FLASHBACK
Oleh Park_Vanna
9.2K 992 76
ဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ? Lebih Banyak
အမှာစာ
🍀1🍀
🍀2🍀
🍀3🍀
🍀4🍀
🍀5🍀
🍀6🍀
🍀8🍀
🍀9🍀
🍀10🍀
🍀11🍀
🍀12🍀
🍀13🍀
🍀14🍀
🍀15🍀
🍀16 (END)🍀
အခန်းပို(1)
အခန်းပို (2)
🍀7🍀
388 52 5
Oleh Park_Vanna
(Unicode)
"ဒီနေ့ဖေဖေ့အိမ်မှာ အခန်းသစ်ခုထပ်လုပ်ထားတယ်သား..။ကုတင်လဲ ၂ယောက်အိပ်ကုတင်ည့်ထားပေးတယ်မတော်လို့များ သားနဲ့ဂျီမင်လာဖြစ်ရင် လွတ်လွတ်လပ်နေလို့ရအောင် ဖေဖေပြင်ပေးထားတာမဟုတ်ရင် သားတို့ကုတင်လုနေတာနဲ့ ဘယ်သူမှအိပ်မှာမဟုတ်ဘူး ဟုတ်တယ်လား ဟားဟားဟား..."
*******
"ရေးးးးး"
ပင်လယ်ကြီးကိုမြင်သည်နှင့် သူတို့သုံးယောက်သား ကမ်းခြေအစပ်ကိုပြေးသွားလိုက်ကြသည်။သူတို့နောက်မှ ဖေဖေက ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်လာလေသည်။
"ရေထဲမဆင်းသေးဘူးနော် ညနေစောင်းမှဆင်းရမယ်"
ဖေဖေလှမ်းအော်ပြောသဖြင့် သူတို့အုပ်စုလက်ညိုးလက်မဖြင့်ဝိုင်းကာ အိုကေလုပ်ပြ၍ ကမ်းစပ်တလျှောက်ပြေးလွှားနေမိသည်။
"ထယ်ဆောင်းရ စာမေးပွဲဖြေနိုင်လား"
သူတို့အနောက်ကနေလိုက်ပြေးနေသော ထယ်ဆောင်းကိုဂျီမင်လှည့်ကြည့်ကာမေးလိုက်သည်။
"ဟုတ် ဖြေနိုင်တယ်ဟျောင်း"
"ငါ့ညီက ဖိုးဉာဏ်ကောင်း မင်းလိုငတုံးမဟုတ်ဘူး"
"ဘာ မင်း"
ဂျီမင်က အံကြိတ်အော်ကာ ထယ်ယောင်းလည်ပင်းကိုလက်မောင်းထဲထည့်ညစ်ကာ ဆွဲလဲလိုက်သည်။
"ဂျီမင်ဟျောင်း ချချ ဟားဟားဟား"
ထယ်ဆောင်းက တဟားဟားအော်ရယ်ကာ ဂျီမင်ဘက်ကနေ အားပေးလေသည်။
"ထယ်ဆောင်း အ! မင်းက ငါ့ညီလား ဂျီမင်ရဲ့ညီလား"
"ဂျီမင်ဟျောင်းရဲ့ညီ"
"ဟေ့ကောင်"
"ဟားဟားဟား"
ထယ်ယောင်းအတင်းဖိထားသော ဂျီမင်ကိုအင်အားသုံးကာ အတင်းပြန်တွန်းလဲ၍ ကလိထိုးကာ ထားပစ်ခဲ့၍ ညီဖြစ်သူနောက်ပြေးလိုက်တော့သည်။
"ဂျီမင်ဟျောင်း ကယ်ပါအုန်း"
"အေး လာပြီကွ"
ဂျီမင်ရီမောနေရင်းမှ ထယ်ယောင်းတို့ညီအကိုနောက်ပြေးလိုက်ရလေသည်။သဲသောင်တလျှောက်ပြေးဆော့နေသော သူတို့တတွေကို ဖေဖေကတော့ တပြုံးပြုံးဖြင့်ကြည့်ကာ နောက်မှဖြေးဖြေးချင်းလိုက်နေလေသည်။
🍀🍀🍀🍀🍀🍀🍀
"ငါဒီကုတင်ယူမှာ"
"မယူဘူး မင်းကငါ့ထယ်ငယ်တယ် အောက်ဆင်းအိပ်"
"အိပ်စရာလား မင်းကပ်ဖဲ့မပြောနဲ့ပတ်ဂျီမင်"
အတော်အတန်ကျယ်သော ကုတင်နှစ်လုံးပါသည့်အခန်းကို ဖေဖေကသူတို့နှစ်ယောက်အတွက်ငှားပေးထားပေမဲ့ ထယ်ဆောင်းကသူတို့နဲ့လာနေချင်သည်ဟု ဆိုသဖြင့် ကုတင်တစ်လုံးကိုငှားပေးလိုက်ရသည်။ထို့ကြောင့် ကျန်သည့်တလုံးကို သူနှင့်ဂျီမင်လုနေကြခြင်းဖြစ်သည်။
"ဟီးဟီးဟီး"
"ရီမနေနဲ့"
ကုတင်လုနေသော သူတို့နှစ်ယောက်ကို ထယ်ဆောင်းကကြည့်ကာရီလျှင် နှစ်ယောက်သားပြိုင်သူလှည့်အော်လေသည်။
"ဟားဟားဟား ဟျောင်းတို့ကြည့်ရတာ သူငယ်ချင်းနဲ့ကိုမတူဘူး"
"ဘာ!"
"သူငယ်ချင်းနဲ့မတူလို့ဘာနဲ့တူရမှာလဲ"
ကုတင်လုနေရင်းမှ နှစ်ယောက်သားထယ်ဆောင်းစကားကြောင့် ဘုတော,တောလိုက်သည်။
"အောက်မှာအိပ် ကင်ထယ်ယောင်း"
"မအိပ်ဘူး ဒီမှာပဲအိပ်မှာ"
"ဟားဟားဟား ပြောရင်ကြမကြိုက်ဘူး တကယ်သူငယ်ချင်းနဲ့ကိုမတူဘူး ဟာ!"
"သူငယ်ချင်းနဲ့မတူလို့ ဘာတူရမှာလဲ ဘုန်း!"
ကင်ထယ်ယောင်းက သူ့ညီကိုလှိမ့်အော်ကာ ခေါင်းအုံနဲ့ကောက်ပေါက်တော့သည်။
"ဟားဟားဟား မပြောတတ်ဘူးဟျောင်း ဟျောင်းတို့ကတခါတခါ ဖေဖေနဲ့မေမေတို့လိုပဲ"
"ဟင်"
"ဘာ!"
သေသေချာချာနားလည်အောင် မပြောပြတတ်သောဆက်ဆံရေးကို ထယ်ဆောင်းက သူမြင်နေကြမိဘနှစ်ပါး၏ဆက်ဆံရေးနှင့်နိူင်းယှဉ်ပြသဖြင့် နှစ်ယောက်သားထအော်မိသည်။ထယ်ယောင်းက နဂိုရှက်တတ်သောဂျီမင်အား အလျင်အမြန်လှည့်ကြည့်လိုက်လျှင် ထင်သည့်အတိုင်း ဂျီမင်မျက်နှာကရဲတတ်လာနေသည်။
"အဟမ်း...ဒါလင် ကိုယ်မင်းနဲ့အတူအိပ်မှာ"
"ရား...ကင်ထယ်ယောင်း!!"
"ဘုန်း! ဘုန်း!"
"အ!ဂျီမင်ရ"
ထယ်ဆောင်းစကားကြောင့် အရှက်သည်းနေသောဂျီမင်ကို ထယ်ယောင်းကတမင်ညစ်ပြီးထပ်စလျှင် ဂျီမင်ရှက်ရမ်းရမ်းကာ ထယ်ယောင်းကျောပြင်ကို တဘုန်းဘုန်းရိုက်ချတော့သည်။
"စတာ စတာ"
"နောက်ခါ ထပ်စကြည့် လည်ပင်းညစ်သတ်ပစ်မယ်"
ဂျီမင်တကယ်စိတ်ဆိုးသွားသည့်ထင် အိပ်ယာတဖက်တွင်ဝင်လဲ၍ ကုတင်စွန်းတွင်သွားအိပ်နေလေသည်။
"ဟားဟားဟား"
"ရီမနေနဲ့ မင်းကြောင့်"
"ဘာဆိုင်လဲ ဟျောင်းဘာသာ သွားစတာလေ"
အရီသန်သောညီဖြစ်သူကို ထယ်ယောင်းခပ်ကြိတ်ကြိတ်ရန်တွေ့ကာ ဂျီမင်ကိုကျောပေး၍ သူလည်းကုတင်တဖက်ခြမ်းတွင်လှဲအိပ်လိုက်သည်။ထိုကိစ္စနဲ့ပတ်သတ်ပြီးနောက်ကမ်းခြေကနေအိပ်ပြန်သည်အထိ ဂျီမင်သူ့အားစိတ်ကောက်ကာ မခေါ်မပြောပဲရှိလေသည်။ထိုအကြောင်းအရာကို ဖေဖေက ကုတင်လုရင်းရန်ဖြစ်ကာ စကားမ​ပြောသည်ဟုထင်ကာ ယခုလဲစာထဲတွင်ထည့်ရေးထားလေသည်။
🍀🍀🍀🍀🍀🍀🍀
စာအဆုံး ထယ်ယောင်းဂျီမင်ကိုလှည့်ကြည့်လိုက်သည်။ထိုအချိန်က အကြောင်းအရာကိုဂျီမင်လည်းမှတ်မိသည်ထင်၏ မျက်နှာတခုလုံးရဲတတ်နေလေသည်။
"အဟမ်း"
"အဆင်ပြေလား"
ထယ်ယောင်းလဲ ထိုအမှတ်တရကိုပြန်တွေးမိကာ ရယ်ချင်ပက်ကျိဖြစ်ချင်သောစိတ်ကို ချိုးနှိမ်ကာမသိသလိုမေးလိုက်သည်။
"ဟင် ဘာ ဘာကိုလဲ"
"နေမကောင်းဘူးလားလို့ပါ မျက်နှာနီနေလို့ ကားမူးနေတာလား"
"ဟင် အင်းနည်းနည်း"
သူ့အမေးကို အယောင်ယောင်အမှားမှားနှင့်ဖြေနေသော ဂျီမင်ကိူကြည့်၍ ထယ်ယောင်းကြိတ်ရီမိသည်။
"ကားခဏရပ်လိုက်မယ် အပြင်လေ ခဏရူလိုက်"
"အင်း"
ထယ်ယောင်းပြောပြီး ကားရှင်းသော ဟိုင်းဝေးလမ်းတနေရာတွင်ကားကို ရပ်လိုက်သည်။ ထိုနောက်ဂျီမင်က ကားပေါ်မှဆင်းသွားကာ လမ်းဘေးတနေရာတွင်သွားရပ်ကာ မျက်နှာချင်းဆိုင်က တောအုပ်ကိုကြည့်၍ လေကိုတဝကြီးရူသွင်းနေလေသည်။
"ဒါခြုံထား လေတိုက်တာအေးတယ်"
အင်္ကျီအပါးဖြင့်ဆင်းသွားသောဂျီမင်ကို ကားထဲမှစောင်အပါးလေးယူလာခြုံပေးလိုက်သည်။
"ကျေးဇူး"
"တူ...တူ"
ထိုအချိန်ဂျီမင်အိပ်ကပ်ထဲမှဖုန်းတုန်ခါလာသဖြင့် ဖွင့်ကြည့်ကာဝင်လာသောစာကို ဖတ်နေသည်။ထို့နောက်တချက်ပြုံးကာအိပ်ကပ်ထဲပြန်ထည့်လိုက်လေသည်။နံဘေးတွင်မတ်တပ်ရပ်ကာ ဂျီမင်လုပ်သမျှလိုက်ကြည့်နေသော ထယ်ယောင်းကစိတ်ထဲတွင်ခုလုခုလုနှင့် မကျေမချမ်းစိတ်တို့ကပ်တိုးပေါ်လာသည်။
လာတဲ့လမ်းတလျှောက်လဲ ဂျီမင်ကသူ့ရည်းစားနှင့်အဆက်အသွယ်မပျက် ဖုန်းခေါ်လိုက် စာပို့လိုက်နှင့်အလုပ်ရူပ်လျက်ရှိသည်။မျက်စိနှောက်ဖွယ်ပင်။
"မင်းသူ့ကိုအရမ်းချစ်လား"
"ဟင်...ဘာကို"
စကားအစမရှိပဲ ရုတ်တရက်မေးလိုက်သော စကားကြောင့်ဂျီမင်ကအူကြောင်ကြောင်လေးနှင့်ပြန်မေးမိသည်။
"ဂျွန်ဆိုတဲ့လူကိုလေ"
ဂျီမင်အူကြောင်ကြောင်နှင့်မေးသည်ကို ထယ်ယောင်းက ပြန်ဖြေပေမဲ့ သူ့ကိုမကြည့်... မျက်နှာချင်းဆိုင်ကတောအုပ်ဘက်ကို မျက်နှာမူရင်း တဖန်ပြန်မေးလေသည်။
ထိုအခါ ဘေးတိုက်မြင်နေရသော ထယ်ယောင်းမျက်နှာကို ဂျီမင်တချက်ငေးကြည့်မိသည်။ထယ်ယောင်းမျက်နှာက တကယ်ကို ပုံပန်းတကျနှင့်ကြည့်ကောင်းလှသည်။
"ဂျွန်ကငါ့အတွက် အဖော်ကောင်းပါ"
ဂျွန်ကိုချစ်လားမချစ်လား ဂျီမင်သူ့ကိုယ်သူမဆန်းစစ်မိ။ဘာဖြစ်ဖြစ် ဂျွန်နဲ့အတူရှိလျှင် နာကျင်စရာတွေကိုလည်း ခဏမေ့ထားနိုင်သည် ငိုစရာတွေလည်း ခဏနောက်ချန်ထားနိုင်သည်။
"ငါမေးတဲ့မေးခွန်းနဲ့အာ့တာကမတူဘူးမလား"
ထယ်ယောင်းက ဂျီမင်မျက်နှာထက်အဖြေရှာရင်း မျက်နှာသေးသေးလေးကိုကြည့်လိုက်သည်။ငယ်ငယ်က ပါးလေးတွေဖောင်းကာ လုံးလုံးကျစ်ကျစ်လေးဖြစ်နေသော ကောင်လေးက ခုတော့ပါးလျလျဖြင့် ခပ်လှလှယောက်ျားလေးတယောက်ဖြစ်နေလေသည်။
"ငါမသိဘူး ထယ်ယောင်း အနည်းဆုံးတော့ဂျွန်ငါ့နားမှာရှိရင် ဒီဒဏ်ရာတွေနဲ့အဝေးကို ငါထွက်ပြေးနိုင်ခဲ့တယ် ငါ့ကိုယ်ငါပြန်ရှာတွေ့အောင်ကြိုးစားနိုင်ခဲ့တယ် နှစ်သိမ့်မူဖြစ်စေတယ် ဒါကြောင့်ငါဂျွန်ကိုလက်ခံသင့်တဲ့လူအဖြစ်ငါ့အနားထားခဲ့တာ ဒါငါဂျွန်ကိုချစ်နေတယ်လို့မင်းထင်လား"
သူ့ကိုယ်သူတောင်မသိသောမေးခွန်းနှင့် ထယ်ယောင်း၏မျက်နှာချောချောကို တိုးကပ်မော့ကြည့်ရင်းရင်းဂျီမင်မေးလာသည်။သူဘာပြောရမည်နည်း။
"မင်းမှာကော ချစ်ရမဲ့သူမရှိဘူးလား"
"ဟင်"
သိလိုဇောတွေတဖျက်ဖျက်ခတ်နေသော ဂျီမင်က မျက်လုံးဝိုင်းလေးဖြင့်မော့ကြည့်ကာမေးနေပုံမှာ ချစ်စရာကောင်းလွန်းနေသည်။ထို့ပြင် တခါတခါ သူ့နူတ်ခမ်းထူရဲရဲကို လျှာနှင့်သပ်၍လဲ သူ၏စိတ်လှုပ်ရှားမူကိုဖော်ပြနေသည်။
"အရင်ကတော့မရှိဘူး နောက်တော့မပြောတတ်ဘူး"
နီးကပ်နေသောအနေအထားမှ ထယ်ယောင်းနောက်တလှမ်းဆုပ်ရင်းဖြေမိသည်။ဒါကို ဂျီမင်က သတိထားမိဟန်မတူ သူရှိရာသို့ပြန်တိုးကပ်လာပြန်လေသည်။
"ဒီကြားထဲမှာ တွေ့ထားတဲ့သူရှိတာလား"
ပြောရင်းဂျီမင်အသံတိုးဝင်သွားသည်။တကယ်ဆို ဒဏ်ရာတွေနဲ့ထယ်ယောင်းက ချစ်ရသူနဲ့သာဆိုပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝကို ရနိုင်မှာမဟုတ်လား။ထိုသို့သာ တွေးနေမိသည် တကယ်တမ်းကျတော့ သူ့ရင်ထဲ ဘာကြောင့်ရယ်မသိဝမ်းနည်းနေသည်လို့ထင်မိသည်။တကယ်ဆို ဒီနှစ်တွေမှာ သူတို့နှစ်ယောက်ဝေးနေခဲ့ကြတာမလား။
"မင်းသူ့ကိုမချစ်ဘူလို့ ထင်တယ်"
"ဘယ်လို"
ထယ်ယောင်းထပြောသော စကားကြောင့်ဂျီမင်နှလုံးတချက်ဒိန်းခနဲခုန်ကာ လန့်သွားမိသည်။
"မင်းအထီးကျန်နေချိန် သူရှိနေပေးခဲ့တာ လက်တဖက်ကမ်းပေးခဲ့တာကို အချစ်နဲ့မင်းအထင်မှားနေတယ် ထင်တာပဲ"
"မဟုတ်ဘူး"
ထယ်​ယောင်း စကားကြောင့် စိတ်ရူပ်ထွေးလာကာ ဂျီမင်သူ့မျက်နှာသူပွတ်၍ခေါင်းခါမိသည်။ထိုအခါ မျက်နှာကို ဆွဲပွတ်နေသောဂျီမင်လက်ကို ထယ်ယောင်းမှဆွဲယူ၍ ဂျီမင်ကိုသေချာငုံ့ကြည့်လိုက်သည်။
"မင်းကိုယ်မင်း အသိဆုံးပဲဂျီမင် ငါမင်းကိုတကယ်ပျော်စေချင်တယ် အေးချမ်းတဲ့ဘဝကိုတကယ်ပိုင်စေချင်တယ်"
"ဒါဆို မင်းကရော"
သူ့ကိုပျော်စေချင်တဲ့သူက တဘဝလုံးပျော်မနေခဲ့ရဘူးမလား။ ရူပ်ထွေးတဲ့မိသားစုအရေးထဲမှာ ကိုယ့်ကိုပျောက်ဆုံးနေတာမဟုတ်လား။
"ငါ..."
သူ့စကားကိုမဖြေပဲ မျက်နှာလွှဲသွားဖို့ပြင်သောထယ်ယောင်း၏ မျက်နှာကို ဂျီမင် အကြည့်မလွှဲနိုင်အောင် လက်နှစ်ဖက်နှင့်အုပ်ကိုင်ထားလိုက်သည်။ဒီခံစားချက်.... ငယ်ငယ်ကထယ်ယောင်းနဲ့ပတ်သတ်ပြီးခံစားရတဲ့ဒီခံစားချက်က ခုတခါပြန်ပေါ်လေသည်။
တဒိတ်ဒိတ်တိုးခုန်လာသော နှလုံးသားနှင့်အတူ နူတ်ခမ်းတွေခြောက်သွေ့လာသလိုထင်မိသည်။ထို့​ပြင် လည်ချောင်းတွေလည်း တဖြည်းဖြည်း အက်ကွဲလာသည်။ထယ်ယောင်းကိုကြည့်နေရင်းမှ ကွဲအက်လာသောထိုနူတ်ခမ်းသားများကို ထယ်ယောင်းဆီအပ်နှံချင်လာမိသည်။ ဒါတွေဟာ နှစ်တွေကြာပြီးမှနောက်တခေါက်ထပ်ဖြစ်လာခြင်း ဖြစ်သည်။
"ထယ်ယောင်းရ"
ရီဝေမူတွေနှင့်ဆေးမိနေသလိုမှိုင်းပြသွားသော ဂျီမင်မျက်နှာကြောင့် ထယ်ယောင်းငေးကြည့်ရင်းရင်ခုန်လာရသည်။မျက်နှာတဝိုက်ငေးကြည့်ရင်းမှ တလိမ့်လိမ့်တက်လာသော ခံစားချက်တစ်ချို့က ဖူးဖောင်းနေသောနူတ်ခမ်းဆီသို့အကြည့်အရောက် ရှေ့တိုးရန်နိူးဆော်လေသည်။
ထိုခဏ ထယ်ယောင်းသတိလွှတ်ကာ တဖြည်းဖြည်းတိုးကပ်သွားမိသည်။ထိုအခါ ထူပိန်းပိန်းဂျီမင်နူတ်ခမ်းတို့က နီးကပ်လာသောထယ်ယောင်းမျက်နှာကြောင့် အလိုက်သင့်ဖွင့်ဟကာ မျက်လုံးစုံမှိတ်ချလိုက်မိသည်။ မုန်တိုးအလွန်မိုးကြောင့် အေးစိမ့်စိမ့်ဖြစ်နေသောပတ်ဝန်းကျင်တွင် နီးကပ်လာသောထွက်သက်ဝင်သက်က တစ်ဉီးမျက်နှာပေါ်တစ်ဉီးရိုက်ခတ်လျက်ရှိသည်။ထိုအခိုက်...
"ဝုတ်...ဂီ"
စူးခနဲထွက်လာသော ယွန်တန်၏ဟောင်သံသေးသေးကြောင့် နှစ်ဉီးသားလန်ဖျန့်ကာ ကိုယ်ချင်းကွဲသွားရသည်။ဂျီမင်စိတ်ထဲရုတ်တရက်ဒေါသထွက်သွား၍ တောက်ခေါက်မိမလိုဖြစ်သွားရသည်။သို့သော် သတိအမြန်ပြန်ကပ်လာလျှင် ရှက်စိတ်များလှိုက်တတ်လာရသည်။ဘာတွေလုပ်မိနေတာလဲ။
"ဟာ ယွန်တန်"
ထယ်ယောင်းအော်သံကြောင့် တောအုပ်အစပ်ပြေးသွားသောယွန်တန်ကိုကြည့်မိသည်။တောယုန်လေးတကောင်ပြေးလွှားနေသည်ကိုတွေ့၍ ပြေးလိုက်ခြင်းဖြစ်သည်။
"ယွန်တန် သွားမလုပ်နဲ့ ပြန်လာခဲ့"
"ဝုတ်...ဝုတ်...ဝုတ်"
ထယ်ယောင်းအော်ခေါ်ပေမဲ့ ယွန်တန်ကအရေးမစိုက် ယုန်နောက်ပြေးလိုက်လို့သာနေသည်။ဒင်းကြောင့်...။
"ကင်ယွန်တန်!ခုပြန်လာခဲ့စမ်း!!"
"ဝုတ်"
"ဟာ မင်း တန်နီး"
ဂျီမင်လေသံမာမာဖြင့် တခွန်းထဲကြုံးအော်လိုက်လျှင် ယွန်တန်ကရောက်သည့်နေရာမှ လစ်ခနဲနေအောင်ပြန်ပြေးလာသဖြင့် ထယ်ယောင်းမှာပါးစပ်အဟောင်းသားဖြစ်ရသည်။
"ဘာသွားလုပ်နေတာလဲ ခုကားပေါ်တက်"
ဂျီမင်ကမျက်နှာတင်းတင်းဖြင့် ကားပေါ်လက်ညိုးထိုးပြီးပြောလျှင် ဖွင့်လျက်စ,ကားတံခါးမှ အမြီးကုတ်ကာခုန်တတ်သွားတော့သည်။ထယ်ယောင်းမှာ တကယ်ကို ဘာပြောရမှန်းမသိ အံ့သြပြီးရင်းအံ့သြနေမိသည်။
"ဟို ငါတို့လဲသွားကြမလား"
ယွန်တန်ကိုသဘောတကျလိုက်ကြည့်နေရင်းမှ ဂျီမင်ကိုငဲ့ကြည့်မိသည်။စောစောကအခြေအနေနှင့်ယွန်တန်ရူပ်ထွေးမူကြောင့် သတိတချက်လွှတ်သွားရာမှ သီသီလေးလွှတ်ခဲ့ရသည်။
*ကင်ထယ်ယောင်း!မင်းသတိနဲ့ကိုယ်ကပ်သင့်တယ် ဂျီမင်ဆီမှာဆိုင်သူနဲ့*
ထယ်ယောင်းကိုယ့်ကိုသာအပြစ်တင်ရင်း စိတ်ထဲသတိပြန်ပေးရသည်။ထို့နောက်
"အင်း သွားကြမယ်လေ"
ပြောပြီးတခါတည်း ကားမောင်းသည့်နေရာဘက်သွားဝင်ထိုင်ကာ ဂျီမင်ကိုလှည့်မကြည့်မိတော့ပေ။မျက်ဝန်းထောင့်မှမြင်နေရသော ဂျီမင်က လေးကန်စွာလာရင်း ခပ်ဆိတ်ဆိတ်သာကားထဲဝင်ထိုင်လေသည်။ထိုအခါ ထယ်ယောင်းက မသိမသာတုန်ရီနေသောလက်ဖြင့်ကားစက်နိုးကာ နေရာမှခရီးဆက်ခဲ့ကြရသည်။
April 16,2023.
🍀🍀🍀🍀🍀🍀🍀
(Zawgyi)
*******
"ရေးးးးး"
"ဘာ မင်း"
"ဂျီမင်ဟျောင်းရဲ့ညီ"
"ဟေ့ကောင်"
"ဟားဟားဟား"
"အေး လာပြီကွ"
🍀🍀🍀🍀🍀🍀🍀
"ငါဒီကုတင်ယူမှာ"
"ဟီးဟီးဟီး"
"ရီမနေနဲ့"
"ဘာ!"
"ဟင်"
"ဘာ!"
"ရား...ကင်ထယ်ယောင်း!!"
"ဘုန်း! ဘုန်း!"
"အ!ဂျီမင်ရ"
"စတာ စတာ"
"ဟားဟားဟား"
"ရီမနေနဲ့ မင်းကြောင့်"
🍀🍀🍀🍀🍀🍀🍀
"အဟမ်း"
"အဆင်ပြေလား"
"ဟင် ဘာ ဘာကိုလဲ"
"ဟင် အင်းနည်းနည်း"
သူ့အမေးကို အယောင်ယောင်အမှားမှားနှင့်ဖြေနေသော ဂျီမင်ကိုကြည့်၍ ထယ်ယောင်းကြိတ်ရီမိသည်။
"အင်း"
"ကျေးဇူး"
"တူ...တူ"
"ဟင်...ဘာကို"
"ဂျွန်ဆိုတဲ့လူကိုလေ"
"ဟင်"
"ဘယ်လို"
"မဟုတ်ဘူး"
"ဒါဆို မင်းကရော"
"ငါ..."
"ထယ်ယောင်းရ"
"ဝုတ်...ဂီ"
"ဟာ ယွန်တန်"
"ဝုတ်...ဝုတ်...ဝုတ်"
"ဝုတ်"
"ဟာ မင်း တန်နီး"
"အင်း သွားကြမယ်လေ"
April 16,2023.
🍀🍀🍀🍀🍀🍀🍀
Lanjutkan Membaca
Kamu Akan Menyukai Ini
3.5K 351 5
"မျက်္မမြင်တစ်ယောက်ရဲ့အနား ဘယ်သူကကြာကြာနေနိုင်မှာလဲ...ခင်ဗျားလားမရူးစမ်းပါနဲ့ဗျာ..." Yoonkook ficလေးတစ်ပုဒ် 💜
25.4K 2.2K 72
ဖတ်ကြည့်နော်😉😉
PIECES Oleh Valentina
Fiksi Penggemar
1.3K 127 3
စိတ်ကူးတည့်ရာ ရေးသားထားပါသော OTP Short Stories လေးများ ။
KUNG LAY Oleh Jay
Fiksi Penggemar
14.5K 1.7K 44
ချစ်ခြင်းတွေ ညီမျှတဲ့အခါ....... ~NamJin~VMin~