အပိုင်း - ၁၃
ထက်ကိုရှိန်းတစ်ယောက် ကုတင်ပေါ်တွင်ထိုင်နေရင်း နှုတ်ခမ်းကို ယမ်းယောင်ကာ ကိုင်လိုက်မိသည်။
တစ်ခါမှ မထိတွေ့ဖူးသည့်အထိအတွေ့က ထက်ကိုရှိန်း လဲပြိုကျသွားဖို့ လုံလောက်နေပေပြီ။ သို့သော် တွေးမိတိုင်း ရှက်စိတ်ကြောင့် အိမ်ထဲမှ မထွက်ပဲ အိမ်တွင်းအောင်နေသည်မှာ (၃) ရက်ရှိနေပြီဖြစ်သည်။
Tuto ဖြေပြီးကတည်းက အိမ်တွင်းအောင်းနေခြင်းပင်။
ထိုစဉ် မေမေက တံခါးခေါက်ပြီး ထက်ကိုရှိန်း အခန်းထဲသို့ ဝင်လာလေသည်။
"ရှိန်း"
"ဗျာ မေမေ"
ဒေါ်သီတာက ထက်ကိုရှိန်းကို ကြည့်လိုက်ပြီး ကုတင်ပေါ်ဝင်ထိုင်သည်။ ထို့နောက် ထက်ကိုရှိန်းကို ပြုံးရင်းကြည့်လိုက်သည်။
"ဘယ်ချိန်ထိ အခန်းအောင်းနေမှာလဲ"
"ဟို... ဟိုလေ မေမေ"
"မေမေ အားလုံးသိပြီးပြီ"
"ဗျာ... မေမေက ဘာသိတာလဲ"
"ရှိန်း..."
"ဗျာ"
"တစ်လောကလုံးကလူတွေ အားလုံးဖြစ်တယ် အဲ့ကောင်လေးနဲ့တော့ မဖြစ်ရဘူး သား... မေမေ သဘောမတူနိုင်ဘူးနော်"
ထက်ကိုရှိန်းက ခေါင်းကို အောက်ငုံ့ချလိုက်သည်။
"မေမေပြောတာ ကြားရဲ့လား ရှိန်း..."
"ဟုတ်ကဲ့ ကြားပါတယ် မေမေ"
ရှိန်က ခေါင်းကို မမော့ပဲ ပြန်ဖြေလိုက်သည်။
"ပွဲမှာ ဖြစ်ခဲ့တာ မေမေသိတယ်... သား ရှက်နေလို့လည်း ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး... မနက်ဖန်တော့ ကျောင်းတက်မယ်မဟုတ်လား"
"ဟုတ်ကဲ့ မေမေ"
မေမေက ပြောလိုသည်များကို ပြောကာ အခန်းထဲမှ ပြန်ထွက်သွားလေသည်။ ထက်ကိုရှိန်းက ခေါင်းမှ ဆံပင်များကို လက်ထိုးပြီး ဖွပစ်လိုက်သည်။
"ဘာလို့ မင်းနဲ့မှလဲ ပြည်သာရယ်... ကိုယ်တော့ ရူးတော့မှာပဲ... ကိုယ့်ကိုယ်ကို ညာနေပေမယ့် ကိုယ့်ရင်ခုန်သံတွေကတော့ မင်းကိုဦးညွတ်နေကြပြီထင်ပါရဲ့"
.............................................................................................................................................
ထက်ကိုရှိန်းကျောင်းမလာသည်မှာ (၃) ရက်ရှိပြီ ဖြစ်သည့်အတွက် ပြည်သာရဲထက်တို့ ထိုင်မရ၊ ထမရ ဖြစ်နေလေတော့သည်။ သို့သော် ထိုညက အဖြစ်အပျက်ကို ပြန်တွေးမိသည့်အခါ နှုတ်ခမ်းတို့ ကွေးညွတ်နေအောင် ပြုံးမိသွားတော့သည်။
"နူးညံ့လိုက်တာကွာ"
ထို့ကြောင့် စကားတစ်ခွန်းက ပြည်သာရဲထက်၏ အတွေးတို့မှ လျှံကျကာ နှုတ်ဖျားမှ စကားလုံးအဖြစ် ထွက်ကျသွားတော့သည်။
ထို့ကြောင့် အီကြာကွေးဖဲ့နေသည့် ဇော်ထက်က အီကြာကွေးကိုချကာ လက်တွင်ပေနေသည့် ဆီကို ပြွတ်ခနဲ့မြည်အောင် စုပ်လိုက်ပြီး ပြုံးပြုံးကြီးဖြစ်နေသည့် ပြည်သာရဲထက်၏ ပခုံးကိုပုတ်လိုက်သည်။ ထိုအခါ အတွေးနယ်ထဲ သာယာနေသည့် ပြည်သာရဲထက်လေးမှာ လက်ရှိသို့ ဗြုန်းခနဲ ပြန်ရောက်လာရတော့သည်။
"ဟေ့ကောင် ဘာတွေ နူးညံ့နေတာလဲကွ... အီကြာကွေးက ရွရွလေး စားကြည့်မလား"
"ကျစ်"
"ဟမ်"
"ဇော်ထက်ရာ ငါ့ကို ခဏလောက်လွှတ်ထားစမ်းပါကွာ"
"အေး ငါ ဆက်လွှတ်ထားရင် မင်းကို တစ်ဆိုင်လုံးမကပဲ တစ်ကျောင်းလုံးကပါ ရွာသာကြီးဆီ ဝိုင်းပို့ကြတော့မယ် ကျေးဇူးမတင် ဖင်လှန်ပြတဲ့ကောင်"
ဇော်ထက်ပြောမှ ပြည်သာရဲထက် ကိုယ့်ကိုယ်ကို သတိထားမိသွားတော့သည်။ ရေနွေးခွက်ကို လက်ကကိုင်ပြီး ပြုံးပြုံးကြီးလုပ်ကာ စိတ်ရှိလက်ရှိ နမ်းနေမိသည် မဟုတ်ပါလား။
ထို့ကြောင့် ရေနွေးခွက်ကို လက်ကချပြီး အရှက်ပြေရီလိုက်မိသည်။
"ဟီး ဟီး"
"ရီမနေနဲ့ ...ဆိုစမ်းပါအုံး စိတ်နဲ့ကိုယ်နဲ့မကပ် ဘာတွေ ဖြစ်နေတာလဲ"
"ဟီး ဟီး ဒီလိုပါပဲကွာ"
"ဘာက ဒီလိုပါပဲလဲကွ"
"မင်းလို ဂေါ်မစွံတွေကို ဒီအကြောင်းပြောပြလည်း နားလည်ခံစားပေးတတ်မယ် မထင်ဘူး"
"ဟေ့ကောင် ငါက မင်းသူငယ်ချင်းနော်"
"ငါ့ သူငယ်ချင်းဖြစ်ပြီး ငါ့လောက်တော့ အဖြစ်မရှိသေးဘူးမလား"
"ဟေ"
မွေးနေ့ပွဲက အဖြစ်အပျက်ကို ကျောင်းတွင်ဘယ်သူမှ မသိသေးပေ။ အဘယ့်ကြောင့်ဆိုသော် မွေးနေ့ပွဲလေးက သီးသန့်ပြုလုပ်သည့်ပွဲဖြစ်ပြီး အထက်တန်းလွှာထဲမှ တချို့သာ တက်ရောက်ကြသည့်အတွက် သတင်းက အပြင်သို့ မရောက်ခဲ့ပေ။
ထို့အချိန်တွင် ခိုင်မာလာတို့ ဆိုင်ထဲဝင်လာကာ ဟိုဒီကြည့်နေကြသည့်အတွက် ဇော်ထက်က လှမ်းခေါ်လိုက်လေသည်။
"မခိုင်မာလာတို့ ဒီမှာ လာထိုင်ပါလား"
ဆိုင်ထဲတွင် ဝိုင်းအလွတ်များရှိသော်လည်း ဇော်ထက်ခေါ်လိုက်သည်နှင့် ခိုင်မာလာတို့လည်း စွေ့ခနဲရောက်လာကြလေတော့သည်။
"ဟဲဟဲ ဘာစားမလဲ မှာကြလေ"
"ဟယ် ဇော်ထက်လေး ကျွေးမှာလား"
ထိုအခါ ဇော်ထက်က ပြည်သာရဲထက်ကို လက်ညှိုးညွှန်ပြလိုက်လေသည်။
"အယ် ပြည်သာလေး ကျွေးမှာပေါ့ ရပါတယ် မမတို့ အားနာနာနဲ့ စားပေးမယ်နော်"
ပြည်သာရဲထက်မှာ ကြောင်အနေပြီး ခိုင်မာလာကတော့ စားပွဲထိုးလေးကို ခေါ်ကာ စားချင်သည်များကို မှာနေလေတော့သည်။
"ဟိုလေ မခိုင်မာလာ"
"အိုကွယ် သူစိမ်းဆန်လိုက်တာ မမလို့ပဲခေါ်"
"ဟုတ် ဟုတ်ကဲ့ မမ"
"အေး ဒီလိုမှပေါ့ ... ပြော ဘာသိချင်လဲ"
"ကိုရှိန်းကျောင်းလာလား"
"လာတယ်လေ မနက်ကတောင်တွေ့လိုက်သေးတယ်"
"ဟင် ကိုရှိန်းကားကို မတွေ့မိပါဘူး"
"ရှိန်းကျောင်းလာတာ ကားမပါဘူး"
"ဗျာ"
"ရှိန်းနေမကောင်းဘူးထင်တယ် သူ့အိမ်က လိုက်ပို့တာ"
ထက်ကိုရှိန်းနေမကောင်းဟု ကြားရသောအခါ ပြည်သာရဲထက်ဆက်ထိုင်မနေနိုင်တော့ပေ။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ဇော်ထက်ဆီပေးထားခဲ့ပြီး ပြေးထွက်လာခဲ့မိသည်။ ထက်ကိုရှိန်းက အတန်းမတက်လျှင် စာကြည့်တိုက်တွင်သာ ရှိနေတတ်သည်။ ထို့ကြောင့် စာကြည့်တိုက်ဘက်သို့ ဦးတည်လိုက်လေသည်။
ပြည်သာရဲထက် တွေးထားသည့်အတိုင်း ထက်ကိုရှိန်းက စာကြည့်တိုက်တွင်ရှိနေသည်။
စာကြည့်တိုက်တွင် လူရှင်းနေပြီး စာကြည့်တိုက်မှူးက အပြင်ဖက်တွင် လက်ဖက်သုတ်စားရင်း စာအုပ်စာရင်းများလုပ်နေပုံရလေသည်။
ပြည်သာရဲထက်ဝင်သွားသည့်အခါ စာအုပ်တစ်အုပ်ပေါ်ကို ခေါင်းတင်ပြီး မှေးနေသည့် ထက်ကိုရှိန်းက နတ်ဘုရားတစ်ပါးနှယ် အရှိန်ဝါတို့ တောက်ပနေတော့သည်။
"ကိုရှိန်း"
ပြည်သာရဲထက်ခေါ်လိုက်သည့်အခါ ထက်ကိုရှိန်း၏ မျက်လုံးတို့ ဖြေညင်းစွာပွင့်လာခဲ့သည်။
"ဟင် ပြည်သာ"
ပြည်သာရဲထက်က ထက်ကိုရှိန်း နဖူးပေါ် လက်တင်ပြီးစမ်းလိုက်သည်။
"အာ ကိုယ်တွေ ဒီလောက်ပူနေတာကို"
"မင်း... ဘယ်လိုလုပ်ရောက်လာတာလဲ... ငါ ဒီမှာ ရှိနေမှန်း ဘယ်လိုလုပ်သိတာလဲ"
ပြည်သာရဲထက်က ထက်ကိုရှိန်းဘေးနားမှ ခုံတစ်လုံးကို ဆွဲယူပြီး ဝင်ထိုင်လိုက်လေသည်။
"ကျွန်တော်ချစ်ရတဲ့သူ ဘယ်နေရာမှာရှိနေတတ်မှန်း သိနေတာက အပြစ်လားဗျာ"
"မင်းက တကယ်မလွယ်ဘူးပဲ"
"ကျန်တဲ့သူတွေအတွက်တော့ မလွယ်တာ မှန်ပါတယ်... ကိုရှိန်းအတွက်တော့ လွယ်ပေးထားပါတယ်... ကိုရှိန်းအတွက်သာ သီးသန့်ဖြစ်တည်ပေးထားတာ"
"မင်းက ဒီလောက်စကားတတ်တာ ကောင်မလေးတွေကို လိုက်လို့ကတော့ ဒီနေ့လိုက် ဒီနေ့ရမှာ"
"ဟီး ဟီး ကိုရှိန်းက ကျွန်တော့်ကို ချီးကျူးနေတာပဲ... ဟုတ်တယ်မလား ချီးကျူးလိုက်တာမလား"
"မင်း..."
ပြည်သာရဲထက်က ထက်ကိုရှိန်း၏ ညာလက်ကိုယူပြီး ဘယ်ဘက်ရင်အုံပေါ်တင်ပေးလိုက်သည်။ ထက်ကိုရှိန်း ရှက်ပြီး လက်ကိုရုန်းသည့်အခါ ပြည်သာရဲထက်က အားဖြင့်ဖိကိုင်ထားလိုက်သည်။
"မရုန်းပါနဲ့ ကိုရှိန်း... ကျွန်တော့်ရင်ခုန်သံတွေကြားရလား... ကျွန်တော့် နှလုံးသားလေးကန့်လုံးက ကိုရှိန်းအတွက် သီးသန့်ပဲ"
"ဟုတ်လို့လား"
"ဟုတ်တာပေါ့ဗျ... ဒါနဲ့ ကိုရှိန်းသိလား တကယ်တော့ ကိုရှိန်းက ဒါမျိုးပြောရမှာလေ... ခုက ပြောင်းပြန်ဖြစ်မနေဘူးလား"
"ဟင်"
"ကျွန်တော်သင်ပေးတယ် သဘောထားပြီး လိုက်လုပ်ကြည့်ပါလား"
"ဘာ... ဘာလုပ်ရမှာလဲ"
"ဪ ကိုရှိန်းရယ် နုံလိုက်တာ"
"ဟမ်"
"ကျွန်တော့် ညာလက်ကိုယူပြီး ကိုရှိန်းရဲ့ ဘယ်ဘက်ရင်အုံပေါ်တင်ပေးလေ"
"ငါ ငါက ဘာလို့ မင်းပြောသလို လုပ်ရမှာလဲ"
"အူးဝါး... ကိုရှိန်းကလည်း"
"ဟေ့ ဟေ့... ထ မငိုနဲ့လေ လုပ်ဆို လုပ်ပါ့မယ်ကွာ"
ထို့နောက် ထက်ကိုရှိန်းက ပြည်သာရဲထက်၏ ညာလက်ကိုယူပြီး ဘယ်ဘက်ရင်အုံပေါ်သို့ တင်ပေးလိုက်လေသည်။
"ကိုရှိန်း ကျွန်တော့်ကို ချစ်လား"
ထက်ကိုရှိန်းက ပြန်မဖြေပဲ စိုက်ကြည့်နေသည့် ပြည်သာရဲထက်ကိုရှောင်ကာ ခေါင်းငုံ့လိုက်သည်။
"အဲ့စကားကိုလည်း ကိုယ်ပဲ မေးရမှာ မဟုတ်ဘူးလား ပြည်သာ"
"ဟာ... ကိုရှိန်းရာ ဒီကောင်ကို တော်ရုံပဲခြွေပါဗျာ"
"ဒါပေမယ့်..."
ထက်ကိုရှိန်းက ခေါင်းမော့မလာသည့်အပြင် စကားလည်းဆက်မထွက်မလာသည့်အတွက် ပြည်သာရဲထက်ကပင် စကားထောက်ပေးရလေသည်။
"ဒါပေမယ့်… ဘာဖြစ်လဲကိုရှိန်း... ဆက်ပြောလေ"
"မင်းက တော်ကီဒီလောက်ကြွယ်တာ မင်းလက်နှစ်ဖက်ဆန့်လိုက်ရင်တောင် တစ်ဖက်ကို မိန်းကလေး (၅) ယောက်လောက်စီ ပြေးဝင်လာကြမှာလေ မင်းကို ဘယ်လိုစိတ်ချရမှာလဲ"
"အာ ကိုရှိန်းက သဝန်တိုနေတာလား"
"မဟုတ်... မဟုတ်ပါဘူး"
"ဟုတ်ရင်လည်းဘာဖြစ်လည်း ကိုယ့်ယောကျာ်းကိုယ် သဝန်တိုတာပဲဟာ"
"ဘယ်သူ... ဘယ်သူက မင်း ယောကျာ်းလဲ"
"ကိုရှိန်း ရှက်နေတာက ချစ်စရာကြီးဗျာ... ကျွန်တော် ဘယ်ဖက်လက်မှလည်း မဆန့်ဘူး... ဘယ်မိန်းကလေး ယောကျာ်းလေးမှလည်း အဝင်မခံဘူး... ကျွန်တော့် နှလုံးသားက ကိုရှိန်းအတွက်ပဲ"
ထက်ကိုရှိန်းက စကားတတ်လွန်းသည့် ပြည်သာရဲထက်ကိုကြည့်လိုက်သည့်အခါ အကြည့်ချင်းဆုံသွားရတော့သည်။ စက္ကန့်အနည်းငယ်ကြာသွားရသည့်အခါ ထက်ကိုရှိန်းက ပြည်သာရဲထက်၏ နှုတ်ခမ်းကို လာရောက်ထိကပ်သည်။ အဖျားရှိန်ကြောင့် အနည်းငယ် နွေးနေပြီး ပြည်သာရဲထက် ခဏမျှ ကြောင်သွားရတော့သည်။
ထို့နောက် အနမ်းတို့ကို ပြန်လည်တုံ့ပြန်ခါနီး ထက်ကိုရှိန်းက လူချင်းခွာလိုက်လေသည်။
"ချစ်တယ် ကောင်လေး"
ထက်ကိုရှိန်းစကားကြောင့် ပြည်သာရဲထက်၏ ရင်ထဲတွင်တော့ ကုလားဘုရားလှည့်နေသော်လည်း အပြင်တွင်တော့ ဟန်ကိုယ့်ဖို့အနေဖြင့် ထိန်းနေရလေသည်။
"မကြားလိုက်ဘူး"
"ချစ်တယ် ပြည်သာ"
"အား ကိုရှိန်းကို ချစ်လိုက်တာ"
ထိုအခိုက် ထက်ကိုရှိန်းက မူးဝေလာသည့်အတွက် ယိုင်သွားသော ခန္ဓာကိုယ်ကို ထိန်းရန် နောက်မှခုံကို လက်ထောက်လိုက်ရသည်။
"ကိုရှိန်း"
ထို့ကြောင့် ပြည်သာရဲထက်လည်း စိုးရိမ်တကြီးခေါ်လိုက်ပြီး ထိန်းပေးလိုက်သည်။
"ရ... ရတယ်"
"မရပါဘူး ဆေးခန်းသွားရအောင်"
...............................................................................................................................
ဆေးခန်းကုတင်ပေါ်တွင် အိပ်နေသည့် ထက်ကိုရှိန်းကို ပြည်သာရဲထက်က တစိမ့်စိမ့်ကြည့်နေသည်။ ဆရာဝန်က စိုးရိမ်စရာမရှိဟု ပြောသော်လည်း ပြည်သာရဲထက်ကတော့ အကဲပိုနေမိလေသည်။ ခဏအကြာတွင် ထက်ကိုရှိန်း၏မိဘများ ရောက်လာကြလေသည်။
"သား... ရှိန်း"
ထက်ကိုရှိန်း၏ မိခင်က ထက်ကိုရှိန်း လှဲနေသည့်ဘေးတွင် ဝင်ထိုင်ကာ ဆံပင်လေးကို ခပ်ဖွဖွလေး သပ်တင်ပေးလိုက်သည်။
"မေမေ"
"အင်း… ဘယ်လိုနေသေးလည်း... မူးနေလား ဘယ်နားနေလို့မကောင်းဘူးလဲ"
"သက်သာပါတယ် မေမေ"
"မနက်ကတည်းက ရှိန်းကို ကျောင်းမလွှတ်လိုက်ရမှာ"
"သား အဆင်ပြေပါတယ် မေမေ"
ခဏအကြာတွင် ဒေါ်သီတာက ထက်ကိုရှိန်းဘေးတွင် ရှိနေသည့် ပြည်သာရဲထက်ကို သတိထားမိသွားပြီး လှည့်ကြည့်လိုက်သည်။
"ဪ ဘယ်သူများလဲလို့... ဒေါ်ထားရတနာရဲ့ သားငယ်လေးပါလား"
"ဗျာ"
"မင်းက ပြည်သာရဲထက်မဟုတ်လား"
ပြည်သာမှာ ထက်ကိုရှိန်း၏ မိခင် မိမိ၏ ယောက္ခမကြီးမှ မေးနေသည့်အခါ အမှန်သာ ပြောလိုက်ရလေတော့သည်။
"ဟုတ်ပါတယ် မေမေ"
"ဟင် ဘာ… ဘာ... ဘယ်လိုခေါ်လိုက်တယ်"
"သားက ကိုရှိန်းကောင်လေးလေ မေမေ... အဲ့ဒီတော့ ကိုရှိန်းရဲ့ မေမေက သားရဲ့မေမေပေါ့"
"အမလေး ရာရာစစ... မင်းကို ငါ့သားနဲ့ သဘောမတူဘူးဟေ့"
"မေမေရယ် သားက ချစ်စရာလေးပါ သဘောတူလိုက်ပါနော်... နော်... ပြီးတော့ မေမေက သားကို ဘာလို့ ကိုရှိန်းနဲ့ သဘောမတူရတာလဲ... သားဝမ်းနည်းသွားရပြီ... သားက ကိုရှိန်းကို အရမ်းချစ်တာပါ မေမေရဲ့"
"တိတ်စမ်း... မင်း အမေနဲ့ ငါက ရန်ဖက်တွေ"
"ရန်ဖက်တွေ မဟုတ်ပဲ ယောကျာ်းလုကြတာမလား မေမေရယ်... မေမေတို့ရဲ့ ရန်ကြွေးတွေကို သားတို့ထိတော့ သယ်မလာစေချင်ဘူးဗျာ... အတိတ်ကို ပြန်ပြောင်းမပြောပဲ လက်ရှိလေးမှာ ပျော်အောင်နေမှ ဘဝဆိုတာ ကျေနပ်စရာ..."
"မင်း... မင်း... ထွက်သွား"
"သားကို မနှင်ပါနဲ့ မေမေရယ်... နော်"
"အမလေး... မျက်နှာပြောင်တိုက်လိုက်တာ..."
"သား မျက်နှာမပြောင်းပါဘူး မေမေရဲ့... မနက်က Sun Cream ပါပါးလေး လိမ်းလာပါတယ်"
ပြည်သာရဲထက်နှင့် ဒေါ်သီတာတို့ကြားက စကားစစ်ပွဲကို ဦးရှိန်းမာန်နှင့် ထက်ကိုရှိန်းတို့က ပြုံးရင်းကြည့်နေကြလေသည်။ ထို့နောက် ဦးရှိန်းမာန်က စကားဝင်ပြောလေသည်။
"သားက ပြည်သာလေးလား... ထားနဲ့ ဦးရဲထက်ရဲ့သားက အသွက်လေးပါလား"
"ဖီဖီက သားကို ချီးကျူးတာလား ဟုတ်ပါတယ် သားကို ချီးကျူးလိုက်တာပါ ... ဖီဖီကတောင် ချီကျူးနေတာ မေမေလည်း သဘောတူလိုက်တော့နော်"
ဒေါ်သီတာက ဒေါသထွက်နေသော်လည်း နေမကောင်းသည့် ထက်ကိုရှိန်းက ဒေါ်သီတာ့လက်ကို ကိုင်လိုက်သည့်အတွက် ဆက်မပြောတော့ဘဲ ရပ်လိုက်ရလေသည်။ သို့သော် ဦးရှိန်းမာန်ကိုတော့ စကားတစ်ခွန်း ပြောဖြစ်အောင် ပြောလိုက်ပါသေးသည်။
"ကိုရှိန်းမာန် ရှင်ကျပ်ကျပ်သတိထားနေ"
...........................................................................................................................
ပြည်သာရဲထက်၏ ပိုက်ဆံအိတ်ကို ကြည့်ပြီး ခိုင်မာလာတို့ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ဒါ ဒါက ပြည်သာရဲ့ ပိုက်ဆံအိတ်လား"
"ဟုတ်တယ်လေ မခိုင်မာလာရဲ့"
"သူ သူ က ဆင်းရဲတယ်... အကိုက အရက်သမား..."
"အဲ့တာ ပြည်သာက ပျော်ချင်လို့ လျှောက်နောက်နေတာ မခိုင်မာလာရဲ့ တကယ်တော့ ပြည်သာတို့က ချမ်းသာတယ်"
"ရှင်"
ဇော်ထက် အမှန်တိုင်းပြောပြလိုက်သည့်အခါ ခိုင်မာလာတို့မှာ တဝိုးဝိုးဖြစ်နေကြရတော့သည်။
ထို့နောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ချစ်စရာစုံတွဲလေးတစ်တွဲ ထွက်ပေါ်လာလေတော့သည်။ ထက်ကိုရှိန်း၏ မဟေသီမှာ မိန်းကလေးတစ်ယောက်မဟုတ်ပဲ ပြည်သာရဲထက်ဖြစ်နေသည့်အခါ တချို့ကလည်း အံဩကြ၊ တချို့ကလည်း ပျော်ကြ၊ တချို့ကလည်း ငိုကြနှင့် ရက်ပိုင်းမျှ ပွဲဆူသွားရတော့သည်။
Akari
Collab with Author ONion.
(နောက်ပိုင်းတွေမှာ သူတို့အတွဲကြားက ဟာသလေးတွေရယ် ပြည်သာရဲ့ တလွဲတွေရယ် လာပါ့မယ်။ Spoil ရရင်တော့ ဒီ Collab လေးက Season 2 ခုရှိပါ့မယ်။)
(Zawgyi)
အပိုင္း - ၁၃
ထက္ကိုရွိန္းတစ္ေယာက္ ကုတင္ေပၚတြင္ထိုင္ေနရင္း ႏႈတ္ခမ္းကို ယမ္းေယာင္ကာ ကိုင္လိုက္မိသည္။
တစ္ခါမွ မထိေတြ႕ဖူးသည့္အထိအေတြ႕က ထက္ကိုရွိန္း လဲၿပိဳက်သြားဖို႔ လုံေလာက္ေနေပၿပီ။ သို႔ေသာ္ ေတြးမိတိုင္း ရွက္စိတ္ေၾကာင့္ အိမ္ထဲမွ မထြက္ပဲ အိမ္တြင္းေအာင္ေနသည္မွာ (၃) ရက္ရွိေနၿပီျဖစ္သည္။
Tuto ေျဖၿပီးကတည္းက အိမ္တြင္းေအာင္းေနျခင္းပင္။
ထိုစဥ္ ေမေမက တံခါးေခါက္ၿပီး ထက္ကိုရွိန္း အခန္းထဲသို႔ ဝင္လာေလသည္။
"ရွိန္း"
"ဗ်ာ ေမေမ"
ေဒၚသီတာက ထက္ကိုရွိန္းကို ၾကည့္လိုက္ၿပီး ကုတင္ေပၚဝင္ထိုင္သည္။ ထို႔ေနာက္ ထက္ကိုရွိန္းကို ၿပဳံးရင္းၾကည့္လိုက္သည္။
"ဘယ္ခ်ိန္ထိ အခန္းေအာင္းေနမွာလဲ"
"ဟို... ဟိုေလ ေမေမ"
"ေမေမ အားလုံးသိၿပီးၿပီ"
"ဗ်ာ... ေမေမက ဘာသိတာလဲ"
"ရွိန္း..."
"ဗ်ာ"
"တစ္ေလာကလုံးကလူေတြ အားလုံးျဖစ္တယ္ အဲ့ေကာင္ေလးနဲ႔ေတာ့ မျဖစ္ရဘူး သား... ေမေမ သေဘာမတူႏိုင္ဘူးေနာ္"
ထက္ကိုရွိန္းက ေခါင္းကို ေအာက္ငုံ႔ခ်လိုက္သည္။
"ေမေမေျပာတာ ၾကားရဲ႕လား ရွိန္း..."
"ဟုတ္ကဲ့ ၾကားပါတယ္ ေမေမ"
ရွိန္က ေခါင္းကို မေမာ့ပဲ ျပန္ေျဖလိုက္သည္။
"ပြဲမွာ ျဖစ္ခဲ့တာ ေမေမသိတယ္... သား ရွက္ေနလို႔လည္း ၿပီးသြားမယ့္ ကိစၥမဟုတ္ဘူး... မနက္ဖန္ေတာ့ ေက်ာင္းတက္မယ္မဟုတ္လား"
"ဟုတ္ကဲ့ ေမေမ"
ေမေမက ေျပာလိုသည္မ်ားကို ေျပာကာ အခန္းထဲမွ ျပန္ထြက္သြားေလသည္။ ထက္ကိုရွိန္းက ေခါင္းမွ ဆံပင္မ်ားကို လက္ထိုးၿပီး ဖြပစ္လိုက္သည္။
"ဘာလို႔ မင္းနဲ႔မွလဲ ျပည္သာရယ္... ကိုယ္ေတာ့ ႐ူးေတာ့မွာပဲ... ကိုယ့္ကိုယ္ကို ညာေနေပမယ့္ ကိုယ့္ရင္ခုန္သံေတြကေတာ့ မင္းကိုဦးၫြတ္ေနၾကၿပီထင္ပါရဲ႕"
.............................................................................................................................................
ထက္ကိုရွိန္းေက်ာင္းမလာသည္မွာ (၃) ရက္ရွိၿပီ ျဖစ္သည့္အတြက္ ျပည္သာရဲထက္တို႔ ထိုင္မရ၊ ထမရ ျဖစ္ေနေလေတာ့သည္။ သို႔ေသာ္ ထိုညက အျဖစ္အပ်က္ကို ျပန္ေတြးမိသည့္အခါ ႏႈတ္ခမ္းတို႔ ေကြးၫြတ္ေနေအာင္ ၿပဳံးမိသြားေတာ့သည္။
"ႏူးညံ့လိုက္တာကြာ"
ထို႔ေၾကာင့္ စကားတစ္ခြန္းက ျပည္သာရဲထက္၏ အေတြးတို႔မွ လွ်ံက်ကာ ႏႈတ္ဖ်ားမွ စကားလုံးအျဖစ္ ထြက္က်သြားေတာ့သည္။
ထို႔ေၾကာင့္ အီၾကာေကြးဖဲ့ေနသည့္ ေဇာ္ထက္က အီၾကာေကြးကိုခ်ကာ လက္တြင္ေပေနသည့္ ဆီကို ႁပြတ္ခနဲ႔ျမည္ေအာင္ စုပ္လိုက္ၿပီး ၿပဳံးၿပဳံးႀကီးျဖစ္ေနသည့္ ျပည္သာရဲထက္၏ ပခုံးကိုပုတ္လိုက္သည္။ ထိုအခါ အေတြးနယ္ထဲ သာယာေနသည့္ ျပည္သာရဲထက္ေလးမွာ လက္ရွိသို႔ ျဗဳန္းခနဲ ျပန္ေရာက္လာရေတာ့သည္။
"ေဟ့ေကာင္ ဘာေတြ ႏူးညံ့ေနတာလဲကြ... အီၾကာေကြးက ႐ြ႐ြေလး စားၾကည့္မလား"
"က်စ္"
"ဟမ္"
"ေဇာ္ထက္ရာ ငါ့ကို ခဏေလာက္လႊတ္ထားစမ္းပါကြာ"
"ေအး ငါ ဆက္လႊတ္ထားရင္ မင္းကို တစ္ဆိုင္လုံးမကပဲ တစ္ေက်ာင္းလုံးကပါ ႐ြာသာႀကီးဆီ ဝိုင္းပို႔ၾကေတာ့မယ္ ေက်းဇူးမတင္ ဖင္လွန္ျပတဲ့ေကာင္"
ေဇာ္ထက္ေျပာမွ ျပည္သာရဲထက္ ကိုယ့္ကိုယ္ကို သတိထားမိသြားေတာ့သည္။ ေရေႏြးခြက္ကို လက္ကကိုင္ၿပီး ၿပဳံးၿပဳံးႀကီးလုပ္ကာ စိတ္ရွိလက္ရွိ နမ္းေနမိသည္ မဟုတ္ပါလား။
ထို႔ေၾကာင့္ ေရေႏြးခြက္ကို လက္ကခ်ၿပီး အရွက္ေျပရီလိုက္မိသည္။
"ဟီး ဟီး"
"ရီမေနနဲ႔ ...ဆိုစမ္းပါအုံး စိတ္နဲ႔ကိုယ္နဲ႔မကပ္ ဘာေတြ ျဖစ္ေနတာလဲ"
"ဟီး ဟီး ဒီလိုပါပဲကြာ"
"ဘာက ဒီလိုပါပဲလဲကြ"
"မင္းလို ေဂၚမစြံေတြကို ဒီအေၾကာင္းေျပာျပလည္း နားလည္ခံစားေပးတတ္မယ္ မထင္ဘူး"
"ေဟ့ေကာင္ ငါက မင္းသူငယ္ခ်င္းေနာ္"
"ငါ့ သူငယ္ခ်င္းျဖစ္ၿပီး ငါ့ေလာက္ေတာ့ အျဖစ္မရွိေသးဘူးမလား"
"ေဟ"
ေမြးေန႔ပြဲက အျဖစ္အပ်က္ကို ေက်ာင္းတြင္ဘယ္သူမွ မသိေသးေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ေမြးေန႔ပြဲေလးက သီးသန႔္ျပဳလုပ္သည့္ပြဲျဖစ္ၿပီး အထက္တန္းလႊာထဲမွ တခ်ိဳ႕သာ တက္ေရာက္ၾကသည့္အတြက္ သတင္းက အျပင္သို႔ မေရာက္ခဲ့ေပ။
ထို႔အခ်ိန္တြင္ ခိုင္မာလာတို႔ ဆိုင္ထဲဝင္လာကာ ဟိုဒီၾကည့္ေနၾကသည့္အတြက္ ေဇာ္ထက္က လွမ္းေခၚလိုက္ေလသည္။
"မခိုင္မာလာတို႔ ဒီမွာ လာထိုင္ပါလား"
ဆိုင္ထဲတြင္ ဝိုင္းအလြတ္မ်ားရွိေသာ္လည္း ေဇာ္ထက္ေခၚလိုက္သည္ႏွင့္ ခိုင္မာလာတို႔လည္း ေစြ႕ခနဲေရာက္လာၾကေလေတာ့သည္။
"ဟဲဟဲ ဘာစားမလဲ မွာၾကေလ"
"ဟယ္ ေဇာ္ထက္ေလး ေကြၽးမွာလား"
ထိုအခါ ေဇာ္ထက္က ျပည္သာရဲထက္ကို လက္ညႇိဳးၫႊန္ျပလိုက္ေလသည္။
"အယ္ ျပည္သာေလး ေကြၽးမွာေပါ့ ရပါတယ္ မမတို႔ အားနာနာနဲ႔ စားေပးမယ္ေနာ္"
ျပည္သာရဲထက္မွာ ေၾကာင္အေနၿပီး ခိုင္မာလာကေတာ့ စားပြဲထိုးေလးကို ေခၚကာ စားခ်င္သည္မ်ားကို မွာေနေလေတာ့သည္။
"ဟိုေလ မခိုင္မာလာ"
"အိုကြယ္ သူစိမ္းဆန္လိုက္တာ မမလို႔ပဲေခၚ"
"ဟုတ္ ဟုတ္ကဲ့ မမ"
"ေအး ဒီလိုမွေပါ့ ... ေျပာ ဘာသိခ်င္လဲ"
"ကိုရွိန္းေက်ာင္းလာလား"
"လာတယ္ေလ မနက္ကေတာင္ေတြ႕လိုက္ေသးတယ္"
"ဟင္ ကိုရွိန္းကားကို မေတြ႕မိပါဘူး"
"ရွိန္းေက်ာင္းလာတာ ကားမပါဘူး"
"ဗ်ာ"
"ရွိန္းေနမေကာင္းဘူးထင္တယ္ သူ႔အိမ္က လိုက္ပို႔တာ"
ထက္ကိုရွိန္းေနမေကာင္းဟု ၾကားရေသာအခါ ျပည္သာရဲထက္ဆက္ထိုင္မေနႏိုင္ေတာ့ေပ။ ထို႔ေၾကာင့္ ပိုက္ဆံအိတ္ကို ေဇာ္ထက္ဆီေပးထားခဲ့ၿပီး ေျပးထြက္လာခဲ့မိသည္။ ထက္ကိုရွိန္းက အတန္းမတက္လွ်င္ စာၾကည့္တိုက္တြင္သာ ရွိေနတတ္သည္။ ထို႔ေၾကာင့္ စာၾကည့္တိုက္ဘက္သို႔ ဦးတည္လိုက္ေလသည္။
ျပည္သာရဲထက္ ေတြးထားသည့္အတိုင္း ထက္ကိုရွိန္းက စာၾကည့္တိုက္တြင္ရွိေနသည္။
စာၾကည့္တိုက္တြင္ လူရွင္းေနၿပီး စာၾကည့္တိုက္မႉးက အျပင္ဖက္တြင္ လက္ဖက္သုတ္စားရင္း စာအုပ္စာရင္းမ်ားလုပ္ေနပုံရေလသည္။
ျပည္သာရဲထက္ဝင္သြားသည့္အခါ စာအုပ္တစ္အုပ္ေပၚကို ေခါင္းတင္ၿပီး ေမွးေနသည့္ ထက္ကိုရွိန္းက နတ္ဘုရားတစ္ပါးႏွယ္ အရွိန္ဝါတို႔ ေတာက္ပေနေတာ့သည္။
"ကိုရွိန္း"
ျပည္သာရဲထက္ေခၚလိုက္သည့္အခါ ထက္ကိုရွိန္း၏ မ်က္လုံးတို႔ ေျဖညင္းစြာပြင့္လာခဲ့သည္။
"ဟင္ ျပည္သာ"
ျပည္သာရဲထက္က ထက္ကိုရွိန္း နဖူးေပၚ လက္တင္ၿပီးစမ္းလိုက္သည္။
"အာ ကိုယ္ေတြ ဒီေလာက္ပူေနတာကို"
"မင္း... ဘယ္လိုလုပ္ေရာက္လာတာလဲ... ငါ ဒီမွာ ရွိေနမွန္း ဘယ္လိုလုပ္သိတာလဲ"
ျပည္သာရဲထက္က ထက္ကိုရွိန္းေဘးနားမွ ခုံတစ္လုံးကို ဆြဲယူၿပီး ဝင္ထိုင္လိုက္ေလသည္။
"ကြၽန္ေတာ္ခ်စ္ရတဲ့သူ ဘယ္ေနရာမွာရွိေနတတ္မွန္း သိေနတာက အျပစ္လားဗ်ာ"
"မင္းက တကယ္မလြယ္ဘူးပဲ"
"က်န္တဲ့သူေတြအတြက္ေတာ့ မလြယ္တာ မွန္ပါတယ္... ကိုရွိန္းအတြက္ေတာ့ လြယ္ေပးထားပါတယ္... ကိုရွိန္းအတြက္သာ သီးသန႔္ျဖစ္တည္ေပးထားတာ"
"မင္းက ဒီေလာက္စကားတတ္တာ ေကာင္မေလးေတြကို လိုက္လို႔ကေတာ့ ဒီေန႔လိုက္ ဒီေန႔ရမွာ"
"ဟီး ဟီး ကိုရွိန္းက ကြၽန္ေတာ့္ကို ခ်ီးက်ဴးေနတာပဲ... ဟုတ္တယ္မလား ခ်ီးက်ဴးလိုက္တာမလား"
"မင္း..."
ျပည္သာရဲထက္က ထက္ကိုရွိန္း၏ ညာလက္ကိုယူၿပီး ဘယ္ဘက္ရင္အုံေပၚတင္ေပးလိုက္သည္။ ထက္ကိုရွိန္း ရွက္ၿပီး လက္ကို႐ုန္းသည့္အခါ ျပည္သာရဲထက္က အားျဖင့္ဖိကိုင္ထားလိုက္သည္။
"မ႐ုန္းပါနဲ႔ ကိုရွိန္း... ကြၽန္ေတာ့္ရင္ခုန္သံေတြၾကားရလား... ကြၽန္ေတာ့္ ႏွလုံးသားေလးကန႔္လုံးက ကိုရွိန္းအတြက္ သီးသန႔္ပဲ"
"ဟုတ္လို႔လား"
"ဟုတ္တာေပါ့ဗ်... ဒါနဲ႔ ကိုရွိန္းသိလား တကယ္ေတာ့ ကိုရွိန္းက ဒါမ်ိဳးေျပာရမွာေလ... ခုက ေျပာင္းျပန္ျဖစ္မေနဘူးလား"
"ဟင္"
"ကြၽန္ေတာ္သင္ေပးတယ္ သေဘာထားၿပီး လိုက္လုပ္ၾကည့္ပါလား"
"ဘာ... ဘာလုပ္ရမွာလဲ"
"ဪ ကိုရွိန္းရယ္ ႏုံလိုက္တာ"
"ဟမ္"
"ကြၽန္ေတာ့္ ညာလက္ကိုယူၿပီး ကိုရွိန္းရဲ႕ ဘယ္ဘက္ရင္အုံေပၚတင္ေပးေလ"
"ငါ ငါက ဘာလို႔ မင္းေျပာသလို လုပ္ရမွာလဲ"
"အူးဝါး... ကိုရွိန္းကလည္း"
"ေဟ့ ေဟ့... ထ မငိုနဲ႔ေလ လုပ္ဆို လုပ္ပါ့မယ္ကြာ"
ထို႔ေနာက္ ထက္ကိုရွိန္းက ျပည္သာရဲထက္၏ ညာလက္ကိုယူၿပီး ဘယ္ဘက္ရင္အုံေပၚသို႔ တင္ေပးလိုက္ေလသည္။
"ကိုရွိန္း ကြၽန္ေတာ့္ကို ခ်စ္လား"
ထက္ကိုရွိန္းက ျပန္မေျဖပဲ စိုက္ၾကည့္ေနသည့္ ျပည္သာရဲထက္ကိုေရွာင္ကာ ေခါင္းငုံ႔လိုက္သည္။
"အဲ့စကားကိုလည္း ကိုယ္ပဲ ေမးရမွာ မဟုတ္ဘူးလား ျပည္သာ"
"ဟာ... ကိုရွိန္းရာ ဒီေကာင္ကို ေတာ္႐ုံပဲေႁခြပါဗ်ာ"
"ဒါေပမယ့္..."
ထက္ကိုရွိန္းက ေခါင္းေမာ့မလာသည့္အျပင္ စကားလည္းဆက္မထြက္မလာသည့္အတြက္ ျပည္သာရဲထက္ကပင္ စကားေထာက္ေပးရေလသည္။
"ဒါေပမယ့္… ဘာျဖစ္လဲကိုရွိန္း... ဆက္ေျပာေလ"
"မင္းက ေတာ္ကီဒီေလာက္ႂကြယ္တာ မင္းလက္ႏွစ္ဖက္ဆန႔္လိုက္ရင္ေတာင္ တစ္ဖက္ကို မိန္းကေလး (၅) ေယာက္ေလာက္စီ ေျပးဝင္လာၾကမွာေလ မင္းကို ဘယ္လိုစိတ္ခ်ရမွာလဲ"
"အာ ကိုရွိန္းက သဝန္တိုေနတာလား"
"မဟုတ္... မဟုတ္ပါဘူး"
"ဟုတ္ရင္လည္းဘာျဖစ္လည္း ကိုယ့္ေယာက်ာ္းကိုယ္ သဝန္တိုတာပဲဟာ"
"ဘယ္သူ... ဘယ္သူက မင္း ေယာက်ာ္းလဲ"
"ကိုရွိန္း ရွက္ေနတာက ခ်စ္စရာႀကီးဗ်ာ... ကြၽန္ေတာ္ ဘယ္ဖက္လက္မွလည္း မဆန႔္ဘူး... ဘယ္မိန္းကေလး ေယာက်ာ္းေလးမွလည္း အဝင္မခံဘူး... ကြၽန္ေတာ့္ ႏွလုံးသားက ကိုရွိန္းအတြက္ပဲ"
ထက္ကိုရွိန္းက စကားတတ္လြန္းသည့္ ျပည္သာရဲထက္ကိုၾကည့္လိုက္သည့္အခါ အၾကည့္ခ်င္းဆုံသြားရေတာ့သည္။ စကၠန႔္အနည္းငယ္ၾကာသြားရသည့္အခါ ထက္ကိုရွိန္းက ျပည္သာရဲထက္၏ ႏႈတ္ခမ္းကို လာေရာက္ထိကပ္သည္။ အဖ်ားရွိန္ေၾကာင့္ အနည္းငယ္ ေႏြးေနၿပီး ျပည္သာရဲထက္ ခဏမွ် ေၾကာင္သြားရေတာ့သည္။
ထို႔ေနာက္ အနမ္းတို႔ကို ျပန္လည္တုံ႔ျပန္ခါနီး ထက္ကိုရွိန္းက လူခ်င္းခြာလိုက္ေလသည္။
"ခ်စ္တယ္ ေကာင္ေလး"
ထက္ကိုရွိန္းစကားေၾကာင့္ ျပည္သာရဲထက္၏ ရင္ထဲတြင္ေတာ့ ကုလားဘုရားလွည့္ေနေသာ္လည္း အျပင္တြင္ေတာ့ ဟန္ကိုယ့္ဖို႔အေနျဖင့္ ထိန္းေနရေလသည္။
"မၾကားလိုက္ဘူး"
"ခ်စ္တယ္ ျပည္သာ"
"အား ကိုရွိန္းကို ခ်စ္လိုက္တာ"
ထိုအခိုက္ ထက္ကိုရွိန္းက မူးေဝလာသည့္အတြက္ ယိုင္သြားေသာ ခႏၶာကိုယ္ကို ထိန္းရန္ ေနာက္မွခုံကို လက္ေထာက္လိုက္ရသည္။
"ကိုရွိန္း"
ထို႔ေၾကာင့္ ျပည္သာရဲထက္လည္း စိုးရိမ္တႀကီးေခၚလိုက္ၿပီး ထိန္းေပးလိုက္သည္။
"ရ... ရတယ္"
"မရပါဘူး ေဆးခန္းသြားရေအာင္"
...............................................................................................................................
ေဆးခန္းကုတင္ေပၚတြင္ အိပ္ေနသည့္ ထက္ကိုရွိန္းကို ျပည္သာရဲထက္က တစိမ့္စိမ့္ၾကည့္ေနသည္။ ဆရာဝန္က စိုးရိမ္စရာမရွိဟု ေျပာေသာ္လည္း ျပည္သာရဲထက္ကေတာ့ အကဲပိုေနမိေလသည္။ ခဏအၾကာတြင္ ထက္ကိုရွိန္း၏မိဘမ်ား ေရာက္လာၾကေလသည္။
"သား... ရွိန္း"
ထက္ကိုရွိန္း၏ မိခင္က ထက္ကိုရွိန္း လွဲေနသည့္ေဘးတြင္ ဝင္ထိုင္ကာ ဆံပင္ေလးကို ခပ္ဖြဖြေလး သပ္တင္ေပးလိုက္သည္။
"ေမေမ"
"အင္း… ဘယ္လိုေနေသးလည္း... မူးေနလား ဘယ္နားေနလို႔မေကာင္းဘူးလဲ"
"သက္သာပါတယ္ ေမေမ"
"မနက္ကတည္းက ရွိန္းကို ေက်ာင္းမလႊတ္လိုက္ရမွာ"
"သား အဆင္ေျပပါတယ္ ေမေမ"
ခဏအၾကာတြင္ ေဒၚသီတာက ထက္ကိုရွိန္းေဘးတြင္ ရွိေနသည့္ ျပည္သာရဲထက္ကို သတိထားမိသြားၿပီး လွည့္ၾကည့္လိုက္သည္။
"ဪ ဘယ္သူမ်ားလဲလို႔... ေဒၚထားရတနာရဲ႕ သားငယ္ေလးပါလား"
"ဗ်ာ"
"မင္းက ျပည္သာရဲထက္မဟုတ္လား"
ျပည္သာမွာ ထက္ကိုရွိန္း၏ မိခင္ မိမိ၏ ေယာကၡမႀကီးမွ ေမးေနသည့္အခါ အမွန္သာ ေျပာလိုက္ရေလေတာ့သည္။
"ဟုတ္ပါတယ္ ေမေမ"
"ဟင္ ဘာ… ဘာ... ဘယ္လိုေခၚလိုက္တယ္"
"သားက ကိုရွိန္းေကာင္ေလးေလ ေမေမ... အဲ့ဒီေတာ့ ကိုရွိန္းရဲ႕ ေမေမက သားရဲ႕ေမေမေပါ့"
"အမေလး ရာရာစစ... မင္းကို ငါ့သားနဲ႔ သေဘာမတူဘူးေဟ့"
"ေမေမရယ္ သားက ခ်စ္စရာေလးပါ သေဘာတူလိုက္ပါေနာ္... ေနာ္... ၿပီးေတာ့ ေမေမက သားကို ဘာလို႔ ကိုရွိန္းနဲ႔ သေဘာမတူရတာလဲ... သားဝမ္းနည္းသြားရၿပီ... သားက ကိုရွိန္းကို အရမ္းခ်စ္တာပါ ေမေမရဲ႕"
"တိတ္စမ္း... မင္း အေမနဲ႔ ငါက ရန္ဖက္ေတြ"
"ရန္ဖက္ေတြ မဟုတ္ပဲ ေယာက်ာ္းလုၾကတာမလား ေမေမရယ္... ေမေမတို႔ရဲ႕ ရန္ေႂကြးေတြကို သားတို႔ထိေတာ့ သယ္မလာေစခ်င္ဘူးဗ်ာ... အတိတ္ကို ျပန္ေျပာင္းမေျပာပဲ လက္ရွိေလးမွာ ေပ်ာ္ေအာင္ေနမွ ဘဝဆိုတာ ေက်နပ္စရာ..."
"မင္း... မင္း... ထြက္သြား"
"သားကို မႏွင္ပါနဲ႔ ေမေမရယ္... ေနာ္"
"အမေလး... မ်က္ႏွာေျပာင္တိုက္လိုက္တာ..."
"သား မ်က္ႏွာမေျပာင္းပါဘူး ေမေမရဲ႕... မနက္က Sun Cream ပါပါးေလး လိမ္းလာပါတယ္"
ျပည္သာရဲထက္ႏွင့္ ေဒၚသီတာတို႔ၾကားက စကားစစ္ပြဲကို ဦးရွိန္းမာန္ႏွင့္ ထက္ကိုရွိန္းတို႔က ၿပဳံးရင္းၾကည့္ေနၾကေလသည္။ ထို႔ေနာက္ ဦးရွိန္းမာန္က စကားဝင္ေျပာေလသည္။
"သားက ျပည္သာေလးလား... ထားနဲ႔ ဦးရဲထက္ရဲ႕သားက အသြက္ေလးပါလား"
"ဖီဖီက သားကို ခ်ီးက်ဴးတာလား ဟုတ္ပါတယ္ သားကို ခ်ီးက်ဴးလိုက္တာပါ ... ဖီဖီကေတာင္ ခ်ီက်ဴးေနတာ ေမေမလည္း သေဘာတူလိုက္ေတာ့ေနာ္"
ေဒၚသီတာက ေဒါသထြက္ေနေသာ္လည္း ေနမေကာင္းသည့္ ထက္ကိုရွိန္းက ေဒၚသီတာ့လက္ကို ကိုင္လိုက္သည့္အတြက္ ဆက္မေျပာေတာ့ဘဲ ရပ္လိုက္ရေလသည္။ သို႔ေသာ္ ဦးရွိန္းမာန္ကိုေတာ့ စကားတစ္ခြန္း ေျပာျဖစ္ေအာင္ ေျပာလိုက္ပါေသးသည္။
"ကိုရွိန္းမာန္ ရွင္က်ပ္က်ပ္သတိထားေန"
...........................................................................................................................
ျပည္သာရဲထက္၏ ပိုက္ဆံအိတ္ကို ၾကည့္ၿပီး ခိုင္မာလာတို႔ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။
"ဒါ ဒါက ျပည္သာရဲ႕ ပိုက္ဆံအိတ္လား"
"ဟုတ္တယ္ေလ မခိုင္မာလာရဲ႕"
"သူ သူ က ဆင္းရဲတယ္... အကိုက အရက္သမား..."
"အဲ့တာ ျပည္သာက ေပ်ာ္ခ်င္လို႔ ေလွ်ာက္ေနာက္ေနတာ မခိုင္မာလာရဲ႕ တကယ္ေတာ့ ျပည္သာတို႔က ခ်မ္းသာတယ္"
"ရွင္"
ေဇာ္ထက္ အမွန္တိုင္းေျပာျပလိုက္သည့္အခါ ခိုင္မာလာတို႔မွာ တဝိုးဝိုးျဖစ္ေနၾကရေတာ့သည္။
ထို႔ေနာက္ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္တြင္ ခ်စ္စရာစုံတြဲေလးတစ္တြဲ ထြက္ေပၚလာေလေတာ့သည္။ ထက္ကိုရွိန္း၏ မေဟသီမွာ မိန္းကေလးတစ္ေယာက္မဟုတ္ပဲ ျပည္သာရဲထက္ျဖစ္ေနသည့္အခါ တခ်ိဳ႕ကလည္း အံဩၾက၊ တခ်ိဳ႕ကလည္း ေပ်ာ္ၾက၊ တခ်ိဳ႕ကလည္း ငိုၾကႏွင့္ ရက္ပိုင္းမွ် ပြဲဆူသြားရေတာ့သည္။
Akari
Collab with Author ONion.
(ေနာက္ပိုင္းေတြမွာ သူတို႔အတြဲၾကားက ဟာသေလးေတြရယ္ ျပည္သာရဲ႕ တလြဲေတြရယ္ လာပါ့မယ္။ Spoil ရရင္ေတာ့ ဒီ Collab ေလးက Season 2 ခုရွိပါ့မယ္။)