​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

Autumn_Aster tarafından

29.7K 2.8K 64

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... Daha Fazla

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း ၁
အခန်း-၂
အခန်း-၃
အခန်း ၄
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း-၉
အခန်း-၁၀
အခန်း ၁၁
အခန်း- ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇

အခန်း ၈

1.2K 144 6
Autumn_Aster tarafından

UNICODE

သူတို့အနီးဝန်းကျင်မှာ တခြားသူတွေမရှိတော့ လွမ်ရှီက သူမရဲ့ အားနည်းသည့်အသွင် ဟန်ဆောင်နေတာကို ရပ်လိုက်သည်။ သူမရဲ့အကြည့်တွေက သွက်သွက်လက်လက်ဟန်ရှိသွားသည်။

လူတစ်ယောက်၏ စိတ်နေသဘောထား၊ ကျက်သရေနှင့် ဆွဲဆောင်မှုတွေက ဟန်အမူအရာနှင့် အပြုအမူတွေမှာသာ ရှိရုံတင်မက အကြည့်တွေထဲမှာလည်း ရှိသည်။

'နဂါးပုံရေးဆွဲထားသည့် ပန်းကျီကို အသက်သွင်းနေတာက မျက်ဝန်းတစ်စုံမှာ အစက်ချလိုက်ရုံပဲ' ဆိုသည့် စကားပုံက အကြည့်တစ်ချက်က ဘယ်လောက်အရေးကြီးလဲဆိုတာ ရှင်းပြနေတာဖြစ်သည်။ အရင်လွမ်ရှီက လက်ရာမြောက်သည့် ကျောက်စိမ်းကို လူပုံစံထွင်းထုထားသလိုပဲ ဖြူဖွေးနူးညံ့သည့် အသားအရေနှင့် လှပလွန်းသည်။ သို့ပေမယ့် သူမရဲ့မျက်ဝန်းထဲ ဆွဲဆောင်သည့်အရိပ်အယောင်မရှိသလို စိတ်နေသဘောထားကလည်း သာမန်မျှသာဖြစ်သည်။

သို့ပေမယ့် အခု သူမဟန်ဆောင်တာကို ရပ်လိုက်ချိန်မှာ ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် လက်ရာမြောက်လွန်းလှသည့် ဤလူသားက အသက်ဝင်လာသလိုပင်။ သူမရဲ့တစ်ဝိုက်မှာ ခမ်းနားထည်ဝါမှုက လွှမ်းခြုံနေပြီး ရင်သက်ရှုမောဖွယ်အလှလေးတစ်ယောက်ဖြစ်လာသည်။

သဘာဝကျပြီး စိတ်အေးစွာနှင့် ဝမ်ကုန်းဇီအတွက် ရေနွေးငှဲ့ပေးပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလာသည်။ "ဝမ်ကုန်းဇီ ရေနွေးသုံးဆောင်ပါဦး"

ရေနွေးခွက်ကို လက်ခံပြီးနောက် ဝမ်ကုန်းဇီက တစ်ငုံသောက်ကာ ခပ်ဖျော့ဖျော့ ရယ်သွမ်းသွေးလာသည်။ "ဆက်ပြီး ဟန်မဆောင်တော့ဘူးလား?"

လွမ်ရှီက သူ့စကားကို ချက်ချင်းနားလည်ကာ အပြုံးလေးနှင့် ပြောလာသည်။ "တို့ ဟန်ဆောင်တာ ဟန်မဆောင်တာက ဝမ်ကုန်းဇီကို ဖုံးကွယ်ထားလို့မရပါဘူး။ ရိုးသားမှုနှင့် စိတ်ရင်းလောက် ဘယ်ကုသမှုမှ မကောင်းဘူးလေ"

အသေအချာကို ဒါက သူမရဲ့ နားလည်မှုလွဲတာမဟုတ်ပေ။ သူမဟန်ဆောင်နေတာကို ဝမ်ကုန်းဇီက ထွင်းဖောက်မြင်ရလေသည်။ သို့ပေမယ့် မူလကိုယ်ရဲ့ မှတ်ဉာဏ်ထဲဝယ် ဝမ်ကုန်းဇီအကြေင်းကို ရှာမတွေ့ပေ။

သံသယမရှိစွာနှင့် မူလကိုယ်ပိုင်ရှင်က ဝမ်ကုန်းဇီနှင့် ဆက်ဆံမှုမျိုးမရှိပေ။ သို့ပေမယ့် ဝမ်ကုန်းဇီကတော့ သူမနှင့် မရင်းနှီးဟန်မရှိလို့ လွမ်ရှီ၏ နှလုံးသားထဲ သံသယအရိပ်အယောင်လေး မြင့်တက်လာသည်။

ဝမ်ကုန်းဇီက ယဉ်ကျေးသည့်အပြုံးကို ဆက်လက်ပြုံးထားရင်း သူ့ရဲ့ကြည်လင်တောက်ပသည့်အသံဖြင့် ပြောလာသည်။ "စစ်ညန်က ဉာဏ်ထက်မြက်ပါပေတယ်"

သူက လွမ်ရှီရဲ့ ဟန်ဆောင်မှုကို သွယ်ဝိုက်ပြီး ဝန်ခံလေသည်။

ဒီအသုံးအနှုန်းကြီးက...

လွမ်ရှီက မျက်နှာထက်ဝယ် အံ့ဩသည့်အရိပ်အယောင်ဖော်ပြရင်း ဝမ်ကုန်းဇီကို ကြည့်လာသည်။

နွေးထွေးသည့်အသံနှင့် ဝမ်ကုန်းဇီက ရှင်းပြလာသည်။ "စစ်ညန်က ကိုယ့်ရဲ့ သတို့သမီးလောင်းပဲလေ။ လွမ်စစ်ရှောင်ကျဲလို့ခေါ်တာက အရမ်းယဉ်ကျေးပြီး ဝေးကွာလွန်းတယ် မင်းရဲ့ အပျိုနာမည်ကို ခေါ်ဖို့ကလည်း အရမ်းရင်းနှီးနေတဲ့ပုံပေါက်နေတော့ ကိုယ်က မင်းကို စစ်ညန်လို့ပဲ ခေါ်တာပါ"

လွမ်ရှီက သူမနားလည်ကြောင်း ဖော်ပြလာသည်။

ဒီအသုံးအနှုန်းကို သူမက တည်ငြိမ်စွာ လက်ခံတာကိုကြည့်ရင်း ဝမ်ကုန်းဇီရဲ့ အပြုံးက မျက်ဝန်းအတွင်းထဲထိ ရောက်လာသည်။ (T/N: အပေါ်ယံ ပြုံးတာမျိုးမဟုတ်တာကို ပြောတာပါ) ပြီးနောက် သူက ထင်သာမြင်သာသည့်အပြုအမူနှင့် မေးလာသည်။ "စစ်ညန် မင်းရဲ့ခန္ဓာကိုယ်က ကောင်းမွန်လာပြီလား?"

ပြန်ဖြေသည့်အနေနှင့် လွမ်ရှီက သမားတော်အိုရဲ့ ရောဂါစစ်တမ်းကို ပြန်ပြောင်းပြောပြလေသည်။ "တို့က ရှစ်ပုံပုံ ခုနှစ်ပုံလောက်တော့ သက်သာပါပြီ။ အမေက ဒီနေ့မွန်းလွဲပိုင်းမှာ တို့သွေးခုန်နှုန်းကို စစ်ဖို့ သမားတော်တစ်ယောက်ကို ပင့်ဖိတ်ပေးခဲ့တယ်။ သူကတော့ တို့သွေးကြောတွေ ထိခိုက်သွားတာမို့လို့ သေချာဂရုစိုက်ဖို့ လိုတယ်လို့ ပြောတယ်"

သူမကူးပြောင်းလာပြီးနောက် လျင်မြန်စွာ နာလန်ထူလာနိုင်တာက သူမရဲ့ ရွှေလက်ချောင်းနှင့် တစ်နည်းနည်းဖြင့် ပက်သက်နေမည်ဟု လွမ်ရှီခံစားမိသည်။

သို့ပေမယ့် လွမ်ရှီက ကျန်းမာရေးကောင်းလာပြီး သွေးကြောထိခိုက်မှုကြောင့် အားနည်းနေတာမျိုးကို မခံစားရလို့ သမားတော်အိုကြီးရဲ့စကားကို အပြည့်အဝမယုံပေ။

သူမသွေးကြော ထိခိုက်ထားတယ်?

ဝမ်ကုန်းဇီရဲ့ မျက်ခုံးတွေက တွန့်ကွေးသွားသည်။ သူ့သတို့သမီးလောင်းက ရုတ်တရက် အအေးမိတယ်ဆိုထဲက သံသယဖြစ်နေခဲ့တာဖြစ်သည်။ သူ့မှာ သက်သေမရှိရုံနေလို့သာ။

လက်ရှိမှာ လွမ်စစ်ညန်၏ ပါးပြင်က နှင်းဆီရောင်သန်းနေပြီး အသားအရေလည်း ကောင်းမွန်နေလှသည်။ ထို့ကြောင့် ထိုအအေးမိတာက သူမကို ဆိုးရွားစွာ မထိခိုက်လောက်ဘူးဟု သူကောက်ချက်ချမိသည်။ သို့ပေမယ့် သူယုံကြည်ထားမှုနှင့် ဆန့်ကျင်စွာဖြင့် သူမရဲ့ သွေးကြောတွေက ထိခိုက်ထားသည်တဲံ။

ကြည့်ရတာ သူ့လူတွေ ရထားသည့် သတင်းတွေက အမှန်ဖြစ်ပုံပေါ်သည်။ သူ့သတို့သမီးလောင်းက အအေးမိပြီး ဖြတ်ကျော်နိုင်ဖို့ ခက်ခဲလုနီးပါးဖြစ်ခဲ့သည်ဆိုတာ။

ထို့ကြောင့် လွမ်စစ်ညန်က တိတ်ဆိတ်စွာနှင့် သူမကိုယ်ပိုင်အားနည်းချက်ကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့သည်။

ဝမ်ကုန်းဇီက ခါးသက်စွာ ရယ်မိသွား၏။ ကြည့်ရတာ သူက 'ကပ်ဆိုးရဲ့ အဓိကအကြောင်းရင်း' ကို သွယ်ဝိုက်စွာ ဖြစ်သွားစေတယ်နှင့် တူသည်။

လွမ်ရှီကတော့ ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောလာသည်။ "ဝမ်ကုန်းဇီရဲ့ ကောင်းချီးပေးမှုကို ငှါးရမ်းရရင်ဖြင့် ပြီးခဲ့တဲ့နှစ်ရက်မှာ တို့ရတဲ့အစားအသောက်တွေရဲ့ အရည်အသွေးက ပိုကောင်းလာတယ်။ တို့ရဲ့ ထမင်းသုံးနပ်လုံးမှာ အသားသုံးမျိုးနှင့် အရွက်တစ်မျိုးပါပြီးတဲ့အပြင်ကို အားဖြည့်စေတဲ့ ကြက်စွပ်ပြုတ်လည်း ပါသေးတယ်လေ"

သူမက ဒါတွေကို ဝမ်ကုန်းဇီကို ပြောပြလိမ့်မယ်လို့ သူမရဲ့တရားဝင်မိခင်ဖြစ်သူက မထင်ထားလောက်ဘူးမလား?

ထိုစကားကြားတော့ ဝမ်ကုန်းဇီမျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားသည်။ နေမကောင်းဖြစ်ပြီး သက်သာလာတဲ့သူကို အဆီများတာ အရသာပြင်းတာတွေ မကျွေးရဘူးဆိုတာ လူတိုင်းသိသည့် အရာဖြစ်သည်။ အမတ်စံအိမ်ရဲ့ အဓိကစားတော်ကဲတွေက ဒါကို မသိဘူးဆိုတာ သူမယုံပေ။ နောက်ကွယ်ကနေ တစ်ယောက်ယောက် ခိုင်းစေနေသည့်ပုံပင်။

"မနက်ဖြန်ကျ အားဖြည့်ဆေးပင်တစ်ချို့ ပို့ပေးဖို့ ကိုယ်ပြောလိုက်မယ်။ စစ်ညန် ကိုယ်မင်းအတွက် တစ်ခုခုလုပ်ပေးဖို့ လိုသေးလား?"

သိသာစွာနှင့် လွမ်ရှီက သူမအခြေအနေကို တမင်ဖော်ပြလာသည်ကို ဝမ်ကုန်းဇီခန့်မှန်းမိသည်။ အပေါ်ယံမှာတော့ အဆင်ပြေပေမယ့် တကယ့်တကယ်မှာတော့ ဘေးကျပ်နံကျပ်ထဲ ကျရောက်နေတာဖြစ်သည်။

ဝမ်ကုန်းဇီက ချက်ချင်းသဘောပေါက်တာကို လွမ်ရှီမြင်တော့ သူမရဲ့အပြုံးက နှင်းပွင့်အောက်မှာ ဖူးပွင့်လာသည့် လန်းဆန်းသည့်ပန်းလို ဆွဲဆောင်မှုပိုရှိလာသည်။ အရမ်းလှပလွန်းလို့ တစ်ခါတည်းနှင့် ခူးဆွတ်ဖို့ ခက်လှလေသည်။

"လေ့ကျင့်ရေးမားမားကို တို့ဆီ တစ်ယောက်လောက်ပို့ပေးဖို့ ဝမ်ကုန်းဇီကို တောင်းဆိုချင်ပါတယ်" သူမက အမတ်စံအိမ်မှာ နှစ်နှစ်ခန့်နေရဦးမည်ဖြစ်သည်။ သူမကျန်းမာရေးကို အစားအသောက်ကနေ ထိန်းသိမ်းသည့် လွမ်ရှီအတွက် နေ့တိုင်း အဆီများပြီး ဆေးခတ်ထားသည့် အစားအစာကို စားရတာက နှိပ်စက်နေသလိုပင် ဖြစ်သည်။

ထို့အပြင် ဒီလမ်းမှာ ဘာတွေဆက်ကြုံရမလဲဆိုတာ သူမ မသိလို့ မိုးမရွာခင် အိမ်အမိုးအရင်ပြင်ဖို့သာ လွမ်ရှီတတ်နိုင်သည်။

လွမ်ရှိရဲ့တောင်းဆိုမှုကို ဝမ်ကုန်းဇီကြားချိန်မှာ သူ့မျက်နှာချောချောထက် လေးစားသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။

ဒါက သေချာပေါက် အကြံကောင်းဖြစ်သည်။

ဝမ်မိသားစုရဲ့အဆင့်အတန်းက မြင့်ပြီး စည်းကမ်းတွေက တင်းကြပ်သည်။ ထို့ကြောင့် သူ့သတို့သမီးလောင်းကို လူမှုကျင့်ဝတ်တွေနှင့် စည်းမျဉ်းတွေကို သင်ကြားပေးဖို့ လေ့ကျင့်ရေးမားမားကို လွှတ်တာက အဆင့်တစ်ခု သတ်မှတ်ပေးလိုက်တာဖြစ်သည်။

"ရတယ်"

ဝမ်ကုန်းဇီက ဝန်ထုတ်ဝန်ပိုးခံစားရတာမရှိဘဲ သဘောတူလိုက်သည်။

ထို့နောက် လွမ်ရှီက နောက်ဆုံးမှာ စိတ်အေးသွားပြီဖြစ်သည်။ သူမအပြုံးရဲ့တောက်ပမှုကလည်း ပိုပြီး တောက်ပလာသည်။ "ကျေးဇူးအများကြီးတင်ပါတယ် ဝမ်ကုန်းဇီ"

ဝမ်မိသားစုရဲ့ လေ့ကျင့်ရေးမားမားနှင့်ဆို သူမရဲ့ တရားဝင်အမေက နည်းနည်းလေးတော့ ထိန်းသိမ်းသွားမည်ဖြစ်သည်။

ဝမ်ကုန်းဇီက ခေါင်းခါပြီး နောင်တနှင့်ပြောလာသည်။ "ဒါတွေက လုပ်ပေးရမယ့်အရာတွေပဲ။ ကိုယ်က ဒီလက်ထပ်ပွဲကို သဘောမတူခဲ့ရင် စစ်ညန်က အများမြင်ကွင်းရှေ့ကို တွန်းပို့ခံရမှာလည်း မဟုတ်ဘူး"

သူ့သတို့သမီးလောင်းက မိခင်ရင်းရဲ့ ကာကွယ်မှုမရှိလို့ တိတ်တိတ်လေး သည်းခံပြီး သူမကိုယ်သူမ ဖုံးကွယ်ထားရသည်။ ချမ်းသာသည့်စံအိမ်တွေက တရားမဝင်သမီးတွေရဲ့ ရှင်သန်သည့် နည်းလမ်းတစ်မျိုးဖြစ်သည်။

သူတို့ရဲ့လက်ထပ်မှုက အတည်ပြုချိန်မှာ လေတွေလှိုင်းတွေရှိသည့် အမြင့်ဆုံးနေရာကို တွန်းပို့ခံရသည်။ သူ့အပြစ်တွေလည်း ပါ၏။

လွမ်ရှီက ပြုံးလိုက်သည်။ ဒါက အသေအချာမဟုတ်ပေ။ မူလကိုယ်ပိုင်ရှင်က ကူးပြောင်းလာပြီး ပြန်လည်မွေးဖွားလာသည့် လွမ်စန်းညန်၏ နှလုံးသားထဲမှ ဆူးတစ်ချောင်းဖြ်စ်သည်။

ဝမ်ကုန်းဇီက ချောမောပြီး သိမ်မွေ့ကာ သူမကို အရမ်းအာရုံစိုက်သည့်အကြည့်ဖြင့် ကြည့်ချိန်မှာ သူ့ဆီမှ ချစ်မြတ်နိုးသည့် အရာမျိုးကို လွမ်ရှီမခံစားမိပေ။ အဲ့အစား ကြင်နာမှုနှင့် ငြင်းပယ်မှုသိပ်မရှိတာမျိုးကို ခံစားရသည်။

သူ့စရိုက်က စာအုပ်ထဲတွင် ဖော်ပြသည့် ဝမ်ကုန်းဇီနှင့် ဆင်တူသည်။

လွမ်ရှီက လုံးဝသေချာသွားသည်။

အရိုးရှင်းဆုံးပြောရရင် ဝမ်ကုန်းဇီက စိတ်ခံစားမှုနည်းပါးပြီး သူ့ကိုယ်သူ ဘယ်တော့မှ အမှားမခံသည့် သူမျိုးဖြစ်သည်။ သူက သူမကို လက်ထပ်ဖို့ ကတိပေးထားမှတော့ သူမ မသိသည့် အကြောင်းအရာတွေ ရှိကောင်းရှိဦးမည်ဖြစ်သည်။

ဒါကလည်း ကောင်းတော့ကောင်းသည်ဟု လွမ်ရှီ ခံစားမိသည်။ ရှေးခေတ်ကာလမှာ ယောကျာ်းတွေက ဇနီးသုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက်ထားတာက ပုံမှန်ပင်။ သူမက အနှေးနှင့်အမြန် ဝမ်ကုန်းဇီကို လက်ထပ်ရမည်ဖြစ်သည်။

ဝမ်ကုန်းဇီက အသွင်အပြင်မှာလည်း ခန့်ညားချောမောလှသလို မိသားစုနောက်ခံလည်းကောင်းသည်။ အရေးကြီးဆုံးကတော့ သူ့ရဲ့နေထိုင်မှုက သန့်ရှင်းပြီး ရိုးသားဖြောင့်မတ်တာကြောင့် မိုင်သောင်းနှင့်ချီအတွင်းမှာ သူမရနိုင်သည့် အကော်ငးဆုံးသော ယောကျာ်းတွေထဲက တစ်ယောက်ဖြစ်သည်။

ခံစားချက်မပါလည်း ကိစ္စမရှိပေ။ လွမ်ရှီက ဂျေးများလို့ရသည့်အနေအထားမှာ မရှိပေ။

"ဝမ်ကုန်းဇီက အမျိုးကောင်းသားတွေထဲမှာ နဂါးဇာမဏီပါပဲ။ တို့ကသာ အသားအစာသွပ်မုန့်နဲံ အပစ်ခံလိုက်ရတဲ့ ကံကောင်းတဲ့သူပါ။ တို့ရဲ့ပျော်ရွှင်မှုကို ဖော်ပြလို့ မလုံလောက်နေပါဘူး"

လွမ်ရှီက လိမ္မာပါးနပ်စွာ ပြုံးရင်း သူ့ကို ချီးကျူးလာသည်။

ဝမ်ကုန်းဇီက သူမရဲ့ နောက်တီးနောက်တောက်မူဟန်ကြောင့် သဘောကျပြီး ရယ်မိလေသည်။ သူ့သတို့သမီးလောင်းက တကယ့်ကိုအပျင်းပြေစရာပင်။ သူမရဲ့နှုတ်ခမ်းထက်ကနေတော့ ပျော်တယ်ပြောပေမယ့် သူမမျက်ဝန်းတွေက တည်ငြိမ်နေသည်။

"ကိုယ်လည်း အရမ်းပျော်ပါတယ်။ ဒီနေ့ စစ်ညန်နဲ့ တွေ့ဆုံရတာ ကိုယ့်ရွေးချယ်မှုမှန်ကန်တယ်ဆိုပြီး ကိုယ့်ယုံကြည်မှုကို ပိုတိုးလာစေတယ်"

သူ့စကားထဲမှ သိုဝှက်ထားသည့်အဓိပ္ပါယ်ကို လွမ်ရှီက ချက်ချင်းဖမ်းမိသွားသည်။ ဤစုံတွဲက အကြည့်ချင်းဖလှယ်ပြီး အချင်းချင်းနားလည်နေသည့်ဟန်ဖြင့် ပြုံးလိုက်သည်။

လွမ်စန်းညန်က အဝေးကနေ ထိုစုံတွဲကို ကြည့်ရင်း မသိစိတ်ကနေ လက်သီးဆုပ်မိသွားသည်။

သူမစတုတ္ထညီမလေးက သူမဘက်ကို ကျောပေးထားလို့ အမူအရာကို မမြင်ရသော်လည်း ဝမ်ထျန်းကျိုး၏ နူးညံ့ပြီး သိမ်မွေ့သည့်အကြည့်နှင့် အပြုံးကိုတော့ လွမ်စန်းညန် ရှင်းလင်းစွာ မြင်ရသည်။ သူမနှလုံးသားတစ်ခုလုံး မနာလိုမှုတွေဖြင့် ပြည့်နေ၏။

......

လွမ်ရှီနှင့် ထပ်တူညီသည့် နားလည်မှုကို ရရှိပြီးနောက် ဝမ်ကုန်းဇီက တက်ကြွသည့်အမူအရာနှင့် ပြန်လေသည်။

လွမ်ယွီဝမ်က သူ့ကို လိုက်ပို့ပေးပြီးနောက် လွမ်နင်းဘက်သို့လှည့်ကာ ပြောလာသည်။ "နင်းအာ အခု ညီမလေးရဲ့အပြုအမူက တကောကို အရမ်းစိတ်ပျက်သွားစေတယ်"

လွမ်စန်းညန်က တိတ်ဆိတ်နေသည်။

သူမလည်း ဒီလိုမဖြစ်ချင်ပေမယ့် သူမရဲ့ ခံစားချက်နှင့် မနာလိုမှုကို မထိန်းနိုင်ဖြစ်နေသည်။

ဝမ်ထျန်းကျိုးက သူမရဲ့စတုတ္ထညီမလေးကို ညင်သာသိမ်မွေ့သည့်အပြုံးနှင့် ကြည့်နေတာမြင်တော့ သူမရဲ့ စိတ်အခြေအနေ ပြိုလဲသွားတာကို သူမ ဝန်ခံ၏။

ပြီးခဲ့တဲ့ဘဝမှာလည်း သူမရဲ့ စတုတ္ထညီမလေးက ကောင်းမွန်စွာ နေခဲ့ရသည်။ ချီယွဲ့အမ်နှင့် နက်ရှိုင်းသည့် အချစ်ရှိနေချိန်မှာ သူမကတော့ ဧကရာဇ်အိုကြီးက အုတ်ဂူထဲဆွဲခေါ်သွားတာခံရသည်။ ပြီးတော့ ဒီဘဝမှာတော့ ဝမ်ထျန်းကျိုးလည်း သူ့နှလုံးသားကို သူမရဲ့ စတုတ္ထညီမလေးထံ နှင်းအပ်ထားပြီ။

စစ်မေ့ရဲ့ဘဝက ဘာလို့အရမ်းကောင်းရတာလဲ? လွမ်စန်းညန်က နှုတ်ခမ်းကိုက်လိုက်သည်။

သူ့ညီမလေးရဲ့ ပုခုံးကို နားလည်ဟန်ဖြင့် လွမ်ယွီဝမ်က ပုတ်ပေးရင်း နှစ်သိမ့်လာသည်။ "လူတိုင်းမှာ မနာလိုစိတ်က ရှိကြတာပဲ။ ဒါပေမယ့် မနာလိုစိတ်ကို အလုပ်ကြိုးစားဖို့ တွန်းအားအဖြစ် ပြောင်းနို်ငတယ်။ မနာလိုစိတ်က အမြင်ကို ဖုံးကွယ်သွားတာမျိုးကို ခွင့်မပြုနဲ့"

"တကောလည်း ညဘက်ဆို စာဖတ်ဖို့ ဆီမီးအိမ်ကို ထွန်းရပေမယ့် ချင်ရှန်းအကယ်ဒမီမှာ တ့ကောရဲ့နေရာက အလယ်အလတ်မှာ ရှိတယ်လို့ပဲယူဆရတယ်။ တစ်ဖက်မှာတော့ စာရင်းထဲမှာ အဆင့်ကောင်းတဲ့သူတွေရှိပြီး ဆရာတွေကလည်း သူတို့ကို ချီးကျူးကြတယ်။ အရင်ကတော့ တကောလည်း မနာလိုဖြစ်ဖူးတယ် မတရားဘူးလို့ ခံစားရတယ် ဒါပေမယ့် ဘယ်လိုပဲ မနာလိုဖြစ်ဖြစ် ဘယ်တော့မှ အဲ့လူဖြစ်လာမှာမဟုတ်ဘူး။ အရည်အချင်းက မလုံလောက်သေးဘူးဆိုရင် အားထည့်ပြီးကြိုးစား ပြီးတော့ နန်းတွင်းစာမေးပွဲဖြေတာကလည်း ကံကောင်းမှုက လိုအပ်သေးတယ်"

"ဒီကမ္ဘာမှာ ဉာဏ်ကောင်းတဲ့သူတွေက မရေမတွက်နိုင်အောင် ရှိပေမယ့် သူတို့က ကုမုဒြာကြာလို ဘာလို့ခဏပဲ ပွင့်ကြတာလဲ? ဘာလို့လဲဆိုတော့ သူတို့မှာ လုံလောက်တဲ့ ကံကောင်းမှုမရှိလို့ သူတို့ဘဝက အရမ်းမကောင်းနေလို့ပဲ"

လွမ်စန်းညန်၏ မျက်လုံးတွေပြူးကျယ်သွားသည်။ သူမအစ်ကိုကြီးက သူမကို ဒီလိုစကားမျိုး ပြောလာမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူမအစ်ကိုကြီး ပြောတာမှန်သည်။ သူမအစ်ကိုကြီးက သူ့ကျောင်းနေ့ရက်တွေမှာ ထူးချွန်မှုမရှိသော်လည်း သူ့ကံကကောင်းတယ်လို့ပြောရမည်။ တော်ဝင်မင်းမှုထမ်းစာမေးပွဲမှာ သူက စာရင်းထဲ ပါလာသည်။

သူ့ကံကလည်း လှောင်ပြောင်စရာမျိုးမရှိပေ။ အစောပိုင်းကာလတွေမှာ သူ့အတွက် သူမက လမ်းခင်းပေးခဲ့ကာ နောက်ပိုင်းမှာ ချီယွဲ့အမ်နှင့် ပူးပေါင်းပြီးနောက် သူ့ရဲ့ မင်းမှုထမ်းဆီလမ်းက ချောမွေ့ပြီး လွယ်ကူလေသည်။

သူမက ကတ်တွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်တဲ့သူဖြစ်ခဲ့ပေမယ့် မှုန့်မှုန့်ညက်ညက်ကျေအောင် အထောင်းခံခဲ့ရသည်။

ကျေးဇူးတင်စွာနှင့် အစကနေ ပြန်စဖို့ အခွင့်အရေးရတာကြောင့် သူမက ကံကြမ္မာရဲ့ကောင်းချီးပေးခံထားရသူဖြစ်သည်။

ကောင်းကင်ဘုံက သူမရဲ့အမှားတွေကို ပြန်ပြင်ဖို့အတွက် ပြန်လည်မွေးဖွားဖို့ အခွင့်အရေးပေးခဲ့သည်။ သူမက ကောင်းကင်ဘုံရဲ့ သမီးတော်အစစ်အမှန်ဖြစ်သည်။ ရုတ်တရက်ဆိုသလို လွမ်စန်းညန်က ယုံကြည်ချက်ရှိလာသည်။

ကုမုဒြာကြာ (သူက ညဘက် လထွက်ချိန်မှာ ပွင့်ပြီး မနက်ကျ ညိုးသွားပါတယ်)

2023 April 14

ZAWGYI

သူတို႔အနီးဝန္းက်င္မွာ တျခားသူေတြမ႐ွိေတာ့ လြမ္႐ွီက သူမရဲ႕ အားနည္းသည့္အသြင္ ဟန္ေဆာင္ေနတာကို ရပ္လိုက္သည္။ သူမရဲ႕အၾကည့္ေတြက သြက္သြက္လက္လက္ဟန္႐ွိသြားသည္။

လူတစ္ေယာက္၏ စိတ္ေနသေဘာထား၊ က်က္သေရႏွင့္ ဆြဲေဆာင္မႈေတြက ဟန္အမူအရာႏွင့္ အျပဳအမူေတြမွာသာ ႐ွိ႐ုံတင္မက အၾကည့္ေတြထဲမွာလည္း ႐ွိသည္။

'နဂါးပုံေရးဆြဲထားသည့္ ပန္းက်ီကို အသက္သြင္းေနတာက မ်က္ဝန္းတစ္စုံမွာ အစက္ခ်လိုက္႐ုံပဲ' ဆိုသည့္ စကားပုံက အၾကည့္တစ္ခ်က္က ဘယ္ေလာက္အေရးႀကီးလဲဆိုတာ ႐ွင္းျပေနတာျဖစ္သည္။ အရင္လြမ္႐ွီက လက္ရာေျမာက္သည့္ ေက်ာက္စိမ္းကို လူပုံစံထြင္းထုထားသလိုပဲ ျဖဴေဖြးႏူးညံ့သည့္ အသားအေရႏွင့္ လွပလြန္းသည္။ သို႔ေပမယ့္ သူမရဲ႕မ်က္ဝန္းထဲ ဆြဲေဆာင္သည့္အရိပ္အေယာင္မ႐ွိသလို စိတ္ေနသေဘာထားကလည္း သာမန္မွ်သာျဖစ္သည္။

သို႔ေပမယ့္ အခု သူမဟန္ေဆာင္တာကို ရပ္လိုက္ခ်ိန္မွာ ေက်ာက္စိမ္းျဖင့္ ထြင္းထုထားသည့္ လက္ရာေျမာက္လြန္းလွသည့္ ဤလူသားက အသက္ဝင္လာသလိုပင္။ သူမရဲ႕တစ္ဝိုက္မွာ ခမ္းနားထည္ဝါမႈက လႊမ္းျခဳံေနၿပီး ရင္သက္႐ႈေမာဖြယ္အလွေလးတစ္ေယာက္ျဖစ္လာသည္။

သဘာဝက်ၿပီး စိတ္ေအးစြာႏွင့္ ဝမ္ကုန္းဇီအတြက္ ေရေႏြးငွဲ႔ေပးၿပီး လက္ႏွစ္ဖက္ျဖင့္ ကမ္းေပးလာသည္။ "ဝမ္ကုန္းဇီ ေရေႏြးသုံးေဆာင္ပါဦး"

ေရေႏြးခြက္ကို လက္ခံၿပီးေနာက္ ဝမ္ကုန္းဇီက တစ္ငုံေသာက္ကာ ခပ္ေဖ်ာ့ေဖ်ာ့ ရယ္သြမ္းေသြးလာသည္။ "ဆက္ၿပီး ဟန္မေဆာင္ေတာ့ဘူးလား?"

လြမ္႐ွီက သူ႕စကားကို ခ်က္ခ်င္းနားလည္ကာ အျပဳံးေလးႏွင့္ ေျပာလာသည္။ "တို႔ ဟန္ေဆာင္တာ ဟန္မေဆာင္တာက ဝမ္ကုန္းဇီကို ဖုံးကြယ္ထားလို႔မရပါဘူး။ ႐ိုးသားမႈႏွင့္ စိတ္ရင္းေလာက္ ဘယ္ကုသမႈမွ မေကာင္းဘူးေလ"

အေသအခ်ာကို ဒါက သူမရဲ႕ နားလည္မႈလြဲတာမဟုတ္ေပ။ သူမဟန္ေဆာင္ေနတာကို ဝမ္ကုန္းဇီက ထြင္းေဖာက္ျမင္ရေလသည္။ သို႔ေပမယ့္ မူလကိုယ္ရဲ႕ မွတ္ဉာဏ္ထဲဝယ္ ဝမ္ကုန္းဇီအေၾကင္းကို ႐ွာမေတြ႕ေပ။

သံသယမ႐ွိစြာႏွင့္ မူလကိုယ္ပိုင္႐ွင္က ဝမ္ကုန္းဇီႏွင့္ ဆက္ဆံမႈမ်ိဳးမ႐ွိေပ။ သို႔ေပမယ့္ ဝမ္ကုန္းဇီကေတာ့ သူမႏွင့္ မရင္းႏွီးဟန္မ႐ွိလို႔ လြမ္႐ွီ၏ ႏွလုံးသားထဲ သံသယအရိပ္အေယာင္ေလး ျမင့္တက္လာသည္။

ဝမ္ကုန္းဇီက ယဥ္ေက်းသည့္အျပဳံးကို ဆက္လက္ျပဳံးထားရင္း သူ႕ရဲ႕ၾကည္လင္ေတာက္ပသည့္အသံျဖင့္ ေျပာလာသည္။ "စစ္ညန္က ဉာဏ္ထက္ျမက္ပါေပတယ္"

သူက လြမ္႐ွီရဲ႕ ဟန္ေဆာင္မႈကို သြယ္ဝိုက္ၿပီး ဝန္ခံေလသည္။

ဒီအသုံးအႏႈန္းႀကီးက...

လြမ္႐ွီက မ်က္ႏွာထက္ဝယ္ အံ့ဩသည့္အရိပ္အေယာင္ေဖာ္ျပရင္း ဝမ္ကုန္းဇီကို ၾကည့္လာသည္။

ေႏြးေထြးသည့္အသံႏွင့္ ဝမ္ကုန္းဇီက ႐ွင္းျပလာသည္။ "စစ္ညန္က ကိုယ့္ရဲ႕ သတို႔သမီးေလာင္းပဲေလ။ လြမ္စစ္ေ႐ွာင္က်ဲလို႔ေခၚတာက အရမ္းယဥ္ေက်းၿပီး ေဝးကြာလြန္းတယ္ မင္းရဲ႕ အပ်ိဳနာမည္ကို ေခၚဖို႔ကလည္း အရမ္းရင္းႏွီးေနတဲ့ပုံေပါက္ေနေတာ့ ကိုယ္က မင္းကို စစ္ညန္လို႔ပဲ ေခၚတာပါ"

လြမ္႐ွီက သူမနားလည္ေၾကာင္း ေဖာ္ျပလာသည္။

ဒီအသုံးအႏႈန္းကို သူမက တည္ၿငိမ္စြာ လက္ခံတာကိုၾကည့္ရင္း ဝမ္ကုန္းဇီရဲ႕ အျပဳံးက မ်က္ဝန္းအတြင္းထဲထိ ေရာက္လာသည္။ (T/N: အေပၚယံ ျပဳံးတာမ်ိဳးမဟုတ္တာကို ေျပာတာပါ) ၿပီးေနာက္ သူက ထင္သာျမင္သာသည့္အျပဳအမူႏွင့္ ေမးလာသည္။ "စစ္ညန္ မင္းရဲ႕ခႏၶာကိုယ္က ေကာင္းမြန္လာၿပီလား?"

ျပန္ေျဖသည့္အေနႏွင့္ လြမ္႐ွီက သမားေတာ္အိုရဲ႕ ေရာဂါစစ္တမ္းကို ျပန္ေျပာင္းေျပာျပေလသည္။ "တို႔က ႐ွစ္ပုံပုံ ခုႏွစ္ပုံေလာက္ေတာ့ သက္သာပါၿပီ။ အေမက ဒီေန႔မြန္းလြဲပိုင္းမွာ တို႔ေသြးခုန္ႏႈန္းကို စစ္ဖို႔ သမားေတာ္တစ္ေယာက္ကို ပင့္ဖိတ္ေပးခဲ့တယ္။ သူကေတာ့ တို႔ေသြးေၾကာေတြ ထိခိုက္သြားတာမို႔လို႔ ေသခ်ာဂ႐ုစိုက္ဖို႔ လိုတယ္လို႔ ေျပာတယ္"

သူမကူးေျပာင္းလာၿပီးေနာက္ လ်င္ျမန္စြာ နာလန္ထူလာႏိုင္တာက သူမရဲ႕ ေ႐ႊလက္ေခ်ာင္းႏွင့္ တစ္နည္းနည္းျဖင့္ ပက္သက္ေနမည္ဟု လြမ္႐ွီခံစားမိသည္။

သို႔ေပမယ့္ လြမ္႐ွီက က်န္းမာေရးေကာင္းလာၿပီး ေသြးေၾကာထိခိုက္မႈေၾကာင့္ အားနည္းေနတာမ်ိဳးကို မခံစားရလို႔ သမားေတာ္အိုႀကီးရဲ႕စကားကို အျပည့္အဝမယုံေပ။

သူမေသြးေၾကာ ထိခိုက္ထားတယ္?

ဝမ္ကုန္းဇီရဲ႕ မ်က္ခုံးေတြက တြန္႔ေကြးသြားသည္။ သူ႕သတို႔သမီးေလာင္းက ႐ုတ္တရက္ အေအးမိတယ္ဆိုထဲက သံသယျဖစ္ေနခဲ့တာျဖစ္သည္။ သူ႕မွာ သက္ေသမ႐ွိ႐ုံေနလို႔သာ။

လက္႐ွိမွာ လြမ္စစ္ညန္၏ ပါးျပင္က ႏွင္းဆီေရာင္သန္းေနၿပီး အသားအေရလည္း ေကာင္းမြန္ေနလွသည္။ ထို႔ေၾကာင့္ ထိုအေအးမိတာက သူမကို ဆိုး႐ြားစြာ မထိခိုက္ေလာက္ဘူးဟု သူေကာက္ခ်က္ခ်မိသည္။ သို႔ေပမယ့္ သူယုံၾကည္ထားမႈႏွင့္ ဆန္႔က်င္စြာျဖင့္ သူမရဲ႕ ေသြးေၾကာေတြက ထိခိုက္ထားသည္တဲံ။

ၾကည့္ရတာ သူ႕လူေတြ ရထားသည့္ သတင္းေတြက အမွန္ျဖစ္ပုံေပၚသည္။ သူ႕သတို႔သမီးေလာင္းက အေအးမိၿပီး ျဖတ္ေက်ာ္ႏိုင္ဖို႔ ခက္ခဲလုနီးပါးျဖစ္ခဲ့သည္ဆိုတာ။

ထို႔ေၾကာင့္ လြမ္စစ္ညန္က တိတ္ဆိတ္စြာႏွင့္ သူမကိုယ္ပိုင္အားနည္းခ်က္ကို ဖုံးကြယ္ဖို႔ ေ႐ြးခ်ယ္ခဲ့သည္။

ဝမ္ကုန္းဇီက ခါးသက္စြာ ရယ္မိသြား၏။ ၾကည့္ရတာ သူက 'ကပ္ဆိုးရဲ႕ အဓိကအေၾကာင္းရင္း' ကို သြယ္ဝိုက္စြာ ျဖစ္သြားေစတယ္ႏွင့္ တူသည္။

လြမ္႐ွီကေတာ့ ဂ႐ုမစိုက္ဟန္ျဖင့္ ဆက္ေျပာလာသည္။ "ဝမ္ကုန္းဇီရဲ႕ ေကာင္းခ်ီးေပးမႈကို ငွါးရမ္းရရင္ျဖင့္ ၿပီးခဲ့တဲ့ႏွစ္ရက္မွာ တို႔ရတဲ့အစားအေသာက္ေတြရဲ႕ အရည္အေသြးက ပိုေကာင္းလာတယ္။ တို႔ရဲ႕ ထမင္းသုံးနပ္လုံးမွာ အသားသုံးမ်ိဳးႏွင့္ အ႐ြက္တစ္မ်ိဳးပါၿပီးတဲ့အျပင္ကို အားျဖည့္ေစတဲ့ ၾကက္စြပ္ျပဳတ္လည္း ပါေသးတယ္ေလ"

သူမက ဒါေတြကို ဝမ္ကုန္းဇီကို ေျပာျပလိမ့္မယ္လို႔ သူမရဲ႕တရားဝင္မိခင္ျဖစ္သူက မထင္ထားေလာက္ဘူးမလား?

ထိုစကားၾကားေတာ့ ဝမ္ကုန္းဇီမ်က္ႏွာထက္မွ အျပဳံးက ေပ်ာက္ကြယ္သြားသည္။ ေနမေကာင္းျဖစ္ၿပီး သက္သာလာတဲ့သူကို အဆီမ်ားတာ အရသာျပင္းတာေတြ မေကြၽးရဘူးဆိုတာ လူတိုင္းသိသည့္ အရာျဖစ္သည္။ အမတ္စံအိမ္ရဲ႕ အဓိကစားေတာ္ကဲေတြက ဒါကို မသိဘူးဆိုတာ သူမယုံေပ။ ေနာက္ကြယ္ကေန တစ္ေယာက္ေယာက္ ခိုင္းေစေနသည့္ပုံပင္။

"မနက္ျဖန္က် အားျဖည့္ေဆးပင္တစ္ခ်ိဳ႕ ပို႔ေပးဖို႔ ကိုယ္ေျပာလိုက္မယ္။ စစ္ညန္ ကိုယ္မင္းအတြက္ တစ္ခုခုလုပ္ေပးဖို႔ လိုေသးလား?"

သိသာစြာႏွင့္ လြမ္႐ွီက သူမအေျခအေနကို တမင္ေဖာ္ျပလာသည္ကို ဝမ္ကုန္းဇီခန္႔မွန္းမိသည္။ အေပၚယံမွာေတာ့ အဆင္ေျပေပမယ့္ တကယ့္တကယ္မွာေတာ့ ေဘးက်ပ္နံက်ပ္ထဲ က်ေရာက္ေနတာျဖစ္သည္။

ဝမ္ကုန္းဇီက ခ်က္ခ်င္းသေဘာေပါက္တာကို လြမ္႐ွီျမင္ေတာ့ သူမရဲ႕အျပဳံးက ႏွင္းပြင့္ေအာက္မွာ ဖူးပြင့္လာသည့္ လန္းဆန္းသည့္ပန္းလို ဆြဲေဆာင္မႈပို႐ွိလာသည္။ အရမ္းလွပလြန္းလို႔ တစ္ခါတည္းႏွင့္ ခူးဆြတ္ဖို႔ ခက္လွေလသည္။

"ေလ့က်င့္ေရးမားမားကို တို႔ဆီ တစ္ေယာက္ေလာက္ပို႔ေပးဖို႔ ဝမ္ကုန္းဇီကို ေတာင္းဆိုခ်င္ပါတယ္" သူမက အမတ္စံအိမ္မွာ ႏွစ္ႏွစ္ခန္႔ေနရဦးမည္ျဖစ္သည္။ သူမက်န္းမာေရးကို အစားအေသာက္ကေန ထိန္းသိမ္းသည့္ လြမ္႐ွီအတြက္ ေန႔တိုင္း အဆီမ်ားၿပီး ေဆးခတ္ထားသည့္ အစားအစာကို စားရတာက ႏွိပ္စက္ေနသလိုပင္ ျဖစ္သည္။

ထို႔အျပင္ ဒီလမ္းမွာ ဘာေတြဆက္ၾကဳံရမလဲဆိုတာ သူမ မသိလို႔ မိုးမ႐ြာခင္ အိမ္အမိုးအရင္ျပင္ဖို႔သာ လြမ္႐ွီတတ္ႏိုင္သည္။

လြမ္႐ွိရဲ႕ေတာင္းဆိုမႈကို ဝမ္ကုန္းဇီၾကားခ်ိန္မွာ သူ႕မ်က္ႏွာေခ်ာေခ်ာထက္ ေလးစားသည့္ အၾကည့္တစ္ခ်က္ ျဖတ္ေျပးသြားသည္။

ဒါက ေသခ်ာေပါက္ အၾကံေကာင္းျဖစ္သည္။

ဝမ္မိသားစုရဲ႕အဆင့္အတန္းက ျမင့္ၿပီး စည္းကမ္းေတြက တင္းၾကပ္သည္။ ထို႔ေၾကာင့္ သူ႕သတို႔သမီးေလာင္းကို လူမႈက်င့္ဝတ္ေတြႏွင့္ စည္းမ်ဥ္းေတြကို သင္ၾကားေပးဖို႔ ေလ့က်င့္ေရးမားမားကို လႊတ္တာက အဆင့္တစ္ခု သတ္မွတ္ေပးလိုက္တာျဖစ္သည္။

"ရတယ္"

ဝမ္ကုန္းဇီက ဝန္ထုတ္ဝန္ပိုးခံစားရတာမ႐ွိဘဲ သေဘာတူလိုက္သည္။

ထို႔ေနာက္ လြမ္႐ွီက ေနာက္ဆုံးမွာ စိတ္ေအးသြားၿပီျဖစ္သည္။ သူမအျပဳံးရဲ႕ေတာက္ပမႈကလည္း ပိုၿပီး ေတာက္ပလာသည္။ "ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဝမ္ကုန္းဇီ"

ဝမ္မိသားစုရဲ႕ ေလ့က်င့္ေရးမားမားႏွင့္ဆို သူမရဲ႕ တရားဝင္အေမက နည္းနည္းေလးေတာ့ ထိန္းသိမ္းသြားမည္ျဖစ္သည္။

ဝမ္ကုန္းဇီက ေခါင္းခါၿပီး ေနာင္တႏွင့္ေျပာလာသည္။ "ဒါေတြက လုပ္ေပးရမယ့္အရာေတြပဲ။ ကိုယ္က ဒီလက္ထပ္ပြဲကို သေဘာမတူခဲ့ရင္ စစ္ညန္က အမ်ားျမင္ကြင္းေ႐ွ႕ကို တြန္းပို႔ခံရမွာလည္း မဟုတ္ဘူး"

သူ႕သတို႔သမီးေလာင္းက မိခင္ရင္းရဲ႕ ကာကြယ္မႈမ႐ွိလို႔ တိတ္တိတ္ေလး သည္းခံၿပီး သူမကိုယ္သူမ ဖုံးကြယ္ထားရသည္။ ခ်မ္းသာသည့္စံအိမ္ေတြက တရားမဝင္သမီးေတြရဲ႕ ႐ွင္သန္သည့္ နည္းလမ္းတစ္မ်ိဳးျဖစ္သည္။

သူတို႔ရဲ႕လက္ထပ္မႈက အတည္ျပဳခ်ိန္မွာ ေလေတြလိႈင္းေတြ႐ွိသည့္ အျမင့္ဆုံးေနရာကို တြန္းပို႔ခံရသည္။ သူ႕အျပစ္ေတြလည္း ပါ၏။

လြမ္႐ွီက ျပဳံးလိုက္သည္။ ဒါက အေသအခ်ာမဟုတ္ေပ။ မူလကိုယ္ပိုင္႐ွင္က ကူးေျပာင္းလာၿပီး ျပန္လည္ေမြးဖြားလာသည့္ လြမ္စန္းညန္၏ ႏွလုံးသားထဲမွ ဆူးတစ္ေခ်ာင္းျဖ္စ္သည္။

ဝမ္ကုန္းဇီက ေခ်ာေမာၿပီး သိမ္ေမြ႕ကာ သူမကို အရမ္းအာ႐ုံစိုက္သည့္အၾကည့္ျဖင့္ ၾကည့္ခ်ိန္မွာ သူ႕ဆီမွ ခ်စ္ျမတ္ႏိုးသည့္ အရာမ်ိဳးကို လြမ္႐ွီမခံစားမိေပ။ အဲ့အစား ၾကင္နာမႈႏွင့္ ျငင္းပယ္မႈသိပ္မ႐ွိတာမ်ိဳးကို ခံစားရသည္။

သူ႕စ႐ိုက္က စာအုပ္ထဲတြင္ ေဖာ္ျပသည့္ ဝမ္ကုန္းဇီႏွင့္ ဆင္တူသည္။

လြမ္႐ွီက လုံးဝေသခ်ာသြားသည္။

အ႐ိုး႐ွင္းဆုံးေျပာရရင္ ဝမ္ကုန္းဇီက စိတ္ခံစားမႈနည္းပါးၿပီး သူ႕ကိုယ္သူ ဘယ္ေတာ့မွ အမွားမခံသည့္ သူမ်ိဳးျဖစ္သည္။ သူက သူမကို လက္ထပ္ဖို႔ ကတိေပးထားမွေတာ့ သူမ မသိသည့္ အေၾကာင္းအရာေတြ ႐ွိေကာင္း႐ွိဦးမည္ျဖစ္သည္။

ဒါကလည္း ေကာင္းေတာ့ေကာင္းသည္ဟု လြမ္႐ွီ ခံစားမိသည္။ ေ႐ွးေခတ္ကာလမွာ ေယာက်ာ္းေတြက ဇနီးသုံးေယာက္ႏွင့္ ကိုယ္လုပ္ေတာ္ ေလးေယာက္ထားတာက ပုံမွန္ပင္။ သူမက အေႏွးႏွင့္အျမန္ ဝမ္ကုန္းဇီကို လက္ထပ္ရမည္ျဖစ္သည္။

ဝမ္ကုန္းဇီက အသြင္အျပင္မွာလည္း ခန္႔ညားေခ်ာေမာလွသလို မိသားစုေနာက္ခံလည္းေကာင္းသည္။ အေရးႀကီးဆုံးကေတာ့ သူ႕ရဲ႕ေနထိုင္မႈက သန္႔႐ွင္းၿပီး ႐ိုးသားေျဖာင့္မတ္တာေၾကာင့္ မိုင္ေသာင္းႏွင့္ခ်ီအတြင္းမွာ သူမရႏိုင္သည့္ အေကာ္ငးဆုံးေသာ ေယာက်ာ္းေတြထဲက တစ္ေယာက္ျဖစ္သည္။

ခံစားခ်က္မပါလည္း ကိစၥမ႐ွိေပ။ လြမ္႐ွီက ေဂ်းမ်ားလို႔ရသည့္အေနအထားမွာ မ႐ွိေပ။

"ဝမ္ကုန္းဇီက အမ်ိဳးေကာင္းသားေတြထဲမွာ နဂါးဇာမဏီပါပဲ။ တို႔ကသာ အသားအစာသြပ္မုန္႔နဲံ အပစ္ခံလိုက္ရတဲ့ ကံေကာင္းတဲ့သူပါ။ တို႔ရဲ႕ေပ်ာ္႐ႊင္မႈကို ေဖာ္ျပလို႔ မလုံေလာက္ေနပါဘူး"

လြမ္႐ွီက လိမၼာပါးနပ္စြာ ျပဳံးရင္း သူ႕ကို ခ်ီးက်ဴးလာသည္။

ဝမ္ကုန္းဇီက သူမရဲ႕ ေနာက္တီးေနာက္ေတာက္မူဟန္ေၾကာင့္ သေဘာက်ၿပီး ရယ္မိေလသည္။ သူ႕သတို႔သမီးေလာင္းက တကယ့္ကိုအပ်င္းေျပစရာပင္။ သူမရဲ႕ႏႈတ္ခမ္းထက္ကေနေတာ့ ေပ်ာ္တယ္ေျပာေပမယ့္ သူမမ်က္ဝန္းေတြက တည္ၿငိမ္ေနသည္။

"ကိုယ္လည္း အရမ္းေပ်ာ္ပါတယ္။ ဒီေန႔ စစ္ညန္နဲ႔ ေတြ႕ဆုံရတာ ကိုယ့္ေ႐ြးခ်ယ္မႈမွန္ကန္တယ္ဆိုၿပီး ကိုယ့္ယုံၾကည္မႈကို ပိုတိုးလာေစတယ္"

သူ႕စကားထဲမွ သိုဝွက္ထားသည့္အဓိပၸါယ္ကို လြမ္႐ွီက ခ်က္ခ်င္းဖမ္းမိသြားသည္။ ဤစုံတြဲက အၾကည့္ခ်င္းဖလွယ္ၿပီး အခ်င္းခ်င္းနားလည္ေနသည့္ဟန္ျဖင့္ ျပဳံးလိုက္သည္။

လြမ္စန္းညန္က အေဝးကေန ထိုစုံတြဲကို ၾကည့္ရင္း မသိစိတ္ကေန လက္သီးဆုပ္မိသြားသည္။

သူမစတုတၳညီမေလးက သူမဘက္ကို ေက်ာေပးထားလို႔ အမူအရာကို မျမင္ရေသာ္လည္း ဝမ္ထ်န္းက်ိဳး၏ ႏူးညံ့ၿပီး သိမ္ေမြ႕သည့္အၾကည့္ႏွင့္ အျပဳံးကိုေတာ့ လြမ္စန္းညန္ ႐ွင္းလင္းစြာ ျမင္ရသည္။ သူမႏွလုံးသားတစ္ခုလုံး မနာလိုမႈေတြျဖင့္ ျပည့္ေန၏။

......

လြမ္႐ွီႏွင့္ ထပ္တူညီသည့္ နားလည္မႈကို ရ႐ွိၿပီးေနာက္ ဝမ္ကုန္းဇီက တက္ႂကြသည့္အမူအရာႏွင့္ ျပန္ေလသည္။

လြမ္ယြီဝမ္က သူ႕ကို လိုက္ပို႔ေပးၿပီးေနာက္ လြမ္နင္းဘက္သို႔လွည့္ကာ ေျပာလာသည္။ "နင္းအာ အခု ညီမေလးရဲ႕အျပဳအမူက တေကာကို အရမ္းစိတ္ပ်က္သြားေစတယ္"

လြမ္စန္းညန္က တိတ္ဆိတ္ေနသည္။

သူမလည္း ဒီလိုမျဖစ္ခ်င္ေပမယ့္ သူမရဲ႕ ခံစားခ်က္ႏွင့္ မနာလိုမႈကို မထိန္းႏိုင္ျဖစ္ေနသည္။

ဝမ္ထ်န္းက်ိဳးက သူမရဲ႕စတုတၳညီမေလးကို ညင္သာသိမ္ေမြ႕သည့္အျပဳံးႏွင့္ ၾကည့္ေနတာျမင္ေတာ့ သူမရဲ႕ စိတ္အေျခအေန ၿပိဳလဲသြားတာကို သူမ ဝန္ခံ၏။

ၿပီးခဲ့တဲ့ဘဝမွာလည္း သူမရဲ႕ စတုတၳညီမေလးက ေကာင္းမြန္စြာ ေနခဲ့ရသည္။ ခ်ီယြဲ႕အမ္ႏွင့္ နက္႐ိႈင္းသည့္ အခ်စ္႐ွိေနခ်ိန္မွာ သူမကေတာ့ ဧကရာဇ္အိုႀကီးက အုတ္ဂူထဲဆြဲေခၚသြားတာခံရသည္။ ၿပီးေတာ့ ဒီဘဝမွာေတာ့ ဝမ္ထ်န္းက်ိဳးလည္း သူ႕ႏွလုံးသားကို သူမရဲ႕ စတုတၳညီမေလးထံ ႏွင္းအပ္ထားၿပီ။

စစ္ေမ့ရဲ႕ဘဝက ဘာလို႔အရမ္းေကာင္းရတာလဲ? လြမ္စန္းညန္က ႏႈတ္ခမ္းကိုက္လိုက္သည္။

သူ႕ညီမေလးရဲ႕ ပုခုံးကို နားလည္ဟန္ျဖင့္ လြမ္ယြီဝမ္က ပုတ္ေပးရင္း ႏွစ္သိမ့္လာသည္။ "လူတိုင္းမွာ မနာလိုစိတ္က ႐ွိၾကတာပဲ။ ဒါေပမယ့္ မနာလိုစိတ္ကို အလုပ္ႀကိဳးစားဖို႔ တြန္းအားအျဖစ္ ေျပာင္းႏို္ငတယ္။ မနာလိုစိတ္က အျမင္ကို ဖုံးကြယ္သြားတာမ်ိဳးကို ခြင့္မျပဳနဲ႔"

"တေကာလည္း ညဘက္ဆို စာဖတ္ဖို႔ ဆီမီးအိမ္ကို ထြန္းရေပမယ့္ ခ်င္႐ွန္းအကယ္ဒမီမွာ တ့ေကာရဲ႕ေနရာက အလယ္အလတ္မွာ ႐ွိတယ္လို႔ပဲယူဆရတယ္။ တစ္ဖက္မွာေတာ့ စာရင္းထဲမွာ အဆင့္ေကာင္းတဲ့သူေတြ႐ွိၿပီး ဆရာေတြကလည္း သူတို႔ကို ခ်ီးက်ဴးၾကတယ္။ အရင္ကေတာ့ တေကာလည္း မနာလိုျဖစ္ဖူးတယ္ မတရားဘူးလို႔ ခံစားရတယ္ ဒါေပမယ့္ ဘယ္လိုပဲ မနာလိုျဖစ္ျဖစ္ ဘယ္ေတာ့မွ အဲ့လူျဖစ္လာမွာမဟုတ္ဘူး။ အရည္အခ်င္းက မလုံေလာက္ေသးဘူးဆိုရင္ အားထည့္ၿပီးႀကိဳးစား ၿပီးေတာ့ နန္းတြင္းစာေမးပြဲေျဖတာကလည္း ကံေကာင္းမႈက လိုအပ္ေသးတယ္"

"ဒီကမ႓ာမွာ ဉာဏ္ေကာင္းတဲ့သူေတြက မေရမတြက္ႏိုင္ေအာင္ ႐ွိေပမယ့္ သူတို႔က ကုမုျဒာၾကာလို ဘာလို႔ခဏပဲ ပြင့္ၾကတာလဲ? ဘာလို႔လဲဆိုေတာ့ သူတို႔မွာ လုံေလာက္တဲ့ ကံေကာင္းမႈမ႐ွိလို႔ သူတို႔ဘဝက အရမ္းမေကာင္းေနလို႔ပဲ"

လြမ္စန္းညန္၏ မ်က္လုံးေတြျပဴးက်ယ္သြားသည္။ သူမအစ္ကိုႀကီးက သူမကို ဒီလိုစကားမ်ိဳး ေျပာလာမယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့ေပ။ သူမအစ္ကိုႀကီး ေျပာတာမွန္သည္။ သူမအစ္ကိုႀကီးက သူ႕ေက်ာင္းေန႔ရက္ေတြမွာ ထူးခြၽန္မႈမ႐ွိေသာ္လည္း သူ႕ကံကေကာင္းတယ္လို႔ေျပာရမည္။ ေတာ္ဝင္မင္းမႈထမ္းစာေမးပြဲမွာ သူက စာရင္းထဲ ပါလာသည္။

သူ႕ကံကလည္း ေလွာင္ေျပာင္စရာမ်ိဳးမ႐ွိေပ။ အေစာပိုင္းကာလေတြမွာ သူ႕အတြက္ သူမက လမ္းခင္းေပးခဲ့ကာ ေနာက္ပိုင္းမွာ ခ်ီယြဲ႕အမ္ႏွင့္ ပူးေပါင္းၿပီးေနာက္ သူ႕ရဲ႕ မင္းမႈထမ္းဆီလမ္းက ေခ်ာေမြ႕ၿပီး လြယ္ကူေလသည္။

သူမက ကတ္ေတြကို ေကာင္းမြန္စြာ ေျဖ႐ွင္းႏိုင္တဲ့သူျဖစ္ခဲ့ေပမယ့္ မႈန္႔မႈန္႔ညက္ညက္ေက်ေအာင္ အေထာင္းခံခဲ့ရသည္။

ေက်းဇူးတင္စြာႏွင့္ အစကေန ျပန္စဖို႔ အခြင့္အေရးရတာေၾကာင့္ သူမက ကံၾကမၼာရဲ႕ေကာင္းခ်ီးေပးခံထားရသူျဖစ္သည္။

ေကာင္းကင္ဘုံက သူမရဲ႕အမွားေတြကို ျပန္ျပင္ဖို႔အတြက္ ျပန္လည္ေမြးဖြားဖို႔ အခြင့္အေရးေပးခဲ့သည္။ သူမက ေကာင္းကင္ဘုံရဲ႕ သမီးေတာ္အစစ္အမွန္ျဖစ္သည္။ ႐ုတ္တရက္ဆိုသလို လြမ္စန္းညန္က ယုံၾကည္ခ်က္႐ွိလာသည္။

ကုမုျဒာၾကာ (သူက ညဘက္ လထြက္ခ်ိန္မွာ ပြင့္ၿပီး မနက္က် ညိဳးသြားပါတယ္)

2023 April 14

Okumaya devam et

Bunları da Beğeneceksin

1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
580K 20.2K 95
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
10.1M 304K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...