FLASHBACK

By Park_Vanna

9.2K 992 76

ဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ? More

အမှာစာ
🍀1🍀
🍀2🍀
🍀3🍀
🍀4🍀
🍀5🍀
🍀6🍀
🍀7🍀
🍀8🍀
🍀9🍀
🍀10🍀
🍀12🍀
🍀13🍀
🍀14🍀
🍀15🍀
🍀16 (END)🍀
အခန်းပို(1)
အခန်းပို (2)

🍀11🍀

342 47 5
By Park_Vanna

(Unicode)

မစ္စဂျန်အိမ်ကို ပြောင်းရွေ့လာနေသော ဂျီမင်တို့သားအမိအဖို့ နေစရာရှိပေမဲ့ ကိုယ့်ဝမ်းကိုဖြည့်ဖို့အထိတော့ မစ္စဂျန်ကို ဒုက္ခမပေးလို။ထို့ကြောင့် ဂျီမင်အမေက နေ့အခါစားသောက်ဆိုင်တွင်စားပွဲထိုးလုပ်၍ ညအခါတွင် အမျိုးသမီး အငှားကားမောင်းသူအဖြစ်လုပ်ကိုင်လေသည်။

တရက်'ကင်မ်'အလုပ်ကိစ္စတခုဖြင့် အပေါင်းအသင်းများနှင့်စားသောက်ရန် လာခဲ့ကြသည်။ထိုဆိုင်မှာ ဂျီမင်မေမေအလုပ်လုပ်သော ဆိုင်ဖြစ်သည်။စားသောက်ပွဲတွင် အရက်များပါပါ၍ ညနက်လာလေ မူးရူးလာလေဖြစ်သည်။နောက်ဆုံးမထနိုင်ကြတော့မှ ဆိုင်ရှင်ကိုအိမ်ပြန်ရန်အကူအညီတောင်းကြတော့သည်။

"ဂျီမင်အမေ...အာ့တာတွေထားခဲ့ ဧည့်သည်တွေကိုအရင်ကူပေးလိုက်"

"ဟုတ်ကဲ့"

ဆိုင်ရှင်က ကူခိုင်းတော့လဲ လုပ်ရပေသည်။ဧည်သည်များကို အငှားမောင်းသူနဲ့ချိတ်ဆက်၍ တယောက်ပြီးတယောက် ကားပေါ်တွဲတင်ကာ အိမ်ပြန်ပို့ခိုင်းရသည်။ထိုဧည့်သည်များထဲတွင် 'ကင်မ်'က မူးနေပေမဲ့ အသိစိတ်မလွှတ်သဖြင့် မိတ်ဆွေများကိုကူတွဲကာ ကားပေါ်သို့ပို့ဆောင်ကူ၏။

"ကင်မ်...အလုပ်အကိုင်ဒီထက်အောင်မြင်ပါစေ"

"ကျေးဇူးပါဗျ"

"ငါသွားပြီနော် ကင်မ်...ဂေ့"

"ဟုတ်ကဲ့ ဂရုစိုက်သွားပါ"

အကိုကင်မ် မိတ်ဆွေတွေ တစ်ဉီးပြီးတစ်ဉီးနူတ်ဆက်ကာ ပြန်သွားကြလေသည်။ထိုအခါမှ နှစ်ယောက်သား သက်ပြင်းမောချနိုင်ကြသည်။

"မောကြရောပေါ့ ဂျီမင်မေမေ ခဏနားချင်နား ပြီးမှပစ္စည်းသိမ်း"

"ဟုတ်ကဲ့ သူဌေး ကျေးဇူးတင်ပါတယ်"

သူဌေးက ခေတ္တပေးနားသဖြင့် အကိုကင်မ်နဲ့အတူ စားပွဲတခုတွင် ဝင်ထိုင်မိသည်။တနေကုန် ပြေးလွှားထားသဖြင့် ခြေသလုံးများတောင့်တင်းနေပေသည်။သို့သော် မညီးညူရဲ။အလုပ်ပြုတ်မှာစိုးမိသည်။

"ဒါနဲ့ အကိုကင်မ်ကို ကျေးဇူးတင်ပါတယ်"

မွစာကျဲကာရူပ်ပွနေသော စားပွဲဝိုင်းကို ဂျီမင်မေမေတချက်ကြည့်ရင်း သူ့အလုပ်ကိုကူညီပေးသော ကင်မ်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။

"ရပါတယ်"

"ဂေ့...ကင်မ်"

ထိုအချိန် ရေအိမ်သွားတဲ့ဖက်မှ ဧည့်သည်တယောက်ထပ်ထွက်လာသဖြင့် နှစ်ဉီးသားအံ့သြရင်း ကြည့်မိကြသည်။

"ဟင်းးး...ဧည့်သည်ကျန်သေးတာပဲ"

ဂျီမင်မေမေက သက်မချကာ ခပ်တိုးတိုးဆိုလေသည်။

"ကိုယ်စားလှယ်ကြီး ကျန်နေတာပဲ ကျနော်က ပြန်သွားပြီမှတ်နေတာ"

ကင်မ်က ဧည့်သည်ဆီပြေးသွားကာ ကူတွဲရင်း ရိုရိုကျိုးကျိုးမေးမြန်းပြုလိုက်သည်။

"ကျန်...ကျန်သူတွေရော"

"ပြန်ကုန်ပြီ ကိုယ်စားလှယ်ကြီး"

"အမ်...မင်းနဲ့ငါနဲ့ပဲ ကျန်တာလား"

"ဟုတ်ကဲ့"

ထိုအခါ ကိုယ်စားလှယ်က ခေါင်းငြိမ့်ကာ စားပွဲတခုတွင်ထပ်ဝင်ထိုင်၍ ဆိုဂျူပုလင်းထပ်တောင်းလေသည်။

"ဟာ...ကိုယ်စားလှယ်ကြီး မနက်ဖြန် အလုပ်သွားရအုန်းမယ်လေ အများကြီးသောက်လို့ ဘယ်ဖြစ်မလဲ"

ကင်မ်က ထပ်သောက်ဖို့ကြံနေသော ကိုယ်စားလှယ်ကို အမြန်တားကာပြောလိုက်သည်။

"ဒီ...တလုံးပဲ ကင်မ် ဒါနောက်ဆုံး အစာပိတ်သောက်တာ"

"မဟုတ်ဘူးလေဗျာ"

"ငါအာ့လို...သောက်နေကြ ကင်မ် တလုံးလောက်ပိုသောက်ရုံနဲ့ ငါဒီထက်ပို မမူးနိုင်ဘူး..အွတ်"

ကိုယ်စားလှယ်က ပြောရင်း အွတ်ခနဲပျို့တက်လာပြန်သည်။ထို့ကြောင့် ရေအိမ်ဆီတခါတွဲပို့ရပြန်သည်။စိတ်ကြိုက်အန်ပြီး ပျော့ခွေသွားမှ ကင်မ် တွဲကူကာ အရှေ့ပြန်ထွက်လာခဲ့သည်။ထိုအချိန် ဂျီမင်မေမေက သန့်ရှင်းရေးလုပ်သိမ်းဆည်းနေသည်မှာ ပြီးလုပြီးခင်ပင်ဖြစ်သည်။

"ကျနော်တို့ ပြန်တော့မယ်နော်"

စားပွဲးခုံတိုက်နေရာမှ အကိုကင်မ်ပြောလာ၍ လှည့်ကြည့်မိသည်။မူးရူးနေသော ဧည့်သည်ကိုတွဲထားသော အကိုကင်မ်ပုံစံက ဒယိမ်းဒယိုင်...။

"ဘယ်လိုပြန်မှာလဲ အငှားမောင်းတဲ့သူက မိုးချူပ်လို့ခေါ်မရတော့ဘူးအကိုကင်မ်"

"ဟုတ်လား"

ကင်မ်ခေါင်းကုတ်မိသည်။ သူကိုယ်တိုင်လဲသောက်ထားသဖြင့် ကားမောင်းလို့မရ အခက်တွေ့နေရသည်။

"ဟို အကိုကင်မ်တို့ ခဏစောင့်မလား ခဏအလုပ်ပြီးရင် ညီမမောင်းပို့ပေးမယ်လေ"

"ဟာ..ဟုတ်သား ညီမအငှားမောင်းအလုပ်လဲလုပ်သေးတယ်မလား"

"ဟုတ်ကဲ့"

"ဟုတ်ပြီ အကိုတို့ကိုလိုက်ပို့ပေးနော် ညီမကိုအလုပ်အပ်ပါ့မယ်"

ဂျီမင်အမေက ခေါင်းတချက်ငြိမ့်ကာ အလုပ်များကိုမြန်မြန်ဆန်ဆန်လုပ်၍ အကုန်လက်စသတ်သည်။ထို့နောက် အလုပ်ချိန်လဲပြည့် အလုပ်လဲအကုန်ပြီးကာ သူဌေးဆီမှ နေ့တွက်ခယူ၍ ကိုယ်စားလှယ်ကို အကိုကင်မ်နှင့်တယောက်တဖက်တွဲရင်း ကားပါကင်ရှိရာလာခဲ့သည်။

"ဟူးးးဝုန်း"

ဝဖိုင့်ဖိုင့်ကိုယ်စားလှယ်ကို နှစ်ယောက်တွဲ၍ ကားထဲပို့ရသည်မှာ တကယ်မလွယ်ပေ။တယောက်က အတင်းတွန်းတင်၍ တယောက်က အထဲကနေဆွဲယူရသည်။နောက်ဆုံးကားထဲတစ်ကိုယ်လုံးဝင်ပြီဆိုမှ သက်ပြင်းပြိုင်တူချမိသည်။

"ဘယ်ပို့ရမှာလဲ အကိုကင်မ်"

"####ဟိုတယ်ကို မောင်းညီမ သူအာ့မှာတည်းနေတာ"

"ဒီကမဟုတ်ဘူးလား"

"မဟုတ်ဘူး"

"အော်"

ဂျီမင်အမေနှင့်စကားပြောရင်း ဟိုတည်ဆီသို့မောင်းထွက်ခဲ့ကြသည်။

"အငှားမောင်းသူက ဘယ်ချိန်လုပ်တာလဲ"

"ညပိုင်းအချိန်စောပြီးတဲ့နေ့တွေဆို မောင်းပေးပါတယ် နေ့တိုင်းတော့မဟုတ်ပါဘူး"

"အင်း"

စကားတပြောပြောဖြင့် မောင်းလာရာ ဟိူတယ်ရှေ့သို့ပင်ရောက်လာလေသည်။ထို့နောက် ဝဖိုင့်သောကိုယ်စားလှယ်ကြီးကို သူတို့နှစ်ယောက်အင်အားနှင့်ထုတ်မရသဖြင့် လုံခြုံရေးတွေကိုပါခေါ်ကာ ကူညီခိုင်းရသည်။

ကံကောင်းစွာဖြင့် ဟိုတယ်လုံခြုံရေးတို့က ဟိုတယ်ကဧည့်သည်မှန်းသိသည်နှင့် သူတို့သာသယ်သွားပေးလေသည်။ သူတို့၂ယောက်ကတော့ အခန်းထဲရောက်မရောက်စစ်ပေးရန်သာ နောက်မှလိုက်ပါသွားခဲ့ရသည်။

🍀🍀🍀🍀🍀🍀🍀

"သားတွေ့ခဲ့တဲ့ညက အာ့ကိစ္စနဲ့ဖေဖေတို့စကားများခဲ့ကြတာပဲ"

ထိုနေ့ညကအကြောင်းကို ထယ်ယောင်းခုမှသိကာ ဖေဖေ့အပေါ်စိတ်ခုမိသည်ကို အားနာမိသည်။

"မေမေနဲ့အန်ကယ်နဲ့က တကယ်ဘာမှမဟုတ်ဘူးလား"

"မဟုတ်ပါဘူးကွာ ပတ်ဝန်းကျင်က ဒီလိုသမုတ်ကြရင်း ထယ်ယောင်းမေမေက အထင်တွေလွှဲပြီး ကိစ္စတွေက ပိုဆိုးကုန်တာ ပြတ်ဆဲတဲ့အထိကတော့ ဆောင်းကိစ္စကြောင့်က အဓိကပဲ"

ထိုကိစ္စကို ဂျီမင်တကယ်မသိ အချိန်အတော်ကြာမှ ဆောင်းအကြောင်းကိုသိခဲ့ရသည်။

"ဆောင်းက ဘယ်လိုဖြစ်ပြီး..."

"ထုံးစံအတိုင်း အန်ကယ်နဲ့ထယ်ယောင်းမေမေ..."

ခါတိုင်းဖြစ်နေကြပုံစံအတိုင်းပင် ထိုနေ့က ထယ်ယောင်းမေမေနှင့်ရန်ထပ်ဖြစ်ခဲ့ကြသည်။ထိုအကြိမ်က ဂျီမင်တို့သားအမိ မစ္စဂျန်တို့အိမ်က ထွက်သွားခဲ့တာ တနှစ်လောက်ရှိခဲ့ပြီ။သို့သော် ထယ်ယောင်းမေမေက ကင်မ်အပေါ် သံသယစိတ်ကြီးထွားကာ အမြဲအမြင်စောင်းနေခဲ့သည်။သာယာတဲ့မိသားစုဘဝဟာ ခုတော့အဖက်ဆယ်မရ။

"ဒီနေ့သားတို့ကျောင်းကို အမှီလာမယ်ဆိုပြီး မလာနိုင်တာ ရှင်သူနဲ့သွားချိန်းတွေ့နေလို့မလား"

"မင်းဇွတ်ပြောမနေနဲ့ အရေးကြီးအလုပ်ပေါ်လာလို့ ငါအာ့ကိုပြေးရတာ အလုပ်ကငွေအထုပ်လိုက်ဝင်မဲ့အရေး ပစ်ထားလို့ရမလားကွ"

သားတို့ကျောင်းက အားကစားပြိုင်ပွဲရှိ၍ မိဘစုံညီတက်ရောက်ဖို့ ကျောင်းကအမှာပါးထားသည်။မလာလဲဖြစ်ပေမဲ့ မိဘစုံညီလာသည့် သူငယ်ချင်းတွေကြား မျက်နှာငယ်ရရှာသည်။

"လိမ်ပေါ့ ရှင့်စကားအတိုင်းပဲလေ ကျမကမြင်ရတာမှ မဟုတ်တာ ကျမသိတာ ကျမသားတွေမျက်ရည်မကျဖို့ပဲ ခုရှင်တာဝန်မကျေတော့ ဆောင်းကဝမ်းနည်းပြီးငိုနေရပြီ ဒါရှင်စောက်သုံးမကျတာလေ"

"ဘာ! မင်းစကားတွေလွန်မလာနဲ့ ငါစီးပွားရှာနေတာ ငါ့သားတွေအတွက်ပဲ ငါ့သားတွေကောင်းကောင်းနေနိုင်ဖို့ ငါဘာမဆိုလုပ်မှာပဲ မင်းငါ့သိက္ခာတွေချနေတာ တော်သင့်ပြီ တောက်!"

"ရှင်ကများ ကျမကိုတောက်ခေါက်ရဲသေးတာ်ပေါ့ ကဲ့ဟယ် ဖြန်း!"

တသတ်လုံး ဘာကိစ္စဖြစ်ဖြစ် စိတ်ဆိုးစိတ်တိုပြီး ရှောင်ထွက်သွားတတ်တဲ့သူက ခုသူမကိုတောက်ခတ်သတဲ့။ဒါဟိုသားအမိကြောင့်ပဲ မဟုတ်လား။

"မင်း!"

"ဟိုမိန်းမကြောင့်မလား...ခုရှင်ကျမကို တောက်ခတ်တတ်နေရင် တချိန်ချိန်ရိုက်လားပုတ်လားလုပ်လာမှာမလား အဟင့်!"

"လျှောက်ပြောမနေနဲ့"

"ကျမက ဟိုမိန်းမထက် ဘယ်နေရာကမသာလို့လဲ ပြောပါအုန်း ရွှတ်!ဟင့်!"

ဆိုဖာထက်ထိုင်ကာ မျက်နှာကိုလက်ဖဝါးအုပ်၍ ရိူက်ကြီးတငင်ငိုနေသောမေမေ့ပုံစံကြောင့် အခန်းတွင်းမှဆောင်းက လိုက်ငိုလေသည်။ထယ်ယောင်းက အတန်းမဆင်းသေး၍ အိမ်ပြန်မရောက်သေး။ရန်ုဖြစ်နေသော မိဘ၂ပါးကြောင့် ဆောင်းအားငယ်စိတ်ဝင်နေလေသည်။

"ကွာရှင်းရအောင်"

"ဘာပြောတယ်!"

စိတ်ပျက်လက်ပျက်ပုံစံဖြင့် ကင်မ်က ဆံပင်ထဲထိုးဖွပြီးပြောလျှင် ထယ်ယောင်းမေမေက ကျယ်လောင်စွာထအော်လေသည်။

"မင်းနဲ့ငါ ဘယ်လိုမှရှေ့ဆက်လို့မဖြစ်နိုင်တော့ဘူးမလား အတူရှိနေရာပင်ပန်းရင် ဘာလို့အတူနေရမလဲ ဟုတ်တယ်မလား"

"ဟင့်အင်း မကွာနိုင်ဘူး ကျမမှာ ဘာလိုအပ်ချက်ရှိလို့လဲ ကျမကိုပြောပါ ကျမပြုပြင်ပါ့မယ် ကျမတို့သားအမိတွေကို ပစ်မထားခဲ့ပါနဲ့ ဟင့်ဟင့်!"

ထယ်ယောင်းမေမေက ကင်မ့်ခြေသလုံးလှမ်းဖက်ကာ ငိုကြီးချက်မဖြင့်ပြောလေသည်။ကင်မ်က ဖက်တွယ်ထားသော လက်ကိုဆွဲဖြုတ်၍ ထယ်ယောင်းမေမေရှေ့ထိုင်ချလိုက်သည်။ထို့နောက် လေသံခပ်တိုးတိုးဖြင့်သာဆိုလေသည်။

"ဘာဖြစ်ဖြစ် ခဏတော့ခွဲနေကြရအောင်"

ကင်မ်ကပြောပြီး အိမ်ထဲမှခြေလှမ်းကျဲဖြင့် တခါတည်းထွက်သွားတော့သည်။ထယ်ယောင်းမေမေက ထိုနေရာမှာပင် သူ့ရင်ဘက်သူထုရင်း အားရပါးရရိူက်ငိုတော့သည်။

"ဟင့် မေမေ"

"ဆောင်း...မေ့ သားငယ်လေး"

ဆောင်းကပါ မိခင်ရင်ခွင်ပြေးဝင်ကာ မိခင်နှင့်အတူဖက်ငိုလေသည်။

"ဟင့်အင်း မေမေ မငိုနဲ့နော် သားဖေဖေ့ကိုလိုက်ခေါ်ပေးမယ် မေမေခဏစောင့်"

မိခင်ငိုနေတာကို မကြည့်ရက်သောဆောင်းက မိခင်ရင်ခွင်ထဲမှရုန်းထွက်ကာ အိမ်ပြင်သို့ပြေးထွက်သွားခဲ့သည်။မေမေက လိုက်ဆွဲပေမဲ့မမှီလိုက်။ရုတ်တရက်ဖြစ်၍ ဆောင်းနောက်လဲချက်ချင်းမလိုက်ခဲ့နိုင်ပေ။

"ဖေဖေသိတာက ဆောင်းဖေဖေ့နောက်လိုက်လာပြီး ရှာနေတာတဲ့"

"......."

"ဖေဖေက မသိဘူးလေ ဖေဖေလည်းစိတ်ညစ်ညစ်နဲ့ အလုပ်ထဲပြန်သွားဖို့ လမ်းတဖက်ကူးသွားချိန်မှာပဲ ဆောင်းအသံကိုကြားလိုက်ရတာ ဖေဖေဆိုပြီး အော်လိုက်သံကို"

"......"

"အာ့အချိန်မှာပဲ ဖေဖေလဲလှည့်အကြည့် ဆောင်းကကားလမ်းမကြီးပေါ်ပြေးတက်လာတာ ဖေဖေအော်ပြီးတားပေမဲ့မမှီလိုက်ဘူး တဖက်ကကွေ့ချလာတဲ့ကားက ဆောင်း...ဆောင်းကို"

အန်ကယ်မှာပြောရင်း မျက်ရည်များစီးကျလာလေသည်။သားဖြစ်သူ၏ သေဆုံးခြင်းကို မျက်မြင်တွေ့လိုက်ရတဲ့ ဖခင်တယောက်အဖို့ ဘယ်လောက်တောင်ပူလောင်လေမလဲ။ ဂျီမင်ကိုယ်ချင်းစာမိသည်။ထိုခဏ သူနှင့်နံဘေးမှာထိုင်နေသော ထယ်ယောင်းကိုငဲ့ကြည့်မိသည်။ထယ်ယောင်းလည်း ဖခင်နည်းတူမျက်ရည်စဖြင့် ခေါင်းငုံ့ကာငိုနေလေသည်။

"ငါရှိတယ်လေ"

ဂျီမင် ခပ်တိုးတိုးဆိုရင်း ထယ်ယောင်းလက်တဖက်ကိုဆွဲယူကာ ဆုတ်ကိုင်ထားလိုက်သည်။ထယ်ယောင်းက သူသိပါသည်ဆိုသည့်အဓိပ္ပါယ်ဖြင့် ခေါင်းငြိမ့်ပြသည်။ထိုအချိန် အန်ကယ်ကစကားဆက်လာသည်။

"ကံဆိုးချင်တော့..."

"သားပါတွေ့သွားခဲ့တာမလား..."

"ဘယ်လို"

ဂျီမင်ခေါင်းထဲ ဒိန်းခနဲမြည်ကာ အချက်ပေးသံများဆူဝေသွားရသည်။ဆောင်းသေဆုံးမှုကို ထယ်ယောင်းပါ တွေ့ခဲ့တယ်တဲ့လား။သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ။ရင်ထဲဘယ်လောက်တောင် နာကျင်နေရှာမလဲ။မျက်ရည်သွင်သွင်ကျနေသော ထယ်ယောင်းကိုကြည့်၍ ဂျီမင်ရင်ထဲတဆစ်ဆစ်နာကျင်လာရသည်။

"ကျနော်...တကယ် စိတ်မကောင်းပါဘူး"

ဂျီမင်က တကယ်စိတ်ရင်းဖြင့် ဝမ်းနည်းကြောင်းပြောလျှင် ထယ်ယောင်းဖေဖေမှ ခေါင်းငြိမ့်ကာအသိအမှတ်ပြုလေသည်။

"ဘယ်တတ်နိုင်ပါ့မလဲ ဖြစ်ချိန်တန်တော့ အကုန်စုဖြစ်တယ်လို့မှတ်တယ်ကွယ်"

"ဒါ ဒါနဲ့ ကျနော့်မေမေကော ဘာဆက်ဖြစ်လဲ ပြီးတော့ ခုဘယ်မှာလဲ"

"ဟင်...သားမသိဘူးလား သားအမေဆုံးကြောင်း အန်ကယ့်စာထဲထည့်ရေးပေးလိုက်တယ်"

"ဗျာ!!...မေမေဆုံးပြီ"

ငိုချင်ရဲ့လက်တို့ဆိုသလို နဂိုဝမ်းနည်းနေသောစိတ်တို့ကာ တင်းမထားနိုင်တော့၍ အသံတိတ်ရိူက်ငိုမိတော့သည်။ထိူအခါ ထယ်ယောင်းက သူ့မျက်ရည်များကိုဖယ်သုတ်၍ ဂျီမင်ပုခုံးကိုဖွဖွလေးဖက်ပေးထားလေသည်။

"ဆောင်း ဆုံးတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထယ်ယောင်းမေမေနဲ့ဆက်ဆံရေးက လုံးဝပျက်စီးသွားတယ် အန်ကယ်လဲစိတ်ဓာတ်အကြီးအကျယ်ကျပြီး တနေရာကိုထွက်သွားမှရတော့မဲ့ အခြေနေဖြစ်နေတယ်"

"......"

"အာ့အချိန် အန်ကယ်ဘယ်သွားရမှန်းမသိဖြစ်နေခဲ့တာ...ဂျီမင်မေမေက ဆောင်းနာရေးကို တိတ်တိတ်လေး လာတက်ရှာတယ်...အန်ကယ်နဲ့တွေ့ပြီး သူအန်ကယ့်ကို ဒီနေရာညွှန်ပေးတာပဲ...အန်ကယ်က မလာတတ်တော့ ဂျီမင်မေမေကို အကူအညီတောင်းမိတယ်"

"......"

"အစက သူငြင်းတာကို အန်ကယ်လက်ခံခဲ့ရင် သားတို့သားအမိလဲ ခုလိုသေကွဲဘယ်ကွဲရမလဲ အကုန်အန်ကယ့်အပြစ်တွေပါပဲ"

ထယ်ယောင်းဖေဖေက ခုမှတသတ်လုံးသိမ်းထုတ်ထားခဲ့သမျှခံစားချက်ကို သူတို့နှစ်ယောက်ရှေ့မှာ တချက်ခြင်းဖွင့်ဟပြနေလေသည်။

"အာ့နေ့က သူအန်ကယ်ကိုကားမောင်းပြီးဒီကို လိုက်ပို့ခဲ့တယ်...ဒီမှာ တညအိပ်ပြီး နောက်ရက်တန်းပြန်သွားခဲ့တယ် အဲ့ဒါနဲ့ လမ်းမှာမိုးတွေတအားရွာပြီး မတော်တဆမူဖြစ်ပြီး ဆုံးပါးသွားရှာတယ်"

"ဒါတွေအန်ကယ် စာတွေထဲထည့်ရေးပေးလိုက်ပေမဲ့ ထယ်ယောင်းမေမေက အန်ကယ့်ကိုမုန်းတဲ့စိတ်နဲ့ ဖုံးကွယ်ထားခဲ့တာပဲ"

ထယ်ယောင်းဖေဖေက သူ့ဝန်ထုတ်ဝန်ပိုးကို အကုန်ဖြည့်ချလိုက်သလိုဖြစ်ပြီးနောက် ခုံနောက်ကိုမှီချကာ ငေးငေးငိုင်ငိုင်...။

"မားကရော မေမေဆုံးတာ တကယ်မသိဘူးလား အန်ကယ်"

"အစက သူလဲမသိခဲ့ဘူး နောက်၂နှစ်လောက်ကြာမှ သိခဲ့တာ ဒါပေမဲ့ ဒီကိစ္စတွေကို သူအစပြန်မဖော်ချင်တော့ဘူးဆိုပြီး ဒီတိုင်းထားခဲ့တာ သားမားက သားကိုမနာကျင်စေချင်ဘူးဂျီမင်"

မားရဲ့သူ့အပေါ်ချစ်ခြင်းတရားတွေကို သူအပြည့်အဝနားလည်ပါသည်။မေမေမရှိကတည်းက လိုလေသေးမရှိသူ့အပေါ် အရာရာဖြည့်ဆည်းပေးခဲ့သည်။ခုဆို မားကသူ့ဘဝဖြစ်ကာ သူကလည်းမားဘဝဖြစ်တဲ့အထိပင်။

ဒီအရေးတွေဟာ တကယ်ပဲ ဘယ်ကစမှားယွင်းခဲ့သလဲ။အတ္တတွေကြောင့်လား၊ချစ်ခြင်းတရားတွေကြောင့်လား၊ သံသယတွေကြောင့်လား ဘာဖြစ်ဖြစ် ဘယ်အရာမဆိုအလွန်အကြူးဖြစ်လာလျှင် ပျက်သုန်းတတ်ကြလေသည်။ထိုပျက်သုန်းမှုတွင် မဆိုင်သူတွေ ကြားကျပ်ပါနေရခြင်းအတွက်တော့ တရားမျှတမှုမရှိဟုခံစားနေရသည်။

April 19,2023.

🍀🍀🍀🍀🍀🍀🍀

(Zawgyi)

မစၥဂ်န္အိမ္ကို ေျပာင္းေ႐ြ႕လာေနေသာ ဂ်ီမင္တို႔သားအမိအဖို႔ ေနစရာရွိေပမဲ့ ကိုယ့္ဝမ္းကိုျဖည့္ဖို႔အထိေတာ့ မစၥဂ်န္ကို ဒုကၡမေပးလို။ထို႔ေၾကာင့္ ဂ်ီမင္အေမက ေန႕အခါစားေသာက္ဆိုင္တြင္စားပြဲထိုးလုပ္၍ ညအခါတြင္ အမ်ိဳးသမီး အငွားကားေမာင္းသူအျဖစ္လုပ္ကိုင္ေလသည္။

တရက္'ကင္မ္'အလုပ္ကိစၥတခုျဖင့္ အေပါင္းအသင္းမ်ားႏွင့္စားေသာက္ရန္ လာခဲ့ၾကသည္။ထိုဆိုင္မွာ ဂ်ီမင္ေမေမအလုပ္လုပ္ေသာ ဆိုင္ျဖစ္သည္။စားေသာက္ပြဲတြင္ အရက္မ်ားပါပါ၍ ညနက္လာေလ မူး႐ူးလာေလျဖစ္သည္။ေနာက္ဆုံးမထနိုင္ၾကေတာ့မွ ဆိုင္ရွင္ကိုအိမ္ျပန္ရန္အကူအညီေတာင္းၾကေတာ့သည္။

"ဂ်ီမင္အေမ...အာ့တာေတြထားခဲ့ ဧည့္သည္ေတြကိုအရင္ကူေပးလိုက္"

"ဟုတ္ကဲ့"

ဆိုင္ရွင္က ကူခိုင္းေတာ့လဲ လုပ္ရေပသည္။ဧည္သည္မ်ားကို အငွားေမာင္းသူနဲ႕ခ်ိတ္ဆက္၍ တေယာက္ၿပီးတေယာက္ ကားေပၚတြဲတင္ကာ အိမ္ျပန္ပို႔ခိုင္းရသည္။ထိုဧည့္သည္မ်ားထဲတြင္ 'ကင္မ္'က မူးေနေပမဲ့ အသိစိတ္မလႊတ္သျဖင့္ မိတ္ေဆြမ်ားကိုကူတြဲကာ ကားေပၚသို႔ပို႔ေဆာင္ကူ၏။

"ကင္မ္...အလုပ္အကိုင္ဒီထက္ေအာင္ျမင္ပါေစ"

"ေက်းဇူးပါဗ်"

"ငါသြားၿပီေနာ္ ကင္မ္...ေဂ့"

"ဟုတ္ကဲ့ ဂ႐ုစိုက္သြားပါ"

အကိုကင္မ္ မိတ္ေဆြေတြ တစ္ဉီးၿပီးတစ္ဉီးႏူတ္ဆက္ကာ ျပန္သြားၾကေလသည္။ထိုအခါမွ ႏွစ္ေယာက္သား သက္ျပင္းေမာခ်နိဳင္ၾကသည္။

"ေမာၾကေရာေပါ့ ဂ်ီမင္ေမေမ ခဏနားခ်င္နား ၿပီးမွပစၥည္းသိမ္း"

"ဟုတ္ကဲ့ သူေဌး ေက်းဇူးတင္ပါတယ္"

သူေဌးက ေခတၱေပးနားသျဖင့္ အကိုကင္မ္နဲ႕အတူ စားပြဲတခုတြင္ ဝင္ထိုင္မိသည္။တေနကုန္ ေျပးလႊားထားသျဖင့္ ေျခသလုံးမ်ားေတာင့္တင္းေနေပသည္။သို႔ေသာ္ မညီးၫူရဲ။အလုပ္ျပဳတ္မွာစိုးမိသည္။

"ဒါနဲ႕ အကိုကင္မ္ကို ေက်းဇူးတင္ပါတယ္"

မြစာက်ဲကာ႐ူပ္ပြေနေသာ စားပြဲဝိုင္းကို ဂ်ီမင္ေမေမတခ်က္ၾကည့္ရင္း သူ႕အလုပ္ကိုကူညီေပးေသာ ကင္မ္ကို ေက်းဇူးတင္စကားဆိုလိုက္သည္။

"ရပါတယ္"

"ေဂ့...ကင္မ္"

ထိုအခ်ိန္ ေရအိမ္သြားတဲ့ဖက္မွ ဧည့္သည္တေယာက္ထပ္ထြက္လာသျဖင့္ ႏွစ္ဉီးသားအံ့ၾသရင္း ၾကည့္မိၾကသည္။

"ဟင္းးး...ဧည့္သည္က်န္ေသးတာပဲ"

ဂ်ီမင္ေမေမက သက္မခ်ကာ ခပ္တိုးတိုးဆိုေလသည္။

"ကိုယ္စားလွယ္ႀကီး က်န္ေနတာပဲ က်ေနာ္က ျပန္သြားၿပီမွတ္ေနတာ"

ကင္မ္က ဧည့္သည္ဆီေျပးသြားကာ ကူတြဲရင္း ရိုရိုက်ိဳးက်ိဳးေမးျမန္းျပဳလိုက္သည္။

"က်န္...က်န္သူေတြေရာ"

"ျပန္ကုန္ၿပီ ကိုယ္စားလွယ္ႀကီး"

"အမ္...မင္းနဲ႕ငါနဲ႕ပဲ က်န္တာလား"

"ဟုတ္ကဲ့"

ထိုအခါ ကိုယ္စားလွယ္က ေခါင္းၿငိမ့္ကာ စားပြဲတခုတြင္ထပ္ဝင္ထိုင္၍ ဆိုဂ်ဴပုလင္းထပ္ေတာင္းေလသည္။

"ဟာ...ကိုယ္စားလွယ္ႀကီး မနက္ျဖန္ အလုပ္သြားရအုန္းမယ္ေလ အမ်ားႀကီးေသာက္လို႔ ဘယ္ျဖစ္မလဲ"

ကင္မ္က ထပ္ေသာက္ဖို႔ႀကံေနေသာ ကိုယ္စားလွယ္ကို အျမန္တားကာေျပာလိုက္သည္။

"ဒီ...တလုံးပဲ ကင္မ္ ဒါေနာက္ဆုံး အစာပိတ္ေသာက္တာ"

"မဟုတ္ဘူးေလဗ်ာ"

"ငါအာ့လို...ေသာက္ေနၾက ကင္မ္ တလုံးေလာက္ပိုေသာက္႐ုံနဲ႕ ငါဒီထက္ပို မမူးနိုင္ဘူး..အြတ္"

ကိုယ္စားလွယ္က ေျပာရင္း အြတ္ခနဲပ်ိဳ႕တက္လာျပန္သည္။ထို႔ေၾကာင့္ ေရအိမ္ဆီတခါတြဲပို႔ရျပန္သည္။စိတ္ႀကိဳက္အန္ၿပီး ေပ်ာ့ေခြသြားမွ ကင္မ္ တြဲကူကာ အေရွ႕ျပန္ထြက္လာခဲ့သည္။ထိုအခ်ိန္ ဂ်ီမင္ေမေမက သန့္ရွင္းေရးလုပ္သိမ္းဆည္းေနသည္မွာ ၿပီးလုၿပီးခင္ပင္ျဖစ္သည္။

"က်ေနာ္တို႔ ျပန္ေတာ့မယ္ေနာ္"

စားပြဲးခုံတိုက္ေနရာမွ အကိုကင္မ္ေျပာလာ၍ လွည့္ၾကည့္မိသည္။မူး႐ူးေနေသာ ဧည့္သည္ကိုတြဲထားေသာ အကိုကင္မ္ပုံစံက ဒယိမ္းဒယိုင္...။

"ဘယ္လိုျပန္မွာလဲ အငွားေမာင္းတဲ့သူက မိုးခ်ဴပ္လို႔ေခၚမရေတာ့ဘူးအကိုကင္မ္"

"ဟုတ္လား"

ကင္မ္ေခါင္းကုတ္မိသည္။ သူကိုယ္တိုင္လဲေသာက္ထားသျဖင့္ ကားေမာင္းလို႔မရ အခက္ေတြ႕ေနရသည္။

"ဟို အကိုကင္မ္တို႔ ခဏေစာင့္မလား ခဏအလုပ္ၿပီးရင္ ညီမေမာင္းပို႔ေပးမယ္ေလ"

"ဟာ..ဟုတ္သား ညီမအငွားေမာင္းအလုပ္လဲလုပ္ေသးတယ္မလား"

"ဟုတ္ကဲ့"

"ဟုတ္ၿပီ အကိုတို႔ကိုလိုက္ပို႔ေပးေနာ္ ညီမကိုအလုပ္အပ္ပါ့မယ္"

ဂ်ီမင္အေမက ေခါင္းတခ်က္ၿငိမ့္ကာ အလုပ္မ်ားကိုျမန္ျမန္ဆန္ဆန္လုပ္၍ အကုန္လက္စသတ္သည္။ထို႔ေနာက္ အလုပ္ခ်ိန္လဲျပည့္ အလုပ္လဲအကုန္ၿပီးကာ သူေဌးဆီမွ ေန႕တြက္ခယူ၍ ကိုယ္စားလွယ္ကို အကိုကင္မ္ႏွင့္တေယာက္တဖက္တြဲရင္း ကားပါကင္ရွိရာလာခဲ့သည္။

"ဟူးးးဝုန္း"

ဝဖိုင့္ဖိုင့္ကိုယ္စားလွယ္ကို ႏွစ္ေယာက္တြဲ၍ ကားထဲပို႔ရသည္မွာ တကယ္မလြယ္ေပ။တေယာက္က အတင္းတြန္းတင္၍ တေယာက္က အထဲကေနဆြဲယူရသည္။ေနာက္ဆုံးကားထဲတစ္ကိုယ္လုံးဝင္ၿပီဆိုမွ သက္ျပင္းၿပိဳင္တူခ်မိသည္။

"ဘယ္ပို႔ရမွာလဲ အကိုကင္မ္"

"####ဟိုတယ္ကို ေမာင္းညီမ သူအာ့မွာတည္းေနတာ"

"ဒီကမဟုတ္ဘူးလား"

"မဟုတ္ဘူး"

"ေအာ္"

ဂ်ီမင္အေမႏွင့္စကားေျပာရင္း ဟိုတည္ဆီသို႔ေမာင္းထြက္ခဲ့ၾကသည္။

"အငွားေမာင္းသူက ဘယ္ခ်ိန္လုပ္တာလဲ"

"ညပိုင္းအခ်ိန္ေစာၿပီးတဲ့ေန႕ေတြဆို ေမာင္းေပးပါတယ္ ေန႕တိုင္းေတာ့မဟုတ္ပါဘူး"

"အင္း"

စကားတေျပာေျပာျဖင့္ ေမာင္းလာရာ ဟိူတယ္ေရွ႕သို႔ပင္ေရာက္လာေလသည္။ထို႔ေနာက္ ဝဖိုင့္ေသာကိုယ္စားလွယ္ႀကီးကို သူတို႔ႏွစ္ေယာက္အင္အားႏွင့္ထုတ္မရသျဖင့္ လုံၿခဳံေရးေတြကိုပါေခၚကာ ကူညီခိုင္းရသည္။

ကံေကာင္းစြာျဖင့္ ဟိုတယ္လုံၿခဳံေရးတို႔က ဟိုတယ္ကဧည့္သည္မွန္းသိသည္ႏွင့္ သူတို႔သာသယ္သြားေပးေလသည္။ သူတို႔၂ေယာက္ကေတာ့ အခန္းထဲေရာက္မေရာက္စစ္ေပးရန္သာ ေနာက္မွလိုက္ပါသြားခဲ့ရသည္။

"သားေတြ႕ခဲ့တဲ့ညက အာ့ကိစၥနဲ႕ေဖေဖတို႔စကားမ်ားခဲ့ၾကတာပဲ"

ထိုေန႕ညကအေၾကာင္းကို ထယ္ေယာင္းခုမွသိကာ ေဖေဖ့အေပၚစိတ္ခုမိသည္ကို အားနာမိသည္။

"ေမေမနဲ႕အန္ကယ္နဲ႕က တကယ္ဘာမွမဟုတ္ဘူးလား"

"မဟုတ္ပါဘူးကြာ ပတ္ဝန္းက်င္က ဒီလိုသမုတ္ၾကရင္း ထယ္ေယာင္းေမေမက အထင္ေတြလႊဲၿပီး ကိစၥေတြက ပိုဆိုးကုန္တာ ျပတ္ဆဲတဲ့အထိကေတာ့ ေဆာင္းကိစၥေၾကာင့္က အဓိကပဲ"

ထိုကိစၥကို ဂ်ီမင္တကယ္မသိ အခ်ိန္အေတာ္ၾကာမွ ေဆာင္းအေၾကာင္းကိုသိခဲ့ရသည္။

"ေဆာင္းက ဘယ္လိုျဖစ္ၿပီး..."

"ထုံးစံအတိုင္း အန္ကယ္နဲ႕ထယ္ေယာင္းေမေမ..."

ခါတိုင္းျဖစ္ေနၾကပုံစံအတိုင္းပင္ ထိုေန႕က ထယ္ေယာင္းေမေမႏွင့္ရန္ထပ္ျဖစ္ခဲ့ၾကသည္။ထိုအႀကိမ္က ဂ်ီမင္တို႔သားအမိ မစၥဂ်န္တို႔အိမ္က ထြက္သြားခဲ့တာ တႏွစ္ေလာက္ရွိခဲ့ၿပီ။သို႔ေသာ္ ထယ္ေယာင္းေမေမက ကင္မ္အေပၚ သံသယစိတ္ႀကီးထြားကာ အၿမဲအျမင္ေစာင္းေနခဲ့သည္။သာယာတဲ့မိသားစုဘဝဟာ ခုေတာ့အဖက္ဆယ္မရ။

"ဒီေန႕သားတို႔ေက်ာင္းကို အမွီလာမယ္ဆိုၿပီး မလာနိုင္တာ ရွင္သူနဲ႕သြားခ်ိန္းေတြ႕ေနလို႔မလား"

"မင္းဇြတ္ေျပာမေနနဲ႕ အေရးႀကီးအလုပ္ေပၚလာလို႔ ငါအာ့ကိုေျပးရတာ အလုပ္ကေငြအထုပ္လိုက္ဝင္မဲ့အေရး ပစ္ထားလို႔ရမလားကြ"

သားတို႔ေက်ာင္းက အားကစားၿပိဳင္ပြဲရွိ၍ မိဘစုံညီတက္ေရာက္ဖို႔ ေက်ာင္းကအမွာပါးထားသည္။မလာလဲျဖစ္ေပမဲ့ မိဘစုံညီလာသည့္ သူငယ္ခ်င္းေတြၾကား မ်က္ႏွာငယ္ရရွာသည္။

"လိမ္ေပါ့ ရွင့္စကားအတိုင္းပဲေလ က်မကျမင္ရတာမွ မဟုတ္တာ က်မသိတာ က်မသားေတြမ်က္ရည္မက်ဖိဳ႕ပဲ ခုရွင္တာဝန္မေက်ေတာ့ ေဆာင္းကဝမ္းနည္းၿပီးငိုေနရၿပီ ဒါရွင္ေစာက္သုံးမက်တာေလ"

"ဘာ! မင္းစကားေတြလြန္မလာနဲ႕ ငါစီးပြားရွာေနတာ ငါ့သားေတြအတြက္ပဲ ငါ့သားေတြေကာင္းေကာင္းေနနိုင္ဖို႔ ငါဘာမဆိုလုပ္မွာပဲ မင္းငါ့သိကၡာေတြခ်ေနတာ ေတာ္သင့္ၿပီ ေတာက္!"

"ရွင္ကမ်ား က်မကိုေတာက္ေခါက္ရဲေသးတာ္ေပါ့ ကဲ့ဟယ္ ျဖန္း!"

တသတ္လုံး ဘာကိစၥျဖစ္ျဖစ္ စိတ္ဆိုးစိတ္တိုၿပီး ေရွာင္ထြက္သြားတတ္တဲ့သူက ခုသူမကိုေတာက္ခတ္သတဲ့။ဒါဟိုသားအမိေၾကာင့္ပဲ မဟုတ္လား။

"မင္း!"

"ဟိုမိန္းမေၾကာင့္မလား...ခုရွင္က်မကို ေတာက္ခတ္တတ္ေနရင္ တခ်ိန္ခ်ိန္ရိုက္လားပုတ္လားလုပ္လာမွာမလား အဟင့္!"

"ေလွ်ာက္ေျပာမေနနဲ႕"

"က်မက ဟိုမိန္းမထက္ ဘယ္ေနရာကမသာလို႔လဲ ေျပာပါအုန္း ႐ႊတ္!ဟင့္!"

ဆိုဖာထက္ထိုင္ကာ မ်က္ႏွာကိုလက္ဖဝါးအုပ္၍ ရိူက္ႀကီးတငင္ငိုေနေသာေမေမ့ပုံစံေၾကာင့္ အခန္းတြင္းမွေဆာင္းက လိုက္ငိုေလသည္။ထယ္ေယာင္းက အတန္းမဆင္းေသး၍ အိမ်ပြန်မရောက်သေး။ရန်ုဖြစ်နေသော မိဘ၂ပါးေၾကာင့္ ေဆာင္းအားငယ္စိတ္ဝင္ေနေလသည္။

"ကြာရွင္းရေအာင္"

"ဘာေျပာတယ္!"

စိတ္ပ်က္လက္ပ်က္ပုံစံျဖင့္ ကင္မ္က ဆံပင္ထဲထိုးဖြၿပီးေျပာလွ်င္ ထယ္ေယာင္းေမေမက က်ယ္ေလာင္စြာထေအာ္ေလသည္။

"မင္းနဲ႕ငါ ဘယ္လိုမွေရွ႕ဆက္လို႔မျဖစ္နိုင္ေတာ့ဘူးမလား အတူရွိေနရာပင္ပန္းရင္ ဘာလို႔အတူေနရမလဲ ဟုတ္တယ္မလား"

"ဟင့္အင္း မကြာနိုင္ဘူး က်မမွာ ဘာလိုအပ္ခ်က္ရွိလို႔လဲ က်မကိုေျပာပါ က်မျပဳျပင္ပါ့မယ္ က်မတို႔သားအမိေတြကို ပစ္မထားခဲ့ပါနဲ႕ ဟင့္ဟင့္!"

ထယ္ေယာင္းေမေမက ကင္မ့္ေျခသလုံးလွမ္းဖက္ကာ ငိုႀကီးခ်က္မျဖင့္ေျပာေလသည္။ကင္မ္က ဖက္တြယ္ထားေသာ လက္ကိုဆြဲျဖဳတ္၍ ထယ္ေယာင္းေမေမေရွ႕ထိုင္ခ်လိဳက္သည္။ထို႔ေနာက္ ေလသံခပ္တိုးတိုးျဖင့္သာဆိုေလသည္။

"ဘာျဖစ္ျဖစ္ ခဏေတာ့ခြဲေနၾကရေအာင္"

ကင္မ္ကေျပာၿပီး အိမ္ထဲမွေျခလွမ္းက်ဲျဖင့္ တခါတည္းထြက္သြားေတာ့သည္။ထယ္ေယာင္းေမေမက ထိုေနရာမွာပင္ သူ႕ရင္ဘက္သူထုရင္း အားရပါးရရိူက္ငိုေတာ့သည္။

"ဟင့္ ေမေမ"

"ေဆာင္း...ေမ့ သားငယ္ေလး"

ေဆာင္းကပါ မိခင္ရင္ခြင္ေျပးဝင္ကာ မိခင္ႏွင့္အတူဖက္ငိုေလသည္။

"ဟင့္အင္း ေမေမ မငိုနဲ႕ေနာ္ သားေဖေဖ့ကိုလိုက္ေခၚေပးမယ္ ေမေမခဏေစာင့္"

မိခင္ငိုေနတာကို မၾကည့္ရက္ေသာေဆာင္းက မိခင္ရင္ခြင္ထဲမွ႐ုန္းထြက္ကာ အိမ္ျပင္သို႔ေျပးထြက္သြားခဲ့သည္။ေမေမက လိုက္ဆြဲေပမဲ့မမွီလိုက္။႐ုတ္တရက္ျဖစ္၍ ေဆာင္းေနာက္လဲခ်က္ခ်င္းမလိုက္ခဲ့နိုင္ေပ။

"ေဖေဖသိတာက ေဆာင္းေဖေဖ့ေနာက္လိုက္လာၿပီး ရွာေနတာတဲ့"

"......."

"ေဖေဖက မသိဘူးေလ ေဖေဖလည္းစိတ္ညစ္ညစ္နဲ႕ အလုပ္ထဲျပန္သြားဖို႔ လမ္းတဖက္ကူးသြားခ်ိန္မွာပဲ ေဆာင္းအသံကိုၾကားလိုက္ရတာ ေဖေဖဆိုၿပီး ေအာ္လိုက္သံကို"

"......"

"အာ့အခ်ိန္မွာပဲ ေဖေဖလဲလွည့္အၾကည့္ ေဆာင္းကကားလမ္းမႀကီးေပၚေျပးတက္လာတာ ေဖေဖေအာ္ၿပီးတားေပမဲ့မမွီလိုက္ဘူး တဖက္ကေကြ႕ခ်လာတဲ့ကားက ေဆာင္း...ေဆာင္းကို"

အန္ကယ္မွာေျပာရင္း မ်က္ရည္မ်ားစီးက်လာေလသည္။သားျဖစ္သူ၏ ေသဆုံးျခင္းကို မ်က္ျမင္ေတြ႕လိုက္ရတဲ့ ဖခင္တေယာက္အဖို႔ ဘယ္ေလာက္ေတာင္ပူေလာင္ေလမလဲ။ ဂ်ီမင္ကိုယ္ခ်င္းစာမိသည္။ထိုခဏ သူႏွင့္နံေဘးမွာထိုင္ေနေသာ ထယ္ေယာင္းကိုငဲ့ၾကည့္မိသည္။ထယ္ေယာင္းလည္း ဖခင္နည္းတူမ်က္ရည္စျဖင့္ ေခါင္းငုံ႕ကာငိုေနေလသည္။

"ငါရွိတယ္ေလ"

ဂ်ီမင္ ခပ္တိုးတိုးဆိုရင္း ထယ္ေယာင္းလက္တဖက္ကိုဆြဲယူကာ ဆုတ္ကိုင္ထားလိုက္သည္။ထယ္ေယာင္းက သူသိပါသည်ဆိုသည့်အဓိပ္ပါယ်ဖြင့် ေခါင္းၿငိမ့္ျပသည္။ထိုအခ်ိန္ အန္ကယ္ကစကားဆက္လာသည္။

"ကံဆိုးခ်င္ေတာ့..."

"သားပါေတြ႕သြားခဲ့တာမလား..."

"ဘယ္လို"

ဂ်ီမင္ေခါင္းထဲ ဒိန္းခနဲျမည္ကာ အခ်က္ေပးသံမ်ားဆူေဝသြားရသည္။ေဆာင္းေသဆုံးမႈကို ထယ္ေယာင္းပါ ေတြ႕ခဲ့တယ္တဲ့လား။သနားလြန္းလို႔ ဘယ္လိုလုပ္ရမလဲ။ရင္ထဲဘယ္ေလာက္ေတာင္ နာက်င္ေနရွာမလဲ။မ်က္ရည္သြင္သြင္က်ေနေသာ ထယ္ေယာင္းကိုၾကည့္၍ ဂ်ီမင္ရင္ထဲတဆစ္ဆစ္နာက်င္လာရသည္။

"က်ေနာ္...တကယ္ စိတ္မေကာင္းပါဘူး"

ဂ်ီမင္က တကယ္စိတ္ရင္းျဖင့္ ဝမ္းနည္းေၾကာင္းေျပာလွ်င္ ထယ္ေယာင္းေဖေဖမွ ေခါင္းၿငိမ့္ကာအသိအမွတ္ျပဳေလသည္။

"ဘယ္တတ္နိုင္ပါ့မလဲ ျဖစ္ခ်ိန္တန္ေတာ့ အကုန္စုျဖစ္တယ္လို႔မွတ္တယ္ကြယ္"

"ဒါ ဒါနဲ႕ က်ေနာ့္ေမေမေကာ ဘာဆက္ျဖစ္လဲ ၿပီးေတာ့ ခုဘယ္မွာလဲ"

"ဟင္...သားမသိဘူးလား သားအေမဆုံးေၾကာင္း အန္ကယ့္စာထဲထည့္ေရးေပးလိုက္တယ္"

"ဗ်ာ!!...ေမေမဆုံးၿပီ"

ငိုခ်င္ရဲ႕လက္တို႔ဆိုသလို နဂိုဝမ္းနည္းေနေသာစိတ္တို႔ကာ တင္းမထားနိုင္ေတာ့၍ အသံတိတ္ရိူက္ငိုမိေတာ့သည္။ထိူအခါ ထယ္ေယာင္းက သူ႕မ်က္ရည္မ်ားကိုဖယ္သုတ္၍ ဂ်ီမင္ပုခုံးကိုဖြဖြေလးဖက္ေပးထားေလသည္။

"ေဆာင္း ဆုံးတဲ့ကိစၥနဲ႕ပတ္သတ္ၿပီး ထယ္ေယာင္းေမေမနဲ႕ဆက္ဆံေရးက လုံးဝပ်က္စီးသြားတယ္ အန္ကယ္လဲစိတ္ဓာတ္အႀကီးအက်ယ္က်ၿပီး တေနရာကိုထြက္သြားမွရေတာ့မဲ့ အေျခေနျဖစ္ေနတယ္"

"......"

"အာ့အခ်ိန္ အန္ကယ္ဘယ္သြားရမွန္းမသိျဖစ္ေနခဲ့တာ...ဂ်ီမင္ေမေမက ေဆာင္းနာေရးကို တိတ္တိတ္ေလး လာတက္ရွာတယ္...အန္ကယ္နဲ႕ေတြ႕ၿပီး သူအန္ကယ့္ကို ဒီေနရာၫႊန္ေပးတာပဲ...အန္ကယ္က မလာတတ္ေတာ့ ဂ်ီမင္ေမေမကို အကူအညီေတာင္းမိတယ္"

"......"

"အစက သူျငင္းတာကို အန္ကယ္လက္ခံခဲ့ရင္ သားတို႔သားအမိလဲ ခုလိုေသကြဲဘယ္ကြဲရမလဲ အကုန္အန္ကယ့္အျပစ္ေတြပါပဲ"

ထယ္ေယာင္းေဖေဖက ခုမွတသတ္လုံးသိမ္းထုတ္ထားခဲ့သမွ်ခံစားခ်က္ကို သူတို႔ႏွစ္ေယာက္ေရွ႕မွာ တခ်က္ျခင္းဖြင့္ဟျပေနေလသည္။

"အာ့ေန႕က သူအန္ကယ္ကိုကားေမာင္းၿပီးဒီကို လိုက္ပို႔ခဲ့တယ္...ဒီမွာ တညအိပ္ၿပီး ေနာက္ရက္တန္းျပန္သြားခဲ့တယ္ အဲ့ဒါနဲ႕ လမ္းမွာမိုးေတြတအား႐ြာၿပီး မေတာ္တဆမူျဖစ္ၿပီး ဆုံးပါးသြားရွာတယ္"

"ဒါေတြအန္ကယ္ စာေတြထဲထည့္ေရးေပးလိုက္ေပမဲ့ ထယ္ေယာင္းေမေမက အန္ကယ့္ကိုမုန္းတဲ့စိတ္နဲ႕ ဖုံးကြယ္ထားခဲ့တာပဲ"

ထယ္ေယာင္းေဖေဖက သူ႕ဝန္ထုတ္ဝန္ပိုးကို အကုန္ျဖည့္ခ်လိဳက္သလိုျဖစ္ၿပီးေနာက္ ခုံေနာက္ကိုမွီခ်ကာ ေငးေငးငိုင္ငိုင္...။

"မားကေရာ ေမေမဆုံးတာ တကယ္မသိဘူးလား အန္ကယ္"

"အစက သူလဲမသိခဲ့ဘူး ေနာက္၂ႏွစ္ေလာက္ၾကာမွ သိခဲ့တာ ဒါေပမဲ့ ဒီကိစၥေတြကို သူအစျပန္မေဖာ္ခ်င္ေတာ့ဘူးဆိုၿပီး ဒီတိုင္းထားခဲ့တာ သားမားက သားကိုမနာက်င္ေစခ်င္ဘူးဂ်ီမင္"

မားရဲ႕သူ႕အေပၚခ်စ္ျခင္းတရားေတြကို သူအျပည့္အဝနားလည္ပါသည္။ေမေမမရွိကတည္းက လိုေလေသးမရွိသူ႕အေပၚ အရာရာျဖည့္ဆည္းေပးခဲ့သည္။ခုဆို မားကသူ႕ဘဝျဖစ္ကာ သူကလည္းမားဘဝျဖစ္တဲ့အထိပင္။

ဒီအေရးေတြဟာ တကယ္ပဲ ဘယ္ကစမွားယြင္းခဲ့သလဲ။အတၱေတြေၾကာင့္လား၊ခ်စ္ျခင္းတရားေတြေၾကာင့္လား၊ သံသယေတြေၾကာင့္လား ဘာျဖစ္ျဖစ္ ဘယ္အရာမဆိုအလြန္အၾကဴးျဖစ္လာလွ်င္ပ်က္သုန္းတတ္ၾကေလသည္။ထိုပ်က္သုန္းမႈတြင္ မဆိုင္သူေတြ ၾကားက်ပ္ပါေနရျခင္းအတြက္ေတာ့ တရားမွ်တမႈမရွိဟုခံစားေနရသည္။

April 19,2023.

🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

72.3K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
31.4K 2.3K 15
Main OTP-Yoonmin Second OTP-Vope Both unicode & zawgyi
1.3K 90 6
မင်းကို ငါစောက်ရမ်းမုန်းတယ် park jimin မင်းက ချမ်းသာတယ်ဆိုပြီး မာနတွေ ထောင်လွှားနေလိုက်ကြားလား တစ်နေ့ မင်းငါ့လက်အောက် ရောက်ကို ရောက်လာစေရမယ် ...
98.2K 15.9K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...