TRICK ✔

By NightToy_95

14.7K 1.4K 84

မျက်လှည့်ကမှော်ပညာလား.. မ်က္လွည့္ကေမွာ္ပညာလား.. coverphoto credit #nighttoy95 #Hongkong style More

1ခု
2ခု
3ခု
4ခု
5ခု
6ခု
7ခု
8ခု
character
9ခု
10ခု
11ခု
12ခု
13ခု
14ခု
15ခု
17ခု
Xiao and Feng
18ခု
19ခု
20ခု
21ခု(လမ်းဆုံး)Uni
21ခု(လမ္းဆုံး)Zaw

16ခု

411 56 6
By NightToy_95

16ခု
Uni

"သခင်လေး!!!"

"ရှောင်းကျန့်..ရှောင်းကျန့်ငါ့ကိုမထားသွားဘူးမလား..ငါ့ကိုပြောပါမထားသွားဘူးလို့ပြောပါ"

ရိပေါ်ရဲ့အသက်ရူသံတွေမြန်ပြီးအလွန်စိတ်လှုပ်ရှားနေတဲ့အသံတွေက ကတုန်ကယင်ဖြစ်နေလေသည်။ရှောင်းကျန့်ကမတ်တပ်ထရပ်လိုက်တော့ရိပေါ်ပါလိုက်ရပ်သည်။ရှောင်းကျန့်ကChuoနဲ့Jacksonဘက်ကိုလှည့်ကြည့်လိုက်တော့သူ့ကိုစိုးရိမ်နေဟန်မျက်နှာတွေနဲ့ကြည့်နေလေသည်။ရိပေါ်ရဲ့မျက်လုံးတွေကတော့ရှောင်းကျန့်မျက်နှာမှာသာကျောက်ချထားတယ်

"သခင်လေးကျွန်တော်တို့နဲ့ပြန်လိုက်ခဲ့ပါBossကအရမ်းစိတ်ပူနေတယ်"

"မရဘူး..ရှောင်းကျန့်ကိုငါ့ဆီကနေဘယ်သူမှခေါ်ထုတ်သွားလို့မရဘူး မိုးနတ်မင်းကိုယ်တိုင်လာဆွဲထုတ်ရင်တောင်ငါ့အသက်နဲ့ရင်းလိုက်မယ်"

"ဒီမှာမျက်လှည့်ဆရာ..မင်းကသူများလူကိုလုယူထားတာပဲ မင်းကသူခိုး သခင်လေးကငါတို့Bossရဲ့လူကွ"

Jacksonကရိပေါ်ကိုပြောလိုက်သည်။ရှောင်းကျန့်ဘာလုပ်ရမှန်းတကယ်မသိတော့ပါဘူး။နှုတ်ဆိတ်ကာကျောက်ရုပ်ပမာငြိမ်နေမိသည်။ဒီလောကကြီးကနေပျောက်ကွယ်သွားရင်ကောင်းမယ်။

"သခင်လေး ကျေးဇုပြုပြီးပြန်လိုက်ခဲ့ပါကျွန်တော်တို့အတင်းမဆွဲခေါ်ချင်ဘူး...Bossကိုပုန်းရှောင်နေရတာဒီလောက်ဆိုတော်ရော့ပေါ့"

Chuoရဲ့စကားကိုရှောင်းကျန့်ပြန်မတုံ့ပြန်ပါ လက်သီးဆုပ်ပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။ထိုချိန်သူ့ဘေးကရိပေါ်ကမြေကြီးပေါ်ဒူးထောက်ချလိုက်တယ်

"Lao Wangမင်းဒါဘာလုပ်တာလဲ..ရူးနေတာလားခုထစမ်း"

"မထဘူး..."

ရိပေါ်ကရှောင်းကျန့်ရဲ့လက်နှစ်ဖက်ကိုဆွဲယူကာလက်ဖဝါးကြားထွေးဆုပ်ထားလိုက်ကာအလေးအနက်မျက်လုံးတွေနဲ့ကြည့်တယ်။

"ရှောင်းကျန့်.ငါ့မှာမင်းတစ်ယောက်ပဲရှိတာပါ အေးစက်ခြောက်ကပ်နေတဲ့ငါ့ဘဝထဲမင်းကသာမီးအိမ်ရှင်လေးဖြစ်ခဲ့တယ် မင်းဘာရည်ရွယ်ချက်နဲ့ငါ့အနားချည်းကပ်ခဲ့လဲဆိုတာကိုသိခဲ့တာတောင်ငါမချစ်ပဲမနေနိုင်ခဲ့ဘူး တောင်းပန်ပါတယ် ငါ့ကိုမထားခဲ့ပါနဲ့...ငါ့မှာမင်းပဲရှိတာ...မင်းတစ်ယောက်ထဲပါ.."

ရိပေါ်ကပြောရင်းရှောင်းကျန့်ခါးကိုဖက်ကာသူ့ပါးနဲ့ရှောင်းကျန့်ဗိုက်ကိုအပ်ထားလိုက်သည်။ရှောင်းကျန့်လက်တွေကရိပေါ်ခေါင်းကိုပွတ်သပ်ကာဂရုဏာမျက်ဝန်းတွေနဲ့ကြည့်နေတယ်။.ငါဘယ်လိုလုပ်ရမလဲLao Wangရယ်...

"သခင်လေး...Bossမှာလဲသခင်လေးတစ်ယောက်ထဲနော်.."

ရှောင်းကျန့်ကJacksonစကားကြောင့်လှည့်ကြည့်လာသည်။ရိပေါ်ရဲ့လက်တွေကပိုမိုတင်းကြပ်သွားတယ်

"သခင်လေးထွက်သွားတော့Bossကတော်တော်လေးအခြေအနေဆိုးသွားတာ ဂိတ်ငါးဂိတ်ကပယ်ချဖို့တောင်လုပ်တဲ့ထိပဲ အတွင်းရေးမှူးပိုင်ကမရမကဖျောင်းဖျမှအဆင်ပြေသွားတာ...သခင်လေးကိုBossဘယ်လောက်ချစ်လဲဆိုတာသခင်လေးသိပါတယ်..Bossကိုရူးသွားစေချင်တာလား"

ရှောင်းကျန့်ကမျက်လွှာချကာခါးထက်ကရိပေါ်ရဲ့လက်ကိုဖြုတ်ချလိုက်တော့ရိပေါ်ကနာကျင်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်သည်။Jacksonနဲ့Chuoကဝမ်းသာသွားသည်။သခင်လေးရဲ့ဆုံးဖြတ်ချက်မှန်ကန်တယ်။အချိန်တန်ရင်ပိုင်ရှင်အစစ်ဆီပဲပြန်လာရမှာပဲ...

ဒါပေမဲ့သခင်လေးကသူတို့ဆီလဲမရောက်လာပဲအနောက်ကိုဆုတ်သွားတာမလို့နားမလည်ဖြစ်သွားရသည်။ရိပေါ်ကလဲကြောင်တောင်ကြည့်နေသည်။ရှောင်းကျန့်ပုံစံကထူးဆန်းစွာခံစားချက်မဲ့နေတယ်

"ရှောင်းကျန့်...ရှောင်းကျန့် ငါ့ဆီလာခဲ့ပါ"

"သခင်လေး ကျွန်တော်တို့နဲ့ပြန်လိုက်ခဲ့ပါBossစောင့်နေတယ်"

Chuoစကားဆုံးတာနဲ့ရှောင်းကျန့်နားကိုလက်နှစ်ဖက်နဲ့ပိတ်ချလိုက်သည်။

"တော်ကြပါတော့..ဆက်မပြောကြပါနဲ့တော့..ငါအရမ်းပင်ပန်းနေပြီး "

"ရှောင်းကျန့်"

"သခင်လေး"

ရှောင်းကျန့်ကသူ့အနားတိုးကပ်လာတဲ့လူတွေကိုတားပြီးအနားကပ်မခံပေ။Boss Wangပေးထားတဲ့သေနတ်ကိုထုပ်ပြီးနားထင်မှာချိန်ထားလိုက်တော့သူ့ရှေ့ကသုံးယောက်ကမျက်လုံးတွေပြူးပြီးပြာယာခတ်သွားတယ်..

"ဆက်တိုးမလာနဲ့ ငါနဲ့ဝေးဝေးနေကြငါ့ကိုမထိခိုက်စေချင်ရင်ဝေးဝေးနေကြ အစထဲကဒီလူနှစ်ယောက်နဲ့မပက်သက်ခဲ့ရင်အကောင်းသား မင်းတို့နဲ့ပြန်မလိုက်ဘူး Lao Wangနောက်လဲမလိုက်ဘူး အဲ့ဒါငါ့ဆုံးဖြတ်ချက်ပဲ"

ရှောင်းကျန့်ကမျက်ရည်တွေဝဲကာငိုသံပါကြီးနဲ့ပြောလိုက်တယ်။Jacksonနဲ့Chuoကရှေ့ဆက်တိုးချင်ပေမဲ့ရိပေါ်ကတော့ငြိမ်ကျသွားသည်။လွမ်းဆွေးစွာနဲ့ပင်တွေတွေလေးငေးကြည့်နေတယ်။သူ့ရဲ့ညာဘက်ရင်အုံကနာကျင်လိုက်တာစူးအောင့်နေတာပဲ..

"ငါ့ကိုလွတ်လပ်ခွင့်ပေးကြပါကျေးဇုပြုပြီး..ငါမင်းတို့အားလုံးနဲ့ဆက်ပြီးမပတ်သက်ချင်တော့ဘူး နောင်တရတယ်.."

ရှောင်းကျန့်ကကျဆင်းလာတဲ့မျက်ရည်ဥတွေကိုပွတ်သုတ်ပြီးရိပေါ်ကိုတစ်ချက်ကြည့်ကာထိုလူတွေအရှေ့ကနေပြေးထွက်လာခဲ့သည်။Jacksonကလိုက်မယ်လုပ်တော့Chuoကတားပြီးခေါင်းခါပြလိုက်တယ်။

ပြေးထွက်သွားတဲ့ကျောပြင်လေးကတော့နောက်ကိုတောင်မလှည့်ကြည့်တော့ပဲအဝေးဆုံးကိုပြေးနေလေသည်။

ရိပေါ်ကစူးအောင့်နေတဲ့သူရင်ဘက်ကိုဖိညစ်ထားမိတယ်။လောကကြီးမှာတွေ့ဆုံကြုံကွဲဖြစ်ရပ်တွေများစွာရှိသည်။ရှောင်းကျန့်ကသူ့ဆီခဏလာခဲ့တဲ့ဘဝဧည့်သည်ပါပဲ...ဒါပေမဲ့သူလက်မလွှတ်ချင်ဘူး အဝေးကြီးပြေးသွားတဲ့ငှက်လေးကိုဖမ်းပြီးလှောင်အိမ်လေးထဲထည့်ပိတ်ထားချင်သည်။

လူနှစ်ယောက်ရဲ့အချစ်ကြီးမှုနဲ့အတ္တတွေကြားထဲရှောင်းကျန့်အရမ်းပင်ပန်းရသည်။

ရိပေါ်ရဲ့ရင်ဘက်ကပိုပြီးအောင့်လာတယ် သူ့မျက်လုံးတွေပြာဝေလာပြီးဘာကိုမှသဲသဲကွဲကွဲမမြင်ရတော့ပေ။ရင်ဘက်ကိုဖိထားပြီးလဲကျမသွားအောင်အားတင်းထားရတယ်။စူးအောင့်လာတဲ့ညာဘက်ရင်ဘက်ကမခံမရပ်နိုင်ဖြစ်ပြီးသည်းမခံနိုင်တော့တဲ့နောက်မြက်ခင်းပေါ်ပစ်လဲကျသွားတော့သည်။

"ရှောင်းးးကျန့်..ငါ."

ကောင်းကင်ပြာပြာကြီးကိုကြည့်ရင်းနဲ့ပင်သူလောကကြီးအမှောင်ကျသွားတော့တယ်။မှိတ်ကျသွားတဲ့မျက်ဝန်းထောင့်ကနေမျက်ရည်တစ်စက်ကမြက်ခင်းစီသို့....

အရမ်းချစ်တယ်ရှောင်းကျန့်...

*^^*

မိုးတွေသည်းထန်စွာရွာနေတယ်....

အဝတ်တွေရုတ်ပြီးတော့အိမ်ထဲကကြိုးတန်းမှာလှန်းထားလိုက်သည်။မိုးကလဲအချိန်ရာသီမဟုတ်ပဲထထဖောက်နေတယ်။ဟောင်ကောင်ရာသီဥတုကနှင်းလဲသိပ်မကျသလိုမိုးလဲသိပ်မရွာ အမြဲသာယာနေတတ်သည်။ဒါပေမဲ့ဒီနေ့မှာတော့မိုးကသည်းသည်းမည်းမည်းရွာသွန်းနေလေတယ်။

မီးဖိုခန်းသွားပြီးခေါက်ဆွဲပြုတ်ပူးပူးလေးပြုတ်ကာအိမ်ရှေ့ဧည့်ခန်းကိုထွက်လာပြီးစားပွဲပေါ်တင်လိုက်သည်။တူကိုကောက်ကိုင်ပြီးစားမယ်လုပ်တော့အိမ်ရှေ့ကလူခေါ်ဘဲလ်တီးသံကအဆက်မပြတ်ထွက်ပေါ်လာလေသည်။

"ဒီချိန်ကြီးဘယ်သူများလဲ"

တူကိုခဏချပြီးအိမ်ရှေ့ထွက်လာခဲ့သည်။တံခါးကိုဖွင့်လိုက်တော့မိုးရေထဲတစ်ကိုယ်လုံးစိုရွဲကာငူငူကြီးရပ်နေတဲ့သူကိုတွေ့လိုက်ရတော့အလွန်အံ့အားသင့်သွားမိသည်။

"ကျန့်ကျန့်...ဘယ်လိုဖြစ်တာလဲ..လာ.လာ ဝင်ခဲ့ တစ်ကိုယ်လုံးစိုရွဲနေတာပဲ"

တုဖေးကရှောင်းကျန့်ကိုဒီလိုပုံစံတွေ့လိုက်ရ၍အလွန်အံ့သြနေပြီးအိမ်ထဲခေါ်ဝင်လေသည်။ရှောင်းကျန့်ကရေစက်လက်နှင့်အိမ်ထဲဝင်သွားတယ်။

"အင်္ကျီအရင်လဲလိုက်ပါလား..စိတ်မရှိဘူးဆိုရင်ငါ့ကောင်လေးအင်္ကျီတွေရှိတယ် သင့်တော်မဲ့တစ်ထည်ရွေးပြီးဝတ်လိုက်လေ.အစိုကြီးတိုင်းနေလို့မကောင်းဘူး"

ဖေးဖေးကရှောင်းကျန့်ကိုသူ့ကောင်လေးလာရင်နေတတ်တဲ့အခန်းကိုပို့ပေးသည်။ရှောင်းကျန့်ရောက်လာတာတစ်ခုခုဖြစ်လို့ဆိုတာသိပေမဲ့အရင်ဆုံးရေစိုနေတာရှင်းလင်းဖို့လိုတယ်မလား။သူပြောပေမဲ့ရှောင်းကျန့်ကဘာမှပြန်မပြောပဲအခန်းထဲသာဝင်သွားသည်။

ခဏအကြာတော့ပြန်ထွက်လာတယ်။သူ့ကောင်လေးကကျန့်ကျန့်ထက်လူကောင်တောင့်တာမလို့အင်္ကျီကအနည်းငယ်ကြီးချင်နေတယ်။ရှောင်းကျန့်ကိုခေါ်ပြီးဧည့်ခန်းထဲမှာထိုင်ခိုင်းကာသူကတော့ခေါက်ဆွဲနောက်တစ်ထုတ်ပြုတ်လိုက်တယ်။

ပြုတ်ပြီးသွားတော့ရှောင်းကျန့်ရှေ့ကိုချပေးကာသူလဲပဲထိုင်စားနေလိုက်တယ်။ရှောင်းကျန့်ပုံစံကတစ်ခုခုစိတ်မချမ်းမသာဖြစ်လာတာသေချာသည်။သူ့ကိုမပြောမချင်းသူလဲမမေးပါဘူး။ပြောချင်ရင်မေးစရာမလိုပဲသူ့ဘာသာပြောလိမ့်မယ်

တုဖေးကခေါက်ဆွဲတွေတရွှတ်ရွှတ်စားနေပေမဲ့ရှောင်းကျန့်ကတော့အသက်မဲ့သလိုကျောက်ရုပ်ကြီးလိုထိုင်နေတုန်းပင်။တုဖေးကတစ်ချက်ကြည့်ပြီးတူကိုရှောင်းကျန့်လက်ထဲထည့်ပေးလိုက်တယ်။ဒါပေမဲ့တူကြီးကိုင်ထားပြီးတွေတွေကြီးငိုင်နေတော့သက်ပြင်းသာအသာချမိတော့တယ်..

"ကျန့်ကျန့်..စားလိုက်အုံးခေါက်ဆွဲတွေအေးကုန်မယ်."

"ဖေးဖေး.."

"ဟင်..နင်ဘာပြောချင်လို့လဲပြောလေ ငါနားထောင်နေတယ်"

"ငါဘာဆက်လုပ်ရမလဲဟင် ငါသူတို့အနားဆက်နေလို့လဲမရသလိုတစ်ယောက်ထဲထွက်လာပြန်တော့လဲမပျော်ဘူးဒီနေရာကအရမ်းနာတယ်.."

ရှောင်းကျန့်ကသူ့ရဲ့ဘယ်ဘက်ရင်အုံကိုလက်ညိုးထိုးကာတိုးဖျော့စွာပြောသည်။ဖေးဖေးကစားလက်စခေါက်ဆွဲကိုဘေးကိုတွန်းပို့ပြီးရှောင်းကျန့်ကိုကြည့်သည်။

"ငါ့ကိုဘာတွေဖြစ်နေတာလဲမပြောပြချင်ဘူးလား"

ရှောင်းကျန့်ကဖေးဖေးရဲ့အဓိပ္ပါယ်ပါတဲ့အကြည့်တွေကိုတစ်ချက်ကြည့်ပြီးခေါင်းအသာငြိမ့်ပြသည်။ထို့နောက်ဇာတ်လမ်းအစအဆုံးကိုပြောပြတော့ဖေးဖေးကပါးစပ်အဟောင်းသားနဲ့မျက်နှာအမူအယာအမျိုးမျိုးဖြစ်နေတော့တယ်။

"အဲ့တော့ နင်ကဘယ်သူ့ကိုချစ်မှန်းမသိတာပေါ့"

"အဲ့လိုဆိုရမှာပေါ့..နှစ်ယောက်လုံးကငါ့အတွက်အရေးပါနေတယ်ငါသူတို့နှစ်ယောက်လုံးကိုမထိခိုက်စေချင်ဘူး"

"ငါကတော့ နင့်ကိုမျက်လှည့်ဆရာနဲ့ပိုအဆင်ပြေမယ်လို့ထင်တယ်သခင်ကြီးဝမ်ကနင့်ရန်သူမလို့အဆင်မပြေနိုင်ဘူး "

ရှောင်းကျန့်ကနှုတ်ခမ်းကိုအသာကိုက်လိုက်သည်။

"ငါသာLao Wangကိုရွေးရင်Boss Wangကသူ့ကိုအလွတ်ပေးမှာမဟုတ်ဘူးBoss Wangကထင်တာထက်ပိုကြောက်ဖို့ကောင်းတာငါ့အတွက်နဲ့အသက်တစ်ချောင်းမပျက်စီးစေချင်ဘူးဖေး​ဖေး...အထူးသဖြင့်Lao Wang ငါသူ့ကိုမထိခိုက်စေချင်ဘူး"

"ဒါဆိုရင်သခင်ကြီးဝမ်ဆီပြန်သွားလေ"

"ဟင့်အင်း..အဲ့ဒါလဲမဖြစ်ဘူး ငါတို့ကလုံးဝမဖြစ်သင့်တဲ့လူတွေပဲငါတို့ကမုန်းနေသင့်တာ"

ဖေးဖေးကသက်ပြင်းမောသာချလိုက်သည်။ရှောင်းကျန့်ကခေါင်းငုံ့သွားတယ်

"အဲ့ဒါကြောင့်ငါထွက်ပြေးလာခဲ့တာ "

"နင်ဒီလိုမလုပ်ချင်ဘူးမလား ကျန့်ကျန့်ငါနင့်အကြောင်းကောင်းကောင်းသိတယ် နင်ဒီလိုမလုပ်ချင်ဘူး"

"ဒါပေမဲ့ဒီနည်းလမ်းကပဲအားလုံးအတွက်အဆင်ပြေတယ်လေ ဘယ်သူမှမနာကျင်ရတော့ဘူး"

"နင်နာကျင်ရတယ်လေ "

"......."

"သခင်ကြီးဝမ်ရော..မျက်လှည့်ဆရာရောပဲ..ကျန့်ကျန့်ဒီလိုလုပ်တာမှန်တယ်ထင်နေလား အဲ့ဒါကနင့်ကိုယ်နင်ပြန်လိမ်နေတာ အရမ်းပင်ပန်းရတယ် "

ရှောင်းကျန့်ဘာပြန်ပြောရမှန်းမသိတော့ပါ။သူ့စိတ်တွေဝေခွဲရခတ်နေပြီးဘာတစ်ခုမှမစဥ်းစားတတ်တော့ဘူး။သူ့လုပ်ရပ်ကဖေးဖေးပြောသလိုအားလုံးကိုနာကျင်စေတာလား.. ဒါဆိုသူဘာဆက်လုပ်ရမလဲ!!!. ..အစကိုပြန်သွားခွင့်ရမယ်ဆိုနောင်တမရပဲဒီလူနှစ်ယောက်လုံးနဲ့မပက်သက်ရအောင်နေမယ်...လူနှစ်ယောက်ကသူ့ကြောင့်မနာကျင်ရတော့ဘူးပေါ့

ဖေးဖေးကရှောင်းကျန့်မျက်နှာကိုအရိပ်အခြေကြည့်နေသည်။ကျန့်ကျန့်အကြောင်းသူသိတယ်။ဒီကောင်လေးကိုတစ်ခုခုလုပ်ပေးရတော့မယ်..ဒီပုံစံကြီးအတိုင်းတော့ဆက်မနေသွားစေချင်ဘူး။

"ကျန့်ကျန့်..ငါတို့အလောင်းအစားတစ်ခုလုပ်ရအောင်"

ရှောင်းကျန့်ကဖေးဖေးကိုမျက်မှောင့်ကုပ်ကာကြည့်သည်။ဖေးဖေးကစားပွဲအောက်ကpokerကတ်နှစ်ကတ်ကိုယူကာသူ့လက်ထဲကိုင်ထားတယ်။ရှောင်းကျန့်ကဖေးဖေးဘာလုပ်မလဲကြည့်နေတယ်။

"ငါ့လက်ထဲမှာ3ပွင့်ကတ်နဲ့8ပွင့်ကတ်ရှိတယ်.ငါတို့အလောင်းအစားလေးတစ်ခုစလိုက်ကြရအောင်...တကယ်လို့နင်သာ3ပွင့်ကတ်ကိုဆွဲမိရင်သခင်ကြီးဝမ်ဆီကိုပြန်ရမယ် 8ပွင့်ကတ်ကိုဆွဲမိရင်တော့Lao Wangဆီသွားရမယ်...ဘယ်လိုလဲ..နင်တစ်ယောက်ထဲနေမယ်လို့တော့မပြောနဲ့နော်အဲ့လိုမဖြစ်ချင်ဘူးဆိုတာငါသိတယ်..."

ဖေးဖေးစကားနားထောင်ပြီးရှောင်းကျန့်ခဏစဥ်းစားနေသည်။ဒါက ကံတရားကိုပုံချရမလား။ရှောင်းကျန့်လေပူတစ်ချက်မှုတ်လိုက်သည်

"ကောင်းပြီလေး စလိုက်ကြတာပေါ့"

"Ok. "

ဖေးဖေးကpokerကတ်ကိုစားပွဲ​ေပာ်မှောက်လိုက်ပြီးလက်နှစ်ချောင်းနဲ့မွှေလိုက်သည်။ထို့နောက်ရှောင်းကျန့်ဆီတွန်းပေးလိုက်တယ်။ရှောင်းကျန့်ကအလွန်စိတ်လှုပ်ရှားနေကာနှလုံးတုန်နေသည်။ကတ်ဆီလှမ်းနေတဲ့သူ့လက်ချောင်းတွေကမငြိမ်ပဲတုန်ယင်နေသည်။

ဘယ်ဘက်ကိုလှမ်းယူမယ်လုပ်ပြီးညာဘက်ရောက်သွားလိုက်..ညာဘက်ယူမယ်လုပ်ပြီးဘယ်ရောက်သွားလိုက်နှင့်သူအသက်တောင်ရူမဝဖြစ်နေတယ်။ဖေးဖေးကရှောင်းကျန့်မျက်နှာကိုသာစိုက်ကြည့်နေသည်။

နောက်ဆုံးတော့ညာဘက်ကတ်ကိုယူလိုက်သည်။လှန်ကြည့်ဖို့လုပ်ပြီးတဖြည်းဖြည်းလှန်ကြည့်နေမိတယ်။ဂဏန်းကိုမြင်ရခါနီးလေသူ့လက်ဖျားတွေအေးလာလေပင်။ကတ်တစ်ခုလုံးလှန်ကြည့်လိုက်တော့ကတ်ရဲ့ထိပ်ဆုံးထောင့်မှာနေရာယူနေတာက..8....

ရှောင်းကျန့်ရင်ထဲခေါင်းစဥ်မသိတဲ့ခံစားချက်တွေဝင်ရောက်လာသည်။တုတ်တုတ်မလှုပ်ပဲငြိမ်နေမိတယ်။ရှောင်းကျန့်မျက်နှာကိုတောက်လျောက်ကြည့်နေတဲ့ဖေးဖေးကတစ်ချက်ပြုံးလိုက်သည်။

"ဘယ်လိုလဲ.ကျန့်ကျန့်နင်အဖြေကိုသိပြီလား..ဒီကတ်ကိုဆွဲလိုက်မိလို့ပျော်သွားလား.."

ရှောင်းကျန့်ကဖေးဖေးကိုသာစကားမပြောနိုင်တော့ပဲကြည့်နေသည်။ဖေးဖေးကရှောင်းကျန့်ကိုပြုံးပြုံးလေးဖြင့်သာဆက်ပြောသည်

"ဒီကတ်ကနင်တကယ်ဘာလိုချင်နေလဲဆိုတာကိုပြောပြပေးတယ်ကျန့်ကျန့်..8ကတ်ကိုဆွဲလိုက်မိလို့နင်ပျော်ရွင်တယ်မျက်လှည့်ဆရာဆီပြန်ပြေးသွားချင်တယ်ဆိုရင် သေချာတယ်အဲ့ဒါနင်သူ့ကိုချစ်နေလို့နင့်ရင်ထဲမှာသူကအစစ်အမှန်မလို့..."

ဖေးဖေးကခဏရပ်ပြီးပြုံးကာဆက်ပြောသည်။မျက်လုံးတွေကရှောင်းကျန့်မျက်နှာကနေလုံးဝမခွာတော့ဘူး

"အဲ့လိုမှမဟုတ်ဘူး...ဒီကတ်ဆွဲမိလို့နင်မပျော်ရင် ဘာလို့3ကတ်ကိုမဆွဲမိတာလဲ ဆိုပြီးနောင်တရနေရင်နင့်ရင်ထဲမျက်လှည့်ဆရာမရှိလို့ပါ နင်တကယ်လိုချင်နေတဲ့ကတ်က3ကတ်မလို့....ကျန့်ကျန့်ဒါကနင့်ရဲ့မသိစိတ်မှာရှိနေတဲ့အရာကိုနှိုးဆွပေးလိုက်တာပါ..."

"..........."

"ဒီကတ်တွေကကံကိုအသုံးချပြီးဘာရွေးချယ်ရမလဲဆိုတာကိုပြောပြတာမဟုတ်ဘူးကျန့်ကျန့်...နင့်နှလုံးသားကိုအသုံးချပြီးဘာကိုရွေးချယ်ချင်နေတာလဲဆိုတာကိုပြောပြပေးလိုက်တာ...ဝေခွဲရခတ်နေတဲ့နင့်စိတ်တွေကိုတိကျတဲ့အဖြေတစ်ခုပေးလိုက်တာပါ...ငါပြောတာသဘောပေါက်တယ်မလားဟင်ကျန့်ကျန့်.."

ဖေးဖေးကရှောင်းကျန့်ကိုမေးလိုက်တော့ရှောင်းကျန့်ကလက်ထဲကကတ်ကိုတင်းတင်းဆုတ်ပြီးကြည့်လာသည်။

"အင်း..ငါနားလည်သွားပြီးဖေးဖေးကျေးဇုတင်ပါတယ်...8ကတ်လား3ကတ်လား ငါဘယ်ကတ်ကိုလိုချင်နေတာလဲဆိုတာခုတော့ရှင်းရှင်းလင်းလင်းသိသွားပါပြီး..."

"အရမ်းတော်တယ်ငါတို့ကျန့်ကျန့်လေး...ဒါဆိုခေါက်ဆွဲဆက်စားရအောင် ဗိုက်ဆာနေအုံးမယ်"

"အွန်းစားကြရအောင်"

ဖေးဖေးကရှောင်းကျန့်ခေါင်းလေးကိုဖွပြီးခေါက်ဆွဲအတူစားကြသည်။ရှောင်းကျန့်ကခုနကလိုခံစားချက်မဲ့မနေတော့ပဲပြန်ပြီးပြုံးရယ်လာတယ်.ကျန့်ကျန့်ရယ်...နင်ကပြုံးနေမှချောတာဟ..အမြဲဒီလိုလေးဖြူဖြူစင်စင်ပြုံးနေစမ်းပါ...

*^^*

တစ်ပတ်ခန့်ကြာမြင့်သော်....

ဝမ်အိမ်တော်ရဲ့ဧည့်ခန်ကsofaပေါ်ခြေတစ်ဖက်ချိတ်ထိုင်နေတဲ့သခင်ကြီးဝမ်ရဲ့မျက်နှာကနှုတ်ခမ်းတွေကနတ်ဆိုးဆန်ဆန်တွန့်ကွေးနေသည်။

"ဒါဆိုသူဘယ်မှာရှိလဲသိရပြီပေါ့...ဟက်...ဘေဘီရာဘေဘီ...ဒီလောက်ပြေးနေရတာမောရော့ပေါ့ရင်ခွင်အစစ်အမှန်ကိုပြန်လာဖို့အချိန်တန်ပြီထင်တယ်..အပြင်မှာလွတ်လပ်ခွင့်ပေးထားရတဲ့အချိန်တွေကုန်ပြီလေ.ထွက်ပြေးလို့မဝသေးဘူးလားကွာ..."

ဝမ်ရိပေါ်ကသူ့ဘာသာတစ်ယောက်ထဲရေရွတ်နေလေသည်။Jacksonနဲ့အားလိမ်ကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်သည်။

"Bossဘာဆက်လုပ်မှာလဲကျွန်တော်တို့သွားခေါ်ခဲ့ရမလား"

"မလိုဘူး.သူ့ဘာသာရောက်လာလိမ့်မယ်"

ထူးဆန်းတဲ့ဝမ်ရိပေါ်စကားကိုJacksonကနားမလည်ဖြစ်သွားသည်။Jacksonနားမလည်တာကိုအားလိန်ကသိတာမလို့Bossကိုမေးခွန်းပြန်မထုတ်ခင်နား နားကပ်ကာတိုးတိုးတိတ်တိတ်ရှင်းပြရသည်။

"အော်..အဲ့လိုလုပ်မလို့လား..အဆင်ပြေရင်ကောင်းတာပေါ့အဆင်မပြေပဲသခင်လေးကBossကိုပိုပြီးမုန်းသွားရင် အွန့်"

ရှေ့မကြည့်နောက်မကြည့်ပေါက်ကရပြောတော့မဲ့Jacksonပါးစပ်ကိုအားလိန်အမြန်ပိတ်လိုက်ရသည်။အာသွက်လျှာသွက်နဲ့ဒီကောင်ကဘယ်ချိန်Bossသေနတ်အောက်အသက်ပျောက်မလဲမသိ။

"အွန့်.မင်းလက်ကြီးကနံလိုက်တာကွာ"

Jacksonကသူ့ပါးစပ်ကိုလက်ခုံနဲ့ပွတ်ပြီးမျက်နှာရှုံ့မဲ့ကာပြောတော့အားလိန်ကသူ့လက်သူပြန်ကြည့်ပြီးJacksonကိုအားနာသလိုကြည့်သည်။

"Sorry ညီအကိုရာ..ငါသန့်စင်ခန်းဝင်ပြီးလက်ဆေးဖို့မေ့သွားလို့"

"ထွီ!. ရွံတာကွာ.အော့!"

Jacksonကအော့အော့နဲ့ဖြစ်နေတာကိုကြည့်ပြီးအားလိန်ကရယ်လိုက်သည်။

"မင်းကိုယ်ဝန်ကဘယ်နှလရှိပြီလဲ...စိတ်ချပါကလေးအဖေနေရာမှာငါ့နာမည်ထည့်လိုက်ပါ"

"ခွေးကောင်အားလိန်.မင်းသေချင်နေပြီလား.."

Jacksonကအားလိန်ကိုကျောပြင်ကိုလက်သီးနဲ့တဘုန်းဘုန်းထုနေတော့သည်။ထိုချိန်ဝမ်ရိပေါ်ကထိုင်နေရာကနေရုတ်တရတ်ထရပ်လိုက်တာမလို့နှစ်ယောက်သားထုနေတာရပ်ပြီးဘရိတ်အုပ်ကာချက်ချင်းသတိအနေအထားဖြစ်သွားတယ်။

"မြေအောက်ခန်းသွားမယ်"

"ဟုတ်ကဲ့ Boss!"

နှစ်ယောက်လုံးပြိုင်တူပြောပြီးဝမ်ရိပေါ်ကအရှေ့ကထွက်သွားတော့အနောက်ကထပ်ကြပ်မကွာလိုက်သွားသည်။

မှောင်မည်းနေတဲ့မြေအောက်ခန်းကမီးရောင်မှိန်မှိန်သာရှိသည်။သွေးညှီနံ့တွေလှိုင်လှိုင်ထနေပြီးအချုပ်ခန်းတွေအများကြီးရှိနေတယ်။အခန်းတိုင်းနှိပ်စက်ခံထားရတဲ့လူတွေရဲ့အော်ညည်းသံကတကယ့်ကိုငရဲအလားပင်။

နှိပ်စက်မှုအမျိုးမျိုးရှိတယ်။လက်သည်း​ခြေသည်းခွံတွေတစ်ခုချင်းဖြေးဖြေးစီခွာထုတ်ပြီးတူနဲ့ထုရိုက်သည်။နောက်တစ်နည်းကတော့လက်ဖဝါးတစ်ခုလုံးသံမှိုတွေအပြည့်ရိုက်ထည့်ပြီးနှိပ်စက်တယ်။အက်စစ်စိမ်ပြီးသံဆူးကြိုးတွေနဲ့လွှဲရိုက်တာတွေ....အလွန်တုန်လှုပ်ဖို့ကောင်းသည်။ဝမ်ရိပေါ်ကတော့အဲ့လိုအရာတွေကိုမျက်တောင်တစ်ချက်မခတ်လုပ်နိုင်သည်...

သူကသွေးအေးအေးနဲ့ရက်စက်တာ..သူ့နှလုံးသားကရှောင်းကျန့်တစ်ယောက်ထဲအတွက်ပဲနူးညံ့နိုင်တယ်။အဲ့ဒါကြောင့်ဒီမြေအောက်ခန်းကိုတစ်ခါမှရှောင်းကျန့်ကိုမခေါ်လာဖူးဘူး အနားတောင်အကပ်မခံပေ။ရှောင်းကျန့်သာဒီလိုသွေးပျက်စရာမြင်ကွင်းတွေအော်ဟစ်ငိုကြွေးသံတွေကိုတွေ့ရင်သူ့ကိုမုန်းတာထက်ကြောက်သွားမှာစိုးလို့ပင်။

ဒါပေမဲ့ခုတော့အဲ့ဒီစည်းကမ်းချက်ကိုဖျက်ရတော့မယ်ထင်တယ်....

ဝမ်ရိပေါ်ကအလုံပိတ်ထားတဲ့ထုထည်ကြီးမားတဲ့သံတံခါးကြီးရှေ့ရပ်လိုက်သည်။ထိုနေရာကအစောင့်ကတံခါးဖွင့်ပေးတယ်...တံခါးကတောင့်တင်းတဲ့ကိုယ်ရံတော်နှစ်ယောက်တောင်အားသွန်ခွန်စိုက်တွန်းဖွင့်ရသည်။

ဝမ်ရိပေါ်ကဆေးလိပ်တစ်လိပ်ပါးစပ်မှာခဲပြီးလက်နှစ်ဖက်ကိုဘောင်းဘီအိပ်ထဲထည့်ကာခပ်ရွဲ့ရွဲ့ပြုံးနေတယ်။သံတံခါးကြီးကတဖြည်းဖြည်းပွင့်သွားပြီးနောက်အထဲမှာလူတစ်ယောက်ကခေါင်းငိုက်စိုက်စွာရှိနေသည်။

တိုင်မှာလက်နှစ်ဖက်ဆန့်ကား ကာသံကြိုးတွေနဲ့ချည်ထားတယ်။ခြေထောက်မှာလဲသံကြိုးတွေရှိသည်။လက်ကောက်ဝတ်လောက်အထူရှိတဲ့သံကြိုးတွေကတော်ရုံဖြတ်လို့ရမှာမဟုတ်ပဲထိုလူရဲ့ခန္ဓာကိုယ်ကိုလဲရစ်ပတ်ခွေထားလေသည်။အပေါ်ပိုင်းဗလာဖြစ်နေပြီးဒဏ်ရာတွေကလဲမနည်း...အချို့ကလတ်လတ်ဆတ်ဆတ်ဖြစ်ပြီးအချို့ကအမာရွတ်တွေဖြစ်တယ်။

ဝမ်ရိပေါ်ကထိုလူအနားသွားကာငိုက်ကျနေတဲ့ခေါင်းကိုမေးကနေကြမ်းတမ်းစွာဆွဲမော့လိုက်တယ်။မျက်နှာမှာလဲဒဏ်ရာတွေနှင့်နှုတ်ခမ်းထောင့်ကသွေးတွေစီးကျနေလေသည်။သူမလာခင်နှိပ်စက်ထားသေးတယ်ထင်တယ်။ကြိုက်တယ် အဲ့လိုပဲကြိုက်တယ်.

"ဘယ်လိုလဲမျက်လှည့်ဆရာ...ငါနဲ့ချွတ်စွပ်တူတဲ့မျက်နှာချောချောလေးကခုတော့ငါတောင်မမှတ်မိချင်တော့ဘူး...ခံစားလို့ကောင်းရဲ့လား"

".........."

စူးစူးဝါးဝါးစိုက်ကြည့်ပြီးစကားပြန်မပြောတော့ဝမ်ရိပေါ်ကနှုတ်ခမ်းတွန့်ပြုံးလိုက်သည်။

လွန်ခဲ့တဲ့တစ်ပတ်ကမျက်လှည့်ဆရာကရှောင်းကျန့်ထွက်သွားပြီးသတိမေ့သွားတာမလို့Jacksonနဲ့Chuoကဝမ်အိမ်တော်ကိုသယ်လာခဲ့ကြတယ်။သူကဒီမျက်လှည့်ဆရာကိုမြေအောက်ခန်းရဲ့အထူးအချုပ်ခန်းထဲထည့်ပိတ်ကာနှိပ်စက်ထားလေသည်။

ဝမ်ရိပေါ်ကဆေးလိပ်ငုတ်တိုကိုလက်ကြားညှပ်ကာရိပေါ်ရဲ့ဘယ်ဘက်ရင်အုံကိုဖိကပ်လိုက်သည်။

[ဝမ်ရိပေါ်နဲ့ရိပေါ်လို့သုံးပါမယ်အစထဲကအဲ့လိုပဲသုံးခဲ့တာပါနော်]

ချက်ချင်းရဲတက်ကာလောင်ကွက်ဖြစ်သွားပြီးနာကျင်ပူလောင်သွားပေမဲ့မအော်ပဲအံကြိတ်ကာတင်းခံနေလေသည်။

"နာလား..."

"........" (ကိုယ့်ဘာသာခံစားကြည့်ပါလားဆေးလိပ်မီးနဲ့တို့ပြီးမနာဘူးလားဆိုတော့မင်းကဦးနှောက်မရှိဘူးလား)

ရိပေါ်ကစိတ်ထဲကနေပြန်ပြောနေပေမဲ့လက်တွေ့မှာတော့စကားမဟ။ဒီလူနဲ့စကားပြောရမှာတောင်သူ့ပါးစပ်လေးသနတယ်။

"ဟက်..ဒီနှိပ်စက်မှုတွေကိုသဘောကျရဲ့လား.ငါမင်းကိုကောင်းကောင်းခံစားခွင့်ပေးမှာပါ...အားလိန်!!"

"ဟုတ်ကဲ့Boss"

"သံဆူးကြိုးယူခဲ့"

အားလိန်ကအစောင့်တစ်ယောက်ကိုကမ်းပေးတဲ့သံဆူးကြိုးကိုယူပြီးရိပေါ်အနောက်ကိုလျောက်သွားသည်။ရိပေါ်ကလက်သီးကိုတင်းတင်းဆုပ်ကာနဖူးကြောတွေထောင်တဲ့ထိအံကြိတ်ထားလိုက်တယ်။သခင်ကြီးဝမ်ကJacksonချပေးတဲ့ထိုင်ခုံပေါ်ခြေတစ်ဖက်ချိတ်ကာထိုင်နေသည်။

ရွှမ်း!!ရွှမ်း!!!ရွှမ်း!!!

နာတယ်..သေလောက်အောင်နာတယ်...ဒါပေမဲ့သူတစ်ချက်မအော်ဘူး။အချက်ပေါင်းများစွာရိုက်ချက်တွေကသူ့ကျောပြင်တစ်ခုလုံစုတ်ပြတ်သပ်သွားပြီတောင်ထင်ရတယ်။သွေးတွေရဲဆင်းနေတဲ့ကျောပြင်ကမြင်လို့မကောင်းတော့ပေ။

ဘယ်နှချက်မြောက်မှန်းမသိတဲ့ရိုက်ချက်တွေပြီးနောက်ရိပေါ်ကဖျော့ဖျော့လေးသာကျန်တော့တယ်။အဲ့တော့မှဝမ်ရိပေါ်ကလက်ပြကာရပ်တန့်စေလိုက်သည်။

"သူသေလို့မဖြစ်သေးဘူး...ရှောင်းကျန့်ပြန်လာအောင်သူ့ကိုအသုံးချရအုံးမယ်..ဟက်...မျက်လှည့်ဆရာလေး...အရမ်းနာကျင်လား.."

ဝမ်ရိပေါ်ကလှောင်ရိပ်ဖြင့်စိုက်ကြည့်ကာမေးပြီးတဖြည်းဖြည်းသူ့မျက်နှာကခတ်ထန်မာကြောလာသည်။

"မင်းရှောင်းကျန့်မိဘတွေကိုသတ်ခဲ့တုန်းကရှောင်းကျန့်ဒီထက်ပိုနာကျင်ရတယ်ကွ!!. .ရှောင်းလင်မယားမှာဘာအမှားတွေရှိလို့လဲ.ဟမ်..ငါ့ကိုပြောပါအုံး ဖန်းကထွက်မိတာနဲ့ပဲအသက်ပါထွက်ပေးရမယ်ဆိုတဲ့စည်းကမ်းချက်ကြီးကတရားမလွန်ဘူးလား......အဲ့ချိန်ကရှောင်းကျန့်ဘယ်လောက်နာကျင်နေခဲ့လဲ သူ့မိဘတွေရဲ့ရုပ်အလောင်းကိုပွေ့ပိုက်ပြီးသွေးအိုင်ထဲဘယ်လောက်တောင်နာကျင်ပြီးအော်ဟစ်ငိုကြွေးနေခဲ့လဲ.....ငါ့မျက်စိထဲကမထွက်သေးဘူး...ငါလဲရှောင်းကျန့်နဲ့ထပ်တူနာကျင်ခဲ့ရတယ်ကွ!!"

"........."

ရိပေါ်ကဘာမှမပြောပဲနှုတ်ဆိတ်နေသည်။ဝမ်ရိပေါ်ကအားလိန်လက်ထဲကသံဆူးကြိုးကိုယူပြီးရိပေါ်ရင်ဘက်ကိုအားကုန်လွဲရိုက်ချလိုက်တယ်။ဝမ်ရိပေါ်မျက်နှာကမီးဝင်းဝင်းတောက်နေပြီးလှောင်ရိပ်တွေပျောက်ဆုံးကာဒေါသခိုးတွေဝေနေသည်။ကိုယ်ရံတော်တွေကအလိုလိုအနောက်ဆုတ်ကုန်ကြတယ်။

ရွှမ်း!

"ဒါကရှောင်းလင်မယားအတွက်!"

ရွှမ်း!

"ဒါကရှောင်းကျန့်အတွက်"

ရွှမ်း!

"ဒါကငါ့အပိုင်ကိုမှလုယူချင်နေတဲ့အတွက်"

ရွှမ်း!!

"ဒါကငါ့အပိုင်ကိုပြန်မပေးပဲဖွက်ထားခဲ့တဲ့အတွက်"

ရွှမ်း!!

"ဒါကငါ့အတွက်."

သံဆူးကြိုးနဲ့အားကုန်းငါးချက်ရိုက်ပြီးတော့ဝမ်ရိပေါ်ကသံဆူးကြိုးကိုလွှတ်ချလိုက်သည်။အားလိန်ရိုက်တုန်းကနည်းနည်းအားပျော့ပြီးဝမ်ရိပေါ်ရဲ့ရိုက်ချက်တွေကငါးချက်ထဲနဲ့ရိပေါ်ရဲ့ခြေဖျားထိသွေးတွေစီးဆင်းသွားသည်။ရိပေါ်ကစူးရဲနေတဲ့မျက်လုံးတွေနဲ့သခင်ကြီးဝမ်ကိုစိုက်ကြည့်တယ်

"ရှောင်းလင်မယားကိုဖန်းဆောင်စီကသတ်တာ"

"ငါသိတယ်..အဲ့ဒါကြောင့်ဖန်းအိမ်တော်လဲအသက်မရှင်စေရဘူး ကိုယ်တိုင်သတ်ခဲ့တဲ့မင်းလဲအသက်မရှင်စေရဘူး...ရှောင်းကျန့်လက်နဲ့မင်းကိုသတ်တာထက်ငါလက်နဲ့သတ်တာကမင်းနာကျင်ရတာပိုသက်သာပါတယ်..ဒါကမင်းအတွက်ငါ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးညှာတာ ခြင်းပဲ."

ဝမ်ရိပေါ်ကပြောပြီးထွက်သွားတော့ကိုယ်ရံတော်တွေလဲလိုက်ထွက်သွားသည်။ဝမ်ရိပေါ်ကအခန်းရှေ့မှာရပ်ပြီးအစောင့်ကိုပြောလိုက်တယ်။

"ဆေးထည့်ပေးလိုက်မသေစေနဲ့အုံး ရှောင်းကျန့်မရောက်လာသေးဘူး"

"ဟုတ်ကဲ့Boss"

ထို့နောက်သံတံခါးကြီးကပိတ်ကျသွားတော့သည်။အထဲမှာတစ်ယောက်ထဲကျန်ခဲ့တဲ့ရိပေါ်ကတစ်ချက်ပြုံးလိုက်တယ်။

ဟက်...သေစေချင်နေပြီပဲဘာလို့ဆေးထည့်ခိုင်းနေသေးတာလဲ..သေအောင်လွှတ်ထားလိုက်ပါလား..သခင်ကြီးဝမ်ခင်ဗျားကလေ.လည်မယ်လိုလိုနဲ့တုံးအလိုက်တာ ရှောင်းကျန့်ကခင်ဗျားကိုချစ်နေတာမသိဘူးလား ခု ခင်ဗျားကရှောင်းကျန့်ကိုအထင်လွဲပြီးလုပ်ချင်တာတွေလုပ်နေတယ်မလား...ရှောင်းကျန့်နားလည်ရင်ကောင်းတာပေါ့..ဒီလိုမဟုတ်ပဲတကယ်မုန်းသွားရင်တော့နောင်တမကြေး..

ရိပေါ်ကအတွေးနဲ့အတူပြုံးပြီးနောက်ဒဏ်ရာတွေနှင့်သတိမေ့သွားတော့သည်။

တစ်ယောက်သောသူရွေးချယ်လိုက်တဲ့ကတ်လေးကဘယ်ကတ်လဲ?..8ဖြစ်နိုင်သလို3လဲဖြစ်နိုင်တယ်။ရိပေါ်ကရှောင်းကျန့်သခင်ကြီးဝမ်ကိုချစ်တယ်လို့ပြောနေသည်။ရှောင်းကျန့်ကတကယ်ပဲသခင်ကြီးဝမ်ကိုချစ်ရဲ့လားဆိုတာဘယ်သူသိနိုင်မလဲ..ကာယကံရှင်ရှောင်းကျန့်ကလွဲပြီးဘယ်သူမှအတိအကျမသိပါဘူး။

Boss Wangကရိပေါ်ကိုငါးစာချပြီးရှောင်းကျန့်ကိုပြန်လာအောင်လုပ်သည်။ဒါကရှောင်းကျန့်ကရိပေါ်ကိုချစ်နေတယ်ဟုထင်မြင်ခြင်းကြောင့်သာ။ရှောင်းကျန့်ကရိပေါ်ကိုတကယ်ချစ်ရဲ့လားBoss Wangအတိအကျမသိဘူးလေ...ရှောင်းကျန့်သာသိသည်ဖြစ်သည်။

ရှောင်းကျန့်ချစ်တဲ့သူ..ရှောင်းကျန့်ရင်ထဲတကယ်ရှိတဲ့သူကတစ်ယောက်ထဲပါပဲ..ဘယ်သူလဲဆိုတာရှောင်းကျန့်ကလွဲပြီးဘယ်သူနိုင်အုံးပါ့မလဲ...

💚💛❤

16ခု
Zaw

"သခင္ေလး!!!"

"ေရွာင္းက်န္႔..ေရွာင္းက်န္႔ငါ့ကိုမထားသြားဘူးမလား..ငါ့ကိုေျပာပါမထားသြားဘူးလို႔ေျပာပါ"

ရိေပၚရဲ႕အသက္႐ူသံေတြျမန္ၿပီးအလြန္စိတ္လႈပ္ရွားေနတဲ့အသံေတြက ကတုန္ကယင္ျဖစ္ေနေလသည္။ေရွာင္းက်န္႔ကမတ္တပ္ထရပ္လိုက္ေတာ့ရိေပၚပါလိုက္ရပ္သည္။ေရွာင္းက်န္႔ကChuoနဲ႔Jacksonဘက္ကိုလွည့္ၾကည့္လိုက္ေတာ့သူ႔ကိုစိုးရိမ္ေနဟန္မ်က္ႏွာေတြနဲ႔ၾကည့္ေနေလသည္။ရိေပၚရဲ႕မ်က္လုံးေတြကေတာ့ေရွာင္းက်န္႔မ်က္ႏွာမွာသာေက်ာက္ခ်ထားတယ္

"သခင္ေလးကြၽန္ေတာ္တို႔နဲ႔ျပန္လိုက္ခဲ့ပါBossကအရမ္းစိတ္ပူေနတယ္"

"မရဘူး..ေရွာင္းက်န္႔ကိုငါ့ဆီကေနဘယ္သူမွေခၚထုတ္သြားလို႔မရဘူး မိုးနတ္မင္းကိုယ္တိုင္လာဆြဲထုတ္ရင္ေတာင္ငါ့အသက္နဲ႔ရင္းလိုက္မယ္"

"ဒီမွာမ်က္လွည့္ဆရာ..မင္းကသူမ်ားလူကိုလုယူထားတာပဲ မင္းကသူခိုး သခင္ေလးကငါတို႔Bossရဲ႕လူကြ"

Jacksonကရိေပၚကိုေျပာလိုက္သည္။ေရွာင္းက်န္႔ဘာလုပ္ရမွန္းတကယ္မသိေတာ့ပါဘူး။ႏႈတ္ဆိတ္ကာေက်ာက္႐ုပ္ပမာၿငိမ္ေနမိသည္။ဒီေလာကႀကီးကေနေပ်ာက္ကြယ္သြားရင္ေကာင္းမယ္။

"သခင္ေလး ေက်းဇုျပဳၿပီးျပန္လိုက္ခဲ့ပါကြၽန္ေတာ္တို႔အတင္းမဆြဲေခၚခ်င္ဘူး...Bossကိုပုန္းေရွာင္ေနရတာဒီေလာက္ဆိုေတာ္ေရာ့ေပါ့"

Chuoရဲ႕စကားကိုေရွာင္းက်န္႔ျပန္မတုံ႔ျပန္ပါ လက္သီးဆုပ္ၿပီးသက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ထိုခ်ိန္သူ႔ေဘးကရိေပၚကေျမႀကီးေပၚဒူးေထာက္ခ်လိုက္တယ္

"Lao Wangမင္းဒါဘာလုပ္တာလဲ..႐ူးေနတာလားခုထစမ္း"

"မထဘူး..."

ရိေပၚကေရွာင္းက်န္႔ရဲ႕လက္ႏွစ္ဖက္ကိုဆြဲယူကာလက္ဖဝါးၾကားေထြးဆုပ္ထားလိုက္ကာအေလးအနက္မ်က္လုံးေတြနဲ႔ၾကည့္တယ္။

"ေရွာင္းက်န္႔.ငါ့မွာမင္းတစ္ေယာက္ပဲရွိတာပါ ေအးစက္ေျခာက္ကပ္ေနတဲ့ငါ့ဘဝထဲမင္းကသာမီးအိမ္ရွင္ေလးျဖစ္ခဲ့တယ္ မင္းဘာရည္႐ြယ္ခ်က္နဲ႔ငါ့အနားခ်ည္းကပ္ခဲ့လဲဆိုတာကိုသိခဲ့တာေတာင္ငါမခ်စ္ပဲမေနႏိုင္ခဲ့ဘူး ေတာင္းပန္ပါတယ္ ငါ့ကိုမထားခဲ့ပါနဲ႔...ငါ့မွာမင္းပဲရွိတာ...မင္းတစ္ေယာက္ထဲပါ.."

ရိေပၚကေျပာရင္းေရွာင္းက်န္႔ခါးကိုဖက္ကာသူ႔ပါးနဲ႔ေရွာင္းက်န္႔ဗိုက္ကိုအပ္ထားလိုက္သည္။ေရွာင္းက်န္႔လက္ေတြကရိေပၚေခါင္းကိုပြတ္သပ္ကာဂ႐ုဏာမ်က္ဝန္းေတြနဲ႔ၾကည့္ေနတယ္။.ငါဘယ္လိုလုပ္ရမလဲLao Wangရယ္...

"သခင္ေလး...Bossမွာလဲသခင္ေလးတစ္ေယာက္ထဲေနာ္.."

ေရွာင္းက်န္႔ကJacksonစကားေၾကာင့္လွည့္ၾကည့္လာသည္။ရိေပၚရဲ႕လက္ေတြကပိုမိုတင္းၾကပ္သြားတယ္

"သခင္ေလးထြက္သြားေတာ့Bossကေတာ္ေတာ္ေလးအေျခအေနဆိုးသြားတာ ဂိတ္ငါးဂိတ္ကပယ္ခ်ဖို႔ေတာင္လုပ္တဲ့ထိပဲ အတြင္းေရးမႉးပိုင္ကမရမကေဖ်ာင္းဖ်မွအဆင္ေျပသြားတာ...သခင္ေလးကိုBossဘယ္ေလာက္ခ်စ္လဲဆိုတာသခင္ေလးသိပါတယ္..Bossကို႐ူးသြားေစခ်င္တာလား"

ေရွာင္းက်န္႔ကမ်က္လႊာခ်ကာခါးထက္ကရိေပၚရဲ႕လက္ကိုျဖဳတ္ခ်လိုက္ေတာ့ရိေပၚကနာက်င္ေနတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္သည္။Jacksonနဲ႔Chuoကဝမ္းသာသြားသည္။သခင္ေလးရဲ႕ဆုံးျဖတ္ခ်က္မွန္ကန္တယ္။အခ်ိန္တန္ရင္ပိုင္ရွင္အစစ္ဆီပဲျပန္လာရမွာပဲ...

ဒါေပမဲ့သခင္ေလးကသူတို႔ဆီလဲမေရာက္လာပဲအေနာက္ကိုဆုတ္သြားတာမလို႔နားမလည္ျဖစ္သြားရသည္။ရိေပၚကလဲေၾကာင္ေတာင္ၾကည့္ေနသည္။ေရွာင္းက်န္႔ပုံစံကထူးဆန္းစြာခံစားခ်က္မဲ့ေနတယ္

"ေရွာင္းက်န္႔...ေရွာင္းက်န္႔ ငါ့ဆီလာခဲ့ပါ"

"သခင္ေလး ကြၽန္ေတာ္တို႔နဲ႔ျပန္လိုက္ခဲ့ပါBossေစာင့္ေနတယ္"

Chuoစကားဆုံးတာနဲ႔ေရွာင္းက်န္႔နားကိုလက္ႏွစ္ဖက္နဲ႔ပိတ္ခ်လိုက္သည္။

"ေတာ္ၾကပါေတာ့..ဆက္မေျပာၾကပါနဲ႔ေတာ့..ငါအရမ္းပင္ပန္းေနၿပီး "

"ေရွာင္းက်န္႔"

"သခင္ေလး"

ေရွာင္းက်န္႔ကသူ႔အနားတိုးကပ္လာတဲ့လူေတြကိုတားၿပီးအနားကပ္မခံေပ။Boss Wangေပးထားတဲ့ေသနတ္ကိုထုပ္ၿပီးနားထင္မွာခ်ိန္ထားလိုက္ေတာ့သူ႔ေရွ႕ကသုံးေယာက္ကမ်က္လုံးေတြျပဴးၿပီးျပာယာခတ္သြားတယ္..

"ဆက္တိုးမလာနဲ႔ ငါနဲ႔ေဝးေဝးေနၾကငါ့ကိုမထိခိုက္ေစခ်င္ရင္ေဝးေဝးေနၾက အစထဲကဒီလူႏွစ္ေယာက္နဲ႔မပက္သက္ခဲ့ရင္အေကာင္းသား မင္းတို႔နဲ႔ျပန္မလိုက္ဘူး Lao Wangေနာက္လဲမလိုက္ဘူး အဲ့ဒါငါ့ဆုံးျဖတ္ခ်က္ပဲ"

ေရွာင္းက်န္႔ကမ်က္ရည္ေတြဝဲကာငိုသံပါႀကီးနဲ႔ေျပာလိုက္တယ္။Jacksonနဲ႔Chuoကေရွ႕ဆက္တိုးခ်င္ေပမဲ့ရိေပၚကေတာ့ၿငိမ္က်သြားသည္။လြမ္းေဆြးစြာနဲ႔ပင္ေတြေတြေလးေငးၾကည့္ေနတယ္။သူ႔ရဲ႕ညာဘက္ရင္အုံကနာက်င္လိုက္တာစူးေအာင့္ေနတာပဲ..

"ငါ့ကိုလြတ္လပ္ခြင့္ေပးၾကပါေက်းဇုျပဳၿပီး..ငါမင္းတို႔အားလုံးနဲ႔ဆက္ၿပီးမပတ္သက္ခ်င္ေတာ့ဘူး ေနာင္တရတယ္.."

ေရွာင္းက်န္႔ကက်ဆင္းလာတဲ့မ်က္ရည္ဥေတြကိုပြတ္သုတ္ၿပီးရိေပၚကိုတစ္ခ်က္ၾကည့္ကာထိုလူေတြအေရွ႕ကေနေျပးထြက္လာခဲ့သည္။Jacksonကလိုက္မယ္လုပ္ေတာ့Chuoကတားၿပီးေခါင္းခါျပလိုက္တယ္။

ေျပးထြက္သြားတဲ့ေက်ာျပင္ေလးကေတာ့ေနာက္ကိုေတာင္မလွည့္ၾကည့္ေတာ့ပဲအေဝးဆုံးကိုေျပးေနေလသည္။

ရိေပၚကစူးေအာင့္ေနတဲ့သူရင္ဘက္ကိုဖိညစ္ထားမိတယ္။ေလာကႀကီးမွာေတြ႕ဆုံႀကဳံကြဲျဖစ္ရပ္ေတြမ်ားစြာရွိသည္။ေရွာင္းက်န္႔ကသူ႔ဆီခဏလာခဲ့တဲ့ဘဝဧည့္သည္ပါပဲ...ဒါေပမဲ့သူလက္မလႊတ္ခ်င္ဘူး အေဝးႀကီးေျပးသြားတဲ့ငွက္ေလးကိုဖမ္းၿပီးေလွာင္အိမ္ေလးထဲထည့္ပိတ္ထားခ်င္သည္။

လူႏွစ္ေယာက္ရဲ႕အခ်စ္ႀကီးမႈနဲ႔အတၱေတြၾကားထဲေရွာင္းက်န္႔အရမ္းပင္ပန္းရသည္။

ရိေပၚရဲ႕ရင္ဘက္ကပိုၿပီးေအာင့္လာတယ္ သူ႔မ်က္လုံးေတြျပာေဝလာၿပီးဘာကိုမွသဲသဲကြဲကြဲမျမင္ရေတာ့ေပ။ရင္ဘက္ကိုဖိထားၿပီးလဲက်မသြားေအာင္အားတင္းထားရတယ္။စူးေအာင့္လာတဲ့ညာဘက္ရင္ဘက္ကမခံမရပ္ႏိုင္ျဖစ္ၿပီးသည္းမခံႏိုင္ေတာ့တဲ့ေနာက္ျမက္ခင္းေပၚပစ္လဲက်သြားေတာ့သည္။

"ေရွာင္းးးက်န္႔..ငါ."

ေကာင္းကင္ျပာျပာႀကီးကိုၾကည့္ရင္းနဲ႔ပင္သူေလာကႀကီးအေမွာင္က်သြားေတာ့တယ္။မွိတ္က်သြားတဲ့မ်က္ဝန္းေထာင့္ကေနမ်က္ရည္တစ္စက္ကျမက္ခင္းစီသို႔....

အရမ္းခ်စ္တယ္ေရွာင္းက်န္႔...

*^^*

မိုးေတြသည္းထန္စြာ႐ြာေနတယ္....

အဝတ္ေတြ႐ုတ္ၿပီးေတာ့အိမ္ထဲကႀကိဳးတန္းမွာလွန္းထားလိုက္သည္။မိုးကလဲအခ်ိန္ရာသီမဟုတ္ပဲထထေဖာက္ေနတယ္။ေဟာင္ေကာင္ရာသီဥတုကႏွင္းလဲသိပ္မက်သလိုမိုးလဲသိပ္မ႐ြာ အၿမဲသာယာေနတတ္သည္။ဒါေပမဲ့ဒီေန႔မွာေတာ့မိုးကသည္းသည္းမည္းမည္း႐ြာသြန္းေနေလတယ္။

မီးဖိုခန္းသြားၿပီးေခါက္ဆြဲျပဳတ္ပူးပူးေလးျပဳတ္ကာအိမ္ေရွ႕ဧည့္ခန္းကိုထြက္လာၿပီးစားပြဲေပၚတင္လိုက္သည္။တူကိုေကာက္ကိုင္ၿပီးစားမယ္လုပ္ေတာ့အိမ္ေရွ႕ကလူေခၚဘဲလ္တီးသံကအဆက္မျပတ္ထြက္ေပၚလာေလသည္။

"ဒီခ်ိန္ႀကီးဘယ္သူမ်ားလဲ"

တူကိုခဏခ်ၿပီးအိမ္ေရွ႕ထြက္လာခဲ့သည္။တံခါးကိုဖြင့္လိုက္ေတာ့မိုးေရထဲတစ္ကိုယ္လုံးစို႐ြဲကာငူငူႀကီးရပ္ေနတဲ့သူကိုေတြ႕လိုက္ရေတာ့အလြန္အံ့အားသင့္သြားမိသည္။

"က်န္႔က်န္႔...ဘယ္လိုျဖစ္တာလဲ..လာ.လာ ဝင္ခဲ့ တစ္ကိုယ္လုံးစို႐ြဲေနတာပဲ"

တုေဖးကေရွာင္းက်န္႔ကိုဒီလိုပုံစံေတြ႕လိုက္ရ၍အလြန္အံ့ၾသေနၿပီးအိမ္ထဲေခၚဝင္ေလသည္။ေရွာင္းက်န္႔ကေရစက္လက္ႏွင့္အိမ္ထဲဝင္သြားတယ္။

"အက်ႌအရင္လဲလိုက္ပါလား..စိတ္မရွိဘူးဆိုရင္ငါ့ေကာင္ေလးအက်ႌေတြရွိတယ္ သင့္ေတာ္မဲ့တစ္ထည္ေ႐ြးၿပီးဝတ္လိုက္ေလ.အစိုႀကီးတိုင္းေနလို႔မေကာင္းဘူး"

ေဖးေဖးကေရွာင္းက်န္႔ကိုသူ႔ေကာင္ေလးလာရင္ေနတတ္တဲ့အခန္းကိုပို႔ေပးသည္။ေရွာင္းက်န္႔ေရာက္လာတာတစ္ခုခုျဖစ္လို႔ဆိုတာသိေပမဲ့အရင္ဆုံးေရစိုေနတာရွင္းလင္းဖို႔လိုတယ္မလား။သူေျပာေပမဲ့ေရွာင္းက်န္႔ကဘာမွျပန္မေျပာပဲအခန္းထဲသာဝင္သြားသည္။

ခဏအၾကာေတာ့ျပန္ထြက္လာတယ္။သူ႔ေကာင္ေလးကက်န္႔က်န္႔ထက္လူေကာင္ေတာင့္တာမလို႔အက်ႌကအနည္းငယ္ႀကီးခ်င္ေနတယ္။ေရွာင္းက်န္႔ကိုေခၚၿပီးဧည့္ခန္းထဲမွာထိုင္ခိုင္းကာသူကေတာ့ေခါက္ဆြဲေနာက္တစ္ထုတ္ျပဳတ္လိုက္တယ္။

ျပဳတ္ၿပီးသြားေတာ့ေရွာင္းက်န္႔ေရွ႕ကိုခ်ေပးကာသူလဲပဲထိုင္စားေနလိုက္တယ္။ေရွာင္းက်န္႔ပုံစံကတစ္ခုခုစိတ္မခ်မ္းမသာျဖစ္လာတာေသခ်ာသည္။သူ႔ကိုမေျပာမခ်င္းသူလဲမေမးပါဘူး။ေျပာခ်င္ရင္ေမးစရာမလိုပဲသူ႔ဘာသာေျပာလိမ့္မယ္

တုေဖးကေခါက္ဆြဲေတြတ႐ႊတ္႐ႊတ္စားေနေပမဲ့ေရွာင္းက်န္႔ကေတာ့အသက္မဲ့သလိုေက်ာက္႐ုပ္ႀကီးလိုထိုင္ေနတုန္းပင္။တုေဖးကတစ္ခ်က္ၾကည့္ၿပီးတူကိုေရွာင္းက်န္႔လက္ထဲထည့္ေပးလိုက္တယ္။ဒါေပမဲ့တူႀကီးကိုင္ထားၿပီးေတြေတြႀကီးငိုင္ေနေတာ့သက္ျပင္းသာအသာခ်မိေတာ့တယ္..

"က်န္႔က်န္႔..စားလိုက္အုံးေခါက္ဆြဲေတြေအးကုန္မယ္."

"ေဖးေဖး.."

"ဟင္..နင္ဘာေျပာခ်င္လို႔လဲေျပာေလ ငါနားေထာင္ေနတယ္"

"ငါဘာဆက္လုပ္ရမလဲဟင္ ငါသူတို႔အနားဆက္ေနလို႔လဲမရသလိုတစ္ေယာက္ထဲထြက္လာျပန္ေတာ့လဲမေပ်ာ္ဘူးဒီေနရာကအရမ္းနာတယ္.."

ေရွာင္းက်န္႔ကသူ႔ရဲ႕ဘယ္ဘက္ရင္အုံကိုလက္ညိဳးထိုးကာတိုးေဖ်ာ့စြာေျပာသည္။ေဖးေဖးကစားလက္စေခါက္ဆြဲကိုေဘးကိုတြန္းပို႔ၿပီးေရွာင္းက်န္႔ကိုၾကည့္သည္။

"ငါ့ကိုဘာေတြျဖစ္ေနတာလဲမေျပာျပခ်င္ဘူးလား"

ေရွာင္းက်န္႔ကေဖးေဖးရဲ႕အဓိပၸါယ္ပါတဲ့အၾကည့္ေတြကိုတစ္ခ်က္ၾကည့္ၿပီးေခါင္းအသာၿငိမ့္ျပသည္။ထို႔ေနာက္ဇာတ္လမ္းအစအဆုံးကိုေျပာျပေတာ့ေဖးေဖးကပါးစပ္အေဟာင္းသားနဲ႔မ်က္ႏွာအမူအယာအမ်ိဳးမ်ိဳးျဖစ္ေနေတာ့တယ္။

"အဲ့ေတာ့ နင္ကဘယ္သူ႔ကိုခ်စ္မွန္းမသိတာေပါ့"

"အဲ့လိုဆိုရမွာေပါ့..ႏွစ္ေယာက္လုံးကငါ့အတြက္အေရးပါေနတယ္ငါသူတို႔ႏွစ္ေယာက္လုံးကိုမထိခိုက္ေစခ်င္ဘူး"

"ငါကေတာ့ နင့္ကိုမ်က္လွည့္ဆရာနဲ႔ပိုအဆင္ေျပမယ္လို႔ထင္တယ္သခင္ႀကီးဝမ္ကနင့္ရန္သူမလို႔အဆင္မေျပႏိုင္ဘူး "

ေရွာင္းက်န္႔ကႏႈတ္ခမ္းကိုအသာကိုက္လိုက္သည္။

"ငါသာLao Wangကိုေ႐ြးရင္Boss Wangကသူ႔ကိုအလြတ္ေပးမွာမဟုတ္ဘူးBoss Wangကထင္တာထက္ပိုေၾကာက္ဖို႔ေကာင္းတာငါ့အတြက္နဲ႔အသက္တစ္ေခ်ာင္းမပ်က္စီးေစခ်င္ဘူးေဖး​ေဖး...အထူးသျဖင့္Lao Wang ငါသူ႔ကိုမထိခိုက္ေစခ်င္ဘူး"

"ဒါဆိုရင္သခင္ႀကီးဝမ္ဆီျပန္သြားေလ"

"ဟင့္အင္း..အဲ့ဒါလဲမျဖစ္ဘူး ငါတို႔ကလုံးဝမျဖစ္သင့္တဲ့လူေတြပဲငါတို႔ကမုန္းေနသင့္တာ"

ေဖးေဖးကသက္ျပင္းေမာသာခ်လိုက္သည္။ေရွာင္းက်န္႔ကေခါင္းငုံ႔သြားတယ္

"အဲ့ဒါေၾကာင့္ငါထြက္ေျပးလာခဲ့တာ "

"နင္ဒီလိုမလုပ္ခ်င္ဘူးမလား က်န္႔က်န္႔ငါနင့္အေၾကာင္းေကာင္းေကာင္းသိတယ္ နင္ဒီလိုမလုပ္ခ်င္ဘူး"

"ဒါေပမဲ့ဒီနည္းလမ္းကပဲအားလုံးအတြက္အဆင္ေျပတယ္ေလ ဘယ္သူမွမနာက်င္ရေတာ့ဘူး"

"နင္နာက်င္ရတယ္ေလ "

"......."

"သခင္ႀကီးဝမ္ေရာ..မ်က္လွည့္ဆရာေရာပဲ..က်န္႔က်န္႔ဒီလိုလုပ္တာမွန္တယ္ထင္ေနလား အဲ့ဒါကနင့္ကိုယ္နင္ျပန္လိမ္ေနတာ အရမ္းပင္ပန္းရတယ္ "

ေရွာင္းက်န္႔ဘာျပန္ေျပာရမွန္းမသိေတာ့ပါ။သူ႔စိတ္ေတြေဝခြဲရခတ္ေနၿပီးဘာတစ္ခုမွမစဥ္းစားတတ္ေတာ့ဘူး။သူ႔လုပ္ရပ္ကေဖးေဖးေျပာသလိုအားလုံးကိုနာက်င္ေစတာလား.. ဒါဆိုသူဘာဆက္လုပ္ရမလဲ!!!. ..အစကိုျပန္သြားခြင့္ရမယ္ဆိုေနာင္တမရပဲဒီလူႏွစ္ေယာက္လုံးနဲ႔မပက္သက္ရေအာင္ေနမယ္...လူႏွစ္ေယာက္ကသူ႔ေၾကာင့္မနာက်င္ရေတာ့ဘူးေပါ့

ေဖးေဖးကေရွာင္းက်န္႔မ်က္ႏွာကိုအရိပ္အေျခၾကည့္ေနသည္။က်န္႔က်န္႔အေၾကာင္းသူသိတယ္။ဒီေကာင္ေလးကိုတစ္ခုခုလုပ္ေပးရေတာ့မယ္..ဒီပုံစံႀကီးအတိုင္းေတာ့ဆက္မေနသြားေစခ်င္ဘူး။

"က်န္႔က်န္႔..ငါတို႔အေလာင္းအစားတစ္ခုလုပ္ရေအာင္"

ေရွာင္းက်န္႔ကေဖးေဖးကိုမ်က္ေမွာင့္ကုပ္ကာၾကည့္သည္။ေဖးေဖးကစားပြဲေအာက္ကpokerကတ္ႏွစ္ကတ္ကိုယူကာသူ႔လက္ထဲကိုင္ထားတယ္။ေရွာင္းက်န္႔ကေဖးေဖးဘာလုပ္မလဲၾကည့္ေနတယ္။

"ငါ့လက္ထဲမွာ3ပြင့္ကတ္နဲ႔8ပြင့္ကတ္ရွိတယ္.ငါတို႔အေလာင္းအစားေလးတစ္ခုစလိုက္ၾကရေအာင္...တကယ္လို႔နင္သာ3ပြင့္ကတ္ကိုဆြဲမိရင္သခင္ႀကီးဝမ္ဆီကိုျပန္ရမယ္ 8ပြင့္ကတ္ကိုဆြဲမိရင္ေတာ့Lao Wangဆီသြားရမယ္...ဘယ္လိုလဲ..နင္တစ္ေယာက္ထဲေနမယ္လို႔ေတာ့မေျပာနဲ႔ေနာ္အဲ့လိုမျဖစ္ခ်င္ဘူးဆိုတာငါသိတယ္..."

ေဖးေဖးစကားနားေထာင္ၿပီးေရွာင္းက်န္႔ခဏစဥ္းစားေနသည္။ဒါက ကံတရားကိုပုံခ်ရမလား။ေရွာင္းက်န္႔ေလပူတစ္ခ်က္မႈတ္လိုက္သည္

"ေကာင္းၿပီေလး စလိုက္ၾကတာေပါ့"

"Ok. "

ေဖးေဖးကpokerကတ္ကိုစားပြဲ​ေပာ္ေမွာက္လိုက္ၿပီးလက္ႏွစ္ေခ်ာင္းနဲ႔ေမႊလိုက္သည္။ထို႔ေနာက္ေရွာင္းက်န္႔ဆီတြန္းေပးလိုက္တယ္။ေရွာင္းက်န္႔ကအလြန္စိတ္လႈပ္ရွားေနကာႏွလုံးတုန္ေနသည္။ကတ္ဆီလွမ္းေနတဲ့သူ႔လက္ေခ်ာင္းေတြကမၿငိမ္ပဲတုန္ယင္ေနသည္။

ဘယ္ဘက္ကိုလွမ္းယူမယ္လုပ္ၿပီးညာဘက္ေရာက္သြားလိုက္..ညာဘက္ယူမယ္လုပ္ၿပီးဘယ္ေရာက္သြားလိုက္ႏွင့္သူအသက္ေတာင္႐ူမဝျဖစ္ေနတယ္။ေဖးေဖးကေရွာင္းက်န္႔မ်က္ႏွာကိုသာစိုက္ၾကည့္ေနသည္။

ေနာက္ဆုံးေတာ့ညာဘက္ကတ္ကိုယူလိုက္သည္။လွန္ၾကည့္ဖို႔လုပ္ၿပီးတျဖည္းျဖည္းလွန္ၾကည့္ေနမိတယ္။ဂဏန္းကိုျမင္ရခါနီးေလသူ႔လက္ဖ်ားေတြေအးလာေလပင္။ကတ္တစ္ခုလုံးလွန္ၾကည့္လိုက္ေတာ့ကတ္ရဲ႕ထိပ္ဆုံးေထာင့္မွာေနရာယူေနတာက..8....

ေရွာင္းက်န္႔ရင္ထဲေခါင္းစဥ္မသိတဲ့ခံစားခ်က္ေတြဝင္ေရာက္လာသည္။တုတ္တုတ္မလႈပ္ပဲၿငိမ္ေနမိတယ္။ေရွာင္းက်န္႔မ်က္ႏွာကိုေတာက္ေလ်ာက္ၾကည့္ေနတဲ့ေဖးေဖးကတစ္ခ်က္ၿပဳံးလိုက္သည္။

"ဘယ္လိုလဲ.က်န္႔က်န္႔နင္အေျဖကိုသိၿပီလား..ဒီကတ္ကိုဆြဲလိုက္မိလို႔ေပ်ာ္သြားလား.."

ေရွာင္းက်န္႔ကေဖးေဖးကိုသာစကားမေျပာႏိုင္ေတာ့ပဲၾကည့္ေနသည္။ေဖးေဖးကေရွာင္းက်န္႔ကိုၿပဳံးၿပဳံးေလးျဖင့္သာဆက္ေျပာသည္

"ဒီကတ္ကနင္တကယ္ဘာလိုခ်င္ေနလဲဆိုတာကိုေျပာျပေပးတယ္က်န္႔က်န္႔..8ကတ္ကိုဆြဲလိုက္မိလို႔နင္ေပ်ာ္႐ြင္တယ္မ်က္လွည့္ဆရာဆီျပန္ေျပးသြားခ်င္တယ္ဆိုရင္ ေသခ်ာတယ္အဲ့ဒါနင္သူ႔ကိုခ်စ္ေနလို႔နင့္ရင္ထဲမွာသူကအစစ္အမွန္မလို႔..."

ေဖးေဖးကခဏရပ္ၿပီးၿပဳံးကာဆက္ေျပာသည္။မ်က္လုံးေတြကေရွာင္းက်န္႔မ်က္ႏွာကေနလုံးဝမခြာေတာ့ဘူး

"အဲ့လိုမွမဟုတ္ဘူး...ဒီကတ္ဆြဲမိလို႔နင္မေပ်ာ္ရင္ ဘာလို႔3ကတ္ကိုမဆြဲမိတာလဲ ဆိုၿပီးေနာင္တရေနရင္နင့္ရင္ထဲမ်က္လွည့္ဆရာမရွိလို႔ပါ နင္တကယ္လိုခ်င္ေနတဲ့ကတ္က3ကတ္မလို႔....က်န္႔က်န္႔ဒါကနင့္ရဲ႕မသိစိတ္မွာရွိေနတဲ့အရာကိုႏႈိးဆြေပးလိုက္တာပါ..."

"..........."

"ဒီကတ္ေတြကကံကိုအသုံးခ်ၿပီးဘာေ႐ြးခ်ယ္ရမလဲဆိုတာကိုေျပာျပတာမဟုတ္ဘူးက်န္႔က်န္႔...နင့္ႏွလုံးသားကိုအသုံးခ်ၿပီးဘာကိုေ႐ြးခ်ယ္ခ်င္ေနတာလဲဆိုတာကိုေျပာျပေပးလိုက္တာ...ေဝခြဲရခတ္ေနတဲ့နင့္စိတ္ေတြကိုတိက်တဲ့အေျဖတစ္ခုေပးလိုက္တာပါ...ငါေျပာတာသေဘာေပါက္တယ္မလားဟင္က်န္႔က်န္႔.."

ေဖးေဖးကေရွာင္းက်န္႔ကိုေမးလိုက္ေတာ့ေရွာင္းက်န္႔ကလက္ထဲကကတ္ကိုတင္းတင္းဆုတ္ၿပီးၾကည့္လာသည္။

"အင္း..ငါနားလည္သြားၿပီးေဖးေဖးေက်းဇုတင္ပါတယ္...8ကတ္လား3ကတ္လား ငါဘယ္ကတ္ကိုလိုခ်င္ေနတာလဲဆိုတာခုေတာ့ရွင္းရွင္းလင္းလင္းသိသြားပါၿပီး..."

"အရမ္းေတာ္တယ္ငါတို႔က်န္႔က်န္႔ေလး...ဒါဆိုေခါက္ဆြဲဆက္စားရေအာင္ ဗိုက္ဆာေနအုံးမယ္"

"အြန္းစားၾကရေအာင္"

ေဖးေဖးကေရွာင္းက်န္႔ေခါင္းေလးကိုဖြၿပီးေခါက္ဆြဲအတူစားၾကသည္။ေရွာင္းက်န္႔ကခုနကလိုခံစားခ်က္မဲ့မေနေတာ့ပဲျပန္ၿပီးၿပဳံးရယ္လာတယ္.က်န္႔က်န္႔ရယ္...နင္ကၿပဳံးေနမွေခ်ာတာဟ..အၿမဲဒီလိုေလးျဖဴျဖဴစင္စင္ၿပဳံးေနစမ္းပါ...

*^^*

တစ္ပတ္ခန္႔ၾကာျမင့္ေသာ္....

ဝမ္အိမ္ေတာ္ရဲ႕ဧည့္ခန္ကsofaေပၚေျခတစ္ဖက္ခ်ိတ္ထိုင္ေနတဲ့သခင္ႀကီးဝမ္ရဲ႕မ်က္ႏွာကႏႈတ္ခမ္းေတြကနတ္ဆိုးဆန္ဆန္တြန္႔ေကြးေနသည္။

"ဒါဆိုသူဘယ္မွာရွိလဲသိရၿပီေပါ့...ဟက္...ေဘဘီရာေဘဘီ...ဒီေလာက္ေျပးေနရတာေမာေရာ့ေပါ့ရင္ခြင္အစစ္အမွန္ကိုျပန္လာဖို႔အခ်ိန္တန္ၿပီထင္တယ္..အျပင္မွာလြတ္လပ္ခြင့္ေပးထားရတဲ့အခ်ိန္ေတြကုန္ၿပီေလ.ထြက္ေျပးလို႔မဝေသးဘူးလားကြာ..."

ဝမ္ရိေပၚကသူ႔ဘာသာတစ္ေယာက္ထဲေရ႐ြတ္ေနေလသည္။Jacksonနဲ႔အားလိမ္ကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာၿပဳံးလိုက္သည္။

"Bossဘာဆက္လုပ္မွာလဲကြၽန္ေတာ္တို႔သြားေခၚခဲ့ရမလား"

"မလိုဘူး.သူ႔ဘာသာေရာက္လာလိမ့္မယ္"

ထူးဆန္းတဲ့ဝမ္ရိေပၚစကားကိုJacksonကနားမလည္ျဖစ္သြားသည္။Jacksonနားမလည္တာကိုအားလိန္ကသိတာမလို႔Bossကိုေမးခြန္းျပန္မထုတ္ခင္နား နားကပ္ကာတိုးတိုးတိတ္တိတ္ရွင္းျပရသည္။

"ေအာ္..အဲ့လိုလုပ္မလို႔လား..အဆင္ေျပရင္ေကာင္းတာေပါ့အဆင္မေျပပဲသခင္ေလးကBossကိုပိုၿပီးမုန္းသြားရင္ အြန္႔"

ေရွ႕မၾကည့္ေနာက္မၾကည့္ေပါက္ကရေျပာေတာ့မဲ့Jacksonပါးစပ္ကိုအားလိန္အျမန္ပိတ္လိုက္ရသည္။အာသြက္လွ်ာသြက္နဲ႔ဒီေကာင္ကဘယ္ခ်ိန္Bossေသနတ္ေအာက္အသက္ေပ်ာက္မလဲမသိ။

"အြန္႔.မင္းလက္ႀကီးကနံလိုက္တာကြာ"

Jacksonကသူ႔ပါးစပ္ကိုလက္ခုံနဲ႔ပြတ္ၿပီးမ်က္ႏွာရႈံ႕မဲ့ကာေျပာေတာ့အားလိန္ကသူ႔လက္သူျပန္ၾကည့္ၿပီးJacksonကိုအားနာသလိုၾကည့္သည္။

"Sorry ညီအကိုရာ..ငါသန္႔စင္ခန္းဝင္ၿပီးလက္ေဆးဖို႔ေမ့သြားလို႔"

"ထြီ!. ႐ြံတာကြာ.ေအာ့!"

Jacksonကေအာ့ေအာ့နဲ႔ျဖစ္ေနတာကိုၾကည့္ၿပီးအားလိန္ကရယ္လိုက္သည္။

"မင္းကိုယ္ဝန္ကဘယ္ႏွလရွိၿပီလဲ...စိတ္ခ်ပါကေလးအေဖေနရာမွာငါ့နာမည္ထည့္လိုက္ပါ"

"ေခြးေကာင္အားလိန္.မင္းေသခ်င္ေနၿပီလား.."

Jacksonကအားလိန္ကိုေက်ာျပင္ကိုလက္သီးနဲ႔တဘုန္းဘုန္းထုေနေတာ့သည္။ထိုခ်ိန္ဝမ္ရိေပၚကထိုင္ေနရာကေန႐ုတ္တရတ္ထရပ္လိုက္တာမလို႔ႏွစ္ေယာက္သားထုေနတာရပ္ၿပီးဘရိတ္အုပ္ကာခ်က္ခ်င္းသတိအေနအထားျဖစ္သြားတယ္။

"ေျမေအာက္ခန္းသြားမယ္"

"ဟုတ္ကဲ့ Boss!"

ႏွစ္ေယာက္လုံးၿပိဳင္တူေျပာၿပီးဝမ္ရိေပၚကအေရွ႕ကထြက္သြားေတာ့အေနာက္ကထပ္ၾကပ္မကြာလိုက္သြားသည္။

ေမွာင္မည္းေနတဲ့ေျမေအာက္ခန္းကမီးေရာင္မွိန္မွိန္သာရွိသည္။ေသြးညႇီနံ႔ေတြလႈိင္လႈိင္ထေနၿပီးအခ်ဳပ္ခန္းေတြအမ်ားႀကီးရွိေနတယ္။အခန္းတိုင္းႏွိပ္စက္ခံထားရတဲ့လူေတြရဲ႕ေအာ္ညည္းသံကတကယ့္ကိုငရဲအလားပင္။

ႏွိပ္စက္မႈအမ်ိဳးမ်ိဳးရွိတယ္။လက္သည္း​ေျခသည္းခြံေတြတစ္ခုခ်င္းေျဖးေျဖးစီခြာထုတ္ၿပီးတူနဲ႔ထု႐ိုက္သည္။ေနာက္တစ္နည္းကေတာ့လက္ဖဝါးတစ္ခုလုံးသံမႈိေတြအျပည့္႐ိုက္ထည့္ၿပီးႏွိပ္စက္တယ္။အက္စစ္စိမ္ၿပီးသံဆူးႀကိဳးေတြနဲ႔လႊဲ႐ိုက္တာေတြ....အလြန္တုန္လႈပ္ဖို႔ေကာင္းသည္။ဝမ္ရိေပၚကေတာ့အဲ့လိုအရာေတြကိုမ်က္ေတာင္တစ္ခ်က္မခတ္လုပ္ႏိုင္သည္...

သူကေသြးေအးေအးနဲ႔ရက္စက္တာ..သူ႔ႏွလုံးသားကေရွာင္းက်န္႔တစ္ေယာက္ထဲအတြက္ပဲႏူးညံ့ႏိုင္တယ္။အဲ့ဒါေၾကာင့္ဒီေျမေအာက္ခန္းကိုတစ္ခါမွေရွာင္းက်န္႔ကိုမေခၚလာဖူးဘူး အနားေတာင္အကပ္မခံေပ။ေရွာင္းက်န္႔သာဒီလိုေသြးပ်က္စရာျမင္ကြင္းေတြေအာ္ဟစ္ငိုေႂကြးသံေတြကိုေတြ႕ရင္သူ႔ကိုမုန္းတာထက္ေၾကာက္သြားမွာစိုးလို႔ပင္။

ဒါေပမဲ့ခုေတာ့အဲ့ဒီစည္းကမ္းခ်က္ကိုဖ်က္ရေတာ့မယ္ထင္တယ္....

ဝမ္ရိေပၚကအလုံပိတ္ထားတဲ့ထုထည္ႀကီးမားတဲ့သံတံခါးႀကီးေရွ႕ရပ္လိုက္သည္။ထိုေနရာကအေစာင့္ကတံခါးဖြင့္ေပးတယ္...တံခါးကေတာင့္တင္းတဲ့ကိုယ္ရံေတာ္ႏွစ္ေယာက္ေတာင္အားသြန္ခြန္စိုက္တြန္းဖြင့္ရသည္။

ဝမ္ရိေပၚကေဆးလိပ္တစ္လိပ္ပါးစပ္မွာခဲၿပီးလက္ႏွစ္ဖက္ကိုေဘာင္းဘီအိပ္ထဲထည့္ကာခပ္႐ြဲ႕႐ြဲ႕ၿပဳံးေနတယ္။သံတံခါးႀကီးကတျဖည္းျဖည္းပြင့္သြားၿပီးေနာက္အထဲမွာလူတစ္ေယာက္ကေခါင္းငိုက္စိုက္စြာရွိေနသည္။

တိုင္မွာလက္ႏွစ္ဖက္ဆန္႔ကား ကာသံႀကိဳးေတြနဲ႔ခ်ည္ထားတယ္။ေျခေထာက္မွာလဲသံႀကိဳးေတြရွိသည္။လက္ေကာက္ဝတ္ေလာက္အထူရွိတဲ့သံႀကိဳးေတြကေတာ္႐ုံျဖတ္လို႔ရမွာမဟုတ္ပဲထိုလူရဲ႕ခႏၶာကိုယ္ကိုလဲရစ္ပတ္ေခြထားေလသည္။အေပၚပိုင္းဗလာျဖစ္ေနၿပီးဒဏ္ရာေတြကလဲမနည္း...အခ်ိဳ႕ကလတ္လတ္ဆတ္ဆတ္ျဖစ္ၿပီးအခ်ိဳ႕ကအမာ႐ြတ္ေတြျဖစ္တယ္။

ဝမ္ရိေပၚကထိုလူအနားသြားကာငိုက္က်ေနတဲ့ေခါင္းကိုေမးကေနၾကမ္းတမ္းစြာဆြဲေမာ့လိုက္တယ္။မ်က္ႏွာမွာလဲဒဏ္ရာေတြႏွင့္ႏႈတ္ခမ္းေထာင့္ကေသြးေတြစီးက်ေနေလသည္။သူမလာခင္ႏွိပ္စက္ထားေသးတယ္ထင္တယ္။ႀကိဳက္တယ္ အဲ့လိုပဲႀကိဳက္တယ္.

"ဘယ္လိုလဲမ်က္လွည့္ဆရာ...ငါနဲ႔ခြၽတ္စြပ္တူတဲ့မ်က္ႏွာေခ်ာေခ်ာေလးကခုေတာ့ငါေတာင္မမွတ္မိခ်င္ေတာ့ဘူး...ခံစားလို႔ေကာင္းရဲ႕လား"

".........."

စူးစူးဝါးဝါးစိုက္ၾကည့္ၿပီးစကားျပန္မေျပာေတာ့ဝမ္ရိေပၚကႏႈတ္ခမ္းတြန္႔ၿပဳံးလိုက္သည္။

လြန္ခဲ့တဲ့တစ္ပတ္ကမ်က္လွည့္ဆရာကေရွာင္းက်န္႔ထြက္သြားၿပီးသတိေမ့သြားတာမလို႔Jacksonနဲ႔Chuoကဝမ္အိမ္ေတာ္ကိုသယ္လာခဲ့ၾကတယ္။သူကဒီမ်က္လွည့္ဆရာကိုေျမေအာက္ခန္းရဲ႕အထူးအခ်ဳပ္ခန္းထဲထည့္ပိတ္ကာႏွိပ္စက္ထားေလသည္။

ဝမ္ရိေပၚကေဆးလိပ္ငုတ္တိုကိုလက္ၾကားညႇပ္ကာရိေပၚရဲ႕ဘယ္ဘက္ရင္အုံကိုဖိကပ္လိုက္သည္။

[ဝမ္ရိေပၚနဲ႔ရိေပၚလို႔သုံးပါမယ္အစထဲကအဲ့လိုပဲသုံးခဲ့တာပါေနာ္]

ခ်က္ခ်င္းရဲတက္ကာေလာင္ကြက္ျဖစ္သြားၿပီးနာက်င္ပူေလာင္သြားေပမဲ့မေအာ္ပဲအံႀကိတ္ကာတင္းခံေနေလသည္။

"နာလား..."

"........" (ကိုယ့္ဘာသာခံစားၾကည့္ပါလားေဆးလိပ္မီးနဲ႔တို႔ၿပီးမနာဘူးလားဆိုေတာ့မင္းကဦးေႏွာက္မရွိဘူးလား)

ရိေပၚကစိတ္ထဲကေနျပန္ေျပာေနေပမဲ့လက္ေတြ႕မွာေတာ့စကားမဟ။ဒီလူနဲ႔စကားေျပာရမွာေတာင္သူ႔ပါးစပ္ေလးသနတယ္။

"ဟက္..ဒီႏွိပ္စက္မႈေတြကိုသေဘာက်ရဲ႕လား.ငါမင္းကိုေကာင္းေကာင္းခံစားခြင့္ေပးမွာပါ...အားလိန္!!"

"ဟုတ္ကဲ့Boss"

"သံဆူးႀကိဳးယူခဲ့"

အားလိန္ကအေစာင့္တစ္ေယာက္ကိုကမ္းေပးတဲ့သံဆူးႀကိဳးကိုယူၿပီးရိေပၚအေနာက္ကိုေလ်ာက္သြားသည္။ရိေပၚကလက္သီးကိုတင္းတင္းဆုပ္ကာနဖူးေၾကာေတြေထာင္တဲ့ထိအံႀကိတ္ထားလိုက္တယ္။သခင္ႀကီးဝမ္ကJacksonခ်ေပးတဲ့ထိုင္ခုံေပၚေျခတစ္ဖက္ခ်ိတ္ကာထိုင္ေနသည္။

႐ႊမ္း!!႐ႊမ္း!!!႐ႊမ္း!!!

နာတယ္..ေသေလာက္ေအာင္နာတယ္...ဒါေပမဲ့သူတစ္ခ်က္မေအာ္ဘူး။အခ်က္ေပါင္းမ်ားစြာ႐ိုက္ခ်က္ေတြကသူ႔ေက်ာျပင္တစ္ခုလုံစုတ္ျပတ္သပ္သြားၿပီေတာင္ထင္ရတယ္။ေသြးေတြရဲဆင္းေနတဲ့ေက်ာျပင္ကျမင္လို႔မေကာင္းေတာ့ေပ။

ဘယ္ႏွခ်က္ေျမာက္မွန္းမသိတဲ့႐ိုက္ခ်က္ေတြၿပီးေနာက္ရိေပၚကေဖ်ာ့ေဖ်ာ့ေလးသာက်န္ေတာ့တယ္။အဲ့ေတာ့မွဝမ္ရိေပၚကလက္ျပကာရပ္တန္႔ေစလိုက္သည္။

"သူေသလို႔မျဖစ္ေသးဘူး...ေရွာင္းက်န္႔ျပန္လာေအာင္သူ႔ကိုအသုံးခ်ရအုံးမယ္..ဟက္...မ်က္လွည့္ဆရာေလး...အရမ္းနာက်င္လား.."

ဝမ္ရိေပၚကေလွာင္ရိပ္ျဖင့္စိုက္ၾကည့္ကာေမးၿပီးတျဖည္းျဖည္းသူ႔မ်က္ႏွာကခတ္ထန္မာေၾကာလာသည္။

"မင္းေရွာင္းက်န္႔မိဘေတြကိုသတ္ခဲ့တုန္းကေရွာင္းက်န္႔ဒီထက္ပိုနာက်င္ရတယ္ကြ!!. .ေရွာင္းလင္မယားမွာဘာအမွားေတြရွိလို႔လဲ.ဟမ္..ငါ့ကိုေျပာပါအုံး ဖန္းကထြက္မိတာနဲ႔ပဲအသက္ပါထြက္ေပးရမယ္ဆိုတဲ့စည္းကမ္းခ်က္ႀကီးကတရားမလြန္ဘူးလား......အဲ့ခ်ိန္ကေရွာင္းက်န္႔ဘယ္ေလာက္နာက်င္ေနခဲ့လဲ သူ႔မိဘေတြရဲ႕႐ုပ္အေလာင္းကိုေပြ႕ပိုက္ၿပီးေသြးအိုင္ထဲဘယ္ေလာက္ေတာင္နာက်င္ၿပီးေအာ္ဟစ္ငိုေႂကြးေနခဲ့လဲ.....ငါ့မ်က္စိထဲကမထြက္ေသးဘူး...ငါလဲေရွာင္းက်န္႔နဲ႔ထပ္တူနာက်င္ခဲ့ရတယ္ကြ!!"

"........."

ရိေပၚကဘာမွမေျပာပဲႏႈတ္ဆိတ္ေနသည္။ဝမ္ရိေပၚကအားလိန္လက္ထဲကသံဆူးႀကိဳးကိုယူၿပီးရိေပၚရင္ဘက္ကိုအားကုန္လြဲ႐ိုက္ခ်လိုက္တယ္။ဝမ္ရိေပၚမ်က္ႏွာကမီးဝင္းဝင္းေတာက္ေနၿပီးေလွာင္ရိပ္ေတြေပ်ာက္ဆုံးကာေဒါသခိုးေတြေဝေနသည္။ကိုယ္ရံေတာ္ေတြကအလိုလိုအေနာက္ဆုတ္ကုန္ၾကတယ္။

႐ႊမ္း!

"ဒါကေရွာင္းလင္မယားအတြက္!"

႐ႊမ္း!

"ဒါကေရွာင္းက်န္႔အတြက္"

႐ႊမ္း!

"ဒါကငါ့အပိုင္ကိုမွလုယူခ်င္ေနတဲ့အတြက္"

႐ႊမ္း!!

"ဒါကငါ့အပိုင္ကိုျပန္မေပးပဲဖြက္ထားခဲ့တဲ့အတြက္"

႐ႊမ္း!!

"ဒါကငါ့အတြက္."

သံဆူးႀကိဳးနဲ႔အားကုန္းငါးခ်က္႐ိုက္ၿပီးေတာ့ဝမ္ရိေပၚကသံဆူးႀကိဳးကိုလႊတ္ခ်လိုက္သည္။အားလိန္႐ိုက္တုန္းကနည္းနည္းအားေပ်ာ့ၿပီးဝမ္ရိေပၚရဲ႕႐ိုက္ခ်က္ေတြကငါးခ်က္ထဲနဲ႔ရိေပၚရဲ႕ေျခဖ်ားထိေသြးေတြစီးဆင္းသြားသည္။ရိေပၚကစူးရဲေနတဲ့မ်က္လုံးေတြနဲ႔သခင္ႀကီးဝမ္ကိုစိုက္ၾကည့္တယ္

"ေရွာင္းလင္မယားကိုဖန္းေဆာင္စီကသတ္တာ"

"ငါသိတယ္..အဲ့ဒါေၾကာင့္ဖန္းအိမ္ေတာ္လဲအသက္မရွင္ေစရဘူး ကိုယ္တိုင္သတ္ခဲ့တဲ့မင္းလဲအသက္မရွင္ေစရဘူး...ေရွာင္းက်န္႔လက္နဲ႔မင္းကိုသတ္တာထက္ငါလက္နဲ႔သတ္တာကမင္းနာက်င္ရတာပိုသက္သာပါတယ္..ဒါကမင္းအတြက္ငါ့ရဲ႕ပထမဆုံးနဲ႔ေနာက္ဆုံးညႇာတာ ျခင္းပဲ."

ဝမ္ရိေပၚကေျပာၿပီးထြက္သြားေတာ့ကိုယ္ရံေတာ္ေတြလဲလိုက္ထြက္သြားသည္။ဝမ္ရိေပၚကအခန္းေရွ႕မွာရပ္ၿပီးအေစာင့္ကိုေျပာလိုက္တယ္။

"ေဆးထည့္ေပးလိုက္မေသေစနဲ႔အုံး ေရွာင္းက်န္႔မေရာက္လာေသးဘူး"

"ဟုတ္ကဲ့Boss"

ထို႔ေနာက္သံတံခါးႀကီးကပိတ္က်သြားေတာ့သည္။အထဲမွာတစ္ေယာက္ထဲက်န္ခဲ့တဲ့ရိေပၚကတစ္ခ်က္ၿပဳံးလိုက္တယ္။

ဟက္...ေသေစခ်င္ေနၿပီပဲဘာလို႔ေဆးထည့္ခိုင္းေနေသးတာလဲ..ေသေအာင္လႊတ္ထားလိုက္ပါလား..သခင္ႀကီးဝမ္ခင္ဗ်ားကေလ.လည္မယ္လိုလိုနဲ႔တုံးအလိုက္တာ ေရွာင္းက်န္႔ကခင္ဗ်ားကိုခ်စ္ေနတာမသိဘူးလား ခု ခင္ဗ်ားကေရွာင္းက်န္႔ကိုအထင္လြဲၿပီးလုပ္ခ်င္တာေတြလုပ္ေနတယ္မလား...ေရွာင္းက်န္႔နားလည္ရင္ေကာင္းတာေပါ့..ဒီလိုမဟုတ္ပဲတကယ္မုန္းသြားရင္ေတာ့ေနာင္တမေၾကး..

ရိေပၚကအေတြးနဲ႔အတူၿပဳံးၿပီးေနာက္ဒဏ္ရာေတြႏွင့္သတိေမ့သြားေတာ့သည္။

တစ္ေယာက္ေသာသူေ႐ြးခ်ယ္လိုက္တဲ့ကတ္ေလးကဘယ္ကတ္လဲ?..8ျဖစ္ႏိုင္သလို3လဲျဖစ္ႏိုင္တယ္။ရိေပၚကေရွာင္းက်န္႔သခင္ႀကီးဝမ္ကိုခ်စ္တယ္လို႔ေျပာေနသည္။ေရွာင္းက်န္႔ကတကယ္ပဲသခင္ႀကီးဝမ္ကိုခ်စ္ရဲ႕လားဆိုတာဘယ္သူသိႏိုင္မလဲ..ကာယကံရွင္ေရွာင္းက်န္႔ကလြဲၿပီးဘယ္သူမွအတိအက်မသိပါဘူး။

Boss Wangကရိေပၚကိုငါးစာခ်ၿပီးေရွာင္းက်န္႔ကိုျပန္လာေအာင္လုပ္သည္။ဒါကေရွာင္းက်န္႔ကရိေပၚကိုခ်စ္ေနတယ္ဟုထင္ျမင္ျခင္းေၾကာင့္သာ။ေရွာင္းက်န္႔ကရိေပၚကိုတကယ္ခ်စ္ရဲ႕လားBoss Wangအတိအက်မသိဘူးေလ...ေရွာင္းက်န္႔သာသိသည္ျဖစ္သည္။

ေရွာင္းက်န္႔ခ်စ္တဲ့သူ..ေရွာင္းက်န္႔ရင္ထဲတကယ္ရွိတဲ့သူကတစ္ေယာက္ထဲပါပဲ..ဘယ္သူလဲဆိုတာေရွာင္းက်န္႔ကလြဲၿပီးဘယ္သူႏိုင္အုံးပါ့မလဲ...

💚💛❤

Continue Reading

You'll Also Like

1.2K 130 13
We filled in one by one Blank and we gets Perfection in difference.
522 84 7
Unleash your royal presence on Wattpad with Serephina's Bio Shop! Our expert bio crafters will weave a narrative that showcases your awesomeness, hel...
17.3K 825 10
" 𝘄𝗮𝗶𝘁 .. 𝗱𝗶𝗱 𝘆𝗼𝘂 𝘀𝗮𝘆 𝗗𝗮𝗶𝘀𝗲𝗻 𝗡𝗶𝘀𝗵𝗶 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 ? " - @jxnnniiii - date : 06/03/23 𝗶𝗻 𝘄𝗵𝗶𝗰𝗵 a female and a ma...
271K 3.3K 37
Adam Ruzek's little sister just got home from a very long work trip away from everyone. When she find's out that her best friend Jay Halstead just go...