11ခု
Uniမြူခိုးတွေအုံ့ဆိုင်းပြီးမှောင်မည်းတိတ်ဆိတ်နေတဲ့နေရာတစ်ခုကိုရှောင်းကျန့်ရောက်ရှိနေသည်။ဘေးပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်ပေမဲ့မြူခိုးတွေကလွဲပြီးဘာမှမတွေ့ရပေ။ဘယ်လိုကဘယ်လိုဒီနေရာရောက်နေမှန်းမသိအာကာသအပြင်ဘက်ရောက်နေတယ်ဟုတောင်ထင်ရတယ်။
ရှောင်းကျန့်ခြေဦးတည့်ရာသာတစ်လှမ်းချင်းရှေ့ဆက်သွားနေမိသည်။မျက်လုံးတွေကလဲဘေးပတ်ဝန်းကျင်ကိုတစ်ခုခုများတွေ့ရလေမလားလို့လိုက်ကြည့်နေမိတယ်။ထိုချိန်သူ့ရှေ့ကမြင်ကွင်းကပြောင်းလဲသွားသည်။မြူခိုးတွေမရှိတော့ပဲအိမ်တံခါးမကြီးကိုတွေ့လိုက်တယ်။ရှောင်းကျန့်အံ့အားသင့်နေတယ်။ဘယ်လိုလုပ်ပြီးသူ့ရဲ့အရင်အိမ်ကိုပြန်ရောက်လာတာလဲ
တံခါးမဆီလျောက်လှမ်းပြီးအိုဟောင်းနေတဲ့တံခါးကိုတွန်းဖွင့်လိုက်သည်။တံခါးရဲ့အနောက်မှာသူတွေ့လိုက်ရတာကပါးနဲ့မား..
"ရှောင်းငယ်လေး..ပါးဆီလာခဲ့ပါအုံး"
"မားဆီလာ..မားဆီလာခဲ့"
သူ့ရှေ့ကသူ့မိဘတွေကလက်ယှက်ပြီးခေါ်နေတာကလေးငယ်တွေကိုတီတီတာတာမြူနေသလိုပင်။မျက်ဝန်းတွေတောက်ပကာကြည်နူးမှုတွေမြင်နေရတယ်။ပြုံးရွင်နေတဲ့နှုတ်ခမ်းတွေနဲ့ချိုသာတဲ့စကားလုံးတွေပြောသည်။ရှောင်းကျန့်ပါးနဲ့မားဆီသွားမယ်လုပ်တော့သူ့ခန္ဓာကိုယ်ကိုတစ်ခုခုကဖြတ်ဝင်တိုက်သွားသည်။သူ့ကြည့်လိုက်တော့ပါးနဲ့မားဆီသွားနေတဲ့သုံးနှစ်အရွယ်ကလေးလေး...
ပါးကထိုကလေးကိုကောက်ချီပွေ့ပြီးမွှေးကြူလိုက်သည်။ထိုကလေးကမားရဲ့ပါးတစ်ဖက်ကိုအာဘွားပေးလိုက်တယ်။
"ရှောင်းငယ်လေးကချစ်ဖို့ကောင်းလိုက်တာ...ရှောင်းငယ်လေးပါးပါးကိုချစ်လားမားမားကိုချစ်လား"
"ပါးပါးကိုလဲချစ်တယ်မားမားကိုလဲချစ်တယ် အားကျယ်ကိုလဲချစ်တယ် "
"ဟားးးအတတ်ကလေး စကားတွေတော်တော်တတ်နေပြီးဒါလေးနဲ့ပဲလုပ်စားသွားမှာ.."
"ခ်ခ်ခ်.."
ရှေ့ကမိသားစုသုံးယောက်ကိုကြည့်ပြီးရှောင်းကျန့်မျက်ရည်တွေလဲ့ကာပီတိအပြုံးပြုံးလိုက်မိသည်။ပြန်မရနိုင်တော့တဲ့အချိန်ကာလတွေနောက်ထပ်မဖန်တီးနိုင်တော့တဲ့မိသားစုအိမ်လေး....ဆုံးရှုံးသွားတဲ့အရာတွေများစွာထဲကတန်ဖိုးအရှိဆုံးလေးပါပဲ။
VOCÊ ESTÁ LENDO
TRICK ✔
Fanficမျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style