"သားရေ နွန်းလုံ၊အခုထိမထသေးဘူးလား"
မေမေ့အသံကြောင့် စိုင်းနွန်းလုံ ကုတင်ဘေးရှိ ညအိပ်မီးအိမ်လေးဘေးမှနာရီလေးအား ယူကြည့်လိုက်သည်။အချိန်ကား မနက်7နာရီခွဲ။ဒီနေ့ နွန်းလုံ၏ကျောင်းပိတ်ရက်ဖြစ်၍ သူမထချင်သေးပေ။မေမေကလည်း ပုံမှန်ဆိုမနှိုးပေမယ့် ဒီနေ့မှ ဘာကြောင့်စောစောအိပ်ရာနှိုးသလဲ သူမတွေးတတ်။နွန်းလုံ အိပ်ရာသိမ်းကာ ရေချိုးခန်းထဲသို့၀င်လိုက်သည်။ကိုယ်လက်သန့်စင်ပြီးသည့်အခါ မှန်ပြတင်းတံခါးလေးအားဖွင့်လိုက်သည့်အခါ တော်ပေါ်ဒေသ၏ ထင်းရှူးရနံ့၊ချယ်ရီရနံ့၊တောပန်းရနံ့လေးများနှင့်အတူ အောက်ထပ်မှ သင်းပျံ့လာသော ကော်ဖီအနံ့လေးအားရလိုက်သည်။လေကိုအဆုတ်ထဲထိရောက်အောင် အားပါးတရရှူသွင်းလိုက်သည်။
နွန်းလုံ အောက်ထပ်သို့ဆင်းလာသည့်အခါ ဖေဖေက မနက်စာစားရင်းသတင်းစာဖတ်နေပြီး မေမေက သူ့အတွက် ဒိန်ချဉ်နှင့်သစ်သီးခြောက်များကိုသေချာရောစပ်ပေးနေသည်။ဤမနက်စာသည်လည်း နွန်းလုံအကြိုက်ဆုံးဖြစ်လေသည်။နွန်းလုံ ဖေဖေနှင့်မေမေအားနှုတ်ဆက်လိုက်သည်။
"ဖေဖေနဲ့မေမေ မင်္ဂလာမနက်ခင်းပါ၊သားနိုးပါပြီ"
လှေကားမှဆင်းလာသော သားဖြစ်သူအား ကြည့်လိုက်ရင်း ပြုံးမိကြသည်။ကိုးတန်းကျောင်းသားကြီးဖြစ်လာသော သားသည် အရွယ်ရောက်လာလေ ပို၍ချောလာလေပင်။ဖြူ၀င်းသော အသားအရည်၊ကိုယ်လက်လေ့ကျင့်ခန်းများကြောင့် ကိုယ်ခန္ဓာသည် တောင့်တင်းကျစ်လစ်နေ၏။ရေစိုနေသော ဆံပင်များသည် သား၏မျက်နှာထက်တွင် ကပိုကရို။စာတော်ရုံသာမဟုတ်ဘဲ သဘောမနောပါကောင်းသူမို့ အားလုံးကဝိုင်းချစ်ကြသည်။
နွန်းလုံလေး ငယ်စဉ် သုံးနှစ်အရွယ် ဤရွာလေးလို့ရောက်စဉ်က ရေမြေပြောင်း၍ သားလေး အဆင်ပြေပါ့မလား တွေးပူခဲ့ရသည်။နွန်းလုံက ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်နေတတ်၍ ဤရွာရှိလူများက နွန်းလုံကို သွေးရင်းသဖွယ်ချစ်ကြသည်။ဤရွာရှိလူများသည် တိုင်းရင်းသားများဖြစ်၍ ပွင့်ပွင့်လင်းလင်းရှိကြပြီး၊စိတ်သဘောထားဖြူစင်ကြသည်။ငယ်စဉ်ကတည်းက ယခုအချိန်အထိ နွန်းလုံသည် ဤရွာ၏ အချစ်ခံလေးဖြစ်နေဆဲ၊ဖြစ်နေမြဲပင်။
YOU ARE READING
WAN AN ~~Wo Ai Ni Ai Ni
RomanceWhen you are depressed or sad,this fiction can make you feel better, comfortable and warm!So welcome to read my healing fiction hee"