The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 68

Part 67

844 117 21
By Astronv_61

Unicode

မဖြစ်နိုင်။

မည်သို့နည်းနှင့်မှ မဖြစ်နိုင်။

ချန်းယောလ်သည် မည်သည့်အကွာအဝေးတွင်မဆို အမြဲလိုလိုဘခ်ဟျွန်း၏အသက်ရှုသံကို သတိထားလေ့ရှိသည်။ သူသတိထားနေသည့်အောက်ကနေ ထိုသို့ရုတ်ချည်းနိုင်စွာ ဖြစ်ပျက်သွားစရာ အကြောင်းမရှိ။ အီဂျူးပါးစပ်က ထိုစကားကိုပြောလာသည့်အချိန်တွင် ချန်းယောလ်အရင်ဦးဆုံး လုပ်မိသည်ကား ထိုအသက်ရှုသံလေးကိုစစ်ဆေးခြင်းပင်။ သို့တိုင် လေထုထဲတွင် သီးသန့်ဆန်လှသော သူ၏ကိုယ်ပိုင်အသက်ရှူသံဟာ သိသိသာသာပျောက်ဆုံးနေလျက်။ ရလဒ်ကို သတိထားမိသည့်အချိန်တွင် သူ၏ခြေလှမ်းတို့သည် ယိုင်နဲ့သွားမတတ်ပင်။ ဘယ်အချိန်ကတည်းကမှန်း မသိလိုက်နိုင်စွာ ဘခ်ဟျွန်း၏အသက်ရှုသံသည် ပျောက်ဆုံးနေခဲ့၏။

သေးငယ်လှသော မျှော်လင့်ချက်အား လက်ကိုင်စွဲထားရင်း ကြောင်အနေသော ခြေလှမ်းတို့ကို သွက်လက်စေကာ အီဂျူးကိုတွန်းတွန်းတိုက်တိုက်ဖြင့် အခန်းအတွင်းဝင်လာမိသည်။

ကုတင်ပေါ်ရှိ ပုံရိပ်လေးဟာ ငြိမ်သက်နေလျက်။ ခါတိုင်းကဲ့သို့ အသက်ရှူသံခပ်ဖျော့ဖျော့ကိုလည်း မကြားရသလို ခန္ဓာကိုယ်ဟာ ကြောက်မက်ဖွယ်ကောင်းစွာ လှုပ်ရှားမှုနိတ္ထိ။

ချန်းယောလ်အနားတိုးကပ်သွားရင်း တစောင်းအိပ်ပျော်နေသော ဘခ်ဟျွန်းပုခုံးမှနေ သူ့ဘက်အားဆွဲကာ လက်မောင်းထဲ ပွေ့လိုက်သည်အထိ ရုန်းကန်ခြင်းအလျဥ်းမရှိ။ ပေါ့ပါးစွာပါလာသော ခန္ဓာကိုယ်လေးအား အသက်ပင်ရဲရဲမရှူဝံ့ဘဲ နှာခေါင်းနားလက်တင်ကြည့်သော်ငြား အမှန်တကယ်ကိုပင် အသက်ရှူငွေ့နွေးနွေးကို မခံစားရချေ။

"ဘခ်ဟျွန်း"

ချန်းယောလ်အသံဟာ သတိပြည့်နေသော လူတစ်ဦးနှယ် ခပ်တိုးတိုးသာထွက်လာသည်။ ဘခ်ဟျွန်းသည်ပြန်မဖြေပေ။ အခန်းတွင်းလိုက်ဝင်လာသော ဆယ်ဟွန်းတို့ကို သူမလှည့်ကြည့်အား။ အားနေသောလက်တစ်ဖက်ဖြင့် နဖူးပြင်ပေါ် တစ်စနှစ်စကျနေသော ဆံပင်လေးများအားသပ်တင်ပေးရင်း ထပ်ခေါ်မိသည်။

"ဘခ်ဟျွန်း"

"ထပါဦးကွာ"

တုံ့ပြန်သံမရှိချေ။

ချန်းယောလ်လက်ထဲက ဘခ်ဟျွန်းအားအရုပ်လေးတစ်ရုပ်နှယ် ရင်ဘတ်ထဲဆွဲပွေ့မိရင်း ဘခ်ဟျွန်းလည်ဂုပ်ထက် ခေါင်းငုံ့ချမိလိုက်သည်။ ပါးချင်းအပ်ကာ စမ်းကြည့်မိတော့ ခပ်နွေးနွေးကိုယ်ငွေ့ဟာ ရှိနေဆဲ။ သို့နှင့် ချန်းယောလ်စွမ်းအားကို အလျင်အမြန်ထုတ်ရင်း ဘခ်ဟျွန်းခန္ဓာကိုယ်ထဲ ထည့်သွင်းပေးမိသည်။ သို့တိုင် မျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်သည့်အလား၊ ထိုစွမ်းအားတို့ကို ဘခ်ဟျွန်းခန္ဓာကိုယ်သည် စုပ်ယူသွားခြင်းမရှိ။ ဘေးသို့သာလျှံကျကုန်၏။

ချန်းယောလ်သည် လက်မလျှော့သေး။ ဘခ်ဟျွန်း၏လှုပ်ရှားမှုမရှိသော လက်ဖဝါးသွယ်သွယ်လေးများကို ဆုပ်ကိုင်ရင်းအသာပွတ်သပ်ပေးမိပြန်သည်။ နွေးထွေးသောကိုယ်ငွေ့ဟာ ရုတ်ချည်းပျောက်ဆုံးသွားပြီး အေးစက်သွားမည်ကို စိုးရိမ်တကြီး ဖြစ်နေရသကဲ့သို့။

"ချန်းယောလ်"

အနောက်ပါးမှ ဆယ်ဟွန်း၏သတိပေးသကဲ့သို့ အသံဟာထွက်လာသည်။

"မဟုတ်ဘူး ဆယ်ဟွန်း။ ငါသိတယ် ဘခ်ဟျွန်းက ငါ့ကိုဒီလိုမနှုတ်ဆက်ဘဲ ထားသွားမယ့်ကလေးမဟုတ်ဘူး တစ်ခုခုမှားနေပြီ"

"ချန်းယောလ် မင်းစွမ်းအားတွေ"

ဆယ်ဟွန်းသည် ချန်းယောလ်၏သတိပေးချက်မြည်သော အကြည့်အောက်တွင် စကားကိုအဆုံးမသတ်လာနိုင်တော့ဘဲ အကြည့်ကိုသာလွှဲသွား၏။ ဆယ်ဟွန်း၏အကြည့်များက နာကျင်ရိပ်သန်းနေသလို။ ချန်းယောလ်နားမလည်နိုင်။ သူဘခ်ဟျွန်းအကြောင်းကောင်းကောင်းသိသည်။ သူလိမ်လည်ပြောဆိုနေတာ မဟုတ်ပါချေ။ ဘခ်ဟျွန်းသည် ထိုသို့အသိပေးချက်မရှိဘဲ သူ့ကိုထားသွားမည်မဟုတ်ပေ။ ထို့အတူ သူကလည်းထိုသို့ဖြစ်ခွင့်ပြုမည်မဟုတ်။

လက်ဖဝါးနှစ်ဖက်အား ဆုပ်ကိုင်ပေးနေရင်း ရုတ်ချည်းသတိထားမိလိုက်သော လှုပ်ရှားမှုတစ်ခုကြောင့် ချန်းယောလ်အပြုအမူများ ရပ်တန့်ကုန်၏။ ဘခ်ဟျွန်းလက်များသည် လှုပ်ရှားသက်ဝင်ခြင်း ကင်းမဲ့နေဆဲဆိုသော်ငြား ချန်းယောလ်သတိထားမိလိုက်သည်ကား မမှားနိုင်ချေ။ သူလျပ်တပြတ်ရှပ်ထိမိလိုက်သော လက်ကောက်ဝတ်ကနေ သွေးခုန်လှုပ်မှုကို ခံစားမိလိုက်သည်။

ချန်းယောလ်တုန်ရီနေသော လက်များကိုထိန်းလျက် အံတင်းတင်းကြိတ်ရင်း ဘခ်ဟျွန်းလက်ကောက်ဝတ်ထံ လက်နှစ်ချောင်းကိုတင်လိုက်သည်။

သူ့အထင်မမှား။

အားနည်းလှသော သွေးကြောခုန်လှုပ်မှုလေးဟာ ချန်းယောလ်၏လက်နှစ်ချောင်းအထိအတွေ့မှတစ်ဆင့် နှလုံးသားထဲထိ ကူးလူးဝင်ရောက်လာသလို။ လက်နှစ်ချောင်းကိုမြန်မြန်ဖယ်ရှားရင်း ဘခ်ဟျွန်း၏စောင်အထပ်ထပ်လုံးထွေးနေသော ရင်ဘတ်အားဆွဲဖွင့်ရင်း ဘယ်ဘက်ရင်အုံထဲနားဖြင့်ကပ်မိလိုက်သည်။

ဒုတ် ... ဒုတ် ..... ဒုတ် ......

သေးငယ်လှသော်ငြား အသံခပ်တိုးတိုးဟာတော့ထွက်နေဆဲဖြစ်သည်။ ဆယ်ဟွန်းသည် ချန်းယောလ်၏ထူးဆန်းနေမှုကြောင့် အနားကပ်လာရင်း ဘခ်ဟျွန်း၏လက်ကောက်ဝတ်အား ချန်းယောလ်နည်းတူ စမ်းသပ်၏။ ချန်းယောလ်အလျင်ဦးစွာ ဆိုလိုက်သည်။

"ဟိုလူက ဘခ်ဟျွန်းရဲ့နှလုံးကိုလိုချင်နေတာမလား"

"ဟုတ်တယ်"

ချန်းယောလ်မျက်လုံးတို့အား မှိတ်ချရင်း ဘခ်ဟျွန်းရင်ဘတ်ပေါ် ခေါင်းမှောက်ချမိလိုက်သည်။ တဒုတ်ဒုတ်ခုန်လှုပ်နေသော ဤနှလုံးခုန်သံစည်းချက်ဟာ သူ့အတွက်စိတ်ငြိမ်ဆေးအလား။ အသက်ကိုဝဝရှူရင်း ချန်းယောလ်တုန်ရီနေသောအသံကိုထိန်းကာ ပြောလိုက်သည်။

"နှလုံးရှိသေးတယ် ခုန်နေတုန်းပဲ။ သူ့အစီအစဥ် အထမမြောက်သေးဘူး။ ဘခ်ဟျွန်းဘာမှမဖြစ်သေးဘူး"

သို့တိုင် နှာထိပ်ဝတွင်လက်တင်ကြည့်လိုက်သော်ငြား အသက်ရှုသံသည် ကင်းမဲ့နေဆဲသာဖြစ်၏။ သို့တိုင် ထူးဆန်းမှုကို ရှာတွေ့သွားရကား အကုန်လုံးသည် သက်မကိုယ်စီချရလျက် ဆယ်ဟွန်းစစ်ဆေးဖို့ရာ နောက်ဆုတ်ပေးရသည်။ သေချာပေါက်တော့ အဆုံးသတ်မဟုတ်သေးပါချေ။ ဤအသိကပဲ ချန်းယောလ်ကို အသက်ဝဝရှူဖို့ခွင့်ပြုလိုက်သည့်အလား ဆင်တူ၏။

"တဒင်္ဂ ဝိဉာဥ်ခွဲထွက်သွားတာဖြစ်နိုင်တယ်"

ဆယ်ဟွန်းသည် ဖြစ်နိုင်ချေရှိသည်တို့နှင့် ဆက်စပ်စဥ်းစားရင်း အကောင်းမွန်ဆုံးအဖြေကိုပြောပြလာ၏။

"အခုဘခ်ဟျွန်းက တဖြည်းဖြည်း ဝိဉာဥ်သစ်ပင်အဖြစ် ကူးပြောင်းနေတာ။ အဲ့ဒီတော့ အဲ့ဒီအရာရဲ့အသွင်သဏ္ဍာန်မှန်သမျှ သူ့ဆီမှာဖြစ်နေမယ် ဆိုတဲ့သဘောပဲ။ ဒီလက္ခဏာတွေက အစကတည်းက ပြနေခဲ့တာပဲ။ ငါတို့က အခုမှတူးဖော်လို့ရခဲ့တာ။ ပထမဆုံး သူ့ရင်ဘတ်က အရမ်းနာတယ်ဆိုတာ အမြစ်ထွက်လာကာစမို့။ ပြီးတော့ တဖြည်းဖြည်းဝိဉာဥ်ခွဲထွက်ဖို့အတွက် အိပ်ချိန်တွေပိုတိုးပြီး အချိန်ယူလာတယ်၊ အခုက သေချာပေါက်ဝိဉာဥ်ခွဲထွက်သွားတာဆိုပေမယ့် နှလုံးသားသစ်ပင်က အပြည့်အဝသဏ္ဍာန်မပေါ်သေးတာမို့ သေချာပေါက်သတိပြန်လည်လာလိမ့်မယ်"

ဆယ်ဟွန်းသည်ခဏနားကာ သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောလာသည်။

"နောက်ထပ်ဘာဆက်ဖြစ်မလဲတော့ ငါလည်းသေချာမသိနိုင်ပေမယ့် ကောင်းမှာတော့မဟုတ်ဘူး"

သူတို့ဆွေးနွေးနေစဥ်အချိန်အတွင်း ဘခ်ဟျွန်းသည်အသက်ပြန်ရှူလာခဲ့သည်။ သတိတော့မလည်လာသေး။ ပုံမှန်အတိုင်း အိပ်ပျော်နေသကဲ့သို့၊ အသက်ရှူသံမှန်မှန်ဖြင့် ငြိမ်းချမ်းလှသည်။ ဆယ်ဟွန်းသည်လည်း ပြောစရာရှိသည်များ ပြောပြီးသည်နှင့် ပြန်သွားခဲ့ပြီး ဘခ်ဟျွန်းကတော့ ညနေစောင်းတွင်မှ နိုးလာသည်။

တစ်ချိန်လုံးဘေးနားတွင်သာ ရှိနေခဲ့သည်မို့ ဘခ်ဟျွန်းထံမှလှုပ်ရှားမှုသေးသေးလေးကို အာရုံခံမိလိုက်သည်နှင့် ချန်းယောလ် ထိုလက်သွယ်သွယ်လေးတွေအပေါ် အုပ်မိုးလိုက်သည်။

"နိုးပြီလား"

ဘခ်ဟျွန်း၏မျက်လုံးများသည် ပွင့်ဟလာသည့်တိုင် အိမ်မက်နှင့်လက်တွေ့ကို ခွဲရခက်သလို ရီဝေနေဆဲဖြစ်သည်။ အတော်ကြာသည်အထိ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ ချန်းယောလ်ဘက်လှည့်ကြည့်လာရင်း အသံတိုးတိုးပြု၏။

"ကျွန်တော် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတာလဲ"

"အရမ်းအကြာကြီးပဲ"

ချန်းယောလ်ဘေးတိုက်မြင်နေရသော နားထင်နားတစ်ဝိုက်ကို ခပ်ဖွဖွနမ်းမိသည်။

"အခုညနေစောင်းနေပြီ"

ဘခ်ဟျွန်းသည် မျက်ခုံးများတွန့်ချိုးသွားလျက်၊ သို့တိုင် တုံ့ပြန်ဖို့လည်း အားမရှိသည့်နှယ် မျက်ဝန်းများ ပြန်မှေးမှိတ်သွားရင်း ချန်းယောလ်ရင်ဘတ်ထဲ တိုးဝင်လာ၏။

"ထပ်အိပ်ချင်နေသေးတာလား"

ဘခ်ဟျွန်း၏ ခေါင်းခါပြလိုက်မှုကြောင့် ချန်းယောလ်၏ရင်ခွင်တစ်ဝိုက် ယားယံသွားရသလိုပင်။ ဗလုံးဗထွေးအသံလေးဟာလည်း လိုက်ထွက်လာ၏။

"နုံးနေလို့"

ချန်းယောလ်လက်ကိုဆန့်ထုတ်ရင်း ထိုကောင်လေး၏ကျောပြင်ပေါ် ခပ်ဖွဖွအထက်အောက်ပွတ်သပ်ပေးသည်။ ခပ်သေးသေး အကောင်လေးတစ်ကောင်ကို ချော့မော့နေသကဲ့သို့။ ဘခ်ဟျွန်းသည် ထပ်ပြောလာ၏။

"ကျွန်တော် အိမ်မက်တွေမက်နေတာ"

"အင်း"

ချန်းယောလ်စကားထောက်ပေးလိုက်သည်။ ကြည့်ရသည်မှာ ဘခ်ဟျွန်းခဏတာ ဝိဉာဥ်ခွဲထွက်မှုအတွင်း ကြုံခဲ့ရသည်များကို အိမ်မက်ဟု ယူဆလိုက်ပုံပင်။ ချန်းယောလ်သည်ကတော့ ထိုအဖြစ်ကို ဘခ်ဟျွန်းအား ပြန်ပြောပြမည်မဟုတ်ချေ၊ ယခုအချိန်တွင် လက်ရှိရလဒ်ကသာ အရေးပါသည်မို့၊ နောက်ကြောင်းပြန်လှည့်နေလည်း ထိုကိစ္စများဟာ အရေးမပါသလို သူတို့အတွက် အချိန်ဟာ တစ်စက္ကန့်ဆိုလျှင် တစ်စက္ကန့် တန်ဖိုးထားနေရမည်မို့။

"အိမ်မက်ထဲမှာ ဟိုလူအကြောင်းကိုမက်တာ"

ထိုသို့နာမည်မတပ်ဘဲ ဆိုလာသည်နှင့် ဘခ်ဟျွန်း သူ၏အဖေကိုရည်ညွှန်းမှန်း ချန်းယောလ်သိလိုက်သည်။

"သူလည်း အရင်ကလူသားတစ်ယောက်ပဲ ...... နောက်တော့ ဘာအကြောင်းအရင်းမှမသိရဘဲ ကျွန်တော့်လိုလက္ခဏာတွေ စဖြစ်လာရော"

ဘခ်ဟျွန်းသည် ရင်ခွင်အတွင်းမှနေ ချန်းယောလ်အားမော့ကြည့်သည်။

"သူက ကျွန်တော့်ထက်ပိုကံဆိုးတယ် သိလား။ အနားမှာ သူ့ရောဂါကိုမျှဝေဖို့ ဘယ်သူမှလည်း မရှိခဲ့သလို သူ့ကိုမဆုံးရှုံးချင်တဲ့သူလည်း မရှိခဲ့ဘူး"

ဘခ်ဟျွန်းသည်မျက်လွှာချသည်။

"သူ .... ဒီတိုင်း လူမသိသူမသိနဲ့ အထီးကျန်ပြီးသေသွားတာ"

ချန်းယောလ် မျက်စိရှေ့ရှိ နဖူးပြင်လေးအားနမ်းရှိုက်လိုက်သည်။

"ဝမ်းနည်းနေတာလား"

"နည်းနည်း"

ဘခ်ဟျွန်းသည် ခေတ္တတိတ်ဆိတ်သွားရင်း ဆက်ပြောမိသည်။

"သူ့ထက်စာရင်တော့ ကျွန်တော်က ပိုကံကောင်းတယ်လို့ တွေးမိပြီးလည်း ပျော်တယ်။ အနည်းဆုံးတော့ ကျွန်တော်က အထီးမကျန်ဘူးလေ ကျွန်တော့်ကိုချစ်ပေးနေတဲ့သူတွေလည်းရှိတယ် ကျွန်တော့်ကိုဆုံးရှုံးရမှာ စိုးနေတဲ့သူတွေလည်းရှိတယ်။ ..... သူကတော့ တစ်ယောက်မှမရှိခဲ့ဘူး"

"အင်း"

"သနားစရာပဲ"

ဘခ်ဟျွန်းသည် အတန်ငယ်ရဲတက်လာသော မျက်ဝန်းများကြောင့် ချန်းယောလ်ရင်ခွင်အတွင်း ခေါင်းငုံ့ကာ ပြန်တိုးဝင်သွား၏။

"ပြီးတော့ သူကအဲ့အတိုင်းတည်ရှိနေတာ နှစ်ထောင်ကျော်နေပြီ။ နယ်မြေကြီး ၄ ခုရဲ့စွမ်းအားကို ဗဟိုအဖြစ် ဖြန့်ကျက်ပေးရင်း သူ့တာဝန်ကိုထမ်းဆောင်နေပေမယ့် သူ့မှာလူတစ်ယောက်အဖြစ် ပေါ်ထွက်ဖို့ တစ်နှစ်မှာတစ်ကြိမ်ပဲ အခွင့်ရှိတယ်"

"အဲ့ဒီတစ်ကြိမ်ကလည်း သူ့ချစ်ရတဲ့သူတွေနဲ့ တွေ့ခွင့်ရအောင် တရားဝင်ခွင့်ပြုချက်ပေးထားတာပဲ ဆိုပေမယ့် သူ့မှာသွားတွေ့စရာ လူတောင် မရှိခဲ့ဘူး"

"အရမ်း ...... အထီးကျန်နေခဲ့မှာပဲ"

ချန်းယောလ် ရင်ခွင်ထံရှိဘခ်ဟျွန်းအား ခပ်တင်းတင်းဆွဲဖက်လိုက်သည်။ ဒီကောင်လေး၏စိတ်ဓာတ်ဟာ ဘာကြောင့်များ ဤမျှအထိ ကြည်လင်နေနိုင်ရတာလဲ နားမလည်နိုင်ပါချေ။ သို့တိုင် သူကိုယ်တိုင်ဟာလည်း ထိုအကြည်ဓာတ်အောက်တွင် ဆွဲဆောင်ခံလိုက်ရသည်ဖြစ်၍ နားမလည်နိုင်တာလည်း မထူးဆန်းလှပါချေ။ ယခုကဲ့သို့ သူ့ကို နာကျင်အောင်ပြုလုပ်သွားသူကို ပြန်၍စာနာသနားပေးနေပြီး ထိုသူအတွက် မျက်ရည်ပါကျပေးနေသည်။ ချန်းယောလ်အတွက်တော့ ဘယ်တော့မှလုပ်နိုင်မည့်ကိစ္စမဟုတ်ချေ။

"အဲ့ဒါကြောင့်လည်း နတ်ဝိဉာဥ်သစ်ပင်က ဂိတ်ပွင့်တော့ သူကျွန်တော့်ဆီအရင်လာခဲ့တာဖြစ်မယ်"

စကားတွေအများကြီးပြောလိုက်သည်ကြောင့်လား၊ ရင်ထဲစို့နင့်နေ၍လားမသိစွာ ဘခ်ဟျွန်းသည် သက်ပြင်းဖွဖွချသည်။

ရက်သတ္တပတ်တွေကြာမြင့်သွားခဲ့သည်။
ဘခ်ဟျွန်း၏ကျန်းမာရေးအခြေအနေဟာ ခါတိုင်းကဲ့သို့ပင် မထူးခြားမနားဘဲ ဆိုးရွားနေဆဲဖြစ်သည်။ သို့တိုင် ထူးခြားသည်က ချန်းယောလ်အပါအဝင် အီဂျူးတို့သည်ဘခ်ဟျွန်း၏ လက်ရှိအခြေအနေအား ခံနိုင်ရည်ရှိသွားပုံပေါ်သည်။ ဘခ်ဟျွန်း၏တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသော ခန္ဓာကိုယ်အခြေအနေအား စိတ်ဓာတ်ကျကာ လေထုကိုပို၍ထိုင်းမှိုင်းအောင် မလုပ်ကြတော့ဘဲ တတ်နိုင်သမျှကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်သည်။ ကိုယ်တိုင်ကြုံတွေ့ရမည့် ဘခ်ဟျွန်းကိုယ်တိုင်က လက်ခံနေနိုင်သည်မဟုတ်ပေလား၊ သူတို့လည်း လက်ခံနိုင်အောင် ကြိုးစားကြရမည်ပင်။

သို့တိုင် ထိုသို့ထိန်းသိမ်းနေသော လေထုသည် မနက်ခင်းတစ်ခုတွင် ဝရုန်းသုန်းကားဖြစ်လျက် ဖောက်ပြားရသည်။ ဘခ်ဟျွန်းသည် ထူးဆန်းစွာ စောစောစီးစီးနိုးထလာခဲ့သော်ငြား ကောင်းမွန်လှသော အခြေအနေအောက်တွင်တော့မဟုတ်။ တရစပ်ချောင်းဆိုးနေသဖြင့် လန့်နိုးလာရခြင်းဖြစ်ပြီး ချန်းယောလ်က သက်သာအောင်လုပ်ပေးနေလည်း မရပ်သွားသည်အထိ။ မျက်ရည်နှင့်နှာရည်များ ကျလုမတတ် ချောင်းဆိုးနေသံသည် တစ်အိမ်လုံးခြောက်ခြားဖွယ်ဖြစ်ပြီး တောရုံနှင့်မရပ်တန့်နိုင်။ ဘခ်ဟျွန်းအစား မည်မျှပင်ပန်းမလဲ သူတို့တွေးကြည့်၍ရသည်။

ထိုချောင်းသည်တဖြည်းဖြည်း သည်းသထက်သည်းလာရင်း အဆုံး ချန်းယောလ်၏ကျောပေါ် အန်ချလာတော့၏။ ဘခ်ဟျွန်းသည့် နေ့တိုင်းနီးပါး အစာသိပ်ပြီးစားလေ့မရှိတော့သလို ဗိုက်ထဲတွင်လည်း အန်ချစရာအကြွင်းအကျန်ဟူ၍ သိပ်မရှိ။ ထို့နည်းတူ အန်ချလာသည်ကလည်း အစာတွေမဟုတ်ဘဲ နီညိုရောင်သန်းနေသောသွေးများဖြစ်နေခဲ့သည်။ ချန်းယောလ်ပုခုံးထက် သွေးချင်းရဲတောက်သွားရပြီး အိပ်ရာထက်ကစောင်နှင့်အခင်းများကိုပါ ပေကျံသွားစေ၏။

သို့တိုင် ချန်းယောလ်သည် အလန့်တကြားမဖြစ်သွားဘဲ အသက်ကိုအမောတကော ရှူရှိုက်နေရသော ဘခ်ဟျွန်း၏ကျောပြင်ကိုသာ အထက်အောက်ပွတ်သပ်ပေးမိသည်။ မျက်နှာကိုဆွဲယူကြည့်တော့ မျက်ရည်စီးကြောင်းဟာ ပါးပြင်ထက်စိုရွှဲလျက်၊ မျက်ဝန်းစတွင်လည်း မျက်ရည်အိုင်များထွန်းနေသေးသည်။ နှုတ်ခမ်းတွင်ပေနေသော ကြောက်မက်ဖွယ်ရာ သွေးစများကိုသုတ်ပေးရင်း ချန်းယောလ်လေသံအေးဖြင့် ဆိုပေးရသည်။

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး"

သူပြောလိုက်တော့မှ ဘခ်ဟျွန်းမျက်ဝန်းထောင့်မှ တင်ကျန်လက်စ မျက်ရည်စများသည် ချက်ချင်းဆိုသလို ပြိုဆင်းကျလာလျက်။ ချန်းယောလ်အားဆွဲလို့ဖက်လာရင်း ရှိုက်ကြီးတငင်ငိုသည်။ ကလေးတစ်ယောက်ကဲ့သို့ အသံအကျယ်ကြီးဖြင့် အော်ငိုခြင်းဖြစ်ပြီး တင်းကျပ်နေသော သူ့စိတ်တို့အား ဖောက်ထွက်စရာနည်းလမ်း မရှိတော့သကဲ့သို့။ ချန်းယောလ်သည်လည်း သူခန္ဓာငယ်အား သိမ်းကြုံးဖက်လျက် အတော်ကြာသည်အထိ နှစ်သိမ့်ပေးခဲ့ရသည်။

ချန်းယောလ်မျက်ဝန်းများ ရဲတောက်နေသည်မှလွဲ၍ ချန်းယောလ်မျက်ရည်တစ်စက် မကျခဲ့ချေ။ ဘခ်ဟျွန်းအား စိတ်ရှည်စွာပင် စကားလုံးများနှင့် နှစ်သိမ့်ပေးသည်၊ အပြုအမူများနှင့် နှစ်သိမ့်ပေးသည်။

ပင်ပန်းနွမ်းနယ်နေသော ဘခ်ဟျွန်းမျက်နှာဟာ သိသိသာသာ ချောင်ကျသွား၏။ ပါးတစ်ဖက်ကို အုပ်မိုးကိုင်သည့်တိုင် ယခင်ကကဲ့သို့ နူးညံ့ပြောင်ချောနေသော ပါးမို့ဖောင်းဖောင်းလေးကို စမ်းမိရမည့်အစား ထင်းထွက်နေသော ပါးရိုးများကိုသာ ထိတွေ့မိသည်။ ချန်းယောလ်၏လက်ဝါးတစ်ဖက်က ဘခ်ဟျွန်းမျက်နှာတစ်ခုလုံးကိုပင် အုပ်မိုး၍ရမတတ်ဖြစ်သည်အထိ ဘခ်ဟျွန်းကိုယ်အလေးချိန်က ချောင်ကျသွားခြင်းဖြစ်သည်ပင်။

"ဗိုက်ဆာလား"

တဖြည်းဖြည်းတိတ်ကျသွားပြီဖြစ်သော်ငြား ကျောပြင်အား အထက်အောက်ပွတ်နေမှုက ချန်းယောလ်မရပ်တန့်မိဘဲ ခပ်တိုးတိုးအမေးပြုလိုက်သည်။ ဘခ်ဟျွန်းသည် မေးခွန်းနှင့်မသက်ဆိုင်သော အဖြေကိုပြန်ပေးသည်။

"စားချင်စိတ်မရှိဘူး"

"ဆန်ပြုတ်လေးဖြစ်ဖြစ် လုပ်ပေးမယ်လေ၊ တစ်လုတ်နှစ်လုတ်လောက်တော့ ဝင်အောင်စားလိုက်ပါလား"

ချော့ပြောသော ချန်းယောလ်လေသံကြောင့် ဘခ်ဟျွန်းသည်ငြင်းဆန်ချင်သည့် အရိပ်အယောင်များအတွင်းမှနေ ခေါင်းကိုခက်ခက်ခဲခဲညိတ်ပြလာ၏။ ချန်းယောလ်နဖူးကို ခပ်ဖွဖွငုံ့နမ်းလိုက်သည်။

"နည်းနည်းလန်းသွားအောင် ရေချိုးပြီးထွက်လာခဲ့ ဟုတ်ပြီလား"

ဘခ်ဟျွန်းသည် ခေါင်းညိတ်ပြရင်း အောက်ကိုငုံ့ကြည့်လိုက်မှ တုံ့ဆိုင်းသွားရသည်။ လက်တစ်ဖက်က ခြောက်သွေ့သွားပြီဖြစ်သော သွေးများပေကျံနေသည့် စောင်အခင်းများကို ဆွဲယူရင်း အပြစ်လုပ်ထားမိသူကဲ့သို့ ခပ်တိုးတိုးပြောလာ၏။

"ညစ်ပတ်ကုန်ပြီ"

"ဘာမှမဖြစ်ပါဘူး စောင်အပိုတွေရှိသားပဲ။ ဒါကိုလျှော်ခိုင်းထားလိုက်မယ် မင်းလုပ်စရာမလိုဘူး"

ဘခ်ဟျွန်းသည် ခေါင်းညိတ်ပြရင်း စကားအပိုမဆိုတော့ဘဲ ရေချိုးခန်းထဲဦးတည်လျှောက်ဝင်လာလိုက်သည်။ သူတံခါးပိတ်လိုက်တော့မှ ချန်းယောလ် အခန်းတွင်းမှထွက်သွားသံကို ကြားလိုက်ရပြီး ဘခ်ဟျွန်းတံခါးကိုမှီလျက် ထိုင်ချမိလိုက်သည်။

သူကြောက်နေသည်။ သူချန်းယောလ်ကို ထားခဲ့ရမည်ကို ကြောက်သည်။ ဘာမှန်းမသိ ကြုံတွေ့ရမည်ဖြစ်သော အမှောင်ထုကိုလည်းကြောက်သည်။ လက်ခံထားနိုင်ပြီ ထင်မိသော်ငြား တကယ်တမ်းရလဒ်က ဤအခြေအနေအထိ ဖြစ်လာမှ ပထမဆုံးအကြိမ် ဘခ်ဟျွန်းထိတ်လန့်လာရသည်။ သို့တိုင် ဘာမှမတတ်နိုင်လှပါ။

ထိုသို့တွေးလိုက်သည်နှင့် ဘခ်ဟျွန်းစိတ်က ပြန်လည်ခံနိုင်ရည်ရှိသွားရင်း မျက်ဝန်းထောင့်က မကုန်ခမ်းနိုင်သေးသော မျက်ရည်စကိုဖယ်ရှားလိုက်သည်။ နောက်ပြန်လှည့်၍မရမှတော့ ရင်ဆိုင်ရုံပဲရှိတာပေါ့။ ငိုကြွေးနေလည်း အလကားပင်။

မတ်တပ်ထရပ်ရင်း မှန်ထဲရှိမိမိပုံရိပ်ကို ပြန်ကြည့်ကာ ဘခ်ဟျွန်းသက်ပြင်းဖျော့ဖျော့ချမိသည်။ နှုတ်ခမ်းဘေးထောင့်နှစ်ဖက်မှ ခြောက်သွေ့နေပြီဖြစ်သော သွေးစီးကြောင်းနှစ်ခုသည် ဖြူဖက်ဖြူရော်ဖြစ်နေသော ဘခ်ဟျွန်းမျက်နှာအနေအထားကို ပို၍ကြောက်မက်ဖွယ် ကောင်းသွားစေသလိုပင်။ ထို့အပြင် မျက်ရည်များပေပွလျက်၊ မျက်သားများကလည်း နီရဲနေသေးသည်။

ကိုယ့်ဘာသာတစ်ပြန် ဟက်ကနဲ ရယ်မိရင်း ပေကျံနေသမျှကိုဆေးကြောရသည်။

ရေချိုးခန်းထဲကထွက်လာတော့ မကြာသေးမီက သွေးများရဲတောက်နေသော စောင်အခင်းများမရှိတော့။ ချန်းယောလ် ထုတ်ခိုင်းသွားပြီထင်၏။ သို့နှင့် အခန်းပြင်ထွက်လာတော့ မီးဖိုချောင်မှ တစ်ဆုံးဖွင့်လှစ်ထားသော ပြတင်းပေါက်ကြောင့် ဝင်ရောက်လာသောနေအလင်းရောင်ဟာ ဘခ်ဟျွန်းမျက်စိထံ တည့်တည့်စိုက်ဝင်တော့သည်။ လက်ဖြင့်ကာမိရင်း အောင့်တက်သွားသော မျက်လုံးကို အတန်ငယ်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အနည်းငယ်နေသားကျသွားတော့မှ ပြန်ဖွင့်လိုက်တော့ လေထုဟာ ထူးထူးခြားခြား နွေးထွေးနေလျက်။

မဟုတ်၊ ဘခ်ဟျွန်းဤလေထုနှင့် မထိတွေ့ရတာ ကြာသွားခြင်းသာ။ ယခုအချိန်သည် မနက် ၁၀ နာရီကျော်ဖြစ်ပြီး ဘခ်ဟျွန်းအနေဖြင့် ထိုအချိန်တွင် မနိုးထနိုင်တော့သည်မှာ ဘယ်နှရက်လောက်ရှိနေပြီလဲပင် မသိတော့ချေ။ တစ်ပတ်လား၊ နှစ်ပတ်လား။

မသိပေမယ့် သေချာတာတော့ ယခုမျက်စိရှေ့က မြင်ကွင်းဟာ သူ့စိတ်ကိုပြန်လည်လန်းဆန်းစေပြီး နုံးနေသမျှအနည်းငယ် သက်သာသွားစေသည်။ ချန်းယောလ်ဟာ အလင်းရောင်ကိုကျောပေးလျက် ချက်ပြုတ်နေပြီး ဘခ်ဟျွန်းထွက်လာသည်နှင့် ဦးစွာပြုံးပြသည်။ နံဘေးတွင်လည်း အီဂျူးရှိနေပြီး ချန်းယောလ်ပြင်ဆင်ပြီးသမျှကို လိမ္မာစွာပင် စားပွဲထက်ပို့ပေးနေလျက်။ ဘခ်ဟျွန်းကိုမြင်သည်နှင့် ကပျာကယာထွက်လာရင်း မေးခွန်းတွေလည်း တရစပ်ထုတ်လာပြန်သေးသည်။

သူချောင်းဆိုးတာ သက်သာသွားပြီလား ဆိုသည့်အကြောင်း၊ ခန္ဓာကိုယ်အခြေအနေကို မေးမြန်းသည်ကတစ်ကြောင်း၊ မနက်စာသူလည်း မစားရသေးကြောင်း၊ အတူစားမည်ဖြစ်ကြောင်း။ ဘခ်ဟျွန်းကူကယ်ရာမဲ့စွာ တွေးမိရသည်။ ဘာကြောင့်များ ဤကလေးတွင် အမြဲလိုလိုပြောစရာတွေ တသီတသန်းကြီးရှိနေလဲ နားမလည်နိုင်ပါ။ သို့တိုင် ပြုံးရွှင်နေသော အီဂျူးအမူအရာများနှင့် မျက်ဝန်းဝါဝါလေးများကတော့ ဤလေထုအောက်တွင် လိုက်ဖက်ကာနွေးထွေးနေ၏။ နားထဲဝင်တစ်ချက် မဝင်တစ်ချက်ဖြစ်နေသော မေးခွန်းတွေကို မတုံ့ပြန်နိုင်ခင်မှာပဲ ချန်းယောလ်ကဝင်တားလာသည်။

"အီဂျူး"

တားသည်ဆိုသည်ထက် ထိုသို့နာမည်ကို လေသံပြင်းပြင်းနှင့် ခေါ်လိုက်ရုံသာ။ ဤသည်ကပင် တော်တော်အသုံးဝင်လှပြီး အီဂျူးသည် အပိုတွေဆက်ပြောမနေတော့ဘဲ ဘခ်ဟျွန်းအား ထမင်းစားစားပွဲထက် ဆွဲခေါ်လာတော့သည်။ ဘခ်ဟျွန်း ထိုမနက်စာကို ချန်းယောလ်ပြောထားသည့်အတိုင်း သွေဖယ်စွာ တစ်လုတ်နှစ်လုတ်မက စားသောက်ဖြစ်ပြီး ထိုနေ့သည် ပထမဆုံးစားချင်စိတ် ဝင်မိသော တစ်နေ့ဖြစ်ပါ၏။

သွေးအန်လိုက်ရသော အကျိုးဆက်ကြောင့်လား မသိသော်ငြား ဘခ်ဟျွန်းခန္ဓာကိုယ်သည် ခါတိုင်းနေ့များထက် အနည်းငယ်ပေါ့ပါးနေသည်။ ယခင်ကလည်း သူ့ခန္ဓာကိုယ်တွင် ထိုသို့ကြီးကြီးမားမား ပြဿနာဖြစ်ပြီးသွားတိုင်း နာကျင်မှုများအတွက် နှစ်သိမ့်ကြေးပြန်ရသလို တစ်ရက်နှစ်ရက်လောက် နေလို့ထိုင်လို့ သက်သာစေသည်။ ရှင်းရှင်းဆိုရလျှင် နှစ်ရက်စာမျှနာကျင်မှုတွေကို နာရီပိုင်းအတွင်း စုပေါင်းကြိတ်ခံလိုက်ရသကဲ့သို့ပင်။

သို့တိုင် လှုပ်ရှားချင်စိတ်မရှိသည်ကတော့ ထုံးစံအတိုင်းပင်။ ခါတိုင်းနှင့် မတူသည်ကတော့ အိပ်ချင်စိတ်မရှိတာပဲဖြစ်သည်။ ထို့အပြင် အစားစားချင်စိတ်လည်းပိုလာသည်။ ချန်းယောလ်နှင့်လည်း စကားတွေအများကြီးပြောနေမိသည်။ တစ်နေကုန်လည်း ချန်းယောလ်နှင့် ထိုသို့သာအချိန်ဖြုန်းဖို့ တွေးထားမိသည့်တိုင် နေ့လယ်ခင်းတွင် မမျှော်လင့်ထားသော ကိစ္စတစ်ခုက ကြားဖြတ်လာသည်။

ဆယ်ဟွန်းထံမှ ဝင်လာသောဖုန်းပင်။

"အင်း နိုးလာပြီလား"

ချန်းယောလ်သည် ဖုန်းပြောလည်း ဘခ်ဟျွန်းအနားကမရှောင်သွားသည်မို့ ပြောသမျှကို ကြားနေရသည်။ တစ်ဖက်ကဘာပြန်ပြောလဲ ဘခ်ဟျွန်းမသိရ။ ချန်းယောလ်သည်ထပ်မေးသည်။

"အခြေအနေရော ဘာထူးလဲ"

"ဟုတ်ပြီ သူ့ကိုထိန်းထားလိုက် ငါအခုလာခဲ့မယ်"

ချန်းယောလ်ဖုန်းချပြီးသည်နှင့် ဘခ်ဟျွန်းဘက်လှည့်လာပုံအရ ပြောလာမည့်အကြောင်းအရာကို ဘခ်ဟျွန်းရိပ်မိလိုက်သည်။ သို့နှင့် ချန်းယောလ်စကားမစလာခင် သူကဦးစွာမေးလိုက်သည်။

"အရေးကြီးကိစ္စလား"

"အရေးကြီးပေမယ့် မင်းလောက်တော့ မဟုတ်ဘူး"

ချန်းယောလ်၏ ထိုစကားသည် နားထောင်၍ကောင်းစေရုံလောက် အလှဆင်ပြောခြင်းမဟုတ်ပေ။ သူ၏သွားခြင်းမသွားခြင်းဟာ ဘခ်ဟျွန်း၏ဆန္ဒပေါ်တွင် မူတည်ကြောင်း ဖော်ပြသော ရိုးရှင်းလှသော ဝါကျပင်ဖြစ်သည်။ ဘခ်ဟျွန်းပြုံးပြလိုက်သည်။

"ကျွန်တော် ဒီနေ့နည်းနည်းသက်သာနေတာပဲ ချန်းသွားလိုက်လို့ရပါတယ်"

ချန်းယောလ်သည် မငြင်းလာတော့ပေ။ ထိုအစား အနားကပ်ကာ ပါးပြင်တစ်ဖက်ထံ နမ်းရှုံ့လာရင်း မှာကြားတော့၏။

"ဘယ်လောက်မှ မကြာဘူး။ နေမဝင်ခင်ပြန်လာခဲ့မယ်။ ငါဒီတစ်နေရာလုံးကို စည်းအထပ်ထပ်ချထားတာမို့ မင်းအပြင်မထွက်သရွေ့ ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒီတော့ ငါမဟုတ်တဲ့ ဘယ်သူလာခေါ်ခေါ် စည်းအပြင်ကို မထွက်သွားနဲ့ ပြောတာသဘောပေါက်လား"

ဘခ်ဟျွန်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချန်းယောလ်သည် အချိန်မဆွဲနေတော့ဘဲ ထွက်သွားပြီး ဘခ်ဟျွန်းနာရီကိုမော့ကြည့်လိုက်တော့ အချိန်က နေ့လယ် ၁ နာရီကို ညွှန်ပြလျက်။ ဘခ်ဟျွန်းသက်ပြင်းတစ်ချက်ချရင်း ပျင်းရိစွာ ဆိုဖာထက်လှဲချလိုက်တော့သည်။

___

ချန်းယောလ်စံအိမ်သို့ ရောက်သည်နှင့် အကျဥ်းထောင်များရှိရာထံ တိုက်ရိုက်ဦးတည်လိုက်သည်။ များသောအားဖြင့် မြေအောက်ခန်းသည် အကျဥ်းသားများထိန်းသိမ်းရာ နေရာဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများကိုလည်း ထိုတွင်သာလုပ်လေ့ရှိသည်။ ဆယ်ဟွန်းသည် အပေါက်ဝတွင်စောင့်နေလျက်၊ ချန်းယောလ်သူ့အားမြင်သည်နှင့် အမေးဆိုလိုက်သည်။

"ဘာသိရပြီးပြီလဲ"

ဆယ်ဟွန်းသည် ခေါင်းခါပြလာရင်း -

"နိုးလာချင်း မင်းကိုလှမ်းဆက်လိုက်တာ။ ငါဘာမှ မမေးရသေးဘူး"

ချန်းယောလ်ခေါင်းညိတ်ကာ ကျောက်သားပတ်လည်ခြံရံထားသော အကျဥ်းစခန်းထဲဝင်လာလိုက်သည်။ ဘေးပတ်လည်နံရံများတွင် မီးတုတ်များကိုစိုက်ထွင်းထားလျက်၊ အလျံတညီးညီးထွန်းတောက်နေသော မီးအလင်းရောင်များက ချန်းယောလ်၏အေးစက်နေသော မျက်နှာထက်ရောင်ပြန်ဟပ်နေသည်။ မြေအောက်ခန်းဖြစ်သည်နှင့်အညီ နေ့အလင်းအရောင် မရသည့်အပြင် လေကောင်းလေသန့်လည်း မဝင်ရောက်နိုင်ရကား ပတ်ပတ်လည်အနံ့အသက်ဟာ သိပ်မကောင်း။ မွန်းကြပ်ထိုင်းမှိုင်းစေသော လေထုဖြစ်သည်။

ဆယ်ဟွန်းသည် ရှေ့မှဦးဆောင်သွားနေပြီး အကျဥ်းခန်းတစ်ခုရှေ့ရောက်သည်နှင့် ခြေစုံရပ်လိုက်ပြီး ချန်းယောလ်ကို အကြည့်ဖြင့်ညွှန်ပြသည်။

ချန်းယောလ်လှမ်းကြည့်လိုက်တော့ အလင်းရောင် မစို့မပို့သာဝင်ရောက်နေသဖြင့် မှောင်ရိပ်သန်းနေသော အခန်းတွင်း လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ခန္ဓာကိုယ်ခပ်ထွားထွားဖြစ်နေသည်မှာ သန်မာသောကြောင့်ဟုတ်ပုံမရ၊ အဝလွန်နေခြင်းသာဖြစ်သည်။ ချန်းယောလ် တံခါးဖွင့်ဖို့ရန် အချက်ပြလိုက်သည်။

အခန်းတွင်း သံကုတင်တစ်လုံးမှလွဲ၍ တခြားမရှိပေ။ ထိုလူသည် ကုတင်ထက်တွင် ကျောမှီထိုင်နေခြင်းဖြစ်ပြီး လက်နှင့်ခြေထောက်တို့တွင်လည်း သံကြိုးများဖြင့်ချည်ထား၏။ မျက်နှာထက်တွင်လည်း ဒဏ်ရာဒဏ်ချက် ဗရပွနှင့် ယခုမှနိုးလာသောအခြေအနေအရ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ထိုင်နေသည်မှာ သေခါနီးလူမမာအလား။

ဆယ်ဟွန်းနှင့်အစောင့်အချို့သည် လိုက်မဝင်လာဘဲ အပြင်၌သာရပ်စောင့်ကြသည်။

ချန်းယောလ်လက်တစ်ဖက်မြှောက်ကာ ထိုလူ၏ဦးခေါင်းအား လက်နှစ်ချောင်းဖြင့်တွန်းပြီး ပေါ်ပေါက်လာသော လည်ဂုပ်ကို မျက်စိဝှေ့ကြည့်လိုက်သည်။ မှဲ့စက်အရွယ် အစက်သုံးစက်ဟာ အထင်အရှား။

"ငါဘာမှ ပြောမှာမဟုတ်ဘူး"

အသက် ၉၀ အရွယ် အဘိုးကြီးတစ်ယောက်အသံအလား ထင်မှတ်ရလောက်အောင် အက်ရှကြမ်းတမ်းနေသော လေသံသည် ထိုလူပါးစပ်မှထွက်လာသည်။ ချန်းယောလ်လှောင်ပြုံးတစ်ချက်ပြုံးလိုက်သည်။

"ဒါကြောင့်လား"

လက်ဖြင့်ထိုအစက်သုံးစက်ရှိရာထံ အသားကိုမထိဘဲ စွမ်းအားထည့်သွင်းလိုက်တော့ အက်ရှရှအော်သံနှင့်အတူ ချန်းယောလ်စွမ်းအားအောက်မှ ကြောက်လန့်တကြား ထိုလူဟာရုန်းထွက်သွား၏။ ချန်းယောလ်လည်း စမ်းသပ်ရုံသာဖြစ်သည်မို့ အရေးမစိုက်မိ။

"မင်းက နယ်မြေခေါင်းဆောင်မလား ဟုတ်တယ်မလား"

မော့ကြည့်လာသော ထိုလူဝကြီး၏မျက်လုံးများက တစ်နည်းတစ်ဖုံရူးသွပ်ချင်နေသလို။

"မင်းသိလား ငါသာမင်းရဲ့ ကြင်ရာတော်ကို အဲ့ဒီနေ့က မလွတ်အောင်ထိန်းထားနိုင်ခဲ့ရင် အခုမင်းလောက်နီးနီး စွမ်းအားကြီးနေလောက်ပြီ"

ချန်းယောလ်မျက်ဝန်းများသည် ထိုလူ၏ဆိုလိုချင်နေသော ခပ်ရိုင်းရိုင်းအဓိပ္ပာယ်အောက် အေးစက်ကာစူးရှသွားသည်။ သို့တိုင် ထိုလူလိုချင်သော ရလဒ်နှင့်ပြောင်းပြန်ပင် ချန်းယောလ်ဟာ တည်ငြိမ်နေလျက် ခပ်အေးအေးပြန်တုံ့ပြန်လာသည်။

"မင်းက သူ့ကိုသိတယ်ပေါ့"

ထိုလူသည် အောင်နိုင်သူတစ်ယောက်လို ခပ်ညစ်ညစ်ရယ်သည်။

"သိတာပေါ့ ငါ့လက်နဲ့ကိုယ်တိုင်သူ့ကို ရိုက်ခဲ့-"

ထိုလူ၏စကားသံဟာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားရပြီး တစ်စုံတစ်ခု စို့တစ်သွားသကဲ့သို့ အဆုံးမသတ်နိုင်တော့ခဲ့။ ချန်းယောလ်သည် လက်တစ်ချောင်းပင် လှုပ်ရှားခြင်းမရှိသည့်တိုင် စွမ်းအားထုတ်ထားခြင်းပြယုဂ်အနေဖြင့် မျက်ဝန်းစိမ်းများဟာ သာမန်ထက်ပိုရင့်သွားပြီး အမှောင်ထုအောက်တွင် ပို၍တောက်ပလာ၏။

ထိုနေ့က ဘခ်ဟျွန်းကိုတောထဲမှ ပြန်ရှာတွေ့သည့်နေ့တွင် ထူးထူးခြားခြား ပါးပြင်ထက်မှ ယောင်ယမ်းမှုကိုလည်း သတိထားမိလိုက်ပါ၏။ သူမည်သို့ပင် မေးမြန်းပါစေ၊ ထိုကောင်လေးက ပြီးခဲ့ပြီးသား ဆိုကာ တင်းခံနေ၍ အကြောင်းမသိခဲ့ရတာ။ ယခုတော့ တရားခံလက်သည်ဟာ သူ့မျက်စိရှေ့တွင်ပင်။ ချန်းယောလ်အတွက် မည်သို့ဒေါသကို ထိန်းသိမ်းနေနိုင်မည်နည်း။

ချန်းယောလ်၏မျက်ဝန်းစိမ်းတစ်စုံက တောက်ပလာသည်နှင့်အမျှ အောက်ကလူ၏လည်ပင်းသည် တင်းကျပ်သထက် တင်းကျပ်လာပြီး လေထုထဲရှိမမြင်ရသော တစ်စုံတစ်ရာက ရစ်ပတ်တွယ်နှောင်ထားသကဲ့သို့ပင်။ လက်နှစ်ဖက်ကိုမြှောက်ကာ လည်ပင်းတစ်ဝိုက် ကုတ်ဖယ်ချနေသော်ငြားလည်း မည်သည့်အရာကိုမှ စမ်းမိထိတွေ့မိခြင်းမရှိဘဲ မိမိလည်ပင်းကိုသာ အနီစင်းကြောင်းများပေါ်ပြီး အသားလန်သည်အထိ ကုတ်ဖဲ့မိနေ၏။ လက်မှသံကြိုးများဟာလည်း သူ၏လှုပ်ရှားမှုအလိုက် တချွင်ချွင်မြည်ကာ ဆူညံနေပြီး ပို၍ပို၍အသံညံလာသည်နှင့်အမျှ ထိုလူ၏မျက်လုံးအစုံဟာ ကျွတ်ထွက်တော့မတတ် ပြူးကျယ်လာ၏။ ခန္ဓာကိုယ်ဟာလည်း ပင့်မြှောက်ခံလာရသည့်အလား အပေါ်သို့တဖြည်းဖြည်းပင့်တက်ကာ လည်ချောင်းမှာ ဝက်တစ်ကောင်ကဲ့သို့ တအစ်အစ်အသံတွေဟာလည်း ဆူညံစွာပျံ့လာ၏။

ချန်းယောလ်သည် မျက်တောင်တစ်ချက်ခတ်သွားခြင်းမရှိ။ အပေါ်စီးမှနေ ငုံ့မိုးကြည့်ရင်း စွမ်းအားကိုအရှိန်အမြင့်ဆုံးအထိ ထုတ်ချင်သည့်စိတ်အား ထိန်းချုပ်လျက် လွှတ်ချလိုက်တော့ ထိုလူ၏ခန္ဓာကိုယ်ဟာ အတန်ငယ်ပင့်တက်နေရင်းမှ ကုတင်ပေါ်သို့ ပုံကနဲလဲကျ၏။ ထိုအခါမှ ထိုလူ၏လည်ပင်းတစ်ဝိုက်တွင် ညိုမဲစွဲနေသော အရာတစ်ခုဟာ ခပ်ရေးရေးထင်လာပြီး အဆုံးပြင်းထန်သော ဒဏ်ရာတစ်ခုကဲ့သို့ ကျန်ခဲ့သည်။ လည်ချောင်းကွဲလုမတတ် တဟွတ်ဟွတ်ချောင်းဆိုနေသံဟာ နောက်ဆက်လိုက်ထွက်လာလျက်။

ချန်းယောလ်ဗလာသက်သက်နံရံထက်သို့သာ အကြည့်လွှဲရင်း အသက်ကိုနှစ်ကြိမ်မျှ ဖြည်းဖြည်းမှန်မှန် ရှူသွင်းမိသည်။ သူသည် တဖြည်းဖြည်းအရွယ်ရောက် ရင့်ကျက်လာသည်နှင့်အမျှ ဒေါသကိုရှေ့တန်းတင်သည့် လုပ်ရပ်များကို ထိန်းချုပ်လာနိုင်ဆဲပင်။ သို့တိုင် သူတန်ဖိုးထားရသည့် တစ်စုံတစ်ရာနှင့် ပတ်သက်လာလျှင်တော့ အသိစိတ်က မထိန်းသိမ်းနိုင်ခင်မှာပင် ဒေါသကတစ်ကိုယ်လုံးကို ဝါးမြိုသွားတတ်၏။ ယခုပင် အသေမသတ်မိအောင် ထိန်းလိုက်ရခြင်းသာ။ တန်ဖိုးရှိလွန်းနေ၍တော့မဟုတ်၊ စုံစမ်းစရာများရှိနေ၍။

"ဘာမှမပြောချင်တာ သေချာသေးလား"

ချန်းယောလ်၏အမေးသံ အေးစက်စက်အောက်မှာ အတန်ငယ်တုန်ရီသွား၏။ ထို့နောက် မတ်တပ်ရပ်နေသော ချန်းယောလ်အား မျက်လုံးလှန်ကြည့်လာပြီး ချက်ချင်းပင်ထိုင်နေပုံကို ပြင်ကာ ဒူးထောက်ပြီး ကပျာကယာ ဆိုလာ၏။

"ကျွန်တော် တောင်းပန်ပါတယ် အဲ့ဒီတုန်းက မရည်ရွယ်ပါဘူး။ တကယ်ပါ။ မရည်ရွယ်ဘဲ -"

"မင်း​ေ-ာက်ပါးစပ်ကို ပိတ်ထား"

ချန်းယောလ်သည် အော်ဟစ်ပြောလာခြင်းမဟုတ်။ သို့တိုင် အေးစက်စက်နိုင်ကာ အတက်အကျမရှိသော ဤလေသံအောက်တွင်ပင် ထိုလူသည် ချက်ချင်းတိတ်ကျသွား၏။

"ငါမမေးဘဲ ထပ်ပြောလာရင် ငါကိုယ်တိုင် မင်းလျှာကိုဖြတ်ပစ်မယ်"

ထိုလူ၏တံတွေးတစ်ချက်မြိုချသံသည် အေးစက်နေသောလေထုဖိအားအောက် ကျယ်လောင်စွာပေါ်ထွက်လာလျက်။ ထိုတော့မှ ချန်းယောလ်သည် စိတ်ကျေနပ်သလို သက်ပြင်းတစ်ချက်ကိုချရင်း အမေးပြုလာသည်။

"မင်းက လီချန်းဝူးအတွက် အလုပ်လုပ်တာလား"

အလျင်လိုနေသည့်အားလျော်စွာ ချန်းယောလ်သည် မေးခွန်းတိုင်းအား ကွေ့ဝိုက်မနေဘဲ တည့်တိုးမေးမြန်းဖို့စီစဥ်ထားသည်။ မဖြေတော့လည်း စောနကကဲ့သို့ အတင်းအကြပ် ဖိအားပေးရုံပေါ့။

ထိုလူကတော့ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလာလျက်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

"သူနဲ့ ပတ်သက်ပြီး မင်းသိသမျှ အကုန်ပြော"

"ဗျာ ဘာ- ဘာကို"

နားမလည်သည့်အလား မော့ကြည့်မိလိုက်ကာမှ တည့်တိုးသော မျက်ဝန်းစိမ်းများသည် စကားကိုနောက်တစ်ကြိမ် ထပ်ပြောရပါက လည်ပင်းဖြတ်မည့် အငွေ့အသက်များနှင့် ပြည့်နေလျက်မို့ ခေါင်းကိုအမြန်ပြန်ငုံ့ချမိသည်။ ကြောက်အားလန့်အားဖြင့် တံထွေးကိုနောက်တစ်ကြိမ် ထပ်မြိုချမိပြန်သည်။

"သူ - သူက ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ပုံမှန်ဖောက်သည်ပါ။ အမြဲလိုလို လေလံပွဲရှိတိုင်း သူစိတ်အကျေနပ်ဆုံး အထက်တန်းအဆင့် စွမ်းအားရှင်တစ်ကောင်ချင်းစီတိုင်းကို ဝယ်သွားလေ့ရှိပါတယ်။ ပြီးတော့ - ပြီးတော့ တစ်ခုခုတန်ဖိုးကြီးတဲ့ အဆင့်မြင့်အကောင်တွေ ရတိုင်းလည်း သူ့ကိုအရင်ဆက်သွယ်ဖို့လည်း မှာထားတာပါ"

"အပြန်အလှန်အနေနဲ့ သူက မင်းတို့အဖွဲ့အစည်းကို ကျောထောက်နောက်ခံပေးတယ်ပေါ့"

"ဟုတ်ပါတယ်"

ချန်းယောလ်သည် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဆက်မေးလိုက်သည်။

"မင်းတို့ဆီက ဝယ်နေတာကြာပြီလား တစ်ခါတစ်ခါဝယ်ရင် အများဆုံး အရေအတွက် ခန့်မှန်းဘယ်လောက်ရှိလဲ"

ထိုလူသည် နဖူးထောင့်မှ စီးကျနေသော ချွေးတို့အား အမြန်သုတ်ပစ်ရင်း ခေါင်းကိုအသည်းအသန်အလုပ်ပေးကာ ဖြေလာ၏။

"ကျွန်တော်တို့ဆီမှာ ဝယ်လာတာ ၁၀ နှစ်အထက်တော့ ရှိပါပြီ။ သူက ဝယ်တဲ့အကြိမ်တိုင်း အရေအတွက် သတ်သတ်မှတ်မှတ် မရှိဘူးဗျ။ သူစိတ်ကျေနပ်တဲ့အကောင်တွေတွေ့ရင် အများကြီးဝယ်သွားတတ်သလို တခါတလေဆိုလည်း တစ်ကောင်နှစ်ကောင်လောက်နဲ့ ပြန်သွားတတ်တယ်။ ဒါပေမယ့် ဝယ်ဖူးသမျှထဲ အများဆုံးအရေအတွက်က အဲ့တုန်းက ၃၀ ကျော်လား မသိဘူး"

စီးကျနေသော ချွေးများကိုနောက်တစ်ဖန် ထပ်သုတ်ပြန်သည်။

"ကျွန်တော်တောင်းပန်ပါတယ် အရေအတွက် တိတိကျကျ မမှတ်မိတော့လို့ပါ ၃၀ ကျော်တော့သေချာပါတယ်"

အထက်မှ စကားသံပြန်လာသည်ကို မကြားရသည်နှင့် သူ၏ချွေးပေါက်များဟာ ပို၍များပြားလာ၏။ စိတ်မကျေနပ်ဘူးအထင်နှင့် ခေါင်းထဲတိုးဝင်လာသော အချက်အလက်မှန်သမျှကို တရစပ်ဆက်ပြောမိသည်။

"ပြီးတော့ လေနတ်နယ်မြေက အဆင့်မြင့်အကောင်တွေကလည်း သူပဲရှာခိုင်းထားလို့ ရှာပေးထားရတာပါ။ ဘာလုပ်ချင်လို့လဲ မသိပေမယ့် လေနတ်နယ်မြေက ကောင်တွေကို တစ်နှစ်ကို သုံးလေးကောင်လောက် စုဆောင်းခိုင်းတတ်ပါတယ်"

"လေနတ်နယ်မြေကပဲလား။ တခြားနယ်မြေကရော စုခိုင်းသေးတယ်လား"

"ဟင့်အင်း လေနတ်တစ်ခုတည်းကပါပဲ"

"မင်းသိထားတာ ဒါအကုန်ပဲလား"

ထိုလူဝကြီးသည် ခေါင်းကိုတဆတ်ဆတ်ညိတ်ပြလာရာ ချွေးစများဟာ သံကုတင်ထက်အေးစက်စွာ ကျဆင်းသွားကြ၏။ ချန်းယောလ်နှုတ်မှ ခနဲ့ပြုံးတစ်ခုဟာ အရိပ်ထင်လာလျက်၊ မျက်စိဖြင့် ဖမ်းမမိနိုင်သော အလျင်နှုန်းဖြင့် လက်တစ်ဖက်ကို မြှောက်ကာ ထိုလူ၏ဂုပ်ပိုးထက် အစက်သုံးစက်နေရာထံ စွမ်းအားဖြင့်ဖိကပ်လိုက်သည်။

"အဲ့ဒါဆို ဒါကရော"

"အားးးးးးးး"

ကြောက်လန့်တကြားဖြင့် နံရံထဲတိုးဝင်မတတ် နောက်ဆုတ်သွားမည့်ဟန် ပြင်သော်ငြား ချန်းယောလ်သည် လှုပ်ရှားခွင့်မပေး။ သူ၏စွမ်းအားအောက်တွင် ထိန်းချုပ်ထားပြီး ထိုလူကိုပို၍ကျယ်လောင်စွာ အော်ခွင့်ပြုထားပြီး အစက်သုံးစက်ထံ အပူငွေ့တို့ကိုဆက်လွှတ်ပေးနေသည်။

"ငါက မင်းကို ရိုးသားဖို့အခွင့်အရေးပေးနေတာကို မင်းကဒီလိုပြေးပေါက်ချန်တယ်ပေါ့"

"မဟုတ် - မဟုတ်ပါ - အားးးးးးး တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်တော်အကုန်ပြောပြပါ့မယ် အားးးးးးး လွှတ် - လွှတ်ပေးပါတော့"

ချန်းယောလ်သည် မလွှတ်ပေးချေ။

"အခွင့်အရေး တစ်ကြိမ်ပေးထားတာကို တန်ဖိုးမထားဘဲ ကလိမ်ကကျစ်ကျတာ ဘယ်သူလဲ"

ချန်းယောလ်လေသံသည် သာမန်မိုးလေဝသအခြေအနေတစ်ခုကို ဆွေးနွေးနေသည့်နှယ်၊ အလွန်တရာမှ အေးဆေးကာတည်ငြိမ်နေ၏။ ထိုလူဝကြီးက နောင်တတစ်ဆုံးရနေသည့်အလား အထပ်ထပ်အခါခါ တောင်းပန်စကားဆိုပြီး မျက်ရည်များပါကျလာတော့မှ ချန်းယောလ်သည် လွှတ်ပေးလာ၏။

"ဒါနောက်ဆုံးအကြိမ်ပဲ ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချရင် ကောင်းမယ်"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

တဆတ်ဆတ်တုန်ရီနေသည့်ကြားမှ ထိုလူဟာ အဆတ်မပြတ်ညိတ်လာရင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော့၏။

သူသည် လီချန်းဝူး၏အိမ်သို့ ရောက်ခဲ့ဖူးသည်။ ထိုအစက်သုံးစက်ဖြင့် ထိန်းချုပ်ခံရသည့်နေရာကား လီချန်းဝူး၏အိမ်မှာပင်ဖြစ်သည်။

ထိုအချိန်က သူသည် လီချန်းဝူးထံသို့ လေလံကိစ္စလာပြောခြင်းဖြစ်သည်။ သေချာပေါက် သူဟာ ထိုသို့လက်လွတ်စပယ် မသွားရဲလှပါ၊ လီချန်းဝူး၏ဖိတ်ခေါ်မှုကြောင့်သာ ထိုနေရာသို့ ဝင်ရောက်ခွင့်ရလိုက်ခြင်းဖြစ်ပြီး မထင်မှတ်ထားသည်က ဤသည်ကား ထောင်ချောက်ဖြစ်နေသည်ကိုပင်။ ထိုနေရာသည် သိပ်ပြီးထူးခြားဆန်းပြားမနေသော်ငြား ကြောက်မက်ဖွယ်အငွေ့အသက်များကိုတော့ ခံစားမိစေခဲ့သည်။ ယခုအကျဥ်းထောင်သည် မွန်းကြပ်လှ၍ မျက်စိရှေ့ကလူသည် ဖိနှိပ်နိုင်စွမ်းအား အပြည့်ရှိသည့်ဟု ဖော်ညွှန်းရလျှင် ထိုနေအိမ်အတွင်းကခံစားချက်သည်မူ ပေါ့ပေါ့ပါးပါးနိုင်လှသည်။ အမှန်ပင်၊ ပေါ့ပေါ့ပါးပါးနိုင်လှသော်ငြား စိတ်လွတ်ကိုယ်လွတ် မရှိရဲလောက်အောင် အန္တရာယ်ပတ်လည်ဝိုင်းနေသကဲ့သို့လည်း ခံစားရစေသည်။ မျက်လုံးပေါင်းမြောက်များစွာက စောင့်ကြည့်နေသကဲ့သို့ ခံစားချက်ဖြစ်ပြီး အန္တရာယ်ဟာ မည်သည့်နေရာမှ မည်သို့ထွက်လာမလဲ စိုးရွံ့နေရသော အမည်မသိကြောက်ရွံ့မှုဖြစ်သည်။

ထိုစဥ်က သူသည်လာရင်းကိစ္စဖြစ်သည့် လေလံအကြောင်းပြောရာ၌သာ အာရုံရောက်နေခဲ့ပြီး တစ်ဖက်လူဘာလုပ်နေသလဲဆိုသည်ကို သိပ်ပြီးအာရုံများများစားစား မထားခဲ့မိ။ သတိထားမိကာမှ သူသည် အလန့်တကြား တုန်လှုပ်သွားခဲ့ရသည်။

"အဆိပ်ထုတ်နေတာ ?"

ချန်းယောလ်သည် လေသံဖမ်းကာအတည်ပြုလာ၏။

"ဟုတ်ပါတယ် မြွေတစ်ကောင်ကိုကိုင်ထားပြီး အဆိပ်ထုတ်နေတာပါ။ ပြီးတာနဲ့ အဲ့အဆိပ်ကို လက်သန်းအရွယ်လောက်ရှိတဲ့ ပုလင်းလေးထဲ ထည့်တယ်"

ထိုအချိန်က တုန်လှုပ်နေသော သူသည် လီချန်းဝူး၏ ထူးဆန်းနေမှုကို ခံစားမိသော်ငြား နှုတ်ကတော့ဖြင့် ကြောင်အအမေးခွန်းတစ်ခုကို ထုတ်မေးမိခဲ့သေးသည်။

"အဲ့ဒါ - အဲ့ဒါဘာလုပ်နေတာလဲ"

လီချန်းဝူး၏မျက်နှာထက် အလွန်ဖော်ရွေလှသော အပြုံးတစ်ခုက ဖြတ်ပြေးသွားသည်။

"ဂေါင်အတွက်ပါ။ လက်ဆောင်ထည့်ပေးလိုက်မလို့"

"လက်ဆောင် ?"

ဘယ်လိုမြွေအဆိပ်မျိုးကို လက်ဆောင်အဖြစ် လက်ခံရမှာပါလိမ့်။ သူအတွေးများသည် ရိုးစင်းလွန်းသည့်အပြင် အတော်ကိုမှလည်း ထုံအအနိုင်နေခဲ့သည်။ အကြောင်းအရင်းအမှန်ကို သတိပြုမိလိုက်ချိန်တွင်တော့ ထိုလက်သန်းအရွယ် ပုလင်းလေးမှ ထွက်လာသော အပ်သုံးချောင်းဟာ သူ့လည်ဂုပ်ထက် စိုက်ဝင်နေခဲ့ပြီဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် ထိုအချိန်မှစကာ လီချန်းဝူး၏တောင်းဆိုချက်မှန်သမျှအား မငြင်းပယ်ဝံ့တော့ချေ။

"ဒါပဲလား"

ချန်းယောလ်၏အမေးသည် အေးစက်စက်။ သူသည် ခပ်မြန်မြန်မော့ကြည့်ပြီးမှ စိတ်မရှည်ဖြစ်နေသော အကြည့်များကြောင့် နောက်တစ်ကြိမ် ခေါင်းကိုထပ်ပြီး ငုံ့ချမိပြန်သည်။ သူအကြောက်ဆုံးလူသည် မနေ့တစ်နေ့ကထိတိုင် လီချန်းဝူးတစ်ယောက်သာ ရှိခဲ့သည်။ လီချန်းဝူးသည် ကပျက်ကချော် အပြုံးများနှင့် စကားချိုကာ ဖော်ရွေသည်ထင်ရသော်ငြား အတွင်းစိတ်ကတော့ အရူးတစ်ကောင်နှင့် မခြားမနားပင်။ သို့တိုင် ဤနေ့တွင်တော့ သူသည် လီချန်းဝူးထက် ဤမျက်စိရှေ့က စောင့်ရှောက်သူကို ပိုပြီးကြောက်ရွံ့လာရသည်။ မျက်နှာထားသည် အနည်းငယ်မျှပင် သွားရှုပ်၍မရသော အမျိုးအစားထဲကဖြစ်ပြီး အနည်းငယ်မျှစိတ်မကြည်သည်နှင့် တစ်ဖက်ကို ခေါင်းဖြတ်တော့မလားဟူသော အတွေးမျိုးဝင်လာစေနိုင်သည့် ဖိနှိပ်မှုမျိုးဖြစ်သည်။ စွမ်းအားကြီးကာ မောက်မာလှသော အာဏာရှင်ကဲ့သို့။

သူ့ခေါင်းထဲ အရေးကြီးမည်မထင်သဖြင့် ချန်ထားခဲ့သော တစ်ချက်ကို ပြန်တူးဆွရင် ဆက်ပြောရသည်။ ထိုစဥ်က သူသည် လီချန်းဝူး၏အနောက်ဖက်တွင် ဖွင့်လျက်ထားထားသော ဗီရိုထက်မှ ပုံစံတူပုလင်းမြောက်များစွာကို မြင်လိုက်ရသဖြင့် အလန့်တကြား မေးလိုက်မိသေးသည်။

"အဲ့ဟာတွေအကုန်လုံးကရော လက်ဆောင်ပေးဖို့လား ?" ဟူ၍။

ထိုစဥ်က လီချန်းဝူးသည် သူ့အား ထူးဆန်းသောအပြုံးတစ်ခုကိုသာ ပေးခဲ့ပြီး အဖြေပြန်မပေးလာခဲ့။

သို့တိုင် သူအရေးမကြီးဟု ထင်ထားသည့်အချက်ကို ထုတ်ပြောပြီးနောက် ချန်းယောလ်၏အမူအရာ ရုတ်ချည်းဆိုသလို ပြောင်းလဲကာခက်ထန်သွားသည်ကို တွေ့လိုက်ရတော့၏။

___

အချိန်အားဖြင့် ညနေ ၃ နာရီဖြစ်ပြီး ချန်းယောလ်ထွက်သွားတာ ၂ နာရီကျော်ကြာမြင့်နေပြီဖြစ်သည်။ ဘခ်ဟျွန်းသည် ပျင်းရိလွန်းလှသဖြင့် ဆိုဖာပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်တစ်ပျက် လှဲနေပြီး တွဲလဲကျနေသော ခြေထောက်များဟာတော့ ရှေ့နောက်လွှဲယမ်းနေလျက်။ ရံဖန်ရံခါ အီဂျူးနှင့်စကားပြောသည်။ ဇာတ်ကားကြည့်သည်ကလည်း ပြီးသွားပြီမို့ ထပ်မကြည့်ချင်။

ထိုစဥ်တွင် တံခါးခေါက်သံ နှစ်ချက်ကိုကြားလိုက်ရသည်နှင့် အီဂျူး၏နားရွက်များ လှုပ်ခတ်သွားသလို ဘခ်ဟျွန်းလည်း အပျော်လွန်ကာ ငေါက်ကနဲထထိုင်လိုက်သည်။ သို့တိုင် လက်တစ်ဖက်သည် ဘခ်ဟျွန်း၏ရင်ဘတ်ရှေ့ ကာဆီးတားမြစ်လာ၏။ လက်ပိုင်ရှင်ကိုကြည့်မိတော့ ဓားခုတ်ကောင်၊ တစ်နည်းအားဖြင့် မင်ဟျောင်း။

"ဘာလို့လဲ ချန်းပြန်လာ-"

"ရှူး"

မင်ဟျောင်းသည် နှုတ်ခမ်းပေါ်လက်တင်လျက် တိတ်တိတ်နေခိုင်းလာပြီး အကြောင်းပြချက်ကို တိုတိုတုပ်တုပ်ပေးလာ၏။

"ပတ်ချန်းယောလ်က တံခါးခေါက်စရာမလိုဘူး"

____•°•°•°•

Unicode

မျဖစ္ႏိုင္။

မည္သို႔နည္းႏွင့္မွ မျဖစ္ႏိုင္။

ခ်န္းေယာလ္သည္ မည္သည့္အကြာအေဝးတြင္မဆို အၿမဲလိုလိုဘခ္ဟြၽန္း၏အသက္ရႈသံကို သတိထားေလ့ရိွသည္။ သူသတိထားေနသည့္ေအာက္ကေန ထိုသို႔ရုတ္ခ်ည္းႏိုင္စြာ ျဖစ္ပ်က္သြားစရာ အေၾကာင္းမရိွ။ အီဂ်ူးပါးစပ္က ထိုစကားကိုေျပာလာသည့္အခ်ိန္တြင္ ခ်န္းေယာလ္အရင္ၪီးဆံုး လုပ္မိသည္ကား ထိုအသက္ရႈသံေလးကိုစစ္ေဆးျခင္းပင္။ သို႔တိုင္ ေလထုထဲတြင္ သီးသန္႔ဆန္လွေသာ သူ၏ကိုယ္ပိုင္အသက္ရႉသံဟာ သိသိသာသာေပ်ာက္ဆံုးေနလ်က္။ ရလဒ္ကို သတိထားမိသည့္အခ်ိန္တြင္ သူ၏ေျခလွမ္းတို႔သည္ ယိုင္နဲ႔သြားမတတ္ပင္။ ဘယ္အခ်ိန္ကတည္းကမွန္း မသိလိုက္ႏိုင္စြာ ဘခ္ဟြၽန္း၏အသက္ရႈသံသည္ ေပ်ာက္ဆံုးေနခဲ့၏။

ေသးငယ္လွေသာ ေမ်ွာ္လင့္ခ်က္အား လက္ကိုင္စြဲထားရင္း ေၾကာင္အေနေသာ ေျခလွမ္းတို႔ကို သြက္လက္ေစကာ အီဂ်ူးကိုတြန္းတြန္းတိုက္တိုက္ျဖင့္ အခန္းအတြင္းဝင္လာမိသည္။

ကုတင္ေပၚရိွ ပံုရိပ္ေလးဟာ ၿငိမ္သက္ေနလ်က္။ ခါတိုင္းကဲ့သို႔ အသက္ရႉသံခပ္ေဖ်ာ့ေဖ်ာ့ကိုလည္း မၾကားရသလို ခႏၶာကိုယ္ဟာ ေၾကာက္မက္ဖြယ္ေကာင္းစြာ လႈပ္ရွားမႈနိတၴိ။

ခ်န္းေယာလ္အနားတိုးကပ္သြားရင္း တေစာင္းအိပ္ေပ်ာ္ေနေသာ ဘခ္ဟြၽန္းပုခံုးမွေန သူ႔ဘက္အားဆြဲကာ လက္ေမာင္းထဲ ေပြ့လိုက္သည္အထိ ရုန္းကန္ျခင္းအလ်ဥ္းမရိွ။ ေပါ့ပါးစြာပါလာေသာ ခႏၶာကိုယ္ေလးအား အသက္ပင္ရဲရဲမရႉဝံ့ဘဲ ႏွာေခါင္းနားလက္တင္ၾကည့္ေသာ္ျငား အမွန္တကယ္ကိုပင္ အသက္ရႉေငြ့ေနြးေနြးကို မခံစားရေခ်။

"ဘခ္ဟြၽန္း"

ခ်န္းေယာလ္အသံဟာ သတိျပည့္ေနေသာ လူတစ္ၪီးႏွယ္ ခပ္တိုးတိုးသာထြက္လာသည္။ ဘခ္ဟြၽန္းသည္ျပန္မေျဖေပ။ အခန္းတြင္းလိုက္ဝင္လာေသာ ဆယ္ဟြန္းတို႔ကို သူမလွည့္ၾကည့္အား။ အားေနေသာလက္တစ္ဖက္ျဖင့္ နဖူးျပင္ေပၚ တစ္စႏွစ္စက်ေနေသာ ဆံပင္ေလးမ်ားအားသပ္တင္ေပးရင္း ထပ္ေခၚမိသည္။

"ဘခ္ဟြၽန္း"

"ထပါၪီးကြာ"

တံု႔ျပန္သံမရိွေခ်။

ခ်န္းေယာလ္လက္ထဲက ဘခ္ဟြၽန္းအားအရုပ္ေလးတစ္ရုပ္ႏွယ္ ရင္ဘတ္ထဲဆြဲေပြ့မိရင္း ဘခ္ဟြၽန္းလည္ဂုပ္ထက္ ေခါင္းငံု႔ခ်မိလိုက္သည္။ ပါးခ်င္းအပ္ကာ စမ္းၾကည့္မိေတာ့ ခပ္ေနြးေနြးကိုယ္ေငြ့ဟာ ရိွေနဆဲ။ သို႔ႏွင့္ ခ်န္းေယာလ္စြမ္းအားကို အလ်င္အျမန္ထုတ္ရင္း ဘခ္ဟြၽန္းခႏၶာကိုယ္ထဲ ထၫ့္သြင္းေပးမိသည္။ သို႔တိုင္ ေမ်ွာ္လင့္ခ်က္ကို ရိုက္ခ်ိဳးပစ္လိုက္သၫ့္အလား၊ ထိုစြမ္းအားတို႔ကို ဘခ္ဟြၽန္းခႏၶာကိုယ္သည္ စုပ္ယူသြားျခင္းမရိွ။ ေဘးသို႔သာလ်ွံက်ကုန္၏။

ခ်န္းေယာလ္သည္ လက္မေလ်ွာ့ေသး။ ဘခ္ဟြၽန္း၏လႈပ္ရွားမႈမရိွေသာ လက္ဖဝါးသြယ္သြယ္ေလးမ်ားကို ဆုပ္ကိုင္ရင္းအသာပြတ္သပ္ေပးမိျပန္သည္။ ေနြးေထြးေသာကိုယ္ေငြ့ဟာ ရုတ္ခ်ည္းေပ်ာက္ဆံုးသြားၿပီး ေအးစက္သြားမည္ကို စိုးရိမ္တႀကီး ျဖစ္ေနရသကဲ့သို႔။

"ခ်န္းေယာလ္"

အေနာက္ပါးမွ ဆယ္ဟြန္း၏သတိေပးသကဲ့သို႔ အသံဟာထြက္လာသည္။

"မဟုတ္ဘူး ဆယ္ဟြန္း။ ငါသိတယ္ ဘခ္ဟြၽန္းက ငါ့ကိုဒီလိုမႏႈတ္ဆက္ဘဲ ထားသြားမယ့္ကေလးမဟုတ္ဘူး တစ္ခုခုမွားေနၿပီ"

"ခ်န္းေယာလ္ မင္းစြမ္းအားေတြ"

ဆယ္ဟြန္းသည္ ခ်န္းေယာလ္၏သတိေပးခ်က္ျမည္ေသာ အၾကည့္ေအာက္တြင္ စကားကိုအဆံုးမသတ္လာႏိုင္ေတာ့ဘဲ အၾကည့္ကိုသာလႊဲသြား၏။ ဆယ္ဟြန္း၏အၾကည့္မ်ားက နာက်င္ရိပ္သန္းေနသလို။ ခ်န္းေယာလ္နားမလည္ႏိုင္။ သူဘခ္ဟြၽန္းအေၾကာင္းေကာင္းေကာင္းသိသည္။ သူလိမ္လည္ေျပာဆိုေနတာ မဟုတ္ပါေခ်။ ဘခ္ဟြၽန္းသည္ ထိုသို႔အသိေပးခ်က္မရိွဘဲ သူ႔ကိုထားသြားမည္မဟုတ္ေပ။ ထို႔အတူ သူကလည္းထိုသို႔ျဖစ္ခြင့္ျပဳမည္မဟုတ္။

လက္ဖဝါးႏွစ္ဖက္အား ဆုပ္ကိုင္ေပးေနရင္း ရုတ္ခ်ည္းသတိထားမိလိုက္ေသာ လႈပ္ရွားမႈတစ္ခုေၾကာင့္ ခ်န္းေယာလ္အျပဳအမူမ်ား ရပ္တန္႔ကုန္၏။ ဘခ္ဟြၽန္းလက္မ်ားသည္ လႈပ္ရွားသက္ဝင္ျခင္း ကင္းမဲ့ေနဆဲဆိုေသာ္ျငား ခ်န္းေယာလ္သတိထားမိလိုက္သည္ကား မမွားႏိုင္ေခ်။ သူလ်ပ္တျပတ္ရွပ္ထိမိလိုက္ေသာ လက္ေကာက္ဝတ္ကေန ေသြးခုန္လႈပ္မႈကို ခံစားမိလိုက္သည္။

ခ်န္းေယာလ္တုန္ရီေနေသာ လက္မ်ားကိုထိန္းလ်က္ အံတင္းတင္းႀကိတ္ရင္း ဘခ္ဟြၽန္းလက္ေကာက္ဝတ္ထံ လက္ႏွစ္ေခ်ာင္းကိုတင္လိုက္သည္။

သူ႔အထင္မမွား။

အားနည္းလွေသာ ေသြးေၾကာခုန္လႈပ္မႈေလးဟာ ခ်န္းေယာလ္၏လက္ႏွစ္ေခ်ာင္းအထိအေတြ့မွတစ္ဆင့္ ႏွလံုးသားထဲထိ ကူးလူးဝင္ေရာက္လာသလို။ လက္ႏွစ္ေခ်ာင္းကိုျမန္ျမန္ဖယ္ရွားရင္း ဘခ္ဟြၽန္း၏ေစာင္အထပ္ထပ္လံုးေထြးေနေသာ ရင္ဘတ္အားဆြဲဖြင့္ရင္း ဘယ္ဘက္ရင္အံုထဲနားျဖင့္ကပ္မိလိုက္သည္။

ဒုတ္ ... ဒုတ္ ..... ဒုတ္ ......

ေသးငယ္လွေသာ္ျငား အသံခပ္တိုးတိုးဟာေတာ့ထြက္ေနဆဲျဖစ္သည္။ ဆယ္ဟြန္းသည္ ခ်န္းေယာလ္၏ထူးဆန္းေနမႈေၾကာင့္ အနားကပ္လာရင္း ဘခ္ဟြၽန္း၏လက္ေကာက္ဝတ္အား ခ်န္းေယာလ္နည္းတူ စမ္းသပ္၏။ ခ်န္းေယာလ္အလ်င္ၪီးစြာ ဆိုလိုက္သည္။

"ဟိုလူက ဘခ္ဟြၽန္းရဲ့ႏွလံုးကိုလိုခ်င္ေနတာမလား"

"ဟုတ္တယ္"

ခ်န္းေယာလ္မ်က္လံုးတို႔အား မိွတ္ခ်ရင္း ဘခ္ဟြၽန္းရင္ဘတ္ေပၚ ေခါင္းေမွာက္ခ်မိလိုက္သည္။ တဒုတ္ဒုတ္ခုန္လႈပ္ေနေသာ ဤႏွလံုးခုန္သံစည္းခ်က္ဟာ သူ႔အတြက္စိတ္ၿငိမ္ေဆးအလား။ အသက္ကိုဝဝရႉရင္း ခ်န္းေယာလ္တုန္ရီေနေသာအသံကိုထိန္းကာ ေျပာလိုက္သည္။

"ႏွလံုးရိွေသးတယ္ ခုန္ေနတုန္းပဲ။ သူ႔အစီအစဥ္ အထမေျမာက္ေသးဘူး။ ဘခ္ဟြၽန္းဘာမွမျဖစ္ေသးဘူး"

သို႔တိုင္ ႏွာထိပ္ဝတြင္လက္တင္ၾကည့္လိုက္ေသာ္ျငား အသက္ရႈသံသည္ ကင္းမဲ့ေနဆဲသာျဖစ္၏။ သို႔တိုင္ ထူးဆန္းမႈကို ရွာေတြ့သြားရကား အကုန္လံုးသည္ သက္မကိုယ္စီခ်ရလ်က္ ဆယ္ဟြန္းစစ္ေဆးဖို႔ရာ ေနာက္ဆုတ္ေပးရသည္။ ေသခ်ာေပါက္ေတာ့ အဆံုးသတ္မဟုတ္ေသးပါေခ်။ ဤအသိကပဲ ခ်န္းေယာလ္ကို အသက္ဝဝရႉဖို႔ခြင့္ျပဳလိုက္သည့္အလား ဆင္တူ၏။

"တဒဂၤ ဝိဉာဥ္ခြဲထြက္သြားတာျဖစ္ႏိုင္တယ္"

ဆယ္ဟြန္းသည္ ျဖစ္ႏိုင္ေခ်ရိွသည္တို႔ႏွင့္ ဆက္စပ္စဥ္းစားရင္း အေကာင္းမြန္ဆံုးအေျဖကိုေျပာျပလာ၏။

"အခုဘခ္ဟြၽန္းက တျဖည္းျဖည္း ဝိဉာဥ္သစ္ပင္အျဖစ္ ကူးေျပာင္းေနတာ။ အဲ့ဒီေတာ့ အဲ့ဒီအရာရဲ့အသြင္သ႑ာန္မွန္သမ်ွ သူ႔ဆီမွာျဖစ္ေနမယ္ ဆိုတဲ့သေဘာပဲ။ ဒီလကၡဏာေတြက အစကတည္းက ျပေနခဲ့တာပဲ။ ငါတို႔က အခုမွတူးေဖာ္လို႔ရခဲ့တာ။ ပထမဆံုး သူ႔ရင္ဘတ္က အရမ္းနာတယ္ဆိုတာ အျမစ္ထြက္လာကာစမို႔။ ၿပီးေတာ့ တျဖည္းျဖည္းဝိဉာဥ္ခြဲထြက္ဖို႔အတြက္ အိပ္ခ်ိန္ေတြပိုတိုးၿပီး အခ်ိန္ယူလာတယ္၊ အခုက ေသခ်ာေပါက္ဝိဉာဥ္ခြဲထြက္သြားတာဆိုေပမယ့္ ႏွလံုးသားသစ္ပင္က အျပည့္အဝသ႑ာန္မေပၚေသးတာမို႔ ေသခ်ာေပါက္သတိျပန္လည္လာလိမ့္မယ္"

ဆယ္ဟြန္းသည္ခဏနားကာ သက္ျပင္းတစ္ခ်က္ခ်ရင္း ဆက္ေျပာလာသည္။

"ေနာက္ထပ္ဘာဆက္ျဖစ္မလဲေတာ့ ငါလည္းေသခ်ာမသိႏိုင္ေပမယ့္ ေကာင္းမွာေတာ့မဟုတ္ဘူး"

သူတို႔ေဆြးေနြးေနစဥ္အခ်ိန္အတြင္း ဘခ္ဟြၽန္းသည္အသက္ျပန္ရႉလာခဲ့သည္။ သတိေတာ့မလည္လာေသး။ ပံုမွန္အတိုင္း အိပ္ေပ်ာ္ေနသကဲ့သို႔၊ အသက္ရႉသံမွန္မွန္ျဖင့္ ၿငိမ္းခ်မ္းလွသည္။ ဆယ္ဟြန္းသည္လည္း ေျပာစရာရိွသည္မ်ား ေျပာၿပီးသည္ႏွင့္ ျပန္သြားခဲ့ၿပီး ဘခ္ဟြၽန္းကေတာ့ ညေနေစာင္းတြင္မွ ႏိုးလာသည္။

တစ္ခ်ိန္လံုးေဘးနားတြင္သာ ရိွေနခဲ့သည္မို႔ ဘခ္ဟြၽန္းထံမွလႈပ္ရွားမႈေသးေသးေလးကို အာရံုခံမိလိုက္သည္ႏွင့္ ခ်န္းေယာလ္ ထိုလက္သြယ္သြယ္ေလးေတြအေပၚ အုပ္မိုးလိုက္သည္။

"ႏိုးၿပီလား"

ဘခ္ဟြၽန္း၏မ်က္လံုးမ်ားသည္ ပြင့္ဟလာသည့္တိုင္ အိမ္မက္ႏွင့္လက္ေတြ့ကို ခြဲရခက္သလို ရီေဝေနဆဲျဖစ္သည္။ အေတာ္ၾကာသည္အထိ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးမွ ခ်န္းေယာလ္ဘက္လွည့္ၾကည့္လာရင္း အသံတိုးတိုးျပဳ၏။

"ကြၽန္ေတာ္ ဘယ္ေလာက္ၾကာေအာင္ အိပ္ေပ်ာ္သြားတာလဲ"

"အရမ္းအၾကာႀကီးပဲ"

ခ်န္းေယာလ္ေဘးတိုက္ျမင္ေနရေသာ နားထင္နားတစ္ဝိုက္ကို ခပ္ဖြဖြနမ္းမိသည္။

"အခုညေနေစာင္းေနၿပီ"

ဘခ္ဟြၽန္းသည္ မ်က္ခံုးမ်ားတြန္႔ခ်ိဳးသြားလ်က္၊ သို႔တိုင္ တံု႔ျပန္ဖို႔လည္း အားမရိွသည့္ႏွယ္ မ်က္ဝန္းမ်ား ျပန္ေမွးမိွတ္သြားရင္း ခ်န္းေယာလ္ရင္ဘတ္ထဲ တိုးဝင္လာ၏။

"ထပ္အိပ္ခ်င္ေနေသးတာလား"

ဘခ္ဟြၽန္း၏ ေခါင္းခါျပလိုက္မႈေၾကာင့္ ခ်န္းေယာလ္၏ရင္ခြင္တစ္ဝိုက္ ယားယံသြားရသလိုပင္။ ဗလံုးဗေထြးအသံေလးဟာလည္း လိုက္ထြက္လာ၏။

"ႏံုးေနလို႔"

ခ်န္းေယာလ္လက္ကိုဆန္႔ထုတ္ရင္း ထိုေကာင္ေလး၏ေက်ာျပင္ေပၚ ခပ္ဖြဖြအထက္ေအာက္ပြတ္သပ္ေပးသည္။ ခပ္ေသးေသး အေကာင္ေလးတစ္ေကာင္ကို ေခ်ာ့ေမာ့ေနသကဲ့သို႔။ ဘခ္ဟြၽန္းသည္ ထပ္ေျပာလာ၏။

"ကြၽန္ေတာ္ အိမ္မက္ေတြမက္ေနတာ"

"အင္း"

ခ်န္းေယာလ္စကားေထာက္ေပးလိုက္သည္။ ၾကည့္ရသည္မွာ ဘခ္ဟြၽန္းခဏတာ ဝိဉာဥ္ခြဲထြက္မႈအတြင္း ႀကံဳခဲ့ရသည္မ်ားကို အိမ္မက္ဟု ယူဆလိုက္ပံုပင္။ ခ်န္းေယာလ္သည္ကေတာ့ ထိုအျဖစ္ကို ဘခ္ဟြၽန္းအား ျပန္ေျပာျပမည္မဟုတ္ေခ်၊ ယခုအခ်ိန္တြင္ လက္ရိွရလဒ္ကသာ အေရးပါသည္မို႔၊ ေနာက္ေၾကာင္းျပန္လွည့္ေနလည္း ထိုကိစၥမ်ားဟာ အေရးမပါသလို သူတို႔အတြက္ အခ်ိန္ဟာ တစ္စကၠန္႔ဆိုလ်ွင္ တစ္စကၠန္႔ တန္ဖိုးထားေနရမည္မို႔။

"အိမ္မက္ထဲမွာ ဟိုလူအေၾကာင္းကိုမက္တာ"

ထိုသို႔နာမည္မတပ္ဘဲ ဆိုလာသည္ႏွင့္ ဘခ္ဟြၽန္း သူ၏အေဖကိုရည္ၫႊန္းမွန္း ခ်န္းေယာလ္သိလိုက္သည္။

"သူလည္း အရင္ကလူသားတစ္ေယာက္ပဲ ...... ေနာက္ေတာ့ ဘာအေၾကာင္းအရင္းမွမသိရဘဲ ကြၽန္ေတာ့္လိုလကၡဏာေတြ စျဖစ္လာေရာ"

ဘခ္ဟြၽန္းသည္ ရင္ခြင္အတြင္းမွေန ခ်န္းေယာလ္အားေမာ့ၾကည့္သည္။

"သူက ကြၽန္ေတာ့္ထက္ပိုကံဆိုးတယ္ သိလား။ အနားမွာ သူ႔ေရာဂါကိုမ်ွေဝဖို႔ ဘယ္သူမွလည္း မရိွခဲ့သလို သူ႔ကိုမဆံုးရႈံးခ်င္တဲ့သူလည္း မရိွခဲ့ဘူး"

ဘခ္ဟြၽန္းသည္မ်က္လႊာခ်သည္။

"သူ .... ဒီတိုင္း လူမသိသူမသိနဲ႔ အထီးက်န္ၿပီးေသသြားတာ"

ခ်န္းေယာလ္ မ်က္စိေရ႔ွရိွ နဖူးျပင္ေလးအားနမ္းရိႈက္လိုက္သည္။

"ဝမ္းနည္းေနတာလား"

"နည္းနည္း"

ဘခ္ဟြၽန္းသည္ ေခတၲတိတ္ဆိတ္သြားရင္း ဆက္ေျပာမိသည္။

"သူ႔ထက္စာရင္ေတာ့ ကြၽန္ေတာ္က ပိုကံေကာင္းတယ္လို႔ ေတြးမိၿပီးလည္း ေပ်ာ္တယ္။ အနည္းဆံုးေတာ့ ကြၽန္ေတာ္က အထီးမက်န္ဘူးေလ ကြၽန္ေတာ့္ကိုခ်စ္ေပးေနတဲ့သူေတြလည္းရိွတယ္ ကြၽန္ေတာ့္ကိုဆံုးရႈံးရမွာ စိုးေနတဲ့သူေတြလည္းရိွတယ္။ ..... သူကေတာ့ တစ္ေယာက္မွမရိွခဲ့ဘူး"

"အင္း"

"သနားစရာပဲ"

ဘခ္ဟြၽန္းသည္ အတန္ငယ္ရဲတက္လာေသာ မ်က္ဝန္းမ်ားေၾကာင့္ ခ်န္းေယာလ္ရင္ခြင္အတြင္း ေခါင္းငံု႔ကာ ျပန္တိုးဝင္သြား၏။

"ၿပီးေတာ့ သူကအဲ့အတိုင္းတည္ရိွေနတာ ႏွစ္ေထာင္ေက်ာ္ေနၿပီ။ နယ္ေျမၾကီး ၄ ခုရဲ့စြမ္းအားကို ဗဟိုအျဖစ္ ျဖန္႔က်က္ေပးရင္း သူ႔တာဝန္ကိုထမ္းေဆာင္ေနေပမယ့္ သူ႔မွာလူတစ္ေယာက္အျဖစ္ ေပၚထြက္ဖို႔ တစ္ႏွစ္မွာတစ္ႀကိမ္ပဲ အခြင့္ရိွတယ္"

"အဲ့ဒီတစ္ႀကိမ္ကလည္း သူ႔ခ်စ္ရတဲ့သူေတြနဲ႔ ေတြ့ခြင့္ရေအာင္ တရားဝင္ခြင့္ျပဳခ်က္ေပးထားတာပဲ ဆိုေပမယ့္ သူ႔မွာသြားေတြ့စရာ လူေတာင္ မရိွခဲ့ဘူး"

"အရမ္း ...... အထီးက်န္ေနခဲ့မွာပဲ"

ခ်န္းေယာလ္ ရင္ခြင္ထံရိွဘခ္ဟြၽန္းအား ခပ္တင္းတင္းဆြဲဖက္လိုက္သည္။ ဒီေကာင္ေလး၏စိတ္ဓာတ္ဟာ ဘာေၾကာင့္မ်ား ဤမ်ွအထိ ၾကည္လင္ေနႏိုင္ရတာလဲ နားမလည္ႏိုင္ပါေခ်။ သို႔တိုင္ သူကိုယ္တိုင္ဟာလည္း ထိုအၾကည္ဓာတ္ေအာက္တြင္ ဆြဲေဆာင္ခံလိုက္ရသည္ျဖစ္၍ နားမလည္ႏိုင္တာလည္း မထူးဆန္းလွပါေခ်။ ယခုကဲ့သို႔ သူ႔ကို နာက်င္ေအာင္ျပဳလုပ္သြားသူကို ျပန္၍စာနာသနားေပးေနၿပီး ထိုသူအတြက္ မ်က္ရည္ပါက်ေပးေနသည္။ ခ်န္းေယာလ္အတြက္ေတာ့ ဘယ္ေတာ့မွလုပ္ႏိုင္မည့္ကိစၥမဟုတ္ေခ်။

"အဲ့ဒါေၾကာင့္လည္း နတ္ဝိဉာဥ္သစ္ပင္က ဂိတ္ပြင့္ေတာ့ သူကြၽန္ေတာ့္ဆီအရင္လာခဲ့တာျဖစ္မယ္"

စကားေတြအမ်ားႀကီးေျပာလိုက္သည္ေၾကာင့္လား၊ ရင္ထဲစို႔နင့္ေန၍လားမသိစြာ ဘခ္ဟြၽန္းသည္ သက္ျပင္းဖြဖြခ်သည္။

ရက္သတၲပတ္ေတြၾကာျမင့္သြားခဲ့သည္။
ဘခ္ဟြၽန္း၏က်န္းမာေရးအေျခအေနဟာ ခါတိုင္းကဲ့သို႔ပင္ မထူးျခားမနားဘဲ ဆိုးရြားေနဆဲျဖစ္သည္။ သို႔တိုင္ ထူးျခားသည္က ခ်န္းေယာလ္အပါအဝင္ အီဂ်ူးတို႔သည္ဘခ္ဟြၽန္း၏ လက္ရိွအေျခအေနအား ခံႏိုင္ရည္ရိွသြားပံုေပၚသည္။ ဘခ္ဟြၽန္း၏တစ္ေန့ထက္တစ္ေန့ ဆိုးရြားလာေသာ ခႏၶာကိုယ္အေျခအေနအား စိတ္ဓာတ္က်ကာ ေလထုကိုပို၍ထိုင္းမိႈင္းေအာင္ မလုပ္ၾကေတာ့ဘဲ တတ္ႏိုင္သမ်ွေကာင္းမြန္ေအာင္ ထိန္းသိမ္းထားႏိုင္သည္။ ကိုယ္တိုင္ႀကံဳေတြ့ရမည့္ ဘခ္ဟြၽန္းကိုယ္တိုင္က လက္ခံေနႏိုင္သည္မဟုတ္ေပလား၊ သူတို႔လည္း လက္ခံႏိုင္ေအာင္ ႀကိဳးစားၾကရမည္ပင္။

သို႔တိုင္ ထိုသို႔ထိန္းသိမ္းေနေသာ ေလထုသည္ မနက္ခင္းတစ္ခုတြင္ ဝရုန္းသုန္းကားျဖစ္လ်က္ ေဖာက္ျပားရသည္။ ဘခ္ဟြၽန္းသည္ ထူးဆန္းစြာ ေစာေစာစီးစီးႏိုးထလာခဲ့ေသာ္ျငား ေကာင္းမြန္လွေသာ အေျခအေနေအာက္တြင္ေတာ့မဟုတ္။ တရစပ္ေခ်ာင္းဆိုးေနသျဖင့္ လန္႔ႏိုးလာရျခင္းျဖစ္ၿပီး ခ်န္းေယာလ္က သက္သာေအာင္လုပ္ေပးေနလည္း မရပ္သြားသည္အထိ။ မ်က္ရည္ႏွင့္ႏွာရည္မ်ား က်လုမတတ္ ေခ်ာင္းဆိုးေနသံသည္ တစ္အိမ္လံုးေျခာက္ျခားဖြယ္ျဖစ္ၿပီး ေတာရံုႏွင့္မရပ္တန္႔ႏိုင္။ ဘခ္ဟြၽန္းအစား မည္မ်ွပင္ပန္းမလဲ သူတို႔ေတြးၾကည့္၍ရသည္။

ထိုေခ်ာင္းသည္တျဖည္းျဖည္း သည္းသထက္သည္းလာရင္း အဆံုး ခ်န္းေယာလ္၏ေက်ာေပၚ အန္ခ်လာေတာ့၏။ ဘခ္ဟြၽန္းသည့္ ေန့တိုင္းနီးပါး အစာသိပ္ၿပီးစားေလ့မရိွေတာ့သလို ဗိုက္ထဲတြင္လည္း အန္ခ်စရာအႂကြင္းအက်န္ဟူ၍ သိပ္မရိွ။ ထို႔နည္းတူ အန္ခ်လာသည္ကလည္း အစာေတြမဟုတ္ဘဲ နီညိုေရာင္သန္းေနေသာေသြးမ်ားျဖစ္ေနခဲ့သည္။ ခ်န္းေယာလ္ပုခံုးထက္ ေသြးခ်င္းရဲေတာက္သြားရၿပီး အိပ္ရာထက္ကေစာင္ႏွင့္အခင္းမ်ားကိုပါ ေပက်ံသြားေစ၏။

သို႔တိုင္ ခ်န္းေယာလ္သည္ အလန္႔တၾကားမျဖစ္သြားဘဲ အသက္ကိုအေမာတေကာ ရႉရိႈက္ေနရေသာ ဘခ္ဟြၽန္း၏ေက်ာျပင္ကိုသာ အထက္ေအာက္ပြတ္သပ္ေပးမိသည္။ မ်က္ႏွာကိုဆြဲယူၾကည့္ေတာ့ မ်က္ရည္စီးေၾကာင္းဟာ ပါးျပင္ထက္စိုရႊဲလ်က္၊ မ်က္ဝန္းစတြင္လည္း မ်က္ရည္အိုင္မ်ားထြန္းေနေသးသည္။ ႏႈတ္ခမ္းတြင္ေပေနေသာ ေၾကာက္မက္ဖြယ္ရာ ေသြးစမ်ားကိုသုတ္ေပးရင္း ခ်န္းေယာလ္ေလသံေအးျဖင့္ ဆိုေပးရသည္။

"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး"

သူေျပာလိုက္ေတာ့မွ ဘခ္ဟြၽန္းမ်က္ဝန္းေထာင့္မွ တင္က်န္လက္စ မ်က္ရည္စမ်ားသည္ ခ်က္ခ်င္းဆိုသလို ၿပိဳဆင္းက်လာလ်က္။ ခ်န္းေယာလ္အားဆြဲလို႔ဖက္လာရင္း ရိႈက္ႀကီးတငင္ငိုသည္။ ကေလးတစ္ေယာက္ကဲ့သို႔ အသံအက်ယ္ႀကီးျဖင့္ ေအာ္ငိုျခင္းျဖစ္ၿပီး တင္းက်ပ္ေနေသာ သူ႔စိတ္တို႔အား ေဖာက္ထြက္စရာနည္းလမ္း မရိွေတာ့သကဲ့သို႔။ ခ်န္းေယာလ္သည္လည္း သူခႏၶာငယ္အား သိမ္းႀကံဳးဖက္လ်က္ အေတာ္ၾကာသည္အထိ ႏွစ္သိမ့္ေပးခဲ့ရသည္။

ခ်န္းေယာလ္မ်က္ဝန္းမ်ား ရဲေတာက္ေနသည္မွလြဲ၍ ခ်န္းေယာလ္မ်က္ရည္တစ္စက္ မက်ခဲ့ေခ်။ ဘခ္ဟြၽန္းအား စိတ္ရွည္စြာပင္ စကားလံုးမ်ားႏွင့္ ႏွစ္သိမ့္ေပးသည္၊ အျပဳအမူမ်ားႏွင့္ ႏွစ္သိမ့္ေပးသည္။

ပင္ပန္းႏြမ္းနယ္ေနေသာ ဘခ္ဟြၽန္းမ်က္ႏွာဟာ သိသိသာသာ ေခ်ာင္က်သြား၏။ ပါးတစ္ဖက္ကို အုပ္မိုးကိုင္သည့္တိုင္ ယခင္ကကဲ့သို႔ ႏူးညံ့ေျပာင္ေခ်ာေနေသာ ပါးမို႔ေဖာင္းေဖာင္းေလးကို စမ္းမိရမည့္အစား ထင္းထြက္ေနေသာ ပါးရိုးမ်ားကိုသာ ထိေတြ့မိသည္။ ခ်န္းေယာလ္၏လက္ဝါးတစ္ဖက္က ဘခ္ဟြၽန္းမ်က္ႏွာတစ္ခုလံုးကိုပင္ အုပ္မိုး၍ရမတတ္ျဖစ္သည္အထိ ဘခ္ဟြၽန္းကိုယ္အေလးခ်ိန္က ေခ်ာင္က်သြားျခင္းျဖစ္သည္ပင္။

"ဗိုက္ဆာလား"

တျဖည္းျဖည္းတိတ္က်သြားၿပီျဖစ္ေသာ္ျငား ေက်ာျပင္အား အထက္ေအာက္ပြတ္ေနမႈက ခ်န္းေယာလ္မရပ္တန္႔မိဘဲ ခပ္တိုးတိုးအေမးျပဳလိုက္သည္။ ဘခ္ဟြၽန္းသည္ ေမးခြန္းႏွင့္မသက္ဆိုင္ေသာ အေျဖကိုျပန္ေပးသည္။

"စားခ်င္စိတ္မရိွဘူး"

"ဆန္ျပဳတ္ေလးျဖစ္ျဖစ္ လုပ္ေပးမယ္ေလ၊ တစ္လုတ္ႏွစ္လုတ္ေလာက္ေတာ့ ဝင္ေအာင္စားလိုက္ပါလား"

ေခ်ာ့ေျပာေသာ ခ်န္းေယာလ္ေလသံေၾကာင့္ ဘခ္ဟြၽန္းသည္ျငင္းဆန္ခ်င္သည့္ အရိပ္အေယာင္မ်ားအတြင္းမွေန ေခါင္းကိုခက္ခက္ခဲခဲညိတ္ျပလာ၏။ ခ်န္းေယာလ္နဖူးကို ခပ္ဖြဖြငံု႔နမ္းလိုက္သည္။

"နည္းနည္းလန္းသြားေအာင္ ေရခ်ိဳးၿပီးထြက္လာခဲ့ ဟုတ္ၿပီလား"

ဘခ္ဟြၽန္းသည္ ေခါင္းညိတ္ျပရင္း ေအာက္ကိုငံု႔ၾကည့္လိုက္မွ တံု႔ဆိုင္းသြားရသည္။ လက္တစ္ဖက္က ေျခာက္ေသြ့သြားၿပီျဖစ္ေသာ ေသြးမ်ားေပက်ံေနသည့္ ေစာင္အခင္းမ်ားကို ဆြဲယူရင္း အျပစ္လုပ္ထားမိသူကဲ့သို႔ ခပ္တိုးတိုးေျပာလာ၏။

"ညစ္ပတ္ကုန္ၿပီ"

"ဘာမွမျဖစ္ပါဘူး ေစာင္အပိုေတြရိွသားပဲ။ ဒါကိုေလ်ွာ္ခိုင္းထားလိုက္မယ္ မင္းလုပ္စရာမလိုဘူး"

ဘခ္ဟြၽန္းသည္ ေခါင္းညိတ္ျပရင္း စကားအပိုမဆိုေတာ့ဘဲ ေရခ်ိဳးခန္းထဲၪီးတည္ေလ်ွာက္ဝင္လာလိုက္သည္။ သူတံခါးပိတ္လိုက္ေတာ့မွ ခ်န္းေယာလ္ အခန္းတြင္းမွထြက္သြားသံကို ၾကားလိုက္ရၿပီး ဘခ္ဟြၽန္းတံခါးကိုမွီလ်က္ ထိုင္ခ်မိလိုက္သည္။

သူေၾကာက္ေနသည္။ သူခ်န္းေယာလ္ကို ထားခဲ့ရမည္ကို ေၾကာက္သည္။ ဘာမွန္းမသိ ႀကံဳေတြ့ရမည္ျဖစ္ေသာ အေမွာင္ထုကိုလည္းေၾကာက္သည္။ လက္ခံထားႏိုင္ၿပီ ထင္မိေသာ္ျငား တကယ္တမ္းရလဒ္က ဤအေျခအေနအထိ ျဖစ္လာမွ ပထမဆံုးအႀကိမ္ ဘခ္ဟြၽန္းထိတ္လန္႔လာရသည္။ သို႔တိုင္ ဘာမွမတတ္ႏိုင္လွပါ။

ထိုသို႔ေတြးလိုက္သည္ႏွင့္ ဘခ္ဟြၽန္းစိတ္က ျပန္လည္ခံႏိုင္ရည္ရိွသြားရင္း မ်က္ဝန္းေထာင့္က မကုန္ခမ္းႏိုင္ေသးေသာ မ်က္ရည္စကိုဖယ္ရွားလိုက္သည္။ ေနာက္ျပန္လွည့္၍မရမွေတာ့ ရင္ဆိုင္ရံုပဲရိွတာေပါ့။ ငိုေႂကြးေနလည္း အလကားပင္။

မတ္တပ္ထရပ္ရင္း မွန္ထဲရိွမိမိပံုရိပ္ကို ျပန္ၾကည့္ကာ ဘခ္ဟြၽန္းသက္ျပင္းေဖ်ာ့ေဖ်ာ့ခ်မိသည္။ ႏႈတ္ခမ္းေဘးေထာင့္ႏွစ္ဖက္မွ ေျခာက္ေသြ့ေနၿပီျဖစ္ေသာ ေသြးစီးေၾကာင္းႏွစ္ခုသည္ ျဖဴဖက္ျဖဴေရာ္ျဖစ္ေနေသာ ဘခ္ဟြၽန္းမ်က္ႏွာအေနအထားကို ပို၍ေၾကာက္မက္ဖြယ္ ေကာင္းသြားေစသလိုပင္။ ထို႔အျပင္ မ်က္ရည္မ်ားေပပြလ်က္၊ မ်က္သားမ်ားကလည္း နီရဲေနေသးသည္။

ကိုယ့္ဘာသာတစ္ျပန္ ဟက္ကနဲ ရယ္မိရင္း ေပက်ံေနသမ်ွကိုေဆးေၾကာရသည္။

ေရခ်ိဳးခန္းထဲကထြက္လာေတာ့ မၾကာေသးမီက ေသြးမ်ားရဲေတာက္ေနေသာ ေစာင္အခင္းမ်ားမရိွေတာ့။ ခ်န္းေယာလ္ ထုတ္ခိုင္းသြားၿပီထင္၏။ သို႔ႏွင့္ အခန္းျပင္ထြက္လာေတာ့ မီးဖိုေခ်ာင္မွ တစ္ဆံုးဖြင့္လွစ္ထားေသာ ျပတင္းေပါက္ေၾကာင့္ ဝင္ေရာက္လာေသာေနအလင္းေရာင္ဟာ ဘခ္ဟြၽန္းမ်က္စိထံ တည့္တည့္စိုက္ဝင္ေတာ့သည္။ လက္ျဖင့္ကာမိရင္း ေအာင့္တက္သြားေသာ မ်က္လံုးကို အတန္ငယ္ပုတ္ခတ္ပုတ္ခတ္လုပ္ကာ အနည္းငယ္ေနသားက်သြားေတာ့မွ ျပန္ဖြင့္လိုက္ေတာ့ ေလထုဟာ ထူးထူးျခားျခား ေနြးေထြးေနလ်က္။

မဟုတ္၊ ဘခ္ဟြၽန္းဤေလထုႏွင့္ မထိေတြ့ရတာ ၾကာသြားျခင္းသာ။ ယခုအခ်ိန္သည္ မနက္ ၁၀ နာရီေက်ာ္ျဖစ္ၿပီး ဘခ္ဟြၽန္းအေနျဖင့္ ထိုအခ်ိန္တြင္ မႏိုးထႏိုင္ေတာ့သည္မွာ ဘယ္ႏွရက္ေလာက္ရိွေနၿပီလဲပင္ မသိေတာ့ေခ်။ တစ္ပတ္လား၊ ႏွစ္ပတ္လား။

မသိေပမယ့္ ေသခ်ာတာေတာ့ ယခုမ်က္စိေရ႔ွက ျမင္ကြင္းဟာ သူ႔စိတ္ကိုျပန္လည္လန္းဆန္းေစၿပီး ႏံုးေနသမ်ွအနည္းငယ္ သက္သာသြားေစသည္။ ခ်န္းေယာလ္ဟာ အလင္းေရာင္ကိုေက်ာေပးလ်က္ ခ်က္ျပဳတ္ေနၿပီး ဘခ္ဟြၽန္းထြက္လာသည္ႏွင့္ ၪီးစြာၿပံဳးျပသည္။ နံေဘးတြင္လည္း အီဂ်ူးရိွေနၿပီး ခ်န္းေယာလ္ျပင္ဆင္ၿပီးသမ်ွကို လိမၼာစြာပင္ စားပြဲထက္ပို႔ေပးေနလ်က္။ ဘခ္ဟြၽန္းကိုျမင္သည္ႏွင့္ ကပ်ာကယာထြက္လာရင္း ေမးခြန္းေတြလည္း တရစပ္ထုတ္လာျပန္ေသးသည္။

သူေခ်ာင္းဆိုးတာ သက္သာသြားၿပီလား ဆိုသည့္အေၾကာင္း၊ ခႏၶာကိုယ္အေျခအေနကို ေမးျမန္းသည္ကတစ္ေၾကာင္း၊ မနက္စာသူလည္း မစားရေသးေၾကာင္း၊ အတူစားမည္ျဖစ္ေၾကာင္း။ ဘခ္ဟြၽန္းကူကယ္ရာမဲ့စြာ ေတြးမိရသည္။ ဘာေၾကာင့္မ်ား ဤကေလးတြင္ အၿမဲလိုလိုေျပာစရာေတြ တသီတသန္းႀကီးရိွေနလဲ နားမလည္ႏိုင္ပါ။ သို႔တိုင္ ၿပံဳးရႊင္ေနေသာ အီဂ်ူးအမူအရာမ်ားႏွင့္ မ်က္ဝန္းဝါဝါေလးမ်ားကေတာ့ ဤေလထုေအာက္တြင္ လိုက္ဖက္ကာေနြးေထြးေန၏။ နားထဲဝင္တစ္ခ်က္ မဝင္တစ္ခ်က္ျဖစ္ေနေသာ ေမးခြန္းေတြကို မတံု႔ျပန္ႏိုင္ခင္မွာပဲ ခ်န္းေယာလ္ကဝင္တားလာသည္။

"အီဂ်ူး"

တားသည္ဆိုသည္ထက္ ထိုသို႔နာမည္ကို ေလသံျပင္းျပင္းႏွင့္ ေခၚလိုက္ရံုသာ။ ဤသည္ကပင္ ေတာ္ေတာ္အသံုးဝင္လွၿပီး အီဂ်ူးသည္ အပိုေတြဆက္ေျပာမေနေတာ့ဘဲ ဘခ္ဟြၽန္းအား ထမင္းစားစားပြဲထက္ ဆြဲေခၚလာေတာ့သည္။ ဘခ္ဟြၽန္း ထိုမနက္စာကို ခ်န္းေယာလ္ေျပာထားသည့္အတိုင္း ေသြဖယ္စြာ တစ္လုတ္ႏွစ္လုတ္မက စားေသာက္ျဖစ္ၿပီး ထိုေန့သည္ ပထမဆံုးစားခ်င္စိတ္ ဝင္မိေသာ တစ္ေန့ျဖစ္ပါ၏။

ေသြးအန္လိုက္ရေသာ အက်ိဳးဆက္ေၾကာင့္လား မသိေသာ္ျငား ဘခ္ဟြၽန္းခႏၶာကိုယ္သည္ ခါတိုင္းေန့မ်ားထက္ အနည္းငယ္ေပါ့ပါးေနသည္။ ယခင္ကလည္း သူ႔ခႏၶာကိုယ္တြင္ ထိုသို႔ႀကီးႀကီးမားမား ျပႆနာျဖစ္ၿပီးသြားတိုင္း နာက်င္မႈမ်ားအတြက္ ႏွစ္သိမ့္ေၾကးျပန္ရသလို တစ္ရက္ႏွစ္ရက္ေလာက္ ေနလို႔ထိုင္လို႔ သက္သာေစသည္။ ရွင္းရွင္းဆိုရလ်ွင္ ႏွစ္ရက္စာမ်ွနာက်င္မႈေတြကို နာရီပိုင္းအတြင္း စုေပါင္းႀကိတ္ခံလိုက္ရသကဲ့သို႔ပင္။

သို႔တိုင္ လႈပ္ရွားခ်င္စိတ္မရိွသည္ကေတာ့ ထံုးစံအတိုင္းပင္။ ခါတိုင္းႏွင့္ မတူသည္ကေတာ့ အိပ္ခ်င္စိတ္မရိွတာပဲျဖစ္သည္။ ထို႔အျပင္ အစားစားခ်င္စိတ္လည္းပိုလာသည္။ ခ်န္းေယာလ္ႏွင့္လည္း စကားေတြအမ်ားႀကီးေျပာေနမိသည္။ တစ္ေနကုန္လည္း ခ်န္းေယာလ္ႏွင့္ ထိုသို႔သာအခ်ိန္ျဖဳန္းဖို႔ ေတြးထားမိသည့္တိုင္ ေန့လယ္ခင္းတြင္ မေမ်ွာ္လင့္ထားေသာ ကိစၥတစ္ခုက ၾကားျဖတ္လာသည္။

ဆယ္ဟြန္းထံမွ ဝင္လာေသာဖုန္းပင္။

"အင္း ႏိုးလာၿပီလား"

ခ်န္းေယာလ္သည္ ဖုန္းေျပာလည္း ဘခ္ဟြၽန္းအနားကမေရွာင္သြားသည္မို႔ ေျပာသမ်ွကို ၾကားေနရသည္။ တစ္ဖက္ကဘာျပန္ေျပာလဲ ဘခ္ဟြၽန္းမသိရ။ ခ်န္းေယာလ္သည္ထပ္ေမးသည္။

"အေျခအေနေရာ ဘာထူးလဲ"

"ဟုတ္ၿပီ သူ႔ကိုထိန္းထားလိုက္ ငါအခုလာခဲ့မယ္"

ခ်န္းေယာလ္ဖုန္းခ်ၿပီးသည္ႏွင့္ ဘခ္ဟြၽန္းဘက္လွည့္လာပံုအရ ေျပာလာမည့္အေၾကာင္းအရာကို ဘခ္ဟြၽန္းရိပ္မိလိုက္သည္။ သို႔ႏွင့္ ခ်န္းေယာလ္စကားမစလာခင္ သူကၪီးစြာေမးလိုက္သည္။

"အေရးႀကီးကိစၥလား"

"အေရးႀကီးေပမယ့္ မင္းေလာက္ေတာ့ မဟုတ္ဘူး"

ခ်န္းေယာလ္၏ ထိုစကားသည္ နားေထာင္၍ေကာင္းေစရံုေလာက္ အလွဆင္ေျပာျခင္းမဟုတ္ေပ။ သူ၏သြားျခင္းမသြားျခင္းဟာ ဘခ္ဟြၽန္း၏ဆႏၵေပၚတြင္ မူတည္ေၾကာင္း ေဖာ္ျပေသာ ရိုးရွင္းလွေသာ ဝါက်ပင္ျဖစ္သည္။ ဘခ္ဟြၽန္းၿပံဳးျပလိုက္သည္။

"ကြၽန္ေတာ္ ဒီေန့နည္းနည္းသက္သာေနတာပဲ ခ်န္းသြားလိုက္လို႔ရပါတယ္"

ခ်န္းေယာလ္သည္ မျငင္းလာေတာ့ေပ။ ထိုအစား အနားကပ္ကာ ပါးျပင္တစ္ဖက္ထံ နမ္းရႈံ႔လာရင္း မွာၾကားေတာ့၏။

"ဘယ္ေလာက္မွ မၾကာဘူး။ ေနမဝင္ခင္ျပန္လာခဲ့မယ္။ ငါဒီတစ္ေနရာလံုးကို စည္းအထပ္ထပ္ခ်ထားတာမို႔ မင္းအျပင္မထြက္သေရြ့ ဘာျပႆနာမွ ျဖစ္လာမွာမဟုတ္ဘူး။ အဲ့ဒီေတာ့ ငါမဟုတ္တဲ့ ဘယ္သူလာေခၚေခၚ စည္းအျပင္ကို မထြက္သြားနဲ႔ ေျပာတာသေဘာေပါက္လား"

ဘခ္ဟြၽန္း ေလးနက္စြာ ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ ခ်န္းေယာလ္သည္ အခ်ိန္မဆြဲေနေတာ့ဘဲ ထြက္သြားၿပီး ဘခ္ဟြၽန္းနာရီကိုေမာ့ၾကည့္လိုက္ေတာ့ အခ်ိန္က ေန့လယ္ ၁ နာရီကို ၫႊန္ျပလ်က္။ ဘခ္ဟြၽန္းသက္ျပင္းတစ္ခ်က္ခ်ရင္း ပ်င္းရိစြာ ဆိုဖာထက္လွဲခ်လိုက္ေတာ့သည္။

___

ခ်န္းေယာလ္စံအိမ္သို႔ ေရာက္သည္ႏွင့္ အက်ဥ္းေထာင္မ်ားရိွရာထံ တိုက္ရိုက္ၪီးတည္လိုက္သည္။ မ်ားေသာအားျဖင့္ ေျမေအာက္ခန္းသည္ အက်ဥ္းသားမ်ားထိန္းသိမ္းရာ ေနရာျဖစ္ၿပီး စစ္ေဆးေမးျမန္းမႈမ်ားကိုလည္း ထိုတြင္သာလုပ္ေလ့ရိွသည္။ ဆယ္ဟြန္းသည္ အေပါက္ဝတြင္ေစာင့္ေနလ်က္၊ ခ်န္းေယာလ္သူ႔အားျမင္သည္ႏွင့္ အေမးဆိုလိုက္သည္။

"ဘာသိရၿပီးၿပီလဲ"

ဆယ္ဟြန္းသည္ ေခါင္းခါျပလာရင္း -

"ႏိုးလာခ်င္း မင္းကိုလွမ္းဆက္လိုက္တာ။ ငါဘာမွ မေမးရေသးဘူး"

ခ်န္းေယာလ္ေခါင္းညိတ္ကာ ေက်ာက္သားပတ္လည္ၿခံရံထားေသာ အက်ဥ္းစခန္းထဲဝင္လာလိုက္သည္။ ေဘးပတ္လည္နံရံမ်ားတြင္ မီးတုတ္မ်ားကိုစိုက္ထြင္းထားလ်က္၊ အလ်ံတညီးညီးထြန္းေတာက္ေနေသာ မီးအလင္းေရာင္မ်ားက ခ်န္းေယာလ္၏ေအးစက္ေနေသာ မ်က္ႏွာထက္ေရာင္ျပန္ဟပ္ေနသည္။ ေျမေအာက္ခန္းျဖစ္သည္ႏွင့္အညီ ေန့အလင္းအေရာင္ မရသည့္အျပင္ ေလေကာင္းေလသန္႔လည္း မဝင္ေရာက္ႏိုင္ရကား ပတ္ပတ္လည္အနံ႔အသက္ဟာ သိပ္မေကာင္း။ မြန္းၾကပ္ထိုင္းမိႈင္းေစေသာ ေလထုျဖစ္သည္။

ဆယ္ဟြန္းသည္ ေရ႔ွမွၪီးေဆာင္သြားေနၿပီး အက်ဥ္းခန္းတစ္ခုေရ႔ွေရာက္သည္ႏွင့္ ေျခစံုရပ္လိုက္ၿပီး ခ်န္းေယာလ္ကို အၾကည့္ျဖင့္ၫႊန္ျပသည္။

ခ်န္းေယာလ္လွမ္းၾကည့္လိုက္ေတာ့ အလင္းေရာင္ မစို႔မပို႔သာဝင္ေရာက္ေနသျဖင့္ ေမွာင္ရိပ္သန္းေနေသာ အခန္းတြင္း လူတစ္ေယာက္ကိုျမင္လိုက္ရသည္။ ခႏၶာကိုယ္ခပ္ထြားထြားျဖစ္ေနသည္မွာ သန္မာေသာေၾကာင့္ဟုတ္ပံုမရ၊ အဝလြန္ေနျခင္းသာျဖစ္သည္။ ခ်န္းေယာလ္ တံခါးဖြင့္ဖို႔ရန္ အခ်က္ျပလိုက္သည္။

အခန္းတြင္း သံကုတင္တစ္လံုးမွလြဲ၍ တျခားမရိွေပ။ ထိုလူသည္ ကုတင္ထက္တြင္ ေက်ာမွီထိုင္ေနျခင္းျဖစ္ၿပီး လက္ႏွင့္ေျခေထာက္တို႔တြင္လည္း သံႀကိဳးမ်ားျဖင့္ခ်ည္ထား၏။ မ်က္ႏွာထက္တြင္လည္း ဒဏ္ရာဒဏ္ခ်က္ ဗရပြႏွင့္ ယခုမွႏိုးလာေသာအေျခအေနအရ ေက်ာက္ရုပ္ကဲ့သို႔ မလႈပ္မယွက္ထိုင္ေနသည္မွာ ေသခါနီးလူမမာအလား။

ဆယ္ဟြန္းႏွင့္အေစာင့္အခ်ိဳ႕သည္ လိုက္မဝင္လာဘဲ အျပင္၌သာရပ္ေစာင့္ၾကသည္။

ခ်န္းေယာလ္လက္တစ္ဖက္ေျမႇာက္ကာ ထိုလူ၏ၪီးေခါင္းအား လက္ႏွစ္ေခ်ာင္းျဖင့္တြန္းၿပီး ေပၚေပါက္လာေသာ လည္ဂုပ္ကို မ်က္စိေဝ႔ွၾကည့္လိုက္သည္။ မွဲ႔စက္အရြယ္ အစက္သံုးစက္ဟာ အထင္အရွား။

"ငါဘာမွ ေျပာမွာမဟုတ္ဘူး"

အသက္ ၉၀ အရြယ္ အဘိုးႀကီးတစ္ေယာက္အသံအလား ထင္မွတ္ရေလာက္ေအာင္ အက္ရွၾကမ္းတမ္းေနေသာ ေလသံသည္ ထိုလူပါးစပ္မွထြက္လာသည္။ ခ်န္းေယာလ္ေလွာင္ၿပံဳးတစ္ခ်က္ၿပံဳးလိုက္သည္။

"ဒါေၾကာင့္လား"

လက္ျဖင့္ထိုအစက္သံုးစက္ရိွရာထံ အသားကိုမထိဘဲ စြမ္းအားထည့္သြင္းလိုက္ေတာ့ အက္ရွရွေအာ္သံႏွင့္အတူ ခ်န္းေယာလ္စြမ္းအားေအာက္မွ ေၾကာက္လန္႔တၾကား ထိုလူဟာရုန္းထြက္သြား၏။ ခ်န္းေယာလ္လည္း စမ္းသပ္ရံုသာျဖစ္သည္မို႔ အေရးမစိုက္မိ။

"မင္းက နယ္ေျမေခါင္းေဆာင္မလား ဟုတ္တယ္မလား"

ေမာ့ၾကည့္လာေသာ ထိုလူဝႀကီး၏မ်က္လံုးမ်ားက တစ္နည္းတစ္ဖံုရူးသြပ္ခ်င္ေနသလို။

"မင္းသိလား ငါသာမင္းရဲ့ ၾကင္ရာေတာ္ကို အဲ့ဒီေန့က မလြတ္ေအာင္ထိန္းထားႏိုင္ခဲ့ရင္ အခုမင္းေလာက္နီးနီး စြမ္းအားႀကီးေနေလာက္ၿပီ"

ခ်န္းေယာလ္မ်က္ဝန္းမ်ားသည္ ထိုလူ၏ဆိုလိုခ်င္ေနေသာ ခပ္ရိုင္းရိုင္းအဓိပၸာယ္ေအာက္ ေအးစက္ကာစူးရွသြားသည္။ သို႔တိုင္ ထိုလူလိုခ်င္ေသာ ရလဒ္ႏွင့္ေျပာင္းျပန္ပင္ ခ်န္းေယာလ္ဟာ တည္ၿငိမ္ေနလ်က္ ခပ္ေအးေအးျပန္တံု႔ျပန္လာသည္။

"မင္းက သူ႔ကိုသိတယ္ေပါ့"

ထိုလူသည္ ေအာင္ႏိုင္သူတစ္ေယာက္လို ခပ္ညစ္ညစ္ရယ္သည္။

"သိတာေပါ့ ငါ့လက္နဲ႔ကိုယ္တိုင္သူ႔ကို ရိုက္ခဲ့-"

ထိုလူ၏စကားသံဟာ လမ္းတစ္ဝက္တြင္ ရပ္တန္႔သြားရၿပီး တစ္စံုတစ္ခု စို႔တစ္သြားသကဲ့သို႔ အဆံုးမသတ္ႏိုင္ေတာ့ခဲ့။ ခ်န္းေယာလ္သည္ လက္တစ္ေခ်ာင္းပင္ လႈပ္ရွားျခင္းမရိွသည့္တိုင္ စြမ္းအားထုတ္ထားျခင္းျပယုဂ္အေနျဖင့္ မ်က္ဝန္းစိမ္းမ်ားဟာ သာမန္ထက္ပိုရင့္သြားၿပီး အေမွာင္ထုေအာက္တြင္ ပို၍ေတာက္ပလာ၏။

ထိုေန့က ဘခ္ဟြၽန္းကိုေတာထဲမွ ျပန္ရွာေတြ့သည့္ေန့တြင္ ထူးထူးျခားျခား ပါးျပင္ထက္မွ ေယာင္ယမ္းမႈကိုလည္း သတိထားမိလိုက္ပါ၏။ သူမည္သို႔ပင္ ေမးျမန္းပါေစ၊ ထိုေကာင္ေလးက ၿပီးခဲ့ၿပီးသား ဆိုကာ တင္းခံေန၍ အေၾကာင္းမသိခဲ့ရတာ။ ယခုေတာ့ တရားခံလက္သည္ဟာ သူ႔မ်က္စိေရ႔ွတြင္ပင္။ ခ်န္းေယာလ္အတြက္ မည္သို႔ေဒါသကို ထိန္းသိမ္းေနႏိုင္မည္နည္း။

ခ်န္းေယာလ္၏မ်က္ဝန္းစိမ္းတစ္စံုက ေတာက္ပလာသည္ႏွင့္အမ်ွ ေအာက္ကလူ၏လည္ပင္းသည္ တင္းက်ပ္သထက္ တင္းက်ပ္လာၿပီး ေလထုထဲရိွမျမင္ရေသာ တစ္စံုတစ္ရာက ရစ္ပတ္တြယ္ေနွာင္ထားသကဲ့သို႔ပင္။ လက္ႏွစ္ဖက္ကိုေျမႇာက္ကာ လည္ပင္းတစ္ဝိုက္ ကုတ္ဖယ္ခ်ေနေသာ္ျငားလည္း မည္သည့္အရာကိုမွ စမ္းမိထိေတြ့မိျခင္းမရိွဘဲ မိမိလည္ပင္းကိုသာ အနီစင္းေၾကာင္းမ်ားေပၚၿပီး အသားလန္သည္အထိ ကုတ္ဖဲ့မိေန၏။ လက္မွသံႀကိဳးမ်ားဟာလည္း သူ၏လႈပ္ရွားမႈအလိုက္ တခြၽင္ခြၽင္ျမည္ကာ ဆူညံေနၿပီး ပို၍ပို၍အသံညံလာသည္ႏွင့္အမ်ွ ထိုလူ၏မ်က္လံုးအစံုဟာ ကြၽတ္ထြက္ေတာ့မတတ္ ျပဴးက်ယ္လာ၏။ ခႏၶာကိုယ္ဟာလည္း ပင့္ေျမႇာက္ခံလာရသည့္အလား အေပၚသို႔တျဖည္းျဖည္းပင့္တက္ကာ လည္ေခ်ာင္းမွာ ဝက္တစ္ေကာင္ကဲ့သို႔ တအစ္အစ္အသံေတြဟာလည္း ဆူညံစြာပ်ံ့လာ၏။

ခ်န္းေယာလ္သည္ မ်က္ေတာင္တစ္ခ်က္ခတ္သြားျခင္းမရိွ။ အေပၚစီးမွေန ငံု႔မိုးၾကည့္ရင္း စြမ္းအားကိုအရိွန္အျမင့္ဆံုးအထိ ထုတ္ခ်င္သည့္စိတ္အား ထိန္းခ်ဳပ္လ်က္ လႊတ္ခ်လိုက္ေတာ့ ထိုလူ၏ခႏၶာကိုယ္ဟာ အတန္ငယ္ပင့္တက္ေနရင္းမွ ကုတင္ေပၚသို႔ ပံုကနဲလဲက်၏။ ထိုအခါမွ ထိုလူ၏လည္ပင္းတစ္ဝိုက္တြင္ ညိုမဲစြဲေနေသာ အရာတစ္ခုဟာ ခပ္ေရးေရးထင္လာၿပီး အဆံုးျပင္းထန္ေသာ ဒဏ္ရာတစ္ခုကဲ့သို႔ က်န္ခဲ့သည္။ လည္ေခ်ာင္းကြဲလုမတတ္ တဟြတ္ဟြတ္ေခ်ာင္းဆိုေနသံဟာ ေနာက္ဆက္လိုက္ထြက္လာလ်က္။

ခ်န္းေယာလ္ဗလာသက္သက္နံရံထက္သို႔သာ အၾကည့္လႊဲရင္း အသက္ကိုႏွစ္ႀကိမ္မ်ွ ျဖည္းျဖည္းမွန္မွန္ ရႉသြင္းမိသည္။ သူသည္ တျဖည္းျဖည္းအရြယ္ေရာက္ ရင့္က်က္လာသည္ႏွင့္အမ်ွ ေဒါသကိုေရ႔ွတန္းတင္သည့္ လုပ္ရပ္မ်ားကို ထိန္းခ်ဳပ္လာႏိုင္ဆဲပင္။ သို႔တိုင္ သူတန္ဖိုးထားရသည့္ တစ္စံုတစ္ရာႏွင့္ ပတ္သက္လာလ်ွင္ေတာ့ အသိစိတ္က မထိန္းသိမ္းႏိုင္ခင္မွာပင္ ေဒါသကတစ္ကိုယ္လံုးကို ဝါးၿမိဳသြားတတ္၏။ ယခုပင္ အေသမသတ္မိေအာင္ ထိန္းလိုက္ရျခင္းသာ။ တန္ဖိုးရိွလြန္းေန၍ေတာ့မဟုတ္၊ စံုစမ္းစရာမ်ားရိွေန၍။

"ဘာမွမေျပာခ်င္တာ ေသခ်ာေသးလား"

ခ်န္းေယာလ္၏အေမးသံ ေအးစက္စက္ေအာက္မွာ အတန္ငယ္တုန္ရီသြား၏။ ထို႔ေနာက္ မတ္တပ္ရပ္ေနေသာ ခ်န္းေယာလ္အား မ်က္လံုးလွန္ၾကည့္လာၿပီး ခ်က္ခ်င္းပင္ထိုင္ေနပံုကို ျပင္ကာ ဒူးေထာက္ၿပီး ကပ်ာကယာ ဆိုလာ၏။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ အဲ့ဒီတုန္းက မရည္ရြယ္ပါဘူး။ တကယ္ပါ။ မရည္ရြယ္ဘဲ -"

"မင္း​ေ-ာက္ပါးစပ္ကို ပိတ္ထား"

ခ်န္းေယာလ္သည္ ေအာ္ဟစ္ေျပာလာျခင္းမဟုတ္။ သို႔တိုင္ ေအးစက္စက္ႏိုင္ကာ အတက္အက်မရိွေသာ ဤေလသံေအာက္တြင္ပင္ ထိုလူသည္ ခ်က္ခ်င္းတိတ္က်သြား၏။

"ငါမေမးဘဲ ထပ္ေျပာလာရင္ ငါကိုယ္တိုင္ မင္းလ်ွာကိုျဖတ္ပစ္မယ္"

ထိုလူ၏တံေတြးတစ္ခ်က္ၿမိဳခ်သံသည္ ေအးစက္ေနေသာေလထုဖိအားေအာက္ က်ယ္ေလာင္စြာေပၚထြက္လာလ်က္။ ထိုေတာ့မွ ခ်န္းေယာလ္သည္ စိတ္ေက်နပ္သလို သက္ျပင္းတစ္ခ်က္ကိုခ်ရင္း အေမးျပဳလာသည္။

"မင္းက လီခ်န္းဝူးအတြက္ အလုပ္လုပ္တာလား"

အလ်င္လိုေနသည့္အားေလ်ာ္စြာ ခ်န္းေယာလ္သည္ ေမးခြန္းတိုင္းအား ေကြ့ဝိုက္မေနဘဲ တည့္တိုးေမးျမန္းဖို႔စီစဥ္ထားသည္။ မေျဖေတာ့လည္း ေစာနကကဲ့သို႔ အတင္းအၾကပ္ ဖိအားေပးရံုေပါ့။

ထိုလူကေတာ့ ေခါင္းကိုတဆတ္ဆတ္ညိတ္ျပလာလ်က္။

"ဟုတ္ပါတယ္ ဟုတ္ပါတယ္"

"သူနဲ႔ ပတ္သက္ၿပီး မင္းသိသမ်ွ အကုန္ေျပာ"

"ဗ်ာ ဘာ- ဘာကို"

နားမလည္သည့္အလား ေမာ့ၾကည့္မိလိုက္ကာမွ တည့္တိုးေသာ မ်က္ဝန္းစိမ္းမ်ားသည္ စကားကိုေနာက္တစ္ႀကိမ္ ထပ္ေျပာရပါက လည္ပင္းျဖတ္မည့္ အေငြ့အသက္မ်ားႏွင့္ ျပည့္ေနလ်က္မို႔ ေခါင္းကိုအျမန္ျပန္ငံု႔ခ်မိသည္။ ေၾကာက္အားလန္႔အားျဖင့္ တံေထြးကိုေနာက္တစ္ႀကိမ္ ထပ္ၿမိဳခ်မိျပန္သည္။

"သူ - သူက ကြၽန္ေတာ္တို႔အဖြဲ႔အစည္းရဲ့ ပံုမွန္ေဖာက္သည္ပါ။ အၿမဲလိုလို ေလလံပြဲရိွတိုင္း သူစိတ္အေက်နပ္ဆံုး အထက္တန္းအဆင့္ စြမ္းအားရွင္တစ္ေကာင္ခ်င္းစီတိုင္းကို ဝယ္သြားေလ့ရိွပါတယ္။ ၿပီးေတာ့ - ၿပီးေတာ့ တစ္ခုခုတန္ဖိုးႀကီးတဲ့ အဆင့္ျမင့္အေကာင္ေတြ ရတိုင္းလည္း သူ႔ကိုအရင္ဆက္သြယ္ဖို႔လည္း မွာထားတာပါ"

"အျပန္အလွန္အေနနဲ႔ သူက မင္းတို႔အဖြဲ႔အစည္းကို ေက်ာေထာက္ေနာက္ခံေပးတယ္ေပါ့"

"ဟုတ္ပါတယ္"

ခ်န္းေယာလ္သည္ ေခါင္းတဆတ္ဆတ္ညိတ္ရင္း ဆက္ေမးလိုက္သည္။

"မင္းတို႔ဆီက ဝယ္ေနတာၾကာၿပီလား တစ္ခါတစ္ခါဝယ္ရင္ အမ်ားဆံုး အေရအတြက္ ခန္႔မွန္းဘယ္ေလာက္ရိွလဲ"

ထိုလူသည္ နဖူးေထာင့္မွ စီးက်ေနေသာ ေခြၽးတို႔အား အျမန္သုတ္ပစ္ရင္း ေခါင္းကိုအသည္းအသန္အလုပ္ေပးကာ ေျဖလာ၏။

"ကြၽန္ေတာ္တို႔ဆီမွာ ဝယ္လာတာ ၁၀ ႏွစ္အထက္ေတာ့ ရိွပါၿပီ။ သူက ဝယ္တဲ့အႀကိမ္တိုင္း အေရအတြက္ သတ္သတ္မွတ္မွတ္ မရိွဘူးဗ်။ သူစိတ္ေက်နပ္တဲ့အေကာင္ေတြေတြ့ရင္ အမ်ားႀကီးဝယ္သြားတတ္သလို တခါတေလဆိုလည္း တစ္ေကာင္ႏွစ္ေကာင္ေလာက္နဲ႔ ျပန္သြားတတ္တယ္။ ဒါေပမယ့္ ဝယ္ဖူးသမ်ွထဲ အမ်ားဆံုးအေရအတြက္က အဲ့တုန္းက ၃၀ ေက်ာ္လား မသိဘူး"

စီးက်ေနေသာ ေခြၽးမ်ားကိုေနာက္တစ္ဖန္ ထပ္သုတ္ျပန္သည္။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အေရအတြက္ တိတိက်က် မမွတ္မိေတာ့လို႔ပါ ၃၀ ေက်ာ္ေတာ့ေသခ်ာပါတယ္"

အထက္မွ စကားသံျပန္လာသည္ကို မၾကားရသည္ႏွင့္ သူ၏ေခြၽးေပါက္မ်ားဟာ ပို၍မ်ားျပားလာ၏။ စိတ္မေက်နပ္ဘူးအထင္ႏွင့္ ေခါင္းထဲတိုးဝင္လာေသာ အခ်က္အလက္မွန္သမ်ွကို တရစပ္ဆက္ေျပာမိသည္။

"ၿပီးေတာ့ ေလနတ္နယ္ေျမက အဆင့္ျမင့္အေကာင္ေတြကလည္း သူပဲရွာခိုင္းထားလို႔ ရွာေပးထားရတာပါ။ ဘာလုပ္ခ်င္လို႔လဲ မသိေပမယ့္ ေလနတ္နယ္ေျမက ေကာင္ေတြကို တစ္ႏွစ္ကို သံုးေလးေကာင္ေလာက္ စုေဆာင္းခိုင္းတတ္ပါတယ္"

"ေလနတ္နယ္ေျမကပဲလား။ တျခားနယ္ေျမကေရာ စုခိုင္းေသးတယ္လား"

"ဟင့္အင္း ေလနတ္တစ္ခုတည္းကပါပဲ"

"မင္းသိထားတာ ဒါအကုန္ပဲလား"

ထိုလူဝႀကီးသည္ ေခါင္းကိုတဆတ္ဆတ္ညိတ္ျပလာရာ ေခြၽးစမ်ားဟာ သံကုတင္ထက္ေအးစက္စြာ က်ဆင္းသြားၾက၏။ ခ်န္းေယာလ္ႏႈတ္မွ ခနဲ႔ၿပံဳးတစ္ခုဟာ အရိပ္ထင္လာလ်က္၊ မ်က္စိျဖင့္ ဖမ္းမမိႏိုင္ေသာ အလ်င္ႏႈန္းျဖင့္ လက္တစ္ဖက္ကို ေျမႇာက္ကာ ထိုလူ၏ဂုပ္ပိုးထက္ အစက္သံုးစက္ေနရာထံ စြမ္းအားျဖင့္ဖိကပ္လိုက္သည္။

"အဲ့ဒါဆို ဒါကေရာ"

"အားးးးးးးး"

ေၾကာက္လန္႔တၾကားျဖင့္ နံရံထဲတိုးဝင္မတတ္ ေနာက္ဆုတ္သြားမည့္ဟန္ ျပင္ေသာ္ျငား ခ်န္းေယာလ္သည္ လႈပ္ရွားခြင့္မေပး။ သူ၏စြမ္းအားေအာက္တြင္ ထိန္းခ်ဳပ္ထားၿပီး ထိုလူကိုပို၍က်ယ္ေလာင္စြာ ေအာ္ခြင့္ျပဳထားၿပီး အစက္သံုးစက္ထံ အပူေငြ့တို႔ကိုဆက္လႊတ္ေပးေနသည္။

"ငါက မင္းကို ရိုးသားဖို႔အခြင့္အေရးေပးေနတာကို မင္းကဒီလိုေျပးေပါက္ခ်န္တယ္ေပါ့"

"မဟုတ္ - မဟုတ္ပါ - အားးးးးးး ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္အကုန္ေျပာျပပါ့မယ္ အားးးးးးး လႊတ္ - လႊတ္ေပးပါေတာ့"

ခ်န္းေယာလ္သည္ မလႊတ္ေပးေခ်။

"အခြင့္အေရး တစ္ႀကိမ္ေပးထားတာကို တန္ဖိုးမထားဘဲ ကလိမ္ကက်စ္က်တာ ဘယ္သူလဲ"

ခ်န္းေယာလ္ေလသံသည္ သာမန္မိုးေလဝသအေျခအေနတစ္ခုကို ေဆြးေနြးေနသည့္ႏွယ္၊ အလြန္တရာမွ ေအးေဆးကာတည္ၿငိမ္ေန၏။ ထိုလူဝႀကီးက ေနာင္တတစ္ဆံုးရေနသည့္အလား အထပ္ထပ္အခါခါ ေတာင္းပန္စကားဆိုၿပီး မ်က္ရည္မ်ားပါက်လာေတာ့မွ ခ်န္းေယာလ္သည္ လႊတ္ေပးလာ၏။

"ဒါေနာက္ဆံုးအႀကိမ္ပဲ ဒီအခြင့္အေရးကိုေကာင္းေကာင္းအသံုးခ်ရင္ ေကာင္းမယ္"

"ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါ"

တဆတ္ဆတ္တုန္ရီေနသည့္ၾကားမွ ထိုလူဟာ အဆတ္မျပတ္ညိတ္လာရင္း ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပေတာ့၏။

သူသည္ လီခ်န္းဝူး၏အိမ္သို႔ ေရာက္ခဲ့ဖူးသည္။ ထိုအစက္သံုးစက္ျဖင့္ ထိန္းခ်ဳပ္ခံရသည့္ေနရာကား လီခ်န္းဝူး၏အိမ္မွာပင္ျဖစ္သည္။

ထိုအခ်ိန္က သူသည္ လီခ်န္းဝူးထံသို႔ ေလလံကိစၥလာေျပာျခင္းျဖစ္သည္။ ေသခ်ာေပါက္ သူဟာ ထိုသို႔လက္လြတ္စပယ္ မသြားရဲလွပါ၊ လီခ်န္းဝူး၏ဖိတ္ေခၚမႈေၾကာင့္သာ ထိုေနရာသို႔ ဝင္ေရာက္ခြင့္ရလိုက္ျခင္းျဖစ္ၿပီး မထင္မွတ္ထားသည္က ဤသည္ကား ေထာင္ေခ်ာက္ျဖစ္ေနသည္ကိုပင္။ ထိုေနရာသည္ သိပ္ၿပီးထူးျခားဆန္းျပားမေနေသာ္ျငား ေၾကာက္မက္ဖြယ္အေငြ့အသက္မ်ားကိုေတာ့ ခံစားမိေစခဲ့သည္။ ယခုအက်ဥ္းေထာင္သည္ မြန္းၾကပ္လွ၍ မ်က္စိေရ႔ွကလူသည္ ဖိႏိွပ္ႏိုင္စြမ္းအား အျပည့္ရိွသည့္ဟု ေဖာ္ၫႊန္းရလ်ွင္ ထိုေနအိမ္အတြင္းကခံစားခ်က္သည္မူ ေပါ့ေပါ့ပါးပါးႏိုင္လွသည္။ အမွန္ပင္၊ ေပါ့ေပါ့ပါးပါးႏိုင္လွေသာ္ျငား စိတ္လြတ္ကိုယ္လြတ္ မရိွရဲေလာက္ေအာင္ အႏၲရာယ္ပတ္လည္ဝိုင္းေနသကဲ့သို႔လည္း ခံစားရေစသည္။ မ်က္လံုးေပါင္းေျမာက္မ်ားစြာက ေစာင့္ၾကည့္ေနသကဲ့သို႔ ခံစားခ်က္ျဖစ္ၿပီး အႏၲရာယ္ဟာ မည္သည့္ေနရာမွ မည္သို႔ထြက္လာမလဲ စိုးရြံ႔ေနရေသာ အမည္မသိေၾကာက္ရြံ႔မႈျဖစ္သည္။

ထိုစဥ္က သူသည္လာရင္းကိစၥျဖစ္သည့္ ေလလံအေၾကာင္းေျပာရာ၌သာ အာရံုေရာက္ေနခဲ့ၿပီး တစ္ဖက္လူဘာလုပ္ေနသလဲဆိုသည္ကို သိပ္ၿပီးအာရံုမ်ားမ်ားစားစား မထားခဲ့မိ။ သတိထားမိကာမွ သူသည္ အလန္႔တၾကား တုန္လႈပ္သြားခဲ့ရသည္။

"အဆိပ္ထုတ္ေနတာ ?"

ခ်န္းေယာလ္သည္ ေလသံဖမ္းကာအတည္ျပဳလာ၏။

"ဟုတ္ပါတယ္ ေႁမြတစ္ေကာင္ကိုကိုင္ထားၿပီး အဆိပ္ထုတ္ေနတာပါ။ ၿပီးတာနဲ႔ အဲ့အဆိပ္ကို လက္သန္းအရြယ္ေလာက္ရိွတဲ့ ပုလင္းေလးထဲ ထည့္တယ္"

ထိုအခ်ိန္က တုန္လႈပ္ေနေသာ သူသည္ လီခ်န္းဝူး၏ ထူးဆန္းေနမႈကို ခံစားမိေသာ္ျငား ႏႈတ္ကေတာ့ျဖင့္ ေၾကာင္အအေမးခြန္းတစ္ခုကို ထုတ္ေမးမိခဲ့ေသးသည္။

"အဲ့ဒါ - အဲ့ဒါဘာလုပ္ေနတာလဲ"

လီခ်န္းဝူး၏မ်က္ႏွာထက္ အလြန္ေဖာ္ေရြလွေသာ အၿပံဳးတစ္ခုက ျဖတ္ေျပးသြားသည္။

"ေဂါင္အတြက္ပါ။ လက္ေဆာင္ထည့္ေပးလိုက္မလို႔"

"လက္ေဆာင္ ?"

ဘယ္လိုေႁမြအဆိပ္မ်ိဳးကို လက္ေဆာင္အျဖစ္ လက္ခံရမွာပါလိမ့္။ သူအေတြးမ်ားသည္ ရိုးစင္းလြန္းသည့္အျပင္ အေတာ္ကိုမွလည္း ထံုအအႏိုင္ေနခဲ့သည္။ အေၾကာင္းအရင္းအမွန္ကို သတိျပဳမိလိုက္ခ်ိန္တြင္ေတာ့ ထိုလက္သန္းအရြယ္ ပုလင္းေလးမွ ထြက္လာေသာ အပ္သံုးေခ်ာင္းဟာ သူ႔လည္ဂုပ္ထက္ စိုက္ဝင္ေနခဲ့ၿပီျဖစ္သည္။ ရလဒ္အေနျဖင့္ သူသည္ ထိုအခ်ိန္မွစကာ လီခ်န္းဝူး၏ေတာင္းဆိုခ်က္မွန္သမ်ွအား မျငင္းပယ္ဝံ့ေတာ့ေခ်။

"ဒါပဲလား"

ခ်န္းေယာလ္၏အေမးသည္ ေအးစက္စက္။ သူသည္ ခပ္ျမန္ျမန္ေမာ့ၾကည့္ၿပီးမွ စိတ္မရွည္ျဖစ္ေနေသာ အၾကည့္မ်ားေၾကာင့္ ေနာက္တစ္ႀကိမ္ ေခါင္းကိုထပ္ၿပီး ငံု႔ခ်မိျပန္သည္။ သူအေၾကာက္ဆံုးလူသည္ မေန့တစ္ေန့ကထိတိုင္ လီခ်န္းဝူးတစ္ေယာက္သာ ရိွခဲ့သည္။ လီခ်န္းဝူးသည္ ကပ်က္ကေခ်ာ္ အၿပံဳးမ်ားႏွင့္ စကားခ်ိဳကာ ေဖာ္ေရြသည္ထင္ရေသာ္ျငား အတြင္းစိတ္ကေတာ့ အရူးတစ္ေကာင္ႏွင့္ မျခားမနားပင္။ သို႔တိုင္ ဤေန့တြင္ေတာ့ သူသည္ လီခ်န္းဝူးထက္ ဤမ်က္စိေရ႔ွက ေစာင့္ေရွာက္သူကို ပိုၿပီးေၾကာက္ရြံ႔လာရသည္။ မ်က္ႏွာထားသည္ အနည္းငယ္မ်ွပင္ သြားရႈပ္၍မရေသာ အမ်ိဳးအစားထဲကျဖစ္ၿပီး အနည္းငယ္မ်ွစိတ္မၾကည္သည္ႏွင့္ တစ္ဖက္ကို ေခါင္းျဖတ္ေတာ့မလားဟူေသာ အေတြးမ်ိဳးဝင္လာေစႏိုင္သည့္ ဖိႏိွပ္မႈမ်ိဳးျဖစ္သည္။ စြမ္းအားႀကီးကာ ေမာက္မာလွေသာ အာဏာရွင္ကဲ့သို႔။

သူ႔ေခါင္းထဲ အေရးႀကီးမည္မထင္သျဖင့္ ခ်န္ထားခဲ့ေသာ တစ္ခ်က္ကို ျပန္တူးဆြရင္ ဆက္ေျပာရသည္။ ထိုစဥ္က သူသည္ လီခ်န္းဝူး၏အေနာက္ဖက္တြင္ ဖြင့္လ်က္ထားထားေသာ ဗီရိုထက္မွ ပံုစံတူပုလင္းေျမာက္မ်ားစြာကို ျမင္လိုက္ရသျဖင့္ အလန္႔တၾကား ေမးလိုက္မိေသးသည္။

"အဲ့ဟာေတြအကုန္လံုးကေရာ လက္ေဆာင္ေပးဖို႔လား ?" ဟူ၍။

ထိုစဥ္က လီခ်န္းဝူးသည္ သူ႔အား ထူးဆန္းေသာအၿပံဳးတစ္ခုကိုသာ ေပးခဲ့ၿပီး အေျဖျပန္မေပးလာခဲ့။

သို႔တိုင္ သူအေရးမႀကီးဟု ထင္ထားသည့္အခ်က္ကို ထုတ္ေျပာၿပီးေနာက္ ခ်န္းေယာလ္၏အမူအရာ ရုတ္ခ်ည္းဆိုသလို ေျပာင္းလဲကာခက္ထန္သြားသည္ကို ေတြ့လိုက္ရေတာ့၏။

___

အခ်ိန္အားျဖင့္ ညေန ၃ နာရီျဖစ္ၿပီး ခ်န္းေယာလ္ထြက္သြားတာ ၂ နာရီေက်ာ္ၾကာျမင့္ေနၿပီျဖစ္သည္။ ဘခ္ဟြၽန္းသည္ ပ်င္းရိလြန္းလွသျဖင့္ ဆိုဖာေပၚတြင္ ခႏၶာကိုယ္တစ္ဝက္တစ္ပ်က္ လွဲေနၿပီး တြဲလဲက်ေနေသာ ေျခေထာက္မ်ားဟာေတာ့ ေရ႔ွေနာက္လႊဲယမ္းေနလ်က္။ ရံဖန္ရံခါ အီဂ်ူးႏွင့္စကားေျပာသည္။ ဇာတ္ကားၾကည့္သည္ကလည္း ၿပီးသြားၿပီမို႔ ထပ္မၾကည့္ခ်င္။

ထိုစဥ္တြင္ တံခါးေခါက္သံ ႏွစ္ခ်က္ကိုၾကားလိုက္ရသည္ႏွင့္ အီဂ်ူး၏နားရြက္မ်ား လႈပ္ခတ္သြားသလို ဘခ္ဟြၽန္းလည္း အေပ်ာ္လြန္ကာ ေငါက္ကနဲထထိုင္လိုက္သည္။ သို႔တိုင္ လက္တစ္ဖက္သည္ ဘခ္ဟြၽန္း၏ရင္ဘတ္ေရ႔ွ ကာဆီးတားျမစ္လာ၏။ လက္ပိုင္ရွင္ကိုၾကည့္မိေတာ့ ဓားခုတ္ေကာင္၊ တစ္နည္းအားျဖင့္ မင္ေဟ်ာင္း။

"ဘာလို႔လဲ ခ်န္းျပန္လာ-"

"ရႉး"

မင္ေဟ်ာင္းသည္ ႏႈတ္ခမ္းေပၚလက္တင္လ်က္ တိတ္တိတ္ေနခိုင္းလာၿပီး အေၾကာင္းျပခ်က္ကို တိုတိုတုပ္တုပ္ေပးလာ၏။

"ပတ္ခ်န္းေယာလ္က တံခါးေခါက္စရာမလိုဘူး"

____•°•°•°•


Continue Reading

You'll Also Like

128K 12.5K 8
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
43.8K 11.8K 43
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
214K 39.9K 52
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
80.1K 5.2K 43
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥