အခန်း- ၁၂

1K 153 4
                                    

UNICODE

လွမ်ယွီဝမ်က စိတ်ထဲမှာ တွေးလိုက်သည်။ 'ဆိုးတာထက် ပိုဆိုးသွားပြီ ညီမလေးကတော့ ငါတို့အဖေကို လုံးဝ ဒေါသထွက်သွားစေပြီ'

သူ့ညီမလေးအတွက် သူက တောင်းပန်ချင်ပေမယ့် စကားတွေက သူ့လျှာဖျားမှာ တစ်နေပြီး ထုတ်မပြောနိုင်ဖြစ်နေသည်။

အခု သူ့ညီမလေးရဲ့စကားတွေက အရမ်းကို လွန်နေသည်။

ကျန်းရှီလည်း အမတ်ချန်းယီရဲ့ မည်းမှောင်နေသည့် အမူအရာကို သတိထားမိလိုက်သည်။ သတိအနေအထားနှင့် စိတ်ဆိုးကာ သူမသမီးရဲ့ လက်ကို ကြမ်းတမ်းစွာ ကိုင်လိုက်သည်။

"ပေါ်ယဲ့ ဒေါသကို ထိန်းပါ။ စန်းညန်က ငယ်သေးတာမို့လို့ မစဉ်းစားဘဲ ပြောလိုက်မိတာပါ။ ပေါ်ယဲ့ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့"

"စန်းညန် သမီးအဖေကို အမှားကိုဝန်ခံပြီး မတောင်းပန်သေးဘူးလား?"

လွမ်စန်းညန်က နာလို့ ညည်းညူမိကာ အကျယ်ကြီး အော်တော့သည်။ "အမေ သမီးကို နာအောင် လုပ်နေပြီ"

ကျန်းရှီက သူမလက်ကို လွှတ်လိုက်သည်။ သူမသမီး၏ လက်ကောက်ဝတ်မှာ ယောင်ကိုင်းသွားတာကို ကြည့်ပြီး နှလုံးသားထဲ နာကျင်မိပေမယ့် အခု သူမရဲ့အမှားကို ဝန်ချတောင်းပန်ဖို့က အရေးကြီးနေသည်။

"စန်းညန် သမီးအဖေကို မြန်မြန်တောင်းပန်လိုက်"

"ညီမလေး အဖေ့ကို မြန်မြန်တောင်းပန်လိုက်" လွမ်ယွီဝမ်လည်း နောက်ကနေ ဆော်ဩရတော့သည်။

သူမအစ်ကိုကြီးနှင့် အမေက သူမရဲ့ အကျင့်မကောင်းသည့် အဖေကို တောင်းပန်ခိုင်းနေတာကို လွမ်စန်းညန် မြင်တော့ သူမနှလုံးသားထဲ အလွန်တရာ မကျေနပ်မှုကို ခံစားရ၏။

"သမီးမှားတာမှ မဟုတ်တာ ဘာလို့ သမီးက တောင်းပန်ရမှာလဲ?"

ကျန်းရှီနှင့် လွမ်ယွီဝမ်က လွမ်စန်းညန်၏ ရဲတင်းမှုကြောင့် သွေးအန်လုမတတ်ဖြစ်သွားသည်။

အမတ်ချန်းယီက ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ သူ့သမီးတွေကို ရိုက်တတ်သည့် အကျင့်မရှိပေ။ ထို့ကြောင့် သူက သူ့အင်္ကျီလက်စကို ပြင်းထန်စွာ ခါထုတ်ပြီး အမှားကိုဝန်ခံဖို့ ငြင်းဆန်ပြီး ခေါင်းမာသည့် သူ့ရဲ့တရားဝင်သမီးကို စိုက်ကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး လုံးဝအေးခဲသွားသည်။ သူက ပြင်းထန်သည့် စကားတစ်ကြောင်းသာ ပြောတော့သည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now