part -16

2.7K 73 1
                                    

👑မောင့်အရှင်

#အပိုင်း (၁၆)

“ဟင့့်ဟင့့်…”

“ မင်းကလည်း လူသေလို့ ငိုနေတာလား..တော်သင့်ပြီလေ .”

ပါးပါးရဲ့ ခပ်ပြတ်ပြတ်စကားသံ နောက်မှာ မယ့်ရဲ့ ဝမ်းနည်းကြေကွဲဖွယ် ရှိုက်သံနှင့် ရင့်နှစ်ဖွယ် ဆိုသံတို့ကို

သူမ ဝေးတားဝါးတားကြားနေရပြီး ခန္ဓာကော နုတ်ကပါ လှုပ်ရှားနိုင်ဖို့ အားမရှိ..။

“ဟီးဟင့်..ကျွန်မဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့သမီးပါ ကျွန်မသမီးလေး ဘယ်လောက် နာကျင်လိုက်မလဲ စဉ်းစားပြီး မခံစားနိုင်ဘူးအေ..ဟီးအင့် ဘယ်လောက်တောင် ခံစားခဲ့ရမလဲ ငါ့သမီးလေး အမလေး သမီးရယ်.. လောကကြီး အကြောင်း ဘာမသိဘဲနဲ့ ခုလို ခုလို..ဟီး သနားစရာ ကျွန့်မသမီးလေး အီး ”

“ စစ်လွန်းလည်း စိတ်ချရပြီကို မယ်ရာ..ခဏနားပါအုံး အစာဖြစ်ဖြစ် တစ်ရေးလောက်ဖြင့် အိပ်ပါအုံး နော်..”

“ အိုး မလုပ်နိုင်ဘူး သမီးလေး မနိုးမလာခြင်း မယ်ဘာ မှ မလုပ်နိုင်ဘူး အင်းဟင့် မရဘူးး နင်တို့ညီမလေးက ဒီပုံစံဖြစ်နေတာကို ဒီကအမေက ဘယ်လို စားဝင် အိပ်ဝင်မလဲ သားကြီးရယ်..ဟင့် တော်သေးပါတယ်..ဟီး”

ဝိုးတိုးဝါးသား ကြားရနေရပေမဲ့ ရှိုက်သံက သူ့ရင်ကို နာကြင်စေနေသာတော့ အမှန်ပင်။

“ ကိုကြီး ..ထားလိုက်တော့ပါ..မယ့် စိတ်ချမ်းသာ သလို နေပါစေ ..သွားစရာရှိတာ သွားလေ ကျွန်တေ်ာ ညီမလေး နိုးရင် ဖုန်းခေါ်လိုက်မယ် ”

တိုးတိုးကျိတ်ကျိတ်နဲ့ ဆိုနေကြသည့်အသံ..။

#ဟင်း..ပါးပါးဘဲမဟုတ်ဘူး. ကိုကြီးတို့ပါ ရောက်နေတာလား..ဘာဖြစ်လို့လဲ ငါကကော မျက်လုံးတောင် ဘာလို့ မဖွင့်နိုင်ရတာလဲ ကိုယ့်ကို အားမလို အားမရ ဖြစ်နေစဉ် ရေက ဆာလိုက်တာ မပြောနဲ့တော့…။

မယ့်နဲ့ စကားများပြီး သူလှဲကျသွားတာလောက်ဘဲ..ဟင်း မဟုတ်ဘူး..သွေး သွေး..ဟုတ်တယ်..။

“ အင့့့်..ရေ သောက်ချင်တယ်..မယ်..”

“ သမီး..သတိရလာပြီ..ကျွန်မသမီး သတိရလာပြီ အစ်ကို .. စစ်လွန်း..သမီး”

👑မောင့် အရှင် Where stories live. Discover now