"သား ရိပေါ် သားရဲ့သူဌေးရောက်နေတယ် ထွက်လာခဲ့အုံးနော်"
အခန်းပြင်ကနေ ပါပါးရဲ့ခေါ်သံကြားတော့ ရိပေါ်ထိတ်လန့်သွားသည်...
*ကိုကိုးကဘာလိုလိုက်လာတာလဲ....
"ပင်ပန်းလို့ဆိုပြီး အလုပ်လဲမသွားဘူးသူဌေးရယ် မနေ့ကပြန်ရောက်ကတည်းကအခန်းထဲကထွက်မလာဘူး"
ရိပေါ်ပါပါးက ရှောင်းကျန့်ကိုအားနာပြီး စကားတွေပြောပေးနေပေမဲ့ အခန်းထဲကနေချက်ချင်းလိုက်ထွက်မလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရဲ့အာရုံအလုံးစုံဟာ အိပ်ခန်းဝဆီမှာသာ.....၊
အတန်ကြာမှ အပေါ်ထပ်လေးတစ်ထည်ဝတ်ပြီးထွက်လာတဲ့ရိပေါ်ဟာ မျက်နှာလေးနွမ်းနေပေမဲ့ သူ့ပါပါးမရိပ်မိစေဖို့ရာအပြုံးတစ်ခုနဲ့ပဲ...
"ပါပါး အလုပ်ကိစ္စပြောမို့ ဘော့စ်နဲ့အပြင်ခဏလိုက်သွားအုံးမယ်နော်"
....
အပြင်ရောက်တာနဲ့ လမ်းဘေးမှာရပ်ထားတဲ့ ဘော့စ်ရဲ့ကားနားမှာပဲရပ်ကာ...
"ဘာကိစ္စရှိလို့ပါလဲဘော့စ်"
အစိမ်းသက်သက်အခေါ်အဝေါ်ကြောင့် ရှောင်းကျန့်ဟာ မျက်မှောင်တစ်ချက်ကြုံ့သွားပြီး...
"ဖြစ်သွားတဲ့ပြသာနာတွေသိပြီးပြီ"
"အင်း....ကျွန်တော်မေမေကြီးပိုက်ဆံတွေ တစ်ပြားမကျန်အကုန်ဆပ်မှာပါ"
"ကိုယ်ပိုက်ဆံကိစ္စပြောချင်တာမဟုတ်ဘူးဆိုတာဝမ်လေးသိပါတယ်...အခုဖြစ်တဲ့ကိစ္စပေါ်မှာလည်း ကိုယ်မင်းကိုယုံတယ် အခုလာတယ်ဆိုတာလည်း မင်းကိုစိုးရိမ်လို့....ခရီးရောက်မစိုက်ကြားလိုက်ရတဲ့သတင်းကြောင့် ဘယ်လောက်တောင်စိတ်ပူခဲ့ရလဲ တစ်ခုခုဆိုကိုယ့်ကိုပြောဖို့မှာထားတယ်လေဝမ်လေးရယ်"
"ဘော့စ်ရဲ့စေတနာကို ကျွန်တော်နားလည်ပါတယ် ဒါပေမဲ့...ဘယ်တတ်နိုင်ပါ့မလဲ ကျွန်တော့ကံကိုကအခုလိုဖြစ်လာဖို့ပါလာတာပဲ"
"ကျစ် မင်းအခုကိုယ်နဲ့လိုက်ခဲ့ မင်းမှာအပြစ်မရှိကြောင်း သွားရှင်းမယ်"
ရိပေါ်ရဲ့လက်ကိုဆွဲကာ ကားတံခါးဖွင့်ဖို့လုပ်နေတဲ့ကိုကိုးကြောင့် တွဲထားတဲ့လက်ကိုဖြုတ်ချလိုက်သည်....
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....