WAN AN ~~Wo Ai Ni Ai Ni

By Hsu_Lynn_Nge

37.2K 2.6K 159

When you are depressed or sad,this fiction can make you feel better, comfortable and warm!So welcome to read... More

မိတ်ဆက်စာ
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)

အပိုင်း(၉)

790 90 4
By Hsu_Lynn_Nge

                    နွန်းလုံနဲ့ဂူဂူး အပါးနှင့်အမိုးတို့အိမ်မှပြန်လာတော့ ညနေစောင်းနေလေပြီ။နေရောင်ခြည်ဖျဖျလေးသည် နွန်းလုံနှင့်ဂူဂူးတို့အပေါ်ကျရောက်နေပြီး လေ‌ပြည်နုနုလေးသည်တငြိမ့်ငြိမ့်။လေလေးတစ်ချက်ဝှေ့လိုက်တိုင်းတွင် ဂူဂူး၏ဆံပင်လိမ်ကောက်ကောက်ကလေးများသည် လွင့်ခနဲ။နှစ်ယောက်သားတိတ်ဆိတ်ငြိမ်သက်လျက် ညနေခင်း၏အလှတရားကိုအပီအပြင်ခံစားနေကြသည်။

                  လမ်းတစ်လျှောက် နွန်းလုံကဂူဂူးကိုငေးလိုက် ဂူဂူးကနွန်းလုံကိုမသိမသာလေးငေးလိုက်ဖြင့်အဆင်ပြေနေတော့သည်။နှစ်ယောက်သား သူ့ကိုကိုယ်ကကြည့်၊ကိုယ့်ကိုသူကကြည့်ဖြင့် မုန့်လုံးစက္ကူကပ်နေသလိုပင်။မကြာမီစာမေးပွဲကလည်းဖြေရတော့မည်ဖြစ်၍ ဒီရက်ပိုင်းသာအားလပ်ရက်ရမည်ဖြစ်သည်။

                  စာမေးပွဲဖြေခါနီးပြီဆိုလျှင် ဇာဏ်နှင့်ငြိမ်းချမ်းမောင်တို့က နွန်းလုံတို့အိမ်သို့စာလုပ်ရင်း ညအိပ်တတ်ကြသည်။ဂူဂူးက အတန်းငယ်လေးဖြစ်သော်လည်းစာသေချာလုပ်ရမည်ပင်။အစကောင်းမှအနှောင်းသေချာမည်ဖြစ်သည်။ရွှေကူးမှာတော့ စကင်တောင်မကဲနိုင်ရှာ။စာကိုသာ ကုန်းရုန်းလုပ်နေရှာသည်။တစ်ခါတစ်လေဆိုလျှင် ‌ကျောလယ်မရောက်တရောက်ဆံပင်အား နောက်ညှပ်ကလစ်ကြီးနှင့်ထိုးညှပ်ကာ မျက်နှာပြောင်နှင့် သူတို့အိမ်ရောက်လာတတ်သေးသည်။ကာတွန်းဘောင်းဘီအတိုနှင့်တီရှပ်အပွကြီး၀တ်လာပြီး စိတ်ကိုအနားပေးသည်ဟုဆိုကာ မေမေလုပ်ထားသောမုန့်များကိုလာစားတတ်၏။

                   ဂူဂူးကတော့ နွန်းလုံအနားသာကပ်နေပြီး စာလုပ်ရင်တော့ အိမ်ပြန်ပြီးစာလုပ်တတ်သည်။စာမေးပွဲကလည်းတဖြည်းဖြည်းနီးကပ်လာပြီမို့ လေလွင့်နေလို့မဖြစ်တော့။နွန်းလုံတို့ ကိုးတန်းကျောင်းသားများနှင့် အလယ်တန်း၊မူလတန်းကလေးများသည် ဖေဖော်ဝါရီလတွင်သာဖြေရပြီး ရွှေကူးတို့လိုဆယ်တန်းကျောင်းသားကျောင်းသူများမှာတော့ မတ်လမှသာဖြေရလေသည်။ဂူဂူးလေးတွင် အကျင့်တစ်ခုရှိသေးသည်ကို နွန်းလုံမကြာသေးခင်ကသိလိုက်ရ၏။

                     ဂူဂူးက သူစာလုပ်နေသည့်အချိန် ဆူဆူညံညံလုပ်လျှင်လုံး၀မကြိုက်။ခေါင်းအေးအေးလေးနှင့်စိတ်ကြည်နေမှစာလုပ်တတ်လေသည်။တစ်ခါတစ်လေစိတ်အနားပေးသည့်အချိန်မျိုးဆို ဂူဂူးက သီချင်းအေးအေးလေးများကိုသာနားထောင်၏။လူလေးကသာသေးသေးလေးဖြစ်သော်လည်း ကြီးကြီးကျယ်ကျယ်လုပ်တတ်သလို၊ကြီးကြီးကျယ်ကျယ်လည်းပြောတတ်လေသည်။နွန်းလုံကလည်း လူကြီးလုပ်ချင်နေသော ဒီကလေးကိုသာအမြဲအချစ်ပိုနေရသည်မဟုတ်ပါလား။

                      ဇာဏ်နှင့်‌ငြိမ်းချမ်းမောင်က အခုညကစပြီးနွန်းလုံနှင့်အတူစာလာလုပ်ကြမည်ဖြစ်၍ အခုအချိန်လောက်ဆိုရောက်နေလောက်ပြီဖြစ်သည်။ဂူဂူးကိုလည်းပြောပြထားပြီမို့ ဂူဂူးကလည်းသူ့အိမ်မှာသာစာလုပ်လိမ့်မည်။ဇာဏ်တို့နှစ်ယောက်လာပြီးစာလုပ်လျှင် မေမေကအစားအသောက်တစ်ခုမဟုတ်တစ်ခုလုပ်ကျွေးတတ်သည်။ရောက်ရောက်ချင်းနေ့ဆိုလျှင်တော့ သူတို့စာမလုပ်ကြဘဲ ဇာဏ်၏ဂစ်တာလေးဖြင့်သီချင်းဆိုလေ့ရှိ၏။ထို့ကြောင့် ယခုနေ့ဇာဏ်တို့နှစ်ယောက်လုံးစာအုပ်ပါလာမည်မဟုတ်ပေ။

                   ဂူဂူးတို့အိမ်ရှေ့ရောက်လာသည့်အခါ ဂူဂူးက နွန်းလုံကိုတာ့တာပြပြီး အိမ်ထဲ၀င်သွားလေသည်။နွန်းလုံလည်း ဂူဂူးအိမ်ထဲကို၀င်သွားကာမှ သူ့ခြံထဲသို့၀င်လာခဲ့သည်။အိမ်ထဲရောက်တော့ ထင်သည့်အတိုင်းပင်။ဇာဏ်နှင့်ငြိမ်းချမ်းမောင်တို့ရောက်နေကြလေပြီ။ထို့အပြင် ဆံပင်ကိုငါးအရိုးပုံစံကျစ်ပြီးချထားသော မိန်းကလေးတစ်ယောက် ကျောပေးကာထိုင်နေသည်ကိုလည်းတွေ့ရသည်။ဒီလိုသိမ်သိမ်မွေ့မွေ့မိန်းကလေးသည် နွန်းလုံအသိထဲတွင်မရှိ၍ ရုတ်တရက်ကြောင်သွားရသည်။ထို့နောက် ရုတ်တရတ်ကြားလိုက်ရသည့်အသံကြီးကြောင့် နွန်းလုံခေါင်းထဲအံ့ဩသွားရသည်။အသံသည် ရွှေကူးအသံမှရွှေကူးအသံအစစ်။နွန်းလုံ ဧည့်ခန်းတွင်ထိုင်နေကြသောအုပ်စုရှိရာ‌သို့သွားလိုက်ပြီး ကြည့်လိုက်သောအခါ.....အမယ် ရွှေကူးကလူလိုသူလိုလေး၀တ်ထားပြီး ပြုံးစိစိလေးလုပ်နေလေသည်။နွန်းလုံ ထိုင်ခုံတွင်ထိုင်လိုက်ရင်း ရွှေကူးကိုကြည့်လိုက်သည်။

“ရွှေကူး နင်ကဘာလာလုပ်တာလဲ၊စာမေးပွဲနီးနေတာကိုစာမကျက်ဘူးလား”

                 ထိုအခါရွှေကူးက နွန်းလုံကိုပြုံးပြလိုက်ပြီး နူးညံ့ညင်သာသောအသံလေးဖြင့်.....

“နွန်းလုံကလည်း ငါလည်းစိတ်ကိုအနားပေးရတာပေါ့၊လူဆိုတာ အမြဲတမ်းဦးနှောက်ကိုအလုပ်ပေးနေလို့မရဘူးလေ၊ဦးနှောက်ကိုအနားပေးမှလည်း စိတ်ကလေးကြည်ပြီး စာကိုသေချာမှတ်နိုင်မှာမလား”

                    နွန်းလုံ ကိုယ့်နားကိုယ်တောင်မယုံနိုင်။အရင်က နွန်းလုံတစ်ခွန်းပြောလျှင်  အာဖြဲကာဆယ်ခွန်းလောက်ပြန်ပြောတတ်သည့် ရွှေကူးသည် လူစားလဲခံလိုက်ရပါသလား။အခုများတော့ အသံလေးသည် ချိုမြိန်သာယာနေပြီး အလွန်ကိုနူးညံ့သိမ်မွေ့သောမိန်းကလေးတစ်ယောက်ဖြစ်လို့နေသည်။ငြိမ်းချမ်းမောင်ကိုကြည့်တော့လည်း ရွှေကူးကိုကြည့်ကာပြုံးနေသည်။ဇာဏ်ကတော့ အေးအေးလူလူမဂ္ဂဇင်းဖတ်နေ၏။နွန်းလုံ ရွှေကူးကိုကြည့်ကာ မျက်နှာမဲ့လိုက်ရင်း.........

“ဒါနဲ့ နင်ကကျားသားမိုးကြိုး လူလိုသူလို၀တ်လို့ပါလား၊ခါတိုင်းဆိုရင်လေ ကာတွန်း.....”

“နွန်းလုံ!”

                     နွန်းလုံစကားပင်မဆုံးသေး။ရွှေကူးက မျက်နှာကြီးနီရဲကာထအော်တော့သည်။ရွှေကူးအသံ ဘယ်လောက်ကျယ်သလဲဆိုရင် ဇာဏ်ဖတ်နေသည့် မဂ္ဂဇင်းစာအုပ်ကြီးကိုပင် ဇာဏ် အလန့်တကြားလွှတ်ချမိသည်အထိပင်။ငြိမ်းချမ်းမောင်က‌လည်း မျက်လုံးပြူးမျက်ဆံပြူးဖြင့်ကြည့်နေလေသည်။နွန်းလုံလည်းအံ့ဩ၍ဟနေသောပါးစပ်ကိုပြန်မစေ့မိ။အကုန်လုံးတိတ်ဆိတ်သွားကာမှ ရွှေကူးက နွန်းလုံအနားကပ်လာပြီး......

“မောင်လေးကလည်း ဘာတွေလျှောက်ပြောနေတာလဲ၊ချမ်းတို့ကိုအားနာစရာကြီး...ဟင်းဟင်း”

                     ပြောနေရင်းကျောကိုစွဲဆိတ်လိုက်သောကြောင့် နွန်းလုံမျက်နှာကရှုံ့မဲ့သွားသည်။ဒါနဲ့....ရွှေကူးက “ချမ်း”လို့ပြောလိုက်တာလား။ချမ်း ချမ်းဆိုတော့ငြိမ်းချမ်းမောင်လား။ရွှေကူးနဲ့ဟိုကောင်ငြိမ်းချမ်းမောင်က ဘယ်ကဘယ်လို....။

“အားနာရင် ပြန်တော့လေ ရွှေကူးကလည်း ဟဲဟဲ”

                  နွန်းလုံလည်း သွားကိုစိ၍ အံကြိတ်ကာရွှေကူးကိုတိုးတိုးလေးပြောလိုက်သည်။ရွှေကူးမျက်နှာက ခဏတော့အီလည်သွားပြီး နောက်တော့ပြုံးသွားလေသည်။

“ပြီးတာပဲ၊အဲ့ဒါဆိုငါပြန်တော့မယ်”

“ငါလိုက်ပို့မယ်”

                 နွန်းလုံမတ်တပ်ထရပ်တော့ ရွှေကူးလည်းထလာပြီး မျက်နှာကတော့ ငြိမ်းချမ်းမောင်ဆီကမခွာသေးပေ။ထို့နောက် ငြိမ်းချမ်းမောင်ကို ချစ်ရည်ရွှန်းလဲ့နေသောအကြည့်ဖြင့်ကြည့်လိုက်ပြီး......

“ချမ်း ငါပြန်ပြီနော်၊နောက်မှတွေ့မယ် ဟိဟိ”

“ဂရုစိုက်ပြန်နော် ကူး၊နောက်မှတွေ့ကြမယ်၊ကျွန်တော် ကူးကိုစောင့်နေမယ်”

                      နွန်းလုံ အလွမ်းသယ်နေကြသောနှစ်ယောက်အားအမြင်ကပ်ပုဒ်မဖြင့်ခပ်ချဉ်ချဉ်ကြည့်လိုက်သည်။ဒီနှစ်ယောက်ဘယ်တုန်းကဘယ်လိုရင်းနှီးသွားကြတာပါလိမ့်။နှမလင်နေ...အဲ အခုရွှေကူးကလင်နေနေတာမှမဟုတ်ပါပဲ။ နှမရည်းစားထားတော့ မောင်ဖင်ကြိမ်းဆိုသလိုမျိုး။အခု ရွှေကူးက ရည်းစားထားချင်နေတာမဟုတ်လား။အဲ့လိုလုပ်လည်း သူ့အဖိုးတန်ဖင်လေးကြိမ်းရတာပါပဲ။အရင်တစ်နေ့ကမှ ‌အပေးအယူအနေနဲ့ငြိမ်းချမ်းမောင်အကြောင်းပြောပြလိုက်တာ။အခုတော့ချက်ချင်းလက်ငင်းကို “ချမ်း” “ကူး” ဖြစ်သွားတော့တာပဲ။ရွှေကူးကို အခုလိုက်ပို့သည့်အချိန်မှာမေးပြီး ဟိုကောင်ငြိမ်းချမ်းမောင်က နွန်းလုံတို့အိမ်မှာညအိပ်မည်ဖြစ်၍  မရရအောင်အစ်အောက်ပြီးမေးရန် တွေးထားလိုက်သည်။

“ရွှေကူး ငါ့ကိုမှန်မှန်လိမ်စမ်း၊နင်နဲ့ဟိုကောင် ငြိမ်းမောင်ကဘယ်လိုလုပ်အဲ့လောက်ထိရင်းနှီးသွားကြတာလဲ”

“ဘာ ငြိမ်းမောင်လဲ! ငါ့ချမ်းလေးကိုများ....ငြိမ်းချမ်းမောင်ဟဲ့ ငြိမ်းချမ်းမောင်၊အမြဲတမ်းငြိမ်းချမ်းနေတဲ့ ငြိမ်းချမ်းမောင်”

                    ရွှေကူးတို့က ငြိမ်းမောင်ကိုတော့လုံး၀အထိမခံပါ။သူ့ကိုတောင် ကပ်ကပ်လန်အောင်ရန်ပြန်တွေ့နေသည်မှာ ခုဏတုန်းက ငြိမ်းမောင်ကိုချိုချိုသာသာလေးပြောခဲ့တာသူမဟုတ်သလို။

“အေးပါ ရွှေကူးရယ်၊ပြောပြ နင်တို့နှစ်ယောက်ကဘယ်လိုအခြေအနေထိရောက်နေပြီလဲ၊နင်ကဆယ်တန်းနော် ရွှေကူး၊စာမေးပွဲကဖြေရတော့မယ်၊ရုတ်ရုတ်ရုတ်ရုတ်လုပ်မယ်တော့မကြံနဲ့၊အန်တီနဲ့လေးလေးကိုသွားတိုင်လိုက်မယ် ဘာမှတ်နေလဲ”

                သွားတိုင်ပစ်မယ်ဆိုတော့ ရွှေကူးမျက်နှာကဇီးရွက်လောက်သာရှိတော့သည်။မျက်နှာလေးကိုငယ်ပြီး.......

“မတိုင်ပါနဲ့ နင်ကလည်း၊ငါလည်းသူ့ကိုအဖြေမပေးသေးပါဘူး၊စာမေးပွဲဖြေပြီးမှလို့ပြောထားတယ်”

                    ဟိုကောင်ငြိမ်းချမ်းမောင်က လူလေးကြည့်တော့သာ အေးမလိုလိုနဲ့မခုတ်တတ်တဲ့ကြောင်လိုလုပ်နေပြီး တကယ်တော့ကုတ်ကမြင်း။အခုလည်းလျင်ချက်၊ရွှေကူးကိုဘယ်အချိန်အဖြေသွားတောင်းလိုက်လဲမသိ။နွန်းလုံက ငြိမ်းချမ်းမောင်နှင့်ရွှေကူးကိုသဘောမတူတာတော့မဟုတ်သော်လည်း နှစ်ယောက်လုံးက ပညာသင်ရမည့်အရွယ်မို့ အချစ်ရေးအားမစဉ်းစားစေချင်သေးသည့်သဘောပင်ဖြစ်သည်။ငြိမ်းချမ်းမောင်နှင့်ဆိုလျှင်တော့ နွန်းလုံစိတ်ချပါသည်။ငြိမ်းချမ်းမောင်နှင့် ငယ်ငယ်လေးကတည်းကပေါင်းလာသူမို့ ငြိမ်းချမ်းမောင်အကြောင်းကို နွန်းလုံအသိဆုံးပင်။ငြိမ်းချမ်းမောင်က အခုချိန်ထိဘယ်မိန်းကလေးကိုမှစေ့စေ့တောင်မကြည့်ဘဲ သူ့‌အမေမျက်နှာတစ်ကမ္ဘာလုပ်နေသူမဟုတ်ပါလား။သူ့အစ်မကိုတော့ စိတ်ချပါပြီ။

                     နွန်းလုံ ရွှေကူးကိုအိမ်ပြန်ပို့ပြီး အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့သည်။ဟိုကောင် ကုတ်ကမြင်းကိုစစ်ဆေးစရာများရှိနေသေးသည်။နွန်းလုံအိမ်ထဲ၀င်လာတော့ ဇာဏ်က ပင်စိမ်းသီးကိုလှီးနေပြီး ငြိမ်းချမ်းမောင်က မုန်လာထုပ်များလှီးနေလေသည်။ကြည့်ရသည်မှာ ညစာကိုနွန်းလုံတို့အိမ်မှာပဲစားတော့မည့်ပုံပင်။နွန်းလုံ ဇာဏ်တို့အနားသို့သွားထိုင်လိုက်သည်။

“ပင်စိမ်းသီးနဲ့မုန်လာထုပ်ကဘာလုပ်ဖို့လဲ”

                   ပင်စိမ်းသီးကိုကောက်ကိုင်ပြီး နွန်းလုံမေးလိုက်သည်။ဇာဏ်က ပင်စိမ်းသီးကိုဆက်လှီးနေရင်းပြောသည်။

“ပင်စိမ်းသီးကို ပဲပုပ်နဲ့ရောထောင်းပြီး မုန်လာထုပ်နဲ့စားမလို့လေ၊အန်တီနွယ့်ကိုပူဆာထားတာ.....”

                     ပင်စိမ်းသီးကိုမုန်လာထုပ်နှင့်စားရသည်ကို နွန်းလုံတို့သုံးယောက်လုံးသဘောကျကြသည်။ပင်စိမ်းသီးသည် အလေ့ကျပေါက်တတ်သောအပင်မျိုးဖြစ်သည်။အရွယ်အစားမှာကြက်ဥထက်အနည်းငယ်မျှသာကြီးပြီး အစေ့သည်သစ်တော်တီးအစေ့ကဲ့သို့ပင်ဖြစ်သည်။ပင်စိမ်းသီးကိုပဲပုပ်နှင့်ရောထောင်းပြီး မုန်လာထုပ်နှင့်လည်းတွဲဖက်စား၍ရသည်။တစ်ခါတစ်ရံအချဉ်ပေါင်းသည်များထံတွင်တော့ မက်မန်းသီး၊ဂွေးသီး၊သရက်သီးတို့နှင့်ရော၍ပေါင်းထားတတ်ပြီး ဆားရည်စိမ်၍လည်းစားလို့ရလေသည်။အသီးများစွာသီးတတ်၍ အပင်မနိုင်ဘဲကြွေကျသည်များလည်းရှိသည်။နေလောင်ထားသော ပင်စိမ်းသီးများမှာတော့စားလို့ကောင်းလေသည်။ဟိုးအရင်ကတည်းကစားဖူးနေကျဖြစ်သော်လည်း ပင်စိမ်းသီးရလာတိုင်းထိုသို့စားနေကျဖြစ်သည်။ဂူဂူးကတော့ အခုမှရောက်သည့်ကလေးဖြစ်၍ နွန်းလုံတို့ကြိုက်သည့်ပင်စိမ်းသီးကိုကျွေးဖြစ်အောင်ကျွေးပါဦးမည်။

(၁၃.၄.၂၀၂၃)
(10:56)P.m

#Hsu_Lynn_Nge

*ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမ‚ရအောင်ပိုးဆိုတဲ့သီချင်းလေးထဲက ပင်စိမ်းသီးပါရှင်။မုန်လာထုပ်ကိုတော့ လင်းငယ်တို့ဘက်မှာဂေါ်ဖီထုပ်လို့လည်းခေါ်ကြပါတယ်။ပင်စိမ်းသီးက ရှမ်းပြည်နယ်ဘက်တွေမှာအလေ့ကျပေါက်ပါတယ်တဲ့ရှင်။ပင်းတယကအစ်ကိုတစ်ယောက်ဆီကရလာတဲ့ ပင်စိမ်းသီးပုံလေးတွေကို အခြားသောမမြင်ဖူးတဲ့ကလေးတွေအတွက် ဖော်ပြပေးလိုက်ပါတယ်ရှင်။အေးချမ်းကြပါစေရှင်^^°
   

Zawgyi

                    ႏြန္းလုံနဲ႔ဂူဂူး အပါးႏွင့္အမိုးတို႔အိမ္မွျပန္လာေတာ့ ညေနေစာင္းေနေလၿပီ။ေနေရာင္ျခည္ဖ်ဖ်ေလးသည္ ႏြန္းလုံႏွင့္ဂူဂူးတို႔အေပၚက်ေရာက္ေနၿပီး ေလ‌ျပည္ႏုႏုေလးသည္တၿငိမ့္ၿငိမ့္။ေလေလးတစ္ခ်က္ေဝွ႔လိုက္တိုင္းတြင္ ဂူဂူး၏ဆံပင္လိမ္ေကာက္ေကာက္ကေလးမ်ားသည္ လြင့္ခနဲ။ႏွစ္ေယာက္သားတိတ္ဆိတ္ၿငိမ္သက္လ်က္ ညေနခင္း၏အလွတရားကိုအပီအျပင္ခံစားေနၾကသည္။

                  လမ္းတစ္ေလွ်ာက္ ႏြန္းလုံကဂူဂူးကိုေငးလိုက္ ဂူဂူးကႏြန္းလုံကိုမသိမသာေလးေငးလိုက္ျဖင့္အဆင္ေျပေနေတာ့သည္။ႏွစ္ေယာက္သား သူ႔ကိုကိုယ္ကၾကည့္၊ကိုယ့္ကိုသူကၾကည့္ျဖင့္ မုန႔္လုံးစကၠဴကပ္ေနသလိုပင္။မၾကာမီစာေမးပြဲကလည္းေျဖရေတာ့မည္ျဖစ္၍ ဒီရက္ပိုင္းသာအားလပ္ရက္ရမည္ျဖစ္သည္။

                  စာေမးပြဲေျဖခါနီးၿပီဆိုလွ်င္ ဇာဏ္ႏွင့္ၿငိမ္းခ်မ္းေမာင္တို႔က ႏြန္းလုံတို႔အိမ္သို႔စာလုပ္ရင္း ညအိပ္တတ္ၾကသည္။ဂူဂူးက အတန္းငယ္ေလးျဖစ္ေသာ္လည္းစာေသခ်ာလုပ္ရမည္ပင္။အစေကာင္းမွအေႏွာင္းေသခ်ာမည္ျဖစ္သည္။ေ႐ႊကူးမွာေတာ့ စကင္ေတာင္မကဲႏိုင္ရွာ။စာကိုသာ ကုန္း႐ုန္းလုပ္ေနရွာသည္။တစ္ခါတစ္ေလဆိုလွ်င္ ‌ေက်ာလယ္မေရာက္တေရာက္ဆံပင္အား ေနာက္ညႇပ္ကလစ္ႀကီးႏွင့္ထိုးညႇပ္ကာ မ်က္ႏွာေျပာင္ႏွင့္ သူတို႔အိမ္ေရာက္လာတတ္ေသးသည္။ကာတြန္းေဘာင္းဘီအတိုႏွင့္တီရွပ္အပြႀကီး၀တ္လာၿပီး စိတ္ကိုအနားေပးသည္ဟုဆိုကာ ေမေမလုပ္ထားေသာမုန႔္မ်ားကိုလာစားတတ္၏။

                   ဂူဂူးကေတာ့ ႏြန္းလုံအနားသာကပ္ေနၿပီး စာလုပ္ရင္ေတာ့ အိမ္ျပန္ၿပီးစာလုပ္တတ္သည္။စာေမးပြဲကလည္းတျဖည္းျဖည္းနီးကပ္လာၿပီမို႔ ေလလြင့္ေနလို႔မျဖစ္ေတာ့။ႏြန္းလုံတို႔ ကိုးတန္းေက်ာင္းသားမ်ားႏွင့္ အလယ္တန္း၊မူလတန္းကေလးမ်ားသည္ ေဖေဖာ္ဝါရီလတြင္သာေျဖရၿပီး ေ႐ႊကူးတို႔လိုဆယ္တန္းေက်ာင္းသားေက်ာင္းသူမ်ားမွာေတာ့ မတ္လမွသာေျဖရေလသည္။ဂူဂူးေလးတြင္ အက်င့္တစ္ခုရွိေသးသည္ကို ႏြန္းလုံမၾကာေသးခင္ကသိလိုက္ရ၏။

                     ဂူဂူးက သူစာလုပ္ေနသည့္အခ်ိန္ ဆူဆူညံညံလုပ္လွ်င္လုံး၀မႀကိဳက္။ေခါင္းေအးေအးေလးႏွင့္စိတ္ၾကည္ေနမွစာလုပ္တတ္ေလသည္။တစ္ခါတစ္ေလစိတ္အနားေပးသည့္အခ်ိန္မ်ိဳးဆို ဂူဂူးက သီခ်င္းေအးေအးေလးမ်ားကိုသာနားေထာင္၏။လူေလးကသာေသးေသးေလးျဖစ္ေသာ္လည္း ႀကီးႀကီးက်ယ္က်ယ္လုပ္တတ္သလို၊ႀကီးႀကီးက်ယ္က်ယ္လည္းေျပာတတ္ေလသည္။ႏြန္းလုံကလည္း လူႀကီးလုပ္ခ်င္ေနေသာ ဒီကေလးကိုသာအၿမဲအခ်စ္ပိုေနရသည္မဟုတ္ပါလား။

                      ဇာဏ္ႏွင့္‌ၿငိမ္းခ်မ္းေမာင္က အခုညကစၿပီးႏြန္းလုံႏွင့္အတူစာလာလုပ္ၾကမည္ျဖစ္၍ အခုအခ်ိန္ေလာက္ဆိုေရာက္ေနေလာက္ၿပီျဖစ္သည္။ဂူဂူးကိုလည္းေျပာျပထားၿပီမို႔ ဂူဂူးကလည္းသူ႔အိမ္မွာသာစာလုပ္လိမ့္မည္။ဇာဏ္တို႔ႏွစ္ေယာက္လာၿပီးစာလုပ္လွ်င္ ေမေမကအစားအေသာက္တစ္ခုမဟုတ္တစ္ခုလုပ္ေကြၽးတတ္သည္။ေရာက္ေရာက္ခ်င္းေန႔ဆိုလွ်င္ေတာ့ သူတို႔စာမလုပ္ၾကဘဲ ဇာဏ္၏ဂစ္တာေလးျဖင့္သီခ်င္းဆိုေလ့ရွိ၏။ထို႔ေၾကာင့္ ယခုေန႔ဇာဏ္တို႔ႏွစ္ေယာက္လုံးစာအုပ္ပါလာမည္မဟုတ္ေပ။

                   ဂူဂူးတို႔အိမ္ေရွ႕ေရာက္လာသည့္အခါ ဂူဂူးက ႏြန္းလုံကိုတာ့တာျပၿပီး အိမ္ထဲ၀င္သြားေလသည္။ႏြန္းလုံလည္း ဂူဂူးအိမ္ထဲကို၀င္သြားကာမွ သူ႔ၿခံထဲသို႔၀င္လာခဲ့သည္။အိမ္ထဲေရာက္ေတာ့ ထင္သည့္အတိုင္းပင္။ဇာဏ္ႏွင့္ၿငိမ္းခ်မ္းေမာင္တို႔ေရာက္ေနၾကေလၿပီ။ထို႔အျပင္ ဆံပင္ကိုငါးအ႐ိုးပုံစံက်စ္ၿပီးခ်ထားေသာ မိန္းကေလးတစ္ေယာက္ ေက်ာေပးကာထိုင္ေနသည္ကိုလည္းေတြ႕ရသည္။ဒီလိုသိမ္သိမ္ေမြ႕ေမြ႕မိန္းကေလးသည္ ႏြန္းလုံအသိထဲတြင္မရွိ၍ ႐ုတ္တရက္ေၾကာင္သြားရသည္။ထို႔ေနာက္ ႐ုတ္တရတ္ၾကားလိုက္ရသည့္အသံႀကီးေၾကာင့္ ႏြန္းလုံေခါင္းထဲအံ့ဩသြားရသည္။အသံသည္ ေ႐ႊကူးအသံမွေ႐ႊကူးအသံအစစ္။ႏြန္းလုံ ဧည့္ခန္းတြင္ထိုင္ေနၾကေသာအုပ္စုရွိရာ‌သို႔သြားလိုက္ၿပီး ၾကည့္လိုက္ေသာအခါ.....အမယ္ ေ႐ႊကူးကလူလိုသူလိုေလး၀တ္ထားၿပီး ၿပဳံးစိစိေလးလုပ္ေနေလသည္။ႏြန္းလုံ ထိုင္ခုံတြင္ထိုင္လိုက္ရင္း ေ႐ႊကူးကိုၾကည့္လိုက္သည္။

“ေ႐ႊကူး နင္ကဘာလာလုပ္တာလဲ၊စာေမးပြဲနီးေနတာကိုစာမက်က္ဘူးလား”

                 ထိုအခါေ႐ႊကူးက ႏြန္းလုံကိုၿပဳံးျပလိုက္ၿပီး ႏူးညံ့ညင္သာေသာအသံေလးျဖင့္.....

“ႏြန္းလုံကလည္း ငါလည္းစိတ္ကိုအနားေပးရတာေပါ့၊လူဆိုတာ အၿမဲတမ္းဦးေႏွာက္ကိုအလုပ္ေပးေနလို႔မရဘူးေလ၊ဦးေႏွာက္ကိုအနားေပးမွလည္း စိတ္ကေလးၾကည္ၿပီး စာကိုေသခ်ာမွတ္ႏိုင္မွာမလား”

                    ႏြန္းလုံ ကိုယ့္နားကိုယ္ေတာင္မယုံႏိုင္။အရင္က ႏြန္းလုံတစ္ခြန္းေျပာလွ်င္  အာၿဖဲကာဆယ္ခြန္းေလာက္ျပန္ေျပာတတ္သည့္ ေ႐ႊကူးသည္ လူစားလဲခံလိုက္ရပါသလား။အခုမ်ားေတာ့ အသံေလးသည္ ခ်ိဳၿမိန္သာယာေနၿပီး အလြန္ကိုႏူးညံ့သိမ္ေမြ႕ေသာမိန္းကေလးတစ္ေယာက္ျဖစ္လို႔ေနသည္။ၿငိမ္းခ်မ္းေမာင္ကိုၾကည့္ေတာ့လည္း ေ႐ႊကူးကိုၾကည့္ကာၿပဳံးေနသည္။ဇာဏ္ကေတာ့ ေအးေအးလူလူမဂၢဇင္းဖတ္ေန၏။ႏြန္းလုံ ေ႐ႊကူးကိုၾကည့္ကာ မ်က္ႏွာမဲ့လိုက္ရင္း.........

“ဒါနဲ႔ နင္ကက်ားသားမိုးႀကိဳး လူလိုသူလို၀တ္လို႔ပါလား၊ခါတိုင္းဆိုရင္ေလ ကာတြန္း.....”

“ႏြန္းလုံ!”

                     ႏြန္းလုံစကားပင္မဆုံးေသး။ေ႐ႊကူးက မ်က္ႏွာႀကီးနီရဲကာထေအာ္ေတာ့သည္။ေ႐ႊကူးအသံ ဘယ္ေလာက္က်ယ္သလဲဆိုရင္ ဇာဏ္ဖတ္ေနသည့္ မဂၢဇင္းစာအုပ္ႀကီးကိုပင္ ဇာဏ္ အလန႔္တၾကားလႊတ္ခ်မိသည္အထိပင္။ၿငိမ္းခ်မ္းေမာင္က‌လည္း မ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္ၾကည့္ေနေလသည္။ႏြန္းလုံလည္းအံ့ဩ၍ဟေနေသာပါးစပ္ကိုျပန္မေစ့မိ။အကုန္လုံးတိတ္ဆိတ္သြားကာမွ ေ႐ႊကူးက ႏြန္းလုံအနားကပ္လာၿပီး......

“ေမာင္ေလးကလည္း ဘာေတြေလွ်ာက္ေျပာေနတာလဲ၊ခ်မ္းတို႔ကိုအားနာစရာႀကီး...ဟင္းဟင္း”

                     ေျပာေနရင္းေက်ာကိုစြဲဆိတ္လိုက္ေသာေၾကာင့္ ႏြန္းလုံမ်က္ႏွာကရႈံ႕မဲ့သြားသည္။ဒါနဲ႔....ေ႐ႊကူးက “ခ်မ္း”လို႔ေျပာလိုက္တာလား။ခ်မ္း ခ်မ္းဆိုေတာ့ၿငိမ္းခ်မ္းေမာင္လား။ေ႐ႊကူးနဲ႔ဟိုေကာင္ၿငိမ္းခ်မ္းေမာင္က ဘယ္ကဘယ္လို....။

“အားနာရင္ ျပန္ေတာ့ေလ ေ႐ႊကူးကလည္း ဟဲဟဲ”

                  ႏြန္းလုံလည္း သြားကိုစိ၍ အံႀကိတ္ကာေ႐ႊကူးကိုတိုးတိုးေလးေျပာလိုက္သည္။ေ႐ႊကူးမ်က္ႏွာက ခဏေတာ့အီလည္သြားၿပီး ေနာက္ေတာ့ၿပဳံးသြားေလသည္။

“ၿပီးတာပဲ၊အဲ့ဒါဆိုငါျပန္ေတာ့မယ္”

“ငါလိုက္ပို႔မယ္”

                 ႏြန္းလုံမတ္တပ္ထရပ္ေတာ့ ေ႐ႊကူးလည္းထလာၿပီး မ်က္ႏွာကေတာ့ ၿငိမ္းခ်မ္းေမာင္ဆီကမခြာေသးေပ။ထို႔ေနာက္ ၿငိမ္းခ်မ္းေမာင္ကို ခ်စ္ရည္႐ႊန္းလဲ့ေနေသာအၾကည့္ျဖင့္ၾကည့္လိုက္ၿပီး......

“ခ်မ္း ငါျပန္ၿပီေနာ္၊ေနာက္မွေတြ႕မယ္ ဟိဟိ”

“ဂ႐ုစိုက္ျပန္ေနာ္ ကူး၊ေနာက္မွေတြ႕ၾကမယ္၊ကြၽန္ေတာ္ ကူးကိုေစာင့္ေနမယ္”

                      ႏြန္းလုံ အလြမ္းသယ္ေနၾကေသာႏွစ္ေယာက္အားအျမင္ကပ္ပုဒ္မျဖင့္ခပ္ခ်ဥ္ခ်ဥ္ၾကည့္လိုက္သည္။ဒီႏွစ္ေယာက္ဘယ္တုန္းကဘယ္လိုရင္းႏွီးသြားၾကတာပါလိမ့္။ႏွမလင္ေန...အဲ အခုေ႐ႊကူးကလင္ေနေနတာမွမဟုတ္ပါပဲ။ ႏွမရည္းစားထားေတာ့ ေမာင္ဖင္ႀကိမ္းဆိုသလိုမ်ိဳး။အခု ေ႐ႊကူးက ရည္းစားထားခ်င္ေနတာမဟုတ္လား။အဲ့လိုလုပ္လည္း သူ႔အဖိုးတန္ဖင္ေလးႀကိမ္းရတာပါပဲ။အရင္တစ္ေန႔ကမွ ‌အေပးအယူအေနနဲ႔ၿငိမ္းခ်မ္းေမာင္အေၾကာင္းေျပာျပလိုက္တာ။အခုေတာ့ခ်က္ခ်င္းလက္ငင္းကို “ခ်မ္း” “ကူး” ျဖစ္သြားေတာ့တာပဲ။ေ႐ႊကူးကို အခုလိုက္ပို႔သည့္အခ်ိန္မွာေမးၿပီး ဟိုေကာင္ၿငိမ္းခ်မ္းေမာင္က ႏြန္းလုံတို႔အိမ္မွာညအိပ္မည္ျဖစ္၍  မရရေအာင္အစ္ေအာက္ၿပီးေမးရန္ ေတြးထားလိုက္သည္။

“ေ႐ႊကူး ငါ့ကိုမွန္မွန္လိမ္စမ္း၊နင္နဲ႔ဟိုေကာင္ ၿငိမ္းေမာင္ကဘယ္လိုလုပ္အဲ့ေလာက္ထိရင္းႏွီးသြားၾကတာလဲ”

“ဘာ ၿငိမ္းေမာင္လဲ! ငါ့ခ်မ္းေလးကိုမ်ား....ၿငိမ္းခ်မ္းေမာင္ဟဲ့ ၿငိမ္းခ်မ္းေမာင္၊အၿမဲတမ္းၿငိမ္းခ်မ္းေနတဲ့ ၿငိမ္းခ်မ္းေမာင္”

                    ေ႐ႊကူးတို႔က ၿငိမ္းေမာင္ကိုေတာ့လုံး၀အထိမခံပါ။သူ႔ကိုေတာင္ ကပ္ကပ္လန္ေအာင္ရန္ျပန္ေတြ႕ေနသည္မွာ ခုဏတုန္းက ၿငိမ္းေမာင္ကိုခ်ိဳခ်ိဳသာသာေလးေျပာခဲ့တာသူမဟုတ္သလို။

“ေအးပါ ေ႐ႊကူးရယ္၊ေျပာျပ နင္တို႔ႏွစ္ေယာက္ကဘယ္လိုအေျခအေနထိေရာက္ေနၿပီလဲ၊နင္ကဆယ္တန္းေနာ္ ေ႐ႊကူး၊စာေမးပြဲကေျဖရေတာ့မယ္၊႐ုတ္႐ုတ္႐ုတ္႐ုတ္လုပ္မယ္ေတာ့မႀကံနဲ႔၊အန္တီနဲ႔ေလးေလးကိုသြားတိုင္လိုက္မယ္ ဘာမွတ္ေနလဲ”

                သြားတိုင္ပစ္မယ္ဆိုေတာ့ ေ႐ႊကူးမ်က္ႏွာကဇီး႐ြက္ေလာက္သာရွိေတာ့သည္။မ်က္ႏွာေလးကိုငယ္ၿပီး.......

“မတိုင္ပါနဲ႔ နင္ကလည္း၊ငါလည္းသူ႔ကိုအေျဖမေပးေသးပါဘူး၊စာေမးပြဲေျဖၿပီးမွလို႔ေျပာထားတယ္”

                    ဟိုေကာင္ၿငိမ္းခ်မ္းေမာင္က လူေလးၾကည့္ေတာ့သာ ေအးမလိုလိုနဲ႔မခုတ္တတ္တဲ့ေၾကာင္လိုလုပ္ေနၿပီး တကယ္ေတာ့ကုတ္ကျမင္း။အခုလည္းလ်င္ခ်က္၊ေ႐ႊကူးကိုဘယ္အခ်ိန္အေျဖသြားေတာင္းလိုက္လဲမသိ။ႏြန္းလုံက ၿငိမ္းခ်မ္းေမာင္ႏွင့္ေ႐ႊကူးကိုသေဘာမတူတာေတာ့မဟုတ္ေသာ္လည္း ႏွစ္ေယာက္လုံးက ပညာသင္ရမည့္အ႐ြယ္မို႔ အခ်စ္ေရးအားမစဥ္းစားေစခ်င္ေသးသည့္သေဘာပင္ျဖစ္သည္။ၿငိမ္းခ်မ္းေမာင္ႏွင့္ဆိုလွ်င္ေတာ့ ႏြန္းလုံစိတ္ခ်ပါသည္။ၿငိမ္းခ်မ္းေမာင္ႏွင့္ ငယ္ငယ္ေလးကတည္းကေပါင္းလာသူမို႔ ၿငိမ္းခ်မ္းေမာင္အေၾကာင္းကို ႏြန္းလုံအသိဆုံးပင္။ၿငိမ္းခ်မ္းေမာင္က အခုခ်ိန္ထိဘယ္မိန္းကေလးကိုမွေစ့ေစ့ေတာင္မၾကည့္ဘဲ သူ႔‌အေမမ်က္ႏွာတစ္ကမာၻလုပ္ေနသူမဟုတ္ပါလား။သူ႔အစ္မကိုေတာ့ စိတ္ခ်ပါၿပီ။

                     ႏြန္းလုံ ေ႐ႊကူးကိုအိမ္ျပန္ပို႔ၿပီး အိမ္သို႔ခပ္သြက္သြက္ျပန္လာခဲ့သည္။ဟိုေကာင္ ကုတ္ကျမင္းကိုစစ္ေဆးစရာမ်ားရွိေနေသးသည္။ႏြန္းလုံအိမ္ထဲ၀င္လာေတာ့ ဇာဏ္က ပင္စိမ္းသီးကိုလွီးေနၿပီး ၿငိမ္းခ်မ္းေမာင္က မုန္လာထုပ္မ်ားလွီးေနေလသည္။ၾကည့္ရသည္မွာ ညစာကိုႏြန္းလုံတို႔အိမ္မွာပဲစားေတာ့မည့္ပုံပင္။ႏြန္းလုံ ဇာဏ္တို႔အနားသို႔သြားထိုင္လိုက္သည္။

“ပင္စိမ္းသီးနဲ႔မုန္လာထုပ္ကဘာလုပ္ဖို႔လဲ”

                   ပင္စိမ္းသီးကိုေကာက္ကိုင္ၿပီး ႏြန္းလုံေမးလိုက္သည္။ဇာဏ္က ပင္စိမ္းသီးကိုဆက္လွီးေနရင္းေျပာသည္။

“ပင္စိမ္းသီးကို ပဲပုပ္နဲ႔ေရာေထာင္းၿပီး မုန္လာထုပ္နဲ႔စားမလို႔ေလ၊အန္တီႏြယ့္ကိုပူဆာထားတာ.....”

                     ပင္စိမ္းသီးကိုမုန္လာထုပ္ႏွင့္စားရသည္ကို ႏြန္းလုံတို႔သုံးေယာက္လုံးသေဘာက်ၾကသည္။ပင္စိမ္းသီးသည္ အေလ့က်ေပါက္တတ္ေသာအပင္မ်ိဳးျဖစ္သည္။အ႐ြယ္အစားမွာၾကက္ဥထက္အနည္းငယ္မွ်သာႀကီးၿပီး အေစ့သည္သစ္ေတာ္တီးအေစ့ကဲ့သို႔ပင္ျဖစ္သည္။ပင္စိမ္းသီးကိုပဲပုပ္ႏွင့္ေရာေထာင္းၿပီး မုန္လာထုပ္ႏွင့္လည္းတြဲဖက္စား၍ရသည္။တစ္ခါတစ္ရံအခ်ဥ္ေပါင္းသည္မ်ားထံတြင္ေတာ့ မက္မန္းသီး၊ေဂြးသီး၊သရက္သီးတို႔ႏွင့္ေရာ၍ေပါင္းထားတတ္ၿပီး ဆားရည္စိမ္၍လည္းစားလို႔ရေလသည္။အသီးမ်ားစြာသီးတတ္၍ အပင္မႏိုင္ဘဲေႂကြက်သည္မ်ားလည္းရွိသည္။ေနေလာင္ထားေသာ ပင္စိမ္းသီးမ်ားမွာေတာ့စားလို႔ေကာင္းေလသည္။ဟိုးအရင္ကတည္းကစားဖူးေနက်ျဖစ္ေသာ္လည္း ပင္စိမ္းသီးရလာတိုင္းထိုသို႔စားေနက်ျဖစ္သည္။ဂူဂူးကေတာ့ အခုမွေရာက္သည့္ကေလးျဖစ္၍ ႏြန္းလုံတို႔ႀကိဳက္သည့္ပင္စိမ္းသီးကိုေကြၽးျဖစ္ေအာင္ေကြၽးပါဦးမည္။

(၁၃.၄.၂၀၂၃)
(10:56)P.m

#Hsu_Lynn_Nge

*ပင္စိမ္းသီးပိုးထိုး ေတာင္ႀကီးသူမ‚

ရေအာင္ပိုးဆိုတဲ့သီခ်င္းေလးထဲက ပင္စိမ္းသီးပါရွင္။မုန္လာထုပ္ကိုေတာ့ လင္းငယ္တို႔ဘက္မွာေဂၚဖီထုပ္လို႔လည္းေခၚၾကပါတယ္။ပင္စိမ္းသီးက ရွမ္းျပည္နယ္ဘက္ေတြမွာအေလ့က်ေပါက္ပါတယ္တဲ့ရွင္။ပင္းတယကအစ္ကိုတစ္ေယာက္ဆီကရလာတဲ့ ပင္စိမ္းသီးပုံေလးေတြကို အျခားေသာမျမင္ဖူးတဲ့ကေလးေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ရွင္။ေအးခ်မ္းၾကပါေစရွင္^^°
   

Continue Reading

You'll Also Like

6.6K 419 26
မျက်မမြင်တစ်ယောက်ရဲ့ အသံပြတင်းပေါက်ငယ်
26.2K 1.2K 51
***** ရိုးဖြောင့်ခြင်းတွေ ပျောက်ဆုံးနေတဲ့လောကကြီးမှာ လူလိမ်လို့ သူ့ကိုယ်သူခံယူထားတဲ့လူက အရိုးသားဆုံးပဲမဟုတ်လား အဲ့လိုပဲလေ ဆိုက်ကိုပါ့သ်လို့ နာမည်ပြေ...
142K 4.6K 19
Winter break has began at UA, and young Aizawa finally has a chance to himself to sleep, but he doesn't necessarily want to spend it alone... This is...
10.8M 251K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...