ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

125K 18.5K 427

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ

2.6K 458 6
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ

စုန့်ကျောင်းယွဲ့နဲ့ ကျန်တဲ့သူတွေလဲ သူမ သောင်းကြမ်းနေတာကို ဝင်မဟန့်တားတော့ဘဲ ငြိမ်နေလိုက်ဖို့ ဆုံးဖြတ်လိုက်ကြတော့တယ်။ သူမ အန္တရာယ်ရှိမဲ့ပုံပေါ်တာနဲ့တော့ သူတို့ ချက်ချင်း ဝင်ကာကွယ်ပေးမှာပါ။

"ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ ဇနီးက မီးနေသည်ဖြစ်လို့၊ ဒါပေမဲ့ ရွာမှာ အမျိုးသမီး မရှိတော့လေ၊ ကလေးမွေးပေးမဲ့သူ မရှိဘူး... အခု အားလုံး ပျာယာတွေ ခတ်နေကြတာ၊ မိန်းကလေးရယ် ကျွန်တော်တို့ ခေါင်းဆောင်ကတော်ကို လိုက်ကယ်ပေးလို့ရမလား"

"ဟဲ့ စောစောကတည်းက ဒီလိုပြောပါ့လား" ပိုင်ရှန်းရှို့ကတော့ ကလေးမွေးရတဲ့ ဒုက္ခကို ကိုယ်ချင်းစာတတ်သွားပြီ။ သူမလဲ သိပ်မကြာသေးခင်ကမှ ကလေးမွေးထားတာကိုး။ သူမ မျက်လုံးလှန်ပြလိုက်ပြီး ပြောလိုက်တော့တယ်။ "သွား ရှေ့က လမ်းပြ"

"ရှို့ သခင်မ.. သခင်မလေး၊ အတူတူ သွားကြတာပေါ့" စုန့်ကျောင်းယွဲ့တို့ ကျန်တဲ့ လေးယောက်လဲပဲ နောက်က လိုက်လာတော့ ဓားပြတွေ အံ့သြသွားကြတော့တယ်။ သူတို့ လန့်သွားမိပေမဲ့ ထတော့ မပြေးကြဘူးရယ်။ သူတို့ ပြဿနာကို ကူညီပေးဖို့ မိန်းကလေးတစ်ယောက် ခေါ်လာဖို့ အသည်းအသန် လိုအပ်နေတာကိုး။

ဒီလိုနဲ့ပဲ သူတို့အုပ်စုက ဓားပြတွေနောက်ကနေ ဓားပြစခန်းဆီထိ လိုက်သွားခဲ့ကြတော့တယ်။ ဒီမှာ စခန်းချပြီး နေနေတဲ့သူတိုင်းက စစ်ဘေးရှောင်ပြီး ပြေးမဲ့အစား ဒီမှာပဲ ဆက်နေဖို့ ရွေးခဲ့ကြသူတွေချည်းပဲ။ သေချာ မေးမြန်းကြည့်ပြီးတဲ့နောက်မှာ သိရတာက၊ ဒီလူတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကို စစ်ဘေးရှောင်ဖို့၊ ပုန်းဖို့ အဝေးကို စေလွှတ်ပြီးသွားပြီ။ ဒီမှာ ဆက်နေပြီး ရပ်ရွာကို ကာကွယ်မလို့တဲ့။ ရန်သူ့တိုင်းပြည်က ဝင်လာခဲ့ရင် သူတို့ရဲ့ ရပ်ရွာ အိုးအိမ်ကို ဒီအတိုင်း ဖျက်ဆီးဖို့ ငြိမ်ခံခွင့်မပြုလိုက်နိုင်ဘူး။ တစ်နည်းပြောရရင် သူတို့နည်း သူတို့ဟန်နဲ့ သူရဲကောင်းပီသနေကြတာပါပဲ။

ပိုင်ရှန်းရှို့ သူတို့ကို လေးစားသွားမိပြီ။ ဒါပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်ဆိုတဲ့ လူကို တွေ့တဲ့အခါမှာတော့ သူမ အံ့သြမင်သက်သွားရတော့တယ်။ ခေါင်းဆောင်လဲပဲ သူမနည်းတူ အံ့သြသွားပုံရတယ်။ သူ သူမဆီကို ချက်ချင်း လျှောက်လာလိုက်ပြီး ဝုန်းကနဲမြည်အောင် ဒူးထောက်ချလိုက်လေတယ်။ "ရှို့သခင်မ၊ ဒီကို ဘယ်လိုလုပ် ရောက်လာတာပါလဲ"

"ရှင်က အားချွမ် မဟုတ်လား" သူတို့ကို ရှုခရိုင်ဘက်ဆီ နှင်လွှတ်လိုက်ပြီလို့ သူမ သတင်းကြားမိပေမဲ့ ဒီနေရာမှာ ဒီလို လာဆုံဖြစ်ကြမယ်လို့ သူမ ထင်မထားခဲ့မိဘူး။ အထူးသဖြင့် ဒီလို အခြေအနေမျိုးမှာပေါ့။

"ဟုတ်ပါတယ်၊ ရှို့သခင်မ ကျွန်တော်တို့ အသက်ကို ကယ်တင်ခဲ့တာကို ပြန်ဆပ်ဖို့ အခွင့်ရှိတော့မယ် မထင်ခဲ့မိဘူး" အားချွမ် စိတ်လှုပ်ရှားနေမိတယ်။ အရင်တုန်းက သူတို့နှစ်ယောက် လွတ်မြောက်ဖို့အတွက် အကွက်ချကြံစည်ပြီး စီစဉ်ပေးခဲ့သူဟာ ပိုင်ရှန်းရှို့ဆိုတာကို သူ သိခဲ့ပြီးပြီလေ။ သူမကို ရှုခရိုင်ထဲမှာ ပြန်တွေ့ရမယ်လို့တော့ မတွေးခဲ့ဖူးဘူး။

"ဓလေ့ထုံးတမ်းတွေ ခဏထားလိုက်ဦး၊ မီးဖွားတော့မှာက တတိယသခင်မလား"

"ဟုတ်ပါတယ်"

"သူ မီးနေခန်းထဲ ဝင်နေတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်နာရီကျော်လောက်ရှိပါပြီ၊ ဒီမှာ အခြား အမျိုးသမီးတွေမရှိတော့... ကျွန်တော်ပဲ အနားမှာ ကူပေးနေတာ"

"သူ့ဆီ ခေါ်သွားပေး"

"ဒါပေမဲ့... သခင်မရဲ့ အဆင့်အတန်းက"

"ဒီကိစ္စနဲ့ တို့အဆင့်အတန်းက ဘာမှ မဆိုင်ဘူး၊ တို့လဲ မိခင်တစ်ယောက်ပဲ၊ သူတို့တွေထက်စာရင် ကလေးမွေးဖူးတဲ့ တို့က ပိုသိတာပေါ့၊ မင်းတို့နှစ်ယောက်လဲ ငါနဲ့ လိုက်လာခဲ့...!" ပိုင်ရှန်းရှို့က ရှောင်ဟွမ်နဲ့ ယွိဆဲ့ကိုပါ လက်ညိုးထိုးခေါ်လိုက်တော့တယ်။

သူမ ကမ်းလှမ်းလာတဲ့ အကူအညီကို ငြင်းပယ်လို့ရတဲ့ အနေအထားမှာ မရှိမှန်း အားချွမ် သိပါတယ်။ ဒါကြောင့်မို့ ကျန်းစုအာ ကလေးမွေးဖွားနေတဲ့ နေရာဆီကိုသာ သူမတို့ကို ခေါ်လာခဲ့လိုက်တယ်။ ရိုးရိုရှင်းရှင်း ရွှံ့မံထားတဲ့ တဲကလေးပါပဲ။ သူတို့ အထဲဝင်လာတဲ့အချိန်မှာ ကျန်းစုအာက စားပွဲကို အားပြုရင်း လမ်းထလျှောက်နေတယ်။ သူမက ကလေးမွေးတော့မှာဆိုတော့ အခြားယောက်ျားတွေ သူမကို မြင်တွေ့လို့ မဖြစ်တာ ထုံးစံတစ်ခုပဲ။ သူမဖာသာ ကြံ့ကြံ့ခံနိုင်မှ ရမယ်။ အခု သူမခန္ဓာကိုယ်မှာ အသက်နှစ်ချောင်းတည်နေပြီဆိုတော့လေ။

ပိုင်ရှန်းရှို့ကတော့ သူမကို တော်တော်လေး လေးစားအထင်ကြီးသွားမိတယ်။ သူမ အရင်က တင့်တောင့်တင့်တယ် ချမ်းသာစွာ နေလာခဲ့ရပြီးတာတောင် အခုလို ချို့ချို့တဲ့တဲ့နေရာမှာ မညည်းမညူ နေနိုင်ခဲ့တယ်။ ပြီးတော့ မီးနေတော့လဲ ကိုယ့်အားကိုယ်ကိုးပြီး တောင့်ခံထားနိုင်တာ။ ပတ်ဝန်းကျင်က လူကို တကယ်ကြီးပြောင်းလဲစေနိုင်တာပဲ။

"ရှို့သခင်မ... တကယ်ပဲ ရှို့သခင်မလားဟင်"

"အင်း၊ တို့ မင်းကို လာတွဲပေးမယ်"

"မလုပ်ပါနဲ့၊ ဒီကျွန်မက လုပ်ပေးပါ့မယ်" ရှောင်ဟွမ် ချက်ချင်းပဲ ကျန်းစုအာအနားသွားလိုက်ပြီး တွဲထိန်းထားပေးလိုက်တယ်။ ပိုင်ရှန်းရှို့ကတော့ အပြင်ခဏပြန်ထွက်ပြီး လိုမဲ့ဟာလေးတွေ ပြင်ဆင်ခိုင်းလိုက်လေတယ်။ "ရေနွေးတည်ထား၊ ကတ်ကြေးတစ်လက်ကို အရက်ထဲ စိမ်ထားပြီး ပူပြီး နီလာတဲ့အထိ ပြုတ်ထားလိုက်... ပြီးတော့ အာဟာရရှိမဲ့ စားစရာလေး ယူလာပေးဦး၊ ဂျင်ဆင်းတို့ ဘာတို့ဆို အကောင်းဆုံးပဲ"

"ဂျင်ဆင်း... အဲ့သလိုအရာမျိုး ဒီနေရာမှာ ဘယ်ရှိနိုင်မလဲ" အားချွမ်ဘေးနာက လူတစ်ယောက်က မျက်မှောင်ကြုတ်သွားလေတယ်။

"တို့မှာ ရှိတယ်၊ သခင်စုန့် ကျွန်မတို့ ဂျင်ဆင်းလဲ ယူလာခဲ့သေးတယ် မဟုတ်လား"

"အင်း၊ ဒါပေမဲ့ အဲ့ဒါက မြင်းလှည်းထဲမယ်၊ သူတို့လူတွေ အခုလောက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ လှည်းကို ဒီအထိယူလာပြီးကြလောက်ပါပြီ"

'ယူလာတယ်ဆိုတာက လုလာတယ်လို့ ပြောချင်တာ မဟုတ်လား' အားချွမ် အားနာနာနဲ့ ချောင်းဟန့်လိုက်မိတယ်။

"သွားယူလာခဲ့ကြလေ" ပိုင်ရှန်းရှို့ကတော့ အခုလို အရေးကြီးနေတဲ့အချိန်မျိုးမှာ ပျာယာတွေ ခတ်မနေဘူး။ ယောက်ျားရင့်မာကြီးတွေကို ဟို ခိုင်း၊ ဒီ ခိုင်း လွှတ်တာမှ၊ ကျင့်သားရနေတဲ့ အတိုင်းပဲ။ ရှောင်ဟွမ်ကတော့ သူမသခင်မရဲ့ သြဇာညောင်းတဲ့ ပုံစံကို ကြည့်ပြီး ကြွေနေရောပဲ။ သူမ စိတ်ထဲက နှစ်နှစ်ကာကာကို သဘောကျ လေးစားနေမိတော့တာ။

ပြင်ဆင်စရာတွေ ပြင်လို့ပြီးချိန်မှာပဲ ကျန်းစုအာ ဗိုက်က အသည်းအသန်နာလာပြန်တယ်။ အခုရှိနေတဲ့ သူတွေထဲမှာ ပိုင်ရှန်းရှို့တစ်ယောက်သာ ဘာလုပ်ပးရမလဲဆိုတာ သိတယ်။ သူမကိုယ်တိုင်ပါ ရောယောင်ပျာယာခတ်နေမိရင် ဘာတွေ ဖြစ်သွားမလဲ မပြောနိုင်ဘူး။ ဒါကြောင့်မို့ ပိုင်ရှန်းရှို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ငြိမ်အောင် အာရုံ ပြန်စုစည်းလိုက်တယ်။ ပြီးတော့ သူမ မွေးတုန်းက သားဖွားဆရာမတွေ သင်ပေးခဲ့တဲ့အတိုင်း ညှစ်နည်းကို ကျန်းစုအာကို ပြန်သင်ပေးထားလိုက်တယ်။ သားအိမ်ကမညှစ်ချတော့လို့ ဗိုက်နာတာ ရပ်သွားပြီဆိုရင် သူမ ကျန်းစုအာနဲ့ စကားပြောတယ်။ မင်းသားအိမ်တော်ကနေ ထွက်သွားပြီး နောက်ပိုင်း ဘယ်လိုနေရသလဲ၊ အဆင်ပြေရဲ့လား ဘာညာပေါ့။

နည်းနည်းပါးပါး အာရုံလွှဲခံရတော့ ကျန်းစုအာလဲ တစ်ချိန်လုံး မနာနေတော့ဘူး။ အရင်တစ်ခေါက်က သူတို့ကို ကယ်ထားတာအတွက်ကိုလဲ သူမ ကျေးဇူးတင်ကြာင်း ထပ်တလဲလဲပြောတယ်။ ပိုင်ရှန်းရှို့ကတော့ အဲ့ကိစ္စကို စိတ်ထဲ မထည့်တော့ဘူး။ သူမ လိုလားတာက ကလေးရော မိခင်ပါ ကျန်းကျန်းမာမာဖြစ်ဖို့ပါပဲ။

ကျန်းစုအာ နေ့တစ်ဝက်နည်းပါး နာနာကျင်ကျင် ပင်ပန်းဆင်းရဲ ခံစားပြီးတဲ့နောက်မှာတော့ ကလေးကို မွေးဖွားလိုက်နိုင်တော့တယ်။

"ဂုဏ်ယူပါတယ်၊ သမီးလေးပါ" ကလးမလေးက မျက်ဝန်းအိမ်အကျယ်ကြီးနဲ့၊ သိပ်လှတဲ့ မျက်ရစ်နှစ်ထပ်ပါတယ်။ အချောလေးပဲ။

"ဟုတ်လားဟင်၊ ရှို့သခင်မ... ရှင် သမီးလေးကို ဆုံးမညွှန်ပြပေးမဲ့ ခေါင်းကိုင်အမေ လုပ်ပးနိုင်မလား"

"လုပ်ပေးမှာပေါ့" ပိုင်ရှန်းရှို့လဲ ဝမ်းသာလုံးဆို့နေတာ။ သူမကိုယ်တိုင် ကလေးမွေးထုတ်လိုက်နိုင်တုန်းကနည်းပါးကို ပျော်နေမိတယ်။ သူမကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်ရည်တွေ ကျနေမိတာ။ သန့်ရှင်းရေးတွေပါ အားလုံး လုပ်ပြီးချိန်မှာတော့ ပိုင်ရှန်းရှို့တစ်ယောက် တစ်နေကုန် ခရီးပြင်းနှင်လာရတာထက်ကို ပင်ပန်းသွားတော့တယ်။ ဒါပေမဲ့ သူမ စိတ်ချမ်းသာပါရဲ့။ အားချွမ်ဆို စိတ်ထဲ ထိ လှိုက်လှိုက်လှဲလှဲခံစားသွားရလို့ ချက်ချင်းကို မျက်ရည်တွေကျပြီး ငိုခဲ့တာ။ ကျားကျားလျားလျား ပုံစံကြီးကိုမှ အားမနာ ပါးပေါ်မှာ မျက်ရည်စီးကြောင်းကြီးတွေနဲ့ပေါ့။

"ရှို့သခင်မဟာ ကျွန်တော်တို့အတွက်တော့ ဒုတိယမိဘလိုပါပဲ၊ အားချွမ် တစ်သက်လုံး ကျေးဇူး မမေ့ပါဘူး" သူ ချက်ချင်း သူမအရှေ့ ဒူးထောက်ချလိုက်တော့တယ်။

မော်ဒန်ခေတ်က အတွေးအခေါ်အယူအဆတွေရှိတဲ့ လူတစ်ယောက်အနေနဲ့၊ သူမရှေ့ သူများ ဒူးထောက်နေရင် ပိုင်ရှန်းရှို့ မကြိုက်ဘူးရယ်။ သူမ အိမ်တော်မှာ အနေကြာလို့ ကျင့်သားရတယ်ဆိုရင်တောင် အခုလို ယောက်ျားကြီးတစ်ယောက်က ဒူးထောက်တာ တွေ့ရတော့ မနေတတ်တော့ဘူး။ သူမ ချက်ချင်း ဘေးကို ခုန်ရှောင်နေလိုက်ပြီး ပြောတော့တယ်။ "ရှင် ထပြီးပဲ ပြောပါ၊ ဒီလိုကြီးက မသင့်လျော်ပါဘူး"

အားချွမ်လဲ မျက်ရည်တွေသာ သုတ်လိုက်ပြီး ပြန်ထရပ်လိုက်ရတော့တယ်။ သူတို့ လုံဟန့်ကို ရှာဖို့ နင်ကျင်းကို သွားဖို့ ထွက်လာတယ်ဆိုတာကို စုန့်ကျောင်းယွဲ့က တဆင့် သူ ကြားပြီးပြီ။ "နင်ကျင်းမြို့ကို ပေါက်ရောက်မဲ့ လမ်းကောင်းတချို့ ကျွန်တော် သိတယ်၊ လမ်းကျဉ်းတောလမ်းလေးတွေဆိုတော့ ရန်သူ့စစ်တပ်ကလဲ ရှာတွေ့မှာ မဟုတ်ဘူး... မနက်ဖြန် ကျွန်တော်နဲ့ အဖွဲ့က ညီနောင်တွေ သခင်မတို့ကို လမ်းလိုက်ပြပေးမယ်လေ"

"အဲ့သလိုဆိုရင်တော့ အဆင်သင့်တာပေါ့၊ ဒါပေမဲ့ တတိယသခင်မ... မဟုတ်သေးပါဘူး၊ ရှင့်ဇနီးကျတော့ သူ့ကို စောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက် မလိုဘူးလား၊ ရှင်ပါ လိုက်ရင် သူ့ကို ဘယ်သူက ကြည့်ရှုစောင့်ရှောက်ပေးမှာလဲ"

အားချွမ် သိသိသာသာ တွေဝေသွားတော့တယ်။ တောင်တစ်ခုလုံးမှာ ယောက်ျားသားတွေချည်းရှိတာ၊ သူ့မိန်းမကို ပြုစုပေးဖို့ ဘယ်သူနဲ့မှ မသင့်တော်ဘူး။ သေချာ စေ့စပ်အောင် ပြန်တွေးပြီးတဲ့နောက်မှာတော့ ပိုင်ရှန်းရှို့က ပြောလာတော့တယ်။ "တို့တွေ ယွိဆဲ့နဲ့ ရှောင်ဟွမ်ကို ထားခဲ့လိုက်မယ်လေ၊ သူ့ကို ပြုစုရအောင်လို့... ရှောင်ဟွမ်က သွက်သွက်လက်လက်ရှိတော့ ကူညီခိုင်းလို့ကောင်းတယ်၊ ယွိဆဲ့ကတော့ အစာအဆိပ်သင့်ပြီး အန်နေတာနဲ့ ဒီမှာ နေရစ်ခဲ့ပြီး နားနားနေနေ နေတာ ကောင်းမယ်"

သူမရဲ့ အကြံပြုချက်ကို ကြားတော့ အားချွမ် ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ စုန့်ကျောင်းယွဲ့က သဘောမတူချင်ဘူး။ "အဲ့ဒါ ဘယ်သင့်တော်မလဲ၊ ခင်ဗျားဘေးမှာလဲ ပြုစုခစားပေးမဲ့သူ လိုတယ်လေ"

ပိုင်ရှန်းရှို့က မော်ဒန်ခေတ်က လာတဲ့လူဆိုတော့ ကိုယ်ထူကိုယ်ထ နေတတ်တယ်။ နေရာတိုင်းမှာ အိမ်စေမိန်းမခြွေရံလေးတွေ စခပ်သိမ်း လိုက်ကူပေးနေဖို့ မလိုဘူး။ "မလိုပါဘူး၊ ကျွန်မကိုယ်ကျွန်မ စောင့်ရှောက်နိုင်ပါတယ်၊ ပြီးတော့ ဒီခရီးက အတော်လေးကို အန္တရာယ်များလှတာ... မိန်းကလေးတွေ ထပ်ခေါ်လာရင် အားလုံးအတွက် ဝန်ပိုပိနေလိမ့်မယ်"

"သူ အဆင်ပြေမှာပါ၊ သူက ကြံ့ခိုင်ပါတယ်" ယွီခွမ်းက ပိုင်ရှန်းရှို့ဘက်က ထောက်ခံတယ်။ တိမ်ဖြူတောင်မှာတုန်းကတည်းက သူမဟာ ခံနိုင်ရည်ရှိပြီး စိတ်ဓာတ် ကြံ့ခိုင်သူဆိုတာကို သူ သိခဲ့တယ်။ သူမက ကြေးရတတ်အိမ်တော်က မြင်တွေ့နေကျ သခင်မလေးတွေလို ပျော့စိပျော့ဖတ်၊ အားနွဲ့လွန်းပြီး အမှီအခိုလိုသူ မဟုတ်နေဘူး။

စုန့်ကျောင်းယွဲ့ သဘောမတူချင်ပေမဲ့ ဒီအစီအစဉ်က ခရီးရှေ့ဆက်ဖို့ အကောင်းဆုံးနည်းလမ်းဆိုတာကိုတော့ နားလည်တယ်လေ။ တိုင်းပြည်အရေးအတွက် လုပ်ရတဲ့ ကိစ္စဆိုတော့ ကျန်တဲ့ ကိစ္စတွေက သိပ်အရေးမပါလှတော့ဘူး။ ကိုယ့် ခံစားချက်တွေရောပေါ့။ ဒါကြောင့်မို့ စုန့်ကျောင်းယွဲ့ ခံစားချက်တွေ အားလုံးကို ရင်ထဲမှာပဲ မြုပ်နှံထားလိုက်တော့တယ်။ ဆုံးဖြတ်ချက် အတည်ချမှတ်ပြီးလိုက်ပြီဆိုတာနဲ့ အားချွမ်က ပိုင်ရှန်းရှို့ကို မီးဖိုရှိတဲ့ ရွှံ့တဲမှာ နေရာထိုင်ခင်းပြင်ဆင်ပေးလိုက်တယ်။ သူမ အဲ့ဒီညတော့ ကောင်းကောင်း အနားရလိုက်တာပဲ။ သူမ အိပ်မက်တွေထဲမှာတော့ လုံဟန့်သာ ကြီးစိုးနေလေတယ်။ သူမ သူ့ကို သိပ်တွေ့ချင်နေတာ။ သူ လုံခြုံဘေးကင်းပါစေလို့လဲ သူမ ဆုတောင်းနေမိတယ်။ တကယ့်တကယ်မှာ သူ မြို့ထဲ ပိတ်မိနေတာ ဆယ်ရက်လောက်ရှိနေပြီလေ၊ စားနပ်ရိက္ခာတွေ ပြတ်လပ်လုပြီပေါ့။

_______

Notes:

Paid Gp update - အခန်း ၂၀၀ - ၂၉၅ ထိ ၂၅၀၀ နဲ့ ဝင်လို့နေပါပြီနော်

______

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၉၉) ယခင္က အသိကြၽမ္းအကူအညီတာင္းရာရိွ

စုန္႔ေက်ာင္းယြဲ႔နဲ႔ က်န္တဲ့သူေတြလဲ သူမ ေသာင္းၾကမ္းေနတာကို ဝင္မဟန္႔တားေတာ့ဘဲ ၿငိမ္ေနလိုက္ဖို႔ ဆံုးျဖတ္လိုက္ၾကေတာ့တယ္။ သူမ အႏၲရာယ္ရိွမဲ့ပံုေပၚတာနဲ႔ေတာ့ သူတို႔ ခ်က္ခ်င္း ဝင္ကာကြယ္ေပးမွာပါ။

"ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ရဲ့ ဇနီးက မီးေနသည္ျဖစ္လို႔၊ ဒါေပမဲ့ ရြာမွာ အမ်ိဳးသမီး မရိွေတာ့ေလ၊ ကေလးေမြးေပးမဲ့သူ မရိွဘူး... အခု အားလံုး ပ်ာယာေတြ ခတ္ေနၾကတာ၊ မိန္းကေလးရယ္ ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ကေတာ္ကို လိုက္ကယ္ေပးလို႔ရမလား"

"ဟဲ့ ေစာေစာကတည္းက ဒီလိုေျပာပါ့လား" ပိုင္ရွန္းရိႈ႔ကေတာ့ ကေလးေမြးရတဲ့ ဒုကၡကို ကိုယ္ခ်င္းစာတတ္သြားၿပီ။ သူမလဲ သိပ္မၾကာေသးခင္ကမွ ကေလးေမြးထားတာကိုး။ သူမ မ်က္လံုးလွန္ျပလိုက္ၿပီး ေျပာလိုက္ေတာ့တယ္။ "သြား ေရ႔ွက လမ္းျပ"

"ရိႈ႔ သခင္မ.. သခင္မေလး၊ အတူတူ သြားၾကတာေပါ့" စုန္႔ေက်ာင္းယြဲ႔တို႔ က်န္တဲ့ ေလးေယာက္လဲပဲ ေနာက္က လိုက္လာေတာ့ ဓားျပေတြ အံ့ၾသသြားၾကေတာ့တယ္။ သူတို႔ လန္႔သြားမိေပမဲ့ ထေတာ့ မေျပးၾကဘူးရယ္။ သူတို႔ ျပႆနာကို ကူညီေပးဖို႔ မိန္းကေလးတစ္ေယာက္ ေခၚလာဖို႔ အသည္းအသန္ လိုအပ္ေနတာကိုး။

ဒီလိုနဲ႔ပဲ သူတို႔အုပ္စုက ဓားျပေတြေနာက္ကေန ဓားျပစခန္းဆီထိ လိုက္သြားခဲ့ၾကေတာ့တယ္။ ဒီမွာ စခန္းခ်ၿပီး ေနေနတဲ့သူတိုင္းက စစ္ေဘးေရွာင္ၿပီး ေျပးမဲ့အစား ဒီမွာပဲ ဆက္ေနဖို႔ ေရြးခဲ့ၾကသူေတြခ်ည္းပဲ။ ေသခ်ာ ေမးျမန္းၾကည့္ၿပီးတဲ့ေနာက္မွာ သိရတာက၊ ဒီလူေတြဟာ သူတို႔ရဲ့ မိသားစုဝင္ေတြကို စစ္ေဘးေရွာင္ဖို႔၊ ပုန္းဖို႔ အေဝးကို ေစလႊတ္ၿပီးသြားၿပီ။ ဒီမွာ ဆက္ေနၿပီး ရပ္ရြာကို ကာကြယ္မလို႔တဲ့။ ရန္သူ႔တိုင္းျပည္က ဝင္လာခဲ့ရင္ သူတို႔ရဲ့ ရပ္ရြာ အိုးအိမ္ကို ဒီအတိုင္း ဖ်က္ဆီးဖို႔ ၿငိမ္ခံခြင့္မျပဳလိုက္ႏိုင္ဘူး။ တစ္နည္းေျပာရရင္ သူတို႔နည္း သူတို႔ဟန္နဲ႔ သူရဲေကာင္းပီသေနၾကတာပါပဲ။

ပိုင္ရွန္းရိႈ႔ သူတို႔ကို ေလးစားသြားမိၿပီ။ ဒါေပမဲ့ သူတို႔ရဲ့ ေခါင္းေဆာင္ဆိုတဲ့ လူကို ေတြ့တဲ့အခါမွာေတာ့ သူမ အံ့ၾသမင္သက္သြားရေတာ့တယ္။ ေခါင္းေဆာင္လဲပဲ သူမနည္းတူ အံ့ၾသသြားပံုရတယ္။ သူ သူမဆီကို ခ်က္ခ်င္း ေလ်ွာက္လာလိုက္ၿပီး ဝုန္းကနဲျမည္ေအာင္ ဒူးေထာက္ခ်လိုက္ေလတယ္။ "ရိႈ႔သခင္မ၊ ဒီကို ဘယ္လိုလုပ္ ေရာက္လာတာပါလဲ"

"ရွင္က အားခြၽမ္ မဟုတ္လား" သူတို႔ကို ရႈခရိုင္ဘက္ဆီ ႏွင္လႊတ္လိုက္ၿပီလို႔ သူမ သတင္းၾကားမိေပမဲ့ ဒီေနရာမွာ ဒီလို လာဆံုျဖစ္ၾကမယ္လို႔ သူမ ထင္မထားခဲ့မိဘူး။ အထူးသျဖင့္ ဒီလို အေျခအေနမ်ိဳးမွာေပါ့။

"ဟုတ္ပါတယ္၊ ရိႈ႔သခင္မ ကြၽန္ေတာ္တို႔ အသက္ကို ကယ္တင္ခဲ့တာကို ျပန္ဆပ္ဖို႔ အခြင့္ရိွေတာ့မယ္ မထင္ခဲ့မိဘူး" အားခြၽမ္ စိတ္လႈပ္ရွားေနမိတယ္။ အရင္တုန္းက သူတို႔ႏွစ္ေယာက္ လြတ္ေျမာက္ဖို႔အတြက္ အကြက္ခ်ႀကံစည္ၿပီး စီစဉ္ေပးခဲ့သူဟာ ပိုင္ရွန္းရိႈ႔ဆိုတာကို သူ သိခဲ့ၿပီးၿပီေလ။ သူမကို ရႈခရိုင္ထဲမွာ ျပန္ေတြ့ရမယ္လို႔ေတာ့ မေတြးခဲ့ဖူးဘူး။

"ဓေလ့ထံုးတမ္းေတြ ခဏထားလိုက္ၪီး၊ မီးဖြားေတာ့မွာက တတိယသခင္မလား"

"ဟုတ္ပါတယ္"

"သူ မီးေနခန္းထဲ ဝင္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ"

"ႏွစ္နာရီေက်ာ္ေလာက္ရိွပါၿပီ၊ ဒီမွာ အျခား အမ်ိဳးသမီးေတြမရိွေတာ့... ကြၽန္ေတာ္ပဲ အနားမွာ ကူေပးေနတာ"

"သူ႔ဆီ ေခၚသြားေပး"

"ဒါေပမဲ့... သခင္မရဲ့ အဆင့္အတန္းက"

"ဒီကိစၥနဲ႔ တို႔အဆင့္အတန္းက ဘာမွ မဆိုင္ဘူး၊ တို႔လဲ မိခင္တစ္ေယာက္ပဲ၊ သူတို႔ေတြထက္စာရင္ ကေလးေမြးဖူးတဲ့ တို႔က ပိုသိတာေပါ့၊ မင္းတို႔ႏွစ္ေယာက္လဲ ငါနဲ႔ လိုက္လာခဲ့...!" ပိုင္ရွန္းရိႈ႔က ေရွာင္ဟြမ္နဲ႔ ယြိဆဲ့ကိုပါ လက္ညိုးထိုးေခၚလိုက္ေတာ့တယ္။

သူမ ကမ္းလွမ္းလာတဲ့ အကူအညီကို ျငင္းပယ္လို႔ရတဲ့ အေနအထားမွာ မရိွမွန္း အားခြၽမ္ သိပါတယ္။ ဒါေၾကာင့္မို႔ က်န္းစုအာ ကေလးေမြးဖြားေနတဲ့ ေနရာဆီကိုသာ သူမတို႔ကို ေခၚလာခဲ့လိုက္တယ္။ ရိုးရိုရွင္းရွင္း ရႊံ႔မံထားတဲ့ တဲကေလးပါပဲ။ သူတို႔ အထဲဝင္လာတဲ့အခ်ိန္မွာ က်န္းစုအာက စားပြဲကို အားျပဳရင္း လမ္းထေလ်ွာက္ေနတယ္။ သူမက ကေလးေမြးေတာ့မွာဆိုေတာ့ အျခားေယာက္်ားေတြ သူမကို ျမင္ေတြ့လို႔ မျဖစ္တာ ထံုးစံတစ္ခုပဲ။ သူမဖာသာ ႀကံ့ႀကံ့ခံႏိုင္မွ ရမယ္။ အခု သူမခႏၶာကိုယ္မွာ အသက္ႏွစ္ေခ်ာင္းတည္ေနၿပီဆိုေတာ့ေလ။

ပိုင္ရွန္းရိႈ႔ကေတာ့ သူမကို ေတာ္ေတာ္ေလး ေလးစားအထင္ႀကီးသြားမိတယ္။ သူမ အရင္က တင့္ေတာင့္တင့္တယ္ ခ်မ္းသာစြာ ေနလာခဲ့ရၿပီးတာေတာင္ အခုလို ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရာမွာ မညည္းမၫူ ေနႏိုင္ခဲ့တယ္။ ၿပီးေတာ့ မီးေနေတာ့လဲ ကိုယ့္အားကိုယ္ကိုးၿပီး ေတာင့္ခံထားႏိုင္တာ။ ပတ္ဝန္းက်င္က လူကို တကယ္ႀကီးေျပာင္းလဲေစႏိုင္တာပဲ။

"ရိႈ႔သခင္မ... တကယ္ပဲ ရိႈ႔သခင္မလားဟင္"

"အင္း၊ တို႔ မင္းကို လာတြဲေပးမယ္"

"မလုပ္ပါနဲ႔၊ ဒီကြၽန္မက လုပ္ေပးပါ့မယ္" ေရွာင္ဟြမ္ ခ်က္ခ်င္းပဲ က်န္းစုအာအနားသြားလိုက္ၿပီး တြဲထိန္းထားေပးလိုက္တယ္။ ပိုင္ရွန္းရိႈ႔ကေတာ့ အျပင္ခဏျပန္ထြက္ၿပီး လိုမဲ့ဟာေလးေတြ ျပင္ဆင္ခိုင္းလိုက္ေလတယ္။ "ေရႏြေးတည္ထား၊ ကတ္ေၾကးတစ္လက္ကို အရက္ထဲ စိမ္ထားၿပီး ပူၿပီး နီလာတဲ့အထိ ျပဳတ္ထားလိုက္... ၿပီးေတာ့ အာဟာရရိွမဲ့ စားစရာေလး ယူလာေပးၪီး၊ ဂ်င္ဆင္းတို႔ ဘာတို႔ဆို အေကာင္းဆံုးပဲ"

"ဂ်င္ဆင္း... အဲ့သလိုအရာမ်ိဳး ဒီေနရာမွာ ဘယ္ရိွႏိုင္မလဲ" အားခြၽမ္ေဘးနာက လူတစ္ေယာက္က မ်က္ေမွာင္ၾကဳတ္သြားေလတယ္။

"တို႔မွာ ရိွတယ္၊ သခင္စုန္႔ ကြၽန္မတို႔ ဂ်င္ဆင္းလဲ ယူလာခဲ့ေသးတယ္ မဟုတ္လား"

"အင္း၊ ဒါေပမဲ့ အဲ့ဒါက ျမင္းလွည္းထဲမယ္၊ သူတို႔လူေတြ အခုေလာက္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ့ လွည္းကို ဒီအထိယူလာၿပီးၾကေလာက္ပါၿပီ"

'ယူလာတယ္ဆိုတာက လုလာတယ္လို႔ ေျပာခ်င္တာ မဟုတ္လား' အားခြၽမ္ အားနာနာနဲ႔ ေခ်ာင္းဟန္႔လိုက္မိတယ္။

"သြားယူလာခဲ့ၾကေလ" ပိုင္ရွန္းရိႈ႔ကေတာ့ အခုလို အေရးႀကီးေနတဲ့အခ်ိန္မ်ိဳးမွာ ပ်ာယာေတြ ခတ္မေနဘူး။ ေယာက္်ားရင့္မာႀကီးေတြကို ဟို ခိုင္း၊ ဒီ ခိုင္း လႊတ္တာမွ၊ က်င့္သားရေနတဲ့ အတိုင္းပဲ။ ေရွာင္ဟြမ္ကေတာ့ သူမသခင္မရဲ့ ၾသဇာေညာင္းတဲ့ ပံုစံကို ၾကည့္ၿပီး ေႂကြေနေရာပဲ။ သူမ စိတ္ထဲက ႏွစ္ႏွစ္ကာကာကို သေဘာက် ေလးစားေနမိေတာ့တာ။

ျပင္ဆင္စရာေတြ ျပင္လို႔ၿပီးခ်ိန္မွာပဲ က်န္းစုအာ ဗိုက္က အသည္းအသန္နာလာျပန္တယ္။ အခုရိွေနတဲ့ သူေတြထဲမွာ ပိုင္ရွန္းရိႈ႔တစ္ေယာက္သာ ဘာလုပ္ပးရမလဲဆိုတာ သိတယ္။ သူမကိုယ္တိုင္ပါ ေရာေယာင္ပ်ာယာခတ္ေနမိရင္ ဘာေတြ ျဖစ္သြားမလဲ မေျပာႏိုင္ဘူး။ ဒါေၾကာင့္မို႔ ပိုင္ရွန္းရိႈ႔ အသက္ျပင္းျပင္း ရႉသြင္းလိုက္ၿပီး စိတ္ၿငိမ္ေအာင္ အာရံု ျပန္စုစည္းလိုက္တယ္။ ၿပီးေတာ့ သူမ ေမြးတုန္းက သားဖြားဆရာမေတြ သင္ေပးခဲ့တဲ့အတိုင္း ၫွစ္နည္းကို က်န္းစုအာကို ျပန္သင္ေပးထားလိုက္တယ္။ သားအိမ္ကမၫွစ္ခ်ေတာ့လို႔ ဗိုက္နာတာ ရပ္သြားၿပီဆိုရင္ သူမ က်န္းစုအာနဲ႔ စကားေျပာတယ္။ မင္းသားအိမ္ေတာ္ကေန ထြက္သြားၿပီး ေနာက္ပိုင္း ဘယ္လိုေနရသလဲ၊ အဆင္ေျပရဲ့လား ဘာညာေပါ့။

နည္းနည္းပါးပါး အာရံုလႊဲခံရေတာ့ က်န္းစုအာလဲ တစ္ခ်ိန္လံုး မနာေနေတာ့ဘူး။ အရင္တစ္ေခါက္က သူတို႔ကို ကယ္ထားတာအတြက္ကိုလဲ သူမ ေက်းဇူးတင္ၾကာင္း ထပ္တလဲလဲေျပာတယ္။ ပိုင္ရွန္းရိႈ႔ကေတာ့ အဲ့ကိစၥကို စိတ္ထဲ မထည့္ေတာ့ဘူး။ သူမ လိုလားတာက ကေလးေရာ မိခင္ပါ က်န္းက်န္းမာမာျဖစ္ဖို႔ပါပဲ။

က်န္းစုအာ ေန့တစ္ဝက္နည္းပါး နာနာက်င္က်င္ ပင္ပန္းဆင္းရဲ ခံစားၿပီးတဲ့ေနာက္မွာေတာ့ ကေလးကို ေမြးဖြားလိုက္ႏိုင္ေတာ့တယ္။

"ဂုဏ္ယူပါတယ္၊ သမီးေလးပါ" ကလးမေလးက မ်က္ဝန္းအိမ္အက်ယ္ႀကီးနဲ႔၊ သိပ္လွတဲ့ မ်က္ရစ္ႏွစ္ထပ္ပါတယ္။ အေခ်ာေလးပဲ။

"ဟုတ္လားဟင္၊ ရိႈ႔သခင္မ... ရွင္ သမီးေလးကို ဆံုးမၫႊန္ျပေပးမဲ့ ေခါင္းကိုင္အေမ လုပ္ပးႏိုင္မလား"

"လုပ္ေပးမွာေပါ့" ပိုင္ရွန္းရိႈ႔လဲ ဝမ္းသာလံုးဆို႔ေနတာ။ သူမကိုယ္တိုင္ ကေလးေမြးထုတ္လိုက္ႏိုင္တုန္းကနည္းပါးကို ေပ်ာ္ေနမိတယ္။ သူမကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ မ်က္ရည္ေတြ က်ေနမိတာ။ သန္႔ရွင္းေရးေတြပါ အားလံုး လုပ္ၿပီးခ်ိန္မွာေတာ့ ပိုင္ရွန္းရိႈ႔တစ္ေယာက္ တစ္ေနကုန္ ခရီးျပင္းႏွင္လာရတာထက္ကို ပင္ပန္းသြားေတာ့တယ္။ ဒါေပမဲ့ သူမ စိတ္ခ်မ္းသာပါရဲ့။ အားခြၽမ္ဆို စိတ္ထဲ ထိ လိႈက္လိႈက္လွဲလွဲခံစားသြားရလို႔ ခ်က္ခ်င္းကို မ်က္ရည္ေတြက်ၿပီး ငိုခဲ့တာ။ က်ားက်ားလ်ားလ်ား ပံုစံႀကီးကိုမွ အားမနာ ပါးေပၚမွာ မ်က္ရည္စီးေၾကာင္းႀကီးေတြနဲ႔ေပါ့။

"ရိႈ႔သခင္မဟာ ကြၽန္ေတာ္တို႔အတြက္ေတာ့ ဒုတိယမိဘလိုပါပဲ၊ အားခြၽမ္ တစ္သက္လံုး ေက်းဇူး မေမ့ပါဘူး" သူ ခ်က္ခ်င္း သူမအေရ႔ွ ဒူးေထာက္ခ်လိုက္ေတာ့တယ္။

ေမာ္ဒန္ေခတ္က အေတြးအေခၚအယူအဆေတြရိွတဲ့ လူတစ္ေယာက္အေနနဲ႔၊ သူမေရ႔ွ သူမ်ား ဒူးေထာက္ေနရင္ ပိုင္ရွန္းရိႈ႔ မႀကိဳက္ဘူးရယ္။ သူမ အိမ္ေတာ္မွာ အေနၾကာလို႔ က်င့္သားရတယ္ဆိုရင္ေတာင္ အခုလို ေယာက္်ားႀကီးတစ္ေယာက္က ဒူးေထာက္တာ ေတြ့ရေတာ့ မေနတတ္ေတာ့ဘူး။ သူမ ခ်က္ခ်င္း ေဘးကို ခုန္ေရွာင္ေနလိုက္ၿပီး ေျပာေတာ့တယ္။ "ရွင္ ထၿပီးပဲ ေျပာပါ၊ ဒီလိုႀကီးက မသင့္ေလ်ာ္ပါဘူး"

အားခြၽမ္လဲ မ်က္ရည္ေတြသာ သုတ္လိုက္ၿပီး ျပန္ထရပ္လိုက္ရေတာ့တယ္။ သူတို႔ လံုဟန္႔ကို ရွာဖို႔ နင္က်င္းကို သြားဖို႔ ထြက္လာတယ္ဆိုတာကို စုန္႔ေက်ာင္းယြဲ႔က တဆင့္ သူ ၾကားၿပီးၿပီ။ "နင္က်င္းၿမိဳ႔ကို ေပါက္ေရာက္မဲ့ လမ္းေကာင္းတခ်ိဳ႕ ကြၽန္ေတာ္ သိတယ္၊ လမ္းက်ဉ္းေတာလမ္းေလးေတြဆိုေတာ့ ရန္သူ႔စစ္တပ္ကလဲ ရွာေတြ့မွာ မဟုတ္ဘူး... မနက္ျဖန္ ကြၽန္ေတာ္နဲ႔ အဖြဲ႔က ညီေနာင္ေတြ သခင္မတို႔ကို လမ္းလိုက္ျပေပးမယ္ေလ"

"အဲ့သလိုဆိုရင္ေတာ့ အဆင္သင့္တာေပါ့၊ ဒါေပမဲ့ တတိယသခင္မ... မဟုတ္ေသးပါဘူး၊ ရွင့္ဇနီးက်ေတာ့ သူ႔ကို ေစာင့္ေရွာက္ေပးဖို႔ တစ္ေယာက္ေယာက္ မလိုဘူးလား၊ ရွင္ပါ လိုက္ရင္ သူ႔ကို ဘယ္သူက ၾကည့္ရႈေစာင့္ေရွာက္ေပးမွာလဲ"

အားခြၽမ္ သိသိသာသာ ေတြေဝသြားေတာ့တယ္။ ေတာင္တစ္ခုလံုးမွာ ေယာက္်ားသားေတြခ်ည္းရိွတာ၊ သူ႔မိန္းမကို ျပဳစုေပးဖို႔ ဘယ္သူနဲ႔မွ မသင့္ေတာ္ဘူး။ ေသခ်ာ ေစ့စပ္ေအာင္ ျပန္ေတြးၿပီးတဲ့ေနာက္မွာေတာ့ ပိုင္ရွန္းရိႈ႔က ေျပာလာေတာ့တယ္။ "တို႔ေတြ ယြိဆဲ့နဲ႔ ေရွာင္ဟြမ္ကို ထားခဲ့လိုက္မယ္ေလ၊ သူ႔ကို ျပဳစုရေအာင္လို႔... ေရွာင္ဟြမ္က သြက္သြက္လက္လက္ရိွေတာ့ ကူညီခိုင္းလို႔ေကာင္းတယ္၊ ယြိဆဲ့ကေတာ့ အစာအဆိပ္သင့္ၿပီး အန္ေနတာနဲ႔ ဒီမွာ ေနရစ္ခဲ့ၿပီး နားနားေနေန ေနတာ ေကာင္းမယ္"

သူမရဲ့ အႀကံျပဳခ်က္ကို ၾကားေတာ့ အားခြၽမ္ ေခါင္းညိတ္လိုက္တယ္။ ဒါေပမဲ့ စုန္႔ေက်ာင္းယြဲ႔က သေဘာမတူခ်င္ဘူး။ "အဲ့ဒါ ဘယ္သင့္ေတာ္မလဲ၊ ခင္ဗ်ားေဘးမွာလဲ ျပဳစုခစားေပးမဲ့သူ လိုတယ္ေလ"

ပိုင္ရွန္းရိႈ႔က ေမာ္ဒန္ေခတ္က လာတဲ့လူဆိုေတာ့ ကိုယ္ထူကိုယ္ထ ေနတတ္တယ္။ ေနရာတိုင္းမွာ အိမ္ေစမိန္းမေႁခြရံေလးေတြ စခပ္သိမ္း လိုက္ကူေပးေနဖို႔ မလိုဘူး။ "မလိုပါဘူး၊ ကြၽန္မကိုယ္ကြၽန္မ ေစာင့္ေရွာက္ႏိုင္ပါတယ္၊ ၿပီးေတာ့ ဒီခရီးက အေတာ္ေလးကို အႏၲရာယ္မ်ားလွတာ... မိန္းကေလးေတြ ထပ္ေခၚလာရင္ အားလံုးအတြက္ ဝန္ပိုပိေနလိမ့္မယ္"

"သူ အဆင္ေျပမွာပါ၊ သူက ႀကံ့ခိုင္ပါတယ္" ယြီခြမ္းက ပိုင္ရွန္းရိႈ႔ဘက္က ေထာက္ခံတယ္။ တိမ္ျဖဴေတာင္မွာတုန္းကတည္းက သူမဟာ ခံႏိုင္ရည္ရိွၿပီး စိတ္ဓာတ္ ႀကံ့ခိုင္သူဆိုတာကို သူ သိခဲ့တယ္။ သူမက ေၾကးရတတ္အိမ္ေတာ္က ျမင္ေတြ့ေနက် သခင္မေလးေတြလို ေပ်ာ့စိေပ်ာ့ဖတ္၊ အားႏြဲ႔လြန္းၿပီး အမွီအခိုလိုသူ မဟုတ္ေနဘူး။

စုန္႔ေက်ာင္းယြဲ႔ သေဘာမတူခ်င္ေပမဲ့ ဒီအစီအစဉ္က ခရီးေရ႔ွဆက္ဖို႔ အေကာင္းဆံုးနည္းလမ္းဆိုတာကိုေတာ့ နားလည္တယ္ေလ။ တိုင္းျပည္အေရးအတြက္ လုပ္ရတဲ့ ကိစၥဆိုေတာ့ က်န္တဲ့ ကိစၥေတြက သိပ္အေရးမပါလွေတာ့ဘူး။ ကိုယ့္ ခံစားခ်က္ေတြေရာေပါ့။ ဒါေၾကာင့္မို႔ စုန္႔ေက်ာင္းယြဲ႔ ခံစားခ်က္ေတြ အားလံုးကို ရင္ထဲမွာပဲ ျမဳပ္ႏွံထားလိုက္ေတာ့တယ္။ ဆံုးျဖတ္ခ်က္ အတည္ခ်မွတ္ၿပီးလိုက္ၿပီဆိုတာနဲ႔ အားခြၽမ္က ပိုင္ရွန္းရိႈ႔ကို မီးဖိုရိွတဲ့ ရႊံ႔တဲမွာ ေနရာထိုင္ခင္းျပင္ဆင္ေပးလိုက္တယ္။ သူမ အဲ့ဒီညေတာ့ ေကာင္းေကာင္း အနားရလိုက္တာပဲ။ သူမ အိပ္မက္ေတြထဲမွာေတာ့ လံုဟန္႔သာ ႀကီးစိုးေနေလတယ္။ သူမ သူ႔ကို သိပ္ေတြ့ခ်င္ေနတာ။ သူ လံုၿခံဳေဘးကင္းပါေစလို႔လဲ သူမ ဆုေတာင္းေနမိတယ္။ တကယ့္တကယ္မွာ သူ ၿမိဳ႔ထဲ ပိတ္မိေနတာ ဆယ္ရက္ေလာက္ရိွေနၿပီေလ၊ စားနပ္ရိကၡာေတြ ျပတ္လပ္လုၿပီေပါ့။

_______

Notes:

Paid Gp update - အခန္း ၂၀၀ - ၂၉၅ ထိ ၂၅၀၀ နဲ႔ ဝင္လို႔ ရေနပါၿပီေနာ္

Continue Reading

You'll Also Like

2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.2M 65.1K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
486K 41.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest