19ခု
Uni
မှန်အပြည့်ကာထားတဲ့အပေါ်ဆုံးထပ်ရဲ့မှန်ပြတင်းအနားမှာစားပွဲရှည်ကြီးနဲ့နှစ်ယောက်အတူDinner လုပ်နေကြသည်။Tsim Sha Tsuiရဲ့ညရှုခင်းအလှတရားနဲ့အတူသူ့ရှေ့ကအလှတရားလေးကိုတဝကြီးခံစားနေသည်။
စားပွဲပေါ်စုံလင်လှတဲ့ဟင်းမျိုးစုံနဲ့အနီရောင်ဝိုင်နဲ့အရမ်းလိုက်ဖက်တယ်။ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်နေတာသူလောက်ပျော်တဲ့သူဒီလောကမှာရှိတော့မယ်မထင်ပါဘူး။ရှောင်းကျန့်ကမတ်တပ်ထရပ်ပြီးဓာတ်ပြားခွေကိုထည့်ကာသီးချင်းဖွင့်ဖို့လုပ်သည်။
"ဒီလိုညမှာသီချင်းလေးနဲ့မှပိုလိုက်ဖက်တာပေါ့"
ဓာတ်ပြားကထွက်နေတဲ့သီချင်းကTsai Chinရဲ့ Ding dong ဖြစ်သည်။ဟောင်ကောင်ရဲ့လှပတဲ့ညမှာဒီလိုDinnerမျိုးနဲ့ဒီလိုသီချင်းကလိုက်ဖက်မှုရှိပါတယ်။ရှောင်းကျန့်ကသူ့နေရာသူပြန်ထိုင်ကာထမင်းဆက်စားသည်။
"ဘေဘီ ကိုယ့်ကိုမခွံ့ချင်ဘူးလား"
"မင်းမှာလက်တွေခြေတွေအစုံပါတာပဲ"
"မင်းခွံကျွေးတာလိုချင်တာလေ"
ရှောင်းကျန့်ကBoss Wangကိုမျက်စောင်းထိုးလိုက်တယ်။ထို့နောက်steak တစ်တုံးသေးသေးလေးလှီးပြီးဝမ်ရိပေါ်ပါးစပ်နားကိုတေ့ပေးလိုက်သည်။ဝမ်ရိပေါ်ကဇွန်းကိုကိုက်ပြီးမလွှတ်ပေးပဲဆက်ကိုက်ကာရှောင်းကျန့်ကိုစိုက်ကြည့်နေသည်။စူးရှလွန်းတဲ့အကြည့်တွေကြောင့်ရှောင်းကျန့်ရင်တွေအဆမတန်ခုန်နေမိတာတော့အမှန်ပါ။ဖွင့်ဟဝန်ခံပြီးနောက်မှပိုဆိုးလာတဲ့သူ့ခံစားချက်တွေ...
"ဇွန်းပါဝါးစားတော့မလို့လား"
"ကိုယ်လဲပြန်ခွံ့ကျွေးမယ်"
"မလိုပါဘူး ငါ့လက်ပါတယ်"
"မရဘူး..ကိုယ်ခွံ့မယ်"
ဝမ်ရိပေါ်ခွံ့မယ်ဆိုပြီးသူပဲsteakတုံးကိုပါးစပ်ထဲကောက်ထည့်လိုက်သည်။ရှောင်းကျန့်ကမျက်စောင်းလှလှလေးထိုးလိုက်တော့ဝမ်ရိပေါ်ကရယ်တယ်။ထို့နောက်ရှောင်းကျန့်လည်ပင်းကိုထိန်းကိုင်ပြီးနှုတ်ခမ်းချင်းထိကပ်လိုက်သည်။ရှောင်းကျန့်ကပါးစပ်လေးဟပေးတော့သူ့ပါးစပ်ထဲဝင်လာတဲ့steakတုံး။ဝမ်ရိပေါ်နဲ့လျှာနဲ့ထိုးပေးတော့ရှောင်းကျန့်ဝါးစားဖို့လုပ်သည်။ဝမ်ရိပေါ်ကနှုတ်ခမ်းတွေကိုလွှတ်မပေးသေးပဲအသားတုံးကိုသူပါလိုက်ကိုက်နေတယ်။
"အွန့်..မင်း..အွင့်..ငတ်နေတာလား"
ရှောင်းကျန့်ကရင်ဘတ်ကိုလက်နဲ့တွန်းပြီးဆူပုတ်ပုတ်လေးပြောတော့ဘာမှပြန်မပြောပဲပြန်နမ်းသည်။ပါးစပ်ထဲကအသားတုံးကိုပြန်လုကိုက်နေတယ်။ရှောင်းကျန့်လဲအပါမခံပဲအသားတုံးကိုလျှာနဲ့ပြန်ယူထားသည်။ဝမ်ရိပေါ်ကလဲ လျှာနဲ့ပဲအသားတုံးကိုလုနေတယ်။အသားတုံးလေးမှာတော့ပါးစပ်ထဲဝါးစရာမလိုအောင်နူးနေလေပြီ။ရှောင်းကျန့်ကစိတ်မရှည်တော့တာမလို့သူ့အသားတုံးကိုလာလုနေတဲ့Boss Wangရဲ့နှုတ်ခမ်းကိုယုန်သွားနဲ့ကိုက်ချလိုက်တယ်။
အ့..
ဝမ်ရိပေါ်ကပေါက်သွားတဲ့နှုတ်ခမ်းကိုလက်ညိုးနဲ့အသာဖိပြီးရှောင်းကျန့်ကိုကြည့်တော့လုပ်ချင်တာလုပ်ရလို့ကျေနပ်နေတဲ့ရုပ်လေး။
"ကိုက်တယ်ပေါ့"
"အင်း ကိုက်တယ်."
"ဒါဆိုကိုယ်လဲပြန်ကိုက်မယ်"
"အ့..Boss Wang. .အွန့် Boss"
ရှောင်းကျန့်နှုတ်ခမ်းကိုပြန်ကိုက်နေတာမလို့အားမပါစွာတွန်းဖယ်ရင်းရုန်းနေလိုက်သည်။
"ဟီး..Boss Wang. .မကိုက်နဲ့တော့..ကြောက်ပြီလို့.."
"ဟားးး"
ကျီစားနေကြတဲ့နှစ်ယောက်ကထမင်းစားဖို့ကိုမေ့နေကြလေသည်။စားပွဲပေါ်ကဟင်းတွေကတော့စားသုံးသူကင်းမဲ့လျက်...
*^^*
"သူ့နာမည်ကJin ကိုယ်မွေးထားတာမကြာသေးဘူး ဘေဘီကိုယ့်နားကထွက်သွားတော့သူ့ကိုအဖော်လုပ်ခဲ့တာ ဒီကောင်ကြီးကအားကိုးရတယ် ဘေဘီ့ကိုလွမ်းနေတဲ့စိတ်တွေကိုJinကပြေလျော့အောင်လုပ်ပေးတယ်"
"ငါ့နေရာအစားသွင်းလိုက်တာပေါ့"
Jinနဲ့မိတ်ဆတ်ပေးတော့ရွဲ့တဲ့တဲ့မေးလာတဲ့သူကိုဝမ်ရိပေါ်ပြုံး၍သာကြည့်နေလိုက်သည်။ဒါကသဝန်တိုနေတာလား..
သူတို့အနောက်ဘက်ခြံကိုရောက်နေတာဖြစ်ပြီးJinနဲ့တွေ့ရအောင်ရှောင်းကျန့်ကိုခေါ်လာခဲ့သည်။ဒီရောက်တော့Jinကလှောင်အိမ်ထဲမှာတခူးခူးနဲ့အိပ်ပျော်လို့နေတယ်။
ဝမ်ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲပြီးအရိပ်ရသစ်ပင်ကြီးအောက်ကိုခေါ်လာခဲ့သည်။ရှောင်းကျန့်ကဝမ်ရိပေါ် ပေါင်မှာအိပ်ချလိုက်တယ်။Boss Wangကသူ့နဖူးကဆံစလေးတွေကိုလက်ညိုးနဲ့အသာသပ်ပေးနေရင်းငုံ့နမ်းလိုက်သည်။ရှောင်းကျန့်ကမျက်လုံးလေးတွေမှေးသွားတဲ့ထိပြုံးလိုက်တယ်။
ဒီလိုကြည်နူးရမယ်ဆိုတာသိရင်အစထဲကသူBoss Wangကိုလက်ခံခဲ့တယ်။စိတ်လိုက်မာန်ပါတွေလျောက်လုပ်ဖြစ်မှာမဟုတ်ဘူး။
"Boss Wang ငါတောင်းပန်ပါတယ် ဖြစ်ခဲ့သမျှအရာအားလုံးအတွက်မင်းအပေါ်လဲအထင်လွဲခဲ့မိတယ်"
"အဲ့ဒါတွေကိုထားခဲ့တော့ခုချိန်ကစပြီးကိုယ်တို့အကောင်းဆုံးဖြစ်အောင်နေကြမယ် မင်းကိုချစ်တယ်.."
"ငါလဲမင်းကိုချစ်တယ် "
"ဟင့်အင်း ကိုယ်ကပိုချစ်တာ"
"ငါကပိုချစ်တာပါနော် မင်းမကြားဖူးဘူးလား အမုန်းကြောင့်ဖြစ်သွားတဲ့အချစ်ကပိုခိုင်မာတယ်တဲ့"
"ဟုတ်လို့လား"
"မင်းမယုံလဲရတယ် ငါကသက်သေပြမှာမလို့"
ရှောင်းကျန့်စကားကြောင့်ဝမ်ရိပေါ်ရင်ထဲပန်းတွေဝေဝေဆာဆာပွင့်နေသည်။သူယုံတာပေါ့ ရှောင်းကျန့်သူ့ကိုဘယ်လောက်ထိချစ်လဲဆိုတာ။
"ရှောင်းကျန့်"
"ဟင်"
"မင်း မျက်လှည့်ဆရာနဲ့အတူရှိနေတုန်းကသူ့ကိုစိတ်ဝင်စားခဲ့သေးလား."
"........."
အဖြေစကားမလာပဲတိတ်နေတော့ဝမ်ရိပေါ်ရဲ့မျက်ခုံးတွေကတွန့်ချိုးသွားသည်။ရှောင်းကျန့်ကတစ်ချက်ပြုံးပြီးစုကျုံ့နေတဲ့မျက်ခုံးအလယ်ကိုလက်နဲ့ပြန်ဖြေလျော့ပေးလိုက်တယ်။
"Boss Wang... ငါသူ့ကိုချစ်ချစ်မချစ်ချစ် စိတ်ဝင်စားခဲ့သည်ဖြစ်စေ မဝင်စားခဲ့သည်ဖြစ်စေ..ခုချိန်ငါ့ရင်ထဲမှာမင်းတစ်ယောက်ပဲရှိတာ မင်းယုံလား.."
"
"ကိုယ်မင်းကိုယုံတယ်"
"အဆုံးထိယုံမလား"
ဒီမေးခွန်းကရှောင်းကျန့်သူ့ကိုမကြာခဏမေးခဲ့ဖူးသည်။အဲ့တုန်းကဘာကြောင့်လဲမသိခဲ့ပေမဲ့ခုတော့သူနားလည်သွားပြီ။ရှောင်းကျန့်နဲ့ပက်သက်ရင်သူကအလွန်တုံးအသည်။
"ကိုယ်မင်းကိုအကြွင်းမဲ့ယုံတယ်ဘေဘီ"
"ရပြီ မင်းငါ့ကိုယုံတယ်ဆိုတာနဲ့တင် ငါမင်းနဲ့အရာရာကိုကျော်ဖြတ်နိုင်ပြီ ငါမင်းကိုကာကွယ်ပေးမယ်"
ရှောင်းကျန့်ကပြုံးပြီးဝမ်ရိပေါ်ရဲ့လည်ဂုတ်ကိုဖိချကာနှုတ်ခမ်းချင်းထပ်တူကျစေလိုက်သည်။နှစ်ယောက်သားမျက်လုံးတွေမှိတ်ကျကာရှည်းလျားတဲ့လှပတဲ့အနမ်းကိုဖန်တီးလိုက်ကြတယ်။
ခပ်လှမ်းလှမ်းကကြည့်နေတဲ့ကိုယ်ရံတော်သုံးယောက်ကအားကျခြင်းများစွာဖြစ်နေကြသည်။Jacksonကချိုချဥ်းလုံးကိုကိုက်ကာမျက်တောင်မခတ်ပြုံးဖြီးကြည့်နေတယ်။Chuoကအပြုံးရေးရေးလေးဖြင့်သာကြည့်နေတယ် Bossနဲ့သခင်လေးဒီလိုပြေလည်သွားတာဝမ်းသာစရာပါပဲ။အားလိန်ကChuoနဲ့Jacksonကိုပုခုံးကနေဖက်ကာပြုံးစိစိဖြစ်နေသည်။
"အားကျတယ်ကွာ ငါဘာလို့တစ်ယောက်ထဲဖြစ်နေရတာလဲမသိဘူး"
Jacksonကအားကျပြီးပြောသည်။
"မင်းရဲ့Maria လေးနဲ့အဆင်မပြေဘူးလား"
အားလိန်ကမေးတော့Jacksonမျက်နှာကအီးမှန်သလိုမဲ့ရှုံ့သွားသည်။Maria အကြောင်းChuoပြောပြလို့သူအားလုံးသိသွားပြီပင်။တော်သေးတာပေါ့မြွေပွေးခါးပိုက် ပိုက်မိတော့မလို့
"ငါတို့လဲဘယ်တော့များမှ တစ်ယောက်ထဲဘဝကနေကျွတ်မယ်မသိဘူးနော်"
"Chuo မင်းကမိန်းမလိုချင်နေသေးတာလား ဟား..မင်းလိုလူကမိန်းမရပါ့မလား"
.ငါကဘာဖြစ်နေလို့လဲ"
Jacksonရဲ့လှောင်ပြောင်စကားကြောင့်Chuoကမကျေနပ်ပဲမျက်ခုံးတွန့်ကာမေးသည်။
"မင်းလိုကြွက်ဖြူကလေ..အရပ်ရှည်တာပဲရှိတယ်လူကပိန်ညှောင်ညှောင် ငါ့လိုဗလတွေလဲမရှိဘူး အသားကဖြူဖက်ဖြူရော်နဲ့သွေးစုတ်ဖုတ်ကောင်လိုပဲ"
"မင်း...Jacksonသေဖို့သာပြင်ထားတော့!!!စိန်မျက်ခုံးခွေးကောင်!!!"
".ဟား...လာစမ်းပါ သတ္တိရှိရင်လာခဲ့ တစ်ယောက်ချင်းစီချမယ်..လာ..လာ.."
"မင်းငါ့ကိုစိန်မခေါ်နဲ့"
Jacksonကအားလိန်ကိုအကာအကွယ်ယူကာထွက်ပြေးသည်။Chuoကအတင်းလိုက်ဖမ်းတော့အားလိန်က ကာဆီးကာဆီးနဲ့ ကလေးတွေလိုလွတ်လပ်စွာဆော့နေကြသည်။သစ်ပင်အောက်က ကောင်လေးနှစ်ယောက်ကပျော်ရွှင်နေကြတဲ့သုံးယောက်ကိုကြည့်ပြီးအပြုံးတွေကူးစက်ကုန်တယ်။
စိတ်ညစ်မှုတွေပင်ပန်းမှုတွေသောကတွေလွတ်ချလိုက်ရင်ဘဝကြီးကအလွန်ရိုးရှင်းပြီးအေးချမ်းစရာတွေချည်းပါပဲ။
ဒီလိုလေးပဲတစ်သက်လုံးရှိနေပါရစေ...
*^^*
ဘယ်တော့မှမထုတ်တော့ဘူးလို့ထင်မှတ်ထားခဲ့တဲ့ကြေးတံဆိပ်ပြားကိုcoat အင်္ကျီအိပ်ကပ်ကနေယူထုတ်လိုက်သည်။ယွင်ရှောက်ပေးပြီးထဲကလုံးဝမထုတ်ပဲထား ထားတာဖြစ်သည်။လက်ထဲကကျားခေါင်းပုံတံဆိတ်ကိုကြည့်ပြီးမျက်နှာကခံစားချက်မဲ့စွာအေးစက်နေတယ်
လွန်ခဲ့တဲ့၇နှစ်ကငါချစ်ရတဲ့သူကြောင့်မင်းနဲ့ငါပက်သက်မှုမရှိပဲပြီးဆုံးသွားပြီလို့ပြောခဲ့တယ် ဒါပေမဲ့ခုတော့ငါချစ်ရတဲ့သူကြောင့်ပဲမင်းနဲ့ပြန်ပက်သက်ရတော့မယ် သခင်ကြီးဝမ်ကိုရှောင်းကျန့်နားကပျောက်ကွယ်သွားအောင်လုပ်ကြတာပေါ့...
ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ပြီးတံဆိပ်ပြားကိုရင်ဘက်မှာကပ်လိုက်တယ်။မှန်ထဲကလူကမျက်နှာကအေးစက်နေပြီးဆုံးဖြတ်ချက်ပြတ်သားနေသည်။နှုတ်ခမ်းတွေတင်းတင်းစေ့ထားပြီးမျက်လုံးတွေကမှေးစင်းနေတယ်။
အခန်းဝမှာရပ်နေတဲ့တာ့ဟုန်ကသက်ပြင်းချသည်။
"အပြင်မှာLeader ရောက်နေပြီ ရိပေါ်မင်းတကယ်ပဲဒီလိုလုပ်တော့မလို့လားရှောင်းကျန့်မင်းကိုမုန်းသွားလိမ့်မယ်နော်"
"အစထဲကမုန်းနေပြီးသားပဲထပ်မုန်းလို့လဲဘာမှမထူးဘူး"
"ရိပေါ်"
"သွားမယ်"
ရိပေါ်ကပြောပြီးသူ့ကိုကျော်ကာအပြင်ထွက်သွားသည်။
"ရိပေါ်"
သူခေါ်လိုက်တော့ခြေလှမ်းတွေရပ်သွားပေမဲ့လှည့်ကြည့်လာခြင်းမရှိဘူး။ကျောပြင်ကျယ်ကပြတ်သားမှုတွေပြည့်နေသည်။
"မင်းဘာပဲလုပ်လုပ် မှားမှားမှန်မှန် ငါမင်းဘက်မှာရှိနေမှာပါ မင်းမှာဘယ်သူမှမရှိတော့ရင်တောင် တာ့ဟုန်ဆိုတဲ့ငါရှိနေသေးတာကိုတော့သတိရပေး "
"ကျေးဇုတင်ပါတယ်မင်းကငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ"
ရိပေါ်ကပြောပြီးကျောခိုင်းထွက်သွားသည်။ဧည့်ခန်းမှာစောင့်နေတဲ့ယွင်ရှောက်ကရိပေါ်ကိုတွေ့တော့ပြုံးပြတယ်။
"မင်းသေချာဆုံးဖြတ်ပြီးပြီလား ငါနဲ့လိုက်ခဲ့မှာသေချာလား"
"အင်း"
"ဒီတစ်ခါအရင်ကနဲ့မတူဘူးနော် Ace စံအိမ်မှာအစီအစဥ်တွေစမှာ သခင်ကြီးဝမ်ကိုတစ်ယောက်ထဲလာခိုင်းပေမဲ့သူကအဲ့လိုမဟုတ်ပဲသူ့လူတွေပါခေါ်ခဲ့ရင်ငါတို့အဆင်မပြေနိုင်ဘူးနော်သူကတစ်ယောက်မှလွှတ်ပေးမှာမဟုတ်ဘူး"
"ငါ့ဆုံးဖြတ်ချက်ကိုမပြင်ဘူး သခင်ကြီးဝမ်ဒီနေ့ပဲဘဝပြောင်းစေရမယ် "
ရိပေါ်ရဲ့ပြတ်သားတဲ့စကားကြောင့်ယွင်ရှောက်ရယ်လိုက်သည်။သခင်လေးဖြစ်စေချင်တဲ့အတိုင်းပဲ သခင်လေးရဲ့နယ်ရုပ်တွေကစကားနားထောင်တယ်။အရင်ကတော့ရှောင်းကျန့်ယုံအောင်သခင်ကြီးဝမ်ကိုသတ်မယ်ဆိုပြီးဟန်ပြရုံပဲ ခုတော့ရိပေါ်ကတကယ်ကြီးသတ်မယ်ဆိုတော့တကူးတကကြီးလိုက်ကြံနေစရာမလိုတော့ဘဲရှောင်းကျန့်မုန်းအောင်သူကိုယ်တိုင်ပဲလုပ်နေပြီ သိပ်ကောင်းတယ်။
Leaderနဲ့ရိပေါ်ကအိမ်ထဲကထွက်သွားတာကိုကြည့်ပြီးတာ့ဟုန်ရင်ထဲတစ်မျိုးဖြစ်နေသည်။သူစိတ်ထင်၍ပဲလားမသိLeaderကထူးဆန်းတယ်လို့ခံစားနေမိတယ်။ရိပေါအန္တရာယ်ကင်းပါစေ....
*^^*
မှန်အပြည့်ကာထားတဲ့နေရာမှာရပ်နေရင်းရှုခင်းကိုကြည့်နေတုန်းနောက်ကနေတစ်ယောက်ယောက်ကခါးကိုလာဖက်သည်။ဝမ်ရိပေါ်လှည့်ကြည့်စရာမလိုပဲနှာခေါင်းဝကိုရောက်လာတဲ့ရနံ့သင်းသင်းလေးကြောင့်ဘယ်သူလဲဆိုတာသိသည်။ရှောင်းကျန့်ကရေမွှေးတွေမကြိုက်ဘူး သူ့မှာကိုယ်ပိုင်သင်းရနံ့လေးရှိနေတာမလို့ရေမွှေးတွေမလိုဘူး။
ရှောင်းကျန့်ကခါးကိုနောက်ကနေဖက်ရင်းပုခုံးပေါ်မေးတင်ထားသည်။
"ဟောင်ကောင်ကလှတယ်နော်"
"ရှောင်းကျန့်ကပိုလှတယ် "
"ဒါဆိုဒီအလှလေးတောင်းဆိုတာလိုက်ေရာမှာလား"
"အကုန်ရစေရမယ် ဟောင်ကောင်မြို့တော်ကြီးကိုလိုချင်တာလား..ဒါမှမဟုတ်ကောင်းကင်ပေါ်ကနေမင်းကြီးကိုလိုချင်တာလား"
"ဟင့်အင်း တစ်ခုမှမဟုတ်ဘူး ငါကမင်းအချစ်တွေအားလုံးကိုလိုချင်တာ"
ရှောင်းကျန့်ကပြောပြီးဝမ်ရိပေါ်ရဲ့ပါးကိုနမ်းလိုက်တယ်။ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့မျက်နှာချင်းဆိုင်လှည့်ပြီးနှုတ်ခမ်းစိုရဲရဲလေးကိုဖျတ်ခနဲနမ်းသည်။
"Boss Wang မင်းအချစ်တွေကငါ့အတွက်ပဲနော် ဘယ်သူနဲ့မှမမျှဝေနိုင်ဘူး ငါတစ်ယောက်ထဲပဲအပိုင်ယူထားမှာ"
"ဒါပေါ့ မင်းမလိုချင်ဘူးဆိုရင်တောင်ကိုယ်ကပေးနေအုံးမှာ နောင်သံသယာအဆက်ဆက် မင်းတစ်ယောက်ထဲပဲ ကိုယ်ကမင်းအပိုင် မင်းကိုလဲကိုယ်တစ်ယောက်ထဲပိုင်တယ်."
ရှောင်းကျန့်ကBoss Wangကိုသဘောကျစွာဖက်ပြီးရင်ခွင်ထဲတိုးဝင်လိုက်တယ်။ဝမ်ရိပေါ်ကလဲပြန်လည်ဖက်တွယ်လိုက်သည်။ဒီလိုလေးပဲအမြဲရှိနေရင်ဘယ်လောက်ကောင်းလိုက်မလဲ ကိုယ်ကြိုးစားမှာဘေဘီ ခဏလေးပဲစောင့်ပါ
"Boss Wang ဒီနေ့ Aceစံအိမ်မှာဂိတ်ဆွေးနွေပွဲကိုတစ်ယောက်ထဲလာခိုင်းတယ်ဆို သူတို့ရိုးရဲ့လား"
"ဘယ်ရိုးမလဲ အရမ်းသေချာတာပေါ့"
"ငါလိုက်ခဲ့လို့ရမလား"
ရှောင်းကျန့်စကားကြောင့်ဝမ်ရိပေါ်ကရင်ခွင်ထဲကကောင်လေးကိုမျက်နှာချင်းဆိုင်အနေအထားပြောင်းလိုက်သည်။မျက်ခုံးတွေတွန့်ချိုးနေပြီးခုနကလိုပြုံးရယ်မနေတော့ဘူး။ဒါကလက်မခံဘူးဆိုတာပေါ်လွင်နေပါတယ်။
"မရဘူးဘေဘီ!!ကိုယ်ခွင့်မပြုဘူး penisulaမှာလိုဖြစ်မှာကိုယ်စိုးရိမ်တယ်"
"ဒါပေမဲ့ မင်းတစ်ယောက်ထဲသွားမှာကိုငါစိတ်မချဘူး ဘာလို့လဲမသိဘူးငါစိတ်တွေအရမ်းလေးနေတယ် မင်းသာတစ်ခုခုဖြစ်ရင်ငါရူးမှာ"
"မရဘူးကွာ ရှောင်းကျန့်ကိုယ့်စကားနားထောင်နော် အရင်တစ်ခါမင်းစိတ်တိုင်းကျ ကိုယ့်ကိုကာကွယ်ပေးခဲ့ပြီပြီပဲ ဒီတစ်ခါတော့ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး "
"ဒါပေမဲ့.. သူတို့က"
"ကိုယ်ဖြေရှင်းနိုင်တယ် မင်းကိုယ့်ကိုယုံတယ်မလား"
"ငါမင်းကိုယုံတယ်ဒါပေမဲ့ကံကြမ္မာဆိုတာကြီးကိုတော့မယုံရဲဘူး သူကအရမ်းလှည့်စားတတ်တာ"
"ဟက်..ဘေဘီ ကိုယ်ကဘယ်သူလဲဝမ်ရိပေါ်ပါ ကံကြမ္မာကိုတောင်ပြောင်းပြန်လှန်ပစ်လိုက်မယ်"
ရွှတ်နောက်နောက်ပြောနေတဲ့ဝမ်ရိပေါ်ကိုရှောင်းကျန့်ကမျက်စောင်းထိုးပြီးရင်ဘက်ကိုလက်သီးလေးနဲ့ထိုးလိုက်သည်။
"ငါကအကောင်းပြောနေတာကို"
"ဟားးး"
ဝမ်ရိပေါ်ကသူ့ရင်ဘက်ကိုဖိပြီးတဟားဟားအော်ရယ်နေတယ်။Boss Wangဒီလိုတစ်ခါမှစိတ်လွတ်ကိုယ်လွတ်ရယ်တာမတွေ့ဖူးတော့ရှောင်းကျန့်ငေးသွားမိသည်။ငါတို့နှစ်ယောက်ဒီလိုပဲလွတ်လပ်စွာရှင်သန်ချင်တယ်..
"Boss Wang ငါမင်းကိုစိတ်ပူတယ် ငါလိုက်ခဲ့ပါရစေနော် မင်းနားမှာပဲနေမယ်လေနော် မင်းတစ်ယောက်ထဲသွားမှာကိုငါကဘယ်လိုစိတ်နဲ့အေးဆေးနေနိုင်ပါ့မလဲ"
ဝမ်ရိပေါ်ကအသာအယာပြုံးပြီးရှောင်းကျန့်ပါးလေးတွေကိုနူးညံ့စွာပွတ်သပ်နေသည်။ခုတလောဝမ်ရိပေါ်ကရှောင်းကျန့်ရှေ့မှာအရင်ကထက်စာရင်ပိုပြုံးလာတယ်အပြုံးတွေအားလုံးကအပစ်ကင်းပြီးလှပသည်။
"ရှောင်းကျန့်ရာ ကိုယ်ကနီးနီးလေးပဲသွားမှာလေ စစ်တိုက်ထွက်တာမှမဟုတ်တာ ဘာမှမဖြစ်ဘူးစိတ်ချ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ပါတယ်ဘေဘီ "
သူပြောနေပေမဲ့သူ့ရဲ့အသဲအသက်လေးရဲ့မျက်နှာကစိုးရိမ်မှုတွေလျော့မသွားပေ။
"အချိန်နီးနေပြီး ကိုယ်ပြင်ဆင်ရတော့မယ် "
ဝမ်ရိပေါ်ကပြောပြီးအခန်းထဲဝင်သွားသည်။ရှောင်းကျန့်ကထိုနေရာမှာပဲရပ်နေမိတယ်။လက်သီးကိုတင်းတင်းဆုပ်လို့မျက်လုံးတွေမှိတ်ချလိုက်သည်။
ထို့နောက်အခန်းထဲလိုက်ဝင်သွားတော့Boss Wangကအင်္ကျီတောင်လဲပြီးပြီ။ရှောင်းကျန့်ကဘာမှမပြောပဲဆွဲအံထဲကလက်ထိပ်ကိုယူပြီးသူ့လက်မှာတစ်ဖက်တပ်လိုက်သည်။ကျန်တဲ့တစ်ဖက်ကိုBoss Wangရဲ့လက်ကောက်ဝတ်မှာတပ်လိုက်တယ်။Boss Wangကကြောင်အနေပြီးမှသက်ပြင်းအသာချသည်။
"ငါမင်းကိုပေးမသွားဘူး"
ရှောင်းကျန့်ကနှုတ်ခမ်းတစ်တောင်လောက်ဆူထားကာကုတင်ပေါ်ထိုင်နေလိုက်သည်။
"ဘေဘီ"
"........"
"ကိုယ်သွားမှဖြစ်မှာမဟုတ်ရင်ဒီကိစ္စတွေကပြီးမှာမဟုတ်ဘူး"
".........."
"ကိုယ်ရှင်းရမှာမလို့ပါတောင်းပန်ပါတယ်ဒီထက်ပိုရှုပ်ထွေးရင်မကောင်းတာတွေပဲဖြစ်လာတော့မှာ"
"........."
"ဘေဘီ မဆိုးနဲ့လေကွာ"
"........"
သူ့ကိုလဲမကြည့်ပဲတစ်ဖက်သို့လှည့်ကာစိတ်ကောက်နေတဲ့သူကိုကြည့်ပြီးဝမ်ရိပေါ်ပြုံးလိုက်တယ်။ရှောင်းကျန့်ကိုကုတင်မှာလှဲစေပြီးသူပါဘေးမှာဝင်လှဲလိုက်တယ်။စိတ်ကောက်နေတဲ့သူလေးကဒီလိုကျတော့သူ့ရင်ခွင်ထဲတိုးဝင်လာသည်။ဝမ်ရိပေါ်လဲတင်းတင်းဖက်ထားလိုက်တယ်။
"ကိုယ့်ကိုယုံတယ်ဆို ဘာလို့ပေးမသွားတာလဲ"
"မင်းငါ့ကိုကတိပေး ငါ့ကိုတစ်ယောက်ထဲမထားသွားပါဘူးလို့"
"ဟက် ပြောနေတဲ့ပုံက ကိုယ်ကပဲသွားသေမှာကျနေတာပဲ"
"မပြောနဲ့! နမိတ်မရှိတာတွေမပြောနဲ့!"
"ကောင်းပြီ ကောင်းပြီ ကိုယ်မပြောတော့ဘူးနော်.".
"Boss Wang ငါ့ကိုမထားသွားနဲ့နော်"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားသည်။ရှောင်းကျန့်မျက်နှာလေးကိုလဲတရှုံ့ရှုံ့နမ်းနေတယ်။သူ့အနမ်းတွေကအိပ်ဆေးသဖွယ်ချစ်ရသူရဲ့မျက်လုံးလှလှလေးကမှေးစင်းလာသည်။နဖူးပြေပြေလေးကိုမြတ်နိုးမဝစွာနမ်းနေမိရင်းအသက်ရူမှန်မှန်ဖြင့်အိပ်ပျော်သွားသောသူကြောင့်သက်ပြင်းချလိုက်သည်။
"ရှောင်းကျန့် ရှောင်းကျန့်.."
အသံတိုးတိုးလေးဖြင့်ခေါ်ကြည့်တော့မနိုးလာတာကြောင့်အသာအယာထကာမီးအိမ်အောက်ကသော့တစ်ချောင်းယူလိုက်သည်။လက်ထိပ်ကိုဖြုတ်ပြီးရှောင်းကျန့်လက်ကိုပါဖြုတ်ပေးလိုက်တယ်။အိပ်မောကျနေတဲ့သူ့အချစ်ကိုကြည့်ပြီးရင်ဘတ်ထဲတင်းကြပ်လာသည်။
ကိုယ်အတတ်နိုင်ဆုံးပြန်လာနိုင်အောင်ကြိုးစားမှာပါ ဒီတစ်ခေါက်ကအရင်ကနဲ့မတူဘူး ပြန်လာနိုင်ပါ့မလားဆိုတာမသေချာဘူး သူတို့သေရင်သေ မသေရင်ကိုယ်သေပဲ ရှောင်းကျန့် ကိုယ်မင်းကိုမထိခိုက်စေချင်လို့ပါနားလည်ပေးနိုင်တယ်မလား
ဝမ်ရိပေါ်ကရှောင်းကျန့်ဆံပင်လေးတွေကိုသပ်ပေးနေရင်းနဖူးကိုငုံ့နမ်းလိုက်သည်။ထို့နောက်ခေါင်းအုံးနဲ့ဖိထားလို့လုံးထွက်နေတဲ့နှုတ်ခမ်းလေးကိုခပ်ကြာကြာဖိနမ်းထားလိုက်တယ်။ဒီအနမ်းကနောက်ဆုံးအနမ်းဖြစ်သွားနိုင်တယ်....
"ဘေဘီ ကိုယ့်ကိုစောင့်နေပေးပါလို့မပြောချင်ဘူး "
ဝမ်ရိပေါ်ကကုတင်ပေါ်ကထပြီးဗီရိုရှေ့သွားကာတစ်စုံတစ်ခုကိုထုတ်ယူလိုက်တယ်။သူ့လက်ထဲပါလာတာကအနီရောင်လက်ထက်မှတ်ပုံတင်ဖြစ်သည်။
ရှောင်းကျန့်ကိုရေးရေးလေးပြုံးကာကြည့်ပြီးလက်ထက်မှတ်ပုံတင်မှာသူ့ရဲ့လက်ဗွေကိုတံဆိပ်ခတ်လိုက်တယ်။ရှောင်းကျန့်ရဲ့လက်ကိုယူတော့လူးလွန့်လာတဲ့သူလေးကြောင့်ငြိမ်သက်နေမိပြီးအသက်အောင့်ထားလိုက်မိသည်။
"အင်း....Boss Wang ငါမင်းကိုသွားခွင့်မပေးနိုင်ဘူး"
အိမ်မက်ယောင်နေတာကိုကြည့်ပြီးအံတင်းတင်းကြိတ်လိုက်မိသည်။ကိုယ်အားလုံးရှင်းပြီးသွားရင်မင်းဆီအရောက်ပြန်လာခဲ့ပါ့မယ် စောင့်နေပေးပါလို့မပြောချင်ပေမဲ့အတတ်နိုင်ဆုံးပြန်လာနိုင်အောင်ကြိုးစားမယ်လို့ကတိပေးနိုင်တယ်။
ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့လက်နဲ့လက်ထက်မှတ်ပုံတင်မှာလက်ဗွေတံဆိတ်နှိပ်လိုက်သည်။မှတ်ပုံတင်ကိုတစ်ချက်နမ်းပြီးရှောင်းကျန့်ကိုလဲတစ်ချက်နမ်းလိုက်တယ်။လက်ထက်မှတ်ပုံတင်ကိုရှောင်းကျန့်လက်ထဲထည့်ထားပေးလိုက်တော့တအင်းအင်းနဲ့တင်းကြပ်အောင်ဆုတ်ထားလေသည်။ဝမ်ရိပေါ်ကပြုံးလိုက်တယ်
"မင်းနဲ့အမြဲဒီလိုနေနိုင်အောင်ကိုယ်ကြိုးစားနေတာမလို့နားလည်ပေးပါ"
ထိုစကားပြောပြီးအခန်းထဲကကျောခိုင်းထွက်လာခဲ့သည်။အခန်းဝကနေကုတင်ပေါ်အိပ်နေတဲ့သူကိုတစ်ချက်ကြည့်ပြီးတံခါးကိုပိတ်လိုက်တယ်။အခန်းပြင်ရောက်တာနဲ့ဝမ်ရိပေါ်ရဲ့မျက်နှာကပြောင်းလဲသွားသည်။စွန်ရဲတစ်ကောင်လိုစူးရှတဲ့မျက်ဝန်းတွေနဲ့သွေအေးရက်စက်ပြီးသွေးဆာနေတဲ့အငွေ့တွေဖုံးလွှမ်းသွားတယ်။ရှောင်းကျန့်နဲ့အတူရှိနေတဲ့အချိန်တွေနဲ့လားလားမှမသက်ဆိုင်တော့တဲ့လူတစ်ယောက်ဖြစ်သွားသည်။
"Chuo ရှောင်းကျန့်ကိုသေချာဂရုစိုက်"
"Boss တစ်ယောက်ထဲဖြစ်ရဲ့လား သူတို့ကအရမ်းယုတ်မာတာနော်"
"ငါမသေရင်သူတို့သေမယ် "
"Boss "
Jackson Chuo အားလိန်တို့ကသူတို့Bossကိုလုံးဝစိတ်မချဖြစ်နေသည်။ဒီတစ်ခါထွက်သွားရင်အိမ်တော်ထဲပြန်မလာနိုင်တော့မှာသူတို့သေမတတ်ကြောက်ပါသည်။
"Boss မသွားလို့ရမလား"
ရှောင်းကျန့်နဲ့အေးဆေးနေနိုင်ဖို့အတွက်ငါသွားမှဖြစ်မယ် ဒီကိစ္စတွေကိုအပြီးသတ်ချင်ပြီ တကယ်လို့ ငါပြန်မရောက်လာခဲ့ရင် ပြောထားတဲ့အတိုင်းလုပ် ရှောင်းကျန့်ကိုငါလို့သဘောထားပြီးသေချာစောင့်ရှောက်ပေး ရှန်ဟိုင်းကိုသွားဖို့အကုန်စီစဥ်ထားပြီးပြီ ငါပြန်မလာနိုင်ခဲ့ရင်သူ့ကိုခေါ်ပြီးထွက်သွား ဒီနိုင်ငံကိုဘယ်တော့မှခြေမချမိစေနဲ့
"Boss သခင်လေးကလက်ခံမယ်ထင်နေလား"
Jacksonကငိုသံပါကြီးနဲ့ပြောနေသည်။ကျန်တဲ့နှစ်ယောက်လဲမျက်နှာလုံးဝမကောင်းကြဘူး။
"Jackson"
"ဟုတ်ကဲ့Boss အင့်"
"ငါမသေနိုင်ပါဘူး"
"ဒါပေါ့ Boss က ကျွန်တော်တို့နဲ့အကြာကြီးအတူနေရမှာမသေနိုင်ဘူး"
"Jackson. ...ရှောင်းကျန့်ကိုသေချာစောင့်ရှောက် ဘယ်သူမှသူ့နားမရိုးမသားချည်းကပ်တာကိုလက်မခံစေနဲ့ ညစာထမင်းကိုနည်းနည်းပဲကျွေးသူကစားပြီးတာနဲ့တန်းအိပ်တာမလို့အစာမကျေဖြစ်လိမ့်မယ် လေစိမ်းတိုက်မခံနဲ့အအေးပတ်မယ်.. ရေချိုးရင်ရေအေးချိန်းပေးရေနွေးနွေးကြီးသူမကြိုက်ဘူးအပူလဲမကြိုက်ဘူး "
"Boss ဘာလို့ဒါတွေပြောပြနေတာလဲ..ကျွန်တော်မလုပ်ပေးဘူးနော်လုပ်ချင်ရင်Boss ကိုယ်တိုင်လုပ်ပေး"
Jacksonကငိုမဲ့မဲ့ပြောသည်။
"အားလိန် "
"ဟုတ်ကဲ့Boss ကျွန်တော်ရှိပါတယ်"
ရှောင်းကျန့်လုံခြုံရေးကမင်းဆီမှာတာဝန်အပြည့်ရှိတယ် သူ့ခန္ဓာကိုယ်မှာဓားရှရာလေးတစ်ခုတောင်မဖြစ်စေနဲ့ ညဘက်ရောက်ရင်အပြင်မထွက်ခိုင်းနဲ့ သူ့နားမှာလိုအပ်တာနဲ့အသင့်ရှိနေပေးရမယ် မတည့်တာတွေမစားမိစေနဲ့ အထူးသဖြင့်ခရမ်းသီး သူလုံးဝမကြိုက်တာမလို့မြင်တောင်မမြင်မိစေနဲ့ ကြားလား
"........"
"ကြားလားလို့!"
"ကျွန်တော်မကြားတာမလို့Bossကိုယ်တိုင်ပဲလုပ်ပေးလိုက်ပါ"
အားလိန်ကမျက်နှာထားတည်တည်နှင့်သာပြန်ပြောသည်။
"Chuo "
"ပြောပါBoss"
"ရှောင်းကျန့်နိုးလာရင်ငါ့ကိုမေးလိမ့်မယ် သူငါ့နောက်လိုက်လာဖို့အတွက်မင်းတို့ကိုခြိမ်းခြောက်လိမ့်မယ်... သူမင်းတို့ကိုခြိမ်းခြောက်ရင်သူ့ကိုလဲမထိခိုက်ပဲငါ့နောက်မလိုက်လာအောင်မင်းတားရမယ်....ရှောင်းကျန့်နားမှာတသက်လုံးအဖော်လုပ်ပေးရမယ် ဒါငါ့အမိန့်ပဲ နောက်ဆုံးအမိန့်လဲဖြစ်သွားနိုင်တယ်"
"Boss ကိုယ်တိုင်သခင်လေးနဲ့အဖော်လုပ်ပေးပါ ကျွန်တော်ကမိန်းမယူမှာမလို့...သခင်လေးလိုအပ်နေတာကျွန်တော်တို့မဟုတ်ဘူး Bossတစ်ယောက်ထဲပါပဲ ဒါကြောင့်သခင်လေးအတွက်အိမ်တော်ကိုပြန်လာခဲ့ရမယ်"
ဝမ်ရိပေါ်ကလက်သီးကိုတင်းတင်းဆုပ်ပြီးအံတင်းတင်းကြိတ်ကာလှည့်ထွက်လာခဲ့သည်။ရှောင်းကျန့်အတွက်သူအသက်ရှင်နေရမယ်...အဲ့ဒီမြေခွေးတွေကိုတစ်ကောင်မကျန်အမြစ်ကနေဆွဲနှုတ်ပစ်မည်..
ကိုယ်ရံတော်သုံးယောက်ကသူတို့Bossရဲ့နောက်ကျောကိုကြည့်ပြီးစိတ်မသက်မသာဖြစ်စွာခံစားနေရကြသည်။
Boss အန္တရာယ်ကင်းပါစေ...
အခန်းထဲကကောင်လေးကလက်ထက်မှတ်ပုံတင်နီရဲရဲလေးကိုပိုက်ပြီးအေးချမ်းစွာအိပ်စက်နေလေသည်။
💚💛❤
19ခု
Zaw
မွန္အျပည့္ကာထားတဲ့အေပၚဆုံးထပ္ရဲ႕မွန္ျပတင္းအနားမွာစားပြဲရွည္ႀကီးနဲ႔ႏွစ္ေယာက္အတူDinner လုပ္ေနၾကသည္။Tsim Sha Tsuiရဲ႕ညရႈခင္းအလွတရားနဲ႔အတူသူ႔ေရွ႕ကအလွတရားေလးကိုတဝႀကီးခံစားေနသည္။
စားပြဲေပၚစုံလင္လွတဲ့ဟင္းမ်ိဳးစုံနဲ႔အနီေရာင္ဝိုင္နဲ႔အရမ္းလိုက္ဖက္တယ္။ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုျပန္ခ်စ္ေနတာသူေလာက္ေပ်ာ္တဲ့သူဒီေလာကမွာရွိေတာ့မယ္မထင္ပါဘူး။ေရွာင္းက်န္႔ကမတ္တပ္ထရပ္ၿပီးဓာတ္ျပားေခြကိုထည့္ကာသီးခ်င္းဖြင့္ဖို႔လုပ္သည္။
"ဒီလိုညမွာသီခ်င္းေလးနဲ႔မွပိုလိုက္ဖက္တာေပါ့"
ဓာတ္ျပားကထြက္ေနတဲ့သီခ်င္းကTsai Chinရဲ႕ Ding dong ျဖစ္သည္။ေဟာင္ေကာင္ရဲ႕လွပတဲ့ညမွာဒီလိုDinnerမ်ိဳးနဲ႔ဒီလိုသီခ်င္းကလိုက္ဖက္မႈရွိပါတယ္။ေရွာင္းက်န္႔ကသူ႔ေနရာသူျပန္ထိုင္ကာထမင္းဆက္စားသည္။
"ေဘဘီ ကိုယ့္ကိုမခြံ႕ခ်င္ဘူးလား"
"မင္းမွာလက္ေတြေျခေတြအစုံပါတာပဲ"
"မင္းခြံေကြၽးတာလိုခ်င္တာေလ"
ေရွာင္းက်န္႔ကBoss Wangကိုမ်က္ေစာင္းထိုးလိုက္တယ္။ထို႔ေနာက္steak တစ္တုံးေသးေသးေလးလွီးၿပီးဝမ္ရိေပၚပါးစပ္နားကိုေတ့ေပးလိုက္သည္။ဝမ္ရိေပၚကဇြန္းကိုကိုက္ၿပီးမလႊတ္ေပးပဲဆက္ကိုက္ကာေရွာင္းက်န္႔ကိုစိုက္ၾကည့္ေနသည္။စူးရွလြန္းတဲ့အၾကည့္ေတြေၾကာင့္ေရွာင္းက်န္႔ရင္ေတြအဆမတန္ခုန္ေနမိတာေတာ့အမွန္ပါ။ဖြင့္ဟဝန္ခံၿပီးေနာက္မွပိုဆိုးလာတဲ့သူ႔ခံစားခ်က္ေတြ...
"ဇြန္းပါဝါးစားေတာ့မလို႔လား"
"ကိုယ္လဲျပန္ခြံ႕ေကြၽးမယ္"
"မလိုပါဘူး ငါ့လက္ပါတယ္"
"မရဘူး..ကိုယ္ခြံ႕မယ္"
ဝမ္ရိေပၚခြံ႕မယ္ဆိုၿပီးသူပဲsteakတုံးကိုပါးစပ္ထဲေကာက္ထည့္လိုက္သည္။ေရွာင္းက်န္႔ကမ်က္ေစာင္းလွလွေလးထိုးလိုက္ေတာ့ဝမ္ရိေပၚကရယ္တယ္။ထို႔ေနာက္ေရွာင္းက်န္႔လည္ပင္းကိုထိန္းကိုင္ၿပီးႏႈတ္ခမ္းခ်င္းထိကပ္လိုက္သည္။ေရွာင္းက်န္႔ကပါးစပ္ေလးဟေပးေတာ့သူ႔ပါးစပ္ထဲဝင္လာတဲ့steakတုံး။ဝမ္ရိေပၚနဲ႔လွ်ာနဲ႔ထိုးေပးေတာ့ေရွာင္းက်န္႔ဝါးစားဖို႔လုပ္သည္။ဝမ္ရိေပၚကႏႈတ္ခမ္းေတြကိုလႊတ္မေပးေသးပဲအသားတုံးကိုသူပါလိုက္ကိုက္ေနတယ္။
"အြန္႔..မင္း..အြင့္..ငတ္ေနတာလား"
ေရွာင္းက်န္႔ကရင္ဘတ္ကိုလက္နဲ႔တြန္းၿပီးဆူပုတ္ပုတ္ေလးေျပာေတာ့ဘာမွျပန္မေျပာပဲျပန္နမ္းသည္။ပါးစပ္ထဲကအသားတုံးကိုျပန္လုကိုက္ေနတယ္။ေရွာင္းက်န္႔လဲအပါမခံပဲအသားတုံးကိုလွ်ာနဲ႔ျပန္ယူထားသည္။ဝမ္ရိေပၚကလဲ လွ်ာနဲ႔ပဲအသားတုံးကိုလုေနတယ္။အသားတုံးေလးမွာေတာ့ပါးစပ္ထဲဝါးစရာမလိုေအာင္ႏူးေနေလၿပီ။ေရွာင္းက်န္႔ကစိတ္မရွည္ေတာ့တာမလို႔သူ႔အသားတုံးကိုလာလုေနတဲ့Boss Wangရဲ႕ႏႈတ္ခမ္းကိုယုန္သြားနဲ႔ကိုက္ခ်လိုက္တယ္။
အ့..
ဝမ္ရိေပၚကေပါက္သြားတဲ့ႏႈတ္ခမ္းကိုလက္ညိဳးနဲ႔အသာဖိၿပီးေရွာင္းက်န္႔ကိုၾကည့္ေတာ့လုပ္ခ်င္တာလုပ္ရလို႔ေက်နပ္ေနတဲ့႐ုပ္ေလး။
"ကိုက္တယ္ေပါ့"
"အင္း ကိုက္တယ္."
"ဒါဆိုကိုယ္လဲျပန္ကိုက္မယ္"
"အ့..Boss Wang. .အြန္႔ Boss"
ေရွာင္းက်န္႔ႏႈတ္ခမ္းကိုျပန္ကိုက္ေနတာမလို႔အားမပါစြာတြန္းဖယ္ရင္း႐ုန္းေနလိုက္သည္။
"ဟီး..Boss Wang. .မကိုက္နဲ႔ေတာ့..ေၾကာက္ၿပီလို႔.."
"ဟားးး"
က်ီစားေနၾကတဲ့ႏွစ္ေယာက္ကထမင္းစားဖို႔ကိုေမ့ေနၾကေလသည္။စားပြဲေပၚကဟင္းေတြကေတာ့စားသုံးသူကင္းမဲ့လ်က္...
*^^*
"သူ႔နာမည္ကJin ကိုယ္ေမြးထားတာမၾကာေသးဘူး ေဘဘီကိုယ့္နားကထြက္သြားေတာ့သူ႔ကိုအေဖာ္လုပ္ခဲ့တာ ဒီေကာင္ႀကီးကအားကိုးရတယ္ ေဘဘီ့ကိုလြမ္းေနတဲ့စိတ္ေတြကိုJinကေျပေလ်ာ့ေအာင္လုပ္ေပးတယ္"
"ငါ့ေနရာအစားသြင္းလိုက္တာေပါ့"
Jinနဲ႔မိတ္ဆတ္ေပးေတာ့႐ြဲ႕တဲ့တဲ့ေမးလာတဲ့သူကိုဝမ္ရိေပၚၿပဳံး၍သာၾကည့္ေနလိုက္သည္။ဒါကသဝန္တိုေနတာလား..
သူတို႔အေနာက္ဘက္ၿခံကိုေရာက္ေနတာျဖစ္ၿပီးJinနဲ႔ေတြ႕ရေအာင္ေရွာင္းက်န္႔ကိုေခၚလာခဲ့သည္။ဒီေရာက္ေတာ့Jinကေလွာင္အိမ္ထဲမွာတခူးခူးနဲ႔အိပ္ေပ်ာ္လို႔ေနတယ္။
ဝမ္ရိေပၚကေရွာင္းက်န္႔လက္ကိုဆြဲၿပီးအရိပ္ရသစ္ပင္ႀကီးေအာက္ကိုေခၚလာခဲ့သည္။ေရွာင္းက်န္႔ကဝမ္ရိေပၚ ေပါင္မွာအိပ္ခ်လိုက္တယ္။Boss Wangကသူ႔နဖူးကဆံစေလးေတြကိုလက္ညိဳးနဲ႔အသာသပ္ေပးေနရင္းငုံ႔နမ္းလိုက္သည္။ေရွာင္းက်န္႔ကမ်က္လုံးေလးေတြေမွးသြားတဲ့ထိၿပဳံးလိုက္တယ္။
ဒီလိုၾကည္ႏူးရမယ္ဆိုတာသိရင္အစထဲကသူBoss Wangကိုလက္ခံခဲ့တယ္။စိတ္လိုက္မာန္ပါေတြေလ်ာက္လုပ္ျဖစ္မွာမဟုတ္ဘူး။
"Boss Wang ငါေတာင္းပန္ပါတယ္ ျဖစ္ခဲ့သမွ်အရာအားလုံးအတြက္မင္းအေပၚလဲအထင္လြဲခဲ့မိတယ္"
"အဲ့ဒါေတြကိုထားခဲ့ေတာ့ခုခ်ိန္ကစၿပီးကိုယ္တို႔အေကာင္းဆုံးျဖစ္ေအာင္ေနၾကမယ္ မင္းကိုခ်စ္တယ္.."
"ငါလဲမင္းကိုခ်စ္တယ္ "
"ဟင့္အင္း ကိုယ္ကပိုခ်စ္တာ"
"ငါကပိုခ်စ္တာပါေနာ္ မင္းမၾကားဖူးဘူးလား အမုန္းေၾကာင့္ျဖစ္သြားတဲ့အခ်စ္ကပိုခိုင္မာတယ္တဲ့"
"ဟုတ္လို႔လား"
"မင္းမယုံလဲရတယ္ ငါကသက္ေသျပမွာမလို႔"
ေရွာင္းက်န္႔စကားေၾကာင့္ဝမ္ရိေပၚရင္ထဲပန္းေတြေဝေဝဆာဆာပြင့္ေနသည္။သူယုံတာေပါ့ ေရွာင္းက်န္႔သူ႔ကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာ။
"ေရွာင္းက်န္႔"
"ဟင္"
"မင္း မ်က္လွည့္ဆရာနဲ႔အတူရွိေနတုန္းကသူ႔ကိုစိတ္ဝင္စားခဲ့ေသးလား."
"........."
အေျဖစကားမလာပဲတိတ္ေနေတာ့ဝမ္ရိေပၚရဲ႕မ်က္ခုံးေတြကတြန္႔ခ်ိဳးသြားသည္။ေရွာင္းက်န္႔ကတစ္ခ်က္ၿပဳံးၿပီးစုက်ဳံ႕ေနတဲ့မ်က္ခုံးအလယ္ကိုလက္နဲ႔ျပန္ေျဖေလ်ာ့ေပးလိုက္တယ္။
"Boss Wang... ငါသူ႔ကိုခ်စ္ခ်စ္မခ်စ္ခ်စ္ စိတ္ဝင္စားခဲ့သည္ျဖစ္ေစ မဝင္စားခဲ့သည္ျဖစ္ေစ..ခုခ်ိန္ငါ့ရင္ထဲမွာမင္းတစ္ေယာက္ပဲရွိတာ မင္းယုံလား.."
"
"ကိုယ္မင္းကိုယုံတယ္"
"အဆုံးထိယုံမလား"
ဒီေမးခြန္းကေရွာင္းက်န္႔သူ႔ကိုမၾကာခဏေမးခဲ့ဖူးသည္။အဲ့တုန္းကဘာေၾကာင့္လဲမသိခဲ့ေပမဲ့ခုေတာ့သူနားလည္သြားၿပီ။ေရွာင္းက်န္႔နဲ႔ပက္သက္ရင္သူကအလြန္တုံးအသည္။
"ကိုယ္မင္းကိုအႂကြင္းမဲ့ယုံတယ္ေဘဘီ"
"ရၿပီ မင္းငါ့ကိုယုံတယ္ဆိုတာနဲ႔တင္ ငါမင္းနဲ႔အရာရာကိုေက်ာ္ျဖတ္ႏိုင္ၿပီ ငါမင္းကိုကာကြယ္ေပးမယ္"
ေရွာင္းက်န္႔ကၿပဳံးၿပီးဝမ္ရိေပၚရဲ႕လည္ဂုတ္ကိုဖိခ်ကာႏႈတ္ခမ္းခ်င္းထပ္တူက်ေစလိုက္သည္။ႏွစ္ေယာက္သားမ်က္လုံးေတြမွိတ္က်ကာရွည္းလ်ားတဲ့လွပတဲ့အနမ္းကိုဖန္တီးလိုက္ၾကတယ္။
ခပ္လွမ္းလွမ္းကၾကည့္ေနတဲ့ကိုယ္ရံေတာ္သုံးေယာက္ကအားက်ျခင္းမ်ားစြာျဖစ္ေနၾကသည္။Jacksonကခ်ိဳခ်ဥ္းလုံးကိုကိုက္ကာမ်က္ေတာင္မခတ္ၿပဳံးၿဖီးၾကည့္ေနတယ္။Chuoကအၿပဳံးေရးေရးေလးျဖင့္သာၾကည့္ေနတယ္ Bossနဲ႔သခင္ေလးဒီလိုေျပလည္သြားတာဝမ္းသာစရာပါပဲ။အားလိန္ကChuoနဲ႔Jacksonကိုပုခုံးကေနဖက္ကာၿပဳံးစိစိျဖစ္ေနသည္။
"အားက်တယ္ကြာ ငါဘာလို႔တစ္ေယာက္ထဲျဖစ္ေနရတာလဲမသိဘူး"
Jacksonကအားက်ၿပီးေျပာသည္။
"မင္းရဲ႕Maria ေလးနဲ႔အဆင္မေျပဘူးလား"
အားလိန္ကေမးေတာ့Jacksonမ်က္ႏွာကအီးမွန္သလိုမဲ့ရႈံ႕သြားသည္။Maria အေၾကာင္းChuoေျပာျပလို႔သူအားလုံးသိသြားၿပီပင္။ေတာ္ေသးတာေပါ့ေႁမြေပြးခါးပိုက္ ပိုက္မိေတာ့မလို႔
"ငါတို႔လဲဘယ္ေတာ့မ်ားမွ တစ္ေယာက္ထဲဘဝကေနကြၽတ္မယ္မသိဘူးေနာ္"
"Chuo မင္းကမိန္းမလိုခ်င္ေနေသးတာလား ဟား..မင္းလိုလူကမိန္းမရပါ့မလား"
.ငါကဘာျဖစ္ေနလို႔လဲ"
Jacksonရဲ႕ေလွာင္ေျပာင္စကားေၾကာင့္Chuoကမေက်နပ္ပဲမ်က္ခုံးတြန္႔ကာေမးသည္။
"မင္းလိုႂကြက္ျဖဴကေလ..အရပ္ရွည္တာပဲရွိတယ္လူကပိန္ေညႇာင္ေညႇာင္ ငါ့လိုဗလေတြလဲမရွိဘူး အသားကျဖဴဖက္ျဖဴေရာ္နဲ႔ေသြးစုတ္ဖုတ္ေကာင္လိုပဲ"
"မင္း...Jacksonေသဖို႔သာျပင္ထားေတာ့!!!စိန္မ်က္ခုံးေခြးေကာင္!!!"
".ဟား...လာစမ္းပါ သတၱိရွိရင္လာခဲ့ တစ္ေယာက္ခ်င္းစီခ်မယ္..လာ..လာ.."
"မင္းငါ့ကိုစိန္မေခၚနဲ႔"
Jacksonကအားလိန္ကိုအကာအကြယ္ယူကာထြက္ေျပးသည္။Chuoကအတင္းလိုက္ဖမ္းေတာ့အားလိန္က ကာဆီးကာဆီးနဲ႔ ကေလးေတြလိုလြတ္လပ္စြာေဆာ့ေနၾကသည္။သစ္ပင္ေအာက္က ေကာင္ေလးႏွစ္ေယာက္ကေပ်ာ္႐ႊင္ေနၾကတဲ့သုံးေယာက္ကိုၾကည့္ၿပီးအၿပဳံးေတြကူးစက္ကုန္တယ္။
စိတ္ညစ္မႈေတြပင္ပန္းမႈေတြေသာကေတြလြတ္ခ်လိုက္ရင္ဘဝႀကီးကအလြန္႐ိုးရွင္းၿပီးေအးခ်မ္းစရာေတြခ်ည္းပါပဲ။
ဒီလိုေလးပဲတစ္သက္လုံးရွိေနပါရေစ...
*^^*
ဘယ္ေတာ့မွမထုတ္ေတာ့ဘူးလို႔ထင္မွတ္ထားခဲ့တဲ့ေၾကးတံဆိပ္ျပားကိုcoat အက်ႌအိပ္ကပ္ကေနယူထုတ္လိုက္သည္။ယြင္ေရွာက္ေပးၿပီးထဲကလုံးဝမထုတ္ပဲထား ထားတာျဖစ္သည္။လက္ထဲကက်ားေခါင္းပုံတံဆိတ္ကိုၾကည့္ၿပီးမ်က္ႏွာကခံစားခ်က္မဲ့စြာေအးစက္ေနတယ္
လြန္ခဲ့တဲ့၇ႏွစ္ကငါခ်စ္ရတဲ့သူေၾကာင့္မင္းနဲ႔ငါပက္သက္မႈမရွိပဲၿပီးဆုံးသြားၿပီလို႔ေျပာခဲ့တယ္ ဒါေပမဲ့ခုေတာ့ငါခ်စ္ရတဲ့သူေၾကာင့္ပဲမင္းနဲ႔ျပန္ပက္သက္ရေတာ့မယ္ သခင္ႀကီးဝမ္ကိုေရွာင္းက်န္႔နားကေပ်ာက္ကြယ္သြားေအာင္လုပ္ၾကတာေပါ့...
ကိုယ္လုံးေပၚမွန္ေရွ႕မွာရပ္ၿပီးတံဆိပ္ျပားကိုရင္ဘက္မွာကပ္လိုက္တယ္။မွန္ထဲကလူကမ်က္ႏွာကေအးစက္ေနၿပီးဆုံးျဖတ္ခ်က္ျပတ္သားေနသည္။ႏႈတ္ခမ္းေတြတင္းတင္းေစ့ထားၿပီးမ်က္လုံးေတြကေမွးစင္းေနတယ္။
အခန္းဝမွာရပ္ေနတဲ့တာ့ဟုန္ကသက္ျပင္းခ်သည္။
"အျပင္မွာLeader ေရာက္ေနၿပီ ရိေပၚမင္းတကယ္ပဲဒီလိုလုပ္ေတာ့မလို႔လားေရွာင္းက်န္႔မင္းကိုမုန္းသြားလိမ့္မယ္ေနာ္"
"အစထဲကမုန္းေနၿပီးသားပဲထပ္မုန္းလို႔လဲဘာမွမထူးဘူး"
"ရိေပၚ"
"သြားမယ္"
ရိေပၚကေျပာၿပီးသူ႔ကိုေက်ာ္ကာအျပင္ထြက္သြားသည္။
"ရိေပၚ"
သူေခၚလိုက္ေတာ့ေျခလွမ္းေတြရပ္သြားေပမဲ့လွည့္ၾကည့္လာျခင္းမရွိဘူး။ေက်ာျပင္က်ယ္ကျပတ္သားမႈေတြျပည့္ေနသည္။
"မင္းဘာပဲလုပ္လုပ္ မွားမွားမွန္မွန္ ငါမင္းဘက္မွာရွိေနမွာပါ မင္းမွာဘယ္သူမွမရွိေတာ့ရင္ေတာင္ တာ့ဟုန္ဆိုတဲ့ငါရွိေနေသးတာကိုေတာ့သတိရေပး "
"ေက်းဇုတင္ပါတယ္မင္းကငါ့ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းပါ"
ရိေပၚကေျပာၿပီးေက်ာခိုင္းထြက္သြားသည္။ဧည့္ခန္းမွာေစာင့္ေနတဲ့ယြင္ေရွာက္ကရိေပၚကိုေတြ႕ေတာ့ၿပဳံးျပတယ္။
"မင္းေသခ်ာဆုံးျဖတ္ၿပီးၿပီလား ငါနဲ႔လိုက္ခဲ့မွာေသခ်ာလား"
"အင္း"
"ဒီတစ္ခါအရင္ကနဲ႔မတူဘူးေနာ္ Ace စံအိမ္မွာအစီအစဥ္ေတြစမွာ သခင္ႀကီးဝမ္ကိုတစ္ေယာက္ထဲလာခိုင္းေပမဲ့သူကအဲ့လိုမဟုတ္ပဲသူ႔လူေတြပါေခၚခဲ့ရင္ငါတို႔အဆင္မေျပႏိုင္ဘူးေနာ္သူကတစ္ေယာက္မွလႊတ္ေပးမွာမဟုတ္ဘူး"
"ငါ့ဆုံးျဖတ္ခ်က္ကိုမျပင္ဘူး သခင္ႀကီးဝမ္ဒီေန႔ပဲဘဝေျပာင္းေစရမယ္ "
ရိေပၚရဲ႕ျပတ္သားတဲ့စကားေၾကာင့္ယြင္ေရွာက္ရယ္လိုက္သည္။သခင္ေလးျဖစ္ေစခ်င္တဲ့အတိုင္းပဲ သခင္ေလးရဲ႕နယ္႐ုပ္ေတြကစကားနားေထာင္တယ္။အရင္ကေတာ့ေရွာင္းက်န္႔ယုံေအာင္သခင္ႀကီးဝမ္ကိုသတ္မယ္ဆိုၿပီးဟန္ျပ႐ုံပဲ ခုေတာ့ရိေပၚကတကယ္ႀကီးသတ္မယ္ဆိုေတာ့တကူးတကႀကီးလိုက္ႀကံေနစရာမလိုေတာ့ဘဲေရွာင္းက်န္႔မုန္းေအာင္သူကိုယ္တိုင္ပဲလုပ္ေနၿပီ သိပ္ေကာင္းတယ္။
Leaderနဲ႔ရိေပၚကအိမ္ထဲကထြက္သြားတာကိုၾကည့္ၿပီးတာ့ဟုန္ရင္ထဲတစ္မ်ိဳးျဖစ္ေနသည္။သူစိတ္ထင္၍ပဲလားမသိLeaderကထူးဆန္းတယ္လို႔ခံစားေနမိတယ္။ရိေပါအႏၲရာယ္ကင္းပါေစ....
*^^*
မွန္အျပည့္ကာထားတဲ့ေနရာမွာရပ္ေနရင္းရႈခင္းကိုၾကည့္ေနတုန္းေနာက္ကေနတစ္ေယာက္ေယာက္ကခါးကိုလာဖက္သည္။ဝမ္ရိေပၚလွည့္ၾကည့္စရာမလိုပဲႏွာေခါင္းဝကိုေရာက္လာတဲ့ရနံ႔သင္းသင္းေလးေၾကာင့္ဘယ္သူလဲဆိုတာသိသည္။ေရွာင္းက်န္႔ကေရေမႊးေတြမႀကိဳက္ဘူး သူ႔မွာကိုယ္ပိုင္သင္းရနံ႔ေလးရွိေနတာမလို႔ေရေမႊးေတြမလိုဘူး။
ေရွာင္းက်န္႔ကခါးကိုေနာက္ကေနဖက္ရင္းပုခုံးေပၚေမးတင္ထားသည္။
"ေဟာင္ေကာင္ကလွတယ္ေနာ္"
"ေရွာင္းက်န္႔ကပိုလွတယ္ "
"ဒါဆိုဒီအလွေလးေတာင္းဆိုတာလိုက္ေရာမွာလား"
"အကုန္ရေစရမယ္ ေဟာင္ေကာင္ၿမိဳ႕ေတာ္ႀကီးကိုလိုခ်င္တာလား..ဒါမွမဟုတ္ေကာင္းကင္ေပၚကေနမင္းႀကီးကိုလိုခ်င္တာလား"
"ဟင့္အင္း တစ္ခုမွမဟုတ္ဘူး ငါကမင္းအခ်စ္ေတြအားလုံးကိုလိုခ်င္တာ"
ေရွာင္းက်န္႔ကေျပာၿပီးဝမ္ရိေပၚရဲ႕ပါးကိုနမ္းလိုက္တယ္။ဝမ္ရိေပၚကေရွာင္းက်န္႔ရဲ႕မ်က္ႏွာခ်င္းဆိုင္လွည့္ၿပီးႏႈတ္ခမ္းစိုရဲရဲေလးကိုဖ်တ္ခနဲနမ္းသည္။
"Boss Wang မင္းအခ်စ္ေတြကငါ့အတြက္ပဲေနာ္ ဘယ္သူနဲ႔မွမမွ်ေဝႏိုင္ဘူး ငါတစ္ေယာက္ထဲပဲအပိုင္ယူထားမွာ"
"ဒါေပါ့ မင္းမလိုခ်င္ဘူးဆိုရင္ေတာင္ကိုယ္ကေပးေနအုံးမွာ ေနာင္သံသယာအဆက္ဆက္ မင္းတစ္ေယာက္ထဲပဲ ကိုယ္ကမင္းအပိုင္ မင္းကိုလဲကိုယ္တစ္ေယာက္ထဲပိုင္တယ္."
ေရွာင္းက်န္႔ကBoss Wangကိုသေဘာက်စြာဖက္ၿပီးရင္ခြင္ထဲတိုးဝင္လိုက္တယ္။ဝမ္ရိေပၚကလဲျပန္လည္ဖက္တြယ္လိုက္သည္။ဒီလိုေလးပဲအၿမဲရွိေနရင္ဘယ္ေလာက္ေကာင္းလိုက္မလဲ ကိုယ္ႀကိဳးစားမွာေဘဘီ ခဏေလးပဲေစာင့္ပါ
"Boss Wang ဒီေန႔ Aceစံအိမ္မွာဂိတ္ေဆြးေႏြပြဲကိုတစ္ေယာက္ထဲလာခိုင္းတယ္ဆို သူတို႔႐ိုးရဲ႕လား"
"ဘယ္႐ိုးမလဲ အရမ္းေသခ်ာတာေပါ့"
"ငါလိုက္ခဲ့လို႔ရမလား"
ေရွာင္းက်န္႔စကားေၾကာင့္ဝမ္ရိေပၚကရင္ခြင္ထဲကေကာင္ေလးကိုမ်က္ႏွာခ်င္းဆိုင္အေနအထားေျပာင္းလိုက္သည္။မ်က္ခုံးေတြတြန္႔ခ်ိဳးေနၿပီးခုနကလိုၿပဳံးရယ္မေနေတာ့ဘူး။ဒါကလက္မခံဘူးဆိုတာေပၚလြင္ေနပါတယ္။
"မရဘူးေဘဘီ!!ကိုယ္ခြင့္မျပဳဘူး penisulaမွာလိုျဖစ္မွာကိုယ္စိုးရိမ္တယ္"
"ဒါေပမဲ့ မင္းတစ္ေယာက္ထဲသြားမွာကိုငါစိတ္မခ်ဘူး ဘာလို႔လဲမသိဘူးငါစိတ္ေတြအရမ္းေလးေနတယ္ မင္းသာတစ္ခုခုျဖစ္ရင္ငါ႐ူးမွာ"
"မရဘူးကြာ ေရွာင္းက်န္႔ကိုယ့္စကားနားေထာင္ေနာ္ အရင္တစ္ခါမင္းစိတ္တိုင္းက် ကိုယ့္ကိုကာကြယ္ေပးခဲ့ၿပီၿပီပဲ ဒီတစ္ခါေတာ့ကိုယ္မင္းကိုအဆုံးရႈံးမခံႏိုင္ဘူး "
"ဒါေပမဲ့.. သူတို႔က"
"ကိုယ္ေျဖရွင္းႏိုင္တယ္ မင္းကိုယ့္ကိုယုံတယ္မလား"
"ငါမင္းကိုယုံတယ္ဒါေပမဲ့ကံၾကမၼာဆိုတာႀကီးကိုေတာ့မယုံရဲဘူး သူကအရမ္းလွည့္စားတတ္တာ"
"ဟက္..ေဘဘီ ကိုယ္ကဘယ္သူလဲဝမ္ရိေပၚပါ ကံၾကမၼာကိုေတာင္ေျပာင္းျပန္လွန္ပစ္လိုက္မယ္"
႐ႊတ္ေနာက္ေနာက္ေျပာေနတဲ့ဝမ္ရိေပၚကိုေရွာင္းက်န္႔ကမ်က္ေစာင္းထိုးၿပီးရင္ဘက္ကိုလက္သီးေလးနဲ႔ထိုးလိုက္သည္။
"ငါကအေကာင္းေျပာေနတာကို"
"ဟားးး"
ဝမ္ရိေပၚကသူ႔ရင္ဘက္ကိုဖိၿပီးတဟားဟားေအာ္ရယ္ေနတယ္။Boss Wangဒီလိုတစ္ခါမွစိတ္လြတ္ကိုယ္လြတ္ရယ္တာမေတြ႕ဖူးေတာ့ေရွာင္းက်န္႔ေငးသြားမိသည္။ငါတို႔ႏွစ္ေယာက္ဒီလိုပဲလြတ္လပ္စြာရွင္သန္ခ်င္တယ္..
"Boss Wang ငါမင္းကိုစိတ္ပူတယ္ ငါလိုက္ခဲ့ပါရေစေနာ္ မင္းနားမွာပဲေနမယ္ေလေနာ္ မင္းတစ္ေယာက္ထဲသြားမွာကိုငါကဘယ္လိုစိတ္နဲ႔ေအးေဆးေနႏိုင္ပါ့မလဲ"
ဝမ္ရိေပၚကအသာအယာၿပဳံးၿပီးေရွာင္းက်န္႔ပါးေလးေတြကိုႏူးညံ့စြာပြတ္သပ္ေနသည္။ခုတေလာဝမ္ရိေပၚကေရွာင္းက်န္႔ေရွ႕မွာအရင္ကထက္စာရင္ပိုၿပဳံးလာတယ္အၿပဳံးေတြအားလုံးကအပစ္ကင္းၿပီးလွပသည္။
"ေရွာင္းက်န္႔ရာ ကိုယ္ကနီးနီးေလးပဲသြားမွာေလ စစ္တိုက္ထြက္တာမွမဟုတ္တာ ဘာမွမျဖစ္ဘူးစိတ္ခ် ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ႏိုင္ပါတယ္ေဘဘီ "
သူေျပာေနေပမဲ့သူ႔ရဲ႕အသဲအသက္ေလးရဲ႕မ်က္ႏွာကစိုးရိမ္မႈေတြေလ်ာ့မသြားေပ။
"အခ်ိန္နီးေနၿပီး ကိုယ္ျပင္ဆင္ရေတာ့မယ္ "
ဝမ္ရိေပၚကေျပာၿပီးအခန္းထဲဝင္သြားသည္။ေရွာင္းက်န္႔ကထိုေနရာမွာပဲရပ္ေနမိတယ္။လက္သီးကိုတင္းတင္းဆုပ္လို႔မ်က္လုံးေတြမွိတ္ခ်လိုက္သည္။
ထို႔ေနာက္အခန္းထဲလိုက္ဝင္သြားေတာ့Boss Wangကအက်ႌေတာင္လဲၿပီးၿပီ။ေရွာင္းက်န္႔ကဘာမွမေျပာပဲဆြဲအံထဲကလက္ထိပ္ကိုယူၿပီးသူ႔လက္မွာတစ္ဖက္တပ္လိုက္သည္။က်န္တဲ့တစ္ဖက္ကိုBoss Wangရဲ႕လက္ေကာက္ဝတ္မွာတပ္လိုက္တယ္။Boss Wangကေၾကာင္အေနၿပီးမွသက္ျပင္းအသာခ်သည္။
"ငါမင္းကိုေပးမသြားဘူး"
ေရွာင္းက်န္႔ကႏႈတ္ခမ္းတစ္ေတာင္ေလာက္ဆူထားကာကုတင္ေပၚထိုင္ေနလိုက္သည္။
"ေဘဘီ"
"........"
"ကိုယ္သြားမွျဖစ္မွာမဟုတ္ရင္ဒီကိစၥေတြကၿပီးမွာမဟုတ္ဘူး"
".........."
"ကိုယ္ရွင္းရမွာမလို႔ပါေတာင္းပန္ပါတယ္ဒီထက္ပိုရႈပ္ေထြးရင္မေကာင္းတာေတြပဲျဖစ္လာေတာ့မွာ"
"........."
"ေဘဘီ မဆိုးနဲ႔ေလကြာ"
"........"
သူ႔ကိုလဲမၾကည့္ပဲတစ္ဖက္သို႔လွည့္ကာစိတ္ေကာက္ေနတဲ့သူကိုၾကည့္ၿပီးဝမ္ရိေပၚၿပဳံးလိုက္တယ္။ေရွာင္းက်န္႔ကိုကုတင္မွာလွဲေစၿပီးသူပါေဘးမွာဝင္လွဲလိုက္တယ္။စိတ္ေကာက္ေနတဲ့သူေလးကဒီလိုက်ေတာ့သူ႔ရင္ခြင္ထဲတိုးဝင္လာသည္။ဝမ္ရိေပၚလဲတင္းတင္းဖက္ထားလိုက္တယ္။
"ကိုယ့္ကိုယုံတယ္ဆို ဘာလို႔ေပးမသြားတာလဲ"
"မင္းငါ့ကိုကတိေပး ငါ့ကိုတစ္ေယာက္ထဲမထားသြားပါဘူးလို႔"
"ဟက္ ေျပာေနတဲ့ပုံက ကိုယ္ကပဲသြားေသမွာက်ေနတာပဲ"
"မေျပာနဲ႔! နမိတ္မရွိတာေတြမေျပာနဲ႔!"
"ေကာင္းၿပီ ေကာင္းၿပီ ကိုယ္မေျပာေတာ့ဘူးေနာ္.".
"Boss Wang ငါ့ကိုမထားသြားနဲ႔ေနာ္"
ဝမ္ရိေပၚကေရွာင္းက်န္႔ကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားသည္။ေရွာင္းက်န္႔မ်က္ႏွာေလးကိုလဲတရႈံ႕ရႈံ႕နမ္းေနတယ္။သူ႔အနမ္းေတြကအိပ္ေဆးသဖြယ္ခ်စ္ရသူရဲ႕မ်က္လုံးလွလွေလးကေမွးစင္းလာသည္။နဖူးေျပေျပေလးကိုျမတ္ႏိုးမဝစြာနမ္းေနမိရင္းအသက္႐ူမွန္မွန္ျဖင့္အိပ္ေပ်ာ္သြားေသာသူေၾကာင့္သက္ျပင္းခ်လိုက္သည္။
"ေရွာင္းက်န္႔ ေရွာင္းက်န္႔.."
အသံတိုးတိုးေလးျဖင့္ေခၚၾကည့္ေတာ့မႏိုးလာတာေၾကာင့္အသာအယာထကာမီးအိမ္ေအာက္ကေသာ့တစ္ေခ်ာင္းယူလိုက္သည္။လက္ထိပ္ကိုျဖဳတ္ၿပီးေရွာင္းက်န္႔လက္ကိုပါျဖဳတ္ေပးလိုက္တယ္။အိပ္ေမာက်ေနတဲ့သူ႔အခ်စ္ကိုၾကည့္ၿပီးရင္ဘတ္ထဲတင္းၾကပ္လာသည္။
ကိုယ္အတတ္ႏိုင္ဆုံးျပန္လာႏိုင္ေအာင္ႀကိဳးစားမွာပါ ဒီတစ္ေခါက္ကအရင္ကနဲ႔မတူဘူး ျပန္လာႏိုင္ပါ့မလားဆိုတာမေသခ်ာဘူး သူတို႔ေသရင္ေသ မေသရင္ကိုယ္ေသပဲ ေရွာင္းက်န္႔ ကိုယ္မင္းကိုမထိခိုက္ေစခ်င္လို႔ပါနားလည္ေပးႏိုင္တယ္မလား
ဝမ္ရိေပၚကေရွာင္းက်န္႔ဆံပင္ေလးေတြကိုသပ္ေပးေနရင္းနဖူးကိုငုံ႔နမ္းလိုက္သည္။ထို႔ေနာက္ေခါင္းအုံးနဲ႔ဖိထားလို႔လုံးထြက္ေနတဲ့ႏႈတ္ခမ္းေလးကိုခပ္ၾကာၾကာဖိနမ္းထားလိုက္တယ္။ဒီအနမ္းကေနာက္ဆုံးအနမ္းျဖစ္သြားႏိုင္တယ္....
"ေဘဘီ ကိုယ့္ကိုေစာင့္ေနေပးပါလို႔မေျပာခ်င္ဘူး "
ဝမ္ရိေပၚကကုတင္ေပၚကထၿပီးဗီ႐ိုေရွ႕သြားကာတစ္စုံတစ္ခုကိုထုတ္ယူလိုက္တယ္။သူ႔လက္ထဲပါလာတာကအနီေရာင္လက္ထက္မွတ္ပုံတင္ျဖစ္သည္။
ေရွာင္းက်န္႔ကိုေရးေရးေလးၿပဳံးကာၾကည့္ၿပီးလက္ထက္မွတ္ပုံတင္မွာသူ႔ရဲ႕လက္ေဗြကိုတံဆိပ္ခတ္လိုက္တယ္။ေရွာင္းက်န္႔ရဲ႕လက္ကိုယူေတာ့လူးလြန္႔လာတဲ့သူေလးေၾကာင့္ၿငိမ္သက္ေနမိၿပီးအသက္ေအာင့္ထားလိုက္မိသည္။
"အင္း....Boss Wang ငါမင္းကိုသြားခြင့္မေပးႏိုင္ဘူး"
အိမ္မက္ေယာင္ေနတာကိုၾကည့္ၿပီးအံတင္းတင္းႀကိတ္လိုက္မိသည္။ကိုယ္အားလုံးရွင္းၿပီးသြားရင္မင္းဆီအေရာက္ျပန္လာခဲ့ပါ့မယ္ ေစာင့္ေနေပးပါလို႔မေျပာခ်င္ေပမဲ့အတတ္ႏိုင္ဆုံးျပန္လာႏိုင္ေအာင္ႀကိဳးစားမယ္လို႔ကတိေပးႏိုင္တယ္။
ဝမ္ရိေပၚကေရွာင္းက်န္႔ရဲ႕လက္နဲ႔လက္ထက္မွတ္ပုံတင္မွာလက္ေဗြတံဆိတ္ႏွိပ္လိုက္သည္။မွတ္ပုံတင္ကိုတစ္ခ်က္နမ္းၿပီးေရွာင္းက်န္႔ကိုလဲတစ္ခ်က္နမ္းလိုက္တယ္။လက္ထက္မွတ္ပုံတင္ကိုေရွာင္းက်န္႔လက္ထဲထည့္ထားေပးလိုက္ေတာ့တအင္းအင္းနဲ႔တင္းၾကပ္ေအာင္ဆုတ္ထားေလသည္။ဝမ္ရိေပၚကၿပဳံးလိုက္တယ္
"မင္းနဲ႔အၿမဲဒီလိုေနႏိုင္ေအာင္ကိုယ္ႀကိဳးစားေနတာမလို႔နားလည္ေပးပါ"
ထိုစကားေျပာၿပီးအခန္းထဲကေက်ာခိုင္းထြက္လာခဲ့သည္။အခန္းဝကေနကုတင္ေပၚအိပ္ေနတဲ့သူကိုတစ္ခ်က္ၾကည့္ၿပီးတံခါးကိုပိတ္လိုက္တယ္။အခန္းျပင္ေရာက္တာနဲ႔ဝမ္ရိေပၚရဲ႕မ်က္ႏွာကေျပာင္းလဲသြားသည္။စြန္ရဲတစ္ေကာင္လိုစူးရွတဲ့မ်က္ဝန္းေတြနဲ႔ေသြေအးရက္စက္ၿပီးေသြးဆာေနတဲ့အေငြ႕ေတြဖုံးလႊမ္းသြားတယ္။ေရွာင္းက်န္႔နဲ႔အတူရွိေနတဲ့အခ်ိန္ေတြနဲ႔လားလားမွမသက္ဆိုင္ေတာ့တဲ့လူတစ္ေယာက္ျဖစ္သြားသည္။
"Chuo ေရွာင္းက်န္႔ကိုေသခ်ာဂ႐ုစိုက္"
"Boss တစ္ေယာက္ထဲျဖစ္ရဲ႕လား သူတို႔ကအရမ္းယုတ္မာတာေနာ္"
"ငါမေသရင္သူတို႔ေသမယ္ "
"Boss "
Jackson Chuo အားလိန္တို႔ကသူတို႔Bossကိုလုံးဝစိတ္မခ်ျဖစ္ေနသည္။ဒီတစ္ခါထြက္သြားရင္အိမ္ေတာ္ထဲျပန္မလာႏိုင္ေတာ့မွာသူတို႔ေသမတတ္ေၾကာက္ပါသည္။
"Boss မသြားလို႔ရမလား"
ေရွာင္းက်န္႔နဲ႔ေအးေဆးေနႏိုင္ဖို႔အတြက္ငါသြားမွျဖစ္မယ္ ဒီကိစၥေတြကိုအၿပီးသတ္ခ်င္ၿပီ တကယ္လို႔ ငါျပန္မေရာက္လာခဲ့ရင္ ေျပာထားတဲ့အတိုင္းလုပ္ ေရွာင္းက်န္႔ကိုငါလို႔သေဘာထားၿပီးေသခ်ာေစာင့္ေရွာက္ေပး ရွန္ဟိုင္းကိုသြားဖို႔အကုန္စီစဥ္ထားၿပီးၿပီ ငါျပန္မလာႏိုင္ခဲ့ရင္သူ႔ကိုေခၚၿပီးထြက္သြား ဒီႏိုင္ငံကိုဘယ္ေတာ့မွေျခမခ်မိေစနဲ႔
"Boss သခင္ေလးကလက္ခံမယ္ထင္ေနလား"
Jacksonကငိုသံပါႀကီးနဲ႔ေျပာေနသည္။က်န္တဲ့ႏွစ္ေယာက္လဲမ်က္ႏွာလုံးဝမေကာင္းၾကဘူး။
"Jackson"
"ဟုတ္ကဲ့Boss အင့္"
"ငါမေသႏိုင္ပါဘူး"
"ဒါေပါ့ Boss က ကြၽန္ေတာ္တို႔နဲ႔အၾကာႀကီးအတူေနရမွာမေသႏိုင္ဘူး"
"Jackson. ...ေရွာင္းက်န္႔ကိုေသခ်ာေစာင့္ေရွာက္ ဘယ္သူမွသူ႔နားမ႐ိုးမသားခ်ည္းကပ္တာကိုလက္မခံေစနဲ႔ ညစာထမင္းကိုနည္းနည္းပဲေကြၽးသူကစားၿပီးတာနဲ႔တန္းအိပ္တာမလို႔အစာမေက်ျဖစ္လိမ့္မယ္ ေလစိမ္းတိုက္မခံနဲ႔အေအးပတ္မယ္.. ေရခ်ိဳးရင္ေရေအးခ်ိန္းေပးေရေႏြးေႏြးႀကီးသူမႀကိဳက္ဘူးအပူလဲမႀကိဳက္ဘူး "
"Boss ဘာလို႔ဒါေတြေျပာျပေနတာလဲ..ကြၽန္ေတာ္မလုပ္ေပးဘူးေနာ္လုပ္ခ်င္ရင္Boss ကိုယ္တိုင္လုပ္ေပး"
Jacksonကငိုမဲ့မဲ့ေျပာသည္။
"အားလိန္ "
"ဟုတ္ကဲ့Boss ကြၽန္ေတာ္ရွိပါတယ္"
ေရွာင္းက်န္႔လုံၿခဳံေရးကမင္းဆီမွာတာဝန္အျပည့္ရွိတယ္ သူ႔ခႏၶာကိုယ္မွာဓားရွရာေလးတစ္ခုေတာင္မျဖစ္ေစနဲ႔ ညဘက္ေရာက္ရင္အျပင္မထြက္ခိုင္းနဲ႔ သူ႔နားမွာလိုအပ္တာနဲ႔အသင့္ရွိေနေပးရမယ္ မတည့္တာေတြမစားမိေစနဲ႔ အထူးသျဖင့္ခရမ္းသီး သူလုံးဝမႀကိဳက္တာမလို႔ျမင္ေတာင္မျမင္မိေစနဲ႔ ၾကားလား
"........"
"ၾကားလားလို႔!"
"ကြၽန္ေတာ္မၾကားတာမလို႔Bossကိုယ္တိုင္ပဲလုပ္ေပးလိုက္ပါ"
အားလိန္ကမ်က္ႏွာထားတည္တည္ႏွင့္သာျပန္ေျပာသည္။
"Chuo "
"ေျပာပါBoss"
"ေရွာင္းက်န္႔ႏိုးလာရင္ငါ့ကိုေမးလိမ့္မယ္ သူငါ့ေနာက္လိုက္လာဖို႔အတြက္မင္းတို႔ကိုၿခိမ္းေျခာက္လိမ့္မယ္... သူမင္းတို႔ကိုၿခိမ္းေျခာက္ရင္သူ႔ကိုလဲမထိခိုက္ပဲငါ့ေနာက္မလိုက္လာေအာင္မင္းတားရမယ္....ေရွာင္းက်န္႔နားမွာတသက္လုံးအေဖာ္လုပ္ေပးရမယ္ ဒါငါ့အမိန္႔ပဲ ေနာက္ဆုံးအမိန္႔လဲျဖစ္သြားႏိုင္တယ္"
"Boss ကိုယ္တိုင္သခင္ေလးနဲ႔အေဖာ္လုပ္ေပးပါ ကြၽန္ေတာ္ကမိန္းမယူမွာမလို႔...သခင္ေလးလိုအပ္ေနတာကြၽန္ေတာ္တို႔မဟုတ္ဘူး Bossတစ္ေယာက္ထဲပါပဲ ဒါေၾကာင့္သခင္ေလးအတြက္အိမ္ေတာ္ကိုျပန္လာခဲ့ရမယ္"
ဝမ္ရိေပၚကလက္သီးကိုတင္းတင္းဆုပ္ၿပီးအံတင္းတင္းႀကိတ္ကာလွည့္ထြက္လာခဲ့သည္။ေရွာင္းက်န္႔အတြက္သူအသက္ရွင္ေနရမယ္...အဲ့ဒီေျမေခြးေတြကိုတစ္ေကာင္မက်န္အျမစ္ကေနဆြဲႏႈတ္ပစ္မည္..
ကိုယ္ရံေတာ္သုံးေယာက္ကသူတို႔Bossရဲ႕ေနာက္ေက်ာကိုၾကည့္ၿပီးစိတ္မသက္မသာျဖစ္စြာခံစားေနရၾကသည္။
Boss အႏၲရာယ္ကင္းပါေစ...
အခန္းထဲကေကာင္ေလးကလက္ထက္မွတ္ပုံတင္နီရဲရဲေလးကိုပိုက္ၿပီးေအးခ်မ္းစြာအိပ္စက္ေနေလသည္။
💚💛❤