"ဆေးခါး" [ completed ]
By Hsu-44
36.4K 2.9K 196
ပျိုဖျော်တိုက်တဲ့ဆေးခါးတစ်ခွက်။ တို့တစ်ကြိုက်ထဲမော့လိုက်တယ်။ More
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15) 🚨
Part (16) 🔞
Part (17)
Part (18)
Part (19) 🔞
Part (20)
Part (21)
The End
Part (1)
4K 188 9
By Hsu-44
ဖန်ခွက်ထဲကအေးစက်နေပြီဖြစ်တဲ့ကော်ဖီရဲ့အနံ့ကနှာခေါင်းထဲသို့တိုးဝင်လာပြီးနားစည်ဝသို့တိုးဝင်လာတဲ့ Mozart ရဲ့(eine kleine nachtmusik) တီးလုံးသံကကျွန်မရဲ့အကြားအာရုံထဲသို့‌ရောက် လာသည်။Mozart ကိုကျွန်မနှစ်သက်ပါတယ်။သို့ပေမယ့် 12 " size ရှိတဲ့အဲ့ဒီ Vinyl အပြားအမဲရောင်ကြီးဆီကအသံတစ်ခုခုကကျွန်မရဲ့နာကျည်းဖွယ်အတိတ်ဇာတ်ကြောင်းကိုနှိုးဆွပေးနေသယောင်ထင်ရတယ်‌လေ။
"အေးမူ ! အေးမူ"
ခြောက်သွေ့ပြီးအေးစက်မဲမှောင်နေတဲ့ဒီအိမ်ကြီး
ထဲမှာကျွန်မရယ်၊အေးမူရယ်ခြံစောင့်ကြီးဦးမိုးရယ်ဒါလူအကုန်ပဲ။ကျန်တာကခွေးတွေ။ဒိုလီနဲ့ပိုလီ။ဪ .. မေ့လို့။ခြံထဲကတောင်ဘက်ထောင့်စွန်းကျကျမှာတမာပင်တစ်ပင်ရှိ‌တယ်လေ။တမာပင်ရဲ့မြေသားမာမာအောက်မှာတော့တစ်ယောက်ယောက်ရှိနေမလား‌တော့ကျွန်မမပြောတတ်ဘူး။
"အေးမူ ! ဟ ဘယ်လိုလဲ သေကုန်ကြတာလား"
နှစ်တစ်ရာကျွန်းသားတွေနဲ့ဆောက်လုပ်ခဲ့တဲ့ဒီအိမ်ကြီးရဲ့လှေကားထစ်တွေပေါ်တစ်စုံတစ်ယောက်ခြေချလို့ပြေးလွှားနေမိပြီဆိုလျှင်တော့တကျွီကျွီမည်သံအချို့ကြားရပေလိမ့်မည်။
"အန်တီကျူး .. သမီးကိုခေါ်လား"
"အေး လာဦး .. ဘယ်အလေလိုက်နေလို့
ခေါ်မကြား အော်မကြားဖြစ်နေတာတုန်း"
"ဟို .. အောက်မှာတယ်လီဖုန်းပြောနေတာပါဒေါ်ကြီးသိမ့်ကမနက်ဖြန်လာမယ်လို့ပြောပါတယ်"
"သေချာပြောလိုက်လား .. ကျန်းမာရေးစစ်ဆေး
ချက်ယူခဲ့ဖို့"
"ဟုတ် ပြောလိုက်ပါတယ်"
"ငါ တစ်ရေးလောက်အိပ်ဦးမယ် .. ညနေ
မောင်မောင်လာလိမ့်မယ် ..သူကြိုက်တဲ့ပုဇွန်
တုတ်ချက်ထားလိုက်ကြားလား လေးနာရီလောက်ငါ့ကိုလာနှိုးဟုတ်ပြီလား"
"ဟုတ်"
အိပ်ယာပေါ်ရောက်တော့မျက်နှာကျက်ရဲ့တစ်နေရာထဲကိုစူးစိုက်လို့အကြာကြီးငေးလိုက်ရာ
"ခစ်ခစ် .. ရှင်သိပါတယ် အဲ့လိုတဏှာရူးပြီး
ကြည့်တဲ့ရှင့်အကြည့်တွေကိုကျွန်မဘယ်လောက်အသည်းယားလဲဆိုတာ"
ဒီအိမ်မှာကျွန်မစကားမပြောဖူးတဲ့သက်မဲ့ဆိုတာမရှိသလောက်ပဲ။မီးဖိုချောင်ထဲကစားပွဲခုံတွေနဲ့လည်းတစ်ခါခါစကားပြောတယ်။ကြမ်းပြင်ကိုငုံ့ကြည့်လို့လည်းတစ်ခါတစ်ခါစကားပြောတယ်။နံရံတွေနဲ့စကားပြောတယ်။စိတ်ကူးပေါက်လို့ရှိရင်ခြံထောင့်ကတမာပင်ကြီးနဲ့‌တောင်စကားသွားပြောသေးတယ်။အခုလည်းကြည့်လေမျက်နှာကျက်ကိုကျွန်မစကားပြောနေပြန်ပြီ။
မျက်နှာကျက်ထဲကခုန်ထွက်လာခဲ့ပြီဖြစ်တဲ့သူဟာကျွန်မအိပ်နေတဲ့ကုတင်‌နားကိုတရွေ့ရွေ့လျှောက်လှမ်းလာတော့တယ်။
"ဒီနေ့လည်း မောင်မောင်ဆိုတဲ့ကောင်ကို
ခေါ်ထားသေးတာလား"
"အတိအကျပြောမယ်ဆို .. ခေါ်ထားတယ်ဆိုတာ
ထက် သူ့ဘာသာလာတာဆိုပိုမှန်လိမ့်မယ် ..
အော် .. နောက်ပြီးမောင်မောင်ကလူပါ ကောင်ဆိုတာမျိုးကတိရိစ္ဆာန်တွေကိုသာနှိုင်းတာ"
"ကျူး အင်္ကျီကရင်သားတစ်ဝက်လောက်ထိ
ပေါ်နေတယ် .."
အဲ့လိုပြောလို့ကျွန်မရင်ဘတ်ကိုပြန်ငုံ့ကြည့်ရသေးတယ်။ဟုတ်သားပဲ။
"မင်းကသိပ်ကိုလှတယ် .. ကျူးရယ်"
သူ့လက်ကြီးတွေနဲ့ကျွန်မရင်ဘတ်ကိုထိတွေ့
ပွတ်သပ်နေတာကိုကျွန်မမခံစားချင်။
"ဇွက်!!"
သူ့လည်ပင်းကသွေးတွေကကျွန်မမျက်နှာတစ်ခုလုံးနီရဲစိုရွှဲသွားအောင်ပျက်ဖြန်း၏။
"ဒေါက် ဒေါက် !"
ကျွန်မနိုးလာ၏။တစ်ကိုယ်လုံးမောဟိုက်နေသလိုချွေးစေးတွေ‌လည်းပြန်နေတယ်။ကုတင်ဘေးကစားပွဲပေါ်ကိုကြည့်လိုက်တော့ဖတ်လက်စစာအုပ်တစ်အုပ်နဲ့ဖင်ကပ်ကျန်နေတဲ့ရေအနဲငယ်ရှိသည့်ရေခွက်တစ်ခွက်၊ကျွန်မရဲ့ဖုန်း၊ဒါပဲရှိတယ်။အိမ်မက်ထဲမှာသူ့လည်ပင်းကိုထိုးခဲ့တဲ့ကပ်ကြေးတစ်လက်ကိုမရှိဘဲရှာနေမိတာဟာတစ်ကယ့်ဟာသပဲ။မျက်နှာမှာလည်းသွေးတွေလူးနေမလားပွတ်သပ်ကြည့်မိသေးတယ်။
"ဒေါက် ဒေါက်! .. အန်တီကျူး လေးနာရီထိုးပြီ"
အခန်းပြင်ဘက်ကအေးမူရဲ့စိတ်ရှုပ်စရာတံခါးခေါက်သံကိုလျစ်လျူရှုလို့ကျွန်မရေချိုးဖို့ပြင်လိုက်တော့တယ်။
မောင်မောင်လာခါနီးပြီလေ။တစ်ပတ်မှာတစ်ရက်တော့‌မောင်မောင်ကျွန်မအိမ်ကိုလာနေကြ။ကျွန်မတို့ဘာလုပ်ကြသလဲလို့လား။ဟင်းဟင်း .. ညနေပိုင်းတွေဆိုကျွန်မအနဲငယ်သောက်တယ်။ဝိုင်လောက်ပါပဲ။မောင်မောင်ကကျွန်မကြိုက်တဲ့ဝိုင်အချို့ယူ‌လာပေးတယ်လေ။စကားစမြည်ပြောတယ်။သူလည်းတစ်ပတ်တစ်ခါကျွန်မအိမ်မှာအချိန်လာဖြုန်းရတာကိုနှစ်သက်ပုံရတယ်။
ဖြီးလိမ်းပြင်ဆင်ပြီးမောင်မောင့်အလာကိုကျွန်မ
လှလှလေးစောင့်နေတတ်တယ်။ခြံထဲကဥယျာဉ်
ထဲမှာစားပွဲဝိုင်းလေးတစ်ခုချတယ်။ပိတ်စအဖြူ
လေးခင်း၊နှင်းဆီပန်းအိုးလေးတင်၊ဝိုင်တစ်ခွက်စီ
ရှေ့မှာချလို့စိတ်ကူးယဉ်ဆန်ဆန်ပဲ။
"သိပ်လှတယ် .. မမကျူး"
စားပွဲခုံပေါ်မေးတစ်ဖက်ထောက်လို့ကျွန်မကို
တစိမ့်စိမ့်ကြည့်ပြီးပြောတတ်တဲ့မောင်မောင့်စကားတစ်ခွန်းပေါ့။
— —  — —
"အမလေး မောလိုက်တာ .. ဟူး .. ဟာ့"
"ညည်းကြည့်ရတာလည်း ပျော့တိပျော့ဖတ်နဲ့
ပါအေ .. ဒီလိုပုံစံနဲ့များသူများအိမ်လာလုပ်ရတယ်လို့ .. လုပ်နိုင်ပါ့မလား .. အဲ့အိမ်ကသူဌေးမကသိပ်စည်းကမ်းကြီးတာနော် .. အပေါက်ကလည်းဆိုးချက် .. အခုလုပ်နေတဲ့ကလေးမတောင်သူ့ဒဏ်ကိုမခံနိုင်တော့လို့ထွက်တာ .. အင်း..လစာတော့ကောင်းကောင်းပေးတယ်အေ့"
တောင်ကုန်းထိပ်ပေါ်တက်ဆောက်ထားတဲ့အိမ်ရှင်ကိုအပြစ်မဆိုသာပါ။ကားလမ်းကအိမ်ထိပေါက်တာကိုး။ရွာခြေကနေကားငှားခဲ့ရင်ရတာကိုဒီလောက်အဝေးကြီးလမ်းလျှောက်လာတဲ့ဘေးကအဒေါ်ကြီးကိုသာအပြစ်ဆိုရမည်။
"ဟိုရောက်ရင် သူမေးတာကို .. ရဲရဲဝံ့ဝံ့ဖြေ
ကြောက်တာလိုလို ရွံ့တာလိုလိုဆိုအဲ့သူဌေးမက
ကြိုက်တာမဟုတ်ဘူး .. အရမ်းကြီးလည်း
စကားပေါရင်မကြိုက်ဘူး မေးတာလောက်ဖြေ
ကြားလား"
"ဟုတ်ကဲ့"
ခြံတံခါးဝအရောက်မှာ‌အဒေါ်ကြီးကတန်းစီအောင်အမှာစကားတွေခြွေ၏။အိမ်ကြီးကရှေးခေတ်ဥ‌ရောပဘန်ဂလိုကြီးတစ်လုံးအသွင်နဲ့စီးကြိုလေ၏။
"ဝုတ် .. ဝုတ် ဝုတ် !!"
အမလေး .. ကြောက်စရာခွေးမဲမဲကြီးနှစ်ကောင်။
ခွေးလှောင်အိမ်ထဲမှာပါးစပ်ကြီးတွေဖြဲလို့သားရည်တမြမြနဲ့ပါလား။ခွေးကြောက်တတ်တဲ့ပျို့အတွက်ဒီအိမ်မှာအလုပ်လုပ်ဖို့ပြန်စဉ်းစားချင်စရာပဲ။
အိမ်ကြီးကခြောက်သွေ့လွန်းလှသည်။အထဲကို
ဝင်လိုက်တော့ကြမ်းပြင်မှာအရိပ်မဲမဲကထင်ဟပ်၏။အခန်းတွေများလွန်းလှ၍လှေကားအောက်မှာစန္ဒရားတစ်လုံးဟုထင်ရသောအရာဝတ္ထုကိုပိတ်စဖြင့်ဖုံးအုပ်ထားသည်။အေးစိမ့်စိမ့်ခံစားမှုလည်းရနေ၏။ဒီလိုအိမ်ကြီးမှာသရဲတစ်ကောင်ကောင်တော့ရှိနေမှာတော့အသေအချာပဲ။
"ခဏစောင့်ပေးဦး ဒေါ်ကြီးသိမ့် .. အန်တီကျူး
ခဏနေဆင်းလာလိမ့်မယ်"
ဒီကောင်မလေးကလက်ရှိအိမ်အကူပဲဖြစ်လိမ့်မယ်။
"ရေတစ်ခွက်လောက်တော့ တိုက်ပါဦးအေးမူရယ်"
ကောင်မလေးကအားနာသွားဟန်ဖြင့်ရေသွားခပ်
တာလားမသိ။လှစ်ခနဲပျောက်သွား၏။
တကျွီကျီမြည်သံကြောင့်လှေကားရှိရာလှမ်းကြည့်လိုက်တော့အင်ဒိုနီးရှားအဆင်အနီရောင်ရင့်ရင့်ဒူးဖုံးဂါဝန်ကိုဝတ်ဆင်ထားသည့်အသားဖြူဖြူမိန်းမတစ်ဦးဆင်းလာတာတွေ့ရ၏။မလှမ်းမကမ်းကနေကြည့်၍အသားဖြူသည်ဟုပြောနိုင်တာကထင်ရှားပေါ်လွင်နေသည့်ခြေသလုံးများကအမဲရောင်ကျွန်းသားပေါ်၌လှုပ်ရှားသွားလာနေသောကြောင့်။ဖိနပ်လည်းမစီးထား၍ခြေဖမိုးသားဖြူဖြူကိုပါလှမ်းမြင်နိုင်လေ၏။
အဝေးကကြည့်ချိန်နုငယ်သယောင်ထင်ရပေမယ့်
တစ်ကယ်တမ်းနီးနီးကပ်ကပ်မြင်လိုက်ရတော့
မျက်လုံးနားတစ်ဝိုက်မှာအရေးအကြောင်း‌နဲနဲ
ထနေလေပြီ။ဆံပင်ဖြူများကိုလည်းဟိုတစ်ချောင်းဒီတစ်ချောင်းတွေ့ရ၏။အသက်ကတော့ခန့်မှန်းရခက်သည့်အနေအထား။
"‌သူပဲ .. သူဌေးမ"
"ကျန်းမာရေး စစ်ဆေးချက်ယူခဲ့လား"
"ဟဲ့ .. ဖြေလိုက်လေ"
ကြောင်ပြီးကြည့်နေလို့အဒေါ်ကြီးကတံတောင်ဖြင့်လှမ်းတွက်တာခံလိုက်ရ၏။
"ဟို .. ဟုတ်ကဲ့ ဒီမှာပါ"
လွယ်ထားတဲ့အိတ်ထဲကိုနှိုက်လို့အိတ်အကြည်ဖြင့်ပိတ်ထားသောအိတ်ကိုကမ်းပေးတော့"ဇတ်"ခနဲဆောင့်ဆွဲလိုက်သောအပြုအမှုကြောင့်တုန်သွားပြီးအနဲငယ်စိတ်မကောင်းချင်သလိုဖြစ်သွားပေမယ့်ပိုက်ဆံရှိတဲ့လူအချို့ဆိုတာငွေ‌ဂုဏ်မောက်ကြတာမဆန်းဘူးမို့အသာလေးပြန်ကျုံ့နေလိုက်ပါတယ်။
"နာမည်"
"ပျိုကဗျာပါ "
"အင်း .. အသက်က"
"နှစ်ဆယ်ပါ"
"အရင်ကရော .. အိမ်အကူလုပ်ဖူးလား"
"ဟုတ်ကဲ့"
"အရင်အိမ်က ဘာလို့ထွက်လိုက်တာလဲ"
အဲ့အိမ်ကဦးလေးကြီးကကျွန်မကိုထိကပါးရိကပါးလုပ်တာကိုမသိမသာဗီဒီယိုရိုက်ထားပြီးသူ့မိန်းမကိုပြလိုက်တယ်။သူတို့အချင်းချင်းသတ်ကြတာကိုထိုင်ကြည့်ပြီးသူ့မိန်းမပေးတဲ့ပိုက်ဆံကိုအသာလေးယူပြီးအလုပ်ထွက်ခဲ့လိုက်တာပဲလို့ပျိုအမှန်တိုင်း
ပြောမယ်ထင်နေလား။
"လစာနဲလို့ပါ"
"ဟဲ့ .."
"ဟားဟား"
အဒေါ်ကြီးကတံတောင်နဲ့လှမ်းတွက်ပြန်၏။
"မိသားစုရှိလား"
"အဖေက လေဖြတ်နေတယ် .. အမေကမရှိ
တော့ဘူး .. ညီမလေးတစ်ယောက်မောင်လေး
တစ်ယောက်ရှိပါတယ်"
ခေါင်းတစ်ချက်သာငြိမ့်ပြပြီးသနားမဲ့အရိပ်အယောင်လည်းမမြင်မိပါဘူး။
"ဒီမှာလုပ်မယ်ဆို အနဲဆုံးခြောက်လတော့
လုပ်ပေးနိုင်ရမယ် .. အဓိကကရေရှည်အလုပ်
သမားပဲလိုချင်တာမို့လို့ မင်းအနေနဲ့ကြာကြာ
လုပ်နိုင်မလား"
မသိဘူးလေ .. လုပ်မှမကြည့်ရသေးပဲလို့ပျိုပြော
မယ်ထင်နေလား။
"လုပ်နိုင်ပါတယ်ရှင့်"
"ကျောင်းက .."
"ဆယ်တန်းတက်နေတုန်း .. အဖေ့ကျန်းမာရေး
ကြောင့်ထွက်လိုက်တာပါ"
"ကံဆိုးလိုက်တာ"
ဟုတ်ကဲ့လို့ပဲပြောလိုက်ရမလား။
"အန်တီ့နာမည်က .. ကျူးရင့်ခြယ်"
နာမည်နဲ့လူနဲ့လိုက်လွန်းလို့ဘာပြောရမှန်းတောင်မသိ။အန်တီ့ပုံစံကလွန်လွန်ကျူးကျူးကိုရင့်သီးနေတဲ့ပုံစံပါပဲ။
"ဟုတ်ကဲ့ .."
"ဒီနေ့စပြီး အလုပ်ဆင်းလို့ရပြီ .. မဟုတ်ရင်တောင်အေးမူကလည်းမြန်မြန်ထွက်ချင်နေတာဆိုတော့မင်းသူ့ဆီကသင်စရာရှိတာမြန်မြန်သင်ထားလိုက်"
"ဟုတ်ကဲ့ .."
"မင်းလစာ ဘယ်လောက်မှန်းလဲ"
အရင်အိမ်ရှင်ကပျို့ကိုတစ်လနှစ်သိန်းပေးတယ်။
အန်တီ့အိမ်မှာတော့ငါးသိန်းလောက်ပေးပေါ့။အိမ်ကအကြီးကြီးလေ။ကြမ်းတိုက်ရမှာမလွယ်ဘူး။ပြီးတော့အန်တီကဘောစိပဲလို့ပျိုပြောမှာမဟုတ်။
"အရင်အိမ်တုန်းက နှစ်သိန်းပေးပါတယ်အန်တီ"
"မင်းကိုတို့ငါးသိန်းပေးမယ်"
"အဟွတ် ! အဟွတ် !"
တံတွေးတွေတောင်သီးတယ်။ပျို့စိတ်ကိုလှမ်းဖတ်နေတာများတာလား။အိမ်အကူတစ်ယောက်ရဲ့လစာကကျောင်းဆရာမတစ်ယောက်ရဲ့လစာထက်တောင်များနေသေးတယ်။ဒီအိမ်ကြီးရှင်မဂေါက်များနေတာလား။
"လုပ်ရည်ကိုင်ရည်ကြည့်ပြီး .. လစာတိုးပေးမယ်"
"ဟုတ်ကဲ့ .."
"အေးမူ လာဦး .. သူ့ကိုနင့်အခန်းထဲခေါ်သွားလိုက် လောလောဆယ်အတူအိပ်လိုက်ကြ .. နောက်နင်မရှိတော့ရင်သူ့အခန်းဖြစ်မှာပဲ .. ပြီးတော့သူ့ကိုလုပ်စရာရှိတာတွေပြလိုက် သင်ပေးစရာရှိတာအကုန်သင်ပေးခဲ့လိုက်ကြားလား"
"ဟုတ်ကဲ့ အန်တီကျူး"
ပွဲစားဖြစ်တဲ့အဒေါ်ကြီးနဲ့ကျန်တဲ့ကိစ္စတွေဆွေးနွေးနေခဲ့ကြ၍ပျိုကအေးမူခေါ်ရာနောက်သို့လိုက်ခဲ့၏။
"တစ်ရက်နှစ်ရက်တော့ .. အတူနေကြရဦးမှာ"
"အေးမူက အလုပ်သစ်ရှာပြီးပြီလား"
လက်ဆွဲအိတ်ကိုကုတင်ခြေရင်းသို့ချရင်းက
"မရှာရသေးဘူး .. ဒီမှာမလုပ်ချင်တော့လို့
အန်တီကျူးက အရမ်းငေါက်တာ .. သူစိတ်တိုင်း
မကျရင်အားမနာဘူးပြောတော့တာ တစ်ခါ
တစ်လေကျ အဲ့လိုပြောခံရရင်ကိုယ့်ကိုကိုယ်ပါ
သတ်သေချင်မိတယ်"
"ဟင် .. အဲ့လောက်ဆိုးတယ်?"
"သူကစိတ်မမှန်ဘူး .. တစ်ခါတစ်လေကျလည်း
သဘောအရမ်းကောင်းပြီးနူးနူးညံ့ညံ့လေး
နေတတ်တယ် တစ်ခါတစ်လေကျကြောက်စရာ
ကောင်းတယ် .. တစ်ယောက်ထဲလည်းစကားတွေပြောနေတတ်တယ်"
"အမလေး"
ပျို့ကျောထဲစိမ့်ခနဲချမ်းသွားရ၏။
"မရှိလို့လာလုပ်တာဆိုပေမယ့် .. မခံနိုင်တော့ဘူး"
ယခုမှစလုပ်မည့်ပျိုကတော့အားတင်းထားရ
ပေလိမ့်ဦးမည်။
"ငယ်ငယ်တုန်းက သိပ်လှခဲ့တာတဲ့ .. လင်ကျတော့ရတာကံမကောင်းဘူး သူ့ထက်ဆယ့်ငါးနှစ်လောက်ကြီးတဲ့လူကြီးနဲ့ရတာ"
"ဟုတ်လား .. အခုအဲ့လူကြီးကရော"
"သေသွားပြီ .. ကြာပြီ .. သူ့အသက်နှစ်ဆယ့်ငါး
နှစ်လောက်ထဲကသေသွားတာတဲ့ .. အန်တီကျူး
ဆယ်ရှစ်နှစ်သမီးလောက်ကမိဘတွေအတင်း
ပေးစားလို့ယူခဲ့ရတာလို့ပြောတာပဲ"
"ဪ .."
"ဒီအိမ်ကြီးက အဲ့လူကြီးဆောက်ခဲ့တာ .. ငါလည်းဒီအကြောင်းတွေကိုအရင်ထွက်သွားတဲ့ .. ဖွားမေပြောလို့သိရတာ"
"အသက်ကဘယ်လောက်ရှိပြီလဲ သူက"
"လေးဆယ့်ငါးလောက်တော့ရှိပြီထင်တယ် ..
မပြောတတ်ဘူး တစ်ခါတစ်လေလည်း နင်တို့
တော့ဘယ်ရိပ်မိမလဲ ..ငါ့အသက်ကနှစ်ရာကျော်ပြီလို့လည်းပြောတာပဲ"
တစ်ကယ်‌ဂေါက်နေတာပဲ။
"စိတ်ဝေဒနာများ ခံစားနေရတာလား"
"မိုးရွာရင်အော်တယ် .. အဲ့လိုအချိန်ဆိုတစ်အိမ်လုံးဆူညံနေတော့တာ"
"ဟယ် .."
ပျိုတို့တော့ထီပေါက်ပြီ။
"အော်တယ်ဆိုတာက ဘယ်လိုမျိုးလဲ"
"အသံအကျယ်ကြီးနဲ့အော်တာ .. ကယ်ကြပါဦး
အားးး .. ဆိုပြီးတော့"
"ဪ.."
"သူသောက်နေကျဆေးတွေရှိတယ် .. ပြပေးမယ်
မနက်ဆိုငါးနာရီဆိုထရပြီ ညကသူစီစဉ်ပေးတဲ့
မနက်စာချက် .. သူကကော်ဖီအရမ်းသောက်တယ်‌သူသောက်နေကျကော်ဖီဖျော်နည်းလည်းပြမယ်"
"အင်း"
"အလုပ်မရှိရင်တောင် သူကထိုင်နေရင်မကြိုက်ဘူးကြမ်းတိုက်တာတို့ ဖုန်သုတ်တာတို့လုပ်နေမှ"
"အဲ့လိုကြောင့်ထင်တယ် .. တစ်အိမ်လုံးပြောင်လက်နေတာ"
"ခစ်ခစ် ခစ်ခစ်"
ရယ်လိုက်တော့အေးမူသွားမညီမညာလေးတွေကပုန်းနေရာကပေါ်လာကြတယ်။
ညစာကိုအေးမူနဲ့နှစ်ယောက်အတူစားလိုက်ကြပြီးမနက်အတွက်အားမွေးဖို့ပျိုစောစောအိပ်ရမယ်။ကုတင်ကတစ်ယောက်အိပ်ဆိုပေမယ့်အေးမူရောပျိုရောကပိန်ကြတာမို့အိပ်သာပါ၏။
"အို .. ရှင်ကတော့နာနာဘာဝမို့ကိစ္စမရှိပေမယ့်
ကျွန်မကလူစစ်စစ်ရှင့်"
ဇဝေဇဝါကြားနေရတဲ့တီးတိုးပြောသံကြောင့်
ပျိုကုတင်ပေါ်ကဆင်းလာခဲ့တယ်။မီးပျက်နေတာလားမသိ၊တစ်အိမ်လုံးမှောင်မဲလို့။ဖုန်းမီးထွန်းလို့အခန်းအပြင်သို့ထွက်ခဲ့၍အသံရှိရာသို့ခြေလှမ်းလိုက်တယ်။
"ဒီလိုပုံစံကြီးနဲ့ကျွန်မအနားက ရှင်ထွက်မသွား
သ၍တော့ .. အခက်ကြုံနေဦးမှာပဲ"
မြင်ရပြီ။ပျိုရှိရာဘက်ကိုကျောပေးထားပြီးခြေ
နှစ်ချောင်းကိုကားလို့ရပ်နေတဲ့ပျို့အိမ်ရှင်သခင်မ။
"ဟိုမှာ .. ရှင့်အဖော်တွေမို့လား ရှင်လိုက်
သွားတော့ ကျွန်မလည်းနားချင်ပြီ"
ကျောလယ်လောက်ထိရှိတဲ့ဆံပင်များကိုဖါးလျား
ချထားတာကိုပျိုသဘောမတွေ့လှ။ယခုလိုညဘက်ကြီးမှာဒီလိုချထားရင်မကောင်းတာတွေဝင်စီးတတ်တယ်ဆိုတဲ့ပုံပြင်တွေပျိုတို့ငယ်ငယ်ကမကြားချင်မှတစ်ဆုံး။
"အန်တီ .."
"ဟ!"
အိမ်ကြီးရှင်ကလက်နှစ်ဖက်ကိုကာလို့ဖုန်းမီး
အလင်းကိုအံတုလို့မျက်မှောက်ကြုတ်ကြည့်သည်။
"အန်တီ .. ဘယ်သူနဲ့စကားပြောနေတာလဲ"
ပျို့အနားသို့ဆံပင်ဖါးလျားကြီးချလို့ဆံနွယ်များကိုရမ်း၍ .. ရမ်း၍ သူချဉ်းကပ်လာတယ်။
"ဟိုမှာလေ .."
လက်ညှိုးထိုပြရာကိုမီးထိုးလိုက်တော့ -
နံရံမှာကပ်၍ချိတ်ဆွဲထားသည့်သမင်တစ်ကောင်ရဲ့ဦးချိုကိုမြင်၏။
"အဲ့သမင်နဲ့စကားပြောနေတာ"
"ရှင်!"
ပျိုနားမလည်။အသက်ရှင်နေသေးတဲ့သမင်တစ်
ကောင်နဲ့တောင်ပျိုတို့စကားပြောလို့ရလို့လား။
ဒါကရုပ်လုံးသွင်းထားတဲ့အသက်မဲ့သက်သက်ပဲ။
"ဟင်းဟင်း .."
နှုတ်ခမ်းတစ်ခြမ်းကိုကော့တက်သွားအောင်ပြုံး
လိုက်တဲ့ပုံစံကပျို့တစ်ကိုယ်လုံးမှာရှိတဲ့မွှေးညှင်း
ပေါင်းများစွာကိုထောင်လာစေသည်။
"သွား .. အိပ်တော့ မနက်ကျသိလိမ့်မယ်
ဒါဟာအိမ်မက်တစ်ခုဆိုတာ"
ပျို့နားထင်နားသို့တိုးကပ်ပြီးပြောတဲ့ထိုစကားနှင့်
အတူပျို့လက်မောင်းကိုလာထိကပ်မိသည့်သူမ
ရင်ဘတ်၊သူမဆီကရနေတဲ့ပန်းနံ့လိုလိုအနံ့တစ်ခု
ကြောင့်ပျို့သွေးကြောများပေါက်ထွက်သွားသလို
ထင်ရ၏။
"တီတီ! တီတီ! တီတီ!"
"ပျို ထတော့ ထတော့ ငါးနာရီထိုးပြီ!"
ဟင် !! ပျိုကုန်းရုန်းထ၍ခေါင်းရင်းကနှိုးစက်ကို
ကြည့်လိုက်တော့နံနက်ငါးနာရီ။
"မနက်ကျ သိလိမ့်မယ်ဒါဟာအိမ်မက်ဆိုတာ"
ခုနလေးတင်အိမ်ကြီးရှင်ပြောခဲ့စကားပဲ။ဘယ်လို
လုပ်မျက်လုံးဖွင့်လိုက်တာနဲ့အိမ်မက်ဖြစ်နေရတာလဲ။
"အရမ်းအိပ်မောကျနေတာ .. မနေ့ကရွာခြေ
ကနေဒီအိမ်ထိလမ်းလျှောက်ခဲ့လို့ထင်တယ်‌"
"ဟီးဟီး .."
ပျိုမအူမလည်သာလုပ်လိုက်ပါ၏။တစ်ကယ်က
အိပ်လိုက်ရတယ်လို့တောင်ပျိုမထင်မိပါ။
"မျက်နှာသစ်ပြီး .. ဘုရားပန်းအိုးတွေလဲရမယ်
ပြီးရင်အန်တီကျူးအတွက်မနက်စာချက်ရမှာ"
"အွန်း"
ဒီအိမ်ကြီးကခိုင်ခံ့လွန်းလှပါလျှက်နဲ့လှေကားပေါ်နင်းလိုက်တာနဲ့တကျွီကျွီမြည်နေတာကြီးကိုတော့ပျိုဘယ်လိုမှနားမလည်နိုင်။
"အမေ့ ! "
ပျိုလန့်သွားတာတခြားမဟုတ်။ဧည့်ခန်းထဲမှာ
မိန့်မိန့်ကြီးထိုင်လို့ကိုင်းထူထူမျက်မှန်အမဲတစ်လက်ကိုပန်၍စာရွက်တွေကိုတရွှက်ရွှက်လှန်နေသောအိမ်ကြီးရှင်မငုတ်တုတ်ကြီးကိုတွေ့လိုက်ရသောကြောင့်ပဲ။
"လာလာ .. လုပ်စရာတွေရှိတယ်"
အနားရှိအေးမူဆွဲလိုက်တော့မှပျိုသတိပြန်ဝင်
တော့၏။ခြေလှမ်းတစ်လှမ်းနှစ်လှမ်းလောက်
ပျိုတို့လှမ်းပြီးချိန်၌ -
"မင်း မနေ့ညကအိမ်မက်မက်သေးလား"
နောက်သို့လှမ်းကြည့်လိုက်တော့မနေ့ညကအပြုံးမျိုးအိမ်ကြီးရှင်မရဲ့နှုတ်ခမ်းမှာတပ်ဆင်ထားတာကိုပျိုတွေ့လိုက်ရ၏။ပျို့တစ်ကိုယ်လုံးမနေ့ညနည်းတူမွှေးညှင်းများစွာ‌ထောင်ကုန်၏။
အန်တီကျူးရင့်ခြယ်။ခင်ဗျားကဘာလဲ။
_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_
Friday တိုင်းမှာအပိုင်းသစ်တင်ပေးမယ်နော်
သဲသဲတို့။
❗ဤ Fiction သည်ကျွန်မ၏စိတ်ကူးယဉ်မှုသက်သက်ကိုသာပုံဖော်ထားခြင်းဖြစ်ပါသည်။
ကဲ .. အန်တီကျူးရင့်ခြယ်နဲ့ပျိုကဗျာကို
သဘော‌တွေ့ရဲ့လား။
Good night pr.. ♡
(‌ကျန်းမာပျော်ရွှင်ကြပါစေ)
Continue Reading
You'll Also Like
38.7K 7K 106
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
226K 34.4K 86
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.1M 61K 49