Sweet Love [Complete]

By KrystalJeon_23

5.5K 362 20

A Jaywon Fanfiction(Myanmar) More

1
2
sorry
4
5
6
7
8
9
𝑬𝒏𝒅𝒊𝒏𝒈
Extra

3

426 44 5
By KrystalJeon_23

Unicode

"ရည်းစားမရှိဘူးဆိုရင်ကိုယ်နဲ့တွဲမလားကလေးလေး"
"ဘာ!!"
"Oh my god!!"
ဂျိတ်မှာတော့ဘုရားတလိုက်ပေမယ့်လည်း ဆောင်းဟွန်းမှာတော့ဘာမှမပြောနိုင်

"ဖြေးဖြေးအော်ပါ ကလေးရယ် လည်ချောင်းနာသွားလိမ့်မယ်"
"ဒီမှာ CEO ပတ်ဂျေးရှီး!!"
အခြေအနေတွေကတင်းမာနေတယ်လည်းဆိုလို့မရသလို အဆင်ပြေတယ်လို့လည်းဆိုလို့မရ

ဂျောင်ဝန်းတစ်ယောက်မှာလည်း နေရင်းထိုင်ရင်းရည်းစားစကားအပြောခံလိုက်ရတာကြောင့်လန့်သွားပေမယ့်လည်း ရန်ပြန်တွေ့ဖို့တော့မမေ့ ရင်ခုန်နေတယ်ဆိုလည်းမမှားပါဘူး သူသဘောမကျဘူးဆိုပြီးပြောရင်တော့လိမ်ရာကျမယ်ဆိုပေမယ့်လည်း ရင်ခုန်နေတာကိုတော့သူလိမ်လို့မရ မလိမ်ချင်လည်းလိမ်မှာပဲ ဘယ်လိုဖြစ်ဖြစ်တွေ့တာနှစ်ခေါက်တောင်မပြည့် အယ်မဟုတ်ပါဘူး ဒါနဲဆိုသုံးခေါက်မြောက်ပေါ့ တွေ့တာသုံးခေါက်လောက်ပဲရှိသေးတဲ့သူကသူ့ကိုရည်းစားစကားလာပြောတာလေ သူ့အကြောင်းကိုသိဖို့ပြောမနေနဲ့ နာမည်တောင်မှကိုယ့်အလုပ်ရှင်ဖြစ်နေလို့သိတာကို

"ကလေးလေး ကလေးလေး ဘာဖြစ်သွားတာလဲ နေမကောင်းဘူးလား"
ကိုယ့်ဘာသာကိုယ်အတွေးလွန်သွားလို့သူခေါ်တာမကြားလိုက်တာကို ပိုင်စိုးပိုင်နင်းနဲ့နဖူးပေါ်ကိုလက်တင်ပြီးစမ်းနေတာကြောင့် လူကဘယ်လိုမှမနေတတ်

"ဆောင်းဟွန်းလုပ်ပါဦး ဘယ်လိုလုပ်မလဲ ဖျားနေတာလားမသိဘူး မျက်နှာတွေလည်းနီလို့"
သူပြောမှပဲကိုယ့်ကိုကိုယ်သတိထားမိတော့တယ် ဖျားနေတာတော့မဟုတ်ပေမယ့် ရှက်ပြီးမျက်နှာတွေရဲနေတာဖြစ်ပါလိမ့်မယ်

"ဘာမှမဖြစ်ဘူး ဖယ်ဖယ်"
ပြောပြောဆိုဆိုနဲ့လက်ကိုဖယ်ထုတ်လိုက်တော့ ဆောင်းဟွန်းဟျောင်းဘက်လှည့်မေးနေရင်းကျွန်တော့်ဘက်ကိုပြန်လှည့်လာတယ်
"ဘာမှမဖြစ်စရာလား မျက်နှာတွေဒီလောက်နီရဲနေတာကို"
"ဘာမှမဖြစ်ဘူးဆို ဘာမှမဖြစ်ဘူးပေါ့ ဘာလို့အဲလောက်စကားများရတာလဲ တကယ်ပဲ"
ပြောပြီးအဲ့နေရာကနေမြန်မြန်ထွက်လာလိုက်ရတယ် မဟုတ်ရင်ဒီအခုန်မြန်နေတဲ့နှလုံးကြောင့်လည်းလူကရူးတော့မယ်

"ကလေးလေး နေ..ဘယ်တော့မှစကားကိုဆုံးအောင်နားမထောင်ဘူး"
"ပတ်ဂျေး မင်းတကယ်ကြီးပြောနေတာလား"
"ဘာကိုလဲ ဆောင်းဟွန်း"
"ဘာရမှာလဲ မင်းအခု ဂျောင်ဝန်းကိုရည်းစားစကားပြောလိုက်တာလား"
"အင်း"
"နေပါဦး မင်းဘယ်တည်းက မဟုတ်ဘူး အာ ဘာပဲဖြစ်ဖြစ်ကွာ မင်းတကယ်ကြီးသဘောကျသွားတာလား"
"အွန်း"
"တစ်မိုးအောက်ပတ်ဂျေးကလေ"
"အွန်း"
"ရည်းစားမထားဘူး လက်မထပ်ဘူးဆိုတဲ့မင်းကလေ"
"အွန်း"
"တအွန်းအွန်းနဲ့ ဘာဖြစ်နေတာလဲ မေးနေတာကိုလည်းဖြေဦး"
"ဖြေနေတာပဲကို"
"မင်းတကယ်ပြောတာလားဂျေး"

ဂျယ်ယွန်းမှသူတို့သူငယ်ချင်းနှစ်ယောက်အမေးအဖြေလုပ်နေသည်ကိုမစောင့်နိုင်တော့၍ဝင်မေးလိုက်ခြင်းသာ
"အွန်း ငါသူ့ကိုသဘောကျတယ်"
"အတည်လား"
"အေးပေါ့ကွ အတည်မပြောလို့နောက်တယ်ထင်နေတာလား"
"ပြီးရောလေ မင်းပုံစံကနောက်နေတဲ့ပုံတော့မပေါက်ဘူး"

"တကယ်ပြောနေတာ အဲ့လိုကိစ္စမျိုးကိုနောက်စရာလား ဒါနဲ့မင်းတို့သူနဲ့သိတာလား"
"သိတာပေါ့ သူကဂျယ်ယွန်းညီလေ"
"ဘာ! တကယ်ကြီးရှင်းမ်ဂျယ်ယွန်းညီလား"
"ဖြေးဖြေးပြောလည်းရပါတယ် ငါ့ညီဆိုတာတော့ဟုတ်တယ် ဒါပေမဲ့ညီအရင်းတော့မဟုတ်ဘူး"
"ဝမ်းကွဲလား?"
"ဝမ်းကွဲလည်းမဟုတ်ဘူး ငယ်ငယ်လေးတည်းကနေသိတာဆိုတော့ညီအရင်းလိုဖြစ်နေတာ"
"အာ ဟဲဟဲ အာ့ဆိုနည်းနည်းလောက်မကူညီချင်ဘူးလား"
"ငါကလား ဘာလို့လဲ"
"ကြောင်ပေါက်လေးက မင်းညီဆိုတော့ နည်းနည်းပါးပါးတော့ကူညီပေးပါလားဟ"
"ငါကဘာလို့လည်း ကိုယ့်ဘာသာကိုယ်လုပ်ပါလား"
"မဟုတ်ဘူးလေ နည်းနည်းပဲ သူကြိုက်တတ်တာလေးတွေဘာလေးတွေပြောပြပါလားလို့"
"အင်းပါ ပြောပြပါမယ်"

"နေပါဦး မင်းဘာသာမင်းစုံစမ်းလေ ဘာကိစ္စနဲ့ငါ့အချစ်ကိုလာမေးနေတာလဲ"
"မင်းကိုမေးလို့လား မင်းကိုသိပ်ကြည်တာမဟုတ်ဘူးနော် ပတ်ဆောင်းဟွန်း"
"အဲ့တော့"
"မင်းတော့လား"
"တော်ကြတော့ မောင်ပြန်တော့ ဂျေးမင်းလည်းသွားတော့"
"သွားပြီ"
"ငါလည်းသွားမှာ ဂျယ်ယွန်းမောင်သွားပြီ"
"သွားတော့သွား"

သူမှဝင်မတားရင်ရန်ဖြစ်တော့မယ့်ကိန်းဆိုက်နေတာမလို့မြန်မြန်သာဝင်တားလိုက်ရတယ် ရန်ဖြစ်တယ်ဆိုတာကလည်း သူများတွေလိုထိုးကြကြိတ်ကြမဟုတ်ဘဲ မျက်စောင်းတထိုးထိုးနဲ့ ပြီးရင်ရက်ပိုင်းလောက်စကားမပြောဘူး ပြီးသွားရင်လည်းမနေနိုင်မထိုင်နိုင်နဲ့ပြန်ခေါ်ကြတာပဲကို ကလေးမဟုတ်သူငယ်မဟုတ်နဲ့ ကလေးလိုမျိုးရန်ဖြစ်ကြတာပါဆို

....................

"ဂျောင်ဝန်း"
"ဟင်"
ခေါ်သံကြားလို့လှည့်ကြည့်လိုက်မိပါတယ် ခေါ်တဲ့သူက CEO ဖြစ်နေတဲ့အတွက် မသိချင်ယောင်ဆောင်ပြီးပြန်လှည့်ထွက်လာလိုက်တယ် ပုံမှန်ဆိုရင်တော့ CEO ခေါ်တာမလို့နားထောင်သင့်ပေမယ့်လည်း အခုကတော့မနက်တည်းကတင်ရည်းစားစကားပြောထားတဲ့သူမလို့ရှောင်ပြေးတာဆိုပိုမှန်တာပေါ့ ဒါပေမဲ့လည်းပြေးလို့မရသောအခါပေါ့ ဘယ်လိုတောင်လျှောက်လာလဲမသိဘူး အရှေ့ကိုရောက်လာတာမလို့ရပ်လိုက်ရတယ်

"ခေါ်နေတာကိုမကြားလို့လား ကလေးလေး"
"မဟုတ်ဘူးကြားတယ်"
"ကြားရင်လည်းကိုယ့်ကိုခဏစောင့်တာမဟုတ်ဘူး မောလိုက်တာကလေးရယ်"
"ဒီမှာ CEO shi ကျွန်တော်က ကလေးမဟုတ်ဘူးလို့ပြောပြီးသားနော် အဲ့တာကြောင့်ကလေးလို့လာမခေါ်နဲ့"
"ဟုတ်ပါပြီ အဲ့တာဆို ဝန်းလေးလို့ခေါ်မယ်လေ အဲ့တာတော့ခေါ်လို့ရတယ်မလား"
"ပြီးရောလေ အခုတော့ဖယ်တော့"

အမှန်ဆိုရင်ကိုယ့်ကိုအဲ့လိုခေါ်မယ်ဆိုငြင်းလိုက်သင့်တာဆိုပေမယ့်လည်း ပါးစပ်ကနေအလိုလိုနေရင်းထွက်သွားတာကတော့ "ပြီးရောလေ" ဖြစ်နေတာ တကယ်ပါဒီလူကြီးနဲ့တွေ့ကာမှပဲဘာတွေဖြစ်လို့ဖြစ်မှန်းမသိ အခုလည်းရင်တွေခုန်နေတာတစ်ဖက်လူကြားသွားမလားတောင်စိုးရိမ်မိတယ်

"အိမ်ပြန်မလို့မလား ကိုယ်လိုက်ပို့ပေးမယ်"
"ခင်ဗျားကမဟုတ်ပါဘူး CEOက ကျွန်တော့်အိမ်ကိုသိလို့လား"
"သိတာပေါ့ မနေ့တည်းကတောင်လိုက်ပို့ခဲ့သေးတယ်"
"ဗျာ"
"ဘာလည်းမေ့သွားတာလား"
"မဟုတ်ပါဘူး ရပါတယ်ကျွန်တော့်ဘာသာကျွန်တော်ပြန်လို့ရပါတယ် ခွင့်ပြုပါဦး"
"နေဦးလေ"

ပြောပြီးထွက်လာတော့လက်ပေါ်ကိုကျရောက်လာတဲ့အထိအတွေ့တစ်ခု တစ်ခြားတော့မဟုတ် ဟိုလူကြီးကကျွန်တော့လက်ကိုဆွဲထားခြင်းသာ

"ဘာဖြစ်လို့လဲ"
"ဒီတိုင်းလိုက်ပို့ပေးလို့မရဘူးလား"
"ဗျာ ဟို..ဟိုလေ"
"လုပ်ပါ ဝန်းငယ်လေးနော်"
"အွန်း ရ..ရပါတယ်"
"ရပါတယ်ဆိုတာ လိုက်ပို့ခိုင်းတာလား လိုက်မပို့ခိုင်းတာလား"
"ဟို ပြီးရောလေဗျာ ကျွန်တော်လည်းပိုက်ဆံအကုန်သက်သာတာပေါ့"
"အိုကေ နောက်ဆိုလည်းပိုက်ဆံအကုန်သက်သာအောင် ကိုယ်ပဲအကြိုအပို့လုပ်ပေးမယ်"
"ဗျာ"
"သွားမယ်လာ"
"ဟို..ဟိုလေ ကျွန်တော့်လက်ကိုလွှတ်ပါဦးလား"
"အာ ဆောရီးဝန်းလေး"

ကျွန်တော်ကိုယ်တိုင်တောင်သတိမထားမိဘဲသူ့လက်ကိုကိုင်ထားမိတာ ကလေးလေးကတော့ရှက်နေတယ်ထင်ပါရဲ့ နားရွက်ဖျားလေးတွေနီရဲနေတာ အအေးဒဏ်ကြောင့်လည်းပါမယ်ထင် နှာထိပ်လေးတွေရောနီရဲနေတာကကိုက်ဆွဲချင်စရာ စိတ်ရှိလက်ရှိသာလုပ်လိုက်ရင်တော့လေ ထပ်အအော်ခံရမှာပေါ့ ယောကျာ်းလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်မှန်းသိပေမယ့်လှတယ် မဟုတ်ဘူးလှတာထက်ကိုပိုတယ် ခိုင်းနှိုင်းစရာစကားတောင်မရှိတော့ဘူး

"ရောက်ပြီပဲ မရောက်အောင်လို့ဖြည်းဖြည်းလေးမောင်းတာကို"
"လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ရင်ကိုယ့်ကိုလက်ခံပေး"
"ဗျာ"
"မဗျာနဲ့ ကိုယ်ကအကောင်းပြောနေတာ"
"ဟို..ဟို သွားတော့မယ်နော်"
ဆိုပြီးခြံတံခါးဖွင့်ပြီးလုံးတုံးလုံးတုံးနဲ့ပြေးဝင်သွားတာလေးကတကယ်ကိုချစ်ဖို့ကောင်းတာ

....................

"တီတီ"{ကားဟွန်းသံ}
(တူချင်တူမတူချင်နေကားဟွန်းသံလို့သာမှတ်လိုက်ပါ ㅠㅠ)
"အမေရေ!"

ခြံတံခါးဖွင့်ဖွင့်ချင်း ကားဟွန်းတီးသံကြောင့်လန့်ပြီးအော်မိသွားတာ တော်သေးတာပေါ့ အရမ်းမကျယ်သွားလို့ မဟုတ်ရင် အမေကဘာဖြစ်လို့လဲဆိုပြီးပြေးထွက်လာလောက်တယ် ကြည့်လိုက်တော့တခြားသူမဟုတ် ဟိုလူကြီးသာတကယ်ပါပဲ ဘာလာလုပ်ပြန်ပြီလဲမသိဘူး

"ဝန်းလေးတက်"
"ဗျာ"
"တက်လို့ တူတူသွားမယ်"
"ရပါတယ် ဘတ်စ်ကားနဲ့သွားလိုက်ပါ့မယ်"
"ဝန်းလေးပိုက်ဆံကုန်မှာစိုးလို့ပါ"

အဲ့လိုပြောနေတဲ့ခင်ဗျားကရော ဆီဖိုးမကုန်ဘူးလားလို့ပြန်မေးချင်ပေမယ့်လည်းစိတ်ထဲမှာသာသိမ်းထားလိုက်ရတယ်

"ရပါတယ် ကားခကဘယ်လောက်မှကုန်တာမှမဟုတ်တာ"
"သွားရမှာခြင်းတူတူကို စိတ်မပူပါနဲ့ ကားတင်မပြေးပါဘူး"
"ဗျာ"
"ကဲပါ မြန်မြန်တက် ကိုယ်အစည်းအဝေးရှိသေးတယ်"
"ဟိုလေ"
"ကိုယ်က CEO နော် ကိုယ့်စကားနားမထောင်ရင်မင်းကိုအလုပ်ဖြုတ်လိုက်လို့ရတယ်နော်"
"ဗျာ! လိုက်ရင်ပြီးရောမလား"
"အွန်း"

ဆက်ငြင်းနေလည်းထူးမှာမဟုတ် အလုပ်နောက်ကျတာပဲအဖက်တင်မှာမလို့ဘာမှမပြောဘဲလိုက်သာလိုက်ခဲ့ရတယ် တစ်လမ်းလုံးဘာမှမပြောပေမယ့် ကားမောင်းနေတာကိုအရှေ့ကိုမကြည့်ဘဲ ကျွန်တော့်ကိုပဲလှည့်လှည့်ကြည့်နေတာကြောင့် စိတ်လှုပ်ရှားနေတာလား တစ်ခုခုဖြစ်မှာကြောက်နေတာလားတော့မသိ ရင်တွေတော့တော်တော်ကိုခုန်နေ..တုန်နေတာပဲထားပါတော့ ခုန်နေတာမဟုတ်ဘူး ဘာလိုလိုနဲ့တော့ကုမ္ပဏီကိုရောက်လာပြီပဲ

"ကျေးဇူးပါနော်"
"ကိုယ်ပြောပြီးသားလေ ကျေးဇူးတင်ရင်.."
"နောက်ကျနေလို့သွားတော့မယ်ဗျ"

စကားမဆုံးသေးခင်ဖြတ်ပြောသွားပြီး သူလည်းပြောပြီးရောတံခါးဖွင့်ပြီးပြေးဆင်းသွားလေရဲ့
သူတို့မသိလိုက်တာတစ်ခုကတော့ သူတို့နှစ်ယောက်ကိုကြည့်နေတဲ့သူရှိနေတယ်ဆိုတာကိုပင်

....................

တစ်နေ့ပြီးတစ်နေ့ကတော့ အလုပ်လုပ်လိုက် CEO ကိုတွေ့ရင်ရှောင်လိုက်နဲ့ပဲလုပ်နေတာတစ်ပတ်လောက်ရှိပြီ ဒါပေမဲ့လည်းရှောင်လို့မရတာကတော့ပြဿနာတစ်ရပ်ပေါ့ အကြောင်းမရှိအကြောင်းရှာပြီးခေါ်တာကတစ်မျိုး ပြန်ရင်လည်းလိုက်ပို့ မနက်အလုပ်သွားရင်လည်းလာကြို မလိုက်ဘူးဆိုရင်အလုပ်ဖြုတ်မယ်ဆိုတာနဲ့တွေ့ အလုပ်ပြုတ်လို့တော့မဖြစ်ဘူးလေ မဟုတ်ရင်အိမ်မှာနေပြီးတစ်နေ့တစ်နေ့နားညီးတာပဲရှိမှာ ပြီးတော့လည်းတစ်ခါတစ်လေအလုပ်အကြောင်းပြပြီးလျှောက်သွားနေတာကို အလုပ်ပြုတ်သွားရင်လျှောက်သွားလို့မရတော့ဘူးလေ အဲ့တော့လည်းဘယ်တတ်နိုင်မလဲ ဒါပေမဲ့ ဒီနေ့တော့မနက်တည်းကလိုက်ပို့ပြီးတော့ အစည်းအဝေးရှိလို့ဆိုပြီးပြန်ထွက်သွားတာတော်တော်တော့ကြာနေပြီ မပြီးသေးတာတော့မဟုတ်လောက်ပါဘူး ဂရုစိုက်နေတာလားဆိုရင်တော့နိုးပါ ဘာဖြစ်လို့မသိပေမယ့် ဂရုစိုက်တာတော့လုံးဝမဟုတ် တွေ့နေကျသူကအနားမရှိလို့နည်းနည်းတစ်မျိုးဖြစ်နေရုံ ဘာပဲဖြစ်ဖြစ်ပါ မျက်စိနောက်သက်သာတယ်

"ဂျောင်ဝန်းနား လာဦး"
အားး ဒီ CEOတစ်ယောက်ဘာတွေလုပ်အုံးမလို့လဲမသိဘူး ဂျိတ်ဟျောင်း ခေါ်တာဆိုပေမယ့်လည်း သေချာတာပေါ့ ဟိုလူကြီးလက်ချက်ဆိုတာ အလုပ်မရှိအလုပ်ရှာအုံးမှာပေါ့

"ဘာလဲဟျောင်း"
"ရော့"
ဆိုပြီးဖိုင်တွေတစ်ထပ်ကြီးပေးလာပါလေရဲ့
"ဘာလုပ်မလို့လဲ"

ပြန်ပြောလာတဲ့စကားကြောင့် ဘာလုပ်မလို့လဲလို့ မေးမိတဲ့ကိုယ့်ပါးစပ်ကိုယ်တောင်ပြန်ရိုက်ချင်သွားသလိုပဲ
"CEO နေမကောင်းလို့သူ့အိမ်ကိုဒီဖိုင်တွေသွားပို့ပေးပြီးလိုတာရှိရင်ကူလုပ်ပေးလိုက်အုံး" တဲ့

အမေရေမသွားချင်ဘူး မတွေ့ချင်လို့ရှောင်နေကာမှပဲတန်းတန်းမတ်မတ်ကိုသွားရအုံးမှာပေါ့ ဖိုက်တင်း ယန်းဂျောင်ဝန်း ဂါဂျား ဂါဂျားး နေပါဦး နေမကောက်းဘူးလို့ပြောလိုက်တာလား မနက်တည်းကအကောင်းကြီးပါ ဒါမှမဟုတ်မနေ့ညတည်းကကိစ္စကြောင့်လားမသိဘူး မဖြစ်လောက်ပါဘူး အဲ့လောက်လေးနဲ့

"ဒါနဲ့လေ ဂျောင်ဝန်းနား"
"ဘာလဲ"
"ပြဿနာမရှာခဲ့နဲ့နော်"
"ဂျိတ်ဟျောင်းးး"
"စတာပါ သွားတော့"
"သွားပြီ ဟွန့်"

...................

အချစ်တို့ ကြယ်တို့ Feedback တို့ပေးရင်စိတ်မဆိုးဘူးနော် ကိုက်လည်းမကိုက်စားပါဘူးလို့

Thanks for reading

Zawgyi

"ရည္းစားမရွိဘူးဆိုရင္ကိုယ္နဲ႕တြဲမလားကေလးေလး"
"ဘာ!!"
"Oh my god!!"
ဂ်ိတ္မွာေတာ့ဘုရားတလိုက္ေပမယ့္လည္း ေဆာင္းဟြန္းမွာေတာ့ဘာမွမေျပာနိုင္

"ေျဖးေျဖးေအာ္ပါ ကေလးရယ္ လည္ေခ်ာင္းနာသြားလိမ့္မယ္"
"ဒီမွာ CEO ပတ္ေဂ်းရွီး!!"
အေျခအေနေတြကတင္းမာေနတယ္လည္းဆိုလို႔မရသလို အဆင္ေျပတယ္လို႔လည္းဆိုလို႔မရ

ေဂ်ာင္ဝန္းတစ္ေယာက္မွာလည္း ေနရင္းထိုင္ရင္းရည္းစားစကားအေျပာခံလိုက္ရတာေၾကာင့္လန့္သြားေပမယ့္လည္း ရန္ျပန္ေတြ႕ဖို႔ေတာ့မေမ့ ရင္ခုန္ေနတယ္ဆိုလည္းမမွားပါဘူး သူသေဘာမက်ဘဴးဆိုၿပီးေျပာရင္ေတာ့လိမ္ရာက်မယ္ဆိုေပမယ့္လည္း ရင္ခုန္ေနတာကိုေတာ့သူလိမ္လို႔မရ မလိမ္ခ်င္လည္းလိမ္မွာပဲ ဘယ္လိုျဖစ္ျဖစ္ေတြ႕တာႏွစ္ေခါက္ေတာင္မျပည့္ အယ္မဟုတ္ပါဘူး ဒါနဲဆိုသုံးေခါက္ေျမာက္ေပါ့ ေတြ႕တာသုံးေခါက္ေလာက္ပဲရွိေသးတဲ့သူကသူ႕ကိုရည္းစားစကားလာေျပာတာေလ သူ႕အေၾကာင္းကိုသိဖို႔ေျပာမေနနဲ႕ နာမည္ေတာင္မွကိုယ့္အလုပ္ရွင္ျဖစ္ေနလို႔သိတာကို

"ကေလးေလး ကေလးေလး ဘာျဖစ္သြားတာလဲ ေနမေကာင္းဘူးလား"
ကိုယ့္ဘာသာကိုယ္အေတြးလြန္သြားလို႔သူေခၚတာမၾကားလိုက္တာကို ပိုင္စိုးပိုင္နင္းနဲ႕နဖူးေပၚကိုလက္တင္ၿပီးစမ္းေနတာေၾကာင့္ လူကဘယ္လိုမွမေနတတ္

"ေဆာင္းဟြန္းလုပ္ပါဦး ဘယ္လိုလုပ္မလဲ ဖ်ားေနတာလားမသိဘူး မ်က္ႏွာေတြလည္းနီလို႔"
သူေျပာမွပဲကိုယ့္ကိုကိုယ္သတိထားမိေတာ့တယ္ ဖ်ားေနတာေတာ့မဟုတ္ေပမယ့္ ရွက္ၿပီးမ်က္ႏွာေတြရဲေနတာျဖစ္ပါလိမ့္မယ္

"ဘာမွမျဖစ္ဘူး ဖယ္ဖယ္"
ေျပာေျပာဆိုဆိုနဲ႕လက္ကိုဖယ္ထုတ္လိုက္ေတာ့ ေဆာင္းဟြန္းေဟ်ာင္းဘက္လွည့္ေမးေနရင္းကြၽန္ေတာ့္ဘက္ကိုျပန္လွည့္လာတယ္
"ဘာမွမျဖစ္စရာလား မ်က္ႏွာေတြဒီေလာက္နီရဲေနတာကို"
"ဘာမွမျဖစ္ဘူးဆို ဘာမွမျဖစ္ဘူးေပါ့ ဘာလို႔အဲေလာက္စကားမ်ားရတာလဲ တကယ္ပဲ"
ေျပာၿပီးအဲ့ေနရာကေနျမန္ျမန္ထြက္လာလိုက္ရတယ္ မဟုတ္ရင္ဒီအခုန္ျမန္ေနတဲ့ႏွလုံးေၾကာင့္လည္းလူက႐ူးေတာ့မယ္

"ကေလးေလး ေန..ဘယ္ေတာ့မွစကားကိုဆုံးေအာင္နားမေထာင္ဘူး"
"ပတ္ေဂ်း မင္းတကယ္ႀကီးေျပာေနတာလား"
"ဘာကိုလဲ ေဆာင္းဟြန္း"
"ဘာရမွာလဲ မင္းအခု ေဂ်ာင္ဝန္းကိုရည္းစားစကားေျပာလိုက္တာလား"
"အင္း"
"ေနပါဦး မင္းဘယ္တည္းက မဟုတ္ဘူး အာ ဘာပဲျဖစ္ျဖစ္ကြာ မင္းတကယ္ႀကီးသေဘာက်သြားတာလား"
"အြန္း"
"တစ္မိုးေအာက္ပတ္ေဂ်းကေလ"
"အြန္း"
"ရည္းစားမထားဘူး လက္မထပ္ဘူးဆိုတဲ့မင္းကေလ"
"အြန္း"
"တအြန္းအြန္းနဲ႕ ဘာျဖစ္ေနတာလဲ ေမးေနတာကိုလည္းေျဖဦး"
"ေျဖေနတာပဲကို"
"မင္းတကယ္ေျပာတာလားေဂ်း"

ဂ်ယ္ယြန္းမွသူတို႔သူငယ္ခ်င္းႏွစ္ေယာက္အေမးအေျဖလုပ္ေနသည္ကိုမေစာင့္နိုင္ေတာ့၍ဝင္ေမးလိုက္ျခင္းသာ
"အြန္း ငါသူ႕ကိုသေဘာက်တယ္"
"အတည္လား"
"ေအးေပါ့ကြ အတည္မေျပာလို႔ေနာက္တယ္ထင္ေနတာလား"
"ၿပီးေရာေလ မင္းပုံစံကေနာက္ေနတဲ့ပုံေတာ့မေပါက္ဘူး"
"တကယ္ေျပာေနတာ အဲ့လိုကိစၥမ်ိဳးကိုေနာက္စရာလား ဒါနဲ႕မင္းတို႔သူနဲ႕သိတာလား"
"သိတာေပါ့ သူကဂ်ယ္ယြန္းညီေလ"
"ဘာ! တကယ္ႀကီးရွင္းမ္ဂ်ယ္ယြန္းညီလား"
"ေျဖးေျဖးေျပာလည္းရပါတယ္ ငါ့ညီဆိုတာေတာ့ဟုတ္တယ္ ဒါေပမဲ့ညီအရင္းေတာ့မဟုတ္ဘူး"
"ဝမ္းကြဲလား?"
"ဝမ္းကြဲလည္းမဟုတ္ဘူး ငယ္ငယ္ေလးတည္းကေနသိတာဆိုေတာ့ညီအရင္းလိုျဖစ္ေနတာ"
"အာ ဟဲဟဲ အာ့ဆိုနည္းနည္းေလာက္မကူညီခ်င္ဘူးလား"
"ငါကလား ဘာလို႔လဲ"
"ေၾကာင္ေပါက္ေလးက မင္းညီဆိုေတာ့ နည္းနည္းပါးပါးေတာ့ကူညီေပးပါလားဟ"
"ငါကဘာလို႔လည္း ကိုယ့္ဘာသာကိုယ္လုပ္ပါလား"
"မဟုတ္ဘူးေလ နည္းနည္းပဲ သူႀကိဳက္တတ္တာေလးေတြဘာေလးေတြေျပာျပပါလားလို႔"
"အင္းပါ ေျပာျပပါမယ္"
"ေနပါဦး မင္းဘာသာမင္းစုံစမ္းေလ ဘာကိစၥနဲ႕ငါ့အခ်စ္ကိုလာေမးေနတာလဲ"
"မင္းကိုေမးလို႔လား မင္းကိုသိပ္ၾကည္တာမဟုတ္ဘူးေနာ္ ပတ္ေဆာင္းဟြန္း"
"အဲ့ေတာ့"
"မင္းေတာ့လား"
"ေတာ္ၾကေတာ့ ေမာင္ျပန္ေတာ့ ေဂ်းမင္းလည္းသြားေတာ့"
"သြားၿပီ"
"ငါလည္းသြားမွာ ဂ်ယ္ယြန္းေမာင္သြားၿပီ"
"သြားေတာ့သြား"

သူမွဝင္မတားရင္ရန္ျဖစ္ေတာ့မယ့္ကိန္းဆိုက္ေနတာမလို႔ျမန္ျမန္သာဝင္တားလိုက္ရတယ္ ရန္ျဖစ္တယ္ဆိုတာကလည္း သူမ်ားေတြလိုထိုးၾကႀကိတ္ၾကမဟုတ္ဘဲ မ်က္ေစာင္းတထိုးထိုးနဲ႕ ၿပီးရင္ရက္ပိုင္းေလာက္စကားမေျပာဘူး ၿပီးသြားရင္လည္းမေနနိုင္မထိုင္နိုင္နဲ႕ျပန္ေခၚၾကတာပဲကို ကေလးမဟုတ္သူငယ္မဟုတ္နဲ႕ ကေလးလိုမ်ိဳးရန္ျဖစ္ၾကတာပါဆို

....................

"ေဂ်ာင္ဝန္း"
"ဟင္"
ေခၚသံၾကားလို႔လွည့္ၾကည့္လိုက္မိပါတယ္ ေခၚတဲ့သူက CEO ျဖစ္ေနတဲ့အတြက္ မသိခ်င္ေယာင္ေဆာင္ၿပီးျပန္လွည့္ထြက္လာလိုက္တယ္ ပုံမွန္ဆိုရင္ေတာ့ CEO ေခၚတာမလို႔နားေထာင္သင့္ေပမယ့္လည္း အခုကေတာ့မနက္တည္းကတင္ရည္းစားစကားေျပာထားတဲ့သူမလို႔ေရွာင္ေျပးတာဆိုပိုမွန္တာေပါ့ ဒါေပမဲ့လည္းေျပးလို႔မရေသာအခါေပါ့ ဘယ္လိုေတာင္ေလွ်ာက္လာလဲမသိဘူး အေရွ႕ကိုေရာက္လာတာမလို႔ရပ္လိုက္ရတယ္

"ေခၚေနတာကိုမၾကားလို႔လား ကေလးေလး"
"မဟုတ္ဘူးၾကားတယ္"
"ၾကားရင္လည္းကိုယ့္ကိုခဏေစာင့္တာမဟုတ္ဘူး ေမာလိုက္တာကေလးရယ္"
"ဒီမွာ CEO shi ကြၽန္ေတာ္က ကေလးမဟုတ္ဘူးလို႔ေျပာၿပီးသားေနာ္ အဲ့တာေၾကာင့္ကေလးလို႔လာမေခၚနဲ႕"
"ဟုတ္ပါၿပီ အဲ့တာဆို ဝန္းေလးလို႔ေခၚမယ္ေလ အဲ့တာေတာ့ေခၚလို႔ရတယ္မလား"
"ၿပီးေရာေလ အခုေတာ့ဖယ္ေတာ့"

အမွန္ဆိုရင္ကိုယ့္ကိုအဲ့လိုေခၚမယ္ဆိုျငင္းလိုက္သင့္တာဆိုေပမယ့္လည္း ပါးစပ္ကေနအလိုလိုေနရင္းထြက္သြားတာကေတာ့ "ၿပီးေရာေလ" ျဖစ္ေနတာ တကယ္ပါဒီလူႀကီးနဲ႕ေတြ႕ကာမွပဲဘာေတြျဖစ္လို႔ျဖစ္မွန္းမသိ အခုလည္းရင္ေတြခုန္ေနတာတစ္ဖက္လူၾကားသြားမလားေတာင္စိုးရိမ္မိတယ္

"အိမ္ျပန္မလို႔မလား ကိုယ္လိုက္ပို႔ေပးမယ္"
"ခင္ဗ်ားကမဟုတ္ပါဘူး CEOက ကြၽန္ေတာ့္အိမ္ကိုသိလို႔လား"
"သိတာေပါ့ မေန႕တည္းကေတာင္လိုက္ပို႔ခဲ့ေသးတယ္"
"ဗ်ာ"
"ဘာလည္းေမ့သြားတာလား"
"မဟုတ္ပါဘူး ရပါတယ္ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ျပန္လို႔ရပါတယ္ ခြင့္ျပဳပါဦး"
"ေနဦးေလ"

ေျပာၿပီးထြက္လာေတာ့လက္ေပၚကိုက်ေရာက္လာတဲ့အထိအေတြ႕တစ္ခု တစ္ျခားေတာ့မဟုတ္ ဟိုလူႀကီးကကြၽန္ေတာ့လက္ကိုဆြဲထားျခင္းသာ

"ဘာျဖစ္လို႔လဲ"
"ဒီတိုင္းလိုက္ပို႔ေပးလို႔မရဘူးလား"
"ဗ်ာ ဟို..ဟိုေလ"
"လုပ္ပါ ဝန္းငယ္ေလးေနာ္"
"အြန္း ရ..ရပါတယ္"
"ရပါတယ္ဆိုတာ လိုက္ပို႔ခိုင္းတာလား လိုက္မပို႔ခိုင္းတာလား"
"ဟို ၿပီးေရာေလဗ်ာ ကြၽန္ေတာ္လည္းပိုက္ဆံအကုန္သက္သာတာေပါ့"
"အိုေက ေနာက္ဆိုလည္းပိုက္ဆံအကုန္သက္သာေအာင္ ကိုယ္ပဲအႀကိဳအပို႔လုပ္ေပးမယ္"
"ဗ်ာ"
"သြားမယ္လာ"
"ဟို..ဟိုေလ ကြၽန္ေတာ့္လက္ကိုလႊတ္ပါဦးလား"
"အာ ေဆာရီးဝန္းေလး"

ကြၽန္ေတာ္ကိုယ္တိုင္ေတာင္သတိမထားမိဘဲသူ႕လက္ကိုကိုင္ထားမိတာ ကေလးေလးကေတာ့ရွက္ေနတယ္ထင္ပါရဲ႕ နား႐ြက္ဖ်ားေလးေတြနီရဲေနတာ အေအးဒဏ္ေၾကာင့္လည္းပါမယ္ထင္ ႏွာထိပ္ေလးေတြေရာနီရဲေနတာကကိုက္ဆြဲခ်င္စရာ စိတ္ရွိလက္ရွိသာလုပ္လိုက္ရင္ေတာ့ေလ ထပ္အေအာ္ခံရမွာေပါ့ ေယာက်ာ္းေလးတစ္ေယာက္ကိုလွတယ္လို႔မသုံးသင့္မွန္းသိေပမယ့္လွတယ္ မဟုတ္ဘူးလွတာထက္ကိုပိုတယ္ ခိုင္းႏွိုင္းစရာစကားေတာင္မရွိေတာ့ဘူး

"ေရာက္ၿပီပဲ မေရာက္ေအာင္လို႔ျဖည္းျဖည္းေလးေမာင္းတာကို"
"လိုက္ပို႔ေပးလို႔ေက်းဇူးတင္ပါတယ္"
"ေက်းဇူးတင္ရင္ကိုယ့္ကိုလက္ခံေပး"
"ဗ်ာ"
"မဗ်ာနဲ႕ ကိုယ္ကအေကာင္းေျပာေနတာ"
"ဟို..ဟို သြားေတာ့မယ္ေနာ္"
ဆိုၿပီးၿခံတံခါးဖြင့္ၿပီးလုံးတုံးလုံးတုံးနဲ႕ေျပးဝင္သြားတာေလးကတကယ္ကိုခ်စ္ဖို႔ေကာင္းတာ

....................

"တီတီ"{ကားဟြန္းသံ}
(တူခ်င္တူမတူခ်င္ေနကားဟြန္းသံလို႔သာမွတ္လိုက္ပါ )
"အေမေရ!"

ၿခံတံခါးဖြင့္ဖြင့္ခ်င္း ကားဟြန္းတီးသံေၾကာင့္လန့္ၿပီးေအာ္မိသြားတာ ေတာ္ေသးတာေပါ့ အရမ္းမက်ယ္သြားလို႔ မဟုတ္ရင္ အေမကဘာျဖစ္လို႔လဲဆိုၿပီးေျပးထြက္လာေလာက္တယ္ ၾကည့္လိုက္ေတာ့တျခားသူမဟုတ္ ဟိုလူႀကီးသာတကယ္ပါပဲ ဘာလာလုပ္ျပန္ၿပီလဲမသိဘူး

"ဝန္းေလးတက္"
"ဗ်ာ"
"တက္လို႔ တူတူသြားမယ္"
"ရပါတယ္ ဘတ္စ္ကားနဲ႕သြားလိုက္ပါ့မယ္"
"ဝန္းေလးပိုက္ဆံကုန္မွာစိုးလို႔ပါ"

အဲ့လိုေျပာေနတဲ့ခင္ဗ်ားကေရာ ဆီဖိုးမကုန္ဘူးလားလို႔ျပန္ေမးခ်င္ေပမယ့္လည္းစိတ္ထဲမွာသာသိမ္းထားလိုက္ရတယ္

"ရပါတယ္ ကားခကဘယ္ေလာက္မွကုန္တာမွမဟုတ္တာ"
"သြားရမွာျခင္းတူတူကို စိတ္မပူပါနဲ႕ ကားတင္မေျပးပါဘူး"
"ဗ်ာ"
"ကဲပါ ျမန္ျမန္တက္ ကိုယ္အစည္းအေဝးရွိေသးတယ္"
"ဟိုေလ"
"ကိုယ္က CEO ေနာ္ ကိုယ့္စကားနားမေထာင္ရင္မင္းကိုအလုပ္ျဖဳတ္လိုက္လို႔ရတယ္ေနာ္"
"ဗ်ာ! လိုက္ရင္ၿပီးေရာမလား"
"အြန္း"

ဆက္ျငင္းေနလည္းထူးမွာမဟုတ္ အလုပ္ေနာက္က်တာပဲအဖက္တင္မွာမလို႔ဘာမွမေျပာဘဲလိုက္သာလိုက္ခဲ့ရတယ္ တစ္လမ္းလုံးဘာမွမေျပာေပမယ့္ ကားေမာင္းေနတာကိုအေရွ႕ကိုမၾကည့္ဘဲ ကြၽန္ေတာ့္ကိုပဲလွည့္လွည့္ၾကည့္ေနတာေၾကာင့္ စိတ္လႈပ္ရွားေနတာလား တစ္ခုခုျဖစ္မွာေၾကာက္ေနတာလားေတာ့မသိ ရင္ေတြေတာ့ေတာ္ေတာ္ကိုခုန္ေန..တုန္ေနတာပဲထားပါေတာ့ ခုန္ေနတာမဟုတ္ဘူး ဘာလိုလိုနဲ႕ေတာ့ကုမၸဏီကိုေရာက္လာၿပီပဲ

"ေက်းဇူးပါေနာ္"
"ကိုယ္ေျပာၿပီးသားေလ ေက်းဇူးတင္ရင္.."
"ေနာက္က်ေနလို႔သြားေတာ့မယ္ဗ်"

စကားမဆုံးေသးခင္ျဖတ္ေျပာသြားၿပီး သူလည္းေျပာၿပီးေရာတံခါးဖြင့္ၿပီးေျပးဆင္းသြားေလရဲ႕
သူတို႔မသိလိုက္တာတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနတဲ့သူရွိေနတယ္ဆိုတာကိုပင္

....................

တစ္ေန႕ၿပီးတစ္ေန႕ကေတာ့ အလုပ္လုပ္လိုက္ CEO ကိုေတြ႕ရင္ေရွာင္လိုက္နဲ႕ပဲလုပ္ေနတာတစ္ပတ္ေလာက္ရွိၿပီ ဒါေပမဲ့လည္းေရွာင္လို႔မရတာကေတာ့ျပႆနာတစ္ရပ္ေပါ့ အေၾကာင္းမရွိအေၾကာင္းရွာၿပီးေခၚတာကတစ္မ်ိဳး ျပန္ရင္လည္းလိုက္ပို႔ မနက္အလုပ္သြားရင္လည္းလာႀကိဳ မလိုက္ဘူးဆိုရင္အလုပ္ျဖဳတ္မယ္ဆိုတာနဲ႕ေတြ႕ အလုပ္ျပဳတ္လို႔ေတာ့မျဖစ္ဘူးေလ မဟုတ္ရင္အိမ္မွာေနၿပီးတစ္ေန႕တစ္ေန႕နားညီးတာပဲရွိမွာ ၿပီးေတာ့လည္းတစ္ခါတစ္ေလအလုပ္အေၾကာင္းျပၿပီးေလွ်ာက္သြားေနတာကို အလုပ္ျပဳတ္သြားရင္ေလွ်ာက္သြားလို႔မရေတာ့ဘူးေလ အဲ့ေတာ့လည္းဘယ္တတ္နိုင္မလဲ ဒါေပမဲ့ ဒီေန႕ေတာ့မနက္တည္းကလိုက္ပို႔ၿပီးေတာ့ အစည္းအေဝးရွိလို႔ဆိုၿပီးျပန္ထြက္သြားတာေတာ္ေတာ္ေတာ့ၾကာေနၿပီ မၿပီးေသးတာေတာ့မဟုတ္ေလာက္ပါဘူး ဂ႐ုစိုက္ေနတာလားဆိုရင္ေတာ့နိုးပါ ဘာျဖစ္လို႔မသိေပမယ့္ ဂ႐ုစိုက္တာေတာ့လုံးဝမဟုတ္ ေတြ႕ေနက်သဴကအနားမရွိလို႔နည္းနည္းတစ္မ်ိဳးျဖစ္ေန႐ုံ ဘာပဲျဖစ္ျဖစ္ပါ မ်က္စိေနာက္သက္သာတယ္

"ေဂ်ာင္ဝန္းနား လာဦး"
အားး ဒီ CEOတစ္ေယာက္ဘာေတြလုပ္အုံးမလို႔လဲမသိဘူး ဂ်ိတ္ေဟ်ာင္း ေခၚတာဆိုေပမယ့္လည္း ေသခ်ာတာေပါ့ ဟိုလူႀကီးလက္ခ်က္ဆိုတာ အလုပ္မရွိအလုပ္ရွာအုံးမွာေပါ့

"ဘာလဲေဟ်ာင္း"
"ေရာ့"
ဆိုၿပီးဖိုင္ေတြတစ္ထပ္ႀကီးေပးလာပါေလရဲ႕
"ဘာလုပ္မလို႔လဲ"

ျပန္ေျပာလာတဲ့စကားေၾကာင့္ ဘာလုပ္မလို႔လဲလို႔ ေမးမိတဲ့ကိုယ့္ပါးစပ္ကိုယ္ေတာင္ျပန္ရိုက္ခ်င္သြားသလိုပဲ
"CEO ေနမေကာင္းလို႔သူ႕အိမ္ကိုဒီဖိုင္ေတြသြားပို႔ေပးၿပီးလိုတာရွိရင္ကူလုပ္ေပးလိုက္အုံး" တဲ့

အေမေရမသြားခ်င္ဘူး မေတြ႕ခ်င္လို႔ေရွာင္ေနကာမွပဲတန္းတန္းမတ္မတ္ကိုသြားရအုံးမွာေပါ့ ဖိုက္တင္း ယန္းေဂ်ာင္ဝန္း ဂါဂ်ား ဂါဂ်ားး ေနပါဦး ေနမေကာက္းဘူးလို႔ေျပာလိုက္တာလား မနက္တည္းကအေကာင္းႀကီးပါ ဒါမွမဟုတ္မေန႕ညတည္းကကိစၥေၾကာင့္လားမသိဘူး မျဖစ္ေလာက္ပါဘူး အဲ့ေလာက္ေလးနဲ႕

"ဒါနဲ႕ေလ ေဂ်ာင္ဝန္းနား"
"ဘာလဲ"
"ျပႆနာမရွာခဲ့နဲ႕ေနာ္"
"ဂ်ိတ္ေဟ်ာင္းးး"
"စတာပါ သြားေတာ့"
"သြားၿပီ ဟြန့္"
...............

အခ်စ္တို႔ ၾကယ္တို႔ Feedback တို႔ေပးရင္စိတ္မဆိုးဘူးေနာ္ ကိုက္လည္းမကိုက္စားပါဘူးလို႔

Thanks for reading



Continue Reading

You'll Also Like

1.5K 129 7
ကိုယ့်ရဲ့အသက်20အရွယ်မှာမင်းကိုစချစ်ခဲ့တယ်။
367K 32.1K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
3.5K 71 13
Mammon,being know as the greedy demon,he disappeared after a big argument,nobody know how is he,could be alive or....dead? ᗯᗩᖇᑎIᑎᘜ -angst -short epis...
53.5K 5.9K 29
အကြောင်းအမျိုးမျိုးကြောင့် အိမ်အငှားအဖြစ်ရောက်လာတဲ့ ကောင်လေးခြောက်ယောက်နှင့်အတူ သီးသန့်နေတတ်တဲ့ အိမ်ပိုင်ရှင် ကောင်လေးတို့ရဲ့ သံယောဇဥ်