//UNICODE//
အခန်း 60 - ပွဲဦးထွက် အသွင်အပြင်
ရေကူးကန်နှင့် အားကစားစင်တာသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသော်လည်း အဆောက်အဦးပုံစံမှာ လုံးဝကွဲပြားပေသည်။ အားကစားစင်တာ၏ပုံစံသည် စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်သည်။ တံခါးဝရှိ စက်လုံးပုံက နှစ်ဖက်လုံးမှ ငေါထွက်နေသောကြောင့် စုလင်းနဲ့ လင်းမန်တို့သည် အလယ်ဗဟို ဝင်ပေါက်ကို လုံးဝ မမြင်ရနိုင်ပေ။ ကံကောင်းထောက်မစွာပင် သူတို့နေရာက သိပ်မဝေးလှချေ။ ထို့ကြောင့် သူတို့ ဘယ်ဘက်တောင်ပံအတိုင်း ပြေးသွားလိုက်ရာ ဝင်ပေါက်ကို တွေ့လိုက်ရသည်။ သိပ်မနီးမဝေးတွင် Alpha အုပ်စုတစ်စု ရန်ဖြစ်နေကြသည်။
စုလင်း မျက်မှောင်ကြုတ်လိုက်မိသလို လင်းမန်ရဲ့မျက်နှာကလည်း သူ့ထက် ပိုရုပ်ဆိုးနေခဲ့သည်။
"Alpha pheromoneတွေ!"
စုလင်း နားလည်ကြောင်း အမ်းဟုသာ ပြောလိုက်သည်။ ရောထွေးနေသော Alpha pheromones များမှတစ်ဆင့် မတူညီတဲ့ Alpha pheromone ၅မျိုးကို အလွယ်တကူ ခွဲခြားလိုက်နိုင်သလို ထိုအထဲတွင် သူ့နတ်ဘုရားရဲ့ ရနံ့မပါကြောင်းလည်း စုလင်း သိလိုက်သည်။ ရန်ဖြစ်နေကြသော လူအုပ်ကို အပြင်းအထန် စိုက်ကြည့်လိုက်တော့ ကုလီဟန်ကို တန်းတွေ့သည်။ ကုလီဟန်ရဲ့မျက်နှာပြင်က အေးစက်နေခဲ့ပြီး လျင်မြန်စွာပဲ ထိုးနှက်နေခဲ့သည်မှာ ဒဏ်ရာရထားဟန်လည်း မရှိချေ။
"အားရွိ!!"
ရှောင်းရွိကို တစ်ယောက်က လက်သီးနဲ့ထိုးလိုက်တာကိုတွေ့တော့ လင်းမန်က အော်သည်။
တစ်ချိန်တည်းမှာပင် စုလင်းသည် ပြင်းထန်စွာ ကွဲကြေ၊တိုက်မိသံနဲ့ ပွတ်တိုက်သံကို သူ့နောက်မှ ကြားလိုက်ရသည်။ စုလင်း ခေါင်းကို လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်စေ့သူငယ်အိမ်များ ပြူးကျယ်တုန်ရီသွားသည်။ ထရပ်ကားတစ်စီးက ထိန်းမရဖြစ်နေပုံရပြီး လမ်းဘေးရှိသစ်ပင်များကို အရှိန်ပြင်းပြင်းဖြင့် တိုက်မိကာ သူနှင့် လင်းမန်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
“အားးး…”
လင်းမန်က အသံကြောင့် နောက်ပြန်ကြည့်မိရာမှ ထိတ်လန့်စွာ အော်ဟစ်သည်။
ကုလီဟန်နဲ့ရှောင်းရွိလည်း ချက်ချင်းပင် သူတို့ကို လှည့်ကြည့်လာသည်။
စုလင်း မသိစိတ်အရ ရှောင်ပြေးဖို့ လင်းမန်ကို လှမ်းဆွဲလိုက်မိသော်လည်း ခြေလှမ်းအနည်းငယ်သာရှိသေးသည် မြေပြင်နဲ့ ပွတ်တိုက်မိတဲ့ ကားတာယာတွေရဲ့ စူးရှတဲ့အသံ သူ့နား အနားအထိရောက်လာသည့်နှယ်။ ထိုအချိန်တွင် စုလင်းရဲ့စိတ်အစဥ်က လုံးဝပင် ဗလာနတ္ထိဖြစ်သွားရသည်။
အကွာအဝေးက အရမ်းနီးနေလေပြီ ပြေးဖို့မဖြစ်နိုင်တော့ချေ။
"လင်းလင်း!"
ကုလီဟန် သူ့ရှေ့ကလူကို ကန်ထုတ်ပြီး စုလင်းဆီကို ပြေးသွားသည်။
"မန်မန့်!"
ရှောင်းရွိရဲ့ အမူအရာ ရုတ်တရက်ပြောင်းလဲသွားကာ လင်းမန်ထံသို့ မဆင်မခြင်ပြေးသွားသော်လည်း တစ်စုံတစ်ယောက်ထံမှ တားဆီးခြင်းခံခဲ့ရသည်။ ထိုလူက ရှောင်းရွိရဲ့အကြည့်အတိုင်း လိုက်ကြည့်ပြီး ဆွံ့အသွားတော့သည်။
တစ်ခါမမြင်ဖူးသော ကြီးမားလှသည့် နွယ်ပင်ကြီးများသည် နေရာအနံ့မှ ရုတ်ချည်း ထွက်ပေါ်လာသည်။ နွယ်ပင်ရဲ့ အဆုံးတစ်ဖက်က ရေကူးကန်ရဲ့ ဒုတိယထပ်မှာ ရစ်ပတ်ထားပြီး တစ်ခြားတစ်ဖက်က အားကစားစင်တာရဲ့ အစွန်းအထိ ပျံ့နှံ့သွားကာ ထိန်းချုပ်မှုမဲ့နေသည့် ထရပ်ကားကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။ ကားတာယာ ၄ ခုလုံးဟာ မျက်စိတစ်မှိတ်အတွင်း သစ်ရွက်များ၏ ခုတ်ထစ်ခြင်း ခံလိုက်ရကာ အမှိုက်များ မြေပြင်ပေါ်သို့ ပျံ့ကျဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် ထရပ်ကားတစ်ခုလုံးသည် ဆန့်ကျင်ဘက်သို့ နောက်ပြန် မောင်းနှင်လိုက်သည့်နှယ် လေထဲတွင် နောက်ပြန်ဆွဲသွားခြင်း ခံလိုက်ရသည်။ ထရပ်ကား ရေကူးကန် အဆောက်အအုံကို ဝင်တိုက်မိတော့မည့်အချိန်မှ နွယ်ပင်များက ရစ်ပတ်ထားသည်ကို ပြေလျော့လိုက်ရာ ထရပ်ကားသည် မိုးခြိမ်းသံကဲ့သို့ ဘမ်းဟူသော အသံနဲ့အတူ လဲသွားလေသည်။
လင်းမန်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်သားဖြစ်သလို စုလင်းသည်လည်း သူ့ထက်တော့ ပိုကောင်းမနေခဲ့ပေ။ သူ့အားရှိသမျှကို သုံးပြီး မတ်တပ်ရပ်နေခဲ့ရ၏။ သို့သော် သူက လင်းမန်နှင့်လက်ချင်းတွဲထားတာကြောင့် လင်းမန် ဒူးထောက်လိုက်ပြီးသည့်နောက် သူသည်လည်း ထပ်မံ ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ ဆွဲချခံလိုက်ရသည်။ စုလင်း ပျော့ပျောင်းနေသောခြေထောက်များဖြင့် ဒူးထောက်ထိုင်ချလိုက်မိပြီး သူ့ရှေ့တွင် တာယာအပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲနေသည်။
သူ အတိုက်ခံရလုနီးပါးပင်။
သူ့နှလုံးသားက ပြင်းထန်စွာ ခုန်နေသည်မှာ နောက်တစ်စက္ကန့်တွင် သူ့ရင်ဘတ်ထဲမှ ခုန်ထွက်သွားတော့မည့်နှယ်။
"လင်းလင်း"
ကုလီဟန်သည် အပြေးအလွှား ပြေးလာကာ သူ့ရှေ့တွင် ဒူးတစ်ဖက် ထောက်ထိုင်လိုက်သည်။ သူက စုလင်းကို ပွေ့ဖက်ဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း စုလင်းနှင့် ထိကာနီးတွင် ရပ်တန့်သွားသည်။
"မင်း တစ်နေရာရာက ထိခိုက်မိသွားလား?"
မေးလာသည့် သူ့အသံဟာ တင်းကျပ်နေခဲ့သည်။
စုလင်း ကုလီဟန်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး
"ကျွန်တော် မနာပါဘူး၊ ဒါပေမယ့် ကျွန်တော် အရမ်းကြောက်သွားတာ ခု ခြေထောက်တွေက ပျော့နေတယ်"
ကုလီဟန်က စုလင်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ၏ (SL) လည်ပင်းကို လက်ဖဝါးဖြင့် ဖိကပ်ထားကာမှ ပြင်းထန်သော သွေးခုန်နှုန်းကို ခံစားလိုက်ရသည်။
ရှောင်းရွိ ပြေးသွားသောအခါ လင်းမန်က သူ့ရင်ခွင်ထဲသို့ ပစ်လှဲချလိုက်ပြီး မျက်ရည်များဖြင့်
"အားရွိ ငါ သေအောင် လန့်သွားတာ ငါသေပြီလို့ကို ထင်တာ'
ရှောင်းရွိရဲ့မျက်နှာက စိတ်ပူပန်မှုတို့ပြည့်နှက်နေခဲ့ပြီး သူ့လက်ဖြင့် လင်းမန်ရဲ့နောက်ကျောကို အသာအယာထိ၍ နှစ်သိမ့်ကာ
"မကြောက်နဲ့တော့နော် အခုအကုန် အဆင်ပြေသွားပြီနော်"
ရဲကား ဥသြသံများနှင့် လူနာတင်ကားသံများ နီးကပ်လာသည်ကို ကြားလိုက်ရပြီးနောက် အားကစားစင်တာ မန်နေဂျာက လုံခြုံရေး အစောင့်နှစ်ယောက်နှင့်အတူ ပြေးလာသည်။ မန်နေဂျာသည် အဖြစ်အပျက်ကိုမြင်လိုက်ရသောအခါ ချွေးများ အေးစက်သွားရသည်။
"ဥက္ကဋ္ဌ ကု၊ ရှောင်းသခင်လေး ဒုက္ခပေးသူတွေအားလုံးကို ဖမ်းလိုက်ပြီ၊ အားကစားစင်တာမှာ ခုလို တစ်ခုခုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး၊ လုံခြုံရေးအဖွဲ့ကလည်း အချိန်မီ ပံ့ပိုးမပေးနိုင်ခဲ့ဘူး။"
ကုလီဟန်: "ကျွန်တော် ဗဟိုမှာ ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်သိချင်တယ်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ CCTV မှတ်တမ်းကို မကြာခင်မှာ ကျွန်တော်တို့ဝန်ထမ်းတွေက ခင်ဗျားဆီ ပို့ပေးမှာပါ"
မန်နေဂျာက မြန်မြန် ပြန်ဖြေလာသည်။
ကင်းလှည့်ရဲကားတစ်စီး လမ်းဘေးမှာ ရပ်လိုက်ပြီး အရပ်ရှည်တဲ့ Alpha ရဲအရာရှိ ၄ ယောက် ကားထဲက ဆင်းလာသည်။ အရာရှိတစ်ဦးသည် စုလင်းဆီ လျှောက်လာခဲ့ပြီး ကျန် ၃ ဦးစလုံး ထရပ်ကားဆီ သွားကြည့်ကြသည်။ ရဲအရာရှိက စိုးရိမ်တကြီးနဲ့ မေးလာသည်။
"မစ္စတာစု၊ အဆင်ပြေရဲ့လား"
စုလင်း ကုလီဟန်ရဲ့ ပခုံးကို မှီပြီး ခေါင်းညိတ်လာသည်။
"ဟုတ်ကဲ့။"
ရဲအရာရှိ: "စိတ်မပူပါနဲ့၊ ဘာဖြစ်သွားလဲ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းပေးပါ့မယ်။"
"ကျေးဇူးတင်ပါတယ်။"
ရဲအရာရှိက ကားပေါ်မတက်မီ စကားအနည်းငယ်ပြောခဲ့သည်။
"ကျွန်တော် မတ်တပ်ရပ်ချင်တယ်"
စုလင်း ကုလီဟန်ရဲ့ ပုခုံးကို ပုတ်ပြီး ကုလီဟန်ရဲ့အကူအညီနဲ့ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် သူက ခြေထောက်ကို လှုပ်ကြည့်ပြီး
“ကျွန်တော် အခု တစ်ယောက်တည်း ရပ်လို့ရပြီ”
ထိုအခါ ကုလီဟန်ရဲ့အသားအရောင် အနည်းငယ် ပျော့ပျောင်းသွားသော်လည်း စုလင်းကို သူ့လက်ဖြင့် ခိုင်မြဲစွာ ဆုပ်ကိုင်ထားသေးသည်။
တစ်ဖက်တွင် လင်းမန်သည်လည်း နောက်ဆုံးတွင် အငိုရပ်သွားကာ မျက်ရည်များက သူ့ကြောက်ရွံ့မှုအားလုံးကို ဖယ်ထုတ်သွားပုံရသည်။ သူ့မျက်လုံးတွေက နီရဲနေပေမယ့် အရမ်းတက်ကြွနေသည်။ သူသည် နွယ်ပင်ကို အားရပါးရ ညွှန်ပြပြီး မေးလာသည်။
"ဒါက ဘာလဲ"
လုံမော့ထန်ရဲ့ အကြီးစားဗားရှင်းကို ကြည့်ရင်း စုလင်း မသိစိတ်က သူ့လက်ကောက်ဝတ်ကို ထိလိုက်မိသည်။ သူ့လက်ကောက်ဝတ်က ချောမွေ့နေပြီး ဘာတစ်ခုမှ ရှိမနေပေ။ ထိုအခိုက်အတန့်မှာ ရဲအရာရှိက သူတို့ဆီ ပြန်လာပြီး မေးသည်။
"မစ္စတာစု၊ ဒါ မင်းရဲ့ ဝိညာဉ်အပင်လား? သူ ရစ်ပတ်ထားတာကို လျော့ခိုင်းပေးလို့ ရမလား? ကားတံခါးက ညှပ်နေပြီး ယာဉ်မောင်းကို စစ်ဆေးလို့ မရဘူး"
လုံမော့ထန်က သူ့ရဲ့လက်ရှိအနေအထားကို ထိန်းသိမ်းထားဆဲဖြစ်သည်ကို စုလင်း မြင်ပြီး အနည်းငယ်စိုးရိမ်သွားခဲ့သည်။ လုံမော့ထန်၏ ခပ်လျိုလျိုနေတတ်သော သဘောထားအရ သူ့ကိုယ်သူ ဤမျှကြာကြာ ထုတ်ဖော်မပြသင့်ဘဲ သူ့လက်ကောက်ဝတ်သို့ အမြန်ပြန်သွားသင့်သည်။ အခုချိန်မှာတော့ မျက်စိကျစရာ ဖြစ်လွန်းနေသည်။ စုလင်း ထရပ်ကားဆီသို့ လျှောက်လာပြီး
"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
လုံမော့ထန်၏ ပင်စည်သည် အရွယ်ရောက်ပြီးလူကြီးတစ်ယောက်၏ လက်ကောက်ဝတ် အရွယ်အစားခန့်ရှိသည်။ ၎င်း၏အရောင်မှာ အနက်ရောင် တောက်ပြောင်ချောမွေ့နေပြီး အရွက်များ၏အရောင်မှာ အလွန်ဖျော့တော့နေခဲ့သည်မှာ ထိလိုက်မိလျှင်ပင် ကျိုးကြေသွားမည့်နှယ်။ စုလင်း လုံမော့ထန်၏အသွင်အပြင်ကိုကြည့်ရင်း တံခါးပေါက်နားရှိ သစ်ရွက်များကို တို့ထိကာ
"ငါ့သူငယ်ချင်းကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ မင်းကော အဆင်ပြေရဲ့လား"
သူ့စိတ်ထဲတွင် စကားလုံးတစ်လုံးပြီး တစ်လုံး ပေါ်လာသည်
"ထိန်းချုပ်မှုမဲ့၊ လုံးဝမကောင်း"။
တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ရှန်းမိုယွီ၏ အနီးကပ်ပုံတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။
စုလင်း: "ရှန်းမိုယွီကို ကူညီခိုင်းစေချင်သလား။"
အရွက်များ အတက်အဆင်း ရွေ့လျားလာသည်။
ရေကူးကန်နှင့် အားကစားစင်တာမှ ဧည့်သည်အများအပြားနှင့် လမ်းသွားလမ်းလာအချို့သည် ဖြစ်ပျက်ခဲ့သည်များကို ကြည့်ရှုရန် အခင်းဖြစ်ပွားရာနေရာအား ဝိုင်းရံထားရာ လူအုပ်ကြီး ဖြစ်လာလေသည်။ လူနာတင်ယာဉ်နှင့် ရဲကားများလည်း အမြန်ရောက်လာသည်။ ရောက်ရှိလာသော ရဲအရာရှိများသည် လူစုလူဝေးကို အနားမကပ်စေရန် ကြိုးကို အမြန်ဆွဲထုတ်၍ တားခဲ့သည်။ လူငယ်အချို့က သူတို့၏ လက်ကောက်များကို လှည့်၍ ခြေဖျားများထောက်ကာ ဓာတ်ပုံရိုက်နေကြသည်။ လူအချို့ကလည်း သူ့တို့ရဲ့လက်ကောက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ပြီး "အရမ်းမိုက်တဲ့ စိတ်ဝိညာဉ်ပင်က အံ့သြဖွယ်အသွင်အပြင်ကို ဖန်တီးခဲ့သည်။" ဟုပင် ရေးသားခဲ့ကြသည်။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ လူကြိုက်များမှုမှာ တဟုန်ထိုးတက်လာပြီး 'My Gawd!'၊ 'Handsome' နှင့် 'So cool' ကဲ့သို့သော စကားလုံးများသည် chatbox တွင် ပြည့်လျှံနေတော့သည်။ ထို့နောက်တွင်တော့ တစ်ယောက်က ဘာတွေဖြစ်နေတာလဲလို့ မေးလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သည့် ယောက်ျားလေးဘေးတွင် ရပ်နေသော ဦးလေးတစ်ယောက်က လမ်းသွားလမ်းလာဖြစ်ပြီး အလွန်စိတ်လှုပ်ရှားနေပုံရသညိ။ ထိုလူငယ်၏ပခုံးကိုဆွဲကိုင်ကာ နေရာအနှံ့ တံတွေးတွေ စင်အောင် ရှင်းပြတော့သည်။ ဦးလေးကြီးများနှင့် အဒေါ်ကြီးများပြောတတ်သည့် ချဲ့ကားပြောဆိုနည်းဖြင့် ဦးလေးကြီးက ထရပ်ကားကြီးရန်မှ လူတစ်ဦးကို စိတ်ဝိညာဥ်ပင်က ကယ်တင်လိုက်သည့်မြင်ကွင်းကို ပြန်ပြောပြနေသည်။ လူငယ်က သူ့မျက်နှာကို သုတ်လိုက်ပြီး တံတွေးကို ဖယ်ရှားဖို့ ကြိုးစားနေရသည်။
တံတွေးကြောမှာ မျောနေခြင်းက ရူးကြောင်ကြောင်နိုင်ပုံပေါ်သော်လည်း သူ့ကျော်ကြားမှုမှာ တဟုန်ထိုးတက်လာသည်ကို မြင်လိုက်ရသဖြင့် ထိုဦးလေးကြီးဆီမှ စကားပြောခြင်းအနုပညာကို တိတ်တဆိတ် သင်ယူရင်း တံတွေးထွေးခြင်းကို လည်း အသာ ရပ်ခံနေလိုက်တော့သည်။
စုလင်း လုံမော့ထန်ရဲ့ အရွက်များကို အသာအယာကိုင်ကာ ကားအနီးတွင်ရပ်နေသော ရဲအရာရှိအား
"စိတ်မရှိပါနဲ့၊ ဒီနေရာကနေ ခဏဖယ်ပေးလို့ရမလား?"
ရဲအရာရှိများက နေရာမှ ရွေ့ပေးခဲ့သည်။ စုလင်း သူတိုကို ကျေးဇူးတင်လိုက်ပြီး ရှန်းမိုယွီကို ထုတ်လိုက်သည်။ ရှန်းမိုယွီက သူ့သူငယ်ချင်းလေးမှာ တစ်ခုခုမှားနေကြောင်း ချက်ချင်းသိလိုက်ကာ သူ့အမြစ်များကို သုံးကာ နွယ်ပင်များကို ရစ်ပတ်လိုက်ပြီး
"မင်းဘာလို့ ဒီလောက်ကြီးနေရတာလဲ!"
လုံမော့ထန်က သူ့ကို ဖြစ်ပျက်ခဲ့သည်များကို စိတ်ပိုင်းဆိုင်ရာပုံရိပ်ဖြင့် မျှဝေခဲ့သည်။ ရှန်းမိုယွီက ဒေါသအရမ်းထွက်ပြီး အမြစ်များဖြင့် ထရပ်ကားရှေ့ကို ပါးရိုက်သလို ရိုက်လိုက်သည်။ အမြစ်ထိပ် တစ်ဖက်က ပွင့်လာပြီး အဆိပ် ဖြန်းလိုက်သည်။ ရုတ်ချည်းပင် ထရပ်ကား၏ ညာဘက် ရှေ့မီးများ အရည်ပျော်သွားသည်။
လူအုပ်ကြီးဆီမှ ရင်ခုန်သံနဲ့ အော်သံတွေ ဆူညံသွားတယ်။ အရာရှိတွေ အမြန်ပြန်ဆုတ်သွားတယ်။
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှ ပရိသတ်များ ရူးသွပ်သွားမတတ်ပင်။
'ဘုရားရေ၊ ဒါက ဘာကြီးလဲ။'
'အရမ်းမိုက်တာပဲ!'
'ငါ့မှာ ဒီလို စိတ်ဝိညာဉ်အပင်မျိုးရှိရင် ငါ အရမ်းအစွမ်းထက်လာမှာ မဟုတ်ဘူးလား။
'သူ့ပိုင်ရှင်က သေချာပေါက် လုံးဝ ရန်မစသင့်တဲ့သူပဲ'
ရှန်းမိုယွီ ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။ စုလင်း အမြစ်များကို ညင်သာစွာ ညှစ်လိုက်ပြီး ဆို၏။
"စိတ်မဆိုးနဲ့တော့နော် ငါအဆင်ပြေပါတယ်။ မင်းသူငယ်ချင်းကို အရင်ကူညီပါဦး"
ထိုမြင်ကွင်းကို ပတ်ဝန်းကျင်က လူများ မြင်လိုက်ရာ အားလုံး ပင့်သက်ရှိုက်မိကြတော့သည်။ ဤအနက်ရောင်အမြစ်သည် အလွန်အဆိပ်ပြင်းလှသော်လည်း Omega လေးက သူ့ကို ထိဝံ့ပေသည်။ သူတို့ တွေးထင်ထားခဲ့သည့် ကြောက်စရာကောင်းတဲ့ အရာတွေ မဖြစ်ခဲ့သလို Omega ရဲ့ လက်တွေကလည်း အကောင်းအတိုင်းပင်။ အမြစ်များသည် Omegaလေး၏ လက်ကောက်ဝတ်တွင်ပက် ရစ်ပတ်သွားကြသေးသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များ အားလုံး သံပုရာ အရသာများ (မနာလိုစိတ်ကြောင့် ချဉ်သော) ပျံ့ကုန်ရ၏။
'ဒီလို အရမ်းမိုက်ပြီးလိမ္မာတဲ့ စိတ်ဝိညာဥ်ပင်မျိုး ဘယ်မှာ ရှာလို့ ရနိုင်မလဲ? လိပ်စာပေးကြပါ။ မြန်မြန်လေး'
အမြစ်က နွယ်ပင်ကို ပွတ်သပ်ပြီး
“မင်းက သိပ်ကြင်နာတတ်တာပဲ ငါ့သားကို ကာကွယ်ပေးတာ ကျေးဇူးတင်ပါတယ်”
လုံမော့ထန် "အရူးလိုစကားတွေ ရပ်စမ်း! ဒါ ငါ့တူပဲ!။ ငါ့နွယ်ရည်ကိုသာ မြန်မြန်စုပ်လိုက်စမ်းပါ။ ငါ ထပ် အကြည့်မခံချင်တော့ဘူး။ အေး ဒါမဲ့လည်း ငါ ကြိုသတိပေးလိုက်မယ် အရည်ကို မင်းအတွက် မစုပ်နဲ့နော်"
ရှန်းမိုယွီ: "စိတ်မပူပါစမ်းနဲ့ ငါလည်း ပိုကြီးမလာချင်ပေါင်၊ ဒါပေမယ့် အတည်ပြောရရင် မင်းထိန်းချုပ်မှု မပျောက်တာတောင် အတော်ကြာပြီနော်။"
စကားစမြည်ပြောနေသော်လည်း ရှန်းမိုယွီ၏အမြစ်များက စတင်ရွေ့လျားလာသည်။ အမြစ်ပေါင်းများစွာသည် နွယ်ပင်၏ ပင်စည်မျက်နှာပြင်ပေါ်သို့ ရွေ့သွားကာ အမြစ်ထိပ်ဖျားစွန်းက ပွင့်လာပြီး နွယ်ပင်ပေါ်တွင် စုပ်ခွက်တစ်ခုနှယ် တွယ်ကပ်လာသည်။ ခဏအကြာအတွင် အမြစ်များ၏ ပုံသဏ္ဍာန် အနည်းငယ်ပြောင်းလဲသွားပြီး အရည်များ ဖြတ်သန်းသွားနေသည်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထင်ရှားလှသည်။
စုလင်း မှင်သက်သွားရသည်။
ရှောင်းမိုယွီက လုံမော့ထန်ရဲ့ အစိတ်အပိုင်းတွေကို စုပ်ယူနေတာ?
လုံမော့ထန်: "ငါ့နွယ်ရည်ကို ဒီနည်းနဲ့ မသုံးတာ နှစ် ၁၀၀၀ နီးပါးလောက်ရှိပြီ။ အခြေအနေက အရမ်း အလျင်စလိုဖြစ်သွားတာဆိုတော့ ငါလည်း ကောင်းကောင်း မထိန်းနိုင်လိုက်ဘူး။ မင်း သားအတွက်သာ မဟုတ်ရင် ငါ ဒါကို လုပ်မှာ မဟုတ်ဘူး။"
ရှောင်းမိုယွီ : "မင်းက အရမ်းတော်တာပဲ၊ တကယ်လို့လေ ငါသာ မင်းရဲ့နွယ်ရည်တွေကို ထိန်းချုပ်နိုင်ပြီး အချိန်မရွေး ကျုံ့လိုက်၊ ကြီးလိုက် လုပ်နိုင်ရင် ငါ့သားကို အမြဲကာကွယ်နိုင်မှာ"
"အရူးစကား စကားတွေပြောပြန်ပြီ"
လုံမော့ထန်က ထပ်ပြောလိုက်သေးသည်။
"ဒါ လုံမော့ထန်ဆိုတဲ့ ငါ့ရဲ့ဝိသေသလက္ခဏာလေ၊ ပြီးတော့ ငါပြောပြီးပြီပဲ မင်းရဲ့သားက ငါနဲ့အတူတူရှိနေမယ်ဆို အဆင်ပြေပါလိမ့်မယ်"
ရှောင်းမိုယီ : "မင်းက အရမ်းကြင်နာတာပဲ!"
လုံမော့ထန် အရွက်များ ရွေ့လျားလာပြီး အမြစ်များကို ဓားထိုးသည့်နှယ် ထိုးလိုက်ကာ
"ဘာလို့ မိုက်မဲတဲ့ စကားမျိုးပြောရတာကို အမြဲ ကြိုက်ရတာလဲ"
သိပ်မကြာမီတွင် လုံမော့ထန်က သာမန်မျက်စေ့ဖြင့်ပင် မြင်နိုင်သော အရှိန်ဖြင့် တဖြည်းဖြည်းသေးသည်ထက် သေးငယ်လာသည်။ လုံမော့ထန် စုလင်း၏လက်ကောက်ဝတ်ဆီသို့ ရစ်ပတ်သွားနိုင်သည်အထိ ကျုံသွားမှသာ ရှန်းမိုယွီက အမြစ်များအားလုံးကို နောက်ပြန်ယူ၍ သိမ်းသွားသည်။ လုံမော့ထန်၏ ပင်စည်နှင့်အရွက်ရဲ့အရောင်က အလွန်ဖျော့တော့နေသည်ကို စုလင်း တွေ့လိုက်ရပြီး
"မင်း အခြေအနေ ဆိုးနေသေးလား?"
အရွက်များ ဘယ်ညာ လှုပ်ခါသည်။
အခြေအနေကောင်းသည့် အဖြေကိုရမှသာ စုလင်း စိတ်သက်သာရာရနိုင်ပြီး ရှန်းမိုယွီကို အသာဖွဖွ တစ်ချက်ညှစ်လိုက်ပြီး နေရာလွတ်ထဲ ပြန်ထည့်လိုက်သည်။
"မစ္စတာစု ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ်"
ရဲအရာရှိက လာရောက်ကြည့်ရှုသူ ပိုများလာသည်ကို တစ်ချက်ကြည့်ကာ အကြံပြုသည်။
စုလင်း ကုလီဟန်ကို ကြည့်တော့ ခေါင်းညိတ်ပြသည်ကို တွေ့ရသည်။ လင်းမန်၏မျက်လုံးများက တောက်ပနေပြီး စုလင်း၏လက်ကောက်ဝတ်ကိုသာ စိုက်ကြည့်နေပြီး
"ငါတို့ ညစာအတူစားကြဖို့ပြောထားတယ်လေ။ ဥက္ကဋ္ဌကု အိမ်မှာ သွားစားရအောင်!"
စုလင်း ရဲအရာရှိကို ကျေးဇူးတင်ကြောင်းပြောပြီး ခေါင်းညိတ်လိုက်သည်။ ကားထဲတွင် လင်းမန်က စုလင်း၏ လက်ကို ကိုင်ကာ သူ့လက်ကောက်ဝတ်ကို စိုက်ကြည့်နေပြီး
"ဒါ Sအဆင့် စိတ်ဝိညာဥ်ပင်ပဲလား?"
စုလင်း ဟုတ်မှန်ကြောင်း အမ်းဟု အသံပြုလိုက်ပြီး ဆိုသည်။
"လုံမော့ထန်တဲ့"
လင်းမန်က မျက်တောင်လေး ပုတ်ခတ်ပြီး သူ့ကို လွှတ်ပေးလာသည်။ ထို့နောက် သူ့လက်ကောက်သူ ထိကာ
"ဒါကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ"
လင်းမန် သူ့လက်ကောက်နဲ့ အချက်အလက်တွေရှာနေတာကို တွေ့တော့ စုလင်း ကုလီဟန်ဘက်လှည့်ကာ
"အဲဒီလူတွေနဲ့ ဘယ်လိုလုပ်ပြီး ရန်ပွဲဖြစ်သွားတာလဲ"
ကုလီဟန် မျက်မှောင်ကြုတ်ကာ
"ကိုယ်တို့ အားကစားစင်တာက ထွက်လာပြီးတော့ မူးနေတဲ့ Alpha အဖွဲ့က ဝင်ပေါက်ကို ဖြတ်သွားရင်း Omega၂ယောက်ကို နှောက်ယှက်နေခဲ့တာ"
ရှောင်းရွိက ရှေ့ခရီးသည် ထိုင်ခုံမှ ခေါင်းကို လှည့်ကာ လက်မြှောက်ပြီး
"ငါ့အမှားပါ ၊ ငါ စိတ်မထိန်းနိုင်ဘဲ ဝင်ပါမိသွားတာ"
သူက ကျွတ်ခနဲ လုပ်လိုက်ပြီး
"ဒါပေမဲ့ ပြန်တွေးကြည့်တော့ တစ်ခုခုတော့ မှားနေတယ် ထင်တယ်"
စုလင်း အော်ပြီး ထွက်ပြေးလာသည့် Omega၂ယောက်ကို ပြန်တွေးမိသည်။ လင်းမန်သည်လည်းပဲ သူနဲ့ ထပ်တူတွေးမိနေပုံရပြီး
"မင်းတို့ သူတို့ကို ကူညီပေးဖို့ ကြိုးစားနေတုန်း ဒီလိုတွေ ဖြစ်သွားတာ။ သူတို့ကိုသာ ကူညီမိလို့မဟုတ်ရင် ငါတို့လည်း မင်းတို့ကို စောင့်ရင်း ရေကူးကန်ဝင်ပေါက်မှာပဲ ရပ်နေမိမှာ"
ကုလီဟန် သူ့လက်ကောက်မှ မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်ပြီး
"အဲဒီအချိန်တုန်းက အားကစားစင်တာမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ် အဲ့ဒါကြောင့် လုံခြုံရေးဝန်ထမ်း တော်တော်များများက အဝေးကို အပို့ခံထားရတာ"
"ဘယ်လောက်တောင် တိုက်ဆိုင်တာလဲ"
ရှောင်းရွိက ရေရွတ်လာသည်။
ကုလီဟန်က သုန်မှုန်သောမျက်နှာဖြင့် အမ်းဟုသာဆိုသည်။ ကားမောင်းနေသည့် ရဲအရာရှိက
"သိပ်တော့ စိတ်မပူပါကြနဲ့၊ ပြသာနာရှာတဲ့သူတွေကိုခေါ်သွားတာ လုံခြုံရေး ဝန်ကြီးဌာနက လူတွေပါ။ တကယ်ပဲ ပြဿနာတစ်စုံတစ်ရာရှိရင် ကျွန်တော်တို့ သေချာပေါက် ရှာလို့ရမှာပါ"
ကုဗီလာကိုရောက်သော် လင်းမန်က စုလင်းကို စိတ်ဝိညာဥ်ပင် အခန်းကိုသွားဖို့ မရပ်မနား အနှောင့်အယှက်ပေးတော့သည်။ စုလင်း ရှန်းမိုယွီကို ထုတ်လိုက်သည်နှင့် လုံမော့ထန်က ရှန်းမိုယွီ၏ ပွင့်ချပ်များဆီ အပြေးအလွှားသွားကာ တွယ်ကပ်ထားလိုက်သည်။ ခဏမျှကြာသော် သူ၏အရွက် အရောင်ဟာ ပိုမည်းနက်သိပ်သည်းလာခဲ့သည်။
စုလင်း အနီးတွင် ရပ်သည့် လင်းမန်က အနီးကပ်၍ သေချာကြည့်ပြီးသည့်နောက် မေးသည်။
"ဒါ ခုနက ရှန်းမိုယွီ စုပ်ထားတဲ့ဟာ မလား? အခု သူက ပြန်စုပ်ယူနေတာလား?"
အမြစ်များသည် အတက်အဆင်း လှုပ်ရှားသွားသည်။
လင်းမန် အမြစ်များကို စိုက်ကြည့်ပြီး အော်တော့သည်။
" အိုး၊ ဥာဏ်ကောင်းလိုက်တာ ငါ အဲဒါကို ထိကြည့်လို့ရမလား"
ရှန်းမိုယွီက သူ့နဖူးကို ခပ်ဖွဖွ ရိုက်လိုက်ပြီး သူ့သူငယ်ချင်းလေးကို ပြောသည်။
"အခုခေတ် လူငယ်တွေက အရမ်းစကားပြောတတ်ကြတယ်၊ ဒါပေမယ့် တော်တော်လည်း ရိုင်းပျကြတယ်"
လင်းမန် အားကျသောအကြည့်ဖြင့် ကြည့်ရင်း နဖူးကိုထိလိုက်ကာ
"ငါလည်း Sအဆင့် စိတ်ဝိညာဥ်ပင် တစ်ပင်လောက် ပျိုးထောင်ပေးချင်တယ်လို့။ လုံခြုံစိတ်ချရပြီး အပြန်အလှည်လည်း တုံပြန်ပြောဆိုနိုင်တယိ အိမ်မွေးတိရိစ္ဆာန်လေးတွေကျနေတာပဲ"
လင်းမန်ရှေ့ကို အမြစ်တစ်ခု လွှားခနဲရောက်လာသည်။ အဖျားပိုင်းကပွင့်အာနေပြီး အနံ့ဆိုးတို့ကို ထုတ်လွှတ်လျက်။
"သူ အရမ်းလွန်နေပြီ။ ဘာ အိမ်မွေးတိရိစ္ဆာန်တုန်း? ငါက ပါးပါး ဟ!!"
နံစော်လှသောကြောင့် လင်းမန် မျက်နှာကိုရှုံတွလျက် နှာခေါင်းပိတ်ပြီး နောက်ကို ဆုတ်ပြေးသည်။
စုလင်းသည်လည်း ဘေးမှာရှိနေသည်ကြောင့် အနံ့၏တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း သက်ရောက်မှုမှာ လင်းမန် ထက် များစွာသေးငယ်သည်။ ထို့အပြင် သူ့ pheromone မှလည်း အလားတူ အနံ့မျိုးကို ရလေ့ရှိခဲ့သောကြောင့် သူ့ရဲ့ တုံ့ပြန်မှုက အတော်လေး တည်ငြိမ်နေခဲ့သည်။ သူက ရှန်းမိုယွီရဲ့ အမြစ်များကို နှစ်သိမ့်သည့်အနေဖြင့် အသာ ညှစ်လိုက်ပြီး
"မန်မန့်က စိတ်နှလုံး မကောင်းတဲ့ သူမျိုး မဟုတ်ပါဘူး။ မင်းက အံသြစရာကောင်းပြီး ထက်မြက်အတွက် သူက မင်းကို ချီးကျူးတာပါ။ မင်းက အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘူး ငါ့သူငယ်ချင်းပါ"
"ဖတ်"
စုလင်းရဲ့ နဖူးပေါ် အမြစ်က ဖွဖွလေး ပုတ်သည်။
ပုတ်လိုက်တဲ့ ထိတွေ့မှုက အတော်လေး ညင်သာသော်လည်း စုလင်း သံသယတွေအပြည့်ဖြင့် သူ့နဖူးသူ ထိလိုက်မိသည်။
သူ အမှားလုပ်မိလို့လား?
အမြစ်က သူ့ကို ထိပြီးနောက် တစ်ခုခုကို အနီးကပ် ရေးဆွဲပြသည်။ ကြီးမားလှသည့် စကားလုံးတစ်ခု စုလင်း စိတ်ထဲ ပေါ်လာသည်။
"သား!"
7April 2023
~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Fressia 🦋
// ZAWGYI//
အခန္း 60 - ပြဲဦးထြက္ အသြင္အျပင္
ေရကူးကန္ႏွင့္ အားကစားစင္တာသည္ တစ္ခုႏွင့္တစ္ခု နီးကပ္ေနေသာ္လည္း အေဆာက္အဦးပုံစံမွာ လုံးဝကြဲျပားေပသည္။ အားကစားစင္တာ၏ပုံစံသည္ စက္ဝိုင္းပုံသ႑ာန္ ျဖစ္သည္။ တံခါးဝ႐ွိ စက္လုံးပုံက ႏွစ္ဖက္လုံးမွ ေငါထြက္ေနေသာေၾကာင့္ စုလင္းနဲ႔ လင္းမန္တို႔သည္ အလယ္ဗဟို ဝင္ေပါက္ကို လုံးဝ မျမင္ရႏိုင္ေပ။ ကံေကာင္းေထာက္မစြာပင္ သူတို႔ေနရာက သိပ္မေဝးလွေခ်။ ထို႔ေၾကာင့္ သူတို႔ ဘယ္ဘက္ေတာင္ပံအတိုင္း ေျပးသြားလိုက္ရာ ဝင္ေပါက္ကို ေတြ႕လိုက္ရသည္။ သိပ္မနီးမေဝးတြင္ Alpha အုပ္စုတစ္စု ရန္ျဖစ္ေနၾကသည္။
စုလင္း မ်က္ေမွာင္ၾကဳတ္လိုက္မိသလို လင္းမန္ရဲ႕မ်က္ႏွာကလည္း သူ႕ထက္ ပို႐ုပ္ဆိုးေနခဲ့သည္။
"Alpha pheromoneေတြ!"
စုလင္း နားလည္ေၾကာင္း အမ္းဟုသာ ေျပာလိုက္သည္။ ေရာေထြးေနေသာ Alpha pheromones မ်ားမွတစ္ဆင့္ မတူညီတဲ့ Alpha pheromone ၅မ်ိဳးကို အလြယ္တကူ ခြဲျခားလိုက္ႏိုင္သလို ထိုအထဲတြင္ သူ႕နတ္ဘုရားရဲ႕ ရနံ႔မပါေၾကာင္းလည္း စုလင္း သိလိုက္သည္။ ရန္ျဖစ္ေနၾကေသာ လူအုပ္ကို အျပင္းအထန္ စိုက္ၾကည့္လိုက္ေတာ့ ကုလီဟန္ကို တန္းေတြ႕သည္။ ကုလီဟန္ရဲ႕မ်က္ႏွာျပင္က ေအးစက္ေနခဲ့ၿပီး လ်င္ျမန္စြာပဲ ထိုးႏွက္ေနခဲ့သည္မွာ ဒဏ္ရာရထားဟန္လည္း မ႐ွိေခ်။
"အား႐ြိ!!"
ေ႐ွာင္း႐ြိကို တစ္ေယာက္က လက္သီးနဲ႔ထိုးလိုက္တာကိုေတြ႕ေတာ့ လင္းမန္က ေအာ္သည္။
တစ္ခ်ိန္တည္းမွာပင္ စုလင္းသည္ ျပင္းထန္စြာ ကြဲေၾက၊တိုက္မိသံနဲ႔ ပြတ္တိုက္သံကို သူ႕ေနာက္မွ ၾကားလိုက္ရသည္။ စုလင္း ေခါင္းကို လွည့္ၾကည့္လိုက္ရာ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ မ်က္ေစ့သူငယ္အိမ္မ်ား ျပဴးက်ယ္တုန္ရီသြားသည္။ ထရပ္ကားတစ္စီးက ထိန္းမရျဖစ္ေနပုံရၿပီး လမ္းေဘး႐ွိသစ္ပင္မ်ားကို အ႐ွိန္ျပင္းျပင္းျဖင့္ တိုက္မိကာ သူႏွင့္ လင္းမန္အနီးသို႔ လ်င္ျမန္စြာ ေရာက္႐ွိလာခဲ့သည္။
“အားးး…”
လင္းမန္က အသံေၾကာင့္ ေနာက္ျပန္ၾကည့္မိရာမွ ထိတ္လန္႔စြာ ေအာ္ဟစ္သည္။
ကုလီဟန္နဲ႔ေ႐ွာင္း႐ြိလည္း ခ်က္ခ်င္းပင္ သူတို႔ကို လွည့္ၾကည့္လာသည္။
စုလင္း မသိစိတ္အရ ေ႐ွာင္ေျပးဖို႔ လင္းမန္ကို လွမ္းဆြဲလိုက္မိေသာ္လည္း ေျခလွမ္းအနည္းငယ္သာ႐ွိေသးသည္ ေျမျပင္နဲ႔ ပြတ္တိုက္မိတဲ့ ကားတာယာေတြရဲ႕ စူး႐ွတဲ့အသံ သူ႕နား အနားအထိေရာက္လာသည့္ႏွယ္။ ထိုအခ်ိန္တြင္ စုလင္းရဲ႕စိတ္အစဥ္က လုံးဝပင္ ဗလာနတၳိျဖစ္သြားရသည္။
အကြာအေဝးက အရမ္းနီးေနေလၿပီ ေျပးဖို႔မျဖစ္ႏိုင္ေတာ့ေခ်။
"လင္းလင္း!"
ကုလီဟန္ သူ႕ေ႐ွ႕ကလူကို ကန္ထုတ္ၿပီး စုလင္းဆီကို ေျပးသြားသည္။
"မန္မန္႔!"
ေ႐ွာင္း႐ြိရဲ႕ အမူအရာ ႐ုတ္တရက္ေျပာင္းလဲသြားကာ လင္းမန္ထံသို႔ မဆင္မျခင္ေျပးသြားေသာ္လည္း တစ္စုံတစ္ေယာက္ထံမွ တားဆီးျခင္းခံခဲ့ရသည္။ ထိုလူက ေ႐ွာင္း႐ြိရဲ႕အၾကည့္အတိုင္း လိုက္ၾကည့္ၿပီး ဆြံ႕အသြားေတာ့သည္။
တစ္ခါမျမင္ဖူးေသာ ႀကီးမားလွသည့္ ႏြယ္ပင္ႀကီးမ်ားသည္ ေနရာအနံ႔မွ ႐ုတ္ခ်ည္း ထြက္ေပၚလာသည္။ ႏြယ္ပင္ရဲ႕ အဆုံးတစ္ဖက္က ေရကူးကန္ရဲ႕ ဒုတိယထပ္မွာ ရစ္ပတ္ထားၿပီး တစ္ျခားတစ္ဖက္က အားကစားစင္တာရဲ႕ အစြန္းအထိ ပ်ံ႕ႏွံ႔သြားကာ ထိန္းခ်ဳပ္မႈမဲ့ေနသည့္ ထရပ္ကားကို တင္းတင္းၾကပ္ၾကပ္ ခ်ည္ေႏွာင္ထားသည္။ ကားတာယာ ၄ ခုလုံးဟာ မ်က္စိတစ္မွိတ္အတြင္း သစ္႐ြက္မ်ား၏ ခုတ္ထစ္ျခင္း ခံလိုက္ရကာ အမိႈက္မ်ား ေျမျပင္ေပၚသို႔ ပ်ံ႕က်ဲသြားေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ ထရပ္ကားတစ္ခုလုံးသည္ ဆန္႔က်င္ဘက္သို႔ ေနာက္ျပန္ ေမာင္းႏွင္လိုက္သည့္ႏွယ္ ေလထဲတြင္ ေနာက္ျပန္ဆြဲသြားျခင္း ခံလိုက္ရသည္။ ထရပ္ကား ေရကူးကန္ အေဆာက္အအုံကို ဝင္တိုက္မိေတာ့မည့္အခ်ိန္မွ ႏြယ္ပင္မ်ားက ရစ္ပတ္ထားသည္ကို ေျပေလ်ာ့လိုက္ရာ ထရပ္ကားသည္ မိုးၿခိမ္းသံကဲ့သို႔ ဘမ္းဟူေသာ အသံနဲ႔အတူ လဲသြားေလသည္။
လင္းမန္သည္ ေျမျပင္ေပၚတြင္ ဒူးေထာက္လ်က္သားျဖစ္သလို စုလင္းသည္လည္း သူ႕ထက္ေတာ့ ပိုေကာင္းမေနခဲ့ေပ။ သူ႕အား႐ွိသမွ်ကို သုံးၿပီး မတ္တပ္ရပ္ေနခဲ့ရ၏။ သို႔ေသာ္ သူက လင္းမန္ႏွင့္လက္ခ်င္းတြဲထားတာေၾကာင့္ လင္းမန္ ဒူးေထာက္လိုက္ၿပီးသည့္ေနာက္ သူသည္လည္း ထပ္မံ ထိန္းထားႏိုင္ျခင္းမ႐ွိေတာ့ဘဲ ဆြဲခ်ခံလိုက္ရသည္။ စုလင္း ေပ်ာ့ေပ်ာင္းေနေသာေျခေထာက္မ်ားျဖင့္ ဒူးေထာက္ထိုင္ခ်လိုက္မိၿပီး သူ႕ေ႐ွ႕တြင္ တာယာအပိုင္းအစမ်ား ေနရာအႏွံ႔ ျပန္႔က်ဲေနသည္။
သူ အတိုက္ခံရလုနီးပါးပင္။
သူ႕ႏွလုံးသားက ျပင္းထန္စြာ ခုန္ေနသည္မွာ ေနာက္တစ္စကၠန္႔တြင္ သူ႕ရင္ဘတ္ထဲမွ ခုန္ထြက္သြားေတာ့မည့္ႏွယ္။
"လင္းလင္း"
ကုလီဟန္သည္ အေျပးအလႊား ေျပးလာကာ သူ႕ေ႐ွ႕တြင္ ဒူးတစ္ဖက္ ေထာက္ထိုင္လိုက္သည္။ သူက စုလင္းကို ေပြ႕ဖက္ဖို႔ သူ႕လက္ကို ဆန္႔ထုတ္လိုက္ေသာ္လည္း စုလင္းႏွင့္ ထိကာနီးတြင္ ရပ္တန္႔သြားသည္။
"မင္း တစ္ေနရာရာက ထိခိုက္မိသြားလား?"
ေမးလာသည့္ သူ႕အသံဟာ တင္းက်ပ္ေနခဲ့သည္။
စုလင္း ကုလီဟန္ရဲ႕လက္ကို ဆြဲကိုင္လိုက္ၿပီး
"ကြၽန္ေတာ္ မနာပါဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္ အရမ္းေၾကာက္သြားတာ ခု ေျခေထာက္ေတြက ေပ်ာ့ေနတယ္"
ကုလီဟန္က စုလင္းကို တင္းက်ပ္စြာ ေပြ႕ဖက္လိုက္ၿပီး သူ၏ (SL) လည္ပင္းကို လက္ဖဝါးျဖင့္ ဖိကပ္ထားကာမွ ျပင္းထန္ေသာ ေသြးခုန္ႏႈန္းကို ခံစားလိုက္ရသည္။
ေ႐ွာင္း႐ြိ ေျပးသြားေသာအခါ လင္းမန္က သူ႕ရင္ခြင္ထဲသို႔ ပစ္လွဲခ်လိုက္ၿပီး မ်က္ရည္မ်ားျဖင့္
"အား႐ြိ ငါ ေသေအာင္ လန္႔သြားတာ ငါေသၿပီလို႔ကို ထင္တာ'
ေ႐ွာင္း႐ြိရဲ႕မ်က္ႏွာက စိတ္ပူပန္မႈတို႔ျပည့္ႏွက္ေနခဲ့ၿပီး သူ႕လက္ျဖင့္ လင္းမန္ရဲ႕ေနာက္ေက်ာကို အသာအယာထိ၍ ႏွစ္သိမ့္ကာ
"မေၾကာက္နဲ႔ေတာ့ေနာ္ အခုအကုန္ အဆင္ေျပသြားၿပီေနာ္"
ရဲကား ဥၾသသံမ်ားႏွင့္ လူနာတင္ကားသံမ်ား နီးကပ္လာသည္ကို ၾကားလိုက္ရၿပီးေနာက္ အားကစားစင္တာ မန္ေနဂ်ာက လုံျခဳံေရး အေစာင့္ႏွစ္ေယာက္ႏွင့္အတူ ေျပးလာသည္။ မန္ေနဂ်ာသည္ အျဖစ္အပ်က္ကိုျမင္လိုက္ရေသာအခါ ေခြၽးမ်ား ေအးစက္သြားရသည္။
"ဥကၠ႒ ကု၊ ေ႐ွာင္းသခင္ေလး ဒုကၡေပးသူေတြအားလုံးကို ဖမ္းလိုက္ၿပီ၊ အားကစားစင္တာမွာ ခုလို တစ္ခုခုျဖစ္သြားတဲ့အတြက္ စိတ္မေကာင္းပါဘူး၊ လုံျခဳံေရးအဖြဲ႕ကလည္း အခ်ိန္မီ ပံ့ပိုးမေပးႏိုင္ခဲ့ဘူး။"
ကုလီဟန္: "ကြၽန္ေတာ္ ဗဟိုမွာ ျဖစ္ပ်က္ခဲ့တာေတြကို အေသးစိတ္သိခ်င္တယ္"
"ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ ကြၽန္ေတာ္တို႔ရဲ႕ CCTV မွတ္တမ္းကို မၾကာခင္မွာ ကြၽန္ေတာ္တို႔ဝန္ထမ္းေတြက ခင္ဗ်ားဆီ ပို႔ေပးမွာပါ"
မန္ေနဂ်ာက ျမန္ျမန္ ျပန္ေျဖလာသည္။
ကင္းလွည့္ရဲကားတစ္စီး လမ္းေဘးမွာ ရပ္လိုက္ၿပီး အရပ္႐ွည္တဲ့ Alpha ရဲအရာ႐ွိ ၄ ေယာက္ ကားထဲက ဆင္းလာသည္။ အရာ႐ွိတစ္ဦးသည္ စုလင္းဆီ ေလွ်ာက္လာခဲ့ၿပီး က်န္ ၃ ဦးစလုံး ထရပ္ကားဆီ သြားၾကည့္ၾကသည္။ ရဲအရာ႐ွိက စိုးရိမ္တႀကီးနဲ႔ ေမးလာသည္။
"မစၥတာစု၊ အဆင္ေျပရဲ႕လား"
စုလင္း ကုလီဟန္ရဲ႕ ပခုံးကို မွီၿပီး ေခါင္းညိတ္လာသည္။
"ဟုတ္ကဲ့။"
ရဲအရာ႐ွိ: "စိတ္မပူပါနဲ႔၊ ဘာျဖစ္သြားလဲ ကြၽန္ေတာ္တို႔ တတ္ႏိုင္သမွ် အျမန္ဆုံး စုံစမ္းေပးပါ့မယ္။"
"ေက်းဇူးတင္ပါတယ္။"
ရဲအရာ႐ွိက ကားေပၚမတက္မီ စကားအနည္းငယ္ေျပာခဲ့သည္။
"ကြၽန္ေတာ္ မတ္တပ္ရပ္ခ်င္တယ္"
စုလင္း ကုလီဟန္ရဲ႕ ပုခုံးကို ပုတ္ၿပီး ကုလီဟန္ရဲ႕အကူအညီနဲ႔ မတ္တပ္ရပ္လိုက္သည္။
ထို႔ေနာက္ သူက ေျခေထာက္ကို လႈပ္ၾကည့္ၿပီး
“ကြၽန္ေတာ္ အခု တစ္ေယာက္တည္း ရပ္လို႔ရၿပီ”
ထိုအခါ ကုလီဟန္ရဲ႕အသားအေရာင္ အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားေသာ္လည္း စုလင္းကို သူ႕လက္ျဖင့္ ခိုင္ၿမဲစြာ ဆုပ္ကိုင္ထားေသးသည္။
တစ္ဖက္တြင္ လင္းမန္သည္လည္း ေနာက္ဆုံးတြင္ အငိုရပ္သြားကာ မ်က္ရည္မ်ားက သူ႕ေၾကာက္႐ြံ႕မႈအားလုံးကို ဖယ္ထုတ္သြားပုံရသည္။ သူ႕မ်က္လုံးေတြက နီရဲေနေပမယ့္ အရမ္းတက္ႂကြေနသည္။ သူသည္ ႏြယ္ပင္ကို အားရပါးရ ၫႊန္ျပၿပီး ေမးလာသည္။
"ဒါက ဘာလဲ"
လုံေမာ့ထန္ရဲ႕ အႀကီးစားဗား႐ွင္းကို ၾကည့္ရင္း စုလင္း မသိစိတ္က သူ႕လက္ေကာက္ဝတ္ကို ထိလိုက္မိသည္။ သူ႕လက္ေကာက္ဝတ္က ေခ်ာေမြ႕ေနၿပီး ဘာတစ္ခုမွ ႐ွိမေနေပ။ ထိုအခိုက္အတန္႔မွာ ရဲအရာ႐ွိက သူတို႔ဆီ ျပန္လာၿပီး ေမးသည္။
"မစၥတာစု၊ ဒါ မင္းရဲ႕ ဝိညာဥ္အပင္လား? သူ ရစ္ပတ္ထားတာကို ေလ်ာ့ခိုင္းေပးလို႔ ရမလား? ကားတံခါးက ညႇပ္ေနၿပီး ယာဥ္ေမာင္းကို စစ္ေဆးလို႔ မရဘူး"
လုံေမာ့ထန္က သူ႕ရဲ႕လက္႐ွိအေနအထားကို ထိန္းသိမ္းထားဆဲျဖစ္သည္ကို စုလင္း ျမင္ၿပီး အနည္းငယ္စိုးရိမ္သြားခဲ့သည္။ လုံေမာ့ထန္၏ ခပ္လ်ိဳလ်ိဳေနတတ္ေသာ သေဘာထားအရ သူ႕ကိုယ္သူ ဤမွ်ၾကာၾကာ ထုတ္ေဖာ္မျပသင့္ဘဲ သူ႕လက္ေကာက္ဝတ္သို႔ အျမန္ျပန္သြားသင့္သည္။ အခုခ်ိန္မွာေတာ့ မ်က္စိက်စရာ ျဖစ္လြန္းေနသည္။ စုလင္း ထရပ္ကားဆီသို႔ ေလွ်ာက္လာၿပီး
"ကြၽန္ေတာ္ ႀကိဳးစားၾကည့္ပါ့မယ္"
လုံေမာ့ထန္၏ ပင္စည္သည္ အ႐ြယ္ေရာက္ၿပီးလူႀကီးတစ္ေယာက္၏ လက္ေကာက္ဝတ္ အ႐ြယ္အစားခန္႔႐ွိသည္။ ၎၏အေရာင္မွာ အနက္ေရာင္ ေတာက္ေျပာင္ေခ်ာေမြ႕ေနၿပီး အ႐ြက္မ်ား၏အေရာင္မွာ အလြန္ေဖ်ာ့ေတာ့ေနခဲ့သည္မွာ ထိလိုက္မိလွ်င္ပင္ က်ိဳးေၾကသြားမည့္ႏွယ္။ စုလင္း လုံေမာ့ထန္၏အသြင္အျပင္ကိုၾကည့္ရင္း တံခါးေပါက္နား႐ွိ သစ္႐ြက္မ်ားကို တို႔ထိကာ
"ငါ့သူငယ္ခ်င္းကို ကယ္ေပးလို႔ ေက်းဇူးတင္ပါတယ္၊ မင္းေကာ အဆင္ေျပရဲ႕လား"
သူ႕စိတ္ထဲတြင္ စကားလုံးတစ္လုံးၿပီး တစ္လုံး ေပၚလာသည္
"ထိန္းခ်ဳပ္မႈမဲ့၊ လုံးဝမေကာင္း"။
တင္းၾကပ္စြာ ဆုပ္ကိုင္ထားရင္း ႐ွန္းမိုယြီ၏ အနီးကပ္ပုံတစ္ခု သူ႕စိတ္ထဲတြင္ ေပၚလာသည္။
စုလင္း: "႐ွန္းမိုယြီကို ကူညီခိုင္းေစခ်င္သလား။"
အ႐ြက္မ်ား အတက္အဆင္း ေ႐ြ႕လ်ားလာသည္။
ေရကူးကန္ႏွင့္ အားကစားစင္တာမွ ဧည့္သည္အမ်ားအျပားႏွင့္ လမ္းသြားလမ္းလာအခ်ိဳ႕သည္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ၾကည့္႐ႈရန္ အခင္းျဖစ္ပြားရာေနရာအား ဝိုင္းရံထားရာ လူအုပ္ႀကီး ျဖစ္လာေလသည္။ လူနာတင္ယာဥ္ႏွင့္ ရဲကားမ်ားလည္း အျမန္ေရာက္လာသည္။ ေရာက္႐ွိလာေသာ ရဲအရာ႐ွိမ်ားသည္ လူစုလူေဝးကို အနားမကပ္ေစရန္ ႀကိဳးကို အျမန္ဆြဲထုတ္၍ တားခဲ့သည္။ လူငယ္အခ်ိဳ႕က သူတို႔၏ လက္ေကာက္မ်ားကို လွည့္၍ ေျခဖ်ားမ်ားေထာက္ကာ ဓာတ္ပုံ႐ိုက္ေနၾကသည္။ လူအခ်ိဳ႕ကလည္း သူ႕တို႔ရဲ႕လက္ေကာက္မွတစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္မႈကို စတင္ခဲ့ၿပီး "အရမ္းမိုက္တဲ့ စိတ္ဝိညာဥ္ပင္က အံ့ၾသဖြယ္အသြင္အျပင္ကို ဖန္တီးခဲ့သည္။" ဟုပင္ ေရးသားခဲ့ၾကသည္။
ထိုတိုက္႐ိုက္ထုတ္လႊင့္မႈအခန္း၏ လူႀကိဳက္မ်ားမႈမွာ တဟုန္ထိုးတက္လာၿပီး 'My Gawd!'၊ 'Handsome' ႏွင့္ 'So cool' ကဲ့သို႔ေသာ စကားလုံးမ်ားသည္ chatbox တြင္ ျပည့္လွ်ံေနေတာ့သည္။ ထို႔ေနာက္တြင္ေတာ့ တစ္ေယာက္က ဘာေတြျဖစ္ေနတာလဲလို႔ ေမးလာသည္။ တိုက္႐ိုက္ထုတ္လႊင့္မႈကို စတင္သည့္ ေယာက်္ားေလးေဘးတြင္ ရပ္ေနေသာ ဦးေလးတစ္ေယာက္က လမ္းသြားလမ္းလာျဖစ္ၿပီး အလြန္စိတ္လႈပ္႐ွားေနပုံရသညိ။ ထိုလူငယ္၏ပခုံးကိုဆြဲကိုင္ကာ ေနရာအႏွံ႔ တံေတြးေတြ စင္ေအာင္ ႐ွင္းျပေတာ့သည္။ ဦးေလးႀကီးမ်ားႏွင့္ အေဒၚႀကီးမ်ားေျပာတတ္သည့္ ခ်ဲ႕ကားေျပာဆိုနည္းျဖင့္ ဦးေလးႀကီးက ထရပ္ကားႀကီးရန္မွ လူတစ္ဦးကို စိတ္ဝိညာဥ္ပင္က ကယ္တင္လိုက္သည့္ျမင္ကြင္းကို ျပန္ေျပာျပေနသည္။ လူငယ္က သူ႕မ်က္ႏွာကို သုတ္လိုက္ၿပီး တံေတြးကို ဖယ္႐ွားဖို႔ ႀကိဳးစားေနရသည္။
တံေတြးေၾကာမွာ ေမ်ာေနျခင္းက ႐ူးေၾကာင္ေၾကာင္ႏိုင္ပုံေပၚေသာ္လည္း သူ႕ေက်ာ္ၾကားမႈမွာ တဟုန္ထိုးတက္လာသည္ကို ျမင္လိုက္ရသျဖင့္ ထိုဦးေလးႀကီးဆီမွ စကားေျပာျခင္းအႏုပညာကို တိတ္တဆိတ္ သင္ယူရင္း တံေတြးေထြးျခင္းကို လည္း အသာ ရပ္ခံေနလိုက္ေတာ့သည္။
စုလင္း လုံေမာ့ထန္ရဲ႕ အ႐ြက္မ်ားကို အသာအယာကိုင္ကာ ကားအနီးတြင္ရပ္ေနေသာ ရဲအရာ႐ွိအား
"စိတ္မ႐ွိပါနဲ႔၊ ဒီေနရာကေန ခဏဖယ္ေပးလို႔ရမလား?"
ရဲအရာ႐ွိမ်ားက ေနရာမွ ေ႐ြ႕ေပးခဲ့သည္။ စုလင္း သူတိုကို ေက်းဇူးတင္လိုက္ၿပီး ႐ွန္းမိုယြီကို ထုတ္လိုက္သည္။ ႐ွန္းမိုယြီက သူ႕သူငယ္ခ်င္းေလးမွာ တစ္ခုခုမွားေနေၾကာင္း ခ်က္ခ်င္းသိလိုက္ကာ သူ႕အျမစ္မ်ားကို သုံးကာ ႏြယ္ပင္မ်ားကို ရစ္ပတ္လိုက္ၿပီး
"မင္းဘာလို႔ ဒီေလာက္ႀကီးေနရတာလဲ!"
လုံေမာ့ထန္က သူ႕ကို ျဖစ္ပ်က္ခဲ့သည္မ်ားကို စိတ္ပိုင္းဆိုင္ရာပုံရိပ္ျဖင့္ မွ်ေဝခဲ့သည္။ ႐ွန္းမိုယြီက ေဒါသအရမ္းထြက္ၿပီး အျမစ္မ်ားျဖင့္ ထရပ္ကားေ႐ွ႕ကို ပါး႐ိုက္သလို ႐ိုက္လိုက္သည္။ အျမစ္ထိပ္ တစ္ဖက္က ပြင့္လာၿပီး အဆိပ္ ျဖန္းလိုက္သည္။ ႐ုတ္ခ်ည္းပင္ ထရပ္ကား၏ ညာဘက္ ေ႐ွ႕မီးမ်ား အရည္ေပ်ာ္သြားသည္။
လူအုပ္ႀကီးဆီမွ ရင္ခုန္သံနဲ႔ ေအာ္သံေတြ ဆူညံသြားတယ္။ အရာ႐ွိေတြ အျမန္ျပန္ဆုတ္သြားတယ္။
တိုက္႐ိုက္ထုတ္လႊင့္တဲ့အခန္းမွ ပရိသတ္မ်ား ႐ူးသြပ္သြားမတတ္ပင္။
'ဘုရားေရ၊ ဒါက ဘာႀကီးလဲ။'
'အရမ္းမိုက္တာပဲ!'
'ငါ့မွာ ဒီလို စိတ္ဝိညာဥ္အပင္မ်ိဳး႐ွိရင္ ငါ အရမ္းအစြမ္းထက္လာမွာ မဟုတ္ဘူးလား။
'သူ႕ပိုင္႐ွင္က ေသခ်ာေပါက္ လုံးဝ ရန္မစသင့္တဲ့သူပဲ'
႐ွန္းမိုယြီ ေဒါသထြက္ေနသည္မွာ ထင္႐ွားလွသည္။ စုလင္း အျမစ္မ်ားကို ညင္သာစြာ ညႇစ္လိုက္ၿပီး ဆို၏။
"စိတ္မဆိုးနဲ႔ေတာ့ေနာ္ ငါအဆင္ေျပပါတယ္။ မင္းသူငယ္ခ်င္းကို အရင္ကူညီပါဦး"
ထိုျမင္ကြင္းကို ပတ္ဝန္းက်င္က လူမ်ား ျမင္လိုက္ရာ အားလုံး ပင့္သက္႐ိႈက္မိၾကေတာ့သည္။ ဤအနက္ေရာင္အျမစ္သည္ အလြန္အဆိပ္ျပင္းလွေသာ္လည္း Omega ေလးက သူ႕ကို ထိဝံ့ေပသည္။ သူတို႔ ေတြးထင္ထားခဲ့သည့္ ေၾကာက္စရာေကာင္းတဲ့ အရာေတြ မျဖစ္ခဲ့သလို Omega ရဲ႕ လက္ေတြကလည္း အေကာင္းအတိုင္းပင္။ အျမစ္မ်ားသည္ Omegaေလး၏ လက္ေကာက္ဝတ္တြင္ပက္ ရစ္ပတ္သြားၾကေသးသည္။ တိုက္႐ိုက္ထုတ္လႊင့္မႈအခန္း႐ွိ ပရိသတ္မ်ား အားလုံး သံပုရာ အရသာမ်ား (မနာလိုစိတ္ေၾကာင့္ ခ်ဥ္ေသာ) ပ်ံ႕ကုန္ရ၏။
'ဒီလို အရမ္းမိုက္ၿပီးလိမၼာတဲ့ စိတ္ဝိညာဥ္ပင္မ်ိဳး ဘယ္မွာ ႐ွာလို႔ ရႏိုင္မလဲ? လိပ္စာေပးၾကပါ။ ျမန္ျမန္ေလး'
အျမစ္က ႏြယ္ပင္ကို ပြတ္သပ္ၿပီး
“မင္းက သိပ္ၾကင္နာတတ္တာပဲ ငါ့သားကို ကာကြယ္ေပးတာ ေက်းဇူးတင္ပါတယ္”
လုံေမာ့ထန္ "အ႐ူးလိုစကားေတြ ရပ္စမ္း! ဒါ ငါ့တူပဲ!။ ငါ့ႏြယ္ရည္ကိုသာ ျမန္ျမန္စုပ္လိုက္စမ္းပါ။ ငါ ထပ္ အၾကည့္မခံခ်င္ေတာ့ဘူး။ ေအး ဒါမဲ့လည္း ငါ ႀကိဳသတိေပးလိုက္မယ္ အရည္ကို မင္းအတြက္ မစုပ္နဲ႔ေနာ္"
႐ွန္းမိုယြီ: "စိတ္မပူပါစမ္းနဲ႔ ငါလည္း ပိုႀကီးမလာခ်င္ေပါင္၊ ဒါေပမယ့္ အတည္ေျပာရရင္ မင္းထိန္းခ်ဳပ္မႈ မေပ်ာက္တာေတာင္ အေတာ္ၾကာၿပီေနာ္။"
စကားစျမည္ေျပာေနေသာ္လည္း ႐ွန္းမိုယြီ၏အျမစ္မ်ားက စတင္ေ႐ြ႕လ်ားလာသည္။ အျမစ္ေပါင္းမ်ားစြာသည္ ႏြယ္ပင္၏ ပင္စည္မ်က္ႏွာျပင္ေပၚသို႔ ေ႐ြ႕သြားကာ အျမစ္ထိပ္ဖ်ားစြန္းက ပြင့္လာၿပီး ႏြယ္ပင္ေပၚတြင္ စုပ္ခြက္တစ္ခုႏွယ္ တြယ္ကပ္လာသည္။ ခဏအၾကာအတြင္ အျမစ္မ်ား၏ ပုံသ႑ာန္ အနည္းငယ္ေျပာင္းလဲသြားၿပီး အရည္မ်ား ျဖတ္သန္းသြားေနသည္မွာ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ပင္ ထင္႐ွားလွသည္။
စုလင္း မွင္သက္သြားရသည္။
ေ႐ွာင္းမိုယြီက လုံေမာ့ထန္ရဲ႕ အစိတ္အပိုင္းေတြကို စုပ္ယူေနတာ?
လုံေမာ့ထန္: "ငါ့ႏြယ္ရည္ကို ဒီနည္းနဲ႔ မသုံးတာ ႏွစ္ ၁၀၀၀ နီးပါးေလာက္႐ွိၿပီ။ အေျခအေနက အရမ္း အလ်င္စလိုျဖစ္သြားတာဆိုေတာ့ ငါလည္း ေကာင္းေကာင္း မထိန္းႏိုင္လိုက္ဘူး။ မင္း သားအတြက္သာ မဟုတ္ရင္ ငါ ဒါကို လုပ္မွာ မဟုတ္ဘူး။"
ေ႐ွာင္းမိုယြီ : "မင္းက အရမ္းေတာ္တာပဲ၊ တကယ္လို႔ေလ ငါသာ မင္းရဲ႕ႏြယ္ရည္ေတြကို ထိန္းခ်ဳပ္ႏိုင္ၿပီး အခ်ိန္မေ႐ြး က်ံဳ႕လိုက္၊ ႀကီးလိုက္ လုပ္ႏိုင္ရင္ ငါ့သားကို အၿမဲကာကြယ္ႏိုင္မွာ"
"အ႐ူးစကား စကားေတြေျပာျပန္ၿပီ"
လုံေမာ့ထန္က ထပ္ေျပာလိုက္ေသးသည္။
"ဒါ လုံေမာ့ထန္ဆိုတဲ့ ငါ့ရဲ႕ဝိေသသလကၡဏာေလ၊ ၿပီးေတာ့ ငါေျပာၿပီးၿပီပဲ မင္းရဲ႕သားက ငါနဲ႔အတူတူ႐ွိေနမယ္ဆို အဆင္ေျပပါလိမ့္မယ္"
ေ႐ွာင္းမိုယီ : "မင္းက အရမ္းၾကင္နာတာပဲ!"
လုံေမာ့ထန္ အ႐ြက္မ်ား ေ႐ြ႕လ်ားလာၿပီး အျမစ္မ်ားကို ဓားထိုးသည့္ႏွယ္ ထိုးလိုက္ကာ
"ဘာလို႔ မိုက္မဲတဲ့ စကားမ်ိဳးေျပာရတာကို အၿမဲ ႀကိဳက္ရတာလဲ"
သိပ္မၾကာမီတြင္ လုံေမာ့ထန္က သာမန္မ်က္ေစ့ျဖင့္ပင္ ျမင္ႏိုင္ေသာ အ႐ွိန္ျဖင့္ တျဖည္းျဖည္းေသးသည္ထက္ ေသးငယ္လာသည္။ လုံေမာ့ထန္ စုလင္း၏လက္ေကာက္ဝတ္ဆီသို႔ ရစ္ပတ္သြားႏိုင္သည္အထိ က်ံဳသြားမွသာ ႐ွန္းမိုယြီက အျမစ္မ်ားအားလုံးကို ေနာက္ျပန္ယူ၍ သိမ္းသြားသည္။ လုံေမာ့ထန္၏ ပင္စည္ႏွင့္အ႐ြက္ရဲ႕အေရာင္က အလြန္ေဖ်ာ့ေတာ့ေနသည္ကို စုလင္း ေတြ႕လိုက္ရၿပီး
"မင္း အေျခအေန ဆိုးေနေသးလား?"
အ႐ြက္မ်ား ဘယ္ညာ လႈပ္ခါသည္။
အေျခအေနေကာင္းသည့္ အေျဖကိုရမွသာ စုလင္း စိတ္သက္သာရာရႏိုင္ၿပီး ႐ွန္းမိုယြီကို အသာဖြဖြ တစ္ခ်က္ညႇစ္လိုက္ၿပီး ေနရာလြတ္ထဲ ျပန္ထည့္လိုက္သည္။
"မစၥတာစု ကြၽန္ေတာ္ျပန္လိုက္ပို႔ေပးပါ့မယ္"
ရဲအရာ႐ွိက လာေရာက္ၾကည့္႐ႈသူ ပိုမ်ားလာသည္ကို တစ္ခ်က္ၾကည့္ကာ အၾကံျပဳသည္။
စုလင္း ကုလီဟန္ကို ၾကည့္ေတာ့ ေခါင္းညိတ္ျပသည္ကို ေတြ႕ရသည္။ လင္းမန္၏မ်က္လုံးမ်ားက ေတာက္ပေနၿပီး စုလင္း၏လက္ေကာက္ဝတ္ကိုသာ စိုက္ၾကည့္ေနၿပီး
"ငါတို႔ ညစာအတူစားၾကဖို႔ေျပာထားတယ္ေလ။ ဥကၠ႒ကု အိမ္မွာ သြားစားရေအာင္!"
စုလင္း ရဲအရာ႐ွိကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး ေခါင္းညိတ္လိုက္သည္။ ကားထဲတြင္ လင္းမန္က စုလင္း၏ လက္ကို ကိုင္ကာ သူ႕လက္ေကာက္ဝတ္ကို စိုက္ၾကည့္ေနၿပီး
"ဒါ Sအဆင့္ စိတ္ဝိညာဥ္ပင္ပဲလား?"
စုလင္း ဟုတ္မွန္ေၾကာင္း အမ္းဟု အသံျပဳလိုက္ၿပီး ဆိုသည္။
"လုံေမာ့ထန္တဲ့"
လင္းမန္က မ်က္ေတာင္ေလး ပုတ္ခတ္ၿပီး သူ႕ကို လႊတ္ေပးလာသည္။ ထို႔ေနာက္ သူ႕လက္ေကာက္သူ ထိကာ
"ဒါကို တစ္ေနရာရာမွာ ျမင္ဖူးေနသလိုပဲ"
လင္းမန္ သူ႕လက္ေကာက္နဲ႔ အခ်က္အလက္ေတြ႐ွာေနတာကို ေတြ႕ေတာ့ စုလင္း ကုလီဟန္ဘက္လွည့္ကာ
"အဲဒီလူေတြနဲ႔ ဘယ္လိုလုပ္ၿပီး ရန္ပြဲျဖစ္သြားတာလဲ"
ကုလီဟန္ မ်က္ေမွာင္ၾကဳတ္ကာ
"ကိုယ္တို႔ အားကစားစင္တာက ထြက္လာၿပီးေတာ့ မူးေနတဲ့ Alpha အဖြဲ႕က ဝင္ေပါက္ကို ျဖတ္သြားရင္း Omega၂ေယာက္ကို ေႏွာက္ယွက္ေနခဲ့တာ"
ေ႐ွာင္း႐ြိက ေ႐ွ႕ခရီးသည္ ထိုင္ခုံမွ ေခါင္းကို လွည့္ကာ လက္ေျမႇာက္ၿပီး
"ငါ့အမွားပါ ၊ ငါ စိတ္မထိန္းႏိုင္ဘဲ ဝင္ပါမိသြားတာ"
သူက ကြၽတ္ခနဲ လုပ္လိုက္ၿပီး
"ဒါေပမဲ့ ျပန္ေတြးၾကည့္ေတာ့ တစ္ခုခုေတာ့ မွားေနတယ္ ထင္တယ္"
စုလင္း ေအာ္ၿပီး ထြက္ေျပးလာသည့္ Omega၂ေယာက္ကို ျပန္ေတြးမိသည္။ လင္းမန္သည္လည္းပဲ သူနဲ႔ ထပ္တူေတြးမိေနပုံရၿပီး
"မင္းတို႔ သူတို႔ကို ကူညီေပးဖို႔ ႀကိဳးစားေနတုန္း ဒီလိုေတြ ျဖစ္သြားတာ။ သူတို႔ကိုသာ ကူညီမိလို႔မဟုတ္ရင္ ငါတို႔လည္း မင္းတို႔ကို ေစာင့္ရင္း ေရကူးကန္ဝင္ေပါက္မွာပဲ ရပ္ေနမိမွာ"
ကုလီဟန္ သူ႕လက္ေကာက္မွ မက္ေဆ့ခ်္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"အဲဒီအခ်ိန္တုန္းက အားကစားစင္တာမွာ မေတာ္တဆမႈတစ္ခု ျဖစ္ခဲ့တယ္ အဲ့ဒါေၾကာင့္ လုံျခဳံေရးဝန္ထမ္း ေတာ္ေတာ္မ်ားမ်ားက အေဝးကို အပို႔ခံထားရတာ"
"ဘယ္ေလာက္ေတာင္ တိုက္ဆိုင္တာလဲ"
ေ႐ွာင္း႐ြိက ေရ႐ြတ္လာသည္။
ကုလီဟန္က သုန္မႈန္ေသာမ်က္ႏွာျဖင့္ အမ္းဟုသာဆိုသည္။ ကားေမာင္းေနသည့္ ရဲအရာ႐ွိက
"သိပ္ေတာ့ စိတ္မပူပါၾကနဲ႔၊ ျပသာနာ႐ွာတဲ့သူေတြကိုေခၚသြားတာ လုံျခဳံေရး ဝန္ႀကီးဌာနက လူေတြပါ။ တကယ္ပဲ ျပႆနာတစ္စုံတစ္ရာ႐ွိရင္ ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ ႐ွာလို႔ရမွာပါ"
ကုဗီလာကိုေရာက္ေသာ္ လင္းမန္က စုလင္းကို စိတ္ဝိညာဥ္ပင္ အခန္းကိုသြားဖို႔ မရပ္မနား အေႏွာင့္အယွက္ေပးေတာ့သည္။ စုလင္း ႐ွန္းမိုယြီကို ထုတ္လိုက္သည္ႏွင့္ လုံေမာ့ထန္က ႐ွန္းမိုယြီ၏ ပြင့္ခ်ပ္မ်ားဆီ အေျပးအလႊားသြားကာ တြယ္ကပ္ထားလိုက္သည္။ ခဏမွ်ၾကာေသာ္ သူ၏အ႐ြက္ အေရာင္ဟာ ပိုမည္းနက္သိပ္သည္းလာခဲ့သည္။
စုလင္း အနီးတြင္ ရပ္သည့္ လင္းမန္က အနီးကပ္၍ ေသခ်ာၾကည့္ၿပီးသည့္ေနာက္ ေမးသည္။
"ဒါ ခုနက ႐ွန္းမိုယြီ စုပ္ထားတဲ့ဟာ မလား? အခု သူက ျပန္စုပ္ယူေနတာလား?"
အျမစ္မ်ားသည္ အတက္အဆင္း လႈပ္႐ွားသြားသည္။
လင္းမန္ အျမစ္မ်ားကို စိုက္ၾကည့္ၿပီး ေအာ္ေတာ့သည္။
" အိုး၊ ဥာဏ္ေကာင္းလိုက္တာ ငါ အဲဒါကို ထိၾကည့္လို႔ရမလား"
႐ွန္းမိုယြီက သူ႕နဖူးကို ခပ္ဖြဖြ ႐ိုက္လိုက္ၿပီး သူ႕သူငယ္ခ်င္းေလးကို ေျပာသည္။
"အခုေခတ္ လူငယ္ေတြက အရမ္းစကားေျပာတတ္ၾကတယ္၊ ဒါေပမယ့္ ေတာ္ေတာ္လည္း ႐ိုင္းပ်ၾကတယ္"
လင္းမန္ အားက်ေသာအၾကည့္ျဖင့္ ၾကည့္ရင္း နဖူးကိုထိလိုက္ကာ
"ငါလည္း Sအဆင့္ စိတ္ဝိညာဥ္ပင္ တစ္ပင္ေလာက္ ပ်ိဳးေထာင္ေပးခ်င္တယ္လို႔။ လုံျခဳံစိတ္ခ်ရၿပီး အျပန္အလွည္လည္း တုံျပန္ေျပာဆိုႏိုင္တယိ အိမ္ေမြးတိရိစၧာန္ေလးေတြက်ေနတာပဲ"
လင္းမန္ေ႐ွ႕ကို အျမစ္တစ္ခု လႊားခနဲေရာက္လာသည္။ အဖ်ားပိုင္းကပြင့္အာေနၿပီး အနံ႔ဆိုးတို႔ကို ထုတ္လႊတ္လ်က္။
"သူ အရမ္းလြန္ေနၿပီ။ ဘာ အိမ္ေမြးတိရိစၧာန္တုန္း? ငါက ပါးပါး ဟ!!"
နံေစာ္လွေသာေၾကာင့္ လင္းမန္ မ်က္ႏွာကို႐ႈံတြလ်က္ ႏွာေခါင္းပိတ္ၿပီး ေနာက္ကို ဆုတ္ေျပးသည္။
စုလင္းသည္လည္း ေဘးမွာ႐ွိေနသည္ေၾကာင့္ အနံ႔၏တိုက္ခိုက္ျခင္းကို ခံခဲ့ရေသာ္လည္း သက္ေရာက္မႈမွာ လင္းမန္ ထက္ မ်ားစြာေသးငယ္သည္။ ထို႔အျပင္ သူ႕ pheromone မွလည္း အလားတူ အနံ႔မ်ိဳးကို ရေလ့႐ွိခဲ့ေသာေၾကာင့္ သူ႕ရဲ႕ တုံ႔ျပန္မႈက အေတာ္ေလး တည္ၿငိမ္ေနခဲ့သည္။ သူက ႐ွန္းမိုယြီရဲ႕ အျမစ္မ်ားကို ႏွစ္သိမ့္သည့္အေနျဖင့္ အသာ ညႇစ္လိုက္ၿပီး
"မန္မန္႔က စိတ္ႏွလုံး မေကာင္းတဲ့ သူမ်ိဳး မဟုတ္ပါဘူး။ မင္းက အံၾသစရာေကာင္းၿပီး ထက္ျမက္အတြက္ သူက မင္းကို ခ်ီးက်ဴးတာပါ။ မင္းက အိမ္ေမြးတိရိစၧာန္မဟုတ္ဘူး ငါ့သူငယ္ခ်င္းပါ"
"ဖတ္"
စုလင္းရဲ႕ နဖူးေပၚ အျမစ္က ဖြဖြေလး ပုတ္သည္။
ပုတ္လိုက္တဲ့ ထိေတြ႕မႈက အေတာ္ေလး ညင္သာေသာ္လည္း စုလင္း သံသယေတြအျပည့္ျဖင့္ သူ႕နဖူးသူ ထိလိုက္မိသည္။
သူ အမွားလုပ္မိလို႔လား?
အျမစ္က သူ႕ထိၿပီးေနာက္ တစ္ခုခုကို အနီးကပ္ ေရးဆြဲျပသည္။ ႀကီးမားလွသည့္ စကားလုံးတစ္ခု စုလင္း စိတ္ထဲ ေပၚလာသည္။
"သား!"
7April 2023
~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Fressia 🦋