4 (U/Z)

432 27 1
                                    

Unicode

"ညိုလင်းမောင်ရေ...ငါလာတယ်ဟေ့...။"

အချိန်ကား ည၇နာရီလောက်ဖြစ်မည်။
မောင်နဲ့ကျုပ် စကားစမြည်ပြောနေကြရင်း အသံကြားလို့ တံခါးသွားဖွင့်ပေးမည်ကြံပေမဲ့ အသံထက် လူက အရင်ဝင်လာကြသော လူနှစ်ယောက်...။
မောင်က ကျုပ်ကုတင်ဘက်သို့ ပြောင်းလာထိုင်သည်။
ဝင်လာသူနှစ်ယောက်ကိုတော့ သူ့ကုတင်၌ထိုင်ရန် ညွှန်ပြသည်။

"ကိုကို့ကို မိတ်ဆက်ပေးရဦးမယ်။
ဒါ မောင့်သူငယ်ချင်း မြတ်မင်းတဲ့။
သူနဲ့က အထက်တန်းကတည်းက သူငယ်ချင်းတွေလေ။
သူလည်း မြန်မာစာကပဲ...။"

မြတ်မင်းက ကျုပ်အား ပြုံးပြ၍ အသိအမှတ်ပြုသလို ပြန်၍ပြုံးပြလိုက်သည်။
မြတ်မင်းကလည်း လူချောတစ်ယောက်ပါပင်။
သို့သော် ကျုပ်ရဲ့မောင်က ပိုချောသည်။

"ဟေ့ကောင် မြတ်မင်း...မင်းဘေးက တစ်ယောက်နဲ့လည်း မိတ်ဆက်ပေးဦးလေ...။"

မောင်‌ပြောတော့မှ ဘေးကလူကိုသတိရသွားဟန်ဖြင့် မြတ်မင်းက မိတ်ဆက်ပေးတော့သည်။

"ဪ...သူ့နာမည်က ကာရန်တဲ့။
ငါ့အခန်းဖော်လေ...။သူလည်း မြန်မာစာကပဲ။ငါ မင်းအခန်းလာတော့ သူတစ်ယောက်တည်းပျင်းနေမှာစိုးလို့ ခေါ်လာလိုက်တာ...။ဒါနဲ့ မင်းအခန်းဖော်ကရော..."

ခေါင်းစဉ်က သူ့အလှည့်ရောက်လာပြီမို့ ကျုံ့ကျုံ့ကလေးထိုင်နေရာမှ သူ့ခါးကို မတ်မိလိုက်သည်။

"ကိုကို့နာမည်က တိမ်ယံကိုကိုတဲ့။ငါတို့မြန်မာစာက ရိုးဝမ်း (Roll 1) လေ။
ငါ့ကိုကိုက သိပ်တော်တာနော်။
လူလေးကလည်း ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်..."

မောင့်ကြောင့် သူ့မျက်နှာဘယ်နားထားရမည် မသိလောက်အောင်ပင် ပူရသည်။
မောင်က သိပ်လည်းဆိုးလှသည်။

"ဟ...မင်းဘယ်တုန်းက ယောက်ျားလေးတစ်ယောက်ကို ဒီလောက် ချီးကျူးဖူးသွားသလဲ..."

"ငါ့ကိုကိုဖြစ်နေလို့ပေါ့ကွ..."

နေရာမှတင် အငွေ့အဖြစ် ပျံသန်းသွားလိုက်ချင်တော့သည်။
ဆိတ်ဆိတ်နေသည့် ကာရန်ကလည်း မောင်တို့နှစ်ယောက်၏စကားတွေအား သဘောတကျ ပြုံးတုံ့တုံ့ဖြင့် နားထောင်နေသည်။

You've reached the end of published parts.

⏰ Last updated: Apr 30, 2023 ⏰

Add this story to your Library to get notified about new parts!

ဂျပ်ဆင်ထိပ်က အချစ်ငှက်ငယ် {ဂ်ပ္ဆင္ထိပ္က အခ်စ္ငွက္ငယ္}Where stories live. Discover now