"ရှောင်းကျန့်..... မင်းရဲ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား။..... ကြည့်စမ်း! ကောင်လေးက အခုမှ ၂၁ ပဲရှိသေးတာ။ ငယ်ငယ်ချောချောလေး။ ပြီးတော့ သူကသူဌေးမျိုးဆက်။ မင်းက သူ့အတွက် အရင်းနှီးဆုံးသူစိမ်းဆိုတော့ အဲ့ကလေး စိတ်ကစားတာ မဖြစ်နိုင်ဘူးလား....?"
"အင်း..... ဖြစ်နိုင်ပါတယ်"
ရှောင်းကျန့်နဲ့ သူ့ဦးလေးက အိမ်ရှေ့ ဝရန်တာမှာရပ်နေရင်း ခြံထဲမှာ နှင်းတွေနဲ့ အရုပ်လုပ်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်း ပြောဆိုနေကြတယ်။
"ဒါပေမယ့်လည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို မပြင်တော့ပါဘူး....။ သူ စိတ်ကစားတယ်ဆိုရင်လည်း စိတ်တည်ငြိမ်သွားတဲ့အထိ ကျွန်တော်စောင့်မှာပါ"
ရှောင်းကျန့်က ဝမ်ရိပေါ်ဆီကအကြည့်ကိုမလွဲပဲ ဆက်ပြောလိုက်တယ်။"တစ်ကယ်လို့ အဲ့ကလေး စိတ်ပြောင်းသွားရင်ရော?"
ရှောင်းကျန့်ဦးလေးက ရှောင်းကျန့်ကိုကြည့်ပြီး သေသေချာချာမေးလာတယ်။".......... ဟင်းးးးးး ......
ရပါတယ်။ သူသာ ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်မယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်""အေးလေ.... တူလေး... မင်းဆုံးဖြတ်တာကို ဦးလေးလေးစားပါ့မယ်"
"ဟုတ်ကဲ့။ ကျေးဇူးပါ ဦးလေး"
ရှောင်းကျန့် ဦီးလေးက ရှောင်းကျန့်ရဲ့ပခုံးကို အသာပုတ်လို့ ဝမ်ရိပေါ်ကို တစ်ချက်လှမ်းကြည့်ပြီး အိမ်ထဲပြန်ဝင်သွားတယ်။ အိမ်ထဲဝင်ခါနီး...
"ခဏနေရင် နေ့လည်စာစားတော့မယ်။ အဲ့ကလေးကို အထဲခေါ်တော့။ အပြင်မှာနေတာကြာရင် အအေးမိမယ်""ဟုတ်ကဲ့ ဦးလေး"
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်