[Unicode]
"အာ...ထိုက်ကလည်း...အဲ့ရုပ်ကြီးလုပ်မနေပါနဲ့ဟ...''
ရှင်း သူ့အရှေ့ကတယောက်ထဲ မိုးကွက်ရွာနေသော ထိုက်အား ပြောလိုက်ခြင်း...ထိုက်ကတော့ အခုထိမျက်မှောင်ကျုတ်ထားတုံး
"ခုနက ဖုန်းပြောတုံးကကြ ရီရီမောမောနဲ့ အခုရောက်တော့ ဆူပုတ်နေတာပဲ ဘာလဲ ညကပြသာနာတက်လို့လား''
ရှင်း မသိချင်ယောင်ဆောက်၍ မေးလိုက်သည်် ထိုအခါမှ ထိုက်က လှုပ်''ရှား''ဖြစ်လာတယ် ရုပ်ကတစုံတခုကို တွေးနေသလို
" boss....''
ဥက္ကာမှာ တင်းမာနေသော ထိုက်၏မျက်နှာဘေးကြောင့် ဘာလုပ်လို့ဘာကိုင်ရမည်မသိ ကုမ္မတီကိုစရောက်ထဲက ဝန်တမ်းတွေကိုလည်း မမာန်စဖူးမာန်နေသည် အပြုံးအရီလည်းမရှိ နေ့တပိုင်းတောင်ကျိုးတော့မယ် အခုထိဘာကိုအလိုမကျမှန်းမသိ
"ဖိုင်တွေလား ထားခဲ့လိုက်''
ရှင်းသန့်ဝတီရဲ့အမိန့်သံသာ ထွက်လာပြီး ထိုက်ကတော့အခုထိ တယောက်ထဲ မည်သည့်အရာကိုမှန်းမသိိ တွေးတောနေလေရဲ့
ဥက္ကာဖိုင်တွေကို အလုပ်စားပွဲပေါ်တင်ပေးလိုက်ပြီး အခန်းထဲကနေ ခပ်သွက်သွက်လေး ပြန်ထွက်လာခဲ့တော့သည်
"ရှင်း ငါလေ မ ကိုပြန်တောင်းပန်သင့်တယ်ထင်တယ်''
"ဘာလို့လဲ''
ရှင်းအသံမှာ အလိုမကျမှုများစွာပါဝင်နေသည်ကို ထိုက်သတိမမှုမိခဲ့
"ငါ... ''
ထိုက်ရဲ့အသံတွေ ဟိုးအနိမ့်ဆုံးကို တိမ်ဝင်သွားခဲ့သည်
ကိုယ်သသောကျခဲ့ဖူးတဲ့ မိန်းကလေးတယောကို ကိုယ့်ကိုယ်သဘောကျဖူးတဲ့ မိန်းကလေးတယောက်ကို ပြောပြသင့်ရဲ့လား...ပြောပြလိုက်ရင် ဝမ်းနည်းသွားမလား... မဟုတ်တာ ရှင်းနဲ့ ငါနဲ့က ငယ်သူငယ်ချင်း အရင်းကြီးတွေပဲ
ကျနော် ရှင်းကိုသူငယ်ချင်းတယောက်လို တွေးခဲ့ဖူးရဲ့လား အမြဲတမ်း.. ပိုချင်ခဲ့တာလေ အမြဲတမ်း မ ထပ်ဦးစားပေးနေခဲ့တာ..အဲ့တာကရော..ဘာကြောင့်လဲ.. ရှင်းအပေါ်အရင်တုံးကလို ခံစားချက်ရှိနေသေးတာလား အဲ့တာဆို မ မကရော
"ထိုက်...ထပ်မတွေးနေနဲ့တော့''
ရှင်းရဲ့လက်ဖဝါးနုနုတွေက ထိုက်ရဲ့လက်ဖမိုးပေါ်ကို ညင်သာစွာအုပ်ကိုင်လိုက်တယ်
ထိုက်ရဲ့မျက်လုံးအိမ်ထဲက အကြည့်တွေဟာလည်း ရှင်းရဲ့မျက်လွှာဆီကို ရောက်ရှိသွားရင်း သူတို့နှစ်ယောက်အကြည့်ချင်းဆုံမိကာသွားတော့သည်
အတန်ကြာတဲ့အထိ ထိုက်က ရှင်းဆီကအကြည့်ကိုမခွာသေး
တစုံတယောက်မရောက်လာခင် အချိန်အထိပေါ့...
"အဲ့လိုလုပ်ရတာမဟုတ်ဘူးလေ... ''
"မဟုတ်သေးဘူး အဲ့လိုလည်း အာ..ဒီတယောက်နယ်လည်း''
"ဟို...ကျနော်တောင်းပန်ပါတယ် ကျနော်က တခြားကွန်ပျူတာတွေနဲ့ ဆော့ဖူးတာပထမဆုံးဖို့လို့ပါ''
နှောင်းသစ်ခက်တယောက် မျက်နှာငယ်လေးဖြင့် မြိုင့်အားဆိုလေသည်
မြိုင့်မှာ နှောင်းကိုကြည့်ရင်း ခေါင်းသာတရမ်းရမ်း လုပ်နေရသည်
တကယ်ပါ နှောင်းတယောက်ဘာဖြစ်နေမှန်းမသိ ယောင်''မှား''နဲ့ လုပ်မိလုပ်ရာတွေလျှောက်နေသည် နှောင်းရဲ့စိတ်က gameထဲမှာမရှိပဲ သူဘေးက တယောက်သောသူဆီပဲ အာရုံကရောက်နေသည် gameမှာ ရှုံးတာများလာတော့ ဘေးကသူမလေးက စိတ်မရှည်တော့သည့်ဟန် ဒီနေ့ရောက်ကတည်းက စတွေ့တုံးကလိုမဟုတ်ပဲ မျက်နာလေးကအတော်ကို ညိုးနေတာ ညကကိစ္စနဲ့များပက်သက်နေလောက်မလား....
"အင်းပါ ထားပါတော့ အမပြမယ်''
ရုတ်တရပ်အနားကို ကပ်လာသော မျက်နှာလေးတခုကြောင့် နှောင်းတယောက် အတွေးတေပျောက်ကာ ရင်တွေပင် တားဆီးမရပဲ တထိပ်ထိပ်ပင်ခုန်လာရတော့သည်
အနံ့သင်းသင်းလေး ဟုတ်တယ် ထိုအနံ့ တခြားဘယ်သူ့ဆီကနဲ့မှ မတူတဲ့အနံ့မျိုး အရမ်းကြီးမွှေးအီနေတဲ့ ရနံမျိုးမဟုတ်ပဲ အနံ့ရလိုက်တာနဲ့ အနားကမခွာချင်လောက်အောင် စိတ်ကိုလန်းဆန်းသွားစေတဲ့အနံ့မျိုး
"မမမြိုင် ဘာရေမွှေးသုံးလည်းဟင်''
"ရေမွှေးလား မသုံးပါဘူး အမကရေမွှေးမကြိုက်ဘူး ဘာဖစ်လို့လဲ ''
နှောင်းကိုမကြည့်အားပဲ အရှေ့က ကွန်ပျူတာကိုပဲ တတောက်တောက်နိုပ်နေပြီးဖြေလေရဲ့
"တကယ်ကြီးရေမွှေးမကြိုက်တာလား''
နှောင်းတယောက်အံသြတကြီးဆိုရှာတယ် အခုခေတ်ကြီးမှာ ရေမွှေးမကြိုက်တဲ့ မိန်းကလေးရှားရှားပါးပါးတွေ့တာပဲ နှောင်းတောင် တနေ့ဒီနေ့ရေမွှေးဆွတ်လာဖို့ ရေမွှေးဆိုင်မှာ တော်တော်ကို များ''စား''ဝယ်လာခဲ့တာ သူမလေးကရေမွှေးမကြိုက်ဘူးတဲ့...
"တကယ် ကဲ..အရှေ့ကဟာကိုပဲ အာရုံစိုက်တော့ ဒီခလုတ်က၂ချက်နှိပ် အဲ့တာမှာ exitလို့ရမှာ ဒီကွန်ပျူတာက နည်းနည်းကြောင်တယ် အသစ်တလုံးခနနေရောက်လာလိမ့်မယ် အခုတော့ ခနသီးခံလိုက်အုံး''
"ဟုတ်ကဲ့ ရပါတယ် ''
နှောင်း မြိုင်ပြောသလို ထိုခလုပ်ကိုနှိပ်ကြည့်သည် သို့သော်နှိပ့်မရ
"အဲ့လိုမျိုးဖွဖွလေးမနှိပ်နဲ့လေ ''
မြိုင်ပြောရင်း သူမရဲ့လက်တွေက နှောင်းလက်ညှိးကို ဆုပ်ကိုင်လိုက်ပြီး''အဲ့လိုအားနဲ့ဖိမှ ရမှာ''
နှောင်း သူ့လက်ပေါ်မှာရှိနေတဲ့ မြိုင့်ရဲ့လက်သွယ်''လေးတွေကို မှင်သက်စွာ ကြည့်နေမိသည်
'ဘယ်လောက်တောင် နူးညံ့တဲ့ လက်ဖဝါးလေးတွေလည်း'
"ဟို....''
နှောင်း မြိုင့်ရဲ့မျက်နှာလေးကို ကြည့်ရင်းစကားစမည်အလုပ် မြိုင့်က သူမကကွန်ပျူတာကို အာရုံရောက်နေရာမှ နှောင်းကို ကြည့်မိသွားရင်း နှစ်ယောက်သား ခနတာမျက်လုံးခြင်းဆုံးမိသွားသည်
သို့သော်လည်း မြိုင်ကချက်ချင်းဆိုသလို အကြည့်ပြန်လွှဲလိုက်ပြီး လုပ်စရာရှိတာကိုသာဆက်နေသည် မြိုင့်တွင်မည်သည့်ခံစားချက် တစုံတရာမျှမဖြစ်ခဲ့ပေမဲ့ နှောင်းမှာတော့ ကျယ်လောင်လွန်းလှသော ရန်ခုန်သံများကြောင့် ရင်ဘက်ထဲ အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့ မကျိတ်အနှယ် ဖျော်ဖြေနေသယောင် ဖြစ်နေလေရဲ့
"ဘာပြောမလို့လဲ တခုခုပြောမလို့မဟုတ်ဘူးလား''
"အဲ့တာက... ပြောသင့်ရဲ့လားမသိဘူး''
"ဘာကိုလဲ နှောင်းရဲ့ ပြောစရာရှိတာပွင့်ပွင့်လင်းလင်းပြော ရတယ်''
"အာ...အဲ့တာက..''
"မမြိုင်ရေ ဒီမှာကော်ဖီအေး ဝယ်လာတယ် သောက်မယ်မလား''
နှောင်းမေးမည်အလုပ် အနောက်မှ သာသနာဖျက်မကလေးရောက်၍ မမေးလိုက်ရပဲ စကားအစပျက်သွားတော့တယ်
"သောက်ရမှာပေါ့ ကိုယ့်ညမကဝယ်တိုက်တာကို''
"ဟွန်း...မမြိုင်ကလည်းးးးညမတဲ့''
"အယ် ဒီကောင်မလေးကတော့ ညမမဟုတ်တော့မောင်လေးလား''
"မမြိုင်ကလည်းး သုကပိုချင်သေးတာကို..''
"ဟဲ့ သုသုမနင်ငါ့ မမကိုလာမလုနဲ့နော် ငါဟာဟဲ့ငါ့ဟာ''
"ဟုတ်တယ်နော် မမ''
မြိုင့်ကိုသူ့ဟာငါ့ဟာနှင့် လုနေပါသော ထိုနှစ်ယောက်ကြောင့် မြိုင့်မှာ လက်မောင်းနှစ်ခုလုံး တယောက်တဖက်ဆီ ပေးထားရသည်
ခွမ်းး!!!
"ဘာဖြစ်တာလဲ''
မြိုင့်မှာ ရုတ်တရပ်ကျကွဲသံကြောင့် လန့်ဖြန့်သွားရသည်
ထိုအသံလာရာကို လှည့်ကြည့်ရာ နှောင်း...
" ဟို...တောင်းပန်ပါတယ်နော် ကျနော်မတော်မဆတိုက်မိသွားလို့ပါ ကျနော်ပြန်ရှင်းလိုက်ပါမယ်''
မြိုင်လှည့်ကြည့်လိုက်တော့မှ နှောင်းတယောက် အထိပ်အပျာပျာနဲ့ ကျကွဲသွားသော ဖန်ခွက်စတွေကို ကောက်သိမ်းနေတော့တယ်
"နေအုံးလေ ဖန်ကွဲစတွေ ဆူးမယ် နေအုံး ဂေါ်ပြားသွားယူလိုက်မယ် ''
မြိုင်ဂေါ်ပြားသွားယူနေတုံး ထိုလု၍မပြီးသေးသောသူနှစ်ယောက်ကို နှောင်းအကြည့်စူးစူးတွေနဲ့ ပို့လွှတ်ပေးလိုက်မှာ နှစ်ယောက်သား အလျိုလျိုသူမတို့ ကွန်ပျူတာတွေဆီ ပြန်သွားတော့သည်
"ဟို ဘောစ့် ကျမဒီစာရင်းတွေ...''
ရုတ်တရပ်တံခါးပွင့်လာတာကြောင့်ထိုက် ရှင်းဆီကအကြည့်တွေကို ချက်ချင်းခွာပစ်လိုက်တော့တယ်
"အင်း ဒီမှာထားခဲ့လိုက်''
"ဟုတ်ကဲ့''
ဝန်ထမ်းမလေးထွက်သွားသောအခါ သူ့လက်ပေါ်က တစုံတယောက်ရဲ့ လက်ဖဝါးနွေးနွေးကို သတိရသွားဟန်ဖြင့်
"ရှင်း နင်ငါ့လက်တွေကို အခုထိမလွှတ်ပေးရသေးဘူးနော်''
"ငါမလွှတ်ပေးချင်ဘူး တစ်သက်လုံးဒီလို ဆုတ်ကိုင်ထားချင်တာ''
ရှင်းပြောလိုက်သော စကားကြောင့် ထိုက်သူမကို ကြည့်နေရာမှာ တခြားနေရာကိုအကြည့်လွှဲသွားသည်
"ဘာလို့ ငါ့အချစ်တွေကို နင်မခံစားမိခဲ့တာလည်း''
"တောင်းပန်ပါတယ် ရှင်းရယ် ငါ..ငါလည်း...''
"ထားလိုက်ပါတော့ ဒါတွေကပြီးခဲ့ပြီလေ''
"ငါလည်း ဘာဖြစ်လဲထိုက် နင်လည်းငါ့အပေါ်မှာ ခံစားချက်ရှိခဲ့တာပဲလေ အခုရော''
"ငါမသိဘူးရှင်း...''
ထိုက် ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်တော့ပါ ရှင်းအပေါ်သူခံစားချက်ရှိနေသေးတာလား
"နင်တနေ့သိလာပါလိမ့်မယ်''
ရှင်းအခန်းထဲကထွက်သွားတဲ့အထိ ထိုက်ထိုနေရာမှာ တွေဝေစွာထိုင်နေခဲ့သည်
'ဟုတ်တယ် ငါနင့်အပေါ်ကိုခံစားချက်တေ ရှိနေတုံးပဲ ဒါပေမဲ့ မ မကိုငါမစွန့်လွှတ်နိုင်ဘူး ငါကအတော်အတ္တကြီးတာပဲ'
================================================================
[Zawgyi]
"အာ...ထိုက္ကလည္း...အဲ့ရုပ္ႀကီးလုပ္မေနပါနဲ႔ဟ...''
ရွင္း သူ႔အေရ႔ွကတေယာက္ထဲ မိုးကြက္ရြာေနေသာ ထိုက္အား ေျပာလိုက္ျခင္း...ထိုက္ကေတာ့ အခုထိမ်က္ေမွာင္က်ဳတ္ထားတံုး
"ခုနက ဖုန္းေျပာတံုးကၾက ရီရီေမာေမာနဲ႔ အခုေရာက္ေတာ့ ဆူပုတ္ေနတာပဲ ဘာလဲ ညကျပသာနာတက္လို႔လား''
ရွင္း မသိခ်င္ေယာင္ေဆာက္၍ ေမးလိုက္သည္္ ထိုအခါမွ ထိုက္က လႈပ္''ရွား''ျဖစ္လာတယ္ ရုပ္ကတစံုတခုကို ေတြးေနသလို
" boss....''
ဥကၠာမွာ တင္းမာေနေသာ ထိုက္၏မ်က္ႏွာေဘးေၾကာင့္ ဘာလုပ္လို႔ဘာကိုင္ရမည္မသိ ကုမၼတီကိုစေရာက္ထဲက ဝန္တမ္းေတြကိုလည္း မမာန္စဖူးမာန္ေနသည္ အၿပံဳးအရီလည္းမရိွ ေန့တပိုင္းေတာင္က်ိဳးေတာ့မယ္ အခုထိဘာကိုအလိုမက်မွန္းမသိ
"ဖိုင္ေတြလား ထားခဲ့လိုက္''
ရွင္းသန္႔ဝတီရဲ့အမိန္႔သံသာ ထြက္လာၿပီး ထိုက္ကေတာ့အခုထိ တေယာက္ထဲ မည္သည့္အရာကိုမွန္းမသိ ေတြးေတာေနေလရဲ့
ဥကၠာဖိုင္ေတြကို အလုပ္စားပြဲေပၚတင္ေပးလိုက္ၿပီး အခန္းထဲကေန ခပ္သြက္သြက္ေလး ျပန္ထြက္လာခဲ့ေတာ့သည္
"ရွင္း ငါေလ မ ကိုျပန္ေတာင္းပန္သင့္တယ္ထင္တယ္''
"ဘာလို႔လဲ''
ရွင္းအသံမွာ အလိုမက်မႈမ်ားစြာပါဝင္ေနသည္ကို ထိုက္သတိမမႈမိခဲ့
"ငါ... ''
ထိုက္ရဲ့အသံေတြ ဟိုးအနိမ့္ဆံုးကို တိမ္ဝင္သြားခဲ့သည္
ကိုယ္သေသာက်ခဲ့ဖူးတဲ့ မိန္းကေလးတေယာကို ကိုယ့္ကိုယ္သေဘာက်ဖူးတဲ့ မိန္းကေလးတေယာက္ကို ေျပာျပသင့္ရဲ့လား...ေျပာျပလိုက္ရင္ ဝမ္းနည္းသြားမလား... မဟုတ္တာ ရွင္းနဲ႔ ငါနဲ႔က ငယ္သူငယ္ခ်င္း အရင္းႀကီးေတြပဲ
က်ေနာ္ ရွင္းကိုသူငယ္ခ်င္းတေယာက္လို ေတြးခဲ့ဖူးရဲ့လား အၿမဲတမ္း.. ပိုခ်င္ခဲ့တာေလ အၿမဲတမ္း မ ထပ္ၪီးစားေပးေနခဲ့တာ..အဲ့တာကေရာ..ဘာေၾကာင့္လဲ.. ရွင္းအေပၚအရင္တံုးကလို ခံစားခ်က္ရိွေနေသးတာလား အဲ့တာဆို မ မကေရာ
"ထိုက္...ထပ္မေတြးေနနဲ႔ေတာ့''
ရွင္းရဲ့လက္ဖဝါးႏုႏုေတြက ထိုက္ရဲ့လက္ဖမိုးေပၚကို ညင္သာစြာအုပ္ကိုင္လိုက္တယ္
ထိုက္ရဲ့မ်က္လံုးအိမ္ထဲက အၾကည့္ေတြဟာလည္း ရွင္းရဲ့မ်က္လႊာဆီကို ေရာက္ရိွသြားရင္း သူတို႔ႏွစ္ေယာက္အၾကည့္ခ်င္းဆံုမိကာသြားေတာ့သည္
အတန္ၾကာတဲ့အထိ ထိုက္က ရွင္းဆီကအၾကည့္ကိုမခြာေသး
တစံုတေယာက္မေရာက္လာခင္ အခ်ိန္အထိေပါ့...
"အဲ့လိုလုပ္ရတာမဟုတ္ဘူးေလ... ''
"မဟုတ္ေသးဘူး အဲ့လိုလည္း အာ..ဒီတေယာက္နယ္လည္း''
"ဟို...က်ေနာ္ေတာင္းပန္ပါတယ္ က်ေနာ္က တျခားကြန္ပ်ူတာေတြနဲ႔ ေဆာ့ဖူးတာပထမဆံုးဖို႔လို႔ပါ''
ေနွာင္းသစ္ခက္တေယာက္ မ်က္ႏွာငယ္ေလးျဖင့္ ၿမိဳင့္အားဆိုေလသည္
ၿမိဳင့္မွာ ေနွာင္းကိုၾကည့္ရင္း ေခါင္းသာတရမ္းရမ္း လုပ္ေနရသည္
တကယ္ပါ ေနွာင္းတေယာက္ဘာျဖစ္ေနမွန္းမသိ ေယာင္''မွား''နဲ႔ လုပ္မိလုပ္ရာေတြေလ်ွာက္ေနသည္ ေနွာင္းရဲ့စိတ္က gameထဲမွာမရိွပဲ သူေဘးက တေယာက္ေသာသူဆီပဲ အာရံုကေရာက္ေနသည္ gameမွာ ရႈံးတာမ်ားလာေတာ့ ေဘးကသူမေလးက စိတ္မရွည္ေတာ့သည့္ဟန္ ဒီေန့ေရာက္ကတည္းက စေတြ့တံုးကလိုမဟုတ္ပဲ မ်က္နာေလးကအေတာ္ကို ညိုးေနတာ ညကကိစၥနဲ႔မ်ားပက္သက္ေနေလာက္မလား....
"အင္းပါ ထားပါေတာ့ အမျပမယ္''
ရုတ္တရပ္အနားကို ကပ္လာေသာ မ်က္ႏွာေလးတခုေၾကာင့္ ေနွာင္းတေယာက္ အေတြးေတေပ်ာက္ကာ ရင္ေတြပင္ တားဆီးမရပဲ တထိပ္ထိပ္ပင္ခုန္လာရေတာ့သည္
အနံ႔သင္းသင္းေလး ဟုတ္တယ္ ထိုအနံ႔ တျခားဘယ္သူ႔ဆီကနဲ႔မွ မတူတဲ့အနံ႔မ်ိဳး အရမ္းႀကီးေမႊးအီေနတဲ့ ရနံမ်ိဳးမဟုတ္ပဲ အနံ႔ရလိုက္တာနဲ႔ အနားကမခြာခ်င္ေလာက္ေအာင္ စိတ္ကိုလန္းဆန္းသြားေစတဲ့အနံ႔မ်ိဳး
"မမၿမိဳင္ ဘာေရေမႊးသံုးလည္းဟင္''
"ေရေမႊးလား မသံုးပါဘူး အမကေရေမႊးမႀကိဳက္ဘူး ဘာဖစ္လို႔လဲ ''
ေနွာင္းကိုမၾကည့္အားပဲ အေရ႔ွက ကြန္ပ်ူတာကိုပဲ တေတာက္ေတာက္ႏိုပ္ေနၿပီးေျဖေလရဲ့
"တကယ္ႀကီးေရေမႊးမႀကိဳက္တာလား''
ေနွာင္းတေယာက္အံၾသတႀကီးဆိုရွာတယ္ အခုေခတ္ႀကီးမွာ ေရေမႊးမႀကိဳက္တဲ့ မိန္းကေလးရွားရွားပါးပါးေတြ့တာပဲ ေနွာင္းေတာင္ တေန့ဒီေန့ေရေမႊးဆြတ္လာဖို႔ ေရေမႊးဆိုင္မွာ ေတာ္ေတာ္ကို မ်ား''စား''ဝယ္လာခဲ့တာ သူမေလးကေရေမႊးမႀကိဳက္ဘူးတဲ့...
"တကယ္ ကဲ..အေရ႔ွကဟာကိုပဲ အာရံုစိုက္ေတာ့ ဒီခလုတ္က၂ခ်က္ႏိွပ္ အဲ့တာမွာ exitလို႔ရမွာ ဒီကြန္ပ်ူတာက နည္းနည္းေၾကာင္တယ္ အသစ္တလံုးခနေနေရာက္လာလိမ့္မယ္ အခုေတာ့ ခနသီးခံလိုက္အံုး''
"ဟုတ္ကဲ့ ရပါတယ္ ''
ေနွာင္း ၿမိဳင္ေျပာသလို ထိုခလုပ္ကိုႏိွပ္ၾကည့္သည္ သို႔ေသာ္ႏိွပ့္မရ
"အဲ့လိုမ်ိဳးဖြဖြေလးမႏိွပ္နဲ႔ေလ ''
ၿမိဳင္ေျပာရင္း သူမရဲ့လက္ေတြက ေနွာင္းလက္ၫွိးကို ဆုပ္ကိုင္လိုက္ၿပီး''အဲ့လိုအားနဲ႔ဖိမွ ရမွာ''
ေနွာင္း သူ႔လက္ေပၚမွာရိွေနတဲ့ ၿမိဳင့္ရဲ့လက္သြယ္''ေလးေတြကို မွင္သက္စြာ ၾကည့္ေနမိသည္
'ဘယ္ေလာက္ေတာင္ ႏူးညံ့တဲ့ လက္ဖဝါးေလးေတြလည္း'
"ဟို....''
ေနွာင္း ၿမိဳင့္ရဲ့မ်က္ႏွာေလးကို ၾကည့္ရင္းစကားစမည္အလုပ္ ၿမိဳင့္က သူမကကြန္ပ်ူတာကို အာရံုေရာက္ေနရာမွ ေနွာင္းကို ၾကည့္မိသြားရင္း ႏွစ္ေယာက္သား ခနတာမ်က္လံုးျခင္းဆံုးမိသြားသည္
သို႔ေသာ္လည္း ၿမိဳင္ကခ်က္ခ်င္းဆိုသလို အၾကည့္ျပန္လႊဲလိုက္ၿပီး လုပ္စရာရိွတာကိုသာဆက္ေနသည္ ၿမိဳင့္တြင္မည္သည့္ခံစားခ်က္ တစံုတရာမ်ွမျဖစ္ခဲ့ေပမဲ့ ေနွာင္းမွာေတာ့ က်ယ္ေလာင္လြန္းလွေသာ ရန္ခုန္သံမ်ားေၾကာင့္ ရင္ဘက္ထဲ အိုးစည္ဒိုးပတ္ဝိုင္းေတြနဲ႔ မက်ိတ္အႏွယ္ ေဖ်ာ္ေျဖေနသေယာင္ ျဖစ္ေနေလရဲ့
"ဘာေျပာမလို႔လဲ တခုခုေျပာမလို႔မဟုတ္ဘူးလား''
"အဲ့တာက... ေျပာသင့္ရဲ့လားမသိဘူး''
"ဘာကိုလဲ ေနွာင္းရဲ့ ေျပာစရာရိွတာပြင့္ပြင့္လင္းလင္းေျပာ ရတယ္''
"အာ...အဲ့တာက..''
"မၿမိဳင္ေရ ဒီမွာေကာ္ဖီေအး ဝယ္လာတယ္ ေသာက္မယ္မလား''
ေနွာင္းေမးမည္အလုပ္ အေနာက္မွ သာသနာဖ်က္မကေလးေရာက္၍ မေမးလိုက္ရပဲ စကားအစပ်က္သြားေတာ့တယ္
"ေသာက္ရမွာေပါ့ ကိုယ့္ညမကဝယ္တိုက္တာကို''
"ဟြန္း...မၿမိဳင္ကလည္းးးးညမတဲ့''
"အယ္ ဒီေကာင္မေလးကေတာ့ ညမမဟုတ္ေတာ့ေမာင္ေလးလား''
"မၿမိဳင္ကလည္းး သုကပိုခ်င္ေသးတာကို..''
"ဟဲ့ သုသုမနင္ငါ့ မမကိုလာမလုနဲ႔ေနာ္ ငါဟာဟဲ့ငါ့ဟာ''
"ဟုတ္တယ္ေနာ္ မမ''
ၿမိဳင့္ကိုသူ႔ဟာငါ့ဟာႏွင့္ လုေနပါေသာ ထိုႏွစ္ေယာက္ေၾကာင့္ ၿမိဳင့္မွာ လက္ေမာင္းႏွစ္ခုလံုး တေယာက္တဖက္ဆီ ေပးထားရသည္
ခြမ္းး!!!
"ဘာျဖစ္တာလဲ''
ၿမိဳင့္မွာ ရုတ္တရပ္က်ကြဲသံေၾကာင့္ လန္႔ျဖန္႔သြားရသည္
ထိုအသံလာရာကို လွည့္ၾကည့္ရာ ေနွာင္း...
" ဟို...ေတာင္းပန္ပါတယ္ေနာ္ က်ေနာ္မေတာ္မဆတိုက္မိသြားလို႔ပါ က်ေနာ္ျပန္ရွင္းလိုက္ပါမယ္''
ၿမိဳင္လွည့္ၾကည့္လိုက္ေတာ့မွ ေနွာင္းတေယာက္ အထိပ္အပ်ာပ်ာနဲ႔ က်ကြဲသြားေသာ ဖန္ခြက္စေတြကို ေကာက္သိမ္းေနေတာ့တယ္
"ေနအံုးေလ ဖန္ကြဲစေတြ ဆူးမယ္ ေနအံုး ေဂၚျပားသြားယူလိုက္မယ္ ''
ၿမိဳင္ေဂၚျပားသြားယူေနတံုး ထိုလု၍မၿပီးေသးေသာသူႏွစ္ေယာက္ကို ေနွာင္းအၾကည့္စူးစူးေတြနဲ႔ ပို႔လႊတ္ေပးလိုက္မွာ ႏွစ္ေယာက္သား အလ်ိဳလ်ိဳသူမတို႔ ကြန္ပ်ူတာေတြဆီ ျပန္သြားေတာ့သည္
"ဟို ေဘာစ့္ က်မဒီစာရင္းေတြ...''
ရုတ္တရပ္တံခါးပြင့္လာတာေၾကာင့္ထိုက္ ရွင္းဆီကအၾကည့္ေတြကို ခ်က္ခ်င္းခြာပစ္လိုက္ေတာ့တယ္
"အင္း ဒီမွာထားခဲ့လိုက္''
"ဟုတ္ကဲ့''
ဝန္ထမ္းမေလးထြက္သြားေသာအခါ သူ႔လက္ေပၚက တစံုတေယာက္ရဲ့ လက္ဖဝါးေနြးေနြးကို သတိရသြားဟန္ျဖင့္
"ရွင္း နင္ငါ့လက္ေတြကို အခုထိမလႊတ္ေပးရေသးဘူးေနာ္''
"ငါမလႊတ္ေပးခ်င္ဘူး တစ္သက္လံုးဒီလို ဆုတ္ကိုင္ထားခ်င္တာ''
ရွင္းေျပာလိုက္ေသာ စကားေၾကာင့္ ထိုက္သူမကို ၾကည့္ေနရာမွာ တျခားေနရာကိုအၾကည့္လႊဲသြားသည္
"ဘာလို႔ ငါ့အခ်စ္ေတြကို နင္မခံစားမိခဲ့တာလည္း''
"ေတာင္းပန္ပါတယ္ ရွင္းရယ္ ငါ..ငါလည္း...''
"ထားလိုက္ပါေတာ့ ဒါေတြကၿပီးခဲ့ၿပီေလ''
"ငါလည္း ဘာျဖစ္လဲထိုက္ နင္လည္းငါ့အေပၚမွာ ခံစားခ်က္ရိွခဲ့တာပဲေလ အခုေရာ''
"ငါမသိဘူးရွင္း...''
ထိုက္ ကိုယ့္ကိုယ္ကိုလည္း နားမလည္ႏိုင္ေတာ့ပါ ရွင္းအေပၚသူခံစားခ်က္ရိွေနေသးတာလား
"နင္တေန့သိလာပါလိမ့္မယ္''
ရွင္းအခန္းထဲကထြက္သြားတဲ့အထိ ထိုက္ထိုေနရာမွာ ေတြေဝစြာထိုင္ေနခဲ့သည္
'ဟုတ္တယ္ ငါနင့္အေပၚကိုခံစားခ်က္ေတ ရိွေနတံုးပဲ ဒါေပမဲ့ မ မကိုငါမစြန္႔လႊတ္ႏိုင္ဘူး ငါကအေတာ္အတၲႀကီးတာပဲ'
================================================================