FLASHBACK

By Park_Vanna

9.3K 992 76

ဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ? More

အမှာစာ
🍀1🍀
🍀2🍀
🍀3🍀
🍀4🍀
🍀5🍀
🍀6🍀
🍀7🍀
🍀9🍀
🍀10🍀
🍀11🍀
🍀12🍀
🍀13🍀
🍀14🍀
🍀15🍀
🍀16 (END)🍀
အခန်းပို(1)
အခန်းပို (2)

🍀8🍀

370 55 4
By Park_Vanna

(Unicode)

"အာ့ကိစ္စ ဟုတ်သလား"

"ရူးးးးမင်းအသံလျော့စမ်း"

"မလျော့နိုင်ဘူး ရှင်အမှန်တိုင်းပြော"

ညစာစားပြီး သူတို့ညီကိုနှစ်ယောက် အခန်းဆီပြန်လာကာ animeကြည့်နေရင်းမှ ဘယ်ချိန်အိပ်ပျော်သွားသည်မသိ မေမေ့အသံကြားမှလန့်နိုးလာရသည်။အိပ်မှုံစုံမွှားဖြင့်
နံဘေးလှည့်ကြည့်လျှင် ထယ်ဆောင်းကပါးစပ်ဟကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။

"မဟုတ်ပါဘူးဆိုကွာ မင်း လျှောက်စွပ်စွဲနေပုံနဲ့ နှစ်ဖက်မျက်နှာပျက်ရလိမ့်မယ်"

ဖေဖေ့အသံကခပ်တိုးတိုးနှင့် စိတ်ပျက်နေသံပေါ်လေသည်။ထိုအချိန် ထယ်ယောင်းနံဘေးမှ နာရီကိုလှမ်းကြည့်မိသည်။ ည၁၂နာရီထိုးတော့မည်ဖြစ်သည်။ ဖေဖေအိမ်ပြန်နောက်ကျ၍ မေမေစိတ်ဆိုးနေခြင်းဖြစ်မည်ထင်၏။သို့သော် ပြောဆိုနေသော လေသံက တုန်ရီစွာ ဒေါသကိုအနိုင်နိုင်ထိန်းပြောနေပုံနှင့်တူသည်။

"ဂျီမင်အမေနဲ့ရှင့်ကို အဲ့ဒီ့ဟိုတယ်မှာတွေ့လိုက်တဲ့သူ ရှိတယ် ရှင်ဘာငြင်းချင်လဲ ဟမ်!"

ဘယ်လို...။မေမေ့ စကားကဘာအဓိပ္ပါယ်လဲ? ဂျီမင်မေမေကရော ဘယ်ကပါလာတာလဲ? ထယ်ယောင်း အံ့သြစိတ်နှင့်သိချင်စိတ်ပေါင်းကာ ကုတင်ပေါ်မှဆင်း၍ အခန်းတံခါးနားတိုးကပ်ကာ သာသာလေးဟ,ကြည့်မိသည်။

ဧည့်ခန်းထဲက ဆိုဖာရှည်ပေါ်တွင် တဖက်တချက်ထိုင်နေကြကာ ဖေဖေကခေါင်းငိုက်စိုက်ချ၍ အပြင်ဝတ်များပင်မလဲရသေး။ မေမေကတော့ ဖေဖေ့ဘက်မျက်နှာမူကာ သူ့ဘက်ကကြည့်လျှင်ဘေးတိုက်မြင်နေရသည်။

"ရှင့်သားတွေကိုထည့်တွက်ပါအုန်း ဟင့်"

"ဟာကွာ"

မေမေကပြောရင်း ငိုချလာသည်။ဖေဖေက အလွန်တရာစိတ်ပျက်နေပုံပေါ်၍ မေမေ့အား မချော့သည့်အပြင် စိတ်မရှည်တော့သလိုဖြင့် ပေစောင်းကြည့်နေသည်။သူ့စိတ်ထဲမကျေနပ်သလို ခံစားလာရသည်။ မေမေကိုငိုနေတာကို ဖေဖေဘာကြောင့်မချော့သနည်း။

"ငါပြောပြီးပြီမလား အဲ့ဒီကို သူနဲ့သွားတာဆိုပေမဲ့ မင်းထင်သလိုမဟုတ်ဘူးလို့ ငါရှင်းပြနေတယ်မလား...မင်းကို အာ့လိုတွေလာပြောနေတာ ဘယ်သူလဲ ဟမ် ပြောစမ်း"

ဖေဖေကပြောရင်းဒေါသထွက်လာပုံရကာ လေသံမာနှင့် အံကြိတ်ရင်းမေးလေသည်။

"ဘာလဲ...ရှင့်ဟာမနဲ့သွားတာကိုတိုင်လို့ တိုင်တဲ့သူကိုသွားရန်ရှာမလို့လား!!"

"တောက်!မင်း!"

"မေမေ!!"

မေမေ့စကားကြောင့် ဖေဖေအရိူက်ထိသွားသည့်ထင် မေမေ့အားရိုက်ရန်လက်မြှောက်လာသည်။ထို့ကြောင့် ထယ်ယောင်းမျက်လုံးပြူး ထိတ်လန့်ကာ မိခင်နားပြေးသွားမိသည်။

"သား"

"မေမေ့ကိုမရိုက်ပါနဲ့ အဟင့်"

"မဟုတ်ဘူး သား မဟုတ်ဘူး ဖေဖေပြောပြမယ်"

ဖေဖေကသူ့အားကြည့်ကာ ပြာပြာသလဲရှင်းပြရန်ပြင်သည်။သို့သော် သူဖေဖေ့အားမကြည့် ခေါင်းသာတွင်တွင်ခါကာ မေမေ့အားအတင်းဖက်တွယ်ထားမိသည်။

"ရှင့်သားတွေအမြင်မကြည်တာမျိုး မဖြစ်စေချင်ရင် ရှင်အနေအထိုင်ဆင်ခြင်"

မေမေကထိုမျှသာပြော၍ သူ့အားပွေ့ချီကာ အိပ်ခန်းဆီသို့ဉီးတည်သွားလေသည်။မိဘ၂ပါးမှာ ရန်ဖြစ်တာရှားသည့်အပြင် ခုလိုရိုက်ပုတ်မည့်အဆင့်အထိဖြစ်ခြင်းမျိုး တခါမှမမြင်ဖူး၍ ထယ်ယောင်းစိတ်ထဲထိတ်လန့်ကာ ငိုချင်စိတ်သာကြီးစိုးနေသည်။ဖေဖေက မေမေ့ကိုငိုအောင်လုပ်သည့်အပြင် ရိုက်ဖို့လက်ပါရွယ်လေသည်။ဖေဖေ့အမှားသာဖြစ်မည်။မေမေ့ကိုငိုအောင်လုပ်၍ ဖေဖေ့ကိုမုန်းမိသည်။

🍀🍀🍀🍀🍀🍀🍀

"မေမေ...ဟင့် မေ"

"ထယ်ယောင်းရ...ကင်ထယ်ယောင်း သတိထားအုန်းလေ"

ကားမောင်းနေရင်းမှ နံဘေးခုံတွင်အိပ်ပျော်နေသော ထယ်ယောင်းသည်ငြီးတွားရင်းငိုရိူက်နေသဖြင့် ကားအားလမ်းဘေးတနေရာထိုးရပ်ကာ ထယ်ယောင်းအားလှုပ်နိုးမိသည်။

"ထ ထ ကင်ထယ်ယောင်း...သတိထားအုန်းလေ ထယ်ယောင်းရ"

"ဟင်...အင်း ဆောရီး"

မည်သည့်အိမ်မက်ဆိုးတွေမက်နေ၍များ ဒီလောက်ရိူက်နေရသနည်း။ ခုလိုပဲ မကြာမကြာမက်နေတတ်သလား။တနေ့က ညနေစာလာစားချိန် ဖြစ်နေသော မူန်ကုတ်ကုတ်ပုံစံက ခုပုံစံနှင့်ဆင်တူလေသည်။ သေချာသည်။ အာ့တုန်းကလည်း အိမ်မက်ဆိုးမက်ရင်း ငိုနေခဲ့လိမ့်မည်။

"ရော..ရေသောက်လိုက်"

"အင်း ကျေးဇူး"

ဂျီမင်ကမ်းပေးသော ရေဘူးကိုယူကာ မော့သောက်လိုက်မှထယ်ယောင်းရင်ထဲပူနေသမျှ အနည်းငယ်ငြိမ်းအေးသွားရသည်။ ငယ်ဘဝ၏တစိတ်တပိုင်းကို မြင်မက်ရာတွင် ကြည်နူးစရာကိစ္စများကို မမက်ပဲစိတ်ဆင်းရဲစရာအပိုင်းကိုလာမြင်မက်၍စိတ်ပျက်မိသည်။

"ဘယ်နှနာရီရှိပြီလဲ ဂျီမင်"

"၇နာရီကျော်ပြီ"

အပြင်ဘက်တွင်အတော်ပင်မှောင်နေ၍ ကားမီးနှင့်သာအာရုံစိုက်၍ မောင်းနှင်နေကြရပြီဖြစ်သည်။ထယ်ယောင်း ကားပြတင်းမှတဆင့် ကောင်းကင်ပေါ်မော့ကြည့်မိသည်။ကြယ်များပျောက်ကာ တိမ်မည်းများ တရိပ်ရိပ်တက်လာနေသည်ကိုတွေ့ရသည်။

"မိုးရွာတော့မှာပဲ"

"အင်း ဒီညမုန်တိုင်းရှိတယ်ကြားတယ် ငါတို့မုန်တိုင်းမမိအောင် တည်းခိုခန်းအမီသွားရမယ်"

"အင်း ငါမောင်းပေးရမလား"

"ရတယ်"

ထယ်ယောင်းအား ဂျီမင်ခေါင်းခါပြကာ လက်ရှိမောင်းနေသောအရှိန်ကိုပိုမြှင့်၍ တည်းခိုရာနေရာဆီသို့ရောက်အောင်မောင်းမိသည်။ပြေးလွှားနေသောမြင်ကွင်းနှင့် တလိပ်လိပ်တက်လာသော မိုးသားက လင်းခနဲလက်ခနဲပင်အစပျိုးလာနေပြီဖြစ်သည်။

"ဂျိန်း!"

"အမေ့"

ရုတ်တရက်ထချိန်းသောမိုးခြိမ်းသံကြောင့် ဂျီမင်ကားမောင်းနေရင်းမှလန့်ဖြန့်သွားမိသည်။

"မင်း မိုးခြိမ်းသံကြောက်တာလား"

"အင်း ဘယ်လိုပြောရမလဲ အိမ်ထဲမှာဆိုအာ့လောက်မလန့်ပေမဲ့ ခုလိုကားမောင်းနေချိန်တော့ တအားလန့်တတ်တယ် အဟင်း မေမေနဲ့တူတာဖြစ်မယ်"

ဂျီမင်ကပြောရင်း တယောက်တည်းသဘောကျစွာရီလေသည်။

"မင်းမေမေသာ တကယ်ငါ့အဖေနားရှိနေရင် မင်းဘယ်လိုလုပ်မလဲဂျီမင်"

မေးလာသောထယ်ယောင်းမေးခွန်းကြောင့် ပြုံးရီနေသောဂျီမင်မျက်နှာမှာတည်သွားရသည်။

"တကယ်သာဆို ငါခုထက်ပိုမုန်းမိမယ်ထင်တယ် ထယ်ယောင်းရ"

အမေတခုသားတခုသာရှိသော ဂျီမင်အဖို့ရင်ဆိုင်ရမည့်ကိစ္စသည်လဲပေါ့သေးသေးမဟုတ်။ရစ်သိုင်းနေသော မျက်ရည်များက ပြင်းထန်သောခံစားချက်ကိုဖော်ပြနေသည်။ထို့ကြောင့် ကားမောင်းနေသောဂျီမင်လက်တဖက်ကို လှမ်းယူကာ ဆုပ်ကိုင်ထားမိသည်။တိုတိုဖောင်းဖောင်းလက်လေးက ရှည်သွယ်ကြီးမားသော သူ့လက်ထဲတွင်စုန်းစုန်းမြုပ်လျက်ရှိသည်။

"ဟို..."

"ခဏပါပဲ"

လက်ကိုင်ထားသည်ကို ဂျီမင်မနေတတ်သလိုဖြစ်ကာ ရှက်ရွံ့မိသလိုလဲဖြစ်၍ ထယ်ယောင်းလက်ထဲမှမသိမသာရုန်းမိသည်။သို့သော် ထယ်ယောင်းကအရုန်းမခံတင်းကျပ်စွာဆုပ်ကိုင်ထားသည်။ထို့ကြောင့် ကားကိုလက်တဖက်ထဲနှင့် မောင်းနေရသည်။

မကြာခင်မှာပင် တည်းခိုရမည့်နေရာဆီသို့ ဆိုက်ရောက်လာခဲ့ကြ၍ ကားပါကင်ရှာထိုးကာ ယွန်တန်ကိုခေါ်ပြီး မြင်နေရသော တည်းခိုခန်းဆီသို့ ဉီးတည်မိကြသည်။

"ဝေါ..."

ထိုအခိုက် မိုးများကျလာသဖြင့် နှစ်ယောက်သားအမြန်ပြေးကြရသည်။ထို့နောက် ဧည့်ကောင်တာရှိစာရင်းကိုင်ကောင်လေးဆီသွား၍ အခန်းစုံစမ်းရမည်ဖြစ်သည်။ ကောင်တာနားမသွားခင် ထယ်ယောင်းအနွေးထည်ကော်လာကို မျက်နှာအနည်းငယ်အုပ်အောင်ပြင်၍ ကောင်တာရှေ့သွားရပ်လိုက်သည်။

"ညီလေး လူနှစ်ယောက်စာ အခန်းရှာပေးပါ"

ကောင်တာရှေ့ထယ်ယောင်းရပ်ကာ ပြောရင်း ဂျီမင်ဘက်လှည့်ကြည့်မိသည်။ ဂျီမင်က ယွန်တန်ကိုပွေ့ကာ ဧည့်ခန်းထဲတွင်သွားထိုင်စောင့်နေသည်။

"ဟုတ် အကို ခဏနော် ကျနော်ကြည့်ပေးမယ်"

စာရင်းကိုင်လေးက ကွန်ပြူတာတွင် တတောက်တောက်နှိပ်၍ သူတို့အတွက်အခန်းရှာပေးလေသည်။

"အာ...အကိုရေ"

"အင်း"

ကောင်လေးက ကွန်ပြူတာမှမျက်နှာခွာကာ သူ့အားမျက်နှာသူငယ်နှင့်ခေါ်လာလေသည်။ထို့ကြောင့် ထယ်ယောင်းစိတ်ထဲထိတ်ခနဲဖြစ်သွားရသည်။

"တောင်းပန်ပါတယ်ဗျ အကိုတို့လိုချင်မယ်ထင်တဲ့ အခန်းကမရှိတော့ဘူးဗျ"

"ဟင် ဒါဆို ဘာ ဘာပဲကျန်တာလဲ "

အခန်းမရလျှင်ဒုက္ခ။ အပြင်မှာလဲမိုးတွေရွာနေချေပြီ။ပြီးတော့ ခုရမည်ဆိုသည့် အခန်းကလည်းအဆင်ပြေပုံမရ။ကျန်တာက နှစ်ယောက်အိပ်ခန်းသာဆိုရင်...။သူ နေ့လည်ကအဖြစ်ကိုပြေးမြင်မိရင်း အာခေါင်ခြောက်သလိုဖြစ်လာရသည်။

"ဟုတ်ကဲ့အကို တယောက်ခန်း၂ခန်းတော့ရမယ်ဗျ"

"ဟင်"

ကောင်လေးစကားကြားမှ တွေးနေသောအတွေးစတို့ပျက်ကာ ကို့်အတွေးနှင့်ကိုယ်ပြန်ရှက်မိသလိုဖြစ်မိသည်။

"အဟင်း အာ့ဆို အာ့တာပဲယူမယ်နော်"

"ဟုတ်ကဲ့အကို"

"တော်သေး romanceကားတွေထဲကလို ဖြစ်ပြီထင်တာ"

"ဗျာ.."

ထယ်ယောင်းက တကိုယ်တည်းတီးတိုးပြောသည်ကို ဧည့်ကောင်တာကောင်လေးမှ မကြားသဖြင့်ပြန်မေးလေသည်။

"ဘာမှမဟုတ်ဘူး ညီလိုက်ပို့မလားလို့ပါ"

"အော် လိုက်ပို့ဆိုလဲရပါတယ်ဗျ"

"ရတယ် လိုက်မပို့တော့နဲ့ သော့ပဲပေးလိုက်"

"​ဗျာ...ဟုတ်ကဲ့"

ထယ်ယောင်း ကောင်လေးနားကသော့တောင်းကာ ဂျီမင်ကိူခေါ်၍ အပေါ်တက်ခဲ့လိုက်သည်။

"ဒါမင်းအခန်း ဘေးမှာငါ့အခန်း တခုခုဆိုပြေးလာခေါ်နော်"

"အင်း...အော် ထယ်ယောင်းရ"

ပြောပြီး ထယ်ယောင်းက အထဲဝင်မယ်အလုပ်ဂျီမင်လှမ်းခေါ်သဖြင့် လှည့်ကြည့်မိသည်။

"ယွန်တန်ကို ငါခေါ်ထားလို့ရမလား"

"ဟင် အင်း သဘောလေ"

စောစောကမှလက်လွှဲပြောင်းယူထားသော ယွန်တန်ကို ဂျီမင်လက်ထဲထည့်ပေးလိုက်သည်။

"ဂွတ်နိုက် ထယ်ယောင်းရ"

"အင်း ဂွတ်နိုက်ဂျီမင်"

တယောက်တလှည့်အပြန်အလန်နူတ်ဆက်ကာ ကိုယ့်အိပ်ခန်းဆီသို့ဝင်ခဲ့ကြတော့သည်။

🍀🍀🍀🍀🍀🍀🍀

"ဟင်"

"ဟင်"

အသံပြိုင်တူထွက်ကာ တယောက်မျက်နှာတယောက်လှမ်းကြည့်မိသည်။ခုပဲနူတ်ဆက်ပြီး အခန်းထဲဝင်ပြီးပြီးချင်း တဖက်လှည့်လိုက်လျှင် ထုတ်ချင်းပေါက်မြင်နေရသော အပေါက်ဝတခုမှ အထဲဝင်လာသောထယ်ယောင်းကို တွေ့လိုက်ရသည်။

"ဟာ ဒီခွေးကောင်လေး အခန်းကဘယ်လိုဆိုတာမပြောလိုက်ဘူး"

ထယ်ယောင်းမျက်နှာက ရယ်ချင်ပတ်ကျိပုံစံနှင့် သူ့နူတ်ခမ်းသူဖိကိုက်ကာ စာရင်းကိုင်ကောင်လေးကို တီးတိုးကျိန်ဆဲနေသည်။ အခန်းကတယောက်တခန်းဆိုပေမဲ့ ရင်းနှီးသူချင်းအတူလာတည်းလျှင် ကူးသန်းရလွယ်အောင် အခန်းခြေရင်းတွင် တံခါးတပေါက်ထားပေးထားသည်။တံခါးတွင် ဂျက်လဲထားပေးထားသဖြင့် မလုံခြုံမှာတော့ ပူစရာမရှိပေ။

"အဟင်း ငါ့ကိုဒါမျိုးဆိုတာ မပြောလိုက်ဘူး"

"အဟင်းဟင်း"

ဂျီမင်ကလည်း ယွန်တန်ကိုပွေ့ထားရင်းမှ အကျယ်ကြီးမရီမိစေရန်ထိန်းထားလေသည်။

"ဘာဖြစ်ဖြစ် တခုခုဆို ခေါ်လို့ရတာပေါ့"

"အင်း"

"ဒါဆို ခြေလက်ဆေးပြီး အိပ်တော့နော်"

ထယ်ယောင်းပြောကာ လှပ်နေသောတံခါးကို ဆွဲပိတ်ပေးလိုက်သည်။ထို့နောက် တနေကုန်ကားစီးကာ နွမ်းချိနေသဖြင့် ရေချိုးခန်းထဲဝင်ကာ ရေစိမ်ရင်းအနားယူလိုက်သည်။အညောင်းအညာများပြေကာ ပေါ့ပါးလာသဖြင့် ရေစိမ်နေရင်းမှ ထယ်ယောင်းအိပ်ငိုက်လာရသည်။ထို့ကြောင့် ရေစိမ်ခြင်းကိုလက်စသတ်ကာ အခန်းထဲသို့ပြန်လာခဲ့သည်။

"ဗြိ..."

အဝတ်အိတ်ထဲမှ တီရှပ်တထည်နှင့်ပေါင်တိုဘောင်းဘီတထည်ကိုယူဝတ်လိုက်သည်။သူ့အဝတ်အိတ်ထဲဘာတွေပါလာမှန်းသူမသိ။ ဂျီမင်ထည့်ပေးသည့်အတိုင်းသာ ဆွဲချလာခြင်းဖြစ်သည်။ထို့နောက် မခြောက်သေးသော ခေါင်းကိုလေမူတ်ရန် အိတ်ထဲနိူက်ရှာမိသည်။သို့သော်မတွေ့။ ထို့ကြောင့်ဂျီမင်နားပါလောက်မည့်အထင်ဖြင့် ဂျီမင်နားတောင်းရန်ဆုံးဖြတ်လိုက်သည်။

"ဒေါက်...ဒေါက်"

ပိတ်ထားသောတံခါးပေါက်ကို နှစ်ချက်ဆင့်ခေါက်လိုက်သည်။သို့သော် တဖက်တွင်မည်သည့်အသံမှမကြားရ။ထို့ကြောင့် ထယ်ယောင်းနောက်တခေါက်ထပ်ခေါက်လိုက်သည်။

"ဒေါက်...ဒေါက် ဂျီမင်"

သူခေါ်ပေမဲ့ ဂျီမင်ကပြန်မထူးသဖြင့် စေ့ပိတ်ထားသောတံခါးကို အသာတွန်းဖွင့်ကာ အထဲကြည့်မိသည်။ထိုအခါ ဂျီမင်က လာတုန်းကအဝတ်အစားအတိုင်းနှင့်ပင် ကုတင်ထက်ပုံပုံလေးအိပ်ပျော်နေလေသည်။

"ရေမချိုး အဝတ်မလဲပဲ အိပ်ပျော်သွားပြီပဲ"

ဂျီမင်ကုတင်နားတိုးကပ်သွားရင်း အိပ်ပျော်နေသောညစ်ပတ်လေးကို တချက်ငုံ့ကြည့်မိသည်။အတော်ပင်ပန်းသွားသည်ထင်၏။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။

"ဂျီမင်"

အိပ်ပျော်နေသော ဂျီမင်ပုခုံးကိုအသာတို့ကာ နိူးကြည့်လိုက်သည်။သို့သော် ဂျီမင်ကတချက်မနိုးအိပ်ပျော်လျက်သာရှိသည်။ထို့ကြောင့် ထယ်ယောင်းမှာ မနေသာတော့၍ ကုတင်အစွန်းဝင်ထိုင်ကာ ဖိနပ်နှင့်ခြေအိပ်များကို ယူဖြုတ်ပေးရတော့သည်။ထို့နောက်ဝတ်ထားသော အပေါ်ထပ်ကိုလည်း ဇစ်အသာလေးဆွဲကာ လက်တဖက်ချင်းဖြုတ်ပေးမိသည်။

"အင်း"

ဂျီမင်ခန္ဓာကိုယ်ကိုအသာပွေ့ရင်း အနွေးထည်ချွတ်ပေးနေရင်းမှ တအင်းအင်းမြည်ကာ လူးလွန့်လာသဖြင့် ထယ်ယောင်းအသက်မျှပင်မရူရဲ ငြိမ်သက်သွားမိသည်။ထို့နောက် ဂျီမင်ပြန်လည်အိပ်ပျော်သွားမှ ကျန်တဖက်ကိုအသာဆွဲချွတ်ရင်း အပေါ်ဝတ်ကိုဖယ်ပေးမိသည်။

သူ့ထက်လူကောင်သေးသော ဂျီမင်ကပေါ့ပါးကာ သူ့ရင်ခွင်ထဲအံဝင်ခွင်ကျ။ထို့နောက် အသာပွေ့ထားမိသော ဂျီမင်ခန္ဓာကိုယ်ကို အိပ်ယာထက်အသာမကာရွှေ့ပေးမိသည်။ထိုခဏ အိစက်နစ်ဝင်နေသောအိပ်ယာ၏ မျက်နှာပြင်ကြောင့် ဒူးထောက်ရွေ့နေရာမှ ဟန်ချက်ပျက်ကာလဲကျတော့သည်။

"အမေ့!"

အိပ်ယာထက်နှစ်ဉီးသား လုံးထွေးကျသွားပေမဲ့ ထယ်ယောင်းအထိန်းတော်၍ ဂျီမင်မှာအသာလေးလိမ့်ကျကာ ထယ်ယောင်းမှာ တဖက်သို့ပြုတ်ကျလေသည်။

"အဟင့်!"

လူပ်လူပ်ရှားရှားဖြစ်သွားသောကြောင့် ဂျီမင်ကအိပ်ပျော်နေရင်းမှ ညီးညူကာ နူတ်ခမ်းစူလာလေသည်။

"ခွီ..."

အိပ်ပျော်နေရင်း စူပုတ်ပုတ်မျက်နှာကြောင့် ထယ်ယောင်းခွီးခနဲရီမိသည်။သို့သော် သူ့ပါးစပ်သာအမြန်ပြန်အုပ်ကာ အိပ်ယာမှလူးလဲထမိသည်။

"အ!ဘုရားရေ"

လူးလဲသာထလိုက်သည်။သူ့လက်က ဂျီမင်ခေါင်းအောက်ဖိနေ၍ ဂျီမင်ပေါ်ကိုပြန်ပြုတ်ကျမလိုဖြစ်၍ လက်အမြန်ထောက်လိုက်ရသည်။

*တော်သေးလို့ မဟုတ်ရင် ဒီအကောင်သေးကိုဖိမိပြီ*

ထယ်ယောင်းအသာပြုံးကာ သူ့ရင်ခွင်အောက်နှစ်ခြိုက်စွာအိပ်ပျော်နေသော ကောင်လေးကိုငုံ့မိုးကြည့်မိသည်။အိပ်နေပုံလေးက ပကတိအေးချမ်း၍ ချစ်စဖွယ်ကောင်းနေလေသည်။တိုစိတ်စိတ်မျက်တောင်လေးများက နဂိုမှေးကျဉ်းသောမျက်ဝန်းများကို ဖိပိတ်ထားကာ ခပ်စောင်းစောင်းမြင်နေရသော နှာတံစင်းစင်းလေးက ဖိညစ်ပစ်ချင်စရာကောင်းသည်။

ထိုမှတဖန် အိပ်ပျော်နေရင်း စူနေသောနူတ်ခမ်းက နဂိုဖူးဖောင်းဖောင်းလေးကိုမှ နီထွေးအိစက်မည့်ပုံပေါက်နေသဖြင့် ထယ်ယောင်းအသာပြုံးကာ အောက်နူတ်ခမ်းသားလေးကိုသူ့လက်ညိုးနှင့်ဖိကြည့်မိသည်။

"ဟင်"

ဖျင်းခနဲဖြစ်သွားသော ခံစားချက်နှင့်အတူ ကြက်သီးမွှေးညင်းများထောင်ထလာရသည်။ထို့နောက် ဂျီမင်နူတ်ခမ်းကိုကြည့်နေရင်းမှ ရုတ်တရက်ရေဆာသလိုဖြစ်ကာ သူ့တံတွေးသူပြန်မျိုချမိသည်။ထိုအချိန်တွင်ပင် ဂျီမင်သည် နူတ်ခမ်းခြောက်၍ထင် အိပ်နေရင်းသူ့နူတ်ခမ်းသူလျှာနှင့်တချက်သပ်လိုက်လေသည်။

အားးးရူးပြီ။ထိုခဏ ဂျီမင်နူတ်ခမ်းကို ထိတွေ့ချင်စိတ်က တလိတ်လိတ်တက်လာကာ တဖြည်းဖြည်အနားတိုးသွားမိသည်။ခပ်အိအိနူတ်ခမ်းက သူ့စိတ်ကိုအစွမ်းကုန်ပြုစားကာ ခေါ်ဆောင်နေသလိုခံစားရသည်။နီးကပ်လာသည်။ထို့ပြင်နီရဲနေသော နူတ်ခမ်းလေးက တလူပ်လူပ်နှင့်ရှိလေသည်။

"အဟင့်"

"ကျွတ်!"

ငြိမ်သက်စွာအိပ်ပျော်နေသော ဂျီမင်ကလှုပ်ရှားသွားလျှင် ထယ်ယောင်းအသိတို့ပြန်ကပ်လာရသည်။

*ဘာတွေလုပ်မိနေတာလဲ အိပ်နေတဲ့လူကိုအခွင့်ကောင်းယူမလို့လား ကင်ထယ်ယောင်း မင်းကစိတ်ပျက်စရာပဲ"

ထယ်ယောင်းကိုယ့်ကိုအပြစ်တင်ကာ ဂျီမင်ကိုအုပ်မိုးထားမိရာမှ လက်ကိုအသာဆွဲထုတ်ရင်း လူးလဲထမိသည်။ထို့နောက် ကုတင်ထက်မှဆင်းကာ ဂျီမင်အိတ်ထဲမှ လေမူတ်စက်ကိုရှာယူပြီး ကိုယ်အခန်းဆီအမြန်ပြန်ရန်ဉီးတည်မိသည်။

တလှမ်း...နှစ်လှမ်း...

နှစ်လှမ်းမျှလောက်သာ လှမ်းရသေးသည် ထယ်ယောင်းထိုနေရာမှချာခနဲပြန်လှည့်ကာ ဂျီမင်ကုတင်နားပြန်သွားမိသည်။ထို့နောက် မှေးတင်နေသောဂျီမင်နဖူးထက်မှ ဆံပင်များကိုအသာလှန်တင်ရင်း သူ့မျက်နှာကိုငုံ့ချလိုက်သည်။

"ပြွတ်"

မသိအောင်ခိုးနမ်းပေမဲ့ နဖူးလောက်နဲ့သာသူ့ဆန္ဒကိုယ် ဖြေသိမ့်မိသည်။ဘာဖြစ်ဖြစ် ဂျီမင်အပေါ်အမှားတခုလုပ်မိလိုက်ပေပြီ။ဒီအတွက်တော့ မတောင်းပန်နိုင်ပေ။

"ပြွတ် ဂွတ်နိုက်"

နောက်တခေါက် ဂျီမင်နဖူးကိုငုံ့နမ်းကာ နူတ်ဆက်ရင်းထိုအခန်းထဲမှ အမြန်ပြန်ထွက်ခဲ့ရတော့သည်။မဟုတ်လျှင် ကိုယ်ကျိုးတွေနည်းကုန်တော့မည်ဖြစ်သည်။

April 17,2023.

🍀🍀🍀🍀🍀🍀🍀

(Zawgyi)

"အာ့ကိစၥ ဟုတ္သလား"

"႐ူးးးးမင္းအသံေလ်ာ့စမ္း"

"မေလ်ာ့နိုင္ဘူး ရွင္အမွန္တိုင္းေျပာ"

ညစာစားၿပီး သူတို႔ညီကိုႏွစ္ေယာက္ အခန္းဆီျပန္လာကာ animeၾကည့္ေနရင္းမွ ဘယ္ခ်ိန္အိပ္ေပ်ာ္သြားသည္မသိ ေမေမ့အသံၾကားမွလန့္နိုးလာရသည္။အိပ္မႈံစုံမႊားျဖင့္
နံေဘးလွည့္ၾကည့္လွ်င္ ထယ္ေဆာင္းကပါးစပ္ဟကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေန၏။

"မဟုတ္ပါဘူးဆိုကြာ မင္း ေလွ်ာက္စြပ္စြဲေနပုံနဲ႕ ႏွစ္ဖက္မ်က္ႏွာပ်က္ရလိမ့္မယ္"

ေဖေဖ့အသံကခပ္တိုးတိုးႏွင့္ စိတ္ပ်က္ေနသံေပၚေလသည္။ထိုအခ်ိန္ ထယ္ေယာင္းနံေဘးမွ နာရီကိုလွမ္းၾကည့္မိသည္။ ည၁၂နာရီထိုးေတာ့မည္ျဖစ္သည္။ ေဖေဖအိမ္ျပန္ေနာက္က်၍ ေမေမစိတ္ဆိုးေနျခင္းျဖစ္မည္ထင္၏။သို႔ေသာ္ ေျပာဆိုေနေသာ ေလသံက တုန္ရီစြာ ေဒါသကိုအနိုင္နိုင္ထိန္းေျပာေနပုံႏွင့္တူသည္။

"ဂ်ီမင္အေမနဲ႕ရွင့္ကို အဲ့ဒီ့ဟိုတယ္မွာေတြ႕လိုက္တဲ့သူ ရွိတယ္ ရွင္ဘာျငင္းခ်င္လဲ ဟမ္!"

ဘယ္လို...။ေမေမ့ စကားကဘာအဓိပ္ပါယ်လဲ? ဂ်ီမင္ေမေမကေရာ ဘယ္ကပါလာတာလဲ? ထယ္ေယာင္း အံ့ၾသစိတ္ႏွင့္သိခ်င္စိတ္ေပါင္းကာ ကုတင္ေပၚမွဆင္း၍ အခန္းတံခါးနားတိုးကပ္ကာ သာသာေလးဟ,ၾကည့္မိသည္။

ဧည့္ခန္းထဲက ဆိုဖာရွည္ေပၚတြင္ တဖက္တခ်က္ထိုင္ေနၾကကာ ေဖေဖကေခါင္းငိုက္စိုက္ခ်၍ အျပင္ဝတ္မ်ားပင္မလဲရေသး။ ေမေမကေတာ့ ေဖေဖ့ဘက္မ်က္ႏွာမူကာ သူ႕ဘက္ကၾကည့္လွ်င္ေဘးတိုက္ျမင္ေနရသည္။

"ရွင့္သားေတြကိုထည့္တြက္ပါအုန္း ဟင့္"

"ဟာကြာ"

ေမေမကေျပာရင္း ငိုခ်လာသည္။ေဖေဖက အလြန္တရာစိတ္ပ်က္ေနပုံေပၚ၍ ေမေမ့အား မေခ်ာ့သည့္အျပင္ စိတ္မရွည္ေတာ့သလိုျဖင့္ ေပေစာင္းၾကည့္ေနသည္။သူ႕စိတ္ထဲမေက်နပ္သလို ခံစားလာရသည္။ ေမေမကိုငိုေနတာကို ေဖေဖဘာေၾကာင့္မေခ်ာ့သနည္း။

"ငါေျပာၿပီးၿပီမလား အဲ့ဒီကို သူနဲ႕သြားတာဆိုေပမဲ့ မင္းထင္သလိုမဟုတ္ဘူးလို႔ ငါရွင္းျပေနတယ္မလား...မင္းကို အာ့လိုေတြလာေျပာေနတာ ဘယ္သူလဲ ဟမ္ ေျပာစမ္း"

ေဖေဖကေျပာရင္းေဒါသထြက္လာပုံရကာ ေလသံမာႏွင့္ အံႀကိတ္ရင္းေမးေလသည္။

"ဘာလဲ...ရွင့္ဟာမနဲ႕သြားတာကိုတိုင္လို႔ တိုင္တဲ့သူကိုသြားရန္ရွာမလို႔လား!!"

"ေတာက္!မင္း!"

"ေမေမ!!"

ေမေမ့စကားေၾကာင့္ ေဖေဖအရိူက္ထိသြားသည့္ထင္ ေမေမ့အားရိုက္ရန္လက္ျမႇောက္လာသည္။ထို႔ေၾကာင့္ ထယ္ေယာင္းမ်က္လုံးျပဴး ထိတ္လန့္ကာ မိခင္နားေျပးသြားမိသည္။

"သား"

"ေမေမ့ကိုမရိုက္ပါနဲ႕ အဟင့္"

"မဟုတ္ဘူး သား မဟုတ္ဘူး ေဖေဖေျပာျပမယ္"

ေဖေဖကသူ႕အားၾကည့္ကာ ျပာျပာသလဲရွင္းျပရန္ျပင္သည္။သို႔ေသာ္ သူေဖေဖ့အားမၾကည့္ ေခါင္းသာတြင္တြင္ခါကာ ေမေမ့အားအတင္းဖက္တြယ္ထားမိသည္။

"ရွင့္သားေတြအျမင္မၾကည္တာမ်ိဳး မျဖစ္ေစခ်င္ရင္ ရွင္အေနအထိုင္ဆင္ျခင္"

ေမေမကထိုမွ်သာေျပာ၍ သူ႕အားေပြ႕ခ်ီကာ အိပ္ခန္းဆီသို႔ဉီးတည္သြားေလသည္။မိဘ၂ပါးမွာ ရန္ျဖစ္တာရွားသည့္အျပင္ ခုလိုရိုက္ပုတ္မည့္အဆင့္အထိျဖစ္ျခင္းမ်ိဳး တခါမွမျမင္ဖူး၍ ထယ္ေယာင္းစိတ္ထဲထိတ္လန့္ကာ ငိုခ်င္စိတ္သာႀကီးစိုးေနသည္။ေဖေဖက ေမေမ့ကိုငိုေအာင္လုပ္သည့္အျပင္ ရိုက္ဖို႔လက္ပါ႐ြယ္ေလသည္။ေဖေဖ့အမွားသာျဖစ္မည္။ေမေမ့ကိုငိုေအာင္လုပ္၍ ေဖေဖ့ကိုမုန္းမိသည္။

🍀🍀🍀🍀🍀🍀🍀

"ေမေမ...ဟင့္ ေမ"

"ထယ္ေယာင္းရ...ကင္ထယ္ေယာင္း သတိထားအုန္းေလ"

ကားေမာင္းေနရင္းမွ နံေဘးခုံတြင္အိပ္ေပ်ာ္ေနေသာ ထယ္ေယာင္းသည္ၿငီးတြားရင္းငိုရိူက္ေနသျဖင့္ ကားအားလမ္းေဘးတေနရာထိုးရပ္ကာ ထယ္ေယာင္းအားလႈပ္နိုးမိသည္။

"ထ ထ ကင္ထယ္ေယာင္း...သတိထားအုန္းေလ ထယ္ေယာင္းရ"

"ဟင္...အင္း ေဆာရီး"

မည္သည့္အိမ္မက္ဆိုးေတြမက္ေန၍မ်ား ဒီေလာက္ရိူက္ေနရသနည္း။ ခုလိုပဲ မၾကာမၾကာမက္ေနတတ္သလား။တေန႕က ညေနစာလာစားခ်ိန္ ျဖစ္ေနေသာ မူန္ကုတ္ကုတ္ပုံစံက ခုပုံစံႏွင့္ဆင္တူေလသည္။ ေသခ်ာသည္။ အာ့တုန္းကလည္း အိမ္မက္ဆိုးမက္ရင္း ငိုေနခဲ့လိမ့္မည္။

"ေရာ..ေရေသာက္လိုက္"

"အင္း ေက်းဇူး"

ဂ်ီမင္ကမ္းေပးေသာ ေရဘူးကိုယူကာ ေမာ့ေသာက္လိုက္မွထယ္ေယာင္းရင္ထဲပူေနသမွ် အနည္းငယ္ၿငိမ္းေအးသြားရသည္။ ငယ္ဘဝ၏တစိတ္တပိုင္းကို ျမင္မက္ရာတြင္ ၾကည္ႏူးစရာကိစၥမ်ားကို မမက္ပဲစိတ္ဆင္းရဲစရာအပိုင္းကိုလာျမင္မက္၍စိတ္ပ်က္မိသည္။

"ဘယ္ႏွနာရီရွိၿပီလဲ ဂ်ီမင္"

"၇နာရီကျော်ပြီ"

အျပင္ဘက္တြင္အေတာ္ပင္ေမွာင္ေန၍ ကားမီးႏွင့္သာအာ႐ုံစိုက္၍ ေမာင္းႏွင္ေနၾကရၿပီျဖစ္သည္။ထယ္ေယာင္း ကားျပတင္းမွတဆင့္ ေကာင္းကင္ေပၚေမာ့ၾကည့္မိသည္။ၾကယ္မ်ားေပ်ာက္ကာ တိမ္မည္းမ်ား တရိပ္ရိပ္တက္လာေနသည္ကိုေတြ႕ရသည္။

"မိုး႐ြာေတာ့မွာပဲ"

"အင္း ဒီညမုန္တိုင္းရွိတယ္ၾကားတယ္ ငါတို႔မုန္တိုင္းမမိေအာင္ တည္းခိုခန္းအမီသြားရမယ္"

"အင္း ငါေမာင္းေပးရမလား"

"ရတယ္"

ထယ္ေယာင္းအား ဂ်ီမင္ေခါင္းခါျပကာ လက္ရွိေမာင္းေနေသာအရွိန္ကိုပိုျမႇင့္၍ တည္းခိုရာေနရာဆီသို႔ေရာက္ေအာင္ေမာင္းမိသည္။ေျပးလႊားေနေသာျမင္ကြင္းႏွင့္ တလိပ္လိပ္တက္လာေသာ မိုးသားက လင္းခနဲလက္ခနဲပင္အစပ်ိဳးလာေနၿပီျဖစ္သည္။

"ဂ်ိန္း!"

"အေမ့"

႐ုတ္တရက္ထခ်ိန္းေသာမိုးၿခိမ္းသံေၾကာင့္ ဂ်ီမင္ကားေမာင္းေနရင္းမွလန့္ျဖန့္သြားမိသည္။

"မင္း မိုးၿခိမ္းသံေၾကာက္တာလား"

"အင္း ဘယ္လိုေျပာရမလဲ အိမ္ထဲမွာဆိုအာ့ေလာက္မလန့္ေပမဲ့ ခုလိုကားေမာင္းေနခ်ိန္ေတာ့ တအားလန့္တတ္တယ္ အဟင္း ေမေမနဲ႕တူတာျဖစ္မယ္"

ဂ်ီမင္ကေျပာရင္း တေယာက္တည္းသေဘာက်စြာရီေလသည္။

"မင္းေမေမသာ တကယ္ငါ့အေဖနားရွိေနရင္ မင္းဘယ္လိုလုပ္မလဲဂ်ီမင္"

ေမးလာေသာထယ္ေယာင္းေမးခြန္းေၾကာင့္ ၿပဳံးရီေနေသာဂ်ီမင္မ်က္ႏွာမွာတည္သြားရသည္။

"တကယ္သာဆို ငါခုထက္ပိုမုန္းမိမယ္ထင္တယ္ ထယ္ေယာင္းရ"

အေမတခုသားတခုသာရွိေသာ ဂ်ီမင္အဖို႔ရင္ဆိုင္ရမည့္ကိစၥသည္လဲေပါ့ေသးေသးမဟုတ္။ရစ္သိုင္းေနေသာ မ်က္ရည္မ်ားက ျပင္းထန္ေသာခံစားခ်က္ကိုေဖာ္ျပေနသည္။ထို႔ေၾကာင့္ ကားေမာင္းေနေသာဂ်ီမင္လက္တဖက္ကို လွမ္းယူကာ ဆုပ္ကိုင္ထားမိသည္။တိုတိုေဖာင္းေဖာင္းလက္ေလးက ရွည္သြယ္ႀကီးမားေသာ သူ႕လက္ထဲတြင္စုန္းစုန္းျမဳပ္လ်က္ရွိသည္။

"ဟို..."

"ခဏပါပဲ"

လက္ကိုင္ထားသည္ကို ဂ်ီမင္မေနတတ္သလိုျဖစ္ကာ ရွက္႐ြံ႕မိသလိုလဲျဖစ္၍ ထယ္ေယာင္းလက္ထဲမွမသိမသာ႐ုန္းမိသည္။သို႔ေသာ္ ထယ္ေယာင္းကအ႐ုန္းမခံတင္းက်ပ္စြာဆုပ္ကိုင္ထားသည္။ထို႔ေၾကာင့္ ကားကိုလက္တဖက္ထဲႏွင့္ ေမာင္းေနရသည္။

မၾကာခင္မွာပင္ တည္းခိုရမည့္ေနရာဆီသို႔ ဆိုက္ေရာက္လာခဲ့ၾက၍ ကားပါကင္ရွာထိုးကာ ယြန္တန္ကိုေခၚၿပီး ျမင္ေနရေသာ တည္းခိုခန္းဆီသို႔ ဉီးတည္မိၾကသည္။

"ေဝါ..."

ထိုအခိုက္ မိုးမ်ားက်လာသျဖင့္ ႏွစ္ေယာက္သားအျမန္ေျပးၾကရသည္။ထို႔ေနာက္ ဧည့္ေကာင္တာရွိစာရင္းကိုင္ေကာင္ေလးဆီသြား၍ အခန္းစုံစမ္းရမည္ျဖစ္သည္။ ေကာင္တာနားမသြားခင္ ထယ္ေယာင္းအႏြေးထည္ေကာ္လာကို မ်က္ႏွာအနည္းငယ္အုပ္ေအာင္ျပင္၍ ေကာင္တာေရွ႕သြားရပ္လိုက္သည္။

"ညီေလး လူႏွစ္ေယာက္စာ အခန္းရွာေပးပါ"

ေကာင္တာေရွ႕ထယ္ေယာင္းရပ္ကာ ေျပာရင္း ဂ်ီမင္ဘက္လွည့္ၾကည့္မိသည္။ ဂ်ီမင္က ယြန္တန္ကိုေပြ႕ကာ ဧည့္ခန္းထဲတြင္သြားထိုင္ေစာင့္ေနသည္။

"ဟုတ္ အကို ခဏေနာ္ က်ေနာ္ၾကည့္ေပးမယ္"

စာရင္းကိုင္ေလးက ကြန္ျပဴတာတြင္ တေတာက္ေတာက္ႏွိပ္၍ သူတို႔အတြက္အခန္းရွာေပးေလသည္။

"အာ...အကိုေရ"

"အင္း"

ေကာင္ေလးက ကြန္ျပဴတာမွမ်က္ႏွာခြာကာ သူ႕အားမ်က္ႏွာသူငယ္ႏွင့္ေခၚလာေလသည္။ထို႔ေၾကာင့္ ထယ္ေယာင္းစိတ္ထဲထိတ္ခနဲျဖစ္သြားရသည္။

"ေတာင္းပန္ပါတယ္ဗ် အကိုတို႔လိုခ်င္မယ္ထင္တဲ့ အခန္းကမရွိေတာ့ဘူးဗ်"

"ဟင္ ဒါဆို ဘာ ဘာပဲက်န္တာလဲ "

အခန္းမရလွ်င္ဒုကၡ။ အျပင္မွာလဲမိုးေတြ႐ြာေနေခ်ၿပီ။ၿပီးေတာ့ ခုရမည္ဆိုသည့္ အခန္းကလည္းအဆင္ေျပပုံမရ။က်န္တာက ႏွစ္ေယာက္အိပ္ခန္းသာဆိုရင္...။သူ ေန႕လည္ကအျဖစ္ကိုေျပးျမင္မိရင္း အာေခါင္ေျခာက္သလိုျဖစ္လာရသည္။

"ဟုတ္ကဲ့အကို တေယာက္ခန္း၂ခန္းေတာ့ရမယ္ဗ်"

"ဟင္"

ေကာင္ေလးစကားၾကားမွ ေတြးေနေသာအေတြးစတို႔ပ်က္ကာ ကို့္အေတြးႏွင့္ကိုယ္ျပန္ရွက္မိသလိုျဖစ္မိသည္။

"အဟင္း အာ့ဆို အာ့တာပဲယူမယ္ေနာ္"

"ဟုတ္ကဲ့အကို"

"ေတာ္ေသး romanceကားေတြထဲကလို ျဖစ္ၿပီထင္တာ"

"ဗ်ာ.."

ထယ္ေယာင္းက တကိုယ္တည္းတီးတိုးေျပာသည္ကို ဧည့္ေကာင္တာေကာင္ေလးမွ မၾကားသျဖင့္ျပန္ေမးေလသည္။

"ဘာမွမဟုတ္ဘူး ညီလိုက္ပို႔မလားလို႔ပါ"

"ေအာ္ လိုက္ပို႔ဆိုလဲရပါတယ္ဗ်"

"ရတယ္ လိုက္မပို႔ေတာ့နဲ႕ ေသာ့ပဲေပးလိုက္"

"ဗ်ာ...ဟုတ္ကဲ့"

ထယ္ေယာင္း ေကာင္ေလးနားကေသာ့ေတာင္းကာ ဂ်ီမင္ကိူေခၚ၍ အေပၚတက္ခဲ့လိုက္သည္။

"ဒါမင္းအခန္း ေဘးမွာငါ့အခန္း တခုခုဆိုေျပးလာေခၚေနာ္"

"အင္း...ေအာ္ ထယ္ေယာင္းရ"

ေျပာၿပီး ထယ္ေယာင္းက အထဲဝင္မယ္အလုပ္ဂ်ီမင္လွမ္းေခၚသျဖင့္ လွည့္ၾကည့္မိသည္။

"ယြန္တန္ကို ငါေခၚထားလို႔ရမလား"

"ဟင္ အင္း သေဘာေလ"

ေစာေစာကမွလက္လႊဲေျပာင္းယူထားေသာ ယြန္တန္ကို ဂ်ီမင္လက္ထဲထည့္ေပးလိုက္သည္။

"ဂြတ္နိုက္ ထယ္ေယာင္းရ"

"အင္း ဂြတ္နိုက္ဂ်ီမင္"

တေယာက္တလွည့္အျပန္အလန္ႏူတ္ဆက္ကာ ကိုယ့္အိပ္ခန္းဆီသို႔ဝင္ခဲ့ၾကေတာ့သည္။

"ဟင္"

"ဟင္"

အသံၿပိဳင္တူထြက္ကာ တေယာက္မ်က္ႏွာတေယာက္လွမ္းၾကည့္မိသည္။ခုပဲႏူတ္ဆက္ၿပီး အခန္းထဲဝင္ၿပီးၿပီးခ်င္း တဖက္လွည့္လိုက္လွ်င္ ထုတ္ခ်င္းေပါက္ျမင္ေနရေသာ အေပါက္ဝတခုမွ အထဲဝင္လာေသာထယ္ေယာင္းကို ေတြ႕လိုက္ရသည္။

"ဟာ ဒီေခြးေကာင္ေလး အခန္းကဘယ္လိုဆိုတာမေျပာလိုက္ဘူး"

ထယ္ေယာင္းမ်က္ႏွာက ရယ္ခ်င္ပတ္က်ိပုံစံႏွင့္ သူ႕ႏူတ္ခမ္းသူဖိကိုက္ကာ စာရင္းကိုင္ေကာင္ေလးကို တီးတိုးက်ိန္ဆဲေနသည္။ အခန္းကတေယာက္တခန္းဆိုေပမဲ့ ရင္းႏွီးသူခ်င္းအတူလာတည္းလွ်င္ ကူးသန္းရလြယ္ေအာင္ အခန္းေျခရင္းတြင္ တံခါးတေပါက္ထားေပးထားသည္။တံခါးတြင္ ဂ်က္လဲထားေပးထားသျဖင့္ မလုံၿခဳံမွာေတာ့ ပူစရာမရွိေပ။

"အဟင္း ငါ့ကိုဒါမ်ိဳးဆိုတာ မေျပာလိုက္ဘူး"

"အဟင္းဟင္း"

ဂ်ီမင္ကလည္း ယြန္တန္ကိုေပြ႕ထားရင္းမွ အက်ယ္ႀကီးမရီမိေစရန္ထိန္းထားေလသည္။

"ဘာျဖစ္ျဖစ္ တခုခုဆို ေခၚလို႔ရတာေပါ့"

"အင္း"

"ဒါဆို ေျခလက္ေဆးၿပီး အိပ္ေတာ့ေနာ္"

ထယ္ေယာင္းေျပာကာ လွပ္ေနေသာတံခါးကို ဆြဲပိတ္ေပးလိုက္သည္။ထို႔ေနာက္ တေနကုန္ကားစီးကာ ႏြမ္းခ်ိေနသျဖင့္ ေရခ်ိဳးခန္းထဲဝင္ကာ ေရစိမ္ရင္းအနားယူလိုက္သည္။အေညာင္းအညာမ်ားေျပကာ ေပါ့ပါးလာသျဖင့္ ေရစိမ္ေနရင္းမွ ထယ္ေယာင္းအိပ္ငိုက္လာရသည္။ထို႔ေၾကာင့္ ေရစိမ္ျခင္းကိုလက္စသတ္ကာ အခန္းထဲသို႔ျပန္လာခဲ့သည္။

"ၿဗိ..."

အဝတ္အိတ္ထဲမွ တီရွပ္တထည္ႏွင့္ေပါင္တိုေဘာင္းဘီတထည္ကိုယူဝတ္လိုက္သည္။သူ႕အဝတ္အိတ္ထဲဘာေတြပါလာမွန္းသူမသိ။ ဂ်ီမင္ထည့္ေပးသည့္အတိုင္းသာ ဆြဲခ်လာျခင္းျဖစ္သည္။ထို႔ေနာက္ မေျခာက္ေသးေသာ ေခါင္းကိုေလမူတ္ရန္ အိတ္ထဲနိူက္ရွာမိသည္။သို႔ေသာ္မေတြ႕။ ထို႔ေၾကာင့္ဂ်ီမင္နားပါေလာက္မည့္အထင္ျဖင့္ ဂ်ီမင္နားေတာင္းရန္ဆုံးျဖတ္လိုက္သည္။

"ေဒါက္...ေဒါက္"

ပိတ္ထားေသာတံခါးေပါက္ကို ႏွစ္ခ်က္ဆင့္ေခါက္လိုက္သည္။သို႔ေသာ္ တဖက္တြင္မည္သည့္အသံမွမၾကားရ။ထို႔ေၾကာင့္ ထယ္ေယာင္းေနာက္တေခါက္ထပ္ေခါက္လိုက္သည္။

"ေဒါက္...ေဒါက္ ဂ်ီမင္"

သူေခၚေပမဲ့ ဂ်ီမင္ကျပန္မထူးသျဖင့္ ေစ့ပိတ္ထားေသာတံခါးကို အသာတြန္းဖြင့္ကာ အထဲၾကည့္မိသည္။ထိုအခါ ဂ်ီမင္က လာတုန္းကအဝတ္အစားအတိုင္းႏွင့္ပင္ ကုတင္ထက္ပုံပုံေလးအိပ္ေပ်ာ္ေနေလသည္။

"ေရမခ်ိဳး အဝတ္မလဲပဲ အိပ္ေပ်ာ္သြားၿပီပဲ"

ဂ်ီမင္ကုတင္နားတိုးကပ္သြားရင္း အိပ္ေပ်ာ္ေနေသာညစ္ပတ္ေလးကို တခ်က္ငုံ႕ၾကည့္မိသည္။အေတာ္ပင္ပန္းသြားသည္ထင္၏။ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေလသည္။

"ဂ်ီမင္"

အိပ္ေပ်ာ္ေနေသာ ဂ်ီမင္ပုခုံးကိုအသာတို႔ကာ နိူးၾကည့္လိုက္သည္။သို႔ေသာ္ ဂ်ီမင္ကတခ်က္မနိုးအိပ္ေပ်ာ္လ်က္သာရွိသည္။ထို႔ေၾကာင့္ ထယ္ေယာင္းမွာ မေနသာေတာ့၍ ကုတင္အစြန္းဝင္ထိုင္ကာ ဖိနပ္ႏွင့္ေျခအိပ္မ်ားကို ယူျဖဳတ္ေပးရေတာ့သည္။ထို႔ေနာက္ဝတ္ထားေသာ အေပၚထပ္ကိုလည္း ဇစ္အသာေလးဆြဲကာ လက္တဖက္ခ်င္းျဖဳတ္ေပးမိသည္။

"အင္း"

ဂ်ီမင္ခႏၶာကိုယ္ကိုအသာေပြ႕ရင္း အႏြေးထည္ခြၽတ္ေပးေနရင္းမွ တအင္းအင္းျမည္ကာ လူးလြန့္လာသျဖင့္ ထယ္ေယာင္းအသက္မွ်ပင္မ႐ူရဲ ၿငိမ္သက္သြားမိသည္။ထို႔ေနာက္ ဂ်ီမင္ျပန္လည္အိပ္ေပ်ာ္သြားမွ က်န္တဖက္ကိုအသာဆြဲခြၽတ္ရင္း အေပၚဝတ္ကိုဖယ္ေပးမိသည္။

သူ႕ထက္လူေကာင္ေသးေသာ ဂ်ီမင္ကေပါ့ပါးကာ သူ႕ရင္ခြင္ထဲအံဝင္ခြင္က်။ထို႔ေနာက္ အသာေပြ႕ထားမိေသာ ဂ်ီမင္ခႏၶာကိုယ္ကို အိပ္ယာထက္အသာမကာေ႐ႊ႕ေပးမိသည္။ထိုခဏ အိစက္နစ္ဝင္ေနေသာအိပ္ယာ၏ မ်က္ႏွာျပင္ေၾကာင့္ ဒူးေထာက္ေ႐ြ႕ေနရာမွ ဟန္ခ်က္ပ်က္ကာလဲက်ေတာ့သည္။

"အေမ့!"

အိပ္ယာထက္ႏွစ္ဉီးသား လုံးေထြးက်သြားေပမဲ့ ထယ္ေယာင္းအထိန္းေတာ္၍ ဂ်ီမင္မွာအသာေလးလိမ့္က်ကာ ထယ္ေယာင္းမွာ တဖက္သို႔ျပဳတ္က်ေလသည္။

"အဟင့္!"

လူပ္လူပ္ရွားရွားျဖစ္သြားေသာေၾကာင့္ ဂ်ီမင္ကအိပ္ေပ်ာ္ေနရင္းမွ ညီးၫူကာ ႏူတ္ခမ္းစူလာေလသည္။

"ခြီ..."

အိပ္ေပ်ာ္ေနရင္း စူပုတ္ပုတ္မ်က္ႏွာေၾကာင့္ ထယ္ေယာင္းခြီးခနဲရီမိသည္။သို႔ေသာ္ သူ႕ပါးစပ္သာအျမန္ျပန္အုပ္ကာ အိပ္ယာမွလူးလဲထမိသည္။

"အ!ဘုရားေရ"

လူးလဲသာထလိုက္သည္။သူ႕လက္က ဂ်ီမင္ေခါင္းေအာက္ဖိေန၍ ဂ်ီမင္ေပၚကိုျပန္ျပဳတ္က်မလိုျဖစ္၍ လက္အျမန္ေထာက္လိုက္ရသည္။

*ေတာ္ေသးလို႔ မဟုတ္ရင္ ဒီအေကာင္ေသးကိုဖိမိၿပီ*

ထယ္ေယာင္းအသာၿပဳံးကာ သူ႕ရင္ခြင္ေအာက္ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနေသာ ေကာင္ေလးကိုငုံ႕မိုးၾကည့္မိသည္။အိပ္ေနပုံေလးက ပကတိေအးခ်မ္း၍ ခ်စ္စဖြယ္ေကာင္းေနေလသည္။တိုစိတ္စိတ္မ်က္ေတာင္ေလးမ်ားက နဂိုေမွးက်ဥ္းေသာမ်က္ဝန္းမ်ားကို ဖိပိတ္ထားကာ ခပ္ေစာင္းေစာင္းျမင္ေနရေသာ ႏွာတံစင္းစင္းေလးက ဖိညစ္ပစ္ခ်င္စရာေကာင္းသည္။

ထိုမွတဖန္ အိပ္ေပ်ာ္ေနရင္း စူေနေသာႏူတ္ခမ္းက နဂိုဖူးေဖာင္းေဖာင္းေလးကိုမွ နီေထြးအိစက္မည့္ပုံေပါက္ေနသျဖင့္ ထယ္ေယာင္းအသာၿပဳံးကာ ေအာက္ႏူတ္ခမ္းသားေလးကိုသူ႕လက္ညိုးႏွင့္ဖိၾကည့္မိသည္။

"ဟင္"

ဖ်င္းခနဲျဖစ္သြားေသာ ခံစားခ်က္ႏွင့္အတူ ၾကက္သီးေမႊးညင္းမ်ားေထာင္ထလာရသည္။ထို႔ေနာက္ ဂ်ီမင္ႏူတ္ခမ္းကိုၾကည့္ေနရင္းမွ ႐ုတ္တရက္ေရဆာသလိုျဖစ္ကာ သူ႕တံေတြးသူျပန္မ်ိဳခ်မိသည္။ထိုအခ်ိန္တြင္ပင္ ဂ်ီမင္သည္ ႏူတ္ခမ္းေျခာက္၍ထင္ အိပ္ေနရင္းသူ႕ႏူတ္ခမ္းသူလွ်ာႏွင့္တခ်က္သပ္လိုက္ေလသည္။

အားးး႐ူးၿပီ။ထိုခဏ ဂ်ီမင္ႏူတ္ခမ္းကို ထိေတြ႕ခ်င္စိတ္က တလိတ္လိတ္တက္လာကာ တျဖည္းျဖည္အနားတိုးသြားမိသည္။ခပ္အိအိႏူတ္ခမ္းက သူ႕စိတ္ကိုအစြမ္းကုန္ျပဳစားကာ ေခၚေဆာင္ေနသလိုခံစားရသည္။နီးကပ္လာသည္။ထို႔ျပင္နီရဲေနေသာ ႏူတ္ခမ္းေလးက တလူပ္လူပ္ႏွင့္ရွိေလသည္။

"အဟင့္"

"ကြၽတ္!"

ၿငိမ္သက္စြာအိပ္ေပ်ာ္ေနေသာ ဂ်ီမင္ကလႈပ္ရွားသြားလွ်င္ ထယ္ေယာင္းအသိတို႔ျပန္ကပ္လာရသည္။

*ဘာေတြလုပ္မိေနတာလဲ အိပ္ေနတဲ့လူကိုအခြင့္ေကာင္းယူမလို႔လား ကင္ထယ္ေယာင္း မင္းကစိတ္ပ်က္စရာပဲ"

ထယ္ေယာင္းကိုယ့္ကိုအျပစ္တင္ကာ ဂ်ီမင္ကိုအုပ္မိုးထားမိရာမွ လက္ကိုအသာဆြဲထုတ္ရင္း လူးလဲထမိသည္။ထို႔ေနာက္ ကုတင္ထက္မွဆင္းကာ ဂ်ီမင္အိတ္ထဲမွ ေလမူတ္စက္ကိုရွာယူၿပီး ကိုယ္အခန္းဆီအျမန္ျပန္ရန္ဉီးတည္မိသည္။

တလွမ္း...ႏွစ္လွမ္း...

ႏွစ္လွမ္းမွ်ေလာက္သာ လွမ္းရေသးသည္ ထယ္ေယာင္းထိုေနရာမွခ်ာခနဲျပန္လွည့္ကာ ဂ်ီမင္ကုတင္နားျပန္သြားမိသည္။ထို႔ေနာက္ ေမွးတင္ေနေသာဂ်ီမင္နဖူးထက္မွ ဆံပင္မ်ားကိုအသာလွန္တင္ရင္း သူ႕မ်က္ႏွာကိုငုံ႕ခ်လိဳက္သည္။

"ႁပြတ္"

မသိေအာင္ခိုးနမ္းေပမဲ့ နဖူးေလာက္နဲ႕သာသူ႕ဆႏၵကိုယ္ ေျဖသိမ့္မိသည္။ဘာျဖစ္ျဖစ္ ဂ်ီမင္အေပၚအမွားတခုလုပ္မိလိုက္ေပၿပီ။ဒီအတြက္ေတာ့ မေတာင္းပန္နိုင္ေပ။

"ႁပြတ္ ဂြတ္နိုက္"

ေနာက္တေခါက္ ဂ်ီမင္နဖူးကိုငုံ႕နမ္းကာ ႏူတ္ဆက္ရင္းထိုအခန္းထဲမွ အျမန္ျပန္ထြက္ခဲ့ရေတာ့သည္။မဟုတ္လွ်င္ ကိုယ္က်ိဳးေတြနည္းကုန္ေတာ့မည္ျဖစ္သည္။

April 17,2023.

🍀🍀🍀🍀🍀🍀🍀





Continue Reading

You'll Also Like

55.9K 4.3K 60
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
38.4K 2.7K 72
ဖတ်ကြည့်နော်😉😉
4.1K 635 41
(Ongoing) { Future And Past } There's no future and past. If we are together, it's the present. Story ထဲမှ ဇာတ်လမ်း၊ ဇာတ်ကွက်၊ တည်နေရာနှင့် အမည်နာမမျ...
80.7K 20.1K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥