FLASHBACK

By Park_Vanna

9.2K 992 76

ဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ? More

အမှာစာ
🍀1🍀
🍀2🍀
🍀3🍀
🍀4🍀
🍀5🍀
🍀6🍀
🍀7🍀
🍀8🍀
🍀9🍀
🍀11🍀
🍀12🍀
🍀13🍀
🍀14🍀
🍀15🍀
🍀16 (END)🍀
အခန်းပို(1)
အခန်းပို (2)

🍀10🍀

364 51 1
By Park_Vanna

(Unicode)

မေမေ့တုန်းကရော ခုလိုပဲနာကျင်ဝမ်းနည်းခဲ့သလား...။ဖောက်ပြန်သူက ဘယ်လိုနေလဲမသိပေမဲ့ ဖောက်ပြန်သူရဲ့သက်ဆိုင်သူကတော့ ဒဏ်ရာအတိမ်အနက်ပေါ်မူတည်ပြီး ပြိုလဲပုံခြင်းကွာလေသည်။

သူ့ဉီးနှောက်ထဲတွင် အတိတ်က ထိုကိစ္စရပ်အားလုံးကိုမမှတ်မိပေမဲ့ အဓိကအပိုင်းအခြားတွေကိုမှတ်မိနေသည်။မိဘ၂ပါးရန်ဖြစ်နေသည်ကို တိုက်ရိုက်မြင်တွေ့ခဲ့ရပြီးနောက် ၂ဉီးကြားအဖုအထစ်တွေရှိလာဟန်တူသည်။ဖေဖေအိမ်ပြန်နောက်ကျလာသည်။မေမေက အရင်လိုဆူပူခြင်းမရှိတော့ပေမဲ့ ရံဖန်ရံခါ ရန်ဖြစ်နေသံကိုကြားရသည်။

တနေ့....

သူရက်ကွက်ကစားကွင်းမှာ ဆော့ကစားပြီး အိမ်ပြန်လာခဲ့သည်။ဆောင်းကမရှိ။ ဖေဖေနှင့်အလုပ်ကို လိုက်သွားခဲ့သည်။ထို့ကြောင့် သူတယောက်တည်းသာ စက်ဘီးနင်း၍ပြန်လာခဲ့သည်။

"မေမေ"

အဝင်ဝကတည်းက မေမေကြားလောက်သည့်အသံနှင့်အော်ခေါ်ပေမဲ့ ပြန်ထူးသံမကြားရ။

"ခွမ်း...."

"အမေ့"

တစုံတခုကျကွဲသံနှင့်အတူ ထိတ်လန့်သွားသော အမျိုးသမီးတယောက်၏အသံက ထွက်ပေါ်လာသည်။ထို့ကြောင့် တွန်းလာသောစက်ဘီးကို ခြံဝတွင်ပစ်ထားခဲ့ကာ အိမ်ဘက်သို့ပြေးလာခဲ့သည်။

"တကယ်ပါ အမထင်သလိုမဟုတ်ပါဘူး...ညီမအလုပ်အဆင်ပြေစေဖို့ လိုက်ကူညီတာပဲရှိပါတယ်"

"မသိဘူး...မင်းတို့ဟော်တည်တွေ၊ တည်းခိုခန်းတွေထဲ ယှဉ်တွဲပြီးဝင်သွားတာ တခါနှစ်ခါကတော့လို့လား!အလုပ်အတွက်လို့ပြောနေလဲ ပတ်ဝန်းကျင်က ဘယ်လိုထင်မလဲ ဟမ်"

မေမေ့က ဒေါသကိုအနိုင်နိုင်ထိန်းကာ ဆိုဖာထက်ဖင်မကြွရုံတမယ် အရှေ့ကအမျိုးသမီးကိုလက်ညိုးထိုးပြောနေ သည်ကို တံခါးအကွယ်မှတွေ့လိုက်ရသည်။

*ဟင်...ဂျီမင်မေမေပဲ*

ဘေးတိုက်မြင်လိုက်ရသော အမျိုးသမီးကဂျီမင်မေမေဖြစ်၍ ငိုထားပုံလဲရလေသည်။

"ရွှတ်!ဟင့်! တောင်းပန်ပါတယ်အမရယ်...အကိုကင်ကို တခါပဲအကူအညီတောင်းဖူးတာပါ...နောက်များတော့ အကိုကင်ကိုယ်တိုင်က လိုက်ကူပေးတာပါ ကိစ္စတွေက ဒီလောက်ထိကြီးလာလိမ့်မယ်လို့ မထင်ခဲ့လို့ပါ"

"အဟင်း...ခုတော့ လင်ရယ်မယားရယ်မဆိုထားနှင့် မျက်နှာချင်းတောင်မဆိုင်ဖြစ်ကြတော့ဘူး ဒါတွေက ရှင်မရည်ရွယ်ပဲ လုပ်လိုက်တာတွေကြောင့်လေ"

မေမေ၏ မခံချိမခံသာ ရွဲ့ပြောနေသောစကားကြောင့် ဂျီမင်မေမေက ခေါင်းကိုငုံ့သထက်ငုံ့ကာ မေမေ့ရှေ့ကြမ်းပြင်ထက် ဒူးထောက်ထိုင်ချလိုက်လေသည်။

"တောင်းပန်ပါတယ်...ဒီကနေ ညီမတို့ထွက်သွားမှာပါ အမထင်သလိုမဟုတ်ပေမဲ့ အမတို့အိမ်ထောင်ရေးက ညီမကြောင့် ဆူးခလုတ်တွေဖြစ်ရတာအမှန်ပဲမလို့ ညီမပဲတာဝန်ယူပေးပါ့မယ်"

ဂျီမင်မေမေက မျက်ရည်သွင်သွင်ကျကာ တောင်းပန်စကားဆိုရင်း ဒူးထောက်ထားရာမှ ထလာခဲ့သည်။မေမေကတော့ တင်းမာနေသောမျက်နှာထားနှင့် စကားတခွန်းမဆို မျက်နှာသာလွှဲထားလေသည်။ထိုအချိန်၌ မေမေသည် အင်မတန်မာနကြီးသော အမျိုးသမီးတယောက်ဖြစ်မှန်းသူသိခဲ့သည်။

နောက်ရက်များတွင်တော့ ဂျီမင်တို့သားအမိ မားအိမ်ကနေထွက်သွားခဲ့ကြသည်။ထိုအချိန်မှစ၍ မိဘ၂ပါးက တရားဝင်မကွာရှင်းသေးတာပဲရှိသည်။တအိမ်ထဲနေ၍ ရန်သူလိုဖြစ်ခဲ့ကြသည်။

"မင်း သိလား မင်းမေမေက မာနတွေပြည့်နေတာ သူ့မာနကအမြင်မှန်တွေကိုဖုံးသွားစေတာ...အဟက် ငါယောကျာ်းပါ...ငါ့မှာလဲ မာနရှိတယ် ဂေ့..."

တခါ စတိုးဆိုင်တခုရှေ့တွင် အရက်မူးနေသော ဖေဖေက သူ့အားရင်ဖွင့်ခဲ့သည့် စကားများဖြစ်သည်။မေမေကတော့ သူတို့ဝေယျာဝိစ္စများကို လုပ်ကိုင်ပေးမပျက်ရှိပေမဲ့ စကားနည်းသွားလေသည်။ထိုကိစ္စကြောင့်လဲ မေမေက မားကိုမခေါ်မပြောတော့ပေ။

"မား...ဂျီမင်နေကောင်းတယ်မလား"

မေမေ့အလစ်တွင်မားနားပြေးကာ ဂျီမင်အကြောင်းအမြဲစုံစမ်းရသည်။တခါတရံတော့ ဖုန်းပြောဖြစ်ကြသည်။သိပ်မကြာခင်မှာပဲ ကျောင်းတွေပြန်တက်ရ၍ ကျောင်းတွင်ဂျီမင်နှင့်ပြန်တွေ့ခွင့်ရခဲ့သည်။

🍀🍀🍀🍀🍀🍀🍀

ပင်လယ်ကမ်းစပ်မြို့ဖြစ်ပေမဲ့ တဖက်တွင်လည်းတောတောင်များ ဝန်းရံထားသဖြင့် အေးချမ်းသည့်မြို့တမြို့အဖြစ်မြင်မိသည်။မြို့လေးက အေးချမ်းပေမဲ့ သူတို့ကားလေးကတော့ ပူလောင်ခြင်းတွေအပြည့်သယ်ဆောင်ရင်း လာခဲ့ရသည်။

"ဉီးလေး...ဒီလိပ်စာလေး တချက်ညွှန်ပေးပါ"

ဖြတ်သွားနေသော ဉီးလေးတယောက်ကို လှမ်းတား၍ လိပ်စာမေးလိုက်သည်။

"အော်...ကင်မျိုးရိုးအိမ်လား ဒီကနေတမ်းတမ်း..."

သူတို့မေးလိုက်သော ဉီးလေးက လိပ်စာကိုသိနေကာ သေချာညွှန်ပေးလေသည်။ထို့နောက်သူက ကျေးဇူးတင်စကားဆိုကာ ညွှန်းသည့်အတိုင်းလာခဲ့လိုက်သည်။

"ဂျီမင်..."

လမ်းကကိစ္စများ ဖြစ်ပြီးသည့်နောက် ဂျီမင်ကတလမ်းလုံးအသံတိတ်ကာနေသည်။မျက်မှောင်လဲတွန့်ချိုးထားကာ တွေဝေငေးမောရင်းလိုက်ပါလာခဲ့သည်။ခုလဲ ညွှန်းရာလိပ်စာအတိုင်းရောက်လာပေမဲ့ တုတ်တုတ်မျှမလုပ်သဖြင့် ထယ်ယောင်းသက်ပြင်းသာချမိသည်။

"ငါတောင်းပန်ပါတယ်"

သူ့ကြောင့်ဆိုသောစိတ်နှင့် ထယ်ယောင်းတောင်းပန်စကားဆိုလိုက်သည်။

"မင်း အမှားမဟုတ်ဘူး ထယ်ယောင်း"

ဂျီမင်ကသူ့အားခပ်တည်တည်စိုက်ကြည့်ကာ ပြောလာပြီးနောက် မျက်နှာတဖက်ပြန်လွှဲသွားသည်။ထို့နောက်...

"မင်း အရင်သွားနှင့်ငါလိုက်လာခဲ့မယ်"

"ဘာလို့လဲ အတူသွားမယ်လေ"

"ငါတယောက်တည်း ခဏနေချင်တယ် မင်းလဲမင်းအဖေနဲ့နှစ်အကြာကြီးနေမှပြန်တွေ့ရတာမလား သွားနှင့်ပါ"

ထိုအခါမှ ဂျီမင်က သူ့အားဖေဖေနှင့်နှစ်ဉီးသားအရင်တွေ့စေလိုကြောင်း သိလိုက်ရသည်။သူသက်ပြင်းအသာထပ်ချကာ ကားထဲမှဆင်းလာခဲ့သည်။သူနောက်ပြန်လှည့်ကြည့်လျှင် ဂျီမင်က ကားထဲကနေသူ့အားလှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူတို့ကားကို ခြံပြင်မှာရပ်ထားသဖြင့် ခြံထဲသို့လမ်းလျှောက်ဝင်လာခဲ့သည်။ခြံထဲတွင် စဉ့်အိုးမဲကြီးများ များစွာစီထားသည်ကိုဉီးဆုံးတွေ့ရသည်။ထို့နောက် အရိပ်ရသောသစ်ပင်ကြီးနှင့်ထိုသစ်ပင်အောက် ထိုင်စရာခုံနှင့်စားပွဲကိုတွေ့ရသည်။ထိုသစ်ပင်နှင့်မလှမ်းမကမ်းတွင်တော့ ရှေးဟောင်းအိမ်ကြီးတလုံးကိုတွေ့လိုက်ရသည်။

"လူရှိလားဗျ"

တံခါးတော့ဖွင့်ထားပေမဲ့ လူသံသူသံကို မကြားရ။အိမ်ဖွင့်ပြီးတနေရာသွားနေသည်ထင်၏။ထယ်ယောင်း အိမ်မကြီးကိုမျက်လုံးတချက်ဝေ့ကြည့်ပြီးနောက် အိမ်ဘေးဖက်ဆီသို့ပတ်လာခဲ့သည်။

"ဟင်"

အိမ်ဘေးရောက်ရောက်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် သူအံ့သြမင်သက်မိသည်။ အနောက်ဘက်ဆီမှ ကျယ်ပြောလှသော စတော်ဘယ်ရီစိုက်ခင်းကြီးက သူ့အားဆီးကြိုနေသောကြောင့်ဖြစ်သည်။ဒါသူ့အတွက်လား။ သူသဘောကျလောက်မဲ့ စီးပွားရေးလို့ပြောခဲ့တာ ဒါလား။ ဘယ်နှနှစ်တောင်ကြာခဲ့ပြီလဲ။ ခုထိ ဒီစီးပွားရေးကိုလုပ်နေခဲ့တာလား။ အတွေးပေါင်းစုံနှင့် စိုက်ခင်းကိုကြည့်နေရင်းမှ မျက်လုံးများ ဝေဝါးလာရသည်။

*ဖေဖေရော*

အတွေးဖြင့် စတော်ဘယ်ရီခြံကြီးအတွင်း ဝေ့ဝဲရှာလိုက်ပေမဲ့ လူရိပ်လူယောင်မတွေ့။ထို့ကြောင့် စိတ်မောလူမောဖြင့် လာလမ်းအတိုင်းသာပြန်လှည့်ရန်ဆုံးဖြတ်လိုက်သည်။ထိုအခိုက် ခြံ၏တနေရာမှ ကုန်းကုန်းကွကွနှင့်ကျောပေးမတ်တပ်ရပ်လာသော လူတဦးကိုတွေ့လိုက်ရသည်။ထိုလူလက်ထဲတွင်လဲ မြေဆွခရင်းတခုကိုင်ထားလေသည်။

"ဖေဖေ..."

ခပ်တိုးတိုးထွက်သွားသော နာမ်စားက အဝေးရှိဖခင်ဆီရောက်မည်မဟုတ်မှန်းသူသိသည်။ထို့ကြောင့် ဖခင်ရှိရာသို့ သူသာလျှင်ခြေလှမ်းကျဲဖြင့်သွားလိုက်သည်။အနားရောက်လာသော သူ့ခြေသံကြောင့် ဖေဖေကသတိထားမိကာ လှည့်ကြည့်လာသည်။

"မင်း ဘယ်သူလဲ"

အစက ချက်ချင်းမမှတ်မိ။သူ့အားအာရုံစူးစိုက်ကာ ကြည့်နေလေသည်။ထို့နောက်မကြာခင်မှာပဲ ရဲတောက်စွာစူးစမ်းနေသောမျက်လုံးက တဖြည်းဖြည်းအရောင်ဖျော့လာ​တော့ သည်။

"နောက်ဆုံးတော့ရောက်လာပြီပဲ"

ဖေဖေ့အသံက ခပ်တောင့်တောင့်ဖြစ်ကာ မြေစွခရင်းကို အနားရှိတောင်းထဲပစ်ထည့်၍ ဝတ်ထားသောလက်အိတ်ကိုလည်း ချွတ်ကာထိုတောင်းထဲပင်ပစ်ထည့်လိုက်သည်။ပြီးနောက် သူ့အားစကားတခွန်းမဆို နံဘေးမှဖြတ်လျှောက်ကာ အိမ်မဆီသို့ဉီးတည်သွားလေသည်။

မတွေ့ရတဲ့နှစ်တွေအတွင်း ဖေဖေ့ရုပ်ဟာအများကြီးမပြောင်းလဲပေမဲ့ လျော့ရဲညိုညစ်လာသောအရေပြားနှင့် အရင်လိုတောက်ပသောအရှိန်အဝါတို့ ကွယ်ပျောက်နေလေသည်။

"အထဲဝင်နှင့်"

အိမ်ရှေ့ရောက်လျှင် သူ့အားအထဲအရင်ဝင်ခိုင်းကာ ဖေဖေကစဉ်းအိုးတွေနားသွားရန်ပြင်လေသည်။ထယ်ယောင်းလဲအထဲသို့ဝင်လာခဲ့လိုက်သည်။ဖေဖေ့အိမ်သည် သာမာန်အိမ်များလိုပင်သိပ်မထူးခြား။ သာမာန်အိပ်များထက်ပင်ပရိဘောဂများ ပို၍ပင်နည်းပါးသေးသည်။

"ထိုင်"

အထဲဝင်ဆိုလို့သာ ဝင်ခဲ့သည် စိတ်လွတ်ကိုယ်လွတ်ထိုင်ချရန်တော့ မဝံ့ရဲသေးပေ။ဖခင်က ခရားတခုကိုင်ကာ ဝင်လာပြီး ထိုင်ဆိုမှသာ သူထိုင်ရဲသည်။

"ဘာနဲ့လာတာလဲ"

"ကားနဲ့ပါ"

ဖေဖေ့မေးခွန်းကို တုံ့ဆိုင်းချင်းမရှိအမြန်ဖြေမိသည်။လူကလည်း လက်နှစ်ဖက်ဒူးပေါ်အသာတင်ကာ ခပ်မတ်မတ်ဖြင့် သတိအနေအထားဖြစ်နေသည်။သူ့အလွန်စိတ်လှုပ်ရှားနေမိသည်။

"ဖေဖေ့ရှေ့မှာ သက်တောင့်သက်သာထိုင်လို့ရပါတယ်"

ဖခင်ဖြစ်သူက ကိုယ့်ကိုဖေဖေဟု သုံးနူန်းလိုက်သည့်ခဏ ရင်ထဲစမ်းချောင်းတခုဖြတ်စီးကာ ဝမ်းနည်းစိတ်တို့လှိုက်တက်လာသည်။မကြားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။

"ကျန်း...ကျန်းမာပါရဲ့လား"

"ကျန်းမာရဲ့ကွာ...သားကိုမှမတွေ့ရသေးပဲ မကျန်းမာလို့ဖြစ်မလား"

ဖေဖေသည်ပြောရင်း စောစောက တဖက်ခြမ်းတွင်လှမ်းတင်ထားသော ခရားနှင့်ခွက်များထည့်ထားသည့်ဗန်းကို နှစ်ယောက်ကြားဆွဲယူလိုက်သည်။ထို့နောက် ခရားမ,ကာငှဲ့ပေးရန်ပြင်သဖြင့် ထယ်ယောင်းခွက်ကိုအမြန်ယူ၍ ခံယူလိုက်သည်။ဖေဖေ ငှဲ့ပေးလာသော အရည်ကို ခေါင်းငဲ့ကာကြည့်မိလျှင်ဆန်ချိုအရက်ဖြစ်နေသည်ကို တွေ့ရသည်။

"ကျေးဇူးတင်ပါတယ်ဗျ"

ဖေဖေ အရက်ငှဲ့ပေး ပြီးနောက် ခရားကိုလက်လွှဲယူကာ ဖေဖေ့ခွက်ထဲ လက်နှစ်ဖက်ဖြင့် တရိုတသေပြန်ငှဲ့ပေးမိသည်။

"ကောင်းကောင်း ကြီးပြင်းလာခဲ့တာပဲ"

သူပြန်မဖြေ ခေါင်းငုံ့၍သာနေမိသည်။ဒီမလာခင်တုန်းက ဖခင်အပေါ်နာကျည်းနေမိပေမဲ့။လွန်ခဲ့တဲ့နှစ်တွေတလျှောက်ပေးပို့လာသော စာတွေအရ သူ့စိတ်ထဲဇဝေဇဝါနှင့်ဖြစ်နေရသည်။ဘာကစပြောရမည်နည်း။

"ဒီကိုဘယ်လိုသိပြီးရောက်လာတာလဲ"

"မစ္စဂျန်ပြောပြတာပါ"

"အော်...တခြားကြောင့်မဟုတ်ဘူးပေါ့"

ဖေဖေက ခေါင်းငြိမ့်ကာအသိအမှတ်ပြုပြီးနောက် အရှေ့မှဆန်ချိုခွက်ကိုယူသောက်လိုက်သည်။ထို့နောက် တစုံတခုကိုတွေးတော့နေဟန်ရှိသည်။

"မင်းမေမေဆုံးတာသိပေမဲ့...ဖေဖေမလာဖြစ်ခဲ့ဘူး...တိုက်တိုက်ဆိုင်ဆိုင်ကွာ အာ့ချိန်ဖေဖေနေမကောင်းဖြစ်နေခဲ့တာ"

"ဗျာ"

ခုများတော့ကျန်မားနေပုံပေါက်ပေမဲ့ ကြီးကြီးမားမားဖြစ်တာများလား သူစိုးရိမ်တကြီးမော့ကြည့်မိသည်။ထိုအခါဖေဖေက သူ့အားလက်ကာပြလာသည်။

"အရမ်းမဟုတ်ပါဘူး...ရာသီအကူးအပြောင်းစပ်ကြားဖျားရုံပါ"

"အော်..."

"ဖေဖေ တခုလောက်မေးလို့ရမလား"

ဖေဖေက သူ့အားမျက်လုံးလှန်ကြည့်ကာ စူးစမ်ရင်းမေးလာသည်။ထို့ကြောင့် သူခေါင်းငြိမ့်ပြမိသည်။

"ဖေဖေ့ဆီဘာလို့မလာတာလဲ...မဟုတ်ဘူး ဖေဖေ့ဆီဘာလို့စာမပြန်တာလဲ"

ဖေဖေကသူ့အားစိုက်ကြည့်ကာမေးလျှင် သူဘာပြန်ဖြေရန်စကားရှာမတွေ့ ခေါင်းကိုပိုလို့သာငုံ့ထားမိသည်။

"သား...ဖေဖေကို မုန်းနေတုန်းလား"

"ဟင့်အင်း...ဖေဖေစာရေးမှန်း ကျနော်မသိခဲ့လိုပါ"

ဖေဖေမေးခွန်းကြောင့် သူကပြာပြာသလဲပြန်ဖြေရှင်းမိသည်။ထိုအခါ ဖေဖေက သူ့စကားကြားလျှင်မျက်မှောင်ကျုတ်သွားတော့သည်။

"ကျစ်!ငါထင်တယ်"

ဖေဖေ့မျက်နှာထက် စိတ်ပျက်ယူကျုံးမရစိတ်တို့က ထင်းခနဲပေါ်လာသည်။

"ဖေဖေဘာလို့ နောက်အိမ်ထောင်မပြုလဲသားသိလား"

"ဗျာ...ဖေဖေက တကိုယ်ထဲလား"

"အဟက်...တကိုယ်တည်းပေါ့ သားကဘယ်လိုထင်နေလို့လဲ"

ဒါဆို ဂျီမင်မေမေကရော...။ဂျီမင်ကိုပစ်ပြီး ဖေဖေနဲ့ထွက်ပြေးသွားတယ်ဆိုတာ တကယ်မဟုတ်ဘူးလား ဘာတွေလဲ။

"သား သိထားတာတွေက အကုန်အမှန်မဟုတ်ဘူးထင်တယ်"

"ကျနော်လဲ မသိတော့ပါဘူးဗျာ"

ထယ်ယောင်းရင်ဘက်ထဲ ကျပ်ခဲပြည့်ညက်လာကာ လေးဖက်လေးကန်သော နံရံကြီးများပိတ်လှောင်လာသလိုခံစားလာရသည်။မွန်းကျပ်ပါ၏။

"ကျနော့်ကို ဖြစ်ကြောင်းကုန်စင်ပြောပြပါ"

"ဒါဆို...သားတယောက်တည်း နားထောင်လို့ဘယ်ဖြစ်မလဲ ဂျီမင်လေးကိုပါသွားခေါ်လိုက်ပါ"

"ဗျာ...ဖေဖေသိနေတယ်"

တိတိကျကျပြောလာသော ဖေဖေ့စကားကြောင့် ထယ်ယောင်းအံ့သြမင်သက်မိသွားသည်။

တကယ်တမ်း စောစောကတည်းက အနောက်ခြံမှပြန်လာစဉ် ခြံရှေ့ရပ်ထားသော ကားကိုမှီကာ လှမ်းကြည့်နေသော ကောင်လေးတယောက်သည် သူတို့သားအဖကိုမြင်မှပြေးပုန်းလိုက်သည်ကို သူမြင်ဖြစ်အောင်မြင်မှန်း သူ့သားသိအောင်ထုတ်မပြောတော့ပေ။သူဂျီမင်ကို မှတ်မိနေရသည့်အကြောင်းမှာလဲ သူ့အားမြင်ရင်ပြေးပုန်းတတ်တဲ့ ဂျီမင်အကျင့်ကို ခုထိမှတ်မိနေသောကြောင့်ပင်ဖြစ်သည်။

April 18,2023.

🍀🍀🍀🍀🍀🍀🍀

(Zawgyi)

ေမေမ့တုန္းကေရာ ခုလိုပဲနာက်င္ဝမ္းနည္းခဲ့သလား...။ေဖာက္ျပန္သူက ဘယ္လိုေနလဲမသိေပမဲ့ ေဖာက္ျပန္သူရဲ႕သက္ဆိုင္သူကေတာ့ ဒဏ္ရာအတိမ္အနက္ေပၚမူတည္ၿပီး ၿပိဳလဲပုံျခင္းကြာေလသည္။

သူ႕ဉီးႏွောက္ထဲတြင္ အတိတ္က ထိုကိစၥရပ္အားလုံးကိုမမွတ္မိေပမဲ့ အဓိကအပိုင္းအျခားေတြကိုမွတ္မိေနသည္။မိဘ၂ပါးရန္ျဖစ္ေနသည္ကို တိုက္ရိုက္ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ၂ဉီးၾကားအဖုအထစ္ေတြရွိလာဟန္တူသည္။ေဖေဖအိမ္ျပန္ေနာက္က်လာသည္။ေမေမက အရင္လိုဆူပူျခင္းမရွိေတာ့ေပမဲ့ ရံဖန္ရံခါ ရန္ျဖစ္ေနသံကိုၾကားရသည္။

တေန႕....

သူရက္ကြက္ကစားကြင္းမွာ ေဆာ့ကစားၿပီး အိမ္ျပန္လာခဲ့သည္။ေဆာင္းကမရွိ။ ေဖေဖႏွင့္အလုပ္ကို လိုက္သြားခဲ့သည္။ထို႔ေၾကာင့္ သူတေယာက္တည္းသာ စက္ဘီးနင္း၍ျပန္လာခဲ့သည္။

"ေမေမ"

အဝင္ဝကတည္းက ေမေမၾကားေလာက္သည့္အသံႏွင့္ေအာ္ေခၚေပမဲ့ ျပန္ထူးသံမၾကားရ။

"ခြမ္း...."

"အေမ့"

တစုံတခုက်ကြဲသံႏွင့္အတူ ထိတ္လန့္သြားေသာ အမ်ိဳးသမီးတေယာက္၏အသံက ထြက္ေပၚလာသည္။ထို႔ေၾကာင့္ တြန္းလာေသာစက္ဘီးကို ၿခံဝတြင္ပစ္ထားခဲ့ကာ အိမ္ဘက္သို႔ေျပးလာခဲ့သည္။

"တကယ္ပါ အမထင္သလိုမဟုတ္ပါဘူး...ညီမအလုပ္အဆင္ေျပေစဖို႔ လိုက္ကူညီတာပဲရွိပါတယ္"

"မသိဘူး...မင္းတို႔ေဟာ္တည္ေတြ၊ တည္းခိုခန္းေတြထဲ ယွဥ္တြဲၿပီးဝင္သြားတာ တခါႏွစ္ခါကေတာ့လို႔လား!အလုပ္အတြက္လို႔ေျပာေနလဲ ပတ္ဝန္းက်င္က ဘယ္လိုထင္မလဲ ဟမ္"

ေမေမ့က ေဒါသကိုအနိုင္နိုင္ထိန္းကာ ဆိုဖာထက္ဖင္မႂကြ႐ုံတမယ္ အေရွ႕ကအမ်ိဳးသမီးကိုလက္ညိုးထိုးေျပာေန သည္ကို တံခါးအကြယ္မွေတြ႕လိုက္ရသည္။

*ဟင္...ဂ်ီမင္ေမေမပဲ*

ေဘးတိုက္ျမင္လိုက္ရေသာ အမ်ိဳးသမီးကဂ်ီမင္ေမေမျဖစ္၍ ငိုထားပုံလဲရေလသည္။

"႐ႊတ္!ဟင့္! ေတာင္းပန္ပါတယ္အမရယ္...အကိုကင္ကို တခါပဲအကူအညီေတာင္းဖူးတာပါ...ေနာက္မ်ားေတာ့ အကိုကင္ကိုယ္တိုင္က လိုက္ကူေပးတာပါ ကိစၥေတြက ဒီေလာက္ထိႀကီးလာလိမ့္မယ္လို႔ မထင္ခဲ့လို႔ပါ"

"အဟင္း...ခုေတာ့ လင္ရယ္မယားရယ္မဆိုထားႏွင့္ မ်က္ႏွာခ်င္းေတာင္မဆိုင္ျဖစ္ၾကေတာ့ဘူး ဒါေတြက ရွင္မရည္႐ြယ္ပဲ လုပ္လိုက္တာေတြေၾကာင့္ေလ"

ေမေမ၏ မခံခ်ိမခံသာ ႐ြဲ႕ေျပာေနေသာစကားေၾကာင့္ ဂ်ီမင္ေမေမက ေခါင္းကိုငုံ႕သထက္ငုံ႕ကာ ေမေမ့ေရွ႕ၾကမ္းျပင္ထက္ ဒူးေထာက္ထိုင္ခ်လိဳက္ေလသည္။

"ေတာင္းပန္ပါတယ္...ဒီကေန ညီမတို႔ထြက္သြားမွာပါ အမထင္သလိုမဟုတ္ေပမဲ့ အမတို႔အိမ္ေထာင္ေရးက ညီမေၾကာင့္ ဆူးခလုတ္ေတြျဖစ္ရတာအမွန္ပဲမလို႔ ညီမပဲတာဝန္ယူေပးပါ့မယ္"

ဂ်ီမင္ေမေမက မ်က္ရည္သြင္သြင္က်ကာ ေတာင္းပန္စကားဆိုရင္း ဒူးေထာက္ထားရာမွ ထလာခဲ့သည္။ေမေမကေတာ့ တင္းမာေနေသာမ်က္ႏွာထားႏွင့္ စကားတခြန္းမဆို မ်က္ႏွာသာလႊဲထားေလသည္။ထိုအခ်ိန္၌ ေမေမသည္ အင္မတန္မာနႀကီးေသာ အမ်ိဳးသမီးတေယာက္ျဖစ္မွန္းသူသိခဲ့သည္။

ေနာက္ရက္မ်ားတြင္ေတာ့ ဂ်ီမင္တို႔သားအမိ မားအိမ္ကေနထြက္သြားခဲ့ၾကသည္။ထိုအခ်ိန္မွစ၍ မိဘ၂ပါးက တရားဝင္မကြာရွင္းေသးတာပဲရွိသည္။တအိမ္ထဲေန၍ ရန္သူလိုျဖစ္ခဲ့ၾကသည္။

"မင္း သိလား မင္းေမေမက မာနေတြျပည့္ေနတာ သူ႕မာနကအျမင္မွန္ေတြကိုဖုံးသြားေစတာ...အဟက္ ငါေယာက်ာ္းပါ...ငါ့မွာလဲ မာနရွိတယ္ ေဂ့..."

တခါ စတိုးဆိုင္တခုေရွ႕တြင္ အရက္မူးေနေသာ ေဖေဖက သူ႕အားရင္ဖြင့္ခဲ့သည့္ စကားမ်ားျဖစ္သည္။ေမေမကေတာ့ သူတို႔ေဝယ်ာဝိစၥမ်ားကို လုပ္ကိုင္ေပးမပ်က္ရွိေပမဲ့ စကားနည္းသြားေလသည္။ထိုကိစၥေၾကာင့္လဲ ေမေမက မားကိုမေခၚမေျပာေတာ့ေပ။

"မား...ဂ်ီမင္ေနေကာင္းတယ္မလား"

ေမေမ့အလစ္တြင္မားနားေျပးကာ ဂ်ီမင္အေၾကာင္းအၿမဲစုံစမ္းရသည္။တခါတရံေတာ့ ဖုန္းေျပာျဖစ္ၾကသည္။သိပ္မၾကာခင္မွာပဲ ေက်ာင္းေတြျပန္တက္ရ၍ ေက်ာင္းတြင္ဂ်ီမင္ႏွင့္ျပန္ေတြ႕ခြင့္ရခဲ့သည္။

🍀🍀🍀🍀🍀🍀🍀

ပင္လယ္ကမ္းစပ္ၿမိဳ႕ျဖစ္ေပမဲ့ တဖက္တြင္လည္းေတာေတာင္မ်ား ဝန္းရံထားသျဖင့္ ေအးခ်မ္းသည့္ၿမိဳ႕တၿမိဳ႕အျဖစ္ျမင္မိသည္။ၿမိဳ႕ေလးက ေအးခ်မ္းေပမဲ့ သူတို႔ကားေလးကေတာ့ ပူေလာင္ျခင္းေတြအျပည့္သယ္ေဆာင္ရင္း လာခဲ့ရသည္။

"ဉီးေလး...ဒီလိပ္စာေလး တခ်က္ၫႊန္ေပးပါ"

ျဖတ္သြားေနေသာ ဉီးေလးတေယာက္ကို လွမ္းတား၍ လိပ္စာေမးလိုက္သည္။

"ေအာ္...ကင္မ်ိဳးရိုးအိမ္လား ဒီကေနတမ္းတမ္း..."

သူတို႔ေမးလိုက္ေသာ ဉီးေလးက လိပ္စာကိုသိေနကာ ေသခ်ာၫႊန္ေပးေလသည္။ထို႔ေနာက္သူက ေက်းဇူးတင္စကားဆိုကာ ၫႊန္းသည့္အတိုင္းလာခဲ့လိုက္သည္။

"ဂ်ီမင္..."

လမ္းကကိစၥမ်ား ျဖစ္ၿပီးသည့္ေနာက္ ဂ်ီမင္ကတလမ္းလုံးအသံတိတ္ကာေနသည္။မ်က္ေမွာင္လဲတြန့္ခ်ိဳးထားကာ ေတြေဝေငးေမာရင္းလိုက္ပါလာခဲ့သည္။ခုလဲ ၫႊန္းရာလိပ္စာအတိုင္းေရာက္လာေပမဲ့ တုတ္တုတ္မွ်မလုပ္သျဖင့္ ထယ္ေယာင္းသက္ျပင္းသာခ်မိသည္။

"ငါေတာင္းပန္ပါတယ္"

သူ႕ေၾကာင့္ဆိုေသာစိတ္ႏွင့္ ထယ္ေယာင္းေတာင္းပန္စကားဆိုလိုက္သည္။

"မင္း အမွားမဟုတ္ဘူး ထယ္ေယာင္း"

ဂ်ီမင္ကသူ႕အားခပ္တည္တည္စိုက္ၾကည့္ကာ ေျပာလာၿပီးေနာက္ မ်က္ႏွာတဖက္ျပန္လႊဲသြားသည္။ထို႔ေနာက္...

"မင္း အရင္သြားႏွင့္ငါလိုက္လာခဲ့မယ္"

"ဘာလို႔လဲ အတူသြားမယ္ေလ"

"ငါတေယာက္တည္း ခဏေနခ်င္တယ္ မင္းလဲမင္းအေဖနဲ႕ႏွစ္အၾကာႀကီးေနမွျပန္ေတြ႕ရတာမလား သြားႏွင့္ပါ"

ထိုအခါမွ ဂ်ီမင္က သူ႕အားေဖေဖႏွင့္ႏွစ္ဉီးသားအရင္ေတြ႕ေစလိုေၾကာင္း သိလိုက္ရသည္။သူသက္ျပင္းအသာထပ္ခ်ကာ ကားထဲမွဆင္းလာခဲ့သည္။သူေနာက္ျပန္လွည့္ၾကည့္လွ်င္ ဂ်ီမင္က ကားထဲကေနသူ႕အားလွမ္းၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။

သူတို႔ကားကို ၿခံျပင္မွာရပ္ထားသျဖင့္ ၿခံထဲသို႔လမ္းေလွ်ာက္ဝင္လာခဲ့သည္။ၿခံထဲတြင္ စဥ့္အိုးမဲႀကီးမ်ား မ်ားစြာစီထားသည္ကိုဉီးဆုံးေတြ႕ရသည္။ထို႔ေနာက္ အရိပ္ရေသာသစ္ပင္ႀကီးႏွင့္ထိုသစ္ပင္ေအာက္ ထိုင္စရာခုံႏွင့္စားပြဲကိုေတြ႕ရသည္။ထိုသစ္ပင္ႏွင့္မလွမ္းမကမ္းတြင္ေတာ့ ေရွးေဟာင္းအိမ္ႀကီးတလုံးကိုေတြ႕လိုက္ရသည္။

"လူရွိလားဗ်"

တံခါးေတာ့ဖြင့္ထားေပမဲ့ လူသံသူသံကို မၾကားရ။အိမ္ဖြင့္ၿပီးတေနရာသြားေနသည္ထင္၏။ထယ္ေယာင္း အိမ္မႀကီးကိုမ်က္လုံးတခ်က္ေဝ့ၾကည့္ၿပီးေနာက္ အိမ္ေဘးဖက္ဆီသို႔ပတ္လာခဲ့သည္။

"ဟင္"

အိမ္ေဘးေရာက္ေရာက္ခ်င္း ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ သူအံ့ၾသမင္သက္မိသည္။ အေနာက္ဘက္ဆီမွ က်ယ္ေျပာလွေသာ စေတာ္ဘယ္ရီစိုက္ခင္းႀကီးက သူ႕အားဆီးႀကိဳေနေသာေၾကာင့္ျဖစ္သည္။ဒါသူ႕အတြက္လား။ သူသေဘာက်ေလာက္မဲ့ စီးပြားေရးလို႔ေျပာခဲ့တာ ဒါလား။ ဘယ္ႏွႏွစ္ေတာင္ၾကာခဲ့ၿပီလဲ။ ခုထိ ဒီစီးပြားေရးကိုလုပ္ေနခဲ့တာလား။ အေတြးေပါင္းစုံႏွင့္ စိုက္ခင္းကိုၾကည့္ေနရင္းမွ မ်က္လုံးမ်ား ေဝဝါးလာရသည္။

*ေဖေဖေရာ*

အေတြးျဖင့္ စေတာ္ဘယ္ရီၿခံႀကီးအတြင္း ေဝ့ဝဲရွာလိုက္ေပမဲ့ လူရိပ္လူေယာင္မေတြ႕။ထို႔ေၾကာင့္ စိတ္ေမာလူေမာျဖင့္ လာလမ္းအတိုင္းသာျပန္လွည့္ရန္ဆုံးျဖတ္လိုက္သည္။ထိုအခိုက္ ၿခံ၏တေနရာမွ ကုန္းကုန္းကြကြႏွင့္ေက်ာေပးမတ္တပ္ရပ္လာေသာ လူတဦးကိုေတြ႕လိုက္ရသည္။ထိုလူလက္ထဲတြင္လဲ ေျမဆြခရင္းတခုကိုင္ထားေလသည္။

"ေဖေဖ..."

ခပ္တိုးတိုးထြက္သြားေသာ နာမ္စားက အေဝးရွိဖခင္ဆီေရာက္မည္မဟုတ္မွန္းသူသိသည္။ထို႔ေၾကာင့္ ဖခင္ရွိရာသို႔ သူသာလွ်င္ေျခလွမ္းက်ဲျဖင့္သြားလိုက္သည္။အနားေရာက္လာေသာ သူ႕ေျခသံေၾကာင့္ ေဖေဖကသတိထားမိကာ လွည့္ၾကည့္လာသည္။

"မင္း ဘယ္သူလဲ"

အစက ခ်က္ခ်င္းမမွတ္မိ။သူ႕အားအာ႐ုံစူးစိုက္ကာ ၾကည့္ေနေလသည္။ထို႔ေနာက္မၾကာခင္မွာပဲ ရဲေတာက္စြာစူးစမ္းေနေသာမ်က္လုံးက တျဖည္းျဖည္းအေရာင္ေဖ်ာ့လာေတာ့ သည္။

"ေနာက္ဆုံးေတာ့ေရာက္လာၿပီပဲ"

ေဖေဖ့အသံက ခပ္ေတာင့္ေတာင့္ျဖစ္ကာ ေျမစြခရင္းကို အနားရွိေတာင္းထဲပစ္ထည့္၍ ဝတ္ထားေသာလက္အိတ္ကိုလည္း ခြၽတ္ကာထိုေတာင္းထဲပင္ပစ္ထည့္လိုက္သည္။ၿပီးေနာက္ သူ႕အားစကားတခြန္းမဆို နံေဘးမွျဖတ္ေလွ်ာက္ကာ အိမ္မဆီသို႔ဉီးတည္သြားေလသည္။

မေတြ႕ရတဲ့ႏွစ္ေတြအတြင္း ေဖေဖ့႐ုပ္ဟာအမ်ားႀကီးမေျပာင္းလဲေပမဲ့ ေလ်ာ့ရဲညိုညစ္လာေသာအေရျပားႏွင့္ အရင္လိုေတာက္ပေသာအရွိန္အဝါတို႔ ကြယ္ေပ်ာက္ေနေလသည္။

"အထဲဝင္ႏွင့္"

အိမ္ေရွ႕ေရာက္လွ်င္ သူ႕အားအထဲအရင္ဝင္ခိုင္းကာ ေဖေဖကစဥ္းအိုးေတြနားသြားရန္ျပင္ေလသည္။ထယ္ေယာင္းလဲအထဲသို႔ဝင္လာခဲ့လိုက္သည္။ေဖေဖ့အိမ္သည္ သာမာန္အိမ္မ်ားလိုပင္သိပ္မထူးျခား။ သာမာန္အိပ္မ်ားထက္ပင္ပရိေဘာဂမ်ား ပို၍ပင္နည္းပါးေသးသည္။

"ထိုင္"

အထဲဝင္ဆိုလို႔သာ ဝင္ခဲ့သည္ စိတ္လြတ္ကိုယ္လြတ္ထိုင္ခ်ရန္ေတာ့ မဝံ့ရဲေသးေပ။ဖခင္က ခရားတခုကိုင္ကာ ဝင္လာၿပီး ထိုင္ဆိုမွသာ သူထိုင္ရဲသည္။

"ဘာနဲ႕လာတာလဲ"

"ကားနဲ႕ပါ"

ေဖေဖ့ေမးခြန္းကို တုံ႕ဆိုင္းခ်င္းမရွိအျမန္ေျဖမိသည္။လူကလည္း လက္ႏွစ္ဖက္ဒူးေပၚအသာတင္ကာ ခပ္မတ္မတ္ျဖင့္ သတိအေနအထားျဖစ္ေနသည္။သူ႕အလြန္စိတ္လႈပ္ရွားေနမိသည္။

"ေဖေဖ့ေရွ႕မွာ သက္ေတာင့္သက္သာထိုင္လို႔ရပါတယ္"

ဖခင္ျဖစ္သူက ကိုယ့္ကိုေဖေဖဟု သုံးႏူန္းလိုက္သည့္ခဏ ရင္ထဲစမ္းေခ်ာင္းတခုျဖတ္စီးကာ ဝမ္းနည္းစိတ္တို႔လွိုက္တက္လာသည္။မၾကားရတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။

"က်န္း...က်န္းမာပါရဲ႕လား"

"က်န္းမာရဲ႕ကြာ...သားကိုမွမေတြ႕ရေသးပဲ မက်န္းမာလို႔ျဖစ္မလား"

ေဖေဖသည္ေျပာရင္း ေစာေစာက တဖက္ျခမ္းတြင္လွမ္းတင္ထားေသာ ခရားႏွင့္ခြက္မ်ားထည့္ထားသည့္ဗန္းကို ႏွစ္ေယာက္ၾကားဆြဲယူလိုက္သည္။ထို႔ေနာက္ ခရားမ,ကာငွဲ႕ေပးရန္ျပင္သျဖင့္ ထယ္ေယာင္းခြက္ကိုအျမန္ယူ၍ ခံယူလိုက္သည္။ေဖေဖ ငွဲ႕ေပးလာေသာ အရည္ကို ေခါင္းငဲ့ကာၾကည့္မိလွ်င္ဆန္ခ်ိဳအရက္ျဖစ္ေနသည္ကို ေတြ႕ရသည္။

"ေက်းဇူးတင္ပါတယ္ဗ်"

ေဖေဖ အရက္ငွဲ႕ေပး ၿပီးေနာက္ ခရားကိုလက္လႊဲယူကာ ေဖေဖ့ခြက္ထဲ လက္ႏွစ္ဖက္ျဖင့္ တရိုတေသျပန္ငွဲ႕ေပးမိသည္။

"ေကာင္းေကာင္း ႀကီးျပင္းလာခဲ့တာပဲ"

သူျပန္မေျဖ ေခါင္းငုံ႕၍သာေနမိသည္။ဒီမလာခင္တုန္းက ဖခင္အေပၚနာက်ည္းေနမိေပမဲ့။လြန္ခဲ့တဲ့ႏွစ္ေတြတေလွ်ာက္ေပးပို႔လာေသာ စာေတြအရ သူ႕စိတ္ထဲဇေဝဇဝါႏွင့္ျဖစ္ေနရသည္။ဘာကစေျပာရမည္နည္း။

"ဒီကိုဘယ္လိုသိၿပီးေရာက္လာတာလဲ"

"မစၥဂ်န္ေျပာျပတာပါ"

"ေအာ္...တျခားေၾကာင့္မဟုတ္ဘူးေပါ့"

ေဖေဖက ေခါင္းၿငိမ့္ကာအသိအမွတ္ျပဳၿပီးေနာက္ အေရွ႕မွဆန္ခ်ိဳခြက္ကိုယူေသာက္လိုက္သည္။ထို႔ေနာက္ တစုံတခုကိုေတြးေတာ့ေနဟန္ရွိသည္။

"မင္းေမေမဆုံးတာသိေပမဲ့...ေဖေဖမလာျဖစ္ခဲ့ဘူး...တိုက္တိုက္ဆိုင္ဆိုင္ကြာ အာ့ခ်ိန္ေဖေဖေနမေကာင္းျဖစ္ေနခဲ့တာ"

"ဗ်ာ"

ခုမ်ားေတာ့က်န္မားေနပုံေပါက္ေပမဲ့ ႀကီးႀကီးမားမားျဖစ္တာမ်ားလား သူစိုးရိမ္တႀကီးေမာ့ၾကည့္မိသည္။ထိုအခါေဖေဖက သူ႕အားလက္ကာျပလာသည္။

"အရမ္းမဟုတ္ပါဘူး...ရာသီအကူးအေျပာင္းစပ္ၾကားဖ်ား႐ုံပါ"

"ေအာ္..."

"ေဖေဖ တခုေလာက္ေမးလို႔ရမလား"

ေဖေဖက သူ႕အားမ်က္လုံးလွန္ၾကည့္ကာ စူးစမ္ရင္းေမးလာသည္။ထို႔ေၾကာင့္ သူေခါင္းၿငိမ့္ျပမိသည္။

"ေဖေဖ့ဆီဘာလို႔မလာတာလဲ...မဟုတ္ဘူး ေဖေဖ့ဆီဘာလို႔စာမျပန္တာလဲ"

ေဖေဖကသူ႕အားစိုက္ၾကည့္ကာေမးလွ်င္ သူဘာျပန္ေျဖရန္စကားရွာမေတြ႕ ေခါင္းကိုပိုလို႔သာငုံ႕ထားမိသည္။

"သား...ေဖေဖကို မုန္းေနတုန္းလား"

"ဟင့္အင္း...ေဖေဖစာေရးမွန္း က်ေနာ္မသိခဲ့လိုပါ"

ေဖေဖေမးခြန္းေၾကာင့္ သူကျပာျပာသလဲျပန္ေျဖရွင္းမိသည္။ထိုအခါ ေဖေဖက သူ႕စကားၾကားလွ်င္မ်က္ေမွာင္က်ဳတ္သြားေတာ့သည္။

"က်စ္!ငါထင္တယ္"

ေဖေဖ့မ်က္ႏွာထက္ စိတ္ပ်က္ယူက်ဳံးမရစိတ္တို႔က ထင္းခနဲေပၚလာသည္။

"ေဖေဖဘာလို႔ ေနာက္အိမ္ေထာင္မျပဳလဲသားသိလား"

"ဗ်ာ...ေဖေဖက တကိုယ္ထဲလား"

"အဟက္...တကိုယ္တည္းေပါ့ သားကဘယ္လိုထင္ေနလို႔လဲ"

ဒါဆို ဂ်ီမင္ေမေမကေရာ...။ဂ်ီမင္ကိုပစ္ၿပီး ေဖေဖနဲ႕ထြက္ေျပးသြားတယ္ဆိုတာ တကယ္မဟုတ္ဘူးလား ဘာေတြလဲ။

"သား သိထားတာေတြက အကုန္အမွန္မဟုတ္ဘူးထင္တယ္"

"က်ေနာ္လဲ မသိေတာ့ပါဘူးဗ်ာ"

ထယ္ေယာင္းရင္ဘက္ထဲ က်ပ္ခဲျပည့္ညက္လာကာ ေလးဖက္ေလးကန္ေသာ နံရံႀကီးမ်ားပိတ္ေလွာင္လာသလိုခံစားလာရသည္။မြန္းက်ပ္ပါ၏။

"က်ေနာ့္ကို ျဖစ္ေၾကာင္းကုန္စင္ေျပာျပပါ"

"ဒါဆို...သားတေယာက္တည္း နားေထာင္လို႔ဘယ္ျဖစ္မလဲ ဂ်ီမင္ေလးကိုပါသြားေခၚလိုက္ပါ"

"ဗ်ာ...ေဖေဖသိေနတယ္"

တိတိက်က်ေျပာလာေသာ ေဖေဖ့စကားေၾကာင့္ ထယ္ေယာင္းအံ့ၾသမင္သက္မိသြားသည္။

တကယ္တမ္း ေစာေစာကတည္းက အေနာက္ၿခံမွျပန္လာစဥ္ ၿခံေရွ႕ရပ္ထားေသာ ကားကိုမွီကာ လွမ္းၾကည့္ေနေသာ ေကာင္ေလးတေယာက္သည္ သူတို႔သားအဖကိုျမင္မွေျပးပုန္းလိုက္သည္ကို သူျမင္ျဖစ္ေအာင္ျမင္မွန္း သူ႕သားသိေအာင္ထုတ္မေျပာေတာ့ေပ။သူဂ်ီမင္ကို မွတ္မိေနရသည့္အေၾကာင္းမွာလဲ သူ႕အားျမင္ရင္ေျပးပုန္းတတ္တဲ့ ဂ်ီမင္အက်င့္ကို ခုထိမွတ္မိေနေသာေၾကာင့္ပင္ျဖစ္သည္။

April 18,2023.

🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

1.3K 127 3
စိတ်ကူးတည့်ရာ ရေးသားထားပါသော OTP Short Stories လေးများ ။
73.9K 5.3K 73
ကလဲ့စားချေဖို့နဲ့အချစ် ဘယ်အရာကိုဦးစားပေးရမလဲမသိသောအခါ... ကလဲ့စားေခ်ဖိဳ႕နဲ႕အခ်စ္ ဘယ္အရာကိုဦးစားေပးရမလဲမသိေသာအခါ... Taehyung x Jimin x Jungkook Vminkoo...
31.4K 2.3K 15
Main OTP-Yoonmin Second OTP-Vope Both unicode & zawgyi
9.5K 1.2K 16
𝗞𝗶𝗺 𝗡𝗮𝗺𝗷𝗼𝗼𝗻 × 𝗠𝗶𝗻 𝘆𝗼𝗼𝗻𝗴𝗶 😸💙 ʙᴏᴛʜ ᴜɴɪᴄᴏᴅᴇ + ᴢᴀᴡɢʏɪᴄᴏᴅᴇ 🇲🇲 [ 🇫 🇴 🇷  🇭 🇦 🇳 🇦 🇷 '🇸  26 ᵗʰ 🇧 🇮 🇷 🇹 🇭 🇩 🇦 🇾  ] ...