မိုးကောင်းကင်အောက်မှကလဲ့စား
စာစဉ် - ၁၁
Chapter – 148
“ဓားစာခံ”
ရဲအိမ်တော်မှ သွေးသောက်ရဲမက်များသည်လည်း တုန်လှုပ်အံ့သြလျက် ပြေးလာကြသည်။
ဆောင်ဂျုမှ -
“သခင်လေးကို မထိကြနဲ့၊ သူ့အရိုးတွေ အကုန်လုံး ကျိုးနေပြီ။ ငါတို့သူ့ကို အမ မတော်ရင် ပိုဆိုးကုန်လိမ့်မယ်။ မြန်မြန် ဖယ်ကြစမ်း . . .”
“တင်စရာ တစ်ခုခု ရှာကြစမ်း၊ တံခါးပျဉ်ပြားဖြစ်ဖြစ် မြန်မြန် ယူခဲ့ကြ . . .”
ထိုအချိန် လူအုပ်ထဲမှ သက်လတ်ပိုင်းအရွယ် လူတစ်ဦး ခနဲ့တဲ့တဲ့ အသံဖြင့် -
“အရိုးအားလုံး ကျိုးကုန်ပြီ ဟုတ်လား . . . ကျုပ်ကတော့ မယုံဘူး၊ မြင်းစီးလာတုန်းကတောင် အကောင်းပဲဟာ၊ အခုမှ ရုတ်တရက် ဘယ်လိုဖြစ်ပြီး အရိုးတွေ အကုန်ကျိုးသွားရတာလဲ။ ဒါတိုက်ဆိုင်မှု ဆိုရင်တောင် တော်တော်ထူးဆန်းတဲ့ တိုက်ဆိုင်မှု တစ်ခုပဲ။ ဒီထက်ပိုပြီး ဆန်းတာလေး လုပ်စမ်းပါဦး . . .”
ဆောင်ဂျုလည်း ထိုစကားကို ကြားသောအခါ ဒေါသအကြီးအကျယ် ထွက်သွားပြီးနောက် ထိုလူ၏ လည်ပင်အင်္ကျီစကို ဆွဲမ၍ -
“ခွေးမသား . . . စောက်သူတောင်းစား . . . မင်း ကန်းနေတာလား၊ အခု ဒီမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို မမြင်ဘူးလား။ ဒီလိုကိစ္စကို ငါကနောက်နေတယ်များ ထင်နေတာလား။ မင်းရဲ့ စောက်မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်၊ ခွေးမသား . . . တော်တော် စောက်သုံးမကျတဲ့ ကောင် . . .”
ဆောင်ဂျုသည် အလွန်ကြမ်းတမ်းစွာ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုလူသည် ခေါင်းမာဟန်ရှိပြီး သူသည်လည်း အိမ်တော်ထိန်း တစ်ဦးပင် ဖြစ်၏။ ဆောင်ဂျုနှင့် အဆင့်တူချင်း တာဝန်ထမ်းဆောင်နေတာ ဖြစ်သော်လည်း အခြေအနေချင်း များစွာကွာခြားလှသည်။ ဆောင်ဂျုကဲ့သို့ တိုက်ပွဲပေါင်းထောင်ချီ တိုက်ခိုက်ထားသော လူတစ်ဦးကို မည်သို့မျှ မယှဉ်နိုင်ပါချေ။
ထိုလူလည်း ချက်ချင်းပင် ပြေးထွက်သွားလေတော့၏။
“တောက် . . . စောက်သုံးကို မကျဘူး . . .”
ဆောင်ဂျုလည်း တံတွေးတစ်ချက်ထွေးရင်း ပြောလိုက်သည်။
လူအုပ်အတွင်းမှ အခြားလူများဟာလည်း ဆောင်ဂျု၏ ခက်ထန်ကြမ်းတမ်းပုံကို မြင်သောအခါ မည်သူမျှ ရှေ့သို့ တစ်လှမ်းပင် မတိုးဝံ့ကြတော့ချေ။
သွေးသောက်ရဲမက်များ အိမ်တော်ထဲမှ ထပ်မံ ထွက်လာကြသောအခါ သူတို့၏ သခင်လေး မြေပြင်ပေါ်တွင် လဲကျလျက် အိမ်တော်ထိန်းကြီးမှာလည်း ဒေါသအကြီးအကျယ် ထွက်နေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် သူတို့၏ လက်နက်များအား ဆွဲထုတ်လိုက်ကြ၏။
ဓားပေါင်း ၃၀ ၏ ရောင်ပြန်ဟပ်မှုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို အရောင်တလတ်လတ် တောက်ပနေစေပါတော့သည်။
ထိုရဲမက် ၃၀ သည် လူအုပ်ကြီးအား မီးဝင်းဝင်းတောကသော မျက်လုံးများဖြင့် ကြည့်နေကြပြီး ဆောင်ဂျု၏ အမိန့်ကို ရသည်နှင့် အားလုံးကို သတ်ဖြတ်ပစ်မည်မှာလည်း အသေအချာပင်။
ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသူမှ -
“ခေါင်းဆောင် . . . ကျုပ်တို့ကို အမိန့်ပေးလိုက်စမ်းပါ။ ဒီလူတွေ အားလုံးကို သတ်ပြီး ကျုပ်တို့ သခင်လေးအတွက် ကလဲ့စား ချေပေးမယ် . . .”
ဆောင်ဂျုလည်း ထိုအချိန် စိတ်ထဲ နည်းနည်း အနေရခက်သွားမိ၏။
(သေစမ်း . . . ဒီကောင်တွေက ငါ့ထက်တောင် ပိုပြီး စိတ်ကြီးနေကြပါလား . . .)
အကယ်၍ ရဲရှောင်သာ တကယ်ခံစားနေရသည် ဆိုပါက ဆောင်ဂျုသည် ချက်ချင်းပင် တိုက်ခိုက်ရန် အမိန့်ပေးမိမည် ဖြစ်ပါသည်။
သို့သော် ရဲရှောင် သရုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သူကောင်းစွာ သိရှိလေ၏။
ထို့ကြောင့် စဉ်းစားချင့်ချိန် နေရခြင်း ဖြစ်ပေသည်
“စိတ်လျော့ထားကြဦး . . .”
ဆောင်ဂျု လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“ငါတို့ ပထမဆုံး လုပ်ရမှာက သခင်လေး အသက်ကို ကယ်တင်ဖို့ပဲ။ ဒီလူတွေရဲ့ အသက်က ဘယ်အချိန် ယူယူ ရတယ် . . .”
သန်မာထွားကြိုင်းသည့် လူနှစ်ဦးသည် ပျဉ်ချပ်ကြီး တစ်ချပ်အား သယ်ဆောင်လာကြပြီး ဆောင်ဂျုလည်း သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်း၍ အပြာရောင် အခိုးအငွေ့တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအငွေ့အသက်များသည် ရဲရှောင်အား မြေပြင်ထက်မှ ကြွသွားစေပြီး ပျဉ်ချပ်ပေါ်သို့ အသာအယာ တင်လိုက်၏။ ထိုကဲ့သို့ မ၍ရွှေ့သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ရဲရှောင်သည် အနည်းငယ်မျှပင် မလှုပ်ရှားချေ။ နဂိုလဲကျနေသည့် ပုံစံအတိုင်းပင် ရှိနေခြင်း ဖြစ်၏။
လူအုပ်ကြီးသည် မည်သို့မည်ပုံ ဖြစ်ပျက်နေသလဲ ဆိုတာကို အသေအချာ သိရှိရန်အတွက် အနားသို့ ကပ်လာကြ၏။
(မင်းက အစွမ်းထက်တာတော့ မှန်ပါတယ်။ အဲဒါနဲ့ပဲ ငါတို့က မင်းကို အလွယ်တကူ ယုံကြည်ပေးရ မှာလား၊ ငါတို့လည်း စစ်ဆေးကြည့်ချင်တာပေါ့ . . .)
အိမ်တော်ထိန်းကြီး မျက်နှာ ပျက်ယွင်းလျက် ရှိပြီး သူသည် လူအများ ရဲရှောင်အား အကဲခတ်နေသည်ကို တားဆီးခြင်း မရှိချေ။ ထိုလူအုပ်အတွင်း ပညာရှင်အချို့လည်း ပါဝင်နေသဖြင့် သူတို့၏ အစွမ်းဖြင့် ရဲရှောင်အား စစ်ဆေးကြည့်လိုက်သောအခါ ချက်ချင်းပင် အံ့သြလွန်း၍ ကြက်သေ သေသွားကြလေ၏။ ပြောစရာ စကားမရှိတော့သကဲ့သို့ ပါးစပ်အဟောင်းသားလည်း ဖြစ်နေလေ၏။
(သွေးကြောတွေ အကုန်လုံး ပျက်ဆီးပြီးတော့ အရိုးတွေကလည်း မရှိတော့ဘူး . . . သေစမ်း၊ ဒါတော်တော်ကို ပြင်းထန်ပြီး ဆိုးရွားတဲ့ ဒဏ်ရာရမှုပဲ။ ဆောင်ဂျုပြောသလို အရိုးတွေ ကျိုးသွားပြီ ဆိုတဲ့ အခြေအနေထက်တောင် ပိုသေးတယ်။ အရိုးတွေက ကျိုးရုံတင် မဟုတ်ဘူး ရှိပါ မရှိတော့တာ . . .)
ရဲရှောင် အခြေအနေကို သိသွားကြပြီးသည့် လူအချို့သည် အနည်းငယ်ပင် စိတ်မကောင်း ဖြစ်သွားကြ၏။ ချက်ချင်းဆိုသလို ကောက်ချက်တစ်ခုကိုလည်း ချနိုင်လိုက်ကြ၏။
“အရိုးပျော်လက်ဝါးရိုက်ချက် . . .”
ယခုကဲ့သို့ ဒဏ်ရာအား အရိုးပျော်လက်ဝါးရိုက်ချက်မှလွဲ၍ မည်သည့်တိုက်ခိုက်မှုကမျှ လုပ်နိုင်စွမ်း မရှိချေ။
အားလုံးသည် ကြောင်ငေးနေကြ၏။
ပထမတုန်းက အားလုံးသည် ရဲရှောင်အား အပြစ်ကိုဝန်ခံခိုင်း၍ အပြစ်ပေးရန် လာရောက်ကြခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ဘာလုပ်ရမှန်းကို မသိနိုင်အောင် ဖြစ်နေကြ၏။
တုန်လှုပ် အံ့သြလျက် ရှိနေကြ၏။
ဆောင်ဂျုလည်း ထိုလူများအား စူးရှသည့် မျက်လုံးများဖြင့် ဝေ့ကြည့်ရင်း -
“ဒီနေ့ ငါ့သခင်လေးက မင်းသွားဟွာရန်း စစ်ထွက်တာကို သွားကြည့်ခဲ့တယ်။ အရာအားလုံး အေးအေးဆေးဆေးပဲ။ မင်းတို့ရဲ့ အိမ်တော်က စောက်သုံးမကျတဲ့ ခွေးကောင် မျိုးမစစ်လေးတွေနဲ့ ရန်ဖြစ်ပြီးတော့မှ အခုလို ဖြစ်သွားခဲ့တာ . . .”
သူ၏ မျက်လုံးများသည် စူး၍သည့်အပြင် သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ထွက်ပေါ်လျက် ရှိ၏။ သူ၏ အသံသည်လည်း နာနာကျင်ကျင် မုန်းတီးနေဟန်ပါပင်။
ထိုလူအုပ်ထဲမှ နောက်ထပ် အိမ်တော်ထိန်းတစ်ဦးမှ ရှက်အမ်းအမ်း ပြုံးလိုက်ရင်း -
“အစ်ကိုကြီးဆောင် . . .”
“မင်းက ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ရမယ်များ ထင်နေတာလား။ မင်းလိုကောင်ကလေ . . .”
အိမ်တော်ထိန်းကြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“ငါ့သခင်လေး တစ်ခုခု ဖြစ်လို့ကတော့ မင်းတို့အားလုံး ငါ့လက်ကနေ လွတ်မယ် မထင်နဲ့ . . .”
လူအားလုံး စိတ်ထဲမွန်းကြပ်သလို ဖြစ်သွားကြ၏။
ခုနတုန်းက အိမ်တော်ထိန်းမှပင် ပြုံးလျက် -
“အိမ်တော်ထိန်းဆောင် . . . ဒီကိစ္စက ကျုပ်တို့နဲ့ မဆိုင်ပါဘူး၊ ခင်ဗျားကလည်း ခေသူမှ မဟုတ်ဘဲ၊ အမှန်တရားကို သိမှာပါ။ သခင်လေးရဲရဲ့ ဒဏ်ရာက ထူးဆန်းနေတယ်။ အရင်ကတည်းက တိုက်ခိုက်ခံထားရတာရော မဖြစ်နိုင်ဘူးလား။ ကြည့်ရသလောက်တော့ ကြာမှ အစွမ်းပြတဲ့ အရိုးပျော်လက်ဝါးရိုက်ချက် ဖြစ်မယ်ထင်တယ် . . .”
ထို့နောက် ဆက်လက်၍ -
“ကျုပ်တို့ လက်ယာအမတ်မင်း အိမ်တော်က ဘယ်သူမှ ဒါမျိုး မလုပ်နိုင် ကြပါဘူး . . .”
သူ၏ စကားသည် တခြားသော အိမ်တော်များအတွက် ဒေါသထွက်စရာ စကား ဖြစ်နေလေ၏။
(ခွေးကောင် . . . လိချန်ဇီ ဆိုတဲ့ မင်းတို့ လက်ယာအမတ်မင်း အိမ်တော်က ခွေးမသားက ဒီပြဿနာကို အရင်စတာ။ အခုမှ လာပြီး မင်းတို့နဲ့ မဆိုင်ဘူး လုပ်နေတယ် ဟုတ်လား . . . ဒါမျိုး လုပ်နိုင်တဲ့ လူက မင်းတို့အိမ်တော်မှာ မရှိဘူး ဟုတ်လား၊ ဟမ့် . . . ငါတို့ကပဲ လုပ်သလိုလိုနဲ့ . . .
အရိုးပျော်လက်ဝါးရိုက်ချက်က ပျောက်ဆုံးနေတာ ရာစုနှစ်နဲ့ ချီနေပြီ။ ငါတို့သာ လုပ်နိုင်မယ်ဆိုရင် မင်းတို့နဲ့တောင် ပေါင်းနေတော့မှာ မဟုတ်ဘူး . . .)
ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံ ထွက်လာပြန်သည်။
“ကျုပ်တို့ အိမ်တော်ကလည်း ဘယ်သူမှ ဒီတိုက်ကွက်ကို မတတ်ပါဘူး။ ယုတ္တိရှရှိ စွပ်စွဲပါ အိမ်တော်ထိန်းဆောင် . . .”
“ငါတို့မှာလည်း ဒီလိုမျိုး ပညာရှင် ဘယ်လိုလုပ်ပြီး ရှိမလဲ . . .”
ဆောင်ဂျုသည် စိတ်မရှည်ဟန်ဖြင့် သူ၏ လက်များကို ခါယမ်းလိုက်ရင်း ကျယ်လောင်စွာဖြင့် -
“စောက်ပေါက်တွေ ပိတ်ထားကြစမ်း၊ မင်းတို့အိမ်တော်တွေက တစ်ယောက်ယောက် သေတာကို မြင်ချင်ကြလို့လား”
သူတို့အားလုံးလည်း အသံတိတ်သွားကြ၏။ စိတ်ထဲတွင်လည်း -
(ငါတို့အိမ်တော်တွေက တစ်ယောက်ယောက် သေရမယ်တဲ့၊ တော်တော် လေကြီးတာပဲ . . .)
ဆောင်ဂျုသည် လက်ယာအမတ်မင်း၏ အိမ်တော်မှ အိမ်တောထိန်း နဖူးအား လက်ညှိုးထိုးလိုက် သောအခါ ထိုအိမ်တော်ထိန်းလည်း နောက်သို့ ကမန်းကတမ်း ဆုတ်ခွာ သွားလေ၏။
“မင်းတို့ ခွေးမသားတွေ ဒီမှာ ဘာလုပ်နေကြတာလဲ။ ငါ့သခင်လေး တစ်ခုခုသာ ဖြစ်လို့ကတော့ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်။ မင်းတို့ဘာကောင်ဖြစ်နေပါစေ ငါဂရုစိုက်နေမှာ မဟုတ်ဘူး . . .”
ထို့နောက် အစောင့်များဘက်သို့ လှည့်လိုက်ပြန်ရင်း -
“မင်းတို့ကရော ဘာရပ်လုပ်နေတာလဲ။ စာပို့ခိုလွှတ်ပြီး စစ်သူကြီးကို အကြောင်းကြားကြလေ။ သူ့သားမသေခင် နောက်ဆုံးတစ်ခေါက် တွေ့ခွင့်ရဖို့အတွက် မြန်မြန်ပြန်လာခဲ့ပါလို့ ပြောလိုက်၊ မြန်မြန်သွားကြ . . .”
ထို့နောက် လူအုပ်ဘက်သို့ လှည့်လိုက်ပြန်ရင်း -
“မင်းတို့အားလုံးကရော ဘာလို့ ရပ်နေကြသေးတာလဲ၊ ဘာဖြစ်ချင်တာလဲ၊ တစ်ခုခု သောက်ချင်ကြ လို့လား . . .”
အားလုံးလည်း နောက်သို့ဆုတ်ရင်း ထွက်ခွာသွားကြ ပါတော့သည်။ သူတို့၏ စိတ်ထဲတွင်မူ -
(မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတယ်။ မင်းက ဘာကောင်မို့လို့လဲ။ မင်းက ငါတို့အားလုံးကို သတ်ပစ်မယ် ဟုတ်လား . . . အရူးပဲ၊ မင်းတို့အိမ် ဒုက္ခရောက်နေတာကိုကြည့်ပြီး ငါတို့ကတော့ ပျော်ပွဲရွှင်ပွဲတွေတောင် လုပ်နိုင်ကြတယ်ကွ . . .)
သူတို့အာလုံး သက်ဆိုင်ရာ တာဝန်ရှိသူများအား ပြန်လည် အစီအရင်ခံလိုက်ကြသည်။
ထိုလူများသည်လည်း အလွန်တုန်လှုပ်လျက် ရှိနေကြ၏။
(ဒီအိမ်တော်ထိန်းက ငါတို့အားလုံးကို သတ်နိုင်မယ် ဆိုတာ မဖြစ်နိုင်ပေမဲ့ စစ်သူကြီးသာ ရောက်လာရင်တော့ ဖြစ်နိုင်တယ် . . . စစ်သူကြီးရဲ ပြန်ရောက်လာပြီး သူ့သားကို ငါ့သားက နာကျင်အောင် လုပ်လိုက်တယ် ဆိုတာကို သိသွားရင် ဘယ်လိုမှ အခြေအနေ ကောင်းလာမှာ မဟုတ်ဘူး။ သူ့ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာကို မဟုတ်တာ . . .)
ထိုလူများ အားလုံးသည် ငြင်းဆန်း၍ ဘူးခံ နေကြသော်လည်း သူတို့၏ သားများ၏ အမူအကျင်များအား သိကြသဖြင့် သူတို့သားများကသာ ရဲရှောင်အား မချေမငံ သွားလုပ်ခြင်း ဖြစ်သည် ဆိုတာကိုလည်း သေချာပေါက် သိနေကြ၏။
အဘယ်ကြောင့်ဆိုသော် ယခင်ကာလများတုန်းကလည်း သူတို့သားများသည် “ကျွန်တော်တို့ ရဲရှောင်ကို အိမ်ပြန်အောင် လုပ်ခဲ့တယ် . . .” ဟူ၍ အမြဲလိုလို ပြောခဲ့ကြဖူးသည်။
ယခုအခါတွင်မူ ပြဿနာ အကြီးကြီး ဖြစ်အောင် ဖန်တီးမိပြီးသား ဖြစ်သွားလေ၏။
ရဲရှောင်၏ ဒဏ်ရာအကြောင်းနှင့် ပတ်သက်သည့် သတင်းသည် ချက်ချင်းပင် တောမီးပမာ ပြန့်နှံ့ သွား၏။
ကွမ်ဇန်ဝမ်သည် ရေကြီးသုတ်ပြာ အမူအယာဖြင့် အိမ်ရှေ့မင်းသား၏ စာဖတ်ခန်းအတွင်းသို့ ရောက်လာ၏။ အိမ်ရှေ့မင်းသားလည်း ပြုံးလျက် -
“ဆရာကြီးကွမ် . . . ခင်ဗျား ဒီနေ့ ကျုပ်အတွက် ဘာသတင်းထူးများ ယူလာခဲ့လဲ . . .”
ကွမ်ဇန်ဝမ်မှ တံခါးကို ပိတ်လိုက်ရင်း လေးနက်သော လေသံဖြင့် -
“ရဲရှောင်ရဲ့ ဒဏ်ရာ ပေါ်လာပြီ . . .”
မင်းသားသည် တုန်လှုပ်သွားသည်။ ပန်းချီဆွဲလက်စ ဖြစ်နေသည့် မင်းသားသည် တုန်လှုပ်မှုကြောင့် ဆွဲထားသည့် စာရွက်ပေါ်ပင် မှင်စများ စွန်းထင်းသွားစေမိ၏။
ခေါင်းမော့လိုက်ရင်း -
“ခင်ဗျားဟာ သေချာရဲ့လား . . .”
“သေချာပါတယ် . . .”
ကွမ်ဇန်ဝမ် ခေါင်းညိတ်၍ ပြောလိုက်၏။
မင်းသားလည်း တခဏမျှ စဉ်းစားလိုက်ရင်း -
“ဒီလိုဆိုမှတော့ နောက်တဆင့်ကို သွားဖို့အတွက် ပြင်ဆင်ထားရမှာပေါ့။ ရဲနန်ရှန်သာ ရောက်လာခဲ့ရင် . . .”
ကွမ်ဇန်ဝမ်သည် ပြုံးလျက် -
“နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုလို့ ပြောရမလားပဲ အိမ်ရှေ့မင်းသား အတော်ကံကောင်းတယ် ဆိုရမယ်။ ကျုပ်တို့အစား ခံရမဲ့ ဓားစားခံတွေ ရှိနေတယ်လေ။ မင်းသား စိတ်အေးလက်အေး နေလို့ရပြီ”
အိမ်ရှေ့မင်းသားလည်း အံ့သြသွားဟန်ဖြင့် -
“တကယ်လား . . . ဘယ်သူလဲ . . .”
ထို့နောက် မင်းသားသည် ပန်းချီဆွဲရာမှ ထိုင်ခုံပေါ်သို့ သွားထိုင်လိုက်ရင်း -
“ဘယ်လိုတွေ ဖြစ်သွားတာလဲ၊ သေချာပြောပါဦး . . .”
သူသည် ထိုအချိန် စိတ်ထဲ အလွန်ပျော်နေမိ၏။ ရဲနန်ရှန်သည် ချန်နိုင်ငံတော်ကြီး၏ သူရဲကောင်း တစ်ဦးဖြစ်ပြီး အကယ်၍ ရဲနန်ရှန်သာ အိမ်ရှေ့မင်းသားဘက်သို့ ရောက်လာမည် ဆိုပါက အလွန်ကောင်းသည့် ကိစ္စပင် မဟုတ်ပါလား။
ရဲနန်ရှန်သည် နဂိုကတည်းက တစ်ကိုယ်တည်း ရပ်တည်နေသူ ဖြစ်ပြီး မည်သည့်မင်းသားကိုမျှ အရောတဝင် မနေခဲ့ချေ။ အိမ်ရှေ့မင်းသားကိုယ်တိုင် ရဲနန်ရှန်၏ အထောက်အပံ့ကို မရရှိပေမဲ့ တခြာသော မင်းသားများ သည်လည်း မရရှိပါချေ။ သူသာ ဘုရင်ဖြစ်လာပါက ရဲနန်ရှန်မှ သေချာပေါက် ကူညီထောက်ပံ့မှုများ ပေးမည်ဟု အိမ်ရှေ့မင်းသား မှတ်ယူနေမိသည်။
ကမ္ဘာပေါ်တွင် ဘုရင်မင်းမြတ်ပင် ရဲနန်ရှန်၏ စိတ်အား မပြောင်းလဲနိုင်ချေ။ သူ၏ စိတ်ကို ပြောင်းလဲနိုင်စွမ်း ရှိသူမှာ သူ့သား ရဲရှောင်ပင် ဖြစ်၏။
အိမ်ရှေ့မင်းသား၏ အဓိက အင်အားစုမှာ မူမျိုးနွယ်ပင် ဖြစ်သည်။ ကံမကောင်းစွာပင် မူမျိုးနွယ်သည် ရဲရှောင်ကို ပြဿနာရှာမိခဲ့ပြီး မင်းသားလည်း ရွေးချယ်စရာ မရှိခဲ့သည့်အတွက် ရဲရှောင်အား သတ်ရန် မူမျိုးနွယ်ကို ကူညီပေးခဲ့မိသည်။ ထိုကိစ္စကို ရဲနန်ရှန်မှ ကလဲ့စားချေလာမည်ကို လည်း သူစိုးရိမ်ခဲ့တာ ကြာပါချေပြီ။ ထို့ကြောင့်ပင် ရဲရှောင်အား နှုတ်ပိတ်သွားရန် အလိုငှာ အရိုးပျော်လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်စေခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ သူ့အပြစ်များအား မည်သူမျှ မသိနိုင်တော့ဟု တွေးထင်မိခဲ့ခြင်းပင် ဖြစ်ပါတော့သည် . . .။
မိုးေကာင္းကင္ေအာက္မွကလဲ့စား
စာစဥ္ - ၁၁
Chapter – 148
“ဓားစာခံ”
ရဲအိမ္ေတာ္မွ ေသြးေသာက္ရဲမက္မ်ားသည္လည္း တုန္လႈပ္အံ့ၾသလ်က္ ေျပးလာၾကသည္။
ေဆာင္ဂ်ဳမွ -
“သခင္ေလးကို မထိၾကနဲ႔၊ သူ႕အ႐ိုးေတြ အကုန္လုံး က်ိဳးေနၿပီ။ ငါတို႔သူ႕ကို အမ မေတာ္ရင္ ပိုဆိုးကုန္လိမ့္မယ္။ ျမန္ျမန္ ဖယ္ၾကစမ္း . . .”
“တင္စရာ တစ္ခုခု ႐ွာၾကစမ္း၊ တံခါးပ်ဥ္ျပားျဖစ္ျဖစ္ ျမန္ျမန္ ယူခဲ့ၾက . . .”
ထိုအခ်ိန္ လူအုပ္ထဲမွ သက္လတ္ပိုင္းအ႐ြယ္ လူတစ္ဦး ခနဲ႔တဲ့တဲ့ အသံျဖင့္ -
“အ႐ိုးအားလုံး က်ိဳးကုန္ၿပီ ဟုတ္လား . . . က်ဳပ္ကေတာ့ မယုံဘူး၊ ျမင္းစီးလာတုန္းကေတာင္ အေကာင္းပဲဟာ၊ အခုမွ ႐ုတ္တရက္ ဘယ္လိုျဖစ္ၿပီး အ႐ိုးေတြ အကုန္က်ိဳးသြားရတာလဲ။ ဒါတိုက္ဆိုင္မႈ ဆိုရင္ေတာင္ ေတာ္ေတာ္ထူးဆန္းတဲ့ တိုက္ဆိုင္မႈ တစ္ခုပဲ။ ဒီထက္ပိုၿပီး ဆန္းတာေလး လုပ္စမ္းပါဦး . . .”
ေဆာင္ဂ်ဳလည္း ထိုစကားကို ၾကားေသာအခါ ေဒါသအႀကီးအက်ယ္ ထြက္သြားၿပီးေနာက္ ထိုလူ၏ လည္ပင္အက်ႌစကို ဆြဲမ၍ -
“ေခြးမသား . . . ေစာက္သူေတာင္းစား . . . မင္း ကန္းေနတာလား၊ အခု ဒီမွာ ဘာေတြ ျဖစ္ေနသလဲ ဆိုတာကို မျမင္ဘူးလား။ ဒီလိုကိစၥကို ငါကေနာက္ေနတယ္မ်ား ထင္ေနတာလား။ မင္းရဲ႕ ေစာက္မ်က္လုံးကို က်ယ္က်ယ္ဖြင့္ၿပီး ေသခ်ာၾကည့္၊ ေခြးမသား . . . ေတာ္ေတာ္ ေစာက္သုံးမက်တဲ့ ေကာင္ . . .”
ေဆာင္ဂ်ဳသည္ အလြန္ၾကမ္းတမ္းစြာ တုန္႔ျပန္လိုက္ျခင္း ျဖစ္သည္။
ထိုလူသည္ ေခါင္းမာဟန္႐ွိၿပီး သူသည္လည္း အိမ္ေတာ္ထိန္း တစ္ဦးပင္ ျဖစ္၏။ ေဆာင္ဂ်ဳႏွင့္ အဆင့္တူခ်င္း တာဝန္ထမ္းေဆာင္ေနတာ ျဖစ္ေသာ္လည္း အေျခအေနခ်င္း မ်ားစြာကြာျခားလွသည္။ ေဆာင္ဂ်ဳကဲ့သို႔ တိုက္ပြဲေပါင္းေထာင္ခ်ီ တိုက္ခိုက္ထားေသာ လူတစ္ဦးကို မည္သို႔မွ် မယွဥ္ႏိုင္ပါေခ်။
ထိုလူလည္း ခ်က္ခ်င္းပင္ ေျပးထြက္သြားေလေတာ့၏။
“ေတာက္ . . . ေစာက္သုံးကို မက်ဘူး . . .”
ေဆာင္ဂ်ဳလည္း တံေတြးတစ္ခ်က္ေထြးရင္း ေျပာလိုက္သည္။
လူအုပ္အတြင္းမွ အျခားလူမ်ားဟာလည္း ေဆာင္ဂ်ဳ၏ ခက္ထန္ၾကမ္းတမ္းပုံကို ျမင္ေသာအခါ မည္သူမွ် ေ႐ွ႕သို႔ တစ္လွမ္းပင္ မတိုးဝံ့ၾကေတာ့ေခ်။
ေသြးေသာက္ရဲမက္မ်ား အိမ္ေတာ္ထဲမွ ထပ္မံ ထြက္လာၾကေသာအခါ သူတို႔၏ သခင္ေလး ေျမျပင္ေပၚတြင္ လဲက်လ်က္ အိမ္ေတာ္ထိန္းႀကီးမွာလည္း ေဒါသအႀကီးအက်ယ္ ထြက္ေနသည္ကို ျမင္ေသာအခါ ေဒါသတႀကီးျဖင့္ သူတို႔၏ လက္နက္မ်ားအား ဆြဲထုတ္လိုက္ၾက၏။
ဓားေပါင္း ၃၀ ၏ ေရာင္ျပန္ဟပ္မႈသည္ ပတ္ဝန္းက်င္ တစ္ခုလုံးကို အေရာင္တလတ္လတ္ ေတာက္ပေနေစပါေတာ့သည္။
ထိုရဲမက္ ၃၀ သည္ လူအုပ္ႀကီးအား မီးဝင္းဝင္းေတာကေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကၿပီး ေဆာင္ဂ်ဳ၏ အမိန္႔ကို ရသည္ႏွင့္ အားလုံးကို သတ္ျဖတ္ပစ္မည္မွာလည္း အေသအခ်ာပင္။
ထိုအဖြဲ႕၏ ေခါင္းေဆာင္ျဖစ္ဟန္တူသူမွ -
“ေခါင္းေဆာင္ . . . က်ဳပ္တို႔ကို အမိန္႔ေပးလိုက္စမ္းပါ။ ဒီလူေတြ အားလုံးကို သတ္ၿပီး က်ဳပ္တို႔ သခင္ေလးအတြက္ ကလဲ့စား ေခ်ေပးမယ္ . . .”
ေဆာင္ဂ်ဳလည္း ထိုအခ်ိန္ စိတ္ထဲ နည္းနည္း အေနရခက္သြားမိ၏။
(ေသစမ္း . . . ဒီေကာင္ေတြက ငါ့ထက္ေတာင္ ပိုၿပီး စိတ္ႀကီးေနၾကပါလား . . .)
အကယ္၍ ရဲေ႐ွာင္သာ တကယ္ခံစားေနရသည္ ဆိုပါက ေဆာင္ဂ်ဳသည္ ခ်က္ခ်င္းပင္ တိုက္ခိုက္ရန္ အမိန္႔ေပးမိမည္ ျဖစ္ပါသည္။
သို႔ေသာ္ ရဲေ႐ွာင္ သ႐ုပ္ေဆာင္ေနျခင္း ျဖစ္ေၾကာင္း သူေကာင္းစြာ သိ႐ွိေလ၏။
ထို႔ေၾကာင့္ စဥ္းစားခ်င့္ခ်ိန္ ေနရျခင္း ျဖစ္ေပသည္
“စိတ္ေလ်ာ့ထားၾကဦး . . .”
ေဆာင္ဂ်ဳ ေလးနက္တည္ၾကည္စြာ ေျပာလိုက္သည္။
“ငါတို႔ ပထမဆုံး လုပ္ရမွာက သခင္ေလး အသက္ကို ကယ္တင္ဖို႔ပဲ။ ဒီလူေတြရဲ႕ အသက္က ဘယ္အခ်ိန္ ယူယူ ရတယ္ . . .”
သန္မာထြားႀကိဳင္းသည့္ လူႏွစ္ဦးသည္ ပ်ဥ္ခ်ပ္ႀကီး တစ္ခ်ပ္အား သယ္ေဆာင္လာၾကၿပီး ေဆာင္ဂ်ဳလည္း သူ၏ လက္ႏွစ္ဖက္ကို ေဝ့ယမ္း၍ အျပာေရာင္ အခိုးအေငြ႕တစ္ခုကို ထုတ္လႊတ္လိုက္သည္။ ထိုအေငြ႕အသက္မ်ားသည္ ရဲေ႐ွာင္အား ေျမျပင္ထက္မွ ႂကြသြားေစၿပီး ပ်ဥ္ခ်ပ္ေပၚသို႔ အသာအယာ တင္လိုက္၏။ ထိုကဲ့သို႔ မ၍ေ႐ႊ႕သည့္ ျဖစ္စဥ္တစ္ခုလုံးတြင္ ရဲေ႐ွာင္သည္ အနည္းငယ္မွ်ပင္ မလႈပ္႐ွားေခ်။ နဂိုလဲက်ေနသည့္ ပုံစံအတိုင္းပင္ ႐ွိေနျခင္း ျဖစ္၏။
လူအုပ္ႀကီးသည္ မည္သို႔မည္ပုံ ျဖစ္ပ်က္ေနသလဲ ဆိုတာကို အေသအခ်ာ သိ႐ွိရန္အတြက္ အနားသို႔ ကပ္လာၾက၏။
(မင္းက အစြမ္းထက္တာေတာ့ မွန္ပါတယ္။ အဲဒါနဲ႔ပဲ ငါတို႔က မင္းကို အလြယ္တကူ ယုံၾကည္ေပးရ မွာလား၊ ငါတို႔လည္း စစ္ေဆးၾကည့္ခ်င္တာေပါ့ . . .)
အိမ္ေတာ္ထိန္းႀကီး မ်က္ႏွာ ပ်က္ယြင္းလ်က္ ႐ွိၿပီး သူသည္ လူအမ်ား ရဲေ႐ွာင္အား အကဲခတ္ေနသည္ကို တားဆီးျခင္း မ႐ွိေခ်။ ထိုလူအုပ္အတြင္း ပညာ႐ွင္အခ်ိဳ႕လည္း ပါဝင္ေနသျဖင့္ သူတို႔၏ အစြမ္းျဖင့္ ရဲေ႐ွာင္အား စစ္ေဆးၾကည့္လိုက္ေသာအခါ ခ်က္ခ်င္းပင္ အံ့ၾသလြန္း၍ ၾကက္ေသ ေသသြားၾကေလ၏။ ေျပာစရာ စကားမ႐ွိေတာ့သကဲ့သို႔ ပါးစပ္အေဟာင္းသားလည္း ျဖစ္ေနေလ၏။
(ေသြးေၾကာေတြ အကုန္လုံး ပ်က္ဆီးၿပီးေတာ့ အ႐ိုးေတြကလည္း မ႐ွိေတာ့ဘူး . . . ေသစမ္း၊ ဒါေတာ္ေတာ္ကို ျပင္းထန္ၿပီး ဆိုး႐ြားတဲ့ ဒဏ္ရာရမႈပဲ။ ေဆာင္ဂ်ဳေျပာသလို အ႐ိုးေတြ က်ိဳးသြားၿပီ ဆိုတဲ့ အေျခအေနထက္ေတာင္ ပိုေသးတယ္။ အ႐ိုးေတြက က်ိဳး႐ုံတင္ မဟုတ္ဘူး ႐ွိပါ မ႐ွိေတာ့တာ . . .)
ရဲေ႐ွာင္ အေျခအေနကို သိသြားၾကၿပီးသည့္ လူအခ်ိဳ႕သည္ အနည္းငယ္ပင္ စိတ္မေကာင္း ျဖစ္သြားၾက၏။ ခ်က္ခ်င္းဆိုသလို ေကာက္ခ်က္တစ္ခုကိုလည္း ခ်ႏိုင္လိုက္ၾက၏။
“အ႐ိုးေပ်ာ္လက္ဝါး႐ိုက္ခ်က္ . . .”
ယခုကဲ့သို႔ ဒဏ္ရာအား အ႐ိုးေပ်ာ္လက္ဝါး႐ိုက္ခ်က္မွလြဲ၍ မည္သည့္တိုက္ခိုက္မႈကမွ် လုပ္ႏိုင္စြမ္း မ႐ွိေခ်။
အားလုံးသည္ ေၾကာင္ေငးေနၾက၏။
ပထမတုန္းက အားလုံးသည္ ရဲေ႐ွာင္အား အျပစ္ကိုဝန္ခံခိုင္း၍ အျပစ္ေပးရန္ လာေရာက္ၾကျခင္း ျဖစ္ေသာ္လည္း ယခုအခါတြင္မူ ဘာလုပ္ရမွန္းကို မသိႏိုင္ေအာင္ ျဖစ္ေနၾက၏။
တုန္လႈပ္ အံ့ၾသလ်က္ ႐ွိေနၾက၏။
ေဆာင္ဂ်ဳလည္း ထိုလူမ်ားအား စူး႐ွသည့္ မ်က္လုံးမ်ားျဖင့္ ေဝ့ၾကည့္ရင္း -
“ဒီေန႔ ငါ့သခင္ေလးက မင္းသြားဟြာရန္း စစ္ထြက္တာကို သြားၾကည့္ခဲ့တယ္။ အရာအားလုံး ေအးေအးေဆးေဆးပဲ။ မင္းတို႔ရဲ႕ အိမ္ေတာ္က ေစာက္သုံးမက်တဲ့ ေခြးေကာင္ မ်ိဳးမစစ္ေလးေတြနဲ႔ ရန္ျဖစ္ၿပီးေတာ့မွ အခုလို ျဖစ္သြားခဲ့တာ . . .”
သူ၏ မ်က္လုံးမ်ားသည္ စူး၍သည့္အျပင္ သတ္ျဖတ္လိုေသာ အေငြ႕အသက္မ်ားလည္း ထြက္ေပၚလ်က္ ႐ွိ၏။ သူ၏ အသံသည္လည္း နာနာက်င္က်င္ မုန္းတီးေနဟန္ပါပင္။
ထိုလူအုပ္ထဲမွ ေနာက္ထပ္ အိမ္ေတာ္ထိန္းတစ္ဦးမွ ႐ွက္အမ္းအမ္း ျပဳံးလိုက္ရင္း -
“အစ္ကိုႀကီးေဆာင္ . . .”
“မင္းက ငါ့ကို အစ္ကိုႀကီးလို႔ ေခၚလို႔ရမယ္မ်ား ထင္ေနတာလား။ မင္းလိုေကာင္ကေလ . . .”
အိမ္ေတာ္ထိန္းႀကီး ေဒါသတႀကီး ေအာ္ေျပာလိုက္သည္။
“ငါ့သခင္ေလး တစ္ခုခု ျဖစ္လို႔ကေတာ့ မင္းတို႔အားလုံး ငါ့လက္ကေန လြတ္မယ္ မထင္နဲ႔ . . .”
လူအားလုံး စိတ္ထဲမြန္းၾကပ္သလို ျဖစ္သြားၾက၏။
ခုနတုန္းက အိမ္ေတာ္ထိန္းမွပင္ ျပဳံးလ်က္ -
“အိမ္ေတာ္ထိန္းေဆာင္ . . . ဒီကိစၥက က်ဳပ္တို႔နဲ႔ မဆိုင္ပါဘူး၊ ခင္ဗ်ားကလည္း ေခသူမွ မဟုတ္ဘဲ၊ အမွန္တရားကို သိမွာပါ။ သခင္ေလးရဲရဲ႕ ဒဏ္ရာက ထူးဆန္းေနတယ္။ အရင္ကတည္းက တိုက္ခိုက္ခံထားရတာေရာ မျဖစ္ႏိုင္ဘူးလား။ ၾကည့္ရသေလာက္ေတာ့ ၾကာမွ အစြမ္းျပတဲ့ အ႐ိုးေပ်ာ္လက္ဝါး႐ိုက္ခ်က္ ျဖစ္မယ္ထင္တယ္ . . .”
ထို႔ေနာက္ ဆက္လက္၍ -
“က်ဳပ္တို႔ လက္ယာအမတ္မင္း အိမ္ေတာ္က ဘယ္သူမွ ဒါမ်ိဳး မလုပ္ႏိုင္ ၾကပါဘူး . . .”
သူ၏ စကားသည္ တျခားေသာ အိမ္ေတာ္မ်ားအတြက္ ေဒါသထြက္စရာ စကား ျဖစ္ေနေလ၏။
(ေခြးေကာင္ . . . လိခ်န္ဇီ ဆိုတဲ့ မင္းတို႔ လက္ယာအမတ္မင္း အိမ္ေတာ္က ေခြးမသားက ဒီျပႆနာကို အရင္စတာ။ အခုမွ လာၿပီး မင္းတို႔နဲ႔ မဆိုင္ဘူး လုပ္ေနတယ္ ဟုတ္လား . . . ဒါမ်ိဳး လုပ္ႏိုင္တဲ့ လူက မင္းတို႔အိမ္ေတာ္မွာ မ႐ွိဘူး ဟုတ္လား၊ ဟမ့္ . . . ငါတို႔ကပဲ လုပ္သလိုလိုနဲ႔ . . .
အ႐ိုးေပ်ာ္လက္ဝါး႐ိုက္ခ်က္က ေပ်ာက္ဆုံးေနတာ ရာစုႏွစ္နဲ႔ ခ်ီေနၿပီ။ ငါတို႔သာ လုပ္ႏိုင္မယ္ဆိုရင္ မင္းတို႔နဲ႔ေတာင္ ေပါင္းေနေတာ့မွာ မဟုတ္ဘူး . . .)
႐ုတ္တရက္ လူအုပ္ထဲမွ အသံတစ္သံ ထြက္လာျပန္သည္။
“က်ဳပ္တို႔ အိမ္ေတာ္ကလည္း ဘယ္သူမွ ဒီတိုက္ကြက္ကို မတတ္ပါဘူး။ ယုတၱိ႐ွ႐ွိ စြပ္စြဲပါ အိမ္ေတာ္ထိန္းေဆာင္ . . .”
“ငါတို႔မွာလည္း ဒီလိုမ်ိဳး ပညာ႐ွင္ ဘယ္လိုလုပ္ၿပီး ႐ွိမလဲ . . .”
ေဆာင္ဂ်ဳသည္ စိတ္မ႐ွည္ဟန္ျဖင့္ သူ၏ လက္မ်ားကို ခါယမ္းလိုက္ရင္း က်ယ္ေလာင္စြာျဖင့္ -
“ေစာက္ေပါက္ေတြ ပိတ္ထားၾကစမ္း၊ မင္းတို႔အိမ္ေတာ္ေတြက တစ္ေယာက္ေယာက္ ေသတာကို ျမင္ခ်င္ၾကလို႔လား”
သူတို႔အားလုံးလည္း အသံတိတ္သြားၾက၏။ စိတ္ထဲတြင္လည္း -
(ငါတို႔အိမ္ေတာ္ေတြက တစ္ေယာက္ေယာက္ ေသရမယ္တဲ့၊ ေတာ္ေတာ္ ေလႀကီးတာပဲ . . .)
ေဆာင္ဂ်ဳသည္ လက္ယာအမတ္မင္း၏ အိမ္ေတာ္မွ အိမ္ေတာထိန္း နဖူးအား လက္ညိႇဳးထိုးလိုက္ ေသာအခါ ထိုအိမ္ေတာ္ထိန္းလည္း ေနာက္သို႔ ကမန္းကတမ္း ဆုတ္ခြာ သြားေလ၏။
“မင္းတို႔ ေခြးမသားေတြ ဒီမွာ ဘာလုပ္ေနၾကတာလဲ။ ငါ့သခင္ေလး တစ္ခုခုသာ ျဖစ္လို႔ကေတာ့ မင္းတို႔အကုန္လုံးကို သတ္ပစ္မယ္။ မင္းတို႔ဘာေကာင္ျဖစ္ေနပါေစ ငါဂ႐ုစိုက္ေနမွာ မဟုတ္ဘူး . . .”
ထို႔ေနာက္ အေစာင့္မ်ားဘက္သို႔ လွည့္လိုက္ျပန္ရင္း -
“မင္းတို႔ကေရာ ဘာရပ္လုပ္ေနတာလဲ။ စာပို႔ခိုလႊတ္ၿပီး စစ္သူႀကီးကို အေၾကာင္းၾကားၾကေလ။ သူ႕သားမေသခင္ ေနာက္ဆုံးတစ္ေခါက္ ေတြ႕ခြင့္ရဖို႔အတြက္ ျမန္ျမန္ျပန္လာခဲ့ပါလို႔ ေျပာလိုက္၊ ျမန္ျမန္သြားၾက . . .”
ထို႔ေနာက္ လူအုပ္ဘက္သို႔ လွည့္လိုက္ျပန္ရင္း -
“မင္းတို႔အားလုံးကေရာ ဘာလို႔ ရပ္ေနၾကေသးတာလဲ၊ ဘာျဖစ္ခ်င္တာလဲ၊ တစ္ခုခု ေသာက္ခ်င္ၾက လို႔လား . . .”
အားလုံးလည္း ေနာက္သို႔ဆုတ္ရင္း ထြက္ခြာသြားၾက ပါေတာ့သည္။ သူတို႔၏ စိတ္ထဲတြင္မူ -
(မင္းကိုယ္မင္း ဟုတ္လွၿပီ ထင္ေနတယ္။ မင္းက ဘာေကာင္မို႔လို႔လဲ။ မင္းက ငါတို႔အားလုံးကို သတ္ပစ္မယ္ ဟုတ္လား . . . အ႐ူးပဲ၊ မင္းတို႔အိမ္ ဒုကၡေရာက္ေနတာကိုၾကည့္ၿပီး ငါတို႔ကေတာ့ ေပ်ာ္ပြဲ႐ႊင္ပြဲေတြေတာင္ လုပ္ႏိုင္ၾကတယ္ကြ . . .)
သူတို႔အာလုံး သက္ဆိုင္ရာ တာဝန္႐ွိသူမ်ားအား ျပန္လည္ အစီအရင္ခံလိုက္ၾကသည္။
ထိုလူမ်ားသည္လည္း အလြန္တုန္လႈပ္လ်က္ ႐ွိေနၾက၏။
(ဒီအိမ္ေတာ္ထိန္းက ငါတို႔အားလုံးကို သတ္ႏိုင္မယ္ ဆိုတာ မျဖစ္ႏိုင္ေပမဲ့ စစ္သူႀကီးသာ ေရာက္လာရင္ေတာ့ ျဖစ္ႏိုင္တယ္ . . . စစ္သူႀကီးရဲ ျပန္ေရာက္လာၿပီး သူ႕သားကို ငါ့သားက နာက်င္ေအာင္ လုပ္လိုက္တယ္ ဆိုတာကို သိသြားရင္ ဘယ္လိုမွ အေျခအေန ေကာင္းလာမွာ မဟုတ္ဘူး။ သူ႕ကို ဘယ္လိုမွ ရင္ဆိုင္ႏိုင္မွာကို မဟုတ္တာ . . .)
ထိုလူမ်ား အားလုံးသည္ ျငင္းဆန္း၍ ဘူးခံ ေနၾကေသာ္လည္း သူတို႔၏ သားမ်ား၏ အမူအက်င္မ်ားအား သိၾကသျဖင့္ သူတို႔သားမ်ားကသာ ရဲေ႐ွာင္အား မေခ်မငံ သြားလုပ္ျခင္း ျဖစ္သည္ ဆိုတာကိုလည္း ေသခ်ာေပါက္ သိေနၾက၏။
အဘယ္ေၾကာင့္ဆိုေသာ္ ယခင္ကာလမ်ားတုန္းကလည္း သူတို႔သားမ်ားသည္ “ကြၽန္ေတာ္တို႔ ရဲေ႐ွာင္ကို အိမ္ျပန္ေအာင္ လုပ္ခဲ့တယ္ . . .” ဟူ၍ အၿမဲလိုလို ေျပာခဲ့ၾကဖူးသည္။
ယခုအခါတြင္မူ ျပႆနာ အႀကီးႀကီး ျဖစ္ေအာင္ ဖန္တီးမိၿပီးသား ျဖစ္သြားေလ၏။
ရဲေ႐ွာင္၏ ဒဏ္ရာအေၾကာင္းႏွင့္ ပတ္သက္သည့္ သတင္းသည္ ခ်က္ခ်င္းပင္ ေတာမီးပမာ ျပန္႔ႏွံ႔ သြား၏။
ကြမ္ဇန္ဝမ္သည္ ေရႀကီးသုတ္ျပာ အမူအယာျဖင့္ အိမ္ေ႐ွ႕မင္းသား၏ စာဖတ္ခန္းအတြင္းသို႔ ေရာက္လာ၏။ အိမ္ေ႐ွ႕မင္းသားလည္း ျပဳံးလ်က္ -
“ဆရာႀကီးကြမ္ . . . ခင္ဗ်ား ဒီေန႔ က်ဳပ္အတြက္ ဘာသတင္းထူးမ်ား ယူလာခဲ့လဲ . . .”
ကြမ္ဇန္ဝမ္မွ တံခါးကို ပိတ္လိုက္ရင္း ေလးနက္ေသာ ေလသံျဖင့္ -
“ရဲေ႐ွာင္ရဲ႕ ဒဏ္ရာ ေပၚလာၿပီ . . .”
မင္းသားသည္ တုန္လႈပ္သြားသည္။ ပန္းခ်ီဆြဲလက္စ ျဖစ္ေနသည့္ မင္းသားသည္ တုန္လႈပ္မႈေၾကာင့္ ဆြဲထားသည့္ စာ႐ြက္ေပၚပင္ မွင္စမ်ား စြန္းထင္းသြားေစမိ၏။
ေခါင္းေမာ့လိုက္ရင္း -
“ခင္ဗ်ားဟာ ေသခ်ာရဲ႕လား . . .”
“ေသခ်ာပါတယ္ . . .”
ကြမ္ဇန္ဝမ္ ေခါင္းညိတ္၍ ေျပာလိုက္၏။
မင္းသားလည္း တခဏမွ် စဥ္းစားလိုက္ရင္း -
“ဒီလိုဆိုမွေတာ့ ေနာက္တဆင့္ကို သြားဖို႔အတြက္ ျပင္ဆင္ထားရမွာေပါ့။ ရဲနန္႐ွန္သာ ေရာက္လာခဲ့ရင္ . . .”
ကြမ္ဇန္ဝမ္သည္ ျပဳံးလ်က္ -
“နတ္ဘုရားေတြရဲ႕ ေကာင္းခ်ီးေပးမႈလို႔ ေျပာရမလားပဲ အိမ္ေ႐ွ႕မင္းသား အေတာ္ကံေကာင္းတယ္ ဆိုရမယ္။ က်ဳပ္တို႔အစား ခံရမဲ့ ဓားစားခံေတြ ႐ွိေနတယ္ေလ။ မင္းသား စိတ္ေအးလက္ေအး ေနလို႔ရၿပီ”
အိမ္ေ႐ွ႕မင္းသားလည္း အံ့ၾသသြားဟန္ျဖင့္ -
“တကယ္လား . . . ဘယ္သူလဲ . . .”
ထို႔ေနာက္ မင္းသားသည္ ပန္းခ်ီဆြဲရာမွ ထိုင္ခုံေပၚသို႔ သြားထိုင္လိုက္ရင္း -
“ဘယ္လိုေတြ ျဖစ္သြားတာလဲ၊ ေသခ်ာေျပာပါဦး . . .”
သူသည္ ထိုအခ်ိန္ စိတ္ထဲ အလြန္ေပ်ာ္ေနမိ၏။ ရဲနန္႐ွန္သည္ ခ်န္ႏိုင္ငံေတာ္ႀကီး၏ သူရဲေကာင္း တစ္ဦးျဖစ္ၿပီး အကယ္၍ ရဲနန္႐ွန္သာ အိမ္ေ႐ွ႕မင္းသားဘက္သို႔ ေရာက္လာမည္ ဆိုပါက အလြန္ေကာင္းသည့္ ကိစၥပင္ မဟုတ္ပါလား။
ရဲနန္႐ွန္သည္ နဂိုကတည္းက တစ္ကိုယ္တည္း ရပ္တည္ေနသူ ျဖစ္ၿပီး မည္သည့္မင္းသားကိုမွ် အေရာတဝင္ မေနခဲ့ေခ်။ အိမ္ေ႐ွ႕မင္းသားကိုယ္တိုင္ ရဲနန္႐ွန္၏ အေထာက္အပံ့ကို မရ႐ွိေပမဲ့ တျခာေသာ မင္းသားမ်ား သည္လည္း မရ႐ွိပါေခ်။ သူသာ ဘုရင္ျဖစ္လာပါက ရဲနန္႐ွန္မွ ေသခ်ာေပါက္ ကူညီေထာက္ပံ့မႈမ်ား ေပးမည္ဟု အိမ္ေ႐ွ႕မင္းသား မွတ္ယူေနမိသည္။
ကမ႓ာေပၚတြင္ ဘုရင္မင္းျမတ္ပင္ ရဲနန္႐ွန္၏ စိတ္အား မေျပာင္းလဲႏိုင္ေခ်။ သူ၏ စိတ္ကို ေျပာင္းလဲႏိုင္စြမ္း ႐ွိသူမွာ သူ႕သား ရဲေ႐ွာင္ပင္ ျဖစ္၏။
အိမ္ေ႐ွ႕မင္းသား၏ အဓိက အင္အားစုမွာ မူမ်ိဳးႏြယ္ပင္ ျဖစ္သည္။ ကံမေကာင္းစြာပင္ မူမ်ိဳးႏြယ္သည္ ရဲေ႐ွာင္ကို ျပႆနာ႐ွာမိခဲ့ၿပီး မင္းသားလည္း ေ႐ြးခ်ယ္စရာ မ႐ွိခဲ့သည့္အတြက္ ရဲေ႐ွာင္အား သတ္ရန္ မူမ်ိဳးႏြယ္ကို ကူညီေပးခဲ့မိသည္။ ထိုကိစၥကို ရဲနန္႐ွန္မွ ကလဲ့စားေခ်လာမည္ကို လည္း သူစိုးရိမ္ခဲ့တာ ၾကာပါေခ်ၿပီ။ ထို႔ေၾကာင့္ပင္ ရဲေ႐ွာင္အား ႏႈတ္ပိတ္သြားရန္ အလိုငွာ အ႐ိုးေပ်ာ္လက္ဝါး႐ိုက္ခ်က္ျဖင့္ တိုက္ခိုက္ေစခဲ့ျခင္း ျဖစ္သည္။ ထိုမွသာ သူ႕အျပစ္မ်ားအား မည္သူမွ် မသိႏိုင္ေတာ့ဟု ေတြးထင္မိခဲ့ျခင္းပင္ ျဖစ္ပါေတာ့သည္ . . .။