3 (U/Z)

244 24 2
                                    

Unicode

အဓိပတိလမ်းမပေါ် ဒုတိယအကြိမ်မြောက် လျှောက်လှမ်းရသောနေ့ဖြစ်၍ တိမ်ယံကိုကို့ရင်ထဲတွင် လှိုင်းတံပိုးလေး ခပ်ညိမ့်ညိမ့်ရိုက်ခက်၍နေရသည်။
ပထမအကြိမ်သည်ကား အဖေတို့ ကပ္ပိယကြီးတို့နှင့်အတူ ကျောင်းလာအပ်ရသောနေ့ကဖြစ်သည်။

ကျောက်ပန်းတောင်းနှင့် ပုဂံကြားက ခပ်ခေါင်ခေါင်ရွာမှ ဖြစ်တာကြောင့် မန္တလေးတက္ကသိုလ်မှာ တက်ရမှာဖြစ်သော်လည်း ဘဘုန်းကြီးရှိသည့် ရန်ကုန်ဘက်ကိုသာ သူလျှောက်ခဲ့သည်။အဖေကလည်း တစ်ခုခုဆို အသိမရှိသည့် မန္တလေးမှာထက် ဘဘုန်းကြီးရှိသည့် ရန်ကုန်မှာမို့ ပိုစိတ်ချ၍ သဘောတူပေးခဲ့ပါသည်။

ဆရာမင်းလူရဲ့ဝတ္ထုတွေ၊ ဆရာဇဝနနဲ့ ဆရာမောင်ဝဏ္ဏတို့ရဲ့တချို့စာတွေကို စွဲလမ်းခဲ့ရတဲ့ ကျုပ်ကလည်း ရန်ကုန်တက္ကသိုလ်ကြီးကို စိတ်ကူးယဉ်၍ ပုံဖော်ကြည့်ခဲ့ဖူးသည်။
အဓိပတိလမ်းကြီးကို အိမ်မက်ထဲမှာ လျှောက်ကြည့်ခဲ့ဖူးသည်။
ကံကော်တောနဲ့ စိန်ပန်းတွေကြွေနေသော လမ်းကလေးတို့ကို အခေါက်ခေါက် ခြေဦးလှည့်ခဲ့ဖူးပါသေးသည်။
(စိတ်ကူးထဲကသာ…)
ချစ်သူလမ်းကြားကိုလည်း လျှောက်ဖူးချင်သည်။(အတူလျှောက်မဲ့ အဖော်မပါလျှင်တောင်မှပေါ့…)
သမိုင်းဝင် ဂျပ်ဆင်ဘုရားကျောင်းကြီးကိုလည်း ကိုယ်တိုင်မြင်တွေ့ချင်ခဲ့သည်။

အခုတော့ သူ့စိတ်ကူးတွေ လက်တွေ့ဖြစ်လာရပြီ။
မနက်ဖြန်ဆို ကျောင်းစတက်ရတော့မည်ဖြစ်သည်။
ဒါကြောင့် ဒီနေ့ သူနေရမည့်အဆောင်ကို ပြောင်းလာရခြင်းဖြစ်သည်။

မောင်တိမ်ယံကိုကို
မြန်မာစာ
ခုံနံပါတ် ၁
အခန်းနံပါတ် ***

သူနေရမည့် ပဲခူးဆောင်အောက်ကိုရောက်မှ အဖေနှင့်ကပ္ပိယကြီးကလည်း စိတ်ချသွားဟန်…။
အဆောင်အောက်က သစ်ပင်အရိပ်မှာပဲ အဖေနဲ့ကပ္ပိယကြီးကို ဒုတိယအကြိမ် ထိုင်ကန်တော့လိုက်သည်။
အဖေလည်း ဒီနေ့ပဲ ညရထားဖြင့်ပြန်တော့မှာကြောင့် သူ့ရင်ထဲ နေလို့ပင်မကောင်း…။
အလာတုန်းက သားအဖနှစ်ယောက်ပေမဲ့ ပြန်တော့ အဖေတစ်ယောက်တည်းမို့ စိတ်လည်းမချသလို၊သူစိမ်းတွေကြားထဲ တစ်ယောက်တည်းကျန်ခဲ့ရမည်မို့ အားငယ်သလိုလည်း ခံစားရသည်။

ဂျပ်ဆင်ထိပ်က အချစ်ငှက်ငယ် {ဂ်ပ္ဆင္ထိပ္က အခ်စ္ငွက္ငယ္}Where stories live. Discover now