မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 193
“နဝမဖန်တီးခြင်းဆေး”
မြေပြင်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ အသားစများနှင့် သွေးများသည် ချောင်းငယ်တစ်ခုသဖွယ် မြေနိမ့်ရာဘက်သို့ စီးဆင်းသွားကြသည်။
“အား . . .”
စုယဲ့ယွဲ့သည် ကြောက်လန့်တကြားဖြင့် သတိလက်လွတ်ပင် အော်ဟစ်လိုက်သည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း တုန်ယင်လျက်ရှိပြီး အမျိုးသမီးအား သရဲတစ္ဆေတစ်ကောင်အလား ကြည့်လိုက်သည်။ သူမ၏ နှုတ်မှလည်း -
“ဘုရား ဘုရား . . .”
အမျိုးသမီးမှ -
“အာ . . . မိန်းကလေး ကြောက်သွားတာလား။ ငါမင်းကို ပြောပါတယ် မကြည့်ပါနဲ့ဆိုမှ။ ဆရာ့စကား နားမထောင်ရင် အမြဲတမ်း အမှားတွေ့မှာပဲ။ အခုတော့ နားလည်ပြီမလား . . .”
စုယဲ့ယွဲ့သည် အသံတုန်တုန်ယင်ယင်ဖြင့် -
“ဒါ . . . ဒါဘယ်လို ဖြစ်တာလဲ။ ဘယ် . . . ဘယ်လိုလုပ် လူတွေက သေကုန်ကြတာလဲ . . .”
စုယဲ့ယွဲ့သည် ရဲရှောင်အား အားကိုးတကြီးဖြင့်ပင် ကြည့်လိုက်သည်။ ရဲရှောင်၏ နှုတ်မှ မည်သို့မည်ပုံ ဖြစ်သွားသည်ဆိုသည့် ရှင်းပြစကားအား နားထောင်ချင်သောကြောင့် ဖြစ်သည်။ သို့သော် ရဲရှောင်၏ မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ပင် ဖြစ်နေပြီး ဝေဒနာများ ခံစားနေရသည့် ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရဲရှောင်အား ကြည့်ရင်း စုယဲ့ယွဲ့လည်း အထိတ်တလန့်ဖြင့်ပင် -
“ရှောင်ရှောင် . . . ဘာဖြစ်တာလဲ . . .”
အမျိုးသမီးမှ ရဲရှောင်အား ကြည့်ရင်း -
“သူ့ဒဏ်ရာတွေကြောင့် သူသေတော့မှာ . . .”
စုယဲ့ယွဲ့သည် ရဲရှောင်အား ဖက်ထားရင်း မျက်ရည်များပင် ပိုးပိုးပေါက်ပေါက် ကျလာလေသည်။ ထို့နောက် သည်းထန်စွာ ငိုကြွေးလိုက်ရင်း -
“မဖြစ်ဘူး . . . ငါနင့်ကို အသေမခံနိုင်ဘူး ရှောင်ရှောင် . . . ထပါ၊ နင်နဲ့ငါနဲ့ လက်တောင် မထပ်ရသေးဘူးလေဟာ . . . အီးဟီးဟီး . . .”
အမျိုးသမီးသည် စုယဲ့ယွဲ့၏ အနောက်တွင် ရပ်နေရင်း ရဲရှောင်အား ကြည့်နေလေသည်။
မူလက မာထန်နေသော သူမ၏ မျက်နှာသည် အနည်းငယ် ပျော့ပျောင်းသွားသည်။ ရဲရှောင်သည်လည်း သူမအား တည်ငြိမ်စွာဖြင့်ပင် ကြည့်နေလျက်ရှိသည်။
အမျိုးသမီးမှ ရဲရှောင်အား -
“ငါမင်းရဲ့ မိန်းမကို ငါ့တပည့်အဖြစ် ခေါ်သွားမယ်။ မင်းရဲ့ သဘောကရော . . .”
ရဲရှောင်သည် မျက်မှောင်ကြုတ်လိုက်ရင်း -
“ခင်ဗျားလို အရည်အချင်းရှိတဲ့ လူတစ်ယောက်က သူ့ကို တပည့်အဖြစ် ခေါ်သွားတာ သေချာပေါက်ကို ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်မှာပါ . . .”
ရဲရှောင်၏ နှုတ်မှ ထိုကဲ့သို့သော စကားမျိုးထွက်လာ၍ အမျိုးသမီးသည် အံ့ဩသွားသည့်ဟန်ဖြင့် -
“ဟင် . . . တကယ်လား၊ မင်းလည်း အဲဒီလိုပဲ ထင်တယ်ပေါ့ . . .”
ရဲရှောင်သည် အမှန်တကယ်ပင် ထိုကဲ့သို့ တွေးမိလိုက်သည့်အတွက် သူ၏ ဆန္ဒအမှန်အား ပြောလိုက်ခြင်းပင် ဖြစ်သည်။
အမျိုးသမီးသည် ရဲရှောင် ထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်လွန်းလှသည်။ ထိုကဲ့သို့သော အတုမရှိသည့် ပညာရှင်တစ်ဦးမှ စုယဲ့ယွဲ့အား တပည့်အဖြစ် ခေါ်ယူသွားပါက စုယဲ့ယွဲ့၏ အနာဂတ်သည် ယခုထက်ပင်ပို၍ တောက်ပလာမည်ကို ရဲရှောင် တပ်အပ်သိနေလေသည်။
အကယ်၍ ယခုကဲ့သို့သော အခွင့်အရေးမျိုးအား စုယဲ့ယွဲ့အနေဖြင့် ငြင်းလိုက်မည် ဆိုပါက တစ်ဘဝလုံးစာ နောင်တရနေမည်ကိုလည်း သိနေပေသည်။
“ဒါပေမယ့် . . . လိုက် မလိုက် ဆုံးဖြတ်ရမဲ့လူက သူပဲလေ . . .”
ရဲရှောင် ပြောနေသည့် စကားများသည် စိတ်ထဲမှ ရှိသည့်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း အမျိုးသမီးသည် သိနေလေသည်။
သူ၏ စူးရှသော အကြည့်များအောက်တွင် ရဲရှောင်မှ လိမ်လည်ပြောဆိုနိုင်မည် မဟုတ်ကြောင်းလည်း သိနေလေသည်။
အမျိုးသမီးမှ -
“မင်းမှာ ဒီလို နက်နဲတဲ့ အတွေးအခေါ်မျိုး ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။ သူ့အတွက်တော့ ဘာမှ စိတ်ပူ မနေပါနဲ့”
ထို့နောက် စုယဲ့ယွဲ့ဘက်သို့ လှည့်လိုက်ရင်း -
“မိန်းကလေး . . . မင်းငါနဲ့ လိုက်မှာလား . . .”
စုယဲ့ယွဲ့သည် အမျိုးသမီး မေးလိုက်သည့် စကားအား အာရုံပင် မရှိချေ။ သူမအနေဖြင့် ရဲရှောင်၏ ဒဏ်ရာများအား စိတ်ပူနေသည်မှ လွဲ၍ အခြားအရာများအား စိတ်ပါဝင်စားခြင်း မရှိတော့ပေ။
အမျိုးသမီးသည် စုယဲ့ယွဲ့၏ ပုံစံအား ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူမ၏ လက်များအား ဝေ့ယမ်းလိုက်သည်။ ထိုအခါ အင်္ကျီလက် အတွင်းမှ ရောင်စုံတိမ်တိုက်တစ်ခုကဲ့သို့ အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုရောင်စုံ အလင်းတန်းသည် ရဲရှောင်၏ ပါးစပ်ထဲသို့ ဝင်ရောက် သွားလေသည်။
အလင်းတန်းများ ဝင်ရောက်ပြီးသွားသောအခါ ချက်ချင်းဆိုသလိုပင် သူ၏ စွမ်းအင်သိုလှောင်ရာနေရာမှ အပူဓာတ်များ ထွက်ပေါ်လာသည်ကို ရဲရှောင် ခံစားလိုက်ရသည်။
တခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုများအားလုံး ယူပစ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားပြီး ဒဏ်ရာများအားလုံးသည်လည်း အမာရွတ်ပင် မကျန်အောင် ပျောက်ကင်းသွားလေသည်။
အချိန်ခဏလေးအတွင်းတွင် လူကောင်းပကတိ ပြန်ဖြစ်သွားခြင်း ဖြစ်သည်။
အမျိုးသမီး တိုက်လိုက်သည့် ဆေးလုံးသည် သူ၏ ထူးခြားအစွမ်းထက် ဆေးလုံးများထက် များစွာ သာလွန် အစွမ်းထက်သည် ဆိုသည်ကို ရဲရှောင် သိလိုက်သည်။ ထိုဆေးသည် ယခုမော်တယ်ကမ္ဘာတွင် မဆိုထားနှင့် ချင်းယန်နယ်ပယ်မှာပင် မရှိသလောက် ရှားမည့် ဆေးပင်ဖြစ်ပေလိမ့်မည်။
သူ၏ ခန္ဓာကိုယ်၏ ဒဏ်ရာများ ပျောက်သွားသည့်တိုင် စွမ်းအင်များသည် အဆက်မပြတ် လည်ပတ် စီးဆင်းနေဆဲပင် ဖြစ်သည်။ ထိုစွမ်းအင်များသည် စွမ်းအင်သိုလှောင်ရာအတွင်းသို့ စီးဆင်းသွားပြီး မူလက ရှိနေသော စွမ်းအင်များဖြင့် ပေါင်းစည်းသွားကြသည်။
အကယ်၍ နောက်တစ်ကြိမ် သေဘေးနှင့် ရင်ဆိုင်ရသည့် အချိန်တွင်လည်း အဆိုပါ စွမ်းအင်များသည် အကျိုးပြုနေဦးမည် ဆိုသည်ကို ရဲရှောင် သေချာပေါက်ပင် သိနေလေသည်။
ထိုဆေးသည် ဘယ်နှကြိမ်မြောက်ထိအသက်ကယ်တင် ပေးနိုင်မည်၊ အာနိသင် ရှိနေမည် ဆိုသည်ကိုမူ သူ သေအချာ မသိချေ။ အနည်းဆုံး ၃ ကြိမ်မှ ၅ ကြိမ်အတွင်း အသက်ဘေးမှ လွတ်မြောက်စေနိုင်ပေလိမ့်မည်။
“ငါ့ရဲ့ တပည့်မလေးက မင်းကို နှစ်နှစ်ကာကာ ချစ်နေတဲ့အပြင် မင်းကလည်း အသက်စွန့်ပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်။ အဲ့ဒီအတွက် ဒီ နဝမဖန်တီးခြင်း ဆေးလုံးကို မင်းအတွက် လျော်ကြေးပေးတယ်လို့ သဘောထားလိုက်ပါ . . .”
အမျိုးသမီးသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ဆေး၏ နာမည်အား ကြားလိုက်ရသောအခါ ရဲရှောင် တုန်လှုပ်သွားလေသည်။ ထိုဆေးလုံးနာမည်အား တစ်ကြိမ်တစ်ခါမှပင် မကြားဖူးခဲ့ချေ။
အမျိုးသမီးသည် စုယဲ့ယွဲ့အတွက်ကြောင့်သာသူ့အား ကယ်တင်လိုက်ခြင်း ဖြစ်ကြောင်း ရဲရှောင်သိလေသည်။ စုယဲ့ယွဲ့ကြောင့်သာ ယခုကဲ့သို့ တန်ဖိုးကြီးလှသည့် ဆေးလုံးအား ပေးလိုက်ခြင်း ဖြစ်သည်။
မယုံကြည်နိုင်စရာပါပင်။
ထို ဆေးလုံးထက် စုယဲ့ယွဲ့သည် များစွာ တန်ဖိုးရှိနေသောကြောင့်သာ အမျိုးသမီးမှ လိုလိုလားလား ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ရဲရှောင်အတွက် အလွန်တန်ဖိုးရှိသော ဆေးလုံးဖြစ်သော်လည်း အမျိုးသမီးအတွက်မူ တန်ဖိုးရှိလှပုံ မပေါ်ချေ။
ဥပမာအားဖြင့် ဖေးယွမ်ဆေးလုံးများကဲ့သို့ပင် ဖြစ်သည်။ မော်တယ်ကမ္ဘာရှိ သာမန်လူများအဖို့ ထူးခြားအစွမ်းထက်သည့် ဆေးလုံးများဖြစ်သည့် ဖေးယွမ်ဆေးများအား မှော်ဆေးလုံးများကဲ့သုိ့ တန်ဖိုးထားကြသော်လည်း ချင်းယန်နယ်ပယ်တွင်မူ အမှိုက်တစ်ခုလိုပင် ဖြစ်သည်။
ထိုဥပမာအရဆိုလျှင် ယခုအခါတွင် ရဲရှောင်သည်
သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်ပြီး အမျိုးသမီးမှာမူ ချင်းယန်နယ်ပယ်မှ ပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေပေသည်။
တန်ဖိုးဆိုသည်မှာ နေရာဒေသ၊ လူအပေါ်တွင် မူတည်၍ ပြောင်းလဲသွားတတ်သည် မဟုတ်ပါလော။
ရဲရှောင် သက်သာလာမှန်း သိသည့်အခါ အမျိုးသမီးမှ -
“ဒီဆေးက မင်းရဲ့ တစ်ဘဝလုံးမှာ ၈ ကြိမ်တိတိ ကယ်တင်ပေးလိမ့်မယ်။ နောက်ပြီး မင်းရဲ့ ကျင့်ကြံမှု တွေကိုလည်း အထောက်အကူ ပြုပြီးတော့ ပိုပြီး လွယ်ကူစေလိမ့်မယ်။ မင်းသာ ကြိုးစားမယ်ဆိုရင် ဒီကမ္ဘာမှာ ဒဏ္ဍာရီထဲက ပညာရှင်တစ်ယောက်လိုတောင် ဖြစ်နိုင်သေးတယ်။ အဆင့်မြင့် နယ်ပယ် တစ်ခုခုကိုတောင် တက်လှမ်းချင် တက်လှမ်းနိုင်မှာပေါ့။ အပြန်အလှန်အနေနဲ့ ငါမင်းရဲ့ ဇနီးလောင်းကို ခေါ်သွားမယ်။ ဒီကိစ္စက မင်းကို နာကျင်စေမယ်မှန်း သိပါတယ်။ အဲ့ဒီအတွက် ဒီဆေးလုံးက မင်းအတွက် လုံလောက်မယ် ထင်ပါတယ် . . .”
အမျိုးသမီး နောက်ဆုံး ပြောလိုက်သော စကားသည် ရဲရှောင်၏ နားထဲသို့ သံရည်ပူများ လောင်းချလိုက်သည့်အတိုင်းပင် ခံစားလိုက်ရသည်။
ရဲရှောင်လည်း ခေါင်းခါယမ်းလိုက်ပြီး -
“ကျုပ်အတွက် ဟုတ်လား . . . ဘယ်လုံလောက်ပါ့မလဲ . . .”
အမျိုးသမီးသည် အံ့သြသွားပြီး မျက်နှာအမူအယာသည် ချက်ချင်းပင် အေးစက်မာကြောသွားလေသည်။ ထို့နောက် ခက်ထန်သော အသံဖြင့် -
“မလုံလောက်ဘူး ဟုတ်လား . . . ဒီမှာ ကောင်လေး၊ မင်းသိပ်ပြီး လောဘမကြီးသင့်ဘူး . . .”
ရဲရှောင်မှ တည်ငြိမ်စွာဖြင့် -
“ကျုပ်က လောဘကြီးတာ မဟုတ်ပါဘူး။ ပထမအချက် ခင်ဗျားဆီက အဲ့ဒီဆေးကို ကျုပ်က ပေးပါလို့ တောင်းဆိုခဲ့တာလည်း မဟုတ်ဘူး။ ဒုတိယအချက် ခင်ဗျားက ကျုပ်အတွက် တကယ်ပဲ လုံလောက်တယ်လို့ ထင်နေတယ်ပေါ့။ ဒါဆို ခင်ဗျား စဉ်းစားကြည့်စမ်းပါ ကျုပ်သာ ခင်ဗျား ယောကျာ်းကို သတ်ပြီး ဒီလို လျော်ကြေး ပေးမယ်ဆိုရင် ခင်ဗျား အတွက် လုံလောက်တယ်လို့ ခံယူပါဦးမလား . . .”
အမျိုးသမီးမှ အေးစက်သော လေသံဖြင့် -
“မင်းအနေနဲ့ ဒီလိုစကားမျိုး ငါ့ကို ပြောဖို့ဆိုတာ တော်တော် အလှမ်းဝေးတယ် . . .”
ရဲရှောင်မှ -
“အဲဒါဆို ခင်ဗျားကရော ကျုပ်ကို ဘာလို့ ပြောရတာလဲ . . .”
အမျိုးသမီး၏ မျက်နှာသည် အေးစက်သထက် အေးစက်လာခဲ့သည်။
စုယဲ့ယွဲ့သည် ရဲရှောင် အရှေ့တွင် ရပ်လိုက်ရင်း -
“ရှင် . . . ရှင်ဘာလိုချင်တာလဲ . . .”
အမျိုးသမီးမှ စုယဲ့ယွဲ့အား ပြုံး၍ ကြည့်လိုက်ကာ -
“မင်းပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ မင်းနောက်ထပ် နှစ်ပေါင်း တစ်သန်းလောက် ကြိုးစားမယ် ဆိုရင်တောင် ငါ့ယောကျာ်းကို သတ်နိုင်ဦးမှာ မဟုတ်သေးဘူး . . .”
ရဲရှောင်လည်း ပြုံးလိုက်ရင်း -
“မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး။ ဘာကိုပဲလုပ်လုပ် ဘာကိုပဲ ပြောပြော အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေပါနဲ့ . . .”
အမျိုးသမီးသည် ရဲရှောင်အား မည်သည့်စကားမျှ တုန့်ပြန်ပြောဆိုခြင်း မပြုတော့ဘဲ ပြုံး၍သာ ကြည့်နေလေသည်။
ရဲရှောင်တွင် ဒဏ်ရာများ မရှိတော့ဘဲ လူကောင်းပကတိအတိုင်းပင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အမျိုးသမီးသည် ရဲရှောင် ပြန်ကောင်းလာသည့်အပေါ် အံ့သြသည့်ဟန် မပြချေ။ ရဲရှောင်တို့အား တစ်ခုခု ပြောချင်နေသေးသော်လည်း ပတ်ဝန်းကျင်ရှိ သွေးညှီနံ့များသည် မခံနိုင်အောင်ပင် ဖြစ်လာသည့်အတွက် အမျိုးသမီးသည် သူမ၏ လက်အား တစ်ချက် ဝေ့ယမ်းလိုက်သည်။ ထိုအခါ တောင်တစ်ခုလုံးသည် လူသေကောင်များ မရှိတော့ဘဲ ပြောင်ရှင်း၍ သွားလေသည်။
ထို့နောက် ခဏအကြာတွင် ရဲရှောင်နှင့် စုယဲ့ယွဲ့တို့သည် အမျိုးသမီးနှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ကြရသည်။
တိမ်တိုက်များသည် သူတို့၏ နံဘေးတွင် လွင့်မျောလျက်ရှိသည်။ တောင်အောက်ရှိ မြင်ကွင်းများကိုလည်း မပီမပြင် ဝိုးတဝါးသာ မြင်တွေ့ရတော့သည်။
စုယဲ့ယွဲ့မဆိုထားနှင့် ရဲရှောင်ပင် ယခုကဲ့သို့ တောင်ပေါ်သို့ မည်သို့မည်ပုံ ချက်ချင်း ရောက်သွား သည်ဆိုသည်ကု နားမလည်နိုင်အောင်ပင် ဖြစ်နေလေသည်။ အံ့ဩမှုများနှင့်အတူ ရဲရှောင်၏ စိတ်ထဲတွင်လည်း -
[ဒီမိန်းမက တောင်တွေကို ရွေ့ပစ်နိုင်ပြီး ပင်လယ်ကိုတောင် ပြန်ဖြည့်ပေးနိုင်တဲ့ အစွမ်းမျိုး ရှိနေတာပါလား။ နောက်ပြီး တိမ်တိုက်တွေနဲ့ လေကိုပါ ထိန်းချုပ်နိုင်သေးတယ် . . .]
ယခင် ရှောင်ဧကရာဇ်ဘဝတွင် ထိုကဲ့သို့သော အစွမ်းမျိုး ရရှိပိုင်ဆိုင်နိုင်ရန် အမြဲလိုလိုပင် တောင်းတခဲ့ရသည်။ ပိုင်ဆိုင်နိုင်ရန်အတွက်လည်း တစ်ဘဝလုံး ကြိုးစားခဲ့သည်။ သို့သော် မပိုင်ဆိုင်နိုင်ခဲ့ချေ။
“ထိုင်ကြ . . .”
အမျိုးသမီးသည် သူ၏ လက်အား ဝေ့ယမ်းလိုက်သောအခါ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျောက်ပြားတစ်ခု ပေါ်လာလေသည်။
အဆိုပါ ကျောက်ပြားပေါ်တွင် အဖြူရောင် ကျောက်စားပွဲနှင့် ကုလားထိုင် ၃ လုံး ရှိနေသည်။ ကုလားထိုင် တစ်လုံးသည် စားပွဲ၏ တစ်ဖက်တွင် ရှိနေပြီး ကျန် ၂ လုံးနှင့် မျက်နှာချင်းဆိုင် အနေအထား ရှိနေခြင်း ဖြစ်သည်။
စုယဲ့ယွဲ့သည် ရဲရှောင်၏ အင်္ကျီစအား မလွတ်တမ်း ဆွဲထား၍ မဝံ့မရဲ ဖြစ်နေလျက်ရှိသည်။ ထို့နောက် ထွက်လည်း မပြေးဝံ့သဖြင့် ထိုင်ခုံပေါ်တွင် ခပ်ဖြည်းဖြည်းသာ ထိုင်ချလိုက်သည်။ သူမ မြင်တွေ့ခဲ့ရသည့် သွေးထွက်သံယို မြင်ကွင်းများအား မျက်လုံးထဲမှ မထွက်သဖြင့် ယခုတိုင်အောင် ထိတ်လန့်နေမိခြင်း ဖြစ်သည်။
အမျိုးသမီးသည် သူတို့နှစ်ဦးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး စုယဲ့ယွဲ့အား စိုက်၍ ကြည့်နေလေသည်။
အမျိုးသမီး၏ မျက်လုံးများထဲတွင် အံ့သြမှု၊ နားမလည်နိုင်မှု၊ သံသယဖြစ်မှုများနှင့် စိတ်ရှုပ်ထွေးမှုများအား အတိုင်းသားပင် တွေ့မြင်နိုင်ပါတော့သည် . . .။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 193
“နဝမဖန္တီးျခင္းေဆး”
ေျမျပင္တစ္ခုလုံးတြင္ ေသြးမ်ားျဖင့္ ဖုံးလႊမ္းလ်က္႐ွိသည္။ အသားစမ်ားႏွင့္ ေသြးမ်ားသည္ ေခ်ာင္းငယ္တစ္ခုသဖြယ္ ေျမနိမ့္ရာဘက္သို႔ စီးဆင္းသြားၾကသည္။
“အား . . .”
စုယဲ့ယြဲ႕သည္ ေၾကာက္လန္႔တၾကားျဖင့္ သတိလက္လြတ္ပင္ ေအာ္ဟစ္လိုက္သည္။ ထို႔ျပင္ သူ၏ ခႏၶာကိုယ္ တစ္ခုလုံးသည္လည္း တုန္ယင္လ်က္႐ွိၿပီး အမ်ိဳးသမီးအား သရဲတေစၧတစ္ေကာင္အလား ၾကည့္လိုက္သည္။ သူမ၏ ႏႈတ္မွလည္း -
“ဘုရား ဘုရား . . .”
အမ်ိဳးသမီးမွ -
“အာ . . . မိန္းကေလး ေၾကာက္သြားတာလား။ ငါမင္းကို ေျပာပါတယ္ မၾကည့္ပါနဲ႔ဆိုမွ။ ဆရာ့စကား နားမေထာင္ရင္ အၿမဲတမ္း အမွားေတြ႕မွာပဲ။ အခုေတာ့ နားလည္ၿပီမလား . . .”
စုယဲ့ယြဲ႕သည္ အသံတုန္တုန္ယင္ယင္ျဖင့္ -
“ဒါ . . . ဒါဘယ္လို ျဖစ္တာလဲ။ ဘယ္ . . . ဘယ္လိုလုပ္ လူေတြက ေသကုန္ၾကတာလဲ . . .”
စုယဲ့ယြဲ႕သည္ ရဲေ႐ွာင္အား အားကိုးတႀကီးျဖင့္ပင္ ၾကည့္လိုက္သည္။ ရဲေ႐ွာင္၏ ႏႈတ္မွ မည္သို႔မည္ပုံ ျဖစ္သြားသည္ဆိုသည့္ ႐ွင္းျပစကားအား နားေထာင္ခ်င္ေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ရဲေ႐ွာင္၏ မ်က္ႏွာသည္ ေသြးမ႐ွိေတာ့သကဲ့သို႔ ျဖဴဖတ္ျဖဴေရာ္ပင္ ျဖစ္ေနၿပီး ေဝဒနာမ်ား ခံစားေနရသည့္ ပုံစံ ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။
ရဲေ႐ွာင္အား ၾကည့္ရင္း စုယဲ့ယြဲ႕လည္း အထိတ္တလန္႔ျဖင့္ပင္ -
“ေ႐ွာင္ေ႐ွာင္ . . . ဘာျဖစ္တာလဲ . . .”
အမ်ိဳးသမီးမွ ရဲေ႐ွာင္အား ၾကည့္ရင္း -
“သူ႕ဒဏ္ရာေတြေၾကာင့္ သူေသေတာ့မွာ . . .”
စုယဲ့ယြဲ႕သည္ ရဲေ႐ွာင္အား ဖက္ထားရင္း မ်က္ရည္မ်ားပင္ ပိုးပိုးေပါက္ေပါက္ က်လာေလသည္။ ထို႔ေနာက္ သည္းထန္စြာ ငိုေႂကြးလိုက္ရင္း -
“မျဖစ္ဘူး . . . ငါနင့္ကို အေသမခံႏိုင္ဘူး ေ႐ွာင္ေ႐ွာင္ . . . ထပါ၊ နင္နဲ႔ငါနဲ႔ လက္ေတာင္ မထပ္ရေသးဘူးေလဟာ . . . အီးဟီးဟီး . . .”
အမ်ိဳးသမီးသည္ စုယဲ့ယြဲ႕၏ အေနာက္တြင္ ရပ္ေနရင္း ရဲေ႐ွာင္အား ၾကည့္ေနေလသည္။
မူလက မာထန္ေနေသာ သူမ၏ မ်က္ႏွာသည္ အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားသည္။ ရဲေ႐ွာင္သည္လည္း သူမအား တည္ၿငိမ္စြာျဖင့္ပင္ ၾကည့္ေနလ်က္႐ွိသည္။
အမ်ိဳးသမီးမွ ရဲေ႐ွာင္အား -
“ငါမင္းရဲ႕ မိန္းမကို ငါ့တပည့္အျဖစ္ ေခၚသြားမယ္။ မင္းရဲ႕ သေဘာကေရာ . . .”
ရဲေ႐ွာင္သည္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း -
“ခင္ဗ်ားလို အရည္အခ်င္း႐ွိတဲ့ လူတစ္ေယာက္က သူ႕ကို တပည့္အျဖစ္ ေခၚသြားတာ ေသခ်ာေပါက္ကို ေကာင္းတဲ့ ကိစၥတစ္ခုျဖစ္မွာပါ . . .”
ရဲေ႐ွာင္၏ ႏႈတ္မွ ထိုကဲ့သို႔ေသာ စကားမ်ိဳးထြက္လာ၍ အမ်ိဳးသမီးသည္ အံ့ဩသြားသည့္ဟန္ျဖင့္ -
“ဟင္ . . . တကယ္လား၊ မင္းလည္း အဲဒီလိုပဲ ထင္တယ္ေပါ့ . . .”
ရဲေ႐ွာင္သည္ အမွန္တကယ္ပင္ ထိုကဲ့သို႔ ေတြးမိလိုက္သည့္အတြက္ သူ၏ ဆႏၵအမွန္အား ေျပာလိုက္ျခင္းပင္ ျဖစ္သည္။
အမ်ိဳးသမီးသည္ ရဲေ႐ွာင္ ထင္ထားသည္ထက္ပင္ ပို၍ အစြမ္းထက္လြန္းလွသည္။ ထိုကဲ့သို႔ေသာ အတုမ႐ွိသည့္ ပညာ႐ွင္တစ္ဦးမွ စုယဲ့ယြဲ႕အား တပည့္အျဖစ္ ေခၚယူသြားပါက စုယဲ့ယြဲ႕၏ အနာဂတ္သည္ ယခုထက္ပင္ပို၍ ေတာက္ပလာမည္ကို ရဲေ႐ွာင္ တပ္အပ္သိေနေလသည္။
အကယ္၍ ယခုကဲ့သို႔ေသာ အခြင့္အေရးမ်ိဳးအား စုယဲ့ယြဲ႕အေနျဖင့္ ျငင္းလိုက္မည္ ဆိုပါက တစ္ဘဝလုံးစာ ေနာင္တရေနမည္ကိုလည္း သိေနေပသည္။
“ဒါေပမယ့္ . . . လိုက္ မလိုက္ ဆုံးျဖတ္ရမဲ့လူက သူပဲေလ . . .”
ရဲေ႐ွာင္ ေျပာေနသည့္ စကားမ်ားသည္ စိတ္ထဲမွ ႐ွိသည့္အတိုင္း ေျပာေနျခင္းျဖစ္ေၾကာင္း အမ်ိဳးသမီးသည္ သိေနေလသည္။
သူ၏ စူး႐ွေသာ အၾကည့္မ်ားေအာက္တြင္ ရဲေ႐ွာင္မွ လိမ္လည္ေျပာဆိုႏိုင္မည္ မဟုတ္ေၾကာင္းလည္း သိေနေလသည္။
အမ်ိဳးသမီးမွ -
“မင္းမွာ ဒီလို နက္နဲတဲ့ အေတြးအေခၚမ်ိဳး ႐ွိေနမယ္လို႔ ထင္မထားခဲ့ဘူး။ သူ႕အတြက္ေတာ့ ဘာမွ စိတ္ပူ မေနပါနဲ႔”
ထို႔ေနာက္ စုယဲ့ယြဲ႕ဘက္သို႔ လွည့္လိုက္ရင္း -
“မိန္းကေလး . . . မင္းငါနဲ႔ လိုက္မွာလား . . .”
စုယဲ့ယြဲ႕သည္ အမ်ိဳးသမီး ေမးလိုက္သည့္ စကားအား အာ႐ုံပင္ မ႐ွိေခ်။ သူမအေနျဖင့္ ရဲေ႐ွာင္၏ ဒဏ္ရာမ်ားအား စိတ္ပူေနသည္မွ လြဲ၍ အျခားအရာမ်ားအား စိတ္ပါဝင္စားျခင္း မ႐ွိေတာ့ေပ။
အမ်ိဳးသမီးသည္ စုယဲ့ယြဲ႕၏ ပုံစံအား ၾကည့္ရင္း စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းခါယမ္းလိုက္သည္။ ထို႔ေနာက္ သူမ၏ လက္မ်ားအား ေဝ့ယမ္းလိုက္သည္။ ထိုအခါ အက်ႌလက္ အတြင္းမွ ေရာင္စုံတိမ္တိုက္တစ္ခုကဲ့သို႔ အလင္းတန္းမ်ား ထြက္ေပၚလာၿပီး ထိုေရာင္စုံ အလင္းတန္းသည္ ရဲေ႐ွာင္၏ ပါးစပ္ထဲသို႔ ဝင္ေရာက္ သြားေလသည္။
အလင္းတန္းမ်ား ဝင္ေရာက္ၿပီးသြားေသာအခါ ခ်က္ခ်င္းဆိုသလိုပင္ သူ၏ စြမ္းအင္သိုေလွာင္ရာေနရာမွ အပူဓာတ္မ်ား ထြက္ေပၚလာသည္ကို ရဲေ႐ွာင္ ခံစားလိုက္ရသည္။
တခဏအတြင္းမွာပင္ သူ၏ ခႏၶာကိုယ္မွ နာက်င္မႈမ်ားအားလုံး ယူပစ္လိုက္သကဲ့သို႔ ေပ်ာက္ကြယ္သြားၿပီး ဒဏ္ရာမ်ားအားလုံးသည္လည္း အမာ႐ြတ္ပင္ မက်န္ေအာင္ ေပ်ာက္ကင္းသြားေလသည္။
အခ်ိန္ခဏေလးအတြင္းတြင္ လူေကာင္းပကတိ ျပန္ျဖစ္သြားျခင္း ျဖစ္သည္။
အမ်ိဳးသမီး တိုက္လိုက္သည့္ ေဆးလုံးသည္ သူ၏ ထူးျခားအစြမ္းထက္ ေဆးလုံးမ်ားထက္ မ်ားစြာ သာလြန္ အစြမ္းထက္သည္ ဆိုသည္ကို ရဲေ႐ွာင္ သိလိုက္သည္။ ထိုေဆးသည္ ယခုေမာ္တယ္ကမ႓ာတြင္ မဆိုထားႏွင့္ ခ်င္းယန္နယ္ပယ္မွာပင္ မ႐ွိသေလာက္ ႐ွားမည့္ ေဆးပင္ျဖစ္ေပလိမ့္မည္။
သူ၏ ခႏၶာကိုယ္၏ ဒဏ္ရာမ်ား ေပ်ာက္သြားသည့္တိုင္ စြမ္းအင္မ်ားသည္ အဆက္မျပတ္ လည္ပတ္ စီးဆင္းေနဆဲပင္ ျဖစ္သည္။ ထိုစြမ္းအင္မ်ားသည္ စြမ္းအင္သိုေလွာင္ရာအတြင္းသို႔ စီးဆင္းသြားၿပီး မူလက ႐ွိေနေသာ စြမ္းအင္မ်ားျဖင့္ ေပါင္းစည္းသြားၾကသည္။
အကယ္၍ ေနာက္တစ္ႀကိမ္ ေသေဘးႏွင့္ ရင္ဆိုင္ရသည့္ အခ်ိန္တြင္လည္း အဆိုပါ စြမ္းအင္မ်ားသည္ အက်ိဳးျပဳေနဦးမည္ ဆိုသည္ကို ရဲေ႐ွာင္ ေသခ်ာေပါက္ပင္ သိေနေလသည္။
ထိုေဆးသည္ ဘယ္ႏွႀကိမ္ေျမာက္ထိအသက္ကယ္တင္ ေပးႏိုင္မည္၊ အာနိသင္ ႐ွိေနမည္ ဆိုသည္ကိုမူ သူ ေသအခ်ာ မသိေခ်။ အနည္းဆုံး ၃ ႀကိမ္မွ ၅ ႀကိမ္အတြင္း အသက္ေဘးမွ လြတ္ေျမာက္ေစႏိုင္ေပလိမ့္မည္။
“ငါ့ရဲ႕ တပည့္မေလးက မင္းကို ႏွစ္ႏွစ္ကာကာ ခ်စ္ေနတဲ့အျပင္ မင္းကလည္း အသက္စြန္႔ၿပီး သူ႕ကို ကာကြယ္ေပးခဲ့တယ္။ အဲ့ဒီအတြက္ ဒီ နဝမဖန္တီးျခင္း ေဆးလုံးကို မင္းအတြက္ ေလ်ာ္ေၾကးေပးတယ္လို႔ သေဘာထားလိုက္ပါ . . .”
အမ်ိဳးသမီးသည္ တည္ၿငိမ္စြာျဖင့္ ေျပာလိုက္သည္။
ေဆး၏ နာမည္အား ၾကားလိုက္ရေသာအခါ ရဲေ႐ွာင္ တုန္လႈပ္သြားေလသည္။ ထိုေဆးလုံးနာမည္အား တစ္ႀကိမ္တစ္ခါမွပင္ မၾကားဖူးခဲ့ေခ်။
အမ်ိဳးသမီးသည္ စုယဲ့ယြဲ႕အတြက္ေၾကာင့္သာသူ႕အား ကယ္တင္လိုက္ျခင္း ျဖစ္ေၾကာင္း ရဲေ႐ွာင္သိေလသည္။ စုယဲ့ယြဲ႕ေၾကာင့္သာ ယခုကဲ့သို႔ တန္ဖိုးႀကီးလွသည့္ ေဆးလုံးအား ေပးလိုက္ျခင္း ျဖစ္သည္။
မယုံၾကည္ႏိုင္စရာပါပင္။
ထို ေဆးလုံးထက္ စုယဲ့ယြဲ႕သည္ မ်ားစြာ တန္ဖိုး႐ွိေနေသာေၾကာင့္သာ အမ်ိဳးသမီးမွ လိုလိုလားလား ေပးလိုက္ျခင္း ျဖစ္ေပလိမ့္မည္။
ရဲေ႐ွာင္အတြက္ အလြန္တန္ဖိုး႐ွိေသာ ေဆးလုံးျဖစ္ေသာ္လည္း အမ်ိဳးသမီးအတြက္မူ တန္ဖိုး႐ွိလွပုံ မေပၚေခ်။
ဥပမာအားျဖင့္ ေဖးယြမ္ေဆးလုံးမ်ားကဲ့သို႔ပင္ ျဖစ္သည္။ ေမာ္တယ္ကမ႓ာ႐ွိ သာမန္လူမ်ားအဖို႔ ထူးျခားအစြမ္းထက္သည့္ ေဆးလုံးမ်ားျဖစ္သည့္ ေဖးယြမ္ေဆးမ်ားအား ေမွာ္ေဆးလုံးမ်ားကဲ့သုိ႕ တန္ဖိုးထားၾကေသာ္လည္း ခ်င္းယန္နယ္ပယ္တြင္မူ အမိႈက္တစ္ခုလိုပင္ ျဖစ္သည္။
ထိုဥပမာအရဆိုလွ်င္ ယခုအခါတြင္ ရဲေ႐ွာင္သည္
သာမန္လူတစ္ဦးကဲ့သို႔ပင္ ျဖစ္ၿပီး အမ်ိဳးသမီးမွာမူ ခ်င္းယန္နယ္ပယ္မွ ပညာ႐ွင္တစ္ဦးကဲ့သို႔ ျဖစ္ေနေပသည္။
တန္ဖိုးဆိုသည္မွာ ေနရာေဒသ၊ လူအေပၚတြင္ မူတည္၍ ေျပာင္းလဲသြားတတ္သည္ မဟုတ္ပါေလာ။
ရဲေ႐ွာင္ သက္သာလာမွန္း သိသည့္အခါ အမ်ိဳးသမီးမွ -
“ဒီေဆးက မင္းရဲ႕ တစ္ဘဝလုံးမွာ ၈ ႀကိမ္တိတိ ကယ္တင္ေပးလိမ့္မယ္။ ေနာက္ၿပီး မင္းရဲ႕ က်င့္ၾကံမႈ ေတြကိုလည္း အေထာက္အကူ ျပဳၿပီးေတာ့ ပိုၿပီး လြယ္ကူေစလိမ့္မယ္။ မင္းသာ ႀကိဳးစားမယ္ဆိုရင္ ဒီကမ႓ာမွာ ဒ႑ာရီထဲက ပညာ႐ွင္တစ္ေယာက္လိုေတာင္ ျဖစ္ႏိုင္ေသးတယ္။ အဆင့္ျမင့္ နယ္ပယ္ တစ္ခုခုကိုေတာင္ တက္လွမ္းခ်င္ တက္လွမ္းႏိုင္မွာေပါ့။ အျပန္အလွန္အေနနဲ႔ ငါမင္းရဲ႕ ဇနီးေလာင္းကို ေခၚသြားမယ္။ ဒီကိစၥက မင္းကို နာက်င္ေစမယ္မွန္း သိပါတယ္။ အဲ့ဒီအတြက္ ဒီေဆးလုံးက မင္းအတြက္ လုံေလာက္မယ္ ထင္ပါတယ္ . . .”
အမ်ိဳးသမီး ေနာက္ဆုံး ေျပာလိုက္ေသာ စကားသည္ ရဲေ႐ွာင္၏ နားထဲသို႔ သံရည္ပူမ်ား ေလာင္းခ်လိုက္သည့္အတိုင္းပင္ ခံစားလိုက္ရသည္။
ရဲေ႐ွာင္လည္း ေခါင္းခါယမ္းလိုက္ၿပီး -
“က်ဳပ္အတြက္ ဟုတ္လား . . . ဘယ္လုံေလာက္ပါ့မလဲ . . .”
အမ်ိဳးသမီးသည္ အံ့ၾသသြားၿပီး မ်က္ႏွာအမူအယာသည္ ခ်က္ခ်င္းပင္ ေအးစက္မာေၾကာသြားေလသည္။ ထို႔ေနာက္ ခက္ထန္ေသာ အသံျဖင့္ -
“မလုံေလာက္ဘူး ဟုတ္လား . . . ဒီမွာ ေကာင္ေလး၊ မင္းသိပ္ၿပီး ေလာဘမႀကီးသင့္ဘူး . . .”
ရဲေ႐ွာင္မွ တည္ၿငိမ္စြာျဖင့္ -
“က်ဳပ္က ေလာဘႀကီးတာ မဟုတ္ပါဘူး။ ပထမအခ်က္ ခင္ဗ်ားဆီက အဲ့ဒီေဆးကို က်ဳပ္က ေပးပါလို႔ ေတာင္းဆိုခဲ့တာလည္း မဟုတ္ဘူး။ ဒုတိယအခ်က္ ခင္ဗ်ားက က်ဳပ္အတြက္ တကယ္ပဲ လုံေလာက္တယ္လို႔ ထင္ေနတယ္ေပါ့။ ဒါဆို ခင္ဗ်ား စဥ္းစားၾကည့္စမ္းပါ က်ဳပ္သာ ခင္ဗ်ား ေယာက်ာ္းကို သတ္ၿပီး ဒီလို ေလ်ာ္ေၾကး ေပးမယ္ဆိုရင္ ခင္ဗ်ား အတြက္ လုံေလာက္တယ္လို႔ ခံယူပါဦးမလား . . .”
အမ်ိဳးသမီးမွ ေအးစက္ေသာ ေလသံျဖင့္ -
“မင္းအေနနဲ႔ ဒီလိုစကားမ်ိဳး ငါ့ကို ေျပာဖို႔ဆိုတာ ေတာ္ေတာ္ အလွမ္းေဝးတယ္ . . .”
ရဲေ႐ွာင္မွ -
“အဲဒါဆို ခင္ဗ်ားကေရာ က်ဳပ္ကို ဘာလို႔ ေျပာရတာလဲ . . .”
အမ်ိဳးသမီး၏ မ်က္ႏွာသည္ ေအးစက္သထက္ ေအးစက္လာခဲ့သည္။
စုယဲ့ယြဲ႕သည္ ရဲေ႐ွာင္ အေ႐ွ႕တြင္ ရပ္လိုက္ရင္း -
“႐ွင္ . . . ႐ွင္ဘာလိုခ်င္တာလဲ . . .”
အမ်ိဳးသမီးမွ စုယဲ့ယြဲ႕အား ျပဳံး၍ ၾကည့္လိုက္ကာ -
“မင္းေျပာတာလည္း မွန္ပါတယ္။ ဒါေပမဲ့ မင္းေနာက္ထပ္ ႏွစ္ေပါင္း တစ္သန္းေလာက္ ႀကိဳးစားမယ္ ဆိုရင္ေတာင္ ငါ့ေယာက်ာ္းကို သတ္ႏိုင္ဦးမွာ မဟုတ္ေသးဘူး . . .”
ရဲေ႐ွာင္လည္း ျပဳံးလိုက္ရင္း -
“မျဖစ္ႏိုင္ဘူးဆိုတာ ဘာမွ မ႐ွိပါဘူး။ ဘာကိုပဲလုပ္လုပ္ ဘာကိုပဲ ေျပာေျပာ အရမ္းႀကီး ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးမေနပါနဲ႔ . . .”
အမ်ိဳးသမီးသည္ ရဲေ႐ွာင္အား မည္သည့္စကားမွ် တုန္႔ျပန္ေျပာဆိုျခင္း မျပဳေတာ့ဘဲ ျပဳံး၍သာ ၾကည့္ေနေလသည္။
ရဲေ႐ွာင္တြင္ ဒဏ္ရာမ်ား မ႐ွိေတာ့ဘဲ လူေကာင္းပကတိအတိုင္းပင္ ျဖစ္သြားခဲ့ၿပီ ျဖစ္သည္။ အမ်ိဳးသမီးသည္ ရဲေ႐ွာင္ ျပန္ေကာင္းလာသည့္အေပၚ အံ့ၾသသည့္ဟန္ မျပေခ်။ ရဲေ႐ွာင္တို႔အား တစ္ခုခု ေျပာခ်င္ေနေသးေသာ္လည္း ပတ္ဝန္းက်င္႐ွိ ေသြးညႇီနံ႔မ်ားသည္ မခံႏိုင္ေအာင္ပင္ ျဖစ္လာသည့္အတြက္ အမ်ိဳးသမီးသည္ သူမ၏ လက္အား တစ္ခ်က္ ေဝ့ယမ္းလိုက္သည္။ ထိုအခါ ေတာင္တစ္ခုလုံးသည္ လူေသေကာင္မ်ား မ႐ွိေတာ့ဘဲ ေျပာင္႐ွင္း၍ သြားေလသည္။
ထို႔ေနာက္ ခဏအၾကာတြင္ ရဲေ႐ွာင္ႏွင့္ စုယဲ့ယြဲ႕တို႔သည္ အမ်ိဳးသမီးႏွင့္အတူ ေတာင္ထိပ္ေပၚသို႔ ေရာက္႐ွိေနေၾကာင္း ေတြ႕လိုက္ၾကရသည္။
တိမ္တိုက္မ်ားသည္ သူတို႔၏ နံေဘးတြင္ လြင့္ေမ်ာလ်က္႐ွိသည္။ ေတာင္ေအာက္႐ွိ ျမင္ကြင္းမ်ားကိုလည္း မပီမျပင္ ဝိုးတဝါးသာ ျမင္ေတြ႕ရေတာ့သည္။
စုယဲ့ယြဲ႕မဆိုထားႏွင့္ ရဲေ႐ွာင္ပင္ ယခုကဲ့သို႔ ေတာင္ေပၚသို႔ မည္သို႔မည္ပုံ ခ်က္ခ်င္း ေရာက္သြား သည္ဆိုသည္ကု နားမလည္ႏိုင္ေအာင္ပင္ ျဖစ္ေနေလသည္။ အံ့ဩမႈမ်ားႏွင့္အတူ ရဲေ႐ွာင္၏ စိတ္ထဲတြင္လည္း -
[ဒီမိန္းမက ေတာင္ေတြကို ေ႐ြ႕ပစ္ႏိုင္ၿပီး ပင္လယ္ကိုေတာင္ ျပန္ျဖည့္ေပးႏိုင္တဲ့ အစြမ္းမ်ိဳး ႐ွိေနတာပါလား။ ေနာက္ၿပီး တိမ္တိုက္ေတြနဲ႔ ေလကိုပါ ထိန္းခ်ဳပ္ႏိုင္ေသးတယ္ . . .]
ယခင္ ေ႐ွာင္ဧကရာဇ္ဘဝတြင္ ထိုကဲ့သို႔ေသာ အစြမ္းမ်ိဳး ရ႐ွိပိုင္ဆိုင္ႏိုင္ရန္ အၿမဲလိုလိုပင္ ေတာင္းတခဲ့ရသည္။ ပိုင္ဆိုင္ႏိုင္ရန္အတြက္လည္း တစ္ဘဝလုံး ႀကိဳးစားခဲ့သည္။ သို႔ေသာ္ မပိုင္ဆိုင္ႏိုင္ခဲ့ေခ်။
“ထိုင္ၾက . . .”
အမ်ိဳးသမီးသည္ သူ၏ လက္အား ေဝ့ယမ္းလိုက္ေသာအခါ ပတ္ဝန္းက်င္႐ွိ ေက်ာက္တုံးမ်ားသည္ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားၿပီး ေက်ာက္ျပားတစ္ခု ေပၚလာေလသည္။
အဆိုပါ ေက်ာက္ျပားေပၚတြင္ အျဖဴေရာင္ ေက်ာက္စားပြဲႏွင့္ ကုလားထိုင္ ၃ လုံး ႐ွိေနသည္။ ကုလားထိုင္ တစ္လုံးသည္ စားပြဲ၏ တစ္ဖက္တြင္ ႐ွိေနၿပီး က်န္ ၂ လုံးႏွင့္ မ်က္ႏွာခ်င္းဆိုင္ အေနအထား ႐ွိေနျခင္း ျဖစ္သည္။
စုယဲ့ယြဲ႕သည္ ရဲေ႐ွာင္၏ အက်ႌစအား မလြတ္တမ္း ဆြဲထား၍ မဝံ့မရဲ ျဖစ္ေနလ်က္႐ွိသည္။ ထို႔ေနာက္ ထြက္လည္း မေျပးဝံ့သျဖင့္ ထိုင္ခုံေပၚတြင္ ခပ္ျဖည္းျဖည္းသာ ထိုင္ခ်လိုက္သည္။ သူမ ျမင္ေတြ႕ခဲ့ရသည့္ ေသြးထြက္သံယို ျမင္ကြင္းမ်ားအား မ်က္လုံးထဲမွ မထြက္သျဖင့္ ယခုတိုင္ေအာင္ ထိတ္လန္႔ေနမိျခင္း ျဖစ္သည္။
အမ်ိဳးသမီးသည္ သူတို႔ႏွစ္ဦးႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ၿပီး စုယဲ့ယြဲ႕အား စိုက္၍ ၾကည့္ေနေလသည္။
အမ်ိဳးသမီး၏ မ်က္လုံးမ်ားထဲတြင္ အံ့ၾသမႈ၊ နားမလည္ႏိုင္မႈ၊ သံသယျဖစ္မႈမ်ားႏွင့္ စိတ္႐ႈပ္ေထြးမႈမ်ားအား အတိုင္းသားပင္ ေတြ႕ျမင္ႏိုင္ပါေတာ့သည္ . . .။