အပိုင်း - ၁၇
ပြည်သာရဲထက်က အပေါ်ထပ်ဝရံတာတွင် ကော်ဖီတစ်ခွက်သောက်ကာ ကောင်းကင်ကိုကြည့်လိုက် လက်ချောင်းလေးများကို ကြည့်လိုက်လုပ်နေမိသည်။
ဖုန်းတွင်ဖွင့်ထားသည့် သီချင်းက ရဲရင့်အောင်၏ 'လွမ်းလွန်းလို့' ဆိုသည့် သီချင်းဖြစ်လေသည်။
"အဟက် မင်းတို့ကို မနာလိုလိုက်တာကွာ… ကိုကို့ရဲ့ ကိုယ်လုံးလေးကို စိတ်ရှိလက်ရှိ ပွေ့ပိုက်ခွင့်ရလိုက်တယ်မဟုတ်လား"
ပြည်သာရဲထက်က သဝန်တိုစရာမရှိသဖြင့် ကြံဖန်ကာ သဝန်တိုနေသည်။ ထို့ကြောင့် ထက်ကိုရှိန်းကို ထိတွေ့ခွင့်ရလိုက်သည့် ကိုယ့်လက်ချောင်းများကိုပင် မကျေနပ်ချင်လှပေ။
"ဒါပေမယ့် ခွင့်လွှတ်ပါတယ်ကွာ မင်းတို့က ငါ့ရဲ့အစိတ်အပိုင်းတွေပါပဲလေ... ငါဆိုတဲ့ကောင်ကလေ ကိုကိုနဲ့ ပတ်သက်လာရင် ကိုကို့ဘေးနားက လေထုကိုတောင် နှစ်မြို့တာမဟုတ်ဘူးကွ သိကြရဲ့လား"
"သားငယ်"
ခေါ်သံကြောင့် တတွတ်တွတ်ရွတ်နေသည့် ပြည်သာရဲထက် လန့်သွားရသည်။
"မာဒီ"
"ဟင်"
"အာ မှားလို့ မာမီ"
ဒေါ်ထားရတနာက ပြည်သာရဲထက်ရှေ့ရှိ ခုံလေးတွင် ဝင်ထိုင်လိုက်လေသည်။
"သားငယ်"
"ဗျာ"
"သားငယ်နဲ့ ထက်ကိုရှိန်းဆိုတဲ့ကလေးက ဘယ်လိုအခြေနေတွေလဲ"
ဒေါ်ထားရတနာက မေးခွန်းထုတ်လာသည့်အခါ ပြည်သာရဲထက်က ဖုန်းတွင် ဖွင်ထားသောသီချင်းကို ပိတ်လိုက်သည်။
"ကိုရှိန်းနဲ့လား... မာမီက ဘယ်အတိုင်းတာထိသိချင်တာလဲ"
"ဟင်... သားတို့က ဘယ်အတိုင်းတာထိရောက်နေကြလို့လဲ"
"မာမီ သားကို မဆူရဘူးနော်"
"သားငယ်က မာမီဆူရလောက်တဲ့အပြစ်လုပ်ထားလို့လား"
ဒေါ်ထားရတနာသည်လည်း စကားပြောရာတွင် ခေသူတော့မဟုတ်လှပေ။ ပြည်သာရဲထက် စကားတတ်လွန်းသည်ကလည်း ဒေါ်ထားရတနာ၏ အမွေတစ်ဝက်ကို ဆက်ခံထားခြင်းမဟုတ်ပါလား။
"ဟူး... "
"ဘာလို့ သက်ပြင်းတွေချနေရတာလဲသားငယ်"
ပြည်သာရဲထက်က ထိုင်နေရာမှ ထလိုက်ပြီး ဝရံတာဘောင်ကို မှီကာ ရပ်လိုက်သည်။
"ဒီလိုစကားရှိတယ်မဟုတ်လားမာမီ"
"ဘယ်လိုစကား..."
ဒေါ်ထားရတနာ စကားမဆုံးမီ ပြည်သာရဲထက်က လက်ကာပြလိုက်လေသည်။ သူဆက်ပြောမယ် နားထောင်ဆိုသည့်သဘောပါပေ။ ထို့ကြောင့် ဒေါ်ထားရတနာက စကားကိုရပ်ပေးလိုက်ရသည်။
"သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့... သားလည်း အရွယ်ရောက်ပြီဆိုတော့ သီးချိန်တန်..."
"သားငယ်... ခု မာမီမေးနေတာနဲ့ သားငယ်ပြောတာနဲ့ ဘာတွေများသက်ဆိုင်နေလို့လဲ"
"ရော် လောလိုက်တာ မာမီကလည်း... သားဖြည်းဖြည်းချင်းပြောပြမှာပေါ့"
"ဟုတ်ပြီ ဟုတ်ပြီ ဆက်ပြော"
"သားက အရွယ်ရောက်နေပြီ... သားနှလုံးသားလေးလည်း အရွယ်ရောက်လာပြီလေ... အဲ့တော့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်လာတာပါ"
"ဟင်... ဒါဆိုရင် သားငယ်တို့က တွဲနေကြတာပေါ့... ဟုတ်လား"
"ဟုတ် မာမီ"
ဒေါ်ထားရတနာ၏ ဆုတောင်းတို့က မပြည့်ခဲ့ပါလေ။
"သားငယ်... မာမီပြောမယ်... ကမ္ဘာပေါ်မှာ လူတွေ ဘီလီယံချီရှိတယ်.... ဘာလို့ သားငယ်က ဒေါ်သီတာရဲ့သားနဲ့မှ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ချင်ရတာလဲ"
"ဘာလို့လဲ မာမီ"
"အဲ့ဒီကလေးက ဒေါ်သီတာရဲ့သားဖြစ်နေတယ်လေ"
"ကိုကိုက ဒေါ်သီတာရဲ့သားအဖြစ်မွေးလာတာ အပြစ်လားမာမီ... သားနှလုံးသားကလည်း ကိုရှိန်းနဲ့မှ ချစ်မိသွားတာ အပြစ်တစ်ခုလား"
"ပြည်သာရဲထက်"
"ဗျာ မာမီ"
"ဟင် မာမီ့ကို ရွဲ့နေတာလား"
"ဘာလို့လဲမာမီ... မာမီခေါ်လို့ သား ထူးလိုက်တာလေ"
"ကောင်းပြီ... သားငယ်က သားငယ်ရဲ့သဘောကို ပြောလာတော့ မာမီကလည်း မာမီ့သဘောကိုပြောမယ် သေချာနားထောင်"
ဒေါ်ထားရတနာက အနည်းငယ်စိတ်လှုပ်ရှားနေသည်။ ဒေါ်သီတာသားဖြစ်နေသည့်အတွက် သဘောမတူနိုင်သကဲ့သို့ ပြည်သာရဲထက်က လက်မလျော့ဟု ပြောလာပါကလည်း မရရအောင်တားဖို့ နည်းလမ်းရှာရပေမည် မဟုတ်ပါလား။
"ဟုတ်ကဲ့ မာမီ ပြောပါ"
"သား ကြိုက်ချင်တဲ့သူကို ကြိုက်လို့ရတယ်..."
"ဟေး ပျော်လိုက်တာ"
"တိတ်စမ်း မာမီ့စကားမဆုံးသေးဘူး"
"ဟင်"
"အဲ့ဒီကလေး ထက်ကိုရှိန်းတော့ မာမီသဘောမတူနိုင်ဘူး"
"မာမီ"
"သားငယ် မာမီ့အကြောင်းကို သိပါတယ်"
"မာမီစဉ်းစားကြည့်... သားပြောမယ်နော်"
"ဟုတ်ပြီ ပြော"
"မာမီတို့က မိဘဝတ်တရားလည်းကျေသေးတာမဟုတ်ဘူး"
"ဟေ"
"ဟုတ်တယ်လေ မိဘဝတ်ထဲမှာ 'ထိမ်းမြားခြင်းလျှင်' ဆိုတာပါတယ်လေ မာမီတို့ ကျေပြီလား"
................................................................................................................................
ထက်ကိုရှိန်းက cappuccino coffee ခွက်ထဲ သကြားထုတ်လေးကို ဖောက်ထည့်ကာ မွှေပေးပြီး ပြည်သာရဲထက်ရှေ့သို့ တိုးပေးလိုက်သည်။
ပြည်သာရဲထက်က တစ်ငုံသောက်ပြီး သက်ပြင်းချသည်။
"(၃) ခါ"
"ဟင် ဘာကို (၃) ခါလဲ ကိုကို"
"ကလေး သက်ပြင်းချတာ (၃) ခါရှိနေပြီ"
"အာ ကိုကိုကလည်း"
"ဟင် ဘာလို့လဲ ကလေးရဲ့"
"(၃) ခါ ဆိုတော့ လန့်သွားတာလေ"
"ကလေးက ဘာကိုတွေးပြီးလန့်တာလဲ"
ခပ်နောက်နောက်ပြောလာသည့် ထက်ကိုရှိန်းစကားကြောင့် ပြည်သာရဲထက်ရှက်သွားရသည်။
"ကိုကိုကလည်း"
"ကဲဗျာ ကိုကိုကနောက်နေတာပါ... ကလေး ဘာတွေ သက်ပြင်းချနေတာလဲ"
"ကိုကို့ကို ပြောပြတယ်လေ… မာမီက ကလေးတို့ကို သဘောမတူဘူးတဲ့လေ"
"နောက်တော့ သဘောတူလာမှာပါ ကလေးရဲ့"
"ဘယ်တော့လဲ အဲ့ဒီနောက်ဆိုတာ ဘာချိန်ထဲလဲ ကိုကို"
"လူကြီးတွေဆိုတော့ စိတ်ကလည်းဆတ်ကြလို့ပါ ကလေးရဲ့ နောက်ဆိုရင် ကိုကိုတို့ကို သဘောကျလာမှာပါ"
"အဲ့ဒီအချိန်ကြီးထိကို မစောင့်ချင်တာလေ'
"ကလေးက ဘာလို့ လောနေရတာလဲ"
"ကိုကို့ကို စိတ်မချလို့ပေါ့"
"ကိုကို့ကို ဘာလို့စိတ်မချရတာလဲ"
ထက်ကိုရှိန်း၏ အမေးကို ပြည်သာရဲထက်က မဖြေသေးဘဲ ကော်ဖီတစ်ငုံကို သောက်သည်။ ထို့နောက် ကိတ်မုန့်ကို ဖဲ့ကာ ပလုပ်ပလောင်းစားသည်။ ပြည်သာရဲထက် စိတ်မချပုံက တမျိုးလေးဆန်းလွန်းလှသည်။ ထက်ကိုရှိန်းကတော့ ပြည်သာရဲထက်လုပ်သမျှကို ချစ်မဝစွာကြည့်နေမိသည်။ ထိုကောင်လေးက အင်မတန်မှ ချစ်စရာကောင်းလွန်းလှသည်မဟုတ်ပါလား။
"ရော့ ပါးစပ်ဟ"
ပြည်သာရဲထက်က စားနေရင်းမှ ထက်ကိုရှိန်းကိုလည်း လှမ်းခွံ့သဖြင့် စားရသေးသည်။
"ကောင်းလား"
"ချိူနေတာပဲဗျာ သဒ္ဓါလို့ပေး သေဆေးတောင်စားရတယ်တဲ့"
"ဟုတ်တယ် ကိုကိုခုစားလိုက်တာ ဘာလဲသိလား"
"Cheese Cake လေ ကလေးရဲ့"
"No…. No"
ထက်ကိုရှိန်း၏အဖြေကို ပြည်သာရဲထက်က ခေါင်းခါပြရင်း ငြင်းသည်။
"မဟုတ်ဘူးလား ကလေးရဲ့"
"မဟုတ်ဘူး ကိုကိုရဲ့…. ကိုကို ခုစားလိုက်တာ ကလေးရဲ့သံယောဇဉ်တွေနဲ့လုပ်ထားတဲ့ အချစ်တွေ"
"ဟ တယ်ဆိုတဲ့စာပါလား ကလေးရဲ့"
"ဟုတ်တယ်ကိုကိုရဲ့ အဲ့တာကြောင့် ကိုကိုစားလို့ကောင်းတာ"
"ကိတ်မုန့်က ကလေးလုပ်တာမှမဟုတ်တာ ဒါက ဆိုင်က ကိတ်မုန့်လေ ဘယ်လိုလုပ်ကလေးရဲ့ အချစ်တွေဖြစ်သွားရတာလဲ"
"ဆိုင်က ကိတ်ကတော့ သာမာန်ပဲလေ ကိုကိုရယ်... ကလေးက ဖဲ့ပြီး အချစ်တွေနဲ့ ထည့်ပေးလိုက်တာ"
"အ့"
ရုတ်တရက် ထက်ကိုရှိန်းက ဘယ်ဘက်ရင်အုံကို ဖိပြီး နာကျင်ဟန်လုပ်ပြသည့်အခါ ပြည်သာရဲထက် လန့်သွားရသည်။
"ကိုကို ဘာ... ဘာဖြစ်တာလဲ"
"ကလေးရဲ့အချစ်ကြောင့် Heart ထိသွားတာဗျာ"
"ကိုကိုကလည်းလေ... ကလေးရဲ့ကောင်လေးမို့နေမှာ ကိုကိုလည်း ကလေးလို ချစ်စရာကောင်းလာတယ်... ဒါပေမယ့် ကလေးကိုတော့ မမှီသေးဘူး"
ထိုစကားကြောင့် ထက်ကိုရှိန်း ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ပြည်သာရဲထက်သည် ပြည်သာရဲထက်ပါပေ။
"ဟား...ဟား ဟား ဟား"
"ဘာရီတာလဲ ကိုကို"
"ဘာမှမဟုတ်ပါဘူးကလေးရဲ့... ကဲ စကားတွေ လမ်းကြောင်းလွဲကုန်ပြီ... ကလေးက ကိုကို့ကို စိတ်မချတဲ့အကြောင်းပြောနေတာလေ"
"ဟုတ်တယ် ကိုကိုရဲ့ ကိုကိုက တစ်နေ့တခြား ကလေးနဲ့တူလာတော့ ချစ်စရာကောင်းလာတယ်လေ အဲ့လိုကျတော့ သူများတွေက မျက်စိကျလာမှာပေါ့... စိတ်မချပါဘူး"
ပြည်သာရဲထက်စကားကြောင့် ထက်ကိုရှိန်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ တက္ကသိုလ်ရောက်ကတည်းက ထက်ကိုရှိန်းသည် လူတကာငေးရသည့် နတ်ဘုရားတစ်ပါးမဟုတ်ပါလား။
ပြည်သာရဲထက်နှင့် မတွေ့ခင်ကတည်းကပင် ကောင်းသတင်းလှိုင်လှိုင်ပေါကာ နာမည်ကျော်ကြားသည့် ထက်ကိုရှိန်းက ပြည်သာရဲထက်ကောင်လေးဖြစ်လာမှ စိတ်မချစရာကောင်းသည်အထိ ချစ်စရာကောင်းလာသည်တဲ့လေ။ အမှန်ပင် ပြောစရာများ ပျောက်ရှကုန်လေတော့သည်။
"ကိုကို... ကိုကို"
ပြည်သာရဲထက်ခေါ်လိုက်သည့်အတွက် ထက်ကိုရှိန်း သတိပြန်ဝင်လာရသည်။
"အင်း အင်း ဆက်ပြောလေ ကလေး"
"ကိုကိုကလေ တကယ့်ကို ချစ်စရာကြီးဗျာ... နဂိုကတည်းက ပျိုတိုင်းကြိုက်တဲ့ ထက်ကိုရှိန်းက ပြည်သာရဲထက်နဲ့တွဲမှ ချစ်စရာကောင်းလာတာကြီးက သဘာဝမကျဘူးလို့ တွေးလိုက်တာမဟုတ်လား"
"ဟင်"
"ဘာလဲ ကလေးပြောတာ မှန်သွားတာလား ကိုကို"
"ဘယ်... ဘယ်လိုလုပ် သိနေတာလဲ"
"ပြည်သာရဲထက်ကပါ ကိုကိုရဲ့ ကိုကို ဘာတွေးမလဲ သိတာပေါ့လို့"
"..............................................."
"စနေတာပါ ကိုကိုရဲ့ ဒီတစ်ခါ အတည်ပြောမယ်နော်"
"အင်း"
"ကလေးအိမ်ကလည်း သဘောမတူ ကိုကို့အိမ်ကလည်း သဘောမတူနဲ့ ကလေးတို့ကို အတင်းခွဲကြရင် ဘယ်လိုလုပ်ကြမလဲဟင်"
ပြည်သာရဲထက် စိတ်ပူသည်ကလည်း အလွန်မဟုတ်ပေ။ နှစ်ဖက်မိဘများက ရန်ငြိုးများသွယ်ထားလျှက်ရှိကြသည်မဟုတ်လား။
"ကိုကို မေမေ့ကို ဖွင့်ပြောလိုက်တော့မယ်ကလေး"
"ဗျာ"
"ဟုတ်တယ် ကလေးရဲ့ ကိုကို ဖွင့်ပြောလိုက်တော့မယ် ကိုကိုတို့ချစ်နေကြတယ်ဆိုတာကလည်း ရေရှည်ဖုံးထားလို့ရမယ့် ကိစ္စမှမဟုတ်တာလေ"
"တကယ်လို့ .. တကယ်လို့လေ ကိုကို့မေမေကပါ သဘောမတူရင်ရော"
"သဘောတူအောင်တော့ ပြောရမှာပဲ ကလေးရယ်"
"လုံးဝ ခါးခါးသီးသီးဖြစ်နေရင်လေ ရိုမီကိုရှိန်းနဲ့ ပြည်သာလိယက်ဖြစ်တော့မှာလား"
"ဟင် ... ဘယ် .... ဘယ်လိုနာမည်ကြီးလဲ ကလေးရဲ့"
"ဟုတ်တယ်လေ ရိုမီယိုနဲ့ ဂျူးလိယက်လည်း မိဘတွေရန်ငြိုးကြောင့်ဝေးကြရတာမဟုတ်လား"
"နိမိတ်မရှိတာတွေ ကလေးရယ်"
"ဟူး"
ပြည်သာရဲထက်က သက်ပြင်းချကာ ရပ်ထားသည့် အစားစားခြင်းအမှုကို ဆက်လုပ်သည်။ ကုန်သွားသည့် ကိတ်မုန့်ကို မျက်စပစ်ပြသည့်အတွက် ထက်ကိုရှိန်းကပင် ကောင်တာတွင် ကိတ်မုန့်နောက်တစ်တုံးထယူကာ ငွေရှင်းပြီး သယ်လာခဲ့ရသည်။
ကိတ်မုန့်ပန်းကန်ရောက်လာသည်နှင့် ပြည်သာရဲထက်က ထပ်စားသည်။ ကော်ဖီကိုလည်း ဖြည်းဖြည်းစီသောက်သည်။ ဘေးလူများကြည့်ပါက ပြည်သာရဲထက်မှာ ထက်ကိုရှိန်းနှင့်ဝေးရမည်ကို စိတ်ပူနေရဟန် စိုးစဉ်းလေးမျှပင်မရှိချေ။ အတော်လေး သာယာနေပုံပေါက်လေသည်။
"ကလေး"
"ဗျာ ကိုကို"
"ဟိုလေ..."
"အာ မေ့လို့ ကိုကို့ကို ဦးချရမှာ ကိုကို ပါးစပ်ဟ"
"ဟင်"
ပြည်သာရဲထက် ခွံ့လာသည့် ကိတ်ကို ထက်ကိုရှိန်းစားလိုက်ရသည်။ ဘေးလူများအမြင်တွင် ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်မှာ ဟန်းနီးမွန်းထွက်လာနေသယောင်ပင် ထင်ရပေမည်။
"ကလေး တကယ်လို့လေ ကိုကို့မေမေကပါ လုံးဝသဘောမတူရင် ကလေး ဘာလုပ်ဖို့စဉ်းစားထားလဲ"
"ကိုကို Black Adam ကြည့်ဖူးလား"
ပြည်သာရဲထက်နှင့်စကားပြောရသည်မှာ တကယ့်ကို အူကြောင်ကြောင်နိုင်လှသည်။ ယခုလည်း ဘာလုပ်ကြမလဲမေးမှ ရုပ်ရှင်ကားအကြောင်းရောက်သွားလေသည်။
"မကြည့်ဖူးဘူးကလေးရဲ့ ကလေးကြည့်ချင်ရင် နောက်တစ်ပတ်သွားကြည့်ရအောင်လေ"
"ကလေးက ကြည့်ပြီးပြီ ကိုကိုရဲ့"
"ဟင် ဘယ်ချိန်ကကြည့်လိုက်တာလဲ"
"ကိုကြီးတို့နဲ့ ရှေ့အပတ်က ကြည့်ထားတာပါ"
"ဪ အင်း"
"အဲ့ကားထဲမှာ စကားတစ်ခွန်းပါတယ်ကိုကို... ဘာအကြံမှမရှိတာထက်စာရင် ဆိုးဝါးတဲ့အကြံတစ်ခုရှိနေတာကမှ ပိုကောင်းသေးတယ်တဲ့"
"ဟေ"
"ဟုတ်တယ် ကိုကိုရဲ့... ကလေးမှာ အကြံရှိပါတယ်"
"ဟုတ်လား ပြောပြပါဦး"
"နောက်မှ ပြောပြပါ့မယ် ခုတော့ ကိုကိုက ကိုကို့မေမေကို အရင် ဖွင့်ပြောကြည့်လိုက်ပါ"
"ဖွင့်ပြောလိုက်ပြီးလို့မှ အဆင်မပြေရင် ကလေးရဲ့ ဆိုးဝါးတဲ့အကြံကို သုံးကြမယ်နော်ကလေး"
"အာ ကိုကိုကလည်းလေ ခုနကပြောတာက စကားအဖြစ်ပါ ကလေးတွေးထားတာက ဆိုးဝါးနေတာမဟုတ်ပါဘူး ကိုကိုရယ်"
"ကိုကို ယုံလိုက်မယ်နော်"
"ယုံလိုက်ပါ"
ထက်ကိုရှိန်း ခေါင်းသာညိတ်လိုက်ရသည်။ ပြည်သာရဲထက်၏ အကြံကိုတော့ ခပ်လန့်လန့်ရှိလှပေသည်။
Collab with Author Nion
(ဒီအပိုင်းမှာတော့ ရှိန်းနဲ့ ပြည်သာအကြောင်းကိုပဲ ရေးထားလိုက်ပါတယ်။
ဖတ်ရှုပေးကြတဲ့ တစ်ယောက်စီကို ကျေးဇူးတင်ပါတယ်ရှင်။
အရေးအသားညံ့ဖျင်းတာနဲ့ လိုအပ်ချက်တွေဟာ ဧကရီရဲ့နုံချာမှုကြောင့်ပါ။
ဖြည့်စွက်ဖတ်ပေးပြီး ပြည်သာနဲ့ ရှိန်းကို ချစ်ခင်ပေးကြလို့ ကျေးဇူးပါရှင်။)
(Zawgyi)
အပိုင္း - ၁၇
ျပည္သာရဲထက္က အေပၚထပ္ဝရံတာတြင္ ေကာ္ဖီတစ္ခြက္ေသာက္ကာ ေကာင္းကင္ကိုၾကည့္လိုက္ လက္ေခ်ာင္းေလးမ်ားကို ၾကည့္လိုက္လုပ္ေနမိသည္။
ဖုန္းတြင္ဖြင့္ထားသည့္ သီခ်င္းက ရဲရင့္ေအာင္၏ 'လြမ္းလြန္းလို႔' ဆိုသည့္ သီခ်င္းျဖစ္ေလသည္။
"အဟက္ မင္းတို႔ကို မနာလိုလိုက္တာကြာ… ကိုကို႔ရဲ႕ ကိုယ္လုံးေလးကို စိတ္ရွိလက္ရွိ ေပြ႕ပိုက္ခြင့္ရလိုက္တယ္မဟုတ္လား"
ျပည္သာရဲထက္က သဝန္တိုစရာမရွိသျဖင့္ ႀကံဖန္ကာ သဝန္တိုေနသည္။ ထို႔ေၾကာင့္ ထက္ကိုရွိန္းကို ထိေတြ႕ခြင့္ရလိုက္သည့္ ကိုယ့္လက္ေခ်ာင္းမ်ားကိုပင္ မေက်နပ္ခ်င္လွေပ။
"ဒါေပမယ့္ ခြင့္လႊတ္ပါတယ္ကြာ မင္းတို႔က ငါ့ရဲ႕အစိတ္အပိုင္းေတြပါပဲေလ... ငါဆိုတဲ့ေကာင္ကေလ ကိုကိုနဲ႔ ပတ္သက္လာရင္ ကိုကို႔ေဘးနားက ေလထုကိုေတာင္ ႏွစ္ၿမိဳ႕တာမဟုတ္ဘူးကြ သိၾကရဲ႕လား"
"သားငယ္"
ေခၚသံေၾကာင့္ တတြတ္တြတ္႐ြတ္ေနသည့္ ျပည္သာရဲထက္ လန႔္သြားရသည္။
"မာဒီ"
"ဟင္"
"အာ မွားလို႔ မာမီ"
ေဒၚထားရတနာက ျပည္သာရဲထက္ေရွ႕ရွိ ခုံေလးတြင္ ဝင္ထိုင္လိုက္ေလသည္။
"သားငယ္"
"ဗ်ာ"
"သားငယ္နဲ႔ ထက္ကိုရွိန္းဆိုတဲ့ကေလးက ဘယ္လိုအေျခေနေတြလဲ"
ေဒၚထားရတနာက ေမးခြန္းထုတ္လာသည့္အခါ ျပည္သာရဲထက္က ဖုန္းတြင္ ဖြင္ထားေသာသီခ်င္းကို ပိတ္လိုက္သည္။
"ကိုရွိန္းနဲ႔လား... မာမီက ဘယ္အတိုင္းတာထိသိခ်င္တာလဲ"
"ဟင္... သားတို႔က ဘယ္အတိုင္းတာထိေရာက္ေနၾကလို႔လဲ"
"မာမီ သားကို မဆူရဘူးေနာ္"
"သားငယ္က မာမီဆူရေလာက္တဲ့အျပစ္လုပ္ထားလို႔လား"
ေဒၚထားရတနာသည္လည္း စကားေျပာရာတြင္ ေခသူေတာ့မဟုတ္လွေပ။ ျပည္သာရဲထက္ စကားတတ္လြန္းသည္ကလည္း ေဒၚထားရတနာ၏ အေမြတစ္ဝက္ကို ဆက္ခံထားျခင္းမဟုတ္ပါလား။
"ဟူး... "
"ဘာလို႔ သက္ျပင္းေတြခ်ေနရတာလဲသားငယ္"
ျပည္သာရဲထက္က ထိုင္ေနရာမွ ထလိုက္ၿပီး ဝရံတာေဘာင္ကို မွီကာ ရပ္လိုက္သည္။
"ဒီလိုစကားရွိတယ္မဟုတ္လားမာမီ"
"ဘယ္လိုစကား..."
ေဒၚထားရတနာ စကားမဆုံးမီ ျပည္သာရဲထက္က လက္ကာျပလိုက္ေလသည္။ သူဆက္ေျပာမယ္ နားေထာင္ဆိုသည့္သေဘာပါေပ။ ထို႔ေၾကာင့္ ေဒၚထားရတနာက စကားကိုရပ္ေပးလိုက္ရသည္။
"သီးခ်ိန္တန္သီး ပြင့္ခ်ိန္တန္ပြင့္တဲ့... သားလည္း အ႐ြယ္ေရာက္ၿပီဆိုေတာ့ သီးခ်ိန္တန္..."
"သားငယ္... ခု မာမီေမးေနတာနဲ႔ သားငယ္ေျပာတာနဲ႔ ဘာေတြမ်ားသက္ဆိုင္ေနလို႔လဲ"
"ေရာ္ ေလာလိုက္တာ မာမီကလည္း... သားျဖည္းျဖည္းခ်င္းေျပာျပမွာေပါ့"
"ဟုတ္ၿပီ ဟုတ္ၿပီ ဆက္ေျပာ"
"သားက အ႐ြယ္ေရာက္ေနၿပီ... သားႏွလုံးသားေလးလည္း အ႐ြယ္ေရာက္လာၿပီေလ... အဲ့ေတာ့ သီးခ်ိန္တန္သီး ပြင့္ခ်ိန္တန္ပြင့္လာတာပါ"
"ဟင္... ဒါဆိုရင္ သားငယ္တို႔က တြဲေနၾကတာေပါ့... ဟုတ္လား"
"ဟုတ္ မာမီ"
ေဒၚထားရတနာ၏ ဆုေတာင္းတို႔က မျပည့္ခဲ့ပါေလ။
"သားငယ္... မာမီေျပာမယ္... ကမာၻေပၚမွာ လူေတြ ဘီလီယံခ်ီရွိတယ္.... ဘာလို႔ သားငယ္က ေဒၚသီတာရဲ႕သားနဲ႔မွ သီးခ်ိန္တန္သီး ပြင့္ခ်ိန္တန္ပြင့္ခ်င္ရတာလဲ"
"ဘာလို႔လဲ မာမီ"
"အဲ့ဒီကေလးက ေဒၚသီတာရဲ႕သားျဖစ္ေနတယ္ေလ"
"ကိုကိုက ေဒၚသီတာရဲ႕သားအျဖစ္ေမြးလာတာ အျပစ္လားမာမီ... သားႏွလုံးသားကလည္း ကိုရွိန္းနဲ႔မွ ခ်စ္မိသြားတာ အျပစ္တစ္ခုလား"
"ျပည္သာရဲထက္"
"ဗ်ာ မာမီ"
"ဟင္ မာမီ့ကို ႐ြဲ႕ေနတာလား"
"ဘာလို႔လဲမာမီ... မာမီေခၚလို႔ သား ထူးလိုက္တာေလ"
"ေကာင္းၿပီ... သားငယ္က သားငယ္ရဲ႕သေဘာကို ေျပာလာေတာ့ မာမီကလည္း မာမီ့သေဘာကိုေျပာမယ္ ေသခ်ာနားေထာင္"
ေဒၚထားရတနာက အနည္းငယ္စိတ္လႈပ္ရွားေနသည္။ ေဒၚသီတာသားျဖစ္ေနသည့္အတြက္ သေဘာမတူႏိုင္သကဲ့သို႔ ျပည္သာရဲထက္က လက္မေလ်ာ့ဟု ေျပာလာပါကလည္း မရရေအာင္တားဖို႔ နည္းလမ္းရွာရေပမည္ မဟုတ္ပါလား။
"ဟုတ္ကဲ့ မာမီ ေျပာပါ"
"သား ႀကိဳက္ခ်င္တဲ့သူကို ႀကိဳက္လို႔ရတယ္..."
"ေဟး ေပ်ာ္လိုက္တာ"
"တိတ္စမ္း မာမီ့စကားမဆုံးေသးဘူး"
"ဟင္"
"အဲ့ဒီကေလး ထက္ကိုရွိန္းေတာ့ မာမီသေဘာမတူႏိုင္ဘူး"
"မာမီ"
"သားငယ္ မာမီ့အေၾကာင္းကို သိပါတယ္"
"မာမီစဥ္းစားၾကည့္... သားေျပာမယ္ေနာ္"
"ဟုတ္ၿပီ ေျပာ"
"မာမီတို႔က မိဘဝတ္တရားလည္းေက်ေသးတာမဟုတ္ဘူး"
"ေဟ"
"ဟုတ္တယ္ေလ မိဘဝတ္ထဲမွာ 'ထိမ္းျမားျခင္းလွ်င္' ဆိုတာပါတယ္ေလ မာမီတို႔ ေက်ၿပီလား"
................................................................................................................................
ထက္ကိုရွိန္းက cappuccino coffee ခြက္ထဲ သၾကားထုတ္ေလးကို ေဖာက္ထည့္ကာ ေမႊေပးၿပီး ျပည္သာရဲထက္ေရွ႕သို႔ တိုးေပးလိုက္သည္။
ျပည္သာရဲထက္က တစ္ငုံေသာက္ၿပီး သက္ျပင္းခ်သည္။
"(၃) ခါ"
"ဟင္ ဘာကို (၃) ခါလဲ ကိုကို"
"ကေလး သက္ျပင္းခ်တာ (၃) ခါရွိေနၿပီ"
"အာ ကိုကိုကလည္း"
"ဟင္ ဘာလို႔လဲ ကေလးရဲ႕"
"(၃) ခါ ဆိုေတာ့ လန႔္သြားတာေလ"
"ကေလးက ဘာကိုေတြးၿပီးလန႔္တာလဲ"
ခပ္ေနာက္ေနာက္ေျပာလာသည့္ ထက္ကိုရွိန္းစကားေၾကာင့္ ျပည္သာရဲထက္ရွက္သြားရသည္။
"ကိုကိုကလည္း"
"ကဲဗ်ာ ကိုကိုကေနာက္ေနတာပါ... ကေလး ဘာေတြ သက္ျပင္းခ်ေနတာလဲ"
"ကိုကို႔ကို ေျပာျပတယ္ေလ… မာမီက ကေလးတို႔ကို သေဘာမတူဘူးတဲ့ေလ"
"ေနာက္ေတာ့ သေဘာတူလာမွာပါ ကေလးရဲ႕"
"ဘယ္ေတာ့လဲ အဲ့ဒီေနာက္ဆိုတာ ဘာခ်ိန္ထဲလဲ ကိုကို"
"လူႀကီးေတြဆိုေတာ့ စိတ္ကလည္းဆတ္ၾကလို႔ပါ ကေလးရဲ႕ ေနာက္ဆိုရင္ ကိုကိုတို႔ကို သေဘာက်လာမွာပါ"
"အဲ့ဒီအခ်ိန္ႀကီးထိကို မေစာင့္ခ်င္တာေလ'
"ကေလးက ဘာလို႔ ေလာေနရတာလဲ"
"ကိုကို႔ကို စိတ္မခ်လို႔ေပါ့"
"ကိုကို႔ကို ဘာလို႔စိတ္မခ်ရတာလဲ"
ထက္ကိုရွိန္း၏ အေမးကို ျပည္သာရဲထက္က မေျဖေသးဘဲ ေကာ္ဖီတစ္ငုံကို ေသာက္သည္။ ထို႔ေနာက္ ကိတ္မုန႔္ကို ဖဲ့ကာ ပလုပ္ပေလာင္းစားသည္။ ျပည္သာရဲထက္ စိတ္မခ်ပုံက တမ်ိဳးေလးဆန္းလြန္းလွသည္။ ထက္ကိုရွိန္းကေတာ့ ျပည္သာရဲထက္လုပ္သမွ်ကို ခ်စ္မဝစြာၾကည့္ေနမိသည္။ ထိုေကာင္ေလးက အင္မတန္မွ ခ်စ္စရာေကာင္းလြန္းလွသည္မဟုတ္ပါလား။
"ေရာ့ ပါးစပ္ဟ"
ျပည္သာရဲထက္က စားေနရင္းမွ ထက္ကိုရွိန္းကိုလည္း လွမ္းခြံ႕သျဖင့္ စားရေသးသည္။
"ေကာင္းလား"
"ခ်ိဴေနတာပဲဗ်ာ သဒၶါလို႔ေပး ေသေဆးေတာင္စားရတယ္တဲ့"
"ဟုတ္တယ္ ကိုကိုခုစားလိုက္တာ ဘာလဲသိလား"
"Cheese Cake ေလ ကေလးရဲ႕"
"No…. No"
ထက္ကိုရွိန္း၏အေျဖကို ျပည္သာရဲထက္က ေခါင္းခါျပရင္း ျငင္းသည္။
"မဟုတ္ဘူးလား ကေလးရဲ႕"
"မဟုတ္ဘူး ကိုကိုရဲ႕…. ကိုကို ခုစားလိုက္တာ ကေလးရဲ႕သံေယာဇဥ္ေတြနဲ႔လုပ္ထားတဲ့ အခ်စ္ေတြ"
"ဟ တယ္ဆိုတဲ့စာပါလား ကေလးရဲ႕"
"ဟုတ္တယ္ကိုကိုရဲ႕ အဲ့တာေၾကာင့္ ကိုကိုစားလို႔ေကာင္းတာ"
"ကိတ္မုန႔္က ကေလးလုပ္တာမွမဟုတ္တာ ဒါက ဆိုင္က ကိတ္မုန႔္ေလ ဘယ္လိုလုပ္ကေလးရဲ႕ အခ်စ္ေတြျဖစ္သြားရတာလဲ"
"ဆိုင္က ကိတ္ကေတာ့ သာမာန္ပဲေလ ကိုကိုရယ္... ကေလးက ဖဲ့ၿပီး အခ်စ္ေတြနဲ႔ ထည့္ေပးလိုက္တာ"
"အ့"
႐ုတ္တရက္ ထက္ကိုရွိန္းက ဘယ္ဘက္ရင္အုံကို ဖိၿပီး နာက်င္ဟန္လုပ္ျပသည့္အခါ ျပည္သာရဲထက္ လန႔္သြားရသည္။
"ကိုကို ဘာ... ဘာျဖစ္တာလဲ"
"ကေလးရဲ႕အခ်စ္ေၾကာင့္ Heart ထိသြားတာဗ်ာ"
"ကိုကိုကလည္းေလ... ကေလးရဲ႕ေကာင္ေလးမို႔ေနမွာ ကိုကိုလည္း ကေလးလို ခ်စ္စရာေကာင္းလာတယ္... ဒါေပမယ့္ ကေလးကိုေတာ့ မမွီေသးဘူး"
ထိုစကားေၾကာင့္ ထက္ကိုရွိန္း ဟက္ဟက္ပက္ပက္ရယ္လိုက္မိသည္။ ျပည္သာရဲထက္သည္ ျပည္သာရဲထက္ပါေပ။
"ဟား...ဟား ဟား ဟား"
"ဘာရီတာလဲ ကိုကို"
"ဘာမွမဟုတ္ပါဘူးကေလးရဲ႕... ကဲ စကားေတြ လမ္းေၾကာင္းလြဲကုန္ၿပီ... ကေလးက ကိုကို႔ကို စိတ္မခ်တဲ့အေၾကာင္းေျပာေနတာေလ"
"ဟုတ္တယ္ ကိုကိုရဲ႕ ကိုကိုက တစ္ေန႔တျခား ကေလးနဲ႔တူလာေတာ့ ခ်စ္စရာေကာင္းလာတယ္ေလ အဲ့လိုက်ေတာ့ သူမ်ားေတြက မ်က္စိက်လာမွာေပါ့... စိတ္မခ်ပါဘူး"
ျပည္သာရဲထက္စကားေၾကာင့္ ထက္ကိုရွိန္း ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။ တကၠသိုလ္ေရာက္ကတည္းက ထက္ကိုရွိန္းသည္ လူတကာေငးရသည့္ နတ္ဘုရားတစ္ပါးမဟုတ္ပါလား။
ျပည္သာရဲထက္ႏွင့္ မေတြ႕ခင္ကတည္းကပင္ ေကာင္းသတင္းလႈိင္လႈိင္ေပါကာ နာမည္ေက်ာ္ၾကားသည့္ ထက္ကိုရွိန္းက ျပည္သာရဲထက္ေကာင္ေလးျဖစ္လာမွ စိတ္မခ်စရာေကာင္းသည္အထိ ခ်စ္စရာေကာင္းလာသည္တဲ့ေလ။ အမွန္ပင္ ေျပာစရာမ်ား ေပ်ာက္ရွကုန္ေလေတာ့သည္။
"ကိုကို... ကိုကို"
ျပည္သာရဲထက္ေခၚလိုက္သည့္အတြက္ ထက္ကိုရွိန္း သတိျပန္ဝင္လာရသည္။
"အင္း အင္း ဆက္ေျပာေလ ကေလး"
"ကိုကိုကေလ တကယ့္ကို ခ်စ္စရာႀကီးဗ်ာ... နဂိုကတည္းက ပ်ိဳတိုင္းႀကိဳက္တဲ့ ထက္ကိုရွိန္းက ျပည္သာရဲထက္နဲ႔တြဲမွ ခ်စ္စရာေကာင္းလာတာႀကီးက သဘာဝမက်ဘူးလို႔ ေတြးလိုက္တာမဟုတ္လား"
"ဟင္"
"ဘာလဲ ကေလးေျပာတာ မွန္သြားတာလား ကိုကို"
"ဘယ္... ဘယ္လိုလုပ္ သိေနတာလဲ"
"ျပည္သာရဲထက္ကပါ ကိုကိုရဲ႕ ကိုကို ဘာေတြးမလဲ သိတာေပါ့လို႔"
"..............................................."
"စေနတာပါ ကိုကိုရဲ႕ ဒီတစ္ခါ အတည္ေျပာမယ္ေနာ္"
"အင္း"
"ကေလးအိမ္ကလည္း သေဘာမတူ ကိုကို႔အိမ္ကလည္း သေဘာမတူနဲ႔ ကေလးတို႔ကို အတင္းခြဲၾကရင္ ဘယ္လိုလုပ္ၾကမလဲဟင္"
ျပည္သာရဲထက္ စိတ္ပူသည္ကလည္း အလြန္မဟုတ္ေပ။ ႏွစ္ဖက္မိဘမ်ားက ရန္ၿငိဳးမ်ားသြယ္ထားလွ်က္ရွိၾကသည္မဟုတ္လား။
"ကိုကို ေမေမ့ကို ဖြင့္ေျပာလိုက္ေတာ့မယ္ကေလး"
"ဗ်ာ"
"ဟုတ္တယ္ ကေလးရဲ႕ ကိုကို ဖြင့္ေျပာလိုက္ေတာ့မယ္ ကိုကိုတို႔ခ်စ္ေနၾကတယ္ဆိုတာကလည္း ေရရွည္ဖုံးထားလို႔ရမယ့္ ကိစၥမွမဟုတ္တာေလ"
"တကယ္လို႔ .. တကယ္လို႔ေလ ကိုကို႔ေမေမကပါ သေဘာမတူရင္ေရာ"
"သေဘာတူေအာင္ေတာ့ ေျပာရမွာပဲ ကေလးရယ္"
"လုံးဝ ခါးခါးသီးသီးျဖစ္ေနရင္ေလ ႐ိုမီကိုရွိန္းနဲ႔ ျပည္သာလိယက္ျဖစ္ေတာ့မွာလား"
"ဟင္ ... ဘယ္ .... ဘယ္လိုနာမည္ႀကီးလဲ ကေလးရဲ႕"
"ဟုတ္တယ္ေလ ႐ိုမီယိုနဲ႔ ဂ်ဴးလိယက္လည္း မိဘေတြရန္ၿငိဳးေၾကာင့္ေဝးၾကရတာမဟုတ္လား"
"နိမိတ္မရွိတာေတြ ကေလးရယ္"
"ဟူး"
ျပည္သာရဲထက္က သက္ျပင္းခ်ကာ ရပ္ထားသည့္ အစားစားျခင္းအမႈကို ဆက္လုပ္သည္။ ကုန္သြားသည့္ ကိတ္မုန႔္ကို မ်က္စပစ္ျပသည့္အတြက္ ထက္ကိုရွိန္းကပင္ ေကာင္တာတြင္ ကိတ္မုန႔္ေနာက္တစ္တုံးထယူကာ ေငြရွင္းၿပီး သယ္လာခဲ့ရသည္။
ကိတ္မုန႔္ပန္းကန္ေရာက္လာသည္ႏွင့္ ျပည္သာရဲထက္က ထပ္စားသည္။ ေကာ္ဖီကိုလည္း ျဖည္းျဖည္းစီေသာက္သည္။ ေဘးလူမ်ားၾကည့္ပါက ျပည္သာရဲထက္မွာ ထက္ကိုရွိန္းႏွင့္ေဝးရမည္ကို စိတ္ပူေနရဟန္ စိုးစဥ္းေလးမွ်ပင္မရွိေခ်။ အေတာ္ေလး သာယာေနပုံေပါက္ေလသည္။
"ကေလး"
"ဗ်ာ ကိုကို"
"ဟိုေလ..."
"အာ ေမ့လို႔ ကိုကို႔ကို ဦးခ်ရမွာ ကိုကို ပါးစပ္ဟ"
"ဟင္"
ျပည္သာရဲထက္ ခြံ႕လာသည့္ ကိတ္ကို ထက္ကိုရွိန္းစားလိုက္ရသည္။ ေဘးလူမ်ားအျမင္တြင္ ထက္ကိုရွိန္းႏွင့္ ျပည္သာရဲထက္မွာ ဟန္းနီးမြန္းထြက္လာေနသေယာင္ပင္ ထင္ရေပမည္။
"ကေလး တကယ္လို႔ေလ ကိုကို႔ေမေမကပါ လုံးဝသေဘာမတူရင္ ကေလး ဘာလုပ္ဖို႔စဥ္းစားထားလဲ"
"ကိုကို Black Adam ၾကည့္ဖူးလား"
ျပည္သာရဲထက္ႏွင့္စကားေျပာရသည္မွာ တကယ့္ကို အူေၾကာင္ေၾကာင္ႏိုင္လွသည္။ ယခုလည္း ဘာလုပ္ၾကမလဲေမးမွ ႐ုပ္ရွင္ကားအေၾကာင္းေရာက္သြားေလသည္။
"မၾကည့္ဖူးဘူးကေလးရဲ႕ ကေလးၾကည့္ခ်င္ရင္ ေနာက္တစ္ပတ္သြားၾကည့္ရေအာင္ေလ"
"ကေလးက ၾကည့္ၿပီးၿပီ ကိုကိုရဲ႕"
"ဟင္ ဘယ္ခ်ိန္ကၾကည့္လိုက္တာလဲ"
"ကိုႀကီးတို႔နဲ႔ ေရွ႕အပတ္က ၾကည့္ထားတာပါ"
"ဪ အင္း"
"အဲ့ကားထဲမွာ စကားတစ္ခြန္းပါတယ္ကိုကို... ဘာအႀကံမွမရွိတာထက္စာရင္ ဆိုးဝါးတဲ့အႀကံတစ္ခုရွိေနတာကမွ ပိုေကာင္းေသးတယ္တဲ့"
"ေဟ"
"ဟုတ္တယ္ ကိုကိုရဲ႕... ကေလးမွာ အႀကံရွိပါတယ္"
"ဟုတ္လား ေျပာျပပါဦး"
"ေနာက္မွ ေျပာျပပါ့မယ္ ခုေတာ့ ကိုကိုက ကိုကို႔ေမေမကို အရင္ ဖြင့္ေျပာၾကည့္လိုက္ပါ"
"ဖြင့္ေျပာလိုက္ၿပီးလို႔မွ အဆင္မေျပရင္ ကေလးရဲ႕ ဆိုးဝါးတဲ့အႀကံကို သုံးၾကမယ္ေနာ္ကေလး"
"အာ ကိုကိုကလည္းေလ ခုနကေျပာတာက စကားအျဖစ္ပါ ကေလးေတြးထားတာက ဆိုးဝါးေနတာမဟုတ္ပါဘူး ကိုကိုရယ္"
"ကိုကို ယုံလိုက္မယ္ေနာ္"
"ယုံလိုက္ပါ"
ထက္ကိုရွိန္း ေခါင္းသာညိတ္လိုက္ရသည္။ ျပည္သာရဲထက္၏ အႀကံကိုေတာ့ ခပ္လန႔္လန႔္ရွိလွေပသည္။
Collab with Author Nion
(ဒီအပိုင္းမွာေတာ့ ရွိန္းနဲ႔ ျပည္သာအေၾကာင္းကိုပဲ ေရးထားလိုက္ပါတယ္။
ဖတ္ရႈေပးၾကတဲ့ တစ္ေယာက္စီကို ေက်းဇူးတင္ပါတယ္ရွင္။
အေရးအသားညံ့ဖ်င္းတာနဲ႔ လိုအပ္ခ်က္ေတြဟာ ဧကရီရဲ႕ႏုံခ်ာမႈေၾကာင့္ပါ။
ျဖည့္စြက္ဖတ္ေပးၿပီး ျပည္သာနဲ႔ ရွိန္းကို ခ်စ္ခင္ေပးၾကလို႔ ေက်းဇူးပါရွင္။)