18

2.6K 239 13
                                    

"ဟဲ့ ဘော့စ်က ယွင်မိန်းကလေးနဲ့စေ့စပ်တော့မှာဆို"

"ငါလဲအဲလိုပဲကြားတာပဲ X Group မှာလဲ ဒါပဲပြောနေကြတာ...ဒါနဲ့ ဝမ်ရိပေါ် နင်က ဘော့စ်နဲ့နဲနဲနီးစပ်တယ်မလား ဘော့စ်သတင်းဘာကြားသေးလဲ"

ပစ္စည်းတွေစီနေကြရင်း ဘော့စ်ရဲ့အကြောင်းပြောနေသူနှစ်ယောက်က သူတို့ဘာသာသူတို့ပြောတာအားမရလို့ ရိပေါ်ကိုပါဆွဲထည့်လာတယ်....

"ဟမ် မသိဘူးလေ အဲဒါကဘော့စ်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲ ငါလဲဘယ်သိမလဲ"

"နင်ကဘော့စ်နားအမြဲနေရတဲ့သူလေ သိမလားမေးတာပေါ့ ဒါမှမဟုတ် နင်လျှိုထားတာမလား"

"ဖြစ်ရတယ် ဘော့စ်ကသူ့ဘာသာသူနေတာ ငါကလဲသူများကိစ္စအလကားနေလိုက်မစပ်စုတတ်ဘူး သွားလိုက်ပါအုံးမယ် ဟွန့်"

ဝမ်ရိပေါ်နှာမှုတ်ပြီးထွက်သွားတော့ ကျန်နှစ်ယောက်ကစွေ့စွေ့ခုန်ပြီးကျန်ခဲ့ကြတယ်....ပြောကြအုံးမယ်ပြီးရင် ရိပေါ်ကဘော့စ်နားနေရလို့ ဘဝင်မြင့်တယ်ဆိုပြီး....

နေရာချင်းတောင်လဲလိုက်ချင်တယ်...ဘော့စ်နားနေရတာ ဘယ်လောက်စိတ်အိုက်ပြီး နှာခေါင်းသွေးလျှံချင်စရာကောင်း....

*အဲ... နှာဗူးမတွေပဲနှာခေါင်းသွေးလျှံမှာ ငါကဘာကိစ္စနဲ့လျှံရမှာလဲ...ဟုတ်တယ်...


တကယ်လဲ ဥက္ကဌရှောင်းရဲ့စေ့စပ်ပွဲသတင်းဟာ ကုမ္ပဏီမှာတင်မဟုတ် social media တခွင်မှာပါပြန့်နှံ့နေတယ်...

"တောက်! ဒီသတင်းဘယ်သူဖွတာလဲ"

"...."

"ယွီပင်း!!"

"ဟို...သတင်းစတင်တာက ယွင်လုပ်ငန်းစုဘက်ကပါဘော့စ် ဒါပေမဲ့ သူတို့ဘက်က မေမေကြီးရဲ့ခွင့်ပြုချက်ရလို့တင်တာလို့ပြောပါတယ်"

"ကျစ်! အာရုံပဲကွာ...အခုချက်ချင်းအဲသတင်းတွေဖြုတ်ချပစ် ဘယ်လောက်ကုန်ကုန်နော် နာရီဝက်အတွင်း ငါ့ရဲ့စေ့စပ်ပွဲသတင်းမှန်သမျှအကုန်ပျောက်တာမြင်ချင်တယ်ယွီပင်း မင်းကြိုးစားပေးအုံး"

"ဟုတ် ဘော့စ်စိတ်ချပါ"

ရှောင်းကျန့်ကိုနှုတ်ဆက်ပြီးတာနဲ့ ယွီပင်းကအခန်းထဲမှထွက်သွားသည်....နားထင်ကိုလက်နဲ့ထိုးဖိထားတဲ့ရှောင်းကျန့်က ဖုန်းကိုကောက်ကိုင်လိုက်ပြီး တစ်စုံတစ်ယောက်စီစာပို့လိုက်သည်...

Falling For YouWhere stories live. Discover now