part 40

2.9K 75 2
                                    

👑မောင့်အရှင်

#အပိုင်း (၄၀)

ကားထဲ Aircon ဖွင့်ထား၍ လက်ဖျား ခြေဖျားတွေ အေးစက်နေသလောက် မောင်မောင် ယောက်ယှက်ခတ်နေတဲ့ နှလုံးသားအစုံကိုတော့ အေးမြမှုမပေးနိုင်ချေ..။

ဒေါ်လေးနဲ့ ဖုန်းပြော‌နေတဲ့ သော်သော်ရဲ့ အသံကို
ကြားလေလေ စိတ်အစဉ်ဟာ လေးလံလာလေပင်..။

သော်သော်တစ်ယောက်လည်း သူပါလာကြောင်း တဖက်ကို သံတော်ဦးတင်နေတာ သွားသုံးဆယ့် နှစ်ချောင်းပေါ်အောင်ပင်..။

ဘာလို့မှန်းကို မသိ..။

ကားပေါ်ရောက်ခါမှ ဆေးရုံနဲ့နီးလာလေလေ ဘယ်လိုစိတ်နဲ့ ဒီလူကို တွေ့ဖို့ဆုံးဖြတ်မိလိုက်သလဲဆိုတာကို စဉ်းစား၍ မပြီးနိုင်...။
သော်သော်တစ်ယောက်လည်း သူပါလာကြောင်း တဖက်ကို သံတော်ဦးတင်နေတာ သွားသုံးဆယ့် နှစ်ချောင်းပေါ်အောင်ပင်..။

ဟိုရောက်လို့ ဒီလူကို တွေ့ရင် မောင်မောင်
ဘာပြောရမလဲ..။

* မင်းထွက်သွားတော့မှာမို့ ငါလာနုတ်ဆက်တာ * ဆိုပြီးတော့လား..။

ဟက်)) မှန်တော့ မှန်ပါတယ်..။
ဒါပေမဲ့ မောင်"ဆိုတာ ဒီလို နွေးထွေးကြင်နာတဲ့ စကားလုံးတွေ ပြောတတ်တဲ့ သူမှ မဟုတ်တာ..။

ဒီလိုပြောနိုင်ဖို့ဆိုတာ အချိန်အကြာကြီးပေးရအုံးမယ်..။

"ဟူးးးးးးး"

အတွေးတွေနဲ့ ရှုပ်ယှက်ခတ်သွား၍ သက်ပြင်းလေး
ခပ်ဖွဖွ ချမိပြန်သည်။

ထပ်ပြီး ခေါင်းထဲ ပြန်ပေါ်လာသည်က..
သူကကော..ကိုယ့်ကို မြင်ပြီး ဘယ်လို တုန့်ပြန်
လာမလဲ..။

လျစ်လျူရှုမှာလား..။
ဘာလဲဟ..ဆိုပြီး ကိုယ့်ကို အထင်သေးသွားမလား..။
‌ကိုယ်မနှစ်သက်ဆုံးဖြစ်တဲ့ တစ်စိမ်းဆန်တဲ့ အကြည့်
တွေနဲ့ ကြည့်လာခဲ့ရင်ရော..။

တစ်ချိန်တုန်းက ဒီလူ ဆိုရင်တော့... တွေ့တာနဲ့ ချက် ချင်း ကိုယ့်အနားရောက်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဗျာယာခတ်နေမှာတော့ အသေချာကြီး..။

" ......."

ဒီတကြိမ်တော့..တစ်ချိန်ကအကြောင်းကို မြင်ယောင်ရင်း လစ်ခနဲ့ ပြုံးမိသွားသည်။

👑မောင့် အရှင် Where stories live. Discover now