"သူက ကောင်းမုခေါ်လို့သွားရတာပါ ဒီကိစ္စတွေနဲ့ဘာမှမဆိုင်ဘူး"
"ဟုတ်ကဲ့ ဥက္ကဌရှောင်းကိုယ်တိုင်အာမခံနေမှတော့ ကျွန်တော်တို့လဲ အမှုတွဲထဲမထည့်တော့ပါဘူးဗျာ"
"ကျေးဇူးတင်ပါတယ် ကျန်တဲ့သူတွေကိုတော့ တရားဥပဒေအတိုင်းစီစဉ်ပါ ကောင်းမုကိုတော့ ထောင်ထဲကနေမထွက်စေချင်ဘူး ကျွန်တော်ပြောတာ ရဲမှူးသဘောပေါက်မယ်ထင်ပါတယ်"
"ဟုတ်ကဲ့ ကျွန်တော်သဘောပေါက်ပါတယ် ကောင်းမုဆိုတဲ့လူကလဲ ပြစ်မှုတွေမှမနည်းပဲလေ"
"ကောင်းပြီး ဒါဆို ကျွန်တော်ပြန်လိုက်ပါအုံးမယ်"
ရဲမှူးနဲ့စကားပြောပြီးပြန်ဖို့ထလုပ်တဲ့ရှောင်းကျန့်က ရုတ်တရတ်ပြန်ထိုင်လိုက်တော့ ရဲမှူးကစူးစမ်းကြည့်တယ်...
"ဒါနဲ့ မစ္စဝမ်ကို တစ်ညလောက်တော့ခေါ်ထားနိုင်မလား"
"ဗျာ? တစ်ခါထဲခေါ်သွားလို့ရပါတယ် ဥက္ကဌအဆင်မပြေလဲ သူ့အိမ်ကိုလာခေါ်ခိုင်း...."
"မနက်ကျမှ သူ့အိမ်ကလူတွေကိုလာခေါ်ခိုင်းလိုက်မယ် ဒီတစ်ညပါပဲ ဖြစ်မယ်မလား"
"အင်း ရပါတယ်"
ရဲမှူးဆီကရပါတယ်စကားကြားရုံနဲ့ ရှောင်းကျန့်က ပြုံးပြီးထွက်သွားတော့သည်....
ရဲမှူးဆီကထွက်လာတာနဲ့ စခန်းတွင်းက ထိုင်ခုံလေးမှာထိုင်နေတဲ့ ဝမ်ညီအစ်ကိုနှစ်ယောက်ကိုလှမ်းတွေ့ရတယ်.....
ခေါင်းငုံ့နေတဲ့ကောင်လေးကြောင့် ရှေ့တည့်တည့်အထိသွားရပ်ရတယ်....သူ့ခြေထောက်ကိုမြင်သွားမှခေါင်းမော့လာတဲ့ကောင်လေးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေလဲဝေ့သီလို့....
"ကို....ဟို....ဥက္ကဌရှောင်း...."
"အင်း...မင်းမာမားက စခန်းမှာနေရအုံးမယ် ကိုယ်အာမခံပေးလာပေမဲ့ စခန်းကပြန်မလွှတ်သေးဘူး မနက်မှလွှတ်ပေးမပေးဆိုတာ အကြောင်းပြန်လိမ့်မယ်"
ရှောင်းကျန့်စကားဆုံးတော့ ညီအစ်ကိုနှစ်ယောက်လုံးခေါင်းငိုက်စိုက်ကျသွားတယ်....
မိသားစုကြောင့်အမြဲစိတ်ညစ်နေရတဲ့ ကောင်လေးကို ရှောင်းကျန့်မမြင်ချင်တော့ဘူး....စိတ်ချမ်းသာစေချင်တယ် ပျော်ရွှင်စေချင်တယ်....
"မင်းတို့အမေက အခုဆို စခန်းမှာပြစ်ချက်ရှိသွားပြီမို့ နောက်တခါအခုလိုထပ်ဖြစ်ရင် ကျိန်းသေထောင်ထဲဝင်ရမှာ အခုလိုစခန်းမှာတောင်ခေါ်ထားကြမှာမဟုတ်ဘူး....အဲဒါကြောင့် နောက်တခါထပ်မဖြစ်ဖို့လိုတယ်....မင်း! လိမ္မာသင့်ပြီ နောက်တခါ လောင်းကစားထပ်လုပ်နေမယ်ဆိုရင် မင်းအမေရော မင်းကိုရော ဘယ်သူမှအာမခံမပေးဖို့ ကိုယ်လုပ်နိုင်တယ်ဆိုတာသိထားပေး....ကိုယ့်ကိုခွင့်ပြုကြအုံး"
မျက်နှာထားခပ်တင်းတင်းဖြင့် ကိုကြီးကိုဦးတည်ပြီးဆူသွားတဲ့ ဥက္ကဌရှောင်းကြောင့် ရိပေါ်ပင်တုပ်တုပ်မလှုပ်ရဲ...
သူတို့ရှေ့မှထွက်သွားတော့မှ ကိုကြီးဆီမှ ခပ်ယိုင်ယိုင်အသံထွက်လာတယ်...
"ရိ ရိပေါ် အဲ အဲဒိဥက္ကဌရှောင်းက အဲလောက်....အဲလောက်အာဏာရှိတာလား"
"ကျိမ်းသေပေါက်အဲထက်အာဏာရှိတယ်ကိုကြီး သူ့စကားအသွားအလာအရ မာမားကတော့ အမြန်ဆုံးလွတ်မှာပါ"
"ငါ ငါ...နောက်ဆိုလိမ္မာတော့မယ် မာမားပြန်လာရင်လည်း လောင်းကစားပြန်မလုပ်အောင် ကိုကြီးတားမယ်ကွာ...ရိပေါ် ညီလေးက အဲဒိဥက္ကဌရှောင်းနဲ့ရင်းနှီးတယ်မလား ငါတို့အတွက်ကူပြောပေးအုံးနော် ပြီး ပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတာကိုရော...ကိုကြီး မာမားကိုသွားကြည့်လိုက်အုံးမယ်"
ပြောချင်ရာပြောပြီးထွက်သွားတဲ့ကိုကြီးဟာ ရိပေါ်ရဲ့စကားပြန်ကိုတောင်မစောင့်....
ရင်းနှီးတယ်မလားတဲ့...အရင်ကတော့ဟုတ်တာပေါ့ အခုတော့ အဲဒိရင်းနှီးမှုတွေကို သူကိုယ်တိုင်ပဲဖျတ်ဆီးပစ်ခဲ့တာပဲ...
ကိုကြီးနဲ့သူနဲ့မာမားကိစ္စကြောင့် စခန်းကိုအပြေးရောက်လာတုန်း ကိုကိုးကိုတွေ့ရတာကြောင့် ရိပေါ်မှာအံ့အားသင့်ရသေးသည်....
သူ့ကိုမြင်တဲ့ကိုကိုးကတော့ ဘာမှစိတ်မပူနဲ့လို့ပြောပြီး သူတို့ညီအစ်ကိုနှစ်ယောက်ကို ထိုင်ခုံမှာပဲထိုင်စောင့်နေစေခဲ့တာ....။ အစစအရာရာ အဆင်ပြေအောင် လုပ်ပေးသွားတဲ့ကိုကိုးကို....
ကျေးဇူးတင်စကားလဲ မပြောလိုက်ရ....
တောင်းပန်စကားလဲ မပြောလိုက်ရနဲ့....
ဖုန်းလေးကိုကြည့်ရင်း သက်ပြင်းအရှည်ကြီးချကာ စခန်းထဲမှထွက်လာတော့ ကားကိုမှီကာရပ်နေတဲ့ ဥက္ကဌရှောင်းကိုတွေ့လိုက်ရတယ်....
ခြေလှမ်းကျယ်ကျယ်တွေနဲ့ သူ့ဆီလျှောက်လာတဲ့ကိုကိုးကို ကြည့်နေရင်း ရိပေါ်သေချာသွားခဲ့တယ်...
သူ့နှလုံးသားထဲ တင်းကျပ်စွာချည်နှောင်ထားပြီဖြစ်တဲ့ ချစ်ခြင်းတရားတွေကြောင့် ကိုကိုးကို သူလက်မလွတ်နိုင်ဘူး...
အကယ်၍ ဝေးခဲ့ရင်တောင် သူ့နှလုံးသားက ကိုကိုးကိုမှတ်မိနေမှာအသေအချာပဲ အဲလောက်ထိ ကိုကိုးကို သူချစ်မိနေခဲ့တာ.....။
"ဘာဖြစ်လာတာလဲ ဘယ်သူဘာလုပ်လိုက်တာလဲ"
မျက်ရည်အနည်းငယ်ဝေ့နေတဲ့မျက်လုံးတွေကြည့်ပြီး ကိုကိုးမေးလာတာမို့ မျက်တောင်တွေနဲ့ပုတ်ခတ်လိုက်ပြီး မျက်ရည်စတွေကိုသိမ်းဆည်းလိုက်တယ်...
"ဘာမှမဖြစ်ပါဘူး"
"ဟုတ်ရဲ့လား သေချာလို့လား"
သူ့ကိုအသေအချာကြည့်ရင်း စိုးရိမ်စွာမေးနေသည့်ကိုကိုးကြောင့်ရိပေါ်ကြာရှည်အောင်တင်းမခံနိုင်တော့ပဲ ခုနသိမ်းဆည်းထားသည့်မျက်ရည်စတို့ဟာ ရေစီးကမ်းပြိုသလိုတရိပ်ရိပ်ကျဆင်းလာတော့သည်...
"ဟင့် ကိုကိုး ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ် အီးဟီး......"
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကိုကိုးနားလည်တယ် ဝမ်လေးကို ကိုကိုးနားလည်တယ်နော်"
ရင်ခွင်ထဲဝင်ပြီး ရှောင်းကျန့်ခါးကိုဖတ်ကာငိုကြွေးလာသည့်ကောင်လေးဟာ တကယ်ကို ဝမ်းနည်းပက်လက်....
"ဟင့်...ကျွန်တော်ကိုလေ ခွင့်မလွှတ်နဲ့နော် ကိုကိုးဘာလုပ်လုပ် ဘာပြောပြောလက်ခံပါ့မယ် နော်...."
"တကယ်လား"
"ဟုတ်"
"အဲဒါဆို ကိုယ့်ကိုနမ်း"
"ဟင်! ဟို....အဲဒါက..."
"ဘာလုပ်လုပ် ဘာပြောပြောလက်ခံပါမယ်ဆို"
သူ့စကားနဲ့သူ ချောင်ပိတ်သွားတဲ့ကောင်လေးက ပတ်ဝန်းကျင်ကိုအကဲခတ်ဟန်ရှိပြီး ရှောင်းကျန့်ပါးကိုဖြတ်ခနဲလာနမ်းတယ်....
"သိပ်တော့မကျေနပ်သေးပေမဲ့ ရဲစခန်းရှေ့မှာမို့ ထားလိုက်တော့ အိမ်ပြန်မယ်မလား ကိုယ်လိုက်ပို့မယ်"
"ဟို...ကိုကြီးက..."
"ထားလိုက် သူ့ဘာသာသူပြန်လာပလေ့စေ"
ရှောင်းကျန့်ကပြောပြောဆိုဆို ကားတံခါးကိုဖွင့်ပြီး ရိပေါ်ကိုကားထဲအတင်းထည့်ကာ သူလဲမောင်းသူနေရာဝင်ထိုင်လို့ ကားမောင်းထွက်လာခဲ့သည်....
တစ်လမ်းလုံးစကားမပြောပဲ ရှောင်းကျန့်မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေသည့်ကောင်ငယ်လေးဟာ....မျက်တောင်မှခတ်ပါရဲ့လား.....
"ကိုယ့်ကိုဘာလို့အဲလောက်ကြည့်နေရတာလဲဘေဘီ ကိုယ့်မျက်နှာမှာတစ်ခုခုပေနေလို့လား"
"ဟင့်အင်း.....ကျွန်တော် ကိုကိုးကို ဘယ်နားကစတောင်းပန်ရမလဲမသိလို့"
"ဟောဗျာ ထပ်တောင်းပန်အုံးမလို့လားခင်ဗျားလေးက"
"ကိုကိုးဘယ်လိုမှမနေဘူးလား ကျွန်တော် ကျွန်တော်ကိုကိုးကိုပြောခဲ့တာတွေအတွက်"
ရှောင်းကျန့်က ကားမောင်းနေတာမို့ ရှေ့တည့်တည့်ကိုသာကြည့်နေပြီး လက်တစ်ဖက်ကရိပေါ်ရဲ့ခေါင်းလေးကိုလှမ်းဖွတယ်....
"စိတ်မကောင်းတော့ဖြစ်မိတာပေါ့ဝမ်လေးရဲ့ ဒါပေမဲ့ ဝမ်လေးကကိုကိုးရဲ့အပိုင်ပဲလေ အချိန်တန်ရင် ကိုယ့်ရင်ခွင်ထဲပဲရောက်လာရမှာ ဝမ်လေး ဘယ်ပဲထွက်သွားထွက်သွား ကိုကိုးက မရမကလိုက်ခေါ်မှာ အဲဒါကိုအမြဲမှတ်ထား"
ရိပေါ်က သူ့ခေါင်းကိုဖွနေတဲ့ရှောင်းကျန့်ရဲ့လက်ကိုဆွဲယူကာ ဖတ်ထားလိုက်ပြီး ပါးလေးနဲ့ပွတ်ကာ....
"ကျွန်တော် ဘယ်မှလဲထွက်မသွားဘူး နောက်ဘယ်တော့မှလဲ ကိုကိုးကိုစိတ်မကောင်းဖြစ်အောင်မလုပ်တော့ပါဘူး
ပြီးတော့ ကိုကိုးကို ချစ်တယ်"
>>>
————————————————————————————
Zawgyi
"သူက ေကာင္းမုေခၚလို႔သြားရတာပါ ဒီကိစၥေတြနဲ႔ဘာမွမဆိုင္ဘူး"
"ဟုတ္ကဲ့ ဥကၠဌေရွာင္းကိုယ္တိုင္အာမခံေနမွေတာ့ ကြၽန္ေတာ္တို႔လဲ အမႈတြဲထဲမထည့္ေတာ့ပါဘူးဗ်ာ"
"ေက်းဇူးတင္ပါတယ္ က်န္တဲ့သူေတြကိုေတာ့ တရားဥပေဒအတိုင္းစီစဥ္ပါ ေကာင္းမုကိုေတာ့ ေထာင္ထဲကေနမထြက္ေစခ်င္ဘူး ကြၽန္ေတာ္ေျပာတာ ရဲမႉးသေဘာေပါက္မယ္ထင္ပါတယ္"
"ဟုတ္ကဲ့ ကြၽန္ေတာ္သေဘာေပါက္ပါတယ္ ေကာင္းမုဆိုတဲ့လူကလဲ ျပစ္မႈေတြမွမနည္းပဲေလ"
"ေကာင္းၿပီး ဒါဆို ကြၽန္ေတာ္ျပန္လိုက္ပါအုံးမယ္"
ရဲမႉးနဲ႔စကားေျပာၿပီးျပန္ဖို႔ထလုပ္တဲ့ေရွာင္းက်န္႔က ႐ုတ္တရတ္ျပန္ထိုင္လိုက္ေတာ့ ရဲမႉးကစူးစမ္းၾကည့္တယ္...
"ဒါနဲ႔ မစၥဝမ္ကို တစ္ညေလာက္ေတာ့ေခၚထားႏိုင္မလား"
"ဗ်ာ? တစ္ခါထဲေခၚသြားလို႔ရပါတယ္ ဥကၠဌအဆင္မေျပလဲ သူ႔အိမ္ကိုလာေခၚခိုင္း...."
"မနက္က်မွ သူ႔အိမ္ကလူေတြကိုလာေခၚခိုင္းလိုက္မယ္ ဒီတစ္ညပါပဲ ျဖစ္မယ္မလား"
"အင္း ရပါတယ္"
ရဲမႉးဆီကရပါတယ္စကားၾကား႐ုံနဲ႔ ေရွာင္းက်န္႔က ၿပဳံးၿပီးထြက္သြားေတာ့သည္....
ရဲမႉးဆီကထြက္လာတာနဲ႔ စခန္းတြင္းက ထိုင္ခုံေလးမွာထိုင္ေနတဲ့ ဝမ္ညီအစ္ကိုႏွစ္ေယာက္ကိုလွမ္းေတြ႕ရတယ္.....
ေခါင္းငုံ႔ေနတဲ့ေကာင္ေလးေၾကာင့္ ေရွ႕တည့္တည့္အထိသြားရပ္ရတယ္....သူ႔ေျခေထာက္ကိုျမင္သြားမွေခါင္းေမာ့လာတဲ့ေကာင္ေလးရဲ႕မ်က္ဝန္းေတြမွာ မ်က္ရည္ေတြလဲေဝ့သီလို႔....
"ကို....ဟို....ဥကၠဌေရွာင္း...."
"အင္း...မင္းမာမားက စခန္းမွာေနရအုံးမယ္ ကိုယ္အာမခံေပးလာေပမဲ့ စခန္းကျပန္မလႊတ္ေသးဘူး မနက္မွလႊတ္ေပးမေပးဆိုတာ အေၾကာင္းျပန္လိမ့္မယ္"
ေရွာင္းက်န္႔စကားဆုံးေတာ့ ညီအစ္ကိုႏွစ္ေယာက္လုံးေခါင္းငိုက္စိုက္က်သြားတယ္....
မိသားစုေၾကာင့္အၿမဲစိတ္ညစ္ေနရတဲ့ ေကာင္ေလးကို ေရွာင္းက်န္႔မျမင္ခ်င္ေတာ့ဘူး....စိတ္ခ်မ္းသာေစခ်င္တယ္ ေပ်ာ္႐ႊင္ေစခ်င္တယ္....
"မင္းတို႔အေမက အခုဆို စခန္းမွာျပစ္ခ်က္ရွိသြားၿပီမို႔ ေနာက္တခါအခုလိုထပ္ျဖစ္ရင္ က်ိန္းေသေထာင္ထဲဝင္ရမွာ အခုလိုစခန္းမွာေတာင္ေခၚထားၾကမွာမဟုတ္ဘူး....အဲဒါေၾကာင့္ ေနာက္တခါထပ္မျဖစ္ဖို႔လိုတယ္....မင္း! လိမၼာသင့္ၿပီ ေနာက္တခါ ေလာင္းကစားထပ္လုပ္ေနမယ္ဆိုရင္ မင္းအေမေရာ မင္းကိုေရာ ဘယ္သူမွအာမခံမေပးဖို႔ ကိုယ္လုပ္ႏိုင္တယ္ဆိုတာသိထားေပး....ကိုယ့္ကိုခြင့္ျပဳၾကအုံး"
မ်က္ႏွာထားခပ္တင္းတင္းျဖင့္ ကိုႀကီးကိုဦးတည္ၿပီးဆူသြားတဲ့ ဥကၠဌေရွာင္းေၾကာင့္ ရိေပၚပင္တုပ္တုပ္မလႈပ္ရဲ...
သူတို႔ေရွ႕မွထြက္သြားေတာ့မွ ကိုႀကီးဆီမွ ခပ္ယိုင္ယိုင္အသံထြက္လာတယ္...
"ရိ ရိေပၚ အဲ အဲဒိဥကၠဌေရွာင္းက အဲေလာက္....အဲေလာက္အာဏာရွိတာလား"
"က်ိမ္းေသေပါက္အဲထက္အာဏာရွိတယ္ကိုႀကီး သူ႔စကားအသြားအလာအရ မာမားကေတာ့ အျမန္ဆုံးလြတ္မွာပါ"
"ငါ ငါ...ေနာက္ဆိုလိမၼာေတာ့မယ္ မာမားျပန္လာရင္လည္း ေလာင္းကစားျပန္မလုပ္ေအာင္ ကိုႀကီးတားမယ္ကြာ...ရိေပၚ ညီေလးက အဲဒိဥကၠဌေရွာင္းနဲ႔ရင္းႏွီးတယ္မလား ငါတို႔အတြက္ကူေျပာေပးအုံးေနာ္ ၿပီး ၿပီးေတာ့ေက်းဇူးတင္ပါတယ္ဆိုတာကိုေရာ...ကိုႀကီး မာမားကိုသြားၾကည့္လိုက္အုံးမယ္"
ေျပာခ်င္ရာေျပာၿပီးထြက္သြားတဲ့ကိုႀကီးဟာ ရိေပၚရဲ႕စကားျပန္ကိုေတာင္မေစာင့္....
ရင္းႏွီးတယ္မလားတဲ့...အရင္ကေတာ့ဟုတ္တာေပါ့ အခုေတာ့ အဲဒိရင္းႏွီးမႈေတြကို သူကိုယ္တိုင္ပဲဖ်တ္ဆီးပစ္ခဲ့တာပဲ...
ကိုႀကီးနဲ႔သူနဲ႔မာမားကိစၥေၾကာင့္ စခန္းကိုအေျပးေရာက္လာတုန္း ကိုကိုးကိုေတြ႕ရတာေၾကာင့္ ရိေပၚမွာအံ့အားသင့္ရေသးသည္....
သူ႔ကိုျမင္တဲ့ကိုကိုးကေတာ့ ဘာမွစိတ္မပူနဲ႔လို႔ေျပာၿပီး သူတို႔ညီအစ္ကိုႏွစ္ေယာက္ကို ထိုင္ခုံမွာပဲထိုင္ေစာင့္ေနေစခဲ့တာ....။ အစစအရာရာ အဆင္ေျပေအာင္ လုပ္ေပးသြားတဲ့ကိုကိုးကို....
ေက်းဇူးတင္စကားလဲ မေျပာလိုက္ရ....
ေတာင္းပန္စကားလဲ မေျပာလိုက္ရနဲ႔....
ဖုန္းေလးကိုၾကည့္ရင္း သက္ျပင္းအရွည္ႀကီးခ်ကာ စခန္းထဲမွထြက္လာေတာ့ ကားကိုမွီကာရပ္ေနတဲ့ ဥကၠဌေရွာင္းကိုေတြ႕လိုက္ရတယ္....
ေျခလွမ္းက်ယ္က်ယ္ေတြနဲ႔ သူ႔ဆီေလွ်ာက္လာတဲ့ကိုကိုးကို ၾကည့္ေနရင္း ရိေပၚေသခ်ာသြားခဲ့တယ္...
သူ႔ႏွလုံးသားထဲ တင္းက်ပ္စြာခ်ည္ေႏွာင္ထားၿပီျဖစ္တဲ့ ခ်စ္ျခင္းတရားေတြေၾကာင့္ ကိုကိုးကို သူလက္မလြတ္ႏိုင္ဘူး...
အကယ္၍ ေဝးခဲ့ရင္ေတာင္ သူ႔ႏွလုံးသားက ကိုကိုးကိုမွတ္မိေနမွာအေသအခ်ာပဲ အဲေလာက္ထိ ကိုကိုးကို သူခ်စ္မိေနခဲ့တာ.....။
"ဘာျဖစ္လာတာလဲ ဘယ္သူဘာလုပ္လိုက္တာလဲ"
မ်က္ရည္အနည္းငယ္ေဝ့ေနတဲ့မ်က္လုံးေတြၾကည့္ၿပီး ကိုကိုးေမးလာတာမို႔ မ်က္ေတာင္ေတြနဲ႔ပုတ္ခတ္လိုက္ၿပီး မ်က္ရည္စေတြကိုသိမ္းဆည္းလိုက္တယ္...
"ဘာမွမျဖစ္ပါဘူး"
"ဟုတ္ရဲ႕လား ေသခ်ာလို႔လား"
သူ႔ကိုအေသအခ်ာၾကည့္ရင္း စိုးရိမ္စြာေမးေနသည့္ကိုကိုးေၾကာင့္ရိေပၚၾကာရွည္ေအာင္တင္းမခံႏိုင္ေတာ့ပဲ ခုနသိမ္းဆည္းထားသည့္မ်က္ရည္စတို႔ဟာ ေရစီးကမ္းၿပိဳသလိုတရိပ္ရိပ္က်ဆင္းလာေတာ့သည္...
"ဟင့္ ကိုကိုး ကြၽန္ေတာ္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အီးဟီး......"
"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး ကိုကိုးနားလည္တယ္ ဝမ္ေလးကို ကိုကိုးနားလည္တယ္ေနာ္"
ရင္ခြင္ထဲဝင္ၿပီး ေရွာင္းက်န္႔ခါးကိုဖတ္ကာငိုေႂကြးလာသည့္ေကာင္ေလးဟာ တကယ္ကို ဝမ္းနည္းပက္လက္....
"ဟင့္...ကြၽန္ေတာ္ကိုေလ ခြင့္မလႊတ္နဲ႔ေနာ္ ကိုကိုးဘာလုပ္လုပ္ ဘာေျပာေျပာလက္ခံပါ့မယ္ ေနာ္...."
"တကယ္လား"
"ဟုတ္"
"အဲဒါဆို ကိုယ့္ကိုနမ္း"
"ဟင္! ဟို....အဲဒါက..."
"ဘာလုပ္လုပ္ ဘာေျပာေျပာလက္ခံပါမယ္ဆို"
သူ႔စကားနဲ႔သူ ေခ်ာင္ပိတ္သြားတဲ့ေကာင္ေလးက ပတ္ဝန္းက်င္ကိုအကဲခတ္ဟန္ရွိၿပီး ေရွာင္းက်န္႔ပါးကိုျဖတ္ခနဲလာနမ္းတယ္....
"သိပ္ေတာ့မေက်နပ္ေသးေပမဲ့ ရဲစခန္းေရွ႕မွာမို႔ ထားလိုက္ေတာ့ အိမ္ျပန္မယ္မလား ကိုယ္လိုက္ပို႔မယ္"
"ဟို...ကိုႀကီးက..."
"ထားလိုက္ သူ႔ဘာသာသူျပန္လာပေလ့ေစ"
ေရွာင္းက်န္႔ကေျပာေျပာဆိုဆို ကားတံခါးကိုဖြင့္ၿပီး ရိေပၚကိုကားထဲအတင္းထည့္ကာ သူလဲေမာင္းသူေနရာဝင္ထိုင္လို႔ ကားေမာင္းထြက္လာခဲ့သည္....
တစ္လမ္းလုံးစကားမေျပာပဲ ေရွာင္းက်န္႔မ်က္ႏွာကို အရိပ္တၾကည့္ၾကည့္ ၾကည့္ေနသည့္ေကာင္ငယ္ေလးဟာ....မ်က္ေတာင္မွခတ္ပါရဲ႕လား.....
"ကိုယ့္ကိုဘာလို႔အဲေလာက္ၾကည့္ေနရတာလဲေဘဘီ ကိုယ့္မ်က္ႏွာမွာတစ္ခုခုေပေနလို႔လား"
"ဟင့္အင္း.....ကြၽန္ေတာ္ ကိုကိုးကို ဘယ္နားကစေတာင္းပန္ရမလဲမသိလို႔"
"ေဟာဗ်ာ ထပ္ေတာင္းပန္အုံးမလို႔လားခင္ဗ်ားေလးက"
"ကိုကိုးဘယ္လိုမွမေနဘူးလား ကြၽန္ေတာ္ ကြၽန္ေတာ္ကိုကိုးကိုေျပာခဲ့တာေတြအတြက္"
ေရွာင္းက်န္႔က ကားေမာင္းေနတာမို႔ ေရွ႕တည့္တည့္ကိုသာၾကည့္ေနၿပီး လက္တစ္ဖက္ကရိေပၚရဲ႕ေခါင္းေလးကိုလွမ္းဖြတယ္....
"စိတ္မေကာင္းေတာ့ျဖစ္မိတာေပါ့ဝမ္ေလးရဲ႕ ဒါေပမဲ့ ဝမ္ေလးကကိုကိုးရဲ႕အပိုင္ပဲေလ အခ်ိန္တန္ရင္ ကိုယ့္ရင္ခြင္ထဲပဲေရာက္လာရမွာ ဝမ္ေလး ဘယ္ပဲထြက္သြားထြက္သြား ကိုကိုးက မရမကလိုက္ေခၚမွာ အဲဒါကိုအၿမဲမွတ္ထား"
ရိေပၚက သူ႔ေခါင္းကိုဖြေနတဲ့ေရွာင္းက်န္႔ရဲ႕လက္ကိုဆြဲယူကာ ဖတ္ထားလိုက္ၿပီး ပါးေလးနဲ႔ပြတ္ကာ....
"ကြၽန္ေတာ္ ဘယ္မွလဲထြက္မသြားဘူး ေနာက္ဘယ္ေတာ့မွလဲ ကိုကိုးကိုစိတ္မေကာင္းျဖစ္ေအာင္မလုပ္ေတာ့ပါဘူး
ၿပီးေတာ့ ကိုကိုးကို ခ်စ္တယ္"
>>>