အပိုင်း(၁၀)

739 91 2
                                    

နွန်းလုံတို့ညစာစားပြီးသည်နှင့် ဂစ်တာလေးကိုင်ကာ သုံးယောက်သား နွန်းလုံတို့အိမ်ရှေ့ရှိကွပ်ပျစ်လေးပေါ်သွားထိုင်ကြသည်။ကွပ်ပျစ်သည် ထင်းရှူးပင်ကြီးအားပတ်၍ ကွပ်ပျစ်အခင်းခင်းထားသောကြောင့် အပင်မှထုတ်သော လတ်ဆတ်သည့်လေထုကိုအပြည့်အ၀ရှူရှိုက်ရလေသည်။တစ်ခါတစ်ရံ ညမွှေးပန်း၏ရနံ့မွှေးမွှေးသည် ‌လေအဝေ့တွင်သင်းပျံ့လာတတ်သည်။ရိုးလှသန္တာပန်းပွင့်များသည်လည်း မြေပြင်တွင်ပြန့်ကြဲနေကြသည်မှာပန်းခင်းထားသောလမ်းသဖွယ်။လရောင်အေးအေးလေးလည်းဖြာကျနေ၍ ဂစ်တာတီး၍ချစ်ရေးဆိုရန်အကောင်းဆုံးအချိန်ဖြစ်သည်။

နွန်းလုံတို့သုံးယောက် ကွပ်ပျစ်ပေါ်တွင်အကျအနထိုင်လိုက်ကြသည်။ဇာဏ်က ဂစ်တာကြိုးညှိနေချိန်တွင် မေမေက ခေါပုတ်ကြော်များလာပို့ပေးလေသည်။ဖေဖေကတော့ အခုချိန်ဆိုစာကြည့်ခန်းထဲတွင်စာဖတ်နေလောက်ပြီ။မေမေ အိမ်ထဲ၀င်လိုက်သည်နှင့် ရွှေကူးတို့အိမ်ဘက်ကို ကျားချောင်းချောင်းနေသော ကုတ်ကမြင်း ငြိမ်းချမ်းမောင်အား ဇက်ပိုးကိုတစ်ချက်ရိုက်ချလိုက်သည်။

"ဟ ဘာလို့လာရိုက်တာလဲ လူမသားလေးရဲ့၊နာလိုက်တာ"

ငြိမ်းချမ်းမောင်က သူ့ဇက်ကလေးကိုပွတ်ပြီးမျက်နှာလေးရှုံ့မဲ့ကာပြောသည်။နွန်းလုံက အသံလေးခပ်အုပ်အုပ်ကလေးဖြင့် ငြိမ်းချမ်းမောင်ကိုမေးလိုက်သည်။

"မင်းနဲ့ငါ့အစ်မရွှေကူးကဘာတွေလဲ"

"မပြောဘူး သတ်ပစ်လိုက်"

ငြိမ်းချမ်းမောင်က အောင်နိုင်သူအပြုံးပြုံးကာပြောလိုက်သည်။နွန်းလုံမျက်နှာမှာတော့ လရောင်အောက်တွင်မည်းမှောင်နေတော့သည်။

"အေး မပြောရင်ငါ့အစ်မနဲ့မင်းကိုသဘောမတူဘူးကွာ"

ထိုအချိန်တွင် ဂစ်တာကြိုးညှိနေသောဇာဏ်က သင်္ကြန်မိုးဇာတ်ကားထဲမှ ထားက ကိုငြိမ်းမောင်ကိုပြောသောလေသံဖြင့် နွန်းလုံအနားကပ်ကာ......

"ကလေးတွေကိုပျော်ခွင့်ပေးလိုက်ပါ ကိုနွန်းလုံရယ်"

နွန်းလုံကတော့ပြောစရာစကားပျောက်ရှသွားပြီး ငြိမ်းချမ်းမောင်မှာတော့ တခိခိရယ်နေသည်။နွန်းလုံက အကြည့်စူစူးတစ်ချက်ပေးလိုက်မှ မျက်နှာပိုးသတ်ပြီးမျက်နှာငယ်လေးဖြင့်ကြည့်လာသည်။သဘောတူပေးပါနော်ဆိုသည့်အကြည့်လေးပင်။

WAN AN ~~Wo Ai Ni Ai Ni Where stories live. Discover now