TRICK ✔

By NightToy_95

14.1K 1.3K 83

မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style More

1ခု
2ခု
3ခု
4ခု
5ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
13ခု
14ခု
15ခု
16ခု
17ခု
Xiao and Feng
18ခု
19ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw

20ခု

573 71 2
By NightToy_95

20ခု
Uni

ဘယ်လိုကနေဘယ်လိုသူအိပ်ပျော်သွားသည်မသိ။မျက်လုံးတွေဖွင့်ကြည့်တော့တွေ့ချင်နေတဲ့သူကိုမတွေ့ရတာကြောင့်ထထိုင်လိုက်သည်။သူ့လက်ထဲတစ်ခုခုကိုင်ထားမိတာကိုသတိထားမိတော့ကြည့်လိုက်တယ်။အနီရောင်လက်ထက်မှတ်ပုံတင်ကသူလက်ထဲမှာနေရာယူထားသည်။

မင်းငါ့သဘောကိုမမေးပဲလုပ်ချင်တာလုပ်သွားပြန်ပြီ ငါ့ကိုတားလို့ရမှာမဟုတ်ဘူး ငါမင်းနောက်မရ ရအောင်လိုက်ခဲ့မှာ

ရှောင်းကျန့်ကလက်ထက်မှတ်ပုံတင်ကိုခေါင်းအုံးအောက်မှာထားပြီးအခန်းပြင်ကိုထွက်ဖို့လုပ်သည်။တံခါးကိုဆွဲဖွင့်လိုက်တော့အရှေ့မှာပိတ်ရပ်ထားတဲ့ကိုယ်ရံတော်သုံးယောက်ကသူ့ကိုထွက်ခွင့်မပေးဘူး။

"ဖယ်! !"

"ဒီလိုလုပ်လို့မရဘူးသခင်လေးBossကကျွန်တော်တို့ကိုအမိန့်ပေးသွားတယ်သခင်လေးအိမ်တော်မှာပဲစောင့်နေပေးပါ"

"ငါ့ချစ်သူတစ်ယောက်လုံးအန္တရာယ်ထဲကျနေတာငါကဒီတိုင်းထိုင်နေရမှာလား မင်းတို့ကိုယ်ချင်းမစာမပြောနဲ့ ငါ့ရှေ့ကခုချက်ချင်းဖယ် ငါBoss Wangနောက်လိုက်သွားမယ် "

ရှောင်းကျန့်ကမတည်ငြိမ်ပဲယောင့်ယတ်ခတ်ကာပြောနေသော်လဲကိုယ်ရံတော်တွေကခွင့်ပြုမည့်ပုံမပေါ်။ဒါကြောင့်သေနတ်နဲ့သူ့နားထင်ကိုချိန်ထားလိုက်တယ်။

"မင်းတို့ငါ့ရှေ့ကမဖယ်ရင်ငါ့ကိုယ်ငါပစ်သတ်လိုက်မှာနော်"

"တကယ်ပဲBoss ထင်တဲ့အတိုင်းပဲ"

Chuoကတီးတိုးရေရွတ်ပြီးရှောင်းကျန့်နားခြေတလှမ်းတိုးသွားသည်။ရှောင်းကျန့်ကသေနတ်ကိုသူတို့ဘက်ကိုလှမ်းချိန်လိုက်တယ်။

"သခင်လေး စိတ်အေးအေးထားပါ "

"ငါခုချိန်မှာစိတ်အေးနိုင်မယ်ထင်နေတာလား ငါ့ခံစားချက်ကိုမင်းတို့ဘာလို့နားမလည်ပေးနိုင်ရတာလဲ!!! ငါ...ငါတို့ကခုမှပျော်ရွင်စရာအချိန်လေးတွေပိုင်ဆိုင်ကာစပဲရှိသေးတယ် Boss Wangကိုဆုံးရှုံးခံနိုင်မယ်ထင်နေလား "

"သခင်လေးစိုးရိမ်သလိုကျွန်တော်တို့လဲစိုးရိမ်တာပဲဒါပေမဲ့Bossရဲ့အမိန့်တစ်ခွန်းက ကျွန်တော်တို့သေဆိုသေရှင်ဆိုရှင်ပဲ လွန်ဆန်လို့မရဘူး"

"........."

ရှောင်းကျန့်ရဲ့သေနတ်ကိုင်မြှောက်ထားတဲ့လက်ကအားလျော့ကျသွားသည်။

"Boss ပြန်လာနိုင်မလားပြန်မလာနိုင်မလားဆိုတာမသေချာတဲ့အချိန်မှာကျွန်တော်တို့သခင်လေးကိုလဲထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူး"

"ဟုတ်တယ်သခင်လေး ဒါကBoss အမိန့်ပဲ"

ရှောင်းကျန့်ကကြမ်းပေါ်စိတ်ပျက်စွာပုံလျက်သားထိုင်ချလိုက်သည်။လက်ထဲမှာပစ္စတိုကိုတင်းကြပ်စွာဆုပ်ထားလျက်သားနှင့်ပင်...

*^^*

ဒိုင်း!!!

ဒိုင်း!!!!

Aceစံအိမ်ထဲသေနတ်သံတွေကအဆက်မပြတ်ထွက်ပေါ်လာသည်။တိတ်ဆိတ်ခြောက်ကပ်နေတဲ့စံအိမ်ကြီးရဲ့ပင်မhallခန်းကျယ်ကြီးထဲလဲကျသေဆုံးနေတဲ့လူသုံးယောက်ဂိတ်သုံးဂိတ်ကခေါင်းဆောင်တွေဖြစ်ပြီးဖန်းဆောင်စီတော့မပါပေ။ သူတို့အလယ်မှာရပ်နေတဲ့သူကတော့သွေးအေးရက်စက်ပုံနဲ့Boss Wangပင်။တစ်ကိုယ်လုံးမသတီစရာသွေးတွေစွန်းထင်းနေတာကြောင့်နှာခေါင်းကိုရှုံ့မဲ့လိုက်တယ်။

ဂိတ်တွေရဲ့ခေါင်းဆောင်တွေကတော့သူ့လက်ချက်ကြောင့်အသက်ပျောက်ကုန်ပြီ။စံအိမ်ကြီးထဲအသက်ရှင်တာဆိုလို့သူတစ်ယောက်ပဲရှိနေတယ်။

အစကတော့သူ့ကိုဒီတိုင်းအမြင်မကြည်ဖြစ်ပြီးမနာလိုကြတာပဲ။အဲ့တုန်းကလဲသူကငြိမ်ငြိမ်ပဲနေခဲ့ပါတယ် ခုတော့အမုန်းပွားပြီးအပြတ်ရှင်းဖို့တောင်ကြံနေတာဆိုတော့သူလဲဘာကိုစောင့်ဆိုင်းနေရအုံးမှာလဲ။လက်ဦးမှုအရင်ယူပြီးသတ်ပစ်ရမှာပေါ့။မြေခွေးအိုကြီးတွေကလွယ်လွယ်နဲ့သူ့လက်အောက်အသက်ထွက်ရလိမ့်မယ်လို့မထင်ထားမိတာတော့အမှန်။

ဝမ်ရိပေါ်ကအိပ်ကပ်ထဲကစီးကရတ်တစ်လိပ်ထုတ်ပြီးပါးစပ်မှာခဲလိုက်တယ်။မီးခြစ်ထုတ်မယ်လုပ်တော့သူသတိရသွားတယ်။မီးခြစ်ကသူ့ဆီမှာမရှိဘူးရှောင်းကျန့်ဆီမှာပဲ သူ့အသက်လေးကဆေးလိပ်မီးကိုယ်တိုင်ညှိပေးရမှကျေနပ်တာမလား။ဝမ်ရိပေါ်ကဆေးလိပ်ကိုခဲထားရင်းနဲ့ပြုံးလိုက်တယ်။

ခုတောင်ဘေဘီကိုလွမ်းလာပြီ စောင့်နေပေးတယ်မလား ကိုယ်ခုပဲပြန်လာပြီး ကိုယ်ပြန်လာရင်ဘေဘီနဲ့ထာဝရအတူနေမယ်....Jinနဲ့ရှောင်းကျန့်ကိုရင်းနှီးအောင်လုပ်ပေးမယ်တလောကလုံးကအားကျရလောက်တဲ့ထိချစ်ပေးမယ်အရင်ကနာကျင်စေခဲ့တာတွေအတွက်ပြန်ပေးဆပ်မယ် အားလုံးပြီးသွားပြီမလို့ကိုယ်တို့ကိုဘယ်သူမှဒုက္ခပေးလို့မရတော့ဘူး....ရှောင်းကျန့် ကိုယ်မင်းကို ကာကွယ်ပေးမှာ အရမ်းချစ်တာသိတယ်မလား

Boss Wangကအတွေးတွေနဲ့အတူအနာဂတ်ကိုကြိုတွေးပြီးကြည်နူးနေလေသည်။ဆေးလိပ်ကိုပစ်ချပြီးချစ်ရသူဆီပြန်ဖို့ခြေလှမ်းပြင်လိုက်တယ်

ဒိုင်း!!

သူ့ရင်ဘက်ကအရမ်းနာကျင်သွားတယ် ငုံ့ကြည့်လိုက်တော့ကျည်ပေါက်ရာကြီးကရှိနေပြီးသွေးတွေထွက်နေတယ်။အနောက်ကိုလှည့်ကြည့်လိုက်တော့သူ့ရှေ့မှာရေခဲရိုက်မျက်နှာနဲ့ရပ်နေတဲ့လူ....သူကမျက်လှည့်ဆရာပဲ ဖန်းအိမ်တော်ကယွင်ရှောက်လဲပါတယ်

ဝမ်ရိပေါ်ကမျက်ခုံးတွေတွန့်ချိုးသွားတယ်သူကျော့ကွင်းမိသွားပြီ ။သေနတ်ထုတ်ပြီးပြန်ပစ်ဖို့လုပ်ပေမဲ့သူ့ပုခုံကိုဝင်လာတဲ့နောက်ထပ်ကျည်ကြောင့်သေနတ်ကလွှတ်ကျသွားတယ်။လွှတ်ကျသွားတဲ့သေနတ်ကိုယွင်ရှောက်ကနံရံထောင့်ကိုကန်ထုတ်ပစ်လိုက်တယ်။

သူဘာလို့မျက်လှည့်ဆရာကိုမေ့နေခဲ့တာလဲဘာလို့ပေါ့ဆခဲ့မိတာလဲ အစထဲကမလွှတ်ပေးပဲအသေသတ်ပစ်ခဲ့ရမှာ။

ဒိုင်း!!

ဒီတစ်ခါတော့ကျည်ကဝမ်းဗိုက်ကိုထုတ်ချင်းဖောက်ဝင်သွားသည်။သေနတ်ကိုင်ထားတဲ့လူကအေးစက်နေတဲ့မျက်နှာနဲ့အံတင်းတင်းကြိတ်ထားပြီးစကားတစ်ခွန်းပြောလာတယ်

"ရှောင်းကျန့်ကိုအဆုံးအရှုံးမခံနိုင်ဘူး"

"ဟက်..မင်းကသူများအပိုင်ကိုပစ်မှားနေတာပဲ မင်းဝဋ်လည်လိမ့်မယ်"

"ရှောင်းကျန့်ကငါ့ဟာ!!!!"

ဒိုင်း!!

ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကပြာဝေလာပြီးလောကကြီးကိုတောင်သဲသဲကွဲကွဲမမြင်ရတော့ပေ။ဆက်ပြီးမတောင့်ခံနိုင်တော့ပဲသေနတ်ဒဏ်ရာလေးချက်နဲ့သူလဲကျတော့မလား....အားတင်းထားပေမဲ့ကြမ်းပေါ်လဲကျသွားတော့သည်။ထိုချိန်ပြေးဝင်လာပြီးသူ့ကိုဝိုင်းထားကြတဲ့လူတွေကဂိတ်လေးဂိတ်ကလူတွေပဲအယောက်၃၀လောက်ရှိပြီးသူ့ကိုပတ်ချာလည်ဝိုင်းကာသေနတ်တွေနှင့်ချိန်ရွယ်ထားကြသည်။သွေးအိုင်ထဲလဲနေတဲ့သူကအပေါက်ဝကိုသာငေးကြည့်နေတယ်

ကိုယ်ကတိမတည်နိုင်တော့ဘူးထင်တယ်ရှောင်းကျန့်...နောက်ဆုံးမင်းမျက်နှာလေးကိုတော့မြင်ချင်မိတယ် မြေခွေးအိုကြီးတွေဒီလောက်ထိယုတ်မာပက်စက်လိမ့်မယ်လို့မထင်ထားဘူး မျက်လှည့်ဆရာကိုလဲလျော့တွက်ခဲ့မိတယ်...ကိုယ်ကိုကိုယ်အထင်ကြီးမိသွားတယ်...

Lao Wangကလဲကျနေတဲ့သူကိုစူးစိုက်ကြည့်ပြီးမျက်နှာကခံစားချက်မဲ့နေသော်လဲသူကျေနပ်နေသည်။သူ့လက်နဲ့ကိုယ်တိုင်ရှင်းပစ်နိုင်ခဲ့ပြီ ယွင်ရှောက်ကတော့အကြံအစည်ပြုံးကြီးနဲ့ပြုံးနေတယ်။

"Boss Wang!!!!"

"Boss!!!!"

ထိုချိန်ပြေးဝင်လာတဲ့သူကရှောင်းကျန့်ဖြစ်ပြီးကိုယ်ရံတော်တွေလဲပါသည်။ရှောင်းကျန့်ကိုလဲတွေ့ရောရိပေါ်ရဲ့သေနတ်ကအောက်ကိုချထားလိုက်တယ်။ရှောင်းကျန့်ကလူတွေဝိုင်းအုံနေတဲ့အလယ်မှာသွေးအိုင်ထဲလဲကျနေတဲ့သူအနားသွားပြီးရင်ခွင်ထဲဆွဲပွေ့ထားလေသည်။ကိုယ်ရံတော်တွေလဲသူတို့Bossကိုတွေ့ပြီးအလွန်စိတ်တိုနေကြတယ်..

ရှောင်းကျန့်ကဝမ်ရိပေါ်ကိုရင်ခွင်ထဲတင်းတင်းပွေ့ထားရင်တဆတ်ဆတ်တုန်ယင်နေသည်။ဘေးပတ်ပတ်လည်မှာရှိနေတဲ့သူတွေကရိပေါ်ကလွဲပြီးသူတို့နှစ်ယောက်ကိုသေနတ်တွေနဲ့ချိန်ထားကြပြီးမလှုပ်မယှက်ကြည့်နေကြတယ်။ရှောင်းကျန့်ဒါတွေဂရုမစိုက်အားဘူးသူရင်တွေဆုတ်ဖြဲနေသလိုခံစားရတယ်

Aceစံအိမ်တစ်ခုလုံးအပ်ကျသံကြားရလောက်အောင်တိတ်ဆိတ်နေပြီးရှောင်းကျန့်ကလဲBossWangကိုသူ့ဆီကသူများလုသွားမှာစိုးတဲ့အလားပွေ့ဖက်ထားတယ်။ရိပေါ်ကထိုမြင်ကွင်းကိုအေးစက်စက်ဖြင့်သာကြည့်လို့နေသည်။သူ့ရင်ထဲမှာလဲအပ်နဲ့ထိုးဆွနေသလိုနာကျင်ရပါတယ်...

Boss Wang. ..ခုချိန်ကစပြီးမင်းကငါ့ခင်ပွန်းဖြစ်သွားပြီး ငါတို့ကလက်ထက်ပြီးပြီလေ နော်...ငါတို့သက်ဆုံးတိုင်အတူနေသွားကြမယ် မင်းဘာမှဖြစ်လို့မရဘူး ငါခွင့်မပြုနိုင်ဘူး

ရှောင်းကျန့်ကသူ့ရင်ထဲစကားတွေအများကြီးပြောပြီးငိုကြွေးနေပေမဲ့အပြင်မှာတော့စကားတစ်ခွန်းမထွက်သလိုမျက်ရည်တစ်စက်မကျ။ခံစားချက်မဲ့နေတဲ့မျက်ဝန်းတွေနဲ့ဝမ်ရိပေါ်ကိုဖက်ထားသည်။သူ့အင်္ကျီမှာလဲသွေးတွေရစရာမရှိအောင်စွန်းထင်းကုန်တယ်။

ငါတို့ကခုမှပျော်ရွင်ဖို့အစပဲရှိသေးတာလေမင်းကဒီတိုင်းငါ့ကိုတစ်ယောက်ထဲထားပြီးထွက်သွားတော့မလို့လား...ဟင့်အင်း ငါခွင့်မပြုနိုင်ဘူး ဒီလိုမဖြစ်ရဘူး...ငါ ငါမင်းမရှိပဲမနေနိုင်ဘူးBoss Wang ရာ..ငါ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့နော်ငါကြောက်လို့ပါ ငါတစ်ယောက်ထဲကြောက်နေလို့မင်းငါ့ကိုအဖော်လာလုပ်ပေးပါ...

ရင်ခွင်ထဲကချစ်ရသူကတော့ငြိမ်သက်လို့နေပြီးသူ့ရဲ့ရင်တွင်းစကားတွေကိုလဲမကြားပေ။ရှောင်းကျန့်ကလက်တစ်ဖက်ကBoss Wangကိုပွေ့ဖက်ထားရင်းကျန်လက်တစ်ဖက်ကဝမ်ရိပေါ်ပေးထားခဲ့တဲ့ပစ္စတိုနဲ့သူတို့ကိုဝိုင်းထားတဲ့လူတွေကိုချိန်ရွယ်ထားလိုက်တယ်။ဒီလူတွေကိုသူတစ်ယောက်ထဲအားနဲ့မယှဥ်နိုင်ပါဘူး ဒါပေမဲ့သူ့ချစ်သူကိုနာကျင်အောင်လုပ်တဲ့သူတွေကိုတစ်ယောက်မကျန်ပြန်ခံစားစေရမယ်..

သေနတ်ကိုပတ်ပတ်လည်လိုက်ချိန်နေရင်းတစ်နေရာအရောက်မှာသူ့လက်တွေရပ်တန့်သွားတယ်။Lao Wang. ....

သူ့ကိုစိုက်ကြည့်နေတဲ့သူကLao Wangပဲ..သဘောပေါက်သွားပါပြီ ငါမင်းကိုမိဘတွေသတ်ခဲ့တာကိုတောင်ခွင့်လွတ်ပေးခဲ့တယ် ခုတော့မင်းက.....

ရိပေါ်ကသူ့ကိုစိုက်ကြည့်ပြီးလှည့်ထွက်သွားသည်။ရှောင်းကျန့်ကလက်သီးတင်းတင်းဆုပ်ပြီးBoss Wangကိုတစ်ချက်နမ်းလိုက်တယ်။ပြီးတော့ဒီက ကိစ္စတွေကို ကိုယ်ရံတော်တွေနဲ့လွှဲခဲ့ပြီးBoss Wangကို Chuoနဲ့အပ်ခဲ့သည်။သေနတ်ကိုတင်းတင်းကိုင်ပြီးရိပေါ်နောက်ပြေးလိုက်သွားသည်။

ငါဘာဆက်လုပ်ရမလဲLao Wang. ..

*^^*

တောင်ထိပ်အစွန်းဖျားမှာကျောခိုင်းရပ်နေတဲ့သူအနားရှောင်းကျန့်ချည်းကပ်သွားလိုက်သည်။ရင်ထဲကတဆစ်ဆစ်နဲ့အရမ်းနာကျင်ရသည်။ဘာလို့Lao Wangလဲ...ဘာလို့သူဖြစ်နေရတာလဲ

သူရောက်သွားတော့ရိပေါ်ကလှည့်ကြည့်လာတယ်။အေးစက်နေတဲ့မျက်နှာနဲ့မလိုက်ဖက်စွာမျက်ဝန်းတွေကဖျော့တော့နေလေသည်။နှစ်ယောက်ကြားတိတ်ဆိတ်နေပြီးတောင်ထိပ်မှာဖြစ်တာကြောင့်လေတဟူးဟူးသံသာထွက်ပေါ်လို့နေတယ်။ဒီနေရာကအနည်းငယ်တောကျပြီးအနောက်ဘက်တောင်လမ်းကြားဖြစ်တာကြောင့်အောက်မှာချောက်ကမ်းပါးကြီးသာရှိတော့သည်။

"ဘာလို့လဲ...ဘာလို့ဒီလိုလုပ်တာလဲ "

"မင်းကိုချစ်လို့ ငါမင်းကိုလိုချင်လို့ဒီလိုလုပ်တာ"

"မင်းငါ့ခံစားချက်ကိုမထည့်တွက်ပေးဘူးလားငါဘယ်လိုခံစားရမလဲမတွေးဘူးလား"

"ဟက်"

ရှောင်းကျန့်ပြောတော့ရိပေါ်ကနာကျင်စွာရယ်လိုက်တယ်။ရှောင်းကျန့်မျက်နှာကိုစေ့စေ့ကြည့်ပြီး

"မင်းကရောငါ့ခံစားချက်ကိုတွေးဖူးလို့လား ငါမင်းကိုဘယ်လောက်တောင်ချစ်ခဲ့လဲ မင်းငါ့အချစ်တွေကိုအသိအမှတ်ပြုခဲ့လို့လား မိုးနတ်မင်းကငါ့ပေါ်ရက်စက်လွန်းတယ် တရားမျှတမှုဆိုတာလုံးဝမရှိခဲ့ဘူး...."

ရိပေါ်ကသူ့ခံစားချက်တွေကိုပေါက်ကွဲချင်နေသည်။ရှောင်းကျန့်နားလည်လိုက်တယ်။သူပဲစတင်ခဲ့တာပဲအရာအားလုံးကိုသူကစတင်ခဲ့တာသူ့ကြောင့်ပဲဖြစ်လာတာတွေကိုသူပဲအဆုံးသတ်ပေးမယ်။

"ခုချိန်မှာငါ့ရင်ကိုခွဲပြလို့ရရင်ငါခွဲပြချင်တယ် ငါမင်းကိုအရမ်းချစ်တယ်ရှောင်းကျန့် ငါနောက်ဆုံးတစ်ခေါက်လေးပဲမျော်လင့်ချက်ထားခဲ့တာ မင်းငါ့ကိုချစ်လာနိုင်မလားဆိုတဲ့ရည်ရွယ်ချက်လေးနဲ့..ခုတော့ငါသိသွားပြီး မင်းနဲ့သခင်ကြီးဝမ်ကိုတွေ့လိုက်တဲ့အချိန်မှာငါအားလုံးသိသွားပြီ..."

ရိပေါ်ရဲ့နာကျင်မှုတွေကိုရှောင်းကျန့်ကိုမြင်စေချင်တယ်။အစထဲကမလှပတဲ့ဇာတ်လမ်းကဇာတ်သိမ်းလဲလှပမှာမဟုတ်ဘူး...ငါမင်းကိုအသက်ထက်ပိုချစ်တယ်ဆိုတာတော့ယုံကြည်ပေးစေချင်တယ်။ချစ်ရသူအမုန်းကို ကိုယ်တိုင်လက်နဲ့ဖန်တီးခဲ့မိတဲ့သူ့အဖြစ်ကရင်နာစရာပဲ..

"ရှောင်းငယ်လေး"

နူးညံ့တဲ့အသံထွက်လာရာသူတို့ကြည့်မိတော့ဖန်းဟုန်စီဖြစ်သည်။ဖန်းဟုန်စီကသူတို့နှစ်ယောက်ရှိတဲ့ဘက်ကိုရောက်လာပြီးရှောင်းကျန့်ဘေးမှာနီးကပ်စွာရပ်လိုက်တယ်။နှုတ်ခမ်းထက်မူပိုင်အပြုံးတစ်ခုနဲ့ရှောင်းကျန့်ပုခုံးကိုဖက်ကာအနားကပ်ပြီးလေသံဖျော့ဖျော့နဲ့လေးတိလေးကန်ပြောတယ်။

"ရှောင်းငယ်လေး ရန်သူကအရှေ့မှာရောက်နေပြီလေဘာကိုတုံ့ဆိုင်းနေတာလဲ ရှောင်းဦးဦးနဲ့မားကိုရော သခင်ကြီးဝမ်ကိုပါနာကျင်စေခဲ့တဲ့သူကကိုယ့်ရှေ့ရောက်နေပြီး အတွေးမမှားနဲ့နော်ဒီလိုအခွင့်အရေးကနောက်ထပ်မရနိုင်တော့ဘူး "

ဖန်းဟုန်စီကအနားမှာတိုးတိုးလာပြောနေသည်။သူ့အရှေ့ကLao Wangကမျက်နှာသေဖြင့်သူ့ကိုတွေတွေကြီးငေးကြည့်လို့နေတယ်။ဒီမျက်ဝန်းတွေထဲဘယ်လောက်ထိနာကျင်နေလဲဆိုတာပေါ်လွင်နေသည်။မင်းသာBoss Wangကိုထိခိုက်အောင်မလုပ်ခဲ့ရင်ငါမင်းကိုမမုန်းဘူး မိတ်ဆွေတစ်ယောက်အဖြင့်အသိအမှတ်ပြုနိုင်သေးတယ်။

"ရှောင်းငယ်လေး ကိုကိုတို့မိသားစုကိုပြိုကွဲအောင်သူလုပ်ခဲ့တာနော် မားတို့ကကောင်းကင်ဘုံကနေကလေးအတွက်ဂုဏ်ယူနေတော့မှာ... သူ့ကိုခုချက်ချင်းသေနတ်နဲ့ပစ်လိုက်...သူ့နှလုံးတည့်တည့်ကိုကျည်ဆံဝင်အောင်လုပ်လိုက်..."

"........"

"........."

ဖန်းဟုန်စီကစကားတွေပြောနေပေမဲ့သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ပြီးငြိမ်သက်နေမိသည်။

"ရိပေါ်ကသခင်ကြီးဝမ်ရဲ့ခန္ဓာကိုယ်ထဲကျည်ဆံတွေအချက်ပေါင်းများစွာပစ်ခဲ့တာနော်"

ထိုစကားကြားပြီးနောက်မှာရှောင်းကျန့်ရဲ့သေနတ်ကိုင်ထားတဲ့လက်ကတင်းကြပ်သွားပြီးမျက်လုံးတွေကစူးရဲသွားသည်။မျက်ခမ်းစပ်တွေရဲလာပြီးရိပေါ်ကိုစူးစိုက်ကြည့်လို့နေတယ်။ရိပေါ်ကတော့တွေတွေကြီးနဲ့နာကျင်စွာငေးကြည့်နေတုန်းပင်။ဖန်းဟုန်စီကရှောင်းကျန့်ကိုကြည့်ပြီးနှုတ်ခမ်းတွေကွေးညွတ်သွားတယ်။

ရှောင်းကျန့်ရဲ့သေနတ်ကရိပေါ်ကိုတည့်တည့်ချိန်ထားလိုက်တယ်။သူ့လက်တွေကအနည်းငယ်တုန်ယင်နေလေသည်။မျက်ဝန်းကလဲမျက်ရည်တွေဝေ့ဝဲနေတယ်။ရိပေါ်ကတုတ်တုတ်မလှုပ်ပေ။

"ရှောင်းကျန့်...ငါမင်းကိုမေးချင်တာရှိတယ် မင်းငါ့ကိုချစ်ခဲ့ဖူးလား"

"........."

"ဒီမေးခွန်းကမင်းအတွက်အဲ့လောက်တောင်ဖြေရခတ်နေတာလား"

"မင်းနဲ့ငါကအစထဲကလုံးဝမပက်သက်ခဲ့သင့်ဘူး မင်းကိုတွေ့ခဲ့မိလို့ငါအရမ်းနောင်တရတယ်"

ရိပေါ်နှလုံးသားကိုအစိတ်စိတ်မွခြေနေတဲ့စကားလုံးပင်။ဒါကသူ့မေးခွန်းရဲ့အဖြေမဟုတ်သေးဘူး

"မင်းငါ့နားမှာရှိနေခဲ့တဲ့အချိန်တွေတုန်းက မင်းငါ့ကိုချစ်ခဲ့ဖူးလား.."

"........"

"ငါကတော့မင်းကိုအရမ်းချစ်တယ် "

ရှောင်းကျန့်ကနှုတ်ခမ်းကိုဖိကိုက်ထားလိုက်သည်။

"မင်းငါ့နားကိုဘာအကြံနဲ့ရောက်လာလဲဆိုတာသိခဲ့တာတောင် မင်းကဘယ်သူလဲဆိုတာသိခဲ့တာတောင် မင်းကငါ့ရန်သူဆိုတာသိခဲ့တာတောင်ငါ့အချစ်တွေကရပ်တန့်လို့မရဘူး မင်းကိုသိစေချင်တယ် ဒီလောကမှာမင်းကိုအသက်ထက်ချစ်တာသခင်ကြီးဝမ်တစ်ယောက်ထဲမဟုတ်ဘူး..ငါလဲရှိနေသေးတယ် မင်းဘာလို့ငါ့ကိုမမြင်နိုင်ရတာလဲ"

"ငါBoss Wangကိုပဲချစ်တယ်သူတစ်ယောက်ထဲပဲငါ့ရင်ထဲနေရာအပြည့်သူပဲနေရာယူထားတာ အချစ်ကဖန်တီးရယူလို့မရဘူးသူ့အလိုလိုပေါက်ဖွားလာတာ ဒီလူ့ကိုပဲမဖြစ်မနေချစ်ရမယ်ဆိုပြီးအမိန့်ပေးနေလို့မရဘူး..."

ရှောင်းကျန့်စကားတွေကြားပြီးနောက်ရိပေါ်ကသေနတ်ကိုထုတ်ပြီးရှောင်းကျန့်ကိုပြန်ချိန်ထားလိုက်သည်။

"ငါမပိုင်ရင်လဲဘယ်သူမှမရစေရဘူး"

ရှောင်းကျန့်ကမတုန်လှုတ်ပေမဲ့ဖန်းဟုန်စီကတုန်လှုတ်နေသည်။သူစီစဥ်ထားတာတွေထဲဒါတွေမပါဘူးလေ။ရိပေါ်ဒီလိုလုပ်မယ်လဲမထင်ထားမိဘူး။

ရှောင်းကျန့်ကခလုတ်ကိုလက်ညိုးနဲ့နှိပ်ချဖို့အဆင်သင့်လုပ်ထားတော့ရိပေါ်လဲထိုနည်းတူခလုတ်ကိုကိုင်ထားသည်။တောင်ထိပ်ပေါ်အပြန်အလှန်သေနတ်နဲ့ချိန်ထားကြတဲ့နှစ်ယောက်ကဘာတွေတွေးနေလဲဆိုတာသူတို့ကိုယ်တိုင်ပဲသိနိုင်ပါမည်။

ဖန်းဟုန်စီကဟန်မဆောင်နိုင်လောက်အောင်မျက်နှာပျက်ယွင်းပြီးသူတို့နှစ်ယောက်ကိုကြည့်နေတယ်။မျက်တောင်မခတ်တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြရင်းခလုတ်ကိုပြိုင်တူနှိပ်ချလိုက်သည်။အစထဲကမဆုံးတွေ့ခဲ့သင့်တဲ့သူတို့သုံးယောက်...မချစ်ခဲ့သင့်တဲ့သူတို့သုံးယောက်...အချိန်တွေနောက်ပြန်ဆုတ်ခွင့်ရမယ်ဆိုရင်ရှောင်းကျန့်ငယ်ဘဝကိုပြန်သွားပြီးသူတို့သုံးယောက်လုံးဝမတွေ့ခဲ့အောင်ကြိုးစားမယ်..သေနတ်ခလုတ်ကိုနှစ်ယောက်လုံးနှိပ်လိုက်တယ်

"ဒိုင်း!!!. ""ဂျောက်!"

အသံနှစ်ခုကတစ်ပြိုင်ထဲထွက်လာပြီးသေနတ်ထဲကထွက်ပေါ်လာတဲ့အသံဖြစ်သည်။ရှောင်းကျန့်ရဲ့သေနတ်ကျည်ကရိပေါ်ရဲ့ဘယ်ဘက်ရင်အုံကိုဝင်ရောက်သွားပြီးရိပေါ်ရဲ့သေနတ်ကျည်ကတော့ရှောင်းကျန့်ခန္ဓာကိုယ်ကိုထိခိုက်ခြင်းမရှိ....သေနတ်ကကျည်မထွက်ခဲ့ဘူး...

ရိပေါ်ကအားနေတဲ့လက်တစ်ဖက်ကိုမြှောက်ပြီးဆုတ်ထားတဲ့လက်သီးကိုဖြေချလိုက်တယ်။မြေပြင်ပေါ်တတောက်တောက်နဲ့ပြုတ်ကျကုန်တာကသေနတ်ကျည်ဆံတွေဖြစ်သည်။ရိပေါ်ကရှောင်းကျန့်ကိုသေနတ်နဲ့ချိန်ရွယ်ထားထဲကကျည်ဆံတွေထုတ်ထားခဲ့တာ...

ရှောင်းကျန့်ရဲ့ပါးပြင်ပေါ်မျက်ရည်တစ်စက်ကပေါက်ခနဲကြွေကျသွားသည်။ဖန်းဟုန်စီကထိုတော့မှသက်ပြင်းချပြီးရှောင်းကျန့်လက်ထဲကသေနတ်ကိုလုပြီးရိပေါ်ရဲ့နဖူးတည့်တည့်ကိုပစ်ဖို့လုပ်သည်။ရှောင်းကျန့်ကဖန်းဟုန်စီလက်ထဲကသေနတ်ကိုပြန်လုလိုက်တယ်

"ငါ့လက်နဲ့သူ့ကို ကိုယ်တိုင်သတ်မယ်"

ဖန်းဟုန်စီကကျေနပ်စွာပြုံးလိုက်တယ်။ရှောင်းကျန့်ကရိပေါ်ရဲ့ဘယ်ဘက်ရင်အုံတည့်တည့်ကိုသေနတ်နဲ့နောက်ထပ်ပစ်လိုက်သည်။

ရိပေါ်ကသူ့ရင်ဘက်ကဒဏ်ရာကိုငုံ့ကြည့်ပြီးပြုံးလိုက်တယ်။သူ့ရဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုရှောင်းကျန့်မေ့နေတာတော့မဖြစ်နိုင်ဘူး။

"ရှောင်းကျန့် မင်းငါ့ကိုချစ်ဖူးလားဆိုတဲ့မေးခွန်းရဲ့အဖြေကိုငါသိပြီ ကျေးဇုတင်ပါတယ်..."

ရိပေါ်ကခပ်ရေးရေးပြုံးကာပြောပြီးမျက်လုံးတွေမှိတ်ချလိုက်သည်။ထို့နောက်ခြေလှမ်းတွေအနောက်အနည်းငယ်ဆုတ်ပြီးတောင်ထိပ်အစွန်းကနေခုန်ချသွားတော့သည်။

ရှောင်းကျန့် ငါ့ရဲ့ညာဘက်မှာရှိတဲ့နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးမင်းကိုချစ်တယ်...ငါ့မေးခွန်းကိုမင်းနှုတ်ကမဖြေခဲ့ပေမဲ့မင်းငါ့အပေါ်သံယောဇဥ်ရှိနေသေးတာကိုလက်တွေ့ပြခဲ့တာ....အားလုံးပြီးဆုံးသွားပြီရှောင်းကျန့်..ဒီတစ်ချက်လေးနဲ့တင်ငါလုပ်ခဲ့တာတွေအတွက်နောင်တမရဘူးခံစားနာကျင်ခဲ့ရတာတွေနဲ့တန်ပါတယ်...ကောင်းကောင်းရှင်သန်ပေးပါ..အရမ်းချစ်တယ်...

ဒေါက်!

ရှောင်းကျန့်ကသေနတ်ကိုမြေပြင်ပေါ်လွှတ်ချပြီးငူငူကြီးရပ်နေသည်။ဖန်းဟုန်စီကပြုံးလျက်ရှောင်းကျန့်ခေါင်းကိုပွတ်ပေးနေတာကိုမရုန်းမိဘူး။

"အရမ်းတော်တယ်..ကိုကို့စကားကိုနားထောင်တဲ့ရှောင်းငယ်လေးကလိမ်မာတယ်"

"ကျေနပ်ပြီလား"

"ဟင်"

"မင်းဖြစ်ချင်တဲ့အတိုင်းအားလုံးဖြစ်ပြီမလား ကျေနပ်လောက်ပြီပေါ့ မင်းမတွေးမိဘူးလားဖန်းဟုန်စီ မင်းရဲ့အဖေကမှတကယ့်ရန်သူအစစ်ကြီးဆိုတာကိုမဆိုင်တဲ့သူတွေကိုမုန်းပြီးဘာလို့အငြိုးရန်စွယ်တွေကြားမှာပဲပိတ်မိနေတာလဲ ငါမင်းကိုအရမ်းစိတ်ပျက်တယ်"

ရှောင်းကျန့်စကားကြောင့်ဖန်းဟုန်စီရဲ့မျက်နှာကတည်သွားသည်။ရှောင်းကျန့်ကသူ့ကိုစိတ်ပျက်တယ်တဲ့ သူ့စေတနာတွေကိုမမြင်ဘူးပဲ။တည်နေတဲ့မျက်နှာကိုချက်ချင်းထိန်းကာပြန်ပြုံးလိုက်သည်။

"ရှောင်းငယ်လေး ကိုကို မုန့်လုံးကြော်တွေလုပ်ထားတယ် အတူသွားစားကြရအောင်"

"တော်စမ်းပါ!!!. .မင်းအကြံတွေမလား မင်းရဲ့ကောက်ကျစ်တဲ့ဉာဏ်နီဉာဏ်နက်တွေချည်းပဲဆိုတာငါသိတယ်..ငါ့မှာရှောင်းကျယ်ဆိုတဲ့အကိုပဲရှိတယ်သူကကြင်နာတတ်တယ်ငါ့ကိုနာကျင်အောင်ဘယ်တော့မှမလုပ်ဘူး!!!မင်းကမြေခွေးပဲ မင်းကငါ့အကိုမဟုတ်ဘူး ..ငါမင်းကိုတစ်ခုပြောလိုက်မယ် မင်းမုန်းသင့်တဲ့လူကဖန်းဆောင်စီတစ်ယောက်ပဲရှိတယ်"

ရှောင်းကျန့်ကဖန်းဟုန်စီကိုစူးစူးဝါးဝါးစိုက်ကြည့်ပြီးပုခုံးကိုတိုက်ကာထွက်သွားတော့သည်။ဖန်းဟုန်စီကသက်ပြင်းအသာချပြီးပြုံးနေတယ်...သူဆန္ဒတွေပြည့်ဝသွားတဲ့အတွက်အရမ်းပျော်နေတယ်။ရိပေါ်ကိုရှောင်းကျန့်လက်နဲ့ကိုယ်တိုင်သတ်ပြီးရိပေါ်နာကျင်ခံစားရတာကိုလဲကိုယ်တိုင်မြင်ခဲ့ပြီးပြီ...သူအရမ်းကျေနပ်တယ်...

*^^*

ဖန်းအိမ်တော်ရဲ့​အလုံပိတ်စတိုခန်းတစ်ခုတွင်ဖန်းဆောင်စီကနိုးထလာတယ်။သူ့မျက်လုံးတွေဖွင့်လိုက်တော့စတိုခန်းထဲကပစ္စည်းဟောင်းတွေအပြည့်မြင်လိုက်ရတယ်။သူကတော့ထိုင်ခုံတစ်လုံးမှာကြိုးတုတ်ခံထားရသည်။ဖန်းဆောင်စီကရုန်းကန်နေပေမဲ့ကြိုးကရုန်းလေတင်းလေဖြစ်နေတယ်။

"ဘယ်သူတွေရှိကြလဲ!!တစ်ယောက်မှမရှိကြဘူးလားငါ့ကိုလာခေါ်ကြစမ်း!!!"

သခင်ကြီးဖန်းကအော်ဟစ်နေသော်လဲတစ်အိမ်လုံးတိတ်ဆိတ်နေပြီးဘာသံမှမကြားရပေ။

ကျွီ..

ထိုချိန်တံခါးပွင့်လာပြီးတစ်စုံတစ်ယောက်ကဝင်လာတယ်။သူ့ရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်တဲ့လူကိုကြည့်ပြီးဖန်းဆောင်စီကဝမ်းသာသွားသည်။

"ဟုန်အာ.. မင်းလာတာအရမ်းကောင်းတယ်အားပါးကိုကြိုးဖြေပေးအုံး ဘယ်ချိန်ရှိနေပြီလဲAceစံအိမ်ကိုသွားရအုံးမယ် ဒီနေ့ဝမ်ရိပေါ်ကိုအပြတ်ရှင်းရမယ်"

ဖန်းဆောင်စီကAceစံအိမ်ကိုလာဖို့ပြင်ဆင်နေတုန်းရုတ်တရတ်မေ့ဆေးပေးခံရပြီးသတိမေ့သွားသည်။ဘယ်ချိန်ထိမေ့နေသည်မသိသူသတိရလာတော့ဒီစတိုခန်းကိုရောက်နေတာဖြစ်တယ်။

"အားပါ..ဂိတ်ကြီးငါးဂိတ်ဆိုတာမရှိတော့ဘူး"

"မင်းဘာအဓိပ္ပါယ်လဲ"

"အားလုံးသေကုန်ကြပြီ .."

ဖန်းဆောင်စီကသူ့ရှေ့ကပြုံးနေတဲ့သားဖြစ်သူကိုကြည့်ပြီးကြက်သည်းတွေထလာမိတယ်။ကြိုးဖြေခိုင်းတာလဲမဖြေပဲထိုင်နေရာကနေထကာအခန်းထောင့်ကပုံတစ်လုံးယူလာသည်။ထို့နောက်ပုံးကိုစတိုခန်းအနှံ့လောင်းချနေတယ်။နှာခေါင်းဝကိုတိုးဝင်လာတဲ့ပြင်းလွန်းတဲ့ဓာတ်ဆီနံ့တွေကြောင့်ဖန်းဆောင်စီမျက်လုံးပြူးသွားသည်။

"ဖန်းဟုန်စီ..မင်းဘာတွေလုပ်နေတာလဲ!ရူးနေတာလား ခုချက်ချင်းငါ့ကိုကြိုးလာဖြေပေး!!!"

ဖန်းဟုန်စီကဂရုမစိုက်ပဲတစ်ခန်းလုံးဓာတ်ဆီတွေလောင်းပြီးထိုင်ခုံမှာပြန်ထိုင်နေလေသည်။သူ့မျက်နှာကနူးညံ့လှပပြီးပြုံးနေပေမဲ့အရမ်းအေးစက်ပြီးကြောက်စရာကောင်းတယ်။

"ဖန်းဟုန်စီ မင်း..မင်း ဘာတွေလျောက်လုပ်နေတာလဲ"

"အားပါးဒီကနေထွက်သွားနိုင်မှာမဟုတ်ဘူး အပြင်ကနေသော့ခတ်ထားပြီးပြီ အဆုံးသတ်ကြရအောင်"

ဖန်းဆောင်စီကအလွန်တုန်လှုပ်နေလေသည်။

"ကျွန်တော်လေဒီအိမ်ကိုစရောက်တုန်းကအားပါးကိုလေးစားခဲ့တယ်..ဒါကြောင့်ဆက်ခံသူတစ်ယောက်ဖြစ်နိုင်အောင်ကြိုးစားခဲ့တယ် ဘယ်လောက်ပဲပင်ပန်းနေပါစေ တစ်နေ့အားပါးဂုဏ်ယူရတဲ့သားတစ်ယောက်ဖြစ်စေရမယ်လို့...ဟက်..ကျွန်တော်အရမ်းတော်တယ်မလား"

"........."

"ဒါပေမဲ့လဲအားပါးကကျွန်တော့်ကိုမလိုချင်ခဲ့ဘူးဆက်ခံမဲ့သူမရှိလို့သာမတတ်နိုင်တော့လို့ပြန်ခေါ်ခဲ့တာ မိထွေးရဲ့နှိပ်စက်မှုတွေကိုသေလုမျောပါခံစားခဲ့ရတာတောင်အားပါးတစ်ချက်လေးလှည့်မကြည့်ခဲ့ဘူး..."

"..........."

"ရှောင်းလင်မယားကိုသတ်ခဲ့တဲ့အချိန်ကစပြီးကျွန်တော်အားပါးကိုအရမ်း အရမ်း မုန်းသွားခဲ့တာ ဟား...ဟားး"

ဖန်းဟုန်စီကစိတ်လွတ်နေတဲ့အရူးတစ်ယောက်နှယ်အော်ရယ်နေလေသည်။အူတက်အောင်ရယ်ရင်းမျက်ရည်တွေကျနေတယ်။

"လက်စားချေနိုင်ဖို့အတွက်ကျွန်တော်ဘာမဆိုလုပ်တယ် ညီအရင်းကိုတောင်နာကျင်စေတဲ့ထိလေ ခုကျွန်တော့်ညီလေးက ကျွန်တော့်ကိုမလိုချင်တော့ဘူးတဲ့ ကျွန်တော့ခေါင်းထဲတစ်ချိန်လုံးတွေးနေတာကရှောင်းလင်မယားအတွက် ပြီးတော့ကျွန်တော်နဲ့ရှောင်းငယ်လေးခံစားခဲ့ရတာတွေအတွက်ဘယ်လိုလက်တုံ့ပြန်ရမလဲဆိုတာပဲ...အဓိကထိပ်ဆုံးနာမည်စာရင်းမှာအားပါးပဲ.."

ဖန်းဆောင်စီကမျက်လုံးတွေပြုးကျယ်သွားသည်။

"ဖန်းဟုန်စီ!ငါကမင်းအဖေနော် "

"ဟက်..ကျွန်တော့ကိုရောသားတစ်ယောက်အဖြစ်အသိအမှတ်ပြုခဲ့လို့လား ရှောင်းလင်မယားကိုဘာလို့အပစ်မရှိပဲရက်ရက်စက်စက်သတ်ဖြတ်နိုင်ရတာလဲ အားပါး ကျွန်တော့ကိုသားလို့ခေါ်နိုင်မလား"

"မင်းလိုအဖေကိုပြန်သတ်ချင်နေတဲ့သားဆိုးသားမိုက်ကိုငါကဘာလို့သားလို့ခေါ်ရမလဲ! !ပါးစပ်သနတယ်ကွ ခွေးကောင်ရ!!"

"ကျွန်တော်ကိုတစ်ခါမှသားအဖြစ်မဆက်ဆံဖူးသလိုအသိအမှတ်မပြုခဲ့ဘူးမလား အားပါး..ကျွန်တော်တို့ငရဲမှာအတူဆုံကြတာပေါ့ မကောင်းဘူးလား"

"မင်း!! မင်း! !"

ဖန်းဟုန်စီကနှုတ်ခမ်းတွေပြုံးနေပြီးမျက်ရည်တွေကျဆင်းကာမီးခြစ်ခြစ်ပြီးဓာတ်ဆီတွေထဲပစ်ထည့်လိုက်တယ်။တဟုန်ထိုးထတောက်တဲ့မီးတွေကိုကြည့်ပြီးဖန်းဆောင်စီကသွေးပျက်နေသည်။အတင်းရုန်းကန်နေပြီးအော်ဟစ်နေတယ်။

"ဖန်းဟုန်စီ သေချင်ရင်မင်းပါမင်းတစ်ယောက်ထဲအရူးထပြီးသေ ငါ့ကိုဆွဲမထည့်နဲ့ကွ!!!"

ေနာက်ဆုံးအချိန်ထိ..နောက်ဆုံးအချိန်ထိတောင်ဒီစကားပြောထွက်နေတယ်..။ဖန်းဟုန်စီကမဲ့ခနဲပြုံးလိုက်တယ်။တည်ငြိမ်အေးစက်စွာနဲ့မျက်လုံးတွေမှိတ်ထားလိုက်တယ်။အော်ဟစ်ရုန်းကန်နေတဲ့သူ့အဖေကိုမမြင်ချင်ဘူး။အရားအားလုံးအဆုံးသတ်သွားပြီး သူ့ရဲ့မဟာရန်သူကြီးတွေကိုလဲပျောက်ကွယ်သွားအောင်လုပ်နိုင်ခဲ့ပြီ။အားပါးကသူ့အဖေ...သူ့အဖေကိုသူ့ချစ်တဲ့သူတွေအတွက်လက်စားချေရမယ်ဆိုတဲ့ရည်ရွယ်ချက်ကလွန်ခဲ့တဲ့၇နှစ်ကျော်ထဲကဦးနှောက်ထဲရိုက်သွင်းထားခဲ့တာ။အားလုံးပြီးဆုံးသွားရင်သူလဲအသက်မရှင်ချင်တော့ဘူး..အဖေတစ်ယောက်လုံးကိုပြန်သတ်ပြီးသူအသက်ဆက်မရှင်ချင်ဘူး...

ဖန်းအိမ်တော်ထဲအော်ဟစ်သံတွေက ကျယ်လောင်စွာထွက်ပေါ်နေသည်။တဖြည်းဖြည်းနဲ့အိမ်တော်ကြီးတစ်ခုလုံးမီးတွေဟုန်းဟုန်းတောက်လောင်ကျွမ်းကာမီးခိုးလုံးကြီးတွေထွက်လာသည်။

ဖန်းဟုန်စီရောဖန်းဆောင်စီရောအပြင်ထွက်နိုင်ခြင်းမရှိပဲမီးထဲပါသွားခဲ့တယ်။

ရှောင်းဦးဦးနဲ့မား..ကောင်းကင်ဘုံကနေကျေနပ်ရဲ့လားကျွန်တော်တာဝန်ကျေပါတယ်နော် ဒါပေမဲ့ရှောင်းငယ်လေးကိုတော့မစောင့်ရှောက်နိုင်ခဲ့ဘူးသူ့ကိုနာကျင်အောင်လုပ်ခဲ့မိတယ်ကျွန်တော်ကအကိုဆိုးတစ်ယောက်လားဟင်..နေ့တိုင်းမုန့်လုံးကြော်တွေလုပ်ခဲ့တယ်အရသာရှိအောင်လုပ်နိုင်အောင်ကြိုးစားခဲ့တယ်ရှောင်းငယ်လေးကိုကျွေးချင်လို့... ခါတူးလန်နေတဲ့မုန့်လုံးကြော်တွေပဲကလေးကိုကျွေးနိုင်ခဲ့ပြီးအရသာရှိတာတွေကိုမကျွေးနိုင်ခဲ့ဘူး...နောက်ထပ်အခွင့်အရေးဆိုတာလဲမရှိတော့ဘူး...

ဖန်းအိမ်တော်ကြီးကမီးတွေကြားတမြေ့မြေ့လောင်ကျွမ်းကာငြိမ်းသူမဲ့နေလေသည်။မီးတောက်ကြီးတွေရှေ့ရပ်နေတဲ့သူကမီးတွေကိုကြည့်နေရင်းမျက်ရည်တစ်စက်ကပါးပေါ်စီးကျသွားတယ်။

"ဒါကမင်းအတွက်နောက်ဆုံးကျတဲ့မျက်ရည်ပဲကိုကို..."

ထို့နောက်မှာတော့မီးတောက်ကြီးတွေကိုကျောခိုင်းပြီးလှည့်ထွက်လာခဲ့သည်။သူ့လက်ထဲဘူးလေးတစ်ခုဆွဲထားရင်းနှင့်...သေချာတာကထိုဘူးထဲမုန့်လုံးကြော်တွေအစီအရီရှိနေမှာပင်..

အတိတ်ကပျော်ရွင်စရာမိသားစုကပြန်လည်ပေါ်လွင်လာမိတယ်

~~ရှောင်းငယ်လေးပါးပါးဆီလာ~~

~~ရှောင်းငယ်လေးမားမားဆီလာ~~

~~ပါးပါးကိုလဲချစ်တယ် မားမားကိုလဲချစ်တယ် အားကျယ်ကိုလဲချစ်တယ်..ခ်ခ်~~

~~ကလေး ကိုကို ကလေးအတွက်အရမ်း..အရမ်း.အရသာရှိတဲ့မုန့်လုံးတွေကြော်ပေးမယ်...~~

💚💛❤

20ခု
Zaw

ဘယ္လိုကေနဘယ္လိုသူအိပ္ေပ်ာ္သြားသည္မသိ။မ်က္လုံးေတြဖြင့္ၾကည့္ေတာ့ေတြ႕ခ်င္ေနတဲ့သူကိုမေတြ႕ရတာေၾကာင့္ထထိုင္လိုက္သည္။သူ႔လက္ထဲတစ္ခုခုကိုင္ထားမိတာကိုသတိထားမိေတာ့ၾကည့္လိုက္တယ္။အနီေရာင္လက္ထက္မွတ္ပုံတင္ကသူလက္ထဲမွာေနရာယူထားသည္။

မင္းငါ့သေဘာကိုမေမးပဲလုပ္ခ်င္တာလုပ္သြားျပန္ၿပီ ငါ့ကိုတားလို႔ရမွာမဟုတ္ဘူး ငါမင္းေနာက္မရ ရေအာင္လိုက္ခဲ့မွာ

ေရွာင္းက်န္႔ကလက္ထက္မွတ္ပုံတင္ကိုေခါင္းအုံးေအာက္မွာထားၿပီးအခန္းျပင္ကိုထြက္ဖို႔လုပ္သည္။တံခါးကိုဆြဲဖြင့္လိုက္ေတာ့အေရွ႕မွာပိတ္ရပ္ထားတဲ့ကိုယ္ရံေတာ္သုံးေယာက္ကသူ႔ကိုထြက္ခြင့္မေပးဘူး။

"ဖယ္! !"

"ဒီလိုလုပ္လို႔မရဘူးသခင္ေလးBossကကြၽန္ေတာ္တို႔ကိုအမိန္႔ေပးသြားတယ္သခင္ေလးအိမ္ေတာ္မွာပဲေစာင့္ေနေပးပါ"

"ငါ့ခ်စ္သူတစ္ေယာက္လုံးအႏၲရာယ္ထဲက်ေနတာငါကဒီတိုင္းထိုင္ေနရမွာလား မင္းတို႔ကိုယ္ခ်င္းမစာမေျပာနဲ႔ ငါ့ေရွ႕ကခုခ်က္ခ်င္းဖယ္ ငါBoss Wangေနာက္လိုက္သြားမယ္ "

ေရွာင္းက်န္႔ကမတည္ၿငိမ္ပဲေယာင့္ယတ္ခတ္ကာေျပာေနေသာ္လဲကိုယ္ရံေတာ္ေတြကခြင့္ျပဳမည့္ပုံမေပၚ။ဒါေၾကာင့္ေသနတ္နဲ႔သူ႔နားထင္ကိုခ်ိန္ထားလိုက္တယ္။

"မင္းတို႔ငါ့ေရွ႕ကမဖယ္ရင္ငါ့ကိုယ္ငါပစ္သတ္လိုက္မွာေနာ္"

"တကယ္ပဲBoss ထင္တဲ့အတိုင္းပဲ"

Chuoကတီးတိုးေရ႐ြတ္ၿပီးေရွာင္းက်န္႔နားေျခတလွမ္းတိုးသြားသည္။ေရွာင္းက်န္႔ကေသနတ္ကိုသူတို႔ဘက္ကိုလွမ္းခ်ိန္လိုက္တယ္။

"သခင္ေလး စိတ္ေအးေအးထားပါ "

"ငါခုခ်ိန္မွာစိတ္ေအးႏိုင္မယ္ထင္ေနတာလား ငါ့ခံစားခ်က္ကိုမင္းတို႔ဘာလို႔နားမလည္ေပးႏိုင္ရတာလဲ!!! ငါ...ငါတို႔ကခုမွေပ်ာ္႐ြင္စရာအခ်ိန္ေလးေတြပိုင္ဆိုင္ကာစပဲရွိေသးတယ္ Boss Wangကိုဆုံးရႈံးခံႏိုင္မယ္ထင္ေနလား "

"သခင္ေလးစိုးရိမ္သလိုကြၽန္ေတာ္တို႔လဲစိုးရိမ္တာပဲဒါေပမဲ့Bossရဲ႕အမိန္႔တစ္ခြန္းက ကြၽန္ေတာ္တို႔ေသဆိုေသရွင္ဆိုရွင္ပဲ လြန္ဆန္လို႔မရဘူး"

"........."

ေရွာင္းက်န္႔ရဲ႕ေသနတ္ကိုင္ေျမႇာက္ထားတဲ့လက္ကအားေလ်ာ့က်သြားသည္။

"Boss ျပန္လာႏိုင္မလားျပန္မလာႏိုင္မလားဆိုတာမေသခ်ာတဲ့အခ်ိန္မွာကြၽန္ေတာ္တို႔သခင္ေလးကိုလဲထပ္ၿပီးအဆုံးရႈံးမခံႏိုင္ဘူး"

"ဟုတ္တယ္သခင္ေလး ဒါကBoss အမိန္႔ပဲ"

ေရွာင္းက်န္႔ကၾကမ္းေပၚစိတ္ပ်က္စြာပုံလ်က္သားထိုင္ခ်လိုက္သည္။လက္ထဲမွာပစၥတိုကိုတင္းၾကပ္စြာဆုပ္ထားလ်က္သားႏွင့္ပင္...

*^^*

ဒိုင္း!!!

ဒိုင္း!!!!

Aceစံအိမ္ထဲေသနတ္သံေတြကအဆက္မျပတ္ထြက္ေပၚလာသည္။တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့စံအိမ္ႀကီးရဲ႕ပင္မhallခန္းက်ယ္ႀကီးထဲလဲက်ေသဆုံးေနတဲ့လူသုံးေယာက္ဂိတ္သုံးဂိတ္ကေခါင္းေဆာင္ေတြျဖစ္ၿပီးဖန္းေဆာင္စီေတာ့မပါေပ။ သူတို႔အလယ္မွာရပ္ေနတဲ့သူကေတာ့ေသြးေအးရက္စက္ပုံနဲ႔Boss Wangပင္။တစ္ကိုယ္လုံးမသတီစရာေသြးေတြစြန္းထင္းေနတာေၾကာင့္ႏွာေခါင္းကိုရႈံ႕မဲ့လိုက္တယ္။

ဂိတ္ေတြရဲ႕ေခါင္းေဆာင္ေတြကေတာ့သူ႔လက္ခ်က္ေၾကာင့္အသက္ေပ်ာက္ကုန္ၿပီ။စံအိမ္ႀကီးထဲအသက္ရွင္တာဆိုလို႔သူတစ္ေယာက္ပဲရွိေနတယ္။

အစကေတာ့သူ႔ကိုဒီတိုင္းအျမင္မၾကည္ျဖစ္ၿပီးမနာလိုၾကတာပဲ။အဲ့တုန္းကလဲသူကၿငိမ္ၿငိမ္ပဲေနခဲ့ပါတယ္ ခုေတာ့အမုန္းပြားၿပီးအျပတ္ရွင္းဖို႔ေတာင္ႀကံေနတာဆိုေတာ့သူလဲဘာကိုေစာင့္ဆိုင္းေနရအုံးမွာလဲ။လက္ဦးမႈအရင္ယူၿပီးသတ္ပစ္ရမွာေပါ့။ေျမေခြးအိုႀကီးေတြကလြယ္လြယ္နဲ႔သူ႔လက္ေအာက္အသက္ထြက္ရလိမ့္မယ္လို႔မထင္ထားမိတာေတာ့အမွန္။

ဝမ္ရိေပၚကအိပ္ကပ္ထဲကစီးကရတ္တစ္လိပ္ထုတ္ၿပီးပါးစပ္မွာခဲလိုက္တယ္။မီးျခစ္ထုတ္မယ္လုပ္ေတာ့သူသတိရသြားတယ္။မီးျခစ္ကသူ႔ဆီမွာမရွိဘူးေရွာင္းက်န္႔ဆီမွာပဲ သူ႔အသက္ေလးကေဆးလိပ္မီးကိုယ္တိုင္ညႇိေပးရမွေက်နပ္တာမလား။ဝမ္ရိေပၚကေဆးလိပ္ကိုခဲထားရင္းနဲ႔ၿပဳံးလိုက္တယ္။

ခုေတာင္ေဘဘီကိုလြမ္းလာၿပီ ေစာင့္ေနေပးတယ္မလား ကိုယ္ခုပဲျပန္လာၿပီး ကိုယ္ျပန္လာရင္ေဘဘီနဲ႔ထာဝရအတူေနမယ္....Jinနဲ႔ေရွာင္းက်န္႔ကိုရင္းႏွီးေအာင္လုပ္ေပးမယ္တေလာကလုံးကအားက်ရေလာက္တဲ့ထိခ်စ္ေပးမယ္အရင္ကနာက်င္ေစခဲ့တာေတြအတြက္ျပန္ေပးဆပ္မယ္ အားလုံးၿပီးသြားၿပီမလို႔ကိုယ္တို႔ကိုဘယ္သူမွဒုကၡေပးလို႔မရေတာ့ဘူး....ေရွာင္းက်န္႔ ကိုယ္မင္းကို ကာကြယ္ေပးမွာ အရမ္းခ်စ္တာသိတယ္မလား

Boss Wangကအေတြးေတြနဲ႔အတူအနာဂတ္ကိုႀကိဳေတြးၿပီးၾကည္ႏူးေနေလသည္။ေဆးလိပ္ကိုပစ္ခ်ၿပီးခ်စ္ရသူဆီျပန္ဖို႔ေျခလွမ္းျပင္လိုက္တယ္

ဒိုင္း!!

သူ႔ရင္ဘက္ကအရမ္းနာက်င္သြားတယ္ ငုံ႔ၾကည့္လိုက္ေတာ့က်ည္ေပါက္ရာႀကီးကရွိေနၿပီးေသြးေတြထြက္ေနတယ္။အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့သူ႔ေရွ႕မွာေရခဲ႐ိုက္မ်က္ႏွာနဲ႔ရပ္ေနတဲ့လူ....သူကမ်က္လွည့္ဆရာပဲ ဖန္းအိမ္ေတာ္ကယြင္ေရွာက္လဲပါတယ္

ဝမ္ရိေပၚကမ်က္ခုံးေတြတြန္႔ခ်ိဳးသြားတယ္သူေက်ာ့ကြင္းမိသြားၿပီ ။ေသနတ္ထုတ္ၿပီးျပန္ပစ္ဖို႔လုပ္ေပမဲ့သူ႔ပုခုံကိုဝင္လာတဲ့ေနာက္ထပ္က်ည္ေၾကာင့္ေသနတ္ကလႊတ္က်သြားတယ္။လႊတ္က်သြားတဲ့ေသနတ္ကိုယြင္ေရွာက္ကနံရံေထာင့္ကိုကန္ထုတ္ပစ္လိုက္တယ္။

သူဘာလို႔မ်က္လွည့္ဆရာကိုေမ့ေနခဲ့တာလဲဘာလို႔ေပါ့ဆခဲ့မိတာလဲ အစထဲကမလႊတ္ေပးပဲအေသသတ္ပစ္ခဲ့ရမွာ။

ဒိုင္း!!

ဒီတစ္ခါေတာ့က်ည္ကဝမ္းဗိုက္ကိုထုတ္ခ်င္းေဖာက္ဝင္သြားသည္။ေသနတ္ကိုင္ထားတဲ့လူကေအးစက္ေနတဲ့မ်က္ႏွာနဲ႔အံတင္းတင္းႀကိတ္ထားၿပီးစကားတစ္ခြန္းေျပာလာတယ္

"ေရွာင္းက်န္႔ကိုအဆုံးအရႈံးမခံႏိုင္ဘူး"

"ဟက္..မင္းကသူမ်ားအပိုင္ကိုပစ္မွားေနတာပဲ မင္းဝဋ္လည္လိမ့္မယ္"

"ေရွာင္းက်န္႔ကငါ့ဟာ!!!!"

ဒိုင္း!!

ဝမ္ရိေပၚရဲ႕မ်က္လုံးေတြကျပာေဝလာၿပီးေလာကႀကီးကိုေတာင္သဲသဲကြဲကြဲမျမင္ရေတာ့ေပ။ဆက္ၿပီးမေတာင့္ခံႏိုင္ေတာ့ပဲေသနတ္ဒဏ္ရာေလးခ်က္နဲ႔သူလဲက်ေတာ့မလား....အားတင္းထားေပမဲ့ၾကမ္းေပၚလဲက်သြားေတာ့သည္။ထိုခ်ိန္ေျပးဝင္လာၿပီးသူ႔ကိုဝိုင္းထားၾကတဲ့လူေတြကဂိတ္ေလးဂိတ္ကလူေတြပဲအေယာက္၃၀ေလာက္ရွိၿပီးသူ႔ကိုပတ္ခ်ာလည္ဝိုင္းကာေသနတ္ေတြႏွင့္ခ်ိန္႐ြယ္ထားၾကသည္။ေသြးအိုင္ထဲလဲေနတဲ့သူကအေပါက္ဝကိုသာေငးၾကည့္ေနတယ္

ကိုယ္ကတိမတည္ႏိုင္ေတာ့ဘူးထင္တယ္ေရွာင္းက်န္႔...ေနာက္ဆုံးမင္းမ်က္ႏွာေလးကိုေတာ့ျမင္ခ်င္မိတယ္ ေျမေခြးအိုႀကီးေတြဒီေလာက္ထိယုတ္မာပက္စက္လိမ့္မယ္လို႔မထင္ထားဘူး မ်က္လွည့္ဆရာကိုလဲေလ်ာ့တြက္ခဲ့မိတယ္...ကိုယ္ကိုကိုယ္အထင္ႀကီးမိသြားတယ္...

Lao Wangကလဲက်ေနတဲ့သူကိုစူးစိုက္ၾကည့္ၿပီးမ်က္ႏွာကခံစားခ်က္မဲ့ေနေသာ္လဲသူေက်နပ္ေနသည္။သူ႔လက္နဲ႔ကိုယ္တိုင္ရွင္းပစ္ႏိုင္ခဲ့ၿပီ ယြင္ေရွာက္ကေတာ့အႀကံအစည္ၿပဳံးႀကီးနဲ႔ၿပဳံးေနတယ္။

"Boss Wang!!!!"

"Boss!!!!"

ထိုခ်ိန္ေျပးဝင္လာတဲ့သူကေရွာင္းက်န္႔ျဖစ္ၿပီးကိုယ္ရံေတာ္ေတြလဲပါသည္။ေရွာင္းက်န္႔ကိုလဲေတြ႕ေရာရိေပၚရဲ႕ေသနတ္ကေအာက္ကိုခ်ထားလိုက္တယ္။ေရွာင္းက်န္႔ကလူေတြဝိုင္းအုံေနတဲ့အလယ္မွာေသြးအိုင္ထဲလဲက်ေနတဲ့သူအနားသြားၿပီးရင္ခြင္ထဲဆြဲေပြ႕ထားေလသည္။ကိုယ္ရံေတာ္ေတြလဲသူတို႔Bossကိုေတြ႕ၿပီးအလြန္စိတ္တိုေနၾကတယ္..

ေရွာင္းက်န္႔ကဝမ္ရိေပၚကိုရင္ခြင္ထဲတင္းတင္းေပြ႕ထားရင္တဆတ္ဆတ္တုန္ယင္ေနသည္။ေဘးပတ္ပတ္လည္မွာရွိေနတဲ့သူေတြကရိေပၚကလြဲၿပီးသူတို႔ႏွစ္ေယာက္ကိုေသနတ္ေတြနဲ႔ခ်ိန္ထားၾကၿပီးမလႈပ္မယွက္ၾကည့္ေနၾကတယ္။ေရွာင္းက်န္႔ဒါေတြဂ႐ုမစိုက္အားဘူးသူရင္ေတြဆုတ္ၿဖဲေနသလိုခံစားရတယ္

Aceစံအိမ္တစ္ခုလုံးအပ္က်သံၾကားရေလာက္ေအာင္တိတ္ဆိတ္ေနၿပီးေရွာင္းက်န္႔ကလဲBossWangကိုသူ႔ဆီကသူမ်ားလုသြားမွာစိုးတဲ့အလားေပြ႕ဖက္ထားတယ္။ရိေပၚကထိုျမင္ကြင္းကိုေအးစက္စက္ျဖင့္သာၾကည့္လို႔ေနသည္။သူ႔ရင္ထဲမွာလဲအပ္နဲ႔ထိုးဆြေနသလိုနာက်င္ရပါတယ္...

Boss Wang. ..ခုခ်ိန္ကစၿပီးမင္းကငါ့ခင္ပြန္းျဖစ္သြားၿပီး ငါတို႔ကလက္ထက္ၿပီးၿပီေလ ေနာ္...ငါတို႔သက္ဆုံးတိုင္အတူေနသြားၾကမယ္ မင္းဘာမွျဖစ္လို႔မရဘူး ငါခြင့္မျပဳႏိုင္ဘူး

ေရွာင္းက်န္႔ကသူ႔ရင္ထဲစကားေတြအမ်ားႀကီးေျပာၿပီးငိုေႂကြးေနေပမဲ့အျပင္မွာေတာ့စကားတစ္ခြန္းမထြက္သလိုမ်က္ရည္တစ္စက္မက်။ခံစားခ်က္မဲ့ေနတဲ့မ်က္ဝန္းေတြနဲ႔ဝမ္ရိေပၚကိုဖက္ထားသည္။သူ႔အက်ႌမွာလဲေသြးေတြရစရာမရွိေအာင္စြန္းထင္းကုန္တယ္။

ငါတို႔ကခုမွေပ်ာ္႐ြင္ဖို႔အစပဲရွိေသးတာေလမင္းကဒီတိုင္းငါ့ကိုတစ္ေယာက္ထဲထားၿပီးထြက္သြားေတာ့မလို႔လား...ဟင့္အင္း ငါခြင့္မျပဳႏိုင္ဘူး ဒီလိုမျဖစ္ရဘူး...ငါ ငါမင္းမရွိပဲမေနႏိုင္ဘူးBoss Wang ရာ..ငါ့ကိုတစ္ေယာက္ထဲမထားခဲ့ပါနဲ႔ေနာ္ငါေၾကာက္လို႔ပါ ငါတစ္ေယာက္ထဲေၾကာက္ေနလို႔မင္းငါ့ကိုအေဖာ္လာလုပ္ေပးပါ...

ရင္ခြင္ထဲကခ်စ္ရသူကေတာ့ၿငိမ္သက္လို႔ေနၿပီးသူ႔ရဲ႕ရင္တြင္းစကားေတြကိုလဲမၾကားေပ။ေရွာင္းက်န္႔ကလက္တစ္ဖက္ကBoss Wangကိုေပြ႕ဖက္ထားရင္းက်န္လက္တစ္ဖက္ကဝမ္ရိေပၚေပးထားခဲ့တဲ့ပစၥတိုနဲ႔သူတို႔ကိုဝိုင္းထားတဲ့လူေတြကိုခ်ိန္႐ြယ္ထားလိုက္တယ္။ဒီလူေတြကိုသူတစ္ေယာက္ထဲအားနဲ႔မယွဥ္ႏိုင္ပါဘူး ဒါေပမဲ့သူ႔ခ်စ္သူကိုနာက်င္ေအာင္လုပ္တဲ့သူေတြကိုတစ္ေယာက္မက်န္ျပန္ခံစားေစရမယ္..

ေသနတ္ကိုပတ္ပတ္လည္လိုက္ခ်ိန္ေနရင္းတစ္ေနရာအေရာက္မွာသူ႔လက္ေတြရပ္တန္႔သြားတယ္။Lao Wang. ....

သူ႔ကိုစိုက္ၾကည့္ေနတဲ့သူကLao Wangပဲ..သေဘာေပါက္သြားပါၿပီ ငါမင္းကိုမိဘေတြသတ္ခဲ့တာကိုေတာင္ခြင့္လြတ္ေပးခဲ့တယ္ ခုေတာ့မင္းက.....

ရိေပၚကသူ႔ကိုစိုက္ၾကည့္ၿပီးလွည့္ထြက္သြားသည္။ေရွာင္းက်န္႔ကလက္သီးတင္းတင္းဆုပ္ၿပီးBoss Wangကိုတစ္ခ်က္နမ္းလိုက္တယ္။ၿပီးေတာ့ဒီက ကိစၥေတြကို ကိုယ္ရံေတာ္ေတြနဲ႔လႊဲခဲ့ၿပီးBoss Wangကို Chuoနဲ႔အပ္ခဲ့သည္။ေသနတ္ကိုတင္းတင္းကိုင္ၿပီးရိေပၚေနာက္ေျပးလိုက္သြားသည္။

ငါဘာဆက္လုပ္ရမလဲLao Wang. ..

*^^*

ေတာင္ထိပ္အစြန္းဖ်ားမွာေက်ာခိုင္းရပ္ေနတဲ့သူအနားေရွာင္းက်န္႔ခ်ည္းကပ္သြားလိုက္သည္။ရင္ထဲကတဆစ္ဆစ္နဲ႔အရမ္းနာက်င္ရသည္။ဘာလို႔Lao Wangလဲ...ဘာလို႔သူျဖစ္ေနရတာလဲ

သူေရာက္သြားေတာ့ရိေပၚကလွည့္ၾကည့္လာတယ္။ေအးစက္ေနတဲ့မ်က္ႏွာနဲ႔မလိုက္ဖက္စြာမ်က္ဝန္းေတြကေဖ်ာ့ေတာ့ေနေလသည္။ႏွစ္ေယာက္ၾကားတိတ္ဆိတ္ေနၿပီးေတာင္ထိပ္မွာျဖစ္တာေၾကာင့္ေလတဟူးဟူးသံသာထြက္ေပၚလို႔ေနတယ္။ဒီေနရာကအနည္းငယ္ေတာက်ၿပီးအေနာက္ဘက္ေတာင္လမ္းၾကားျဖစ္တာေၾကာင့္ေအာက္မွာေခ်ာက္ကမ္းပါးႀကီးသာရွိေတာ့သည္။

"ဘာလို႔လဲ...ဘာလို႔ဒီလိုလုပ္တာလဲ "

"မင္းကိုခ်စ္လို႔ ငါမင္းကိုလိုခ်င္လို႔ဒီလိုလုပ္တာ"

"မင္းငါ့ခံစားခ်က္ကိုမထည့္တြက္ေပးဘူးလားငါဘယ္လိုခံစားရမလဲမေတြးဘူးလား"

"ဟက္"

ေရွာင္းက်န္႔ေျပာေတာ့ရိေပၚကနာက်င္စြာရယ္လိုက္တယ္။ေရွာင္းက်န္႔မ်က္ႏွာကိုေစ့ေစ့ၾကည့္ၿပီး

"မင္းကေရာငါ့ခံစားခ်က္ကိုေတြးဖူးလို႔လား ငါမင္းကိုဘယ္ေလာက္ေတာင္ခ်စ္ခဲ့လဲ မင္းငါ့အခ်စ္ေတြကိုအသိအမွတ္ျပဳခဲ့လို႔လား မိုးနတ္မင္းကငါ့ေပၚရက္စက္လြန္းတယ္ တရားမွ်တမႈဆိုတာလုံးဝမရွိခဲ့ဘူး...."

ရိေပၚကသူ႔ခံစားခ်က္ေတြကိုေပါက္ကြဲခ်င္ေနသည္။ေရွာင္းက်န္႔နားလည္လိုက္တယ္။သူပဲစတင္ခဲ့တာပဲအရာအားလုံးကိုသူကစတင္ခဲ့တာသူ႔ေၾကာင့္ပဲျဖစ္လာတာေတြကိုသူပဲအဆုံးသတ္ေပးမယ္။

"ခုခ်ိန္မွာငါ့ရင္ကိုခြဲျပလို႔ရရင္ငါခြဲျပခ်င္တယ္ ငါမင္းကိုအရမ္းခ်စ္တယ္ေရွာင္းက်န္႔ ငါေနာက္ဆုံးတစ္ေခါက္ေလးပဲေမ်ာ္လင့္ခ်က္ထားခဲ့တာ မင္းငါ့ကိုခ်စ္လာႏိုင္မလားဆိုတဲ့ရည္႐ြယ္ခ်က္ေလးနဲ႔..ခုေတာ့ငါသိသြားၿပီး မင္းနဲ႔သခင္ႀကီးဝမ္ကိုေတြ႕လိုက္တဲ့အခ်ိန္မွာငါအားလုံးသိသြားၿပီ..."

ရိေပၚရဲ႕နာက်င္မႈေတြကိုေရွာင္းက်န္႔ကိုျမင္ေစခ်င္တယ္။အစထဲကမလွပတဲ့ဇာတ္လမ္းကဇာတ္သိမ္းလဲလွပမွာမဟုတ္ဘူး...ငါမင္းကိုအသက္ထက္ပိုခ်စ္တယ္ဆိုတာေတာ့ယုံၾကည္ေပးေစခ်င္တယ္။ခ်စ္ရသူအမုန္းကို ကိုယ္တိုင္လက္နဲ႔ဖန္တီးခဲ့မိတဲ့သူ႔အျဖစ္ကရင္နာစရာပဲ..

"ေရွာင္းငယ္ေလး"

ႏူးညံ့တဲ့အသံထြက္လာရာသူတို႔ၾကည့္မိေတာ့ဖန္းဟုန္စီျဖစ္သည္။ဖန္းဟုန္စီကသူတို႔ႏွစ္ေယာက္ရွိတဲ့ဘက္ကိုေရာက္လာၿပီးေရွာင္းက်န္႔ေဘးမွာနီးကပ္စြာရပ္လိုက္တယ္။ႏႈတ္ခမ္းထက္မူပိုင္အၿပဳံးတစ္ခုနဲ႔ေရွာင္းက်န္႔ပုခုံးကိုဖက္ကာအနားကပ္ၿပီးေလသံေဖ်ာ့ေဖ်ာ့နဲ႔ေလးတိေလးကန္ေျပာတယ္။

"ေရွာင္းငယ္ေလး ရန္သူကအေရွ႕မွာေရာက္ေနၿပီေလဘာကိုတုံ႔ဆိုင္းေနတာလဲ ေရွာင္းဦးဦးနဲ႔မားကိုေရာ သခင္ႀကီးဝမ္ကိုပါနာက်င္ေစခဲ့တဲ့သူကကိုယ့္ေရွ႕ေရာက္ေနၿပီး အေတြးမမွားနဲ႔ေနာ္ဒီလိုအခြင့္အေရးကေနာက္ထပ္မရႏိုင္ေတာ့ဘူး "

ဖန္းဟုန္စီကအနားမွာတိုးတိုးလာေျပာေနသည္။သူ႔အေရွ႕ကLao Wangကမ်က္ႏွာေသျဖင့္သူ႔ကိုေတြေတြႀကီးေငးၾကည့္လို႔ေနတယ္။ဒီမ်က္ဝန္းေတြထဲဘယ္ေလာက္ထိနာက်င္ေနလဲဆိုတာေပၚလြင္ေနသည္။မင္းသာBoss Wangကိုထိခိုက္ေအာင္မလုပ္ခဲ့ရင္ငါမင္းကိုမမုန္းဘူး မိတ္ေဆြတစ္ေယာက္အျဖင့္အသိအမွတ္ျပဳႏိုင္ေသးတယ္။

"ေရွာင္းငယ္ေလး ကိုကိုတို႔မိသားစုကိုၿပိဳကြဲေအာင္သူလုပ္ခဲ့တာေနာ္ မားတို႔ကေကာင္းကင္ဘုံကေနကေလးအတြက္ဂုဏ္ယူေနေတာ့မွာ... သူ႔ကိုခုခ်က္ခ်င္းေသနတ္နဲ႔ပစ္လိုက္...သူ႔ႏွလုံးတည့္တည့္ကိုက်ည္ဆံဝင္ေအာင္လုပ္လိုက္..."

"........"

"........."

ဖန္းဟုန္စီကစကားေတြေျပာေနေပမဲ့သူတို႔ႏွစ္ေယာက္ကတစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ၿပီးၿငိမ္သက္ေနမိသည္။

"ရိေပၚကသခင္ႀကီးဝမ္ရဲ႕ခႏၶာကိုယ္ထဲက်ည္ဆံေတြအခ်က္ေပါင္းမ်ားစြာပစ္ခဲ့တာေနာ္"

ထိုစကားၾကားၿပီးေနာက္မွာေရွာင္းက်န္႔ရဲ႕ေသနတ္ကိုင္ထားတဲ့လက္ကတင္းၾကပ္သြားၿပီးမ်က္လုံးေတြကစူးရဲသြားသည္။မ်က္ခမ္းစပ္ေတြရဲလာၿပီးရိေပၚကိုစူးစိုက္ၾကည့္လို႔ေနတယ္။ရိေပၚကေတာ့ေတြေတြႀကီးနဲ႔နာက်င္စြာေငးၾကည့္ေနတုန္းပင္။ဖန္းဟုန္စီကေရွာင္းက်န္႔ကိုၾကည့္ၿပီးႏႈတ္ခမ္းေတြေကြးၫြတ္သြားတယ္။

ေရွာင္းက်န္႔ရဲ႕ေသနတ္ကရိေပၚကိုတည့္တည့္ခ်ိန္ထားလိုက္တယ္။သူ႔လက္ေတြကအနည္းငယ္တုန္ယင္ေနေလသည္။မ်က္ဝန္းကလဲမ်က္ရည္ေတြေဝ့ဝဲေနတယ္။ရိေပၚကတုတ္တုတ္မလႈပ္ေပ။

"ေရွာင္းက်န္႔...ငါမင္းကိုေမးခ်င္တာရွိတယ္ မင္းငါ့ကိုခ်စ္ခဲ့ဖူးလား"

"........."

"ဒီေမးခြန္းကမင္းအတြက္အဲ့ေလာက္ေတာင္ေျဖရခတ္ေနတာလား"

"မင္းနဲ႔ငါကအစထဲကလုံးဝမပက္သက္ခဲ့သင့္ဘူး မင္းကိုေတြ႕ခဲ့မိလို႔ငါအရမ္းေနာင္တရတယ္"

ရိေပၚႏွလုံးသားကိုအစိတ္စိတ္မြေျခေနတဲ့စကားလုံးပင္။ဒါကသူ႔ေမးခြန္းရဲ႕အေျဖမဟုတ္ေသးဘူး

"မင္းငါ့နားမွာရွိေနခဲ့တဲ့အခ်ိန္ေတြတုန္းက မင္းငါ့ကိုခ်စ္ခဲ့ဖူးလား.."

"........"

"ငါကေတာ့မင္းကိုအရမ္းခ်စ္တယ္ "

ေရွာင္းက်န္႔ကႏႈတ္ခမ္းကိုဖိကိုက္ထားလိုက္သည္။

"မင္းငါ့နားကိုဘာအႀကံနဲ႔ေရာက္လာလဲဆိုတာသိခဲ့တာေတာင္ မင္းကဘယ္သူလဲဆိုတာသိခဲ့တာေတာင္ မင္းကငါ့ရန္သူဆိုတာသိခဲ့တာေတာင္ငါ့အခ်စ္ေတြကရပ္တန္႔လို႔မရဘူး မင္းကိုသိေစခ်င္တယ္ ဒီေလာကမွာမင္းကိုအသက္ထက္ခ်စ္တာသခင္ႀကီးဝမ္တစ္ေယာက္ထဲမဟုတ္ဘူး..ငါလဲရွိေနေသးတယ္ မင္းဘာလို႔ငါ့ကိုမျမင္ႏိုင္ရတာလဲ"

"ငါBoss Wangကိုပဲခ်စ္တယ္သူတစ္ေယာက္ထဲပဲငါ့ရင္ထဲေနရာအျပည့္သူပဲေနရာယူထားတာ အခ်စ္ကဖန္တီးရယူလို႔မရဘူးသူ႔အလိုလိုေပါက္ဖြားလာတာ ဒီလူ႔ကိုပဲမျဖစ္မေနခ်စ္ရမယ္ဆိုၿပီးအမိန္႔ေပးေနလို႔မရဘူး..."

ေရွာင္းက်န္႔စကားေတြၾကားၿပီးေနာက္ရိေပၚကေသနတ္ကိုထုတ္ၿပီးေရွာင္းက်န္႔ကိုျပန္ခ်ိန္ထားလိုက္သည္။

"ငါမပိုင္ရင္လဲဘယ္သူမွမရေစရဘူး"

ေရွာင္းက်န္႔ကမတုန္လႈတ္ေပမဲ့ဖန္းဟုန္စီကတုန္လႈတ္ေနသည္။သူစီစဥ္ထားတာေတြထဲဒါေတြမပါဘူးေလ။ရိေပၚဒီလိုလုပ္မယ္လဲမထင္ထားမိဘူး။

ေရွာင္းက်န္႔ကခလုတ္ကိုလက္ညိဳးနဲ႔ႏွိပ္ခ်ဖို႔အဆင္သင့္လုပ္ထားေတာ့ရိေပၚလဲထိုနည္းတူခလုတ္ကိုကိုင္ထားသည္။ေတာင္ထိပ္ေပၚအျပန္အလွန္ေသနတ္နဲ႔ခ်ိန္ထားၾကတဲ့ႏွစ္ေယာက္ကဘာေတြေတြးေနလဲဆိုတာသူတို႔ကိုယ္တိုင္ပဲသိႏိုင္ပါမည္။

ဖန္းဟုန္စီကဟန္မေဆာင္ႏိုင္ေလာက္ေအာင္မ်က္ႏွာပ်က္ယြင္းၿပီးသူတို႔ႏွစ္ေယာက္ကိုၾကည့္ေနတယ္။မ်က္ေတာင္မခတ္တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ေနၾကရင္းခလုတ္ကိုၿပိဳင္တူႏွိပ္ခ်လိုက္သည္။အစထဲကမဆုံးေတြ႕ခဲ့သင့္တဲ့သူတို႔သုံးေယာက္...မခ်စ္ခဲ့သင့္တဲ့သူတို႔သုံးေယာက္...အခ်ိန္ေတြေနာက္ျပန္ဆုတ္ခြင့္ရမယ္ဆိုရင္ေရွာင္းက်န္႔ငယ္ဘဝကိုျပန္သြားၿပီးသူတို႔သုံးေယာက္လုံးဝမေတြ႕ခဲ့ေအာင္ႀကိဳးစားမယ္..ေသနတ္ခလုတ္ကိုႏွစ္ေယာက္လုံးႏွိပ္လိုက္တယ္

"ဒိုင္း!!!. ""ေဂ်ာက္!"

အသံႏွစ္ခုကတစ္ၿပိဳင္ထဲထြက္လာၿပီးေသနတ္ထဲကထြက္ေပၚလာတဲ့အသံျဖစ္သည္။ေရွာင္းက်န္႔ရဲ႕ေသနတ္က်ည္ကရိေပၚရဲ႕ဘယ္ဘက္ရင္အုံကိုဝင္ေရာက္သြားၿပီးရိေပၚရဲ႕ေသနတ္က်ည္ကေတာ့ေရွာင္းက်န္႔ခႏၶာကိုယ္ကိုထိခိုက္ျခင္းမရွိ....ေသနတ္ကက်ည္မထြက္ခဲ့ဘူး...

ရိေပၚကအားေနတဲ့လက္တစ္ဖက္ကိုေျမႇာက္ၿပီးဆုတ္ထားတဲ့လက္သီးကိုေျဖခ်လိုက္တယ္။ေျမျပင္ေပၚတေတာက္ေတာက္နဲ႔ျပဳတ္က်ကုန္တာကေသနတ္က်ည္ဆံေတြျဖစ္သည္။ရိေပၚကေရွာင္းက်န္႔ကိုေသနတ္နဲ႔ခ်ိန္႐ြယ္ထားထဲကက်ည္ဆံေတြထုတ္ထားခဲ့တာ...

ေရွာင္းက်န္႔ရဲ႕ပါးျပင္ေပၚမ်က္ရည္တစ္စက္ကေပါက္ခနဲေႂကြက်သြားသည္။ဖန္းဟုန္စီကထိုေတာ့မွသက္ျပင္းခ်ၿပီးေရွာင္းက်န္႔လက္ထဲကေသနတ္ကိုလုၿပီးရိေပၚရဲ႕နဖူးတည့္တည့္ကိုပစ္ဖို႔လုပ္သည္။ေရွာင္းက်န္႔ကဖန္းဟုန္စီလက္ထဲကေသနတ္ကိုျပန္လုလိုက္တယ္

"ငါ့လက္နဲ႔သူ႔ကို ကိုယ္တိုင္သတ္မယ္"

ဖန္းဟုန္စီကေက်နပ္စြာၿပဳံးလိုက္တယ္။ေရွာင္းက်န္႔ကရိေပၚရဲ႕ဘယ္ဘက္ရင္အုံတည့္တည့္ကိုေသနတ္နဲ႔ေနာက္ထပ္ပစ္လိုက္သည္။

ရိေပၚကသူ႔ရင္ဘက္ကဒဏ္ရာကိုငုံ႔ၾကည့္ၿပီးၿပဳံးလိုက္တယ္။သူ႔ရဲ႕ထူးဆန္းတဲ့ခႏၶာကိုယ္ဖြဲ႕စည္းပုံကိုေရွာင္းက်န္႔ေမ့ေနတာေတာ့မျဖစ္ႏိုင္ဘူး။

"ေရွာင္းက်န္႔ မင္းငါ့ကိုခ်စ္ဖူးလားဆိုတဲ့ေမးခြန္းရဲ႕အေျဖကိုငါသိၿပီ ေက်းဇုတင္ပါတယ္..."

ရိေပၚကခပ္ေရးေရးၿပဳံးကာေျပာၿပီးမ်က္လုံးေတြမွိတ္ခ်လိုက္သည္။ထို႔ေနာက္ေျခလွမ္းေတြအေနာက္အနည္းငယ္ဆုတ္ၿပီးေတာင္ထိပ္အစြန္းကေနခုန္ခ်သြားေတာ့သည္။

ေရွာင္းက်န္႔ ငါ့ရဲ႕ညာဘက္မွာရွိတဲ့ႏွလုံးသားတစ္ခုလုံးနဲ႔ရင္းၿပီးမင္းကိုခ်စ္တယ္...ငါ့ေမးခြန္းကိုမင္းႏႈတ္ကမေျဖခဲ့ေပမဲ့မင္းငါ့အေပၚသံေယာဇဥ္ရွိေနေသးတာကိုလက္ေတြ႕ျပခဲ့တာ....အားလုံးၿပီးဆုံးသြားၿပီေရွာင္းက်န္႔..ဒီတစ္ခ်က္ေလးနဲ႔တင္ငါလုပ္ခဲ့တာေတြအတြက္ေနာင္တမရဘူးခံစားနာက်င္ခဲ့ရတာေတြနဲ႔တန္ပါတယ္...ေကာင္းေကာင္းရွင္သန္ေပးပါ..အရမ္းခ်စ္တယ္...

ေဒါက္!

ေရွာင္းက်န္႔ကေသနတ္ကိုေျမျပင္ေပၚလႊတ္ခ်ၿပီးငူငူႀကီးရပ္ေနသည္။ဖန္းဟုန္စီကၿပဳံးလ်က္ေရွာင္းက်န္႔ေခါင္းကိုပြတ္ေပးေနတာကိုမ႐ုန္းမိဘူး။

"အရမ္းေတာ္တယ္..ကိုကို႔စကားကိုနားေထာင္တဲ့ေရွာင္းငယ္ေလးကလိမ္မာတယ္"

"ေက်နပ္ၿပီလား"

"ဟင္"

"မင္းျဖစ္ခ်င္တဲ့အတိုင္းအားလုံးျဖစ္ၿပီမလား ေက်နပ္ေလာက္ၿပီေပါ့ မင္းမေတြးမိဘူးလားဖန္းဟုန္စီ မင္းရဲ႕အေဖကမွတကယ့္ရန္သူအစစ္ႀကီးဆိုတာကိုမဆိုင္တဲ့သူေတြကိုမုန္းၿပီးဘာလို႔အၿငိဳးရန္စြယ္ေတြၾကားမွာပဲပိတ္မိေနတာလဲ ငါမင္းကိုအရမ္းစိတ္ပ်က္တယ္"

ေရွာင္းက်န္႔စကားေၾကာင့္ဖန္းဟုန္စီရဲ႕မ်က္ႏွာကတည္သြားသည္။ေရွာင္းက်န္႔ကသူ႔ကိုစိတ္ပ်က္တယ္တဲ့ သူ႔ေစတနာေတြကိုမျမင္ဘူးပဲ။တည္ေနတဲ့မ်က္ႏွာကိုခ်က္ခ်င္းထိန္းကာျပန္ၿပဳံးလိုက္သည္။

"ေရွာင္းငယ္ေလး ကိုကို မုန္႔လုံးေၾကာ္ေတြလုပ္ထားတယ္ အတူသြားစားၾကရေအာင္"

"ေတာ္စမ္းပါ!!!. .မင္းအႀကံေတြမလား မင္းရဲ႕ေကာက္က်စ္တဲ့ဉာဏ္နီဉာဏ္နက္ေတြခ်ည္းပဲဆိုတာငါသိတယ္..ငါ့မွာေရွာင္းက်ယ္ဆိုတဲ့အကိုပဲရွိတယ္သူကၾကင္နာတတ္တယ္ငါ့ကိုနာက်င္ေအာင္ဘယ္ေတာ့မွမလုပ္ဘူး!!!မင္းကေျမေခြးပဲ မင္းကငါ့အကိုမဟုတ္ဘူး ..ငါမင္းကိုတစ္ခုေျပာလိုက္မယ္ မင္းမုန္းသင့္တဲ့လူကဖန္းေဆာင္စီတစ္ေယာက္ပဲရွိတယ္"

ေရွာင္းက်န္႔ကဖန္းဟုန္စီကိုစူးစူးဝါးဝါးစိုက္ၾကည့္ၿပီးပုခုံးကိုတိုက္ကာထြက္သြားေတာ့သည္။ဖန္းဟုန္စီကသက္ျပင္းအသာခ်ၿပီးၿပဳံးေနတယ္...သူဆႏၵေတြျပည့္ဝသြားတဲ့အတြက္အရမ္းေပ်ာ္ေနတယ္။ရိေပၚကိုေရွာင္းက်န္႔လက္နဲ႔ကိုယ္တိုင္သတ္ၿပီးရိေပၚနာက်င္ခံစားရတာကိုလဲကိုယ္တိုင္ျမင္ခဲ့ၿပီးၿပီ...သူအရမ္းေက်နပ္တယ္...

*^^*

ဖန္းအိမ္ေတာ္ရဲ႕​အလုံပိတ္စတိုခန္းတစ္ခုတြင္ဖန္းေဆာင္စီကႏိုးထလာတယ္။သူ႔မ်က္လုံးေတြဖြင့္လိုက္ေတာ့စတိုခန္းထဲကပစၥည္းေဟာင္းေတြအျပည့္ျမင္လိုက္ရတယ္။သူကေတာ့ထိုင္ခုံတစ္လုံးမွာႀကိဳးတုတ္ခံထားရသည္။ဖန္းေဆာင္စီက႐ုန္းကန္ေနေပမဲ့ႀကိဳးက႐ုန္းေလတင္းေလျဖစ္ေနတယ္။

"ဘယ္သူေတြရွိၾကလဲ!!တစ္ေယာက္မွမရွိၾကဘူးလားငါ့ကိုလာေခၚၾကစမ္း!!!"

သခင္ႀကီးဖန္းကေအာ္ဟစ္ေနေသာ္လဲတစ္အိမ္လုံးတိတ္ဆိတ္ေနၿပီးဘာသံမွမၾကားရေပ။

ကြၽီ..

ထိုခ်ိန္တံခါးပြင့္လာၿပီးတစ္စုံတစ္ေယာက္ကဝင္လာတယ္။သူ႔ေရွ႕ကထိုင္ခုံမွာဝင္ထိုင္လိုက္တဲ့လူကိုၾကည့္ၿပီးဖန္းေဆာင္စီကဝမ္းသာသြားသည္။

"ဟုန္အာ.. မင္းလာတာအရမ္းေကာင္းတယ္အားပါးကိုႀကိဳးေျဖေပးအုံး ဘယ္ခ်ိန္ရွိေနၿပီလဲAceစံအိမ္ကိုသြားရအုံးမယ္ ဒီေန႔ဝမ္ရိေပၚကိုအျပတ္ရွင္းရမယ္"

ဖန္းေဆာင္စီကAceစံအိမ္ကိုလာဖို႔ျပင္ဆင္ေနတုန္း႐ုတ္တရတ္ေမ့ေဆးေပးခံရၿပီးသတိေမ့သြားသည္။ဘယ္ခ်ိန္ထိေမ့ေနသည္မသိသူသတိရလာေတာ့ဒီစတိုခန္းကိုေရာက္ေနတာျဖစ္တယ္။

"အားပါ..ဂိတ္ႀကီးငါးဂိတ္ဆိုတာမရွိေတာ့ဘူး"

"မင္းဘာအဓိပၸါယ္လဲ"

"အားလုံးေသကုန္ၾကၿပီ .."

ဖန္းေဆာင္စီကသူ႔ေရွ႕ကၿပဳံးေနတဲ့သားျဖစ္သူကိုၾကည့္ၿပီးၾကက္သည္းေတြထလာမိတယ္။ႀကိဳးေျဖခိုင္းတာလဲမေျဖပဲထိုင္ေနရာကေနထကာအခန္းေထာင့္ကပုံတစ္လုံးယူလာသည္။ထို႔ေနာက္ပုံးကိုစတိုခန္းအႏွံ႔ေလာင္းခ်ေနတယ္။ႏွာေခါင္းဝကိုတိုးဝင္လာတဲ့ျပင္းလြန္းတဲ့ဓာတ္ဆီနံ႔ေတြေၾကာင့္ဖန္းေဆာင္စီမ်က္လုံးျပဴးသြားသည္။

"ဖန္းဟုန္စီ..မင္းဘာေတြလုပ္ေနတာလဲ!႐ူးေနတာလား ခုခ်က္ခ်င္းငါ့ကိုႀကိဳးလာေျဖေပး!!!"

ဖန္းဟုန္စီကဂ႐ုမစိုက္ပဲတစ္ခန္းလုံးဓာတ္ဆီေတြေလာင္းၿပီးထိုင္ခုံမွာျပန္ထိုင္ေနေလသည္။သူ႔မ်က္ႏွာကႏူးညံ့လွပၿပီးၿပဳံးေနေပမဲ့အရမ္းေအးစက္ၿပီးေၾကာက္စရာေကာင္းတယ္။

"ဖန္းဟုန္စီ မင္း..မင္း ဘာေတြေလ်ာက္လုပ္ေနတာလဲ"

"အားပါးဒီကေနထြက္သြားႏိုင္မွာမဟုတ္ဘူး အျပင္ကေနေသာ့ခတ္ထားၿပီးၿပီ အဆုံးသတ္ၾကရေအာင္"

ဖန္းေဆာင္စီကအလြန္တုန္လႈပ္ေနေလသည္။

"ကြၽန္ေတာ္ေလဒီအိမ္ကိုစေရာက္တုန္းကအားပါးကိုေလးစားခဲ့တယ္..ဒါေၾကာင့္ဆက္ခံသူတစ္ေယာက္ျဖစ္ႏိုင္ေအာင္ႀကိဳးစားခဲ့တယ္ ဘယ္ေလာက္ပဲပင္ပန္းေနပါေစ တစ္ေန႔အားပါးဂုဏ္ယူရတဲ့သားတစ္ေယာက္ျဖစ္ေစရမယ္လို႔...ဟက္..ကြၽန္ေတာ္အရမ္းေတာ္တယ္မလား"

"........."

"ဒါေပမဲ့လဲအားပါးကကြၽန္ေတာ့္ကိုမလိုခ်င္ခဲ့ဘူးဆက္ခံမဲ့သူမရွိလို႔သာမတတ္ႏိုင္ေတာ့လို႔ျပန္ေခၚခဲ့တာ မိေထြးရဲ႕ႏွိပ္စက္မႈေတြကိုေသလုေမ်ာပါခံစားခဲ့ရတာေတာင္အားပါးတစ္ခ်က္ေလးလွည့္မၾကည့္ခဲ့ဘူး..."

"..........."

"ေရွာင္းလင္မယားကိုသတ္ခဲ့တဲ့အခ်ိန္ကစၿပီးကြၽန္ေတာ္အားပါးကိုအရမ္း အရမ္း မုန္းသြားခဲ့တာ ဟား...ဟားး"

ဖန္းဟုန္စီကစိတ္လြတ္ေနတဲ့အ႐ူးတစ္ေယာက္ႏွယ္ေအာ္ရယ္ေနေလသည္။အူတက္ေအာင္ရယ္ရင္းမ်က္ရည္ေတြက်ေနတယ္။

"လက္စားေခ်ႏိုင္ဖို႔အတြက္ကြၽန္ေတာ္ဘာမဆိုလုပ္တယ္ ညီအရင္းကိုေတာင္နာက်င္ေစတဲ့ထိေလ ခုကြၽန္ေတာ့္ညီေလးက ကြၽန္ေတာ့္ကိုမလိုခ်င္ေတာ့ဘူးတဲ့ ကြၽန္ေတာ့ေခါင္းထဲတစ္ခ်ိန္လုံးေတြးေနတာကေရွာင္းလင္မယားအတြက္ ၿပီးေတာ့ကြၽန္ေတာ္နဲ႔ေရွာင္းငယ္ေလးခံစားခဲ့ရတာေတြအတြက္ဘယ္လိုလက္တုံ႔ျပန္ရမလဲဆိုတာပဲ...အဓိကထိပ္ဆုံးနာမည္စာရင္းမွာအားပါးပဲ.."

ဖန္းေဆာင္စီကမ်က္လုံးေတြျပဳးက်ယ္သြားသည္။

"ဖန္းဟုန္စီ!ငါကမင္းအေဖေနာ္ "

"ဟက္..ကြၽန္ေတာ့ကိုေရာသားတစ္ေယာက္အျဖစ္အသိအမွတ္ျပဳခဲ့လို႔လား ေရွာင္းလင္မယားကိုဘာလို႔အပစ္မရွိပဲရက္ရက္စက္စက္သတ္ျဖတ္ႏိုင္ရတာလဲ အားပါး ကြၽန္ေတာ့ကိုသားလို႔ေခၚႏိုင္မလား"

"မင္းလိုအေဖကိုျပန္သတ္ခ်င္ေနတဲ့သားဆိုးသားမိုက္ကိုငါကဘာလို႔သားလို႔ေခၚရမလဲ! !ပါးစပ္သနတယ္ကြ ေခြးေကာင္ရ!!"

"ကြၽန္ေတာ္ကိုတစ္ခါမွသားအျဖစ္မဆက္ဆံဖူးသလိုအသိအမွတ္မျပဳခဲ့ဘူးမလား အားပါး..ကြၽန္ေတာ္တို႔ငရဲမွာအတူဆုံၾကတာေပါ့ မေကာင္းဘူးလား"

"မင္း!! မင္း! !"

ဖန္းဟုန္စီကႏႈတ္ခမ္းေတြၿပဳံးေနၿပီးမ်က္ရည္ေတြက်ဆင္းကာမီးျခစ္ျခစ္ၿပီးဓာတ္ဆီေတြထဲပစ္ထည့္လိုက္တယ္။တဟုန္ထိုးထေတာက္တဲ့မီးေတြကိုၾကည့္ၿပီးဖန္းေဆာင္စီကေသြးပ်က္ေနသည္။အတင္း႐ုန္းကန္ေနၿပီးေအာ္ဟစ္ေနတယ္။

"ဖန္းဟုန္စီ ေသခ်င္ရင္မင္းပါမင္းတစ္ေယာက္ထဲအ႐ူးထၿပီးေသ ငါ့ကိုဆြဲမထည့္နဲ႔ကြ!!!"

ေနာက္ဆုံးအခ်ိန္ထိ..ေနာက္ဆုံးအခ်ိန္ထိေတာင္ဒီစကားေျပာထြက္ေနတယ္..။ဖန္းဟုန္စီကမဲ့ခနဲၿပဳံးလိုက္တယ္။တည္ၿငိမ္ေအးစက္စြာနဲ႔မ်က္လုံးေတြမွိတ္ထားလိုက္တယ္။ေအာ္ဟစ္႐ုန္းကန္ေနတဲ့သူ႔အေဖကိုမျမင္ခ်င္ဘူး။အရားအားလုံးအဆုံးသတ္သြားၿပီး သူ႔ရဲ႕မဟာရန္သူႀကီးေတြကိုလဲေပ်ာက္ကြယ္သြားေအာင္လုပ္ႏိုင္ခဲ့ၿပီ။အားပါးကသူ႔အေဖ...သူ႔အေဖကိုသူ႔ခ်စ္တဲ့သူေတြအတြက္လက္စားေခ်ရမယ္ဆိုတဲ့ရည္႐ြယ္ခ်က္ကလြန္ခဲ့တဲ့၇ႏွစ္ေက်ာ္ထဲကဦးေႏွာက္ထဲ႐ိုက္သြင္းထားခဲ့တာ။အားလုံးၿပီးဆုံးသြားရင္သူလဲအသက္မရွင္ခ်င္ေတာ့ဘူး..အေဖတစ္ေယာက္လုံးကိုျပန္သတ္ၿပီးသူအသက္ဆက္မရွင္ခ်င္ဘူး...

ဖန္းအိမ္ေတာ္ထဲေအာ္ဟစ္သံေတြက က်ယ္ေလာင္စြာထြက္ေပၚေနသည္။တျဖည္းျဖည္းနဲ႔အိမ္ေတာ္ႀကီးတစ္ခုလုံးမီးေတြဟုန္းဟုန္းေတာက္ေလာင္ကြၽမ္းကာမီးခိုးလုံးႀကီးေတြထြက္လာသည္။

ဖန္းဟုန္စီေရာဖန္းေဆာင္စီေရာအျပင္ထြက္ႏိုင္ျခင္းမရွိပဲမီးထဲပါသြားခဲ့တယ္။

ေရွာင္းဦးဦးနဲ႔မား..ေကာင္းကင္ဘုံကေနေက်နပ္ရဲ႕လားကြၽန္ေတာ္တာဝန္ေက်ပါတယ္ေနာ္ ဒါေပမဲ့ေရွာင္းငယ္ေလးကိုေတာ့မေစာင့္ေရွာက္ႏိုင္ခဲ့ဘူးသူ႔ကိုနာက်င္ေအာင္လုပ္ခဲ့မိတယ္ကြၽန္ေတာ္ကအကိုဆိုးတစ္ေယာက္လားဟင္..ေန႔တိုင္းမုန္႔လုံးေၾကာ္ေတြလုပ္ခဲ့တယ္အရသာရွိေအာင္လုပ္ႏိုင္ေအာင္ႀကိဳးစားခဲ့တယ္ေရွာင္းငယ္ေလးကိုေကြၽးခ်င္လို႔... ခါတူးလန္ေနတဲ့မုန္႔လုံးေၾကာ္ေတြပဲကေလးကိုေကြၽးႏိုင္ခဲ့ၿပီးအရသာရွိတာေတြကိုမေကြၽးႏိုင္ခဲ့ဘူး...ေနာက္ထပ္အခြင့္အေရးဆိုတာလဲမရွိေတာ့ဘူး...

ဖန္းအိမ္ေတာ္ႀကီးကမီးေတြၾကားတေျမ့ေျမ့ေလာင္ကြၽမ္းကာၿငိမ္းသူမဲ့ေနေလသည္။မီးေတာက္ႀကီးေတြေရွ႕ရပ္ေနတဲ့သူကမီးေတြကိုၾကည့္ေနရင္းမ်က္ရည္တစ္စက္ကပါးေပၚစီးက်သြားတယ္။

"ဒါကမင္းအတြက္ေနာက္ဆုံးက်တဲ့မ်က္ရည္ပဲကိုကို..."

ထို႔ေနာက္မွာေတာ့မီးေတာက္ႀကီးေတြကိုေက်ာခိုင္းၿပီးလွည့္ထြက္လာခဲ့သည္။သူ႔လက္ထဲဘူးေလးတစ္ခုဆြဲထားရင္းႏွင့္...ေသခ်ာတာကထိုဘူးထဲမုန္႔လုံးေၾကာ္ေတြအစီအရီရွိေနမွာပင္..

အတိတ္ကေပ်ာ္႐ြင္စရာမိသားစုကျပန္လည္ေပၚလြင္လာမိတယ္

~~ေရွာင္းငယ္ေလးပါးပါးဆီလာ~~

~~ေရွာင္းငယ္ေလးမားမားဆီလာ~~

~~ပါးပါးကိုလဲခ်စ္တယ္ မားမားကိုလဲခ်စ္တယ္ အားက်ယ္ကိုလဲခ်စ္တယ္..ခ္ခ္~~

~~ေကလး ကိုကို ကေလးအတြက္အရမ္း..အရမ္း.အရသာရွိတဲ့မုန္႔လုံးေတြေၾကာ္ေပးမယ္...~~

💚💛❤

Continue Reading

You'll Also Like

469K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
4.1K 50 28
𝖩𝖩 𝖬𝖺𝗒𝖻𝖺𝗇𝗄 𝗑 𝖸/𝖭 ʳᵉᵃᵈᵉʳ ______________ 𝖮𝗎𝗍𝖾𝗋 𝖡𝖺𝗇𝗄𝗌 ¹°²°³ ______ 𝘑𝘑 𝘩𝘢𝘴 𝘢𝘭𝘸𝘢𝘺𝘴 𝘣𝘦𝘦𝘯 𝘢 𝘣𝘪𝘵 𝘰𝘧 𝘢 𝘳𝘦𝘣𝘦�...
664 71 6
Avantika Sehgal an IAS officer, is a person with rules and principles. She was once an innocent girl shielded from the harshness of the world and has...
218K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...