ဂျပ်ဆင်ထိပ်က အချစ်ငှက်ငယ် {ဂ်...

By Louis-Maung

4.9K 216 22

တစ်ချိန်က ဂျပ်ဆင်ထိပ်မှာ ငှက်မောင်နှံနှစ်ဦး ချစ်စကားတွေ သီကုံးခဲ့ကြဖူးသည်။ တစ္ခ်ိန္က ဂ်ပ္ဆင္ထိပ္မွာ ငွက္ေမာင္... More

1 (U/Z)
2 (U/Z)
3 (U/Z)
4 (U/Z)

Intro

2.8K 63 0
By Louis-Maung

Unicode

မင်္ဂလာပါ
အမောင် (Louis Maung )ပါ။

2020လောက်က Facebook မှာ "အညာမိသွားတဲ့အညာသားလေး" ဆိုတဲ့ ဝတ္ထုတိုလေး တင်ခဲ့ဖူးတယ်။

ဝတ္ထုတိုကို ဝတ္ထုရှည်အဖြစ် ပြန်လည်အသက်သွင်းချင်တဲ့ ဆန္ဒလေး ဖြစ်ပေါ်နေခဲ့တာတော့ ကြာပါပြီ။

ဒီရက်ပိုင်းမှာတော့ ဒါလေးကို ဖန်တီးကြည့်ချင်တဲ့ ဝိညာဉ်တို့ အားပြင်းလာတယ်ပဲဆိုရမလား...။
မန္တလေးဇာတိဖြစ်တဲ့အမောင်က ရန်ကုန်တက္ကသိုလ်က အဓိပတိလမ်းမကြီးပေါ်ကို စမ်းလျှောက်ကြည့်ချင်လာတယ်။
အင်းလျားကန်ဘောင်မှာ လေညှင်းလေးခံရင်း ကဗျာတွေစပ်ချင်လာတယ်။
သစ်ပုပ်ပင်ကြီးအောက်မှာ ကံ့ကော်ပန်းလေးကို နမ်းရှုံ့ချင်မိတယ်။
ခြုံငုံရရင် ကံ့ကော်မြို့တော်ကြီးဆီကို အလည်တစ်ခေါက် ရောက်ဖူးချင်မိပါတယ်။

ဒီဝတ္ထုလေးထဲက အကြောင်းအရာများနဲ့ ဖြစ်ရပ်များဟာ စာရေးသူ(အမောင်)ရဲ့ စိတ်ကူးသက်သက်သာဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောပါရစေ။
လက်တွေ့အပြင်က ဖြစ်ရပ်မှန်များကို အခြေမခံသလို မည်သည့်စာပေကိုမှ တုပထားခြင်းမျိုးလည်း မရှိကြောင်းပါ။

ဖတ်ခဲ့ဖူးသော စာပေတချို့၏ influence အောက်ကလည်းလွတ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

အဓိပတိလမ်းကို မလျှောက်ဖူးသော၊ဂျပ်ဆင်ဘုရားကျောင်းကို မရောက်ဖူးသော အမောင့်အနေနဲ့ စာဖတ်သူတွေအပေါ် အမှတ်မှားဖွယ်၊အထင်လွဲဖွယ် အကြောင်းအရာများ ချပြခဲ့မိသည်ရှိသော် အပြစ်မမြင် အချစ်တော်ဝင်၍ ထောက်ရှုသုံးသပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဇာတ်လမ်းလေးက သိပ်လည်းရှေးမကျ၊ဒီဘက်ခေတ်နဲ့လည်းသိပ်မဝေးတဲ့ ၂၀၀၈/၂၀၀၉/၂၀၁၀ ပတ်ဝန်းကျင်ကို အခြေခံထားတာပါ။

ဒါလေးက ဝတ္ထုတိုလေးနဲ့ ကွဲလွဲ၍လည်း နေနိုင်ပါသည်။
ဂျပ်ဆင်ထိပ်က အချစ်ငှက်လေးနှစ်ကောင် ခေါ်ဆောင်ရာနောက်ကိုသာ လိုက်သွားမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားသွားမှာပါ။

Update ကတော့ ရှေ့မှာလည်း ongoing ၂ပုဒ်ရှိနေသေးတာမို့ တစ်ပတ်တစ်ပိုင်းလေးတော့ ဖြစ်အောင်ကြိုးစားပါ့မယ်။

ဪ ဒါနဲ့ သိလိုသမျှကို မညီးမညူဖြေပေးခဲ့တဲ့ ရန်ကုန်မြို့ရဲ့တစ်နေရာက သက်ဆိုင်သောတစ်ယောက်သူလေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ❤️

စာလည်းရှည်သွားပြီမို့ ဂျပ်ဆင်ထိပ်က အချစ်ငှက်လေးနှစ်ကောင် သီဆိုတဲ့ အချစ်သီချင်းသံလေးကို နားဆင်လိုက်ကြရအောင်လားဗျ ❤️

2.4.2023 (SUN:)

Zawgyi

မဂၤလာပါ
အေမာင္ (Louis Maung )ပါ။

2020ေလာက္က Facebook မွာ "အညာမိသြားတဲ့အညာသားေလး" ဆိုတဲ့ ဝတၳဳတိုေလး တင္ခဲ့ဖူးတယ္။

ဝတၳဳတိုကို ဝတၳဳရွည္အျဖစ္ ျပန္လည္အသက္သြင္းခ်င္တဲ့ ဆႏၵေလး ျဖစ္ေပၚေနခဲ့တာေတာ့ ၾကာပါၿပီ။

ဒီရက္ပိုင္းမွာေတာ့ ဒါေလးကို ဖန္တီးၾကည့္ခ်င္တဲ့ ဝိညာဥ္တို႔ အားျပင္းလာတယ္ပဲဆိုရမလား...။
မႏၲေလးဇာတိျဖစ္တဲ့အေမာင္က ရန္ကုန္တကၠသိုလ္က အဓိပတိလမ္းမႀကီးေပၚကို စမ္းေလွ်ာက္ၾကည့္ခ်င္လာတယ္။
အင္းလ်ားကန္ေဘာင္မွာ ေလညွင္းေလးခံရင္း ကဗ်ာေတြစပ္ခ်င္လာတယ္။
သစ္ပုပ္ပင္ႀကီးေအာက္မွာ ကံ့ေကာ္ပန္းေလးကို နမ္းရႈံ႕ခ်င္မိတယ္။
ၿခဳံငုံရရင္ ကံ့ေကာ္ၿမိဳ႕ေတာ္ႀကီးဆီကို အလည္တစ္ေခါက္ ေရာက္ဖူးခ်င္မိပါတယ္။

ဒီဝတၳဳေလးထဲက အေၾကာင္းအရာမ်ားနဲ႕ ျဖစ္ရပ္မ်ားဟာ စာေရးသူ(အေမာင္)ရဲ႕ စိတ္ကူးသက္သက္သာျဖစ္ေၾကာင္းကိုလည္း ထပ္ေလာင္းေျပာပါရေစ။
လက္ေတြ႕အျပင္က ျဖစ္ရပ္မွန္မ်ားကို အေျခမခံသလို မည္သည့္စာေပကိုမွ တုပထားျခင္းမ်ိဳးလည္း မရွိေၾကာင္းပါ။

ဖတ္ခဲ့ဖူးေသာ စာေပတခ်ိဳ႕၏ influence ေအာက္ကလည္းလြတ္ေအာင္ အတတ္နိုင္ဆုံး ႀကိဳးစားထားပါတယ္။

အဓိပတိလမ္းကို မေလွ်ာက္ဖူးေသာ၊ဂ်ပ္ဆင္ဘုရားေက်ာင္းကို မေရာက္ဖူးေသာ အေမာင့္အေနနဲ႕ စာဖတ္သူေတြအေပၚ အမွတ္မွားဖြယ္၊အထင္လြဲဖြယ္ အေၾကာင္းအရာမ်ား ခ်ျပခဲ့မိသည္ရွိေသာ္ အျပစ္မျမင္ အခ်စ္ေတာ္ဝင္၍ ေထာက္ရႈသုံးသပ္ေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။

ဇာတ္လမ္းေလးက သိပ္လည္းေရွးမက်၊ဒီဘက္ေခတ္နဲ႕လည္းသိပ္မေဝးတဲ့ ၂၀၀၈/၂၀၀၉/၂၀၁၀ ပတ္ဝန္းက်င္ကို အေျခခံထားတာပါ။

ဒါေလးက ဝတၳဳတိုေလးနဲ႕ ကြဲလြဲ၍လည္း ေနနိုင္ပါသည္။
ဂ်ပ္ဆင္ထိပ္က အခ်စ္ငွက္ေလးႏွစ္ေကာင္ ေခၚေဆာင္ရာေနာက္ကိုသာ လိုက္သြားမွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ အေကာင္းဆုံးႀကိဳးစားသြားမွာပါ။

Update ကေတာ့ ေရွ႕မွာလည္း ongoing ၂ပုဒ္ရွိေနေသးတာမို႔ တစ္ပတ္တစ္ပိုင္းေလးေတာ့ ျဖစ္ေအာင္ႀကိဳးစားပါ့မယ္။

ဪ ဒါနဲ႕ သိလိုသမွ်ကို မညီးမၫူေျဖေပးခဲ့တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕တစ္ေနရာက သက္ဆိုင္ေသာတစ္ေယာက္သူေလးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ ❤️

စာလည္းရွည္သြားၿပီမို႔ ဂ်ပ္ဆင္ထိပ္က အခ်စ္ငွက္ေလးႏွစ္ေကာင္ သီဆိုတဲ့ အခ်စ္သီခ်င္းသံေလးကို နားဆင္လိုက္ၾကရေအာင္လားဗ် ❤️

2.4.2023 (SUN:)

Continue Reading

You'll Also Like

4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
244K 13.2K 33
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
280K 16.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"