"ဒီနှစ်တော့ နှစ်သစ်ကူးရင် အိမ်ပြန်ရမယ်။ ငါ အိမ်မပြန်ရတာ သုံးနှစ်ရှိပြီ။ ကျောင်းပြီးကတည်းက ဒီက Wang Group မှာ အလုပ်တန်းဝင်ရတာ"
"အင်း ပြန်လေ။ ငါ ရှိနေတာပဲကို"
"အဟဲ... ငါလည်း မင်းရှိနေလို့ ပြန်လို့ရတာ။ နို့မို့ဆို ပြန်လို့ရမှာ မဟုတ်ဘူး"
တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးနီးလာပြီ။ ဒါ့ကြောင့် ကျိုးချန်က အိမ်ပြန်ချင်တယ်။ရှောင်းကျန့်ကတော့ ဦးလေးကလွဲလို့ ဆွေမျိုးမရှိတာကြောင့် ပြန်မနေတော့ဘူး။ ဦးလေးဆီပဲ ငွေလွှဲပေးလိုက်တော့မယ်။ ဝမ်ရိပေါ်ကရော သူ့အဖေဆီ ပြန်ဦးမှာလား???
ရေချိုး ၊ အဝတ်အစားလဲပြီး ထွက်လာတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ ကျိုးချန် TV ကြည့်ရင်း စကားပြောနေတဲ့ ဧည့်ခန်းကိုရောက်လာတယ်။
"အစ်ကိုတို့ ဘာပြောနေကြတာလဲ?"
ဝမ်ရိပေါ်က ရှောင်းကျန့်ဘေး ကပ်ထိုင်ရင်း မေးလိုက်တယ်။"ရိပေါ် ဟိုဘက်မှာ ထိုင်ခုံအလွတ်ကြီး...။ ရှောင်းကျန့် လွတ်လွတ်လပ်လပ်ထိုင်ပါစေ"
ကျိုးချန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
ဟုတ်တယ်လေ။ ဆိုဖာဆက်တီက ထိုင်ခုံတွေက ငါးလုံးတောင်ရှိတာကို... ။ ပြီးတော့ ရှောင်းကျန့်ထိုင်နေတဲ့ နှစ်ယောက်ထိုင် ဆိုဖာခုံက အကျယ်ကြီး................။"ဟာာာာ .... အစ်ကိုကျိုးချန်ကလည်း ရာသီဥတုက ဒီလောက်အေးတာကို... အစ်ကိုရှောင်းကျန့်နား ကပ်ထိုင်တော့ နွေးတာပေါ့! ဟုတ်တယ်မလား? အစ်ကို ရှောင်းကျန့်ရော နွေးသွားတယ်မလား? နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လေ... နော့်!"
ဝမ်ရိပေါ်က ကျိုးချန်ကို မျက်စောင်းခဲ၍ ပြောရင်း ရှောင်းကျန့်ကိုပါ စစ်ကူခေါ်လိုက်တယ်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/321603412-288-k781774.jpg)
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်