒေါသထွက်တယ် ပြောရင် မှားမယ်မထင်။
ရင်ထဲ ဘယ်လိုတွေ ဖြစ်နေမှန်းမသိ..ပူပြီး ဟာသာသာနှင့် ။ မျက်ခုံးတန်းနှစ်ဖက်က ကြုံတက်သွားပြီး ခွက်ထဲ ဝိုင်ကို ပြန်ထည့်သောက် နေမိပြန်သည်။
သောက်လှချည်လား..ငါ့ကောင်ရ..
မင်း.. သူ့အလုပ် လျှောက်လွှာစာရွက်ကို ကိုယ်တိုင်ဖတ်လား
အင်း..ဖတ်တယ်လေ..သူလည်း မင်းမိဘတွေ ရွာကဘဲနော်..အဲတာတောင် မင်းက မသိဘူးလား..
.
မဖြေချင်လို့ သိပ်ဆိတ်နေတာမဟုတ်ဘဲ သူရမေးခွန်းကိုက သူအာရုံမလာခဲ့ပေ..။
အခြားသူတွေနဲ့အတူ သီချင်းသံဖြင့်မျော်ပါ ကနေတဲ့ ကာလနဂါးကို အာရုံရောက်နေ၍ပင်။ သူ့ကိုယ်သူ တကယ့်ယောက်ျားအစစ်ထင်နေတာလား..သူ့ပတ်ပတ်လည် ကနေတဲ့ အားလုံးက ယောက်ျားသားတွေချည်း
မိန်းကလေးဝိုင်းထဲ မသွားဘဲ..အဲဒီနားကို တမင်ရွေးနေတာ ဖြစ်မှာပေါ့..ဒီကောင်က..။
ဒါနဲ့ မင်း သူ့ကို ဘယ်လိုမြင်လဲ 
ဘာကိုလဲ..
ရင်ထဲက ဘဝင်မကျမှုတွေက စကားသံတွေပေါ် ရိုက်ခတ်လာသည်။ အနည်းငယ် မာသွားပေမဲ့ ခေတ်လူ သတိ ပြန်ထားပြီး ..
ဘာကိုပြောနေတာလဲ..
သူ့ကို ပြောနေတာ..မင်းစိုက်ကြည့်နေတော့ အကဲခတ်နေတာမဟုတ်လား..အဲကြောင့်
မောင်မောင်ကို မှေးပင့်ပြ၍ ခေတ်လူ မလုံမလဲ ဖြစ်သွားသည်။
ဘာကို ဘယ်လိုမြင်ရမလဲ..ဒီလိုဘဲပေါ့..တော်ပြီ ငါပြန်တော့မယ်
သူ ယောကျာ်းလေး မဟုတ်ဘူး မိန်းကလေး..အဲဒါကြောင့် အားလုံးထဲမှာ ထင်ပေါ်နေတာဖြစ်မယ်.. ချစ်ဖို့ကောင်းတယ် မဟုတ်လား..လုံးဝ ငါ့ စတိုင်ဘဲ 
သူရ ဝိုင်ခွက်ကို ဖြေးဖြေးယမ်းရင်း လေးလေးနက်နက်ပြောသည်။
မင်းနဲ့ ငါ လောင်းကြေး တစ်ခုလုပ်ကြမလား..ငါ့ကို အချိန် နှစ်လဘဲပေး မောင်မောင်ကို အဲဒီပုံစံကနေ လုံးဝ မိန်းကလေး ဖြစ်အောင် ငါပြောင်းလဲပြမယ်..ဘယ်လိုလဲ..
သူရ အကြောင်း သူပြောပြဖို့ မေ့ခဲ့တာက..သူရဆိုသည်မှာ မိန်းမအလွန်ကြိုက်သူ..။ လွယ်လွယ်နဲ့ရတဲ့သူထက်
ခက်ခက်ခဲခဲ ရတဲ့ မိန်းကလေးကိုမှ စိတ်ဝင်စားသူ..။
ထိုစကားနှင့်ပင် တက္ကသိုလ်ကေျာင်းသားဘဝတုန်းက ျမတ္ကို သူ့ထက် သူရက အရင် တွေ့ပြီး ပိုးပန်းခဲ့၏။
သို့သော် မြတ်ကို သူပိုးပန်းသည်ကလည်း အချစ်ကြောင့်မဟုတ်ဘဲ မာနကြီး၍ ဟူသည့် အချက်ကြောင့် ဆိုတာ သူသိခဲ့၍ မြတ် ကို သိစေချင်၍ အနားချဉ်းကပ်ခဲ့ပေမဲ့ နောက်ဆုံး သူနှင့် မြတ်သာ သမီးရည်းစား ဖြစ်ခဲ့သည်။
ဒီလိုမိန်းကလေးတွေက ပြောင်းလဲဖို့ခက်ပေမဲ့ အချိန်နည်းနည်းပေးပြီး ချည်းကပ်ရင် ခဏဘဲ လုံးဝ ကိုယ်မှ ကိုယ် ဖြစ်သွားတာနော်..
မင်း!! သိနေရဲ့သားနဲ့ အခုန သူ့ကိုအသားယူခဲ့တာလား..သူရ..
ဟွန့်..ခုတစ်ခါကော မင်းငါ့ဆီက လုယူသွားချင်သေးလို့လား..ဒီတစ်ယောက်တော့ မြတ်လို မင်းနောက် ကောက်ကောက်ပါဖို့ မလွယ်ဘူးထင်တယ်နော်..ခေတ်..ဟွန်းးး
စကားကို နောက်နေသလို ရီပြီး ပြောနေ၍ သူရစိတ်ကို အကဲခတ်ဖို့ ခဲယဉ်းလှသည်။ ဘာစကားမှမဆိုနိုင်သေးဘဲ သူရအပြု အမူကို မျက်နှာကြီး နီပြီး စိုက်ကြည့်နေလိုက်သည်။
ဘယ်လိုလဲ..မင်း သဘောတူလား
သူ့ဟာ သူအေးဆေး နေပါစေကွာ..မင်းမှာ မိန်းကလေးတွေ အဲလောက်ရှားလို့လား..
မင်းငါ့အကျင့်သိတယ်မဟုတ်လား..သူရဆိုတာ ခက်ခက်ခဲခဲရတဲ့ အရာကိုမှ စိတ်ဝင်စားတာ..ကဲ ဘယ်လိုလဲ မင်းသဘောတူတယ်ဆိုရင်..
မတူဘူး..လုံးဝ မတူဘူး..
ဝိုင်တွေကြီး ထိုင်သောက်နေတာ ခေါင်းက မူးနောက်နောက် ဖြစ်လာပေမဲ့ ခုထိ လူက အသိကပ်သေးပါသည်။
ဒါပေမဲ့ ရုတ်တရက်ကြီး ဘာကြောင့် မတူဘူးလို့ ပလိုင်းကြီး ထွက်သွားမှန်းလည်း စဉ်းစား၍မရ။ တကယ်ဆို သူ့ဟာသူ ဘယ်လိုလုပ်လုပ် သူနဲ့မဆိုင်တဲ့ ကိစ္စကြီးကို..။
မင်း ရပ်သင့်ပြီ..ဟျောင့်..
ဟိုးးးဟိုးး ခေတ် စိတ်လျော့..စိတ်လျော့..
.
DJ သံ မြူးမြူးကြား စည်းချက်ညီညီ ကနေသည့်လူများထဲ လူကြီးလူငယ် ယောက်ျား၊ မိန်းမ အားလုံးပါသည်။
ကလပ်မဟုတ်ပေမဲ့ အသံလုံခန်းမို့ ကုမ္မဏီစားသောက်ပွဲတွေ အဖွဲ့လိုက် အကြိုက်ပျော်ပါးနိုင်သည့် ခန်းမကြီးဖြစ် ဿည်။
သောက်စရာ စားစရာ အားလုံးရနိုင်သည့်..ထိုနေရာမျိုးကို မောင်မောင် ရောက်ဖူးတာ ပထမဆုံးလို့ ဆိုရင် မှားမည်မဟုတ်..။ ထို့ကြောင့် အသစ်အဆန်းတွေကြားထဲမှာ မောင်မောင် လွတ်လွတ်လပ်လပ် ပျော်ချင်ပါသည်။
ဒီကုမ္မဏီမှာ အလုပ်ဝင်တာ ခုနဲ့ဆို သုံးလ ပြည့်..။ သူဌေးက ပါးပါး မိတ်ဆွေ၏ သားဟု သိရသည်။ ဘာဖြစ်ဖြစ် ကိုယ့် အသိမိတ်ဆွေဆိုတော့ သူ့အတွက် တစ်ခုတော့ ကောင်းသား..။
နာမည်က မောင်မောင်..ဟုတ်တယ်နော်..
ဟုတ်ပါတယ်..
ဘယ်နားက ဘယ်လိုရောက်ချလာလဲ မသိသည့် မိန်းကလေးနှစ်ယောက် ..သူနှင့် သက်တူ ရွယ်တူ လောက်သာ..။
ခင်ချင်လို့ပါ..
ရပါတယ်..
အရမ်းချောတယ်နော်..အစ်ကိုက ညီမစတိုင် သိလား..ညီမနဲ့ တွဲကြည့်မလား
ဟုတ်ကဲ့ ကျေးဇူးနော်..ညီမလေး..ဒါပေမဲ့ ကျွန်တော်က RS နဲ့မို့ပါ
အိုး..နှမြောစရာကြီး..ဒါပေမဲ့ အပြုံးလေးက အသက်မို့..ခွင့်လွတ်ပေးလိုက်မယ် ဟီးဟီး..
ကုမ္မဏီချင်းတူပေမဲ့ အခုမှ တွေ့ဖူးသည့် ထိုမိန်းကလေးတွေနဲ့ အာလာပတလာပ ပြောရင်း သီချင်းနဲ့အတူ စည်းချက်ညီညီ ကနေမိသည်။
ကနေတဲ့လူတွေမှ အများကြီးကို ဘယ်သူမှ ကိုယ့်ကို သတိထားမိမှာလဲမဟုတ်..။
ကိုကြီးမောင်မောင်က ဘယ်မှာနေတာလဲ..
ကျွန်တော်လား မြ.ဟင်း..အွန့်
အမလေး..
အိုး..
မောင်မောင် စကားပင် မဆုံးလိုက်နိုင်ခဲ့..။ ရုတ်တရက်ဆိုသလို လူတစ်ယောက်၏ ကျွမ်းကျင်လှသည့် အနမ်းပင် လယ်ထဲ ရောက်သွားရသည်။
ဘာတွေ ဘယ်လိုဖြစ်နေမှန်းမသိ..အမြင်တွေ ဝေဝါးသွားကာ..ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း မထိန်းချူပ်ထားပါဘဲ နဲ့ လှုပ်ရှားလို့မရသလို..ရင်ခုန်သံတွေကလည်း ပုံမှန်မဟုတ်သာ သေချာသည်။
ထိုသူအနမ်းမှာ မောင်မောင် ခဏသာ ယဇ်မူးသွားခဲ့တာလား..နူးညံ့ပြီး ကြည်နူးစရာကောင်းတဲ့ ဒီအထိအတွေ့မှာ သူမ မျက်လုံးတို့ မိတ်ချမတတ်ဖြစ်သွားရသည့်အခိုက်..
အိုး RS ဆိုတာ ကောင်မလေးထင်ထားတာ..ယောက်ျားလေးကြီးလား..
အိုး..ခုခေတ်ကလည်း အစစ်မတွေအတွက် ဘာမှ မကျန်တော့ဘူး..
ဂေးတွေဟ..
ချက်.. ချက်..!!
ဟား..ဒါ YGCC က သူဌေးမဟုတ်လား..ပွဲကောင်းဘဲဟေ့..ဟားဟား
YGCC သူဌေးက ဂေးတဲ့လား ..ဝါးအားကောင်းမောင်းသံနဲ့
ဖုန်းကင်မရာ မီးရောင်နှင့် လူများ၏ ရုတ်ရုတ်သဲသဲ ဖြစ်သံကြောင့် မောင်မောင် ထိုလူ၏ ရင်ဘက်ကနေ စောင့်တွန်းဖို့ လုပ်ပေမဲ့ထိုလက်နှစ်ဖက်လုံး ဖမ်းချူပ်ခံခဲ့ရပြီး ခန္ဓာကိုယ် တစ်ခုလုံး လေထဲ ရောက်သွားပြီးနောက် သူ့ပခုံးပေါ်မှာ ယှက်ကန်ယှက်ကန် ဖြစ်သွားတော့သည်။
အရင်က တစ်ခုခုဆို အရင်ဆုံး လူသတ်ချင်စိတ်ဖြစ်ပေါ်ပေမဲ့ ခု ဒီအခြေအနေကို ရှက်သည့် စိတ်က တားဆီးမရ..။
မျက်နှာတစ်ခုလုံး နီရဲကာ ရှက်လွန်းလို့ လူက ဘယ်လိုပုံစံမှန်းတောင် မသိတော့ပေ..။
ဟွန့်..ဒီကောင် တကယ်လုပ်သွားတာကွ..အရင်က ဒီလိုမဟုတ်ပါဘူး..သူ့စိတ်ကို အမြဲ ထိန်းချူပ်နိုင်တဲ့သူက
ဟွန့် တစ်ခုခုတော့ တစ်ခုခုပါဘဲ..
သူရ အရှုံးသမားတစ်ယောက်လို ရီကျဲကျဲဖြင့် ဖြေသိမ့်သလို မိမိကိုယ်ကို ပြောနေချိန်..အနား၌ ကင်မရာ တစ်လက်နှင့် လူတစ်ယောက် ရောက်ချလာသည်။
သူဌေး ..မစ်ရှင်ပြီးသွားပါပြီ..
အစကနေ အဆုံးထိပါတယ် ရိုက်ထားတယ်မဟုတ်လား..
ဟုတ်ကဲ့..ကျွန်တော်အတွက် ဒါလေးကော..
ရော့..ဘုတ်..ကင်မရာ ထားခဲ့..
စားပွဲပေါ် ခပ်ပြင်းပြင်းကျသွားသည့် စက္ကူဖြင့် ထုတ်ထားသည့် အိတ်ကို ထိုကင်မရာနှင့် လူ ဝမ်းသားအားရ ကောက်ယူကာ ထွက်သွားသည်။
^^
" တက်..ကားပေါ် !! "
"ဘာလို့ တက်ရမှာလဲကွ..တောက်!! အားးး စိတ်တိုလွန်းလို့သေတော့မယ် ..မင်း ရှုးများ ရှုးသွားတာလား.."
" မင်းကိုပြောရမှာကွ..အဖော်မရှိဘဲ ဒီလိုနေရာ
မျိုးမှာ လာတာ မင်းကိုယ်မင်း သတိထားအုံး ယောကျာ်းလေး မဟုတ်ဘူး နားလည်လား..!!""
" အဲတာ မင်းနဲ့ ဘာဆိုင်လဲလို့! ငါဘယ်လို လာလာ..
မင်းသာ ဂေါက်သွားလို့ အရက်သောက်ထားပြီး
ငါ့ကို လာနမ်းတာ မဟုတ်လား *#*# ကောင် ၊
ခွပ် !! "
" ..........."
သူမ ဘွင်းဘွင်းကြီး ပြောချသည့်အပေါ် အလစ်ငိုက်
နေတုန်း မျက်နှာပေါ်မှာ လက်တီးပျံက နှစ်ချက်လောက်ရောက်လာသည်။
မမှီမကမ်းနဲ့ လှမ်းထိုးလို့ပေါ့ အီစိမ့်ပြီး အသိတရားတွေ ပြန်ဝင်လာခဲ့ပေမဲ့ နောင်းသွားပါပြီ.. ခန့်ညားချောမောလှသည့် ဒီမျက်နှာပေါ်က နှခမ်းမှာ သွေးစလေးတွေက ဘယ်လောက် ပြင်းထန်လဲဆိုတာ သက်သေ..။
ထိုခဏအတွင်း ခေတ်လူ အထိုးခံရတဲ့ မျက်နှာကို ကိုင်ရင်း မောင်မောင်ကို တုန့်ပြန်ဖို့ မေ့လျှော့နေခဲ့၏။
" အ..!! "
" နောက်တစ်ခေါက် ငါ့အသားကို လာထိကြည့်
အဲမှာတင် မင်းနဲ့ငါနဲ့ အတူတူ သေကြမယ်ဆိုတာ မှတ်ထား တောက်!! အရှက်ခွဲခံရပြန်ပြီ ဟူးးး "
မျက်နှာကို ထိုးတာ အားမရသေလို့ ခြေထောက်နဲ့ပါ အကြွေးခံရတဲ့ အဖြစ်..။
မရှိမဲ့ ရှိမဲ့ ဆံပင်တွေကို အပေါ်ပင့်တင်ပြီး ကျိန်းသွား လိုက်တာ ညကြီးမင်းကြီး ကြက်သီးတောင် ထသည်။
" ဟေ့ကောင်!! ဒီနေ့ကိစ္စ မရှိခဲ့ဘူးလို့ မှတ်လိုက်!! "
" ##*** သေချင်းဆိုး!! အဲ ပါးစပ်ပိတ်ထား.."
ပြန်တာတောင် ကောင်းကောင်းမပြန်နိုင်သေးဘူး
လူကို ကျိန်ဆဲသွားတဲ့ကောင်..အဲလိုကောင်ကို ငါက ကြိုက်စရာလား..အတွေးထဲတောင် မိန်းကလေးလို့တောင် မစဉ်းစားမိတာ..။
ဒါကြောင့်လည်း ဒီလို kiss ပေးဖို့ကို သူရ၏လက်က
ဒီကာလနဂါးလွတ်ဖို့ လောင်းကြေးထပ်ခဲ့ရတာပေါ့..။
" မင်း မောင်မောင့်ကို ၁ မိနစ် သွားနမ်းမယ်ဆို
မောင်မောင်ကို မင်းသဘောအတိုင်း ငါလွတ်
ပေးမယ်..ဘယ်လိုလဲ.."
" ကိုကို!!! ဒုန်း!! ဒုန်း..ကိုကို!! တံခါး မြန်မြန် ဖွင့် !!"
"ကျွတ်!! နားငြီးလိုက်တာ..!!"
အခန်းတံခါးကို အလောတကြီး ရိုက်နိုးနေ၍
ခေတ် စိတ်မကြည်စွာ နိုးလာခဲ့သည်။
စပ်လိုက်တဲ့ မျက်လုံးတွေ..မနေ့ည အလုပ် လုပ်တာ များသွား၍ အာရုဏ်တက်ခါနီးမှ အိပ်ဖြစ်တော့ ခေါင်းက မလန်းမဆန်းနဲ့ အတော်လေးကို ကိုက်ခဲနေ၏..။
" ကိုကို!! ကိုကို!!"
" လာပြီ!! သော်သော်ရယ် ဘာလို့ အဲလောက် ..!
အော်ခေါ်နေတာလဲ မနေ့ည ကိုကို အိပ်ရေးပျက်
ထားတာ အနှောက်အယှက် မပေးလို့မရဘူးလား.."
" ဟင့်ဟင့်!! ဒီ လောက် ဖြစ်နေတာတောင်
ကိုကိုက အိပ်နိုင်သေးတယ်..ဟုတ်လား!"
" ဟား..ဒါက ဘယ်လိုဖြစ်တာလဲ ဘာလို့ ငိုနေတာလဲ
မတက်စောစေားစီးစီးကို..!"
" ကိုကို!! ကို သနားလို့ ဘယ်လိုလုပ်ရမလဲ..!ဟီးးး "
" ဘာဖြစ်တာလဲလို့..! သော်သော် ကိုကို စိတ်ပူအောင် မလုပ်တဲ့ "
မျက်စိရှေ့မှာ ညီမဖြစ်သူ ငိုယိုနေတော့ သူခေါင်းမကြည် တဲ့အထဲ စိုးရိမ်စိတ်ကပါ ထပ်ဆင့်ပေါင်းစပ်သွားသည်။
အခန်းထဲကို သတင်းစာရွက်ကို ကျစ်ကျစ်ကိုင်ပြီး အတင်းဝင် ထိုင်ကာ ငိုသည်။
" ဒါကြောင့် မမမြတ်ကို ခုတလော မတွေမိတာကိုး ပြီးတော့ ဟိုတနေ့က ရှော့ပင်းမောထဲ တွေ့တာတောင် မျက်နှာလွဲသွားတာ အဲဒီထဲက သိရမှာကို..ဟီးးး "
" သော်သော် ဘာတွေ ဘာတွေပြောနေတာလဲ!! မြတ်အကြောင်းက ဘယ်လို့ ပါလာတာလဲလို့.."
မြတ်အကြောင်း ပြောမှ သူနဲ့မြတ် သူမ စိတ်ဆိုးသွားသည့် နေ့ကတည်းက အဆက်အသွယ် ပြတ်နေတာ
သူ ဖုန်း ဘယ်နှစ် ကြိမ်ကြိမ် ဆက်ဆက် မကိုင်ခဲ့ပေ သူကလဲ အလုပ်တွေ ပိနေတာနဲ့ မသွားဖြစ်ခဲ့ပါ ခုကော ဘာတွေ လုပ်နေမလဲ ။
သူ့ရဲ့နာမလည်မှုကို အခွင့်ကောင်းယူက သော်တာက
သနားဖွယ် မျက်လုံးဖြင့် မျက်တောင်လေး ပုတ်ခတ်ခတ် ကြည့်ပြီး ..
" အီးးး ငါ့အစ်ကို ရိုးရိုးသားသားလေးကို ပစ်သွားတယ်!! ကိုကို့ ကို သနားလွန်းလို့ ဘယ်လို လုပ်ရမလဲ
ဟင်းး..."
"......."
ခေတ်လူ ရုတ်တရက် ဒီပုံစံဖြစ်နေသည့် ညီမပုံစံကြောင့် ထိုသတင်းစာရွက်ကို မျက်စိရောက်သွားသည်။
" ဟျောင့်တွေ သတင်းထူးကွ..တကယ့် စပရက်ဘဲ "
" နေ့တိုင်း သတင်းတက်နေတာကို!! "
" ဒီနေ့က ပိုထူးတယ်ကွ..ဒီမှာကြည့် မနေ့ငါတို့ သူဌေး စေ့စပ်ပွဲတဲ့..!! "
" ဘယ်မှာလဲ?? ပြ အုံးး "
" ဒီမှာ..!!"
" ဝါးးး မထင်ထားဘူး..!"
"ရည်းစားရှိတယ်တောင် မကြားမိပါဘူး ဘယ်လို
ဖြစ်သွားတာလဲ..??"
တစ်ယောက်တစ်မျိုး အဖြေရှာနေကြသည့်အထဲ မောင်မောင် တစ်ယောက်တော့ ပုံကြမ်းနဲ့ ရှုပ်နေ၍
ကြားသာကြားမိပြီး မမေးမိ။
" ဟျောင့် ကြည့်အုံးး ချောတော့ ချောသားကွ "
" .........."
စိုင်းကောင်းခန့် ဆိုသည့် ဝကစ်ကစ် ဝန်ထမ်းက ကိုယ်တိုင်ကိုယ်ကျ ဖုန်းယူလာပြီး လာပြ၍ သတိုးသမီးပုံကို ရင်းနှီးနေ၍ နှစ်ခါလောက် ပြန်ကြည့်ယူ
ရသည်။
" မင်းနဲ့ အသိလား!! .."
" မသိပါဘူး..! ဟွန့်...စိတ်တော့ မကောင်းဘူးးး
ဟားဟားးး!!"
" ဘာလဲဟ..!"
စိုင်းကောင်းခန့် တဟားဟား ရီကာ ထွက်သွားသည့်
မောင်မောင့်ကို နားမလည်စွာဖြစ် ခေါင်းလေး ခါရင်း ကျန်နေရစ်ခဲ့သည်။
" ဟားးးဟားး!! စိတ်တော့မကောင်းဘူး...
ဝဋ်ဆိုတာ ခဏပါဘဲ .. ဘယ်လိုခံစားနေရလဲ
သိချင်လိုက်တာ ..ဟူး..ရာသီဥတုက ဒီနေ့မှ
သာယာ "
.
"ဒါက ဘယ်လဲ? သ္မီး..ပြန်ဝင်စမ်း"
" မာမီ!! "
ခိုးခွက်ခါမှ မိသွားသည့် ကိုယ့်အဖြစ်က သနားစရာ ကောင်းသား..။
မြတ်ရတနာ မိခင်ဖြစ်သူကို လက်အုပ်လေးချီပြီး..
" မာမီ !! ဒီနေ့ တစ်နေ့ပါဘဲနော် ကို့ကို သွားတွေ့ရမှ ဖြစ်မှာ..သ္မီး မာမီတို့ခိုင်းတဲ့အတိုင်း လုပ်ပေးပြီးပြီ
မဟုတ်လားး စေ့စပ်ရုံဘဲဆို အပေါ်ယံဘဲဆို
ကျန်တာ သ္မီးစိတ်ကြိုက် ဆုံးဖြတ်ဆို..ကို့ ဒီဓာတ်ပုံတွေကို မြင်ပြီး အထင်လွဲနေမှာသေချာတယ်!!"
" သ္မီး..အိမ်ထဲ ပြန်ဝင်ခဲ့..မာမီ ပြန်ရှင်းပြမယ်..!"
"မရဘူး..ကို့ဆီ သွားမှ ဖြစ်မှာ..ကိုနဲ့ စိတ်ဆိုးပြီး
ထွက်လာကတည်းက ခုထိ မတွေ့ရသေးဘူး မာမီတို့က ခဏဆိုလို့ သ္မီး သည်းခံနေတာ..!"
" ဟုတ်တယ်ထား..သ္မီးကို တကယ် ချစ်နှစ်သက်ရင်
ခုချိန် သူ ဒီကိုရောက်လာရလေ အကြိုးအကြောင်း
လာမေးရမှာ သ္မီးက သွားရမှာ မဟုတ်ဘူး!!"
" မဟုတ်ဘူးး ကိုက လာရဲမှာ မဟုတ်တော့ဘူး..
သူ့အကျင့်ကိုသိတယ်..သ္မီးကို သစ္စာဖောက်တယ် ထင်သွားမှ မဟုတ်တဲ့အကြောင်း ရှင်းပြရမယ် မာမီရဲ့ .!!"
"သ္မီး ဗီဒီရို ကလစ် ကိုမြင်ရဲ့သားနဲ့ သားခေတ်အရင် သစ္စာဖောက်တာ လေ....! ကြည့်ပါလား..လူလယ်ကောင်မှာ မိန်းကလေးတောင် မဟုတ်ဘူး ယောကျားလေး "
" မာမီ!! အဲဒါ သူရ လိမ်နေတယ မာမီရဲ့..သူ သ္မီးကို လိုချင်လို့ ကို့ကို ချောက်ချတာကော ဖြစ်နိုင်တာဘဲ..! ဟင့်"
ကိုနဲ့ စိတ်ဆိုးထားတုန်း မာမီဆီ အကုန်ပြောပြ မိတာ သူမအမှားပင်..။
အရင်ကတည်းက သူရ က အိမ်ကို ကိုနဲ့ အမြဲ ဝင်ထွက် သွားလာနေကြ..မာမီတို့ကိုလည်း လုံးလုံး တည့်အောင် ပေါင်းနိုင်တဲ့သူ..။
ဒါပေမဲ့ မြတ် သူ့ကို နည်းနည်းမှ စိတ်ထဲ ဘဝင်မကျခဲ့..ကိုနဲ့အတူလာပြီဆိုလည်း မြတ်ကိုကြည့်တဲ့အကြည့်တွေက အစ မရိုးသားခဲ့ပါ။
ခုတော့ ဒယ်ဒီနဲ့ မာမီ ဘယ်ချိန်က တင်ထားတဲ့ အကြွေးတွေလည်းမသိ..မျက်နှာထောက်ရမယ်
ဘာညာနဲ့ နောက်ဆုံး ကို့ရဲ့ အားနည်းချက်ကို ချပြလာ
ပြီး စေ့စပ်ပွဲအထိ ရအောင် အတင်းအကြပ် လုပ်ခဲ့တာ သူရဆိုတဲ့သူကို စဉ်းစားမိရင်တောင် ရွံ့ မိသည်။
"ဟော..သားလေး သူရ..မြတ်ရတနာ မာမီတို့ကို မျက်နှာ အိုးမည်းမသုတ်နဲ့ အထဲပြန်ဝင်နေ..မာမီ
တို့ဆီမှာ သ္မီးလေးတစ်ယောက်ဘဲ ရှိတာ..! မာမီတို့ ဂုဏ်ယူပါရစေ..ဝင်နေ "
"မင်္ဂလာပါ..!! "
" ရောက်ပြီလား သားသူရ.."
" ဟုတ်ကဲ့..ဒါနဲ့ မြတ်က အပြင်သွားမလို့လား.."
ဆက်ရန် (၁၄)
#နန်းနွယ်တာ
Continue Reading
You'll Also Like
399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
323K 32.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.1M 61.1K 49