မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

80.1K 6.8K 42

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter (1)
Chapter- 2 နှုတ်ခမ်းပဲ့ခြင်းမီးမှုတ်
Chapter(3) မှော်ကျောက်ဖရုံ
Chapter - 4 မင်းပိုက်ဆံလိုရင်ငါချေးမယ်
Chapter -5 "ရတနာရှိရာ ရန်သူလာ"
Chapter -6 "မိုးကောင်းကင်မှ ခရမ်းရောင် ချီဓာတ်များ"
Chapter -7 "ပြိုင်ဘက်ကင်း လောကနတ်ဘုရားနှင့် ရှေးဦး စကြဝဠာ ဝိညာဉ်တော်"
Chapter -8 ရှေးဦးခရမ်းရောင် ကျင့်စဉ်
Chapter-9 "ထူးခြားသော ဥတစ်လုံး"
Chapter -10 "ထူးခြားအံ့ဖွယ် ဆေးလုံး"
Chapter - 11 "မင်းက ဝယ်ချင်နေပေမဲ့ ငါက မရောင်းနိုင်ဘူး"
Chapter -12 "ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်"
Chapter -13 "ပျင်းနေသလား ပြဿနာ သွားရှာကြစို့"
Chapter -14 "အဆိပ်မိ ခဲ့တော့ရော ဘာဖြစ်လဲ"
Chapter - 15 ခြိမ်းခြောက်တောင်းဆိုခြင်း
Chapter - (16) သခင်လေးသုံးပါး၏ အိမ်မက်များ
Chapter - (17) နောက်တစ်ဆင့်သို့ တက်ခြင်း
Chapter - ( 18 ) ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ
Chapter - (19) မင်းပုံမလာရင် ငါ့အဆိုးမဆိုနဲ့
Chapter - (20) မင်းငါ့ကို သတ်ချင်နေတာထက် ငါက မင်းကို ပိုသတ်ချင်တယ်
Chapter - (21) ဧကရာဇ်၏ ဓားသွား
Chapter - (22) ရယ်ရလွန်းရင် ငိုရတတ်တယ်
Chapter - (23) သံသယများ၏ နောက်ကွယ်
Chapter - (24) မင်းဒုက္ခရောက်လိမ့်မယ်လို့ ငါကြိုမပြောခဲ့ဘူးလား
Chapter - (25) အပြာရောင် ရေခဲချီဓာတ်
Chapter - (26) စုံစမ်းစစ်ဆေးမှုများ စတင်ခြင်း
Chapter - (27) လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် ၀တ်ရုံနှင့်လူ
Chapter - (28) ငါ့ရဲ့အမုန်းတွေကနေ နင်ဘယ်တော့မှ မလွတ်မြောက်စေရဘူး
Chapter - (29) အရမ်းစိတ်ပျက်ဖို့ ကောင်းတဲ့ လူကြီး
Chapter (30) လုပ်ကြံသတ်ဖြတ်သူများနှင့် တစ်ညတာ
Chapter - (31) တစ်ချက်တည်း နဲ့ လူရှစ်ယောက်ခေါင်းပြတ်
Chapter - (32) ထူးဆန်းသော ဝါးတော၊ တောင်တန်းများ နှင့် အမျိုးသမီးအစေခံတစ်ဦး
Chapter - (33) ပညာရှိ သတိဖြစ်ခဲ
Chapter - (34) သခင်ကြီးဖန် လာပါပြီ
Chapter - (35) နှစ်ကြိမ်တိုင်တိုင် ချော်လဲခြင်း
Chapter - (36) "မိန်းကလေးနှင့်ရွှေလက်တိုက်ကွက်"
Chapter - (37) "ကတိပေးကြခြင်း"
Chapter - 38 "ရေခဲကြာပန်း"
Chapter - 39 "နောက်မှပေါက်သောရွှေကြာနှင့်မိုးတိမ်သဲကျောက်"
Chapter - 40 "မှင်ရောင်ကြာပန်းအားဖြည့်ပင်နှင့်မရဏကျောက်တုံး"
Chapter - 41 "ဘယ်သူမှမယူချင်ရင်ငါယူမယ်"
Chapter - 42 "ဝတ်စုံဖြူဝတ်မိန်းကလေးနှင့်မိုးပြာရောင်ဝတ်မိန်းကလေး"
Chapter - 43 "အံ့သြစရာဆေးလုံးများ"
Chapter - 44 "ငါကဆေးလုံးတွေရဲ့ပိုင်ရှင်ပါ"
Chapter - 45 "သခင်ကြီးဘိုင်နှင့်မုန်တိုင်းအိမ်တော်"
Chapter - 46 "ညာလက်ရုံးချူးအာ"
Chapter - 47 "မချိပြုံးပြုံးနေသည့်နောင်ကြီးဖန်"
Chapter - 48 "ဟင်းလင်းပြင်ကြီး၏ပြောင်းလဲမှု"
Chapter - 49 "ဖမ်းမိခြင်းပေလော"
Chapter - 50 "ဟင်းလင်းပြင်ကိုးခု"
Chapter - 51 "ဝမ်ရမ်ချူးချူးထံမှလွတ်မြောက်ရန်ကြိုးစားခြင်း"
Chapter - 52 "မှင်ရောင်အားဖြည့်ကြာပန်းနှင့်လွတ်မြောက်ရန်ကြိုးပမ်းမှု"
Chapter - 53 "ငါကုသနိုင်တယ်၊ ငါ့ကိုတောင်းပန်ပါ"
Chapter - 54 "ရှင်ယောကျာ်းတစ်ယောက်မဟုတ်ဘူးလား"
Chapter - 55 "ကျွန်မလုပ်ပါ့မယ်"
Chapter - 56 "မင်းရဲ့အဝတ်အစားတွေကိုချွတ်လိုက်ပါ"
Chapter - 57 "အရူးတစ်ယောက်၏ကုထုံး"
Chapter - 58 "မိန်းကလေးတစ်ယောက်၏စိတ်အခြေအနေ"
Chapter - 59 "မရှောင်လွှဲနိုင်သောထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 60 "မုန်တိုင်းအိမ်တော်မှလူသတ်သမားများ"
Chapter - 61 အပြန်လမ်း
Chapter - 62 ဉာဏ်ကြီးရှင်မိန်းကလေး
Chapter - 63 ရူးသွပ်နေသည့်မိန်းကလေး
Chapter - 64 ကြိုတင်ဟောကိန်းထုတ်ခြင်း
Chapter - 65 စိတ်နှစ်၍ကျင့်ကြံခြင်း
Chapter - 66 ရောက်ရှိလာမည့်အန္တရာယ်
Chapter - 67 ခရမ်းရွှေရောင်သွေး
Chapter - 68 ရွှေလက်ဝါးတိုက်ကွက်
Chapter - 69 တောင်ပိုင်းမှတိုက်ပွဲများ
Chapter - 70 လမ်းမပေါ်တွင်လုပ်ကြံခံရခြင်း
Chapter - 71 နှလုံးသားထဲကမီးတောက်
Chapter - 72 နတ်လက်များအဖွဲ့
Chapter - 73 နတ်လက်နက်များ
Chapter - 74 မင်းသေတာငါစိတ်မသက်မသာဖြစ်တယ်
Chapter - 75 လေးစားဖွယ်စစ်သူကြီး
Chapter - 76 အတုမရှိသောပညာရှင်
Chapter - 77 မိဘများနှင့်ပတ်သက်၍
Chapter - 78 ရဲရှောင်ဆိုတာညလယ်စာ
Chapter - 79 အရှက်ကွဲခြင်း
Chapter - 80 နတ်မိစ္ဆာအသွားလက်နက်များ၏နောက်ကွယ်
Chapter - 81 ပုံစံအသစ်နှင့်ရဲရှောင်
Chapter - 82 လေးစားမှုဖြင့်ပေးသောလက်ဆောင်လေး
Chapter - 83 ဖော်မပြနိုင်လောက်အောင်အရှက်မဲ့ခြင်း
Chapter - 84 အမေး
Chapter - 85 အပြောကြမ်းလှသည့်သခင်လေး
Chapter - 86 အမှန်တရားကအရေးကြီးလို့လား
Chapter - 87 ကျုပ်မတိုက်ခိုက်ချင်ဘူး
Chapter - 88 စစ်သည်တစ်ထောင်ကျင့်စဉ်
Chapter - 89 အရိုးပျော်လက်ဝါးရိုက်ချက်
Chapter - 90 ဒေါသထွက်နေသောအိမ်တော်ထိန်းကြီး
Chapter - 91 အရိုးပျော်ရိုက်ချက်အားကုသခြင်း
Chapter - 92 မိုးသည်းထန်သောညတစ်ည
Chapter - 93 စိတ်ပျက်စရာကောင်းလှသောသတ်ဖြတ်ရေးပညာရှင်
Chapter - 94 ငါဟာခွေးတစ်ကောင်မဟုတ်ဘူး
Chapter - 95 ခရမ်းရောင်ကြာပန်းသခင်
Chapter - 96 ကတိ
Chapter - 97 ခြေရာခံလိုက်ခြင်း
Chapter - 98 ဘယ်လိုဖြစ်နိုင်မှာလဲ
Chapter - 99 ကွာခြားမှု
Chapter - 100 တင်းမာလျက်ရှိသောလေလံခန်းမ
Chapter - 101 အန္တရာယ်
Chapter - 103 လုပ်ဇာတ်
Chapter - 104 ဆေးပညာ၏ဥပဒေသများ
Chapter - 105 ကြာပန်းသခင်ဇာတ်လမ်း
Chapter - 106 ရိုးသားသောဖန်ဇီလင်
Chapter - 107 ဒီနေ့တော့ချမ်းသာပြီ
Chapter - 108 တောင်းသလောက်ပေးမယ်
Chapter - 109 "ပူးပေါင်းမှုမလုပ်ခင်အပေးအယူ"
Chapter - 110 ထောင်ချောက်မိသွားခြင်း
Chapter - 111 သောကပွေခြင်း
Chapter - 112 ထူးခြားအစွမ်းထက်လှသည့်အရိုးသန့်စင်ဆေး
Chapter - 113 "မြေကြီးအဆင့်လေး"
Chapter - 114 "ပြင်ဆင်မှုပြုလုပ်ခြင်း"
Chapter - 115 "တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားဖြစ်နေတာပဲ"
Chapter - 116 "သူမကိုသတ်တာသူကိုယ်တိုင်လား"
Chapter - 117 "ရက်စက်ယုတ်မာတတ်သော"
Chapter - 118 "တစ်ခုခုတော့မှားနေပြီ"
Chapter - 119 "ကလဲ့စားချေရန်အတွက်အဆင်သင့်ဖြစ်ပြီ"
Chapter - 120 "ဂုဂျင်လုံရောက်ရှိလာခြင်း"
Chapter - 121 "အလုပ်ဖြစ်သွားခြင်း"
Chapter - 122 "နည်းအမျိုးမျိုးဖြင့်သတ်ဖြတ်ရန်ကြိုးစားခြင်း"
Chapter - 123 "ဘာကြောင့်လဲ"
Chapter - 124 "ဥဖြင့်တိုက်ခိုက်ခြင်း"
Chapter - 125 "ဥကြောင့်ကွယ်ပျောက်သွားသောဝိညာဉ်တော်"
Chapter - 126 "ဒီတစ်ကြိမ်တော့ချမ်းသာပြီ"
Chapter - 127 "ထူးခြားဖြစ်စဉ်"
Chapter - 128 "ဟွာရန်းနန်းတော်၏ညစာစားပွဲ"
Chapter - 129 "သံမဏိစစ်သည်တော်များ"
Chapter - 130 "တိုက်ပွဲပျော်အရက်သောက်ကြခြင်း"
Chapter - 131 "ဘုရင်မင်းမြတ်ရောက်ရှိလာခြင်း"
Chapter - 132 "ဘုရင်ဆိုတာ"
Chapter - 133"ထိပ်တန်းပညာရှင်ကုန်းကုန်းကြီး"
Chapter - 134 "မကောင်းသောနိမိတ်"
Chapter - 135 "ဘီးတပ်ကုလားထိုင်ပေါ်ကလူတစ်ယောက်"
Chapter - 136 "ခဏတာအိပ်မက်မက်ခြင်း"
Chapter - 137 "ရဲနန်ရှန်၏လျို့ဝှက်ချက်များ"
Chapter - 138 "ကောင်းကင်လျို့ဝှက်ရတနာ"
Chapter - 139 "မုန်တိုင်းအိမ်တော်၏လျို့ဝှက်ချက်"
Chapter - 140 "ဧကရာဇ်ဖြစ်တဲ့နေ့မှာလက်ထပ်မယ်"
Chapter - 141 "ထွက်တော်မူနန်းကခွာ"
Chapter- 142 "ပြဿနာလာရှာကြခြင်း"
Chapter - 143 "ပမာမခန့်ပြုလုပ်ခြင်း"
Chapter - 144 "အဲဒီကောင်ကမျိုးမစစ်"
Chapter - 145 "ငါသူ့ကိုသတ်တော့ရောဘာဖြစ်လဲ"
Chapter - 146 "မောက်မာမှု"
Chapter - 147 "အရိုးပျော်လက်ဝါးရိုက်ချက်ဒဏ်ခံရခြင်း"
Chapter - 148 "ဓားစာခံ"
Chapter - 149 "အိမ်ရှေ့မင်းသား၏ရှေ့ရေးအစီအစဉ်များ"
Chapter - 150 "သူခိုးကလူပြန်ဟစ်ခြင်း"
Chapter - 151 "ခင်ဗျားကလူလိမ်"
Chapter - 152 "ဒေါသမီးတောက်လောင်ခြင်း"
Chapter - 153 "သစ္စာဖောက်"
Chapter - 154 "တော်ဝင်သမားတော်များရောက်ရှိလာခြင်း"
Chapter - 155 "ရဲရှောင်သေလိမ့်မယ်"
Chapter - 156 "လင်းပါအိုလေလံခန်းမအားအပိုင်သိမ်းခြင်း"
Chapter - 157 "ဆုပ်လည်းစူး စားလည်းရူး"
Chapter - 158 "ဝမ်ဇန်းဟိုအားသိမ်းသွင်းခြင်း"
Chapter - 159 "အဆီများ"
Chapter - 160 "နတ်အဆီစားသောက်ပွဲတော်"
Chapter - 161 "ဘုရင်မင်းမြတ်၏စိုးရိမ်ပူပန်မှု"
Chapter - 162 "မြောက်ပိုင်းတပ်"
Chapter - 163"ကျုပ်ကသူရဲကောင်းတစ်ယောက်မဟုတ်ဘူး"
Chapter - 164"လနန်းတော်ဆီသို့လာနေသောသစ်ရွက်လေးတစ်ရွက်"
Chapter - 165"ခင်ဗျားကဆင်းရဲလိုက်တာ"
Chapter - 166"သဘာဝတရား"
Chapter - 167"လုပ်ကြံသတ်ဖြတ်မှု"
Chapter - 168"မုဆိုးလေလား သားကောင်လေလား"
Chapter - 169 "အဆုံးသတ်နိဂုံး"
Chapter - 170 "အရှုပ်အထွေး"
Chapter - 171"သေမထူး နေမထူး"
Chapter - 172 "ခရမ်းရောင်ချီဓာတ်ကျရောက်ခြင်း"
Chapter - 173"ချူးချူးလာချေပြီ"
Chapter - 174 "စစ်သူကြီးရဲ၏ဒေါသ"
Chapter 175 - 180
Chapter - 181 - 185
Chapter 186 - 188
Chapter - 189"ရုတ်တရက်အဖြစ်အပျက်များ"
Chapter - 190"တာဝန်ယူမှု"
Chapter - 191 "သေအတူရှင်မကွာ"
Chapter - 192"ပ​‌ဟေဠိ"
Chapter - 193 "နဝမဖန်တီးခြင်းဆေး"
Chapter - 194 "မိန်းမတစ်ယောက်ပါပဲ"
Chapter - 195 "အင်အားဆိုသည်မှာ"
Chapter - 196 "လက်ထပ်ပြီးနောက်ခွဲခွာခြင်း"
Chapter - 197 "ရုတ်ချည်းပြောင်းလဲမှုများ"
Chapter - 198 "ထီးနှင့်တူသော သမီး"
Chapter - 199 "အရိုးကြေကြေ အရေခမ်းခမ်း"
Chapter - 200 "သခင်ကြီးဘိုင်၏စိုးရိမ်ပူပန်မှု"
Chapter - 201"ရိုက်ရဲတယ်ပေါ့လေ"
Chapter - 202 "အားမလိုအားမရ"
Chapter - 203 "သူတစ်ပြန်ကိုယ်တစ်ပြန်"
Chapter - 204 "မိန်းမများ၏စိတ်"
Chapter - 205 "တစ်စုံတစ်ယောက်"
Chapter - 206 "နှစ်ဝက်သာအချိန်ရတော့ခြင်း"
Chapter - 207 "တိမ်မြူခိုးနန်းတော်"
Chapter - 208 "ပိုင်ရှင်းယွဲ့" (အတွဲ ၂ ထပ်ခွဲထားပါတယ်)

Chapter - 102 ရန်သူ

330 27 0
By KazunoMora

Chapter – 102 ရန်သူ

ရဲရှောင်သည် သူ့လက်တစ်ခုလုံး အသားတုံးကြီး တစ်ခုအတွင်းသို့ အစာသွပ်လိုက် သကဲ့သို့ ခံစား လိုက်ရသည်။

၀မ်ဇန်းဟိုသည် ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးရယ်နေပြီး တစ်ကိုယ်လုံးသည် တုန်ရီ နေလေ၏။ သူ၏ ပခုံးပေါ်ရှိ အသားစိုင်ကြီးများသည်လည်း လှုပ်ခါလျက် ရှိနေပြီး ကြည့်ရသည်မှာ တကယ် အန်ချင်စရာပါပင်။

ရဲရှောင်သည် ထူးဆန်းသော အမူအယာဖြင့် -

“ခင်ဗျားက ဒီရက်ပိုင်း ကိုယ်ရည်စစ် သွားတယ် ဟုတ်လား . . .”

သူ့စိတ်ထဲ ပြောစရာ စကား ရှာမရအောင်ပင် ဆွံ့အ နေမိလေ၏။

(ခင်ဗျား ကိုယ်ရည်စစ် သွားတာတောင် ဒီလောက် ဝနေရင် . . . ဘယ်လိုတောင် ဒီစကား ပြောထွက်ရတာလဲ . . .)

“အိုး ဟိုးဟိုး . . . ဆရာကြီး၀မ် သူဌေး၀မ် . . . တွေ့ရတာ ၀မ်းသာပါတယ် . . .”

ရဲရှောင် ရုတ်တရက် ထပြောလိုက်သည်။ ထိုအချိန်တွင် ပါးစပ်အား လက်ဖြင့် ခပ်ကြမ်းကြမ်းလေး ပင့်၍ ရိုက်ထည့်လိုက်ပြီး ဖြစ်၏။

ထိုကဲ့သို့ လုပ်လိုက်ခြင်းမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ အဆစ်လွဲသွားသဖြင့် ပြန်တည့်လိုက်ခြင်း ဖြစ်လေ၏။

ရှောင်ဧကရာဇ်သည် နှစ်ဘ၀စာ မှတ်ဉာဏ် ရှိနေသော လူတစ်ဦး ဖြစ်သည့်တိုင် ယခုအကြိမ်သည် သူ့ဘ၀တွင် အကြီးမားဆုံး အရာကြီးကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။ ထိုအရာကြီးမှာလည်း အံ့သြဖွယ်ရာ လူသားတစ်ဦး ဖြစ်နေပြန်ပါသည်။

ထို့ကြောင့် ထိုလူကို မြင်ကတည်းက ပါးစပ်အဟောင်းသားဖြင့် ပွင့်၍ နေသဖြင့် မေးရိုးလွဲသွားခြင်း ပင် ဖြစ်၏။

ထို့ကြောင့် အလျင်အမြန်ပင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ပြန်တည့်လိုက်ရလေ၏။

၀မ်ဇန်းဟိုသည် ရှောင်ဧကရာဇ်အား ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်သည့် ပထမဆုံး လူတစ်ဦးပင် ဖြစ်လေသည်။

ရဲရှောင်လည်း ပါးစပ်ကို ပြင်ပြီးသည်နှင့် ထိုကဲ့သို့ ပြောမိပြောရာ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အထာမကျသဖြင့် “ဟဲဟဲ” ဟု ပြောလိုက်သော်လည်း “ဟိုးဟိုး” ဟု အသံထွက်သွားခြင်း ဖြစ်၏။

သို့သော်လည်း ထိုကဲ့သို့ ဖြစ်သွားရခြင်းသည် သူ့အမှားတော့လည်း မဟုတ်ချေ။ ၀မ်ဇန်းဟိုသည် လူတိုင်း မျှော်မှန်းထားသည်ထက်ပင် ၀လွန်နေခြင်း ဖြစ်ပြီး လူသားတစ်ဦးနှင့်ပင် မတူလှပေ။

၀မ်ဇန်းဟိုသည် သိုင်းကျင့်စဉ် ပညာရပ်များအကြောင်း မသိသည့်တိုင် ထိပ်တန်းအဆင့် ပညာရှင် တစ်ဦး တိုက်ခိုက်မည် ဆိုပါက သူ၏ အသားစိုင်များကို ဖြတ်သန်း၍ အရိုးကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ဟု ရဲရှောင် ခန့်မှန်းလိုက်မိ၏။

ရဲရှောင်သည် ပြုံးပြလိုက်ရင်း လက်ဆွဲနှုတ်ဆက်သည့်လက်အား ပြန်ရုပ်လိုက်ကာ နောက်သို့ ပစ်လိုက်လေ၏။ သူ့လက်တွင် ဆီကဲ့သို့ အရာများ ပေကျံနေပြီး လူဝြကီး၏ လက်မှထွက်သော ချွေးများ လက်ဆီများပင် ဖြစ်ပါချေလိမ့်မည်။

“ဟားဟား ဟားဟား . . .”

၀မ်ဇန်းဟိုသည် ရယ်မောလျက်သာ ရှိနေလေ၏။

“လာပါ နောင်ကြီးဖန် . . . အပေါ်ထပ်ကို လိုက်ခဲ့ပါ။ ဟားဟားဟား . . . နှစ်တစ်ထောင် လက်ဖက်ရည်နဲ့ ဧည့်ခံပါ့မယ်။ ကျုပ်က မိတ်ဆွေဖွဲ့ရတာ အရမ်းကြိုက်တာဗျ။ အထူးသဖြင့် ခင်ဗျားလို တော်တဲ့ တတ်တဲ့ ပညာရှင်တွေ မျိုးနဲ့ပေါ့။ ခင်ဗျားကို မြင်လိုက်ရမှ ကျုပ်လည်း နေသာထိုင်သာ ရှိသွား တော့တယ်။ ခင်ဗျားနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တယ်ဗျာ . . .”

သူသည် အဆက်မပြတ်ဖြင့် တရစပ် ပြောဆိုနေသည်။

(နှစ်တစ်ထောင် လက်ဖက်ရည်ဆိုမှတော့ လက်ဖက်ခြောက်က အမှုန့်ပဲ ဖြစ်ရမယ် . . .)

ရဲရှောင်သည် ဘာဆိုဘာမျှကို ပြန်လည် ပြောဆိုနိုင်စွမ်း မရှိပေ။

၀မ်ဇန်းဟိုသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်သဖြင့် သူ၏ တုတ်ခိုင်လှသော ခန္ဓာကိုယ် သည် တစ်ဖက်လူ အမြင်တစ်မျိုး ဖြစ်နေမည်ကို ကြိုတင် သိရှိနေပုံပါပင်။ ထို့ကြောင့် ရယ်မောရင်း ဆက်လက်၍ -

“ကျုပ်ကတော့ အေးအေးဆေးဆေးပါပဲဗျာ၊ ကျုပ်ရဲ့ ခန္ဓာကိုယ် အလေးချိန်က လွဲလို့ပေါ့။ ဟားဟား၊ ဒါလည်း ကျုပ် ဘာမှ မတတ်နိုင်ဘူးမလား။ ဘာတွေပဲစားစား စားတယ် ဆိုတာနဲ့ ၀လာမှာပဲ၊ မစားဘဲကလည်း နေလို့ မရဘူးလေ။ လေ့ကျင့်ခန်းတွေ လုပ်ပေမဲ့လည်း မထူးပါဘူးလေ။ ကျုပ် အတွက်ကတော့ အမြဲတမ်း ဝနေတော့မှာပဲ။ ဘယ်လောက်ထိများ ၀နိုင်ဦးမလဲ ဆိုတာကို ကျုပ်ကိုယ်ကျုပ် သိချင်မိရဲ့ . . .”

သူလှေကား တစ်ထစ် တက်လိုက်တိုင်း လှေကားကြီးသည် တုန်ခါလျက် ရှိနေလေ၏။

“တ . . . တဖြည်းဖြည်းနဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်လည်း ဒီလိုကြီး ဖြစ်ဖြစ် လာရတာပဲဗျာ . . .”

နောက်ဆုံးတွင်တော့ သူတို့သည် အပေါ်ထပ်သို့ရောက်ရှိလာကြလေ၏။

“ကျုပ်ကိုယ်ကျုပ် ထင်တာတော့ ပေါင် ၁၅၀၀ လောက် ရှိနေမယ် ထင်တယ်။ မှားကောင်းလည်း မှားနိုင်ပါတယ် . . .”

“ထူးဆန်းပါပေ့ဗျာ . . .”

ရဲရှောင်သည် အံ့သြဟန်ဖြင့် ပြောလိုက်သည်။ သူ့စိတ်ထဲတွင်လည်း အမှန်တကယ်ပင် အံ့သြ နေခြင်း ဖြစ်လေ၏။

(ပေါင် ၁၅၀၀ . . .)

“ဒါက လှောင်ပြောင်စရာ မဟုတ်ပါဘူးဗျာ။ နယ်ပယ်တိုင်းမှာ ထူးချွန်တဲ့ လူဆိုတာ ရှိစမြဲပါ။ ဒီလို ခန္ဓာကိုယ် အ၀ဆုံး ပြိုင်မယ် ဆိုရင် ခင်ဗျားလည်း သမိုင်းမှာ နံပါတ် ၁ အဖြစ် ဗိုလ်စွဲလောက်ရဲ့ . . .”

ရဲရှောင် ခပ်အေးအေးပင် ပြောလိုက်သည်။

သူသည် မြောက်ပင့်၍ ပြောဆိုခြင်း မဟုတ်ပေ။ စိတ်ထဲ ရှိသည့် အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်လေ၏။ တကယ်လည်း ဖြစ်နိုင်နေသည် မဟုတ်ပါလား။

(ဒီလောက်ထိ၀တဲ့ လူမျိုး ငါ့ဘ၀ ၂ ခုလုံးမှာ မြင်ကို မမြင်ခဲ့ဖူးဘူး . . .)

၀မ်ဇန်းဟိုမှ ရယ်မော၍ -

“တော်၀င်ပြိုင်ပွဲတွေမှာ အ၀ဆုံး လူတွေကို စစ်ဆေးမှုလုပ်ပြီး လူသစ်မခေါ်တာ တကယ်စိတ်ပျက် စရာပဲ။ ဒီလိုမှမဟုတ်ရင် ကျုပ်အဲဒီကို ရောက်ပြီးလောက်ပြီဗျ . . .”

“ခင်ဗျား ပြုံးပြလိုက်ရင်ကို လူတိုင်းက ခင်ဗျားကို အဆင့် ၁ ပေးမှာ သေချာတယ် . . .”

ရဲရှောင် ချီးကျူးဟန်ဖြင့် ပြောလိုက်၏။

သူတို့သည် အခန်းတစ်ခုအတွင်း စကားပြောရင်းဖြင့် ၀င်လာကြသည်။ အခန်းထဲသို့ ရောက်သည် အထိ ရဲရှောင်သည် သတိကြီးစွာထား၍ နေနေမိ၏။ ရောက်ရှိသွားသည့် အခါတွင်တော့ ပို၍ပင် သတိကြီးစွာ ထားလိုက်မိပါတော့သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ဦးအား တွေ့ရှိလိုက်၍ ဖြစ်ပါသည်။

ထိုလူသည် သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး သူ၏မျက်နှာတွင် ပေါက်နေသည့် အမွှေးအချို့သည် ရင်ဘတ်ထိတိုင်အောင် ကျနေလေ၏။ မျက်နှာသည် ခပ်ပိန်ပိန်ဖြစ်ပြီး ခန္ဓာကိုယ်မှာတော့ ကြံ့ခိုင် သန်စွမ်းဟန်ပါပင်။ ကောင်းကင်ထက်မှ လူတစ်ဦးကဲ့သို့ မိုးပြာရောင် ၀တ်ရုံအား ၀တ်ဆင်ထား၏။

ထိုအချိန်တွင် ထိုလူသည် ရဲရှောင်အား အပြုံးဖြင့် ကြိုဆိုလိုက်ရင်း နူးညံ့သော လေသံဖြင့် -

“နောင်ကြီးဖန်လား . . .”

ရဲရှောင်သည် ထိုင်ခုံတစ်ခုံအား ကြည့်နေရင်းဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် သူလည်း ပြန်၍ကြည့်လိုက်ရင်း -

“ဒီက မိတ်ဆွေက . . .”

သူ၏ မျက်နှာသည် တည်ငြိမ်သည့် ဟန်ပန်မျိုး ရှိနေသော်လည်း မျက်လုံးများအရ စိတ်ရှုပ်ထွေး နေသည့်် ဟန်ပန်မျိုးပင် ဖြစ်နေလေ၏။

သူ့ရင်ထဲတွင်လည်း တကယ်ပင် ရတက်မအေး ဖြစ်နေသည်။

ထိုလူအား ရဲရှောင် သိနေခြင်းပင် ဖြစ်၏။

ထိုလူကို သိသည်မှာ ယခုဘ၀ ရဲရှောင် မဟုတ်ပေ၊ ရှောင်ဧကရာဇ်ပင် ဖြစ်၏။

ထိုလူအား လွန်ခဲ့သည့် ၃ လခွဲတုန်းကပင် နောက်ဆုံးအနေဖြင့် တွေ့ရှိခဲ့ပါသေးသည်။

လွန်ခဲ့သော သုံးလခွဲခန့်က ရှောင်ဧကရာဇ်အား ကျဆုံးအောင် လုပ်ခဲ့သည့် လူများအနက် တစ်ဦးပင် ဖြစ်နေလေ၏။

အင်အားစုကြီး ၃ စုအနက် ၁ စုဖြစ်သည့် သူရိယဂိုဏ်း၏ ထိပ်ဆုံး လက်ရွေးစင် ၁၀ ယောက်တွင် အဆင့် ၉ ရှိနေသူပင် ဖြစ်၏ လေဓားနတ်ဘုရား ဂုဂျင်လုံပင် ဖြစ်သည်။

သူ၏ ဓားချက်သည် လေပြည်လေညှင်းကဲ့သို့ ညင်သာလွန်းလှကာ ခြေရာလက်ရာ မကျန်အောင် သတ်ဖြတ်နိုင်သူ တစ်ဦး ဖြစ်သဖြင့် လေဓားနတ်ဘုရားဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ရဲရှောင်သည် သူ့ယခင်ဘ၀မှ ရန်သူတော်တစ်ဦးနှင့် ယခုဘ၀တွင် ပြန်၍ ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။

ထိုကဲ့သို့ ကျင့်ကြံမှု အဆင့်မြင့်လှသော ပညာရှင်တစ်ဦး မော်တယ်ကမ္ဘာသို့ ရောက်ရှိနေခြင်းသည် အလွန်ထူးဆန်းသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

ယခုအခါတွင်တော့ ရဲရှောင်သည် တစ်စုံတစ်ခုကို နားလည်သွားခဲ့ချေပြီ။ ယခုကမ္ဘာသို့ ရောက်ရှိ ကတည်းက ကောက်ချက်ချမိခဲ့သည့် အတွေးပင်ဖြစ်ပြီး ယခုအခါ ပို၍ပင် သေချာသွားပြီ ဖြစ်သည်။ မော်တယ်ကမ္ဘာနှင့် ချင်းယန်နယ်ပယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခုရှိပြီး ထိုလမ်းကြောင်းမှ လူများ သွားလာနိုင်မည် ဆိုသည့် အတွေးပင် ဖြစ်၏။

အဆိုပါ လမ်းကြောင်းကိုလည်း ချင်းယန်နယ်ပယ်ရှိ အင်အားစုကြီး ၃ ခုမှသာ ထိန်းချုပ်ထားခြင်း ဖြစ်မည်ဟုပါ တွေးလိုက်မိလေ၏။

အင်အားစုကြီး ၁ ခုချင်းစီတွင်ပင် လမ်းကြောင်းတစ်ခုဆီ ရှိနေနိုင်ပြီး လျို့ဝှက်ထားကြမည်မှာ လည်း သေချာလှပေသည်။

ဂုဂျင်လုံသည် လက်ရှိ မော်တယ်ကမ္ဘာတွင် အစွမ်းထက်ဆုံး ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုတာ ရဲရှောင် သိရှိနေပြီး ထိုကဲ့သို့သော အဆင့်မျိုးသည် မော်တယ်ကမ္ဘာတွင် ရှိမနေနိုင်ချေ။

သူသည် မူလတာအိုအဆင့်၏ ထိပ်သီးတစ်ဦးပင် ဖြစ်၏။

မော်တယ်ကမ္ဘာတွင် သိုင်းပညာအဆင့်အား ၃ ဆင့်ခွဲခြားထားပြီး ၎င်းတို့မှာ မော်တယ်အဆင့်၊ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့် ဟူ၍ ဖြစ်ကြ၏။

ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်ဆိုသည်မှာ ယခုကမ္ဘာ၏ အစွမ်းထက်ဆုံး အဆင့်ပင် ဖြစ်ပါသည်။

ချင်းယန်နယ်ပယ်၏ အဆင့်များမှာမူ အဆိုပါ အဆင့်များထက် မြင့်ပြီး စုစုပေါင်းအားဖြင့်လည်း ၃ ဆင့်ပင် ဖြစ်၏။

၎င်းတို့မှာ မူလဝိညာဉ်တော်အဆင့်၊ မူလအိပ်မက်အဆင့်နှင့် မူလတာအို အဆင့်တို့ပင် ဖြစ်လေ၏။

အဆင့်တစ်ခုတွင် အဆင့်ခွဲ ၉ ဆင့် ရှိနေပြီး ထို့ကြောင့်ပင် အဆင့်ကြီး ၃ ဆင့်သည် တစ်ဆင်နှင့် တစ်ဆင့်ကြားတွင် ကွာခြားမှု အလွန်ရှိသည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့်ပင် ဂုဂျင်လုံအား မော်တယ်ကမ္ဘာတွင် မည်သူမှ ယှဉ်နိုင်မည် မဟုတ်ဟု ဆိုခြင်း ဖြစ်၏။

မော်တယ်ကမ္ဘာ၏ နတ်ဘုရားတစ်ပါးဟုပင် ဆိုနိုင်လေသည်။

ထိုလူသည် ရဲရှောင်၏ ရန်သူတော်ဟောင်း တစ်ဦးပင် ဖြစ်လေ၏။

ယခုအခါ ရဲရှောင်၏ ရှေ့မှောက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ရဲရှောင် လက်ဖက်ရည်အား တစ်ငုံငုံလိုက်ပြီးနောက် မျိုချလိုက်သည်။ သူ၏ရင်ထဲမှ အမုန်းတရား များအား လက်ဖက်ရည်နှင့်အတူ ပြန်၍ မျှောချလိုက်လေ၏။

သူ၏ ယခင် ရှောင်ဧကရာဇ်လို အားမျိုး ရှိနေလျှင်တော့ ဂုချင်လုံအား အေးအေးဆေးဆေးပင် သတ်၍ ရနိုင်ပေသည်။

သို့သော် ယခုအချိန်တွင်မူ ဂုချင်လုံအဖို့ ရဲရှောင်အား လက်ဖျောက်တစ်ချက် တီး၍ပင် သတ်ဖြတ် နိုင်နေပြီ ဖြစ်၏။

တကယ်တမ်းတွင် လက်ဖျောက်တစ်ချက်ပင် မလိုလောက်ပေ၊ အကြည့်တစ်ချက်နဲ့တင် သေစေနိုင်မည် ဖြစ်လေ၏။

ထိုကဲ့သို့ အဆင့်ကွာခြားလှသဖြင့် ရဲရှောင် သတိကြီးစွာ ထားနေသည်မှာ လွန်သည်ဟု မဆိုအံ့ပေ။

“ကျုပ်နာမည်က ဂုပါ၊ ကျုပ်က ခင်ဗျားထက် နည်းနည်းတော့ ပိုကြီးမယ် ထင်တယ်။ ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်ကို နောင်ကြီးဂုလို့ ခေါ်နိုင်ပါတယ်။ ကျုပ်ကတော့ မင်းနဲ့ငါနဲ့ပဲ ပြောပါရစေ . . .”

ဂုဂျင်လုံသည် သာမန်လိုပင် ပြောလိုက်လေ၏။ သူ၏ ပုံစံသည် ထိပ်သီး ပညာရှင်တစ်ဦး၏ ဟန်ပန်မျိုး မပေါက်ဘဲ သာမန်လို ဖြစ်နေခြင်း ဖြစ်ပေသည်။ စကားလုံး အနည်းငယ်ပြော၍ ရဲရှောင်နှင့် နီးစပ်အောင် ကြံစည်နေခြင်းပင် ဖြစ်လေ၏။

ယခုအခါ သူသည် ရဲရှောင်၏ အရှေ့တွင် ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦး၏ ဟန်ပန် အပြည့်ပါပင်။

ခြိမ်းခြောက် ပြောဆိုမှုမျိုး လုံး၀ကို ရှိမနေပါချေ။

“နောင်ကြီးဂု . . .”

ရဲရှောင် ပြုံး၍ ခေါ်လိုက်လေသည်။ ထို့နောက် ဆက်လက်၍ -

“ခင်ဗျားက တကယ်ကို ယဉ်ကျေးတဲ့ လူတစ်ယောက်ပဲ၊ လေးစားမိပါတယ်ဗျာ . . .”

ဂုဂျင်လုံမှ နူးညံ့သော အပြုံးကို ပြုံး၍ -

“မင်းရဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ အခုမှပဲ လူချင်း တွေ့ခွင့် ရတော့တယ်။ ပြောရရင် မင်းက အရွယ်နဲ့ မလိုက်အောင် တော်တော် ပါရမီထူးတဲ့ လူတစ်ယောက်ပဲ . . .”

ရဲရှောင် ပြုံးပြလိုက်ရင်း -

“ကျုပ်က ငယ်ရွယ်မှုကို အကျိုးရှိရှိ အသုံးမချမိတဲ့ လူတစ်ယောက်ပါဗျာ . . .”

သူတို့သည် ရောက်တတ်ရာရာ စကားစမြည် ပြောဆိုနေကြပြီး ဂုဂျင်လုံမှ ရင်နှီးမှု ယူနေခြင်း ဆိုလည်း မမှားပါချေ။ သူ့ထံတွင် မည်သို့သော ရည်ရွယ်ချက် ရှိသလဲ ဆိုတာကို ရဲရှောင် မသိသဖြင့် ရဲရှောင်ဘက်မှ စကားမကျွံမိစေရန် ထိန်း၍ ပြောနေမိ၏။ စကားကျွံလျှင် နှုတ်၍မရ ဖြစ်မည် မဟုတ်ပါလား။ ဂုဂျင်လုံမှာမူ ရဲရှောင်နှင့် ရင်းနှီးမှု ရအောင်သာ ကြိုးပမ်းနေလေ၏။

သို့သော်လည်း ရဲရှောင်သည် ထိုအချိန်တွင် အရေးကြီးသော အချက်တစ်ချက်ကို တွေးလိုက်မိသည်။

ယခုလို နှုတ်သွက်လျှာသွက်ဖြင့် ပြောဆိုနေသည့် ဂုဂျင်လုံသည် ထိုင်ခုံ၏ ထိပ်ဆုံး နေရာတွင် ထိုင်နေခြင်းဖြစ်ပြီး ထိုကဲ့သို့ နေရာယူထားခြင်းသည်ပင်လျှင် လေလံခန်းမ၏ နောက်ကွယ်ရှိ အရေးပါဆုံး လူတစ်ဦး ဖြစ်မည်ဟု တွေးလိုက်မိခြင်း ဖြစ်၏။

စကားစမြည် ပြောဆိုကြပြီးသည့် နောက်တွင် ဂုဂျင်လုံနှင့် ၀မ်ဇန်းဟိုတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြလေ၏။ ရဲရှောင်သာ သတိကြီးစွာ စောင့်ကြည့်နေခြင်း မရှိပါက ထိုအကြည့်ကို သတိထားမိမည် မဟုတ်ပေ။

ထို့နောက် ၀မ်ဇန်းဟိုမှ မျက်နှာကြီး ပြဲထွက်လျက် ရယ်မောလိုက်ရင်း -

“ဟားဟားဟား . . . နောင်ကြီးဖန်၊ ခင်ဗျား နောက်ဆုံးတစ်ခေါက်တုန်းက ယူလာခဲ့တဲ့ ထူးခြားအစွမ်းထက် ဆေးလုံးတွေက တော်တော်ကို ကောင်းတာပဲဗျာ။ အခု ဒီမှာ လူကြီးမင်းဂုကလည်း ရောက်နေပြီ ဆိုတော့ နောင်ကြီးဖန်များ ဟဲဟဲ . . .”

“ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေက လုပ်ရတာ အရမ်းခက်တယ်ဗျ။ ကျုပ်ရဲ့ ဆရာက အခု သူ့ကိုယ်သူ သန့်စင်ရင်းနဲ့ ဒုတိယအသုတ် ဆေးလုံးတွေ လုပ်ဖို့ ကြိုးစားနေတယ်လေ . . .”

ရဲရှောင် ပြုံးလျက် ပြောလိုက်ပါတော့သည် . . .။



Chapter – 102 ရန္သူ

ရဲေ႐ွာင္သည္ သူ႕လက္တစ္ခုလုံး အသားတုံးႀကီး တစ္ခုအတြင္းသို႔ အစာသြပ္လိုက္ သကဲ့သို႔ ခံစား လိုက္ရသည္။

၀မ္ဇန္းဟိုသည္ ပါးစပ္နား႐ြက္ တက္ခ်ိတ္မတတ္ ျပဳံးရယ္ေနၿပီး တစ္ကိုယ္လုံးသည္ တုန္ရီ ေနေလ၏။ သူ၏ ပခုံးေပၚ႐ွိ အသားစိုင္ႀကီးမ်ားသည္လည္း လႈပ္ခါလ်က္ ႐ွိေနၿပီး ၾကည့္ရသည္မွာ တကယ္ အန္ခ်င္စရာပါပင္။

ရဲေ႐ွာင္သည္ ထူးဆန္းေသာ အမူအယာျဖင့္ -

“ခင္ဗ်ားက ဒီရက္ပိုင္း ကိုယ္ရည္စစ္ သြားတယ္ ဟုတ္လား . . .”

သူ႕စိတ္ထဲ ေျပာစရာ စကား ႐ွာမရေအာင္ပင္ ဆြံ႕အ ေနမိေလ၏။

(ခင္ဗ်ား ကိုယ္ရည္စစ္ သြားတာေတာင္ ဒီေလာက္ ဝေနရင္ . . . ဘယ္လိုေတာင္ ဒီစကား ေျပာထြက္ရတာလဲ . . .)

“အိုး ဟိုးဟိုး . . . ဆရာႀကီး၀မ္ သူေဌး၀မ္ . . . ေတြ႕ရတာ ၀မ္းသာပါတယ္ . . .”

ရဲေ႐ွာင္ ႐ုတ္တရက္ ထေျပာလိုက္သည္။ ထိုအခ်ိန္တြင္ ပါးစပ္အား လက္ျဖင့္ ခပ္ၾကမ္းၾကမ္းေလး ပင့္၍ ႐ိုက္ထည့္လိုက္ၿပီး ျဖစ္၏။

ထိုကဲ့သို႔ လုပ္လိုက္ျခင္းမွာ အံ့ၾသလြန္း၍ ပါးစပ္အေဟာင္းသား ျဖစ္သြားကာ အဆစ္လြဲသြားသျဖင့္ ျပန္တည့္လိုက္ျခင္း ျဖစ္ေလ၏။

ေ႐ွာင္ဧကရာဇ္သည္ ႏွစ္ဘ၀စာ မွတ္ဉာဏ္ ႐ွိေနေသာ လူတစ္ဦး ျဖစ္သည့္တိုင္ ယခုအႀကိမ္သည္ သူ႕ဘ၀တြင္ အႀကီးမားဆုံး အရာႀကီးကို ျမင္ေတြ႕လိုက္ရျခင္းပင္ ျဖစ္၏။ ထိုအရာႀကီးမွာလည္း အံ့ၾသဖြယ္ရာ လူသားတစ္ဦး ျဖစ္ေနျပန္ပါသည္။

ထို႔ေၾကာင့္ ထိုလူကို ျမင္ကတည္းက ပါးစပ္အေဟာင္းသားျဖင့္ ပြင့္၍ ေနသျဖင့္ ေမး႐ိုးလြဲသြားျခင္း ပင္ ျဖစ္၏။

ထို႔ေၾကာင့္ အလ်င္အျမန္ပင္ ပါးစပ္ကို လက္ျဖင့္ အုပ္လိုက္ၿပီး ျပန္တည့္လိုက္ရေလ၏။

၀မ္ဇန္းဟိုသည္ ေ႐ွာင္ဧကရာဇ္အား ယခုကဲ့သို႔ အေျခအေနမ်ိဳး ျဖစ္ေအာင္ လုပ္ႏိုင္သည့္ ပထမဆုံး လူတစ္ဦးပင္ ျဖစ္ေလသည္။

ရဲေ႐ွာင္လည္း ပါးစပ္ကို ျပင္ၿပီးသည္ႏွင့္ ထိုကဲ့သို႔ ေျပာမိေျပာရာ ေျပာလိုက္ျခင္း ျဖစ္သည္။ ထိုကဲ့သို႔ အထာမက်သျဖင့္ “ဟဲဟဲ” ဟု ေျပာလိုက္ေသာ္လည္း “ဟိုးဟိုး” ဟု အသံထြက္သြားျခင္း ျဖစ္၏။

သို႔ေသာ္လည္း ထိုကဲ့သို႔ ျဖစ္သြားရျခင္းသည္ သူ႕အမွားေတာ့လည္း မဟုတ္ေခ်။ ၀မ္ဇန္းဟိုသည္ လူတိုင္း ေမွ်ာ္မွန္းထားသည္ထက္ပင္ ၀လြန္ေနျခင္း ျဖစ္ၿပီး လူသားတစ္ဦးႏွင့္ပင္ မတူလွေပ။

၀မ္ဇန္းဟိုသည္ သိုင္းက်င့္စဥ္ ပညာရပ္မ်ားအေၾကာင္း မသိသည့္တိုင္ ထိပ္တန္းအဆင့္ ပညာ႐ွင္ တစ္ဦး တိုက္ခိုက္မည္ ဆိုပါက သူ၏ အသားစိုင္မ်ားကို ျဖတ္သန္း၍ အ႐ိုးကို ထိခိုက္ေအာင္ လုပ္ႏိုင္မည္ မဟုတ္ဟု ရဲေ႐ွာင္ ခန္႔မွန္းလိုက္မိ၏။

ရဲေ႐ွာင္သည္ ျပဳံးျပလိုက္ရင္း လက္ဆြဲႏႈတ္ဆက္သည့္လက္အား ျပန္႐ုပ္လိုက္ကာ ေနာက္သို႔ ပစ္လိုက္ေလ၏။ သူ႕လက္တြင္ ဆီကဲ့သို႔ အရာမ်ား ေပက်ံေနၿပီး လူျဝကီး၏ လက္မွထြက္ေသာ ေခြၽးမ်ား လက္ဆီမ်ားပင္ ျဖစ္ပါေခ်လိမ့္မည္။

“ဟားဟား ဟားဟား . . .”

၀မ္ဇန္းဟိုသည္ ရယ္ေမာလ်က္သာ ႐ွိေနေလ၏။

“လာပါ ေနာင္ႀကီးဖန္ . . . အေပၚထပ္ကို လိုက္ခဲ့ပါ။ ဟားဟားဟား . . . ႏွစ္တစ္ေထာင္ လက္ဖက္ရည္နဲ႔ ဧည့္ခံပါ့မယ္။ က်ဳပ္က မိတ္ေဆြဖြဲ႕ရတာ အရမ္းႀကိဳက္တာဗ်။ အထူးသျဖင့္ ခင္ဗ်ားလို ေတာ္တဲ့ တတ္တဲ့ ပညာ႐ွင္ေတြ မ်ိဳးနဲ႔ေပါ့။ ခင္ဗ်ားကို ျမင္လိုက္ရမွ က်ဳပ္လည္း ေနသာထိုင္သာ ႐ွိသြား ေတာ့တယ္။ ခင္ဗ်ားနဲ႔ မိတ္ေဆြေတြ ျဖစ္ခ်င္တယ္ဗ်ာ . . .”

သူသည္ အဆက္မျပတ္ျဖင့္ တရစပ္ ေျပာဆိုေနသည္။

(ႏွစ္တစ္ေထာင္ လက္ဖက္ရည္ဆိုမွေတာ့ လက္ဖက္ေျခာက္က အမႈန္႔ပဲ ျဖစ္ရမယ္ . . .)

ရဲေ႐ွာင္သည္ ဘာဆိုဘာမွ်ကို ျပန္လည္ ေျပာဆိုႏိုင္စြမ္း မ႐ွိေပ။

၀မ္ဇန္းဟိုသည္ အေတြ႕အၾကဳံ ရင့္က်က္သူ တစ္ဦး ျဖစ္သျဖင့္ သူ၏ တုတ္ခိုင္လွေသာ ခႏၶာကိုယ္ သည္ တစ္ဖက္လူ အျမင္တစ္မ်ိဳး ျဖစ္ေနမည္ကို ႀကိဳတင္ သိ႐ွိေနပုံပါပင္။ ထို႔ေၾကာင့္ ရယ္ေမာရင္း ဆက္လက္၍ -

“က်ဳပ္ကေတာ့ ေအးေအးေဆးေဆးပါပဲဗ်ာ၊ က်ဳပ္ရဲ႕ ခႏၶာကိုယ္ အေလးခ်ိန္က လြဲလို႔ေပါ့။ ဟားဟား၊ ဒါလည္း က်ဳပ္ ဘာမွ မတတ္ႏိုင္ဘူးမလား။ ဘာေတြပဲစားစား စားတယ္ ဆိုတာနဲ႔ ၀လာမွာပဲ၊ မစားဘဲကလည္း ေနလို႔ မရဘူးေလ။ ေလ့က်င့္ခန္းေတြ လုပ္ေပမဲ့လည္း မထူးပါဘူးေလ။ က်ဳပ္ အတြက္ကေတာ့ အၿမဲတမ္း ဝေနေတာ့မွာပဲ။ ဘယ္ေလာက္ထိမ်ား ၀ႏိုင္ဦးမလဲ ဆိုတာကို က်ဳပ္ကိုယ္က်ဳပ္ သိခ်င္မိရဲ႕ . . .”

သူေလွကား တစ္ထစ္ တက္လိုက္တိုင္း ေလွကားႀကီးသည္ တုန္ခါလ်က္ ႐ွိေနေလ၏။

“တ . . . တျဖည္းျဖည္းနဲ႔ က်ဳပ္ရဲ႕ ခႏၶာကိုယ္လည္း ဒီလိုႀကီး ျဖစ္ျဖစ္ လာရတာပဲဗ်ာ . . .”

ေနာက္ဆုံးတြင္ေတာ့ သူတို႔သည္ အေပၚထပ္သို႔ေရာက္႐ွိလာၾကေလ၏။

“က်ဳပ္ကိုယ္က်ဳပ္ ထင္တာေတာ့ ေပါင္ ၁၅၀၀ ေလာက္ ႐ွိေနမယ္ ထင္တယ္။ မွားေကာင္းလည္း မွားႏိုင္ပါတယ္ . . .”

“ထူးဆန္းပါေပ့ဗ်ာ . . .”

ရဲေ႐ွာင္သည္ အံ့ၾသဟန္ျဖင့္ ေျပာလိုက္သည္။ သူ႕စိတ္ထဲတြင္လည္း အမွန္တကယ္ပင္ အံ့ၾသ ေနျခင္း ျဖစ္ေလ၏။

(ေပါင္ ၁၅၀၀ . . .)

“ဒါက ေလွာင္ေျပာင္စရာ မဟုတ္ပါဘူးဗ်ာ။ နယ္ပယ္တိုင္းမွာ ထူးခြၽန္တဲ့ လူဆိုတာ ႐ွိစၿမဲပါ။ ဒီလို ခႏၶာကိုယ္ အ၀ဆုံး ၿပိဳင္မယ္ ဆိုရင္ ခင္ဗ်ားလည္း သမိုင္းမွာ နံပါတ္ ၁ အျဖစ္ ဗိုလ္စြဲေလာက္ရဲ႕ . . .”

ရဲေ႐ွာင္ ခပ္ေအးေအးပင္ ေျပာလိုက္သည္။

သူသည္ ေျမာက္ပင့္၍ ေျပာဆိုျခင္း မဟုတ္ေပ။ စိတ္ထဲ ႐ွိသည့္ အတိုင္းသာ ေျပာလိုက္ျခင္း ျဖစ္ေလ၏။ တကယ္လည္း ျဖစ္ႏိုင္ေနသည္ မဟုတ္ပါလား။

(ဒီေလာက္ထိ၀တဲ့ လူမ်ိဳး ငါ့ဘ၀ ၂ ခုလုံးမွာ ျမင္ကို မျမင္ခဲ့ဖူးဘူး . . .)

၀မ္ဇန္းဟိုမွ ရယ္ေမာ၍ -

“ေတာ္၀င္ၿပိဳင္ပြဲေတြမွာ အ၀ဆုံး လူေတြကို စစ္ေဆးမႈလုပ္ၿပီး လူသစ္မေခၚတာ တကယ္စိတ္ပ်က္ စရာပဲ။ ဒီလိုမွမဟုတ္ရင္ က်ဳပ္အဲဒီကို ေရာက္ၿပီးေလာက္ၿပီဗ် . . .”

“ခင္ဗ်ား ျပဳံးျပလိုက္ရင္ကို လူတိုင္းက ခင္ဗ်ားကို အဆင့္ ၁ ေပးမွာ ေသခ်ာတယ္ . . .”

ရဲေ႐ွာင္ ခ်ီးက်ဴးဟန္ျဖင့္ ေျပာလိုက္၏။

သူတို႔သည္ အခန္းတစ္ခုအတြင္း စကားေျပာရင္းျဖင့္ ၀င္လာၾကသည္။ အခန္းထဲသို႔ ေရာက္သည္ အထိ ရဲေ႐ွာင္သည္ သတိႀကီးစြာထား၍ ေနေနမိ၏။ ေရာက္႐ွိသြားသည့္ အခါတြင္ေတာ့ ပို၍ပင္ သတိႀကီးစြာ ထားလိုက္မိပါေတာ့သည္။

အဘယ္ေၾကာင့္ဆိုေသာ္ လူတစ္ဦးအား ေတြ႕႐ွိလိုက္၍ ျဖစ္ပါသည္။

ထိုလူသည္ သက္လတ္ပိုင္းအ႐ြယ္ ျဖစ္ၿပီး သူ၏မ်က္ႏွာတြင္ ေပါက္ေနသည့္ အေမႊးအခ်ိဳ႕သည္ ရင္ဘတ္ထိတိုင္ေအာင္ က်ေနေလ၏။ မ်က္ႏွာသည္ ခပ္ပိန္ပိန္ျဖစ္ၿပီး ခႏၶာကိုယ္မွာေတာ့ ၾကံ့ခိုင္ သန္စြမ္းဟန္ပါပင္။ ေကာင္းကင္ထက္မွ လူတစ္ဦးကဲ့သို႔ မိုးျပာေရာင္ ၀တ္႐ုံအား ၀တ္ဆင္ထား၏။

ထိုအခ်ိန္တြင္ ထိုလူသည္ ရဲေ႐ွာင္အား အျပဳံးျဖင့္ ႀကိဳဆိုလိုက္ရင္း ႏူးညံ့ေသာ ေလသံျဖင့္ -

“ေနာင္ႀကီးဖန္လား . . .”

ရဲေ႐ွာင္သည္ ထိုင္ခုံတစ္ခုံအား ၾကည့္ေနရင္းျဖင့္ ထိုင္ခ်လိုက္သည္။ ထို႔ေနာက္ သူလည္း ျပန္၍ၾကည့္လိုက္ရင္း -

“ဒီက မိတ္ေဆြက . . .”

သူ၏ မ်က္ႏွာသည္ တည္ၿငိမ္သည့္ ဟန္ပန္မ်ိဳး ႐ွိေနေသာ္လည္း မ်က္လုံးမ်ားအရ စိတ္႐ႈပ္ေထြး ေနသည့္္ ဟန္ပန္မ်ိဳးပင္ ျဖစ္ေနေလ၏။

သူ႕ရင္ထဲတြင္လည္း တကယ္ပင္ ရတက္မေအး ျဖစ္ေနသည္။

ထိုလူအား ရဲေ႐ွာင္ သိေနျခင္းပင္ ျဖစ္၏။

ထိုလူကို သိသည္မွာ ယခုဘ၀ ရဲေ႐ွာင္ မဟုတ္ေပ၊ ေ႐ွာင္ဧကရာဇ္ပင္ ျဖစ္၏။

ထိုလူအား လြန္ခဲ့သည့္ ၃ လခြဲတုန္းကပင္ ေနာက္ဆုံးအေနျဖင့္ ေတြ႕႐ွိခဲ့ပါေသးသည္။

လြန္ခဲ့ေသာ သုံးလခြဲခန္႔က ေ႐ွာင္ဧကရာဇ္အား က်ဆုံးေအာင္ လုပ္ခဲ့သည့္ လူမ်ားအနက္ တစ္ဦးပင္ ျဖစ္ေနေလ၏။

အင္အားစုႀကီး ၃ စုအနက္ ၁ စုျဖစ္သည့္ သူရိယဂိုဏ္း၏ ထိပ္ဆုံး လက္ေ႐ြးစင္ ၁၀ ေယာက္တြင္ အဆင့္ ၉ ႐ွိေနသူပင္ ျဖစ္၏ ေလဓားနတ္ဘုရား ဂုဂ်င္လုံပင္ ျဖစ္သည္။

သူ၏ ဓားခ်က္သည္ ေလျပည္ေလညႇင္းကဲ့သို႔ ညင္သာလြန္းလွကာ ေျခရာလက္ရာ မက်န္ေအာင္ သတ္ျဖတ္ႏိုင္သူ တစ္ဦး ျဖစ္သျဖင့္ ေလဓားနတ္ဘုရားဟု ေခၚဆိုျခင္း ျဖစ္သည္။

ရဲေ႐ွာင္သည္ သူ႕ယခင္ဘ၀မွ ရန္သူေတာ္တစ္ဦးႏွင့္ ယခုဘ၀တြင္ ျပန္၍ ဆုံေတြ႕ရလိမ့္မည္ဟု မထင္မွတ္ ထားခဲ့မိေခ်။

ထိုကဲ့သို႔ က်င့္ၾကံမႈ အဆင့္ျမင့္လွေသာ ပညာ႐ွင္တစ္ဦး ေမာ္တယ္ကမ႓ာသို႔ ေရာက္႐ွိေနျခင္းသည္ အလြန္ထူးဆန္းေသာ ျဖစ္ရပ္တစ္ခုပင္ ျဖစ္သည္။

ယခုအခါတြင္ေတာ့ ရဲေ႐ွာင္သည္ တစ္စုံတစ္ခုကို နားလည္သြားခဲ့ေခ်ၿပီ။ ယခုကမ႓ာသို႔ ေရာက္႐ွိ ကတည္းက ေကာက္ခ်က္ခ်မိခဲ့သည့္ အေတြးပင္ျဖစ္ၿပီး ယခုအခါ ပို၍ပင္ ေသခ်ာသြားၿပီ ျဖစ္သည္။ ေမာ္တယ္ကမ႓ာႏွင့္ ခ်င္းယန္နယ္ပယ္တို႔ကို ဆက္သြယ္ထားသည့္ လမ္းေၾကာင္းတစ္ခု႐ွိၿပီး ထိုလမ္းေၾကာင္းမွ လူမ်ား သြားလာႏိုင္မည္ ဆိုသည့္ အေတြးပင္ ျဖစ္၏။

အဆိုပါ လမ္းေၾကာင္းကိုလည္း ခ်င္းယန္နယ္ပယ္႐ွိ အင္အားစုႀကီး ၃ ခုမွသာ ထိန္းခ်ဳပ္ထားျခင္း ျဖစ္မည္ဟုပါ ေတြးလိုက္မိေလ၏။

အင္အားစုႀကီး ၁ ခုခ်င္းစီတြင္ပင္ လမ္းေၾကာင္းတစ္ခုဆီ ႐ွိေနႏိုင္ၿပီး လ်ိဳ႕ဝွက္ထားၾကမည္မွာ လည္း ေသခ်ာလွေပသည္။

ဂုဂ်င္လုံသည္ လက္႐ွိ ေမာ္တယ္ကမ႓ာတြင္ အစြမ္းထက္ဆုံး ပညာ႐ွင္တစ္ဦး ျဖစ္ေနမည္ဆိုတာ ရဲေ႐ွာင္ သိ႐ွိေနၿပီး ထိုကဲ့သို႔ေသာ အဆင့္မ်ိဳးသည္ ေမာ္တယ္ကမ႓ာတြင္ ႐ွိမေနႏိုင္ေခ်။

သူသည္ မူလတာအိုအဆင့္၏ ထိပ္သီးတစ္ဦးပင္ ျဖစ္၏။

ေမာ္တယ္ကမ႓ာတြင္ သိုင္းပညာအဆင့္အား ၃ ဆင့္ခြဲျခားထားၿပီး ၎တို႔မွာ ေမာ္တယ္အဆင့္၊ ေျမႀကီးအဆင့္ႏွင့္ ေကာင္းကင္အဆင့္ ဟူ၍ ျဖစ္ၾက၏။

ေကာင္းကင္အဆင့္၏ ဆရာသခင္ အဆင့္ဆိုသည္မွာ ယခုကမ႓ာ၏ အစြမ္းထက္ဆုံး အဆင့္ပင္ ျဖစ္ပါသည္။

ခ်င္းယန္နယ္ပယ္၏ အဆင့္မ်ားမွာမူ အဆိုပါ အဆင့္မ်ားထက္ ျမင့္ၿပီး စုစုေပါင္းအားျဖင့္လည္း ၃ ဆင့္ပင္ ျဖစ္၏။

၎တို႔မွာ မူလဝိညာဥ္ေတာ္အဆင့္၊ မူလအိပ္မက္အဆင့္ႏွင့္ မူလတာအို အဆင့္တို႔ပင္ ျဖစ္ေလ၏။

အဆင့္တစ္ခုတြင္ အဆင့္ခြဲ ၉ ဆင့္ ႐ွိေနၿပီး ထို႔ေၾကာင့္ပင္ အဆင့္ႀကီး ၃ ဆင့္သည္ တစ္ဆင္ႏွင့္ တစ္ဆင့္ၾကားတြင္ ကြာျခားမႈ အလြန္႐ွိသည္ဟု ဆိုႏိုင္ေပသည္။

ထို႔ေၾကာင့္ပင္ ဂုဂ်င္လုံအား ေမာ္တယ္ကမ႓ာတြင္ မည္သူမွ ယွဥ္ႏိုင္မည္ မဟုတ္ဟု ဆိုျခင္း ျဖစ္၏။

ေမာ္တယ္ကမ႓ာ၏ နတ္ဘုရားတစ္ပါးဟုပင္ ဆိုႏိုင္ေလသည္။

ထိုလူသည္ ရဲေ႐ွာင္၏ ရန္သူေတာ္ေဟာင္း တစ္ဦးပင္ ျဖစ္ေလ၏။

ယခုအခါ ရဲေ႐ွာင္၏ ေ႐ွ႕ေမွာက္တြင္ ေရာက္႐ွိေနၿပီ ျဖစ္သည္။

ရဲေ႐ွာင္ လက္ဖက္ရည္အား တစ္ငုံငုံလိုက္ၿပီးေနာက္ မ်ိဳခ်လိုက္သည္။ သူ၏ရင္ထဲမွ အမုန္းတရား မ်ားအား လက္ဖက္ရည္ႏွင့္အတူ ျပန္၍ ေမွ်ာခ်လိုက္ေလ၏။

သူ၏ ယခင္ ေ႐ွာင္ဧကရာဇ္လို အားမ်ိဳး ႐ွိေနလွ်င္ေတာ့ ဂုခ်င္လုံအား ေအးေအးေဆးေဆးပင္ သတ္၍ ရႏိုင္ေပသည္။

သို႔ေသာ္ ယခုအခ်ိန္တြင္မူ ဂုခ်င္လုံအဖို႔ ရဲေ႐ွာင္အား လက္ေဖ်ာက္တစ္ခ်က္ တီး၍ပင္ သတ္ျဖတ္ ႏိုင္ေနၿပီ ျဖစ္၏။

တကယ္တမ္းတြင္ လက္ေဖ်ာက္တစ္ခ်က္ပင္ မလိုေလာက္ေပ၊ အၾကည့္တစ္ခ်က္နဲ႔တင္ ေသေစႏိုင္မည္ ျဖစ္ေလ၏။

ထိုကဲ့သို႔ အဆင့္ကြာျခားလွသျဖင့္ ရဲေ႐ွာင္ သတိႀကီးစြာ ထားေနသည္မွာ လြန္သည္ဟု မဆိုအံ့ေပ။

“က်ဳပ္နာမည္က ဂုပါ၊ က်ဳပ္က ခင္ဗ်ားထက္ နည္းနည္းေတာ့ ပိုႀကီးမယ္ ထင္တယ္။ ခင္ဗ်ား စိတ္မ႐ွိဘူးဆိုရင္ က်ဳပ္ကို ေနာင္ႀကီးဂုလို႔ ေခၚႏိုင္ပါတယ္။ က်ဳပ္ကေတာ့ မင္းနဲ႔ငါနဲ႔ပဲ ေျပာပါရေစ . . .”

ဂုဂ်င္လုံသည္ သာမန္လိုပင္ ေျပာလိုက္ေလ၏။ သူ၏ ပုံစံသည္ ထိပ္သီး ပညာ႐ွင္တစ္ဦး၏ ဟန္ပန္မ်ိဳး မေပါက္ဘဲ သာမန္လို ျဖစ္ေနျခင္း ျဖစ္ေပသည္။ စကားလုံး အနည္းငယ္ေျပာ၍ ရဲေ႐ွာင္ႏွင့္ နီးစပ္ေအာင္ ၾကံစည္ေနျခင္းပင္ ျဖစ္ေလ၏။

ယခုအခါ သူသည္ ရဲေ႐ွာင္၏ အေ႐ွ႕တြင္ ဂုဏ္သေရ႐ွိ လူႀကီးလူေကာင္း တစ္ဦး၏ ဟန္ပန္ အျပည့္ပါပင္။

ၿခိမ္းေျခာက္ ေျပာဆိုမႈမ်ိဳး လုံး၀ကို ႐ွိမေနပါေခ်။

“ေနာင္ႀကီးဂု . . .”

ရဲေ႐ွာင္ ျပဳံး၍ ေခၚလိုက္ေလသည္။ ထို႔ေနာက္ ဆက္လက္၍ -

“ခင္ဗ်ားက တကယ္ကို ယဥ္ေက်းတဲ့ လူတစ္ေယာက္ပဲ၊ ေလးစားမိပါတယ္ဗ်ာ . . .”

ဂုဂ်င္လုံမွ ႏူးညံ့ေသာ အျပဳံးကို ျပဳံး၍ -

“မင္းရဲ႕နာမည္ကို ၾကားဖူးေနတာ ၾကာပါၿပီ။ အခုမွပဲ လူခ်င္း ေတြ႕ခြင့္ ရေတာ့တယ္။ ေျပာရရင္ မင္းက အ႐ြယ္နဲ႔ မလိုက္ေအာင္ ေတာ္ေတာ္ ပါရမီထူးတဲ့ လူတစ္ေယာက္ပဲ . . .”

ရဲေ႐ွာင္ ျပဳံးျပလိုက္ရင္း -

“က်ဳပ္က ငယ္႐ြယ္မႈကို အက်ိဳး႐ွိ႐ွိ အသုံးမခ်မိတဲ့ လူတစ္ေယာက္ပါဗ်ာ . . .”

သူတို႔သည္ ေရာက္တတ္ရာရာ စကားစျမည္ ေျပာဆိုေနၾကၿပီး ဂုဂ်င္လုံမွ ရင္ႏွီးမႈ ယူေနျခင္း ဆိုလည္း မမွားပါေခ်။ သူ႕ထံတြင္ မည္သို႔ေသာ ရည္႐ြယ္ခ်က္ ႐ွိသလဲ ဆိုတာကို ရဲေ႐ွာင္ မသိသျဖင့္ ရဲေ႐ွာင္ဘက္မွ စကားမကြၽံမိေစရန္ ထိန္း၍ ေျပာေနမိ၏။ စကားကြၽံလွ်င္ ႏႈတ္၍မရ ျဖစ္မည္ မဟုတ္ပါလား။ ဂုဂ်င္လုံမွာမူ ရဲေ႐ွာင္ႏွင့္ ရင္းႏွီးမႈ ရေအာင္သာ ႀကိဳးပမ္းေနေလ၏။

သို႔ေသာ္လည္း ရဲေ႐ွာင္သည္ ထိုအခ်ိန္တြင္ အေရးႀကီးေသာ အခ်က္တစ္ခ်က္ကို ေတြးလိုက္မိသည္။

ယခုလို ႏႈတ္သြက္လွ်ာသြက္ျဖင့္ ေျပာဆိုေနသည့္ ဂုဂ်င္လုံသည္ ထိုင္ခုံ၏ ထိပ္ဆုံး ေနရာတြင္ ထိုင္ေနျခင္းျဖစ္ၿပီး ထိုကဲ့သို႔ ေနရာယူထားျခင္းသည္ပင္လွ်င္ ေလလံခန္းမ၏ ေနာက္ကြယ္႐ွိ အေရးပါဆုံး လူတစ္ဦး ျဖစ္မည္ဟု ေတြးလိုက္မိျခင္း ျဖစ္၏။

စကားစျမည္ ေျပာဆိုၾကၿပီးသည့္ ေနာက္တြင္ ဂုဂ်င္လုံႏွင့္ ၀မ္ဇန္းဟိုတို႔သည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ အဓိပၸါယ္ပါပါ ၾကည့္လိုက္ၾကေလ၏။ ရဲေ႐ွာင္သာ သတိႀကီးစြာ ေစာင့္ၾကည့္ေနျခင္း မ႐ွိပါက ထိုအၾကည့္ကို သတိထားမိမည္ မဟုတ္ေပ။

ထို႔ေနာက္ ၀မ္ဇန္းဟိုမွ မ်က္ႏွာႀကီး ၿပဲထြက္လ်က္ ရယ္ေမာလိုက္ရင္း -

“ဟားဟားဟား . . . ေနာင္ႀကီးဖန္၊ ခင္ဗ်ား ေနာက္ဆုံးတစ္ေခါက္တုန္းက ယူလာခဲ့တဲ့ ထူးျခားအစြမ္းထက္ ေဆးလုံးေတြက ေတာ္ေတာ္ကို ေကာင္းတာပဲဗ်ာ။ အခု ဒီမွာ လူႀကီးမင္းဂုကလည္း ေရာက္ေနၿပီ ဆိုေတာ့ ေနာင္ႀကီးဖန္မ်ား ဟဲဟဲ . . .”

“ထူးျခားအစြမ္းထက္တဲ့ ေဆးလုံးေတြက လုပ္ရတာ အရမ္းခက္တယ္ဗ်။ က်ဳပ္ရဲ႕ ဆရာက အခု သူ႕ကိုယ္သူ သန္႔စင္ရင္းနဲ႔ ဒုတိယအသုတ္ ေဆးလုံးေတြ လုပ္ဖို႔ ႀကိဳးစားေနတယ္ေလ . . .”

ရဲေ႐ွာင္ ျပဳံးလ်က္ ေျပာလိုက္ပါေတာ့သည္ . . .။

Continue Reading

You'll Also Like

132K 11.9K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
73.1K 6.6K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
40.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
341K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *