အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေ...

By onion20203

395K 15.9K 218

"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်" More

Akari & ONion
ƤAƦƬ ①
ƤAƦƬ ②
ƤAƦƬ ③
ƤAƦƬ ④
ƤAƦƬ ⑤
ƤAƦƬ ⑥
ƤAƦƬ ⑦
ƤAƦƬ ⑧
ƤAƦƬ ⑨
ƤAƦƬ ⑩
ƤAƦƬ ⑪
ƤAƦƬ ⑫
ƤAƦƬ ⑬
ƤAƦƬ ⑭
ƤAƦƬ ⑮
ƤAƦƬ ⑯
ƤAƦƬ ⑰
ƤAƦƬ ⑱
ƤAƦƬ ⑳
ƤAƦƬ ㉑
ƤAƦƬ ㉒
ƤAƦƬ ㉓
ƤAƦƬ ㉔
ƤAƦƬ ㉕
ƤAƦƬ ㉖
ƤAƦƬ ㉗
ƤAƦƬ ㉘
ƤAƦƬ ㉙
ƤAƦƬ ㉚
ƤAƦƬ ㉛
ƤAƦƬ ㉜
ƑIƝAԼ
BOƝUS ƤAƦƬ ①
BOƝUS ƤAƦƬ ②
BOƝUS ƤAƦƬ ③
BOƝUS ƤAƦƬ ④
Physical Book Announcements

ƤAƦƬ ⑲

7.5K 353 2
By onion20203

အပိုင်း - ၁၉

ပြည်သာရဲထက်က အရှေ့တွင်ရှိနေသည့် ဆန်ပြုတ်ပန်းကန်ကို ဇွန်းဖြင့်မွှေနေသည်။ ဒေါ်ထားရတနာ စိတ်မသက်သာလှစွာဖြင့် သက်ပြင်းသာချရတော့သည်။

ငယ်ငယ်ကပင်ချူချာလွန်းသဖြင့် ပိုးမွေးသလိုမွေးထားခဲ့ရသည့် သားငယ်မဟုတ်ပါလား။ မျက်နှာမသာမယာဖြစ်နေသည့်အခါတိုင်း ရင်မောခဲ့ရဖူးသည်လေ။

"သားငယ်လေး"

"................................."

"သားငယ်လေး ဘာလိုချင်လဲ... Tissot ကလေ ဒီဇိုင်းအသစ်ထွက်တယ်တဲ့ မာမီ မှာပေးရမလား"

"......................................."

"ဟုတ်သားပဲ... သားငယ်လေး နာရီမဝယ်တာအတော်ကြာနေပြီပဲ... မာမီမှာလိုက်မယ်နော်"

"တော်ပါပြီ မာမီရယ်"

"ဘာလို့လဲ သားငယ်ရဲ့"

"နာရီအသစ်ပတ်ရလည်း အဲ့နာရီက ကိုရှိန်းမှမဟုတ်တာ အီးဟီးဟီး...."

ဒေါ်ထားရတနာပြောသမျှကို ပြန်မပြောသည့် ပြည်သာရဲထက်က ပြန်ပြောသည့်အခါလည်း ကျူကျူပါအောင် ထငိုလေတော့သည်။

ထို့ကြောင့် ဒေါ်ထားရတနာမှာ သက်ပြင်းထပ်ချရလေတော့သည်။

"သားငယ်ရယ်... သားငယ်က ဘယ်သူ့ကို သဘောကျကျ မာမီလက်ခံပါတယ်"

"အဲ့တာဆိုရင် ကိုရှိန်းကို ဘာလို့လက်မခံနိုင်ရတာလဲ"

"သားငယ်"

"ကိုရှိန်းက ဘာဖြစ်နေလို့လဲ... သားရဲ့ နှလုံးသားယန္တယားကြီးက ကိုရှိန်းနဲ့မှ လည်ပတ်တာ"

"တော်စမ်း.... စကားတတ်တိုင်းလျှောက်ပြောမနေနဲ့"

"မာမီ"

"မာမီပြောပြီးပြီလေ... အဲ့ကလေးတော့ မဖြစ်ဘူး... အို လုံးဝကို မဖြစ်တာပါ ဘယ်လိုမှ သဘောမတူနိုင်ဘူး"

"မာမီမတရားဘူး"

"မိဘက မဖြစ်ဘူးလို့ ပြောနေတယ်လေ သားငယ်"

"ဘာလို့ မဖြစ်တာလဲ"

ဒေါ်ထားရတနာက ထိုင်ခုံလေးမှထကာ ပြည်သာရဲထက်၏ ကုတင်စွန်းတွင် တင်ပါးလွှဲဝင်ထိုင်လိုက်လေသည်။

"သားငယ်..."

"တော်ပါတော့ မာမီရယ်... မာမီတို့ ရန်ကြွေးအတွက် သားနှလုံးသားက ချနင်းခံရသလိုဖြစ်နေပြီ"

"သားငယ်… သားငယ် မိဘနေရာရောက်လာတဲ့တစ်နေ့သိလာလိမ့်မယ်"

"ဘာသိလာရမှာလဲ မာမီ"

"ခု မာမီ ဘာလို့ တားနေလဲ သားငယ် နားလည်လာမှာပါ... မာမီရော သားဒယ်ဒီပါ သားငယ်လေးကို ဆင်စီးပြီးမြင်းရံစေချင်တာပါ ဆင်နင်းပြီး မြင်းကန်မှာ ဘယ်လိုချင်ပါ့မလဲ"

"ကိုရှိန်းနဲ့ ယူရင် ဘယ်ဆင်ကလာနင်းပြီး ဘယ်မြင်းကလာကန်မှာလဲ"

"ဟင်"

"နင်းမယ့်ဆင်လည်းမမွေးသလို ကန်မယ့်မြင်းလည်းမမွေးပါဘူးမာမီ... ပြီးတော့လေ မာမီသိလား ဆင်က မွေးလို့မရဘူး တောရိုင်းတိရိစ္ဆာန်ဥပဒေနဲ့လည်း မလွတ်ကင်းဘူး"

"ပြည်... သာ... ရဲ...ထက်"

စကားကို ကတ်တီးကပ်ဖဲ့ပြန်ပြောနေသည့် ပြည်သာရဲထက်ကြောင့် ဒေါ်ထားရတနာမှာ ဆက်မပြောနိုင်တော့ဘဲ နာမည်ကိုပဲ တစ်လုံးချင်းသာခေါ်နိုင်ရှာတော့သည်။

.....................................................................................................................................

"မရီနဲ့ ဒီးဒီးရယ်... ငါတကယ်ညစ်နေတာနော်"

"ထက်ကိုရှိန်း ... ထက်ကိုရှိန်း ... နင်မျက်နှာကြီးက အီးမှန်ထားသလိုဖြစ်နေတာ ငါ ပထမဆုံးမြင်ဖူးတာပဲ"

"ဟူး... ငါတကယ်ပြောနေတာ ဒီးရယ် ... ငါ ကလေးနဲ့ မဝေးနိုင်ဘူး... ကလေးနဲ့ဝေးရရင် ငါ ..ငါ သေသွားမလားမသိဘူး"

"အမလေး သေတော့မသေလိုက်ပါနဲ့ဟယ် ငါ သရဲကြောက်တတ်တယ်"

ဒီးဒီးစကားကြောင့် ထက်ကိုရှိန်း ရှေ့မှတစ်ရှူးကို လုံးပြီး ဒီးဒီးကို ပေါက်ပစ်လိုက်သည်။ ပိတ်ရက်တွင် ဒီးဒီး၊ ရတုနှင့် မော်ကွန်းတို့ကိုခေါ်ကာ ထိုင်နေကျ Coffee Shop လေးသို့ ရှိန်းရောက်ရှိနေခြင်းဖြစ်သည်။

ရှိန်းက ကော်ဖီခွက်ကိုကြည့်လိုက် သက်ပြင်းချလိုက်လုပ်နေပြီး မော်ကွန်းကတော့ ထက်ကိုရှိန်းကို ကြည့်ကာ စုပ်တသပ်သပ်ဖြစ်နေလေသည်။ ထက်ကိုရှိန်း ထိုသို့ဖြစ်နေသည်ကို ယခုမှသာ မြင်ဖူးရခြင်းမဟုတ်ပါလား။

ထိုအချိန် ထက်ကိုရှိန်းတို့ထိုင်နေရာ ကော်ဖီဆိုင်လေးအတွင်းသို့ဝင်လာသူနှစ်ယောက်ကို ဒီးဒီးကမြင်သွားလေတော့သည်။

ထိုလူနှစ်ယောက်မှာ အခြားသူများမဟုတ်။ တစ်ယောက်က မော်ကွန်း၏ အသည်းအသက်လေး ဇော်ထက်နှင့် နောက်တစ်ယောက်မှာ ပြည်သာရဲထက်၏အကိုဖြစ်သူ နေသာရဲထက်ပင်။

"ဟဲ့ ဟဲ့… မော်ကွန်း"

အလန့်တကြားထအော်သည့် ဒီးဒီးကြောင့် မော်ကွန်းက သောက်လက်စ ကော်ဖီပင်သီးမတတ်ဖြစ်သွားရသည်။

"ဘာလဲ ဒီးရာ... ငါ ကော်ဖီနင်ပြီးသေတော့မှာပဲ"

"မသေနဲ့ဦး...ဟဲ့... ဟိုမှာကြည့်"

ဒီးဒီးညွှန်ပြရာသို့ ကြည့်လိုက်သည့်အခါ ဇော်ထက်က နေသာရဲထက်၏ လက်မောင်းကိုချိတ်က အင်မတန်ပျော်ရွှင်နေဟန်ဖြင့် ဆိုင်အတွင်း ဝင်လာကြသည်ကို တွေ့လိုက်ရလေတော့သည်။

ထို့မြင်ကွင်းကြောင့် မော်ကွန်းမှာ ကြက်သေသေသွားရတော့သည်။ သို့သော် လူက ချက်ချင်းဆိုသလို သူတို့နှစ်ယောက်၏ ရှေ့သို့ရောက်သွားလေတော့သည်။ ဘယ်သို့ဘယ်ပုံရောက်သွားသည်ကိုတော့ မသိတော့ပါလေ။

"ဇော်ထက်"

နေသာရဲထက်နှင့် ရယ်မောနေသည့် ဇော်ထက်က ရှေ့သို့ ရုတ်တရက်ရောက်လာသည့် မော်ကွန်းကြောင့် ယောင်ရမ်းကာ တွယ်ချိတ်ထားသည့် လက်မောင်းမှ လက်ကိုဖြုတ်ချလိုက်မိလေသည်။

"ကို မော်... ကွန်း"

"အင်း... ဟို ဟို..."

"ကိုမော်ကွန်းတစ်ယောက်တည်းလား"

ဇော်ထက်၏ အမေးကို မော်ကွန်းမဖြေနိုင်သေးဘဲ ဇော်ထက်ဘေးရှိ နေသာရဲထက်ဆီသို့ အကြည့်ရောက်သွားလေတော့သည်။ တည်ကြည်ခန့်ညားသည့် သွင်ပြင်၊ တည်ငြိမ်လှသည့် မျက်ဝန်းနက်နက်များနှင့် နှစ်ခါပြန်ငေးယူရမည့် ထိုလူသားနှင့်ယှဉ်လျှင် မော်ကွန်းအနေနှင့် အင်မတန်မှ သိမ်ငယ်လွန်းလှသည်။ ထိုခံစားချက်ကြောင့် နေရာမှာတင် ခွေလဲကျလိုက်ချင်သော်လည်း စိတ်ကိုတင်းကာ ပြန်ပြုံးပြလိုက်သည်။ ထို့နောက်တွင်မှ ဇော်ထက်၏ မေးခွန်းကို ပြန်ဖြေလိုက်ရတော့သည်။

"တစ်ယောက်တည်းမဟုတ်ပါဘူး ဒီဒီးနဲ့ ရတုလည်းပါတယ် ပြီးတော့ ရှိန်းလည်းပါတယ်... ပြည်သာ မပါဘူးလား"

ထို့နောက် ထက်ကိုရှိန်းတို့ ထိုင်နေရာ ဝိုင်းကို ညွှန်ပြလိုက်လေသည်။

"ပြည်သာက အပြင်မထွက်ချင်ဘူးတဲ့လေ... ဟာ ကိုရှိန်းရော မဒီးတို့ရောပါတာပဲ အဲ... ဝိုင်းမှာလည်း နေရာလွတ်နေတယ် အတူတူထိုင်ကြမလား"

"ရ… ရပါတယ်"

"ကျေးဇူးပါနော် ကိုမော်ကွန်း... ကိုကို ညီတို့ ကိုရှိန်းတို့နဲ့ပဲ အတူတူထိုင်လိုက်မယ်နော်"

ဇော်ထက်က နေသာရဲထက်ကိုကြည့်ကာ ပြောလိုက်သည်။

"ရပါတယ် ညီရဲ့"

"ဟီး ကိုကို့ကို အဲ့တာတွေကြောင့် ချစ်နေရတာ"

ဇော်ထက်က ပုံမှန်ရှိလှသော်လည်း မော်ကွန်းကတော့ ထိုမြင်ကွင်းကြောင့် ပူလောင်လွန်းလှသည်။

ထက်ကိုရှိန်းတို့ နေရာယူထားသည့်ဝိုင်းက စားပွဲနှစ်လုံးကို ဆက်ထားသည့်ဝိုင်းဖြစ်နေသည့်အတွက် ဇော်ထက်နှင့် နေသာရဲထက်ပါ ဝင်ထိုင်ရန် အဆင်သင့်ဖြစ်လို့နေတော့သည်။

နေသာရဲထက်က ထက်ကိုရှိန်းတို့ကို ပြုံးပြကာ ဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

"ကိုကို ... မိတ်ဆက်ပေးမယ်နော်"

"အင်း"

"ဒါက ထက်ကိုရှိန်းတဲ့ ကိုရှိန်းက King လေကိုကို... ပြည်သာလိုပဲ"

"အင်း"

"ဒါက မဒီးဒီးတဲ့ ဒါက ကိုရတု... မဒီးရဲ့ ခင်ပွန်းလောင်း... ဒါကတော့ ကိုမော်ကွန်းတဲ့"

"တွေ့ရတာ ဝမ်းသာပါတယ် ညီမနဲ့ ညီတို့"

"ဒါကတော့ ကျွန်တော့်ရဲ့ ကိုကို နေသာရဲထက်တဲ့... ပြည်သာရဲထက်ရဲ့ အကိုလေ"

ဇော်ထက်က ပုံမှန်အနေအထားရှိနေသော်လည်း ကမ္ဘာပျက်နေသည့် မော်ကွန်းကိုတော့ ဒီးဒီးကြည့်ရင်း သက်ပြင်းသာချမိတော့သည်။ နေသာရဲထက်က ဇော်ထက်ကို ဂရုတစိုက်ရှိလှပြီး သူတို့နှစ်ယောက်မှာ ရည်းစားတွေဖြစ်ကြောင်း မေးနေစရာပြင်မလိုတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ဖူဂျိုရှိသက်တမ်းရင့်နေသည့် ဒီးဒီးအတွက် နေသာရဲထက်ကို ကြည့်ရုံနှင့်ပင် သေချာနေပြီ ဖြစ်လေသည်။

.......................................................................................................................................

ထက်ကိုရှိန်း ပခုံးပေါ်မှီနေသည့် ပြည်သာရဲထက်က ထက်ကိုရှိန်းပြောပြသမျှကို နားထောင်နေသည်။

ကျောင်းနေ့တစ်ဝက်ဆင်းကာ နှစ်ယောက်သား ကန်တော်ကြီးထဲရောက်နေကြသည်လေ။

လူရှင်းနေသည့်အတွက် အေးအေးဆေးဆေးရှိသည့်အတွက် ထက်ကိုရှိန်းအဖို့ အဆင်ပြေလှသည်။

ထို့နောက် ပြည်သာရဲထက်က ခေါင်းထောင်ကာ ထက်ကိုရှိန်းကို ကြည့်လိုက်ရင်း မေးချင်သည်များကို စကားစလိုက်လေသည်။

"ဒါဆိုရင်... ဒါဆိုရင်လေ ကိုကို ကိုမော်ကွန်းက ဇော်ထက်ကို သဘောကျနေတာပေါ့"

"ဟုတ်တယ်"

"ကိုမော်ကွန်း သနားပါတယ်"

"အင်း"

"ကိုကို"

"အင်း... ပြောလေ ကလေး"

"အဲ့တာဆို ကိုမော်ကွန်းအတွက် ဘယ်လိုလုပ်ပေးကြမလဲဟင်"

"ဘာကို ဘယ်လိုလုပ်ချင်တာလဲ ကလေးရဲ့"

"မသိတော့ပါဘူး ကိုကိုရယ်..."

"ကိုကိုတို့က ကံကောင်းတယ်နော်ကလေး... ကိုကိုကလည်းကလေးကိုချစ်တယ်... ကလေးကလည်း ကိုကို့ကိုချစ်တယ်လေ"

ထိုစကားကြောင့် ပြည်သာရဲထက် မှုန်ကုပ်သွားသည်။ ထို့နောက် အရှက်ကြီးလှသည့် ထက်ကိုရှိန်းကို ပြုံးစိစိကြည့်လိုက်မိတော့သည်။

ထို့အပြုမူကြောင့် ထက်ကိုရှိန်းတစ်ယောက် ကြက်သီးများပင်ထလာရတော့သည်။

"............................................"

"ကိုကိုပြောတာ မှန်သလိုလိုနဲ့ မမှန်ဘူး"

"ဟင်"

"ဟုတ်တယ်လေ ကိုကိုက ကလေးကိုချစ်တယ်... ကလေးကလည်း ကိုကို့ကို ချစ်တယ်လေ"

"အင်းလေ"

"ဒါပေမယ့် ကံကောင်းတာကတော့ မမှန်ဘူး ကိုကို"

"ဘာလို့လဲ ကလေးရဲ့ ဘာလို့ ကံမကောင်းတာလဲ လောကမှာ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်ချစ်နေတာ ကံကောင်းမှုကြီးမဟုတ်ဘူးလား"

ထက်ကိုရှိန်း အမေးကြောင့် ပြည်သာရဲထက်က ထိုင်နေသည့်ခုံလေးမှထကာ တံတားဖက်မျက်နှာလှည့်ပြီး မတ်တပ်ရပ်လိုက်သည်။

"ကျွန်တော်တို့က ရိုမီရိုနဲ့ ဂျူးလိယက်လိုဖြစ်နေတယ်လေ"

"ကလေး... ကိုကိုလေ..."

"ကိုကို့ အိမ်ကလည်း သဘောမတူဘူးမဟုတ်လား"

"အင်း"

"ကိုကို ဘာဆက်လုပ်မယ် တွေးထားပြီးပြီလဲ"

ထက်ကိုရှိန်းက ပြည်သာရဲထက်၏ မေးခွန်းကို မဖြေသေးဘဲ သက်ပြင်းခပ်ဖွဖွချသည်။

"ကိုကိုကတော့ ကလေးနဲ့ မဝေးနိုင်ဘူး"

ထိုစကားကြောင့် ပြည်သာရဲထက် ရင်ထဲနွေးထွေးသွားရသည်။

"ကလေးလည်း ကိုကိုနဲ့ မဝေးနိုင်ဘူး"

"အဲ့ဒီတော့..."

"ကလေးတို့ ခိုးပြေးကြရအောင်"

"ဟင်"

.........................................................................................................................................

အိပ်မပျော်နိုင်သည့် ထက်ကိုရှိန်းက အိပ်ယာထက် လူးလိမ့်နေရသည်။ မကြာခင် ထက်ကိုရှိန်းက ကျောင်းပြီးတော့မည်ဖြစ်သော်လည်း ပြည်သာရဲထက်က ကျောင်းပြီးရန် လိုသေးသည်။

အခြေအနေအရ ကလေးနှင့် ခမ်းခမ်းနားနား မင်္ဂလာပွဲမလုပ်နိုင်သည့်တိုင်အောင် တင့်တောင်းတင့်တယ်လေးတော့ တရားဝင်တောင်းရမ်းယူချင်မိသည်။ နှစ်ဖက်မိဘကို ကန်တော့ပြီးမှ အိမ်ခန်းဝင်ချင်သည်။

သို့သော် လက်ရှိအခြေအနေက ထိုသို့ဖြစ်နိုင်မည်မထင်။ မိဘများ၏ ငယ်ဘဝရန်ကြွေးများက ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်အပေါ် ရိုက်ချက်ပြင်းလှသည်။

ထိုစဉ်တံခါး ခေါက်သံကြောင့် ထက်ကိုရှိန်း၏ အတွေးတို့ ပြတ်တောက်သွားရတော့သည်။

-ဒေါက် ဒေါက် ဒေါက်-

"သား ... မေမေပါ"

"ဟုတ်ကဲ့ မေမေ ဝင်လာလို့ရပါတယ်"

မေမေဝင်လာသည့်အခါ ထက်ကိုရှိန်းထပြီး အခန်းမီးဖွင့်ပေးလိုက်သည်။

ဒေါ်သီတာက ထက်ကိုရှိန်း၏ စာဖတ်ခုံလေးတွင် ဝင်ထိုင်လိုက်ပြီး ထက်ကိုရှိန်းကို ကြည့်လိုက်သည်။ ထက်ကိုရှိန်းကတော့ ကုတင်စွန်းလေးတွင်ထိုင်ကာ မေမေနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ကိစ္စရှိလို့လား မေမေ"

"သား ဘယ်လိုတွေ ဆုံးဖြတ်ထားလဲ"

"ဘာကိုလဲ မေမေ"

မေမေ ဘာကိုမေးမှန်း ထက်ကိုရှိန်းသိသော်လည်း တမင် မေးခွန်းပြန်ထုတ်လိုက်ခြင်းပင်။

"ရှိန်း... မေမေ ပြောမယ်... သေချာ နားထောင်နော်"

"ဟုတ်ကဲ့ မေမေ"

"သားရဲ့ ဖြစ်တည်မှုကို မေမေတို့က လေးစားပြီးသားပါ"

"ဟုတ်ကဲ့"

"သား ဘယ်သူ့ကို သဘောကျသည်ဖြစ်စေ မေမေ လက်ခံပေးလို့ရတယ် ဒါပေမယ့်…"

"ဒါပေမယ့် ပြည်သာနဲ့တော့ သဘောမတူနိုင်ဘူး... ဟုတ်တယ် မဟုတ်လား မေမေ"

"သားသိနေတာပဲ"

"မေမေ ပြောချင်တာကို သားသိပြီးသားပါ"

"ဒါဆိုရင်..."

"သားက နောက်မဆုတ်နိုင်ဘူးဆိုရင်ရော မေမေ"

"သား... မေမေတို့မှာ ဒီသားတစ်ယောက်တည်းပဲရှိတာ သားသိပါတယ်"

"သားမှာလည်း မေမေတို့ပဲရှိတာပါ... ဒါပေမယ့် သားလည်း ခံစားချက်ရှိတယ်လေ မေမေ"

"သားက စိတ်နည်းနည်းလေးလျှော့ပြီး စဉ်းစားပေးလို့မရဘူးလား"

"မေမေ"

"........................................"

"သား မေမေတို့ကို လက်မလွှတ်နိုင်ဘူး အဲ့လိုပဲ ကလေးကိုလည်း လက်မလွှတ်နိုင်ဘူး ကျွန်တော့်မှာ လက်နှစ်ဖက်ပါတယ် တစ်ဖက်က မေမေတို့ကိုလက်ကိုင်ထားပြီး နောက်တစ်ဖက်ကတော့ ကလေးအတွက် သာယာပျော်ရွှင်မှုတွေ ဖန်တီးပေးချင်တယ်"

ဒေါ်သီတာ သက်ပြင်းချလိုက်သည်။ ငယ်ငယ်ကတည်းက မိဘစကားမပယ်ရှားဖူးသည့် သားက အခုတော့ နှလုံးသားရေးကြောင့် မိဘများကို အာခံတတ်နေချပြီ။

"ဒါဆို သားက အဲ့ကလေးကို လက်မလွှတ်ဘူးပေါ့"

"ကလေးကို အတင်းလက်လွှတ်ခိုင်းရင် မေမေတို့ သားကိုပါ ဆုံးရှုံးရလိမ့်မယ်"

ထိုစကားကြောင့် အကြီးကျယ် ထိတ်လန့်သွားရသူမှာ ဒေါ်သီတာဖြစ်လေသည်။

"သား... သားက ဘာလုပ်ချင်လို့လဲ"

"ဘာလုပ်ချင်တာရယ်တော့ မရှိသေးပါဘူး မေမေ... ဒါပေမယ့် ကလေးကို လက်လွှတ်ဖို့ ဖိအားပေးလာရင်တော့ သား ဘာလုပ်မိမယ်က အာမတော့မခံနိုင်ဘူး"

"သား"

"သားဘဝမှာ ကလေးမရှိလို့ မဖြစ်ဘူး"

'မင်းကို ချစ်မိခဲ့ခြင်းက

ငါ့ဘဝရဲ့ အမာရွတ်ဆိုရင်တောင်

လှပတဲ့ ပန်းချီတစ်ချပ်ထက်ပိုခုံမင်မိမှာပါပဲ'

Collab with Author Nion.

(ဒီအပိုင်းကိုတော့ ပေါ့ပေါ့ပါးပါးလေးပဲ သွားထားပါတယ်။ Collab ရေးတာဖြစ်လို့ အနည်းငယ်ကွာဟမှုလေးတွေကို နားလည်ပေးကြပါ။ ဒီ Season လေးက မကြာခင် ဇာတ်သိမ်းပြီး Season 2 ရှိပါမယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရီစရာလေးတွေပဲ ဆက်သွားမှာပါ။ ဖတ်ရှုပေးကြတဲ့ စာဖတ်သူတစ်ယောက်စီကို ကျေးဇူးပါရှင်။)

(ရှေ့အပိုင်းလေးမှာ မေးထားတာလေး ဖြေပေးပါ့မယ်။

Collab အတူတူရေးနေတဲ့ Author Nion က မောင်နှမဆက်ဆံရေးပါ။ Couple တွေ မဟုတ်ရပါဘူး စာဖတ်သူလေးရေ။ မေးတာကို စိတ်မဆိုးလို့ ပြန်ဖြေပေးလိုက်ပါတယ်ရှင်။)

(Zawgyi)

အပိုင္း - ၁၉

ျပည္သာရဲထက္က အေရွ႕တြင္ရွိေနသည့္ ဆန္ျပဳတ္ပန္းကန္ကို ဇြန္းျဖင့္ေမႊေနသည္။ ေဒၚထားရတနာ စိတ္မသက္သာလွစြာျဖင့္ သက္ျပင္းသာခ်ရေတာ့သည္။

ငယ္ငယ္ကပင္ခ်ဴခ်ာလြန္းသျဖင့္ ပိုးေမြးသလိုေမြးထားခဲ့ရသည့္ သားငယ္မဟုတ္ပါလား။ မ်က္ႏွာမသာမယာျဖစ္ေနသည့္အခါတိုင္း ရင္ေမာခဲ့ရဖူးသည္ေလ။

"သားငယ္ေလး"

"................................."

"သားငယ္ေလး ဘာလိုခ်င္လဲ... Tissot ကေလ ဒီဇိုင္းအသစ္ထြက္တယ္တဲ့ မာမီ မွာေပးရမလား"

"......................................."

"ဟုတ္သားပဲ... သားငယ္ေလး နာရီမဝယ္တာအေတာ္ၾကာေနၿပီပဲ... မာမီမွာလိုက္မယ္ေနာ္"

"ေတာ္ပါၿပီ မာမီရယ္"

"ဘာလို႔လဲ သားငယ္ရဲ႕"

"နာရီအသစ္ပတ္ရလည္း အဲ့နာရီက ကိုရွိန္းမွမဟုတ္တာ အီးဟီးဟီး...."

ေဒၚထားရတနာေျပာသမွ်ကို ျပန္မေျပာသည့္ ျပည္သာရဲထက္က ျပန္ေျပာသည့္အခါလည္း က်ဴက်ဴပါေအာင္ ထငိုေလေတာ့သည္။

ထို႔ေၾကာင့္ ေဒၚထားရတနာမွာ သက္ျပင္းထပ္ခ်ရေလေတာ့သည္။

"သားငယ္ရယ္... သားငယ္က ဘယ္သူ႔ကို သေဘာက်က် မာမီလက္ခံပါတယ္"

"အဲ့တာဆိုရင္ ကိုရွိန္းကို ဘာလို႔လက္မခံႏိုင္ရတာလဲ"

"သားငယ္"

"ကိုရွိန္းက ဘာျဖစ္ေနလို႔လဲ... သားရဲ႕ ႏွလုံးသားယႏၲယားႀကီးက ကိုရွိန္းနဲ႔မွ လည္ပတ္တာ"

"ေတာ္စမ္း.... စကားတတ္တိုင္းေလွ်ာက္ေျပာမေနနဲ႔"

"မာမီ"

"မာမီေျပာၿပီးၿပီေလ... အဲ့ကေလးေတာ့ မျဖစ္ဘူး... အို လုံးဝကို မျဖစ္တာပါ ဘယ္လိုမွ သေဘာမတူႏိုင္ဘူး"

"မာမီမတရားဘူး"

"မိဘက မျဖစ္ဘူးလို႔ ေျပာေနတယ္ေလ သားငယ္"

"ဘာလို႔ မျဖစ္တာလဲ"

ေဒၚထားရတနာက ထိုင္ခုံေလးမွထကာ ျပည္သာရဲထက္၏ ကုတင္စြန္းတြင္ တင္ပါးလႊဲဝင္ထိုင္လိုက္ေလသည္။

"သားငယ္..."

"ေတာ္ပါေတာ့ မာမီရယ္... မာမီတို႔ ရန္ေႂကြးအတြက္ သားႏွလုံးသားက ခ်နင္းခံရသလိုျဖစ္ေနၿပီ"

"သားငယ္… သားငယ္ မိဘေနရာေရာက္လာတဲ့တစ္ေန႔သိလာလိမ့္မယ္"

"ဘာသိလာရမွာလဲ မာမီ"

"ခု မာမီ ဘာလို႔ တားေနလဲ သားငယ္ နားလည္လာမွာပါ... မာမီေရာ သားဒယ္ဒီပါ သားငယ္ေလးကို ဆင္စီးၿပီးျမင္းရံေစခ်င္တာပါ ဆင္နင္းၿပီး ျမင္းကန္မွာ ဘယ္လိုခ်င္ပါ့မလဲ"

"ကိုရွိန္းနဲ႔ ယူရင္ ဘယ္ဆင္ကလာနင္းၿပီး ဘယ္ျမင္းကလာကန္မွာလဲ"

"ဟင္"

"နင္းမယ့္ဆင္လည္းမေမြးသလို ကန္မယ့္ျမင္းလည္းမေမြးပါဘူးမာမီ... ၿပီးေတာ့ေလ မာမီသိလား ဆင္က ေမြးလို႔မရဘူး ေတာ႐ိုင္းတိရိစာၦန္ဥပေဒနဲ႔လည္း မလြတ္ကင္းဘူး"

"ျပည္... သာ... ရဲ...ထက္"

စကားကို ကတ္တီးကပ္ဖဲ့ျပန္ေျပာေနသည့္ ျပည္သာရဲထက္ေၾကာင့္ ေဒၚထားရတနာမွာ ဆက္မေျပာႏိုင္ေတာ့ဘဲ နာမည္ကိုပဲ တစ္လုံးခ်င္းသာေခၚႏိုင္ရွာေတာ့သည္။

.....................................................................................................................................

"မရီနဲ႔ ဒီးဒီးရယ္... ငါတကယ္ညစ္ေနတာေနာ္"

"ထက္ကိုရွိန္း ... ထက္ကိုရွိန္း ... နင္မ်က္ႏွာႀကီးက အီးမွန္ထားသလိုျဖစ္ေနတာ ငါ ပထမဆုံးျမင္ဖူးတာပဲ"

"ဟူး... ငါတကယ္ေျပာေနတာ ဒီးရယ္ ... ငါ ကေလးနဲ႔ မေဝးႏိုင္ဘူး... ကေလးနဲ႔ေဝးရရင္ ငါ ..ငါ ေသသြားမလားမသိဘူး"

"အမေလး ေသေတာ့မေသလိုက္ပါနဲ႔ဟယ္ ငါ သရဲေၾကာက္တတ္တယ္"

ဒီးဒီးစကားေၾကာင့္ ထက္ကိုရွိန္း ေရွ႕မွတစ္ရွဴးကို လုံးၿပီး ဒီးဒီးကို ေပါက္ပစ္လိုက္သည္။ ပိတ္ရက္တြင္ ဒီးဒီး၊ ရတုႏွင့္ ေမာ္ကြန္းတို႔ကိုေခၚကာ ထိုင္ေနက် Coffee Shop ေလးသို႔ ရွိန္းေရာက္ရွိေနျခင္းျဖစ္သည္။

ရွိန္းက ေကာ္ဖီခြက္ကိုၾကည့္လိုက္ သက္ျပင္းခ်လိုက္လုပ္ေနၿပီး ေမာ္ကြန္းကေတာ့ ထက္ကိုရွိန္းကို ၾကည့္ကာ စုပ္တသပ္သပ္ျဖစ္ေနေလသည္။ ထက္ကိုရွိန္း ထိုသို႔ျဖစ္ေနသည္ကို ယခုမွသာ ျမင္ဖူးရျခင္းမဟုတ္ပါလား။

ထိုအခ်ိန္ ထက္ကိုရွိန္းတို႔ထိုင္ေနရာ ေကာ္ဖီဆိုင္ေလးအတြင္းသို႔ဝင္လာသူႏွစ္ေယာက္ကို ဒီးဒီးကျမင္သြားေလေတာ့သည္။

ထိုလူႏွစ္ေယာက္မွာ အျခားသူမ်ားမဟုတ္။ တစ္ေယာက္က ေမာ္ကြန္း၏ အသည္းအသက္ေလး ေဇာ္ထက္ႏွင့္ ေနာက္တစ္ေယာက္မွာ ျပည္သာရဲထက္၏အကိုျဖစ္သူ ေနသာရဲထက္ပင္။

"ဟဲ့ ဟဲ့… ေမာ္ကြန္း"

အလန႔္တၾကားထေအာ္သည့္ ဒီးဒီးေၾကာင့္ ေမာ္ကြန္းက ေသာက္လက္စ ေကာ္ဖီပင္သီးမတတ္ျဖစ္သြားရသည္။

"ဘာလဲ ဒီးရာ... ငါ ေကာ္ဖီနင္ၿပီးေသေတာ့မွာပဲ"

"မေသနဲ႔ဦး...ဟဲ့... ဟိုမွာၾကည့္"

ဒီးဒီးၫႊန္ျပရာသို႔ ၾကည့္လိုက္သည့္အခါ ေဇာ္ထက္က ေနသာရဲထက္၏ လက္ေမာင္းကိုခ်ိတ္က အင္မတန္ေပ်ာ္႐ႊင္ေနဟန္ျဖင့္ ဆိုင္အတြင္း ဝင္လာၾကသည္ကို ေတြ႕လိုက္ရေလေတာ့သည္။

ထို႔ျမင္ကြင္းေၾကာင့္ ေမာ္ကြန္းမွာ ၾကက္ေသေသသြားရေတာ့သည္။ သို႔ေသာ္ လူက ခ်က္ခ်င္းဆိုသလို သူတို႔ႏွစ္ေယာက္၏ ေရွ႕သို႔ေရာက္သြားေလေတာ့သည္။ ဘယ္သို႔ဘယ္ပုံေရာက္သြားသည္ကိုေတာ့ မသိေတာ့ပါေလ။

"ေဇာ္ထက္"

ေနသာရဲထက္ႏွင့္ ရယ္ေမာေနသည့္ ေဇာ္ထက္က ေရွ႕သို႔ ႐ုတ္တရက္ေရာက္လာသည့္ ေမာ္ကြန္းေၾကာင့္ ေယာင္ရမ္းကာ တြယ္ခ်ိတ္ထားသည့္ လက္ေမာင္းမွ လက္ကိုျဖဳတ္ခ်လိုက္မိေလသည္။

"ကို ေမာ္... ကြန္း"

"အင္း... ဟို ဟို..."

"ကိုေမာ္ကြန္းတစ္ေယာက္တည္းလား"

ေဇာ္ထက္၏ အေမးကို ေမာ္ကြန္းမေျဖႏိုင္ေသးဘဲ ေဇာ္ထက္ေဘးရွိ ေနသာရဲထက္ဆီသို႔ အၾကည့္ေရာက္သြားေလေတာ့သည္။ တည္ၾကည္ခန႔္ညားသည့္ သြင္ျပင္၊ တည္ၿငိမ္လွသည့္ မ်က္ဝန္းနက္နက္မ်ားႏွင့္ ႏွစ္ခါျပန္ေငးယူရမည့္ ထိုလူသားႏွင့္ယွဥ္လွ်င္ ေမာ္ကြန္းအေနႏွင့္ အင္မတန္မွ သိမ္ငယ္လြန္းလွသည္။ ထိုခံစားခ်က္ေၾကာင့္ ေနရာမွာတင္ ေခြလဲက်လိုက္ခ်င္ေသာ္လည္း စိတ္ကိုတင္းကာ ျပန္ၿပဳံးျပလိုက္သည္။ ထို႔ေနာက္တြင္မွ ေဇာ္ထက္၏ ေမးခြန္းကို ျပန္ေျဖလိုက္ရေတာ့သည္။

"တစ္ေယာက္တည္းမဟုတ္ပါဘူး ဒီဒီးနဲ႔ ရတုလည္းပါတယ္ ၿပီးေတာ့ ရွိန္းလည္းပါတယ္... ျပည္သာ မပါဘူးလား"

ထို႔ေနာက္ ထက္ကိုရွိန္းတို႔ ထိုင္ေနရာ ဝိုင္းကို ၫႊန္ျပလိုက္ေလသည္။

"ျပည္သာက အျပင္မထြက္ခ်င္ဘူးတဲ့ေလ... ဟာ ကိုရွိန္းေရာ မဒီးတို႔ေရာပါတာပဲ အဲ... ဝိုင္းမွာလည္း ေနရာလြတ္ေနတယ္ အတူတူထိုင္ၾကမလား"

"ရ… ရပါတယ္"

"ေက်းဇူးပါေနာ္ ကိုေမာ္ကြန္း... ကိုကို ညီတို႔ ကိုရွိန္းတို႔နဲ႔ပဲ အတူတူထိုင္လိုက္မယ္ေနာ္"

ေဇာ္ထက္က ေနသာရဲထက္ကိုၾကည့္ကာ ေျပာလိုက္သည္။

"ရပါတယ္ ညီရဲ႕"

"ဟီး ကိုကို႔ကို အဲ့တာေတြေၾကာင့္ ခ်စ္ေနရတာ"

ေဇာ္ထက္က ပုံမွန္ရွိလွေသာ္လည္း ေမာ္ကြန္းကေတာ့ ထိုျမင္ကြင္းေၾကာင့္ ပူေလာင္လြန္းလွသည္။

ထက္ကိုရွိန္းတို႔ ေနရာယူထားသည့္ဝိုင္းက စားပြဲႏွစ္လုံးကို ဆက္ထားသည့္ဝိုင္းျဖစ္ေနသည့္အတြက္ ေဇာ္ထက္ႏွင့္ ေနသာရဲထက္ပါ ဝင္ထိုင္ရန္ အဆင္သင့္ျဖစ္လို႔ေနေတာ့သည္။

ေနသာရဲထက္က ထက္ကိုရွိန္းတို႔ကို ၿပဳံးျပကာ ဝိုင္းတြင္ဝင္ထိုင္လိုက္သည္။

"ကိုကို ... မိတ္ဆက္ေပးမယ္ေနာ္"

"အင္း"

"ဒါက ထက္ကိုရွိန္းတဲ့ ကိုရွိန္းက King ေလကိုကို... ျပည္သာလိုပဲ"

"အင္း"

"ဒါက မဒီးဒီးတဲ့ ဒါက ကိုရတု... မဒီးရဲ႕ ခင္ပြန္းေလာင္း... ဒါကေတာ့ ကိုေမာ္ကြန္းတဲ့"

"ေတြ႕ရတာ ဝမ္းသာပါတယ္ ညီမနဲ႔ ညီတို႔"

"ဒါကေတာ့ ကြၽန္ေတာ့္ရဲ႕ ကိုကို ေနသာရဲထက္တဲ့... ျပည္သာရဲထက္ရဲ႕ အကိုေလ"

ေဇာ္ထက္က ပုံမွန္အေနအထားရွိေနေသာ္လည္း ကမာၻပ်က္ေနသည့္ ေမာ္ကြန္းကိုေတာ့ ဒီးဒီးၾကည့္ရင္း သက္ျပင္းသာခ်မိေတာ့သည္။ ေနသာရဲထက္က ေဇာ္ထက္ကို ဂ႐ုတစိုက္ရွိလွၿပီး သူတို႔ႏွစ္ေယာက္မွာ ရည္းစားေတြျဖစ္ေၾကာင္း ေမးေနစရာျပင္မလိုေတာ့ေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ ဖူဂ်ိဳရွိသက္တမ္းရင့္ေနသည့္ ဒီးဒီးအတြက္ ေနသာရဲထက္ကို ၾကည့္႐ုံႏွင့္ပင္ ေသခ်ာေနၿပီ ျဖစ္ေလသည္။

.......................................................................................................................................

ထက္ကိုရွိန္း ပခုံးေပၚမွီေနသည့္ ျပည္သာရဲထက္က ထက္ကိုရွိန္းေျပာျပသမွ်ကို နားေထာင္ေနသည္။

ေက်ာင္းေန႔တစ္ဝက္ဆင္းကာ ႏွစ္ေယာက္သား ကန္ေတာ္ႀကီးထဲေရာက္ေနၾကသည္ေလ။

လူရွင္းေနသည့္အတြက္ ေအးေအးေဆးေဆးရွိသည့္အတြက္ ထက္ကိုရွိန္းအဖို႔ အဆင္ေျပလွသည္။

ထို႔ေနာက္ ျပည္သာရဲထက္က ေခါင္းေထာင္ကာ ထက္ကိုရွိန္းကို ၾကည့္လိုက္ရင္း ေမးခ်င္သည္မ်ားကို စကားစလိုက္ေလသည္။

"ဒါဆိုရင္... ဒါဆိုရင္ေလ ကိုကို ကိုေမာ္ကြန္းက ေဇာ္ထက္ကို သေဘာက်ေနတာေပါ့"

"ဟုတ္တယ္"

"ကိုေမာ္ကြန္း သနားပါတယ္"

"အင္း"

"ကိုကို"

"အင္း... ေျပာေလ ကေလး"

"အဲ့တာဆို ကိုေမာ္ကြန္းအတြက္ ဘယ္လိုလုပ္ေပးၾကမလဲဟင္"

"ဘာကို ဘယ္လိုလုပ္ခ်င္တာလဲ ကေလးရဲ႕"

"မသိေတာ့ပါဘူး ကိုကိုရယ္..."

"ကိုကိုတို႔က ကံေကာင္းတယ္ေနာ္ကေလး... ကိုကိုကလည္းကေလးကိုခ်စ္တယ္... ကေလးကလည္း ကိုကို႔ကိုခ်စ္တယ္ေလ"

ထိုစကားေၾကာင့္ ျပည္သာရဲထက္ မႈန္ကုပ္သြားသည္။ ထို႔ေနာက္ အရွက္ႀကီးလွသည့္ ထက္ကိုရွိန္းကို ၿပဳံးစိစိၾကည့္လိုက္မိေတာ့သည္။

ထို႔အျပဳမူေၾကာင့္ ထက္ကိုရွိန္းတစ္ေယာက္ ၾကက္သီးမ်ားပင္ထလာရေတာ့သည္။

"............................................"

"ကိုကိုေျပာတာ မွန္သလိုလိုနဲ႔ မမွန္ဘူး"

"ဟင္"

"ဟုတ္တယ္ေလ ကိုကိုက ကေလးကိုခ်စ္တယ္... ကေလးကလည္း ကိုကို႔ကို ခ်စ္တယ္ေလ"

"အင္းေလ"

"ဒါေပမယ့္ ကံေကာင္းတာကေတာ့ မမွန္ဘူး ကိုကို"

"ဘာလို႔လဲ ကေလးရဲ႕ ဘာလို႔ ကံမေကာင္းတာလဲ ေလာကမွာ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို ျပန္ခ်စ္ေနတာ ကံေကာင္းမႈႀကီးမဟုတ္ဘူးလား"

ထက္ကိုရွိန္း အေမးေၾကာင့္ ျပည္သာရဲထက္က ထိုင္ေနသည့္ခုံေလးမွထကာ တံတားဖက္မ်က္ႏွာလွည့္ၿပီး မတ္တပ္ရပ္လိုက္သည္။

"ကြၽန္ေတာ္တို႔က ႐ိုမီ႐ိုနဲ႔ ဂ်ဴးလိယက္လိုျဖစ္ေနတယ္ေလ"

"ကေလး... ကိုကိုေလ..."

"ကိုကို႔ အိမ္ကလည္း သေဘာမတူဘူးမဟုတ္လား"

"အင္း"

"ကိုကို ဘာဆက္လုပ္မယ္ ေတြးထားၿပီးၿပီလဲ"

ထက္ကိုရွိန္းက ျပည္သာရဲထက္၏ ေမးခြန္းကို မေျဖေသးဘဲ သက္ျပင္းခပ္ဖြဖြခ်သည္။

"ကိုကိုကေတာ့ ကေလးနဲ႔ မေဝးႏိုင္ဘူး"

ထိုစကားေၾကာင့္ ျပည္သာရဲထက္ ရင္ထဲေႏြးေထြးသြားရသည္။

"ကေလးလည္း ကိုကိုနဲ႔ မေဝးႏိုင္ဘူး"

"အဲ့ဒီေတာ့..."

"ကေလးတို႔ ခိုးေျပးၾကရေအာင္"

"ဟင္"

.........................................................................................................................................

အိပ္မေပ်ာ္ႏိုင္သည့္ ထက္ကိုရွိန္းက အိပ္ယာထက္ လူးလိမ့္ေနရသည္။ မၾကာခင္ ထက္ကိုရွိန္းက ေက်ာင္းၿပီးေတာ့မည္ျဖစ္ေသာ္လည္း ျပည္သာရဲထက္က ေက်ာင္းၿပီးရန္ လိုေသးသည္။

အေျခအေနအရ ကေလးႏွင့္ ခမ္းခမ္းနားနား မဂၤလာပြဲမလုပ္ႏိုင္သည့္တိုင္ေအာင္ တင့္ေတာင္းတင့္တယ္ေလးေတာ့ တရားဝင္ေတာင္းရမ္းယူခ်င္မိသည္။ ႏွစ္ဖက္မိဘကို ကန္ေတာ့ၿပီးမွ အိမ္ခန္းဝင္ခ်င္သည္။

သို႔ေသာ္ လက္ရွိအေျခအေနက ထိုသို႔ျဖစ္ႏိုင္မည္မထင္။ မိဘမ်ား၏ ငယ္ဘဝရန္ေႂကြးမ်ားက ထက္ကိုရွိန္းႏွင့္ ျပည္သာရဲထက္အေပၚ ႐ိုက္ခ်က္ျပင္းလွသည္။

ထိုစဥ္တံခါး ေခါက္သံေၾကာင့္ ထက္ကိုရွိန္း၏ အေတြးတို႔ ျပတ္ေတာက္သြားရေတာ့သည္။

-ေဒါက္ ေဒါက္ ေဒါက္-

"သား ... ေမေမပါ"

"ဟုတ္ကဲ့ ေမေမ ဝင္လာလို႔ရပါတယ္"

ေမေမဝင္လာသည့္အခါ ထက္ကိုရွိန္းထၿပီး အခန္းမီးဖြင့္ေပးလိုက္သည္။

ေဒၚသီတာက ထက္ကိုရွိန္း၏ စာဖတ္ခုံေလးတြင္ ဝင္ထိုင္လိုက္ၿပီး ထက္ကိုရွိန္းကို ၾကည့္လိုက္သည္။ ထက္ကိုရွိန္းကေတာ့ ကုတင္စြန္းေလးတြင္ထိုင္ကာ ေမေမႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"ကိစၥရွိလို႔လား ေမေမ"

"သား ဘယ္လိုေတြ ဆုံးျဖတ္ထားလဲ"

"ဘာကိုလဲ ေမေမ"

ေမေမ ဘာကိုေမးမွန္း ထက္ကိုရွိန္းသိေသာ္လည္း တမင္ ေမးခြန္းျပန္ထုတ္လိုက္ျခင္းပင္။

"ရွိန္း... ေမေမ ေျပာမယ္... ေသခ်ာ နားေထာင္ေနာ္"

"ဟုတ္ကဲ့ ေမေမ"

"သားရဲ႕ ျဖစ္တည္မႈကို ေမေမတို႔က ေလးစားၿပီးသားပါ"

"ဟုတ္ကဲ့"

"သား ဘယ္သူ႔ကို သေဘာက်သည္ျဖစ္ေစ ေမေမ လက္ခံေပးလို႔ရတယ္ ဒါေပမယ့္…"

"ဒါေပမယ့္ ျပည္သာနဲ႔ေတာ့ သေဘာမတူႏိုင္ဘူး... ဟုတ္တယ္ မဟုတ္လား ေမေမ"

"သားသိေနတာပဲ"

"ေမေမ ေျပာခ်င္တာကို သားသိၿပီးသားပါ"

"ဒါဆိုရင္..."

"သားက ေနာက္မဆုတ္ႏိုင္ဘူးဆိုရင္ေရာ ေမေမ"

"သား... ေမေမတို႔မွာ ဒီသားတစ္ေယာက္တည္းပဲရွိတာ သားသိပါတယ္"

"သားမွာလည္း ေမေမတို႔ပဲရွိတာပါ... ဒါေပမယ့္ သားလည္း ခံစားခ်က္ရွိတယ္ေလ ေမေမ"

"သားက စိတ္နည္းနည္းေလးေလွ်ာ့ၿပီး စဥ္းစားေပးလို႔မရဘူးလား"

"ေမေမ"

"........................................"

"သား ေမေမတို႔ကို လက္မလႊတ္ႏိုင္ဘူး အဲ့လိုပဲ ကေလးကိုလည္း လက္မလႊတ္ႏိုင္ဘူး ကြၽန္ေတာ့္မွာ လက္ႏွစ္ဖက္ပါတယ္ တစ္ဖက္က ေမေမတို႔ကိုလက္ကိုင္ထားၿပီး ေနာက္တစ္ဖက္ကေတာ့ ကေလးအတြက္ သာယာေပ်ာ္႐ႊင္မႈေတြ ဖန္တီးေပးခ်င္တယ္"

ေဒၚသီတာ သက္ျပင္းခ်လိုက္သည္။ ငယ္ငယ္ကတည္းက မိဘစကားမပယ္ရွားဖူးသည့္ သားက အခုေတာ့ ႏွလုံးသားေရးေၾကာင့္ မိဘမ်ားကို အာခံတတ္ေနခ်ၿပီ။

"ဒါဆို သားက အဲ့ကေလးကို လက္မလႊတ္ဘူးေပါ့"

"ကေလးကို အတင္းလက္လႊတ္ခိုင္းရင္ ေမေမတို႔ သားကိုပါ ဆုံးရႈံးရလိမ့္မယ္"

ထိုစကားေၾကာင့္ အႀကီးက်ယ္ ထိတ္လန႔္သြားရသူမွာ ေဒၚသီတာျဖစ္ေလသည္။

"သား... သားက ဘာလုပ္ခ်င္လို႔လဲ"

"ဘာလုပ္ခ်င္တာရယ္ေတာ့ မရွိေသးပါဘူး ေမေမ... ဒါေပမယ့္ ကေလးကို လက္လႊတ္ဖို႔ ဖိအားေပးလာရင္ေတာ့ သား ဘာလုပ္မိမယ္က အာမေတာ့မခံႏိုင္ဘူး"

"သား"

"သားဘဝမွာ ကေလးမရွိလို႔ မျဖစ္ဘူး"

'မင္းကို ခ်စ္မိခဲ့ျခင္းက

ငါ့ဘဝရဲ႕ အမာ႐ြတ္ဆိုရင္ေတာင္

လွပတဲ့ ပန္းခ်ီတစ္ခ်ပ္ထက္ပိုခုံမင္မိမွာပါပဲ'

Collab with Author Nion.

(ဒီအပိုင္းကိုေတာ့ ေပါ့ေပါ့ပါးပါးေလးပဲ သြားထားပါတယ္။ Collab ေရးတာျဖစ္လို႔ အနည္းငယ္ကြာဟမႈေလးေတြကို နားလည္ေပးၾကပါ။ ဒီ Season ေလးက မၾကာခင္ ဇာတ္သိမ္းၿပီး Season 2 ရွိပါမယ္။ ေပါ့ေပါ့ပါးပါးနဲ႔ ရီစရာေလးေတြပဲ ဆက္သြားမွာပါ။ ဖတ္ရႈေပးၾကတဲ့ စာဖတ္သူတစ္ေယာက္စီကို ေက်းဇူးပါရွင္။)

(ေရွ႕အပိုင္းေလးမွာ ေမးထားတာေလး ေျဖေပးပါ့မယ္။

Collab အတူတူေရးေနတဲ့ Author Nion က ေမာင္ႏွမဆက္ဆံေရးပါ။ Couple ေတြ မဟုတ္ရပါဘူး စာဖတ္သူေလးေရ။ ေမးတာကို စိတ္မဆိုးလို႔ ျပန္ေျဖေပးလိုက္ပါတယ္ရွင္။)

Continue Reading

You'll Also Like

1M 138K 41
၅နှစ်ကွာတဲ့ အကိုကြီးနဲ့ ချစ်သူဖြစ်ဖို့ ဘာတွေလုပ်ဖို့ လိုမလဲ။ သက်ငယ်ဝေလုံ 7,6,2021 ----------- ၅နွစ္ကြာတဲ့ အကိုႀကီးနဲ ့ခ်စ္သူျဖစ္ဖို ့ ဘာေတြလုပ္ဖို...
723K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
53.9K 8.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
286K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...