ဝမ်ရိပေါ် စာသွားသင်တာလား... ဖက်ရှင်သွားပြတာလား... ရှောင်းကျန့် မသဲကွဲဘူး...။
ဝမ်ရိပေါ်ရဲ့ ပြောနေကြစကားကတော့...
"ဒါတွေက အရင်ကတည်းက ဝယ်ထားတာတွေလေ။ မဝတ်ရင် နှမြောစရာ။ ပြီးတော့လည်း ဘာမှထူးနေတာမှ မဟုတ်တာ။ သူများတွေလည်း ဒီလိုပဲ ဝတ်နေတာကို...."
အင်း ဒါပေမယ့်လည်း ပုံမှန် အဝတ်အစားတွေကလည်း ဝမ်ရိပေါ်ကိုယ်ပေါ်ရောက်သွားတာနဲ့ အရမ်းကြည့်ကောင်းနေရောပဲ။ ဒါကို ဒီကောင်လေးက ဂုဏ်ဆာနေသေးတယ်လေ။
"ရိပေါ့်ကိုလည်း ကျောင်းမှာပြောကြတယ်... အာရှသားတွေထဲမှာ ရိပေါ်က အချောဆုံးတဲ့။ မင်းသားလုပ်ပါလားတဲ့... ဟီးဟီး....."
တစ်ခါကဆို ရှောင်းကျန့်က ဝမ်ရိပေါ်ကို ကျောင်းသွားခါနီး စိတ်မချတဲ့ မျက်ဝန်းတွေနဲ့ကြည့်မိတော့ ရှောင်းကျန့်နားကပ်လာပြီး တိုးတိုးလေးပြောလာတယ်။
"ကိုကို့ မျက်မှန်တပ်သွားလိုက်မယ်လေ~
ကဲ ရုပ်ဆိုးသွားပြီလား?"
ဘယ်လိုလုပ်ရပါ့--- မျက်မှန်နဲ့လည်း သူ့ကလေးက ကြည့်ကောင်းနေတာပဲ။ ဒါနဲ့ပဲ ရှောင်းကျန့်က မျက်မှန်ကိုပြန်ယူလိုက်ပြီး...
"မျက်စိပျက်မယ်။ သွား.. သွား.."
ကျိုးချန်ကတော့ မနိုင်ဘူးဆိုတဲ့ အကြည့်တွေပဲ ပစ်ပေးလေ့ရှိပြီး ဘာမှတော့မပြော။ ဒါမျိုးက နေ့တိုင်းမြင်နေရလို့ ရိုးနေပြီလေ။
ရှောင်းကျန့်မှာတော့ စိတ်ပူနေရတယ်။ ဝမ်ရိပေါ်က သူ့ထက်လည်းငယ်တယ်။ ရုပ်ရည်ကလည်း ငယ်ရုပ်လေးပျောက်လို့ ချောမောလာတယ်။ ပါးဖောင်းလေးနဲ့ ပိုပိုပြီး ချစ်ဖို့ကောင်းလာတယ်။ ကျောင်းမှာ သက်တူရွယ်တူ ကောင်မလေးချောချောတွေ အများကြီး.... ။ ပြီးတော့ နိုင်ငံခြားသူတွေက ရဲတင်းပွင့်လင်းကြတယ်သေးတယ်။ ဒီမှာကျောင်းလာတတ်တဲ့သူတွေက ချမ်းသာတဲ့အသိုင်းအဝိုင်းက လာတာများတယ်။ ရှောင်းကျန့် ရင်ပူနေရတာ မဆန်းပါဘူးနော်...။ ဝမ်ရိပေါ်လည်း လူငယ်ပဲလေ။ လွတ်လွတ်လပ်လပ် နေချင်မှာပေါ့ ။ ရှောင်းကျန့် မချုပ်ချယ်ရက်ဘူး...။
××××
"ရိပေါ် ဒီည နောက်ကျမယ်နော်... assignment တွေ စုလုပ်ရမှာမို့..."
"ရိပေါ် ဒီနေ့လည်း မိုးချုပ်မယ်... စာကြည့်တိုက်မှာ စာလုပ်စရာရှိလို့..."
"ဒီည သူငယ်ချင်းတွေနဲ့ လျှောက်လည်မှာ ညစာမစောင့်နဲ့တော့..."
"ဒီပိတ်ရက် ရိပေါ် သူငယ်ချင်းတစ်ယောက် party ဖိတ်ထားလို့..."
ဒီလို ဒီလိုနဲ့ ဝမ်ရိပေါ်က ခြေလှမ်းတွေပျက်လာသလိုပဲ။ရှောင်းကျန့်က ကျိုးချန်ကို မသိမသာမေးမြန်းရေတာ့တယ်။
"ရိပေါ် ခြေလှမ်းများပျက်နေမလား? အပြင်ထွက်တာများလာတယ်။ နေ့တိုင်း အိမ်ပြန်နောက်ကျတယ်နော်"
"အင်း... ငါ့တုန်းကလည်း ဒီလိုပဲလေ... ကျောင်းစာကြည့်တိုက်မှာပဲ အချိန်ကုန်တာများတယ်။ ဒီမှာက Group work, Team work တွေအရမ်းလုပ်ရတယ်။ ပြီးတော့ events တွေ activities တွေများတယ်။ အဲဒါတွေလိုက်လုပ်နိုင်မှ အမှတ်ရမှာ။ မင်း ကျောင်းတက်တုန်းကလည်း ဒီလိုပဲ မဟုတ်ဘူးလား?"
"အင်း.... ဟုတ်တော့ ဟုတ်တယ်။ ဒါမယ့် ဒီမှာလောက် မရှုပ်ဘူး"
××××
တနင်္ဂနွေပိတ်ရက်မှာ ဝမ်ရိပေါ်က အဝတ်အစားတွေလဲနေတော့ ရှောင်းကျန့်က အခန်းတံခါးဝကနေမေးမြန်းမိတယ်။
"ဒီနေ့ရော ဘယ်လဲ ဝမ်ဝမ်?"
"စကိတ်သွားစီးမလို့... ။ ဝီလျံတို့တွေနဲ့ ချိန်းထားတယ်။ သူတို့ စီးတာ တအားမိုက်တယ်။ စကိတ်ကွင်းကလည်း ရှယ်ပဲ"
ရှောင်းကျန့်စိတ်ပဲထင်နေတာလား.... သူနဲ့ ဝမ်ရိပေါ်က တဖြည်းဖြည်းဝေးလာသလိုပဲ...။
ဝမ်ရိပေါ်ကတော့ လုပ်ချင်တာလုပ်နေရရင်ပျော်နေတာပဲ။ ဘယ်အချိန် ကတည်းကဝယ်ထားမှန်းမသိတဲ့ စကိတ်ကိုယူပြီး ခုန်ပေါက်ပြီး ထွက်သွားတော့တယ်။
"မထိခိုက်စေနဲ့နော်!"
ရှောင်းကျန့်ရဲ့ သတိပေးစကားကို ဝမ်ရိပေါ်က လှည့်မကြည့်ဘဲ လက်လေးပဲ လှမ်းပြတယ်။
ကျိုးချန်က ရှောင်းကျန့်ကို ပခုံးလာပုတ်ပြီး
"မင်းကကွာ မသိရင် အဖေကြီးကျနေရော။ စိတ်ပူမနေပါနဲ့... ရိပေါ်က အရွယ်ရောက်နေပါပြီ"
ရှောင်းကျန့်က စိတ်ဓါတ်ကျစွာနဲ့ပဲ....
"အင်း..."
××××
တစ်နေ့ ညစာစားကြရင်း ကျိုးချန်က
"ရိပေါ် ရှောင်ထုံရောက်နေတာ ဘာလို့ငါ့ကို မပြောတာလဲ? တစ်နေ့က Time City မှာတွေ့လိုက်လို့ သူပါ မင်းနဲ့အတူတူ ကျောင်းတက်နေတာ သိရတာ"
ဝမ်ရိပေါ်ကတော့ အလေးအနက်မထားဟန်နဲ့
"အာ.... အရေးကြီးတဲ့ ကိစ္စမှမဟုတ်တာ။ ဒါ့ကြောင့် ပြောမနေတော့တာလေ"
"ဟင်း... ဒါပေမယ့် သူ့မိဘတွေနဲ့ ငါတို့နဲ့က အရမ်းရင်းနှီးတယ်လေ။ ပြီးတော့ ရှောင်ထုံက ငါတို့အိမ်ကိုလာလည်ချင်လို့တဲ့။ မင်းက မခေါ်ဘူးတဲ့"
"ဟုတ်တယ်လေ... ယောက်ျားလေးတွေနေတဲ့ဆီကို ခေါ်စရာလား? ရှုပ်ရှုပ်ရှက်ရှက်"
" အေး... အဲဒါကြောင့် နောက်တစ်ပါတ် Sunday ကျရင် အိမ်လာလည်ဖို့ဖိတ်ထားလိုက်တယ်။ မိန်းခလေးတစ်ယောက်တည်း ဖြစ်မှာစိုးလို့ မုန့်ဇီယီပါ ဖိတ်ထားတယ်"
ဝမ်ရိပေါ်က အထာပေါက်သွားဟန်နဲ့ ပြောင်စပ်စပ်လေး ပြောလိုက်တယ်။
"ဪ... သိပြီ.. အစ်ကို ကျိုးချန်က အစ်မဇီယီကို ခေါ်ချင်တာနဲ့ ရှောင်ထုံကို ခေါင်းတည်လိုက်တာပေါ့"
ကျိုးချန်က မျက်နှာကြီးရဲလာပြီး ဝမ်ရိပေါ်ကို ရှက်ရမ်းရမ်းတယ်။
"ဟာ ဒီကောင်လေး ပေါက်ကရ..."
ရှောင်းကျန့်က ရှောင်ထုံက ဝမ်ရိပေါ်နဲ့ အတူတူ ကျောင်းတက်နေတယ်လို့ကြားကတည်းက စားနေတာရပ်တန့်သွားရတယ်။ ဝမ်ရိပေါ်နဲ့ ကျိုးချန်တို့ အပြန်အလှန်ပြောနေတာတွေက နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်။
"ရှောင်းကျန့်! ရှောင်းကျန့်!"
"ဟင်! ဟမ်!"
ကျိုးချန်မှာ ရှောင်းကျန့်ကို မနည်းခေါ်လိုက်ရတယ်။
"မင်း ဘာတွေတွေးနေတာလဲ? ငါ ရိပေါ့်သူငယ်ချင်း ရှောင်ထုံ နဲ့ ငါ့သူငယ်ချင်း မုန့်ဇီယီကို နောက်တစ်ပတ် ထမင်းစားဖိတ်ထားတယ်။ အဲဒါ မင်းကူညီပေးပါဦး"
"ဟာာာာာ... အစ်ကိုကျိုးချန်ကလည်း ဆိုင်တစ်ဆိုင်ချိန်းလိုက်ရင်ပြီးနေတာကို... အစ်ကိုရှောင်းကျန့်ပဲ ဒုက္ခပေးနေတာပဲ"
ဝမ်ရိပေါ်က ပျာပျာသလဲ ကန့်ကွက်တော့တာပေါ့။
"ရှောင်းကျန့်ရာ မင်းကို ဒုက္ခပေးတာမဟုတ်ရပါဘူးကွာ.... သူတို့ကို အိမ်ထမင်း အိမ်ဟင်းလေးကျွေးချင်လို့ပါ။ ပြီးတော့ မင်းရဲ့ဟင်းချက်လက်ရာက ကောင်းတယ်လေ။ ကူညီပါကွာ"
ကျိုးချန်က မျက်နှာငယ်လေးနဲ့ တောင်းတောင်းပန်ပန်ပြောလာတော့လည်း...
"ရပါတယ်... နှစ်ယောက်စာလောက်ပိုချက်ရတာပဲ အပန်းမကြီးပါဘူး"
ဝမ်ရိပေါ်ကတော့ မကျေမနပ်နဲ့...
"ဟွန့်! အစ်ကိုကျိုးချန်က သူမချက်ရတိုင်း...."
"ငါလည်း ဝိုင်းကူပေးမှာပါ ရိပေါ်ရ.."
"ကဲကဲ စကားများမနေနဲ့ ထမင်းပြီးအောင်စား"
ရှောင်းကျန့်ပြောလိုက်မှပဲ နှစ်ယောက်သား တိတ်သွားကြတော့တယ်။
ရှောင်းကျန့်က စားလက်စတန်းလန်းနဲ့ပဲ စားပွဲကနေထသွားတော့ ဝမ်ရိပေါ်က စိုးရိမ်စွာနဲ့...
"အစ်ကိုရှောင်းကျန့် နေမကောင်းဘူးလား?"
"အင်း နည်းနည်း..."
ထမင်းစားပြီးနောက် ဝမ်ရိပေါ်က ရှောင်းကျန့်အခန်းထဲ အသာလေး ဝင်လိုက်တယ်။
"ကိုကို~~ ဆေးသောက်ပြီးပြီလား?"
ရှောင်းကျန့်က ကုတင်မှာထိုင်လိုက်ပြီး ခေါင်းငိုက်စိုက်နဲ့ ထိန်းချုပ်ထားတဲ့အသံနဲ့...
"ရှောင်ထုံရောက်နေတာ ကိုယ်ကို့ဘာလို့မပြောပြတာလဲ?"
ဝမ်ရိပေါ်က ခေါင်းနောက်ကိုကုတ်လိုက်ရင်း
"အာာာာာ.... သူ့ဘာသူ ကျောင်းလာတက်တာလေ~ ဝမ်ဝမ်နဲ့မှ မဆိုင်တာ~~ ပြီးတော့ ကျောင်းစတက်မှ သူကျောင်းတက်တာသိတာ~ ပြီးတော့ အရေးမပါဘူးထင်လို့"
"အင်း.... ကိုယ်သိပြီ။ ကိုယ် ဒီနေ့ပင်ပန်းနေလို့ စောစောအိပ်တော့မယ်။ Good night!"
ပြောပြီးတာနဲ့ ရှောင်းကျန့်က စောင်ကိုခြုံလိုက်ပြီး ဝမ်ရိပေါ်ကို ကျောပေးပြီးအိပ်လိုက်တော့တယ်။
ဝမ်ရိပေါ်လည်း ရှောင်းကျန့်ဆီက ခပ်ပြတ်ပြတ်အသံကိုကြားလိုက်ရတော့ လန့်သွားရတယ်။ ရှောင်းကျန့်နားတိုးကပ်ပြီး သနားစရာကောင်းလောက်တဲ့လေသံလေးနဲ့
"ကိုကိုက~~အဲဒါကို စိတ်ဆိုးနေတာလားဟင်?"
"ရိပေါ် ကိုယ်အနားယူချင်ပြီ"
ရှောင်းကျန့်ရဲ့ ပြတ်သားတဲ့ စကားကြောင့် ဝမ်ရိပေါ်လည်း ဘာမှထပ်မပြောရဲတော့ဘဲ အခန်းပြင်ထွက်လိုက်ရတော့တယ်။
ဒီရက်တွေအတွင်း ရှောင်းကျန့်ကလည်း အလုပ်များသလို ဝမ်ရိပေါ်ကလည်း ကျောင်းစာတွေရော၊ ကျောင်းတွင်းလှုပ်ရှားမှုတွေနဲ့ ရှုပ်ရှက်ခက်နေတယ်။ရှောင်းကျန့်နဲ့ သူနဲ့ အလှမ်းဝေးလာရသလိုပဲ။ ဝမ်ရိပေါ်က တစ်ယောက်တည်း ပြောမိတယ်။
'အင်း... နောက်မှ ကိုကို့ကို ချော့ပါ့မယ်'
××××
တစ်ပတ်ဆိုတာကို အလျင်အမြန်ကျော်ဖြတ်သွားတယ်။
ရှောင်းကျန့်က မီးဖိုဆောင်မှာ အလုပ်ရှုပ်နေတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်နား လိုက်ရှုပ်နေ... အဲ... မှားလို့... ဝိုင်းကူပေးနေတယ်။ ရှောင်းကျန့်က စိတ်ကြည်နေတာမဟုတ်တော့ မောင်းထုတ်နေရတယ်။
"ရိပေါ် ဝေးဝေးနေစမ်း!"
"တီးတောင် 🎵 တီးတောင် 🎵 "
"လာကြပြီနဲ့တူတယ်... ငါ သွားကြည့်လိုက်ဦးမယ်"
ကျိုးချန်က ဟင်းပွဲတွေ ဝိုင်းချပေးနေရာက ပျာပျာသလဲ ထွက်သွားတယ်။
"ကိုကိုသိလား~ အစ်ကိုကျိုးချန်က အစ်မ ဇီယိကိုကြိုက်နေတာ။ အာ့ကြောင့် ဝမ်ဝမ်က ဖုန်းနံပါတ်ယူထားပေးတာ~ ဝမ်ဝမ် မတော်ဘူးလား... ဟင်?"
ဝမ်ရိပေါ်က ရှောင်းကျန့်နားကပ်လို့ နှုတ်ခမ်းလေးတစ်ထော်ထော်နဲ့ပြောလိုက်တယ်။
"အေး-- တော်တယ်-- မင်းရဲ့ ရည်းစားဟောင်း ရှောင်ထုံလည်းရောက်လာတော့မယ်-- သွား-- ရေချိုး ၊ အဝတ်အစားလဲတော့!"
"ဘာလဲ! ဝမ်ဝမ့် ရည်းစားက ကိုကို တစ်ယောက်ပဲ!"
ဝမ်ရိပေါ်က အသံဗြဲကြီးနဲ့ ပြောလာလို့ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ပါးစပ်ကို ဖမ်းအုပ်လိုက်ရတယ်။
"ဟုတ်ပြီ... ဟုတ်ပြီ... အသံကိုတိုး... သူများတွေကြားမယ်"
ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို အတင်းဖယ်လိုက်ပြီး...
"ကြားတော့ ဘာဖြစ်လဲ... အကုန်လုံးသိသွားတော့ ကောင်းတာပေါ့"
"ဝမ်ရိပေါ်! မင်းက ဘာမှမဖြစ်ပေမယ့် ငါကတော့ မတူဘူး! ငါက အလုပ်သမား! မင်းက ငါ့အလုပ်ရှင်ရဲ့သား! အဲဒါ မင်းနားလည်လား!!!"
ရှောင်းကျန့်က မေးကြောတွေတင်းနေပြီး အံကြိတ်သံနဲ့ပြောလာတော့ ဝမ်ရိပေါ်က ငြိမ်ကျသွားတယ်။
"ကိုကို~~ ဘာလို့ အဲ့လောက် ဒေါသထွက်နေလဲ ဝမ်ဝမ် မသိဘူး~~"
ဝမ်ရိပေါ်က ပြောပြီးတာနဲ့ လှည့်ထွက်သွားတော့တယ်။
ရှောင်းကျန့်လည်း သူဘာလို့အကဲဆက်နေမှန်းမသိဘူး။ ဝမ်ရိပေါ်နဲ့ပတ်သက်လာရင် ဒီလိုပဲ။
ကျိုးချန်က အိမ်တံခါးကို တံခါးဖွင့်ပေးရင်း တပံ့တဩနဲ့...
"လိချင်ရောပါလာတာလား?"
"အင်း... လိချင်နဲ့ ငါနဲ့က တိုက်ခန်းအတူတူငှားနေကြတာ။ ပြီးတော့ သူက နင်တို့ ကုမ္ပဏီမှာလုပ်နေတာဆိုတော့ တစ်ခါတည်း ခေါ်လာလိုက်တာ... အပန်းမကြီးဘူးမှတ်လား?"
"ရပါတယ်။ ငါက မထင်ထားလို့ပါ....
ရှောင်းကျန့်ရေ!!! လိချင်လဲ ပါလာတယ်"
ကျိုးချန်က ရှောင်းကျန့်ကို လှမ်းအော်ပြောရင်း မိန်းကလေးသုံးယောက်ကို ဧည့်ခန်းမှာ နေရာချထားပေးလိုက်တယ်။
ရှောင်းကျန့်က မီးဖိုဆောင်က ထွက်လာပြီး
"အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ငါ... ရေချိုးလိုက်ဦးမယ်။ ခဏစောင့်နော်"
"Wow! ရှောင်းချက်တာ စားရတော့မှာပေါ့"
လိချင်က ပျှော်ရွှင်စွာပြောလာတယ်။
ဇီယိကလည်း အံ့အားသင့်စွာနဲ့
"ဟုတ်လား? ရှောင်းကျန့်က ချက်တတ်တယ်ပေါ့။ ငါက မှာစားမယ်ပဲ ထင်နေတာ... Amazing ပဲ"
ကျိုးချန်ကလည်း
"ငါ့ လက်ရာလည်းပါပါတယ်"
"ဟုတ်လား... နင်ကဘာချက်လဲ?"
မုန့်ဇီယိက သိချင်စိတ်ကိုဖော်ပြတဲ့ မျက်လုံးတောက်တောက်လေးနဲ့မေးလိုက်တယ်။
ကျိုးချန်က အရည်ထူထူနဲ့ပဲ...
"ဟင်? ငါက ဆန်ဆေးပေးတယ်။ အရွက်တွေ အသီးတွေ ဆေးပေးတယ်။ ကူလှီးပေးတယ်။ ငါ့လက်နဲ့ပဲလေ"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ဟားဟားဟား"
မိန်းကလေး သုံးယောက်က သဘောကျစွာထောက်ခံကြတယ်။
ဝမ်ရိပေါ်က အမြန် ရေချိုး အဝတ်အစားလဲပြီးတာနဲ့ ရှောင်းကျန့်အခန်းထဲ လှစ်ကနဲ ဝင်လိုက်ပြီး ရှောင်းကျန့်ကို အတင်းဆွဲခေါ်လိုက်တယ်။
"ကိုကို~~ ဝမ်ဝမ့်အခန်းမှာပဲ ရေချိုးလိုက်~ လာ!"
အဲလိုမှ မဟုတ်ရင် ရှောင်းကျန့်က ရေချိုးဖို့ အပြင်ထွက်နေရဦးမှာလေ။
ရှောင်းကျန့်က တွန့်ဆုတ် တွန့်ဆုတ်နဲ့ စိတ်မရှည်စွာပြောလိုက်တယ်။
"မမြင်ရပါဘူးကွာ"
"မရဘူး--- ဝမ်ဝမ့် အခန်းမှာပဲချိုး!"
ဝမ်ရိပေါ်ရဲ့ အူတိုတဲ့ ပုံစံလေးကြောင့် ရှောင်းကျန့်ရဲ့စိတ်မကြည်တာတွေက တခဏချင်းပျောက်ကွယ်သွားရတယ်။
"ကောင်းပြီ။ ကောင်းပြီ။ ကိုယ်သွားလိုက်မယ်။ လက်ကိုလွှတ်ဦး"
"အဟီး.... ကိုကိုက ဒီလို လိမ္မာမှပေါ့... မွ!"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးကို လျှပ်တပြက် အနမ်းလေးပေးလိုက်တယ်။
"ဝမ်ဝမ်... ကိုယ့်တစ်ကိုယ်လုံး နံစော်နေတာနော်"
"ဟင့်အင်း... ဝမ်ဝမ့်အတွက်တော့ ကိုကို့တစ်ကိုယ်လုံးမွှေးတယ်"
ရှောင်းကျန့်ရဲ့ မျက်နှာမှာ အပြုံးတွေပွင့်လန်းလာတယ်။ ဝမ်ရိပေါ်ကို ခပ်ညစ်ညစ်အပြုံးလေးနဲ့ စကားတစ်ခွန်းပြောလိုက်ပြီး ရေချိုးရန် ထွက်သွားတော့တယ်။
"အေး--- နောက်မှ တစ်ကိုယ်လုံး နမ်းခိုင်းမယ်"
ဝမ်ရိပေါ်လည်း ကိုယ့်စကားနဲ့ကို ရှက်သွားပြီး မျက်နှာတစ်ခုလုံး ရဲရဲစွေးသွားတော့တယ်။
_______________________TBC
Photos credit to original uploaders.