ကမ္ဘာကြီးရဲ့ဆွဲငင်အားကို မရုန်းဖယ်နိုင်ရှာတဲ့ဂျီဆူး၏မျက်ခွံတွေသည်အလွန်တရာမှလေးလံ၍နေပေသည်။ သွယ်လျလျလက်ကလေးတွေသည် မြှောက်တင်ထားသည့်စာအုပ်တစ်အုပ်၏အလေးချိန်ကိုပင် မနိုင်နင်းလာသည့်အခါ
''ဘုတ်''
ဝမ်းဗိုက်ပေါ်ကျသွားလေသည့်စာအုပ်၏အော်မြည်သံ။
''ကင်ဂျီဆူး ထစမ်းပါအုံး အိပ်နေပြန်ပြီလား ဒီပုံစံနဲ့ဘယ်လိုများစာမေးပွဲအောင်မလဲ''
နားထဲကိုစူးစူးဝါးဝါးဝင်လာသည့်အသံကြောင့် ဂျီဆူးလန့်ဖျန့်ကာနိုးသွားရသည်။
''သမီးတစ်ညလုံးစာကျက်နေခဲ့တာ အဲ့ကြောင့်ခဏလေးအိပ်ပျော်သွားတာပါမေမေရယ်''
''ထပြီးစာကိုအသံထွက်အောင်ကျက်စမ်းပါ အသံတိတ်ကျက်တော့ပျင်းပြီးအိပ်ချင်တာပေါ့ ထ လှဲမနေနဲ့ အအေးယူလာတယ် သောက်ပြီးစာသေချာကျက်''
မေမေ၏အမိန့်စကားလုံးတွေသည် သာယာနာပျော်ဖွယ်ရှိမနေပါ။ မထချင်သော်ငြား ဂျီဆူးထ၍ထိုင်လိုက်ရသည်။ ခွာလိုက်ရသောအိပ်ရာလေးသည်ယခုအခါတွင်မှ အလွန်အမင်းဇိမ်ရှိနေခဲ့သည်ကား ခက်ချေပြီ။
.
.
စာမေးပွဲဖြေရန်အချိန်တွေသည်နီးကပ်နေခဲ့ပြီ။ တစ်လတောင်မလိုတော့သောအချိန်တွေသည်ဂျီဆူးအားခေါင်းကိုက်စေခဲ့သည်။ ပြီးနောက်ကြောက်ရွံ့ခြင်းကိုလည်းဖြစ်ပေါ်စေသည်။
မိမိသည်ညံ့ဖျင်းသောကျောင်းသူတစ်ယောက်မဟုတ်လင့်ကစား စာမေးပွဲဟူသောအရာကြီးသည်ကျောင်းသားတိုင်းကိုတော့ထိတ်လန့်စေနိုင်သည်ဟုထင်မြင်မိသည်။
ရထားခဲ့ပြီးေသာစာတွေသည် တစ်ခါခါအစဖော်၍မရအောင်ပင်မေ့၍ကောင်းနေတတ်သည်။ လွယ်ကူလွန်းကာအဖြေကိုပင်မှတ်မိနေသောသင်္ချာပုစ္စာတွေသည်လည်း တစ်ဝက်လောက်နှင့်ဆက်မတွက်တော့တာကလည်းရှိပြန်သေးသည်။
စာမေးပွဲဟူသည့်အချိန်အဝါသည်ကြောက်မက်ဖွယ်ကောင်းပေစွ။ စိတ်လှုပ်ရှားနေရသည့်ထိုနေ့ရက်တွေမှာရော ဂျီဆူးအတွက်အဆင်ပြေနိုင်ပါ့မလား။
.
.
.
.
.
''မေမေ သမီးလမ်းထိပ်သွားလိုက်အုံးမယ်''
''ဘာလုပ်မလို့လဲ''
မျက်မှန်ဘောင်တွေကိုကျော်ကာကြည့်လာသောမေမေ၏အကြည့်သည် မနှစ်မြို့စွာဖြင့်ပင်။
''မုန့်သွားဝယ်မလို့ စိတ်ပြေလက်ပျောက်လမ်းလေးပါလျှောက်ရင်း''
''စာအုပ်ကိုင်သွား''
''ဟာ စာအုပ်ကြီးကိုင်သွားစရာလား ရှက်စရာကြီး''
ဟုတ်သည်လေ။ အများတကာကမြင်လျှင် ဒီကောင်မလေးစာမရသေးဘူးဟူ၍ပဲထင်မြင်ကြလိမ့်မည်ကို မေမေသည်မသိရလောက်အောင်ပင်တုံးအလေသလားမသိ။
အမလေး...ကန်တော့ ကန်တော့။ စာမေးပွဲကနီးနေပြီ မေမေ့ကိုပြစ်မှားနေလို့မဖြစ်သေးပါဘူးဟူ၍ စိတ်ထဲပြန်တွေးမိကာ လမ်းထိပ်ဘက်သို့ခပ်သွက်သွက်ထွက်လာခဲ့လိုက်တော့သည်။
.
.
လမ်းထဲတွင်ဘောလုံးကန်နေကြသောအရွယ်စုံကလေးတစ်သိုက်ကိုမြင်ရ၍ နှာခေါင်းလေးရှုံ့မိသည်။ ဒင်းလေးတို့များ ကျောင်းကြီးပိတ်လို့သာယာနေလိုက်ကြတာ။ ကိုယ်တွေများကျတော့လည်းနော် စာကိုအသေအလဲကျက်နေရတယ်..
ဟွန့်။
''ဗိန်း''
''အိုဟဲ့ အမလေး''
ထိုအသံနှင့်အတူဂျီဆူး၏ညာဘက်လက်ဖျံသည် ကျိန်းစပ်သွားခဲ့ရသည်။
''ဟဲ့ နင်တို့သောက်လုံးတွေကန်းနေလား လူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလားဟမ် ဒါလမ်းမဟဲ့ လမ်းမ လူသွားလမ်း နင်တို့ကမြင်းကြောထဖို့လုပ်ထားတဲ့လမ်းမဟုတ်ဘူး သိရဲ့လား''
ဂျီဆူးသည်လာမှန်သောဘောလုံးအားခပ်ဝေးဝေးသို့ကန်ထုတ်ပစ်ကာ ထိုကလေးတစ်သိုက်ဆီသွား၍ကပ်ကပ်လန်ရန်တွေ့မိသည်။
''ဟာ အမကြီးကလည်းဗျာ ကိုယ့်ဘာသာကြည့်ရှောင်ပါလား
''အမကြီးကရောမျက်လုံးမပါဘူးလား
''ဟယ် သောက်ကလေးတွေ နင်တို့ကလည်းငါ့လာလုပ်သေးတယ် ပြန်လည်းခံပြောသေးတယ်ဟုတ်လား ကဲဟယ် ကဲဟယ် ဖြန်း ဖြန်း''
ဂျီဆူး၏လက်ဝါးနှစ်ချက်သည် အနီးရှိကလေးနှစ်ယောက်၏ကျောပြင်တွေပေါ်သို့ရောက်ရှိသွားခဲ့လေသည်။
''နောက်ခါငါ့လာထိကြည့် ဒီ့ထက်ပိုဆိုးမယ် မှတ်ထား''
ငိုမဲ့မဲ့ကလေးနှစ်ကောင်အားလက်ညှိုးထိုး၍ပြောကာ ကော့ပတ်ကော့ပတ်ဖြင့်ဆက်လျှောက်လာခဲ့သည်။ နောက်တွင် တီးတိုးပြောသံများသည် ကျန်ရစ်ခဲ့လေသည်။
.
.
.
.
လမ်းထိပ်ဆိုင်တွင်အချဥ်ထုပ်အချို့နှင့်ရေခဲချောင်းတစ်ချောင်းဝယ်ကာ မြောက်ကြွကြွဖြင့်ပြန်လာခဲ့သည်။ အပြန်တွင် ဟိုကလေးတစ်သိုက်၏မကြည်ကြည့်ကိုကား လက်ဆောင်အဖြစ်ရခဲ့လိုက်လေသေးသည်။
အမြင်ကတ်စရာကလေးတွေ ။ ဘာပဲဖြစ်ဖြစ် သူတို့ကိုအော်ထုတ်လိုက်ရ၍ မိမိ၏မွန်းကြပ်နေသောစိတ်တို့သည် ပေါ့ပါးသွားသလိုပင်ခံစားရလေသည်။
.
.
.
.
.
ထိုသို့စာတွေလုပ်လိုက်၊ ကလေးတွေနှင့်ခွေးတွေအပေါ် စိတ်မကျေနပ်တာတွေဖွင့်ချလိုက်နှင့် စိုးထိတ်ခဲ့သောနေ့ရက်တွေဆီသို့ရောက်ရှိလာခဲ့သည်။
ဖြေဆိုချိန်နာရီဝက်မကျိုးသေးခင်မှာပင် ဂျီဆူး၏ခေါင်းသည် ခုံပေါ်ကျသွားခဲ့ရသည်။ ဘာလို့များ စာတွေသည်မေ့နေရပါသလဲ။
ဒီစာတွေကို ကျက်ခဲ့ဖူးသည်။ ရလည်းရခဲ့ဖူးသည်။ သို့သော်အစမှအဆုံးအထိ ဖြောင့်ဖြူးစွာမရတော့ပေ။
လက်ထဲတွင်ကိုင်ထားသော Chemistry မေးခွန်းစာရွက်သည် ဂျီဆူးအားလှောင်ပြနေသယောင်ရှိသည်။ ရှုပ်ထွေးနေသည့်စိတ်တို့ကို ငြိမ်အောင်ထားလိုက်ကာ ခဏကြာမှသေချာစဥ်းစား၍တစ်ပုဒ်ချင်းစီပြန်ဖြေသည်။
သို့သော်ငြား စိတ်တိုင်းမကျပါ။ အောင်မှတ်သာသာလောက်လေးသာ ဂျီဆူးဖြေထားရသေးသည်။
ဆက်၍စဥ်းစားသော်လည်းမရတော့တာမို့ လုပ်စရာရှိသည်ကိုသာလုပ်ခဲ့လိုက်တော့သည်။
.
.
.
.
''ဖြေနိုင်တယ်မလားသမီး
ပြန်အထွက်တွင် ထက်ထက်သန်သန်မေးလာသောဖေဖေ့အား ခေါင်းခါယမ်းပြလိုက်သည်။
''အင်းအင်း တက်လေသမီး
ဖေဖေ့ဆိုင်ကယ်ပေါ်တွင် ယနေ့သည်ငြိမ်ချက်သားအကောင်းဆုံးသောနေ့ဖြစ်ခဲ့သည်။ ရှေ့ယခင်ဖြေဆိုခဲ့ပြီးရက်များတွင် ဘယ်စာကဘယ်လို၊ဘယ်အခန်းကဘယ်လောက်ဖိုးပါတာစသော တဖွဖွပြောဆိုနေကျဂျီဆူးသည် ယနေ့တွင်တော့မပြောနိုင်ခဲ့ပါ။
''ဖေဖေ
''ဟင် သမီးပြောလေ
''နောက်ရက်တွေသမီးသွားမဖြေတော့ဘူးနော်
''ဘာလို့လဲသမီး ဖြေပါအုံးသမီးရဲ့ အောင်မှာပါ
ဖေဖေ့အားခေါင်းခါပြလိုက်၏။ အဖြေစာရွက်အားခြစ်ချကာ ထွက်လာခဲ့သည့်မိမိအခြေအနေ .
''ဟင့်အင်း မအောင်ဘူးဆိုတာသမီးသိတယ် နော် ဆက်မဖြေချင်တော့ဘူး
''အင်း သမီးမေမေကိုဖေဖေပြောလိုက်မယ်နော်
ထိုမျှဖြင့်စကားသံတို့သည် ဆိတ်သုန်းသွားခဲ့လေသည်။ ကြိုးစားခဲ့ရသောတစ်နှစ်တာသည် ရက်လေးတစ်ရက်ကြောင့်ပျက်ဆီးသွားခဲ့လေသည်။
.
.
.
.
''သမီး စာမေးပွဲပြန်ဖြေချင်စိတ် ရှိလား
ခြံထဲကမြက်ပင်တွေကိုနှုတ်နေသောဂျီဆူး မေမေ့ကိုမကြည့်မိပါ။
''သမီးမိန်းကလေးဆိုတာပညာတော့တတ်ရမယ်သမီးရဲ့ အဲ့လိုမှအိမ်ထောင်ပြုတဲ့အခါ အနှိမ်မခံရ၊အနိုင်ကျင့်မခံရမှာ
''ဟိုဘက်လမ်းကဂုဏ်ထူးငါးဘာသာနဲ့အောင်တဲ့ကောင်မလေးလေ သူကစာသိပ်တော်တာ သမီးကိုသူအကြံလေးတွေပေးရင်းနဲ့ စာလေးတွေရှင်းပြပေးမယ်တဲ့
ဒီစကားတွင်တော့ ဂျီဆူးစိတ်ပျက်သွားမိသည်။ ကြားထဲမေမေ ဖြောင်းဖျသည့်စကားလုံးတွေအပေါ် စိတ်ပျက်မိတာမျိုးမရှိခဲ့။မိဘတွေအပေါ်သာ အားနာခဲ့သည်ချည်း။
ယခုမူ..
''ဘာလဲမေမေရ သမီးထက်နှစ်နှစ်ငယ်တဲ့မိန်းကလေးဆီက သင်တာကိုခံရအောင် သမီးကိုဘယ်လောက်အရှက်ရစေချင်နေတာလဲ
မိမိ၏အသံသည် နူးညံ့မနေမှန်းသိသော်လည်း မေမေလည်းနားလည်ဖို့ကောင်းသည်။
''သင်ပေးတယ်လို့လည်းမဟုတ်ပါဘူး သူ့အကူအညီလေးနည်းနည်းယူပြီး သမီးစာကျက်တဲ့နေရာမှာအထောက်အကူလေးဖြစ်စေချင်ရုံပဲ
''မလုပ်ချင်ဘူးမေမေရာ
ရှက်ရွံ့သောစိတ်၊ခံပြင်းသောစိတ်၊အားငယ်ဝမ်းနည်းသောစိတ်များဖြင့် နေရာမှကောက်ထွက်ကာအိမ်ထဲဝင်ခဲ့လိုက်သည်။
မေမေပြောသောမိန်းကလေးကို ဂျီဆူးသိသည်။ ယခင်က အဲ့မိန်းကလေးကမိမိထက် နှစ်နှစ်အတန်းငယ်သည်။
ကိုယ့်ထက်ငယ်တဲ့လူဆီကနေ အကူအညီယူရတာဘယ်လောက်ရှက်ဖို့ကောင်းသလဲ။ မေမေ နည်းနည်းတော့တွေးပေးသင့်ဖို့ကောင်းသည်။
''သေချာစဥ်းစားပါအုံးသမီးရယ် သမီးရှေ့ရေးအတွက်ပြောနေရတာလေ မေမေတို့မှာအားထားစရာသမီးလေးတစ်ယောက်ထဲရှိတာ ငါ့သမီးလေးကိုစိတ်ချချနဲ့မေမေထားခဲ့ချင်တယ်
''ပညာတတ်မှပိုက်ဆံရှာနိုင်တာမဟုတ်ပါဘူးမေမေရာ ပညာမတတ်တဲ့သူဋေးတွေမှတစ်ပုံကြီး
''သမီးကိုငွေအကြောင်းပြောနေတာမဟုတ်ဘူး တတ်သင့်တတ်ထိုက်တဲ့ပညာလောက်တော့ တတ်ထားရမယ်မလား
''နောက်ကလေးသာမွေးပြီး ပညာတတ်အောင်လုပ်ပေးလိုက်မေမေရာ နားညီးလိုက်တာ သမီးစာမေးပွဲဖြေချင်စိတ်လည်းမရှိဘူး စာလုပ်ချင်စိတ်လည်းမရှိဘူး သမီးကံကိုကဆယ်တန်းအောင်ဖို့ကံပါမလာတာနေမှာ
''အဲ့လောက်ထိစိတ်မပါရင်လည်း သဘောပဲ ကြိုက်ရာသာလုပ်တော့ ငါစိတ်ချမ်းသာတာမမြင်ချင်ဘူးမလား အေးလေ ငါကိုကနင့်လိုကလေးမျိူးကိုမွေးမိတာ မိဘစကားနားထောင်မှုမရှိတဲ့ကလေးက ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး
ပြောချင်ရာပြောပြီးအခန်းပြင်ထွက်သွားသည်ကို ခဏစောင့်ပြီးမှဂျီဆူးငိုကြွေးမိသည်။
မိမိကရော ဒီလိုမျိုးဖြစ်ချင်နေပါ့မလား။ ပထမတစ်နှစ်က ကိုယ်အသုံးမကျလို့ကျသည်။ နောက်နှစ်ကျ စာမေးပွဲဖြေခါနီးဆေးရုံတက်ရသည်အထိ နာမကျန်းဖြစ်ကာ စာမေးပွဲပင်သွားမဖြေနိုင်ခဲ့။
ထပ်ပြီးဖြေရမှာ ကြောက်ရွံ့မိသည်။ ဒီနှစ်ထပ်ကြိုးစားပြီး ထပ်သာကျခဲ့လျှင်ဒီကမ္ဘာမှာမိမိလောက်အသုံးမကျသည့်သူ ရှိတော့မည်မဟုတ်။
.
.
.
.
ညစာထမင်းစားပွဲသည် တိတ်ဆိတ်ခြင်းတို့ကြီးစိုးနေ၏။ မေမေ့၏မျက်နှာထားကား ခက်ထန်နေ၏။
ဖေဖေသည် သားအမိနှစ်ယောက်ကြား အကဲခတ်နေဟန်ရှိ၏။
''ဘာစကားများထားကြတာလဲ
မည်သူမျှအတော်ကြာသည်အထိ မတုန့်ပြန်မိကြ။
''အဖေ့မိန်းမပေါ့ ဘယ်သူရှိရမှာလဲ မဟုတ်တာတွေလုပ်နေတယ်
''ဘာကမဟုတ်ရတာလဲ သားသမီးကိုပညာသင်ခိုင်းတာက မကောင်းတာလား
''ပညာတတ်ဖြစ်ဖို့ကံမှပါမလာတာ
''သုံးလေးကြိမ်ဖြေပြီး မအောင်တဲ့သူတွေတောင်ရှိတာပဲ ကြိုးစားမှုကအဓိကလေ ဖြစ်တာမဖြစ်တာက နောက်မှမလား
''မေမေစိတ်မကုန်သေးဘူးလား
''နေပါအုံးသမီးရယ် ပြန်ဖြေဖို့ကိုဘာလို့အကြောက်အကန်ငြင်းနေရတာလဲ
ဝင်ပြောလာသောဖေဖေ့ကိုကြည့်လိုက်၍
''အမေသင်ခိုင်းနေတာက သမီးထက်ငယ်တဲ့သူဆီမှာနော် သမီးမာနဘယ်လောက်ထိခိုက်တယ်ထင်လဲ
''မာနဆိုတာထည့်ပြောရအောင် နင်ကဘာကောင်ကြီးဖြစ်နေပြီမို့လဲ
အားနေနှိမ်နေသောအမေ့အား စူးစူးရဲရဲ ဂျီဆူးကြည့်လိုက်ကာ
''အဲ့လောက်ဖြစ်နေရင် အမေသာသွားဖြေလိုက်ပါလား
ဇွန်းကိုပစ်ချ၍ ထွက်လာသောဂျီဆူးကို စားပွဲဝိုင်းတွင်ကျန်ခဲ့သောမေမေက ပြောဆိုနေလေတော့၏။
.
.
.
.
နောက်ရက်အနည်းငယ်ကြာသည်အထိ မေမေကစိတ်ဆိုးနေ၍ ဂျီဆူးဘက်ကပဲအလျှော့ပေးကာ လက်ခံခဲ့လိုက်တော့၏။ ဒီညနေ သုံးနာရီဟိုကောင်မလေးလာမည်ဟုလည်း မေမေ့ထံကတစ်ဆင့်သိထားရသည်။
မေမေက ထိုင်စောင့်နေဟုမှာထားသည့်အတွက် ဂျီဆူးခမျာ အိမ်ရှေ့အုတ်ခုံလေး၌စိတ်မပါစွာဖြင့် ထိုင်စောင့်နေရလေ၏။
ဟော.. လာနေပါပြီ။
ပေါင်ထိရှည်သောတီရှပ်အဖြူတစ်ထည်နှင့် အနည်းငယ်ပွသောဘောင်းဘီရှည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး ခုန်ကာခုန်ကာ လာနေသောကောင်မလေး။
အဝါရောင်ဆံပင်တွေကို မွှေးပွခေါင်းစည်းဖြင့်အလွယ်စီးနှောင်ကာ ကလေးဆန်ဆန်ခုန်ပေါက်လာနေသောကောင်မလေးက မိမိနှင့်ကွဲပြားစွာ ပေါ့ပါးလွန်းနေသောစိတ်ဖြင့်လာနေမှန်းကို ဘာမှမလိမ်းခြယ်ထားသောမျက်နှာပြောင်လေးကြောင့်ပင် သိရလေ၏။
မိမိကတော့ စိတ်မောနေလိုက်ရတာ။သူလေးကတော့ ကလေးလိုပါပဲလား။ ဒီကောင်မလေးဆီက စာသင်ပြတာခံရမည့်မိမိဘဝကိုတွေးမိလိုက်တော့ သက်ပြင်းကိုသာချလိုက်မိလေတော့၏။
အချိန်တွေအတော်ကြာပြီးမှ ပြန်လာခဲ့ရတဲ့ comeback ficလေးဖြစ်တာမို့ သာသာ့ကိုအားပေးကြပါအုံးနော်
စောင့်နေပေးတဲ့စာဖတ်သူအားလုံးကို ကျေးဇူးတင်ပြီးချစ်ပါတယ်နော်😍😘
Zawgyi
ကမၻာႀကီးရဲ႕ဆြဲငင္အားကို မ႐ုန္းဖယ္နိုင္ရွာတဲ့ဂ်ီဆူး၏မ်က္ခြံေတြသည္အလြန္တရာမွေလးလံ၍ေနေပသည္။ သြယ္လ်လ်လက္ကေလးေတြသည္ ျမႇောက္တင္ထားသည့္စာအုပ္တစ္အုပ္၏အေလးခ်ိန္ကိုပင္ မနိုင္နင္းလာသည့္အခါ
''ဘုတ္''
ဝမ္းဗိုက္ေပၚက်သြားေလသည့္စာအုပ္၏ေအာ္ျမည္သံ။
''ကင္ဂ်ီဆူး ထစမ္းပါအုံး အိပ္ေနျပန္ၿပီလား ဒီပုံစံနဲ႕ဘယ္လိုမ်ားစာေမးပြဲေအာင္မလဲ''
နားထဲကိုစူးစူးဝါးဝါးဝင္လာသည့္အသံေၾကာင့္ ဂ်ီဆူးလန့္ဖ်န့္ကာနိုးသြားရသည္။
''သမီးတစ္ညလုံးစာက်က္ေနခဲ့တာ အဲ့ေၾကာင့္ခဏေလးအိပ္ေပ်ာ္သြားတာပါေမေမရယ္''
''ထၿပီးစာကိုအသံထြက္ေအာင္က်က္စမ္းပါ အသံတိတ္က်က္ေတာ့ပ်င္းၿပီးအိပ္ခ်င္တာေပါ့ ထ လွဲမေနနဲ႕ အေအးယူလာတယ္ ေသာက္ၿပီးစာေသခ်ာက်က္''
ေမေမ၏အမိန့္စကားလုံးေတြသည္ သာယာနာေပ်ာ္ဖြယ္ရွိမေနပါ။ မထခ်င္ေသာ္ျငား ဂ်ီဆူးထ၍ထိုင္လိုက္ရသည္။ ခြာလိုက္ရေသာအိပ္ရာေလးသည္ယခုအခါတြင္မွ အလြန္အမင္းဇိမ္ရွိေနခဲ့သည္ကား ခက္ေခ်ၿပီ။
.
.
စာေမးပြဲေျဖရန္အခ်ိန္ေတြသည္နီးကပ္ေနခဲ့ၿပီ။ တစ္လေတာင္မလိုေတာ့ေသာအခ်ိန္ေတြသည္ဂ်ီဆူးအားေခါင္းကိုက္ေစခဲ့သည္။ ၿပီးေနာက္ေၾကာက္႐ြံ႕ျခင္းကိုလည္းျဖစ္ေပၚေစသည္။
မိမိသည္ညံ့ဖ်င္းေသာေက်ာင္းသူတစ္ေယာက္မဟုတ္လင့္ကစား စာေမးပြဲဟူေသာအရာႀကီးသည္ေက်ာင္းသားတိုင္းကိုေတာ့ထိတ္လန့္ေစနိုင္သည္ဟုထင္ျမင္မိသည္။
ရထားခဲ့ၿပီးေသာစာတွေသည် တစ္ခါခါအစေဖာ္၍မရေအာင္ပင္ေမ့၍ေကာင္းေနတတ္သည္။ လြယ္ကူလြန္းကာအေျဖကိုပင္မွတ္မိေနေသာသခၤ်ာပုစၥာေတြသည္လည္း တစ္ဝက္ေလာက္ႏွင့္ဆက္မတြက္ေတာ့တာကလည္းရွိျပန္ေသးသည္။
စာေမးပြဲဟူသည့္အခ်ိန္အဝါသည္ေၾကာက္မက္ဖြယ္ေကာင္းေပစြ။ စိတ္လႈပ္ရွားေနရသည့္ထိုေန႕ရက္ေတြမွာေရာ ဂ်ီဆူးအတြက္အဆင္ေျပနိုင္ပါ့မလား။
.
.
.
.
.
''ေမေမ သမီးလမ္းထိပ္သြားလိုက္အုံးမယ္''
''ဘာလုပ္မလို႔လဲ''
မ်က္မွန္ေဘာင္ေတြကိုေက်ာ္ကာၾကည့္လာေသာေမေမ၏အၾကည့္သည္ မႏွစ္ၿမိဳ႕စြာျဖင့္ပင္။
''မုန့္သြားဝယ္မလို႔ စိတ္ေျပလက္ေပ်ာက္လမ္းေလးပါေလွ်ာက္ရင္း''
''စာအုပ္ကိုင္သြား''
''ဟာ စာအုပ္ႀကီးကိုင္သြားစရာလား ရွက္စရာႀကီး''
ဟုတ္သည္ေလ။ အမ်ားတကာကျမင္လွ်င္ ဒီေကာင္မေလးစာမရေသးဘူးဟူ၍ပဲထင္ျမင္ၾကလိမ့္မည္ကို ေမေမသည္မသိရေလာက္ေအာင္ပင္တုံးအေလသလားမသိ။
အမေလး...ကန္ေတာ့ ကန္ေတာ့။ စာေမးပြဲကနီးေနၿပီ ေမေမ့ကိုျပစ္မွားေနလို႔မျဖစ္ေသးပါဘူးဟူ၍ စိတ္ထဲျပန္ေတြးမိကာ လမ္းထိပ္ဘက္သို႔ခပ္သြက္သြက္ထြက္လာခဲ့လိုက္ေတာ့သည္။
.
.
လမ္းထဲတြင္ေဘာလုံးကန္ေနၾကေသာအ႐ြယ္စုံကေလးတစ္သိုက္ကိုျမင္ရ၍ ႏွာေခါင္းေလးရႈံ႕မိသည္။ ဒင္းေလးတို႔မ်ား ေက်ာင္းႀကီးပိတ္လို႔သာယာေနလိုက္ၾကတာ။ ကိုယ္ေတြမ်ားက်ေတာ့လည္းေနာ္ စာကိုအေသအလဲက်က္ေနရတယ္..
ဟြန့္။
''ဗိန္း''
''အိုဟဲ့ အမေလး''
ထိုအသံႏွင့္အတူဂ်ီဆူး၏ညာဘက္လက္ဖ်ံသည္ က်ိန္းစပ္သြားခဲ့ရသည္။
''ဟဲ့ နင္တို႔ေသာက္လုံးေတြကန္းေနလား လူတစ္ေယာက္လုံးကိုေတာင္မျမင္ဘူးလားဟမ္ ဒါလမ္းမဟဲ့ လမ္းမ လူသြားလမ္း နင္တို႔ကျမင္းေၾကာထဖို႔လုပ္ထားတဲ့လမ္းမဟုတ္ဘူး သိရဲ႕လား''
ဂ်ီဆူးသည္လာမွန္ေသာေဘာလုံးအားခပ္ေဝးေဝးသို႔ကန္ထုတ္ပစ္ကာ ထိုကေလးတစ္သိုက္ဆီသြား၍ကပ္ကပ္လန္ရန္ေတြ႕မိသည္။
''ဟာ အမႀကီးကလည္းဗ်ာ ကိုယ့္ဘာသာၾကည့္ေရွာင္ပါလား
''အမႀကီးကေရာမ်က္လုံးမပါဘူးလား
''ဟယ္ ေသာက္ကေလးေတြ နင္တို႔ကလည္းငါ့လာလုပ္ေသးတယ္ ျပန္လည္းခံေျပာေသးတယ္ဟုတ္လား ကဲဟယ္ ကဲဟယ္ ျဖန္း ျဖန္း''
ဂ်ီဆူး၏လက္ဝါးႏွစ္ခ်က္သည္ အနီးရွိကေလးႏွစ္ေယာက္၏ေက်ာျပင္ေတြေပၚသို႔ေရာက္ရွိသြားခဲ့ေလသည္။
''ေနာက္ခါငါ့လာထိၾကည့္ ဒီ့ထက္ပိုဆိုးမယ္ မွတ္ထား''
ငိုမဲ့မဲ့ကေလးႏွစ္ေကာင္အားလက္ညွိုးထိုး၍ေျပာကာ ေကာ့ပတ္ေကာ့ပတ္ျဖင့္ဆက္ေလွ်ာက္လာခဲ့သည္။ ေနာက္တြင္ တီးတိုးေျပာသံမ်ားသည္ က်န္ရစ္ခဲ့ေလသည္။
.
.
.
.
လမ္းထိပ္ဆိုင္တြင္အခ်ဥ္ထုပ္အခ်ိဳ႕ႏွင့္ေရခဲေခ်ာင္းတစ္ေခ်ာင္းဝယ္ကာ ေျမာက္ႂကြႂကြျဖင့္ျပန္လာခဲ့သည္။ အျပန္တြင္ ဟိုကေလးတစ္သိုက္၏မၾကည္ၾကည့္ကိုကား လက္ေဆာင္အျဖစ္ရခဲ့လိုက္ေလေသးသည္။
အျမင္ကတ္စရာကေလးေတြ ။ ဘာပဲျဖစ္ျဖစ္ သူတို႔ကိုေအာ္ထုတ္လိုက္ရ၍ မိမိ၏မြန္းၾကပ္ေနေသာစိတ္တို႔သည္ ေပါ့ပါးသြားသလိုပင္ခံစားရေလသည္။
.
.
.
.
.
ထိုသို႔စာေတြလုပ္လိုက္၊ ကေလးေတြႏွင့္ေခြးေတြအေပၚ စိတ္မေက်နပ္တာေတြဖြင့္ခ်လိဳက္ႏွင့္ စိုးထိတ္ခဲ့ေသာေန႕ရက္ေတြဆီသို႔ေရာက္ရွိလာခဲ့သည္။
ေျဖဆိုခ်ိန္နာရီဝက္မက်ိဳးေသးခင္မွာပင္ ဂ်ီဆူး၏ေခါင္းသည္ ခုံေပၚက်သြားခဲ့ရသည္။ ဘာလို႔မ်ား စာေတြသည္ေမ့ေနရပါသလဲ။
ဒီစာေတြကို က်က္ခဲ့ဖူးသည္။ ရလည္းရခဲ့ဖူးသည္။ သို႔ေသာ္အစမွအဆုံးအထိ ေျဖာင့္ျဖဴးစြာမရေတာ့ေပ။
လက္ထဲတြင္ကိုင္ထားေသာ Chemistry ေမးခြန္းစာ႐ြက္သည္ ဂ်ီဆူးအားေလွာင္ျပေနသေယာင္ရွိသည္။ ရႈပ္ေထြးေနသည့္စိတ္တို႔ကို ၿငိမ္ေအာင္ထားလိုက္ကာ ခဏၾကာမွေသခ်ာစဥ္းစား၍တစ္ပုဒ္ခ်င္းစီျပန္ေျဖသည္။
သို႔ေသာ္ျငား စိတ္တိုင္းမက်ပါ။ ေအာင္မွတ္သာသာေလာက္ေလးသာ ဂ်ီဆူးေျဖထားရေသးသည္။
ဆက္၍စဥ္းစားေသာ္လည္းမရေတာ့တာမို႔ လုပ္စရာရွိသည္ကိုသာလုပ္ခဲ့လိုက္ေတာ့သည္။
.
.
.
.
''ေျဖနိုင္တယ္မလားသမီး
ျပန္အထြက္တြင္ ထက္ထက္သန္သန္ေမးလာေသာေဖေဖ့အား ေခါင္းခါယမ္းျပလိုက္သည္။
''အင္းအင္း တက္ေလသမီး
ေဖေဖ့ဆိုင္ကယ္ေပၚတြင္ ယေန႕သည္ၿငိမ္ခ်က္သားအေကာင္းဆုံးေသာေန႕ျဖစ္ခဲ့သည္။ ေရွ႕ယခင္ေျဖဆိုခဲ့ၿပီးရက္မ်ားတြင္ ဘယ္စာကဘယ္လို၊ဘယ္အခန္းကဘယ္ေလာက္ဖိုးပါတာစေသာ တဖြဖြေျပာဆိုေနက်ဂ်ီဆူးသည္ ယေန႕တြင္ေတာ့မေျပာနိုင္ခဲ့ပါ။
''ေဖေဖ
''ဟင္ သမီးေျပာေလ
''ေနာက္ရက္ေတြသမီးသြားမေျဖေတာ့ဘူးေနာ္
''ဘာလို႔လဲသမီး ေျဖပါအုံးသမီးရဲ႕ ေအာင္မွာပါ
ေဖေဖ့အားေခါင္းခါျပလိုက္၏။ အေျဖစာ႐ြက္အားျခစ္ခ်ကာ ထြက္လာခဲ့သည့္မိမိအေျခအေန .
''ဟင့္အင္း မေအာင္ဘူးဆိုတာသမီးသိတယ္ ေနာ္ ဆက္မေျဖခ်င္ေတာ့ဘူး
''အင္း သမီးေမေမကိုေဖေဖေျပာလိုက္မယ္ေနာ္
ထိုမွ်ျဖင့္စကားသံတို႔သည္ ဆိတ္သုန္းသြားခဲ့ေလသည္။ ႀကိဳးစားခဲ့ရေသာတစ္ႏွစ္တာသည္ ရက္ေလးတစ္ရက္ေၾကာင့္ပ်က္ဆီးသြားခဲ့ေလသည္။
.
.
.
.
''သမီး စာေမးပြဲျပန္ေျဖခ်င္စိတ္ ရွိလား
ၿခံထဲကျမက္ပင္ေတြကိုႏႈတ္ေနေသာဂ်ီဆူး ေမေမ့ကိုမၾကည့္မိပါ။
''သမီးမိန္းကေလးဆိုတာပညာေတာ့တတ္ရမယ္သမီးရဲ႕ အဲ့လိုမွအိမ္ေထာင္ျပဳတဲ့အခါ အႏွိမ္မခံရ၊အနိုင္က်င့္မခံရမွာ
''ဟိုဘက္လမ္းကဂုဏ္ထူးငါးဘာသာနဲ႕ေအာင္တဲ့ေကာင္မေလးေလ သူကစာသိပ္ေတာ္တာ သမီးကိုသူအႀကံေလးေတြေပးရင္းနဲ႕ စာေလးေတြရွင္းျပေပးမယ္တဲ့
ဒီစကားတြင္ေတာ့ ဂ်ီဆူးစိတ္ပ်က္သြားမိသည္။ ၾကားထဲေမေမ ေျဖာင္းဖ်သည့္စကားလုံးေတြအေပၚ စိတ္ပ်က္မိတာမ်ိဳးမရွိခဲ့။မိဘေတြအေပၚသာ အားနာခဲ့သည္ခ်ည္း။
ယခုမူ..
''ဘာလဲေမေမရ သမီးထက္ႏွစ္ႏွစ္ငယ္တဲ့မိန္းကေလးဆီက သင္တာကိုခံရေအာင္ သမီးကိုဘယ္ေလာက္အရွက္ရေစခ်င္ေနတာလဲ
မိမိ၏အသံသည္ ႏူးညံ့မေနမွန္းသိေသာ္လည္း ေမေမလည္းနားလည္ဖို႔ေကာင္းသည္။
''သင္ေပးတယ္လို႔လည္းမဟုတ္ပါဘူး သူ႕အကူအညီေလးနည္းနည္းယူၿပီး သမီးစာက်က္တဲ့ေနရာမွာအေထာက္အကူေလးျဖစ္ေစခ်င္႐ုံပဲ
''မလုပ္ခ်င္ဘူးေမေမရာ
ရွက္႐ြံ႕ေသာစိတ္၊ခံျပင္းေသာစိတ္၊အားငယ္ဝမ္းနည္းေသာစိတ္မ်ားျဖင့္ ေနရာမွေကာက္ထြက္ကာအိမ္ထဲဝင္ခဲ့လိုက္သည္။
ေမေမေျပာေသာမိန္းကေလးကို ဂ်ီဆူးသိသည္။ ယခင္က အဲ့မိန္းကေလးကမိမိထက္ ႏွစ္ႏွစ္အတန္းငယ္သည္။
ကိုယ့္ထက္ငယ္တဲ့လူဆီကေန အကူအညီယူရတာဘယ္ေလာက္ရွက္ဖို႔ေကာင္းသလဲ။ ေမေမ နည္းနည္းေတာ့ေတြးေပးသင့္ဖို႔ေကာင္းသည္။
''ေသခ်ာစဥ္းစားပါအုံးသမီးရယ္ သမီးေရွ႕ေရးအတြက္ေျပာေနရတာေလ ေမေမတို႔မွာအားထားစရာသမီးေလးတစ္ေယာက္ထဲရွိတာ ငါ့သမီးေလးကိုစိတ္ခ်ခ်နဲ႕ေမေမထားခဲ့ခ်င္တယ္
''ပညာတတ္မွပိုက္ဆံရွာနိုင္တာမဟုတ္ပါဘူးေမေမရာ ပညာမတတ္တဲ့သူေဋးေတြမွတစ္ပုံႀကီး
''သမီးကိုေငြအေၾကာင္းေျပာေနတာမဟုတ္ဘူး တတ္သင့္တတ္ထိုက္တဲ့ပညာေလာက္ေတာ့ တတ္ထားရမယ္မလား
''ေနာက္ကေလးသာေမြးၿပီး ပညာတတ္ေအာင္လုပ္ေပးလိုက္ေမေမရာ နားညီးလိုက္တာ သမီးစာေမးပြဲေျဖခ်င္စိတ္လည္းမရွိဘူး စာလုပ္ခ်င္စိတ္လည္းမရွိဘူး သမီးကံကိုကဆယ္တန္းေအာင္ဖို႔ကံပါမလာတာေနမွာ
''အဲ့ေလာက္ထိစိတ္မပါရင္လည္း သေဘာပဲ ႀကိဳက္ရာသာလုပ္ေတာ့ ငါစိတ္ခ်မ္းသာတာမျမင္ခ်င္ဘူးမလား ေအးေလ ငါကိုကနင့္လိုကေလးမ်ိဴးကိုေမြးမိတာ မိဘစကားနားေထာင္မႈမရွိတဲ့ကေလးက ဘယ္ေတာ့မွတိုးတက္မွာမဟုတ္ဘူး
ေျပာခ်င္ရာေျပာၿပီးအခန္းျပင္ထြက္သြားသည္ကို ခဏေစာင့္ၿပီးမွဂ်ီဆူးငိုေႂကြးမိသည္။
မိမိကေရာ ဒီလိုမ်ိဳးျဖစ္ခ်င္ေနပါ့မလား။ ပထမတစ္ႏွစ္က ကိုယ္အသုံးမက်လိဳ႕က်သည္။ ေနာက္ႏွစ္က် စာေမးပြဲေျဖခါနီးေဆး႐ုံတက္ရသည္အထိ နာမက်န္းျဖစ္ကာ စာေမးပြဲပင္သြားမေျဖနိုင္ခဲ့။
ထပ္ၿပီးေျဖရမွာ ေၾကာက္႐ြံ႕မိသည္။ ဒီႏွစ္ထပ္ႀကိဳးစားၿပီး ထပ္သာက်ခဲ့လွ်င္ဒီကမၻာမွာမိမိေလာက္အသုံးမက်သည့္သူ ရွိေတာ့မည္မဟုတ္။
.
.
.
.
ညစာထမင္းစားပြဲသည္ တိတ္ဆိတ္ျခင္းတို႔ႀကီးစိုးေန၏။ ေမေမ့၏မ်က္ႏွာထားကား ခက္ထန္ေန၏။
ေဖေဖသည္ သားအမိႏွစ္ေယာက္ၾကား အကဲခတ္ေနဟန္ရွိ၏။
''ဘာစကားမ်ားထားၾကတာလဲ
မည္သူမွ်အေတာ္ၾကာသည္အထိ မတုန့္ျပန္မိၾက။
''အေဖ့မိန္းမေပါ့ ဘယ္သူရွိရမွာလဲ မဟုတ္တာေတြလုပ္ေနတယ္
''ဘာကမဟုတ္ရတာလဲ သားသမီးကိုပညာသင္ခိုင္းတာက မေကာင္းတာလား
''ပညာတတ္ျဖစ္ဖို႔ကံမွပါမလာတာ
''သုံးေလးႀကိမ္ေျဖၿပီး မေအာင္တဲ့သူေတြေတာင္ရွိတာပဲ ႀကိဳးစားမႈကအဓိကေလ ျဖစ္တာမျဖစ္တာက ေနာက္မွမလား
''ေမေမစိတ္မကုန္ေသးဘူးလား
''ေနပါအုံးသမီးရယ္ ျပန္ေျဖဖို႔ကိုဘာလို႔အေၾကာက္အကန္ျငင္းေနရတာလဲ
ဝင္ေျပာလာေသာေဖေဖ့ကိုၾကည့္လိုက္၍
''အေမသင္ခိုင္းေနတာက သမီးထက္ငယ္တဲ့သူဆီမွာေနာ္ သမီးမာနဘယ္ေလာက္ထိခိုက္တယ္ထင္လဲ
''မာနဆိုတာထည့္ေျပာရေအာင္ နင္ကဘာေကာင္ႀကီးျဖစ္ေနၿပီမို႔လဲ
အားေနႏွိမ္ေနေသာအေမ့အား စူးစူးရဲရဲ ဂ်ီဆူးၾကည့္လိုက္ကာ
''အဲ့ေလာက္ျဖစ္ေနရင္ အေမသာသြားေျဖလိုက္ပါလား
ဇြန္းကိုပစ္ခ်၍ ထြက္လာေသာဂ်ီဆူးကို စားပြဲဝိုင္းတြင္က်န္ခဲ့ေသာေမေမက ေျပာဆိုေနေလေတာ့၏။
.
.
.
.
ေနာက္ရက္အနည္းငယ္ၾကာသည္အထိ ေမေမကစိတ္ဆိုးေန၍ ဂ်ီဆူးဘက္ကပဲအေလွ်ာ့ေပးကာ လက္ခံခဲ့လိုက္ေတာ့၏။ ဒီညေန သုံးနာရီဟိုေကာင္မေလးလာမည္ဟုလည္း ေမေမ့ထံကတစ္ဆင့္သိထားရသည္။
ေမေမက ထိုင္ေစာင့္ေနဟုမွာထားသည့္အတြက္ ဂ်ီဆူးခမ်ာ အိမ္ေရွ႕အုတ္ခုံေလး၌စိတ္မပါစြာျဖင့္ ထိုင္ေစာင့္ေနရေလ၏။
ေဟာ.. လာေနပါၿပီ။
ေပါင္ထိရွည္ေသာတီရွပ္အျဖဴတစ္ထည္ႏွင့္ အနည္းငယ္ပြေသာေဘာင္းဘီရွည္ကို ေပါ့ေပါ့ပါးပါးဝတ္ဆင္ၿပီး ခုန္ကာခုန္ကာ လာေနေသာေကာင္မေလး။
အဝါေရာင္ဆံပင္ေတြကို ေမႊးပြေခါင္းစည္းျဖင့္အလြယ္စီးႏွောင္ကာ ကေလးဆန္ဆန္ခုန္ေပါက္လာေနေသာေကာင္မေလးက မိမိႏွင့္ကြဲျပားစြာ ေပါ့ပါးလြန္းေနေသာစိတ္ျဖင့္လာေနမွန္းကို ဘာမွမလိမ္းျခယ္ထားေသာမ်က္ႏွာေျပာင္ေလးေၾကာင့္ပင္ သိရေလ၏။
မိမိကေတာ့ စိတ္ေမာေနလိုက္ရတာ။သူေလးကေတာ့ ကေလးလိုပါပဲလား။ ဒီေကာင္မေလးဆီက စာသင္ျပတာခံရမည့္မိမိဘဝကိုေတြးမိလိုက္ေတာ့ သက္ျပင္းကိုသာခ်လိဳက္မိေလေတာ့၏။
အခ်ိန္ေတြအေတာ္ၾကာၿပီးမွ ျပန္လာခဲ့ရတဲ့ comeback ficေလးျဖစ္တာမို႔ သာသာ့ကိုအားေပးၾကပါအုံးေနာ္
ေစာင့္ေနေပးတဲ့စာဖတ္သူအားလုံးကို ေက်းဇူးတင္ၿပီးခ်စ္ပါတယ္ေနာ္😍😘