21ခု(လမ်းဆုံး)Uni

1K 73 8
                                    

21ခု
Uni

အချိန်တွေအကုန်မြန်ပြီး၂နှစ်ဆိုတဲ့အချိန်ကာလကခဏလေးကုန်ဆုံးသွားခဲ့သည်။လူတိုင်းချစ်ဖူးကြတယ်မုန်ဖူးကြတယ်ရှင်သန်ရတဲ့ဘဝတစ်လျောက်လုံးပျော်ရွင်ခြင်းဝမ်းနည်းခြင်းစသည့်ခံစားချက်တွေကိုခံစားဖူးကြတယ်။

ဘယ်လောက်ပဲကြည့်ကြည့်ရိုးအီသွားခြင်းမရှိတဲ့ဟောင်ကောင်ကျွန်းဆွယ်ကြီးကိုသူငေးနေမိပြန်တယ်။လက်ထဲဝိုင်ခွက်လေးတစ်ခွက်နဲ့အတူအထပ်မြင့်ဆုံးကနေငေးကြည့်နေရတာကိုသူခုထိသဘောကျနေတုန်းပင်။Boss Wangကိုသူအမြဲမေးဖူးတဲ့မေးခွန်းလေးတစ်ခု..ဟောင်ကောင်ကလှလားဟူ၍ပင် သိပ်လှတာပေါ့ဟောင်ကောင်ကျွန်းဆွယ်ရယ်နီယွန်မီးတွေနဲ့Tsim Sha Tsuiရယ်အရမ်းလှတယ်..ဒါပေမဲ့သူ့ချစ်သူကတော့ထိုသို့မဖြေပါဘူး ဟောင်ကောင်ထက်ရှောင်းကျန့်ကပိုလှတယ်ဟူ၍အမြဲဖြေခဲ့တယ်။သူသဘောကျအောင်မြှောက်ပင့်ပြောဆိုနေခဲ့တာလားမသိပေမဲ့Boss Wangစိတ်ထဲမှာတော့အမှန်တကယ်ရှောင်းကျန့်ကအရာအားလုံးထက်ပိုလှနေခဲ့တာပါ။

နီနီရဲရဲဝိုင်တွေကိုမော့သောက်လိုက်တော့လည်ချောင်းတဲ့ပြင်းရှစွာစီးဆင်းသွားတယ်။ချိုတယ်ဒါပေမဲ့ခါးသက်နေတယ် ချစ်ရသူနဲ့အတူမသောက်ရတဲ့ဝိုင်ကချိုတာထက်ပိုပြီးခါးသက်နေတာပင်။ရှောင်းကျန့်ကဝိုင်ခွက်ကိုစားပွဲပေါ်တင်ပြီးခြေချိတ်ထိုင်ကာခပ်ပါးပါးပြုံးလိုက်တယ်။

သူ့ရင်ထဲလွမ်းတဲ့စိတ်တွေကတရစ်ရစ်တိုးဝင်လာတယ်။အနားမှာမရှိမှပိုပြီးချစ်တတ်သလိုပေါ့။Boss Wangကိုမတွေ့ရလေသူပိုချစ်လေဖြစ်လာတယ်။တစ်ချိန်ကသူ့ရဲ့မဆင်မခြင်လုပ်ခဲ့မိတာတွေအတွက်နာကျင်ခံစားခဲ့ရတဲ့သူတွေကိုတောင်ကိုယ်ချင်းစာလာမိသည်။

"Boss Wang မင်းအဆင်ပြေနေရဲ့လား ငါကတော့လေမင်းကိုတစ်​ေန့ထက်တစ်နေ့ပိုပြီးချစ်လာတယ်ပိုပိုပြီးတော့လဲလွမ်းလာတယ် မင်းကတော့ငါ့ကိုလွမ်းနေရဲ့လား နေရက်လိုက်တာနော် ငါကတော့မင်းကိုလွမ်းလွန်းလို့သေတော့မယ်"

"အင်း ကိုယ်ရောပဲဘေဘီ"

ကြားလိုက်ရတဲ့အသံသြရှရှကြောင့်ရှောင်းကျန့်မတ်တပ်ထရပ်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တယ်။သူ့ဆီခပ်ပြုံးပြုံးလျောက်လာတဲ့Boss Wangကြောင့်အပြေးလေးသွားပြီးတင်းကြပ်စွာပွေ့ဖက်လိုက်သည်။Boss Wangကလဲသူ့ကိုပြန်လည်ပွေ့ဖက်လာတယ်။

TRICK ✔Wo Geschichten leben. Entdecke jetzt